Sunday, July 14, 2019

ဖူဆယ်အလွတ်တန်းပြိုင်ပွဲ(မန္တလေး)အကြိုဗိုလ်လုပွဲများ ယနေ့ကျင်းပမည်

ဖူဆယ်အလွတ်တန်း ပြိုင်ပွဲ(မန္တလေး) အကြိုဗိုလ်လု ပွဲတွင်  GV Athletic နှင့် JZM (A)၊Linn Latt နှင့် AKS (A) အသင်း တို့ တွေ့ဆုံနေသည်။ မန္တလေးမြို့ မန္တလာသီရိ မိုးလုံလေလုံ အားကစားရုံ၌  ဇူလိုင်၁၂ ရက်က ယှဉ်ပြိုင်သည့် ကွာတားဖိုင်နယ်ပွဲစဉ်များတွင် JZM (A) က 7Star ကို ၁၂-၀ ဂိုး၊ GV Athletic က Myoma JY ကို ၅-၂ ဂိုး၊ AKS (A) က AKS (B) ကို (၁၃-၇) ဂိုး၊ Linn Latt အသင်းက JZM (B) ကို ၄-၃ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။



ဖူဆယ်အလွတ်တန်းပြိုင်ပွဲ (မန္တလေး) အကြိုဗိုလ်လုပွဲများကို  ဇူလိုင် ၁၄ ရက်(ယနေ့)တွင် ကျင်းပမည်ဖြစ်သည်။

ဗိုလ်လုပွဲနှင့် တတိယလုပွဲကို ဇူလိုင် ၁၆ ရက်၌ ကျင်းပမည် ဖြစ်သည်။ယင်းပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဆင့်က စတင်ကာ MFF FutsalFacebook Page မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန် ရှိသူတစ်ဦးက ပြောသည်။ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ဖူဆယ်အလွတ် တန်းပြိုင်ပွဲ၌ ၄၁ သင်း ၀င်ရောက်ယှဉ်ပြိုင်သည်။  ဖူဆယ်အလွတ်တန်းပြိုင်ပွဲ (မန္တလေး)တွင် ချန်ပီယံအသင်းကို ဆုဖလားနှင့် ဆုကြေးကျပ်သိန်း ၃၀ ၊ ဒုတိယရအသင်းကိုကျပ်သိန်း ၂၀ ၊ တတိယရ အသင်းကို ကျပ် ၁၀ သိန်း၊  စတုတ္ထရအသင်းကို ကျပ်ငါးသိန်းနှင့် တစ်ဦးချင်း အကောင်းဆုံးဆုများ ပေး အပ်မည် ဖြစ်သည်။

No comments:

Post a Comment