အပူဒဏ်ကြောင့် လူ့ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်းကို ပါရာစီတမော ကိုယ်အပူကျဆေးတိုက်ခြင်းသည် လွဲမှားသည့်အယူအဆတစ်ရပ်ဖြစ်၍ရှောင်ကြဉ်သင့်ကြောင်း အထွေထွေသမားတော် ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောသည်။ အပူချိန်မြင့်မားခြင်းကြောင့် ချွေးထွက်လွန်၍ ကိုယ်အပူချိန် မြင့်မားခြင်းအား အကိုက်အခဲပျောက်ဆေး တိုက်ကျွေးမှုများရှိသည့်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။
Pages
Monday, May 13, 2019
အပူပိုင်း ဆိုင်ကလုန်း ဖန်နီ ကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ၆၄ ဦးအထိ မြင့်တက်လာ
အပူပိုင်းဆုင်ကလုန်း ဖန်နီကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ဦးရေသည် ၆၄ ဦးအထိရောက်ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၄၁ ဦး ရှိကြောင်း အိန္ဒိယနိုင်ငံ Odisha ပြည်နယ် အစိုးရက မေ ၁၂ ရက် တွင် အတည်ပြုခဲ့သည်။ Odisha ပြည်နယ် Puri ဒေသသည် မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံရသည့်နေရာဖြစ်ပြီး လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း ၊ ဒုတိယအနေဖြင့် Cuttackဒေသဖြစ်ပြီး လူ ၉ ဦး သေဆုံးခဲ့ကြောင်း ၊ ယခုအခါ ၄င်းဒေသနှစ်ခုတွင် သေဆုံးသ ၁၈ ဦးနှင့် ၄ ဦး အသီးသီး ထပ်တိုးလာကြောင်း ယင်းပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက အတည်ပြုခဲ့သည်။
၃ ရက်တည်းနဲ့ဒေါ်လာ ၁၄ သန်း ဝင်တဲ့ Tencent ထုတ် ဂိမ်းသစ်
PUBG Mobile ဂိမ်းကို တရုတ်မှာ ပိတ်ပင်ခံရပြီးနောက် Tencent Holdings ဟာ Game for Peace နာမည်နဲ့ဂိမ်းသစ်ကို မိတ်ဆက်ခဲ့ပြီး စံချိန်တင် ဝင်ငွေ ရရှိနေပါတယ်။ Tencent ဟာ တရုတ်ကနေ ထွက်ခွာသွားတဲ့ PUBG Mobile အစား game play ပုံစံချင်းတူတဲ့ Game For Peace ကို ဖြန့် ချိခဲ့ပါတယ်။ တရုတ်မှာ နေ့ စဉ်ကစားသူ သန်း ၇၀ ဝန်းကျင်ရှိခဲ့တဲ့ PUBG Mobile ကို Tencent နဲ့ PUBG Corp တို့ မှ ပူးတွဲပိုင်ဆိုင်ထားတာပါ။ PUBG Mobile တရုတ်က ထွက်ခဲ့ရပြီးနောက် Tencent ဟာ အရင် PUBG Mobile ပလေယာတွေရဲ့ အားနဲ့ Game For Peace ကို မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပေကျင်းလေဆိပ်သစ်တည်ဆောက်မှု အလုံးစုံပြီးစီး ၊ ပထမဆုံးခရီးသည်တင် လေယာဉ်စမ်းသပ်ပျံသန်း
ဒုတိယဝန်ကြီးဦးကျော်လင်း ထုံခါ-သဲဖြူ-မောတောင်လမ်း(နှစ်လမ်းသွား)ကတ္တရာလမ်းသစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေးခဲ့

ဦးအေးသာအောင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခြင်း ရှိ မရှိမှာ ကာယကံရှင်အပေါ်သာ မူတည်ပြီး ပါတီအနေဖြင့် ၎င်းအနေအထားကို စောင့်ကြည့်နေဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပြောကြား
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီခေါင်းဆောင်ဟောင်း (လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဦးအေးသာအောင် ပြန်လည်ဝင်ရောက်နိုင်ခြေ ရှိ၊ မရှိမှာ ကာယကံရှင်အပေါ်တွင်သာ မူတည်ပြီး ပါတီအနေဖြင့် ၎င်းအနေအထားကို စောင့်ကြည့်လျက်ရှိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက ဘင်္ဂါလီပြသနာ ပြေလည်သွားမည်ဟု တရုတ်သံအမတ်ကြီးပြော
ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဘင်္ဂါလီ(မူရင်း-ရိုဟင်ဂျာ)ဒုက္ခသည်ပြသနာကို ဖြေရှင်းလို့ ရသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့က ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ တရုတ်သံအမတ်ကြီး ကျန်းကျို့ရဲ့ အဲဒီလို ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်နေကြပါတယ်။
ထောင်ထဲတွင် ဝှိုက်ဘုတ်နှင့်လက်ကိုင်ဖုန်းများကိုင်ဆောင်ခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ကျော်ဇောသတင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော
အကျဉ်းထောင်ထဲတွင် ဝှိုက်ဘုတ်နှင့်လက်ကိုင်ဖုန်းများကိုင်ဆောင်ခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ကျော်ဇောသတင်းဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နီနီမေမြင့်ကပြောသည်။ "အကျဉ်းဦးစီးဌာနရဲ့ လက်ရှိသုံးစွဲနေသော အကျဉ်းထောင်ဥပဒေ၊အကျဉ်းထောင်လက်စွဲများအရ အကျဉ်းသား၊အချုပ်သားတွေ သွင်းဖို့ခက်ခဲတဲ့ ထောင်ဝင်စာမှတစ်ဆင့် သွင်းရန်ကန့်သက်ထားတဲ့ လက်ကိုင်ဖုန်း၊ ဘော့စ်ပင်၊ ဆော့စ်ပင်၊ ဝှိုက်ဘုတ်၊ မိုက်ကရိုဖုန်းတို့ကိုကိုင်ဆောင်သုံးစွဲနေတာဟာမြန်မာနိုင်ငံတစ်နိုင်ငံလုံးသာမက ကမ္ဘာ့မီဒီယာအထိပြန့်နှံ့သွားခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရကြည့်မယ်ဆိုရင် ဒါဟာကျော်ဇောသတင်းပဲဖြစ်ပါတယ်" ဟု ဒေါ်နီနီမေမြင့်ကပြောသည်။
ဗာတီကန်မြို့တော်မှာ ရဟန်းခံပွဲပြုလုပ်ပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး

လေတစ်ခြမ်းဖြန်းသွားလို့ ဆေးကုသမှု ခံယူနေရတဲ့ လူရွှင်တော် ဦးပေါ်လေး

ကုလအရာရှိ ရခိုင်စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံခွင့်မရ

သရုပ်ဆောင် နွယ်နီကို ငွေ(၆)သိန်းနဲ့ လိုအပ်တာတွေ ကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ

ရွှေလုပ်ကွက်အတွင်း မြေစာပုံပြိုကျမှု သတင်းအတွက် ကုမ္ပဏီ ဖြေရှင်း
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာ၊ ထီးတင်တောင် လုပ်ကွက်ဧရိယာအတွင်းရှိ သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီ၏ ရွှေတူးဖော်ရေးလုပ်ကွက်၌ မေလ ၇ ရက်၊နံနက် ၂ နာရီက မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့မှုအတွက် ထွက်ပေါ်နေသော ကောလာဟလ သတင်းများအပေါ် ပျက်ဆီး ဆုံးရှုံးမှုနှင့် ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီကြီးကြပ်ရေးမှူး ဦးမျိုးမင်းထွန်းကပြောသည်။
ASEAN-Russia Video Contest 2019 သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့အခြေစိုက် အာဆီယံ-မော်စကိုကော်မတီနှင့် Moscow Institute of International Relations (MGIMO) တက္ကသိုလ်ရှိ အာဆီယံစင်တာတို့ ပူးပေါင်း၍ ASEAN-Russia Video Contest 2019 ကို ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သို့ အသက် (၃၅)နှစ်အောက် တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ရုရှားနိုင်ငံတွင် အာဆီယံ-ရုရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုပုံရိပ်များ (သို့မဟုတ်) အာဆီယံနိုင်ငံများတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံရိပ်များပါဝင်ရမည်ဖြစ်ပြီး ပြသချိန် (၃)မိနစ် ဖြစ်ပါသည်။ ဗီဒီယိုများကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်း၍ ရုရှားဘာသာစာတမ်းထိုးခြင်း၊ ရုရှားဘာသာဖြင့် ရှင်းလင်း၍ အင်္ဂလိပ်စာတမ်းထိုး၍ ဖော်ပြရပါမည်။
