Sunday, July 14, 2019

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ၀န်ကြီးများရုံးကို အခမဲ့ သုံးရက်ဖွင့်လှစ်မည်

(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အာဇာနည်ခေါင်းဆောင် များ လုပ်ကြံခံခဲ့ရသည့် ၀န်ကြီး များရုံး (ယခင်အတွင်းဝန်ရုံး) ကို ဇူလိုင် ၁၉ ရက်ကစတင်၍ သုံး ရက်အခမဲ့ ဖွင့်လှစ်မည်ဖြစ်သည်။ ‘‘တိုင်းပြုပြည်ပြုလွှတ်တော် ထဲမှာ ပါလီမန်သမိုင်းခန်းမကို လေ့လာနိုင်မယ်။ သည့်အပြင် ကလေးပန်းချီများ၊ ပါလီမန်နဲ့ အရေးကြီးသော သမိုင်းအချက် အလက်များကို လေ့လာနိုင်မှာပါ’’ ဟု အနော်မာအနုပညာအဖွဲ့မှ ဦးမျိုးမင်းဝင်းကပြောသည်။



ယခုနှစ်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ အခန်းသည် ပြင် ဆင်မှုများ မပြီးစီးသေးသော ကြောင့် ၀င်ရောက်လေ့လာနိုင် မည် မဟုတ်ဘဲပြင်ဆင်ထားသည့် အခြေအနေများကို ပရိုဂျက်တာ ဖြင့် ပြသမည်ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းနှင့် အာဇာနည်ရှစ်ဦးလုပ်ကြံ  ခံခဲ့ရသည့် အခန်းကိုလည်း နဂို မူလပုံစံအတိုင်းပြင်ဆင်နေပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်း၍    လုပ်ဆောင်နေ ကြောင်း  ဦးမျိုးမင်းဝင်းက ပြော သည်။

‘‘၀င်ပေါက်အနေနဲ့ သိမ်ဖြူ လမ်းကနေ ပေးဝင်မှာဖြစ်ပါ တယ်။ ထွက်ပေါက်အနေနဲ့က တော့ ဗိုလ်အောင်ကျော်လမ်းက သတ်မှတ်သွားမှာဖြစ်ပါတယ်’’ ဟု  ဦးမျိုးမင်းဝင်းကပြောသည်။ ဇူ လိုင် ၁၉ ရက်မှ ၂၁ ရက်အတွင်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ဝင်ရောက်လေ့ လာနိုင်မည် ဖြစ်သည်။ ‘‘၂၀၁၆ နှောင်းပိုင်း ၂၀၁၇ လောက်မှာ စတင်ပြင်ဆင်ခဲ့ပါ တယ်။ Phase One ကတော့ရာ နှုန်းပြည့်နီးပါးပြီးနေပါပြီ။ Soft Opening ကိုလာမယ့် အောက်တို  ဘာမှ ဖွင့်နိုင်မှာပါ’’ ဟု ၎င်းက ပြောသည်။

No comments:

Post a Comment