Sunday, July 14, 2019

ဂျပန်နိုင်ငံသို့ သွားရောက်ခြေစမ်းမည့် မြန်မာယူ-၁၈ အသင်း ကစားသမား စာရင်းထုတ်ပြန်

 နိုင်ငံတကာပြိုင်ပွဲအကြို  ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံသို့ခြေ စမ်းခရီးစဉ် သွားရောက်မည့် မြန် မာယူ-၁၈ ဘောလုံးအသင်း ကစားသမား ၂၅ ဦးစာရင်းကို နည်းပြချုပ် ဦးစိုးမြတ်မင်းက ယမန်နေ့တွင် ထုတ်ပြန်သည်။ြ မန်မာယူ-၁၈ အသင်း သည် လူငယ်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင် နေသည့် (MFF Youth) ဘောလုံး အဖွဲ့ချုပ် လူငယ်အသင်းကို အ ခြေခံဖွဲ့စည်းထားပြီး ပြည်တွင်း လိဂ်တွင် ခြေစွမ်းပြနေသည့် ကစားသမားအချို့လည်း  ပါဝင်သည်။



မြန်မာယူ-၁၈ အသင်း သည် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ J-GREEN SAKAI လေ့ကျင့်ရေး စင်တာတွင် ၁၀ ရက်ကြာ လေ့ ကျင့်မည်ဖြစ်သည်။ လေ့ကျင့်ရေး  ကာလအတွင်း ဇူလိုင် ၁၈ ရက်၌ Cerezo Osaka ယူ -၁၈ အသင်း၊ ဇူလိုင် ၂၁ ရက်တွင် Osaka Sangyo University အသင်း၊ ဇူလိုင် ၂၄ ရက်တွင် Hannan အ သင်းတို့နှင့်  ခြေစမ်းမည်  ဖြစ် သည်။  မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းတို့က တာဝန်ယူဆောင်ရွက်နေသည်။

ဂျပန်ခရီးစဉ်သွားရောက်မည့် မြန်မာယူ-၁၈ အသင်းတွင် အုပ်ချုပ်သူနည်းပြ ရှစ်ဦး၊ ကစားသမား ၂၅ ဦး ပါဝင်မည်ဖြစ်သည်။

ဂျပန်ခြေစမ်းခရီးစဉ်သည် အသင်းအတွက် အကျိုးရှိစေမည့် ခရီးစဉ်ဖြစ်ကြောင်း မြန်မာယူ-၁၈ အသင်းနည်းပြချုပ် ဦးစိုး မြတ်မင်းကပြောသည်။ ယင်းအ သင်းသည် ယခုနှစ်အတွင်း အ ဓိကပြိုင်ပွဲများအဖြစ် အာဆီယံ ယူ-၁၉ ပြိုင်ပွဲနှင့် အာရှယူ-၁၉ ခြေစစ်ပွဲယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၉ အာဆီယံယူ-၁၉ ပြိုင်ပွဲကို သြဂုတ်အတွင်း ဗီယက် နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအသင်း သည် အုပ်စု (က)၌ အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူ နိုင်းအသင်းတို့နှင့် ကျရောက်နေ သည်။ ယခုနှစ်နိုဝင်ဘာတွင် ရန်ကုန်မြို့၌ကျင်းပမည့် ၂၀၂၀ အာရှယူ-၁၉ ပြိုင်ပွဲခြေစစ်ပွဲအုပ် စု(ဈ)တွင် မြန်မာအသင်းသည် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေသည်။

No comments:

Post a Comment