ဖုန်းနဲ့ ဆက်စပ်ပစ္စည်း ၀ယ်သူတွေကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း လာမယ့် ဇွန်လ ၁ ရက်နေ့ စတင်ကောက်ခံမှာဖြစ်ပြီး စာသုံးသူတွေအား အခွန်တံဆိပ်မကပ်ပေးတဲ့ အရောင်းဆိုင်တွေတွေ့ရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို ဆုငွေချေးမြှင့်သွားမယ်လို့ မွန်ပြည်နယ် ပြည်တွင်းအခွန်းများဦးစီးဌာနက ပြောပါတယ်။ လက်ရှိမှာ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးက သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးမှူးတွေကနေ တဆင့် ဖုန်းနဲ့ ဆက်စပ်ပစ္စည်းအရောင်းဆိုင်တွေကို အခွန်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အသိပညာပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
Pages
Thursday, May 23, 2019
ရေဦးရဲစခန်းဝင်းအတွင်း လက်ပစ်ဗုံးဟောင်းများနှင့်အမြောက်ကျည် တွေ့ရှိ
ထိုင်းဥယျာဉ်အတွင်း အမဲပစ်ထွက်သည့် ကေအန်ယူ စစ်သားတဦး ဖမ်းဆီးခံရ
နိုင်ငံသားကတ်ပေးရန် မွတ်စလင်ဒုက္ခသည်များ ကုလမဟာမင်းကြီးထံ တောင်းဆို
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေဟာ မူလနေရာမှာ ပြန်လည်နေထိုင်ခွင့်ရဖို့၊ နိုင်ငံသားကတ်ပြားပေးဖို့နဲ့ တန်းတူအခွင့်အရေးပေးဖို့ မေလ ၂၂ ရက်က ကုလသမဂ္ဂရဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီနဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်ပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ သီးခြားနေထိုင်ရတာကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အဘက်ဘက်က ထိခိုက်နေရတယ်လို့လည်း ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်သူတွေက ဆိုပါတယ်။
ပေါ့ဂ်ဘာနှင့် ဟာဇက် ရောက်လာပါက ကြိုဆိုမည်ဟု ရီးရဲလ်နောက်ခံလူ ဗာရန်းပြော
ပေါ့ဂ်ဘာနဲ့ ဟာဇက်တို့ဟာ ကစားသမားကောင်းတွေ ဖြစ်တာကြောင့် အသင်းကို ရောက်လာမယ်ဆိုရင် ကြိုဆိုတယ်လို့ ရီးရဲလ်နောက်ခံလူ ဗာရန်းက ပြောလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ ဟာဇက်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
ဝေသာလီကျေးရွာအနီး တိုက်ပွဲအပြီး လူ ၂ ဦး ဖမ်းဆီးခံရ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီရွာအနီး ရန်ကုန်-စစ်တွေ လမ်းမကြီးမှာ မေလ ၂၂ ရက် မနက်ပိုင်းက တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အေအေတပ်သား ၂ ဦးကို ဖမ်းထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “မနေ့က ၁၁ နာရီ ကျော်လောက်မှာ တိုက်ပွဲဖြစ်တာမှန်ပါတယ်။ အေအေဘက်က လက်နက်မဲ့ တပ်သား ၂ ဦး ဖမ်းမိပါတယ်။ အခုရဲလက်ထဲ အပ်နှံထားပါတယ်။ အမှုတော့ မဖွင့်သေးပါဘူး။ စစ်ဆေးနေတုန်းပါလို့” ပြောပါတယ်။
ရန်ကုန်တွင် Alpha ဘိလပ်မြေ စက်ရုံ ဖျက်သိမ်းရေး ဦးဆောင်သူ ၂ ဦး ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခံရပြီး အာမခံရရှိ
ရန်ကုန်မြို့တွင် Alpha ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ ၂ ဦးကို ကျောက်တံတားမြို့နယ်ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးပြီး အာမခံပေးကာ ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဒဟပ်တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး မေလ ၁၉ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံရှေ့ တွင်ဆန္ဒဖော်ထုတ်ခဲ့ပြီး ယင်းဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူ ကိုဌေးအောင်၊ကိုနောင်နောင်၊တို့ကို ကျောက်တံတားရဲစခန်းက ယနေ့ မေလ ၂၂ရက်နေ့ ည နေပိုင်းတွင် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ၊ ယင်းနောက် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ပြီး အာမခံပေးကာ ပြန်လွှတ်လိုက်ကြောင်း ကာယကံရှင်ကိုဌေးအောင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မြို့ပတ်ရထားလမ်း အဆင့်မြှင်တာကို လာမယ့်နှစ်မှာ အပြီးလုပ်မယ်
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းကို ၂၀၂၀မေလမှာ ပြီးစီးအောင်ဆောင်ရွက်မယ်လို့ မြန်မာ့မီးရထားအောက်မြန်မာပြည်ရဲ့ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းကပြောပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင်မြှင့်တင်မှုစီမံကိန်းကို ဒညင်းကုန်းဘူတာကနေ ပုဇွန်တောင်ဘူတာထိ အရှေ့ဘက်ပိုင်းနဲ့ ဘုရားလမ်းဘူတာကနေဒညင်းကုန်းဘူတာထိအနောက်ဘက်ပိုင်းဆိုပြီး ၂ပိုင်းခွဲဆောင်ရွက်နေတာပါ။
ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် နည်းပညာစိန်ခေါ်မှု
ငွေကြေးအဖွဲ့အစည်းတွေလက်လှမ်းမမီတဲ့နေရာမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဖို့အတွကိ နည်းပညာပိုင်း စိန်ခေါ်မှုအစီအစဉ်ကို Dana Facility က မိတ်ဆက်လိုက်ပါတယ်။ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် တီထွင်ဆန်းသစ်မှုတွေ အားကောင်းလာဖို့ ရေးဆွဲထားတဲ့ အစီအစဉ်လို့လည်း သိရပါတယ်။ ဒီအစီအစဉ်ထဲမှာ အသေးစား အာမခံလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာငွေကြေးပံ့ပိုးမှု၊့  ဒီဂျစ်တယ် နည်းလမ်းနဲ့ အထောက်အထား စီစစ်အတည်ပြုတဲ့ စနစ် (eKYC) အစရှိတဲ့ လုပ်ငန်းတွေပါဝင်တယ်လို့ လည်း ထုတ်ပြန်ထားတာပါ။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ -၂၃ ၊ ၂၀၁၉
ဒီကနေ့မေ ၂၃ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၂၉ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၃၃ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၁၁၅ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊ ၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၄၅၅၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၁၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၂၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၁၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၈၅ ကျပ်ဈေးဖြစ်ပါတယ်။
ပြည်မြို့တွင် လေပြင်းကြောင့် အိမ်ခြေ ၇၀ ကျော်ပျက်စီး

ဒေသခြောက်ခု ပုံမှန်ထက် အပူချိန်မြင့်နေ၍ သတိပြုရန် မိုးဇလထုတ်ပြန် မြို့နှစ်မြို့ အပူချိန်စံချိန်သစ်ထပ်တင်
တိုင်းဒေသကြီးနှင့် ပြည် နယ်ခြောက်ခုတွင် ပုံမှန်ထက် အပူချိန်မြင့်တက်နေ၍ ဒေသခံ များ သတိပြုနေထိုင်ရန် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက မေလ ၂၁ ရက်၌ သတိ ပေးပြီး ယင်းနေ့တွင်ပင် ရှမ်းပြည် နယ် မြို့နှစ်မြို့၌ အပူချိန်စံချိန် သစ်တင်ခဲ့သည်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် မေလ၏ ပုံမှန် အပူချိန်ထက် ၅ ဒီဂရီစင်တီ ဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပြီး မေလ ၂၄ ရက်အထိ အပူချိန် ဆက်လက်မြင့် တက်နိုင်ကြောင်း သတိပေးထား သည်။
ရွှေစက်တော်ဘေးမဲ့တော၌ တွေ့ရှိသည့် တောက်တဲ့မျိုးစိတ်သစ်ကို မြန်မာအမည်ပေး
ချင်းတိုင်းရင်းသား ၅ဦးကို AA က ဖမ်းဆီးထားပြီး သတင်းပေါက်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထား
ရခိုင်ပြည်နယ်မင်းပြားမြို့နယ်အတွင်းရှိချင်းရွာများမှချင်းတိုင်း ရင်းသား ၅ဦးကို AA ကဖမ်းဆီးထားပြီး ဖမ်းဆီးထားသည့် သတင်းကို အစိုးရနှင့် မီဒီယာများထံသို့  ပေါက်ကြားပါက သတ်ပစ်မည်ဟု ဒေသခံရွာသားများကို ခြိမ်းခြောက်ခဲ့ကြောင်းအမည်မဖေါ်လိုသူ ဒေသခံက The Ladies News သို့ ယနေ့ (မေ ၂၂) တွင် ပြောကြားသည်။
ပဲပြားများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး FDA က "အထူးသတိပေး ကြေငြာချက်" ထုတ်ပြန်ထား

