Friday, June 7, 2019

ချို့တဲ့သည့် မြန်မာကျောင်းသားငယ်များအတွက် စက်ဘီးအစီး (၁)သောင်း လှူဒါန်းမည်

ချို့တဲ့ပြီး လိုအပ်နေတဲ့ မြန်မာကျောင်းသားငယ်လေးတွေအတွက် ofo နဲ့ oBike စက်ဘီးအစီးရေ (၁)သောင်းကို မြန်မာအကူအညီပေးအဖွဲ့တစ်ခုဖြစ်တဲ့ Lesswalk က ဖြန့်ဝေလှူဒါန်းသွားမယ်လို့ သိရပါတယ်။ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတို့မှာ လုပ်ငန်းဖျက်သိမ်းလိုက်တဲ့ ofo နဲ့ oBike ကုမ္ပဏီရဲ့ စက်ဘီးအစီးရေ (၁)သောင်းကို Lesswalk အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလအတွင်းက ၀ယ်ယူခဲ့ပြီး၊ ချို့တဲ့ တဲ့ မြန်မာကျောင်းသားငယ်တွေကို အခုဇွန်လကုန်ပိုင်းကစပြီး အခမဲ့ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။



ဒီစက်ဘီးတွေကို ၀ယ်ယူ၊သယ်ဆောင်၊ပြင်ဆင်ရတဲ့ စရိတ်ဟာ အမေရိကန်ဒေါ်လာ(၃)သိန်းခွဲနဲ့ (၄)သိန်းအကြား ကုန်ကြပြီး၊ ဒီစရိတ်တွေရဲ့ တစ်ဝက်ကို စပွန်ဆာပေးသူတွေက ကျခံမယ်လို့ မျှော်လင့်ရပြီး၊ ကျန်တဲ့ စရိတ်တွေကိုတော့ Lesswalk က ကျခံပေးသွားမယ်လို့ Straitstimes သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ စက်ဘီး(၃)ထောင်ကျော်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး၊ ကျန်တဲ့ စက်ဘီးတွေကတော့ ဇွန်လကုန်ပိုင်းမှာ ရောက်ရှိလာဖို့ မျှော်လင့်ရပါတယ်။ စက်ဘီးအားလုံးကို ၂၀၁၉ခုနှစ်အကုန်ပိုင်းမှာ ပေးအပ်သွားမယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

Lesswalk အဖွဲ့ကို တည်ထောင်သူ Mike Than Tun Win ဟာ စင်္ကာပူနိုင်ငံမှာ (၁၈)နှစ်လောက်ကျောင်းတက်လာခဲ့သူဖြစ်ပြီး၊ အခုအခါမှာတော့ သူဟာရန်ကုန်မှာ နေထိုင်နေတာဖြစ်ပါတယ်။သူ့ကို The Straits Times သတင်းဌာနက ဇွန်လ(၄)ရက်နေ့က ဖုန်းအင်တာဗျူးလုပ်ခဲ့ရမှာ တစ်ချို့သော မြန်မာကျောင်းသားငယ်လေးတွေဟာ ကျောင်းရောက်ဖို့ တစ်နာရီလောက်လမ်းလျှောက်ရကြောင်း၊ ဒီကျောင်းသားလေးတွေ အများစုဟာ ကျောင်းကားလည်း မရှိကြကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ Than Tun Win က စက်ဘီးတွေကို ကျေးလက်ဒေသတွေမှာ ဖြန့်ဝေပေးသွားဖို့ စဉ်းစားထားပြီး၊ အဓိကအနေနဲ့ ကျောင်းကနေ (၂)ကီလိုမီတာကျော် မှာနေထိုင်တဲ့ အသက်(၁၃)နှစ်ကနေ (၁၆)နှစ်အရွယ်ကြား ကျောင်းသားလေးတွေကို လှူးဒါန်းသွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ ။

No comments:

Post a Comment