ရွှေ့ပြောင်းသွားလာသူတွေ လျှော့ချရေး ပူးပေါင်းဆောင်ရွက်ဖို့ မက္ကဆီကိုနဲ့ အယ်လ်ဆာဗေဒို နှစ်နိုင်ငံ ဇွန် ၂၀ ရက်နေ့က သဘောတူလိုက်ပါတယ်။ မက္ကဆီကို အစိုးရရန်ပုံငွေ ထောက်ပံ့တဲ့ ပရိုဂရမ်တခုအနေနဲ့ အယ်လ်ဆာဗေဒိုနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တွေ အခြေတည်တဲ့ ဆင်းရဲဒေသတွေမှာ သစ်ပင်သန်းချီ စိုက်ပျိုးပြီး စီးပွားရေး တိုးတက်အောင် ဖန်တီးပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
Pages
Friday, June 21, 2019
လုပ်ငန်းမပြီးသေးသည့် Yangon Traffic Control စင်တာကိစ္စ ဒဏ်ကြေး နှစ်ဖက်ညှိနှိုင်း နုတ်ယူမည်
အချိန် သုံးနှစ်နီးပါးအထိ လုပ်ငန်းမပြီးစီးသေးတဲ့ Yangon Traffic Control စင်တာအတွက် နောက်ဆုံးငွေပေးချေရင် ဒဏ်ကြေးတွေကို နှစ်ဖက်ညှိနှိုင်းပြီး နုတ်ယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းဖို့အတွက် မီးပွိုင့် ၁၅၄ ခုကို ခေတ်မီမီး အချက်အပြစနစ်တပ်ဆင်တာနဲ့ ထိန်းချုပ်ရေး စင်တာတည်ဆောက်ဖို့ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာရွှေရင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၆ သြဂတ်လကုန်မှာ အပြီးလို့ သတ်မှတ်ခဲ့ပေမယ့် အခု ပြီးစီးရမယ့်ကာလကို ကျော်လွန်လာချိန် သုံးနှစ်နီးပါးအထိလုပ်ငန်းတွေ မပြီးစီးသေးပါဘူး။
ကုလ လူ့အခွင့်အရေး အကြီးအကဲ ဗင်နီဇွဲလား တာဝန်ရှိသူများနှင့် တွေ့ဆုံ
မန်ယူတိုက်စစ်မှူး လူကာကူ အင်တာမီလန်သို့ ပြောင်းရန် သဘောတူဟု သတင်းထွက်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူ အီတလီ စီးရီးအေကလပ် အင်တာမီလန် အသင်းကို ပြောင်းဖို့ သဘောတူသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အင်တာမီလန်အသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဝန်းကျင် ပေးချေမှာဖြစ်ပြီး အဲဒီပမာဏဟာ ၂၀၁၇ ခုနှစ်က အဲဗာတန်ကနေ မန်ယူခေါ်ခဲ့စဉ် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ အတူတူလည်း ဖြစ်ပါတယ်။
မန္တလေးတိုင်းမှာ ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းမည်
နိုင်ငံတော်သမ္မတကတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန(အသစ်)တိုးချဲ့ဖွဲ့စည်းကြဖို့ သဝဏ်လွှာအသီးသီးပေးပို့တာကြောင့် အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထဲမှာ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန(အသစ်)တိုးချဲ့ဖွဲ့စည်းပြီး အဲဒီဝန်ကြီးဌာနအတွက် ၀န်ကြီးတစ်ဦးလည်းခန့်အပ်သွားမှာဖြစ်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးရဲ့ပထမနေ့အစီအစဉ်အရသိရပါတယ်။
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 21 June 2019
ဧည့်မထ (စပါး)
ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ (စပါး) က တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဒေးဒရဲကုန်စည်ဒိုင်မှာ ဧည့်မထ (စပါး) တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပုသိမ်နဲ့ ဒေးဒရဲကုန်စည်ဒိုင် ၁၈၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ (စပါး) က တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဒေးဒရဲကုန်စည်ဒိုင်မှာ ဧည့်မထ (စပါး) တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပုသိမ်နဲ့ ဒေးဒရဲကုန်စည်ဒိုင် ၁၈၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ရှေးအကျဆုံး ဗုဒ္ဓ ကျမ်းစာများ အဖကန်နစ္စတန်နှင့် ပါကစ္စတတန် နိုင်ငံကျောက်လှိုင်ဂူအတွင်းတွေ့ ရှိ

စာဖတ်သူတိုးပွားစေဖို့ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်တဲ့ ညောင်တုန်းမြို့က အခမဲ့စာအုပ်အငှါးဆိုင်


အစိုးရကို ကိုယ်ရော၊ စိတ်ဖြင့်ပါ မပြစ်မှားထားဘူးဟု ရုံးချိန်းတွင်သီဟမျိုးနိုင်ပြော
တောင်ဒဂုံမြို့နယ်တွင် ဘာသာရေး ဆူပူမှုဖန်တီးမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြည်အညို ပျက်စေမှုဖြင့် တရားစွဲခံထားရသည့် သီဟမျိုးနိုင်မှ အစိုးရကို ကိုယ်ရော၊ စိတ်ဖြင့်ပါ မပြစ်မှားထား ဘူးဟု ဇွန်လ ၂၁ ရက်ရုံးထုတ်စဉ် ပြောဆိုခဲ့သည်။ “ ၅၀၅ (ခ) သည်နှုတ်နဲ့မပြောနဲ့ ကိုယ်အမူအရာ စိတ်နဲ့ပါမပြစ်မှားထားဘူး။ ငြိစွန်းထားတာ ဘာမှမရှိဘူး။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းနေတာဖြစ်တယ်” ဟု သီဟမျိုးနိုင်မှ အချုပ်ကားပေါ်မှအဆင်း တရားရုံးအပေါက်ဝတွင် ပြောဆိုခဲ့သည်။
နယ်ခြားစောင့်တပ်နှင့်တပ်မတော်က မိဇိုင်းတောင်ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မိဇိုင်းတောင်ခြေရွာ၊ မိဇိုင်းတောင်ပေါ်ကို ဇွန် ၂၁ ရက် မနက် ၈ နာရီလောက်က ဘီဂျီအက်ဖ်နဲ့ တပ်မတော်တို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မိဇိုင်းတောင်ခြေ ဂေါပက ဦးစောတင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ မိဇိုင်းဆံတော်ရှင်တည်ရှိရာ တောင်ပေါ်မှာ ဒီကေဘီအေခွဲထွက်အဖွဲ့ ခိုအောင်း ရောက်ရှိနေတယ်လို့ သတင်းတွေအရ နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) အမှတ်၂၀၁၄ တပ်ရင်း ဗိုလ်မှူးမောင်ချစ် ဦးစီးတပ်ဖွဲ့နဲ့ ကမမောင်းဗျူဟာတို့ ပူးပေါင်းပြီး အခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပုလဲမြို့နယ် တောင်ပေါ်ကျေးရွာအချို့တွင် သောက်သုံးရေအခက်အခဲ ကြုံတွေ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အနောက်ဘက် ပုံတောင်ဒေသရှိ တောင်ပေါ် ကျေးရွာတချို့မှာ သောက်သုံးရေးအခက်အခဲ ကြုံတွေ့နေရပါတယ်။ေ ရအခက်အခဲကို နှစ်စဉ်ကြုံတွေ့နေတာဖြစ်ပြီး အနည်းဆုံး ၅ ရွာကနေ အများဆုံး ၁၂ ရွာလောက်ထိ ရှိတယ်လို့ သိရပါတယ်။ေ ရပြတ်လပ်တဲ့ ကျေးရွာတွေကို ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်ကာ အလှူရှင်တွေရဲ့ ထည့်ဝင်လှုဒါန်းငွေတွေနဲ့ သောက်သုံးရေ လှုဒါန်းတာတွေကိုလည်း ပြုလုပ်နေပါတယ်။
တရုတ်-မြောက်ကိုရီးယား ဆွေးနွေးပွဲ ဒေသတွင်း ငြိမ်းချမ်းရေး အကျိုးရှိ
အာဆီယံထိပ်သီးအစည်းအဝေး တက်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံသို့ ထွက်ခွာ
အီရန်နှင့် အမေရိကန် စစ်ဖြစ်ခဲ့လျှင်
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၊ အီရန်နှင့် ၎င်းတို့၏ လက်ဝေခံများအကြား တင်းပြည့်ကျပ်ပြည့် ပဋိပက္ခမှာ လက်ရှိအချိန်တွင် စစ်ရေးလေ့ကျင့်မှု နယ်ပယ်တွင်သာ ရှိနေသေးသည်။ သို့သော် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုမြင့်မားလာနေပြီး အမေရိကန်ကလည်း တပ်ဖွဲ့များနှင့် စစ်လက်နက် ပစ္စည်းများကို ဒေသတွင်းသို့ ပိုမိုရွှေ့ပြောင်းလာနေသောကြောင့် ပင်တဂွန်မှ အစီအစဉ် ရေးဆွဲသူများနှင့် ထိပ်တန်း အမေရိကန် ထောက်လှမ်းရေးအရာရှိ များသည် ထိုသို့သော ပဋိပက္ခတွင် မည်သည်တို့ ပါဝင်လာနိုင်သည်ကို အသေးစိတ် ကြည့်ရှုနေကြသည်။
လပွတ္တာ - ရန်ကုန် ပြေးဆွဲနေသောမြတ်ကောင်းကင်ခရီးသည်တင်ကား မီးလောင်ကျွမ်းမှုဖြစ်ပွား။

