မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးမှု စီမံကိန်းအရ မြန်မာအလုပ်သမား ၁၀ဝ ကျော် အဖမ်းခံရကြောင်း Social Action for Childern and Women - SAW မှ သိရသည်။ မလေးရှားနိုင်ငံတစ်ဝှမ်း၌ လက်ရှိတွင် အော်ပရာဇီစစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းကာလတွင် မလေးရှားတွင် လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသား ၁၀ဝ၀ ကို စစ်ဆေးမှုများပြုလုပ်ပြီး တရားမဝင်အလုပ်သမားများ ဖမ်းဆီးခံရပြီး ယင်းထဲတွင် မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသားတို့ပါဝင်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား ထိန်းသိမ်းရေးစခန်းတာဝန်ခံ ဦးသီဟမောင်မောင်က ပြောကြားသည်။
Pages
Wednesday, July 10, 2019
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ငါးနှစ်အရွယ် ကျောင်းသူတစ်ဦးအား ထမင်းလာပို့သူက အဓမ္မပြုကျင့်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်တွင် KG ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ သားမယားပြုကျင့်ခံရသူမှာ မအူပင်မြို့နယ်နေ မ.... (ငါးနှစ်) ဆိုသူဖြစ်ပြီး ゞင်းသည် အောင်ဟိတ်ကျေးရွာအုပ်စု စံလင်းဒေါင့် ကျေးရွာမူလွန်ကျောင်းတွင် KG တန်း တက်ရောက်နေသူဖြစ်ကာ ထမင်းစားချိန်တွင် စံလင်းဒေါင့်ကျေးရွာနေ မောင်....(၁၅ နှစ်) ဆိုသူက ကျောင်းအနောက်ဘက်သို့ ခေါ်ဆောင်၍ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ဆွံ့အ၊နားမကြား၊ မသန်စွမ်း အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအပေါ် အမှုဖွင့်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အသက် ၂၀ အရွယ် ဆွံ့အ၊ နားမကြား၊ မသန်စွမ်းအမျိုးသမီးတစ်ဦး ခြိမ်းခြောက် အဓမ္မပြုကျင့်ခံခဲ့ရမှုအပေါ် မိခင်ဖြစ်သူက အမှုဖွင့်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ငါးလကျော်ရှိမှသာ မိဘများသိရှိခဲ့ရကြောင်း သိရသည် အဆိုပါ မသန်စွမ်းအမျိုးသမီးငယ်မှာ အသက်ခြောက်နှစ်အရွယ်က နာမကျန်းဖြစ်ပြီး နားထိုင်း၊ ဆွံ့အကာ ကိုယ်လက်မသန်စွမ်း ဖြစ်ခဲ့ရကြောင်းနှင့် ယခုအခါတွင် အသက် ၂၀ ရှိပြီဖြစ်ကြောင်း၊ သူမအား တစ်ရွာတည်းနေ ဆွေမျိုးတော်စပ်သူတစ်ဦးက နေအိမ်သို့ လာရောက်ပြီး ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည့်အတွက် ထိုသို့ကိုယ်ဝန်ရှိလာခြင်းဖြစ်ကြောင်း၊
Victoria အမှု စုံစမ်းရန်လာရောက်သူများကို နေပြည်တော်ရှိ တည်းခိုခန်းနှင့် စားသောက်ဆိုင်အချို့က အခမဲ့ တည်းခိုစားသောက်ခွင့်ပေး
နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ ကျောင်းသူလေး Victoria မဖွယ်မရာပြုကျင့်ခံရမှုနှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်ရေးဆောင်ရွက်ရန်အတွက် နေပြည်တော်သို့လာရောက်သူများကို တည်းခိုခန်းနှင့် စားသောက်ဆိုင်အချို့က အခမဲ့တည်းခိုခွင့်နှင့်စားသောက်ခွင့် ပေးလျှက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့တည်းခိုးခန်းအနေနဲ့တော့ သမီလေး Victoria နဲ့ပတ်သက်ပြီး စုံးစမ်းဖို့လာတဲ့သူတွေကို အခမဲ့ တည်းခိုခွင့် ပြုဖို့အတွက် အချိန်တလသတ်မှတ်ထားပါတယ်။ သတင်းထောက်တွေရော၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ လာရောက်တည်းခိုနိုင် ပါတယ်။ အခုလို တည်းခိုခွင့်ပြုထားတာ တပတ်လောက်ရှိပါပြီ။ ကျွန်တော်တို့က အမှုမှန်ပေါ်ပေါက်စေချင်တာရယ်၊ သားသမီးချင်းကိုယ်ချင်းစာနာစိတ်ကြောင့်လုပ်တာပါ”ဟု နေပြည်တော် ကျောက်စိမ်းတည်းခိုခန်း ပိုင်ရှင်မိသားစုဝင်တဦးဖြစ်သူ ဦးခင်ထွန်းက ပြောသည်။
အိန္ဒိယနိုင်ငံတွင် လေယာဉ်တစ်စင်းအဆင်းဂီယာတံခါးတွင် လေကြောင်းနည်းပညာရှင်တစ်ဦး ပိတ်မိ၍ သေဆုံး
အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိကလေကြောင်းလိုင်း Spicejet တွင် လုပ်ကိုင်နေသော နည်းပညာရှင်တစ်ဦးမှာ ဇူလိုင်လ ၁၀ ရက်အစောပိုင်းက အလုပ်လုပ်နေစဉ် လေယာဉ်၏အဆင်းဂီယာတံခါးတွင် ပိတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ အဆိုပါမတော်တဆမှုမှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း West Bangal ပြည်နယ်မြို့တော် ကိုလ်ကတ္တားရှိ လေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
" အမေရိကန်တွင် ကျင်းပခဲ့သည့် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် စိုင်းအောင်ဆန်းဖ ပထမဆု ဆွတ်ခူး "
အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးအားကစားသမား စိုင်းအောင်ဆန်းဖ (ခေါ်) အေရွန်ဖ က အိမ်ရှင် အမေရိကန်၊ ဂျာမနီ၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ ကာဇက်စတန်၊ တောင်အာဖရိက အစရှိသည့် ကစားသမားများကို ကျော်ဖြတ်၍ ပထမဆု ဆွတ်ခူးခဲ့သည်။ Hurricane Junior Golf Tour မှ ကြီးမှူးပြုလုပ်သည့် (Coastal Carolina Summer Junior Open) လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ၏ အသက် ၁၆ နှစ်မှ ၁၈ နှစ် သက်တန်းတွင် စိုင်းအောင်ဆန်းဖသည် နှစ်ရက်ပေါင်း ရိုက်ချက် ၁၄၀ ဖြင့် သတ်မှတ် ရိုက်ချက်ထက် (၄)ချက် လျော့ရိုက်ကာ ပထမဆုကို ဆွတ်ခူး ခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက်တွင် တောင်အာဖရိက နိုင်ငံသား ထရစ်တန် ဂါလန့်က ဒုတိယ နှင့် ကာဇက်စတန် နိုင်ငံသား ဂျန်တိုင် မာလက်တက်ဖ် က တတိယ အသီးသီး ရရှိခဲ့သည်။ အဆိုပါ လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇူလိုင်ပထမပတ်က အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနား ပြည်နယ်ရှိ SC Palmetto Dunes Golf Club တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အနီးသို့ရောက်ရှိပြီး ဘီလင်းမြို့တွင် ရေဘေးရှောင်စခန်းတချို့ ဖွင့်လှစ်ထားဟု သိရ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို နယ်ရှိ ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်အနီးသို့ ရောက်ရှိပြီး ရေဘေးရှောင်စခန်းအချို့ ဖွင့်လှစ်ထားကြောင်း ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံး၏ ထုတ်ပြန်မှုအရ သိရသည်။ ဇူလိုင် ၉ ရက် နံနက် ၁၂ နာရီခွဲတိုင်းထွာချက်အရ ဘီးလင်းမြစ်ရေအခြေအနေမှာ ၉၇၇ စင်တီမီတာသို့ရောက်ရှိနေပြီး ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၀၂၂ စင်တီမီတာဖြစ်ကြောင်း၊ ဇူလိုင် ၉ ရက် နံနက်ပိုင်းက ရွာသွန်းသော မိုးရေချိန်မှာ ၃ ဒသမ ၃၆လက် မဖြစ်သည့်အတွက် ဘီးလင်းမြို့ပေါ်တွင် ရေဘေးရှောင်စခန်းလေးခုဖွင့်လှစ်ကာ မြစ်ကမ်းအနီး အနိမ့်ပိုင်းတွင်နေထိုင်ကြသော မိသားစုများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်ကြောင်း၊
ရဲတပ်ဖွဲ့မှ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည့် သက္ကမိုးညို အကောင့်ပိုင်ရှင်အား ကျပ်သိန်း ၁၀ဝ အာမခံဖြင့် ပြန်လွှတ်
သက္ကမိုးညို အကောင့်ပိုင်ရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းအား အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) ဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်ထားပြီး လက်ရှိတွင် ကျပ်သိန်း ၁၀ဝ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၁၀ က အများပြည်သူ စိတ်ဝင်စားနေသည့် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ သက္ကမိုးညို အမည်နှင့် လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ရေးသားနေသည့် ကျန်းမာရေနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းအား ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုပြုလုပ်၍ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်သည်။
