Pages
Saturday, June 22, 2019
ဂိုးသမားဟောင်း ပီတာချက် ချဲလ်ဆီးတွင် နည်းစနစ်အကြံပေးအဖြစ် တာဝန်ယူ
ယိုဟန်ဂမ်ဘာ ဖလားပြိုင်ပွဲတွင် အာဆင်နယ် ပါဝင်မည်
အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းက စီစဉ်ကျင်းပမယ့် ယိုဟန်ဂမ်ဘာ ဖလားမှာ ပါဝင်ယှဉ်ပြိုင် ကစားဖို့ အတည်ပြုလိုက်ပါတယ်။ ဟိုဟန်ဂမ်ဘာဖလားဟာ ၁၉၆၆ ခုနှစ်ကစပြီး ဘာစီလိုနာအသင်းက ရာသီကြို ခြေစမ်းဖလားအဖြစ် နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာတော့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကို ဖိတ်ခေါ်ခဲ့တာပါ။
Live လွှင့်၍ ပင်လယ်စာရောင်းပြီး ဝင်ငွေသန်းချီရနေသည့် ထိုင်းငါးဖမ်းသမား
ရေစကြိုမြို့နယ် ကျေးရွာအချို့ ကမ်းပါးပြိုအန္တရာယ် ရင်ဆိုင်နေရ
တယ်လီဖုန်းတိုင်ပေါ် မြွေတက်ရောက်နေ၍ မီးသတ်တပ်ဖွဲ့ သွားရောက်ဖမ်းဆီး
ရခိုင်ပြည်နယ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိးရေးကို မလိုလားသည့် အစွန်းရောက်အဖွဲ့များရှိနေဟု UEHRD ဒုဥက္ကဋ္ဌပြော
ရခိုင်ပြည်နယ်၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုမလိုလားသည့် အစွန်းရောက်အဖွဲ့များ ရှိနေသည်ဟု UEHRD ဒုဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောဆို လိုက်သည်။ ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းရေးဗဟိုဌာန(NRPC) တွင် ဇွန်လ ၂၂ ရက်ကပြုလုပ်ခဲ့သည့် “ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအ ထောက်အပံ့ ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း “ (UEHRD) ၏အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
တာချီလိတ်တွင် ပွိုင့် ၅ စက်သေနတ်ကျည်များ ဖမ်းမိ
ငယ်သူငယ်ချင်းနှင့်လက်ထပ်ပွဲကို ရိုးရိုးရှင်းရှင်း လုပ်ခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း
ဟောင်ကောင် အနက်ရောင်ဝတ်ဆန္ဒပြသူများ ရဲဌာနချုပ်အနီးပရိဝုဏ်ကို သိမ်းပိုက်
အမေရိကန် ရေနံချက်စက်ရုံတခု မီးအကြီးအကျယ်လောင် ပေါက်ကွဲ
စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့များ ဆွေးနွေး
တကမ္ဘာလုံးဆိုင်ရာ နည်းပညာပြိုင်ပွဲ မြန်မာမသန်းစွမ်းလူငယ်များ ယှဉ်ပြိုင်မည်
မိုးရာသီ သစ်ပင်စိုက်ပျိုးလိုသူများအတွက် ပျိုးပင် ၁၀ သန်းကျော် အခမဲ့ဖြန့်ဝေပေးမည်
၂၀၁၉ မိုးရာသီအစမှာ သစ်ပင်အရေအတွက် ၃ သန်းကျော် စိုက်ပျိုးထားပြီး ဒီနှစ်မိုးရာသီမှာ သစ်ပင်စိုက်ပျိုးလိုသူတွေကို ပျိုးပင်အရေအတွက် ၁၀ သန်းကျော် အခမဲ့ ဖြန့်ဝေပေးမယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ ဇွန်လ ၁၉ ရက်နေ့ ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ တနိုင်ငံလုံးမှာ သစ်ပင်အရေအတွက် ၃ ဒသမ ၃ သန်းကျော် စိုက်ပျိုးခဲ့တာပါ။
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင်သားပေါက် ၂ ကောင် တွေ့ရှိ
အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မည့်အစီအစဉ် ဖျက်သိမ်းခဲ့ဟု သမ္မတထရမ့်ပြော
အီရန်ပြည်သူတွေ အသက်ချမ်းသာရေးအတွက် လက်တုံ့ပြန် တိုက်ခိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ဇွန် ၂၁ ရက်နေ့က ပြောပါတယ်။ အဲဒီတိုက်ခိုက်မယ့် အစီအစဉ်ဟာ လူ ၁၅၀ လောက် သေဆုံးနိုင်တယ်လို့ အိမ်ဖြူတော် အင်တာဗျူးမှာ ထရမ့်က ဆိုပါတယ်။ အမေရိကန် ဒရုန်းလေယာဉ်ကို ပစ်ချခဲ့တာနဲ့ ပတ်သက်လို့ အီရန်နိုင်ငံက နေရာ ၃ ခုကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပြီး နောက်ပိုင်းမှာ သမ္မတ ထရမ့်က ဖျက်သိမ်းခဲ့တာပါ။
ကျောင်းဆရာမဖြစ်အောင် လုပ်ပေးမည်ဟုဆိုပြီး ငွေလိမ်တောင်းသူကို အမှုဖွင့်အရေးယူ
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်မှာ ပညာရေးဝန်ထမ်း ကျောင်းဆရာမဖြစ်အောင် ပြုလုပ်ပေးမယ်လို့ ပြောဆိုပြီး အမျိုးသမီးတဦးဆီကနေ ငွေကြေးလိမ်လည်ရယူခဲ့သူကို ဇွန်လ ၁၉ ရက်နေ့က အမှုဖွင့်အရေးယူထားတယ်လို့ မိုးကုတ်မြို့နယ်ရဲစခန်းက ပြောပါတယ်။
ရေစကြိုတွင် ထားမည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တု
ဘာစီလိုနာ ရာသီကြိုခြေစမ်းပွဲ မိုင်ပေါင်း ၂၇၀၀၀ ခန့် သွားရမည်
လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ရာသီအကြို ခြေစမ်းပွဲစဉ်တွေကို ခရီး မိုင်ပေါင်း ၂၇၀၀၀ လောက်ထိ သွားရောက်ကစားမှာ ဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်က ကလပ်အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ရုရှားနိုင်ငံထိ သွားရောက်ပြီး ဇင်းနစ်အသင်းနဲ့ ခြေစမ်းပွဲကစားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ ကစားမယ့်ရက်ကို အတိအကျမသိရသေးဘဲ ဇူလိုင် ၂၃ ရက်နေ့မှာတော့ ချဲလ်ဆီးအသင်းနဲ့ကစားဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားမှာဖြစ်ပါတယ်။
ဂျုဗင်တပ်စ်နည်းပြသစ် ဆာရီကို နာပိုလီဥက္ကဋ္ဌ စကားနာထိုး
ချဲလ်ဆီးအသင်းကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြဆာရီကိုတော့ အသင်းဟောင်း နာပိုလီ ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလောရန်းတစ်စ်က စကားနာထိုး ပြောကြားသွားခဲ့ပါတယ်။ နာပိုလီအသင်းကို ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၃ ရာသီကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားတော့ ရယူပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် နာပိုလီဥက္ကဋ္ဌ လောရန်းတစ်က ဆာရီဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာတာနဲ့ ပတ်သက်လို့ မအံ့သြကြောင်း၊ ပြီးတော့ သူဟာ ဒီမြေပေါ်မှာ ဘာအောင်မြင်မှုမှမရဖူးလို့ တူရင်မှာလည်း ဘာမှရနိုင်မှာ မဟုတ်လောက်ဘူးလို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
အာဖရိကဖလားပြိုင်ပွဲမှ စောင့်ကြည့်ရမည့် ကြယ်ပွင့်ကစားသမားများ ထွက်ပေါ်
တောရက်စ်ဟာ EPL ဂန္တဝင်ကစားသမားများထက် ဂိုးသွင်းစွမ်းရည်ပိုမြင့်
ပြီးခဲ့တဲ့ရက်ကမှ ဘောလုံးလောကကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဖာနန်ဒိုတောရက်စ်ဟာ နှုတ်ဆက်သွားခဲ့ပြီးဖြစ်ပေမယ့် သူနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ဆက်လက်ဖော်ပြနေကြဆဲ ဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းစာရဲ့ နောက်ဆုံးဖော်ပြချက်တွေအရ တောရက်စ်ဟာ ပရီးမီးယားလိဂ် နာမည်ကြီး ဂန္တဝင်ကစားသမားတွေ ထက်တောင် ဂိုးသွင်းစွမ်းရည် ပိုမြင့်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
ကလေးမြို့တွင် နေအိမ် မီးလောင်
တိုက်ပွဲဖြစ်နေသည့် ရခိုင်နှင့်ချင်း မြို့နယ် ၉ ခုတွင် အင်တာနက်လိုင်းများ ပြတ်တောက်
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့က မြို့နယ် ၉ ခုမှာ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်နဲ့ ချင်းပြည်နယ်က ပလက်ဝမြိုနယ်တို့ ပါဝင်ပြီး ဖုန်းပြောလို့ရပေမယ့် အင်တာနဲ့လိုင်း အသုံးပြုမရတာလို့ ဆိုပါတယ်။
မင်းပြားတိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စီး အသုံးပြုတိုက်ခိုက်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ကို မြန်မာ့တပ်မတော်ဘက်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာနဲ့ သာစည်ကျေးရွာတို့အထက်ပိုင်းက တောင်တန်းပေါ်မှာ တိုက်ပွဲဖြစ်ကြတာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်ကနေ ဒီကနေ့ အရုဏ်တက်ချိန်လောက်ထိ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မတရားသောဥပဒေ ဆိုသည်မှာ နာခံစရာလား၊ အာခံစရာလား