ရပ်စောက်တွင် ကိုရင် ၅ ပါး အစာအဆိပ်သင့်ရာမှ ၂ ပါး ပျံလွန်တော်မူ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ရွာမကျောင်းတွင် ဇွန်လ ၁၄ ရက်က မှိုတစ်မျိုးကို စားသုံးမိရာမှ ကိုရင်ငယ် ၅ ပါး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ၂ ပါးပျံလွန်တော်မူကာ တစ်ပါးမှာ လက်ရှိအချိန်ထိ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်သည်ဟု ဇွန်လ ၂၀ ရက်က သိရသည်။
ကနေဒါကုမ္ပဏီတစ်ခုမှ တင်ပို့သော ဝက်သားများကို တရုတ်ပိတ်ပင်
ကနေဒါရှိ ဖရီဂို ရိုင်ယာကုမ္ပဏီတင်ပို့သော ဝက်သားများတွင် အသားတိုးစေရန် ကျွေးသည့် အဖြည့်ခံဆေးများပါဝင်သည်ဟု စွပ်စွဲပြီး ယင်းကုမ္ပဏီမှ တင်ပို့သော ဝက်သားများကို တရုတ်က ခေတ္တပိတ်ပင်လိုက်သည်။ ထို့ပြင် တရုတ်သည် ကနေဒါကုမ္ပဏီကြီးနှစ်ခုက တင်ပို့နေသည့် ကနိုလာဆီခေါ် မုန်ညင်းဆီတစ်မျိုးမှထုတ်လုပ်သော ဆီတစ်မျိုးတွင် ပိုးပါသည်ဟု ပြောဆိုကာ နိုင်ငံသို့ တင်သွင်းခွင့်ပိတ်ပင်ခဲ့ပြီးဖြစ်သည်။
တရုတ်အစိုးရက တာလီဘန် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့
တရုတ်အစိုးရဟာ မကြာသေးခင်က အာဖဂန်နစ္စတန် အခြေစိုက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ကူညီအားပေးတဲ့ တစိတ်တပိုင်း အနေနဲ့ ပြုလုပ်ခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရ လူကန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အသားအရေကောင်းဖို့ထက် စိတ်ထားကောင်းဖို့ကြိုးစားမယ်ဆိုတဲ့ မယ်လိုဒီ

Uab ဘဏ်ခွဲမန်နေဂျာ ကျပ်သိန်း ၈၀၀၀ ကျော် အလွဲသုံးစားပြုပြီး တိမ်းရှောင်နေ
ငွေကျပ်သိန်း ၈၀၀၀ ကျော် အလွဲသုံးစားပြုပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ uab ဘဏ်ခွဲ တာဝန်ခံတဦးအား ဖမ်းဆီးမိရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ uab ဘဏ်က ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ uab bank ရဲ့ ဘဏ်ခွဲတခုဖြစ်တဲ့ ဒိုင်းမွန်းပလာဇာဘဏ်ခွဲရဲ့ တာဝန်ခံဖြစ်သူ အကြီးတန်းမန်နေဂျာ ဦးရန်နိုင်မျိုးဆွေဟာ ဘဏ်မှ Customer တဦးရဲ့ ငွေစာရင်းရှိ ငွေကျပ် ၈၀၆,၂၉၄,၂၅၆ အား မသမာသောနည်းလမ်းတွေနဲ့ မမှန်မကန် စာရင်းရေးသွင်းချက်တာတွေ ပြုလုပ်ခဲ့တာကို စာရင်းပိုင်ရှင်ရဲ့ တိုင်ကြားချက်အရ ဇွန် ၁၀ ရက်နေ့က စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှေးဟောင်းအမွေ အနှစ်နိုင်ငံ အီဂျစ်

KIA အဖွဲ့မှထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရရှိ
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ၊ ရပ်ကွက်(၁)ရှိ KBC တိုက်ပွဲရှောင်စခန်းနေ ဒေါ်နန်ရှန်(ဘ) ဦးမနန်ဂမ်သည်မြေးဖြစ်သူ မခေါန်ဂျာ(ဘ)ဦးဟူးခေါန်နှင့်အတူ ဇွန် ၁၈ ရက် ညနေ ၄ နာရီခန့်တွင် တောထဲသို့ သစ်ကြံပိုးခေါက်ရှာရန် သွားရောက်စဉ် ဘော်နွယ်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့မှထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်နန်ရှန်သည် မိုင်းထိဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး မခေါန်ဂျာတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါမိုင်းထိ ဒဏ်ရာများ ရရှိခဲ့သူ မခေါန်ဂျာအား နမ့်ခမ်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်းရရှိသည်။
အာဖဂန်တွင် ဗုံးတလုံးပေါက်ကွဲ၊ ၁ ဦးထက်မနည်း သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက် ဂျလာလာဘတ်မြို့မှာ ဇွန်လ ၂၀ ရက်နေ့က လမ်းဘေးမှာထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲမှုကြောင့် အရပ်သား တယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရတယ်လို့ နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေး ပြောခွင့်ရ အရာရှိတဦးက ပြောပါတယ်။ အဲဒီ လမ်းဘေးဗုံးဟာ အာဖဂန်အစိုးရ လိုလားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ကားတစီးကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းဆန်ဈေးနှုန်း မြင့်တက်နေ၍ ဗီယက်နမ်နှင့် မြန်မာ့ဆန်ဈေးကွက် စိတ်ဝင်စားမှု များလာနိုင်
ကမ္ဘာ့ဆန်ဈေးကွက်ကို ဦးဆောင်နေသည့် ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆန်ဝယ်ယူသူများ အနေဖြင့် ဗီယက်နမ်နှင့် မြန်မာ့တို့၏ ဆန်ဈေးကွက်ကို စိတ်ဝင်စားမှု ပိုများလာနိုင်ကြောင်း ဆန်စပါးလုပ်ငန်း ကျွမ်းကျင်သူများ၏ သုံးသပ် ချက်အရ သိရသည်။ သို့ရာတွင် USDA (အမေရိကန်နိုင်ငံရှိ ဆန်စပါးစိုက်ပျိုးရေးဌာန) ၏ မေလကုန်ပိုင်းတွင် ထုတ်ပြန်ချက်အရ ကမ္ဘာ့ဆန်ဈေးကွက် အတွင်း ဆန်လက်ကျန် တန်ချိန် ၁၇၂ ဒဿမ ၂၂ သန်း (ကမ္ဘာ့တစ်နှစ် ထုတ်လုပ်မူ၏ ၂၉ ရာခိုင်နှုန်းကျော်) သာရှိနေကြောင်း ဖော်ပြထားသည်။
(၂၀၁၉) အရှေ့ တောင်အာရှ ကနူး/ကယက် တံခွန်စိုက်ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ ရွှေတံဆိပ် (၂)ခု နဲ့ ကြေးတံဆိပ် (၁)ခု ရရှိထား

