
Pages
Friday, May 31, 2019
အနိုင်ကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ အိန္ဒိယ ဆရာဝန်မလေး

ဆိပ်ကမ်းမဲဆန္ဒနယ် ရွေးကောက်ပွဲ အငြင်းပွားမှု NLD အနိုင်ရရှိ
ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် ရဲ့ မဲရလဒ်အပေါ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးသန်းထိုက်အောင် က ကန့်ကွက်ထားတဲ့အမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အပြီးသတ်အမိန့်ချရာမှာ NLD ပါတီကို အနိုင်ပေးလိုက်ပါတယ်။ ဦးနေမျိုးအောင် ဟာ ၂၀၁၈ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက် ပွဲကာလအတွင်း မဲဆွယ်လှုပ်ရှားရာမှာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တာပါ။
ပုဒ်မ ၁၇(၁) နဲ့ တရားစွဲခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရုံးထုတ်

ရန်ကုန်တိုင်းအတွင်းမှာ TTC ကျောင်းကလွဲလို့ ကျောင်းအားလုံး ပုံမှန်ကျောင်းတက်ချိန်အတိုင်းသာ ကျောင်းတက်ရမယ်
ဒီနှစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ( TTC) ကျောင်းကလွဲလို့ ကျန်တဲ့ကျောင်းအားလုံးဟာ ယခင် ကျောင်းတက်ချိန်အတိုင်းပဲ အပြောင်းအလဲမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ရုံးဒုတိယ ညွန်ကြားရေးမှူးချုပ်ဒေါ်ခင်မာဆွေက ပြောပါတယ်။ Grade 6 နဲ့ Grade 3 မှာ သင်ရိုးအသစ်တွေပြောင်းလဲထားတဲ့အတွက် စာသင်ကြားချိန် တိုးမြှင့် သွားဖွယ် ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း မူလစာသင်ကြားချိန်ထက် ထပ်တိုးသွားဖို့မရှိဘူးလို့ သိရပါတယ်။
အရှုံးပေါ်နေတဲ့ အစိုးရလုပ်ငန်းတွေ ဖြည့်စွက်ဘဏ္ဍာငွေ အများဆုံးထပ်တောင်း
လုပ်ငန်း ၁၀ခုက စုစုပေါင်း ကျပ် ၈၃၃.၃၈၇ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်၊ ၁ ဒေါ်လာ= ၁၅၀၀ ကျပ်) အထိအရှုံးနှစ်စဉ် အရှုံး ပေါ်နေ ပါတယ်။ေ တာင်းခံတဲ့ပမာဏက၂၀၁၈-၁၉ခုနှစ်ဖြည့်စွက်ဘဏ္ဍာငွေ ပမာဏတစ်ခုလုံး ကျပ်ငွေ ဘီလီယံ ၂၆၃၅ ရဲ့ တစ်ဝက်ကျော် ၁၄၃၂.၃၈၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်)အထိ ရှိတာကို ၂၀၁၈-၁၉ခုနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာ ပါရှိပါတယ်။
ထိုင်းနိုင်ငံသို့တရားမဝင် ၀င်ရောက်သူများတွင် အသက်မပြည့်သည့် ကလေးငယ်များ ပါဝင်နေ

မြန်မာမြေရှားသတ္တုကို တရုတ် အဝင်မခံတော့တာ ဘာ့ကြောင့်လဲ
မြေရှားသတ္တု Rare Earth ကို ပမာဏ အများဆုံး ထုတ်ခဲ့တဲ့ နိုင်ငံတွေထဲ မြန်မာဟာ တရုတ်၊ အမေရိကန်နဲ့ ဩစတြေးလျတို့နောက် စတုတ္တမြောက် ရှိနေတယ်လို့ အမေရိကန် အစိုးရရဲ့ ဘူမိလေ့လာရေး အသင်း USGS က ဆိုပါတယ်။ ၂ဝ၁၈ ထဲမှာဆိုရင် မြန်မာနိုင်ငံဟာ မြေရှားသတ္တု တန် ငါးထောင် ထုတ်ခဲ့တယ်လို့ USGS ရဲ့ စရင်းယားတွေက ဖော်ပြ နေပါတယ်။ ဒါပေမယ့် မြန်မာဟာ မြေရှားသတ္တု စတုတ္တမြောက် အများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ မရှိပါဘူး။
စစ်ပွဲဒေသပဋိပက္ခ အရပ်သားထိခိုက်မှု အစီရင်ခံစာ ANP ထုတ်ပြန်
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲကာလအတွင်း အရပ်သားတွေထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP က လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင်ကို ဒီနေ့ထုတ်ပြန် လိုက်ပါတယ်။ စစ်တွေမြို့မှာ ဒီနေ့ကနေစတင်ကျင်းပနေတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုတိယအကြိမ်ညီလာခံကနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မက္ကစီကိုတွင် ယာဉ်တိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံး

ဟန်ဂေရီ အပျော်စီးသင်္ဘော တိမ်းမှောက် ၇ ထက်မနည်းသေဆုံး

ဖယ်ဒရယ်ရေးရာဆွေးနွေးပွဲ ရန်ကုန် အမေရိကန်စင်တာ ကျင်းပ

မြန်မာပွန်ပီပက်ကုမ္ပဏီ လုပ်ပိုင်ခွင့်သက်တမ်းတိုးမပေးဖို့ ဒေသခံတွေ တောင်းဆို

လွတ်မြောက်တပ်မတော်သား ၇ဦး လူသတ်လိုတဲ့ဆန္ဒမရှိလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက မွတ်ဆလင် ၁၀ ဦးကို သတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ၇ ဦးဟာ လူသတ်လိုတဲ့ဆန္ဒမရှိဘဲ ဒေသခံတွေက လက်စားချေဖို့ တောင်းဆိုခဲ့ မှုကြောင့် လုပ်ထုံးလုပ်နည်းလွဲမှားစွာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။ အင်းဒင်ကျေးရွာ လူသတ်မှုမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သား ၇ဦး လွတ်မြောက်သွားတာဟာ ဥပဒေနဲ့အညီသာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က တုံ့ပြန်ပြောလိုက်ပါတယ်။
ကလောမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နှစ်ဦးသေဆုံးလေးဦးဒဏ်ရာရ

နမ့်တွန်းကျေးရွာ (၁၆)မိုင်အဆင်း ယာဉ်တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး

Subscribe to:
Posts (Atom)