မြန်မာစကားအသုံးအနှုန်းတခုဖြစ်သော “တရားဥပဒေ” နှင့်ပတ်သက်၍ ဖွင့်ဆိုရာတွင် “တရား” နှင့် “ဥပဒေ” သည် အစဉ်တွဲစပ်နေအပ်သည် သို့ မှသာ အနက်အဓိပ္ပာယ်ပြည့်စုံမည်ဟု တချို့ က ယူဆသည်။ ထိုအယူအဆရှိသူများအတွက် “တရားသောဥပဒေ” “ မတရားသောဥပဒေ” ဟူသော အသုံးအနှုန်းသည် အငြင်းပွားစရာ ဖြစ်နေလိမ့်မည်။ ဥပဒေ ဟူသည် တရားမျှတမှုကို ဖော်ဆောင်သောအရာ ဖြစ်သဖြင့် မတရားသောဥပဒေ ဟူသည့်အသုံးအနှုန်းမှာ သူ့ဖာသာ ဆန့်ကျင် (Self-contradictary) နေကြောင်း၊ “ဥပဒေ” ဟူသော ဝေါဟာရကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းသာဖြစ်ကြောင်း ဝေဖန်ပေလိမ့်မည်။ ထိုသူများအတွက် ပါမောက္ခဒေါက်တာမြင့်ဇံ၏ “စိန့်သောမတ်စ် အကွင်းနပ်စ်ရဲ့ တရားတဲ့ ဥပဒေနှင့် မတရားတဲ့ ဥပဒေဆိုင်ရာ ဒဿနကို တစေ့တစောင်းလေ့လာချက်” စာအုပ်သည် စိတ်ဝင်စားစရာ ဖြစ်နိုင်သည်။
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 22 June 2019
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင်တအိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင်တအိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
မြိတ်တွင် ကျပ်သိန်းပေါင်း ၁ သောင်း တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
လူ ၃၀၀၀ ကျော်နေသည့် စင်းဘောကိုင်းကယ်ဆယ်ရေးစခန်း မိုးရွာပါက တောင်ကျရေဖြင့် မျောပါနိုင်
ဂျော်ဂျီယာလွှတ်တော်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်
ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ
ပဲခူးတိုင်းတွင် ဖော်မလင်ပါ ပဲသွေးရောင်းချသူများကို ခံဝန်ထိုးခိုင်းမည်
ပဲခူးတိုင်းမှာ ဖော်မလင်ပါတဲ့ ပဲသွေးတွေ ရောင်းချနေတာကို နောက်ဆုံးအကြိမ်အနေနဲ့ ခံဝန်ထိုးခိုင်းမယ်လို့ အက်ဖ်ဒီအေ တာဝန်ရှိသူတဦးက ပြောပါတယ်။ အက်ဖ်ဒီအေ ကနေပြီး ပဲခူးတိုင်းအတွင်း ၂၈ မြို့နယ်မှာရှိတဲ့ ဈေးတွေကို မိုဘိုင်းရွေ့လျားဓာတ်ခွဲရုံတွေ အသုံးပြုပြီး အစားအသောက်တွေမှာ တာရှည်ခံ ဓာတုဆေးဝါးတွေ သုံးထားတာ ရှိမရှိ နဲ့ ဆိုးဆေးတွေ သုံးထားတာ ရှိမရှိ လိုက်လံစစ်ဆေးခဲ့ပါတယ်။
ကလေးသူငယ်ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချပွဲ နေပြည်တော်တွင် ပြုလုပ်
လော့အိန်ဂျလိစ်မြို့က အိမ်အကြီးကြီးကို မွေးနေ့လက်ဆောင်ရလို့ပျော်နေတဲ့ စမိုင်းလ်

ခန္တီးမြို့တွင် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုပြုလုပ်
ကံမမြို့နယ် စာသင်ကျောင်းတစ်ကျောင်းတွင် ယင်ကောင်များကြောင့် အတန်းအချို့ပိတ်ထားရ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ထန်းဖြူကျေးရွာမှာရှိတဲ့ မူလတန်းကျောင်းခွဲမှာ ယင်ကောင် အဆမတန်များနေတာကြောင့် အတန်းအချို့ကို ပိတ်ထားရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ကျေးရွာပတ်ဝန်းကျင်နဲ့ စာသင်ကျောင်းကို ယင်ကောင်တွေအများအပြား ရောက်လာ တာပါ။ ရောဂါရမှာစိုးလို့ ကျောင်းပိတ်ထားရပြီး ပိုးသတ်ဆေးတွေ ဖျန်းထားရတယ်လို့ တာဝန်ခံ ကျောင်းအုပ် ဆရာမ ဒေါ်အိအိမျိုးကဟြေပါတယ်။ အဲဒီ မူလတန်းကျောင်းခွဲမှာ မူကြိုကျောင်းတက်နေတဲ့ ကလေး (၅)ယောက်နဲ့ KG တန်းကနေ စတုတ္ထတန်းအထိ ကလေးငယ် (၂၆)ယောက် ပညာသင်ကြားနေပြီး အခုအချိန်မှာ တော့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရပါတယ်။
KNU တပ်မဟာ(၁)နယ်မြေတာဝန်ခံက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င် ၅ ဦးအား ခေါ်ယူထိန်းသိမ်းထားဟု ဆို
ဘားအံမြို့နယ်ရှိ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) နယ်မြေဒေသတွင်းရှိ ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၅ ဦးမှာ ခေါ်ယူထိန်းသိမ်းခံထားရကြောင်း သိရသည်။ မိဇိုင်းကျေးရွာကြီးတွင် KNU တပ်မဟာ(၁)မှ ဒေသတာဝန်ရှိသူ (ဂွင်မှုး) ဦးစောမောင်နူအိမ်တွင် KNU ဆေးသင်တန်းတက်ရောက်ရန် စစ်သားသစ်စုဆောင်းမှုကို လူမပို့ပေးနိုင်သည့်ကိစ္စဖြင့် အဆိုပါ ၅ ဦးအား ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ပေပင်ဆိပ်ကျေးရွာ အထောက်အကူပြုအဖွဲ့ဝင်တစ်ဦး ပြောပြချက်အရ သိရခြင်း ဖြစ်သည်။
အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များအားလုံးတက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထိုင်းအာဏာပိုင်အဖွဲ့က လုံခြုံရေးအင်အား တစ်သောင်းဝန်းကျင်ဖြင့် လုံခြုံရေးယူထား

ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက် ရှိသော ရေအားလျှပ်စစ်စီမံကိန်း (၄၇) ခု ရှိကြောင်း သိရ

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်းတင်ပို့ရန်အတွက် COFCO နှင့် MRF တို့အကြား MoU လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်ဘက်က ရွေးချယ်လက်ခံထားသည့် ကုမ္ပဏီ ၁၁ ခုနှင့် တိုက်ရိုက် ညှိနှိုင်း အရောင်းအဝယ် ပြုလုပ်မည်
တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်း တရားဝင်တင်ပို့ရန်အတွက် တရုတ်နိုင်ငံအစိုးရပိုင်အဖွဲ့ဖြစ်သည့် COFCO နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့ ဇွန် ၂၀ ရက်က နားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးခဲ့ပြီး တရုတ်ဘက်မှ ရွေးချယ်လက်ခံထားသည့် ကုမ္ပဏီ ၁၁ ခုနှင့် တိုက်ရိုက်ညှိနှိုင်းပြီး အရောင်းအဝယ်ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဌ ဦးရဲမင်းအောင်က ပြောကြားသည်။
အိန္ဒိယက ဝယ်ယူမည့် ပဲတန်ချိန်ငါးသိန်းအတွက် အိန္ဒိယပဲကုမ္ပဏီ ၁၁၈၀ ကျော် မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ရရှိ
အိန္ဒိယနိုင်ငံက ဝယ်ယူမည့် ပဲတန်ချိန်ငါးသိန်းအတွက် တင်သွင်းခွင့်ရရှိရန် အိန္ဒိယ ပဲကုမ္ပဏီ ၆၀ဝ၀ ကျော် လျှောက်ထားခဲ့ရာ အိန္ဒိယပဲကုမ္ပဏီ ၁၁၈၀ ကျော်အား မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကိုင်းတိုင်ဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာကဏ္ဌစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ အထွေထွေစုပေါင်းရုံးတွင်ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲအဖွဲ့ဝင် ကော်မရှင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်အာင်မှ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးရွေးကောက်ပွဲ အရာရှိ ဦးအောင်မျိုးလွင်မှရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူ ဟာစီမံကိန်းနှင့် (၂၀၂၀)အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပေးသွားပါသည် ။
အင်ဒိုနီးရှားမှာ မီးခြစ်ဆံဂိုထောင် မီးလောင်ပြီး လူ ၃၀ သေဆုံး
အင်ဒိုနီးရှားနိုင်ငံမှာ မီးခြစ်ဆံဂိုထောင်တစ်လုံး သောကြာနေ့က မီးလောင်မှု ဖြစ်တာကြောင့် ကလေးငယ်အချို့အပါအဝင် လူပေါင်း ၃၀ အနည်းဆုံး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်မှု ဖြစ်အပြီးမှာ ကြမ်းပြင်ပေါ် စီရီချထားတဲ့ မီးကျွမ်းရုပ်အလောင်းတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း မြင်တွေ့ရပြီး အခု မီးဟာ သောကြာနေ့ နေ့လယ်ပိုင်းက လောင်ကျွမ်းတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
မြေပဲနဲ့ ဓာတ်မတည့်တဲ့သူတွေထဲမှာ သင်ရောပါလား
ဓာတ်မတည့်စာတွေထဲမှာ မြေပဲနဲ့ ဓာတ်မတည့်တဲ့ ပြဿနာက တော်တော်လေးကို အတွေ့များတဲ့ ကိစ္စပါ။ နည်းနည်းလေး စားမိရုံနဲ့ ဆိုးဆိုးရွားရွား ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အလွန်အဖြစ်များပြီး အသက်ကြီးလာတဲ့အခါ ပျောက်သွားတာမျိုးလည်း ရှိသလို တစ်ဘဝလုံး မြေပဲနဲ့ ဓာတ်မတည့်တဲ့သူတွေလည်း အများကြီးပါပဲ။
မြေပဲနဲ့ ဓာတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။
မြေပဲနဲ့ ဓာတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။
အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၏ အလုပ်အကိုင်ပြပွဲမှ ကျောင်းသား၊ကျောင်းသူများအပေါ် အကျိုးသက်ရောက်မှုများ

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၁၁၂၀ဝ၀ အထိ စံချိန်သစ်ထပ်တင်ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၁၀၉၅၅၀ဝ ဝန်းကျင်သို့ ပြန်လည်ကျဆင်း