မောင်းရင် မပွတ်နဲ့ 

မိုက်ကယ်ကျော်မြင့်အမှု တရားလို မလာရောက်နိုင်သဖြင့် ရုံးချိန်းထပ်မံ ချိန်းဆို
နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို ဇွန် ၂၁ ရက်နေ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံတရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။ ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုဖြစ်သူ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က တိုင်းဒေသကြီး အစိုးရရုံးမှာ အထူးအရေးပေါ် အစည်းအဝေးရှိတာကြောင့် မလာရောက်နိုင်တဲ့ အတွက် ခွင့်စာတင်ခဲ့တယ်လို့ ပြန်ကြားရေးအရာရှိ ဒေါ်စန္ဒာမြင့်က ပြောပါတယ်။
ရန်ကုန်တိုင်းတွင် ဇွန် ၂၂ ရက်စတင်၍ မီးပုံမှန်ပြန်ပေးမည်
ရန်ကုန်တိုင်းမှာ ဇွန် ၂၂ ရက်ကစပြီး အလှည့်ကျ ၀န်အားလျှော့ချတာ မလုပ်တော့ဘဲ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ခရိုင်နဲ့ မြို့နယ်တွေမှာ ဇွန် ၂၂ ရက် စနေနေ့ကစပြီး အလှည့်ကျ ၀န်အားလျှော့ချတာတွေ ဆောင်ရွက်မှုမပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမယ်။
အာဆီယံ ထိပ်သီးခေါင်းဆောင်များကို ထိုင်းက ငွေအစစ်ပန်းကုံးများ လက်ဆောင်ပေးမည်
တစ်ရွာတည်းနေ ၁၂ နှစ်အရွယ်မိန်ခလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ယောက်ဖဖြစ်သူမှဓားဖြစ်ခုတ်သတ်မှု ဖြစ်ပွား
တစ်ရွာတည်းနေ ၁၂ နှစ်အရွယ်မိန်ခလေးတစ်ဦးအားအဓမ္မပြုကျင့်ခဲ့သည့်အစ်မယောင်္ကျားမှအစ်မဖြစ်သူအားမှုးယစ်ယမ်းကားသည်ဟုဆိုကာယောက်ဖဖြစ်သူမှဓားဖြစ်ခုတ်သတ်ခဲ့သည့်အမှုတစ်ခု လက်ပံတန်းမြို့နယ် ခမုံနယ်မြေရဲစခန်းအပိုင် မြင်ကဝကျေးရွာအုပ်စု အေးသာယာကျေးရွာတွင်ယမန့်နေ့ညကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ "မနေ့ ညနေက တာကြီးဘေးမှာ နေကြတဲ့သူတွေ လူသတ်မှု ဖြစ်တာပါ ကျေးရွာ တစ် အုပ်စုတည်းနေတဲ့ အသက် ၁၂နှစ်ခန့်ရှိ မိန်းခလေးငယ်ကို သေဆုံးသူ ဖိုးမီးက အဓမ္မပြုကျင့်ခဲ့လို ယောက်ဖက ရှက်ပြီးဓားနဲ့ ခုတ်သတ်လိုက်တာပါ။ ယောက်ဖ ကလူရိုးလူအေးကြီးပါလို့်"ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမြင့်ဦး ကဆိုသည်။
မိတ္ထီလာမြို့တက္ကသိုလ်ရှေ့ပေါတ်နားတွင် Food Box စထားပြီ
ဂျော်ဂျီယာလွှတ်တော်ထဲ ဝင်စီးရန် ကြိုးစားသည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
ဘန်ကောက်တွင် မြန်မာအလုပ်သမတဦး မွေးစကလေးအား သတ်ပြီး အမှိုက်ပုံးထဲစွန့်ပစ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘင်ကုမ်းနယ်မြေ ခလောင်းကုမ်ရပ်ကွက်ထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမတဦးက ကလေးမွေးပြီး ကလေးကို သတ်ဖြတ်ကာ အမှိုက်ပုံးထဲ သွားရောက်စွန့်ပစ်ခဲ့တယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ခလောင်းကုမ်ရပ်ကွက် နာဝါမင်လမ်း ၇၀ မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုး သမီး ၁ ဦးဟာ ဇွန်လ ၂၀ ရက် ည ၁၀ နာရီလောက်က သွေးတွေတအားသွန်ပြီး နေမကောင်းကြောင်း အလုပ်ရှင်ဖြစ်သူကို သွားပြောရာမှာ အလုပ်ရှင်က သူမကို ဆေးရုံပို့ပေးခဲ့ ပါတယ်။
တောင်ကိုရီးယားမှာ ဒေါ်လာ ၅ သိန်းတန် PUBG ဂိမ်းပြိုင်ပွဲ ကျင်းပမည်
၁၆ နိုင်ငံက အသင်းတွေပါဝင်မယ့် PUBG Nations Cup ဂိမ်းပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်သွားတော့မှာပါ။ Jangchung Arena မှာ လာမယ့် သြဂုတ်လ ၉ ရက်ကနေ ၁၁ ရက်နေ့ အထိ ကျင်းပသွားမယ့် ဒီပြိုင်ပွဲမှာ Squad တစ်သင်းလျင် ပလေယာ ၄ ဦးနှုန်းနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှာပါ။ နိုင်ငံ ၁၆ နိုင်ငံအတွက် ကိုယ်စားပြုအသင်းအဖြစ် ရွေးရာမှာ သူတို့ နဲ့ ပြိုင်ဘက်တွေက ဖြစ်စေ နိုင်ငံအလိုက် သီးသန့် နည်းလမ်းတွေကနေ ဖြစ်စေ ရွေးချယ်သွားမယ်လို့ eSports Insider မှာ ဖော်ပြထားပါတယ်။
မုံရွာကလေးဆေးရုံကြီးတွင် သေဆုံးသည့်ကလေး H1N1 ကြောင့်မဟုတ်ဟု တာဝန်ရှိသူပြော
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုတင် ၁၀၀ ဆံ့ သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးမှာ ကလေးငယ်တဦး ဆေးကုသမှုခံယူနေရင်း ဇွန်လ ၁၅ ရက်က သေဆုံးသွားပါတယ်။ေ သဆုံးသူ ကလေးက ၆ လသားအရွယ်ဖြစ်ပြီး ကလေးမှာ H1N1 ပိုးတွေ့ပေမယ့် H1N1 ကြောင့် သေဆုံးခဲ့တာမဟုတ်ဘဲ ဦးနှောက်အမှေးပါးရောင်ရောဂါ ကြောင့်သာ သေဆုံးသွားခဲ့တာလို့ ကုတင် ၁၀၀ ဆေးရုံတာဝန်ရှိ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်သိန်းက ပြောပါတယ်။
YRTA ကျောင်းကားများအတွက် School Bus အက်ပလီကေးရှင်း တနှစ်ကျော်ကြာသည်အထိ အလုပ်မလုပ်သေး
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ကျောင်းကားများ အတွက် ရေးဆွဲထားသည့် School Bus အက်ပလီကေးရှင်းသည် တနှစ်ကျော်ကြာသည်အထိ အလုပ်မလုပ် သေးကြောင်း သိရှိရသည်။ ''အက်ပလီကေးရှင်းကိုအသုံးပြုပြီး ကိုယ့်ကလေးတွေစီးတဲ့ကျောင်းကား ဘယ်နေရာရောက်နေလဲ၊ ကျောင်းကို ရောက်ပြီလား၊ ကိုယ့်ကလေးကို tracking လိုက်လို့ရအောင်ပေါ့။ ဒါပေမဲ့ အခုတနှစ်ကျော်ကြာပြီး၊ အက်ပလီ ကေရှင်းက အသုံးပြုလို့မရသေးဘူး။ ခုထိတော့ သုံးလို့မရသေးဘူး''ဟု ရန်ကင်း TTC မှ ကျောင်းသား မိဘတဦးက ပြောသည်။
မူးယစ်ပြတိုက်မြေနေရာ ထားသူများအား ဖယ်ရှားရှင်းလင်းမည်
ကမာရွတ်မြို့နယ်၊ကျွန်တောလမ်းနှင့်ဟံသာဝတီလမ်းထောင့်ရှိ မူးယစ်ပြတိုက်မြေနေရာတွင် ဌားရမ်းထားသူများကို ယခုဇွန်လ အကုန်၌ ၁၉၉၅ခုနှစ် အစိုးရအိမ်ဥပစာဥပဒေအရ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြာင်း မူးယစ်ပြတိုက် တာဝန်ခံ ဒုတိယ ရဲမူးကြီး ဇော်မင်းဦးက ပြောကြားသည်။ ယနေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်သည့် အစိုးရအိပ် ဥပစာ အတွင်း မြေနေရာ ငှါးရမ်း ပြီး ငှါးရမ်း သက်တမ်း ကုန်ဆုံး သော်လည်း ဖယ်ရှာပေးခြင်း မရှိသည့် အတွက် ၁၉၅၅ ခုနှစ် အစိုးရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ နှင့် အညီ ဆောင်ရွက် မည့် ကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယရဲမှူးကြီး ခင်ဇော်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထောင်နှင့်ချီသော ဟောင်ကောင်ဆန္ဒပြသူတွေ ပါလီမန်ရှေ့ စုရုံးပိတ်ဆို့ပြီး အစိုးရနုတ်ထွက်ရေး တောင်းဆိုနေ
ဟောင်ကောင်မှာ ထောင်နှင့်ချီသော အနက်ရောင်ဝတ် ဆန္ဒပြသူတွေဟာ ဇွန်လ ၂၁ ရက်က ပါလီမန်အဆောက်အအုံရှေ့ လမ်းမကြီးပေါ်မှာ စုရုံးပိတ်ဆို့ထားပြီး ပေကျင်းအစိုးရ လိုလားတဲ့ ဟောင်ကောင်ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ရေး တောင်းဆိုနေလျက် ရှိတယ်လို့ သိရပါတယ်။ ယင်းမြို့တွင်းမှာတော့ အငြင်းပွားဖွယ် တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းတစ်ခုအပေါ် ဆန့်ကျင်ဆန္ဒပြနေကြလျက် ရှိပြီး ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးသော နိုင်ငံရေးအကျပ်အတည်းကြီးတစ်ခု အောက်ကျရောက်နေလျက် ရှိပါတယ်။
"ကရင်နီပြည်သမိုင်းကို NLD အစိုးရလက်ထက်တွင် သတ်ခဲ့" ဟု ဖမ်းဆီးခံ ကရင်နီလူငယ်များပြော
သီးခြားလွတ်လပ်သည့် ကရင်နီပြည်သမိုင်းကို NLD အစိုးရလက်ထက်တွင် သတ်ခဲ့သည်ဟု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ- ၁၀ ဖြင့် ဖမ်းဆီးခံရသည့် ကရင်နီလူငယ်များက ပြောဆိုသည်။ အဆိုပါပုဒ်မဖြင့် ကယားပြည်နယ်အစိုးရက တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားစွဲဆိုခံ ကရင်နီလူငယ် (၅) ဦးကို (၁၄၄)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ပွဲ ကျင်းပရာနေရာ လွိုင်ကော်မြို့တွင် ပြည်နယ်ရဲ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သည်။
မင်းပြားမြို့နယ်အတွင်းက AA ယာယီခံစစ်စခန်းတစ်ခုကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်
ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ပန်းမြောင်းကြီးချာင်းအတွင်းရှိ AA အဖွဲ့၏ ယာယီတပ်စခန်းတစ်ခုအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဘက်မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗို်လ်မှူးကြီး ဝင်းဇော်ဦးကပြောသည်။ အဆိုပါ တပ်စခန်းမှာ AA လက်နက်ကိုင်အဖွဲ့မှ နေရာယူထားသည့် ယာယီခံစစ်စခန်းတစ်ခုဖြစ်ပြီး နံနက် ၁၀ ဝန်းကျင်ခန့်တွင် တပ်မတော်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
မုံရွာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် Food Box ထားရှိ

