Sunday, July 14, 2019

ပုဂံနဲ့ ပတ်သက်ပြီး မေမြင့်မိုရ်ရဲ့ ခံစားချက်

ပုဂံဒေသသည် ထိပ် တန်းကမ္ဘာ့အမွေအနှစ်စာရင်း တွင် ပါဝင်လာခြင်းကြောင့် ပျော်ရွှင်မိကြောင်း သရုပ်ဆောင် မေမြင့်မိုရ်က ပြောသည်။  ‘‘အရင်ကတည်းကလည်း ဖြစ်စေချင်တဲ့ ဆန္ဒလေးပေါ့။ အခု လိုမျိုး ဖြစ်သွားတဲ့အတွက် ပုဂံ ဘုရားတွေ၊ ပုဂံစေတီတွေအား လုံးအတွက် ထိန်းသိမ်းတဲ့အခါမှာ ပိုပြီးအကျိုးရှိတယ်။ အရမ်းလည်း ပျော်တယ်။ ကမ္ဘာက အသိအမှတ် ပြုတဲ့အတွက် ညီမကတော့ အ တိုင်းမသိပါပဲ’’ဟု ၎င်းက ပြော သည်။ပုဂံမြို့သူ ဇာတ်လမ်းတွဲကို ပုဂံ၌ အချိန်ကြာမြင့်စွာ ရိုက်ကူးခဲ့သဖြင့် ဘဝတွင် အမှတ်တရတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုသည်။


‘‘မြို့တွေထဲမှာ ပုဂံကို ချစ် တယ်၊ အဲဒီမှာ တစ်သက်လုံး တောင် နေချင်တယ်။ ရှေးဟောင်း အမွေအနှစ်ကို ညီမသဘောကျ တယ်။ ပြီးတော့ ပုဂံဒေသရောက် သွားရင် ခံစားချက်လေးက အ ရမ်းကို အေးချမ်းတယ်။ ပုဂံ ဘုရားတွေအားလုံးကို ကြည့်နေရ တဲ့ ခံစားချက်ကိုလည်း အရမ်း သဘောကျတယ်။ ပြီးတော့ အ ရမ်းတန်ဖိုးထားပြီး မြတ်လည်း မြတ်နိုးတယ်’’ဟု ၎င်းက ပြော သည်။

လက်ရှိတွင် ဘိုဘိုရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးသည့် ‘ခေါ်သံ’ရုပ်ရှင်ဇာတ်ကားတွင် ခပ် စွာစွာ ကောင်မလေးတစ်ဦးနေရာ က ပါဝင်သရုပ်ဆောင်နေသည်။

‘‘အရှေ့ကားတွေမှာ ညီမ ကာရိုက်တာတွေက အချစ်ရိုမန့် ဖြစ်သွားတာရှိတယ်။ နည်းနည်း ငြိမ်တဲ့ကားတွေရှိတယ်။ နောက် ဆုံးရိုက်ခဲ့တဲ့ ဇာတ်လိုက်ဆိုရင်လည်း ညီမအတွက် ထူးခြားတယ်။ချိုင်းထောက်နဲ့ ပုံစံမျိုးလေးရှိ တယ်။ ဒီကားလေးကလည်း ထူးခြားတယ်။ မခိုင်လေးပုံစံမျိုးလေး ပေါ့။ မခိုင်လေးဆိုရင် အပြင်မှာ လည်း ချစ်ဖို့ကောင်းတယ်။ ဇာတ် ကားရိုက်ကူးရေးတွေမှာလည်း လုပ်နိုင်တယ်ဆိုတော့ အစ်မကိုအားကျတယ်။ အများကြီးလုပ်ပြရမှာပေါ့’’ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် မရိုက် ဖူးသေးသည့် သရုပ်ဆောင်များ စွာနှင့် တွဲဖက်ရိုက်ကူးရသော ကြောင့် အတွေ့အကြုံများစွာ ရရှိသည်ဟု ဆိုသည်။ ‘‘မရိုက်ဖူးသေးတဲ့ အစ်ကို တွေနဲ့ ဆုံရမှာဆိုတော့ အတွေ့အ ကြုံသစ်တွေ၊ ပြီးတော့ အမှတ်တရတွေ အများကြီးရှိမယ်။ နောက်ရန်ကုန်တစ်ဝက်၊ နောင်ချို တစ်ဝက်ရိုက်မှာပါ။ နောင်ချိုမှာ သိပ်မရိုက်ဖူးသေးဘူး။ အဓိကက တော့ Horror ကားဆိုတော့လေ။ ပရိသတ်တွေက Horror ကားဆို သဘောကျကြတယ်။ အခုက Horror မှာမှ Comedy လေးဆို တော့ ပရိသတ်တွေ ကြောက် လည်း ကြောက်ရမယ်၊ ရယ်လည်းရယ်ရမယ်။ ကားလေးက ချစ်ဖို့ ကောင်းမှာပါ’’ဟု မေမြင့်မိုရ်က ပြောသည်။

No comments:

Post a Comment