မြန်မာပြည် အပူချိန်မြင့်မားနေမှုကြောင့် နိုင်ငံခြားသား ဘောလုံးသမားနှစ်ယောက် ဆေးရုံရောက်
ရတနာပုံအသင်းနှင့် မေလ ၁၂ရက်နေ့က မန္တလေးမြို့တွင် ယှဉ်ပြိုင်ကစားပြီးနောက် ဟိုတယ်အရောက်တွင် ရာသီဥတုပူပြင်းမှုဒဏ်များကြောင့် စစ်ကိုင်းယူနိုက်တက် အသင်းမှ နိင်ငံခြားသားကစားသမားဖြစ်ကြသော တိုက်စစ်မှူးDONNAL BISSA နောက်ခံလူ,SOLAMONAE တို့နှစ်ဦးမှာ မူးဝေအော့အံခြင်း.,အားအင်ဆုတ်ယုတ်ခြင်းများ ဖြစ်ပေါ်ကာ ကြယ်စင်အထူးကုဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီးအသင်းမှ တာဝန်ရှိသူများနှင့် MNL မှ တာဝန်ရှိသူများက လာရောက်အားပေးခဲ့ကြပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကုလလက်ထောက်အထွေထွေအတွင်းရေးမှူး မွတ်စလင်ဒုက္ခသည်စခန်း သွားရောက်

ဒေါပုံမြို့နယ် သင်္ဘောကျင်းမှတ်တိုင်တွင် လူကူးခုံးကျော်တံတား စတင်တည်ဆောက်

မဘိမ်းမြို့နယ်ရှိ ၀ါးရုံတောတစ်ခုအတွင်းမှ ငွေကျပ်သိန်းရှစ်ထောင်နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မန်းရဲများ နေ့စဉ်အသွင်ယူဖမ်းဆီးခဲ့ရာ တစ်ပတ်အတွင်း အမှုပေါင်းတစ်ရာကျော်၊ တရားခံ နှစ်ရာကျော်ဖမ်းမိထား

ထိုင်းတပ်ဖွဲ့ဝင်များနှင့် မူးယစ်မှောင်ခိုအဖွဲ့တစ်ဖွဲ့ မြန်မာ-ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ ၄ဦးအသေမိ၊ မူးယစ်ဆေးများပါမိ

ဖားကန့်တွင် ကလေးငယ် ခိုးယူသူကို ရွာသားများ ဖမ်းဆီး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာ ရပ်ကွက် ၄ နေအိမ်အမှတ် ၉၈ ဦးမောင်မောင်ရှည်ရဲ့ ၄ နှစ်အရွယ်သမီး မသဇင်ခိုင် ကို အမည်မသိသူတဦးက ခိုးယူမှု ဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ အဘွားဖြစ်သူအိမ်မှ နေအိမ်ကို တယောက်ထဲပြန်လာစဉ် လမ်းခုလပ်မှာ အမည်မသိသူ တဦးက မသဇင်ခိုင် ကို ဆိုင်ကယ်ပေါ် တင်ဆောင်ခိုးယူခဲ့တာဖြစ်ပြီး အဘွားဖြစ်သူ ဒေါ်သိန်းနု လှမ်းမြင်ပြီး ရပ်ကွက်ကို အော်ဟစ်အကူအညီတောင်းရာမှ ကလေးခိုးသူကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ကလေးငယ် ခိုးယူသူမှာ ရေမဆေးကျောက်ရှာသူ ကျော်လွင်ဆိုသူဖြစ်ပြီး အထက်မှော်ရှန်မှာ နေထိုင်တယ်လို့ သိရပါတယ်။ ကလေးခိုးသူ ကျော်လွင်အား ရာဇသတ်ကြီး ပုဒ်မ ၃၆၃အရ အမှုဖွင့် အရေးယူထားတယ်လို့ ဖားကန့်ရဲစခန်းကနေ သိရပါတယ်။
အယ်လ်ဘေးနီးယားတွင် အစိုးရဆန့်ကျင် ဆန္ဒပြသူများက ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်
ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး နှစ်ပတ်လည်ပူဇော်ပွဲနှင့် တိပိဋကဓရ စာမေးပွဲအောင် အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

ဧပြီအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် မဂ္ဂါဝပ် ၄၀၀ အထိ တိုးလာဟုဆို
