Sunday, July 14, 2019

ထရပ်ကားသုံးစီးပေါ်မှ ကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ကယားပြည်နယ်၌ ကျပ် ၁၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထရပ် ကားသုံးစီးပေါ်မှ သိမ်းဆည်းရ မိကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်  ၁၃ ရက်တွင် ထုတ်ပြန်သည်။  လွိုင်ကော်မြို့ ဖယ်ခုံ - လွိုင်ကော်ကားလမ်းရှိ  ထရပ်  ကား သုံးစီးကို ဇူလိုင် ၁၂ ရက် တွင် တားဆီးစစ်ဆေးရာ ICE   ၅၀၀ ကီလိုဂရမ်၊ ကတ်တမင်း ၆၄၉ ကီလိုဂရမ်နှင့် ကဖင်း ၁,၁၅၀ ကီလိုဂရမ်သိမ်းဆည်း ရမိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။



ထရပ်ကားများ၏ နောက် ကိုယ်ထည်ရှေ့ပိုင်းတွင် အံဝှက် သဖွယ်ပြုလုပ်ကာ မူးယစ်ဆေးဝါး များ သယ်ဆောင်လာခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ထရပ်ကားတစ်စီးလျှင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်နှစ်ဦးလိုက်ပါပြီး ICE  ၃၀၀ ကီလိုဂရမ်၊ ကဖင်း ၄၀၀ ကီလို ဂရမ်ဖြင့်  တစ်စီး၊  ICE  ၂၀၀ ကီလိုဂရမ်၊ ကတ်တမင်း   ၆၄၉  ကီလိုဖြင့်တစ်စီးနှင့် ကဖင်း   ၇၅၀ ကီလိုဂရမ်ဖြင့် တစ်စီးကို စစ်ဆေး တွေ့ရှိခဲ့သည်။   ယင်းဖြစ်စဉ်မှ မူးယစ်ဆေး ၀ါးနှင့် ကားများကိုသိမ်းဆည်းပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်ခြောက်ဦးအား  မူးယစ်ဆေး ၀ါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် လွိုင်ကော်မြို့မရဲစခန်းက အရေး ယူထားသည်။

No comments:

Post a Comment