Pages
Friday, May 10, 2019
တရုတ်နှင့် ထိုင်းရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် မကွေးတိုင်းလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်
ထိုင်းဘုရင်နှင့် မိဖုရားတို့ တက်ရောက်ချီးမြှင့်သည့် တော်ဝင်လယ်ထွန်မင်္ဂလာပွဲ ကျင်းပ
လျှပ်စစ်မီးပြတ်တောက်မှုများ ဇွန်လအထိ ဖြစ်ပေါ်နေဦးမည်၊ ၂ဝ၂ဝ နွေရာသီတွင် လျှပ်စစ်မီးမပြတ်တောက်စေ ရန် စီမံချက်ရေးဆွဲထား
လျှပ်စစ်မီးပြတ်တောက်မှုများမှာ ဇွန်လအထိဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ၂ဝ၂ဝ နွေရာသီတွင် လျှပ်စစ်မီးပြတ် တောက်မှုမဖြစ်အောင် စီမံချက်ရေးဆွဲထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။ေ မလ ၉ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် တတိယတနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးတင်မောင်ဦးက ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်သူလယ်သမားများ အကြွေးနွံနစ်နေမှု ဖြေရှင်းနိုင်ရန် အစိုးရက စီစဉ်နေ

စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရားတွင် မှန်သားရင်ပြင် ပြုလုပ်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ် ဆောင်ရွက်နေ
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်ဘုရားတွင် မှန်သားရင်ပြင် ပြုလုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ေ မ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရားအား သွားရောက် ဖူးမြော်ခဲ့ပြီး ဆွမ်းဦးပုညရှင်ဘုရား ရင်ပြင်တွင် မှန်သားရင်ပြင် ပြုလုပ်နိုင်ရေး တရုတ်ပညာရှင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
သောက်ရေခပ် (၁) ရေကာတာစီမံကိန်း ပယ်ဖျက်ပေးရန် တောင်းဆို
သံတောင်ကြီးဒေသ သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ပြည်သူ့ဆန္ဒအတိုင်း ပယ်ဖျက်ပေးသင့်တယ်လို့ ကရင်ပြည်သူ့ပါတီက ထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှာ အကောင်အထည်ဖော်ဖို့ ရှိနေတဲ့ သောက်ရေခပ် (၁) ရေကာတာစီမံကိန်းကို ဒေသခံ ကရင်တိုင်းရင်းသားတွေက သဘောမတူကြောင်း မေလ ၃ ရက်နေ့က စပါးကျီကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ စုရုံး ကန့်ကွက်ခဲ့ကြပါတယ်။
မြို့တော်သစ်ရွေးရန် နိုင်ငံအလယ်ပိုင်း မြို့နှစ်မြို့ကို အင်ဒိုနီးရှားသမ္မတ သွားရောက်
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ မြို့တော်သစ် ရွေးဖို့အတွက် နိုင်ငံအလယ်ပိုင်း ကလီမန်တန် ခရိုင်တွင်းက မြို့ ၂ မြို့ကို ဒီသီတင်းပတ်ထဲမှာ သွားရောက်လည်ပတ်ပါတယ်။ ဘော်နီယိုကျွန်းပေါ်က ဂူနမ်း မတ်စ်နဲ့ ကူတိုင် ကာတာနေငါရာ မြို့တွေဆီကို ဝီဒိုဒိုဟာ မေ ၇ နဲ့ ၈ ရက်တွေမှာ သွားရောက်ခဲ့တာပါ။ လက်ရှိမြို့တော် ဂျကာတာကနေ အစိုးရရုံးတွေကို ရွှေ့ဖို့ စီမံကိန်းကို အတည်ပြုအပြီး တပတ်အကြာမှာ အဆိုပြုမြို့တွေဆီ သွားရောက်လည်ပတ်တာပါ။
ထောင်ထဲမှ Live လွှင့်ခဲ့သူ အကျဉ်းသားနှင့် ဖုန်းရောင်းခဲ့သည့် ထောင်ဝန်ထမ်းကို အရေးယူ

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်းယာဉ်မောင်းခွင့်လိုင်စင်(၆)လပိတ်ခံရ
ကားမောင်းနေရင်းမိုဘိုင်းလ်ဖုန်းအသုံးပြုခဲ့တဲ့အတွက်အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ခမ်းကိုဘရွန်လေးတရားရုံးကကြာသပတေးနေ့မှာယာဉ်မောင်းခွင့်လိုင်စင်(၆)လပိတ်တဲ့ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။မန်ယူနဲ့ရီးရဲလ်မက်ဒရစ်အသင်းကစားသမားဟောင်းဒေးဗစ်ဘက်ခမ်းဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကလန်ဒန်မြို့မှာသူ့ရဲ့ဘန်တလေကားကိုမောင်းနှင်ရင်းဖုန်းအသုံးပြုမိခဲ့တာဖြစ်ပါတယ်။
"Rexona" Roll-on မှ နေခြည်ဦးအား Brand Ambassador အဖြစ် ခန့်အပ်
Unilever မှ ဖြန့်ချိတဲ့ Rexona Roll-on မှ Beauty Blogger နေခြည်ဦးအား Brand Ambassador အဖြစ် ခန့်အပ်တဲ့ အခမ်းအနားကို မေလ ၉ရက်နေ့က ရန်ကုန်မြို့ Sedona Hotel မှာပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲကိုတော့ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရတဲ့ နေခြည်ဦးနဲ့ အတူ ထူးအောင်၊ ဧရီရယ်သုတနဲ့ အခြားသော အနုပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။
ဟွာဝေး ဘဏ္ဍာရေးအမှုဆောင်ကို ပြန်လွှတ်ပေးရန် တရုတ် ထပ်မံတောင်းဆို
ကနေဒါနိုင်ငံမှာ အဖမ်းခံထားရတဲ့ ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင် မုန့်ဝမ်ကျိုးကို ပြန်လွှတ်ပေးပြီး တရုတ်နိုင်ငံ ပို့ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက မေလ ၉ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒါဟာ လေးနက်တဲ့ နိုင်ငံရေးဖြစ်ရပ်တခုလို့လည်း သူကဆက်ပြောခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် မုန့်ဝမ်ကျိုးဟာ အမေရိကန်က အရေးယူ ပိတ်ဆို့ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အီရန်နိုင်ငံနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ အရောင်းအဝယ် လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ကျောက်တော်မြို့နယ်တွင် ကျည်ဆံထိမှန်၍ တစ်ဦးသေ၊ တစ်ဦးဆေးရုံရောက်
ယနေ့ နံနက်က ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့အနီး ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ လူတစ်ဦးသေဆုံးပြီး တောင်ပေါက်ရွာမှ ကူးတို့ပို့နေသူ တစ်ဦး ဦးခေါင်းတွင် ကျည်ဆံထိမှန် ဒဏ်ရာ ရရှိသွားပြီး လက်ရှိ ကျောက်တော်မြို့နယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ေ သဆုံးသူမှာ ဘုရားပေါင်းရွာမှ ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးမောင်မောင်လှဖြစ်ပြီး လက်ရှိ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ရောက်ရှိနေကြောင်း ကျောက်တော် ဒေသခံ လူထု ဇော်ဝင်းက နိရဉ္စရာသို့ ပြောသည်။
အခြေအနေပေါ်မူတည်ပြီး လျှပ်စစ်မီးပေးနေရဟုအတိုင်ပင်ခံပြော
မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှုနှုန်းမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအောက်သာရှိနေသေးသောကြောင့် အခြေအနေပေါ်မူတည်ကာ မီးပေးနေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၉ရက်နေ့က မကွေးမြို့နယ်ခန်းမ၌ မကွေးဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကုလ ညှိနှိုင်းရေးမှူး ရခိုင်ပြည်နယ်ကို သွားမယ်