ကိုရီးယားမှာ ခွဲစိတ်ခဲ့တာမဟုတ်ဘဲ မြန်မာနိုင်ငံမှာပဲ ခွဲစိတ်ပြုပြင်မှု လုပ်ခဲ့တဲ့ နေမင်း

တာချီလိတ်တွင် ရဲတပ်ဖွဲ့က အလိုရှိနေသူအား ဝင်ရောက်ဖမ်းဆီးရာမှ စိတ်ကြွဆေးပြား (၅၀၀)ကျော်နှင့် လူငယ် (၄)ဦးကိုပါ ဖမ်းဆီးရမိ
မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင် ရုံးထုတ်
မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့သည် တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင် လှုံ့ဆောင်သည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆို အမှုဖွင့်ခံရပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် (၈၂၆/၂၀၁၉)၊ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုဖြင့် ဇွန်လ ၂၁ရက်နေ့က ရုံးထုတ်ခဲ့သည်။ မိုက်ကယ်ကျော်မြင့်ကို လက်ခံထားမှုဖြင့် သူ့ယောက္ခမဖြစ်သူ ဦးကျော်မောင်မှာလည်း ရာဇသတ်ကြီး ပုဒ်မ ၂၁၆ ဖြင့် အရေးယူခံထားရသည်။
“လားရှိုးမြို့သို့ ကျောင်းတာဝန်ဖြင့် အချိန်မှီ ရောက်ရှိနိုင်ရန် နမ္မတူမြို့နယ်မှ ကျောင်းဆရာ၊ ဆရာမ (၆)ဦး နိဗ္ဗာန်ယာဉ်ဖြင့် လိုက်ပါခဲ့ကြရ”

"ဒေါ်နယ်ထရန့်က အီရန်ကိုတိုက်ရန် ခွင့်ပြုမိန့်ပေးပြီးမှ ပြန်ရုပ်သိမ်းခဲ့ဟုဆို"
အီရန်ပစ်မှတ်တွေကို ယနေ့ (ဇွန် ၂၁ ရက်) အာရုဏ်တက်ချိန်မတိုင်မီ အကန့်အသတ်ဖြင့် တိုက်ခိုက်ရန်စီစဉ်ထားခဲ့ကြောင်းလည်း သတင်းစာက ပြောပါတယ်။ လက်ရှိမှာတော့ အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ် အသက်ဝင်နေဆဲဟုတ် မဟုတ် အတိအကျ မသိရဘူးလို့ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်ရန် ခွင့်ပြုခဲ့ပြီးနောက်မှ ခွင့်ပြုမိန့်ကိုပြန်ရုပ်သိမ်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာက သတင်းဖော်ပြပါတယ်။
သံလွင်မြစ်အတွင်း လှေ(၇)စီးဖြင့်တင်ဆောင်ထားသောသစ်တန်ချိန် (၃၀၀)ခန့် ဖမ်းမိ၊ တရားခံများမြစ်အတွင်းခုန်ချထွက်ပြေးသဖြင့် စုံစမ်းလျှက်ရှိ

ရွှေပြည်သာမြို့နယ်တွင် ပဒူအုံများအား မြို့နယ် မီးသတ်စခန်းမှ သွားရောက်ရှင်းလင်း
စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာ မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တဉာဏဝရထေရ် သက်တော်(၇၂)နှစ်၊ဝါတော် (၅၃)ဝါ၏ အန္တိမဈာပနပူဇာအခမ်းအနားကျင်းပ

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက် ဆန္ဒပြ
ထိုင်းစက်မှုကျောင်းသား ၂ ဦး သေဆုံးခဲ့သည့်ကိစ္စ သတင်းဘက်မလိုက်ရန် တောင်းဆို

တင်သွင်းခွင့်လိုင်စင်အား ပုဂ္ဂိုလ်ရေးအရ မပေးသည့် စီးပွား/ကူးသန်းညွန်မှူးကို သမ္မတထံ တိုင်ကြားမည်

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်
တောင်ကိုရီးယားနိုင်ငံ ဂရောင်ဂီဒို ၊ဖါဂျူးမြို့ မွန်းဆန်းရွာ စွန်းယူရီ ၁၃၇၈-၅ ၊ ဒုံယူရို (၄၀) ကေတီ အင်တာနေရှင်နယ် ကုမ္မဏီ (경기도 파주시 문산읍 선유리 1378-5(돈유로40) 케이티인터내쇼날 ) တွင် E-9 ဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူ အသက် (၂၅) နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးသည် ယနေ့ မနက်အစောပိုင်း ဒေသစံတော်ချိန် မနက်(၇)နာရီ အချိန်က ကြိုးဆွဲချ အဆုံးစီရင်သည့် အနေအထားဖြင့် သေဆုံးနေသည်ကို ညပိုင်း အလုပ်ဆင်းပြီး အိမ်ဆောင်သို့ ပြန်လာသည့် အတူအလုပ်လုပ်ကိုင်နေသည့် အခန်းဖော်က စတင်တွေ့ရှိခဲ့ပါသည်။
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး မိန့်ခွန်းပြောနေချိန် အနီရောင်ဝတ် အမျိုးသမီးများ ဝင်ရောက်ဆန္ဒပြ

သတင်းထောက် ခါရွှန်းဂျီ အသတ်ခံရမှု ဆော်ဒီအိမ်ရှေ့စံတွင် တာဝန်ရှိဟု ကုလအထူးသံ ပြော
ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဒ် ဘင် ဆယ်လ်မန်နဲ့ တခြား အကြီးတန်း ဆော်ဒီ အရာရှိတွေဟာ သတင်းထောက် ဂျမဲလ် ခါရွှန်းဂျီ အသတ်ခံရမှုအတွက် တာဝန်ရှိတယ်လို့ သက်သေတွေကပြနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူက ဇွန်လ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေအတွက် ကုလ အထူးသံတမန် အန်းနက်စ် ကောလာမာ့ဒ်က ခုလို ပြောလိုက်တာပါ။
ကမ္ဘာ့ဈေးတက်လို့ ရွှေဈေးအတက်ကြမ်းနေ
ရွှေဈေးတက်နေတာဟာ ကမ္ဘာ့ရွှေဈေးအရမ်းတက်နေတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းကပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ လက်ရှိမှာ ၁၁ သိန်းစွန်းစွန် ရှိနေတာဖြစ်ပြီး စံချိန်တင်ဈေးတက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲကြောင့် စတော့ရှယ်ယာဝယ်စုတာနဲ့ ဒေါ်လာစုဆောင်းခြင်းအစား ရွှေတွေ ၀ယ်စုခြင်းတွေဖြစ်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ပြည်တွင်းရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေးမှာ ကျပ်နှစ်သောင်းကျော်ကွာဟနေတာကြောင့် ဈေးပြန်ကျဖို့ခက်ခဲနေပြီး ရွှေဝယ်ယူမှာလည်း ကျဆင်းနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပြည်တွင်းရွှေဈေးနှုန်းတက်နေတာကို ထိန်းချုပ်လို့ မရဘဲ တည်ငြိမ်နေအောင်သာ လုပ်ဖို့လိုတယ်လို့ သိရပါတယ်။
လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်အရေးရဲက အလိုရှိသူ ငါးဦးသွားရောက်အဖမ်းခံ

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန် - ၂၁၊ ၂၀၁၉
ဒီကနေ့ ဇွန် ၂၀ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၈ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၃ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၂ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၆ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၁ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၈၃၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၈၉၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၀၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၈၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၇၅ ကျပ်ဈေးဖြစ်ပါ တယ်။
အိန္ဒိယနိုင်ငံရှိ တူးမြောင်းတစ်ခုအတွင်းသို့ ကားပြုတ်ကျ၊ ကလေးငယ် ၇ ဦးပျောက်ဆုံး
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်က လူ ၂၉ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စင်း တူးမြောင်းအတွင်းသို့ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး ကလေး ၇ ဦးပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏အဆိုအရ တူးမြောင်းအတွင်းမှ လူ ၂၂ ဦးကယ်ဆယ်ခဲ့ပြီး ပျောက်ဆုံးနေသူများအား ရှာဖွေမှု လုပ်ဆောင်နေကြောင်း သိရသည်။
ပါကစ္စတန် နိုင်ငံ တောင်ပိုင်းတွင် ရထားတိုက်မိမှုကြောင့် ၃ ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိ

