Sunday, July 14, 2019

H1N1 ကြောင့် ရန်ကုန်တိုင်းတွင် လူနှစ်ဦး ထပ်မံသေဆုံး တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၄၃ ဦးအထိ ရှိလာ

ရာသီတုပ်ကွေး(H1N1) ကြောင့်  တစ်နိုင်ငံလုံးတွင်သေဆုံး သူ ၄၃ ဦးရှိလာကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်၌ထုတ်ပြန်သည်။    ဇူလိုင် ၁၃ ရက် နံနက် သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁၂ ရက်အထိ ရာသီတုပ်ကွေးရော ဂါသံသယလူနာ ၅၈၆ ဦး ဓာတ် ခွဲစစ်ဆေးသည့်အနက် ပိုးတွေ့ရှိ သူ ၂၂၅ ဦးရှိပြီး ယင်းကြောင့် သေဆုံးသူ ၄၃ ဦးရှိသည်။ သေ ဆုံးသူဦးရေမှာ ဇူလိုင် ၁၁ ရက်က ၄၁ဦးရှိရာမှ ရန်ကုန်တိုင်းမှ နှစ်ဦး တိုးလာခြင်းဖြစ်သည်။ 



သေဆုံးသူများသည် ရန် ကုန်တိုင်းမှ ၃၅ ဦး၊ ဧရာဝတီတိုင်း မှသုံးဦး၊ ပဲခူးတိုင်းမှနှစ်ဦး၊ စစ် ကိုင်းတိုင်းမှနှစ်ဦး၊ မွန်ပြည်နယ်မှ တစ်ဦးဖြစ်သည်။ ချင်းပြည်နယ်၊ ရှမ်းအရှေ့ပိုင်းတို့မှလွဲ၍  ကျန် တိုင်းနှင့် ပြည်နယ်များတွင်  ယင်း ရောဂါပိုးတွေ့ရပြီး ပိုးတွေ့ရှိမှုနှင့် သေဆုံးမှုအများဆုံးသည် ရန်ကုန်တိုင်းဖြစ်သည်။  ရန်ကုန်တိုင်းတွင် ပိုးတွေ့ရှိသူ ၁၃၄ ဦးရှိကာ ၃၅ ဦးသေဆုံးခဲ့သည်။

သေဆုံးသူများသည် အ သက်အရွယ်ငယ်လွန်းသူများနှင့် ကြီးလွန်းသူများ၊ ဆီးချို၊ သွေး တိုး၊ နှလုံးရောဂါနှင့်  အသက်ရှူ လမ်းကြောင်းရောဂါစသည့် နာ တာရှည်ရောဂါအခံရှိသူများဖြစ် သည်။ ထို့ကြောင့် နာတာရှည် ရောဂါအခံရှိသူများ၊ ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများအ ထူးဂရုပြုနေထိုင်ရန် ဆရာဝန် ကြီးများက အကြံပြုထားသည်။

ရာသီတုပ်ကွေးရောဂါသည်  ရောဂါပိုးကူးစက်ခံရချိန်ကစတင်၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများသည် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့် အထက်ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်သည်။

ထို့ထက်ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအ လွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ် ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊  အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာ  မငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါ  က နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။  ၂၀၁၇ က တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့်ပိုးတွေ့ရှိသူ ၄၀၆ ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့သည်။ ၂၀၁၈ က ပိုးတွေ့ရှိသူ ၁၃ ဦးရှိ ပြီး သေဆုံးမှုမရှိကြောင်း  ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

No comments:

Post a Comment