ကသာအကျဉ်းထောင်ဆူပူမှု ထိန်းသိမ်းထားနိုင်ပြီဟု ဆို
ကသာအကျဉ်းထောင်အတွင်း ယနေ့(မေလ ၁၀ ရက်)၊ နံနက်ပိုင်းက ဆူပူမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အကျဉ်းသားများကို ထိန်းသိမ်းနိုင်ခဲ့ကာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းမှုများပြုလုပ်နေကြောင်း သိရသည်။ “အကျဉ်းသားတွေ အော်ဟစ်ဆူပူတာမျိုးတော့ လုပ်ခဲ့တယ်။ လက်ရှိမှာတော့ ထိန်းသိမ်းနိုင်ပါပြီ။ ဘာအတွက် ကြောင့် ဆူပူတာလဲဆိုတာကိုတော့ ကျွန်တော်လူကြီးတွေလည်း အကုန်ဝင်တွေ့နေတုန်းပဲ ရှိပါသေးတယ်။ ကျန်တာတော့ ဘာမှမသိရသေးဘူး” ဟုကသာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံမှ တာဝန်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။
လွတ်ငြိမ်းသက်သာခွင့်အလွန် ထောင်ဆူပူမှုများ ဘာကြောင့်ဖြစ်ပွားသလဲ
သမ္မတက လွတ်ငြိမ်းသက်သာခွင့် (၃)ကြိမ်ပေးပြီးနောက် အကျဉ်းထောင်တခုပြီးတခု ဆူပူဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် တန်းတူညီမျှမှုမရှိခြင်းကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ယင်းသို့ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းအကြောင်းပြချက်အပေါ် သံသယဖြစ်မှုများလည်းရှိသည်။ အကျဉ်းထောင်များရှိ အကျဉ်းသားများကြားတွင် ကွန်ရက်ချိတ်ဆက်ထားမှု မရှိသော်လည်း ကွန်ရက်ချိတ်ဆက်ထားသည့်ပုံစံဖြင့် ဆူပူဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းမှာ ထူးခြားချက်ဟု ဆိုနိုင်သည်။
ရခိုင် မြောက်ပိုင်း လုံခြုံရေး ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်ခဲ့ဟုဆို
အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ နယ်မြေလုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အထောက် အကူပြုရန် ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း မကြာသေးမီက တည်ဆောက်ခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။ေ နပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် မေလ ၉ ရက်က ပြုလုပ်သော အစိုးရ၏ တတိယ ၁နှစ်တာ ကာလ အတွင်း ဆောင်ရွက်ချက်များအား သတင်းထုတ်ပြန်ရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆီးရီးယားအစိုးရတပ်နှင့် သူပုန်အဖွဲ့ တိုက်ပွဲအရှိန်မြင့်လာ၊ သေဆုံးသူ ၁၈၈ ဦးရှိပြီ
ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်နဲ့ သူပုန်တွေရဲ့ တိုက်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေပြီး ဧပြီ ၃၀ ရက်နေ့ကနေ ဒီနေ့ထိ ပဋိပက္ခတွေအတွင်း အရပ်သား ၈၅ ယောက် အပါအဝင် စုစုပေါင်း ၁၈၈ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR) က မေ ၈ ရက်နေ့မှာ ပြောပါတယ်။ ဧပြီနှောင်းပိုင်းကစပြီး ဆီးရီးယားသူပုန်တွေ ခြေကုပ်ယူထားတဲ့ လက်ကျန်ဒေသတွေမှာ အစိုးရတပ်တွေဟာ လေကြောင်းကတဆင့် တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေအပြင် အမြောက်ဆန်တွေနဲ့ ပစ်ခတ် ထိုးစစ်ဆင်ခဲ့ကြပါတယ်။
မြောက်ကိုရီးယား အစိုးရက တိုင်းပြည်အတွင်း နိုင်ငံရေး အကျဉ်းစခန်းတွေ မရှိဘူးလို့ ငြင်းဆို
မြောက်ကိုရီးယား အစိုးရက တိုင်းပြည်အတွင်း နိုင်ငံရေး အကျဉ်းစခန်းတွေ မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းကို မြောက်ကိုရီးယား သံတမန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မှတ်ချက်ပြုပြောခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းစခန်းတွေရှိနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေသေးကြောင်း မြောက်ကိုရီးယားရဲ့ သံတမန်တစ်ဦးဖြစ်သူ ပတ် ကွန် ဟိုက ပြောပါတယ်။
အာဖဂန်မြို့တော် ကဘူးလ်တွင် ကားဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ကားဗုံးခွဲ တိုက်ခိုက်ခံရတဲ့ နေရာမှာ မေ ၉ ရက်နေ့က လက်နက်ကိုင် လုံခြုံရေးအစောင့်တွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ မေ ၈ ရက်က တိုက်ခိုက်မှုကြောင့် အရပ်သား လေးယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရပါတယ်။ ကဘူးလ်မြို့အခြေစိုက် အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာအဖွဲ့အစည်း Counterpart International ကို ပစ်မှတ်ထား ဖောက်ခွဲမှုကြောင့် အဆောက်အဦတွေနဲ့ ကားတွေပါ ပျက်စီးခဲ့ပါတယ်။
လက်ထိပ်နှင့်ထောင်ကိုမကြောက်ဟု ဦးဝီရသူ ပြော
သာသနာရေးဦးစီးဌာနက တရားစွဲရန် အမှုတည်ဆောက်နေမှုနှင့် ပတ်သက်ပြီး ဦးဝီရသူက ထိန်းသိမ်းခံရမည်ကို စိုးရိမ်ခြင်း မရှိကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ယမန်နေ့က ပြောဆိုလိုက်သည်။ ရုရှား VK အွန်လိုင်းကွန်ရက်ရှိ Ven-vicittar Bhivamsa စာမျက်နှာတွင် တင်လိုက်သော တစ်မိနစ်ခွဲကြာ ရုပ်သံဖိုင်တွင် ထိုသို့ တုန့်ပြန်ထားခြင်း ဖြစ်သည်။ “အမျိုးသားရေး လုပ်နေတာ၊ ဘယ်သူ့ ဘယ်သူကိုမှ အကောက်မကြံဖူးဘူး။ ဒုစရိုက်ကို အင်မတန် ကြောက်ပါတယ်၊ အကုသိုလ်ကို အင်မတန် ကြောက်ပါတယ်။ ထောင်ကို မကြောက်တမ်း၊ လက်ထိပ်ကို မကြောက်တမ်း တရားတွေ ဟောနေတယ်” ဟု ဦးဝီရသူက ဖယောင်းတိုင် ကိုင်ကာ ပြောဆိုထားသည်။
တရုတ်-မြန်မာ ရထားလမ်းပိုင်း ဥမင်လိုဏ်ခေါင်း ဖောက်နေ

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းကား ပြေးဆွဲခြင်းကို ပြည်ထောင်စုက ညွှန်ကြားထားသည့် သတ်မှတ်ချက် ၁၂ ချက်အတိုင်း ပြေးဆွဲရမည်
ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းကား ပြေးဆွဲခြင်းကို ပြည်ထောင်စုက ညွှန်ကြားထားသည့် သတ်မှတ်ချက် ၁၂ ချက်အတိုင်း ပြေးဆွဲရမည် ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။ေ ကျာင်းကား ပြေးဆွဲခြင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ YRTA မှ တာဝန်ရှိသူများနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ မေ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုလဲခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆေးခြောက်စိုက်ခင်း ဟုဆိုကာ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား တစ်ဦး အပါအဝင် သုံးဦးအား ချုပ်ရမန် နှစ်ပတ် ထပ်တိုး၍ စစ်ဆေးနေပြီး ရမန်ကြီး ပြည့်သည့် မေ ၂၁ ရက်တွင် လက်ရှိ စွဲဆိုထားသော ပုဒ်မများဖြင့် တရားစွဲတင်နိုင်ခြင်း မရှိပါက အမှုပိတ်သိမ်းရမည် ဖြစ်ကြောင်း III M ကုမ္ပဏီရှေ့နေ ပြောကြား
