Sunday, July 14, 2019

ဇနီးနှင့် ကလေးနှစ်ဦး သတ်ဖြတ်သူကို နာရီဝက်အတွင်း ဖမ်းမိ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် ဇနီးအပါအ၀င် ကလေးနှစ်ဦးကို ဓားမဖြင့် ခုတ်သတ်သည့်အမျိုးသားကို ရဲတပ်ဖွဲ့က နာရီဝက်အတွင်း  ဖမ်းဆီးမိသည်။ အဆိုပါ အမျိုးသားသည် ကျွဲခြံကျေးရွာနေ စိတ်ဖောက်ပြန်နေသူဖြစ်ပြီး အသက် (၃၆)နှစ်ခန့်အရွယ် ဇနီးအပါအ၀င် (၆)နှစ်ခန့်အရွယ်သားနှင့် (၂) နှစ်ခန့်အရွယ် သမီးငယ်တို့ကို ဇူလိုင်၁၃ ရက်  နံနက် ၁၁ နာရီခွဲခန့်တွင် ဓားမဖြင့် ခုတ်သတ်ခြင်းဖြစ်ကြောင်း တန င်္သာရီတိုင်း ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးစိန်ဝင်းက  ပြောသည်။ ၎င်းအမျိုးသားကို အခင်းဖြစ်ပြီး နာရီဝက်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။



‘‘စိတ်ဖောက်ပြန်နေတယ်လို့  ပြောတယ်။ သူ့မိသားစုကို သတ်လိုက်တာ။ လက်ရှိကတော့ ဓားနဲ့ ခုတ်တာသိထားတယ်’’ ဟုဒုရဲမှူးကြီးစိန်ဝင်းက ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခန့်တွင် အတည်ပြုပြောကြားသည်။

လက်ရှိတွင် ကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာရဲ စခန်း၌ ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ၎င်းကဆိုသည်။ ‘‘စိတ်ဝေဒနာသည် လို့ပြောတယ်။ အရင်တုန်းကရွာက လူတွေမသိဘူး။ ရန်ကုန်ကနေ ဆေးကုပြီး ပြန်လာတာလည်း တစ်ရက်၊နှစ်ရက်ပဲရှိသေးတယ် ပြောတယ်။ သူတို့နေတဲ့  နေအိမ်မှာပဲဖြစ်သွား တာပါ’’ဟု ကျွဲ ခြံကျေးရွာသား တစ် ဦးက ပြောသည်။

No comments:

Post a Comment