ကုန်သွယ်ရေးစစ် တရုတ်နိုင်ငံတွင်း ကန်လုပ်ငန်းရှင်များစိုးရိမ်
အမေရိကန်လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ရတဲ့ စာရင်းထဲ Huawei ကို အမေရိကန် အစိုးရက ထည့်သွင်း ကန့်သတ်ခဲ့တဲ့အပေါ် တရုတ်အစိုးရက လက်တုံ့ ပြန်ဆောင်ရွက်မှာကို အင်မတန် စိုးရိမ်တယ်လို့ တရုတ်နိုင်ငံထဲက အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ ကုန်သည်ကြီးများအဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အဖွဲ့ဝင် တဝက်လောက်နီးပါးဟာ အစိုးရရဲ့ စစ်ဆေးရေးဝင်မှု၊ အကောက်ခွန်ကင်းရှင်းကြောင်း အထောက်အထား နှောင့်နှေးမှု၊ ခွင့်ပြုချက်လိုင်စင် ထောက်ခံမှုရဖို့ ကြန့်ကြာမှုစတဲ့ အခက်အခဲတွေ ကြုံနေကြတယ်လို့ ပြောပါတယ်။
တရားမဝင်ကုန်စည် ကျပ် ၉ ဘီလီယံကျော်ဖိုး ဖမ်းမိ
တရားမဝင်ကုန်ပစ္စည်းတွေကို အထူးအဖွဲ့ဖွဲ့ပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလအထိ တန်ဖိုး ငွေကျပ် ၉ ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာ ဒီကနေ့ကျင်းပတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လစဉ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
“နယ်စပ်ဒေသတွေက တရားမဝင်ကုန်ပစ္စည်းတွေ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်လို့ တရားမဝင် ကုန်ပစ္စည်းတွေကို တားဆီးထိန်းချုပ်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ တရားမဝင် ကုန်ပစ္စည်းတွေ တားဆီးထိန်းချုပ်နိုင်ဖို့အတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ဧပြီလအထိ ဖမ်းဆီးအရေးယူမှု ၅၁၂ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါတယ်။”
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလ ၃ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခွဲလောက်အထိ ရှိခဲ့ပြီး အရင်နှစ် ကာလတူအချိန်ကထက် အမေရိကန်ဒေါ်လာ ဝ ဒသမ ၅၂၃ ဘီလီယံ ပိုမိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီပမာဏမှာ ပုဂ္ဂလိက ကဏ္ဍက အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော် ပါဝင်တဲ့အတွက် ၈၄ ရာခိုင်နှုန်းအထိ ပါဝင်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။
၂၀၁၆ ခုနှစ်ကစပြီး ဒုသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပုံမှန်တွေ့ဆုံခဲ့တာဖြစ်ပြီး အခုတွေ့ဆုံပွဲဟာ ၂၇ ကြိမ်မြောက် ဖြစ်ပါတယ်။
“နယ်စပ်ဒေသတွေက တရားမဝင်ကုန်ပစ္စည်းတွေ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်လို့ တရားမဝင် ကုန်ပစ္စည်းတွေကို တားဆီးထိန်းချုပ်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ တရားမဝင် ကုန်ပစ္စည်းတွေ တားဆီးထိန်းချုပ်နိုင်ဖို့အတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ဧပြီလအထိ ဖမ်းဆီးအရေးယူမှု ၅၁၂ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါတယ်။”
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလ ၃ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခွဲလောက်အထိ ရှိခဲ့ပြီး အရင်နှစ် ကာလတူအချိန်ကထက် အမေရိကန်ဒေါ်လာ ဝ ဒသမ ၅၂၃ ဘီလီယံ ပိုမိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီပမာဏမှာ ပုဂ္ဂလိက ကဏ္ဍက အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော် ပါဝင်တဲ့အတွက် ၈၄ ရာခိုင်နှုန်းအထိ ပါဝင်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။
၂၀၁၆ ခုနှစ်ကစပြီး ဒုသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပုံမှန်တွေ့ဆုံခဲ့တာဖြစ်ပြီး အခုတွေ့ဆုံပွဲဟာ ၂၇ ကြိမ်မြောက် ဖြစ်ပါတယ်။
အမှိုက်ကောက်လှုပ်ရှားမှုထက် စည်းကမ်းမဲ့အမှိုက်ပစ်သူကို အရေးယူသည့်နည်းက အကောင်းဆုံးဟု တပ်ကိုယ်စားလှယ်အကြံပြု
အမှိုက်ကောက်လှုပ်ရှားမှုတွေအစား စည်းကမ်းမဲ့အမှိုက်ပစ်သူကို အရေးယူတဲ့ နည်းလမ်းကသာ အကောင်းဆုံးပဲလို့ တပ်ကိုယ်စားလှယ်တစ်ဦးက ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အကြံပြုလိုက်ပါတယ်။ အမှိုက်ကနေ လျှပ်စစ်တွေထုတ်ဖို့၊ အမှိုက်မီးရှို့စက်တွေ တည်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆို ဆွေးနွေးစဉ် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးအောင်ကျော်နှင်းက ထည့်သွင်းဆွေးနွေးခဲ့တာပါ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

အမှိုက်ခွန်ကောက်ခံရေးစနစ်ကို ပြောင်းလဲကောက်ခံရန်လိုအပ်ပါက ရဲဝံ့စွာကောက်ခဲ့သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အကြံပြု
အမှိုက်ခွန်ကောက်ခံရေးစနစ်ကို ပြောင်းလဲကောက်ခံရန်လိုအပ်ပါက ရဲဝံ့စွာကောက်ခဲ့သင့်ကြောင်း တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်း မှ အကြံပြုပြောကြားလိုက်သည်။ “ကျွန်တော်အနေနဲ့ အကြံပြုတင်ပြလိုတာကတော့ နိုင်ငံရဲ့ အမှိုက်သိမ်းစနစ်ကို ယခုထက်ပိုပြီး စနစ်တကျ ဖြစ်စေရန်ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါတယ်။အမှိုက်ခွန်ကောက်ခံရေးစနစ်ကိုပြောင်းလဲရန်လိုအပ်ပါက ရဲရဲဝံ့ဝံ့ပြောင်းလဲသင့်ပါတယ်။မိမိ နိုင်ငံ အခြေအနေနဲ့ ကိုက်ညီသော Waste to Energy Plan များကို ဖော်ဆောင်သင့်ပါတယ်”ဟု ဗိုလ်မှူးအောင်ကျော်နှင်းကပြောသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၈၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

