Friday, June 7, 2019

နေရေးခက်ခဲနေသူများကို ခြောက်လအတွင်း နေရာဖန်တီးပေးနိုင်ရန် ပြင်ဆင်နေဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆို

နေထိုင်ရေး အလွန်ခက်ခဲနေသူများကို ခြောက်လအတွင်း နေစရာဖန်တီးပေးနိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် Yangon Project Bank ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားတွင် ၎င်းင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ တစ်သိန်း ကျော်ရှိပြီး ထိုသူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက် ပေးရန်ကြိုးစားနေကြောင်း၊ ယင်းတန်ဖိုးနည်းအိမ်ရာများကို မြေတန်ဖိုးထည့်မတွက်ဘဲ အိမ်တန်ဖိုးကိုသာ အရစ်ကျစနစ်ဖြင့် ရောင်းချပေး နိုင်ရန်မျှော်မှန်းထားကြောင်း ၎င်းင်းက ပြောသည်။



''တန်ဖိုးနည်းအိမ်ရာတွေ တည် ဆောက်ပေးနိုင်မယ့်အခြေအနေတွေ ကိုဖော်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ အချိန်ကြာမြင့်နိုင်တဲ့အတွက် ပြည်သူတွေထဲက နေရေးသိပ်ခက် ခဲနေတဲ့သူတွေကို အရပ်ဘက်အ ဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူး ပေါင်းပြီး တတ်နိုင်သလောက် အိမ် ရာစီမံကိန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ လေ့လာဆန်းစစ်မှုတွေပြုပြီး လာမယ့် ခြောက်လလောက်အတွင်းမှာ နေစရာဖန်တီးပေးနိုင်ဖို့ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်''ဟု ၎င်းင်းကပြောသည်။ ကျူးကျော်နေထိုင်သူများကို တန်ဖိုးနည်းအိမ်ရာများ တည် ဆောက်ပေးနိုင်ရန်အတွက် Woman For the World ဆိုသည့် အရပ်ဘက် အဖွဲ့အစည်းနှင့် ရန်ကုန်တိုင်း အစိုးရတို့ ချိတ်ဆက်ဆောင်ရွက် နေကြောင်း သိရသည်။

ကျူးကျော်အိမ်ရာများတွင် နေထိုင်သူအမျိုးသမီးများဘဝ လုံ ခြုံအောင်ဆောင်ရွက်ပေးနိုင်ခြင်း ဖြင့် ကျူးကျော်နေထိုင်သူများကို အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ် ကြောင်း ၎င်းင်းကပြောသည်။ ''ဒီအရပ်ဘက် အဖွဲ့အစည်း တွေက အမျိုးသမီးတွေကိုအခြေခံ ပြီး တည်ဆောက်မယ်ဆိုရင် ကျူး ကျော်နေထိုင်နေသူတွေကြားထဲမှာရှိနေတဲ့ ပြည်သူတွေရဲ့အခြေအနေမှန်ကိုသိနိုင်ပါတယ်။ အမျိုးသမီး တွေက ဒီကျူးကျော်နေထိုင်ထဲမှာ ဘယ်သူက ဆိုင်လာဖွင့်တယ်။ငွေ တိုး ဘယ်သူလာချေးစားတယ်။နေစရာရှိတယ်။ ပိုက်ဆံလည်းရှိ တယ်။ ရပ်ကွက်ထဲမှာလည်းအိမ်ရှိတယ်။ ဒီနေရာအခန်း လာငှားစား နေတယ်။ ဒီလိုလုပ်ငန်းခွင်တွေ အားလုံးကို အမျိုးသမီးတွေကြားမှာ သိနိုင်ပါတယ်။ ဒီအမျိုးသမီး တွေကို မြှင့်တင်ပေးခြင်းအားဖြင့် လူမှုဘဝကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူတွေ ကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်''ဟု ၎င်းင်းကပြောသည်။ တန်ဖိုးနည်းအိမ်ရာများ တည် ဆောက်ရန်အတွက် မြေကိုဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် စည်ပင်တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

No comments:

Post a Comment