
Pages
Tuesday, June 18, 2019
မြိတ်တွင် KTV ဆိုင်ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွား

ဓမ္မစေတီ ခေါင်းလောင်းကြီး မြေပေါ်ရောက်မှ မိမိ သေမည်ဟု ဦးစံလင်း ပြော

တရားမ၀င်သည့် ဂြိုလ်တုရုပ်မြင်သံကြား၊ စလောင်းနှင့် ရုပ်သံဖမ်းစက်များ တည်ဆဲဥပဒေများအား မလိုက်နာ ဟု ပြန်ကြားရေး ဒုဝန်ပြော
အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်သည့် ဂြိုလ်တုရုပ်မြင်သံကြား၊စလောင်းနှင့် ရုပ်သံဖမ်းစက် တည်ဆဲဥပဒေများအား လုံးဝ လိုက်နာခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းကပြောသည်။ “သူတို့ရဲ့ Contant ကို ကြည့် လိုက်မယ်ဆိုရင် သူတို့ရဲ့ Program တွေကြည်လိုက်ရင် ကျွန်တော်တို့ရဲ့ တည်ဆဲဥပဒေတွေ ကို လုံးဝ လိုက်နာခြင်းမရှိတာကို တွေ့ရတယ်တချို့ဆိုရင် ကျွန်တော်တို့ ရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ မသင့်တော်တာတွေပါတယ်” ဟု ဦးအောင်လှထွန်းကပြောသည်။
နှုတ်ထွက်ရန် ဖိအားပေးခံနေရသည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးအား တရုတ်အစိုးရမှ နှုတ်ထွက်ခွင့်ပြုလိမ့်မည် မဟုတ်ဟုဆို
တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမှုကြမ်းကို အတည်ပြုနိုင်ဖို့ကြိုးစားနေတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလန်းကို ဟောင်ကောင်ပြည်သူတွေက နှုတ်ထွက်ပေးဖို့တောင်းဆိုနေကြသော်လည်း တရုတ်အစိုးရကတော့ ကာရီလန်းကို နှုတ်ထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစိုးရနဲ့နီးစပ်သူတစ်ဦးက ပြောထားပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကစလို့ တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမူကြမ်းကို လက်မခံနိုင်၍ သိန်းနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာပါ။ ဒီတစ်ကြိမ်ဆန္ဒပြပွဲကြီးကလည်း ဟောင်ကောင်ရဲ့ အကြီးမားဆုံးဆန္ဒပြပွဲကြီးလို့ သိရပါတယ်။
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးအား ဆာမူရိုင်းဓါးဖြင့် လူတဖွဲ့မှလိုက်ခုတ် ၊ ရွှေ့ပြောင်းအလုပ်သမားများဟု ထိုင်းသတင်းထုတ်ပြန်