အီရန်အန္တရာယ် အဆင့်သတ်မှတ်ချက် ကန်ပါတီကြီးနှစ်ခုကြား ကွဲလွဲ
အီရန်နိုင်ငံရဲ့ ရန်အန္တရာယ်တွေနဲ့ပတ်သက်လို့ အမေရိကန်သမ္မတရဲ့ အမျိုးသား လုံခြုံရေးတာဝန်ရှိသူတွေက အထက်နဲ့ အောက်လွှတ်တော် အမတ်တွေအားလုံးကို အင်္ဂါနေ့က ရှင်းလင်းပြောကြားခဲ့ပြီးတဲ့နောက် အန္တရာယ်အဆင့်အပေါ် လွှတ်တော်အမတ်တွေကြား သဘောထားကွဲပြား နေကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo၊ ကာကွယ်ရေး ယာယီဝန်ကြီး Pat Shanahan နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford တို့က လွှတ်တော်အမတ်တွေကို တံခါးပိတ်ရှင်းလင်းပြခဲ့တာပါ။ သူတို့ရှင်းလင်းပြောပြတာ အရင်ကနဲ့ မတူဘဲ အမေရိကန်အကျိုးစီးပွားတွေ နဲ့ အမေရိကန်အမှုထမ်းတွေအပေါ် အီရန်တိုက်ခိုက်မယ့်ရန်က အင်မတန်ကြီးမားတယ်လို့ Republican အထက်လွှတ်တော်အမတ် Lindsey Graham က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မကွေးတိုင်းအတွင်း မိုးရွာသွန်းစေရေးအတွက် မိုးကောင်းဘုရားကို ပင့်ဆောင်

ချင်းပြည်နယ်၊ ထန်တလန်တွင် အရက် ဆက်လက်ရောင်းချခွင့်ပြုမည်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ယစ်မျိုးဆိုင်(၃)ဆိုင်ကို မပိတ်သိမ်းဘဲ သတ်မှတ်စည်းကမ်းနဲ့အညီ ရောင်းချအောင် ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်မြင့်ကပြောပါတယ်။ေ မ(၂၅)ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ထန်တလန် မဲဆန္ဒနယ်အမတ် ဒေါ်နီရွှေလျန်းမေးမြန်းတဲ့ ထန်တလန်မြို့နယ်က တရားဝင်ရောင်းချခွင့်ပေးထားတဲ့ ယစ်မျိုးလိုင်စင်တွေကို အပြီးတိုင် ပိတ်သိမ်းပေးဖို့နဲ့ ပိတ်သိမ်းဖို့အစီအစဉ်မရှိရင် စည်းကမ်းနဲ့အညီ ရောင်းဝယ်ဖောက်ကားအောင် စောင့်ကြည့်ကွပ်ကဲပေးဖို့ အစီအစဉ်ရှိ၊ မရှိမေးခွန်းကို ဒုတိယ၀န်ကြီး ဦးတင်မြင့်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံသားများ မြေငှား၍ ဖရဲစိုက်ခြင်း အစိုးရ ကြပ်မတ်ရန် စီစဉ်
လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူများ အနေဖြင့် ပြည်ထောင်စု အစိုးရ ခွင့်ပြုချက် မရဘဲ မည်သည့် နိုင်ငံခြားသားများ ပါဝင် သည့် အဖွဲ့အစည်းကိုမျှ ဖရဲစိုက်ခင်းအတွက် ငှားရမ်းခြင်း မပြုရန် လာမည့် စိုက်ပျိုးရာသီမှ စတင်၍ ကြပ်မတ် ဆောင်ရွက် သွားတော့မည်ဟု သိရသည်။ အဆိုပါ အစီအစဉ်ကို ပြည်ထောင်စု အဆင့်မှ စီမံချက် ရေးဆွဲနေခြင်းဖြစ်ပြီး၊ တနိုင်ငံလုံးသို့ အကျိုးသက်ရောက်စေ မည့် စီမံကိန်း ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသထံသို့ အသေးစိတ် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ညွှန်ကြားချက်များ မရောက် လာ သေးသဖြင့် လတ်တလော မပြောနိုင်သေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက ဧရာဝတီကို ပြောသည်။
မင်းလှတွင် ဆီသိုလှောင်ခြံ မီးလောင်မှု ဖြစ်ပွား

ဒုတိယအကြိမ်မြောက် Myammar Influencer Awards 2018ပွဲ ကျင်းပ
မြန်မာနိုင်ငံတွင် အမှိုက်ကစ ပြဿဒ်မီးလောင်ကောင်းနေကြောင်း မော်လိုက်အမတ် ဝေဖန်ပြောဆို

တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ ပြန်လည်ရောက်ရှိ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒူတာတေး၏ မဟာမိတ်များ အထက်လွှတ်တော်နေရာအများစု၌ အနိုင်ရ
ဖိလစ်ပိုင်နိုင်ငံတွင် မေ ၁၃ ရက်ကကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ သမ္မတ ရိုဒရီဂိုဒူတာတေး၏ မဟာမိတ်များသည် လစ်လပ်သည့် အထက်လွှတ်တော် ၁၂ နေရာအနက် အများစုကိုအနိုင်ရရှိခဲ့ကြကြောင်းမေ ၂၂ တွင် တရားဝင်ထုတ်ပြန်သည့် ရလဒ်များအရ သိရသည်။ေ မ ၁၃ ရက်ရွေးကောက်ပွဲပြီးနောက် မဲများကိုစတင်ရေတွက်ခဲ့သော်လည်းအလိုအလျောက်မဲရေတွက်စနစ် ချို့ယွင်းချက်များရှိခဲ့သဖြင့် ရလဒ်ထုတ်ပြန်ရန် ကြန့်ကြာခဲ့ခြင်းဖြစ်သည်။
အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ကူးမည့် ၀န်ထမ်းမပါသည့် ရေယာဉ်တီထွင်

ဒီမိုကရက်လွှတ်တော် ခေါင်းဆောင်တွေနဲ့ Trump အခြေအနေ တင်းမာ
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒီမိုကရက်ပါတီက အောက်လွှတ်တော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ အစည်းအဝေး စပြီး ၃ မိနစ် အကြာမှာပဲ သမ္မတဒေါ်နယ်ထရမ့်က အစည်းအဝေးအခန်းက ထွက်ခွာသွားခဲ့ပါတယ်။ သမ္မတထရမ့်ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်တဲ့ကိစ္စကို ကွန်ဂရက်က ဆက်လက်စစ်ဆေးနေတဲ့အပေါ် မကျေမနပ် ဖြစ်ပုံရလို့ ဒီလို အစည်းအဝေးက ထွက်ခွာသွားတာဖြစ်ကြောင်းကို VOA သတင်းထောက် Jeff Custer က သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျားကောင်ရေ တိုးပွားလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမဲလိုက်ခွင့်ပိတ်ပင်လိုက်အပြီး ၁၅ နှစ်အကြာမှာ ကမ္ဘာ့အကြီးဆုံး ဒီရေတောရှိရာ ဆန်ဒါဘန် ဒေသမှာ ကျားကောင်ရေ တိုးပွားလာတာကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရပါတယ်။ သစ်တောဌာနရဲ့ထုတ်ပြန်ချက်အရ အဲဒီသစ်တောမှာ လွန်ခဲ့တဲ့ လေးနှစ်က ကျားကောင်ရေ ၁၀၆ ကောင်ရှိခဲ့ရာက အခု ၁၁၄ ကောင်ရှိလာပြီလို့ သိရပါတယ်။ အဲဒီတောမှာ ၂၀၀၄ ခုနှစ်က ကျားကောင်ရေ ၄၄၀ အထိ ရှိခဲ့တာပါ။ အကျယ်အ၀န်း ၆၄၀ စတုရန်းမိုင်ရှိတဲ့ အဲဒီသစ်တောမှာ မနှစ်ကစလို့ ကင်မရာတွေ တပ်ဆင်ပြီး ကျားကောင်ရေကို မှတ်တမ်းပြုခဲ့တာပါ။ ဆန်ဒါဘန်ဒေသမှာ ရှားပါးတိရစ္ဆာန် စာရင်းဝင် ဧရာဝတီလင်းပိုင်နဲ့ ဘင်္ဂလားကျားတွေရှိနေပြီး၊ အမဲလိုက်တာ၊ နေစရာပျောက်ဆုံးလာနေတာတွေကြောင့် မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရတဲ့ သတ္တ၀ါတွေအဖြစ် သတ်မှတ်ထားပါတယ်။
သင်ရိုးသစ် Grade(6)နှင့် Grade(3) သင်တန်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆရာ၊ ဆရာမ ၁၁ ဦး သေဆုံး
မြန်မာတစ်နိုင်ငံလုံးရှိ အလယ်တန်းအဆင့် သင်ရိုးသစ် Grade(6)နှင့် Grade(3) သင်တန်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိချိန်ထိ ဆရာ၊ ဆရာမ ၁၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ သည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ သင်တန်းလာစဉ် ဆိုင်ကယ်၊ ကား မတော်တဆမှုကြောင့် သေဆုံးခြင်း၊ သင်တန်းမှအိမ်အပြန် လယ်ထဲသို့ သွားရောက်ရာမှ မိုးကြိုးထိမှန်သေဆုံးခြင်း၊ အပူရှပ်ခြင်းကြောင့် သေဆုံးခြင်း၊ နှလုံးရောဂါဖြင့် သေဆုံးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါကြောင့်သေဆုံးခြင်း၊ လေးဘက်နာပိုး၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် နှလုံးရောင်ရောဂါတို့ဖြင့် သေဆုံးခြင်း ၊ သင်တန်းတည်းခိုဆောင်တွင် ရုတ်တရက် မူးလဲ၍ သေဆုံးခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။
ကိုယ်ဝန်ဖျက်ချမှုကန့်သတ်သည့် ဥပဒေများကို အမေရိကန်၌ ဆန္ဒပြ

ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး အခြားမြို့နယ်များတွင် ထည့်သွင်းရန် စီစဉ်နေ
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ တခြားမြို့နယ်တွေအတွင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဆိပ်ကမ်းမြို့နယ်ထဲက ဗိုလ်အောင်ကျော်လမ်းကနေ ဗိုလ်တထောင်ဘုရားအထိကိုတော့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဗိုလ်တထောင်မြို့နယ်ထဲမှာ ထည့်သွင်းသွားဖို့ စီစဉ်နေပြီး ကျန်ရှိနေတဲ့ အပိုင်းတွေကိုတော့ ကျောက်တံတားနဲ့ လသာမြို့နယ်အတွင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ ဗိုလ်တထောင် မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်မေစိုးက ဒီဗွီဘီကို ပြောပါတယ်။
Brexit နုတ်ထွက်မှု ၀န်ကြီးချုပ် May နောက်ဆုံးကြိုးပမ်း
ဗြိတိသျှဝန်ကြီးချုပ် Theresa May ရဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ဖို့ နောက်ဆုံးအဆိုပြုချက်ကို ဗြိတိသျှလွှတ်တော်အမတ်တွေက ပြစ်တင်ရှုတ်ချနေချိန်မှာ သူ့ရဲ့ကွန်ဆာဗေးတစ် နိုင်ငံရေးပါတီကလည်း ဝန်ကြီးချုပ် May ကို နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။ အတိုက်အခံလွှတ်တော်အမတ်တွေ အဓိကတောင်းဆိုတဲ့အချက် ဖြစ်တဲ့ EU က နုတ်ထွက်ရေးအပေါ် ဒုတိယအကြိမ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပရေး မဲခွဲဆုံးဖြတ်ဖို့ အစီအစဉ်ပါဝင်တဲ့ သူ့ရဲ့ ဥပဒေကြမ်းတရပ်ကို လွှတ်တော်မှာ နောက်လတင်ပြဖို့ရှိတယ်လို့ အင်္ဂါနေ့က May က ပြောခဲ့ပါတယ်။
ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကုမ္ပဏီ ၉၃ ခု ပျက်ကွက်ဆဲဖြစ်ရာ ဇွန် ၅ ရက် နောက်ဆုံးထား၍ ပြန်လည်ပေးသွင်းရန် သတိပေးထားပြီး ပျက်ကွက်ပါက မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းနှင့် ဥပဒေအရအရေးယူမည်
ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန် ကုမ္ပဏီ ၉၃ ခုပျက်ကွက်ဆဲဖြစ်ရာ ၂၀၁၉ ခုနှစ် ဇွန် ၅ ရက်နောက်ဆုံးထား၍ ပြန်လည်ပေးသွင်းရန် သတိပေးထားပြီး ပျက်ကွက်ပါက ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းနှင့် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာသည်။ ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံ တော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဋ္ဌဌာန်းထားသည်။
ဇွန် ၁ ရက်တွင် သီလဝါဆိပ်ကမ်းရှိ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်ချဆိပ်ခံတံတားသစ်၌ သင်္ဘောများ စတင်ဆိုက်ကပ်နိုင်မည်ဖြစ်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လက်ခံဆောင်ရွက်မည်

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်အထိ အမျိုးသမီးများအပေါ် ကျူးလွန်သည့်မှုခင်းများတွင် ပုဒ်မ ၃၇၆ (အဓမ္မပြုကျင့်ခံရမှု) ၃၀၉၄ မှုရှိခဲ့ပြီး ပုဒ်မ ၃၆၃ (အရွယ်မရောက်သေးသော မိန်းကလေးအားခိုးယူမှု) ၁၀၈၈ မှုရှိခဲ့
၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်အထိ အမျိုးသမီးများအပေါ် ကျူးလွန်သည့် မှုခင်းများတွင် ပုဒ်မ ၃၇၆(အဓမ္မပြုကျင့်ခံရမှု) ၃၀၉၄ မှုရှိခဲ့ပြီး ပုဒ်မ ၃၆၃ (အရွယ်မရောက်သေးသော မိန်းကလေးအား ခိုးယူမှု) မှာ ၁၀၈၈ မှုရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အမျိုးသားလွှတ်တော်၌ ပြောကြားသည်။ေ မ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု မြင့်မားတိုးတက်လာစေရန် တာဝန်ရှိ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့အား ကျား/မ ဆိုင်ရာ အကဲခတ်မှုဆိုင်ရာ အသိပညာပေးရန် အစီအစဉ် ရှိ မရှိမေးမြန်းမှုအား ဖြေကြားစဉ် ဒုတိယဝန်ကြီးက ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်းလူမျိုးများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မိမိလူမျိုးနှင့် လူထုအပေါ် ချစ်ခင်လေးစားသည့် လွှတ်တော်ကိုယ်စားလှယ်ကောင်းများ ရွေးချယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း RCSS ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား
ရှမ်းလူမျိုးများအနေဖြင့် ၂၀၂၀ ခုနစ် ရွေးကောက်ပွဲတွင် မိမိလူမျိုးနှင့် လူထုအပေါ် ချစ်ခင်လေးစားသည့် လွှတ်တော်ကိုယ် စားလှယ်ကောင်းများ ရွေးချယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS ) ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS ) ဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် မေ ၂၁ ရက်က ကျင်းပသည့် ၆၁ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံများ အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ အစိုးရက ထောက်ပံ့သည့် လျှပ်စစ်မီး တစ်ယူနှစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် အခြေခံယူနစ် ၂၀ ရရှိရန် တိုင်းလုံးကျွတ် လူထုတောင်းဆိုပွဲ ပြုလုပ်မည်ဟုဆို
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံများ အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့အစိုးရက ထောက်ပံ့သည့် လျှပ်စစ်မီး တစ်ယူနှစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် အခြေခံယူနစ် ၂၀ ရရှိရန် တိုင်းလုံးကျွတ် လူထုတောင်းဆိုပွဲ ပြုလုပ်သွားမည့်အပြင် GGS ကုမ္ပဏီအား တစ်ယူနစ် ၂၅၀ ကျပ်ဖြင့် ဆက်လက်လုပ်ခွင့်ပြုမှုကိုလည်း ကန့်ကွက်ပြီး ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
ယခင် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) အား အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မေ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း တောင်သူလယ်သမားများ၏ စပါးရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာတွင် မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဒေါ်မာလာတင်သည် တောင်သူလယ်သမားများ၏ အခက်အခဲများအပေါ် အခွင့်ကောင်းယူလျက် လာဘ်ငွေရယူအဂတိလိုက်စားပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းပြင်ပဆောင်ရွက်နေခြင်းကို အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ဖော်ပြထားသည်။
လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးနေစဉ် MRTV ရုပ်သံလိုင်း ထုတ်လွှင့်မှု ပြတ်တောက်သွားခြင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် မှန်ကန်ကြောင်း ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ပြောကြား
လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးနေစဉ် MRTV ရုပ်သံလိုင်း ထုတ်လွှင့်မှု ပြတ်တောက်သွားခြင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် မှန်ကန်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။
သရုပ်ဆောင်အဆိုတော် မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း

နေ့အပူချိန် မြင့်တက်ခြင်းနှင့် ကန်ရေ ခန်းခြောက်ခြင်းတို့ကြောင့် သောက်သုံးရေ ရှားပါးနေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက်နှင့် ကျောက်ကန်ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေသွားရောက် လှူဒါန်း
နေ့အပူချိန် မြင့်တက်ခြင်းနှင့် ကန်ရေ ခန်းခြောက်ခြင်းတို့ကြောင့် သောက်သုံးရေ ရှားပါးနေသည့် ညောင်ဦးမြို့နယ် ကန်နီပေါက် နှင့် ကျောက်ကန် ကျေးရွာများသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ မေ ၂၂ ရက်က ရေသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ေ သာက်သုံးရေ ရှားပါးမှု ကြုံတွေ့နေသည့် အိမ်ခြေ ၃၀ဝ ကျော်ရှိသော ကန်နီပေါက် ကျေးရွာမှာ ကျေးရွာရှိ စက်ရေတွင်းမှ ရေငန်သာ ထွက်ရှိသည့်အတွက် ကန်ရေအားထား သုံးစွဲရပြီး ယခုအခါ ကန်ရေ ခန်းခြောက်မှုကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရခြင်း ဖြစ်သည်။
အီရန်နှင့်စစ်ဖြစ်ရန် မဟုတ်ဘဲ ဟန့်တားရန်သာဖြစ်ကြောင်း အမေရိကန်ပြောကြား
အမေရိကန်က အီရန်အား ပြင်းထန်သော သတိပေးမှုများ လုပ်ဆောင်မှု တစ်လခန့်ရှိလာချိန်တွင် မေ ၂၁ ရက်၌ ကွန်ဂရက်တွင် လျှို့ဝှက်ကြားနာမှု၌ ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က အမေရိကန်သည် အီရန်နှင့်စစ်ဖြစ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ဘဲ ခိုင်မာသော စစ်ရေးလှုပ်ရှားမှုများနှင့် အီရန်အစိုးရကို ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သက်တမ်းလယ် ရွေးကောက်ပွဲတွင် ဒူတာတေး၏ မဟာမိတ်အများအပြား အနိုင်ရရှိ

အင်ဒိုနီးရှား၌ ရွေးကောက်ပွဲလွန် ဆန္ဒပြမှုတို့ကြောင့် လမ်းပေါ်အဓိကရုဏ်းများဖြစ်ပွား