ဆေးခြောက်စိုက်ခင်း ဟုဆိုကာ ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား တစ်ဦး အပါအဝင် သုံးဦးအား ချုပ်ရမန် နှစ်ပတ် ထပ်တိုးကာ စစ်ဆေးနေပြီး ရမန်ကြီး ပြည့်သည့် မေ၂၁ ရက်တွင် လက်ရှိ စွဲဆိုထားသည့် ပုဒ်မများဖြင့် တရားစွဲတင်နိုင်ခြင်း မရှိပါက အမှုပိတ်သိမ်းရမည် ဖြစ်ကြောင်း III M ကုမ္ပဏီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်း ကပြောကြားသည်။
တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေး သုံးရာခိုင်နှုန်းကျော်ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများ သိသိသာသာလိုက်ပါကျဆင်းမှုမရှိဘဲ ယခင်အမြင့်ဈေးနှုန်းများအတိုင်း ဆက်လက်ရောင်းချနေ
တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်း သုံးရာခိုင်နှုန်းကျော် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ သိသိသာသာ လိုက်ပါကျဆင်းမှုမရှိဘဲ ယခင်အမြင့်ဈေးအတိုင်း ဆက်လက်ရောင်းချနေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသောဈေးနှုန်းများအရ သိရသည်။ ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၁ ရက်တွင် ၆၃ ဒေါ်လာဝန်းကျင်၊ မေ ၇ ရက်တွင် ၆၁ ဒေါ်လာဝန်းကျင်အထိ တစ်ပတ်အတွင်း သုံးရာခိုင်နှုန်းကျော် ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီဆိုင်အများစုသည် အဆိုပါရက်သတ္တပတ်အတွင်း ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဈေးနှုန်းကိုသာ တစ်လီတာ ၁၀ ကျပ်လျှော့ချပြီး 92 Ron နှင့် 95 Ron ဈေးနှုန်းများကို မေလဆန်းက မြှင့်တင်ခဲ့သည့် ဈေးနှုန်းများအတိုင်း မေ ၉ ရက်အထိ ရောင်းချနေခြင်းဖြစ်သည်။
ရခိုင် မြောက်ပိုင်း၌ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်ခြင်းသည် သယ်ယူ ပို့ဆောင်ရေးအတွက် အဓိက ဖြစ်သော်လည်း စစ်ကူပေးရန် အတွက်လည်း ရည်ရွယ်ကာ တည်ဆောက်ခြင်း ဖြစ်ကြောင်း နယ်စပ်ရေးရာ ဒုအတွင်းဝန် ပြောကြား
ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်ခြင်းသည် သယ်ယူ ပို့ဆောင်ရေးအတွက် အဓိက ဖြစ်သော်လည်း စစ်ကူပေးရန် အတွက်လည်း ရည်ရွယ်ကာ တည်ဆောက်ခြင်း ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောကြားသည်။ေ မ ၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးစိုင်းထွန်းညိုက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းတွင် လာမည့် ဇွန်လအထိ ဝန်အားထိန်းညှိကာ ဓာတ်အားပေးသည့် စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ညပိုင်းတွင် စက်မှုဇုန်များအား ဓာတ်အားပေးနိုင်ခြင်း မရှိကြောင်း သိရ
ရန်ကုန်တိုင်းတွင် လာမည့် ဇွန်လအထိ ဝန်အားထိန်းညှိကာ ဓာတ်အားပေးသည့် စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ညပိုင်းတွင် စက်မှုဇုန်များအား ဓာတ်အားပေးနိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခေတ္တ CEO ဦးအောင်ကျော်ဦးက ပြောကြားသည်။ေ မ ၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ မည်သည့်အချိန်တွင် ပြေလည်နိုင်မလဲ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ゞင်းကပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်းကိစ္စသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းနှင့် ဝန်ကြီးချုပ် လုပ်ဆောင်ခဲ့သည့်အတွက် ဝန်ကြီးချုပ်သာ တာဝန်ယူ ဖြေရှင်းရမည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြောကြား
ရေးမြို့နယ် မြောက်ပိုင်းရှိ Southern Myanmar Development Co.,Ltd (SMD) မှ လုပ်ဆောင်ခဲ့သည့် ငွေကျပ်သိန်း ၁၀ဝ၀ဝ တန် လုပ်ငန်းဖြစ်သော အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်းကိစ္စသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းနှင့် ဝန်ကြီးချုပ် လုပ်ဆောင်ခဲ့သည့်အတွက် ဝန်ကြီးချုပ်သာ တာဝန်ယူဖြေရှင်းရမည်ဟု ယခင်မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က မေ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့ ) တွင် ပြောကြားသည်။
နိုင်ငံတော်သို့ ပြန်သွင်းဘဏ္ဍဍာများနှင့် လစာပိုထုတ်သည်များကို တွေ့ရှိရပြီး အရေးယူမှုအပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနက ကန့်သတ်အဆင့်လုပ်ဆောင်သည့်အတွက် ထုတ်ပြန်နိုင်ခြင်းမရှိဟု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းစာရှင်းလင်း
နိုင်ငံတော်သို့ ပြန်သွင်းဘဏ္ဍဍာများနှင့် လစာပိုထုတ်သည်များကို တွေ့ရှိရပြီး အရေးယူမှုအပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနက ကန့်သတ်အဆင့်လုပ်ဆောင်သည့်အတွက် ထုတ်ပြန်နိုင်ခြင်းမရှိဟု ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်က ပြောကြားသည်။ြ ပန်ကြားရေးဝန်ကြီးဌာန၌ မေ ၉ ရက် ကပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏မေးမြန်းမှုကို ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်များဆောင်ရွက်ရန် ဂျပန်အစိုးရနှင့် ကုလသမဂ္ဂဌာနရှစ်ခုတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးထား
ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်များ ဆောင်ရွက်ရန် ဂျပန်အစိုးရ နှင့် ကုလသမဂ္ဂဌာနရှစ်ဌာနတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြောင်း ယူနီဆက်ဖ် (မြန်မာ) မှ သိရသည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများကို ထောက်ပံ့ကူညီပေးခြင်းဖြစ်ပြီး အဆိုပါစီမံချက်များ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၃၇ သန်းကူညီမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေများကို ပြည်နယ်သုံးခုရှိ အသက်ကယ်ခြင်းဆိုင်ရာ အကူအညီများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စသည်တို့တွင် ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။
အကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုတွင် ထောင်ဝန်ထမ်းက အကျဉ်းသားကို ရောင်းချခဲ့သည့်ဖုန်းဖြင့် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို အရေးယူထားကြောင်း ရွှေဘိုအကျဉ်းထောင်တာဝန်ရှိသူ ပြောကြား
ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုတွင် ထောင်ဝန်ထမ်းက အကျဉ်းသားကို ရောင်းချခဲ့သည့်ဖုန်းဖြင့် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို အရေးယူထားကြောင်း ရွှေဘိုအကျဉ်းထောင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြောကြားသည်။ေ မ ၈ ရက် ညနေပိုင်းက စတင်ခဲ့သည့် ရွှေဘိုအကျဉ်းထောင်ဆူပူမှု ဖြစ်စဉ်အပေါ် Kyal Sin ဆိုသည့် အကောင့်မှနေ၍ အကျဉ်းထောင်အတွင်း ဆူပူမှုများကို ဖေ့စ်ဘွခ်လူမှုကွန်ရက် စာမျက်နှာ၌ တိုက်ရိုက်လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
တီကျစ် ကျောက်မီးသွေးစက်ရုံအတွက် တစ်ရက်လျှင် ကျောက်မီးသွေး တန်ချိန် ၂၀ဝ၀ ကျော် အစိုးရက ဝယ်ယူရပြီး ထွက်လာသည့် ဓာတ်အားကိုလည်း တစ်ယူနစ်လျှင် ၁၀၇ ကျပ်ဖြင့် ဝယ်ယူနေရ၍ အစိုးရဘက်က ဆုံးရှုံးမှုပမာဏ များပြားသည်ဟု သိရ
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု တီကျစ်ဒေသ ကျောက်မီးသွေးစက်ရုံအတွက် တစ်ရက်လျှင် ကျောက်မီးသွေး တန်ချိန်ပေါင်း ၂၀ဝ၀ ကျော် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀ဝ၀ ခန့် အစိုးရက ဝယ်ယူရပြီး ထွက်ရှိလာသည့် ဓာတ်အားကိုလည်း တစ်ယူနစ်လျှင် ၁၀၇ ကျပ်ဖြင့် ဝယ်ယူနေရ ၍ အစိုးရဘက်က ဆုံးရှုံးမှုပမာဏ များပြားသည်ဟု MATA အဖွဲ့မှ သိရသည်။
အင်းလေးကန်တွင် ဗေဒါများ ပိတ်ဆို့နေခြင်းကြောင့် ရွာတွင်း သွားလာရေး ခက်ခဲပြီး အင်းတောင်ပိုင်းတွင် ရေလမ်းခရီး သုံးသူ နည်းလာ

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ရင်ပြင်တော်စခန်း၌ တည်ဆောက်ထားသည့် အမှိုက်ဖျက်ဆီးစက်နှင့် ပတ်သက်၍ ကွဲလွဲမှုများ၊ စဉ်းစားစရာ အချက်များရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ရင်ပြင်တော်စခန်း၌ တည်ဆောက်ထားသည့် အမှိုက်ဖျက်ဆီးစက်နှင့် ပတ်သက်ပြီး ကွဲလွဲမှုများ၊ စဉ်းစားစရာ အချက်များရှိနေဟု မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌဌဖြစ်သူ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မေ ၇ ရက်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး ခန်းမတွင် ပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးမည့်စက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသော မေးခွန်းမေးမြန်းရာ၌ ထည့်သွင်း ပြောကြားသွားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နတ်မောက်မြို့သို့ ရောက်ရှိ

မြန်မာ၏အဓိပ္ပာယ်တွင် အကြမ်းဖက်မှုမပါ
ပြီးခဲ့သည့်နှစ် မေလ ၁၂ ရက်၊ ရန်ကုန်မြို့ တာမွေအိုးရှင်းရှေ့ရှိ စစ်ပွဲရပ်ဆန္ဒပြပွဲကို အမှတ်ရကြဦးမည်ဟုထင်၏။ တကယ်တော့ ယင်းစစ်ပွဲရပ်ဆန္ဒပြပွဲ၏ မူလအစီအစဉ်မှာ တာမွေအဝိုင်းထိပ်မှနေ၍ မြို့တော်ခန်းမဆီသို့ လမ်းလျှောက်ချီတက်ဆန္ဒပြရန် ဖြစ်သည်။ ဥပဒေနှင့်အညီ ယင်းသို့ လမ်းလျှောက်ဆန္ဒပြမည့် အကြောင်း သက်ဆိုင်ရာသို့ အ ကြောင်းကြားသည်။ လမ်းလျှောက်ကြမည့် လူအင်အားမှာ စုစုပေါင်းတစ်ရာဝန်းကျင်။
အစ္စရေးရောက်မြန်မာနိုင်ငံသားများသို့ အရေးပေါ်အခြေအနေသတိပေးချက် ထုတ်ပြန်
အစ္စရေးနိုင်ငံသို့ရောက် ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် အရေးပေါ်အခြေအနေ အတွင်း အရေးပေါ်အချက်ပေး ဥဩဆွဲသံကြားရပါက အနီးစပ် ဆုံး လုံခြုံရေးအခန်း၊ အသက် ကယ်အခန်းနှင့် ဗုံးဒဏ်ခံအခန်း များသို့ အမြန်ဆုံးခိုလှုံရန် အစ္စ ရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေလ ၈ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။ မကြာသေးမီရက်များအ တွင်း အစ္စရေးနိုင်ငံတွင် အစ္စရေး စစ်တပ်နှင့် ဂါဇာအခြေစိုက်စစ် သွေးကြွအုပ်စုများအကြား တိုက် ခိုက်မှု၌ အသက်ဆုံးရှုံးမှုအချို့ ရှိ၍ တဲလ်အဗစ်မြို့ရှိ မြန်မာသံရုံး အနေဖြင့် နောင်တွင်ကြုံတွေ့လာ နိုင်ခြေရှိသည့် အရေးပေါ်အခြေ အနေများနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံသားများ လိုက်နာဆောင် ရွက်နိုင်ရေး ထုတ်ပြန်ခြင်းဖြစ် ကြောင်း မြန်မာသံရုံးက ဆိုသည်။
လေနုအေးက တနွဲ့နွဲ့နော့ဆဲကို
ငြိမ်းချမ်းရေးပန်းပွင့်ချိန် ကို မျှော်မှန်းကာ ကဗျာရေးခဲ့သူ၊ စာရေးခဲ့သူ ကဗျာဆရာ၊ စာရေးဆရာများ မည်မျှအထိရှိမည်ကို ကျွန်တော် တို့ မရေတွက်နိုင်ပါ။ သို့သော် ကဗျာရေးသူ၊ စာရေးသူအားလုံး လိုလိုကတော့ ငြိမ်းချမ်းရေးကို လိုလားသူ၊ ငြိမ်းချမ်းရေးကို မျှော် လင့်သူများသာ ဖြစ်ပါသည်။ အ ကောင်းကိုရချင်၍ အကောင်းကို မျှော်မှန်းခဲ့ကြသူများဖြစ်သည်။ လူသားတို့၏ မျှော်မှန်းချက်၊ လူ သားတို့၏ ချစ်ခြင်းမေတ္တာတရား၊ လူသားတို့၏ ယုံကြည်ချက်တို့ကို ပိုမိုခိုင်မာအောင် ခေတ်အဆက် ဆက်၌ ကလောင်လက်ဖြင့် တတ် စွမ်းသမျှ ပုံဖော်ထုဆစ်ခဲ့ကြသူ များစွာရှိခဲ့ကြသည်၊ ယခင်က လည်း ရှိသည်၊ ယခုလည်း ရှိ သည်၊ နောင်အခါတွင်လည်း ရှိနေမည်သာဖြစ်သည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ - ၁၀၊ ၂၀၁၉
ဒီကနေ့မေ ၁၀ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၁၉ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၂ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၈၅ ကျပ် (ဘဏ်ကအဝယ်)၊ ၁၆၉၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၁၁၄ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၇ ကျပ် (ဘဏ်ကအဝယ်)၊ ၄၈ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၄၈၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၀၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၁၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၀ ကျပ်ဈေးဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မကွေးလူထုတွေ့ဆုံပွဲတွင် တင်ပြ/တိုင်ကြားစာ၂၀ဝ ကျော်ရှိ
ထောင်ဆူပူမှုများနောက်ကွယ်၌ လှုံ့ဆော်မှုများ ရှိနေဟု အစိုးရထုတ်ပြန်
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များနှင့်ပတ်သက်၍ ကျေနပ်ခြင်းမရှိဟုဆိုကာ အကျဉ်းထောင် ၇ ခုမှ ဆူပူမှုများ ဖြစ်ပွားခဲ့ရာ ゞင်းဆူပူမှုများသည် ချိတ်ဆက်မှု နှင့် သွေးထိုးလှုံဆော်မှုများ ရှိနေသည်ဟု အစိုးရက မေလ ၉ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ “ဆူပူမှုများနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေး ဆောင်ရွက်သွား မည်” ဟု သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။
တာဝေးပစ်လက်နက် စမ်းသပ်ပစ်လွှတ်ခဲ့ဟု မြောက်ကိုရီးယား ပြောလာ၍ တင်းမာမှုတွေ ပိုမို မြင့်တက်နိုင်ဖွယ် ရှိနေ
မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်လက်နက်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မေ ၁၀ ရက်က ပြောလာတာကြောင့် အဲဒီ အတည်ပြုချက်ဟာ ကိုရီးယားကျွန်းဆွယ်အရေးမှာ တင်းမာမှုတွေ ပိုမိုမြင့်မားလာဖို့ပဲ ရှိနေပါတယ်။ြ ပုံယမ်းဟာ တာတိုပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပြောထားတာနဲ့ ဆန့်ကျင်ပြီး အတည်ပြုထုတ်ပြန်လာချက်ပဲ ဖြစ်ပါတယ်။
ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသားများ ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် တောင်းဆို
“၁၂ နာရီလောက်မှာ ပြန်တော့ငြိမ်သွားပါပြီ၊သူတို့က ၀န်ကြီးချုပ်နဲ့ တွေ့ ချင်တယ်လို့ ပြောတာပေါ့၊သူတို့ အကျဉ်းသားအခွင့်အရေးကို တောင်းချင်တဲ့ဆန္ဒပါပဲ။ ကျန်တာတော့ ဘာမှမရှိပါဘူး”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။ ပုသိမ်အကျဉ်းထောင်တွင် အဆောင်၁၊၂တို့မှ အကျဉ်းသား ၃၄၃ ဦးက “အကျဉ်းသားအခွင့်အရေး တန်းတူ ရရှိရေး ဒို့ အရေး၊လွတ်ငြိမ်းချမ်းသာခွင့်တန်းတူရရှိရေး ဒို့ အရေး” စသည်တိ့ကို ကြွေးကြော်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ပုသိမ်အကျဉ်းထောင်ဆူပူမှု သည် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘဲ မေ ၉ရက်နေ့ ၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျည်ဆန် ၇၈၂ တောင့် မကွေးတွင် တွေ့ရှိ
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်၊ ဗိုလ်လုပွဲ (၄)နေရာစလုံး သိမ်းပိုက်ရယူတဲ့ သမိုင်းမှတ်တမ်းကို ရေးထိုးလိုက်တဲ့ အင်္ဂ္လိပ်ကလပ်အသင်းများ
မောင်းသူမဲ့ ရထားတွေနဲ့အတူ ပထမဆုံးမြေအောက်သယ်ယူပို့ဆောင်ရေးစနစ်သစ်ကို ဖွင့်လှစ်လိုက်တဲ့ ဒိုဟာ
မြိတ်တွင် အခြေခံဥပဒေ ပြင်ဆင်ပေးရေး လူအင်အား ၃၀၀၀ ကျော်ဖြင့် ထောက်ခံပွဲ ပြုလုပ်

စင်ကာပူတွင် ရှားပါး မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ် ပထမဆုံးအကြိမ် တွေ့ရှိ
၂၀၂၀ အလွန် နိုင်ငံအဝှမ်း ရာနှုန်းပြည့် မီးရရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှုနှုန်းမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအောက်သာရှိနေသေးသောကြောင့် အခြေအနေပေါ်မူတည်ကာ မီးပေးနေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၉ရက်နေ့က မကွေးမြို့နယ်ခန်းမ၌ မကွေးဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ချမ်းမြသာစည်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းကို ၂၀၁၉ ခုနှစ်၊မေလ ၁၀ ရက်၊နံနက်ပိုင်းက မန္တလေးမြို့၊ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြတ်စောညီနောင်ဘုရားဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။ အဆိုပါနေ့မှာပင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်း ကွင်းဆင်းဆောင်ရွက်ပေးမှုကို အဆိုပါနေရာ၌ ပူးတွဲ ပြုလုပ်ခဲ့သည်။
မန္တလေး အိုးဘိုထောင်ဘာမှမဖြစ်၊ ကောလဟလများပြန့်နေခြင်းသာဖြစ်
မန္တလေးအိုးဘိုထောင်အတွင်း ဆူပူမှုဖြစ်နေတယ်ဆိုပြီး လူမှုကွန်ရက်မှာပြန့်နေတာတွေဟာ ကောလဟလသတင်းတွေသာဖြစ်ပြီး ထောင်အတွင်းပိုင်းလုံခြုံရေးတင်းကြပ်စွာချထားသလို ထောင်ပြင်ပအခြေအနေနဲ့ပတ်သက်လို့လည်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေကိုယ်တိုင် စောင့်ကြပ်နေကြတယ်လို့ သိရပါတယ်။ "ထောင်ဘေးမှာတင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိနေတော့ အားလုံးကစောင့်ကြပ်နေကြပါတယ်၊ လုံခြုံရေးရဲတပ်ဖွဲ့လည်းရှိနေပါတယ်" လို့ သတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။ မန္တလေးအိုးဘိုထောင်ဟာ လက်ရှိအချိန်အထိ ဘာမှမဖြစ်ပဲ တည်ငြိမ်မှုရှိနေပါတယ်။
သြစတြေးလျနိုင်ငံမှ ဒေါ်လာ ၅၀တန် ငွေစက္ကူအသစ် အရွက်ရေ ၄၆သန်းဖြန့်ဝေပြီးမှ စာလုံးပေါင်းအမှားပါနေမှန်းသိ


မြောက်ကိုရီးယားက ဒုံးကျည်နှစ်ခု ပစ်လွှတ်ပြီး ၁၀မိနစ်အကြာတွင် အမေရိကန်ကလည်း ဒုံးကျည်တစ်ခု စမ်းသပ်ပစ်လွှတ်ခဲ့
မြောက်ကိုရီးယားမှ တာတိုပစ်ဒုံးကျည်နှစ်ခုကိုထပ်မံစမ်းသပ်ပစ်လွှတ်ပြီး (၁၀)မိနစ်မျှအကြာတွင် အမေရိကန်ကလည်းလက်နက်တပ်ဆင်ထားခြင်းမရှိသော တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကိုဖလော်ရီဒါပိုင်နက် ရေပြင်အောင် ရေငုပ်သင်္ဘောတစ်စီးထံမှစမ်းသပ်ပစ်လွှတ်လိုက်သည်။ Trident II (D5) အမျိုးအစား ဒုံးကျည်ကို အမေရိကန်ရေတပ်၏မဟာဗျူဟာစနစ်အစီအစဉ်အရ စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ကြောင်းပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် မစ္စလော်ရာဆီးလ်က အတည်ပြုပြောကြားသည်။
မော်တော်ယာဉ်ထဲတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသော WY စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်း ပင်လောင်းမြို့နယ်တွင် ဖမ်းမိ

ကုမ္ပဏီ ၅၀ကျော် ခင်းကျင်းပြသကြသည့် အိမ်ရာအရောင်းပြပွဲစတင်

ဘိုင်ယန်မြူးနစ်အသင်း ခုနစ်ကြိမ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရန် နီးစပ်လာ
ဘိုင်ယန်မြူးနစ်အသင်း သည် ဘွန်ဒက်စ်လီဂါချန်ပီယံ စံ ချိန်တင် ခုနစ်ကြိမ်မြောက် ရရှိရန် မိနစ် ၉၀ သာ လိုအပ်ပြီး ယနေ့ည လိုက်ပ်ဇစ်နှင့်ပွဲတွင် အနိုင်ရရှိပါ က တစ်ပွဲကစားရန် ကျန်ရှိချိန်မှာ ပင် ဒေါ့မွန်ကိုကျော်ဖြတ်၍ ချန်ပီ ယံဆုရယူနိုင်မည်ဖြစ်သည်။ ဘိုင်ယန်သည် နှစ်စပိုင်းက ဒေါ့မွန်၏နောက် ကိုးမှတ်ကွာဟ နေသော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း ပြိုင် ဘက်၏ ဆက်တိုက်ခြေချော်မှုနှင့် အတူ လေးမှတ်အသာစီး ရရှိနေ သည်။
Louis Vuitton ရှိုးပွဲမှာ ဆယ်လီတွေနဲ့ ဓာတ်ပုံရိုက်တဲ့ ITZY အဖွဲ့
Marvel ဇာတ်ကားသစ်မှာ ပါဝင်ကတော့မယ့် ဂေးဇာတ်ကောင်
ဗယ်လ်ဗာဒီ၏ အနာဂတ်နှင့်ပတ်သက်၍ ဘာကာဥက္ကဋ္ဌ နှုတ်ဆိတ်နေ
ဂျူဗင်တပ်မှ အယ်လီဂရီထွက်ခွာပြီး ပီအက်စ်ဂျီကို ကိုင်တွယ်မည်ဟု အီတလီသတင်းများ ဖော်ပြ
မိမိကစားသမားများသည် သူရဲကောင်းများဖြစ်ဟု စပါးနည်းပြပိုချက်တီနိုချီးကျူး မော်ရာကို ရုပ်တုဖြင့် ဂုဏ်ပြုသင့်ကြောင်း အဲရစ်ဆင် ပြောကြား
အေဂျက်ဇ်ကွင်း တွင် သွားရောက်ကစားရင်း စံပြု ရသော ဒုတိယပိုင်းကစားပုံနှင့်အ တူ နှစ်ပွဲပေါင်း သုံးဂိုးစီသရေကျ ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီးနောက် စပါး အသင်းသားများသည် သူရဲ ကောင်းများဖြစ်သည်ဟု နည်းပြ ပိုချက်တီနိုက ပြောသည်။ ‘‘စကားပြောဖို့ ခက်ခဲနေဆဲ ပါပဲ။ ခံစားချက်က မယုံနိုင်စရာ ပါပဲ။ ဘောလုံးကိုလည်း ကျေးဇူး တင်တယ်။ ကျွန်တော့်ကစားသ မားတွေဟာ သူရဲကောင်းတွေပါ။ ဒီအုပ်စုဟာ သူရဲကောင်းတွေဆို တာ ကျွန်တော်လူတိုင်းကို ပြသ နေခဲ့ပါတယ်။ ဒီလိုခံစားချက်မျိုး ဆိုတာ ဘောလုံးအားကစားမရှိ ရင် မဖြစ်နိုင်ပါဘူး’’ ဟု အနိုင်ဂိုး သွင်းယူပြီးနောက် ကွင်းထဲသို့ပြေး ဝင်အောင်ပွဲခံခဲ့သူ ပိုချက်တီနိုက ပြောသည်။