သက္ကမိုးညို အကောင့်ပိုင်ရှင်အား အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄ (ဃ) ဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့် ဖမ်းဆီး
သက္ကမိုးညို အကောင့်ပိုင်ရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းအား အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄ (ဃ) ဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်ထားကြောင်း ပျဉ်းမနားမြို့နယ် ရဲစခန်းမှ သိရသည်။ ဇူလိုင်လ ၁၀ က အများပြည်သူ စိတ်ဝင်စားနေသည့် ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ သက္ကမိုးညို အမည်နှင့် လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ရေးသားနေသည့် ကျန်းမာရေနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းအား ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုပြုလုပ်၍ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်သည်။
ဝန်ထမ်းအချို့ ဌာနစွဲထားရှိမှုကြောင့် အခြားဌာနများနှင့် ပူးပေါင်းရာတွင် လိုအပ်ချက်များရှိနေပြီး လုပ်ငန်းလုပ်ကိုင်ရာ၌ ကြန့်ကြာမှုများရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဝန်ထမ်းအချို့သည် ဌာနစွဲ အလွန်ထားရှိမှုကြောင့် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ လိုအပ်ချက်များ ရှိနေပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ ဇူလိုင် ၈ ရက်နံနက်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရှိ အလုပ်သမားရေးရာဆိုင်ရာ အလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
အင်တာနက်အသုံးပြုခွင့် ပြန်လည်ရရှိရေးအတွက် ပြည်နယ်လွှတ်တော်တွင် အဆိုတင်သော်လည်း အစိုးရက အကောင်အထည်ဖော်မှု လုံးဝမရှိသောကြောင့် ပြည်ထောင်စုအဆင့်လွှတ်တော်၌ ဆက်လက်ကြိုးပမ်းမည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ် ပြောကြား
အင်တာနက်အသုံးပြုခွင့် ပြန်လည်ရရှိရေးအတွက် ပြည်နယ်လွှတ်တော်တွင် အဆိုတင်သော်လည်း အစိုးရက အကောင်အထည်ဖော်မှု လုံးဝမရှိသောကြောင့် ပြည်ထောင်စုအဆင့်လွှတ်တော်၌ ဆက်လက်ကြိုးပမ်းသွားမည်ဟု ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။
ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင်သွားရောက်ခဲ့သော်လည်း စာချုပ်ပါအတိုင်း အလုပ်မလုပ်ရသဖြင့် မြန်မာလုပ်သား ၁၃ ဦး မြဝတီသို့ ပြန်လည်ရောက်ရှိ

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မော်လမြိုင်ကျွန်းမြို့ နယ်၊ စော်ကဲချောင်းကျေးရွာ၌ တပ်မတော်သားများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

တရုတ်နိုင်ငံတွင် အဖမ်းအဆီးများနေသဖြင့် မြန်မာလုပ်သား အများအပြား နေရပ်ပြန်
တရုတ်နိုင်ငံမှာ အဖမ်းအဆီးတွေများနေတာကြောင့် မြန်မာနယ်စပ် မူဆယ်ကနေ တရုတ်နိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေဟာ ဒီလပိုင်းမှာ အမြောက်အမြား နေရပ်ပြန်လည် ဝင်ရောက်လာနေကြပါတယ်။ မကြာသေးခင်က တရုတ်ရဲနဲ့ မြန်မာလုပ်သားတွေကြား ပြဿနာဖြစ်ပြီး ရိုက်နှက်မှုတွေ ဖြစ်ပြီးတဲ့နောက် အစစ်အဆေးနဲ့ ဖမ်းဆီးမှုတွေ ပိုများလာတာမို့ မြန်မာလုပ်သားတွေ နေ့စဉ် ရာနဲ့ချီ ပြန်ဝင်လာနေကြတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
၂ ရက်အတွင်း အိန္ဒိယနယ်ခြားစောင့်တပ်ပစ်၍ဘင်္ဂလာဒေ့ရှ် ၂ဦးသေဆုံး
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF) ပစ်သတ်၍ နှစ်ရက်အတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂ ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၈ ရက်နေ့ အစောပိုင်းက Shibgan မြို့နယ် Kironganj ကျေးရွာမှ အသက်(၁၈) နှစ်အရွယ် Dulal Uddin သည် Chapainawabganj ခရိုင် Kironganjနယ်စပ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF) မှ သေနတ်ဖြင့် ပစ်ခတ်ရာတွင် သေဆုံးသွားခဲ့သည်။ အနောက်ဘင်္ဂေါပြည်နယ် Malda ရှိ Sukhdebpur စခန်းမှ BSF တပ်ဖွဲ့ဝင်များသည် သူ့နိုင်ငံ၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် မှောင်ခိုသမားများကို ဇူလိုင် ၈ ရက် နံနက် ၂ နာရီ ၄ဝ မိနစ်က ပစ်ခတ်ခဲ့ရာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား Dulal Uddin သည် ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အမှတ် ၅၉ BGB တပ်ရင်းမှူး Mahmudul Hasanကို ကိုးကြားပြီး သတင်းဖော်ပြသည်။
ပေါင်မြို့လယ်ခေါင်မှရွှေဆိုင်ဖောက်ထွင်းခံရ

ဟားခါးမြို့နယ်တွင် မြေခွေးများအုပ်စုလိုက်သောင်းကျန်းနေလို့ ရွားသားများမှ အစိုးရအကူညီလိုအပ်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အကောင် (၂၀) ၀န်းကျင်ရှိသော မြေခွေးများအုပ်စုလိုက် သောင်းကျန်းနေတာကြောင့် အစိုးရဘက်မှ တစ်ဖက်တစ်လမ်းဖြင့် ကူညီပံ့ပိုးပေးစေလိုကြောင်း ရွာသားများက ပြောပါတယ်။ ဟားခါးမြို့နယ်၊ ဘွန်လုံးရွာသား ဦးငွန်လျန်က “ဇူလိုင်လ ၅ ရက်နေ့မှာ နွားနှစ်ကောင်နှင့် ကျွဲတစ်ကောင်ကို မြေခွေးများက ကိုက်သတ်စားသောက်နေတာ ကျနော်တို့တွေ့မြင်ရတယ်။ မြေခွေးနှစ်ကောင်ကိုတော့ ကျနော်တို့ပစ်သတ်နိုင်ခဲ့တယ်” လို့ပြောပါတယ်။
မင်းတပ်မြို့နယ်၊ ရပ်ဒုတ်ကျေးရွာ ကျောင်းသွားလမ်းပျက်၍ ကျောင်းပိတ်လိုက်ရ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွင် မြေပြို

ယခုနှစ်အတွင်းဇွန်လအထိတစ်နိုင်ငံလုံးတွင်သက်ငယ်မုဒိမ်းမှုပေါင်း နှစ်ရာနီးပါးဖြစ်ပွားခဲ့
မြန်မာနိုင်ငံတွင်သက်ငယ်မုဒိမ်းဖြစ်ပွားမှုမှာယခုနှစ်စမှ ဇွန်လအထိအမှုပေါင်း ၁၉၂ မှုအထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၈၉၈ မှုနှင့်၂၀၁၈ခုနှစ်တွင်၁၀၃၁မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါသက်ငယ်မုဒိမ်းမှုများအနက် အသက်၂ နှစ်မှ ၅ နှစ်အထိ ဖြစ်ပွားနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၂၇ မှု၊ ၂၀၁၈ ခုနှစ်တွင် ၃၁ မှုနှင့် ၂၀၁၉ ခုနှစ်တွင် ၅ မှုရှိခဲ့သည်။ သက်ငယ်မုဒိန်းနှင့်ပတ်သက်၍၂၀၁၈ခုနှစ်အတွင်းသေဒဏ်ချလိုက်သည့် အမှုငါးမှုရှိပြီး နှစ် ၂၀ ချလိုက်သည့် အမှုပေါင်း ၃၃၃ မှု ရှိခဲ့သည်။
မောင်တောမြို့နယ်၌ မွတ်ဆလင်လူမျိုး (၆၃) ဦး တင်ဆောင်လာသည့် စက်လှေ(၁) စီးနှင့် လှေလုပ်သား (၄) ဦး ဖမ်းဆီးရမိ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပင်လယ်ကမ်းခြေ၌ မွတ်ဆလင်လူမျိုးအမျိုးသား(၂၉) ဦး၊ အမျိုးသမီး(၃၄) ဦး၊ စုစုပေါင်း (၆၃) ဦးနှင့် စက်လှေလုပ်သား (၄) ဦး၊ သေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၉၉) တောင့်တို့နှင့်အတူ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၆ နာရီခွဲက ဖမ်းဆီးရမိ ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာမောင်တောမြို့နယ်၊ မြင်းလွတ်ကျေးရွာ အနီးပင်လယ်ကမ်းစပ်တွင် စက်လှေ(၁)စီး ဆိုက်ကပ်လာကြောင်း သတင်းအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ
သက်ထားသူဇာ ကမ္ဘာ့အဆင့် ၈၅ထိမြင့်တက်လာ အိုလံပစ်ဝင်ခွင့်ရရန် အဆင့်၅၀ကျော်မှ စိတ်ချရမည်ဟု ဆို
အိုင်ဗရီကို့စ် နိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့သော မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် ယနေ့(ဇွန်လ ၉ရက်)တွင် နောက်ဆုံးထုတ်ပြန်လိုက်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အဆင့် ၈၄နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။ သက်ထားသူဇာသည် ယခင် အဆင့် ၁၀၁ရှိခဲ့ရမှ ၈၄အထိမြင့်တက် လာခဲ့ပြီးဖြစ်သော်လည်း ၂၀၂၀ အိုလံပစ်ဝင်ခွင့်ရရန် အတွက်ဆက်ကြိုးစားသွားရဦးမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်အဆင့် ၅၀ကျော်အတွင်း ရောက်ရှိနေမှသာလျှင် စိတ်ချရမည့်အခြေအနေရှိကြောင်း မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးဘရန်မိုင်က ပြည်မြန်မာသို့ ပြောသည်။
တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ရောင်းဝယ်မှုကို တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ ထားဆီးနိုင်ခြင်းမရှိ
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့်နေပြည်တော်ကောင်စီနယ်မြေမြို့နယ်များတွင် တရားဝင် မော်တော်ယာဉ်များကို တန်ဖိုးကြီးဝယ်ယူ သုံးစွဲလျှက်ရှိသော်လည်း အခြားတိုင်းဒေသကြီး ပြည်နယ်များတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို တရားဝင် နည်းတူ သုံးစွဲလျှက်ရှိကြသည်။ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၏ ခန့်မှန်းတန်ဖိုးသည် ယာဉ်အမျိုးအစားအလိုက် မြဝတီ ဈေးကွက်၌ မြန်မာငွေ(၁၈)သိန်းမှ သိန်းရာကျော်ထိ ဝယ်ယူနိုင်သည်။ မြဝတီ လိုင်စင်မဲ့ ဈေးကွက်ကို နယ်ခြားစောင့်တပ်မှ ထိန်းချုပ်ထားပြီး သက်ဆိုင်ရာ ပြည်နယ်ရဲတပ်ဖွဲ့ကလည်း တရားမဝင် ခွင့်ပြုထားသည်။
ဂျော်ဒန်နိုင်ငံမှာ PUBG ဂိမ်းကစားခွင့် ပိတ်ပင်
Battlegrounds ဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ရေပန်းစားနေတဲ့ အွန်လိုင်း ဂိမ်းတခုပါ။ ဒီဂိမ်းကို အသက်မွေးဝမ်းကြောင်းအဖြစ် ဆော့ကစားနေတဲ့ ကစားသမားတွေလည်း ပြည်တွင်း၊ ပြည်ပမှာ ထွက်ပေါ်နေပါပြီ။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ PUBG ဂိမ်းဟာ အကြမ်းဖက်မှုကို အားပေးတယ်ဆိုပြီး ကစားခွင့် ပိတ်ခံထားရပါတယ်။ အခုလည်း ဂျော်ဒန်အစိုးရက PUBG Mobile ဂိမ်းဟာ ပြည်သူတွေအပေါ် “မကောင်းတဲ့ အကျိုးသက်ရောက်မှု” တွေ ဖြစ်စေတယ်ဆိုပြီး ဂိမ်းကစားခွင့် လုံးဝ ပိတ်လိုက်ပါတယ်။ ဂျော်ဒန်နဲ့ဆို PUBG Mobile ကစားခွင့် ပိတ်ထားတဲ့ နိုင်ငံပေါင်း ၅ နိုင်ငံ ရှိသွားပါပြီ။
တာချီလိတ်မြို့ရှိ ရွှေဆိုင်ကို သေနတ်ဖြင့်အနုကြမ်းဝင်စီးသွားသူ ၂ ဦးကိုဖမ်းဆီးရမိရေး စုံစမ်းနေဆဲဟုဆို
တာချီလိတ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ဖြင့်အနုကြမ်းဝင်စီး၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသူ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့မှစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ဝမ်းကောင်းဈေးရှေ့၊ စစ်မှုထမ်းဟောင်းရုံးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ရှင်းမန်ရှင်းဒါ(၂) ရွှေဆိုင်ကို ဇူလိုင်လ ၈ ရက်၊ နံနက် ၈ နာရီခန့်က အမည်မသိအမျိုးသား ၂ ဦးက သေနတ်ကိုင်ဆောင်၍ အနုကြမ်းဝင်စီးသွားခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
ဟိုတယ်ပိုင်ရှင်က သူမကို အကြည့်နဲ့ မုဒိမ်းကျင့်ခဲ့ဟု ဘောလိဝုဒ် မင်းသမီးတစ်ဦး စွပ်စွဲ

H1 N1 ပြင်းထန်တုပ်ကွေးရောဂါကြောင့် တစ်နိုင်ငံလုံး သေဆုံးသူ ၃၄ဦး ထိ မြင့်တက်၊ ၁၈၆ ဦးတွင် ရောဂါပိုးတွေ့ရှိ
ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဇူလိုင်လ ၉ရက်နေ့ထိ သေဆုံးသူ ၃၄ ဦးထိရှိသွားပြီဖြစ်ပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၂၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၁ဦး၊ ပဲခူးတိုင်း ၁ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ သိရှိရသည်။
စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)အဖွဲ့ဝင်များ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ထပ်မံစိစစ်အတည်ပြုရန် ဖွဲ့စည်းခဲ့သည့် စုံစမ်း စစ်ဆေးရေးခုံရုံးသည် ဘူးသီးတောင်နယ်မြေသို့ ပထမအကြိမ်သွားရောက် စစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင် တစ်ခုနှင့် ကျေးရွာ ငါးရွာတို့သို့ သွားရောက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
သေမိန့်ကျသူထံမှ ကိုယ်တွင်းအင်္ဂါထုတ်ယူရေး ဥပဒေဖြည့်စွက်ချက်ကို အီရန်တွင် ပြဋ္ဌာန်း
အီရန်မှာ သေမိန့်ကျထားသူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ၄င်းတို့ရဲ့သဘောတူညီချက်ဖြင့် ကြိုတင်ဝယ်ယူနိုင်ရန် ဥပဒေဖြည့်စွက်ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၉ ရက်မှာ သတင်းရရှိပါတယ်။ အီရန်တရားသူကြီးချုပ်အသစ် အီဘရာဟင် ရိုင်ဆီဟာ ပြစ်မှုဆိုင်ရာဥပဒေရဲ့ ပုဒ်မတစ်ခုမှာ “တရားခံအနေဖြင့် ၄င်းအား မကွပ်မျက်မီ သို့မဟုတ် ကွပ်မျက်အပြီးတွင် ၄င်းရဲ့ကိုယ်တွင်းအင်္ဂါအား ထုတ်ယူနိုင်ကြောင်း မိမိဆန္ဒအလျောက် ပေးလှူပြီး ထိုသို့ထုတ်ယူရန်အတွက် ဆေးပညာဆိုင်ရာ အခက်အခဲလည်း မရှိပါက တရားသူကြီးအနေဖြင့် တရားရေးဝန်ကြီးဌာနနဲ့ သေမှုစစ် အရာရှိများ ရုံးတို့နဲ့ အတူပူးပေါင်းပြီး ခွင့်ပြုမိန့်ပေးနိုင်သည်”ဟု ဆိုပါတယ်။
အရွယ်မရောက်သေးတဲ့ ကျောင်းသူကို မဖွယ်မရာလုပ်တဲ့ ကျူရှင်ဆရာ ထောင်ဒဏ်နဲ့  ကြိမ်ဒဏ်ကျ
စင်ကာပူနိုင်ငံမှာ ၁၅ နှစ်အရွယ်ကျောင်းသူတစ်ဦးကို မဖွယ်မရာလုပ်မှုနဲ့ ကျူရှင်ဆရာတစ်ဦးကို ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လနဲ့  ကြိမ်ဒဏ် ၆ ချက် ကျခံစေဖို့ ဇူလိုင် ၉ ရက် အင်္ဂါနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။ အမည်ဖော်ထုတ်ပြောကြားခွင့်မရှိတဲ့ အသက် ၄၈ နှစ်အရွယ် သင်္ချာဘာသာရပ်သင် ကျူရှင်ဆရာဟာ အင်ဒိုနီးရှားလူမျိုးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ကျူရှင်ဆရာဟာ ၄င်းရဲ့စာသင်ခန်းထဲမှာ တပည့်ဖြစ်သူကို အနည်းဆုံး ၅ ကြိမ်ထက်မနည်း မဖွယ်မရာ လုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် တရားရုံးက ယခုလို ပြစ်ဒဏ်ချမှတ်ခြင်းခဲ့တာဖြစ်ပါတယ်။
မီဒီယာများ တစ်စိပ်ကို တစ်အိတ်လုပ်နေကြသည်ဟုပဲခူးတိုင်း ဝန်ကြီးချုပ်ပြော
မီဒီယာများအနေဖြင့် တစ်စိပ်ကို တစ်အိတ်လုပ်နေကြသည်ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။ စစ်ကိုင်းတိုင်းမှ စဥ့်လုပ်ငန်းလုပ်ငန်းရှင်များကို နြူကလီးယား ဓာတ်ပေါင်းဖိုလုပ်ရန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟူသော သတင်းနှင့် ပတ်သက်၍ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ " ခင်ဗျားတို့ သတင်းဌာနတွေကို ပြည်သူလူထုက ဘာကြောင့်ချဉ်သလဲဆိုတော့ တစ်စိပ်ကို တစ်အိတ်လျှောက်ရေးတာကိုဗျ။ကျွန်တော် အဲဒီအတွက်တော့ မှတ်ချက်မပေးချင်ဘူး။" ဟု ၄င်းက ယနေ့ညပိုင်းတွင် Speakerသို့ပြောသည်။
ဗစ်တိုးရီးယားအမှုအတွက်လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ နီးပါးရရှိထား
နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်ခံရသူ ၃ နှစ်အရွယ် မိန်းကလေးငယ်အတွက် ပြည်သူများ၏လှူဒါန်းထားရှိမှုမှာ ကျပ်သိန်း ၂၀၀ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကလေးငယ်အမှုအထောက်အကူဖြစ်စေရေးအပါအဝင် ကလေးနှင့်ပတ်သက်သည့် အခြားကိစ္စရပ်များ အတွက် ရည်ရွယ်ဖွင့်လှစ်ထားသော ဧရာဝတီဘဏ်ငွေစာရင်းသို့ ပြည်သူလူထုများမှ လှူဒါန်းလာမှုသည် ဇူလိုင် လ ၈ ရက်၊ ညနေ ၄ နာရီ ၂၆ မိနစ်ခန့်အထိ ငွေကျပ် ၁၆၅၈၀၈၈၀(တစ်ရာခြောက်ဆယ့်ငါးသိန်း ရှစ်သောင်းရှစ်ရာ ရှစ်ဆယ်ကျပ်) ဖြစ်ကြောင်း Victoria’s Finance Team ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်း၌ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့AA ခေါင်းဆောင်များတက်ရောက်ပါက လုံခြုံရေးကို အာမခံသည်ဟု အစိုးရပြောကြား
