မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးမှာ မြို့မြေငှားဂရန် ထုတ်ပေးဖို့ စတင်ဆောင်ရွက်နေပြီလို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဇူလိုင် ၁၁ ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ပထမဆုံးအနေနဲ့မြို့မြေငှာရမ်း ထုတ်ပေးတဲ့ အခမ်းအနားရဲ့ အဖွင့်အမှာစကားမှာ ပြောဆိုခဲ့တာပါ။ အခုလို တစ်ပြည်နယ်လုံးမှာ မြို့မြေငှားဂရန် ထုတ်ပေးနိုင်ဖို့အတွက်စီမံချက် ရေးဆွဲထားပြီး ၂၀၂၀ မေလကုန်မှာ မြေတိုင်းတာတဲ့ လုပ်ငန်းစဉ်ပြီးဆုံးမှာလို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
Pages
Saturday, July 13, 2019
စည်ပင်ဧည့်ရိပ်သာတွင် ရွှေခိုးမှုဖြင့် လွှတ်တော်ကိုယ်စားလှယ်တဦး၏ ချွေးမကို ဖမ်းဆီး
လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ ၂ ၀င်းအတွင်းမှာ ဇူလိုင် ၁၁ ရက်နေ့က ရွှေထည်ပစ္စည်းတွေ ခိုးယူမှုဖြစ်ပွားခဲ့ပြီး ခိုးယူခဲ့တဲ့ တရားခံဟာ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ချွေးမဖြစ်ပြီး ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ချွေးမက ခိုးတယ်ပြောတာပဲ။ သက်သေပစ္စည်းတွေလည်း မိတယ်ပြောတယ်။ အခိုးခံရတဲ့ ကိုယ်စားလှယ်အမျိုးသမီးကို ရဲစခန်းက ပြန်အပ်ပြီးပြီလို့လည်း ကြားရတယ်။ ဒီလိုဖြစ်တာတော့ မကောင်းဘူးပေါ့ဗျာ”လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ဝင်ဘယ်ဒန်အိုးပင်းတွင် ဖက်ဒါရာက နဒါးလ်ကိုနိုင်ပြီး ဗိုလ်လုပွဲတက်
မင်းတုန်းချောင်းရိုးအတွင်း မျောပါပျောက်ဆုံးနေသည့် ကျောင်းသူလေးဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ
ဇူလိုင် ၁၂ ရက်နေ့က မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် စက်လှေတိမ်းမှောက်မှုကြောင့် ရေစီးနှင့် မျောပါပျောက်ဆုံးခဲ့သည့် ကျောင်းသူ(၄)ဦးအနက်တစ်ဦးကို ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီခန့်က သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ "စက်လှေမှောက်ပြီး ချောင်းရေနောက် မျောပါပျောက်ဆုံးခဲ့တဲ့ ကလေးတွေထဲက မဂျူးဂျူးဟန်(၉)တန်းကျောင်းသူကို မင်းတုန်းမြို့နဲ့ (၁၄)မိုင်လောက်အကွာက စကတဲ ကျေးရွာအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာပါ၊။ သေဆုံးလျှက် တွေ့ရှိခဲ့ရတာပါ။ မိဘတွေကိုရောပြည်သူတွေကိုရော ပြောချင်တာက မိုးတွင်းကာလမှာ ကျေးလက်ဆက်သွယ်ရေးလမ်းကနေပဲ သွားလာကြဖို့ပြောချင်ပါတယ်" ဟု မင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောသည်။
ပလက်ဝမြို့ပေါ်တွင် ရေဘေးသင့်သူ ၆၆ဝ ဦးရှိ

ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်

ခင်ပွန်းဖြစ်သူက ဇနီးနှင့် ကလေးနှစ်ဦးကို ဓားဖြင့်ခုတ်သတ်
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျွဲခြံကျေးရွာတွင် ခင်ပွန်းဖြစ်သူက ဇနီးနှင့်ကလေးနှစ်ဦးကို ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်သတ်ခဲ့ကြောင်း ၀င်းဝနယ်မြေရဲစခန်းနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်တွင် ကျွဲခြံရွာရှိ ၎င်းတို့နေထိုင်သည့် အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိ ဇနီး၊ အသက် ၆ နှစ်အရွယ်သားတစ်ဦးနှင့် အသက် ၂ နှစ်အရွယ်သမီးတစ်ဦးတို့ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါရွာနေ ဦးကျော်မင်းထိုက်က ဆိုသည်။
မြို့သာနတ်ပွဲ
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 13 July 2019
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၇၇၂၀၀ ပေါက်ဈေးရှိ ပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၁၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၇၇၂၀၀ ပေါက်ဈေးရှိ ပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၁၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
တူနီးရှားတွင် ရွှေ့ပြောင်းလာသူများ လှေနစ်မြုပ်ခဲ့မှုကြောင့် သေဆုံးသူ ၇၂ ဦး ရှိပြီ
ပြီးခဲ့တဲ့ သီတင်းပတ်က တူနီးရှားကမ်းလွန်မှာ နစ်မြုပ်ခဲ့တဲ့ ရွှေ့ပြောင်းလာသူတွေရဲ့ လှေကနေ ဇူလိုင် ၁၂ ရက်နေ့မှာ အလောင်းတွေကို ထပ်မံတွေ့ရှိထားပြီး စုစုပေါင်း သေဆုံးသူ ၇၂ ယောက်အထိ ရှိသွားပြိ ဖြစ်ပါတယ်။ အဲဒီလှေဟာ လစ်ဗျားနိုင်ငံကနေ ဥရောပကို ထွက်ခွာလာပြီး တိမ်းမှောက်ခဲ့တာပါ။ လှေပေါ် လိုက်ပါလာသူ ၄ ယောက်ကို ဆယ်ယူရရှိပြီး သူတို့က လိုက်ပါသူ ၈၆ ယောက်ရှိတယ်လို့ တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့ကို ပြောပါတယ်။ တူနီးရှားလခြမ်းနီအဖွဲ့ တာဝန်ရှိသူက ပင်လယ်ထဲမှာ အလောင်းတွေ အများရှိနေတယ်လို့ သင်္ဘောသားတွေက ပြောပြီး အဲဒီသင်္ဘောသားတွေဟာ တခြားသင်္ဘောတွေနဲ့ အဆက်အသွယ် ရှိလာက်တယ်လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မြေထဲပင်လယ်မှာ သေဆုံးတဲ့ ရွှေ့ပြောင်းသူ အရေအတွက်ဟာ အခုချိန်ထိ ၆၈၂ ယောက်ရှိတယ်လို့ ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။
ရွှေ့ပြောင်းလာသူများ ပြင်သစ်တွင် နေထိုင်ခွင့်ပြုရေး တောင်းဆို
ရွှေပေါ်ကျွှန်းသာသနာ့ပြုစခန်းတွင် ခိုက်ရန်ဖြစ်ပွား
သမ္မတဒူတာတေး၏ မူးယစ်နှိမ်နင်းရေးစစ်ဆင်ရေး လူအများအပြားသေဆုံးခဲ့မှု ကုလစုံစမ်းမည်
ဖိလစ်ပိုင်သမ္မတဒူတာတေး အစိုးရလက်ထက် မူးယစ်နှိမ်နှင်းရေ စစ်ဆင်ရေးအတွင်း လူအများအပြား သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်တာကို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ဇူလိုင် ၁၂ ရက်နေ့မှာ ကြိုဆိုလိုက်ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးမယ့် ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၁ ရက်နေ့မှာ ထောက်ခံမဲ ၁၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေမဲ ၁၅ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။
ယူရို ၉ ဘီလီယံ တန်ဖိုးရှိ ပြင်သစ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဖွင့်ပွဲ ကျင်းပ
အီကွေဒေါ အမေဇုန် မိုးသစ်တောရောင်းချမည့်ကိစ္စ တရားရုံး တာဆီး၊ ဌာနေတိုင်းရင်းသားများ အောင်ပွဲခံ
ဗစ်တိုးရီးယားအမှု တရားမျှတမှုရရေး ကလေးတွင် ဆန္ဒပြ
Bangkok Airways လေကြောင်းလိုင်း ဘန်ကောက်မှ ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းကို လေကြောင်းဦးစီးဌာနက လတ်တလောခွင့်မပြုနိုင်ဟု အကြောင်းပြန်ထား
Bangkok Airways လေကြောင်းလိုင်း ဘန်ကောက်မှ ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံလာခြင်းအား လေကြောင်းဦးစီးဌာနမှ လတ်တလောခွင့်မပြုနိုင်ဟု အကြောင်းပြန်ထားကြောင်း သတင်းရရှိသည်။ ပုဂံဒေသအား မကြာခင်က ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရပြီးဖြစ်သည်။ ယင်းသို့ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းမရှိ ခင်ကပင် နိုင်ငံတကာတွင် ကျော်ကြားပြီး နိုင်ငံခြားသားခရီးသွား အများအပြားလာ ရောက်လည်ပတ်လေ့လာကြသည့် ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဒေသတစ်ခုဖြစ်လာသည့်အချိန်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်လည်ပတ်လေ့လာရန် ပိုမိုစိတ်ဝင်စားလာကြမည်ဖြစ်သည့်အတွက် နိုင်ငံတကာလေကြောင်းလိုင်းများက တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းရန် စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် Serviced Apartment အခန်း ၂၂၅၀ ဝန်းကျင်ရှိပြီး ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း အခန်းသစ်ထွက်ရှိမှု မရှိသော်လည်း ယခင်သုံးလပတ်ထက် အခန်းအချို့ ငှားရမ်းခများ ကျဆင်း
ရန်ကုန်မြို့တွင် Serviced Apartment (အဆင့်မြင့် ဝန်ဆောင်မှုပါသော တိုက်ခန်း) အခန်း ၂၂၅၀ ဝန်းကျင်ရှိလာပြီး ၂၀၁၉ ခု နှစ်အတွင်း အခန်းသစ်ထွက်ရှိမှုမရှိခဲ့သော်လည်း အခန်းငှားရမ်းခများ ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဈေးကွက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Collier International (Myanmar) က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ် ဈေးကွက်အစီရင်ခံစာအရ သိရသည်။
ပြည်သူ့ဆေးရုံပေါင်း ၁၁၄၄ ရုံအတွက် လက်ရှိဘဏ္ဍဍာနှစ်တွင် ဆေးဝါးဝယ်ယူရန် ကျပ်ဘီလျံ ၁၂၀ နှင့် ဆေးပစ္စည်းကိရိယာဝယ်ယူရန် ကျပ် ၆၄ ဘီလျံ ခွင့်ပြု
တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံပေါင်း ၁၁၄၄ ရုံအတွက် လက်ရှိဘဏ္ဍဍာနှစ်တွင် ဆေးဝါးဝယ်ယူရန်ကျပ် ၁၂ဝဘီလျံနှင့် ဆေးပစ္စည်းကိရိယာ ဝယ်ယူရန်ကျပ် ၆၄ ဘီလျံခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “ဝန်ကြီးဌာနမှာ ၁၆ ခုတင်ဆံ့ဆေးရုံ မှ ၂၀ဝ၀ ခုတင်ဆံ့ဆေးရုံအထိ ဆေးရုံပေါင်း ၁၁၄၄ ရုံ ရှိပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်မှာ ဆေးဝါး ဝယ်ယူဖို့အတွက် ၁၂ဝဘီလျံ ကျပ်၊ ဆေးပစ္စည်းကိရိယာဝယ်ယူဖို့အတွက် ၆၄ ဘီလျံကျပ် လျာထားခွင့်ပြုခဲ့ပါတယ်။ နောက် အမေရိကန်အခြေစိုက် Direct Relief အဖွဲ့နဲ့ အဆက်အသွယ်ရပြီး ခြောက်လအတွင်း အမေရိကန်ဒေါ်လာသုံးသန်းတန်ဖိုးရှိ ဈေးနှုန်းမြင့်မားတဲ့ ကင်ဆာရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါကုသဆေးတွေကို အခမဲ့ရရှိတဲ့အတွက် ပြည်သူတွေ အတွက်အလွန်အကျိုးရှိပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
မင်္ဂ္လာဒုံမြို့နယ် လှော်ကားသဘာဝဥယျာဉ်အကျော် လမ်းမဘေးခြုံတောအနီးတွင် ဆယ်ကျော်သက်အရွယ် အလောင်းသုံးလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာလှေအများစုပါဝင်သော တရားမဝင်ငါးသယ်လှေနှင့် ငါးဖမ်းလှေ ၆၆ စင်းကို ပူးပေါင်းအထူးအဖွဲ့က ဝင်ရောက်ဖမ်းဆီး