တစ်ရာသီလုံးအကောင်းဆုံးနည်းပြနှင့် ကစားသမားဆု ဆန်ခါတင်စာရင်းတွင် မန်စီးတီးနှင့် လီဗာပူးဦးဆောင်နေ
ပရီးမီးယားလိဂ် ယခုရာသီအကောင်းဆုံး နည်းပြနှင့် အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းတွင် မန်စီးတီးနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် လီဗာပူးတို့က အဓိကဦးဆောင်ထား သည်။ တစ်ရာသီလုံးအကောင်းဆုံး နည်းပြဆု ရွေးချယ်ခံရသူများတွင် ဝုဖ်လ်ဗာဟမ်တန်နည်းပြ နူနို အက်စပရီကို ဆန်းတို့စ်၊ မန်စီး တီးနည်းပြ ဂွာဒီယိုလာ၊ လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်နှင့်စပါး နည်းပြ ပိုချက်တီနိုတို့ ပါဝင်နေ သည်။ ပေါ်တူဂီနိုင်ငံသားဆန်းတို့စ် သည် ဝုဖ်လ်အသင်းကို (၁၈) နှစ် အတွင်း တန်းတက်အသင်းတစ် သင်း အမှတ်အများဆုံးရ အောင် စွမ်းဆောင်ထားပြီး အမှတ်ပေး ဇယား (၇) နေရာ သေချာသ လောက်ဖြစ်နေသည်။
ပြောင်းလဲကောက်ခံမည့် မီတာခနှုန်းထားကို အကြီးအကဲများ လက်ခံပြီးဖြစ်ဟုဆို
ပြောင်းလဲကောက် ခံမည့် မီတာခကို နိုင်ငံတော် အကြီးအကဲများက မူအရလက်ခံ ထားပြီးဖြစ်သဖြင့် မကြာမီထုတ် ပြန်ပေးမည်ဟု လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးတင်မောင်ဦးကပြော သည်။ ‘‘အတိအကျတော့ မပြော နိုင်သေးပါဘူး။ မူအရတော့ နိုင်ငံ တော်အကြီးအကဲတွေက လက်ခံ ထားပါတယ်’’ဟု ဦးတင်မောင်ဦး က ဆိုသည်။
အကြောင်းအရာတစ်ခုတည်းကို ပုဒ်မနှစ်ခုဖြင့် တရားစွဲခြင်းအပေါ် မင်းထင်ကိုကိုကြီးမေးခွန်းထုတ်
ဥပဒေအရ အကြောင်း အရာတစ်ခုတည်းကို ပုဒ်မနှစ်ခု ဖြင့် တရားစွဲခွင့်မရှိသော်လည်း ၎င်းကို အကြောင်းအရာတစ်ခု တည်းအပေါ်၌ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုသည့်ကိစ္စကို ဒါရိုက် တာ မင်းထင်ကိုကိုကြီးက မေးခွန်း ထုတ်သည်။‘‘ဒီရေးသားချက် တစ်ခု တည်းကိုပဲ ၆၆(ဃ) နဲ့လည်း ရဲ စခန်းမှာ တရားစွဲထားတယ်။ ပြီး တော့ ၅၀၅(က) နဲ့လည်း တရား ရုံးမှာ ဦးတိုက်လျှောက်ထားတယ် ဆိုတော့ ဥပဒေကို မသိတာလား။ သိရဲ့နဲ့ တမင်ဥပဒေကို ကျော် လွန်ပြီး လုပ်နေတာလားဆိုတဲ့ ဟာ ဒီမှာထုတ်ရမယ့်မေးခွန်းဖြစ် နေတာပေါ့။ ဘာဖြစ်လို့လဲဆို တော့ ပြစ်မှုတစ်ခုတည်းကို ပုဒ်မ နှစ်ခုနဲ့ စွဲလို့မရဘူး။ ဒါပေမဲ့ သူတို့ စွဲထားကြတယ်’’ဟု မေလ ၉ ရက် ရုံးချိန်းတွင် ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားသည်။
အာဆီယံပြိုင်ပွဲဝင် မြန်မာယူ-၁၈ အသင်း မေလ ၁၇ ရက်တွင် စတင်လေ့ကျင့်မည်
အာဆီယံပြိုင်ပွဲအ တွက် မြန်မာ့လက်ရွေးစင် ယူ-၁၈ ဘောလုံးအသင်းသည် မေလ ၁၇ ရက်တွင် စတင်လေ့ကျင့်မည် ဖြစ်ကြောင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောသည်။ မြန်မာယူ-၁၈ အသင်းသည် ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲတွင် MMF Youth အမည်ဖြင့် ယှဉ်ပြိုင်နေသည်။ သို့သော် လက်ရှိတွင်ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးသဖြင့် မြန်မာယူ-၁၈ အသင်းကို ၁၀ ရက်ခန့် အနားပေးထားသည်။ ‘’ ကြားထဲမှာ ကစားသမား အပြောင်းအလဲ ပြုလုပ်ဖို့ ရှိပါတယ်။
ရှုံးထွက်ပြိုင်ပွဲကွာတားအဆင့်သို့ ရှမ်း၊ မကွေးနှင့် ရခိုင်အသင်းတို့ တက်ရောက်
ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် တွင် ရှမ်း၊ မကွေးနှင့် ရခိုင်အသင်း တို့က ပြိုင်ဘက်များကို အသီးသီး အနိုင်ရပြီး ကွာတားဖိုင်နယ်အ ဆင့်သို့ တက်ရောက်ခဲ့သည်။ မေလ ၈ ရက်က ယှဉ်ပြိုင် သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဒုတိယအဆင့် ရှုံးထွက်ပြိုင်ပွဲတွင် ရှမ်းအသင်းက မြဝတီကို ၂-၀ ဂိုး၊ မကွေးက အားကာသိပ္ပံကို ၃-၀ ဂိုး၊ ရခိုင်က ဇွဲကပင်ကို ပင်နယ်တီအဆုံးအဖြတ် ၆-၅ ဂိုး ဖြင့် အသီးသီးအနိုင်ရခဲ့သည်။
ရခိုင်မြောက်ပိုင်းတွင် စစ်ကူပေးရန်အပါအ၀င် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း ဆောက်လုပ်ထား
ရခိုင်ပြည်နယ်မြောက် ပိုင်း၌ စစ်ကူပေးရန်အပါအ၀င် ထောက်ပံ့ရေး လုပ်ငန်းများတွင် အသုံးပြုရန် ရဟတ်ယာဉ်ကွင်း ၁၅ ခုဆောက်လုပ်ထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိ ယအမြဲတမ်းအတွင်းဝန် ဦးစိုင်း ထွန်းညိုက ပြောသည်။ နေပြည်တော် ပြန်ကြား ရေးဝန်ကြီးဌာန၌ ယမန်နေ့တွင် စတင်ပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက်တတိယ တစ်နှစ်ကာလအတွင်း ဆောင် ရွက်မှုများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ ဒုတိယ အမြဲတမ်းအတွင်းဝန်က ပြော ကြားသည်။
MIU အသင်း အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ မလေးရှားကလပ်တို့နှင့်တစ်အုပ်စုတည်းကျ
အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုအဆင့် တွင် မြန်မာဖူဆယ်ကလပ် MIU အသင်းသည် ကမ္ဘောဒီးယား ကလပ်၊ မလေးရှားကလပ်တို့နှင့် အတူ ကျရောက်နေသည်။ ၂၀၁၉ အာဆီယံဖူဆယ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် လ ၁၇ မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာခွန်ရစ်ချာ စီးမားကွင်းတွင် ကျင်းပမည်ဖြစ် သည်။ အုပ်စုခွဲဝေမှုအရ MIU (ယခင် MIC) အသင်းသည် အုပ် စု (ခ) တွင် ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်း စပေါ့အသင်း၊ မလေးရှားကလပ် မီလာကာအ သင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု (က)တွင် အိမ်ရှင် ထိုင်းကလပ်ချောင်ဘူရီ၊ ဗီယက် နမ်ကလပ်ဆာဗီနက်၊ အင်ဒိုနီး ရှားကလပ် ဘလက်စတီးအသင်း တို့ ပါဝင်သည်။
ကျောက်တန်းရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရန် လုပ်ငန်းအဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော် တာဝန်ပေး တစ်လအတွင်း အစီရင်ခံစာ တင်ပြရမည်ဟုဆို
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ ဖြစ်စဉ်နှင့်ပတ် သက်၍ မြေပြင်တွင် ဖြစ်ပျက်ခဲ့ သည့် အခြေအနေများကို စုံစမ်း စစ်ဆေးရန် လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေး၊ စီမံခန့်ခွဲရေး၊ တရားဥ ပဒေစိုးမိုးရေးလုပ်ငန်း အဖွဲ့သို့ ရခိုင်ပြည်နယ်လွှတ်တော်က တာ ၀န်ပေးသည်။ေ ကျာက်တန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်သူများကို စုံစမ်းမေးမြန်းကာ တစ်လအတွင်း လွှတ်တော်သို့ အစီရင်ခံစာ ရေး သားတင်ပြရမည်ဖြစ်ကြောင်း အ ဆိုပါလုပ်ငန်းအဖွဲ့ကို ရခိုင်ပြည် နယ်လွှတ်တော်က မေလ ၈ ရက် စွဲဖြင့် စာထုတ်ကာ တာဝန်ပေး ခြင်းဖြစ်သည်။