အစိုးရအာဏာစက်သက်ရောက်သော ပြည်တွင်း၌ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ AA ခေါင်းဆောင်များတက်ရောက်ပါက ၎င်းတို့၏ လုံခြုံရေးကို အာမခံသည်ဟု အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ယနေ့ (ဇူလိုင် ၉ရက်) ရန်ကုန်မြို့ရှိ NRPC ရုံး၌ပြုလုပ်ခဲ့သည့်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KNUကိုယ်စားလှယ်အဖွဲ့တို့၏ အလွတ်သဘောဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို အရူးထောင် ပို့သင့်တယ်”လို့ အလှမယ် ရွှေအိမ်စည် ပြော
မြန်မာ့ဂုဏ်ဆောင် အလှမယ်တဦးအဖြစ် ရပ်တည်နေတဲ့ အလှမယ် ရွှေအိမ်စည်က လတ်တလော ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ နေပြည်တော်က သက်ငယ် မုဒိမ်းမှုကို မြန်မြန်ပြီးစေချင်တယ်လို့ ပြောပါတယ်။ “သက်ငယ် မုဒိမ်းမှုအပေါ် အမြင်ဆိုရင် အိမ်စည်က မြန်မြန်ပြီးစေချင်တယ်။ တရားခံကို ရှာချင်ရင် အိမ်စည်သာဆို ကလေးကို အရင်မေးမှာပဲလေ။ အိမ်စည် အရှင်းလင်းဆုံး တွေးတာပေါ့။ အခုတော့ ဘာဖြစ်နေမှန်း မသိဘူး။ ရှုပ်သင့်တာထက် ပိုရှုပ်နေတယ်လို့ ထင်တယ်။ အဓိက DNA စစ်တဲ့အခါမှာ ဘယ်သူနဲ့ လိင်ဆက်ဆံတယ် ဆိုတာကိုပဲ ဖော်ပြတာလေ”
ကျိုင်းတုံတွင် ဒုတိယတန်းကျောင်းသူကို အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွား
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ယန်းကုန်းရပ်တွင် ဇူလိုင်လ ၅ ရက်၊ နေ့လယ်ပိုင်းက အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူတစ်ဦးကို အသက် ၄၁ အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြို့သစ်တွင် နေထိုင်သည့် စိုင်းကျန် (၄၁ နှစ်) ဆိုသူသည် လွန်ခဲ့သော ၅ နှစ်ကတည်းက ခင်မင်ခဲ့သော တစ်ရပ်ကွက်တည်းနေ မနန်းဆောင်နှင့် ဒေါ်နန်းနိမ်းတို့ ၏အိမ်တွင် ဇူလိုင်လ ၅ ရက်၊ မွန်းလွဲပိုင်းက မနန်းဆောင်၏ သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန် ကြိုစား အားထုတ်သဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယီမင်မှာ ဒီနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ၄ သိန်းခွဲကျော်ရှိ
စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံမှာ ဒီနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု မြင့်တက်နေပြီး မှတ်တမ်းတင်ထားသမျှ ဖြစ်ပွားသူ ၄ သိန်း ၆ သောင်း ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ၃ သိန်း ၈ သောင်းပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက စလို့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးသူ ၇၀၅ ဦး ရှိပြီး မနှစ်က ကာလတူမှာ ၇၅ ဦး သေဆုံးတာနဲ့ နှိုင်းယှဉ်ရင် အလွန် မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂ လက်ထောက် ပြောခွင့်ရသူ ဖာဟန် ဟက်က ပြောပါတယ်။
မက္ကဆီကိုက အမေရိကန်နဲ့ နယ်စပ်မှာ X-ray စက်ကြီးတွေသုံးပြီး ထရပ်ကားတွေပေါ် ပုန်းခိုလိုက်လာတဲ့ ရွှေ့ ပြောင်းတွေကို ဖော်ထုတ် ဖမ်းဆီးနေ

ဇာတ်ကားမရိုက်ရတာ ငါးလလောက်ရှိပြီဖြစ်လို့ ရှိတာလေးနဲ့ စားဝတ်နေရေးကိုဖြေရှင်းနေရတယ်ဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်

တန့်ယန်းမြို့ ကျောက်တောင်တရုတ်နတ်စင်အနီးမှာ အုပ်စုဖွဲ့ပြီး အသက်(၁၄)နှစ်အရွယ်အမျိုးသမီးငယ်ကို အဝတ်အစားချွတ် ရိုက်နှက်နှိပ်စက်သူတွေများကို ခေါ်ယူထိန်းသိမ်း

တိုင်းအစိုးရအဖွဲ့၏ စာရွက်ပေါ်နှင့် လက်တွေ့လုပ်ဆောင်မှုများကွဲလွဲနေဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဝေဖန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောင်ရွက်နေသည့်လုပ်ငန်းများသည် စာရွက်ပေါ်နှင့် လက်တွေ့ဘ၀တွင် လုပ်ဆောင်မှုများမှာ ကွဲလွဲနေကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျက ဝေဖန်လိုက်သည်။ ဇူလိုင်လ ၉ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးပို့သော ထန်းတပင်မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့သစ် ၄ မြို့နယ်တွင် မှုခင်းကျဆင်းစေရေး CCTV များတပ်ဆင်မည်
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(၄)မြို့နယ်တွင် CCTV များတပ်ဆင်သွားရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးကပြောသည်။
ဇူလိုင်လ ၉ ရက်က ကျင်းပသည့်ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
ဇူလိုင်လ ၉ ရက်က ကျင်းပသည့်ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
ကြေးနန်းပေါက်ကြားမှု ဗြိတိန်သံ အမတ်ကြီးအပေါ် Trump ဝေဖန်မှုတိုး
ဝါရှင်တန် ဗြိတိန်သံရုံးက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်ထားတဲ့ သံတမန် ကြေးနန်းတစ်စောင် သတင်းဌာနေတွေဆီကို ပေါက်ကြားသွားလို့ ဗြိတိန်နိုင်ငံအတွက် မျက်နှာပူစရာ ဖြစ်နေချိန်မှာ သမ္မတ ထရမ့်က ၀ါရှင်တန်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးကို ပေါတောတောနဲ့ ရယ်စရာ ကောင်းတဲ့လူ၊ ဟိတ်ဟန်များတဲ့ အရူး စတဲ့ အသုံးအနှုန်းတွေနဲ့ Twitter မှာ ခေါ်ဝေါ် ရေးသားသလို ဗြိတိန်ဝန်ကြီးချုပ် Theresa May ကိုလည်း Brexit စေ့စပ် ဆွေးနွေးပွဲတွေကို အောင်မြင်အောင် မလုပ်နိုင်ခဲ့သူဆိုပြီး ဝေဖန်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဗြတိန်နိုင်ငံတို့ရဲ့အကြား ဆက်ဆံရေး ဘာတွေ ဖြစ်ပေါ်နေပါသလဲ။ ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။
၃ နှစ် အတွင်း ဆိုက်ဘာမှုခင်း တိုင်ကြားမှု ၂ ထောင်ခန့် ရှိဟု ဆို
ပြည်တွင်း၌ ဆိုရှယ် မီဒီယာ အသုံးပြုမှု များပြားလာပြီးနောက် ဆိုက်ဘာမှုခင်း တိုင်ကြားမှု အရေအတွက် ၂၀၁၅ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ ၃ နှစ် အတွင်း အမှုပေါင်း ၂ ထောင်ကျော် ရှိကြောင်း သိရသည်။ြ ပည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် နည်းပညာ မှုခင်းဌာနကို၂၀၁၅ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး ယင်းဌာနသို့ ဆိုက် ဘာမှုခင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများမှာ ၁ နှစ်ထက် ၁ နှစ် အရေအတွက် ပိုမို များပြားလာကြောင်း အဆိုပါ ဌာနမှ ရဲမှူးကြီး ညွန့်ဝေက ပြောသည်။
မိုင်းတုံမှာ အမျိုးသားတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီး ဇနီးဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေ
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့မှာ ဇူလိုင်လ ၉ရက် မနက်ပိုင်းက အမျိုးသားတစ်ဦး တောင်ယာစိုက်ခင်းထဲမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ မိုင်းတုံမြို့မရဲစခန်းကနေ သိရပါတယ်။ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်က အသက် (၆၂)နှစ်အရွယ် ဦးအိုက်တူး ဟာ ဇူလိုင်လ ၉ရက် မနက်ပိုင်းက ဇနီးဖြစ်သူ ဒေါ်နာမွေနဲ့ စကားများပြီး တောင်ယာထဲသို့ သွားပြီး မနက် (၁၀)နာရီခန့်မှာ ဇနီးဖြစ်သူ ဒေါ်နာမွေနဲ့ အိမ်မှာ အလုပ်ကူလုပ်သူ ဦးကျော်ရွှေဘတို့ တောင်ယာထဲသို့ ထမင်းလိုက်ပို့ရာမှာ ဦးအိုက်တူးဟာ ဦးခေါင်းပြတ်လျက်သေဆုံးနေတာကို တွေ့ရတာ ဖြစ်ပါတယ်။
Bangkok Airway လေကြောင်းလိုင်းမှ ပုဂံသို့တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရန်တင်ပြမှုကိုခွင့်မပြုဟု ဆို
Bangkok Airway လေကြောင်းလိုင်းမှ ပုဂံသို့ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရန် လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနသို့ တင်ပြထားသော်လည်း ခွင့်မပြုဟု အဆိုပါလေကြောင်းလိုင်းသို့ အကြောင်းပြန်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့ရှိ ဘာဘူးကွန်ဗင်းရှင်းစင်တာ၌ ၁၀ ရက်တာကျင်းပနေသော (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် ပုဂံသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်း Bangkok Airway လေကြောင်းလိုင်းမှ ဘန်ကောက်-ပုဂံ-ဘန်ကောက်ခရီးစဉ် ပျံသန်းရန် ပြီးခဲ့သည့်အပတ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှား အာဏာပိုင်များဖမ်းဆီးခဲ့သည့် အကြမ်းဖက်သမားများနှင့် ဆက်သွယ်ပါတ်သက်နေသူတွင် ရိုဟင်ဂျာ နှစ်ဦးပါဝင်
