Sunday, July 14, 2019

ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာမျက်နှာစာများကို အလွဲသုံးစားပြု၍ ဖိအားပေးမှုရှောင်ကြဉ်ရန် မြန်မာသံအမတ်ကြီးပြော

ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာ မျက်နှာစာများ (International Platforms) ကို အလွဲသုံးစားပြု၍ မြန်မာနိုင်ငံအ ပေါ် ဖိအားပေးမှုများ လုံးဝရှောင် ကြဉ်ရန်လိုအပ်ကြောင်း ဂျီနီဗာ မြို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြော ကြားသည်။ ဂျီနီဗာမြို့၌ ဇူလိုင် ၁၂ ရက် က ကျင်းပပြီးစီးခဲ့သည့် ကုလလူ့ အခွင့်အရေးကောင်စီ (၄၁)    ကြိမ်မြောက် အစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးကိုယ်စား ဒုတိယမဟာမင်း ကြီးက မြန်မာအရေးကို နှုတ်ဖြင့် အစီရင်ခံတင်ပြမှုအပေါ် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည်ရှင်းလင်းစဉ် ထိုသို့ထည့် သွင်းပြောကြားကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။



နိုင်ငံတကာအသိုက်အ၀န်း က အကျိုးမဖြစ်ထွန်းနိုင်သည့် ဖိ အားပေးမှုများ၊ ပူးပေါင်းဆောင် ရွက်မှုမရှိသည့် အပြုအမူများနှင့်  အပြုသဘောမဆောင်သည့် လုပ် ရပ်များ ဆက်လက်လုပ်ဆောင် နေပါက စိန်ခေါ်မှုများ ပိုမိုကြာ ရှည်စွာ ဆိုးရွားလာစေနိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကောင်စီ အားပြောသည်။ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ငြိမ်းချမ်းသည့် သံ တမန်နည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်မှုများကို သွေဖည်စေ နိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းသာယာဝ ပြောရေး ရေရှည်တည်တံ့သည့် အဖြေရှာမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာ အသိုက်အ၀န်းက အပြုသဘောဆောင်ပြီးစစ်မှန် သည့် နည်းလမ်းဖြင့် လက်တွဲပါ ၀င်ရန် မြန်မာသံအမတ်ကြီးက ကောင်စီမှတစ်ဆင့် တောင်းဆို သည်။နယ်ပယ်ကဏ္ဍစုံတွင် တိုး တက်မှုများနေ့ချင်း၊ ညချင်း တစ် ပြိုင်နက်ရရှိရန် မဖြစ်နိုင်သော် လည်း အစိုးရ၏သုံးနှစ်ကာလအ တွင်း မြေပြင်၌ တည်တံ့ခိုင်မာ သည့် တိုးတက်မှုရလဒ်များ ကျယ်ပြန့်စွာရရှိပြီးဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။

သို့သော် အနောက်နိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းအ ချို့က မြန်မာအစိုးရသည် ဒေါက်  တာကိုဖီအာနန် ဦးဆောင်သော ကော်မရှင်၏ အကြံပြုချက်များကို လက်တွေ့အကောင်အထည် ဖော်မှု အားနည်းကြောင်း ရှုမြင် ထားပြီး ကုလသမဂ္ဂကဲ့သို့အဖွဲ့အ စည်းမျိုးက မြန်မာ့တပ်မတော်အ ပေါ် စနစ်တကျအရေးယူဒဏ်ခတ် ခြင်းမျိုး ပျက်ကွက်နေကြောင်း      ထုတ်ပြန်ထားသည်။

မြန်မာအစိုးရကမူ ရခိုင် ပြည်နယ်တွင် လူ့အခွင့်အရေးချိုး ဖောက်မှုဟူသော စွပ်စွဲချက်များ နှင့် ပတ်သက်၍ သက်သေခိုင်လုံ ပါက အရေးယူမည်ဖြစ်ပြီး အ တည်မပြုနိုင်သည့်စွပ်စွဲချက်များ  ကို ကောင်စီ၏အစီရင်ခံစာများ တွင် ဖော်ပြပါရှိနေခြင်းကို စိုးရိမ် ကြောင်း သံအမတ်ကြီး ဦးကျော် မိုးထွန်းက ပြောသည်။ ကုလအစီရင်ခံစာများ၌ ယင်းသို့ စွပ်စွဲနေခြင်းနှင့် ပတ် သက်၍ အခြေအနေအရပ်ရပ်ကို  ဓမ္မဓိဋ္ဌာန်ကျစွာ ရှုမြင်သုံးသပ်ရန် တိုက်တွန်းလိုကြောင်းနှင့် နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်ကို မြန်မာ-ဘင်္ဂ လားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီ ချက်အတိုင်း ပြန်လည်လက်ခံ ရန် အသင့်ဖြစ်နေကြောင်း မြန်မာ သံအမတ်ကြီးက ကောင်စီအား ဆက်လက်ပြောကြားသည်။

No comments:

Post a Comment