Sunday, July 14, 2019

အင်တာနက်ပြတ်တောက်ခြင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်

အင်တာနက် ပြတ် တောက်ခြင်းကြောင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအပါ အ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ကုန်သွယ်ရေးလုပ်ငန်းများ ဆိုးဆိုးရွားရွားထိခိုက်နေသည်ဟု  ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။ အထူးသဖြင့် ကုန်ပစ္စည်းအ ရောင်းအ၀ယ်အမှာစာများ ပေးပို့ နိုင်မှုမရှိခြင်းကြောင့် ကုန်သွယ် ရေးနှေးကွေးနေပြီး စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းနေသည်ဟု ၎င်းကရှင်းပြသည်။



‘‘အရင်တုန်းက ကုန်ပစ္စည်း အမှာစာတွေ၊ ပစ္စည်းနမူနာတွေ ကို ဗိုက်ဘာတို့ဘာတို့သုံးပြီး ပို့ နေကြတာ။ အခုတော့ ဒါတွေ လုပ်လို့မရတော့ နေ့စဉ်လုပ်ရတဲ့ အလုပ်တွေ လုပ်လို့မရတော့ဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စီး ပွားရေးက ထိုးကျနေပြီ’’ ဟု ဦး တင်အောင်ဦးက ဆက်လက်ပြော ကြားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်ကစတင်ပြီး ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်ရှိ ကိုးမြို့နယ် တွင် အင်တာနက်လိုင်းများ ဖြတ် တောက်ထားသည်။ ထိုသို့ဖြတ် တောက်ရာတွင် ရခိုင်ပြည်နယ်မှ မောင်တော၊ ရသေ့တောင်၊ ဘူး သီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်း ပြားနှင့် မြေပုံမြို့နယ်နှင့် ချင်းပြည် နယ် ပလက်ဝမြို့နယ်တို့ ပါဝင် သည်။

ကုန်သွယ်ရေးတစ်ခုတည်း သာမက အခြားစီးပွားရေးလုပ် ငန်းများတွင် ထိခိုက်မှုများရှိနေ သည်ဟု ဦးတင်အောင်ဦးကပြော သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် ညှိနှိုင်းလို သော်လည်း ပြည်ထောင်စုအဆင့် က ဆောင်ရွက်ခြင်းဖြစ်၍ ညှိနှိုင်းသော်လည်း ထူးခြားနိုင်မည် မထင်ကြောင်း ၎င်းကဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ကုန်သွယ်မှုတွင် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းရှိပြီး မြန်မာနိုင်ငံက ချင်း၊ ငါး၊ ပဲ၊ နနွင်း၊ ကွမ်းသီး၊ ငါးခြောက် စသည့်ကုန်ပစ္စည်းများ အဓိက တင်ပို့နေသည်။

မောင်တော နယ်စပ်ကုန် သည်များအသင်း၏ အချက်အ လက်များအရ နှစ်နိုင်ငံကုန်သွယ် မှုသည် ဇွန်လတွင် ဒေါ်လာ ၆ ဒသမ ၈ သိန်းနှင့် မေလတွင် ခြောက်သိန်းကျော်ရှိခဲ့သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ် ပြန်ချက်အရ လက်ရှိတွင် မောင် တောနယ်စပ်ကုန်သွယ်ရေးစခန်း ၌ ယခုဘဏ္ဍာနှစ်ဧပြီလအထိ ဒေါ်လာငါးသန်းဖိုးကုန်သွယ်ထား သည်။ ၂၀၁၈ ကြားကာလဘဏ္ဍာ နှစ်ခြောက်လတွင် ဒေါ်လာလေး သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄ သန်းဖိုးကုန်သွယ်ထား သည်။ ကုန်သွယ်မှုတွင် မြန်မာက ပို့ကုန်များပြီး အသာစီးရလေ့ရှိ သည်။

No comments:

Post a Comment