လစ်ဗျား၌ ရှည်ကြာသော သွေးစွန်းသည့် စစ်ပွဲတစ်ပွဲဖြစ်လာနိုင်ခြေရှိဟု ကုလသမဂ္ဂသံတမန်က သတိပေး
လစ်ဗျား၌ ရှည်ကြာပြီး သွေးစွန်းသည့် စစ်ပွဲတစ်ပွဲဖြစ်လာနိုင်ခြေရှိသည်ဟု ကုလသမဂ္ဂသံတမန်က သတိပေးနေစဉ် ထရီပိုလီတောင်ပိုင်း၌ မေ ၂၁ ရက်တွင် ပြင်းထန်သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ယခင်ကထက် တိုက်ပွဲအရှိန်မြင့်တက်လာခဲ့သည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို မြို့လယ်မှ ကြားရသည့်ယင်းတိုက်ပွဲသည် အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လစတင်သည့် မေ ၆ ရက် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။
အဂူရိုကို အာဂျင်တီးနား လက်ရွေးစင် အသင်းသို့ ပြန်လည်ခေါ်ယူ
ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်မီ ဖာမီနို လေ့ကျင့်ခန်းပြန်ဆင်း
ဂွာဒီယိုလာ ဂျူဗင်တပ်သို့ လေးနှစ်စာချုပ်ဖြင့်ပြောင်းရန် သဘောတူညီထားဟု သတင်းထွက်
မန်စီးတီးနည်းပြပက်ဂွာ ဒီယိုလာသည် ဂျူဗင်တပ်အသင်း အားကစားညွှန်ကြားရေးမှူး ဖာ ဘီယိုပါရာတီစီနှင့် အင်္ဂါနေ့က မီလန်မြို့၌ တွေ့ဆုံကာ ဂျူဗင် တပ်သို့လေးနှစ်စာချုပ်ဖြင့်ပြောင်း ရွှေ့ရန် သဘောတူထားကြောင်း အီတလီသတင်းများက ဖော်ပြ သည်။ ပြည်တွင်း ပြိုင်ပွဲများ၌ အောင်မြင်မှုများ ရယူခဲ့သော် လည်း ချန်ပီယံလိဂ်တွင် အကြိမ် ကြိမ်အခြေအနေမကောင်းဖြစ်ခဲ့ သည့် နည်းပြအယ်လီဂရီနှင့်လမ်းခွဲခဲ့ပြီးနောက် ဂျူဗင်တပ်က ဂွာ ဒီယိုလာကို နံပါတ် (၁) အဖြစ် ပစ်မှတ်ထားနေကြောင်း Radio Sportiva မှ အီတလီဂျာနယ်လစ် တစ်ဦးကို ကိုးကား၍အီတလီသ တင်းများက ဖော်ပြသည်။
မိုချန်ဂလာဘတ်မှ သော်ဂန်ဟာဇက်ကို ပေါင်သန်း ၃၀ ဖြင့် ဒေါ့မွန်ခေါ်ယူ
ဖောင်းပြင်မြို့နယ်တွင် ကျပ်သိန်းငါးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
မြိတ်ကျွန်းစုရှိ သန္တာကျောက်တန်းပေါ်မှ စွန့်ပစ်ငါးဖမ်းပိုက်များကို နိုင်ငံတကာ ရေငုပ်သမားများ ရှင်းလင်းပေး
အထက်မြန်မာပြည်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဥရောပကုန်သည်အသင်းလာရောက်ဆွေးနွေး
အထက်မြန်မာပြည်ရှိ မြို့များတွင် စီးပွားရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရန် ဥရောပကုန်သည်ကြီးများအသင်း က မန္တလေးတိုင်း ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းကာ မေလ ၂၁ ရက်က ဆွေးနွေးပွဲကျင်းပခဲ့ သည်။ မန္တလေးတိုင်း ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းရုံးတွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲ၌ ဥရောပကုန် သည်ကြီးများအသင်းမှ လုပ်ငန်း ရှင် ၁၃ ဦးက ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရင်း နှီးမြှုပ်နှံမှုများ ပြုလုပ်ရာ၌ ပေါ်လစီနှင့် မူဝါဒများ ပိုမိုလွယ်ကူ လာ စေရေး ဆွေးနွေးခဲ့သည်။ ‘
၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ် ရာနှုန်းပြည့်ရရှိရေး ပြည်သူ့လွှတ်တော်၌ဆွေးနွေးမည်
၂၀၃၀ တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်စွမ်းအား ၁၀၀ ရာခိုင်နှုန်း ပြည့်ဝစွာရရှိရေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က တိကျခိုင်မာသောမူဝါဒ လမ်း ညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို ပြည် သူ့လွှတ်တော်က လက်ခံဆွေးနွေး ရန် ယမန်နေ့တွင် ဆုံးဖြတ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနသည် ၂၀၃၀ တွင် လျှပ်စစ် စွမ်းအား ၁၀၀ ရာခိုင်နှုန်းပြည့်ဝ စွာရရှိရေး ဆောင်ရွက်နေရာ ယင်းကိစ္စအပေါ် ၀န်ကြီးဌာနက ဆောင်ရွက်ထားရှိမှုကို တိကျခိုင် မာသော မူဝါဒလမ်းညွှန်မှုများ ဖြင့် ဆောင်ရွက်ရန် ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်မောင်ဝင်းက အဆို တင်သွင်းတိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးစီမံကိန်းအချို့ကို လူတစ်စုက နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ကန့်ကွက်နေဟုဆို
မြန်မာနိုင်ငံရှိ တရုတ် စီးပွားရေးစီမံကိန်းအချို့ကို အ ကောင်အထည်မပေါ်စေရန် လူ တစ်စုက နိုင်ငံရေးရည်ရွယ်ချက် ဖြင့် ကန့်ကွက်နေသည်ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်က ပြောသည်။ တရုတ်-မြန်မာချစ်ကြည် ရေးပျက်ပြားစေရန် အစစ်အမှန် မဟုတ်သည့် သတင်းမှားများ မကြာခဏထုတ်ပြန်လေ့ရှိပြီး ၎င်း တို့နောက်တွင် နိုင်ငံခြားတိုင်းပြည် အချို့က ကျောထောက်နောက်ခံ ပြုထားသည်ဟု မေလ ၂၁ ရက် က သံအမတ်နေအိမ်၌ ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ဦးဇော်လင်းထွန်းကို လက်ရွေးစင်လက်ထောက်နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရ
သံချပ်အဖွဲ့ဝင်များကို လက်ထိတ်မဖြုတ်ပေးသဖြင့် ရဲတပ်ဖွဲ့ဝင်နှင့် ၀န်းရံသူတို့ ရုန်းရင်းဆန်ခတ်ဖြစ်
ကချင်ပါတီသုံးခုပူးပေါင်းထားသည့် KSPP အလံနှင့် တံဆိပ်ကို အတည်ပြု
ကချင်နိုင်ငံရေးပါတီ သုံးခုပူးပေါင်းထားသည့် ကချင် ပြည်နယ်ပြည်သူ့ပါတီ(KSPP)၏ အလံ၊ တံဆိပ်တို့ကို ကန့်ကွက် သူမရှိ၍ အတည်ပြုကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ပြောရေးဆို ခွင့်ရှိသူဦးမြင့်နိုင် က မေလ ၂၂ ရက်တွင်ပြောသည်။ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ(KSDP)၊ ကချင်ဒီမိုကရက် တစ်ပါတီ(KDP)နှင့် စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် (UDPKS)တို့က ၎င်းတို့ပါတီများကို လုံးဝဖျက် သိမ်း၍ ပါတီသစ်အနေဖြင့်သာ နိုင်ငံရေးဆောင်ရွက်ရန် ကချင် ပြည်နယ် ပြည်သူ့ပါတီ(KSPP)အမည်ဖြင့် ပါတီမှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၈ ဒီဇင်ဘာက လျှောက်ထားပြီး ဧပြီ ၂၅ ရက် တွင် ပါတီတည်ထောင်ခွင့်ရရှိခဲ့ သည်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏သား ထူထောင်လိုသည့် အင်းလေးဟိုတယ်စီမံကိန်းနေရာကို သစ်တောကြိုးဝိုင်းအဖြစ်သတ်မှတ်ရန် စီစဉ်
ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၏သား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သော ကုမ္ပဏီက ကမ္ဘာကျော် အင်းလေးကန်ရှိ မြေဧက ၉၀ ပေါ်တွင် ဟိုတယ် ဆောက်လုပ်ရန် ကြိုးပမ်းနေသည့် စီမံကိန်းနေရာကို သစ်တောကြိုး ဝိုင်းအဖြစ် ပြန်လည်သတ်မှတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင် ပြထားကြောင်း သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာညီညီကျော်က ပြောသည်။
နိုင်ငံရေးရပိုင်ခွင့်များ လေးစားလိုက်နာရေး နိုင်ငံတကာ စာချုပ်၌ မြန်မာပါဝင်လက်မှတ်ထိုးရန် အဆိုတင်
အရပ်ဘက်လူထု ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင် ခွင့်များကို လေးစားလိုက်နာရန် နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် နိုင်ငံတကာသဘောတူစာချုပ် ICCPR ကို မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးရန် အိမ်မဲမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်သန္တာက တိုက်တွန်း သည်။ ဒီမိုကရေစီ တည်ဆောက် ရေး လွန်စွာအရေးပါသည့် အရပ် ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေး ဆိုင်ရာ ရပိုင်ခွင့်များကို လေးစား လိုက်နာရန်နှင့် တရားဥပဒေစိုး မိုးမှုရှိစေရန် ယင်းတို့နှင့် သက် ဆိုင်သည့် နိုင်ငံတကာ သဘော တူစာချုပ် (International Covenant on Civil and Political Rights) ကို မြန်မာနိုင်ငံက လက် မှတ်ရေးထိုးရန် အိမ်မဲအမတ် ဒေါ် သန္တာက အဆိုတင်သွင်း တိုက် တွန်းခြင်းဖြစ်သည်။
ရန်ကုန်တွင်လယ်မြေကို အခြားနည်းလမ်း သုံးစွဲခွင့်လျှောက်ထားမှု ၁၈,၀၀၀ ခန့်ရှိ လယ်သမားမဟုတ်သည့် စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်တိုင်းတွင် လယ်ယာမြေကို အခြားနည်းလမ်း သုံးစွဲခွင့် (လန - ၃၉) လျှောက် ထားမှု ၁၈,၀၀၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကပြောသည်။ မြေနှင့် ပတ်သက်ပြီးလှုပ် ခတ်မှုများသော ရန်ကုန်တိုင်းတွင် လယ်ယာမြေကို အခြားနည်းလမ်း သုံးစွဲခွင့်ထိုသို့လျှောက်ထားမှု ပ မာဏများကြောင်း ၎င်းကဆက် လက် ပြောသည်။ လယ်မြေကို အခြားနည်းလမ်းအသုံးပြုပါက လယ်မြေတန်ဖိုး မူလဈေးနှုန်း ပြောင်းလဲပြီး တန်ဖိုးမြင့်တက် သွားကြောင်း ၀န်ကြီးချုပ်ကပြော သည်။
PPST တွင် ဆက်လက်ပါဝင်ပြီး NCA အကောင်အထည်ဖော်ရာတွင် အပြည့်အဝပူးပေါင်းမည်ဟု PNLO ထုတ်ပြန်
ရုံတင်ဖို့ သုံးနှစ်လောက် စောင့်ခဲ့ရတဲ့ ဇာတ်ကားအကြောင်းပြောတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်
ဘင်္ဂလားပင်လယ်အော်အတွင်း ရစ်ခ်ျတာစကေး ၅ ဒသမ ၆ အဆင့် ငလျင်လှုပ်
ဘင်္ဂလားပင်လယ်အော် အတွင်း ရစ်ခ်ျတာစကေး ၅ ဒသမ ၆ အဆင့် ငလျင် မေလ ၂၁ ရက် က လှုပ်ခတ်ပြီး မြန်မာ့ကမ်းရိုး တန်းဒေသများတွင် မြေလွှာလှုပ် ရှားမှုမရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။ အင်အားအသင့်အတင့်ရှိ သော အထက်ပါငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အ နောက်တောင်ဘက် ၂၉၈ မိုင်ခန့်၊ အိန္ဒိယနှင့်ထိစပ်နေသော ဘင်္ဂ လားပင်လယ်အော်အတွင်း မေ လ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်ရန် စိုးရိမ်သဖြင့် ရန်ကုန်လေဆိပ်လုံခြုံရေး ပြည်ထဲရေးဒုဝန်ကြီး စစ်ဆေး
ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် မပါဝင်ရန် မစ်ခီတာယန်၏ ဆုံးဖြတ်ချက်ကို အမ်မရီလေးစား
လေးခွေမြောက်တေးအယ်လ်ဘမ်ထွက်ဖို့ ကြိုးစားနေတဲ့မိစန္ဒီ
ဝင်ငွေအများဆုံးရနေတဲ့ John Wick ဇာတ်ကား
ထိုင်းဘုရင်နန်းတက်ပွဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပထမအသုတ်တွင် မြန်မာအကျဉ်းသား ၅၉ ဦး ပါဝင်
ထိုင်းဘုရင်မဟာဗာဂျီရာ လောင်ကွန် နန်းတက်ပွဲအဖြစ် အကျဉ်းသားများ ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးရာ ရနောင်းမြို့ အ ကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံ နေရသော မြန်မာအကျဉ်းသား ၅၉ ဦးကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေး၍ မေလ ၂၁ ရက်တွင် ကော့သောင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဇော် မင်းအောင်ကပြောသည်။ မြန်မာအမျိုးသမီး သုံးဦးနှင့် အမျိုးသား ၅၆ ဦးကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးပြီး အများစုက မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း ဦးဇော်မင်းအောင်က ပြောသည်။
လမိုင်းမြို့တွင် စုကြေးငွေ ပြဿနာတက်၍ ရုန်းရင်းဆန်ခတ်ဖြစ်
မီဒီယာအမည်ခံလိမ်လည်အလှူခံသူရှစ်ဦးကို ဖမ်းဆီးအမှုဖွင့်
မန္တလေးခရိုင် ပုသိမ် ကြီးမြို့နယ်တွင် သတင်းမီဒီယာ အမည်ခံ၍ လိမ်လည်အလှူခံသူ ရှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထား ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ေ မလ ၁၉ ရက် ကန်ကောက် ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ အမည်မသိအမျိုးသားရှစ်ဦးကား ဖြင့် ရောက်ရှိလာပြီး ၎င်းတို့သည် အမိမြေသတင်းစုံဂျာနယ်လစ်အ ဖွဲ့မှ ဖြစ်ကြောင်း ပြောကြားပြီး အလှူငွေထည့်ဝင်ရန် လာရောက် ကောက်ခံခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။
ရေခဲတွေ အရည်ပျော်နှုန်း မြင့်လာလို့ ရှန်ဟိုင်း၊ နယူးယောက်နဲ့ လန်ဒန်မြို့ကြီးတွေ အပါအဝင် မြို့ကြီးတချို့ အန္တရာယ်ရှိနေ
ဂရင်းလန့် နိုင်ငံနဲ့ အန္တာတိကတိုက်က ရေခဲတွေ အရည်ပျော်နှုန်း မြင့်လာတာကြောင့် ရှန်ဟိုင်း၊ နယူးယောက်နဲ့ လန်ဒန် မြို့ကြီးတွေ အပါအဝင် မြို့ကြီး တချို့ အန္တရာယ် ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ေ ရခဲတွေ အရေပျော်နှုန်း မြင့်လာလို့ ကမ္ဘာတဝန်း ပင်လယ်ရေ မျက်နှာပြင်တွေဟာ ခန့်မှန်းထားတာထက် ပိုမြင့်တက်လာ နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။
တပ်ကတရားစွဲထားသူတွေရဲ့ တရားရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဝန်းရံခဲ့တဲ့သူ ၅ ဦး ကို ရဲက ပုဒ်မ ၄ခုနဲ့ အမှုဖွင့်