လေအေးပေးစက်အသုံး ပြုမှု ထူးထူးခြားခြား များလာခြင်း ကြောင့် ယခုနှစ်ဧပြီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် မဂ္ဂါဝပ် ၄၀၀ အထိ တိုးလာပြီး ၂၀၂၀ ပြည့်နှစ်တွင် ၆၈၈ မဂ္ဂါဝပ်အထိရှိလာ မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်း လျှပ်စစ်ဓာတ်အားဝန်အား လျှော့ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထု အဆင်မပြေ နစ်နာ မှုအနည်းဆုံးဖြစ်စေရန် ဆောင် ရွက်မည့် အစီအမံများနှင့်ပတ် သက်သည့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို မေလ ၁၁ ရက်က ပြုလုပ်ရာတွင် ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်အတွင်း လျှပ်စစ်ဓာတ်အားလိုသလောက် အရည်အသွေးရှိရှိ သုံးစွဲလာနိုင် ခြင်းကြောင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ သိသိသာသာ ပိုမိုသုံး စွဲလာကြောင်း ၎င်းက ပြောသည်။
အန္တရာယ်ရှိ ဇွဲကပင်တိုးချဲ့ရင်ပြင်ပြုပြင်ရန်ပညာရှင်များ ခေါ်ယူထားပြီး ဂေါပကနှင့် ညှိနှိုင်းမည်ဟု အစိုးရအဖွဲ့ဆို
ထိုင်းသို့ အလုပ်သွားလုပ်မည့် မြန်မာလုပ်သားများ ၀န်ဆောင်ခနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မည်ဟုဆို
ထိုင်းနိုင်ငံသို့ သွား ရောက်လုပ်ကိုင်သည့် အလုပ်သ မားများပေးဆောင်နေရသည့် ၀န် ဆောင်ခလျော့နည်းသက်သာစေ ရန် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူ များက သုံးသပ်မည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည်ဆိုပါက မြန်မာဘက်ရှိအေဂျင်စီကို ၀န်ဆောင်ခ ကျပ်တစ်သိန်းခွဲနှင့် ထိုင်းနိုင်ငံဘက်ခြမ်းအတွက် ဘတ် ၃,၆၀၀ သာပေးရမည်ဖြစ်သော်လည်း အမှန်တကယ် ကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း အ လုပ်သမားများက ဆိုသည်။
တိုက်ပွဲကျန် ကျည်နှင့်မိုင်းကြောင့် ရခိုင်ဒေသခံများ သေဆုံးမှုများလာ၍ မိုင်းအန္တရာယ်ပညာပေးဆောင်ရွက်ရန်တိုက်တွန်း
ရခိုင်ပြည်နယ်တွင် တိုက်ပွဲကျန်ကျည်နှင့် မိုင်းပေါက် ကွဲမှုများကြောင့် ကလေးငယ်များ အပါအ၀င် လူသေဆုံးမှုများပြား လာ၍ ဒေသခံများကို မိုင်းအန္တ ရာယ်ဆိုင်ရာပညာပေးမှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် လိုအပ် နေကြောင်း ကူညီရေးအဖွဲ့နှင့်နိုင် ငံရေးပါတီ တာဝန်ရှိသူများကပြောကြားသည်။ တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့(AA) တိုက်ပွဲဖြစ် စဉ်များအတွင်း အရပ်သားသေ ဆုံးဒဏ်ရာရမှုများရှိခဲ့သည့်အ ပြင် တိုက်ပွဲအပြီးကျန်နေသည့် မပေါက်ကွဲသေးသောလက်နက် ကြီးကျည်များနှင့် မိုင်းများကြောင့် အရပ်သား သေဆုံးဒဏ်ရာရခြင်း များ မကြာခဏဖြစ်ပေါ်နေသည်။
တရုတ်လုပ်ငန်းရှင်က တစ်သျှူးငှက်ပျောစိုက်ပျိုးခ မပေးဘဲ နှင်ထုတ်သည်ဆိုကာ အလုပ်သမားများတိုင်ကြား
အခကြေးငွေသတ်မှတ် ၍ စိုက်ပျိုးသော တစ်သျှူးငှက် ပျောစိုက်ပျိုးခကို တရုတ်လုပ်ငန်း ရှင်က မပေးဘဲ နှင်ထုတ်သည်ဆို ကာ ကြားဝင်ဖြေရှင်းပေးရန် အ လုပ်သမားသုံးဦးက ဌာနဆိုင်ရာ တာဝန်ရှိသူများထံ မေလ ၈ ရက် တွင် တိုင်ကြားခဲ့သည်။ ၀ိုင်းမော်မြို့နယ် တာလော ကြီးရွာတွင် တစ်သျှူးငှက်ပျော ပင် ရှစ်ထောင်စိုက်ပျိုးပေးရန် ဟော့ရှမ်းကုမ္ပဏီနှင့် စာချုပ်ချုပ် ကာ ၂၀၁၈ ဇူလိုင်တွင် စတင်စိုက်ပျိုးခဲ့သည်ဟု တိုင်ကြားသည့် အ လုပ်သမားများက ပြောသည်။ စိုက်ပျိုးချိန်ကစ၍ အသီးသီးပြီး တရုတ်နိုင်ငံသို့ပို့မည့်ကားပေါ် တင်ပေးသည့်အဆင့်ထိ လုပ်ပေးရန် စာချုပ်ချုပ်သော်လည်း ယခုကာလငှက်ပျောထွက်ချိန်တွင် အသီးများပုံမှန်ထက်ကြီးပြီး ပျက်စီးနေသည်ဟု အ ကြောင်းပြကာ မောင်းထုတ်ခံရသည်ဟု အလုပ်သမားခေါင်း ဆောင် ဦးအေးမင်းထွန်းက ပြော သည်။
အကျဉ်းထောင်ဆူပူမှုနှင့် ပြည်သူ့အသံ