ကမ္ဘာ့ရွှေဈေးသည် ဇွန် ၂၁ ရက်တွင် ၁၄၀၄ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၁၁၁၂၀ဝ၀ အထိ စံချိန်သစ်ထပ်တင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်း ၁၃၉၂ ဒေါ်လာဝန်းကျင်အထိ ပြန်ကျလာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၉၅၅၀ဝ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ြ ပည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀ဝ၀ဝ၀ အထက်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အတွင်း အမြင့်ဆုံးစံချိန်အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀ဝ ဖြစ်ပေါ်ခဲ့သည်။
အီရန်အား လက်တုံ့ပြန်တိုက်ခိုက်ရန် အစီအစဉ်ကို ထရန့်က ရပ်ဆိုင်းခဲ့ဟု သတင်းထွက်

အီရန်က ပစ်ချခဲ့သော အမေရိကန်ဒရုန်း Global Hawk ၏ အချက်အလက်များ

ရှီ၏ ခရီးစဉ်အပြီးတွင် မြောက်ကိုရီးယားက တရုတ်နှင့်ဆက်ဆံရေးကို ဂုဏ်တင်ချီးမွမ်း

အမုန်းစကားပျံ့နှံ့မှုကို ဖြေရှင်းရန်အတွက် Facebook က မြန်မာနှင့် သီရိလင်္ကာတွင် ကန့်သတ်မှု အသစ်များ ထပ်မံဆောင်ရွက်
Facebook တွင် အမုန်းစကားပျံ့နှံ့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်ခံနေရချိန်တွင် Facebook က သီရိလင်္ကာနှင့် မြန်မာ၌ အမုန်းစကား ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများကို ဆောင်ရွက်နေခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၌ Facebook ၏ လူမှုကွန်ရက်ဆိုင်ရာစံနှုန်းများကို ချိုးဖောက်သူများအား ကန့်သတ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း Facebook က ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ သီရိလင်္ကာတွင် Messenger မှတစ်ဆင့် သတင်းများ မျှဝေခြင်းကို ငါးဦးအထိသာ မျှဝေနိုင်ရန်နှင့် အကြိမ်အရေအတွက်ကိုလည်း ကန့်သတ်ရန် Facebook က ဆောင် ရွက်နေသည်။
ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို အာရုံစိုက်ရန် တယ်ရီကူက Foxconn ကုမ္ပဏီအား ထိန်းချုပ်မှုကို စွန့်လွှတ်မည်
ထိုင်ဝမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် တယ်ရီကူသည် သမ္မတရာထူးအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အချိန်အတွင်း ゞင်းပိုင်ဆိုင်သော Foxconn နည်းပညာကုမ္ပဏီ၏ စီမံအုပ်ချုပ်ခွင့်ကို ကုမ္ပဏီအတွင်း လူယုံကိုးဦးပါဝင်သည့် ကော်မတီတစ်ရပ်ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ ဝန်ကြီးများ အဓိက တက်ရောက်ကြမည့် ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများအား ယနေ့ စတင်မည်ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၃ ရက်တွင် ပြုလုပ်မည်
အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ နိုင်ငံအသီးသီးမှ ဝန်ကြီးများ အဓိကတက်ရောက်ကြမည့် ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေများအား ယနေ့ (ဇွန် ၂၂ ရက်)တွင် စတင်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံက တာဝန်ယူကျင်းပလျက်ရှိသော ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများကို ဇွန် ၂၀ ရက်က စတင်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံခေါင်းဆောင်များ ပါဝင်မည့် ဆွေးနွေးပွဲများ၊ ဒေသတွင်း နိုင်ငံခြားရေး၊ စီးပွားရေးဝန်ကြီးများ တက်ရောက်မည့် အဓိက ဆွေးနွေးပွဲများကို ဇွန် ၂၂ ရက် နှင့် ၂၃ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ တာဝန်ရှိမှုကို ရှောင်လွှဲ၍မရနိုင်ဟု ဘင်္ဂ္လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ တာဝန်ရှိမှုကို ရှောင်လွှဲ၍ မရနိုင်ဟု ဘင်္ဂ္လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ “ကုလသမဂ္ဂဟာ အားလုံးအပေါ် လေးစားမှုမြှင့်တင်တဲ့ လူသားဆန်မှုဥပဒေတွေနဲ့ ပတ်သက်တဲ့ သဘောတရားတွေကို ယုံကြည်ပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်း လျော်ညီအောင် ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ သူတို့ဟာ အရာများစွာကို ဖုံးဖိထားခဲ့ပါတယ်။ ဒါ့အတွက် သူတို့ အမှန်တကယ် တာဝန်ရှိပါတယ်” ဟု
နှိမ့်ချခြင်း၏ အကြောင်းများ
နေရာတိုင်းတွင် မိမိတို့အနေဖြင့် ကျွမ်းကျင်မှုမရှိကြောင်း အမှန်တကယ်တွေးမိသူမှာ အနည်းငယ်သာ ရှိသည်။ သို့သော် နှိမ့်ချတတ်ရန်ကား ပို၍ပင် ခက်ခဲလှပေသည်။ အထူးသဖြင့် တစ်ကိုယ်တော် အရည်အသွေးနှင့် ပြိုင်ဆိုင်မှုကို အားပေးသော လူ့အဖွဲ့အစည်းတစ်ရပ်၌ နေထိုင်ရသည့်အခါတွင် ဖြစ်သည်။ ယင်းကဲ့သို့သော ယဉ်ကျေးမှုတစ်ရပ်၌ပင်လျှင် နှိမ့်ချတတ်ခြင်းသည် အရေးကြီးသော အရည်အသွေးတစ်ရပ်ဖြစ်သည်။ နှိမ့်ချတတ်အောင် သင်ယူခြင်းသည် စိတ်ပိုင်းအဆန်ဆုံး အစဉ်အလာများ၌ အရေးအကြီးဆုံး ဖြစ်သည်။ နှိမ့်ချတတ်ခြင်းသည် အခြားသူများနှင့် ဆက်ဆံရေးကို ပိုမိုပြည့်စုံစေမှုနှင့် ပိုမိုကောင်းမွန်စေမှုကို ဖြစ်စေသည့်အပြင် မိမိအပေါ် လေးစားမှုကိုလည်း ပိုမိုရရှိနိုင်သည်။
ထိုင်းတွင် ကားတာယာတွေထဲ ၀ှက်သယ်လာသည့် မက်သာဖီတမင်း ၅၉ ကီလိုဂရမ်နှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိ

ယခုနှစ်မကုန်မီ တရုတ်ဦးဆောင်သည့် ကုန်သွယ်ရေးသဘောတူညီချက်တွင် လက်မှတ်ထိုးရန် အာဆီယံခေါင်းဆောင်များက စိတ်အားထက်သန်နေဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး သဘောတူညီချက်နှင့်ပတ်သက်ပြီး ဘန်ကောက်ထိပ်သီးဆွေးနွေးပွဲတွင် နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ခန့်မှန်းထားမှုနှင့်အတူ အရှေ့တောင်အာရှ ခေါင်းဆောင်များသည် ယခုနှစ်မကုန်မီ တရုတ်ဦးဆောင်သည့် ကုန်သွယ်ရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်နေကြသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အာရှတစ်ဝန်း ဝက်တုပ်ကွေး ပျံ့နှံ့ လာသောကြောင့် တရုတ်နှင့် ဗီယက်နမ်တွင် ဝက်ကောင်ရေ သန်းနှင့်ချီကို သုတ်သင်
ကူးစက်တတ်သော အာဖရိက ဝက်တုပ်ကွေးထိန်းချုပ်ရေးကို ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်ရန် အာရှအစိုးရအဖွဲ့များကို ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက တိုက်တွန်းခဲ့စဉ် တရုတ်နှင့် ဗီယက်နမ်တွင် ဝက်ကောင်ရေ သန်းနှင့်ချီကို သုတ်သင်ခဲ့သည်။ ဝက်တုပ်ကွေးရောဂါကူးစက်မှုသည် လာအိုသို့ ပျံ့နှံ့လာပြီဟု ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ FAO က ကြေညာချက် ထုတ်ပြန်မှုနှင့်အတူ ယင်းသည် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး တိရစ္ဆာန်ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်သည်ဟု ပညာရှင်အချို့က ပြောကြားခဲ့သည်။
မလေးရှားသို့ ခိုးဝင်မည့် မြန်မာ (၄၂)ဦးနှင့် လိုက်ပို့သည့် ထိုင်းယာဉ်မောင်း (၂)ဦးတို့ကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိ

ဖားကန့် မှော်မော်ကုန်း ကျေးရွာမှာ မြေပြို

နေရပ်လိပ်စာ စုံစမ်း နေဆဲ၊
၁။ ဒဏ်ယာ ရသူ။ ။ ဦး မခေါ် တန်ဂွန်း
အသက် ။ ။42 နှစ် အဖ။ ။ ဦးမခေါ်လှရော်
နေရပ်။ ။ မန်စီမြို့နယ်(ရှောင်တောင်ကျေးရွာ)
၂။ ဒဏ်ယာရသူ။ ။ဦး မရော် ဘောက်နူး
အသက် ။ ။ 22 နှစ် အဖ ။ ။ဦး မရော်ဘရန်နူး အမိ ။ ။ ဒေါ် ခေါန်ဖန်
၃။ သေဆုံးသူ။ ။မောင်မခါ အောင်လတ်
အသက် ။ ။24 နှစ် အဖ ။ ။မခေါ်တူး နေရပ် ။ ။ဝိုင်မော်မြို့နယ်၊ မိုင်နား RC ဒုကသည်စခန်း
ယခုနေရပ်။ ။ ဦလမုန်ရှရွယ် မှော်ဝမ်ကြီး
၎။သေဆုံးသူ။ ။ ဦးမရော် ဘရန်တောင်
အသက်။ ။ 47 နှစ် အဖ ။ ။ မရော် ဘောက်ဆင် နေရပ် ။ ။မြစ်ကြီးနား(တပ်ကုန်း၊ ရပ်ကွက်-1)
တို့ဖြစ်ပါတယ်။
မိုးပျံရထားစီမံကိန်းလမ်းကြောင်းရှိ မြေပေါ်တည်ဆောက်ရန်ခက်ခဲသည့်နေရာအချို့တွင် မြေအောက်လမ်းများ ဖောက်လုပ်မည်
ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း (YUMRT) ကို အကောင်အထည်ဖော်ရာတွင် မြေပေါ်တည်ဆောက်ရန်ခက်ခဲသည့် လမ်းကြောင်းအချို့၌ မြေအောက်လမ်းများ ဖောက်လုပ်ရန်စီစဉ် ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သတင်းရရှိသည်။ မိုးပျံရထားလမ်းစီမံကိန်းတွင် အပိုင်း(၁)အရှေ့-အနောက်လမ်းကြောင်း (လှိုင်သာယာ-ပါရီမီလမ်းပိုင်း)နှင့် အပိုင်း(၂) တောင်/ မြောက်လမ်းကြောင်း (မင်္ဂလာဒုံ လေဆိပ်- ဒလလမ်းပိုင်း)ဟူ၍ အပိုင်း(၂) ပိုင်းရှိပြီး အဆိုပါလမ်းကြောင်း ၂ ခု နှိုင်းယှဉ်ချက်အရ ယာဉ်ကြောကျပ်တည်းမှုအများဆုံးအချိန်၌ ယာဉ်အစီးရေများနှိုင်း ယှဉ်ချက်အရ အရှေ့-အနောက်လမ်းကြောင်းကို ဦးစားပေးလမ်းပိုင်းအဖြစ် ရွေးချယ်ထားကြောင်း သိရသည်။
ကန်နဲ့ ၂ နိုင်ငံ ဆက်ဆံရေးကောင်းအောင် မြန်မာဆက်လက်ဆောင်ရွက်
မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်ရင် မြန်မာစစ်တပ်ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်မယ့် ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ဇွန်လ ၂၀ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုခဲ့ပေမဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံဆက်ဆံရေးအရတော့ မြန်မာနိုင်ငံ အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း က ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။ သံအမတ်ကြီး ဦးအောင်လင်းကို ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ဒီ ဥပဒေမူကြမ်းကြောင့် အမေရိကန်နဲ့ မြန်မာဆက်ဆံရေး အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး သံအမတ်ကြီးက သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။
ပြည်သူတွေသာမက နိုင်ငံခြားသားတွေကိုပါ ရပ်တန့်သွားစေခဲ့တဲ့ မြဝတီမြို့က နိုင်ငံတော်သီချင်း🇲🇲🇲🇲🇲🇲
ပြည်ပနိုင်ငံခြားသားများစွာ လာရောက်လည်ပတ်မှုများနေတဲ့ ပြည်တွင်းဒေသတွေမှာ ထူးထူးခြားခြားတွေ့မြင်ရတဲ့ မြင်ကွင်းတစ်ခုကတော့ ပြည်တွင်းပရိသတ်တွေကို အံ့အားသင့်စေခဲ့တာပဲဖြစ်ပါတယ်။ ပြည်တွင်းတိုင်းဒေသကြီးများစွာမှာ တော်ရုံမကြားရနိုင်တော့တဲ့ နိုင်ငံတော်သီချင်းကို နေ့စဉ်ဖွင့်ကာ စည်းကမ်းတကျလိုက်နာမှုတွေပြုလုပ်နေတဲ့ မြို့အချို့ရဲ့ ဒေသခံတွေကိုတော့ ပရိသတ်တွေလည်း လေးစားမိကျမယ်ထင်ပါတယ်။
သုံးရက်အတွင်း ကြည့်ရှုသူ သုံးသန်းကျော်သွားသည့် အဆိုတော် Pink သီချင်းသစ် – 90 Days

New York Times မှာဖော်ပြခြင်းခံရလို့ဂုဏ်ယူမိသလို ကမ္ဘာကျော်တဲ့ထိ Sexy Modelအဖြစ်ဆက်လုပ်မှာပါလို့ ဆိုလာတဲ့ နန်းမွေစံ

ဝက်တုပ်ကွေးကြောင့် အာရှတွင် ဝက်ကောင်ရေ သန်းချီ သုတ်သင်နေရ
ဝက်တုပ်ကွေးဖြစ်စေသည့် အာဖရိကအဖျားပိုး ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် တရုတ်၊ ဗီယက်နမ်အပါအဝင် အာရှနိုင်ငံ အများအပြားတွင် ဝက်ကောင်ရေ သန်းချီကာ သုတ်သင်ရှင်းလင်းရလျက်ရှိကြောင်း သိရသည်။ လာအိုသို့လည်း ဝက်တုပ်ကွေးရောဂါပိုး ကူးစက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) က ထုတ်ပြန်ကြေညာထားပြီး ယခုနှစ် ဝက်တုပ်ကွေးသည် သမိုင်းတစ်လျှောက် အကျယ်ပြန့်ဆုံးဖြစ်ပွားမှုဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ကျပ်သန်းပေါင်း ၅၀ဝ၀ ကျော် အကုန်ကျခံတည်ဆောက်ခဲ့သည့်တောင်ဒဂုံ-သုဝဏ္ဏတံတား ချဉ်းကပ်လမ်း နှစ်လက်မကျော် နိမ့်ကျသွား
ကျပ်သန်းပေါင်း ၅၀ဝ၀ ကျော် အကုန်ကျခံကာ တည်ဆောက်ထားပြီး ဖွင့်လှစ် ထားသည်မှာ လေးလကျော် သာရှိ သေးသည့် တောင်ဒဂုံ-သုဝဏ္ဏ တံတား ချဉ်းကပ်လမ်း နှစ်လက်မ ကျော် နိမ့်ကျမှုဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြင်ဆင် သွားမည်ဖြစ် ကြောင်း တောင်ဒဂုံမြို့နယ် အုပ် ချုပ်ရေးမှူး ဦးလှမြင့်က အတည် ပြုပြောကြားလိုက်သည်။ ဒဒသင်္ဃန်းကျွန်းဘက်က နှစ် လက်မကျော်ကျော်လောက် နိမ့် ဆင်းသွားတယ်။ ချဉ်းကပ်လမ်းက မြေမငြိမ်လို့ဖြစ်တာ။ ချဉ်းကပ် လမ်းက မြေဖို့တဲ့အခါကြတော့ မြေသားမသေခင်မှာ အပေါ်က ကွန်ကရစ်လောင်းရင် မြေနိမ့်ကျ တာ ဖြစ်လေ့ဖြစ်ထရှိတယ်။ ကုမ္ပဏီ ကတော့ တိုင်းတာပြီးပြီ။ ပြင်ဖို့ စီစဉ်နေတယ်ဒဒဟု ゞင်းက ဒီမိုက ရေစီတူဒေးသို့ ဇွန် ၂၀ ရက်က ပြောသည်။
တီးတိန်မြို့တွင်တည်ဆောက်မည့် လေယာဉ်ကွင်းငယ်မြေနေရာကို တာဝန်ရှိသူများ သုံးရက်ကြာကွင်းဆင်းတိုင်းတာ

မုတ္တမပင်လယ်ကွေ့တစ်လျှောက် ဒီရေတောများကို တိုင်းအစိုးရထိန်းသိမ်းနေ
မုတ္တမပင် လယ်ကွေ့တစ်လျှောက် ဒီရေတော များထိန်းသိမ်းနိုင်ရန် ဒေသခံပြည် သူအစုအဖွဲ့ပိုင် သစ်တောဖွဲ့စည်း သောနည်းဖြင့် လုပ်ဆောင်နေ ကြောင်း သိရသည်။ ဇွန်၂၀ရက်က ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်အစည်းအဝေး၌ ကွမ်းခြံကုန်း လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းမင်း၏ ဒီရေ တော (ကြိုးပြင်ကာကွယ်တော)များ အမြန်ဆုံးဖော်ဆောင် တည် ထောင်ပေးပြီး လက်ရှိလုပ်ဆောင် နေသည့် ရေလုပ်ငန်းများအား တရား ဝင်လုပ်ကိုင် နိုင်စေရေး စိစစ်ဖော် ဆောင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်း အင်ဝန်ကြီး ဟံထွန်းက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရခိုင့်ဦးဆောင်ပါတီ လာမည့်ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကို အဓိကမဲဆွယ်စည်းရုံးသွားမည်ဟုဆို
အသစ်ထူထောင်ထားသော ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party- AFP)သည်လာမည့်၂၀၂၀ခုနှစ်ရွေးကောက် ပွဲကာလအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကို အဓိကထား မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများဖြစ်သည့် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် ကျောက်ဖြူဒေသများသည် ယခင်ရွေးကောက် ပွဲကာလများတွင် ရခိုင်အခြေစိုက်ပါတီများ ထိုးဖောက်ဝင်ရောက်မှု အားနည်းခဲ့သည့်အတွက် ယခုကဲ့သို့ဦးစားပေးမဲဆွယ်စည်းရုံးသွား မည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူလုံးဝမရှိသည့် ကျောင်းခြောက်ကျောင်းရှိ
ဧရာဝတီတိုင်းဒေ သကြီးတွင် ၂၀၁၉ ခုနှစ်တက္ကသိုလ် ဝင်တန်းစာမေးပွဲ၌ အောင်မြင်သူ လုံးဝမရှိသည့် ကျောင်းခြောက် ကျောင်းရှိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရ သည်။ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် လုံးဝအောင် မြင်မှုမရှိသည့် ကျောင်းလေးကျောင်း သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်း ခြောက်ကျောင်းရှိခဲ့ရာ အဆိုပါ ကျောင်းများမှာ ဝါးခယ်မမြို့နယ် မှ အထကစပါးရို၊ လပွတ္တာမြို့နယ် မှ အထက အိုင်မ၊ မော်လမြိုင်ကျွန်း မြို့နယ်မှ အထက(ခွဲ)မြင်းကကုန်း၊ အထက(ခွဲ)ကြက်လျှာ၊ ဖျာပုံမြို့ နယ်မှ အထက(ခွဲ)မြို့ကုန်း(၁)နှင့် ဘိုကလေးမြို့နယ်မှ အထက(ခွဲ) ကသမျှင်တို့ဖြစ်သည်။
မြစ်သာရေလှောင်တမံဆည်ရေ ပြည့်လာပြီဖြစ်သည့်အတွက် ရေအားလျှပ်စစ်ပြန်လည်ထုတ်လုပ်
နွေရာသီချောင်း ရေမြောင်းရေများပါ ခန်းခြောက် သည့်အချိန်ဂန်ဂေါ့မြို့နယ်အတွင်း ရှိ မြစ်သာရေလှောင်တမံမှာရေ ခန်းခြောက်မှုဖြစ်ပေါ်ခဲ့သဖြင့် မေ လဆန်းပိုင်းမှအစပြု၍ လျှပ်စစ်မီး ထုတ်လုပ်မှုရပ်ဆိုင်းထားခဲ့ရာမှ ဇွန်လဆန်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းလာမှုကြောင့် မြစ်သာဆည် ရေဖြင့် လျှပ်စစ်မီးများပြန်လည် ထုတ်လုပ်ဖြန့်ဖြူးနိုင်ပြီဖြစ်ကြောင်း မြစ်သာဆည် တာဝန်ရှိသူတစ်ဦး က ဇွန် ၁၉ရက်တွင်ပြောသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် လျှောက်ထားမေးမြန်းခြင်း အပိုင်း(၂) ‘‘တချို့ကျတော့ သိပ်ပြီးတော့ ဘာရယ်မသိဘူး။ အတင်းသွားပြီး ပံ့ပိုးလိုက်တဲ့အခါကျတော့ မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်က မကောင်းတာကို ပိုပြီးတော့လုပ်နိုင်ပြီး ပိုပြီးအားပေးသလိုဖြစ်သွားတယ်’’
တိုင်းဒေသကြီးများ၌ နေရာအားလုံး ၀င်ပြိုင်နိုင်ရန် သူရဦးရွှေမန်း၏ ပါတီ မျှော်မှန်းထား
၂၀၂၀ အထွေထွေ ရွှေးကောက်ပွဲတွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)က တိုင်းဒေသကြီးအားလုံးရှိ မြို့ နယ်အားလုံးနီးပါး၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြော ကြားသည်။ မန္တလေးမြို့တွင် ဇွန်လ ၂၀ ရက်က ပြုလုပ်သော ပါတီဝင်များ နှင့် စိတ်ပါဝင်စားသူများတွေ့ဆုံ ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားသည်။