လက်ထိပ်ခတ်ပြီး ရုံးထုတ်တာ ရဲလက်စွဲဥပဒေနဲ့ မညီဘူးလို့ ရှေ့နေပြော
တရားစွဲဖမ်းဆီးခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို လက်ထိပ်ခတ်ပြီး တရားရုံးကို ခေါ်ဆောင်လာတာဟာ ရဲလက်စွဲ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့် က ဒီနေ့ ပြောပါတယ်။ေ ဒါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မရမ်းကုန်း တရားရုံးမှာ ဒီကနေ့ ရုံးထုတ်တာဖြစ်ပြီး တရားလိုဘက်က တင်ထားတဲ့ သံချပ်စာသားတွေ၊ စီဒီခွေတွေကို စစ်ဆေးခဲ့ပါတယ်။
ကျွန်းစုမြို့နယ်တွင် ရန်ဖြစ်ဖူးသူအားအငြိုးထား၍ တောခုတ်ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွား
ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ကလိန်ဘဲကျေးရွာတွင် မေလ ၂၁ ရက်နေ့ က ရန်ဖြစ်ဖူးသူအားအငြိုးထား၍ တောခုတ်ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားကြောင်းသိရပါတယ်။ ကလိန်ဘဲကျေးရွာနေသူ ဦးကျော်မြင့်ဦး(၄၈)နှစ်၊ ရဲ့ အိမ်ခြံဝင်းအတွင်းမှာ လွန်ခဲ့တဲ့တစ်လခန့်က အိမ်နီးချင်း စံသိန်းမှ သင်္ဘောပင်ဝင်စိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်ကာ အငြိုးထား၍ စံသိန်း မှ ဦးကျော်မြင့်ဦးအား တောခုတ်ဓါးနဲ့ ခုတ်သတ်ခဲ့ကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ရွေ့ပြေင်းအလုပ်အမားပြန်လွှဲပေးရာ ထိုင်းဘုရင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ (၁၂)ဦးပါဝင်

တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့သော သီပေါမြို့နယ်တွန်ကျိုင်းရွာတွင် ဒေသခံလယ်ယာသမားတဦး မိုင်းနင်းမိဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ မတ်လအတွင်းကတိုက်ပွဲပြင်းထန်ခဲ့သော နားမခေါ်အုပ်စု တွန်ကျိုင်းရွာတွင် ရွာသားတဦး လယ်ယာလုပ်ငန်းခွင်ဝင်ရာ မိုင်းပေါက်ကွဲထိမိဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ေ မလ ၂၀ ရက်က တွန်ကျိုင်းရွာသား စိုင်းအဲန် အသက် ၁၉ နှစ်သည် တွန်ကျိုင်းရွာအနောက်ဘက်ရှိ ၄င်း၏ လယ်ယာအတွင်း လုပ်ငန်းခွင်ဝင်နေစဉ် မိုင်းနင်းမိသဖြင့် ထိမှန်ဒဏ်ရာရရှိခဲ့ရာ သီပေါဆေးရုံသို့ပို့ဆောင်ဆေးကုခဲ့ရကြောင်းသိရသည်။
တောင်ယာသွားသည့် မိုင်းမုရွာသား မိုင်းနင်းမိ သေဆုံး
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းရှိ မန်စံအုပ်စု မိုင်းမုရွာတွင် ဒေသခံလယ်သမားတဦး လယ်ယာအသွားလမ်းတွင် မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ လားရှိုးဆေးရုံအပို့ လမ်းတွင်သေဆုံးသွားခဲ့သည်။ေ မလ ၂၀ ရက်နေ့က မိုင်းမု ရွာသား လုံးဆန်ကျန် အသက် ၅၀ နှစ်သည် မိုင်းမုရွာအနောက်ဘက်ရှိ တောင်ကြောပေါ်ရှိ ယာခင်းသို့အသွား လမ်းတွင် မိုင်းနင်းမိ ပေါက်ကွဲသဖြင့် ခြေထောက်၊ ဗိုက်၊ လက်၊ မျက်နှာတို့တွင် ထိမှန်ဒဏ်ရာရရှိကာ လားရှိုးဆေးရုံအပို့လမ်းတွင်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီးပေါက်ကွဲလို့ အလယ်ကျွန်းရွာခံ နှစ်ဦး သေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စုထဲက အလယ်ကျွန်း မွတ်စလင်ကျေးရွာမှာ မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်အပါအ၀င် နှစ်ယောက်သေဆုံးပြီး တစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မေ ၂၁ ရက်နေ့ မနေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က အလယ်ကျွန်းမွတ်စလင်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ရှစ်နှစ်အရွယ် ယောကျာ်းလေး တစ်ယောက်နဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ သေဆုံးပြီး အသက် ၁၅ နှစ်အရွယ် တစ်ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးဒေသ တိုက်ပွဲပြင်းထန်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသလို ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ နှစ်ဘက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမနက်မှာလည်း မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာဘက်မှာ မြန်မာစစ်ကြောင်းကို AA ဘက်ကနေ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ စက်လှေသမားတဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ AA အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
AA အဖွဲ့နဲ့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်အရာရှိတဦး ကျဆုံး
မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ရဲ့ ပြီးခဲ့တဲ့သောကြာနေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲမှာ မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်း ၂၁၂ က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတယောက် ကျဆုံးပြီး၊ အခြားအဆင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ AA အဖွဲ့ဘက်ကပြောပါတယ်။
မြန်မာ့ပယင်းရှာပုံတော်


