Sunday, July 14, 2019

မြန်မာအမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့အဆင့်နှစ်ဆင့် ကျဆင်း

ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ) က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် အဆင့်နှစ်ဆင့်ကျ ဆင်းပြီး ကမ္ဘာ့အဆင့် (၄၆) ၌ ရပ်တည်နေသည်။ြ မန်မာ့လက်ရွေးစင်အမျိုး သမီးဘောလုံးအသင်းသည် မတ်လက ထုတ်ပြန်သည့် ကမ္ဘာ့အ ဆင့်သတ်မှတ်ချက်တွင် အဆင့် (၄၄)၌ ရပ်တည်ပြီး ဇူလိုင် ၁၂ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၅၂၁ ဖြင့် အဆင့်(၄၆) ၌ ရပ်တည်နေသည်။



မြန်မာအမျိုးသမီးအသင်း သည် မတ်လမှ ဇူလိုင်ဒုတိယပတ် အတွင်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခြင်းမရှိဘဲ ပြည်တွင်းခြေစမ်းပွဲများသာ ကစားခဲ့သည်။ ဇူလိုင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အရှေ့တောင်အာရှတွင် တတိယနှင့်  အာရှနိုင်ငံများ၌ အဆင့်(၁၀) နေရာ၌ ရပ်တည်နေသည်။

အရှေ့တောင်အာရှတွင် ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် (၃၅) ဖြင့် ဦးဆောင်ထားပြီး ထိုင်းအသင်း (၃၉)၊ ဖိလစ်ပိုင်အသင်း (၆၇)၊ မလေးရှားအသင်း (၉၀)၊ အင်ဒိုနီးရှားအသင်း (၉၄) နှင့် စင်ကာပူအသင်းက ကမ္ဘာ့အဆင့်(၁၂၃) ၌ အသီးသီးရပ်တည်နေသည်။

ကမ္ဘာ့အဆင့် (၁) နေရာတွင် ကမ္ဘာ့ဖလားချန်ပီယံ အမေရိကန် အမျိုးသမီးအသင်းက ရပ်တည် နေပြီး ယင်းနောက် ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဆွီဒင်၊ ကနေဒါ၊ သြစတြေးလျ၊ မြောက်ကိုရီးယားနှင့် ဘရာဇီးအ သင်းတို့ အစဉ်လိုက် ရပ်တည်နေ သည်။   ဖီဖာသည် အမျိုးသမီးဘော လုံးအသင်းများ၏  ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို တစ်နှစ်လျှင် လေးကြိမ်သာ ထုတ်ပြန်ကြေညာ သည်။ လက်ရွေးစင်အမျိုးသမီး အသင်းများ ကမ္ဘာ့အဆင့် ရပ်တည်ချက်ကို စက်တင်ဘာ ၂၇ ရက်တွင် ထပ်မံ ကြေညာမည်ဖြစ် ကြောင်း ဖီဖာက ထုတ်ပြန်ထား သည်။

No comments:

Post a Comment