တစ်သျှူးငှက်ပျောစိုက်ခင်းများရှိ စိုက်ပျိုးရေးဆေးနှင့်မြေသားနမူနာများ ဓာတ်ခွဲခန်းပို့ စစ်ဆေးနေ၊ အန္တရာယ်ရှိဆေးဝါးများ သုံးနေရကြောင်း အလုပ်သမားများပြော
တစ်သျှူးငှက်ပျောစိုက် ခင်းများရှိ ပိုးသတ်ဆေးနှင့် မြေသားများ အန္တရာယ်ရှိ၊ မရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဓာတ်ခွဲခန်း သို့ ဌာနဆိုင်ရာက ပို့ဆောင်စစ် ဆေးနေစဉ် ယင်းငှက်ပျောစိုက် ခင်းများအတွင်း အန္တရာယ်ရှိ ဆေးဝါးများ သုံးစွဲနေရသည်ဟု အလုပ်သမားများက 7Day Daily အား ပြောသည်။ ကချင်ပြည်နယ်ရှိ တစ်သျှူး ငှက်ပျော စိုက်ခင်းများအတွင်း အန္တရာယ်ရှိ ဓာတုဆေးဝါးသုံးစွဲမှု ရှိ၊ မရှိကို အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီက ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စိုက်ခင်းအချို့မှ စိုက်ပျိုးရေးဆေးများ နှင့် မြေသားနမူနာများကို ဓာတ်ခွဲစမ်းသပ်ရန် ယူဆောင်သွားသည်။
Seven အခွေအမ်တီဗီကို ယခုနှစ်အတွင်း ထွက်ဖို့ပြင်ဆင်နေတဲ့ တင်ဇာမော်
Seven အခွေ၏ Music Video ရိုက်ကူးရေးအားလုံးပြီးစီး ပြီဖြစ်သောကြောင့် ယခုနှစ်အ တွင်း ထွက်ရှိနိုင်ရန် ကြိုးစားနေ ကြောင်း အဆိုတော်တင်ဇာမော် က ပြောသည်။ ‘‘Music Video က အရုပ် တွေရပြီ။ အသံပဲလိုတော့တာ။ ကိုညီလေး(ချစ်စမ်းမောင်)မလုပ် ပေးနိုင်သေးလို့။ အသံရရင် ထွက်ရုံပဲ။ သေချာတာတော့ ဒီနှစ်ထဲ မှာတော့ MTV ထွက်ဖို့ကြိုးစား မယ်’’ ဟု ၎င်းကပြောသည်။ ယင်းအခွေမထွက်မီ အချို့ သီချင်းများကို အွန်လိုင်း၌တင် ဖြစ်သလို ပြီးခဲ့သည့်ရက်ကလည်း Tay Than Thar Music ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် အဆိုပါအ ခွေထဲ၌ ပါဝင်သည့် Mr Love သီချင်းအမ်တီဗီကို တင်ပေးခဲ့ ကြောင်း ၎င်းကပြောသည်။
မြန်မာကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့် ၂၂ ဆင့် မြင့်တက်
မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ သည့် မြန်မာ့လက်ရွေးစင်ကြက် တောင်အားကစားမယ်သက်ထား သူဇာသည် ကမ္ဘာ့အဆင့်သတ် မှတ်ချက် ၂၀ ကျော်မြင့်တက်လာ ပြီး လက်ရှိကမ္ဘာ့အဆင့် (၁၁၃)၌ ရပ်တည်နေသည်။ သက်ထားသူဇာသည် ဇွန် လဒုတိယပတ်က ကျင်းပသည့် မောရစ်သျှနိုင်ငံတကာ ကြက် တောင်ပြိုင်ပွဲတွင် အိမ်ရှင်မော ရစ်သျှ၊ မလေးရှား၊ အိန္ဒိယနှင့် ဖင်လန်နိုင်ငံတို့မှ ကစားသမားတို့ ကို ကျော်ဖြတ်၍ ရွှေတံဆိပ်ဆွတ် ခူးခဲ့သည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသူများ မာဖီးယား မဟုတ်ဘဲ မြန်မာလုပ်သားများသာဖြစ်ဟုဆို
ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ ပသူနန်းနယ်မြေတွင် မြန်မာ မာဖီးယားဂိုဏ်းဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရသူ များသည် မာဖီးယားများမဟုတ် ဘဲ မြန်မာလုပ်သားများသာဖြစ် ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာ ဂေါ်ရခါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြောသည်။ ပသူနန်းနယ်မြေတွင် မြန်မာ မာဖီးယားများရှိသည်ဆိုကာ မြန် မာဂေါ်ရခါးလူမျိုးတစ်ဦးက ထိုင်း ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြား မှုကြောင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရကြောင်း မြန်မာဂေါ် ရခါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ က ပြောသည်။
အစိုးရအဆိုပြုသည့် စစ်ရှောင်စခန်းများပိတ်သိမ်းရေးဆိုင်ရာအချက်အလက်များကို KIO ထံ တင်ပြထားဟု KHCC ပြော
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)က အဆိုပြု ထားသည့် ကချင်ပြည်နယ်ရှိ စစ် ရှောင်စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အချက်အလက်များကို ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ထံ တင်ပြထားကြောင်း ကချင်ဒေသစစ်ဘေးရှောင်ပြည် သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) အတွင်းရေး မှူးဦးခါးလီက ပြောကြားသည်။ ကချင်ဘာသာရေးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသည့် KHCC သည် ကချင်ဒေသရှိ စစ် ဘေးရှောင်ပြည်သူများ နေရပ်ပြန် နိုင်ရေး NRPC အပါအ၀င် ပြည် ထောင်စုအစိုးရ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိ နှိုင်းပြီးနောက် ယခု ဇွန်လတတိယ ပတ်တွင် KIO/KIA ထံသို့ စစ် ရှောင်စခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အချက်အလက်များ တင် ပြခဲ့သည်။
အာရှယူ-၁၆ နှင့် ယူ-၁၉ ခြေစစ်ပွဲ ပွဲစဉ်ဇယားများ ပေါ်ထွက်
မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှယူ-၁၆ နှင့် ယူ-၁၉ ချန်ပီ ယံရှစ်ခြေစစ်ပွဲ ပွဲစဉ်ဇယားများ ကို အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။ ၂၀၂၀ အာရှယူ-၁၆ အမျိုး သားဘောလုံးပြိုင်ပွဲခြေစစ်ပွဲအုပ် စု(ဋ)တွင် တောင်ကိုရီးယား၊ ထိုင်း၊ တိုင်ပေနှင့်မြန်မာအသင်းတို့ပါဝင်ပြီး လာမည့်စက်တင်ဘာ ၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်သည်။ မြန်မာယူ-၁၆အသင်းသည် အဖွင့်ပွဲအဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ထိုင်း၊ ၂၀ ရက်တွင် တောင်ကိုရီးယား၊ ၂၂ ရက်တွင် တိုင်ပေအသင်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။
တရားမဝင် ဝဆေးများ ဖြန့်ဖြူးသူကို ဖမ်းဆီးအမှုဖွင့်
ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက သောက်သုံးရန် မသင့်ဟု တားမြစ်ထားသည့်ထိုင်း နိုင်ငံထုတ် ဝဆေးများကို အွန် လိုင်းရှော့ပင်းနှင့် စတိုးဆိုင်တို့ တွင် ဖြန့်ဖြူးရောင်းချသူအမျိုး သမီးကို အမျိုးသားဆေးဝါးဥပဒေ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဇွန်လ ၂၀ ရက်၌ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မြောက်ဥက္ကလာပမြို့နယ် (စ) ရပ်ကွက် သံသုမာလမ်းတွင် အလှကုန်စတိုးဆိုင် ဖွင့်လှစ်ထား သည့် အသက် (၂၅) နှစ်အရွယ် အမျိုးသမီးက ထိုင်းနိုင်ငံထုတ် Add Plus တံဆိပ်ပါ ဝဆေးများ ကို ၎င်း၏ စတိုးဆိုင်နှင့်ဈေးမှန် အမည်ရှိ အွန်လိုင်းပေ့ခ်ျတို့မှတစ် ဆင့် လက်လီလက်ကားရောင်းချ နေကြောင်း သတင်းရရှိ၍ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် FDA မှ တာဝန်ရှိသူများက ဇွန်လ ၁၈ ရက်၌ ဝင်ရောက်ရှာဖွေစစ် ဆေးခဲ့သည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများတွင် မိုးနှင့်လေပြင်း သတိပြုရန်လို
ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ် ကျော်ဝင်ရောက်နိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်းဒေသများတွင် မိုးကောင်းနိုင်ကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် က သတိပေးသည်။ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဇွန်လ ၁၉ ရက် ညကစကာ လေဖိအားနည်းရပ် ၀န်းဖြစ်ပေါ်နေပြီး ယနေ့(ဇွန်လ ၂၁ ရက်)(သို့မဟုတ်) ၂၂ ရက်တွင် အိန္ဒိယနိုင်ငံကမ်းခြေသို့ ၀င်ရောက်နိုင်ကြောင်း ၎င်းက ခန့် မှန်းသည်။
မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည် လေးသိန်းခွဲကျော်ရှိ
မြန်မာနိုင်ငံ၌ လက် နက်ကိုင်ပဋိပက္ခကြောင့် ထွက် ပြေးတိမ်းရှောင်နေရသည့် စစ် ဘေးဒုက္ခသည် ၂၀၁၈နှစ်ကုန်ပိုင်း အထိ လေးသိန်းခွဲကျော်ရှိကြောင်း စစ်ရှောင် ပြည်သူများအရေး ဆောင်ရွက်သောအဖွဲ့ ၁၅ ဖွဲ့ ပူးပေါင်းထုတ်ပြန်သည့် ‘အိမ် မလွမ်းသူ ဘယ်သူရှိမလဲ - မြန် မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ နှင့် ဆက်စပ်နေသော ကာလရှည် ကြာနေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်မှုများ’ အစီရင်ခံစာတွင် ဖော်ပြသည်။
ကိုယ်နဲ့မလိုက်ဖက်တဲ့ဇာတ်ရုပ်ကို လိုက်ဖက်အောင်ကြိုးစားမယ်ဆိုတဲ့ နေတိုး
‘ကျွန်တော့်ရဲ့သူ’ ရုပ် ရှင်ကို ဇူလိုင်တွင် စတင်ရိုက်ကူး မည်ဖြစ်ကြောင်း သရုပ်ဆောင် နေတိုးက ပြောသည်။ ယင်းဇာတ်ကားကို ဒါရိုက် တာနေဟိန်းက ရိုက်ကူးမည်ဖြစ် ပြီး နာဂစ်မုန်တိုင်းကိုအခြေခံထား သည့် ဇာတ်လမ်းဖြစ်ပြီး ၎င်းနှင့် မိုးဟေကိုတို့ အဓိကပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။ ‘‘ကျွန်တော်တို့က အရှေ့မှာ ဒါရိုက်တာကြီးတွေနဲ့ ရိုက်တဲ့ ဇာတ်လမ်းတွေရှိတယ်၊ ဒါရိုက် တာအငယ်တွေနဲ့ ရိုက်တဲ့ဇာတ် လမ်းတွေရှိတယ်၊ နောက်ထပ် Generation တွေနဲ့ ရိုက်တဲ့ဇာတ် လမ်းမျိုးတွေလည်းရှိလာတယ်။
ရောဘတ်မိုရီနို စပိန်နည်းပြချုပ်အဖြစ် ခန့်အပ်ခံရ

