Friday, June 7, 2019

ရှောင်မီ RedMi ကား ကို စတင်ထုတ်လုပ်

တရုတ်ပြည်ထုတ် စမတ်ဖုန်း ရှောင်မီ ကုမ္ပဏီ ဟာ ၄င်းတို့  ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်တဲ့ ရှောင်မီ - RedMiCar ကို  ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ကားနာမည်ကိုတော့ Bestune T77 SUV လို့ အမည် ပေးထားကြောင်းသိရသည်။ ရှောင်မီရဲ့ အခု ထုတ်လုပ်လိုက်တဲ့ကားသစ်ဟာ ကုန်ကျစရိတ်အနေနဲ့ တရုတ်ယွမ် ၈၉,၈၀၀ တန်ဖိုးရှိပြီး အမေရိကန်ဒေါ်လာအနေနဲ့တော့ ဒေါ်လာ ၁၃,၄၀၀ တန်ဖိုးရှိပါတယ်။
ရှောင်မီဟာ သူတို့ရဲ့ ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Weibo မှာ သူတို့ရဲ့ ပထမဆုံးကား ဖြစ်တဲ့ Bestune T77 SUV အကြောင်း ကို လွှင့်တင်ခဲ့ပါတယ်။ ရှောင်မီ အမာခံပရိသတ်တွေက တော့ စိတ်ကျေနပ်မှုရှိကြပါတယ်လို့ရေးသားထားပါတယ်။ ၂၀၁၉ ဧပြီ ၃ ရက်နေ့မှာတော့ Bestune T77 SUV စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ရှောင်မီ RedMi ကားအသစ် Bestune T77 SUV မှာ အောက်ပါ အချက်တွေပါဝင်မယ်လို့ရေးသားထားပါတယ်။
Dimensions: 4525 x 1845 x 1615 mm
-Wheelbase: 2700 mm
-Weight: 1455 kg
-1.2L Turbocharged Engine
-6-speed MT Gearbox
-Maximum Horsepower: 143Ps
-Maximum Power: 105kW
-Maximum Torque: 204Nm

No comments:

Post a Comment