အပြာကားရိုက်မယ် မရိုက်ဘူးဆိုတာပြောလို့မရသေးပါဘူးဆိုတဲ့ နန်းမွေစံ
ဆမ လိုင်စင်ပိတ်သိမ်းခံပြီးနောက် ပရိတ်သတ်တွေကြားပိုမိုနာမည်ကြီးလာတဲ့ ဒေါက်တာ နန်းမွေစံ ကတော့ ယောကျာ်းလေး ပရိတ်သက်တွေကြား ဝန်းရံအားပေးမှုကိုရရှိခဲ့ပါတယ်။ အောင်မြင်လာတာနဲ့အမျှတဘက်မှာ မှာလည်း သူမဟာ အိမ်ထောင်ကျဖူးတဲ့အကြောင်း မင်္ဂလာဆောင် ဓာတ်ပုံတွေလူမှုကွန်ယက်ပေါ်ပြန့်နှံခဲ့ပါတယ်။ ဒါပေမယ့် သူမကတော့ မင်္ဂလာဆောင်ပြီး သိပ်ကြာကြာမပေါင်းလိုက်ရတဲ့အတွက် အပျိုပါဆိုပြီး ပြောပြလာပါတယ်။ နောက်ထက် စိတ်ဝင်စားစရာ သတင်းတပုဒ် ကတော့ သူမ ဟာ အပြာကားရိုက်မယ် မရိုက်ဘူးဆိုတာ ပြောလို့မရသေးပါဘူး လို့ဆိုပါတယ်။ ”မွေစံ စိတ်ကိုက လုပ်မယ်မလုပ်ဘူးဆိုတာ ဘယ်အရာမှ ပြောလို့မရသေးပါဘူး လုပ်ချင်ရင် လုပ်မယ် မလုပ်ချင်ရင်မလုပ်ဘူး သူတို့ပြောစကားကိုလည်း သိပ်ဂရုစိုက်ပါဘူး လို့ the speaker journal နဲ့ အင်တာဗျူးမှာပြောထားပါတယ်။
လူပေါင်း၂ သန်းပါဝင်သည့် ဆန္ဒပြပွဲပြီးနောက် အမှိုက်များကို ပြန်လည်ရှင်းလင်းသွား၍ ဟောင်ကောင်ဆန္ဒပြလှုပ်ရှားသူများ ချီးကျူးခံရ
"အမျိုးမချစ်သည့်သူ" များလာသည့်အတွက် "မျိုးချစ်" ဆိုသည့် အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်း ဟု ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဆို
မြန်မာနိုင်ငံတွင် မျိုးချစ်၊ အမျိုးသားရေးအုပ်စု စသည့် အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်းသည် မျိုးမချစ်သည့် သူ များလာသောကြောင့် ဖြစ်သည် ဟု ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောသည်။ မျိုးချစ်ဆိုသည့် အင်အားစုများ ပေါ်ပေါက်လာခြင်းသည်လည်း မျိုးချစ် များလာသည့်အတွက်ဖြစ်ပြီး တုံ့ပြန်ရန် ပေါ်ပေါက်လာခြင်း ဖြစ်သည် ဟု လည်း ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောသည်။
ဂျွန် (June) ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်အသုံးပြုမှု ဒေသခံများ လက်မခံ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် June Cement Industry Limited မှ စက်ရုံလည်ပတ်နိုင်ရန်အတွက် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားကို အသုံးပြုရန် ပြောဆိုလာသည့်အပေါ် လက်မခံကြောင်း စက်ရုံတည်နေရာအနီးရှိ ကျေးရွာဒေသခံများက ပြောကြားသည်။
တရားခွင်ထဲတွင်လဲကျခဲ့ပြီးနောက် ဆေးရုံတွင် ကွယ်လွန်ခဲ့သော အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီ၏ ရုပ်အလောင်းအား သဂြိုဟ်ပြီးစီး
တရားခွင်ထဲတွင် မူးမေ့လဲကျခဲ့ပြီးနောက် ဆေးရုံတွင် ကွယ်လွန်ခဲ့သော အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီ၏ ရုပ်အလောင်းအား ယနေ့နံနက်စောစောပိုင်းက ကိုင်ရိုမြို့ အရှေ့ပိုင်းရှိ သုဿာန်တစ်ခု၌ မြှုပ်နှံပြီးစီးကြောင်းသိရသည်။ အသက်(၆၇)နှစ်အရွယ်ရှိပြီဖြစ်သော သမ္မတဟောင်းမော်စီသည် သူ့အားတရားရုံးဝယ် ကြားနာစစ်ဆေးနေစဉ် တရားခွင်ဝယ် မူးမေ့လဲကျခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ကုသသော်လည်း ဆေးရုံတွင် ယမန်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်တွင် ထိုင်ဝမ်မူးယစ်ဂိုဏ်းအား ဆက်တိုက်ဖမ်းဆီးနေရာမှ အဓိက မူးယစ်ဆေး ရှာဖွေ ပေးနေသူ ထိုင်းနာမည်ကြီးအဆိုတော် အဖမ်းခံရ

