Sunday, July 14, 2019

ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အရပ်သားကိုယ်စားလှယ်များ ကြိုးပမ်းနေဟု ဦးကိုကိုကြီးပြော

ဆိုင်းငံ့ကာလအတွင်း  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း စဉ် (JMC) များ ဆက်လက်အ ကောင်အထည်ဖော်နိုင်ရေး အ ရပ်သားကိုယ်စားလှယ်များ ကြိုး စားလုပ်ဆောင်နေကြောင်း ပြည် ထောင်စုအဆင့် JMC-U ဒုတိယ ဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးကပြော ကြားသည်။   ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက် က ဘားအံမြို့တွင် ပြုလုပ်သည့် ကရင်ပြည်နယ်ရှိ အရပ်ဘက်လူမှု  အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း စဉ်များ မိတ်ဆက်ရှင်းလင်းခြင်းအ ခမ်းအနား၌ အရပ်သားကိုယ်စား လှယ်လည်းဖြစ်သည့် ဦးကိုကို ကြီးက ယင်းသို့ထည့်သွင်း ပြော ကြားကြောင်း JMC က သတင်း ထုတ်ပြန်သည်။



‘‘ဆိုင်းငံ့ကာလအတွင်း JMC လုပ်ငန်းစဉ်များ ဆက်လက် အကောင် အထည်ဖော်နိုင်ရေးအ တွက် မိမိတို့အရပ်သားကိုယ်စား လှယ်များ ယခုကဲ့သို့ဆွေးနွေးပွဲ များ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့အား ယုံယုံ ကြည်ကြည်ဖြင့် ဆွေးနွေးအကြံပြု နိုင်ပါကြောင်း’’ ဦးကိုကိုကြီး၏ နှုတ်ခွန်းဆက်စကား ပြောကြား ချက်ကို JMC က ဖော်ပြသည်။

လတ်တလောတွင် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် များအကြား မတူညီသည့် အမြင် များရှိနေသော်လည်း တူညီသည် များ စုစည်း၍ ကျန်သည့်အရာ များ ဆက်လက်ညှိနှိုင်းရမည်ဖြစ် ကြောင်း ကရင်ပြည်နယ်အဆင့် JMC  ဒုတိယဥက္ကဋ္ဌ (၁) ကရင် လက်နက်ကိုင်အဖွဲ့ (KNU) မှ ဗိုလ်မှူးကြီးစောဖောဒိုက အဆိုပါ အခမ်းအနား၌ ပြောသည်။ မိ သားစုပြဿနာ အသေးအဖွဲပင် ဖြေရှင်းရခက်ခဲတတ်သည်ဖြစ်ရာ တစ်နိုင်ငံလုံးပြဿနာများ ဖြေ ရှင်းရန် အချိန်ယူရမည်ဟုလည်း ၎င်းကပြောကြားသည်။

နှစ်ရက်ကြာပြုလုပ်သည့် အ ဆိုပါ အခမ်းအနားတွင် JMC အ ရေးသာမက ပြည်နယ်တွင်း မြေ ယာဆိုင်ရာပြဿနာများကြောင့် ဒေသခံများ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် JMC အစည်း အဝေးများ ရပ်ဆိုင်းနေသည့်အ ပေါ် စိုးရိမ်ချက်များကို အရပ် ဘက်အဖွဲ့အစည်းများက တင်ပြ ခဲ့ကြောင်း ဆွေးနွေးပွဲတက် ရောက်သူများက ပြောသည်။

အရပ်ဘက် လူမှုအဖွဲ့အ စည်းများအား JMC ဆိုင်ရာ မိတ် ဆက်ရှင်းလင်းခြင်းကို ရှမ်းပြည် နယ်တွင် ပထမအကြိမ်ပြုလုပ်ပြီး ယခုဘားအံတွင် ပြုလုပ်ခြင်း သည် ဒုတိယအကြိမ်ဖြစ်ကြောင်း JMC က ဖော်ပြသည်။ တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြား တိုက်ပွဲများ၊ ပဋိပက္ခများ မ ဖြစ်ပွားရေး၊ ပြဿနာဖြစ်ပေါ်လာ ပါက ပြေလည်မှုရရှိရန် ဆောင် ရွက်ရေး၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် နှင့် ဒေသအဆင့် JMC  များကို နှစ်ဖက်ကိုယ်စားလှယ်များ၊ အ ရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင်  ရှမ်းလက်နက် ကိုင်အဖွဲ့ (RCSS) နှင့် ကရင်လက်နက်ကိုင်အဖွဲ့ (KNU) တို့ က JMC တွင်ပါဝင်မှု ယာယီရပ်ဆိုင်းထား၍ JMCက တရားဝင် အစည်းအဝေးများ ကျင်းပမှုကို ခေတ္တဆိုင်းငံ့ထား သည်။

No comments:

Post a Comment