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကို အကြောင်းပြုပြီး ယခုရက်ပိုင်းအတွင်း အကျဉ်းထောင်ခုနစ်ခုတွင် ဆူပူမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ အကျဉ်းထောင်ဆူပူမှုများနှင့် ပတ်သက်ပြီး နောက်ကွယ်တွင် သွေးထိုးလှုံ့ဆော်မှုများရှိနေသည်ဟု သမ္မတရုံးက သုံးသပ်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမည်ဟု သတင်းထုတ်ပြန်ထားသည်။ ထိုကဲ့သို့ ဆူပူဆန္ဒပြမှုများသည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် သက်ဆိုင်ရာက ကိုင်တွယ်ဖြေရှင်းသင့်ပုံများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။
ချင်းနှင့်ရှမ်းပြည်နယ်၌ အပူချိန်စံချိန်သစ်တင်၊ ၁၂ မြို့တွင် ပုံမှန်ပူနေဆဲဖြစ်
ချင်းနှင့်ရှမ်းပြည်နယ်၌ အပူချိန်စံချိန်သစ်ထပ်တင်ပြီး ၁၂ မြို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီ ဂရိတ်အထက် ရှိနေသည်ဟု မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် သည်။ နေ့အပူချိန်များ ပုံမှန်ထက်ပူ နေ၍ ပူပြင်းမှုဒဏ်ကို ရင်ဆိုင်နေ ရစဉ် မေလ ၁၁ ရက်က ချင်းပြည် နယ် ဖလမ်းမြို့တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည် နယ် ဟဲဟိုးမြို့တွင် ၃၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခြင်းဖြစ်သည်။
ဈေးနှုန်း အဆမတန်မြှင့်တင်မှုဖြင့် ဆေးဝါးကုမ္ပဏီများကို အမေရိကန်အစိုးရ တရားစွဲဆို
လူသုံးများသော ဆေးဝါးများ၏ ဈေးနှုန်းများ ဖောင်းပွအောင် ပူးပေါင်းကြံစည်ခဲ့သည်ဟု အမေရိကန်အစိုးရက ပြည်နယ် ၄၀ ကျော်ရှိ ဆေးဝါးကုမ္ပဏီများကို စွပ်စွဲပြီး တရားစွဲဆိုထား သည်။ ကင်ဆာနှင့် ဆီးချိုကုသ သော ဆေးဝါးများ အပါအဝင် ဆေးဝါး ၁၀၀ ကျော်၏ ဈေးနှုန်း များကို တိုးမြှင့်သတ်မှတ်ရာတွင် ကုမ္ပဏီ ၂၀ အထိ ပါဝင်သည်ဟု အမှုတွဲ၌ စွပ်စွဲထားသည်။ စွပ်စွဲခံရသော ကုမ္ပဏီတွင် ကမ္ဘာ့အကြီးဆုံး ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်သည့် Teva Pharma-ceuticals လည်း ပါဝင်သည်။ Teva ကမူ ယင်းစွပ်စွဲမှုများ ကို ငြင်းဆိုပြီး မိမိတို့ လုပ်ရပ်များ အတွက် ပြန်လည်ချေပမည်ဟု ပြောသည်။
ဘိုင်ယန်သရေကျသွား၍ နောက်ဆုံးပွဲမတိုင်မီ ချန်ပီယံဆုဆွတ်ခူးနိုင်မည့် အခွင့်အရေးလွဲချော်
ဘိုင်ယန်မြူးနစ်သည် လိုက်ပ်ဇစ်နှင့် ဂိုးမရှိသရေကျ သောကြောင့် ဘွန်ဒက်စ်လီဂါအ မှတ်ပေးဆုဖလားကို ရာသီပိတ်ပွဲ မတိုင်မီ ဆွတ်ခူးနိုင်မည့်အခွင့်အ ရေးနှင့် လွဲချော်ခဲ့သည်။ အနီးကပ်ဆုံးပြိုင်ဘက်ဒေါ့ မွန်က ဒစ်ဆယ်ဒေါ့ဖ်ကို ၃-၂ ဂိုး ဖြင့်အနိုင်ရသောကြောင့် ဘိုင် ယန်ကို နှစ်မှတ်အကွာ ၇၃ မှတ် ဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ချန်ပီယံ အဆုံးအဖြတ်အတွက် နောက်ဆုံးပွဲစဉ်အထိ စောင့် ကြည့်ရမည်ဖြစ်သည်။
ရေခဲတောင်တက်စဉ် မတော်တဆမှုကြုံတွေ့ပါက ကူညီရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့မည်
လက်ဝှေ့ကျော်ပက်ကွီအိုနှင့် ကိသ်သာမန် WBA ခါးပတ်လုပွဲ ထိုးသတ်မည်
အစ္စရေးက ဂါဇာနယ်စပ်ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်