ပြည်သူ့အကြွေးကျေအောင်ဆပ်ရန် အမတ်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား
ပြည်သူလူထုအပေါ်မည်သည့်အကြွေးမျှ မကျန်ရှိစေ ရန် လွှတ်တော်ကိုယ်စားလှယ်များ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှာကြားသည်။ ဇွန်လ ၁၉ ရက်တွင် နေပြည်တော်လွှတ်တော်ရေးရာဆောင် (I-12) ၌ ပြုလုပ်သော ဒေါ်အောင် ဆန်းစုကြည်၏မွေးနေ့ပွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ်များကို ယင်းသို့ ထည့်သွင်းပြောကြား သည်ဟု လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။
အလှပြင်ပစ္စည်းများကို မျိုချမိသောကလေးငယ်များ အရေးပေါ်ကုသမှုလိုအပ်
ကလေးငယ်များကို ဆွဲဆောင်နိုင်သည့်အရောင်အသွေးစုံ ထုပ်ပိုးပြင်ဆင်ထားသော အလှပြင်ပစ္စည်းများကို ၎င်းတို့မျိုချမိနိုင် ပြီး ယင်းတွင်ပါဝင်သောဓာတုပစ္စည်းများကြောင့် အရေးပေါ်ဆေးဝါး ကုသမှုခံယူရနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ အမေရိကန်နိုင်ငံတွင် (၁၅)နှစ်တာအတွင်း အလှပြင်ပစ္စည်း များနှင့်ဆက်စပ်သော ဒဏ်ရာအနာတရဖြစ်၍ အရေးပေါ်ဌာနများ၌ ဆေးဝါးကုသခံရသည့် အသက်(၅)နှစ်အောက် ကလေး ၆၅,၀၀၀ ခန့်ရှိကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။
မွေးနေ့ရှင် ပျော်ရွှင်မည့်အချိန်
အရွယ်နှင့်မမျှသော တာဝန်များက ဒေါ်အောင်ဆန်းစုကြည်၏ ပခုံးထက်တွင် နေရာယူထားသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စသည့် ကြီးလေးသော တာဝန်များပင်ဖြစ်သည်။ြ မန်မာနိုင်ငံ၏ လွတ်လပ် ရေးထက် သုံးနှစ်ကြီးသည့် ဒေါ် အောင်ဆန်းစုကြည်ကို ၁၉၄၅ ဇွန်လ ၁၉ ရက်တွင် မွေးဖွားခဲ့ပြီး ယနေ့သည် ၎င်း၏ (၇၄) နှစ်တင်း တင်းပြည့်မြောက်သော မွေးနေ့ ဖြစ်၏။
ပုဒ်မ ၂၂၀၊ ပုဒ်မ ၂၅၁ တို့နှင့် စီးချင်းထိုးမည်လား
လွှတ်တော်နှင့် အစိုးရအ ကြား အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် သော့ ချက်ပင်ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းခြင်း လျော့ရဲလာ မည်ဆိုလျှင် နိုင်ငံရေးထင်ရာစိုင်း မှုမြင့်မားလာနိုင်ပြီး နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှု၊ လက်ဝါးကြီးအုပ် မှု၊ အုပ်စု၊ ဂိုဏ်းဂဏဖွဲ့မှုတို့ တွင်ကျယ်လာကာ ဒီမိုကရေစီ မဖြစ်၊ ငါမိုကရေစီဖြစ်မှန်းမသိ ဖြစ်လာမည်ဆိုလျှင် အနာဂတ် နိုင်ငံရေးအတွက် ရတက်မအေး စရာပင်ဖြစ်သည်။ သို့ဖြစ်၍ မြန် မာ့ဒီမိုကရေစီပြုခရီးရှည်ကြီးတွင် အပြန်အလှန်ထိန်းကျောင်းခြင်း ကို အားကောင်းသထက်အား ကောင်း၊ ခိုင်မာသထက် ခိုင်မာဖို့ ၀ိုင်းကြ၊ ၀န်းကြရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရာဝယ်
သည်လပိုင်းမှာ ရွှေလက်တစ်ယောက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ဖြစ်ခဲ့သည်။ သစ်ပင်စိုက်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများစသဖြင့် အမျိုးအစား စုံလင်လှသည်။ လှုပ်ရှားမှုအားလုံးသည် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးကို ရည် ရွယ်သည့်အတွက် ရွှေလက်လည်း ပါဝင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ရွှေလက်သည် သဘာဝပတ်ဝန်းကျင် ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ် သောကြောင့် ပျက်စီးလာနေသည့် သဘာဝပတ်ဝန်းကျင်ကို မည်ကဲ့ သို့ ကာကွယ်ထိန်းသိမ်းစောင့် ရှောက်မည်နည်းဟူသည့် အ ကြောင်းအရာကို စိတ်ဝင်စားခဲ့ သည်။
ရန်ကုန်တွင် ကျောင်းကားတင်သွင်းရန် လာရောက်လျှောက်ထားသူ တစ်ဦးမျှမရှိသေး
ရန်ကုန်တိုင်းဒေ သကြီးတွင် ကျောင်းကားတင် သွင်းရန် လာရောက်လျှောက်ထား သူတစ်ဦးမှမရှိသေးကြောင်း သိရ သည်။ လက်ရှိ ကျောင်းကားလုပ် ငန်းလုပ်ကိုင်နေသူများအနေဖြင့် ပြည်ထောင်စုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ချ မှတ်ထားသည့် ကျောင်းကားစံ သတ်မှတ်ချက် ၁၂ ချက်နှင့်ညီ သောကျောင်းကားများကို တင် သွင်းလိုပါက တင်သွင်းခွင့်ပြုမည် ဟုကြေညာထားသော်လည်း ယခု အချိန်ထိလျှောက်ထားသူမရှိသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲ ဖက်အတွင်းရေးမှူးဦးလှအောင် က ပြောသည်။
မယ်ခွေ၏လက်ဆောင်ကဗျာကို ဒသမတန်းအဆင့် သင်ရိုးညွှန်းတမ်းတွင်ပြန်လည်ထည့်သွင်းရန် ပညာရေးဝန်ကြီးဌာန ခွင့်ပြု
မယ်ခွေ၏လက်ဆောင်ကဗျာကို ဒသမတန်း အဆင့်သင်ရိုးညွှန်းတမ်းတွင်ပြန်လည်ထည့်သွင်းရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အခြေခံပညာအဋ္ဌမတန်းသင်ရိုးမှ မယ်ခွေ၏လက်ဆောင် ကဗျာကိုသင်ရိုးမှထုတ်ပယ်ထားရာ လက်ရှိတွင်ကန့်ကွက်မှု အသီးသီးနှင့်ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် သင်ရိုးသစ်များရေး ဆွဲနေခြင်းကြောင့် ယင်းကဗျာကို ကျောင်းသား၊ ကျောင်းသူများ ၏အသက်အရွယ် အတန်းအဆင့်နှင့် ပိုမိုသင့်လျော်သည့်သင် ရိုးသစ်ဒသမတန်း မြန်မာစာဖတ်စာတွင် ပြန်လည်ထည့်သွင်း ရန်အတွက် မြန်မာစာဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီ ဝင်များ၏သဘောတူညီမှုဖြင့် ထည့်သွင်းပြဋ္ဌာန်းသွားရန်အ တွက် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အခြေ ခံပညာဦးစီးဌာနမှ သိရသည်။
စပိန်၊ လီဗာပူးနှင့် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ် ဘောလုံးသမားဘဝမှ အနားယူ
စပိန်နှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သောတိုက် စစ်မှူး ဖာနန်ဒိုတောရက်စ်က ဘောလုံးသမားဘဝမှ အနားယူ ကြောင်း ကြေညာသည်။ေ တာရက်စ် (၃၅) နှစ်သည် ဘောလုံးသမားဘဝ ၁၈ နှစ်အ တွင်း အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးနှင့် ချယ်လ်ဆီးတို့၌ကစား ခဲ့ပြီး လက်ရှိတွင် ဂျပန်ကလပ် ဆာဂန်တိုဆူ၌ ကစားနေသည်။ စပိန်အတွက် ပွဲ ၁၁၀ကစား ခဲ့သော တောရက်စ်အနေဖြင့်ယူရို ၂၀၀၈ ဗိုလ်လုပွဲတွင် အနိုင်ဂိုးနှင့် ယူရို ၂၀၁၂ ဗိုလ်လုပွဲတွင် တစ်ဂိုး သွင်းယူခဲ့သည်။
ဥရုဂွေးနှင့် သရေကျပြီးနောက် ဂျပန်အသင်းကို နည်းပြဟောင်း ဖီးလစ်ထရောက်စီယာချီးကျူး
ကိုပါအမေရိက ဖလားတွင် ဥရုဂွေးကိုနှစ်ကြိမ်တိုင် ဦးဆောင်ကစားကာ သရေကျပြီး နောက် ဂျပန်အသင်း၏စွမ်းဆောင် ရည်ကို ဂျပန်နည်းပြဟောင်း ဖီး လစ်ထရောက်စီယာက ချီးကျူးခဲ့ သည်။ ၁၉၉၈ မှ ၂၀၀၂ အထိ ဂျပန်ကို ကိုင်တွယ်ခဲ့သော ထ ရောက်စီယာသည် ဟာဂျီမီမိုရီ ယာဆုဦးဆောင်သော ဂျပန်အ သင်းကို လူမှုမီဒီယာမှတစ်ဆင့် ချီးကျူးသည်။
ပီရူးကို ရင်ဆိုင်ရန် ဘရာဇီးတွင် အာသာပါဝင်မည်
အေဂျက်ဇ်က နည်းပြအဲရစ်တန်ဟက်ကို ၂၀၂၂ အထိ စာချုပ်သက်တမ်းတိုး
အမျိုးသမီး ကမ္ဘာ့ဖလား (၁၆) သင်းအဆင့်တွင် အမေရိကန်-စပိန်၊ ပြင်သစ်-ဘရာဇီး ရင်ဆိုင်တွေ့
ပြင်သစ်နိုင်ငံတွင် ကျင်းပ နေသော အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အုပ်စုအဆင့် ပြိုင်ပွဲ များပြီးဆုံးပြီဖြစ်ရာ အသင်းတိုင်း သုံးပွဲစီကစားပြီးနောက် ၂၄ သင်း မှ ၁၆ သင်းသို့ လျော့ကျကာ ရှုံး ထွက်ပွဲစဉ်များ စတင်မည်ဖြစ် သည်။ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ အပါအဝင် ရေ ပန်းစားအသင်းအားလုံး အမှားအ ယွင်းမရှိ နောက်တစ်ဆင့် တက် ရောက်ခဲ့သည်။
ဘုဏ်းသိုက်ကို ရေမဆေးကျောက်တူးသမားအဖြစ် တွေ့ရမယ် ဘဝနွံ
ရေမဆေးကျောက်တူးသမားတွေရဲ့နောက်ကွယ်ကဘဝကို ဖော်ကျူးထားတဲ့ ဘဝနွံ ရုပ်ရှင်ဇာတ်ကား မှာတော့ ကျောက်တူးသမားတစ်ယောက်ရဲ့ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဘုဏ်းသိုက်ကို မြင်တွေ့ရမှာပါ။ ဘုဏ်းသိုက်အနေနဲ့ ရိုက်ကူးရေးမစခင်ရော၊ ရိုက်ကူးပြီးချိန်မှာပါ ကျောက်တူးသမားတွေနဲ့အတူ ရှိခဲ့ပြီး သူတို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုလည်း နားထောင်ခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ ကျောက်တူးသမားအကုန်လုံးဟာ မျှော်လင့်ချက်ကိုယ်စီနဲ့ မှော်ထဲကိုရောက်ရှိနေတာဖြစ်ပြီး သူတို့ရဲ့ဘဝတွေခက်ခဲကြမ်းတမ်းကိုလည်း သိမြင်ခဲ့ရတယ်လို့ ဘုဏ်းသိုက်ကပြောပါတယ်။ လောဘနွံ ဇာတ်ကားဟာ ရုံတင်ပြသနေတဲ့ဇာတ်ကားတွေထဲကမှ မတူညီတဲ့ရှုထောင့်ကနေ ရိုက်ကူးပြထားတာကြောင့် ပရိသတ်တွေအတွက် အရသာသစ်တစ်ခုကို ခံစားနိုင်စေမယ့် ရုပ်ရှင်ကားတစ်ကားလို့လည်း ဘုဏ်းသိုက်ကပြောလာပါတယ်။
