Friday, June 7, 2019

ပင်လယ်ထဲရှိ သင်္ဘောပေါ်မှ ပထမဆုံးအကြိမ် ဒုံးကျည် တရုတ်ပစ်လွှတ်

တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ်အနေဖြင့် ပင်လယ်ထဲရှိ သင်္ဘောတစ်စင်းပေါ်မှ ဒုံးကျည်တစ်စင်းကို ဇွန် ၅ ရက်တွင် အောင်အောင်မြင်မြင်ပစ်လွှတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ယင်းဆောင်ရွက်မှုသည် ရည်မှန်းချက်ကြီးမားသော အာကာသအစီအစဉ်အတွက် နောက်ဆုံးခြေလှမ်းတစ်ရပ်လည်း ဖြစ်ခဲ့သည်။ Long March 11 အမျိုးအစား ဒုံးကျည်ကို ပင်လယ်ဝါထဲရှိ ဇက်သင်္ဘောတစ်စင်း၏ ပလက်ဖောင်းပေါ်မှ ဒေသစံတော်ချိန် မွန်းတည့်ချိန်၌ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။



သင်္ဘောကဲ့သို့သော ရွေ့လျားပစ်စက်များထံမှ အလျင်အမြန်ချထားနိုင်ရန် ထုတ်လုပ်ထားသော ယင်းသေးငယ်သော ဒုံးကျည်သည် တိုင်ဖုန်းမုန်တိုင်းများကို တိုင်းထွာရန်ပင်လယ်ရေမျက်နှာပြင် လေတိုက်ခတ်မှုကို တိုးတာမည့် ဂြိုဟ်တုတစ်ခုအပါအဝင် ဂြိုဟ်တု ၇ လုံးကို တင်ဆောင်သွားခဲ့ကြောင်း သိရသည်။ ယင်းဒုံးကျည်သည် ကမ္ဘာလုံးဆိုင်ရာအချက်အလက်ကွန်ရက်ဝန်ဆောင်မှုကို ထောက်ပံ့ရန် ရာနှင့်ချီသော ဂြိုဟ်တုများကို ပစ်လွှတ်ရန် စီစဉ်ထားသည့် ပေကျင့်အခြေစိုက် နည်းပညာကုမ္ပဏီ China 125 မှ ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုနှစ်လုံးကို တင်ဆောင်သွားသည်။

တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း အာကာသအစီအစဉ်ကို ထိပ်တန်းဦးစားအဖြစ် ဆောင်ရွက်လာခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် အာကာသစွမ်းအား ပိုင်ဆိုင်သည့်နိုင်ငံဖြစ်လာစေရန် အမေရိကန်နှင့် ယှဉ်ပြိုင်လျှက်ရှိနေသည်။ တရုတ်အစိုးရကလည်း လာမည့်နှစ်တွင် လူနေထိုင်မည့် ကိုယ်ပိုင်အာကာသစခန်း ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ရန် စီစဉ်ထားသည်။

သို့သော် ၄င်း၏ ရည်မှန်းချက်များမှာ စစ်မှန်သော ငြိမ်းချမ်းရေးသာဖြစ်ကြောင်း ဝန်ခံထားသော်လည်း အမေရိကန်ကာကွယ်ရေးဌာနက ယင်းလုပ်ငန်းများသည် ပဋိပက္ခတစ်ခုအတွင်း အာကာသအခြေစိုက်ဆက်သွယ်ရေး လုပ်ငန်းများကို အခြားနိုင်ငံများက အသုံးပြုမှုအား ကာကွယ်ရန် ရည်ရွယ်သည်ဟု စွပ်စွဲထားသည်။

No comments:

Post a Comment