ဦးဇော်လင်းထွန်းကို လက်ရွေးစင်လက်ထောက်နည်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေဟု ဆို
စစ်ကိုင်းအသင်းနည်းပြ ချုပ် ဦးဇော်လင်းထွန်းကို မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း လက်ထောက်နည်းပြအဖြစ် ခန့် အပ်ရန်စီစဉ်ထားကြောင်း ဘော လုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး က ပြောသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မြန်မာ့လက်ရွေးစင်အ သင်းနည်းပြချုပ်အဖြစ် မွန်တီနီ ဂရိုးနိုင်ငံသားရာဂျူလိုဗစ်နှင့် လက်ထောက်နည်းပြ ဗလာဒီမာ တို့ကို ဧပြီနောက်ဆုံးပတ်ကခန့် အပ်ခဲ့သည်။ ၎င်းတို့နှစ်ဦးနှင့်အတူပူးတွဲလုပ်ဆောင်ရန် ပြည်တွင်းနည်းပြတစ်ဦးခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။
ပညာရေးဝန်ကြီးဌာနထုတ် ပထမတန်းမြန်မာစာဖတ်စာအုပ်တွင် သတ်ပုံမှားယွင်းခြင်းမရှိဟုဆို
စစ်ကြောရေးကာလအတွင်း သေဆုံးသူများ၏ အလောင်းကို မိသားစုထံလွှဲပေးရန်အဆို ရခိုင်လွှတ်တော်အတည်ပြု
တိုက်ပွဲများနှင့်ပတ် သက်၍ သံသယဖြင့်ဖမ်းဆီးစစ် ဆေးခံနေရသူများ စစ်ဆေးနေစဉ် သေဆုံးပါက အလောင်းများကို ၎င်းတို့၏မိသားစုထံ လွှဲပြောင်း ပေးနိုင်ရေး ကြိုးစားပေးသင့် ကြောင်း ပြည်နယ်အစိုးရအဖွဲ့ အား တိုက်တွန်းသည့်အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် မဲ ခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ြေ မာက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦး ထွန်းသာစိန်တင်သွင်းသည့်ယင်း အဆိုကို မေလ ၈ ရက်ကကျင်းပ သည့် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး ပြည်နယ်အစိုးရက အဆိုကို မှတ်တမ်းအဖြစ်ထားရှိ ရန် မှတ်ချက်ပြု၍ မဲခွဲဆုံးဖြတ် ခြင်းဖြစ်သည်။
မီးပြတ်၍ သောက်သုံးရေပေးဝေမှု အဆင်မပြေသဖြင့် ရန်ကုန်စည်ပင်တောင်းပန်
ရေအားလျော့နည်း ခြင်း၊ ရေပေးဝေမှုပြတ်တောက် ခြင်းများကြောင့် ရန်ကုန်မြို့နေ ပြည်သူများကို တောင်းပန် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ထုတ် ပြန်သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ရေရရှိရေး နှင့် ရေပေးဝေရေးလုပ်ငန်းတာဝန် ခံအဖွဲ့က ‘အသိပေးတောင်းပန် ချက်’ ခေါင်းစဉ်ဖြင့် မေလ ၉ ရက် ကထုတ်ပြန်ကာ မြို့တော်ဝန် ဦးမောင်မောင်စိုး၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ယင်း ထုတ်ပြန်ချက်ကို ပြန်လည်မျှဝေ ထားသည်။
Sai Sai Mandalay Show လက်မှတ် မေလ ၁၁ ရက် စတင်ရောင်းချမည်
Sai Sai Mandalay Show ကိုမေလ ၂၅ ရက်တွင် မန္တလာသီရိအားကစားကွင်းဘေး ရှိမြေကွက်လပ်၌ ကျင်းပမည် ဖြစ်ကြောင်း အဆိုတော်စိုင်းစိုင်း ခမ်းလှိုင်ကပြောသည်။ ‘‘ရန်ကုန်မှာ ကျင်းပခဲ့တဲ့ စိုင်းစိုင်းမွေးနေ့ရှိုးဟာ ကျွန်တော့် ရဲ့တစ်သက်မှာ၊ ကျွန်တော်လုပ် နိုင်တဲ့အထဲမှာ အကြီးဆုံး၊ အ အောင်မြင်ဆုံးဖြစ်ခဲ့သလိုမန္တလေး မှာသွားလုပ်မယ့်ပွဲမှာလည်း အ ကောင်းဆုံး Production နဲ့အကြီး ကျယ်ဆုံး ပွဲဖြစ်အောင်ကြိုးစား သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
အကျဉ်းထောင်ဆူပူမှုနှင့်ပတ်သက်၍ သံသယရှိဟု ဒီချုပ်အမတ်များပြော
လတ်တလောဖြစ် ပွားနေသည့် အကျဉ်းထောင်များ အတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များ သည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက် စေ၍ သက်ဆိုင်ရာ အာဏာပိုင် များအနေဖြင့် အမြန်ဆုံးဖြေရှင်း ရန် လိုအပ်ကြောင်း ဒီချုပ်အမတ် များက တိုက်တွန်းသည်။ ‘‘ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတက နေပြီးတော့ သတ်မှတ်ချက်တွေနဲ့ ဒါတွေလွှတ် သင့်တယ်။ ဒါတွေမလွှတ်သင့်ဘူး ဆိုတာ ပေးလိုက်ပြီးသား။ ဝန်ထမ်းတွေရဲ့ချို့ယွင်းချက်ကြောင့် မမျှ တဘူးဆိုတာ ပေါ်လွင်လာတယ် လို့ပဲ ထင်တယ်။ ဒီကိစ္စကိုတော့ ဌာနတွင်းလည်း ရှင်းရမယ်။ လော လောဆယ်တော့ အကြီးအကဲတွေ ကိုယ်တိုင်သွားပြီးတော့ ရှင်းသင့် တဲ့ နေရာတွေကို ရှင်းဖို့လိုပါ တယ်’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။
ICRC က မော်တော်ယာဉ်ငါးစီး တင်သွင်းမှု အခွန်ကင်းလွတ်ခွင့်ပြုရန် မဲခွဲအတည်ပြု
အပြည်ပြည်ဆိုင် ရာ ကြက်ခြေနီကော်မတီ(ICRC) က ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် ယာဉ်ငါးစီးတင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ် တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ သည်။ ဂျီနီဗာမြို့ရှိ ICRC ရုံးချုပ်က မြန်မာနိုင်ငံရှိ ICRC ရုံးအတွက် ကန်ဒေါ်လာ တစ်သိန်းနှစ်သောင်း ကျော်တန်ဖိုးရှိ တိုယိုတာလန်ခရူဆာငါးစီးတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရေးနှင့်ပတ် သက်၍ ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံယူခြင်း ဖြစ်သည်။
တစ်ရက်တည်း ထောင်ငါးခု ဆူ ရွှေဘိုထောင်ဆူပူမှု ထိန်းသိမ်းစဉ် အကျဉ်းသားလေးဦးသေ နှစ်ဦးဒဏ်ရာရ
အကျဉ်းထောင် ငါးခု၌ တစ်ရက်တည်း ထောင်ဆူမှုများ ဖြစ်ပွားခဲ့ပြီး သမ္မတလွတ်ငြိမ်း သက်သာခွင့်ပေးပြီး နောက်ပိုင်း စုစုပေါင်း အကျဉ်းထောင် ခုနစ်ခုဆူခဲ့ရာ ရွှေဘိုအကျဉ်း ထောင်ဆူပူမှုကို လုံခြုံရေးအဖွဲ့ ကထိန်းချုပ်စဉ် အကျဉ်းသား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရခဲ့သည်။
ဆူပူမှုဖြစ်သည့် အကျဉ်းထောင်များ
မေလ ၉ ရက် နံနက်တွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား အ ကျဉ်းထောင်၊ ပဲခူးတိုင်းဒေသကြီးရှိ သာယာ ၀တီအကျဉ်းထောင်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ပုသိမ်အကျဉ်း ထောင်၊ တနင်္သာရီတိုင်းရှိ ထား ဝယ်အကျဉ်းထောင်နှင့် စစ်ကိုင်း တိုင်းရှိ ရွှေဘိုအကျဉ်းထောင်တို့ တွင် ထောင်ဆူမှုဖြစ်ခဲ့ခြင်းဖြစ် သည်။ အကျဉ်းသားများ ဆန္ဒ ထုတ်ဖော်မှုကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ၀င်များက အကျဉ်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ သည်။
ဆူပူမှုဖြစ်သည့် အကျဉ်းထောင်များ