မြစ်ကြီးနားမြို့ တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေဆဲဖြစ်ပြီး လူပေါင်း ရှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာတွင် ခိုလှုံနေဆဲဖြစ်

ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေကြီးရေလျှံနေမှုကြောင့် လူဦးရေ ၁ဝဝနီးပါး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ

အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်က ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှု မြန်မာဘက်သို့ ကျူးကျော်နေကြောင်း အိန္ဒိယဘက်က လက်ခံ
အိန္ဒိယ-မြန်မာ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်မှ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှုသည် မြန်မာနိုင်ငံဘက်သို့ ကျူးကျော်နေသည့်အတွက် တိုင်းတာခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ ကျူးကျော်နေသည်ဆိုသည်ကို အိန္ဒိယနိုင်ငံဘက်က လက်ခံခဲ့ပြီး အဆိုပါလုပ်ငန်းအား ရပ်နားခဲ့ကာ နယ်စပ်မှ မီတာ ၄၀ဝ အကွာမှနေ၍ လမ်းအူကြောင်းအသစ်ရှာ၍ ပြန်လည်ဖောက်လုပ်မည်ဟု သိရသည်။
လားဟူအမျိုးသမီးတစ်ဦးကို လူကုန်ကူးဖို့ကြိုပမ်းတဲ့ တရုတ်နိုင်ငံသား (၂)ဦးနဲ့ မြန်မာနိုင်ငံသား (၁)ဦးကို ထောင်ဒဏ် (၃)နှစ်စီ တာချီလိတ်မှာ ချမှတ်

ဖမ်းဆီးစစ်ဆေးနေချိန် သေဆုံးတယ်ဆိုတာတွေကို မစုံစမ်း မစစ်ဆေးလို့ မရပါ
ရခိုင်ပြည်နယ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံရသူတွေ သေဆုံးမှု များပြားလာတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစုံစမ်းတော့မယ်လို့ မနေ့က ကြေညာပါတယ်။ အခု ဖြစ်ပြီးခဲ့တဲ့ သေဆုံးမှုတွေထဲမှာ မသင်္ကာလို့ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေချိန် (သို့) ပြန်လွှတ်ပေးပြီးချိန်မှာ သေဆုံးတာတွေ၊ ခြေလက် ကိုယ်တွေပေါ်မှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မြင်တွေ့ရတယ်လို့ မိသားစုတွေ ဒေသခံတွေက ပြောခဲ့ကြပါတယ် ။ တချို့ကလည်း မသေခင်မှာ သူတို့ ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ ပြောသွားတာတွေ ရှိတယ် ဆိုပါတယ်။
မန္တလေးမှာ ကျူးကျော်အိမ်တွေ အင်အားသုံးဖြိုဖျက်ခံရ

အမေရိကန်တောင်ပိုင်း Louisiana ကမ်းရိုးတန်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်