အုပ်စုပွဲမှ အမှားများကို ပြင်ဆင်ပြီး ဗီယက်နမ်ကလပ်ကို ရင်ဆိုင်မည်ဟု MIU နည်းပြဆို
ဗီယက်နမ်ကလပ်ဆန် နာတက်အသင်းနှင့် ရင်ဆိုင်ရမည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အုပ်စုနှစ်ပွဲမှ အမှားများကို ပြင်ဆင်ပြီး အ ကောင်းဆုံးယှဉ်ပြိုင်မည်ဟု MIU ဖူဆယ်အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြောသည်။ MIU အသင်းသည် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ် နှစ်ပွဲတွင် မလေးရှားကလပ် မာလာကာကို ၇-၂ ဂိုး၊ ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်း စပေါ့ကို ၉-၃ ဂိုးဖြင့် နှစ်ပွဲဆက် အနိုင်ရပြီး အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာလိဂ် ပွဲစဉ် (၁၃) တွင် ရှမ်းနှင့် ရန်ကုန်ထိပ်တိုက်တွေ့ဆုံ
မြန်မာလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၃) တွင် ရှမ်းအသင်းနှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ ဆုံနေသည်။ ၂၀၁၉ မြန်မာလိဂ် ပွဲစဉ် (၁၃)ကို ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်တွင်သက်ဆိုင်ရာကွင်းများ၌ ကျင်းပမည် ဖြစ်သည်။ ယခုတစ်ပတ်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းက ဒုတိယနေရာမှ ရှမ်းအသင်းကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုတစ်ပတ်၏ အကောင်းဆုံးပွဲဖြစ် လာ ဖွယ်ရှိသည်။
နေရပ်ပြန်စိုက်ပျိုးရေးလုပ်လိုကြောင်း ရခိုင်စစ်ရှောင်များ သတင်းစကားပါး
မိုးတွင်းကာလဖြစ်၍ နေရပ်ပြန် စိုက်ပျိုးရေးလုပ်လို ကြောင်း ရခိုင်စစ်ရှောင်ပြည်သူ များက သတင်းစကားပါးသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များက ပြောသည်။ UNA နှင့် မိတ်ဖက်အဖွဲ့အ စည်းအချို့သည် ဇွန်လ ၁၈ ရက်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့တို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ စစ်ရှောင်ပြည်သူများ နှင့် တွေ့ဆုံခဲ့ကြောင်း ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်(ALD) အထွေ ထွေအတွင်းရေးမှူး ဦးမျိုးကျော် က ပြောသည်။
ရေဦးမြို့နယ်မှ H1N1 ကူးစက်ခံရသည့်ကလေး စိုးရိမ်ဖွယ်ရာမရှိဟု စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီးပြော
စစ်ကိုင်းတိုင်း မုံရွာမြို့ ကလေးအထူးကု ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသော ရေဦးမြို့နယ်မှ ရာသီတုပ်ကွေး ရောဂါ(H1N1) ကူးစက်ခံရသည့် ကလေးငယ်သည် စိုးရိမ်ဖွယ်ရာမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။ မုံရွာမြို့ အိုးဘိုတောင်ရပ် ကွက်ခုတင် ၂၀၀ ဆံ့ ကလေးဆေးရုံတွင် H1N1 ကူးစက်ခံရ၍ ဆေးကုသမှုခံယူနေသော ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာနေ အသက် (၅)နှစ်အရွယ် KG ကျောင်းသားလူနာထံသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တို့ ဇွန်လ ၂၀ ရက် ညနေတွင် သွားရောက်ကြည့်ရှုခဲ့သည်။
ဂျပန်သံအမတ်ကြီးနှင့် ကချင်ပါတီများ စစ်ရှောင်အရေးဆွေးနွေး
တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ
မြေပိုင်ဆိုင်မှုအငြင်းပွား ရာတွင် နစ်နာသူထံမှ ကျပ် ၁၂၅ သိန်း တောင်းယူသည့်အပြင် အသက်အန္တရာယ်ရှိသည်ဟု ခြိမ်း ခြောက်ပြောဆိုသော တွံတေးမြို့ နယ် အုပ်ချုပ်ရေးမှူးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ဇွန်လ ၂၁ ရက်၌ သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်း တွံတေး စစ် ဆေးရေးအဖွဲ့၏ တွံတေးမြို့နယ် ခလောက်ချိုက်ကျေးရွာအုပ်စုရှိ လယ်မြေ ဧက ၂၀ ကျော် မြေပိုင်ဆိုင်မှု အငြင်းပွားရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းသည့်စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရာရေးသားချက်များ အမှန်ဖြစ်စေ ရန် နစ်နာသူက ကျပ် ၁၂၅ သိန်း ပေးခဲ့ရခြင်းဖြစ်သည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေအတွက် ကျပ်သန်းသုံးသောင်းကျော်သုံးရန် လွှတ်တော်တင်ပြ
၂၀၁၈-၁၉ ဘဏ္ဍာ ရေးနှစ် ဖြည့်စွက်ရန်ပုံငွေအတွက် ကျပ်သန်း ၃၄,၀၀၀ ကျော်အသုံး ပြုရန် ဇွန်လ ၂၁ ရက်တွင် ကျင်းပ သော မန္တလေးတိုင်းလွှတ်တော် အစည်းအဝေး၌ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး မြတ်သူက တင်ပြသည်။ မန္တလေး တိုင်းဒေသကြီး ဌာနဆိုင်ရာအသီးသီးနှင့် အဖွဲ့အ စည်းများ၏ ဖြည့်စွက်ရန်ပုံငွေအ ဖြစ် ကျပ်သန်း ၃၅,၀၀၀ ကျော် တင်ပြတောင်းခံသော်လည်း ပြည် ထောင်စုအစိုးရက စိစစ်လျှော့ ချမှုကြောင့် ကျပ်သန်း ၃၄,၀၀၀ ကျော် အသုံးပြုရန် လွှတ်တော်သို့ တင်ပြခဲ့သည်။
လေးလကျော်သာ အသုံးပြုရသေးသည့် သုဝဏ္ဏ-တောင်ဒဂုံတံတား နိမ့်ဆင်းမှုပြင်ဆင်ရန် နိုင်ငံခြားသားပညာရှင်များ ပါဝင်ဆွေးနွေးနေဟုဆို
သုဝဏ္ဏ - တောင်ဒဂုံ တံတား နိမ့်ဆင်းမှုပြင်ဆင်ရန် ဆွေးနွေးမှုတွင် နိုင်ငံခြားသား ပညာရှင်များ ပါဝင်ကြောင်း ဒဂုံ မြို့သစ်တောင်ပိုင်း တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ယမန်နေ့တွင် ပြော သည်။ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ‘‘လမ်း၊ တံတားက တာဝန်ရှိသူတွေ အပါအဝင် ကုမ္ပဏီကလည်း ပါတယ်။ နိုင်ငံ ခြားသားပညာရှင်တွေပါ ပါပြီး တော့ တံတားနိမ့်ဆင်းနေတဲ့အ ပေါ်မှာ အမြန်ဆုံး ပြင်ဆင်ပြုပြင် ဖို့အတွက်ကို ဆွေးနွေးခဲ့တယ်’’ဟု ပြောသည်။ သုဝဏ္ဏ-တောင်ဒဂုံတံတား ၏ နိမ့်ဆင်းမှုဖြစ်စဉ်သည် တံတား များတွင် ဖြစ်ပေါ်လေ့ရှိသည့် ပုံမှန်အနေအထားမျိုးဖြစ်သည်ဟု လမ်း၊ တံတားတာဝန်ရှိသူများနှင့် ကုမ္ပဏီက ပြောကြောင်း၊ ယင်း ဖြစ်စဉ်အပေါ် အစိုးရက မည်သို့ ဆောင်ရွက်မည်ကို မသိသေး ကြောင်း ဦးညီညီက ဆက်လက် ပြောသည်။
တောင်ကြီးမြို့၌ ကျပ်သန်း၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည်
တောင်ကြီးမြို့၌ ကျပ် ၂၁၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဇွန်လ ၂၅ ရက်တွင် မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ပြောသည်။ တရားမဝင် မူးယစ်ဆေးဝါး များကို ၂၀၁၈ မေလမှ ၂၀၁၉ မေလ စတုတ္ထပတ်အထိ ဖမ်းမိခဲ့ သည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများဖြစ်ပြီး အဝေရာမီးပုံးပျံ ကွင်းတွင် အခမ်းအနားဖြင့် မီးရှို့ ဖျက်ဆီးမည်ဖြစ်ကြောင်း ရဲမှူး ချုပ်ဇော်ခင်အောင်က ပြောသည်။ ‘‘ဇွန်လ ၂၅ ရက်နေ့မှာ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးမယ်။ အခု လက်ရှိစာရင်းက အတည်တော့မ ဟုတ်သေးဘူး။ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို လာအပ်နေတာ တွေရှိသေးတယ်။ ထပ်တိုးလာ နိုင်တယ်’’ဟု ရဲမှူးချုပ် ဇော်ခင် အောင်က ပြောသည်။
အလွဲသုံးစားပြုလုပ်ခံရသော ကျပ်သိန်းရှစ်ထောင်ကျော်ကိစ္စ ဘဏ်က စိုက်ထုတ်ဖြေရှင်းပေးမည်ဟုဆို
အလွဲသုံးစားပြုလုပ်ခံရ သော ကျပ်သိန်းရှစ်ထောင်ကျော် ကို ဘဏ်ကတာဝန်ယူစိုက်ထုတ် ဖြေရှင်းပေးမည်ဟု ယူနိုက်တက် အမရဘဏ်(UAB) ဒါရိုက်တာ ဦးသန်းဝင်းဆွေက ပြောကြားသည်။ေ ငွအပ်သူနှင့် ဘဏ်ခွဲမန်နေ ဂျာတို့အကြား ရင်းနှီးမှုကိုအခြေခံ ပြီး ဖြစ်ပေါ်လာသော မန္တလေး မြို့ ချမ်းအေးသာဇံမြို့နယ် UAB ဘဏ်ခွဲ အကြီးတန်းမန်နေဂျာ၏ ကျပ်သိန်းရှစ်ထောင်ကျော် ငွေ ကြေးအလွဲသုံးစားပြုလုပ်မှုတွင် ဘဏ်အမည် ပါဝင်နေခြင်း ကြောင့် ငွေအပ်သူစိုးရိမ်မှုမရှိစေ ရန် ဘဏ်ကတာဝန်ယူမည်ဟု ၎င်းကပြောသည်။
ပျောက်ဆုံးနေသော သားအဖနှစ်ဦး ပြန်တွေ့ရေး ကူညီပေးရန် လက်နက်ကိုင်နှင့် လူမှုအဖွဲ့များထံ မေတ္တာရပ်ခံ