သမ္မတ ဂျိုကိုဝီ အနိုင်ရတဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲရလဒ် ကန့်ကွက် ဆန္ဒပြသူ အနည်းဆုံး ၆ ဦးသေဆုံး


ရွှေ့ပြောင်းပေးရလို့ နစ်နာကြေးရရှိဖို့ ဆန္ဒပြတောင်းဆို

တရားရုံးနဲ့ ရဲတပ်ဖွဲ့ လုပ်ငန်းစဉ်တွေမှာ ၀င်ရောက်စွက်ဖက်တာမရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို ရုံးထုတ်တဲ့အခါ လက်ထိပ်ခတ်တယ်၊ မခတ်ဘူးဆိုတာ ရဲလုပ်ထုံးလုပ်နည်းတွေနဲ့သာ သက်ဆိုင်ပြီး တပ်မတော်အနေနဲ့ တရားစွဲဆိုထားပြီးဖြစ်တာကြောင့် တရားရုံးရဲ့ တရားစီရင်မှုနဲ့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားမှုတွေမှာ ဝင်ရောက်စွက်ဖက်တာမရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
ထိုင်းနိုင်ငံသားဖြစ်ခွင့်ရတဲ့ ရှမ်းတိုင်းရင်းသူ လူငယ်သိပံ္ပပြိုင်ပွဲ အထူးဆုရရှိ


ကုလမဟာမင်းကြီးခရီးစဉ် ရခိုင်ဒေသ ဒုက္ခသည်တွေကြိုဆို

ပစ်စာများကို အရေးယူမှုမပြုရေးနှင့် အစိုးရဘဏ္ဍဍာငွေမလုံလောက်ပါက ပညာရေးလုပ်ငန်းများ ရပ်ဆိုင်းထားရေး လပွတ္တာမြို့တွင် ဆရာဆရာမများ ဆန္ဒထုတ်ဖော်

ပညာဖြင့် တည်ဆောက်ရမည့် နိုင်ငံတော်
ပညာဖြင့် တည်ဆောက်အပ်သော နိုင်ငံတစ်ခုသည် ကမ္ဘာ့အလယ်တွင် တင့်တယ်သည်။ တည်ငြိမ်၍ တိုးတက် စည်ပင်ကာ ခေတ်မီသော နိုင်ငံဂုဏ်သိက္ခာကြီးသော နိုင်ငံအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်နိုင်ငံများကို ကြည့်လျှင် ခေတ်မမီသော ပညာစနစ်နှင့် လုံးချာ လိုက်နေကြရပေသည်။ ပညာရေး အားနည်း ချိနဲ့သောအခါ ゞင်း၏ အကျိုးဆက်အဖြစ် တိုင်းပြည်သည်လည်း ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်တော့ပေ။ ယင်းကြောင့် တိုင်းပြည် စီးပွားရေးနှင့် အနာဂတ် ရှင်သန်ရေးတို့အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု ပြုကြသည်။ ပညာရေးတွင် မြှုပ်နှံခြင်းသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်သည်။
ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် အပူဒဏ်ကြောင့် သတိလစ်ခြင်း Heat Stroke ကြောင့် ဆေးရုံတက်ရောက်ကုသရသူ ၁၁၂ ဦးရှိပြီး ၁၁ ဦး သေဆုံး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများတွင် အပူဒဏ်ကြောင့် သတိလစ်ခြင်း Heat Stroke ကြောင့် ဆေးရုံတက်ရောက်ကုသရသူ ၁၁၂ ဦးနှင့် သေဆုံးလူနာ ၁၁ ဦး ရှိခဲ့ကြောင်း ကုသရေးဦးစီးဌာန(နေပြည်တော်)မှ ရရှိသည့် အချက်အလက်များအရ သိရသည်။ “တစ်နိုင်ငံလုံးမှာ ဗဟိုအဆင့် ဆေးရုံ ၃၈ ရုံရှိတယ်။ အဲဒီအထဲကမှ ရန်ကုန်၊ မန္တလေးအပါအဝင် ဗဟိုအဆင့် ဆေးရုံကိုးရုံမှာ တက်ရောက်ကုသခဲ့သူဦးရေက ၁၁၂ ဦးရှိခဲ့ပြီး သေဆုံးလူနာ ၁၁ ဦးရှိခဲ့ပါတယ်။ ရန်ကုန်မှာဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေရောဂါကုဆေးရုံကြီး၊ သင်္ဃ္န်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးတွေ ပါပါတယ်” ဟု ကုသရေးဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။
တရုတ်လေကြောင်းလိုင်းကြီးသုံးခုက ဘိုရင်းထံမှ လျော်ကြေးရရှိရန် ကြိုးပမ်း
လူသေဆုံးမှုများသော လေယာဉ်ပျက်ကျမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မှာယူထားသော 737 Max 8 လေယာဉ်များရရှိ မှုနှောင့်နှေးခြင်းနှင့် ရှိပြီးသားလေယာဉ်များမှာလည်း ပျံတက်ခွင့်မရခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းကြီးသုံးခုက ဘိုရင်းကုမ္ပဏီထံမှ လျော်ကြေးရရန် ပြောကြားထားသည်ဟု တရုတ်အစိုးရမီဒီယာက မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ အရှိန်မြင့်တက်လာစဉ် အမေရိကန်လေကြောင်းကုမ္ပဏီကြီး ဘိုရင်းထံမှ လျော်ကြေးရရှိရန် China Southern လေကြောင်းလိုင်း၊ China Eastern လေကြောင်းလိုင်း၊ Air China လေကြောင်းလိုင်းတို့က ကြိုးပမ်းကြလိမ့်မည်ဟု တရုတ်အစိုးရမီဒီယာများတွင် ဖော်ပြခဲ့သည်။
Huawei ၏ Android လည်ပတ်မောင်းနှ dင်မှုစနစ်အဆင့်မြှင့်တင်မှုအချို့ကို Google ကန့်သတ်
Google ကုမ္ပဏီသည် Android လည်ပတ်မောင်းနှင်စနစ် အဆင့်မြှင့်တင်မှုအချို့ကို စမတ်ဖုန်းထုတ်လုပ်သူ Huawei မပေးတော့ဘဲ ကန့်သတ်လိုက်ကြောင်း သိရသည်။ ထို့ကြောင့် Huawei စမတ်ဖုန်းဒီဇိုင်းအသစ်များ သည် နာမည်ကျော် Google အက်ပလီကေးရှင်းများ အသုံးပြုနိုင်မှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။ အမေရိကန် သမ္မတထရန့်အစိုးရက လိုင်စင်မရှိပါက အမေရိကန်ကုန်မ္ပဏီများနှင့် ကုန်သွယ်မှုမလုပ်နိုင်သည့် ကုမ္ပဏီများ စာရင်းတွင် Huawei ကိုထည့်သွင်းခဲ့ပြီးနောက် ယင်းလုပ်ဆောင်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင် ငံတွင် ပထမဆုံးတည်ဆောက်သည့် နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံမှ မေလကုန်တွင် ဓာတ်အားများ စတင်ထုတ်လုပ်တော့မည်
Subscribe to:
Posts (Atom)