မြောက်ဦးက တိမ်ညိုစစ်ဘေးရှောင်စခန်းရေနစ်မြုပ်၍ အရေးပေါ်ပြောင်းရွှေ့
မြန်မာနိုင်ငံကြက်ခြေနီအသင်းက အမြန်လမ်းမပေါ်ရှိ မိုင်တိုင် ၃၉ မိုင်နှင့် ၃၂၆ မိုင်တို့တွင် ရှေးဦးပြုစုခြင်းစခန်းများ ထပ်မံဖွင့်လှစ်မည်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အမြန်လမ်းမပေါ်ရှိ မိုင်တိုင် ၃၉ မိုင်နှင့် ၃၂၆ မိုင်တို့တွင် ရှေးဦးပြုစုခြင်းစခန်းများ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌဌ ပါမောက္ခဒေါက်တာ မြသူက ပြောကြားသည်။“ရှေးဦးပြုစုခြင်းစခန်းတွေ ထပ်မံဖွင့်လှစ်ဖို့ရှိတယ်။ အခုဆရာမတို့ ၃၉ မိုင်ရယ်၊ ၃၂၆ မိုင်ရယ် အဲဒီမှာ မကြာခင်ဖွင့်ပါတော့မယ်။ နောက်တစ်ခုက မြေရှာနေတယ်။ ရန်ကုန်အဝင် လှည်းကူးထိပ်ခုနစ်မိုင်လောက်မှာ မြေရှာနေတယ်။ ရန်ပုံငွေက ရထားပြီးပြီ။ အဲဒါက တရုတ်ပြည်သူ့သမ္မတနိုင်ငံကပါ။ ၃၉ မိုင်နဲ့ ၃၂၆ မိုင်ကတော့ စင်ကာပူကြက်ခြေနီက ရတာပါ”ဟု ゞင်းကပြောကြားသည်။
ပြင်သစ်တွင် ရာနှင့်ချီသော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတို့က ကမ္ဘာကျော် ပန်သီယွန်ရှေးဟောင်းဗိမာန်အား စီးနင်းသိမ်းပိုက်။ နိုင်ငံသား” အင်္ကျီဝါ “ ကန့်ကွက်ဆန္ဒပြသူများ အတုခိုးကာ “ အင်္ကျီမည်း “ ဟု ကိုယ့်ဖာသာအမည်ပေး။ ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ရရှိရေး ၀န်ကြီးချုပ်က လာရောက်တွေ့ဆုံရန် တောင်းဆို
ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ရာနှင့်ချီသော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတို့က ပန်သီယွန် ရှေးဟောင်းဗိမာန်အား စီးနင်းသိမ်းပိုက်ပြီး ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုလျှက်ရှိသည်ဟု BBC က ယနေ့ရေးသားသည်။ေ သာကြာနေ့ နေ့လည်ပိုင်းတွင် ပြင်သစ်နိုင်ငံအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ အနောက်အာဖရိကဒေသဇာတိဖွားအများစုပါဝင်သော လူစုလူဝေးကြီးက ပါရီမြို့၏ ထင်ရှားသည့် ၁၈-ရာစုနှစ် ရှေးဟောင်း ဗိမာန်အား ၀င်ရောက်စီးနင်းသဖြင့် ကမ္ဘာလှည့်ခရီးသည်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဆို၏။
ဧရာဝတီမြစ်ရေသည် ယနေ့နံနက်တွင် ၁၂၂၀ စင်တီမီတာ ကျဆင်းသွားခဲ့
ဧရာဝတီမြစ်ရေသည် ယနေ့(ဇူလိုင်လ ၁၃)ရက် နံနက်(၇)နာရီ တိုင်းတာချက်အရ (၁၂၂၀)စင်တီမီတာရှိပြီး မြစ်ရေသည်နောက်ထပ်ကျဆင်းလာမည့် အနေအထားတွင်ရှိကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ဦးစီးအရာရှိဦးနိုင်လင်းထွေးကဆိုသည်။ "ဆက်တိုက်ကျနေမှာပါ အခုနည်းနည်းတော့ပြန်ကျနေပြီ ပထမကနံပတ် (၂ )၊နောက်ထပ်(၄)ထိကျတယ်၊အခုခြောက် စင်တီမိတာအထိကျသွားပြီ၊ပြန်ကျနေတဲ့အနေအထားရှိနေပါတယ်။''ဟု၎င်းကပြောသည်။ ဇူလိုင်၁၂ရက်နေ့ ည (၁၂) နာရီအချိန်တွင်တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေအမှတ်ကျော်လွန်၍ (၁၂၂၅)စင်တီမီတာအထိမြင့်တက်လာခဲ့ကြောင်းသိရသည်။
ဗစ်တိုးရီးယား၊ လူထု၊ ရဲတပ်ဖွဲ့နဲ့ အမှန်တရား
‘‘ဗစ်တိုးရီးယားအတွက် တ ရားမျှတမှု ရှာဖွေရေး တို့အရေး...တို့အရေး’’
‘‘ကလေး သူငယ်များ အ တွက် လုံခြုံတဲ့ပတ်ဝန်းကျင် ဖန် တီးရေး တို့အရေး...တို့အရေး’’
‘‘နောက်ထပ် ဗစ်တိုးရီးယား များ အလိုမရှိ ...အလိုမရှိ’’
ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့ ဇူ လိုင် ၆ ရက်က ရန်ကုန်မြို့မှာ ပြု လုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲက ကြွေး ကြော်သံများဖြစ်ပါတယ်။ နိုင်ငံ တစ်ဝန်းကပြည်သူတို့ စိတ်ဝင်တ စားရှိခဲ့ကြတဲ့ နေပြည်တော်က သမီးငယ်ဗစ်တိုးရီးယားရဲ့ ဖြစ်ရပ် နဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ဆန္ဒ ထုတ်ဖော်ပွဲက အသံများပါ။
‘‘ကလေး သူငယ်များ အ တွက် လုံခြုံတဲ့ပတ်ဝန်းကျင် ဖန် တီးရေး တို့အရေး...တို့အရေး’’
‘‘နောက်ထပ် ဗစ်တိုးရီးယား များ အလိုမရှိ ...အလိုမရှိ’’
ပြီးခဲ့တဲ့ရက်ပိုင်းဖြစ်တဲ့ ဇူ လိုင် ၆ ရက်က ရန်ကုန်မြို့မှာ ပြု လုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲက ကြွေး ကြော်သံများဖြစ်ပါတယ်။ နိုင်ငံ တစ်ဝန်းကပြည်သူတို့ စိတ်ဝင်တ စားရှိခဲ့ကြတဲ့ နေပြည်တော်က သမီးငယ်ဗစ်တိုးရီးယားရဲ့ ဖြစ်ရပ် နဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ဆန္ဒ ထုတ်ဖော်ပွဲက အသံများပါ။
‘ပုဂံ’ ထိုက်တန်သောနေရာသို့ ရောက်ရှိခြင်း
အသက် (၄၀)အရွယ် ဦးတင် လင်းအောင် တစ်ယောက် ယနေ့တော့ အိပ်ရာက စောစောနိုးနေပါသည်။ သည်နေ့က ထူးခြားသည့် နေ့ဖြစ်၍ ဘုရားဖူးဧည့်သည်များ စောစောလာမည်ဟုသုံးသပ်ကာ စိတ်မဖြောင့်၍ ယခင်နေ့များ ထက် စောစောနိုးနေခြင်းပင်။ ဦး တင်လင်းအောင်သည် တစ်ရက် လျှင် ပျမ်းမျှ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၁၀၀ မှ ၃၀၀ ကြား လာရောက်လည်ပတ်သော ရွှေဂူကြီးဘုရားတံခါးဖွင့်ရန်သော့ ကိုင်ပုံမှန်တာဝန်ယူထား၍ဖြစ် သည်။
AA အဖွဲ့ကို ထောက်ခံရန် စည်းရုံးမှုဖြင့် စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရသူများကို မြန်မာနိုင်ငံ ရဲသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေ
AA အဖွဲ့ကို ထောက်ခံရန် စည်းရုံးမှုဖြင့် စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရသူများကို မြန်မာနိုင်ငံရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ထိုသို့ခေါ်ယူစစ်ဆေးရာတွင် ပြည်နှင်ဒဏ်ပေးခံရသူ ခြောက်ဦးအနက် လေးဦးကို ခေါ်ယူစစ်ဆေးနေသည်ကိုသာ သိရှိပြီး ကျန်နှစ်ဦးနှင့်ပတ်သက်၍မသိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။ “သတင်းရဲတပ်ဖွဲ့ကနေပြီးတော့ လေးဦးလောက်ကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရတယ်။ ကျန်တာတော့ အသေးစိတ်မသိရသေးပါဘူး။ သတင်းရဲတပ်ဖွဲ့ကဘဲ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထက်ပါအဆင့်မြင့်ရဲအရာရှိက ပြောကြားသည်။
MMA ပွဲမှာ မြန်မာဖိုက်တာကယန်းတိုင်းရင်းသူ အနိုင်ရ
ဇူလိုင် - ၁၂ ည မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ One Championship ရဲ့Master of Destyin ရဲ့ ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံသား ကယန်းတိုင်းရင်းသူ အန်တိုနီယာဟာ ဗီယက်နမ်သူ ဘိုင်နူရမ် ကို အနိုင်ရရှိခဲ့ပါတယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အသုံးပြု တိုက်ခိုက်ရတဲ့ အဲ့ဒီပွဲမှာတော့ ၅ မိနစ်နဲ့ ၃ ချီ တိုက်ခိုက်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာ အမှတ်နဲ့ ဆုံးဖြတ်ကာ အနိုင်ရရှိသွားတာဖြစ်ပြီး၊ အန်တိုနီယာအတွက်တော့ MMA မှာ အနိုင်ပွဲ ထပ်မံရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲအတွက်တော့ အန်တိုနီယာဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ နှစ် လတာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရေခဲတောင်ခရီးများ စီစဉ်ပေးရာတွင် နယ်မြေကျွမ်းသော ဒေသခံလမ်းပြများကို ခေါ်ယူရန် ၀န်ကြီးဌာန ညွန်ကြား
ခရီးသွားလုပ်ငန်းများ သည် ကချင်ပြည်နယ် ရေခဲတောင် ခရီးစဉ်များ စီစဉ်ပေးရာတွင် နယ်မြေ ကျွမ်းကျင်သော ဒေသခံလမ်းပြများကိုခေါ်ယူပြီးမှသာ သွားရောက်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဇူလိုင် ၉ ရက်တွင်သတင်း ထုတ်ပြန်သည်။ လက်ရှိတွင် ပူတာအိုဒေသ ရေခဲတောင်တက် ခရီးစဉ်များ သွားရောက်ရာ၌ ဒေသခံလမ်းပြ များကို မခေါ်ဘဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ် သွားရောက်သူများ ရှိနေ ပြီး မတော်တဆဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သဖြင့် ကချင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော် မတီ၏(၁/၂၀၁၉) ဆုံးဖြတ်ချက် အရ ယင်းသို့ သတ်မှတ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။
ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် စိန်ခေါ်ချက်သုံးရပ်
နိုင်ငံကျော်ဗစ်တိုးရီးယားအမှု တရားခံဖော်ထုတ်မှုအခြေအနေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ ကိုယ်တိုင်ထွက်၍ ရှင်းခဲ့ပါပြီ။ နိုင်ငံတော် သမ္မတအိမ်တော်၌ ဇူလိုင် ၅ ရက်တွင် သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်၍ဖြစ်၏။ ကနဦးဖမ်းဆီးစစ်ဆေး၍ ဇူ လိုင် ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ သည့် အောင်ကျော်မျိုး (ခ) အောင်ကြီးကို ၁၀ ရက်အကြာ တွင် အချက်လေးချက်ခိုင်မာမှုဖြင့် ပြန်လည်ဖမ်းဆီး၍ ဒက္ခိဏခရိုင် တရားရုံး၌ တရားစွဲတင်ပြီး နောက်တစ်နေ့၌ ဖြစ်သည်။
အေးမြသောအရိပ် ရှာဖွေနေသည့် ပဒုမ္မာ
အရွယ် ငယ်ငယ် သီလရှင်လေးတစ်ပါး၏ ညမှောင်ရီတရောအချိန် ကျောင်းသင်္ခမ်းသို့ အပြန်လမ်းက နွမ်းလျပူလောင်လွန်းလှသည်။ ဆန်စေ့အနည်းငယ်ထည့်ထားသော အလှူခံဒန်ခွက်ကို ရင်ခွင်ပိုက်ထားသည့် သီလရှင်ငယ်လေးက ပလက်ဖောင်းမရှိသော ကွန်ကရစ်လမ်းမကြီး၏ ညာဘက်အခြမ်းမှ ခပ်သွက်သွက် လျှောက်လှမ်းနေ သည်။ စီးထားသည့် မီးခိုးရောင် ကော်ဖိနပ်သည် ဟောင်းနွမ်းနေ ပြီး ခြေဖနောင့်နင်းထားသည့်နေ ရာတွင် ပါးလှပ်နေသည်မှာ လမ်း ပေါင်းများစွာ လျှောက်ခဲ့ရသည့် အခြေအနေကို ထပ်ဟပ်စေ သည်။ ခြေဖနောင့်တွင် အနာတစ် ခုရှိနေပြီး ပလတ်စတာကပ်ထား သည်။ ဥပဓိရုပ်ကြည်လင်ပြီး ချစ် စဖွယ်ရူပကာ ပိုင်ဆိုင်ထားသည့် တိုင် သီလရှင်ငယ်လေး၏ မျက် နှာတွင် တစ်စုံတစ်ရာကို စိုးရိမ် နေပုံရသည်။ ခြေလှမ်းတို့က ရှေ့ဆက်မသွားရဲသည့်အလား မြန် တစ်ခါ၊ နှေးတစ်လှည့်။
အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးမှုဖြစ်၍ သုံးဦး သေဆုံးကာ လေးသိန်းကျော် ရေဘေးကြုံ
ကျောက်ကပ်လေးကျန်းမာနေစေဖို့
ခန္ဓာကိုယ်က အစိတ်အပိုင်းတွေ အားလုံးကျန်းမာနေမှ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာလှုပ်ရှားနိုင်မှာပါ။ အစိတ်အပိုင်းတိုင်း ကသူ့အခန်းကဏ္ဍဍကို အကောင်းဆုံး ထမ်းဆောင်နေလို့သာ စိတ်သွားတိုင်း ကိုယ်ပါနေရတာပါ။ တကယ်လို့များ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ကအလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ နာမကျန်းဖြစ်မှုတွေက စလာတော့မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနေတဲ့ ကိုယ်တွင်းအင်္ဂါလေးတစ်ခုအကြောင်းဆွေးနွေးချင်ပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလုပ်ခဲ့တဲ့ ဖခင်ကို ပြန်သတ်ခဲ့တဲ့ ရုရှား ညီအစ်မ သုံးဖော်ကို အပြစ်လွှတ်ပေးဖို့  ၀ိုင်းရံသူတွေ လက်မှတ်ရေးထိုး တောင်းဆို