ရှမ်းပြည်နယ် မြောက် ပိုင်း နမ့်ဆန်မြို့တွင် နေအိမ်မှ ထွက်ခွာသွားသည့် အမျိုးသား နှစ်ဦးသည် မိသားစုနှင့်အဆက်အ သွယ်မရဘဲ ပျောက်ဆုံးနေ၍ ပြန် လည်တွေ့ရှိရေး ကူညီပေးရန် ဒေသတွင်း လုံခြုံရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများထံတအာင်း အမျိုးသမီးအဖွဲ့အစည်းက မေတ္တာရပ်ခံသည်။ နမ့်ဆန်မြို့နယ် ဟိုနမ့်ကျေး ရွာမှ အသက် (၄၂) နှစ်နှင့် (၁၇) နှစ်အရွယ် သားအဖနှစ်ဦးသည် ဇွန်လ ၅ ရက်တွင် လားရှိုးမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားစဉ် ပျောက်ဆုံးခဲ့ပြီး ဇွန်လ ၂၁ ရက် ညနေအထိ နေအိမ်သို့ ရောက် လာခြင်း မရှိသေးပေ။
မူးယစ်ပြတိုက်မြေအတွင်းရှိ ဆိုင်ခန်းများ ဇွန်လကုန် နောက်ဆုံးထားဖယ်ရှားရန် အာဏာပိုင်များစီစဉ်
ဟံသာဝတီလမ်းထောင့် ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ပိုင်မြေအ တွင်း ရောင်းချနေသော ဆိုင် ခန်းများကို ဇွန်လကုန်တွင်ဖယ် ရှားမည်ဖြစ်ကြောင်း မူးယစ်ပြ တိုက်တာဝန်ခံ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။ ကမာရွတ်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြု လုပ်သည့် မူးယစ်ပြတိုက်မြေ ဧရိယာအတွင်း ဆိုင်ခန်းများဖယ် ရှားရန် ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲ၌ ဒုတိယရဲမှူးကြီးက ပြောကြားခြင်းဖြစ်သည်။
အချုပ်ကားတစ်စီး လမ်းဘေးသစ်ပင်ကို ၀င်တိုက်
မှော်ဘီမြို့နယ် ရန်ကုန် -ပြည်လမ်းမိုင်တိုင် (၃၃) အနီး တွင် အချုပ်ကားတစ်စီး လမ်း ဘေးသစ်ပင်ဝင်တိုက်မိ၍ ရဲတပ် ဖွဲ့ဝင်လေးဦးနှင့် ယာဉ်မောင်းထိ ခိုက်ဒဏ်ရာရရှိကြောင်း မှော် ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။ ဇွန်လ ၂၀ ရက်ညနေ ၃ နာရီခွဲက အကျဉ်းသူ ၂၀ ဦးကို သယ်ဆောင်လာကာ သရက်အ ကျဉ်းထောင်မှ အင်းစိန်အကျဉ်း ထောင်သို့ ပို့ဆောင်ပြီးအပြန် ရေတာကျေးရွာ ရန်ကုန်-ပြည် လမ်းမိုင်တိုင်(၃၃)အနီးအရောက် အရှိန်လွန်ပြီး ကားလမ်းညာဘက် ခြမ်းရှိ သစ်ပင်ကို ၀င်ရောက်တိုက် မိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ သည်။
ဘာသာရေးဆရာက ကလေးငယ်နှစ်ဦးကိုအဓမ္မပြုကျင့်သည်ဆိုသောအမှု ဥပဒေအတိုင်း အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီးပြော
ကလေးမြို့နယ်တွင် ခရစ်ယာန်ဘာသာရေးဆရာတစ် ဦးက အသက်မပြည့်သေးသော ညီအစ်မနှစ်ဦးကို အဓမ္မပြုကျင့်သည်ဆိုသောအမှု ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ဆန်းက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကြို့သုံးပင်ရပ်ကွက် တွင် အဘွားနှင့်အတူ နေထိုင်သော အသက်(၁၁)နှစ်နှင့် (၁၃) နှစ်အရွယ် မိန်းကလေးနှစ်ဦးကို (၄၅)နှစ်အရွယ် ဦးဆွမ်ဇမုန်အမည်ရှိ ဘာသာရေးဆရာတစ်ဦးက အဓမ္မပြုကျင့်သည်ဟု သံသယရှိ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးထား သည်။ တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန်ဘာသာရေး အဆာက်အအုံတစ်ခုတွင် ဇွန်လ ၁၄ ရက် နှင့် ၁၅ ရက်က အထက်ပါ မှုခင်းဖြစ်ခဲ့ပြီး ဘာသာရေးဆရာဆိုသူ ကို ဇွန်လ ၁၅ ရက် ည၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
မန္တလေးကို လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေရေး Safe City ပရောဂျက်အား ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေဟု ဝန်ကြီးချုပ်ပြော
မန္တလေးမြို့ကို တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေမည့် Safe City ပရောဂျက်အား တရုတ်အ ခြေစိုက် နည်းပညာကုမ္ပဏီဟွာ ဝေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုရန် သုံးသပ်နေ ကြောင်း မန္တလေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ဇွန်လ ၂၁ ရက်က ကျင်းပ သည့် မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် ဒေါက် တာဇော်မြင့်မောင်က အထက်ပါ အတိုင်း ဖြေကြားသည်။
ဂျပန်နိုင်ငံတွင် အလုပ်ရမည်ဆိုကာ တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီဖြင့် အလုပ်သမား ၅၀ ခန့် လိမ်လည်ခံရဟုဆို
ဂျပန်နိုင်ငံတွင် အလုပ် ရမည်ဆိုကာ အလုပ်သမား ၄၈ ဦးထံမှ တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီလိမ်လည်ယူဆောင်မှုနှင့်ပတ် သက်၍ နိုင်ငံ့အကြီးအကဲများ ထံတိုင်ကြားမည်ဟု အဆိုပါအလုပ်သမားများက ပြောသည်။ ယခုနှစ် ဖေဖော်ဝါရီတွင် ဂျပန်နိုင်ငံရှိ ထမင်းဘူးစက်ရုံ၌ သွားရောက် လုပ်ကိုင်ရမည်ဆို ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်နေ ဒေါ်ဇင်မီကိုဆိုသူက ၂၀၁၈ ကတည်းက အလုပ်သမား များစုဆောင်းခဲ့ပြီး ၀န်ဆောင်ခကို အရစ်ကျခွဲ၍ တောင်းခံခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
အာဆီယံထိပ်သီးအစည်းအဝေး ဘန်ကောက်မြို့၌ စတင်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
(၃၄)ကြိမ်မြောက် အာ ဆီယံထိပ်သီးအစည်းအဝေးကို ယနေ့ (ဇွန်လ ၂၂ ရက်)တွင် ဘန် ကောက်မြို့၌ စတင်ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်နေသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ယင်းထိပ်သီးအစည်းအဝေး သို့ အခြားအာဆီယံခေါင်းဆောင် များနှင့်အတူ တက်ရောက်နေခြင်း ဖြစ်ပြီး ဒေသတွင်း ကိစ္စရပ်များ၊ အာဆီယံနှင့် နိုင်ငံတကာဆက်ဆံ ရေးအခြေအနေများ ဆွေးနွေး မည်ဖြစ်သည်။ ခေါင်းဆောင်များသည် အာ ဆီယံ၏ အချက်အချာကျမှုနှင့် ညီညွတ်မှုကို အားကောင်းလာစေ မည့် နည်းလမ်းများ၊ ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းများ ကို ထည့်သွင်းဆွေးနွေးမည်ဟု ကြေညာထားသည်။
ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရန် စစ်ဆင်ရေးဖြင့် ဆောင်ရွက်နေဟု တပ်မတော်ပြော
ရှမ်းပြည်နယ်တွင် မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးဖြင့် ဆောင်ရွက်နေ ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့၌ ပြောကြားသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ‘‘တိုင်းစစ်ဌာနချုပ်က လုပ်နေ တာပါ။ တချို့လက်နက်ကိုင်နယ် မြေတွေမှာလည်း လုပ်နေတာသိ ရင် စစ်ဆင်ရေးအနေနဲ့ ဆောင် ရွက်နေတာရှိတယ်’’ဟု ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေးတွင် အလှည့်ကျမီးဖြတ်စနစ် ရပ်ဆိုင်း ယနေ့ကစ၍ မီးပြတ်တော့မည်မဟုတ်ဟုဆို
ရေအားလျှပ်စစ်စက်ရုံ များ လျှပ်စစ်ဓာတ်အားပုံမှန်ထုတ်ပေးနိုင်သည့်အလားအလာရှိလာ၍ ရန်ကုန်နှင့်မန္တလေးမြို့တွင် အလှည့်ကျမီးဖြတ်သည့်စနစ် ရပ်ဆိုင်းပြီး ဇွန်လ ၂၂ ရက် ကစတင် မီးပြတ်မည်မဟုတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။ ရန်ကုန်၊ မန္တလေးနှင့် မြို့ ကြီးများကို ဦးစားပေးဆောင်ရွက် ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကို ဓာတ် အားပုံမှန်ပေးနိုင်ရန် မကြာမီ ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။
မြိုင်ကြီးငူဒေသတွင် တပ်မတော်နှင့် DKBA ခွဲထွက်အဖွဲ့ တိုက်ပွဲဖြစ်
တပ်မတော်နှင့် ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) မှ ခွဲထွက်သည့် ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) တို့အကြားယမန်နေ့က မြိုင်ကြီးငူဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု သည်။ KKO အဖွဲ့များ မြိုင်ကြီးငူဒေသ မီဇိုင်းတောင်သို့ အခြေပြုရောက်ရှိနေကြောင်း သတင်းရ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံသူများ၍ ဈေးကွက်အတွင်း ပြတ်လပ်နေ
လတ်တလောရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ကြောင့် ယင်းရောဂါကာကွယ် ဆေးထိုးနှံသူများပြီး ဈေးကွက် အတွင်း ဆေးပြတ်လပ်နေ ကြောင်း ပုဂ္ဂလိကဆေးရုံအချို့မှ စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း ရာသီ တုပ်ကွေး (H1N1)ရောဂါကာ ကွယ်ရန် တုပ်ကွေးကာကွယ်ဆေး လာရောက်ထိုးနှံမှုများပြီး ယင်း ကဲ့သို့ ဆေးပြတ်လပ်ခြင်းဖြစ် ကြောင်း ပုဂ္ဂလိကဆေးရုံအချို့က ပြောသည်။ ‘‘ဆေးပြတ်နေပါတယ်။ အင်္ဂါနေ့လောက်မှရမှာ။ ဒီရက် ပိုင်းမှ ဆေးပြတ်သွားတာပါ။ အင်္ဂါနေ့ထိုးမယ်ဆိုရင်လည်း ဘွတ်ကင်တင်ထားဖို့လိုပါတယ်’’ ဟု ရွှေဂုံတိုင်ရှိ နှင်းဆီကုန်းဆေး ရုံက ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတာဝန် ဦးကျော်တင့်ဆွေ ခေတ္တယူထား