မေလ ၉ ရက် နံနက်တွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား အ ကျဉ်းထောင်၊ ပဲခူးတိုင်းဒေသကြီးရှိ သာယာ ၀တီအကျဉ်းထောင်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ပုသိမ်အကျဉ်း ထောင်၊ တနင်္သာရီတိုင်းရှိ ထား ဝယ်အကျဉ်းထောင်နှင့် စစ်ကိုင်း တိုင်းရှိ ရွှေဘိုအကျဉ်းထောင်တို့ တွင် ထောင်ဆူမှုဖြစ်ခဲ့ခြင်းဖြစ် သည်။ အကျဉ်းသားများ ဆန္ဒ ထုတ်ဖော်မှုကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ၀င်များက အကျဉ်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ သည်။
လေယာဉ်မတော်တဆမှုမှ ဒဏ်ရာရသူ ၁၇ ဦး အာယုဆေးရုံတွင် ကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်
လေယာဉ်မတော်တဆမှု အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာ ၁၇ ဦး အာယုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်း မွန်ကာ အသက်အန္တရာယ် စိုး ရိမ်စရာမရှိကြောင်း အဆိုပါ ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက် တာသန်းထွဋ်ဦးက ပြောသည်။ေ မလ ၈ ရက်က ရန်ကုန် လေဆိပ်သို့ဆင်းသက်စဉ် ပြေး လမ်းချော်မှုဖြစ်ပွားခဲ့သော Biman Bangladesh Airlines လေ ယာဉ် မတော်တဆမှုကြောင့် မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများကို မြောက် ဥက္ကလာပဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသသော်လည်း ပိုမို ကောင်းမွန်သော ဆေးဝါးကုသမှု ကို ရရှိစေရန် တာမွေမြို့နယ်ရှိ အာယုအထူးကုဆေးရုံသို့ ပြောင်း ရွှေ့ကုသရန် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်သိန်းက လမ်းညွှန်ခဲ့သည်။
‘မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်’ မှာ ဒေါင်းနဲ့အတူ သရုပ်ဆောင်မယ့် ပိုင်ဖြိုးသု
ချင်းအမျိုးသားတပ်ဦးဌာနချုပ်တွင် အပစ်ရပ်စောင့်ကြည့်ရေးသင်တန်း ပို့ချ
တရားဝင်ဆွေးနွေးပွဲ များ စတင်နိုင်ခြင်းမရှိသေးသော် လည်း အဖွဲ့၏လုပ်ထုံးလုပ်နည်း များနှင့်ပတ်သက်သည့် သင်တန်း များကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးနှင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့၏ ဌာနချုပ်တွင် ဆောင်ရွက်နေ သည်။ JMC ၏ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် စစ် ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း များရှင်းလင်းပို့ချသည့် JMC ဆိုင် ရာသင်တန်းကို ချင်းအမျိုးသား တပ်ဦး (CNF)ဌာနချုပ်တွင်မေလ ဆန်းက နှစ်ရက်ကြာပြုလုပ်ခဲ့ ကြောင်း JMC က သတင်းထုတ် ပြန်သည်။
စမ်းချောင်းတွင် တည်းခိုနေသူနှစ်ဦးထံမှ ကျပ်သိန်း ၂၀ ကျော်ဖိုး ဘိန်းဖြူများ ဖမ်းမိ
စမ်းချောင်းမြို့နယ်၌ တည်းခိုနေထိုင်သူနှစ်ဦးထံမှ ကျပ်သိန်း ၂၀ ကျော်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မေလ ၉ ရက်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ ပြစ်မှုကျူးလွန်သူ နှစ်ဦးသည် ရှမ်းပြည်နယ်မှ လာ ရောက်တည်းခိုနေထိုင်သူများဖြစ် ပြီး တရားခံတစ်ဦးမှတစ်ဆင့် ကွင်းဆက်တရားခံတစ်ဦးကို တစ်ရက် တည်း ဖော်ထုတ်ဖမ်းဆီးရမိ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။
ကပြားအစားအသောက်တွေကြား မေ့လျော့ခံ မြန်မာမုန့်များ၏ အနာဂတ်
ရန်ကုန်မြို့က မကြာ သေးမီကမှ အသစ် ဖွင့်လှစ်ထားသည့် စူပါမားကက်တစ်ခုအတွင်း၌ ဖြစ် သည်။ အရောင်အသွေးစုံလှသည့် မုန့်များကို ခင်းကျင်းပြသထားပြီး ချက်ချင်းယူ၊ ချက်ချင်းစား(Self- Service)ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်တန်းများမှာမျက် စိပသာဒဖြစ်စရာအပြည့်။ သူငယ် ချင်းတွေက ဟိုဟာစားမည်၊သည် ဟာစားမည်ဖြင့် စားသောက်ရန် ငြင်းခုံနေကြစဉ် ကျွန်မကတော့ နှုတ်ဆိတ်နေမိသည်။
မူဆယ်ဆွေးနွေးပွဲမှ မျှော်လင့်ချက်
နွေကာလ၏ အပူဆုံးအချိန်ဖြစ် သော ဧပြီနောက်ဆုံးရက်တွင် မိုးဖွဲဖွဲရွာသွန်းခြင်းကြောင့် မူဆယ်မြို့အဝင် ကားလမ်းဘေးတွင် တန်းစီစောင့်ကြိုနေရာယူထားသူ များအတွက် အပူဒဏ်သက်သာ စေခဲ့သည်ဟုဆိုရမည်။ သက်ဆိုင်ရာ တိုင်းရင်းသား ရိုးရာ တူညီဝတ်စုံများ ဝတ်ဆင် လျက် မြန်မာနိုင်ငံအလံ၊ ကချင် အမျိုးသားအလံ၊ တအာင်းအမျိုး သားအလံများ ကိုင်ဆောင်ထား ကြသူများသည် အနက်ရောင် ကားကြီးများ ပါဝင်သည့် ယာဉ် တန်းရောက်လာချိန်တွင် အလံ များ ဝှေ့ယမ်းနှုတ်ဆက်ကြသည်။
ငါးဖမ်းစဉ် စကားများကာ လူသတ်မှုကျူးလွန်သူသုံးဦးကို စစ်ဆေးနေဟုဆို
တောင်ငူမြို့တွင် သူငယ်ချင်းအချင်းချင်း ငါးဖမ်းစဉ် စကား များရန်ဖြစ်ရာမှ ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်သူ သုံးဦး ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကျွန်းကုန်းနယ်မြေရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။ ‘‘ငါးသွားဖမ်းရင်းနဲ့ စကား များကြတယ်။ အရက်ကလည်း သောက်ထားတော့ ဆဲဆိုရန်ဖြစ် ကြတယ်လို့ သိရတယ်။ သေဆုံး သူက အမေ၊ နှမနဲ့ဆဲတယ်လို့ ပြောတယ်။ အဲဒီကနေ လူသတ် မှုဖြစ်ကုန်ကြတာပါ။ တရားခံတွေ ကို စစ်ဆေးနေတုန်းပါပဲ။ စခန်း မှာပဲ ချုပ်ထားတယ်’’ဟု ၎င်းက ပြောသည်။
ကျေးသီးမြို့တွင် ရွှေဆိုင် ဓါးပြတိုက်ခိုက်ခံရ
သျှမ်းပြည်တောင်ပိုင်ကျေးသီးမြို့လယ် ဈေးတန်းရပ်ကွက်ရှိရွှေဆိုင်တဆိုင်အား အမည်မသိလူ ၂ ဦးက ၀င်ရောက်ဓါးပြတိုက်ရာ ရွှေထည်ပစ္စည်းနှင့်ငွေသားများ ပါသွားကြောင်းသိရသည်။ေ မလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က အမည်မသိအမျိုးသား ၂ ဦးသည် ကားတစီးဖြင့် စိုင်းခမ်းလူ နန်းခင်ငွေတို့၏ ရွှေဆိုင်သို့ရောက်ရှိလာပြီး ဗုဒ္ဓဆင်းထုတော်လာရောင်းရာမှ ဓါးပြတိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေဖြတ်ရောဂါကုထုံးသစ် စမ်းသပ်မှု အကြီးအကျယ်အောင်မြင်
ဗေးဂတ်စ်နာဗ် အာရုံကြောကို လှုံဆော်တဲ့ ကုထုံးကို epilepsy အတက်ရောဂါရှိသူတွေကို ကုလေ့ရှိပါတယ်
လေဖြတ်တဲ့သူတွေကို ကုထုံးသစ်တမျိုးနဲ့ စမ်းသပ်ကုခဲ့ရာမှာ အကြီးအကျယ်အောင်မြင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကိုယ်ထဲမှာ ထည့်သွင်းထားတဲ့ အီလက်ထရွန်နစ် ပစ္စည်းလေးကနေ ထုတ်လွှတ်တဲ့ အီလက်ထရွန်နစ် လှိုင်းတွေဟာ အာရုံကြောကတဆင့် ဦးနှောက်က ထိခိုက်ပျက်စီးနေတဲ့ နေရာကို ရှောင်ပြီး ခြေလက် လှုပ်ရှားနိုင်အောင် လှုံဆော်ပေးပါတယ်။
လေဖြတ်တဲ့သူတွေကို ကုထုံးသစ်တမျိုးနဲ့ စမ်းသပ်ကုခဲ့ရာမှာ အကြီးအကျယ်အောင်မြင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကိုယ်ထဲမှာ ထည့်သွင်းထားတဲ့ အီလက်ထရွန်နစ် ပစ္စည်းလေးကနေ ထုတ်လွှတ်တဲ့ အီလက်ထရွန်နစ် လှိုင်းတွေဟာ အာရုံကြောကတဆင့် ဦးနှောက်က ထိခိုက်ပျက်စီးနေတဲ့ နေရာကို ရှောင်ပြီး ခြေလက် လှုပ်ရှားနိုင်အောင် လှုံဆော်ပေးပါတယ်။
Subscribe to:
Posts (Atom)