မိုဘိုင်းဖြင့် ခရီးသွားငွေပေးချေမှု ပြုလုပ်နိုင်တော့မည်
ခရီးသွားငွေပေးချေမှုကို မိုဘိုင်းငွေကြေးနည်းပညာနဲ့ ပေးချေနိုင်ဖို့ Wave Money ကုမ္ပဏီနဲ့ အိုဝေး(Oway) ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်ဖို့ ဇူလိုင်(၁၁)ရက်က ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ Wave Money ကုမ္ပဏီနဲ့ အိုဝေးကုမ္ပဏီတို့ မိတ်ဖက်ပူးပေါင်းမှု လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ Wave Pay ဆော့ဝဲလ် အသုံးပြုသူတွေအနေနဲ့ ကမ္ဘာတစ်ဝန်းက ခရီးစဉ်တွေရဲ့ လေယာဉ်လက်မှတ်၊ ကားလက်မှတ် တွေနဲ့ ဟိုတယ်စာရင်းပေးတာတွေကို Oway ရဲ့ ၀က်ဘ်ဆိုက်ကနေ ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ Wave Money ရဲ့ ဗဟိုအလုပ်အမှုဆောင်အရာရှိချုပ် Mr. Brad Jones က ပြောပါတယ်။
လပေါ်ကိုပထမဆုံးသွားရောက်ခဲ့စဉ်က ပစ္စည်းများကို လေလံတင်ရောင်းချမည်
Apollo 11 အာကာသစီမံကိန်းရဲ့ လပေါ်သွားရောက်ခဲ့တဲ့ပထမဆုံးခရီးစဉ်ဟာ မကြာမီအချိန်မှာ နှစ်(၅၀)ပြည့်တော့ မှာဖြစ်ပါတယ်။ဒီနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပထမဆုံးလပေါ်သွားရောက်ခဲ့စဉ်က ပါလာခဲ့တဲ့ပစ္စည်းတွေကို လေလံတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။ လေလံကုမ္ပဏီက ဒီလေလံပွဲကို 'One Giant Leap: Celebrating Space Exploration 50 Years After Apollo 11' လို့အမည်ပေးထားပြီး ပစ္စည်းပေါင်း(၂၀၀)လောက်ကို လေလံတင်ရောင်းချမှာဖြစ်ပါတယ်။
လှူဒါန်းထားသော သက်မဲ့ခန္ဓာကိုယ်များကို ဆေးကျောင်းသားများ လေ့လာရန်နေရာ အခက်အခဲ ဖြစ်
ရန်ကုန် ဆေးတက္ကသိုလ်(၁) ခန္ဓာဗေဒဌာနတွင် လှူဒါန်းထားသောခန္ဓာကိုယ်များကို ဆေးကျောင်းသားများ လေ့လာရန် နေရာအခက်အခဲ ဖြစ်နေကြောင်း ခန္ဓာဗေဒဌာန၊ ဌာနမှူး ဒေါက်တာမြစန်းနွယ်က ပြောသည်။ ဇူလိုင် ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရန်ကုန်ဆေးတက္ကသိုလ်(၁) ခန္ဓာဗေဒဌာနရှိ ဝိညာဉ်မဲ့မြတ်ဆရာများအား တတိယအကြိမ် ဂုဏ်ပြုသည့် အခမ်းအနားတွင် ယင်းကဲ့သို့ သိရခြင်း ဖြစ်သည်။
နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ်
ခေါင်းလျှော်တယ်ဆိုတာ ကိုယ်ငယ်ငယ်လေးထဲက လုပ်နေကျမို့ ဘာများခက်ခဲလို့ ဒီလိုဆောင်းပါးရေးရတာလဲဆိုတဲ့အတွေးလေး ခေါင်းထဲ ရောက်မှာ ကျိန်းသေပါတယ်။ ဟုတ်ပါတယ်။ ဒီလို ငယ်ငယ်လေးထဲကလုပ်နေကျ၊ လွယ်ကူတဲ့ ကိစ္စတွေကိုပဲ တလွဲတွေ လုပ်နေတတ်ကြတာ လူတိုင်းနီးပါးပါ။ ဒီတော့ ခေါင်းလျှော်တဲ့ကိစ္စမှာလည်း လွယ်လွယ်နဲ့ ပြီးစလွယ်လုပ်လိုက်ကြတာများပါတယ်။ ကြာလာတော့ ဆံသားတွေ ခြောက်သွေ့ အဖျားနှစ်ခွဖြစ်တာ၊ ဦးရေပြားဗောက်ထတာတွေ ဖြစ်လာပါတော့တယ်။
ဒီတော့ ခေါင်းကို စနစ်တကျ သေချာဘယ်လိုလျှော်ကြမလဲ ။
ဒီတော့ ခေါင်းကို စနစ်တကျ သေချာဘယ်လိုလျှော်ကြမလဲ ။
ကုလအထူးကိုယ်စားလှယ်အား စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲများတင်ပြ

