Friday, June 7, 2019

ဆူဒန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်

ဆူဒန်နိုင်ငံတွင် အစိုးရဆန့် ကျင်ဆန္ဒပြပွဲများပြုလုပ်နေပြီး ဆန္ဒ ပြသူများသည် ရွက်ထည်တဲများ ကို မီးရှို့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များ ကို ခဲများဖြင့်ပေါက်ခြင်းများ ပြု လုပ်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ များကလည်း အကြမ်းဖက်လူစုခွဲ ခဲ့သည်။ ဆန္ဒပြသူများသည် စစ် ရုံးချုပ်အပြင်ဘက်၌ စခန်းချနေ ထိုင်ကာ စစ်အစိုးရ အမြန်ဆုံး နုတ်ထွက်ပေးရန် ထိုင်သပိတ်ပြု ကာ တောင်းဆိုခဲ့ကြသည်။



လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒ ပြသူများကို လူစုခွဲရန် အမိန့်ပေးခဲ့ ကြသည်။ မလိုက်နာ ဖီဆန်သူများ ကို အကြမ်းဖက်ဖြိုခွင်းခဲ့ကြသည်။ စစ်ကောင် စီသည် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို ပယ်ချခဲ့ကြ သည်ဟု စစ်ကောင်စီမှ ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာဘာဟန်က ထုတ် ဖော်ပြောဆိုလိုက်သည်။

စစ်အစိုးရအား ဖယ်ရှားရေး ဆန္ဒပြပွဲများတွင် ဆူဒန်နိုင်ငံတစ်ဝန်း မှ ပါဝင်ဆန္ဒပြကြရန် ဆူဒန်ဆန္ဒပြ သူတစ်ဦးဖြစ်သူ မိုဟာမက်ဟူ ဆွတ်အယ်လ်ဂန် မူစတာဖာက ထုတ် ဖော်ပြောဆိုလိုက်သည်။

"အယ်လ် ဘာရှာအစိုးရနဲ့ ပူးပေါင်းသူဟာ ပြည်သူ့ရန်သူပဲ" ဟုလည်း ၎င်းင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ စစ် ကောင်စီနှင့် ဆန္ဒပြခေါင်းဆောင် များသည် မေလအတွင်းက ညှိနှိုင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြ သော်လည်း သဘောတူညီချက်များ မရရှိဘဲ ဆွေးနွေးပွဲပျက်ပြားသွား ခဲ့ရသည်။

ဆူဒန်ဆန္ဒပြသူများကို အစိုး ရက အကြမ်းဖက်ဖြိုခွင်းခဲ့၍ ဘာရီ ခရိုင်တွင် လူ ငါးဦးသေဆုံးခဲ့ရပြီး သေဆုံးရသူ စုစုပေါင်း ၃၅ဦးရှိခဲ့ သည်ဟု ဆူဒန်ဆရာဝန်များကော် မတီက ထုတ်ဖော်ပြောဆိုလိုက် သည်။ ဒဏ်ရာရ ဆန္ဒပြသူများအား ဆေးကုခန်းများအထိ လုံခြုံရေး များက ဝင်ရောက်ရှာဖွေခဲ့သည်ဟု လည်း ပြောဆိုလိုက်သည်။

"လူနာတွေက များပြားတော့ ဆေးခန်းတွေမှာ ခုတင်တွေမ လောက်တာမို့ လူနာတွေကို မြေပြင် မှာပဲခင်းပြီး ချထားရတယ်။ ပိုက် စိပ်တိုက်ရှာဖွေနေတဲ့ လုံခြုံရေး တွေက တွေ့သွားပြန်ရင်လည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြ ပါတယ်}}ဟု ဆရာဝန်တစ်ဦးဖြစ် သူ ဒေါက်တာအဇာအယ်လ်ကာ မဲလ်က ပြောဆိုလိုက်သည်။

"ဆန္ဒပြသူများစွာတို့ အဖမ်း ခံခဲ့ကြရတယ်"ဟု ဆန္ဒပြသူအယ်လ် ဇိန်းနှင့် ဟီရှန်ဆာလာဘီတို့က သတင်းထောက်များသို့ ထုတ်ဖော် ပြောဆိုလိုက်သည်။ ဆန္ဒပြသူများ သည် နှစ်ပေါင်း၂၀ကြာ အာဏာ ကို ဆုပ်ကိုင်ထားသူ ဆူဒန်သမ္မတ အယ်လ်ဘာနာနုတ်ထွက်သွားခြင်း။ ပြုတ်ချခြင်းများဖြစ်ပါက ဆန္ဒပြမှု များ ပြီးဆုံးသွားလိမ့်မည်" ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေ ထွေ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာ ရီးစ်က ဆူဒန်အစိုးရ၏ ဆန္ဒပြ သူများအပေါ်သို့ အကြမ်းဖက်ဖြို ခွင်းမှုအား ပြစ်တင်ဝေဖန်လိုက် သည်။

"ဆူဒန်အစိုးရဟာ အင်အား အလွန်အကျွံအသုံးပြုပြီး ဆန္ဒပြ သမားတွေကို ဖြိုခွင်းခြင်းဖြစ်သည်" ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိ သူ စတီဖင်ဒူဂျာရစ်က ထုတ်ဖော် ပြောဆိုလိုက်သည်။

အမေရိကန်နှင့် ဗြိတိန်သံရုံး တို့ကလည်း ဆူဒန်လုံခြုံရေးတပ်ဖွဲ့ များ၏ အကြမ်းဖက်ဖြိုခွင်းခဲ့ရ၍ သေဆုံးခဲ့ရသူများအပေါ် စာနာ ကရုဏာသက်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက လည်း ဆူဒန်စစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရန် တိုက်တွန်းပြောဆိုလိုက်သည်။

"ဆူဒန်ဆန္ဒပြသူတွေကို စစ် တပ်အစိုးရက အကြမ်းဖက်ဖြိုခွင်း ခဲ့လို့ ဆူဒန်စစ်အစိုးရအပေါ် ပြည် သူတွေက ဝေဖန်မှုများပြုပြီး အစိုး ရဆန့်ကျင်ဆန္ဒပြမှုများကို ပိုမိုအား ပေးလာကြတယ်" ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ အရှေ့ အာဖရိကဌာနခွဲမှ ညွှန်ကြားရေး မှူးဆာရာဂျက်လာဆင်က ထုတ် ဖော်ပြောဆိုလိုက်သည်။

No comments:

Post a Comment