Sunday, July 14, 2019

ပရိသတ်အတွက် နိုင်ပွဲရယူပေးနိုင်၍ ပျော်ရွှင်ကြောင်း အန်တိုနီယာပြော

 မလေးရှားနိုင်ငံ၌ ကျင်း ပသည့်MMA (One Championship) ပြိုင်ပွဲတွင် ပရိသတ်အတွက် နိုင်ပွဲရယူပေးနိုင်သဖြင့် ပျော်ရွှင် ကြောင်း ကယန်းတိုင်းရင်းသူ အန်တိုနီယာက ပြောသည်။  ‘Masters of Denstiny’ အ မည်ဖြင့်ပြုလုပ်သည့် အဆိုပါ MMA ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက် တွင် မလေးရှားနိုင်ငံ Axiata Arena ၌ ကျင်းပပြီး စတောဝိတ် တန်း အမျိုးသမီးပွဲစဉ်တွင် မြန်မာ  နိုင်ငံကိုယ်စားပြု ကယန်းတိုင်း ရင်းသူ အန်တိုနီယာက ဗီယက် နမ်နိုင်ငံသူ ဘီငုရမ်ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။



ယင်းပွဲတွင် အန်တိုနီယာ သည် လက်သီးထိုးချက်များဖြင့် အားပြုယှဉ်ပြိုင်ပြီး ဘီငုရမ်က ၎င်းအားသာသည့် ခြေကန်ချက် များဖြင့် ပြန်လည်ခုခံခဲ့သည်။ ပထမအချီ နှစ်မိနစ်ကျော်၌ ဘီငု ရမ်၏ လက်သီးချက်ကြောင့် အန် တိုနီယာ လဲကျသော်လည်း ပြန် လည် ရုန်းထနိုင်ခဲ့သည်။

ဒုတိယနှင့် တတိယအချီ တွင် အပြန်အလှန်ထိုးသတ်ခဲ့ပြီး အနိုင်၊ အရှုံးမပေါ်သဖြင့် အမှတ် ဖြင့်ဆုံးဖြတ်ရာ အန်တိုနီယာက အနိုင်ရခဲ့သည်။ ယင်းပွဲသည်အန် တိုနီယာ၏ ပြည်ပ၌ ပထမဆုံးနိုင် ပွဲဖြစ်သည်။  ‘‘ကျွန်မကို စိတ်ပူပေး၊ အား ပေး၊ ဆုတောင်းပေးကြတဲ့ ချစ် ပရိသတ်တွေ အားလုံးကိုကျေးဇူး အများကြီးတင်ပါတယ်’’ ဟု ပွဲအ ပြီး အန်တိုနီယာက ပြောသည်။ အသက် (၂၄) နှစ်အရွယ် အန် တိုနီယာသည် MMA ပြိုင်ပွဲတစ် လျှောက် သုံးပွဲနိုင်၊ တစ်ပွဲရှုံးရလဒ် ရရှိထားသည်။

2 comments: