Sunday, July 14, 2019

ရေကြီးမှုကြောင့် မြစ်ကြီးနားနှင့် တနိုင်းရှိ စစ်ရှောင်စခန်းများ အခက်အခဲကြုံတွေ့

လတ်တလော မြစ်ရေ ကြီးမှုနှင့် ချောင်းရေကြီးမှုကြောင့် မြစ်ကြီးနားနှင့် တနိုင်းမြို့နယ်အ တွင်းရှိ စစ်ရှောင်စခန်းအချို့ ရွှေ့ ပြောင်းရကာ အချို့သည် နေထိုင် စားသောက်ချက်ပြုတ်ရေး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ ဧရာဝတီ မြစ်ရေကြီးမှု ကြောင့် မြစ်ကြီးနားမြို့ရှိ ဇီးအွန် စစ်ရှောင်စခန်းကို ရေလွတ်ရာသို့ ဇူလိုင် ၁၂ ရက် ညနေကတည်းက ပြောင်းရွှေ့ခဲ့ရသည်ဟု ကချင်နှစ် ခြင်းခရစ်ယာန် အသင်းတော် (KBC)က ပြောသည်။



ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်ကလည်း ‘‘စစ် ရှောင်တွေက ထပ်ခါရှောင်ရတဲ့ ဟာပေါ့။ အများစုက ဘာမှမဖြစ် ပေမယ့် အနိမ့်ပိုင်းကျတဲ့ဟာတွေ က ရွှေ့ရတာပေါ့။ ဇီးအွန်ဘက် ပေါ့’’ဟု ပြောသည်။

တနိုင်း KBC အတွင်းရေးမှူး ဦးမုန်ဒန်ကလည်း တနိုင်းချောင်း ရေမြင့်တက်မှုကြောင့် တနိုင်းမြို့ ပေါ်ရှိ စစ်ရှောင်စခန်းများအနက် မိုင်းခွန်လမ်း ရွာသစ်ကုန်းဘက်ရှိ AG စစ်ရှောင်စခန်း ရေမြုပ်ခဲ့ ကြောင်း ဇူလိုင် ၁၃ ရက်တွင် ပြောသည်။

‘‘မနေ့ကအထိတော့ ရွှေ့ တာ မရှိသေးဘူး။ ရေက သူတို့ နေတဲ့ ကြမ်းခင်းရောက်ခါနီးတော့ ရှိနေပြီ။ ဒီနေ့တော့ ဘယ်လိုအခြေအနေရှိလဲ ထပ်တော့ မသိရသေး ဘူး’’ဟု ဦးမုန်ဒန်က ပြောသည်။

စစ်ရှောင်များ၏ အိမ်မွေး တိရစ္ဆာန်များကို ရေမရောက်သေး သည့်နေရာတွင် ထားရှိခြင်းများ၊ သောက်သုံးရေ အခက်အခဲနှင့် ချက်ပြုတ်စားသောက်ရေး ဆောင်ရွက်ရန် အခက်အခဲများ ဖြစ်ပေါ် နေကြောင်း၊ ရေရှည် ရေကြီးမှု ဖြစ်ပေါ်ပါက အခက်အခဲများစွာ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လတ်တလော ရေကြီးမှု ကြောင့် မြစ်ကြီးနားနှင့် တနိုင်းမြို့ မှ စစ်ရှောင်များကို သက်ရောက်မှု ရှိကြောင်း၊ ရေကျဆင်းမှုမရှိပါက စစ်ရှောင်များသာမက ဒေသခံများပါ စားနပ်ရိက္ခာအခက်အခဲကြုံရ နိုင်ကြောင်း ကချင်စစ်ရှောင်များ အား အကူအညီပေးနေသည့် လူမှုအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသော ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့ (JST)မှ ဦးဂွမ်ရှာအောင်က ပြောသည်။

‘‘တနိုင်းဘက်မှာ ပိုပြီးစိုးရိမ် ရတဲ့အနေအထားရှိတာက ရိက္ခာ ပြတ်လပ်မှုအနေအထားထိ ဖြစ် သွားနိုင်တယ်။ ဒီရေကြီးတဲ့ကိစ္စ ကြောင့်ပေါ့။ အထူးသဖြင့် တနိုင်း က မြစ်ကြီးနားက သွားရတာ။ သွားရင် တောက်လျှောက်က ရေ ကြီးတဲ့ပြဿနာကြောင့် ခရီးလမ်း ပန်းဆက်သွယ်ရေးက တောက် လျှောက်ပြတ်သွားမယ့် အနေအ ထားရှိတယ်’’ဟု ဦးဂွမ်ရှာအောင် က ဆိုသည်။ ထို့အပြင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား ၂၀၁၇ ဇွန်လက ဖြစ် ပွားခဲ့သော တိုက်ပွဲများကြောင့် တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်လာ သည့် စစ်ရှောင် ၁,၀၀၀ ခန့်ရှိ သော်လည်း လက်ရှိအချိန်ထိ အစိုးရက စစ်ရှောင်စခန်းတည်ရှိ မှုကို အသိအမှတ်မပြုသေး၍ အ ခက်ကြုံနေရကြောင်း ဦးမုန်ဒန်က ပြောသည်။

No comments:

Post a Comment