ပြိုင်ပွဲတွင် အသက်၇ှိနေသေး၍ ကံကောင်းဟု အာဂျင်တီးနားနည်းပြပြောကြား

ဂျပန်နိုင်ငံမှာ သီချင်းရောင်းအားကောင်းနေတဲ့ ကိုရီးယားဂီတအဖွဲ့
ကိုရီးယားအမျိုးသမီး အဆိုရှင်အဖွဲ့ TWICE သည် ၂၀၁၉ ပထမနှစ်ဝက်တွင် ဂျပန် နိုင်ငံ၌ ရောင်းအားအကောင်းဆုံး ကိုရီးယားအဆိုတော်အဖွဲ့ဖြစ် လာသည်။ ဂျပန်မီဒီယာများက နံပါတ် (၁)အာရှအမျိုးသမီးအဖွဲ့ဟု ကင်ပွန်းတပ်ထားသော TWICE အဖွဲ့သည် #TWICE 2 ဟု အ မည်ပေးထားသော ဂျပန်သီချင်း ခွေနှင့် Fancy You ဟုခေါ်သော ကိုရီးယားဘာသာသီချင်းခွေနှစ် ခွေရောင်းချမှုမှ ဂျပန်ယန်း၂ ဒသမ ၄၈ ဘီလီယံ(ကန်ဒေါ်လာ ၂၃ သန်း)ရရှိခဲ့သည်။ ယင်းအတွက် Oricon သတင်းဌာန၏ရောင်းအားအကောင်းဆုံး အနုပညာရှင်စာရင်းတွင် TWICE အဖွဲ့ နံပါတ်(၄)ချိတ်ပြီး ကိုရီး ယားအဖွဲ့များထဲ၌ နံပါတ် (၁) ဖြစ်ခဲ့သည်။ ကမ္ဘာကျော် BTS အဖွဲ့၏ ဂျပန်ရောင်းအားသည် ကန်ဒေါ် လာ ၁၈ သန်းသာ ရောက်ရှိပြီး TWICE ကို လိုက်မမီခဲ့ပေ။
ဖခင်ရဲ့ အရိုးပြာကို လည်ပင်းမှာဆင်မြန်းထားတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ သားသမီးများ
ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၏ သားသမီး များသည် ၎င်း၏အရိုးပြာပါဝင် သော ဆွဲသီးများလည်တွင်ဆွဲထား ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ Beat It သီချင်းအဆိုတော် မိုက်ကယ်သည် ၂၀၀၉ ဇွန်လက မေ့ဆေးအဆိပ်မိပြီး သေဆုံးခဲ့ ကာ ၎င်း၏အလောင်းကို မီး သင်္ဂြိုဟ်ခဲ့သည်ဟု ယုံကြည်ရ သည်။ ယခုအခါ ၎င်း၏အရိုးပြာကို ကွဲနေသောနှလုံးပုံစံဆွဲသီးများ တွင်ထည့်ကာ မိုက်ကယ်၏သမီး များဖြစ်သော ပရင့်စ်မိုက်ကယ် (၂၂ နှစ်)၊ ပဲရစ် (၂၁ နှစ်)နှင့် ဘီ ဂီ (၁၇ နှစ်)တို့က လည်တွင်ဆွဲ၍ ဆောင်ထားသည်။
အေစီမီလန်က ဂျီယမ်ပေါ်လိုကို နည်းပြသစ်ခန့်အပ်