သတင်းယူသွားသည့် အမျိုးသမီး သတင်းထောက် (၂) ဦးအား ပိတ်ဆို့တားဆီးခံရ

မြိတ်တွင် မိုးသက်လေပြင်းကြောင့် သစ်ပင်ပြိုလှဲပြီး နေအိမ် ၂ လုံးပိမိ

မြန်မာတနိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ သုံးထောင်ကျော်ရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိလာ
မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁၄၄ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။ေ သွးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည်ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုသည်လည်း ရန်ကုန်တိုင်းက အများဆုံးဖြစ်သောကြောင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ကျွဲတစ်ကောင်ကိုရှောင်ရင်း ကား နှစ်စီး တိုက်မိ

ပြည်သူသာယာဝပြောရေးနှင့် နိုင်ငံအကျိုးရှိစေမည့်စီမံကိန်းများ အကောင်အထည်ဖော်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
စီမံကိန်းများအကောင်အထည်ဖော်ရာတွင် ဘတ်ဂျက်ကို ကြည့်ရွေးချယ်ခြင်းထက် ပြည်သူ သာယာဝပြောရေးနှင့် နိုင်ငံအတွက် အများဆုံး အကျိုး ဖြစ်စေမည့်စီမံကိန်းများကို ရွေးချယ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းသည်။ ဇွန်လ ၁၇ ရက်တွင်ပြုလုပ်သော ၂၀၁၉ အမျိုး သားစီမံကိန်း ကော်မရှင်အစည်းအဝေး၌ အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေး သည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ညှိနှိုင်း အတည်ပြုချက်ရယူသည့်အစည်းအဝေးဖြစ်သည်။
လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရအသုံးစရိတ် တိုးမြှင့်သုံးစွဲမည်ဟု သမ္မတပြောကြား
လျှပ်စစ်အပါအ၀င် အခြေခံအဆောက်အအုံကဏ္ဍနှင့် ကျန်း မာရေး၊ ပညာရေးအပါအ၀င် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးရေးအတွက် အစိုးရအသုံးစရိတ်များ တိုးမြှင့်သုံးစွဲမည်ဟု သမ္မတဦးဝင်းမြင့်က ပြော ကြားသည်။ လူမှုစီးပွားမြှင့်တင်ရေးပြည် သူကို လက်ငင်းအကျိုးဖြစ်ထွန်း စေမည့် လျှပ်စစ်မီးရရှိရေး၊ လမ်း တံတားလုပ်ငန်းများ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အစိုးရအသုံးစရိတ်များ တိုးမြှင့် သုံးစွဲမည်ဖြစ်သကဲ့သို့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး လူမှုကာ ကွယ်စောင့်ရှောက်ရေးလုပ်ငန်း များတွင် ယခင်နှစ်ထက် အသုံး စရိတ်တိုးမြှင့်သုံးစွဲမည်ဟု သမ္မတ က ပြောသည်။
၂၀၅၀ မှာ ကမ္ဘာ့လူဦးရေ ၉ ဒသမ ၇ ဘီလီယံအထိ ရှိလာမည်
လူဦးရေ ဖွံ့ဖြိုးမှု နှေးကွေးနေပေမယ့် ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေဟာ ၉ ဒသမ ၇ ဘီလီယံအထိ ရောက်ရှိပြီး ၂၁၀ဝ ပြည့်နှစ်မှာဆိုရင် ၁၁ ဘီလီယံအထိ ရောက်ရှိမယ်လို့ တစ်နှစ်နှစ်ကြိမ် ထုတ်ပြန်သည့် လူဦးရေ အစီရင်ခံစာမှာ ကုလသမဂ္ဂက ကြေညာထားပါတယ်။ ဥရောပနဲ့ မြောက်အမေရိကတို့မှာ အသက်ကြီးပိုင်းလူဦးရေ တိုးပွားလာနိုင်တာနဲ့ ပတ်သက်ပြီး အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။