မင်းတုန်းမြို့နယ်တွင် ကူးတို့စက်လှေတိမ်းမှောက်၍ ကျောင်းသူ (၄)ဦး ပျောက်ဆုံး
မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့အမှတ်(၁)ရပ်ကွက်-ပေါက်ကိုင်းကျေးရွာ ကူးတို့စက်လှေသည် ယနေ့ ညနေ ၂ နာရီ၄၅မိနစ်ခန့်တွင် ပေါက်ကိုင်းကျေးရွာနေကျောင်းသားကျောင်းသူများ အပါအဝင်ခရီးသည် ၁၈ ဦး တင်ဆောင်ဆောင်ပြီးပေါက်ကိုင်းကျေး ရွာဘက်သို့ မောင်းနှင်သားစဉ်မင်းတုန်းချောင်းနှင့်မူးချောင်းဆုံ တွင်တိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်ပါသူများ ရေစီးဖြင့်မျောပါသွားခဲ့သည်။
သုံးခွမြို့နယ် နန်းခလဲကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး
ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်နန်းခလဲကျေးရွာတွင်ဇူလှိုင် ၁၁ ရက် ညနေ ၄ နာရီခန့်က လူတစ်ဦးဓာတ်လိုက်သေဆုံးနေကြောင်းသတင်းရရှိသဖြင့်သုံး ခွမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည်သက်သေများနှင့် သွားရောက်စစ်ဆေးရာသုံးခွမြို့မှစစ်ကိုင်းစုကျေးရွာသို့သွယ်တန်းထားသောဗို့အား ၃၃၀၀ဝရှိ ဓာတ်အားလိုင်းနဘေးအရှည်၁၅ပေခန့်ရှိ ကုက္ကိုလ်ပင်တွင် လူတစ်ဦးစောက်ထိုးတန်းလန်းသေဆုံးနေသည်ကိုတွေ့ရှိရပြီးသေဆုံးသူမှာ ကိုမောင်မောင်ညွှန့်၃၈နှစ်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူဖြစ်ကြောင်း သိရှိရသည်။
စစ်ရေးချုပ်အပါအဝင် တပ်မတော်ရာထူးတချို့ အပြောင်းအလဲလုပ်
တပ်မတော် ထိပ်ပိုင်းရာထူးတချို့ကို အခုရက်ပိုင်းအတွင်း အပြောင်းအလဲတွေလုပ်နေရာမှာ စစ်ရေးချုပ်ရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက လွှဲပြောင်း တာဝန်ရယူလိုက်ပြီ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပြောပါတယ်။ စစ်ရေးချုပ်သစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ကြီးကြပ်ကွပ်ကဲရတဲ့ အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး-(ကစထ-၅) ကထစမှူး တာဝန်ယူခဲ့သူပါ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တွင် ဧရာဝတီမြစ်ရေ မြင့်တက်နေသည့် အတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

သူတို့နိုင်ငံသားတွေ ရခိုင်မြောက်ပိုင်း မသွားဖို့ စင်္ကာပူ သတိပေး
မြန်မာ တပ်မတော်နဲ့ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသ တစ်ချို့ကို စင်္ကာပူနိုင်ငံသားတွေ ခရီးမသွားကြဖို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြံပြု နှိုးဆော်ထားပါတယ်။ ခရီးသွားလာမှု ရှောင်ရှားဖို့ အကြံပြုထားတဲ့ နယ်မြေတွေထဲမှာ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း နဲ့ ရသေ့တောင်တို့ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ် အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသခံတွေ အခက်ကြုံ
တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက် ခံထားရတာ အခုဆိုရင် သီတင်း ၃ ပတ်လောက် ရှိလာပြီ ဖြစ်တဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံနိုင်ငံရေး အသိုင်းအဝန်းနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မတင်ပြနိုင်ဘဲ ဖြစ်နေရသလို၊ သတင်း အတုအယောင်တွေ ပြန့်နှံ့မှာကိုလည်း စိုးရိမ်နေကြတာပါ။ အကြောင်းစုံကိုတော့ မြန်မာ့သတင်းပညာ သိပံ္ပကျောင်းက ဗွီအိုအေရုံး အလုပ်သင် မအဂနွန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ ရေဘေးသင့်
ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး လေးမြို့ မြစ်ရေတက်လာမှုကြောင့် မြောက်ဦးမြို့နယ်က စင်းဘောကိုင်း ဒုက္ခသည်စခန်းနဲ့ မြတန်ဆောင်း စစ်ရှောင်စခန်းတွေမှာ ရေနစ်မြှုပ်ပြီး စခန်း နေရာပြောင်းရွှေ့နေရတယ်လို့ အကူညီပေးရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ အထူးသဖြင့် ယာယီတဲဆောက်လုပ်ဖို့နဲ့ စားနပ်ရိက္ခာပိုင်းမှာ အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ကိုအောင်ကြီး ရှေ့နေ ဦးခင်မောင်ဇော် - တကယ် ဘယ်သူ ကျူးလွန်ခဲ့သလဲ ဆိုတာ ပေါ်ပေါက်နိုင်အောင် ဖော်ထုတ်ကြည့်မယ်
ကိုအောင်ကြီး ရှေ့နေ ဦးခင်မောင်ဇော်
ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး သံသယတရားခံလို့ ယူဆထားတဲ့ ကိုအောင်ကြီး ဘက်ကနေ ရှေ့နေလိုက်ဖို့ မြန်မာနိုင်ငံလွတ်လပ် သော ရှေ့နေများအသင်း ဗဟို အလုပ်အမှုဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဦးဆောင်ပြီး သူနဲ့အတူ ရှေ့နေ ၂ဦးက ဇူလိုင် ၁၅ ရက်နေ့မှာ ကိုယ်စားလှယ်လွှဲစာကို တရားဝင် ရယူသွားမှာဖြစ်ပါတယ်။ သံသယတရားခံကိုအောင်ကြီးအပါအဝင် သူ့ရဲ့ မိဘတွေနဲ့ လည်း တွေ့ဆုံပြီးဖြစ်သလို ကိုအောင်ကြီးကလည်း ကိုယ်စားလှယ် လွှဲစာကို လက်မှတ်ထိုးပေးထားတယ်လို့ သူကပြောပါတယ်။ ဘာကြောင့် ဒီအမှုကို လိုက်ဖြစ်တာလဲဆိုတာ ရှေ့နေ ဦးခင်မောင်ဇော်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။
ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး သံသယတရားခံလို့ ယူဆထားတဲ့ ကိုအောင်ကြီး ဘက်ကနေ ရှေ့နေလိုက်ဖို့ မြန်မာနိုင်ငံလွတ်လပ် သော ရှေ့နေများအသင်း ဗဟို အလုပ်အမှုဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဦးဆောင်ပြီး သူနဲ့အတူ ရှေ့နေ ၂ဦးက ဇူလိုင် ၁၅ ရက်နေ့မှာ ကိုယ်စားလှယ်လွှဲစာကို တရားဝင် ရယူသွားမှာဖြစ်ပါတယ်။ သံသယတရားခံကိုအောင်ကြီးအပါအဝင် သူ့ရဲ့ မိဘတွေနဲ့ လည်း တွေ့ဆုံပြီးဖြစ်သလို ကိုအောင်ကြီးကလည်း ကိုယ်စားလှယ် လွှဲစာကို လက်မှတ်ထိုးပေးထားတယ်လို့ သူကပြောပါတယ်။ ဘာကြောင့် ဒီအမှုကို လိုက်ဖြစ်တာလဲဆိုတာ ရှေ့နေ ဦးခင်မောင်ဇော်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။
တောင်ကိုရီးယားမှာ ခွေးသားကြိုက်သူနဲ့ ဆန့်ကျင်သူတွေ အပြိုင်ဆန္ဒပြ