ရီးရဲလ်ကွင်းလယ်လူ အယ်လ်လိုရန်တေးကို ယူရိုသန်း ၄၀ ဖြင့် အက်သလက်တီကို ခေါ်ယူ

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ဝင်ခွင့် တက္ကသိုလ်ဝင်တန်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်
သတင်းအ ချက်အလက် နည်းပညာတက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ် ၄၅၀ နှင့်အထက်ရရှိသူများလျှောက် ထားနိုင်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသား၊ကျောင်း သူများလျှောက်ထားနိုင်မည့် မြန်မာ့ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ် ဝင်တန်းရမှတ်စုစုပေါင်း ၄၅၀ နှင့်အထက်ရရှိသူများ လျှောက် ထားနိုင်မည်ဖြစ်ပြီး အဆိုပါ တက္ကသိုလ်သို့ လျှောက်ထားမည့် သူများသည် ဝင်ခွင့်စာမေးပွဲဖြေ ဆိုရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင် သည့် ဘာသာရပ်တစ်ခုခုဖြင့် ဖြေ ဆိုအောင်မြင်သူများ လျှောက် ထားနိုင်ကြောင်း ယင်းတက္ကသိုလ် ကကြေညာထားသည်။
ဘတ်စ်ကားမှတ်တိုင်များတွင်YBS ငွေပေးချေကတ်များပါရောင်းချမည့်နေရာများ ထည့်သွင်းတည်ဆောက်မည်
ဘတ်စ်ကား မှတ်တိုင်များတွင် YBS ငွေပေးချေ ကတ်များပါ ရောင်းချမည့်နေရာ များ ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိ ရသည်။ ယခုနှစ်အတွင်း YBS ယာဉ် လိုင်းများတွင်E-Ticket စနစ် စတင် ကျင့်သုံးနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ဦးလှအောင်က ဇွန် ၁၉ ရက် YRTA (ရုံးချုပ်)တွင် ပြုလုပ် သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ တွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ခရီးသည်များ၏ တိုင်ကြားမှုများ လွယ်ကူစွာစိစစ်နိုင်ရန် YBS ယာဉ်မောင်းများကို ဇွန်လကုန်တွင် စမတ်ကတ်များထုတ်ပေးမည်
ခရီးသည် များမှတိုင်ကြားမှုများကို အလွယ် တကူစိစစ်နိုင်ရန် YBS ယာဉ် မောင်းများကို ဇွန်လကုန်တွင် စမတ်ကတ်များ ထုတ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောကြား သည်။ ဇွန်၁၉ရက်က YRTA (ရုံးချုပ်)တွင်ပြုလုပ်သည့် မီဒီယာ များနှင့်တွေ့ဆုံပွဲတွင် ဦးအောင် ညီညီမော်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
တိုတယ်ကုမ္ပဏီ ရှေ့နှစ်တွင် မြန်မာ့ပင်လယ်ပြင်နှစ်နေရာ၌ ရေနံနှင့်ဓာတ်ငွေ့ ရှာဖွေမည်
မြန်မာ့ပင်လယ်ရှိ ဟိုင်း ကြီးကျွန်းနှင့် ပါလီပါလဲ့ကျွန်းအနီး ၌ ပြင်သစ်ရေနံကုမ္ပဏီ Total က ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး တွင်း တူးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။ ရှာဖွေရေးတွင်း တူးဖော်မည့်နေရာမှာ M-5 ကမ်းလွန်လုပ် ကွက်အတွင်းဖြစ်ပြီး ပါလီပါလဲ့ ကျွန်းမှ ၁၇ ကီလိုမီတာ (၁၀ မိုင်) နှင့် ဟိုင်းကြီးကျွန်းမှ ၁၃၅ ကီလိုမီတာ (မိုင် ၈၀ ကျော်) ကွာဝေး မည်ဟု ပြင်သစ်ကုမ္ပဏီက ထုတ် ပြန်ထားသည်။
အဂတိတိုက်ဖျက်ရေးအမည်ခံ ဆောင်ရွက်မှုများ ကော်မရှင်နှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန် ဆက်သွယ်ခြိမ်းခြောက်မှုများရှိပါက ရဲစခန်းသို့တိုင်ရန် ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ်တိုက်တွန်း
မြို့နယ်အချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံ၍ ရုံးခန်းဖွင့်လှစ်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ သည် ကော်မရှင်နှင့် သက်ဆိုင်မှု မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။ ဥပဒေအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သာ ရုံးခွဲများ ဖွင့်လှစ်ခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တရားဝင် ပြုလုပ်ခွင့်ရှိကြောင်း ကော်မရှင်၏ ဇွန်လ ၂၀ ရက် ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
ရန်ကုန်မြို့ရှိ ခြံမြေတစ်ပေပတ်လည်စံနှုန်းထား လျှော့ချ
ရန်ကုန်မြို့၏ခြံမြေတစ် ပေပတ်လည်နှုန်းထားသစ်ကို ဇွန်လဆန်းတွင် ထုတ်ပြန်ခဲ့ရာ ဈေးကွက်ပေါက်ဈေးနှင့်နီးစပ်စေ ရန် ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ခန့်လျှော့ချကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြော သည်။ ရန်ကုန်မြို့တွင်းမြို့နယ်များ နှင့် တောင်ဥက္ကလာပ၊ သင်္ဃန်း ကျွန်းစသောမြို့နယ်များမှ ခြံမြေ များ၏ လာမည့်ဘဏ္ဍာနှစ်အ တွက် စံနှုန်းသတ်မှတ်ချက်ကို ၂၀၁၈ ကထက် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်သည် ဟု ၎င်းတို့ကဆိုသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဆွေးနွေး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းသည် ရုရှားစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးမစ္စ တာမက်ဇင်မ်အော်ရက်ရှ်ကင် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့တွင် သ တင်းထုတ်ပြန်သည်။ ရုရှားနိုင်ငံသို့ ရောက်ရှိနေ သော ပြည်ထောင်စုဝန်ကြီးဦး သောင်းထွန်းသည် အထက်ပါ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးနှင့် ဇွန်လ ၁၉ ရက်တွင် တွေ့ဆုံခဲ့ပြီး ရုရှား-မြန်မာစီးပွား ရေးဆွေးနွေးပွဲသို့လည်း တက် ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက် ၌ ဖော်ပြသည်။
တုပ်ကွေးရောဂါကာကွယ်ဆေးမှာ ရာသီတုပ်ကွေး (H1N1)ကိုပါ ကာကွယ်နိုင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းနှင့် တွေ့ဆုံခြင်း
လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေး Influenza Type A(H1N1) pdm 09 ရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငါးဦးရှိပြီဖြစ်သည်။ သေဆုံးသူများတွင် အသက် (၆)လအရွယ်နှင့် နာတာရှည်ရောဂါအခံရှိသူများလည်း ပါဝင်သည်။ ထို့ကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးနှင့်ပတ်သက်၍ ကလေး အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းအား မေးမြန်း ထားမှုကို ဖော်ပြလိုက်ပါသည်။
လတ်တလောဖြစ်ပွားနေတဲ့ရာသီတုပ်ကွေး Influenza Type A(H1N1) pdm 09 ရောဂါအ ကြောင်းရှင်းပြပေးပါ။
လတ်တလောဖြစ်ပွားနေတဲ့ရာသီတုပ်ကွေး Influenza Type A(H1N1) pdm 09 ရောဂါအ ကြောင်းရှင်းပြပေးပါ။
နိုင်ငံပေါင်း ၁၁ နိုင်ငံပါမယ့် ကရာတေးပြိုင်ပွဲ မြန်မာမှာကျင်းပမယ်
နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မယ့် Asian Pacific Championship ကျို ခ့်ရှင်းကရာတေး ပြိုင်ပွဲ ကို မြန်မာနိုင်ငံမှာ ပထဆုံးအကြိမ်အဖြစ် လာမယ့် ဇွန်လအတွင်းကျင်းပတော့မှာပါ။ ဒီကရာတေးပြိုင်ပွဲကို ဇွန်လ ၂၃ ရက်မှာ ရန်ကုန်က သုဝဏ္ဏ အားကစားရုံးမှာ ကျင်းပမှာဖြစ်ပါတယ်။ အမေရိကန် ၊ဂျပန် ၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံ ၁၁ နိုင်ငံက ကစားသမား ၁၅၀ ဝင်ပြိုင်မယ်လို့သိရပါတယ်။ အိမ်ရှင်မြန်မာအတွက် အဓိက အခက်အခဲဖြစ်စေမယ့် နိုင်ငံဗတွကတော့ တရုတ်နဲ့အမေရိကန် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကစားသမား ၇၀ ကျော် ဝင်ပြိုင်မှာဖြစ်ကာ ရွှေတံဆိပ်ရဖို့ ရည်မှန်းထားကြပါတယ်။ ပြိုင်ပွဲအတွက်တော့ ဒီကနေ့ ညနေပိုင်းမှာ ဝိတ်တန်းချိန်းတာတွေပြုလုပ်သွားမယ်လို့သိရပါတယ်။
လေယာဉ်ပစ်စက်သေနတ်ကျည် ၄၀၀ ခန့်ကို တာချီလိတ်တွင် ဖမ်းမိ
လေယာဉ်ပစ်စက်သေ နတ်ကျည်အတောင့် ၄၀၀ ခန့်ကို တာချီလိတ်မြို့တွင် ယမန်နေ့က ဖမ်းမိခဲ့ပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ က အမျိုးသားတစ်ဦးကို စစ်ဆေး နေသည်။ အသက်(၅၀)အရွယ်ခန့်အ ရွယ်ခန့် အမျိုးသားတစ်ဦးက ပွိုင့် 5 အမျိုး အစားစက်သေနတ်ကျည် ၃၉၇ တောင့်ကို အိမ်စီးကားအတွင်း ၀ှက်၍သယ်ဆောင်လာစဉ် တာ ချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေး ဂိတ်အရောက်၌ လုံခြုံရေးအဖွဲ့က တားဆီးစစ်ဆေးရာမှ ရှာဖွေတွေ့ ရှိခြင်းဖြစ်သည်။
H1N1 ကြောင့် သေဆုံးသူခြောက်ဦးရှိလာ၊ ငါးဦးသည် ရန်ကုန်တိုင်းမှဖြစ် ဒေသခြောက်ခုတွင် ရောဂါပိုးတွေ့သူ ၁၆ ဦးရှိ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ညပိုင်းသတင်းထုတ်ပြန်ချက်အရ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇွန်လ ၂၀ ရက်အထိ ရာသီတုပ်ကွေး ရောဂါပိုး H1N1 တွေ့ရှိလူနာ ၁၆ဦးရှိပြီး ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းခြောက်ဦးသည် ရန်ကုန်တိုင်းမှ ငါးဦးနှင့် စစ်ကိုင်းတိုင်းမှ တစ်ဦးဖြစ် ကြောင်း ဖော်ပြထားသည်။ေ သဆုံးသူများမှာ အသက် အရွယ်ကြီးရင့်သူများ၊ အသက် အရွယ်ငယ်လွန်းသူများနှင့် ဆီး ချို၊ သွေးတိုး၊ နှလုံးရောဂါ၊ အ သက်ရှူလမ်းကြောင်းရောဂါ စသည့်နာတာရှည်ရောဂါအခံရှိ သူများဖြစ်ကြောင်း ထုတ်ပြန်ချက် က ဆိုသည်။
ရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကို မန္တလေးမြို့တွင် ကျင်းပမည်
ယခုနှစ် ရွှေခါးပတ်ချန် ပီယံလုပွဲ မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲအကြိုဗိုလ်လုပွဲနှင့် ဗိုလ်လု ပွဲစဉ်များကို မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။ အဆိုပါ Golden Belt Championship 2019 ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်ကို ဇွန်လ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ငါးလွှာ၌ ကျင်းပမည်ဖြစ်သည်။ ဇွန်လဒုတိ ယပတ်က ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသည့် ကွာတားဖိုင်နယ်၌ အနိုင်ရသည့် ကစားသမားများက အကြိုဗိုလ်လုပွဲသို့ တက်ရောက် ထိုးသတ်မည်ဖြစ် သည်။
MIU အသင်း အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲသို့ တက်ရောက်
ရခိုင်သွားတောလား
ပြီးခဲ့သည့်ရက်ပိုင်းက လုပ် ဖော်ကိုင်ဖက်တစ်ဦး နှင့်အတူ ရခိုင်ပြည် နယ်ကို အလုပ်ကိစ္စတစ်ခုဖြင့် သွားစရာ အကြောင်းဖန်လာ သည်။ အလုပ်ကိစ္စမြန်ဆန်စေရန် အသွားခရီးကို လေကြောင်းဖြင့် သွား၊ အပြန်ကိုတော့ ကားလမ်းမှ ပြန်လာရန် နှစ်ယောက်တိုင်ပင် စီစဉ်ခဲ့သည်။ေ လယာဉ်လက်မှတ်ခက တော့ သာမန်ခရီးသွားများအ တွက် စဉ်းစားရမည့်အနေအ ထား။ ကျပ်ခြောက်သောင်းကျော် မှ ရှစ်သောင်းစွန်းစွန်းရှိသည်။ ကားလက်မှတ်ခနှင့် နှိုင်းပါ က သုံး၊ လေးဆခန့်ကွာသည်။ ကားခက တစ်ယောက်ကို နှစ် သောင်းကျော်လောက်ကျသည်။
A-H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၆ ဦးရှိပြီ
မြန်မာနိုင်ငံမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၆ ဦး ထိရှိနေပြီဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာက A- H1N1 pdm 09 ရောဂါပိုးတွေ့ရှိထားသူ လူနာစုစုပေါင်း ၁၆ ဦး ရှိနေပြီး သေဆုံးသူကတော့ ရန်ကုန်တိုင်း ဒေသကြီးမှာ ၅ ဦးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ တဦး စုစုပေါင်း ၆ ဦးဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကချင်စစ်ဘေးရှောင်တွေ ဒုက္ခမငြိမ်းသေး
ကချင်ပြည်နယ်မှာ IDP လို့ခေါ်တဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တသိန်းနီးပါးဟာ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသက ဒုက္ခသည်စခန်းတွေမှာ နေနေကြပါတယ်။ ကချင်ဒေသမှာ တကြော့ပြန်စစ်ပွဲတွေ ဖြစ်လာတာ အခုဆိုရင် ၈နှစ် ပြည့်လာပြီဖြစ်ပြီး၊ အစိုးရတပ်နဲ့ KIA တပ်တွေကြား စစ်ဖြစ်နေတဲ့ အကြောင်းရင်းခံထဲမှာ ကျောက်စိမ်းနဲ့ ရေအားလျှပ်စစ်လို စီမံကိန်းအပါဝင် သဘာဝသယံဇာတ ထိန်းချုပ်နိုင်ရေး ရည်မှန်းချက်တွေလည်းပါဝင်ကြောင်း၊ Steve Sandford ကချင်ပြည်နယ်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ကျိုက်ထိုမြို့နယ် ဘိုရားကြီး ကျေးရွာ ဘူတာအနီး၌ အမျိုးသားတစ်ဦး ရထားကြိတ်ခံရ