ယခုရက်ပိုင်းအတွင်း စီလင်ဂေါနဲ့  Kedah မှာ ဖမ်းဆီးလိုက်သူတွေဟာ အာရှ အကြမ်းဖက်အဖွဲ့ တွေနဲ့  ဆက်နွယ်ပါတ်သက်နေသူတွေဖြစ်တယ်လို့  မလေးရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး အရာရှိရဲချုပ် အဒူ ဟမစ် ဘဒါAbdul Hamid Bador က ဇူလိုင်လ ၉ ရက်နေ့ က သတင်းထောက်တွေကို ပြောဆိုသွားခဲ့တာပါ။ ဖမ်းဆီးလိုက်တဲ့မလေးနဲ့  နိုင်ငံခြားသားတွေမှာ ဖိလစ်ပိုင် အိန္ဒိယနဲ့  မြန်မာ နိုင်ငံလာရောက်နေထိုင်နေတဲ့ ရိုဟင်ဂျာ (နိုင်ငံတကာမှာ ဖေါ်ပြနေသည့်လူမျိုး) နှစ်ဦးပါဝင်ကြောင်း သိရပါတယ်။
ခန္ဓာကိုယ်နဲ့သံဓာတ်
အသက်ကို ဉာဏ်စောင့်သတဲ့။ နေ့စဉ်စားသောက်မှုကစလို့ အိပ်စက်ချိန်တွေကိုပါ သေချာလေးဂရုစိုက်ပေးနိုင်မှ လူတစ်ယောက်က ကျန်းမာမှာပါ။ ဒါ့အပြင်ဂရုစိုက်ရမှာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝနေစေဖို့ပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုဖြစ်တဲ့ သံဓာတ်အကြောင်းနည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့်တော့ ဒီဓာတ်က လေဒီလေးတွေမှာလိုအပ်တာပါ။
ရေရှားပါးပြတ်လပ်နေတဲ့ အိန္ဒိယမှာ ရေမှောင်ခိုဈေးကွက် တွင်ကျယ်လာနေ
အိန္ဒိယနိုင်ငံမှာ အစိုးရရဲ့ ရေပေးဝေမှု ပြတ်တောက်တာကို အခွင့်ကောင်းယူပြီး ရေမှောင်ခို လုပ်စားတဲ့ တရားမဝင် ကွန်ရက် ဖြစ်ပေါ်ကာ ဥပဒေမဲ့ ရေမှောင်ခိုဈေးကွက် ပေါ်ပေါက်လာပါတယ်။ တစ်ချို့ဒေသတွေမှာ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်တာနဲ့အတူ အဲဒီ ရေမှောင်ခိုသမားတွေဟာ ရေကို ဈေးကြီးကြီးနဲ့ ရောင်းချပြီး အမြတ်ထုတ်နေပါတယ်။ “သူတို့ဟာ ရေလူမိုက်ဂိုဏ်းတွေပါပဲ။ ရေပေးဝေးမှုစနစ် ပြီးပြည့်စုံပြီး အကောင်အထည် မပေါ်အောင် အဖျက်အမှောင့်တွေ လုပ်နေတယ်။”လို့ နယူးဒေလီက ပြည်သူ ၁၆ သန်းကျော်ကို ရေပေးဝေတဲ့ အစိုးရအေဂျင်စီ ဒေလီဂျယ်ဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယာဒက်က ပြောပါတယ်။
MDA အသင်း၏ အဆင့်မြင့်အိမ်ရာ အရောင်းပြပွဲ ကို ၂ရက်ကြာကျင်းပမည်
MDA အသင်း၏ အဆင့်မြင့်အိမ်ရာ အရောင်းပြပွဲ ကို ၂ရက်ကြာကျင်းပမည်ဟု သိရသည်။ မကြာမီ ကျင်းပမည့် Myanmar Developer Association (MDA) အသင်း၏ အိမ်ရာပြပွဲသည် ပဉ္စမအကြိမ်မြောက် ကျင်းပသည့် အဆင့်မြင့် အိမ်ရာအရောင်းပြပွဲဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ကျင်းပမည်ဟု သိရသည်။ "ရန်ကုန်မြို့ ပါရမီလမ်းရှိ Mingalar Parami Business မှာ ကျင်းပပြုလုပ်သွားမှာပါ။ဘဏ်တွေနဲ့ တိုက်ရိုက်ချိတ်ပြီးဝယ်ယူလို့ရအောင်လည်း စီစဉ်ထားပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ တိုက်ရိုက်ရောင်းချတာဖြစ်လို့ ဈေးနှုန်းရော၊အရည်အသွေးပါ အာမခံပါတယ်"ဟု အရောင်းပြပွဲ တာဝန်ရှိသူက ရှင်းပြသည်။ အရောင်းပြပွဲတွင် ဆောက်လုပ်ရေးကုမ္ပဏီ ၁၃ ခုပါဝင်ပြသမည်ဟု သိရသည်။
ယခုနှစ် ဇွန်လအတွင်း ဆည်ရေအလွန်နိမ့်ကျနေမှုနှင့် ရေအားလျှပ်စစ်စက်ရုံများက ယခင်နှစ်များကကဲ့သို့ မထုတ်လုပ်နိုင်သဖြင့် တစ်ရက်တာထုတ်လုပ်သည့်လျှပ်စစ်ယူနစ်ထောင်ပေါင်း ၃၃၀၈၁ ရှိပြီး ယခင်နှစ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်းလျော့ကျ
ယခုနှစ် ဇွန်လအတွင်း ဆည်ရေများ အလွန်နိမ့်ကျနေမှုနှင့် ရေအားလျှပ်စစ်စက်ရုံများက ယခင်နှစ်များကကဲ့သို့ မထုတ်လုပ်နိုင်သဖြင့် တစ်ရက်တာ ထုတ်လုပ်သည့် လျှပ်စစ်ယူနစ်ထောင်ပေါင်း ၃၃၀၈၁ ရှိပြီး ယခင်နှစ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်းလျော့ ကျခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောကြားသည်။ ယခုနှစ် မိုးတွင်းဖြစ်သည့် ဇွန်လတွင် မိုးမရသဖြင့် ဆည်များအားလုံးသို့ ရေဝင်မကောင်းခဲ့ကြောင်း၊ ယင်းအခြေအနေများကြောင့် ဆည်ရေများအလွန်နိမ့်ကျခဲ့ကာ ရေအားလျှပ်စစ်စက်ရုံများက ယခင်နှစ်များကကဲ့သို့ လျှပ်စစ်မထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
စက်လှေများတွင် အသက်ကယ်အင်္ကျီ ထားရှိခြင်းမရှိပါက ဥပဒေအရထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ပြောကြား
ရေကြောင်းခရီးဖြင့် သွားလာနေကြသည့် စက်လှေများအနေဖြင့် အသက်ကယ်အင်္ကျီ ထားရှိခြင်းမရှိပါက ဥပဒေအရထိရောက်စွာ စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်း ရေကြောင်းကိုအသုံးပြုသွားလာကြရာတွင် စက်လှေကြီး၊ စက်လှေငယ်များဖြင့်လည်း သွားလာကြရာ ယင်းတို့တွင် အသက်ကယ်အင်္ကျီများထားရှိပေးရေးအတွက် တင်ဒါရယူသည့်အချိန်တွင် သတ်မှတ်ထားသော စည်းကမ်းစည်းမျဉ်းများကို လိုက်နာကြရန်အတွက်လည်း ပါရှိပြီးသားဖြစ်သဖြင့် ယင်းစည်းကမ်းများကိုချိုးဖောက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်သူ့ဆက်ဆံရေးပညာ
လူပုဂ္ဂိုလ်တစ်ဦး သို့မဟုaတ် အဖွဲ့အစည်းတစ်ခု (လုပ်ငန်းတစ်ခု၊ အစိုးရအေဂျင်စီတစ်ခု သို့မဟုတ် NGO အဖွဲ့တစ်ခု အစရှိသဖြင့်) နှင့် ပြည်သူလူထုအကြား အချက်အလက်များ ပျံ့နှံ့စေမှုကို ရည်ရွယ်ချက်ရှိစွာ ကိုင်တွယ်စီမံရမှုကို ပြည်သူ့ဆက်ဆံရေးပညာဟုခေါ်သည်။ ပြည်သူ့ဆက်ဆံရေးတွင် အများပြည်သူ စိတ်ဝင်စားသည့် အကြောင်းအရာများနှင့် တိုက်ရိုက်ငွေပေးချေစရာမလိုသော သတင်းအကြောင်းအရာများကို အသုံးပြုလျက် ၎င်းတို့၏ ပရိသတ်များနှင့် ထိတွေ့မှုရယူသည့် လုပ်ငန်းပါဝင်သည်။ ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးသည် ဈေးကွက်ဆက်ဆံရေးပုံစံတစ်ရပ်ဖြစ်သော ကြော်ငြာလုပ်ငန်းနှင့် ကွဲပြားခြားနားသည်။ ပြည်သူ့ဆက်ဆံရေးသည် ဈေးကွက်ကိစ္စ၊ ကြော်ငြာကိစ္စတို့ထက် ဖောက်သည်တစ်ဦးအတွက် လိုအပ်သောအကြောင်းအရာများကို ထုတ်လုပ်ပေးသည်။
အီတလီရှိ ယခင်က ဥရောပအကြီးဆုံး ဒုက္ခသည်စခန်းကို ပိတ်သိမ်းမည်

ရာဇဝတ်သားလွှဲပြောင်းရေးဥပဒေကြမ်း အဆုံးသတ်ပြီဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ပြောကြား
ဟောင်ကောင်တွင် မကြုံစဖူး နိုင်ငံရေးမတည်ငြိမ်မှုများကို ပေါ်ပေါက်စေခဲ့သည့် ရာဇဝတ်သားများဟု သံသယရှိသူများအား လွှဲပြောင်းပေးရေး အငြင်းပွားဖွယ်ဥပဒေကြမ်းသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း အကျပ်အတည်း ကြုံနေသည့် ပေကျင်းလိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်တွင် ကြေညာခဲ့သည်။ ထိုဥပဒေကြမ်းအား မိတ်ဆက်ရန် ဟောင်ကောင်အစိုးရ၏ ကြိုးပမ်းမှုသည် လုံးဝရှုံးနိမ့်ခဲ့ပြီး အစိုးရသည် ထိုဥပဒေကြမ်းအား ပါလီမန်တွင် ပြန်လည်အသက်သွင်းမည် မဟုတ်ကြောင်း လမ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်သို့ ဒေါ်လာ ၂.၂ ဘီလျံတန်ဖိုးရှိသော စစ်လက်နက်ပစ္စည်းများရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဌာနအတည်ပြု
အမေရိကန်နိုင်ငံခြားရေးဌာနသည် Abrams တင့်ကားများ၊ Stinger တိုက်လေယာဉ်ဖျက်ဒုံးကျည်များအပါအဝင် ဒေါ်လာ ၂.၂ ဘီလျံတန်ဖိုးရှိသော စစ်လက်နက်ပစ္စည်းများကို ထိုင်ဝမ်သို့ ရောင်းချရန် အတည်ပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပင်တဂွန်၏ ထုတ်ပြန်ချက်သည် ထိုင်ဝမ်သို့လက်နက်ရောင်းချနိုင်ခြင်းနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်နေကြောင်း ပြသခဲ့သည့် တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာ ကိစ္စဖြစ်နေပြီး အထူးသဖြင့် ကုန်သွယ်ရေးကဏ္ဍဍ၌ အမေရိကန်နှင့်တရုတ်အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် စစ်လက်နက်ပစ္စည်းများရောင်းချမည့်ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာသင်ကျောင်းများ၌ မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးသင့်ကြောင်း ယူနီဆက်ဖ်တိုက်တွန်း