ရေပြတ်တဲ့ မြို့ကို ရထားနဲ့ ရေသယ်ပို့နေရ

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရှိ ကျေးရွာအချို့ မှ ကျောင်း ၉ ကျောင်း ခေတ္တပိတ်ထား

ထိုင်း မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိ

ဧရာဝတီဘဏ်ကို ဗဟိုဘဏ်အရေးယူမည်မဟုတ် ဗစ်တိုးရီးယားအတွက် ငွေစာရင်းကိုင်သူနှင့် လှူဒါန်းသူများကို ဧရာဝတီဘဏ်တောင်းပန်
ဗစ်တိုးရီးယားအမှုကိစ္စ နှင့် ပတ်သက်၍ အလှူငွေ ကောက်ခံနေသည့် ဘဏ်ငွေ စာရင်းကို ဧရာဝတီဘဏ်က ပိတ် သိမ်းခြင်းအပေါ် ဗဟိုဘဏ်က အရေးယူမည်မဟုတ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ဗစ်တိုးရီးယားအမှု အ ထောက်အကူဖြစ်ရေးနှင့် ကလေး ငယ်ရေရှည်ဖွံ့ဖြိုးမှုအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဘဏ်ငွေ စာရင်း ဘဏ်အကောင့်သို့ ငွေလွှဲ ၍မရဘဲ Suspend (ဆိုင်းငံ့)ထား ခြင်းကို ဧရာဝတီဘဏ်က ဇူလိုင် ၁၁ ရက်တွင် လေးနာရီကြာ အောင် ပြုလုပ်ခဲ့သည်။
မြို့နယ် ၁၀ ခု ရေဘေးကြုံတွေ့နေ မိုးဆက်အားကောင်းနိုင်၍ ရေဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရန် ဒေါက်တာထွန်းလွင် ထပ်မံသတိပေး
ကချင်၊ စစ်ကိုင်းနှင့် မွန်ပြည်နယ်မှ မြို့နယ် ၁၀ ခု၌ ရေဘေးကြုံတွေ့နေစဉ် ဇွန်လ ၁၅ ရက်နောက်ပိုင်းကစ၍ သိသိ သာသာ မိုးအားကောင်းနိုင်သော ကြောင့် ရေဘေးကြိုတင်ကာ ကွယ်ရေး စနစ်တကျဆောင်ရွက် ထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။ လတ်တလော၌ ကချင်ပြည် နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ဗန်း မော်၊ တနိုင်း၊ ဆော့လော်နှင့် ခေါင်လန်ဖူးမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီး၊ ကသာနှင့် ဟုမ္မ လင်းမြို့၊ မွန်ပြည်နယ် ဘီးလင်း မြို့တွင် လူဦးရေ ၄,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်း များတွင် ခိုလှုံနေရသည်။
GGS မန်နေဂျင်းဒါရိုက်တာ အာမခံလျှောက်ထားမှုကို ပယ်ချ ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဝယ်ယူသည့် မြေကွက်ကိစ္စစစ်ဆေး
GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၏ ပထမအကြိမ် အာမခံလျှောက်ထားမှု ကို တနင်္သာရီတိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည်။ ထို့အပြင်ဒေါက်တာလဲ့လဲ့မော်အမှုတွဲပါ ထားဝယ်မြို့၌ မြေကွက်နှစ်ကွက်ဝယ်ယူရာတွင် ပါဝင်သူတရားလိုပြသက်သေ ဦးမြင့်ဟိုကို ယမန်နေ့ရုံးချိန်းတွင် စစ်ဆေးခဲ့သည်။ ဇူလိုင် ၁၁ရက် တနင်္သာရီ တိုင်း တရားလွှတ်တော်ရုံးချိန်း တွင် ဒေါက်တာလဲ့လဲ့မော်အမှု နှင့်ပတ်သက်သည့် တရားလိုပြ သက်သေ ယခင်တနင်္သာရီတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦး ၀င်းရှိန်ကို GGS ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး စာချုပ်ကိစ္စ၊ ထားဝယ်လေယာဉ်ကွင်း ချုံရှင်းကိစ္စနှင့် သရက်ချောင်းမြို့နယ်ရှိ ဒေါက်တာလဲ့လဲ့မော်၏ နေအိမ်အရောင်းအ၀ယ် ပြုလုပ်သည့် ကိစ္စအပါအ၀င်မြို့တော် ခန်းမတည်ဆောက်သည့် ကိစ္စများကို နှစ်ဖက်ရှေ့နေများ စစ်ဆေးခဲ့သည်။
AA ကို ကူညီသည်ဆိုကာ ရခိုင်အသင်း(စင်ကာပူ)တာဝန်ရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးနေ
ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)ကို ကူညီထောက်ခံနေ သည်ဆိုကာ စင်ကာပူအစိုးရက ပြည်နှင်ဒဏ်ပေး၍ ရန်ကုန် မြို့သို့ ရောက်ရှိလာသော ရခိုင် အသင်း(စင်ကာပူ)ဥက္ကဋ္ဌနှင့် AA စစ်ဦးစီးချုပ်၏ညီဖြစ်သူအပါအ ဝင် သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေသည်။ ဇူလိုင် ၁၁ ရက်နေ့လယ် ၂ နာရီခွဲတွင် စင်ကာပူနိုင်ငံမှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာ သော ရခိုင်အသင်း (စင်ကာပူ)ဥက္ကဋ္ဌ ဦးဟိန်းဇော်ကို သတင်းရဲ တပ်ဖွဲ့ (SB)က ဖမ်းဆီး၍ စစ်ဆေးနေကြောင်း 7Day Daily သတင်း စာက စုံစမ်းသိရသည်။
နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရသူ၊ တရားရင်ဆိုင်နေရသူဦးရေ မြင့်တက်လာ
နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူဦးရေ မြင့်တက်လာကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇူလိုင် ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံ ရေးပုဒ်မများဖြင့် ဖမ်းဆီးထိန်း သိမ်းခံထားရသူနှင့် ထောင်ပြင်ပ မှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၄၆၆ ဦးရှိကြောင်း ၂၀၁၉ ဇွန်လ ကုန်အထိ စာရင်းပြုစုထားချက် များကို ကိုးကား၍ AAPP အစီ ရင်ခံစာတွင် ဖော်ပြသည်။ မေလ ကုန်က ၃၈၈ ဦးသာရှိရာမှ ဇွန် လကုန်တွင် လူ ၈၀ ခန့် တိုးလာ ခြင်းဖြစ်သည်။
ရေဘေးကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်တစ်ထောင်ကျော် အရေးပေါ်စတင်ပြောင်းရွှေ့
ဧရာဝတီမြစ်ရေတက် လာခြင်းကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ရေ ကြီးမှုဖြစ်ပေါ်နေသည့် ကချင် ပြည်နယ် မြစ်ကြီးနားမြို့တွင် ရေ ကြီးမှုပိုဆိုးလာ၍ ယမန်နေ့ကစပြီး စစ်ရှောင် စခန်းနှစ်ခုမှ လူဦးရေ တစ်ထောင်ကျော် စတင် ပြောင်းရွှေ့နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC)မှ ဦးခါးလီက ပြောသည်။ ရေကြီးမှု ပိုမိုဆိုးရွားပါက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲမည့် စစ် ရှောင်စခန်းနှစ်ခုကို ပြောင်းရွှေ့ ရန် ပြည်နယ်အစိုးရကအကြောင်း ကြားလာသည့်အပေါ် ယင်းစစ် ရှောင်များအား ZION နှစ်ခြင်း ဘုရားကျောင်းသို့ ပြောင်းရွှေ့မှု စတင်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ဦးခါးလီက ဇူလိုင် ၁၂ ရက် ညနေတွင်ပြောသည်။
ကစထမှူးငါးနေရာအပြောင်းအလဲပြုလုပ် ရခိုင်ဒေသပါဝင်သည့် ကစထမှူး-၃အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်ကို တာဝန်ပေး