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်သည် နှလုံးရော ဂါဖြင့် ဆေးခွင့်ယူထားရ၍ နိုင်ငံ တော်အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေက ခေတ္တတာဝန်ယူထားသည်ဟု ပြည်ထောင် စုအစိုးရအဖွဲ့တာဝန်ရှိသူအချို့ က အတည်ပြုသည်။ ၀န်ကြီး ဦးဝင်းခိုင်သည် ပြည်ပတွင် သွားရောက်ကုသမှုခံခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ ရန်ကုန်မြို့ နေအိမ်တွင် အနားယူနေကာ သမ္မတ ရုံးက ၎င်းကို ဆေးခွင့်တစ်လပေး ထားသည်ဟု စုံစမ်းသိရသည်။
လေဖိအားနည်းရပ်ဝန်း အိန္ဒိယနိုင်ငံကမ်းခြေသို့ ဝင်ရောက် ဒေသငါးခု၌ မိုးတိမ်တောင်အန္တရာယ်ရှိနေ
ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံကမ်းခြေသို့ ဝင် ရောက် သော်လည်း လေထုမတည် မငြိမ်ဖြစ်စဉ်ကြောင့် ဒေသငါးခု၌ မိုးတိမ်တောင်အန္တရာယ်သတိပြု ရန် လိုကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ပြော သည်။ ဘင်္ဂလား ပင်လယ်အော် တွင် ဇွန်လ ၁၉ ရက်က စတင်ဖြစ် ခဲ့သော လေဖိအားနည်းရပ်ဝန်း သည် ဇွန်လ ၂၀ ရက် ညဥ့်နက် ပိုင်းနှင့် ဇွန်လ ၂၁ ရက်၌ အိန္ဒိယ နိုင်ငံကမ်းခြေသို့ ဝင်ရောက်ခဲ့ သည်။ လေထုမတည်မငြိမ်ဖြစ်စဉ် ကြောင့် မိုးတိမ်တောင် အန္တရာယ် ကျန်ရှိနေပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး တိုင်းဒေသကြီး တောင်ပိုင်းတို့၌ လေပြင်းနှင့် မိုးကြိုးပစ်ခြင်းများ သတိပြုနေထိုင်ရန် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ ထို့အပြင် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပါဝင်သော မြန်မာနိုင်ငံမြောက် ပိုင်းဒေသတွင် ပုံမှန်ထက်မိုးပို ကောင်းလာနိုင်ကြောင်း မိုးလေဝ သပညာရှင်က ခန့်မှန်းထားသည်။ လက်ရှိရာသီဥတုအခြေအ နေအရ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင် လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းနှင့်လေ သတိပြုရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့နယ်တွင် တပ်သိမ်းမြေဆိုသည့် မြေယာကိစ္စအချေအတင်ဖြစ်
မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်မယ့် ဥပဒေကြမ်း ကန်အောက်လွှတ်တော်ကော်မတီ အတည်ပြု
မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် အခွင့်အရေးချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်ရင် မြန်မာစစ်တပ်ကို အမေရိကန်က စစ်ရေးအရ အကူအညီပေးတာ ရပ်တန့်တာအပါအဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ တခြား ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်မယ့် ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက မနေ့ ဇွန်လ ၂၀ ရက်နေ့မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်းထဲမှာ ဖော်ပြထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုဆိုတဲ့စကားလုံးကို အစိုးရအနေနဲ့ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
ကန်နဲ့ ၂ နိုင်ငံ ဆက်ဆံရေးကောင်းအောင် မြန်မာဆက်လက်ဆောင်ရွက်
မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်ရင် မြန်မာစစ်တပ်ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်မယ့် ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ဇွန်လ ၂၀ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြုခဲ့ပေမဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံဆက်ဆံရေးအရတော့ မြန်မာနိုင်ငံ အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း က ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။ သံအမတ်ကြီး ဦးအောင်လင်းကို ကိုရဲမင်းထွန်းက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ဒီ ဥပဒေမူကြမ်းကြောင့် အမေရိကန်နဲ့ မြန်မာဆက်ဆံရေး အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး သံအမတ်ကြီးက သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ သံအမတ်ဖြစ်ဖို့ အခွင့်အလမ်း ရှိလာပြီလို့ သံအမတ်ကြီးအသစ် ဒေါ်ကေသီစိုး ပြော
ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက အရာရှိကြီးတွေကို ပို့ချတဲ့ သင်တန်းတွေကို ဒေါ်ကေသီစိုး တာဝန်ယူရ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာ အမျိုးသမီး သံအမတ်ကြီး တစ်ယောက်ကို ထပ်မံ ခန့်အပ်လိုက် ပါတယ်။ သူကတော့ မဟာဗျူဟာ လေ့လာရေးနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးဖြစ်ပြီး မြန်မာနိုင်ငံသမိုင်းမှာ ပဉ္စမမြောက် အမျိုးသမီး သံအမတ်ကြီး ဖြစ်ပြီး NLD အစိုးရ လက်ထက်မှာ ခန့်အပ်ခံရတဲ့ ဒုတိယမြောက် အမျိုးသမီး သံအမတ်ကြီး ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာ အမျိုးသမီး သံအမတ်ကြီး တစ်ယောက်ကို ထပ်မံ ခန့်အပ်လိုက် ပါတယ်။ သူကတော့ မဟာဗျူဟာ လေ့လာရေးနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးဖြစ်ပြီး မြန်မာနိုင်ငံသမိုင်းမှာ ပဉ္စမမြောက် အမျိုးသမီး သံအမတ်ကြီး ဖြစ်ပြီး NLD အစိုးရ လက်ထက်မှာ ခန့်အပ်ခံရတဲ့ ဒုတိယမြောက် အမျိုးသမီး သံအမတ်ကြီး ဖြစ်ပါတယ်။
ရခိုင် မင်းပြားမြို့နယ်တိုက်ပွဲ - ရွှေကျင်ရွာ အရှေ့ဘက်တောင်ကုန်းတွေပေါ် လေကြောင်းတိုက်ခိုက်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အေအေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေပြီး ဇွန် ၂၁ ရက်၊ သောကြာနေ့ မနက်ပိုင်းမှာ ဆိုရင် ရွှေကျင်ရွာအနီး တိုက်ပွဲ ထပ်ဖြစ်ခဲ့ပါတယ်။ ညနေပိုင်းအထိ သေနတ်သံတွေ ဆက်လက်ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ေ ရွှကျင်ကျေးရွာ အရှေ့ဘက် တောင်ကုန်းတွေပေါ်မှာ တိုက်ပွဲဖြစ်နေကြတာကို ရွာကနေ ကြားနေခဲ့ရတယ်လို့ ရွှေကျင် အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။
ဇွန်လ ပထမသုံးပတ်အတွင်း တပ်မတော်နဲ့ TNLA တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့
တပ်မတော်က ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး အပစ်ရပ်ကာလ သက်တမ်းတိုးထားခဲ့တဲ့အတွက် ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားတာ နည်းပါးနေခဲ့ရာကနေ အခု ဇွန်လအတွင်း တိုက်ပွဲတွေ ပြန်ဖြစ် လာတာ ၁၁ ကြိမ်ရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မနေ့က TNLA တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ ကွတ်ခိုင်မြို့နယ်၊ မန်အောင်( စုစည်း) ကျေးရွာအနီးမှာ အစိုးရ တပ်မတော် ခလရ – ၄၅ တပ်ရင်းနဲ့ ကောင်းခါးပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက် တာကြောင့် TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို စစ်တပ်က ထပ်မံဖမ်းဆီး
စစ်ရေးပဋိပက္ခဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေသူတွေအဖြစ် နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဒီကနေ့မှာလည်း မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာသား အများအပြားကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာ့တပ်မတော်ဘက်ကတော့ မသင်္ကာသူအဖြစ် ဖမ်းဆီးထားသူ ရှစ် ဦးသာ ရှိကြောင်း ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။
မြန်မာအပါအဝင် ရောင်းစားခံ သတို့သမီး ၁၀၀၀ ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်
တရုတ်နိုင်ငံမှာ အမျိုးသားတွေနဲ့ လက်ထပ်ဖို့ ရောင်းစားခံရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက အမျိုးသမီး ၁,၀၀၀ ကျော်ကို ပြီးခဲ့နှစ်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဂျူလိုင်လကနေ ဒီဇင်ဘာလအထိ မြန်မာ၊ ထိုင်း၊ Cambodia, Laos နဲ့ Vietnam နိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ နှိမ်နှင်းမှုအတွင်း ကလေး ၁၇ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Subscribe to:
Posts (Atom)