Sunday, July 14, 2019

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရှစ်ရာခန့် တိမ်းရှောင်၊ နေအိမ်အချို့ မီးလောင်

တပ်မတော်နှင့်ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့ ဘူးသီးတောင်မြို့နယ် နွားရုံ တောင်ရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသူရွာသား ရှစ်ရာခန့်ထွက်ပြေး တိမ်းရှောင်ရကြောင်း နွားရုံတောင် ရွာသားအချို့က ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးပြီးချင်း ရွာထဲသို့ လက်နက်ကြီးကျရောက် ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်း များ ကျေးရွာသို့ ဝင်ရောက်လာ ကြောင်း၊ ပစ်ခတ်မှုများကြောင့် ဒေသခံရှစ်ရာခန့် စေတီတောင် ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း နွားရုံတောင်ရွာသား တစ်ဦးက ဆိုသည်။



‘‘ဘာမှလည်းမယူဘဲ က လေးတွေရဲ့ စာအုပ်တွေရော၊ ပစ္စည်းတွေရော ဒီအတိုင်းပစ်ထား ခဲ့ပြီး ထွက်ပြေးလာရတာ။ ထွက် ပြေးလာပြီး သိပ်မကြာဘူး။ ညနေ လေးနာရီလောက်မှာ ကျွန်တော် တို့ရွာဘက်က မီးခိုးတွေထွက်တာ တွေ့တယ်။ ကျွန်တော်တို့ စေတီ တောင်ကနေ လှမ်းမြင်ရတယ်’’ ဟု အဆိုပါရွာသားက ပြောသည်။

နွားရုံတောင်ရွာအနီးတွင် ဇူ လိုင် ၁၃ ရက် နေ့လယ်က တိုက် ပွဲဖြစ်ပွားခဲ့သည်ဟု အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကအတည် ပြုသည်။

တပ်မတော်စစ်ကြောင်း၏ လက်ချက်ကြောင့် ဒေသခံများ နေအိမ်တချို့ မီးလောင်ခဲ့သည်ဟု နွားရုံတောင်ရွာသားအချို့က သုံး သပ်သော်လည်း ဗိုလ်မှူးကြီးဝင်း ဇော်ဦးကမူ AA လက်ချက်ကြောင့် မီးလောင်ခြင်းဖြစ်ကြောင်း၊ တပ် မတော်သားများက မီးငြှိမ်းသတ်မှု ပင် လုပ်ဆောင်ခဲ့ရကြောင်း ပြော ကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်ပြီး AA အဖွဲ့ထံ ယမန်နေ့က ဖုန်းဆက်သွယ်ရာ အဆက်အ သွယ်မရပေ။ ယခင်ကလည်း တပ်မတော် နှင့် AA တိုက်ပွဲများကြောင့် ကျေး ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်မှုများ၊ ရွာအတွင်းရှိနေ အိမ်များ မီးလောင်ကျွမ်းခြင်းဖြစ် ပွားခဲ့သည်။ ထို့အပြင်လက်နက် ကြီးကျည်ထိမှန်ခြင်းကြောင့် ဒေ သခံရွာသူရွာသားများ သေဆုံး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။ ထို့ ကြောင့် နှစ်ဖက်လက်နက်ကိုင် တပ်များအနေဖြင့် ကျေးရွာအနီး တွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြု ရန် ကူညီရေးအဖွဲ့ တာဝန်ရှိသူ များက တောင်းဆိုထားသည်။

No comments:

Post a Comment