ကာကွယ်ရေးဝန်ကြီး ဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး)ငါးနေရာကို အ ပြောင်းအလဲပြုလုပ်ပြီး အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း နေရာကို အမှတ်(၆)စစ်ဆင်ရေး အထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ် ကြီးဝင်းဗိုလ်ရှိန်အား ပြောင်းလဲ တာဝန်ပေးအပ်ကြောင်း တပ်မ တော်အသိုင်းအ၀ိုင်းက ပြော ကြားသည်။ ကစထမှူး-၃ဒုတိယဗိုလ် ချုပ်ကြီးအေးဝင်းသည် တပ်မ တော်စစ်ဆေးရေး အရာရှိချုပ် အဖြစ် ယခင်တာဝန်ပြန်လည် ထမ်းဆောင်မည်ဖြစ်ပြီး အတွေ့ အကြုံနှင့် နယ်မြေဒေသကျွမ်း ကျင်စေရန် ယင်းသို့အပြောင်း အလဲ ပြုလုပ်ခြင်းဖြစ်သည်ဟု တပ်မတော် အရာရှိတစ်ဦးက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူနိုင်ပြီ
ရန်ကုန်စတော့ အိတ် ချိန်းစာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ အစုရှယ်ယာ ၀ယ်ယူခွင့်ကို ပထမအကြိမ် စတင်ခွင့်ပြုကြောင်း ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် စာရင်းဝင် ကုမ္ပဏီများသည် အ ချက် နှစ်ချက်လိုက်နာရမည်ဖြစ် ပြီး နိုင်ငံခြားရှယ်ယာ ပိုင်ဆိုင်မှု ဆိုင်ရာ ခွင့်ပြုမည့် ပမာဏကို ရန်ကုန်စတော့အိတ်ချိန်းသို့ ကြို တင်တင်ပြရခြင်းနှင့် ကြီးကြပ် သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရ ယူခြင်းတို့ဖြစ်သည်။
ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးမှုအချို့နှင့်ပတ်သက်၍ တပ်မတော်က စုံခုံဖွဲ့စစ်ဆေးနေ
ရခိုင်ပြည်နယ်အတွင်း ထိန်းသိမ်း စစ်ဆေးမှုများ ဆောင်ရွက်စဉ် သေဆုံးမှုအချို့ နှင့်ပတ်သက်၍ ဇူလိုင် ၁၂ ရက် ကစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေးနေကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်သည်။ မင်းပြားမြို့နယ် ပန်းမြောင် ကျေးရွာ၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ရသေ့တောင် မြို့နယ် ကျောက်တန်းကျေးရွာ၊ ကျောက်တော်မြို့နယ် မင်းသား တောင်ကျေးရွာနှင့် မြောက်ဦး မြို့နယ် ဝေသာလီဆုတောင်း ပြည့်ဘုရားအနီး ဒေသများတွင် တပ်မတော်သားများက AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက် ဆက်နွှယ်သူဟု သံသယရှိသူ များကို ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်စဉ် သေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းခြင်းကို ပြန်သုံးသပ်ပေးရန် စင်ကာပူပြည်ထဲရေးထံ AA တောင်းဆို
ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ကို အကြမ်းဖက်အဖွဲ့ဟု သုံးနှုန်းခြင်း ပြန်လည်သုံးသပ်ပေးရန် AA အဖွဲ့က ဇူလိုင် ၁၁ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။ ဇူလိုင် ၁၀ ရက်စွဲဖြင့် စင်ကာ ပူပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်တွင် ပါရှိသော AA နှင့် ပတ်သက်သည့် ဖော်ပြချက်အချို့သည် ပြင်းထန်ပြီး မြန်မာ အစိုးရ၏ တစ်ဖက်သတ်စွပ်စွဲထား သော ထုတ်ပြန်ချက်များကို ကိုးကား ထည့်သွင်းရေးသားထား ကြောင်း တွေ့ရသည်ဟု AA က ထုတ်ပြန်သည်။
တွံတေးလူသတ်အလောင်းဖျောက်မှုဖြင့် ထွက်ပြေးနေသူတစ်ဦးသာကျန်ရှိ
တွံတေးမြို့နယ်၌ လူ သုံးဦးကိုသတ်ပြီး အလောင်း ဖျောက်သောရာအိမ်မှူးအပါအ ၀င် ကိုးဦးအနက်ရှစ်ဦးဖမ်းဆီးရမိ ထားကြောင်း တွံတေးမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင်ပြောသည်။ လူသတ်မှုကျူးလွန်သူရာ အိမ်မှူးနှင့် အမျိုးသားတစ်ဦးကို ဇွန်လ ၂၂ ရက်ကဖမ်းမိပြီးနောက် ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဇွန်လ ၂၉ ရက်တွင်လည်းကောင်း၊ ဇူ လိုင် ၄ ရက်နှင့် ၉ ရက်တွင် လေး ဦးလည်းကောင်းထပ်မံဖမ်းဆီးရမိကြောင်း ၎င်းရဲအရာရှိက ပြောသည်။
ဂိမ်းလောင်းကစားသူ ၁၁ ဦးကိုဖမ်းဆီး
မြောက်ဥက္ကလာပမြို့ နယ်တွင် ဂိမ်းလောင်းကစားသည့် ဆိုင်တာဝန်ခံအပါအ၀င် ၀န်ထမ်း ၁၁ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ဇူလိုင် ၁၀ ရက်ညနေက (ဈ) ရပ်ကွက် သီရိရတနာလက် ကားဈေးဝင်းရှိ ဆိုင်တစ်ဆိုင်တွင် ဂိမ်းလောင်းကစားနေကြောင်း သတင်းရရှိ၍ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ်ယင်း ဆိုင်အပေါ်ထပ်နှင့်အောက်ထပ်တို့မှ ဂိမ်းလောင်းကစားပြုလုပ်သည့် စက်ပစ္စည်း များနှင့်အတူ ဆိုင်တာဝန်ခံတစ်ဦး၊ ဆိုင်ဝန်ထမ်း ၁၀ ဦးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
မန်းဝန်ကြီးချုပ် ရွေးကောက်ပွဲဝင်ရန် ရှိ၊ မရှိ မသိသေး
လာမည့် ၂၀၂၀ အ ထွေထွေရွေးကောက်ပွဲတွင် ၎င်း အနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ရှိ၊ မရှိလက်ရှိတွင် မသိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်က ပြောသည်။ ဇူလိုင် ၁၂ ရက်က မန္တလေး တိုင်းလွှတ်တော် ကျင်းပအပြီး တွင် ပြောကြားခြင်းဖြစ်သည်။ ‘‘လူကြီးခိုင်းတာ လုပ်ရမှာ ပဲ။ ဘယ်နေရာမှာပဲနေပါဆိုရင် ခိုင်းတဲ့နေရာနေရုံပဲ။ ဘာမှမသိ နိုင်သေးဘူး။ နိုင်ငံရေးတာဝန်က တော့ ဆက်လုပ်နေရဦးမယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်သို့တင်မည့် ခြေဥအစီရင်ခံစာ ထောက်ခံပွဲ မုံရွာတွင် ကျင်းပမည်
ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းမည့် အခြေခံဥပဒေ မူကြမ်း အစီရင်ခံစာ ကြိုဆို ထောက်ခံပွဲ မုံရွာမြို့တွင် ကျင်းပ မည်ဖြစ်ကြောင်း ထောက်ခံဆန္ဒ ထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးဝင်းဆွေက ပြောသည်။ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်း မည့် အခြေခံဥပဒေမူကြမ်း အစီ ရင်ခံစာကို အောင်မြင်စွာ အတည်ပြုနိုင်ရန် ဇူလိုင် ၁၇ ရက်တွင် ဒေသခံပြည်သူ တစ်သောင်းခန့်က ထောက်ခံဆန္ဒထုတ်ဖော်မည်ဖြစ် သည်။
တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကလေးသူငယ်အခွင့်အရေး ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြ
မြန်မာလိဂ် ပွဲစဉ် (၁၆) တွင် ရန်ကုန်နှင့် ဇွဲကပင် ၊ ရှမ်းနှင့် ဟံသာဝတီ ထိပ်တိုက်တွေ့
မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၆) တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်နှင့် ဇွဲကပင်၊ ရှမ်းနှင့်ဟံသာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။ ၂၀၁၉ မြန်မာလိဂ် ပွဲစဉ် (၁၆) ကို ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တွင် သက်ဆိုင်ရာကွင်းများ၌ ကျင်းပမည် ဖြစ်သည်။ ယခုတစ် ပတ်တွင် ရန်ကုန်အသင်းသည် အိမ်ကွင်း၌ ဇွဲကပင်အသင်းကို လက်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရခိုင်၌ အကြမ်းဖက်မှုပိုဆိုးရွားလာဟု AI အဖွဲ့ထုတ်ပြန် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နေခြင်းသာဖြစ်ဟု တပ်မတော်တုံ့ပြန်