ယခုလအစောပိုင်းက ပိတ် ခဲ့သော ဂါဇာကမ်းမြောင်ဒေသ နယ်စပ်ဝင်ပေါက်များကို ပြန် လည်ဖွင့်လှစ်ကြောင်း အစ္စရေး အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ လူများအတွက် Erez နယ် စပ်ဝင်ပေါက်နှင့် ကုန်ပစ္စည်းများ အတွက် Kerem Shalom နယ် စပ်ဝင်ပေါက်နှစ်ခုစလုံးကို ဖွင့် လှစ်ခဲ့ကြောင်း နယ်စပ်ဝင်ပေါက် များကို ကြီးကြပ်နေသော အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်စောင်တွင် ပြောသည်။
ပြည်မြို့ ဆယ်ထပ်ကြီးဘုရား တည်ထားကိုးကွယ်ခြင်း ရာပြည့်ပွဲတော်ကျင်းပ
ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃)ကိုယနေ့ စတင်တည်ဆောက်ပြီဖြစ်ပြီးသန်လျင်တံတားချဉ်းကပ်လမ်းဟောင်း(သာကေတဘက်ခြမ်း)ကိုပိတ်ထားမည်
ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃)ကိုယနေ့စတင်တည်ဆောက်ပြီဖြစ်ပြီးသန်လျင်တံတားချဉ်းကပ်လမ်း (သာကေတဘက်ခြမ်း) မူလကတ္တရာလမ်းဟောင်းကိုပိတ်ထားမှာဖြစ်ကာမော်တော်ယာဉ်များအနေနဲ့ လမ်းလေးဝဲယာနှစ်ဖက်မှ အသစ်တိုးချဲ့တည်ဆောက်ထားတဲ့ ကတ္တရာလမ်းသစ်များအတိုင်းမောင်းနှင်အသုံးပြုကြရမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်စည်ပင်လက်အောက်ရှိ ဈေး ၂၀ ကျော်ကို တိုင်းအစိုးရ အဆင့်မြှင့်လိုဟုဆို
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီလက် အောက်ရှိ ဈေး ၂၇ ခုကို အဆင့် မြှင့်တင်လိုကြောင်း ရန်ကုန်တိုင်း အစိုးရက မေလ ၁၀ ရက်နှင့် ၁၁ ရက်တွင်ကျင်းပသည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ ထုတ်ပြန် ကြေညာသည်။ အဆိုပါ ဈေးများအနက် တိုင်းဒေသကြီးအစိုးရစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာထားသည့် ဈေးခုနစ်ခုရှိပြီး ယင်းတွင် ဗိုလ်ချုပ်ဈေးလည်း ပါဝင်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။
‘‘ဘာလို့ဆုံးဖြတ်ချက်ချလဲဆိုတော့ အဓိက ဘီး(နောက်ဘီး)ကျလို့ ဆင်းတာပါ။ မကျရင် ကျွန်တော်တို့ဧရာဝတီမြစ်ထဲမှာ သွားဆင်းရလိမ့်မယ်’’ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့်တွေ့ဆုံခြင်း
မြန်မာအမျိုးသား လေကြောင်း လိုင်းပိုင် လေယာဉ်အမှတ် XY- AGQ, Embraer 190 AR သည် မေလ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်၌ မန္တလေးလေဆိပ်သို့ ဆင်း သက်ရန် ကြိုးစားစဉ် လေယာဉ် ရှေ့ဘီးချမရသည့် အရေးပေါ်အ ခြေအနေကို ကြုံတွေ့ခဲ့ရသည်။ အဆိုပါလေယာဉ်ကို ဦးဆောင်ပျံ သန်းလာသူမှာ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ဖြစ်သည်။ လေ ယာဉ်ပေါ်တွင် ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အမှုထမ်းခုနစ်ဦး စုစုပေါင်း ၈၉ ဦး လိုက်ပါခဲ့သည်။ လေယာဉ်ရှေ့ဘီးချမရသဖြင့် လေယာဉ်ဆီကုန်ရန် ၄၂ မိနစ်ကြာ ကောင်းကင်တွင်ပတ်၍ ပျံသန်းခဲ့သည်။
ဂျီနိုအာကို အနိုင်ယူပြီးနောက် အတ္တလန်တာအသင်း ချန်ပီယံလိဂ်ဝင်ခွင့် နီးစပ်လာ
သြစတြေးလျဝန်ကြီးချုပ် စကော့တ်မောရစ်ဆင် မဲဆွယ်စည်းရုံးရေးခရီးစဉ်စတင်
အစ္စရေးက ဂါဇာနယ်စပ်ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်
ယခုလအစောပိုင်းက ပိတ် ခဲ့သော ဂါဇာကမ်းမြောင်ဒေသ နယ်စပ်ဝင်ပေါက်များကို ပြန် လည်ဖွင့်လှစ်ကြောင်း အစ္စရေး အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ လူများအတွက် Erez နယ် စပ်ဝင်ပေါက်နှင့် ကုန်ပစ္စည်းများ အတွက် Kerem Shalom နယ် စပ်ဝင်ပေါက်နှစ်ခုစလုံးကို ဖွင့် လှစ်ခဲ့ကြောင်း နယ်စပ်ဝင်ပေါက် များကို ကြီးကြပ်နေသော အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်စောင်တွင် ပြောသည်။