ယာဉ်အားမဆင်မခြင်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ နေအိမ်အဆောက်အဦအား ဝင်တိုက်

H1N1 ကြောင့် ရန်ကုန်မှာ အမျိုးသမီးတစ်ဦးထပ်သေဆုံးပြီး၊ မုံရွာမှာပါ သေဆုံးမှုရှိနေ
သံသယရှိလူနာ စောင့်ကြည့် သူ ၄၀ ခန့်ရှိပြီး အဲဒီထဲက ၁၆ ဦးခန့်မှာ H1N1 ရောဂါပိုးတွေ့နေ ရတယ်လို့ လည်း
H1N1 ရောဂါကြောင့် ရန်ကုန်မှာ ဇွန်လ ၂၀ ရက် မနက်က အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ယခုလအတွင်းသေဆုံးသူအရေအတွက် ၅ ဦးထိရှိလာပြီ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန မှ ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူအေးက ဘီဘီစီကို ပြောပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သေဆုံးသူ ၃ ဦး လို့ သတင်းထုတ်ပြန်ခဲ့ပြီးတော့ ဇွန်လ ၂၀ ရက်နေ့မှာ တော့ ၅ ဦးအထိ ဖြစ်လာတာပါ ။
H1N1 ရောဂါကြောင့် ရန်ကုန်မှာ ဇွန်လ ၂၀ ရက် မနက်က အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ယခုလအတွင်းသေဆုံးသူအရေအတွက် ၅ ဦးထိရှိလာပြီ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန မှ ကျန်းမာရေးနှင့်အသိပညာမြှင့်တင်ရေး ဌာနခွဲ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူအေးက ဘီဘီစီကို ပြောပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သေဆုံးသူ ၃ ဦး လို့ သတင်းထုတ်ပြန်ခဲ့ပြီးတော့ ဇွန်လ ၂၀ ရက်နေ့မှာ တော့ ၅ ဦးအထိ ဖြစ်လာတာပါ ။
မော်လမြိုင်က အခမဲ့စားစရာတွေရတဲ့နေရာ


၅လကျော်အတွင်း သွေးလွန်တုပ်ကွေးကြောင့် ၁၂ယောက် သေဆုံး
သွေးလွန်တုပ်ကွေးရောဂါကြောင့် ၅လကျော်အတွင်း တစ်နိုင်ငံလုံးမှာ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာ ဒေါ်နေရီရီလင်း က RFA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ဇွန်လ ၁၅ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် သေဆုံးသူ ရှစ်ဦးရှိတယ်လို့ ဒေါက်တာဒေါ်နေရီရီလင်း က ပြောပါတယ်။ ရောဂါဖြစ်ပွားသူ ၃ ထောင်ကျော်ဖြစ်ပွားပြီး ၁၂ ဦး သေဆုံးခဲ့တာပါ။ ရန်ကုန်တိုင်းမှာ ၇၀၀ နီးပါးလောက်ဖြစ်ပွားပြီး ၈ ဦးသေဆုံးခဲ့ကာ အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ဒုတိယနဲ့ ဧရာဝတီတိုင်းက တတိယ ဖြစ်နေပါတယ်။
မင်းပြားက ရွှေကျင်ရွာအနီးမှာ တပ်အင်အား ၂၀၀ ကျော်ရှိနေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအပြင်မှာ တပ်မတော်က အင်အား ၂၀၀ ကျော်နဲ့ အခုလ ၁၈ ရက်နေ့ထဲက နေရာယူထားတဲ့အတွက် ရွာအပြင်ကို မထွက်ရဲဘဲ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၁၈ ရက်နေ့က ရွှေကျင်ကျေးရွာအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေကျရောက်ခဲ့ပြီး မနေ့က တပ်မတော်သား ၃၀ လောက်ဟာ ရွာတွေအတွင်း ဝင်ရောက်ပြီး လူဦးရေစာရင်းစစ်ဆေးခဲ့ကြောင်းနဲ့ အဲဒီနောက်မှာတော့ ရွာအပြင်မှာ တပ်စခန်းချထားတယ်လို့ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးကပြောပါတယ်။
ရွှေတကျပ်သား ကျပ်၁၁သိန်း စံချိန်တင်မြင့်တက်
ဒီကနေ့မနက်ပိုင်းမှာ ကမ္ဘာရွှေဈေးရုတ်တရက် တက်သွားလို့ ကမ္ဘာ့ရွှေဈေးနဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်းဈေးကွက်မှာလည်း ရွှေတကျပ်သားကို ကျပ် ၁၁သိန်းဖြစ်သွားပါတယ်။ ဒါဟာ မြန်မာ့ဈေးကွက်မှာ ပထမဦးဆုံး အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
လျှပ်စစ်ဓါတ်အား မလုံလောက်မှု မြန်မာ့စီးပွားရေး အဟန့်အတားဖြစ်
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမလုံလောက်တဲ့ ပြဿနာဟာ စီးပွားရေးတိုးတက်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံတဝန်း လျှပ်စစ်မီးလုံးဝ မရတာနဲ့ ရတချက် မရတချက်ဖြစ်နေတာက နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်နေတယ်လို့ ၂၀၁၉ ဇွန်လ လအတွက် ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
AA အဖွဲ့ဝင်တွေလို့ မတရား စွပ်စွဲဖမ်းဆီးခံရကြောင်း လက္ကာရွာသား ပြော
အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တစ်သက်ထိချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၃ ဦးကို စစ်တွေခရိုင်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့တာပါ။ သူတို့ဟာ ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်တွေလို့ တပ်မတော်က စွပ်စွဲထားတာဖြစ်ပြီး မိသားစုတွေနဲ့ ကာယကံရှင်တွေဘက်ကတော့ သူတို့ဟာ AA အဖွဲ့နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုနေကြပါတယ်။
ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း လွှမ်းမိုးမှု မရှိကြောင်း သူရဦးရွှေမန်းပြော
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကို လူမျိုး ဘာသာမရွေး၊ နိုင်ငံသားတိုင်း ပါတီဝင်အဖြစ် လျှောက်ထား လို့ရကြောင်း၊ UBP ပါတီဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုမှ မရှိကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။ UBP ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ပါတီဝင်တွေ၊ ပါတီအကြောင်း စိတ်ဝင်စားသူတွေနဲ့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ဒီကနေ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။
၂၀၁၉ ကန် လူကုန်ကူးမှုအစီရင်ခံစာ အဆိုးဆုံးစာရင်း မြန်မာပါဝင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ နိုင်ငံတကာ လူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ Tier 3 လူကုန်ကူးမှု အဆိုးဆုံး နိုင်ငံစာရင်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ မြန်မာအစိုးရအနေနဲ့ အနိမ့်ဆုံးလုပ်ဆောင်သင့်တဲ့ စံနှုန်းစံထားတွေ မပြည့်တဲ့အပြင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်လာအောင် သိသာထင်ရှားတဲ့ ကြိုးပမ်းမှုတွေလည်း မရှိခဲ့ဘူးလို့ အဲဒီ အစီရင်ခံစာမှာဖော်ပြပါတယ်။
Subscribe to:
Posts (Atom)