ရခိုင်ပြည်နယ်၌ မြန်မာ့ တပ်မတော်၏ အကြမ်းဖက်မှု၊ ခွဲခြားမှုနှင့်နှိပ်စက်မှုများ ပိုမိုဆိုး ရွားလာနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) ထုတ်ပြန်ချက်၌ ဖော်ပြသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့သည် ဇွန်လ ၂၄ ရက် မှ ဇူလိုင် ၁၂ ရက်အထိ ကျင်းပ သော ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ (၄၁) ကြိမ်မြောက် အ စည်းအဝေးသို့ ရခိုင်ပြည်နယ်အ ရေး နှုတ်ဖြင့်ဖတ်ကြားတင်သွင်းစဉ် ယင်းသို့ထည့်သွင်းဖော်ပြ သည်။
တပ်မတော်နှင့် RCSS တို့ တပ်ပိုင်းဆိုင်ရာများအပါအ၀င် အချက်သုံးချက် အဓိကဆွေးနွေး
မြန်မာအမျိုးသမီးအသင်း အာဆီယံပြိုင်ပွဲအဖွင့်ပွဲတွင် အင်ဒိုနီးရှားနှင့်တွေ့ဆုံ
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ၂၀၁၉ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် ကျင်းပမည်ဖြစ်ပြီး ရှစ်သင်းက အုပ်စုနှစ်ခု ခွဲ၍ ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(ခ) တွင်ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု (က) တွင် အိမ်ရှင် ထိုင်း၊မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်းတို့ ပါဝင်သည်။
ချေးငွေရရန် ခက်သော်လည်း ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် မြန်မာလုပ်ငန်းရှင်များ စီစဉ်နေ
ချေးငွေရယူမှုနှင့် ပွင့် လင်းမြင်သာမှုကဏ္ဍသည် မြန်မာ နိုင်ငံမှ စီးပွားရေးလုပ်ငန်းလုပ် ကိုင်သူများအတွက် ခက်ခဲမှုရှိ နေသော်လည်း လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ပြုလုပ်ရန် စီစဉ်နေကြောင်း အောက်စဖို့ဒ် စီးပွားရေးအုပ်စု၏ စစ်တမ်းတွင် လုပ်ငန်းရှင်များက ဖြေဆိုထား သည်။ မြန်မာနိုင်ငံ၏ လုပ်ငန်း ကဏ္ဍပေါင်းစုံမှ အကြီးတန်းအရာ ရှိချုပ် ၁၀၀ ကျော်ကို မျက်နှာချင်း ဆိုင်တွေ့ဆုံပြီး မေးခွန်းများ မေး မြန်း၍ အောက်စဖို့ဒ်စီးပွားရေး အုပ်စုက မြန်မာ CEO စစ်တမ်းကို ထုတ်ဝေခြင်းဖြစ်သည်။ ယခုစစ် တမ်းကို ၂၀၁၈ စက်တင်ဘာမှ ၂၀၁၉ ဇွန်အထိ ၁၀ လကြာ ကောက်ခံရရှိသည့် အချက်အ လက်များကို အခြေခံထုတ်ဝေ ခြင်းဖြစ်သည်ဟု အောက်စဖို့ဒ် စီးပွားရေးအုပ်စုက ထုတ်ပြန်ခြင်း ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလီယံ ၈၀ ကျော်ရှိလာ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍသည် ၂၈ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်
၁၉၈၈ မှ ယခုနှစ်ဇွန်လ ကုန်အထိ ပြည်တွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီ လီယံ ၈၀ ကျော်ရှိသည်။ အဆိုပါပမာဏတွင် ရေနံ နှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ စုစု ပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် အများဆုံးဝင် ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထုတ် ပြန်ချက်က ဆိုသည်။ လျှပ်စစ်ကဏ္ဍသည် ၂၆ ရာ ခိုင်နှုန်းကျော်ဖြင့် ဒုတိယအများ ဆုံးနေရာတွင်ရှိပြီး ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၌ ၁၄ ရာခိုင်နှုန်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုပမာဏအများဆုံးတတိယနေ ရာတွင် ရှိနေသည်။
စီးတီးမှတ်ပုံတင်ရန်ကျန်သည့် တက္ကစီအစီးရေ ၅,၀၀၀ ကျော်ကို အရေးယူမည့်ကာလ သတ်မှတ်
စီးတီးတက္ကစီမှတ်ပုံ တင်ရန် ကျန်ရှိနေသည့် အစီးရေ ၅,၀၀၀ ကျော်ကိုအရေးယူမည့် ကာလ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) ကသတ်မှတ်ခဲ့သည်။ ယခုနှစ် စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး ၎င်း၏ ရုံးချုပ်တွင်စီးတီးတက္ကစီယာဉ်အ ဖြစ်မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးခြင်းဆောင်ရွက်ရန် YRTA က အသိပေးသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းများပြန်လည်စတင်
တိုင်းဒေသကြီး၊ ပြည် နယ်အလိုက်အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းများပြန်လည် စတင်နေပြီဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တာဝန် ရှိသူတစ်ဦးကပြောသည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီအစည်းအဝေး ခေါ် ယူနိုင်ခြင်းမရှိသေးသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ကော်မတီများက အနည်းဆုံးအ ခကြေးငွေပြန်လည် သုံးသပ်ရေး လုပ်ငန်းများကြိုတင်ပြုလုပ်ခြင်း ဖြစ်သည်။
အာဖရိကနိုင်ငံများဖလား အကြိုဗိုလ်လုပွဲသို့ တူနီးရှားနှင့် အယ်လ်ဂျီးရီးယားတက်ရောက်
အီဂျစ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေသော အာဖရိကနိုင်ငံများဖလားတွင် တူ နီးရှားနှင့် အယ်လ်ဂျီးရီးယားအ သင်း အကြိုဗိုလ်လုပွဲတက်ရောက် ခဲ့သည်။ တူနီးရှားက မာဒါဂါစကား ကို သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး ၂၀၀၄ နောက်ပိုင်း အာဖရိကဖလားအ ကြိုဗိုလ်လုပွဲသို့ ပထမအကြိမ် တက်ရောက်ခြင်းဖြစ်သည်။
ဂျပန်တက်သစ်စကြယ်ပွင့် အာဘေးကို ဘာစီလိုနာခေါ်ယူ
မန်စီးတီးလူငယ်ကစားသမား လုဇ်ကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူရန် အက်စတွန်ဗီလာသဘောတူ
ယခုနွေရာသီတွင် လီဗာပူးက ကစားသမား ကြီးကြီးမားမား ခေါ်ယူမည်မဟုတ်ဟုနည်းပြကလော့ပ်ပြောကြား
လီဗာပူးတွင် ချိန် ဘာလိန် ကြံ့ခိုင်မှုပြန်လည်ပြည့် ဝနေခြင်း၊ ဆယ်ကျော်သက်က စားသမားဘရူးစတားကို ပွဲထွက် ခွင့်ပေးရန် စီစဉ်ထားခြင်းနှင့်အ တူ ယခုနွေရာသီ၌ ကစားသမား သစ် ကြီးကြီးမားမားခေါ်ယူမည် မဟုတ်ဟု လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ပြောကြားသည်။ ပြီးခဲ့သည့်ရာသီကမန်စီးတီး နောက် ဒုတိယနေရာမှ ပရီးမီး ယားလိဂ်ရာသီကို ဖြတ်ကျော်ခဲ့ရ သော်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ တွင် စပါးကိုနိုင်ကာ ဗိုလ်စွဲခဲ့ သည့် လီဗာပူးတွင် ချိန်ဘာလိန် သည် ပြင်းထန်သောဒူးဒဏ်ရာ ကြောင့် နှစ်ပွဲသာပါဝင်ကစားခဲ့ သည်။
ဆီရီနာဝီလီယမ်နှင့် ဆီမိုနာဟာလက် ဝင်ဘယ်ဒန်ဗိုလ်လုမည်
Subscribe to:
Posts (Atom)