မူဆယ်တွင် ပိတ်မိနေသော ဆန်တန်ချိန်ခြောက်သောင်းကို တရုတ်နိုင်ငံသို့ အမြန်ဆုံးတင်ပို့နိုင်ရေး ဆောင်ရွက်နေ
မူဆယ်တွင် ပိတ်မိနေ သော ဆန်တန်ချိန်ခြောက်သောင်း ခန့်ကို အမြန်ဆုံးရောင်းချနိုင်ရေး ယူနန်ပြည်နယ်အစိုးရတာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တို့ မေလတတိယပတ်၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေ သည်။ တရုတ်ဘက်က မ၀ယ်သ ဖြင့် နယ်စပ်တွင်ပိတ်မိနေသော ဆန်များကို တရုတ်နိုင်ငံသို့တရား ၀င်အခွန်ပေးဆောင်ပြီး ကုန်စည် ဖလှယ်သည့်စနစ်ဖြင့် အမြန်ဆုံး ရောင်းချနိုင်ရေး ဆွေးနွေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးကပြောသည်။
သန်လျင်တွင် Aeonနှင့်Orange တို့ ပူးပေါင်းသောပထမဆုံး ဈေးဝယ်စင်တာဖွင့်
ဂျပန်လက်လီအရောင်း လုပ်ငန်းတစ်ခုဖြစ်သည့် Aeonကုမ္ပဏီက သန်လျင်မြို့ ကျိုက် ခေါက်ဘုရားအနီးတွင် ပထမဆုံး ဈေးဝယ်စင်တာကို မေလ ၁၀ ရက်၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ အဆိုပါ ဈေးဝယ်စင်တာကို 'Aeon Orange Thanlyin Sakura' ဟုခေါ်ပြီး အဝတ်အစား၊ အစားအသောက်နှင့် အိမ်ထောင် ပရိဘောဂပစ္စည်းများ ရောင်းချမည်ဟု Aeon (ရန်ကုန်)ဥက္ကဋ္ဌနှင့် အမှုဆောင်ရာအရှိချုပ် Michio Kumagai က ပြောသည်။
နယ်သာလန်တင်းနစ်မယ် ကီကီဘာတန် မက်ဒရစ်အိုးပင်း ဗိုလ်စွဲပြီး ကမ္ဘာ့အဆင့်(၄)ဖြစ်လာ
ဂျူဗင်တပ်မှ ထွက်ခွာမည်ဆိုသော ကောလာဟလများကို အယ်လီဂရီ ငြင်းဆို
ပြည်ပသို့ စပါးတင်ပို့ခွင့်ပေးနိုင်ကြောင်း စီးပွားကူးသန်းပြော
အချိန်ကာလနှင့် အရေ အတွက်ထိန်းပြီး ပြည်ပသို့ တရားဝင်စပါး တင်ပို့ခွင့်ပြုပေးနိုင် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက် ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ပြောသည်။ြ ပည်တွင်း၌ ယခင်နှစ်ဆန် လက်ကျန် တန်ချိန်တစ်သန်း ကျော်အပိုရှိပြီး နွေစပါး အသစ်ပေါ်ချိန်တွင် စပါးဈေး ကျဆင်း နေသည်။ ပြည်တွင်းစပါးဈေးနှုန်း ကျဆင်းမှုသည် ဝယ်လိုအားနည်း ခြင်းကြောင့်ဖြစ်ပြီး ပြည်ပနိုင်ငံ များမှ ဝယ်ယူရန် ကမ်းလှမ်းပါက ဆွေးနွေးသုံးသပ်ပြီး ခွင့်ပြုနိုင်မည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြော ကြားသည်။
ကောင်းကင်ယံမှာ ၅၂ မိနစ်ကြာ
ဒူးရင်းသီးနံ့ကြောင့် လူရာချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ
ဒူးရင်းသီးနံ့ကိုဓာတ်ငွေ့ယိုစိမ့်သည် ထင်သော ကြောင့် ဩစတြေးလျနိုင်ငံ မြို့ တော် ကင်ဘာရာရှိ စာကြည့် တိုက်တစ်ခုမှ ရာနှင့်ချီသော လူ များကို ဘေးလွတ်ရာ ရွှေ့ပြောင်း ခဲ့ရသည်။ ယင်းမှာ ဩစတြေးလျတွင် တစ်နှစ်အတွင်း ဒုတိယအကြိမ် မြောက် အလားတူဖြစ်ပျက်ခြင်း ဖြစ်သည်။ စူးရှသော ဓာတ်ငွေ့နံ့ရပြီး နောက် မီးသတ်တပ်ဖွဲ့ဝင်များကို တက္ကသိုလ်စာကြည့်တိုက်သို့ ခေါ်ဆောင်ရကြောင်း ကင်ဘာရာမြို့ အရေးပေါ်ဝန်ဆောင်မှုဌာန အေဂျင်စီကပြောသည်။
ရခိုင်ရှိ တောင်သူများသို့ မိုးစပါးစိုက်စရိတ် ချေးငွေ ကျပ်ဘီလီယံ ၈၀ ကျော် ထုတ်ချေးမည်