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာသင်ကျောင်းများနှင့်တစ်ဝိုက်၌ မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကာကွယ်ပေးသင့်ပြီး အစိုးရများက ထိုကိစ္စကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်၏ ဥက္ကဋ္ဌဌ ဟင်နရစ်တာဖိုရီက ပါရီတွင် ဂျီ-၇ ဝန်ကြီးများဆိုင်ရာထိပ်သီး၏ ဘေးဆွယ်တွေ့ဆုံမှု၌ အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
စစ်တမ်းများအရ ပလတ်စတစ် ၁၁၉ တန်ကို ဧရာဝတီမြစ်အတွင်း နေ့စဉ် စွန့်ပစ်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်စာရင်းတွင် အဆင့် ၉ ဖြစ်နေဟုဆို
စစ်တမ်းကောက်ယူချက်များအရ နေ့စဉ်ပလတ်စတစ်တန် ၁၁၉ တန်ကို ဧရာဝတီမြစ်အတွင်း စွန့်ပစ်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်စာရင်းတွင် ဧရာဝတီမြစ်သည် အဆင့် ၉ ဖြစ်နေကြောင်း သိရသည်။ဇူလိုင် ၉ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ ပြုလုပ်သည့် ဧရာဝတီမြစ်တွင် ပလတ်စတစ်ညစ်ညမ်းမှုများ၏ စိန်ခေါ်မှုများ နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြခဲ့သည်။
ဗစ်တိုးရီးယားဖြစ်စဉ် အတွေးတစ်စက်ဖြင့် ဆင်ခြင်ကြည့်ခြင်း
ကျောင်းပြီးခါစ လူငယ်တစ် ယောက်တွက် ချက်ချင်းလက်ငင်း အလုပ်တစ်ခုရရှိရေးအတွက် အားမသွန်သင့်ကြောင်း မသိတာတော့ မဟုတ်။ မိမိကျောင်းပြီးခဲ့သောဘာသာရပ်(သို့မဟုတ်) မိမိလုပ်ငန်းခွင်ဝင်လိုသော ဘာသာရပ်နှင့်ပတ်သက်၍ ပြင်ပမွမ်းမံ သင်တန်းများအရင်တက်သင့်မှန်း သိသည်။ ဒါ့ထက်ပို အချိန်နှင့်ငွေ တတ်နိုင်ပါက လူငယ်တစ်ယောက်တတ်သင့်၊ တတ်ထိုက်သော အထောက်အကူပြုသင် တန်းများတတ်နိုင်လျှင် ပို၍ကောင်းမှန်းသိသည်။
တရားရုံးဝန်ထမ်းများ ယဉ်ကျေးပျူငှာစွာ ၀န်ဆောင်မှုပေးမည်ဟု ရန်ကုန်တိုင်းတရားသူကြီးချုပ်ဆို
တရားရုံးဝန်ထမ်းများ ဘက်က ယဉ်ကျေးပျူငှာသည့် ၀န်ဆောင်မှုပေးမည်ဟု ရန်ကုန် တိုင်းတရားသူကြီးချုပ် ဦးလှအေး ကယမန်နေ့တွင်ပြောသည်။ လက်ရှိတရားရုံးများ၏ ပက တိအခြေအနေနှင့် လုပ်ထုံးလုပ် နည်းများကို ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေသည့် အပိုင်းများ ကို ရန်ကုန်တိုင်းတရားလွှတ် တော်တရားသူကြီးက ရှင်းလင်းခဲ့သည်။ ‘‘တရားရုံးအသုံးပြုသူများ ကိုစိတ်ရှည်ရှည်နဲ့ဆက်ဆံမှုလုပ် ဆောင်ပေးသွားမယ်’’ ဟု လည်း ရန်ကုန်တိုင်းတရားသူကြီးချုပ်က ထပ်လောင်းပြောသည်။
ကျိုက်ထီးရိုးတောင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင် ၅၀၀ ယနေ့ စိုက်ပျိုး
ကျိုက်ထီးရိုးတောင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင် ၅၀၀ ယနေ့ စိုက်ပျိုးခဲ့ကြောင်း ရင်ပြင်တော်ဂေါပက အဖွဲ့က ပြောသည်။ ရင်ပြင်တော်ဂေါပကအဖွဲ့နှင့်အတူ အမှတ်(၁၅)လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး နေမင်းစိုး ဦးစီးသည့်အဖွဲ့၊ ရင်ပြင်တော်ရဲကင်းစခန်းမှူး ရဲအုပ် ထွန်းမင်းသက် ဦးစီးသည့် အဖွဲ့၊ကမ္ဘာလှည့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဖြိုးဝေ ဦးစီး သည့်အဖွဲ့၊တပ်မ(၄၄)ဆက်သွယ်ရေးတပ်စုမှ တပ်ကြပ်ကြီး ဇေယျာလင်း နှင့် အဖွဲ့၊ရင်ပြင်တော်လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဒုခေါင်းဆောင် ဦးဝင်းမောင်နှင့်အဖွဲ့၊ရင်ပြင်တော်စိမ်းလန်းသန့်ရှင်းရေးအဖွဲ့ခေါင်းဆောင် ဦးစိုးမြင့် နှင့်အဖွဲ့တို့ ပူးပေါင်းပြီး စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ယနေ့ စိုက်ပျိုးခဲ့သော သစ်ပင်များမှာ ကျိက်ထီးရိုးရင်ပြင်တော်၊ မုဆိုးတောင်ဘုရားအနီးတွင် မလေးရှားပိတောက် အပင်(၄၀၀)၊ ကံ့ကော် အပင်(၅၀)၊ ခရေ အပင်(၅၀)၊ စုစုပေါင်းအပင်(၅၀၀)တို့ဖြစ်သည်ဟု သိရသည်။
အမှိုက်တန် ၂၁၀ ကို အင်ဒိုနီးရှားက သြစတြေးလျသို့ ပြန်ပို့မည်
ရာသီအကြို လေ့ကျင့်ရေးအစီအစဉ် ပျက်ကွက်သော နေမာကို ပီအက်စ်ဂျီအရေးယူမည်
ရာသီအကြိုလေ့ကျင့်ရေး အစီအစဉ် ပထမရက် လာရောက် ရန် ပျက်ကွက်ခဲ့သော တိုက်စစ် မှူး နေမာကို အရေးယူမည်ဟု ပီအက်စ်ဂျီအသင်းက ပြောသည်။ အသက် (၂၇)နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး နေမာသည် ဇူလိုင် ၈ ရက်က ပီအက်စ်ဂျီ အသင်း လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိရမည်ဖြစ်သော်လည်း ရောက်မလာပေ။ေ နမာအနေဖြင့် အသင်း ဟောင်း ဘာစီလိုနာသို့ ပြန်လည် ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသည်။
အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်တွင် အိုင်ဗရီကို့စ်နှင့် အယ်လ်ဂျီးရီးယားတွေ့
ခရစ္စတယ်ပဲလေ့စ် တိုက် စစ်မှူး ဇာဟာ၏ တစ်လုံးတည်း သောဂိုးဖြင့် အိုင်ဗရီကို့စ်သည် မာလီကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အာဖရိကနိုင်ငံများဖလား ကွာ တားဖိုင်နယ်သို့ တက်ရောက်ခဲ့ သည်။ေ နွရာသီတွင် အာဆင်နယ် သို့ ပြောင်းရွှေ့မည်ဟု သတင်း ကြီးနေသူ ဇာဟာ၏ဂိုးကြောင့် အိုင်ဗရီကို့စ်သည် မာလီနှင့် တွေ့ ဆုံတိုင်း ရှုံးပွဲမရှိ စံချိန်ဆက်လက်ထိန်းနိုင်ခဲ့ပြီး ကွာတားဖိုင်နယ် တွင် အယ်လ်ဂျီးရီးယားနှင့် ကစားမည်ဖြစ်သည်။
အိုလံပစ်ရေကူးသမားက ရေနစ်နေသော ပူပူနွေးနွေး လိင်တူအိမ်ထောင်ရှင်တစ်ဦး၏အသက်ကို ကယ်ဆယ်နိုင်
ရဟန်းအချို့ လူမှုရေး၊ ပါတီနိုင်ငံရေးတွင် ပါဝင်နေခြင်းကြောင့် သာသနာထိခိုက်ပျက်စီးနိုင်ဟု သာသနာရေးဝန်ကြီးလျှောက်ထား
ရဟန်းများနှင့် မအပ် စပ်သော လူမှုရေး၊ ပါတီနိုင်ငံရေး ကိစ္စများ၌ ပါဝင်ဆောင်ရွက်ကာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ၏ ထိန်းသိမ်းကြပ်မတ်မှုကို မလို လားသည့် ရဟန်းများကြောင့် သံ ဃာညီညွတ်ရေးနှင့် သာသနာကို ထိခိုက်ပျက်စီးနိုင်ကြောင်း သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မဟန ဆရာတော်များထံ လျှောက်ထားခဲ့သည်။ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ဇူလိုင် ၈ ရက် က ကျင်းပသည့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးတွင် သာသနာရေး ဆိုင်ရာ ကိစ္စရပ်များ လျှောက်ထား စဉ် ပြည်ထောင်စုဝန်ကြီးက ထို သို့လျှောက်ထားခြင်းဖြစ်သည်။
ထိပ်တန်းကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၅ နေရာတွင် ပုဂံဒေသကို နံပါတ် (၃)ဖော်ပြ
ထောင်အတွင်း သေဆုံးခဲ့သော အောင်သပြေရွာသားအမှု ထောင်ဝန်ထမ်းများကို စုံခုံဖွဲ့စစ်ဆေးမည်
မန္တလေးအိုးဘိုအကျဉ်း ထောင်အတွင်း သေဆုံးသည့် အောင်သပြေရွာသားဦးထွန်းမြင့် ၀င်းအမှုကို လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်သောကြောင့် စုခုံဖွဲ့ကာ အိုးဘိုအကျဉ်းထောင် ဘက်ကို စစ်ဆေးမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအုပ်မျိုး ညွှန့်ကပြောသည်။ ဘိလပ်မြေ စက်ရုံစီမံကိန်းကို ကန့်ကွက်မှုနှင့် ပတ်သက်၍ ဦးထွန်းမြင့်ဝင်း ဇွန်လ ၂ ရက်က ဖမ်းဆီးထိန်း သိမ်းခံရပြီး ဇွန်လ ၅ ရက်တွင် ထောင်အတွင်း၌ သေဆုံးခဲ့ရာ အရက်ကြောင်ရောဂါနှင့် အဖျား ကြီးခြင်းကြောင့် ဖြစ်ကြောင်း ဇွန်လ ၅ ရက်ရဲမှတ်တမ်း၌ ဖော်ပြသည်။
ဦးဝီရသူကို ဝရမ်းကပ်ရန် တရားရုံးက ကြေညာချက်ထုတ် ကျောင်းတိုက်နှင့် ပစ္စည်းများပါ ဝရမ်းကပ် ချိပ်ပိတ်ရန်ပါဝင်
