Sunday, July 14, 2019

ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာ လူထုထောက်ခံပွဲကို ဇူလိုင် ၁၇ ရက်တွင် မြို့အသီးသီး၌ ပြုလုပ်မည်

 ပြည်ထောင်စုလွှတ် တော်၌ တင်သွင်းမည့် အခြေခံ  ဥပဒေပြင်ဆင်ရေးပူးပေါင်းကော် မတီ အစီရင်ခံစာအပေါ် လူထု ထောက်ခံပွဲများကို နိုင်ငံတစ်ဝန်း ပြုလုပ်ရန် စီစဉ်နေသည်။ လာမည့် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းမည့် အစီရင်ခံစာကို ဇူလိုင် ၁၂ ရက်  တွင် ကော်မတီဝင်အားလုံးက အတည်ပြုလက်မှတ်ထိုးခဲ့သည်။   ပူးပေါင်းကော်မတီအစီရင်ခံစာ ကို ဇူလိုင် ၁၇ ရက်မတိုင်မီတင် သွင်းရမည်ဟု သတ်မှတ်ထားပြီး   လွှတ်တော် အစည်းအဝေးများ  ဇူလိုင် ၁၅ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ  ဥပဒေပြင်ဆင်ရေး ၄၅ ဦးကော် မတီ၏ အစီရင်ခံစာအပေါ် လူထု ထောက်ခံပွဲများကို ဇူလိုင် ၁၇ ရက်တွင် မြို့အသီးသီး၌ပြုလုပ် ရန်စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့ လူထုထောက်ခံ ပွဲကို ဇူလိုင် ၁၇ ရက် နံနက်တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ် ရန်စီစဉ်နေသည်။ အဆိုပါ  ထောက်ခံပွဲ၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမြ အေးပါဝင်ဟောပြောမည်ဖြစ် သည်။ ရန်ကုန်မြို့တွင် ပြုလုပ်မည့်  လူထုထောက်ခံပွဲအပေါ် လာရောက်ပူးပေါင်းရန်  လူမှုကွန်ရက်စာမျက်နှာ၌ ဖိတ်ခေါ်နေ သည်။ထို့အပြင် လူထုထောက်ခံပွဲ   များကို ဇူလိုင် ၁၇ ရက်တွင် ရန် ကုန်မြို့အပြင် မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့ တို့၌ ပြုလုပ်ရန် စီစဉ်နေသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီ အစီရင်ခံစာကို လူထုထောက်ခံပွဲပြုလုပ်သည့်နေ့ ၌ ပင်အမျိုးသားရေးလှုပ်ရှားသူဟု ဆိုသူများက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပုဒ်မ ၅၉ (စ) မပြင်ဆင် ရေးဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန် မြို့တွင် ပြုလုပ်ရန်စီစဉ်နေသည်။  ၎င်းတို့က အမျိုးသားက ဇာတ်ရုံ ရှေ့ကစတင်၍ မဟာဗန္ဓုလပန်း ခြံရှေ့ထိ ချီတက်မည်ဖြစ်သည်။  တိုင်းပြည်၏ အနေအထား သည်အာရုံထွေပြားစေရန် လှည့် ဖြားမှုများရှိနေပြီး အကြောင်းအ ရာပေါ်လိုက်၍ စိတ်ဝမ်းမကွဲဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေး သာလျှင် အဓိက ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ဦးမင်းကို နိုင်ကကျောက်ဆည်မြို့၌ ဇူလိုင် ၁၁ ရက်ကပြုလုပ်သော ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း  လူ့အဖွဲ့အစည်းနယ်ကွန်ရက်များ  စုံညီတွေ့ဆုံဆွေးနွေးပွဲတွင်တိုက် တွန်းပြောကြားထားသည်။

No comments:

Post a Comment