၂၀၁၉ မိုးစပါးစိုက် ရာသီအတွက် ရခိုင်ရှိ တောင်သူ များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၈၄ ဘီလီယံကျော် ထုတ်ချေး မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြေပုံဘဏ်ခွဲ) မန်နေဂျာ ဦးမိုးဇော်ရွှေက ပြော သည်။ လာမည့် မိုးစပါးစိုက်ရာသီ အတွက် လယ်တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တောင်သူများအား ထုတ်ချေးနေပြီး မြို့နယ် အချို့တွင် တောင်သူများကို စတင် ထုတ်ချေးနေသည်။
မုံရွာတွင် အစားအသောက်၊ ဆေးဝါးများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားပါက ဓာတ်ခွဲခန်းယာဉ်ဖြင့် စစ်ဆေးမည်
မုံရွာမြို့တွင် အစားအ သောက်၊ ဆေးဝါးများနှင့် ပတ် သက်၍ သတင်းပေးတိုင်ကြားပါ က ဓာတ်ခွဲခန်းယာဉ်ဖြင့် စစ်ဆေး မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန တိုင်း ဦးစီးမှူး ဒေါက်တာထွန်းလင်း အောင်က ပြောသည်။ စစ်ကိုင်းတိုင်းအတွင်း မြို့ ပေါ်ဈေးကြီးများတွင် တစ်လနှစ် ကြိမ်နှင့် နယ်ဈေးများ၌ တစ်လ နှစ်ကြိမ် ဓာတ်ခွဲခန်းယာဉ်ဖြင့် ပုံမှန်စစ်ဆေးနေပြီး အစားအသောက်၊ ဆေးဝါးများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားပါက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနပိုင် ဓာတ်ခွဲခန်းယာဉ်ဖြင့် အမြန်ဆုံး စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ဆေးတွေ့ရှိချက်များကို သမ္မတထံ မခြွင်းမချန်တင်ပြမည်ဟု ရခိုင်ပြည်နယ် တည်ငြိမ်ထောက်ကူကော်မတီဆို
ရခိုင်ပြည်နယ်တွင်ဖြစ် ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ မခြွင်းမ ချန်ဘဲ အစီရင်ခံစာတင်ပြမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အ ထောက်အကူပြုကော်မတီ အ တွင်းရေးမှူး ဦးတင်မြင့်ကပြော သည်။ေ က်ာမတီတာဝန်ရှိသူများ သည် မေလ ၁၀ ရက်တွင် ရခိုင် ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိ ပြီး မီဒီယာများနှင့် ပြည်နယ်အစိုး ရအဖွဲ့ရုံးဧည့်ဂေဟာ၌ တွေ့ဆုံ စဉ်ဦးတင်မြင့်က ထိုသို့ပြောကြား ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေး စိတ်ရင်း အမှန်ဖြင့် လုပ်ကိုင်နေခြင်းဖြစ် ပြီးဖြစ်နေသည့် အခြေအနေအ မှန်ကို တင်ပြမည်ဟု ၎င်းကဆို သည်။
နိုင်/ကျဉ်း လွတ်မြောက်ရေး စုဖွဲ့လှုပ်ရှား
ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက်ဆိုပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ စတင်ပြီး စုစည်းလှုပ်ရှားလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တချိန်တုန်းက အကျယ်ချုပ်ခံနေရစဉ် လှုပ်ရှားမှုမျိုး လှုပ်ရှား ဆောင်ရွက် သွားမှာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
တပ်ကတရားစွဲ ခံထားရသူတွေ ပြန်လည်တုံပြန်ဖို့ အစည်းအဝေးလုပ်
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အဖွဲ့ဝင်တွေကို မရမ်းကုန်းတရားရုံးမှ ပုဒ်မ ၅၀၅ (က) တရားစွဲထားပါတယ်။ ရန်ကုန်မြို့မှာ မေလ ၁၁ ရက်နေ့ ညနေပိုင်းကတပ်မတော် ကတရားစွဲခံရ သူတွေ စုစည်းပြီး ပြန်လည်တုံ့ပြန်ကြ ဖို့ ရန်ကုန်မှာ အစည်းဝေးလုပ်ခဲ့ကြတယ်လို့ အစည်းဝေးတက် ရောက်ခဲ့သူတစ်ဦးက ပြောပါတယ် ။ အဲဒီ အစည်းဝေး ကို တပ် ကတရားစွဲ ခံထားရသူတွေ အများစုတက် ရောက်ကြပြီးအခုရက်ပိုင်း တပ်မတော် ကတရားစွဲလာတာတွေပိုများလာတာကြောင့် အခုလို စုစည်း ပြီးတုံ့ပြန်ကြ ဖို့ တိုင်ပင်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ် ။
အိန္ဒိယမှာ တိဗက်နွား အကောင် ၃၀၀ နှင်းတောထဲ ပိတ်မိ

Subscribe to:
Posts (Atom)