ထွက်ပြေးတိမ်းရှောင်နေသော ဦးဝီရသူကို ဝရမ်းကပ် ကြေညာ ရန်နှင့် ၎င်း၏ကျောင်းတိုက်နှင့် ပစ္စည်းများကို ဝရမ်းကပ်ချိပ်ပိတ်ရန် အနောက်ပိုင်းခရိုင်တရားရုံးက ယမန်နေ့တွင် ကြေညာချက်ထုတ်သည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံရသော ဦးဝီရသူအမှုနှင့်ပတ်သက်ပြီး ယမန်နေ့က တရားလိုပြ သက်သေ သုံးဦးကိုစစ်ဆေးပြီးနောက် အားလုံးစစ်ဆေးပြီး၍ တရား သူကြီးက ဝရမ်းကပ်ရန် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။
ပုဂံနှင့် ညောင်ဦးတွင် မြို့သစ်နှင့် စီးပွားရေး ဇုန်တည်ရန် အစီအမံများ ရေးဆွဲနေ
ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ပုဂံနှင့် ညောင်ဦးမြို့တွင် မြို့ သစ်တည်မည့်အစီအမံများ ရေးဆွဲနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ ပုဂံနှင့် ညောင်ဦးမြို့ရှိရွာ ၂၀ ကျော်သည် ယူနက်စကိုကသတ်မှတ်ထားသည့်ဇုန်အတွင်း ကျရောက်နေသဖြင့် နောက်ထပ်တိုးလာမည့် လူဦးရေအရ မြို့သစ်၊ ရပ်ကွက် သစ်များ တိုးချဲ့၍မရနိုင်သော ကြောင့် ထိုသို့စီစဉ်ရခြင်းဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။
ဗစ်တိုးရီးယားအတွက် အမှန်တရားရှာဖွေရန် အမှုကိုလက်ခံခဲ့ဟု အောင်ကြီး၏ရှေ့နေပြော
ဗစ်တိုးရီးယားအမှု နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်း ဆီးတရားစွဲဆိုထားသည့် အောင် ကြီးဘက်မှ ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်ခြင်းသည် အမှန်တ ရားကိုဖော်ထုတ်၍ တရားခံအစစ် ကို ရှာဖွေရန်ဖြစ်သည်ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က ပြောသည် ‘‘အောင်ကြီးကို လွတ် မြောက်ရန် ကြိုးစားမှာမဟုတ်ဘဲ နဲ့ တကယ်အမှန်တရားပေါ်ပေါက် ပြီးတော့ ဒီကျူးလွန်တဲ့သူအစစ် ပေါ်ပေါက်အောင် လုပ်ပါမယ်‘’ ဟု ၎င်းက 7Day Daily သတင်း စာအား ပြောသည်။
တရားခွင်အတွင်း ဗစ်တိုးရီးယား စိတ်သက်သာစေမည့်ပတ်ဝန်းကျင် ဖန်တီးပေးမည်ဟု ဒုခရိုင်တရားသူကြီးဆို
စိုးရိမ်ကြောင့်ကြမှု မရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်မည့် တရားခွင်ဖြစ်စေရေး ဗစ်တိုးရီးယား အတွက် စီမံပေးမည်ဟု နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးက ပြောသည်။ ‘‘ကလေးကိုလည်းပဲ ဒီအနှောင်အဖွဲ့ပေါ့။ သူစွပ်စွဲထားတဲ့ သူတွေကို လွတ်လွတ်လပ်လပ် ဘယ်သူကိုမှ စိုးရိမ်ကြောင့်ကြမှု မရှိဘဲနဲ့ ကလေးလွတ်လွတ် လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ရ အောင် ပတ်ဝန်းကျင်တစ်ခု ဖန်းတီးပြီးတော့ ကျွန်တော်တို့ စစ်ဆေးစီရင်သွားမယ့် တရားစီရင်ရေးတစ်ခုအကောင်အထည် ဖော်ပေးမှာပါ’’ဟု မီဒီယာအချို့နှင့် ယမန်နေ့တွင် တွေ့ဆုံစဉ် ၎င်းကပြောကြားပြီး အထက်လူကြီးများ ထံ တင်ပြစီမံနေကြောင်း ဆက်လက်အသိပေးသည်။
တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်း နေပြည်တော်သို့လာရောက်၍ ရခိုင်ပြည်နယ်အရေးဆွေးနွေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ တရုတ်ခရီးစဉ်အပြီး ရောက်လာခြင်းဖြစ်
မိန်းကလေးတစ်ဦးကို မိန်းကလေးခုနစ်ဦးက လမ်းမပေါ် အုပ်စုဖွဲ့ရိုက်နှက်မှု တန့်ယန်းမြို့တွင် ဖြစ်ပွား၊ ပုဒ်မလေးခုဖွင့်၍ ရဲတပ်ဖွဲ့စစ်ဆေးနေ
အသက် (၁၄) နှစ် အရွယ် မိန်းကလေးတစ်ဦးကို အရွယ်တူ မိန်းကလေးခုနစ်ဦးက လမ်းမပေါ်တွင် အုပ်စုဖွဲ့ရိုက်နှက် သည့်ဖြစ်စဉ်ဖြစ်ပွားပြီး ရှမ်းပြည် နယ် တန့်ယန်းမြို့၌ ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း တန့်ယန်းမြို့နယ်တွင် ဇူလိုင် ၈ ရက် ညနေက ဖြစ်ပွားခဲ့သည်။ ‘‘ဘေးက လူကြီးက တား တယ်။ တားတာကို ဦးလေးဝင်မ ပါနဲ့။ ဦးလေးပါရိုက်မယ်လို့ ပြော တာ။ ကောင်မလေးတွေလေး ယောက်ကို ဖမ်းထားပြီး စစ်နေ တာ။ သုံးယောက်ကို မမိသေး ဘူး’’ ဟု ရိုက်နှက်ခံရသူ မိန်းက လေး၏ အဒေါ် ဒေါ်နန်းလှခမ်းက ပြောသည်။ ရိုက်နှက်သူများနှင့်မူ ဆက်သွယ်မရသေးပေ။
ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေး မုံရွာဒေသခံ ၃,၀၀၀ ခန့် တောင်းဆို
တောင်ကြီး ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ယာဉ်ရပ်နားစခန်း ပြောင်းရွှေ့မည် ယင်းနေရာကို သင်ကြားရေးဆေးရုံအဖြစ် ထားရှိရန်စီစဉ်
သစ်တောရပ်ကွက် ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ယာဉ်ရပ်နားစခန်းကို ပြောင်းရွှေ့၍ သင်ကြားရေးဆေးရုံအဖြစ် ထားရှိမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံ ကျော်က ပြောသည်။ ဇူလိုင် ၉ ရက်က ကျင်းပ သည့် ရှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေးတွင် တောင် ကြီးမြို့ မဲဆန္ဒနယ်မြေ အမှတ် (၂)မှ ဦးခွန်သူရအောင်၏ ‘တောင် ကြီးဆေးတက္ကသိုလ်ရှေ့ရှိ ကုန် တင်ယာဉ်ရပ်နားစခန်းကို ပြောင်း ရွှေ့ရန်နှင့် ကျန်းမာရေးဇုန်အဖြစ် သတ်မှတ်ပေးစေရန်’ ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ဦးစိုင်း လုံကျော်က ပြန်လည်ဖြေကြားခဲ့ သည်။
ပုဂံရှိ ဟိုတယ်များ ရွှေ့ရမည်ဟု လှုံ့ဆော်နေသူများကို သူရဦးအောင်ကိုတုံ့ပြန်
ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ ဟိုတယ်များနှင့် အ ဆောက်အအုံများ ရွှေ့ပြောင်းပေးရမည်မဟုတ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားသည်။ ဟိုတယ်နှင့် အဆောက်အအုံများ ရွှေ့ပြောင်းပေးရမည်ဟု ပြောဆို လှုံ့ဆော်နေသည့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်မှုကို မလိုလားသူ များဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘၀’ အဖွဲ့က NCAတွင် ပါဝင်လက်မှတ်ထိုးနိုင်ရေးဆိုင်ရာ အဆိုပြုချက်ကို အစိုးရထံပေးပို့ထား
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနက် အင်အားအကြီးဆုံး ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) က NCA တွင် ပါဝင်လက်မှတ်ထိုး နိုင်ရေးဆိုင်ရာ အဆိုပြုချက်ကို အစိုးရထံ ပေးပို့ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ရန်ကုန်မြို့ရှိ အမျိုးသား ပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) ရုံး၌ ဇူလိုင် ၉ ရက်တွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြား သည်။
နွားများကို ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်တင်ပို့မည့် လူလေးဦးအား အမှုဖွင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တရားမဝင် နွားတင်ပို့မည့် လူ လေးဦးနှင့် နွား ၁၇ ကောင်ကို ကျောက်တော်မြို့နယ်တွင် ဖမ်းမိ ခဲ့သည်။ အဆိုပါ နွားများနှင့် လူများ ကို ဇူလိုင် ၇ ရက်က ကျောက် တော်မြို့နယ် ကွမ်းအုံချောင်း ကျေးရွာအနီး ပီကောက်ချောင်း အတွင်း စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ဘီးလင်းမြစ်ရေ တက်လာသဖြင့် မြို့ပေါ်ရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်းသုံးခု ဖွင့်လှစ်ထား
မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေမြင့် တက်လာသဖြင့် ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ထားကြောင်း မွန် ပြည်နယ်လွှတ်တော် ဘီးလင်းမြို့ နယ်ကိုယ်စားလှယ်ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။ ဘီးလင်းမြစ်ရေသည် စိုးရိမ်အမှတ် ၁,၀၂၂ ရှိကာ ဇူလိုင် ၉ ရက်တွင် ၉၇၇ ထိ ရောက်ရှိနေသဖြင့် အိမ်ထောင်စု ၂၃ စု၊ လူ ၁၀၄ ဦးကို ကယ် ဆယ်ရေးစခန်းများသို့ ပြောင်း ရွှေ့ထားကြောင်း ဒေါက်တာခင်နိုင်ဦးက ဆိုသည်။
အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သဘောတူချမှတ်

အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၈ နှစ်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်"တရပ်ကို သဘောတူချမှတ်နိုင်ခဲ့ပါတယ်။ တာလီဘန်သူပုန် ၊ အာဂန်နစ္စတန်အစိုးရအရာရှိတွေနဲ့ တခြား သြဇာတိက္ကမရှိသူ တွေပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီချက်ရခဲ့ကြတာဖြစ်ပါတယ်။ အရပ်သားတွေကို တိုက်ခိုက်တာ ရပ်ဖို့ ၊ အမျိုးသမီးအခွင့်အရေးကို "အစ္စလာမ် ဓလေ့ထုံးတမ်း မူဘောင်"အတွင်းကနေ အကာအကွယ်ပေးဖို့ကိုလည်း ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
မုတ်သုံမိုးဒဏ်သင့် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ကုလစိုးရိမ်
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားမှာ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေနဲ့ ဒေသခံတွေရဲ့ အခြေအနေတွေ ဆိုးရွားနေပြီး လာမယ့် ရက်ပိုင်းအတွင်းမှာဘဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုပြီး လိုအပ်လာမယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ မုတ်သုံမိုးကြောင့် ရေကြီး မြေပြိုပြီး ရိုဟင်ဂျာ မိသားစုပေါင်း ၄၀၀၀ ကျော်ရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ အထူးသဖြင့် အခြေအနေ ဆိုးရွားနေပြီး ရေကနေ တဆင့် ကူးစက်ရောဂါ ဖြစ်ပွားမယ့် အန္တရာယ်ကိုလည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
မော်တော်ဆိုင်ကယ်စီး ကမ္ဘာပတ်မြန်မာနှစ်ဦး ရုရှားကိုရောက်ပြီ

ရိုဟင်ဂျာပြဿနာအဖြေရှာရေး အဓိက ၃ ချက် ဗြိတိန်သံအမတ်ကြီး တင်ပြ
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အတွက် ရေရှည်အဖြေရှာရာမှာ အချက်၃ ချက်အတိုင်း လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Robert Chatterton Dickson က တနင်္လာနေ့ ဒက်ကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ပထမအချက်အနေနဲ့ ရခိုင်အရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အဆိုပြုချက်တွေအပေါ် အခြေခံပြီး အကောင်ထည် ဖေါ်ဖို့ဖြစ်ကြောင်း၊ ဒုတိယ အချက်အနေနဲ့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နိုင်ငံသားပေးဖို့ လမ်းဖွင့်ပေးရေးနဲ့ တတိယအချက်ကတော့ ရိုဟင်ဂျာတွေ နယ်စပ် ကျော်ဖြတ်ပြီး ထွက်ပြေးဖို့ ဖြစ်လာစေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဖြစ်ကြောင်း တင်ပြခဲ့တာပါ။
ကျောက်တော်မှာ မြန်မာစစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကစ္ဆပနဒီ တံတားအနီးမှာ မြန်မာတပ်မတော် ယာဉ်တန်း ဗုံးခွဲ တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကစ္ဆပနဒီတံတားအနီးမှာ တပ်မတော် စစ်ကြောင်းတခု ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်း က ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် သေဆုံးသူရှိ၊ မရှိနဲ့ ဘယ်နှစ်ဦး ထိခိုက် ဒဏ်ရာရသလဲဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
ဦးဝီရသူကို ဝရမ်းကပ် ပြီ
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဦးဝီရသူကို တစ်လအတွင်း လာရောက်အဖမ်းခံ ဖြေရှင်းဖို့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၉ ရက်နေ့က အမိန့်ချမှတ် လိုက်ပါတယ်။ တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ ဝရမ်းထုတ်ဆင့်လိုက်ပြီး ဦးဝီရသူ နေထိုင်ခဲ့တဲ့ နေရာတွေမှာ တရားရုံးကြေညာချက် လိုက်ကပ်မှာ ဖြစ်တယ်လို့ တရားရုံးက သတင်းထောက်တွေကို ပြောပါတယ်။ "ထွက်ပြေးတိမ်းရှောင်သူ နေထိုင်ခဲ့တဲ့ မြို့ကျေးရွာ နေရာတွေမှာ စာကပ်ရမယ်၊ အဲဒါ ရဲ က ကပ်ရမယ် "လို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုခရိုင်တရားသူကြီး(၃)ဦးမင်းသန့်က ဇူလိုင် ၉ ရက်နေ့ သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။
စတိုးဆိုင် အလုပ်သမ အခန်းပိတ် ရိုက်ခံရမှု စုံစမ်းဖော်ထုတ်မည် ဟု လူမှုရေးဝန်ကြီးပြော
ဖောင်းပြင်မြို့ရှိ စတိုးဆိုင် တစ်ခုတွင် အလုပ်သွားလုပ်သော မုံရွာမြို့ ထန်းတောရပ်ကွက်မှ မိန်းကလေးတစ်ဦးအား ဆိုင်ရှင်မှ ပိတ်လှောင်ရိုက်နှက်မှုကို စုံစမ်းဖော်ထုတ်သွားမည်ဟု စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း ကပြောသည်။ အသက် ၁၇ နှစ်အရွယ် ဆိုင်အကူ မိန်းကလေးသည် ရိုက်နှက်ခံရစဉ်က ရရှိသော နောက်ကျောဘက်ဒဏ်ရာအားခွဲစိတ်ရန်အတွက် မုံရွာဆေးရုံကြီးတွင် ယခု တက်ရောက်ကုသနေသည်။
သုဝဏ္ဏဝတီမြို့၌ ချောင်းအတွင်းသို့ ကလေးငယ်တစ်ဦး လိမ့်ကျ မျောပါ သေဆုံး
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်၌ ဇူလိုင် ၉ ရက် ၁၁နာရီ ခန့်တွင် ကလေးငယ်တစ်ဦး ရေထဲလိမ့်ကျ၍ ချောင်းအတွင်း မျောပါ သေဆုံးသွားကြောင်း သိရသည် ။ သိမ်ဆိပ်ရပ်ကွက် အောက်ကျင်းပိုင်းရှိ အောက်ကျင်းတံတားအနီးတွင် နေထိုင်သော အဖွားဖြစ်သူ ဒေါ်ကျင်လှသည် ထမင်းအိုးတည်နေခိုက် ၎င်း၏ မြေးဖြစ်သူ မမေပြည့်စုံ( အသက်- ၁ နှစ် ၈ လ၊အဖ- ဦးသက်နိုင်ထွန်း ) ) သည် ဆော့ကစားနေစဉ် နေအိမ်ဘေးရှိ ဒေဝီသခင်မချောင်းအတွင်း လိမ့်ကျ မျောပါသွားကြောင်း သိလျှင်သိခြင်း ကျေးရွာနေပြည်သူများက ချောင်းအတွင်း ပိုက်များချ၍ ပိတ်ဆို့ရှာဖွေရာ
သန်လျင်၌ ယာဉ်တိုက်မှုဖြစ်ပွား အမည်မသိ အမျိုးသားတစ်ဦး သေဆုံး
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အမှတ် (၁၀) သစ်စက်လမ်း၌ ဇူလိုင် ၉ ရက် ၀၁း၃၀ အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ အမည်မသိအမျိုးသားတစ်ဥိး သေဆုံးခဲ့ကြောင်း သန်လျင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ သန်လျင်မြို့နယ်၊ အမှတ် (၁၀) သစ်စက်လမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် ယာဉ်အမျိုးအစား (စုံစမ်းဆဲ) ယာဉ်သည် ကုလားဘုရားကျောင်းအနီးအရောက် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသူ အမည်မသိ (စုံစမ်းဆဲ) အသက် (၅၀) နှစ်ခန့် အမျိုးသားအား ဝင်ရောက်တိုက်မိရာ အမည်မသိ အမျိုးသားတွင် ဘယ်၊ ညာ လက်မောင်းကျိုး၊ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရခိုင်မြောက်ပိုင်းစစ်ကြောင့် သေဆုံးသူဒေသခံ ၃၅ဦးရှိပြီ
ရခိုင်လက်နက်ကိုင်တပ် AA နဲ့ အစိုးရတပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်မှာ စစ်ဘေးဒဏ်ကြောင့် အသက်ဆုံးခဲ့ရတာ နောက် မသင်္ကာမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခံရရင်း သေခဲ့ရတဲ့ ဒေသခံပြည်သူပေါင်းက ၃၅ဦးအထိရှိသွားပြီဖြစ်ပြီး လက်နက်ကိုင်တပ်နဲ့ဆက်နွယ်တယ်ဆိုပြီး မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခံနေရတာက ၁၀၀ကျော်ရှိသွားပြီလို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ စစ်ဘေးကြောင့် အသက်ဆုံးခဲ့ရသူတွေ ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခံရသူ တရားစွဲခံနေရတဲ့ ဒေသခံတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကို သက်ဆိုင်ရာ နိုင်ငံသားတို့ အခွင့်အရေး ကာကွယ်လုံခြုံမှုပေးဖို့နဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
Victoria လေးတို့ မူကြိုကျောင်းရှေ့က စီစီတီဗီပုံရိပ်များ

သက်ငယ်မုဒိမ်းမှု ပပျောက်ရေး သျှမ်းအရေးလှုပ်ရှားသူများရဲ့အမြင်
ယခုလ ဇူလိုင် ၆ ရက်နေ့က သျှမ်းပြည်နယ် တောင်ကြီးမြို့ အပါအဝင် တခြားတိုင်း နဲ့ ပြည်နယ်တွေမှာ “Justice for Victoria” ဆိုတဲ့ သက်ငယ်မုဒိမ်း မှု ပပျောက်ရေး လှုပ်ရှားမှုကို ထောင်ချီ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ထို ဆန္ဒပြမှုကို ကြည့်ချင်းအားဖြင့် မိဘ ပြည်သူများဟာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု နှင့် အမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တနေ့ထက် တနေ့များလာတဲ့အပေါ် ပူပင်သောက များနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာကို မြင်တွေ့ရပါတယ်။
တာချီလိတ်မြို့မှာ ပိတ်ဆို့စစ်ဆေးရှာဖွေရာမှ သေနတ်ပါလာတဲ့ တရားခံကို ဖမ်းဆီးရမိ

Subscribe to:
Posts (Atom)