ကမ္ဘာကျော် စတန့်ပြကွက်ကို ပြဖို့လုပ်ရင်း မြစ်ထဲမှာ ပျောက်နေခဲ့တဲ့ အိန္ဒိယစတန့်သမား ရေနစ်သေဆုံးဟု အတည်ပြု
ခြေတွေလက်တွေကို သံကြိုးခတ်စေပြီး မြစ်ထဲ ချခိုင်းကာ ပြန်လည် လွတ်မြောက်တဲ့ ပြကွက်တစ်ခုကို ပြသဖို့ လုပ်ခဲ့တဲ့ အိန္ဒိယ စတန့်သမားတစ်ဦး ဇွန်လ ၁၆ ရက်က မြစ်ထဲမှာ ပျောက်ဆုံးခဲ့ပါတယ်။ ယခုအခါမှာတော့ ゞင်း စတန့်သမားဟာ ရေနစ်သေဆုံးသွားပြီဖြစ်ကြောင်း ရဲက အတည်ပြုပါတယ်။ ချန်ချယ်လ် လာဟီရီ အမည်ရ အဆိုပါ အိန္ဒိယ စတန့်သမားဟာ အမေရိကန်စတန့်သမား ဟယ်ရီ ဟူဒီနီရဲ့ ကမ္ဘာကျော် ပြကွက်ကို ပြန်လည် ဖန်တီးပြသဖို့ ကြိုးစားရင်းနဲ့ ခုလို အဖြစ်နဲ့ ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။
ပြည်ပချေးငွေများသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်သောကြောင့် အလေအလွင့် မဖြစ်အောင်သုံးစွဲရန် သမ္မတ သတိပေး
ပြည်ပချေးငွေများသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်သောကြောင့် အလေအလွင့် မဖြစ်အောင်သုံးစွဲရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်သည်။ ဇွန်လ ၁ရရက် မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော ဘဏ္ဍဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ဘဏ္ဍဍာရေးကော်မရှင်ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောခဲ့ခြင်း ဖြစ်သည်။
ဂျပန်မှာ 7-Eleven ဆိုင်တွေ လုပ်သားရှားပါးမှုနှင့် ကြုံတွေ့ပြီး ရုန်းကန်နေရ
မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် အဆိုတော် Pooky အဖမ်းခံရ
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ပြီး ၁၁ ဦးသေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဇွန် ၁၈ ရက်က ပြင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်ရာမှာ ၁၁ ဦး သေဆုံးပြီး လူပေါင်း ၁၂၂ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ငလျင်လှုပ်တာကြောင့် ပျက်စီးပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးပုံအောက် အသက်ရှင်နေသူတွေကို ကယ်ဆုယ်ရေးသမားတွေက ကယ်ထုတ်နေရပါတယ်။ ငလျင်ဟာ ယီပင်းမြို့ အပြင်ဖက် မြေအောက်အနက် ဆယ်မိုင်ခန့်မှာ ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ တရုတ်ငလျင်ကွန်ယက်စင်တာက ထုတ်ပြန်ပါတယ်။
စစ်သံမှူးက ကန့်ကွက်ခဲ့သည့် အပစ်ရပ် ၁၀ ဖွဲ့အစည်းအဝေး ပြန်လည်ကျင်းပခွင့်ရ အစည်းအဝေးကျင်းပနိုင်ရေး မြန်မာအစိုးရက ထိုင်းအစိုးရထံ အကြောင်းကြားထားဟုဆို
ထိုင်းနိုင်ငံရှိ မြန်မာစစ် သံမှူး ကန့်ကွက်မှုကြောင့် ကျင်းပခွင့်မရသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ထိုး ၁၀ ဖွဲ့၏ အစည်းအဝေး ပြန်လည် ကျင်းပခွင့်ရကြောင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်အချို့က ပြောသည်။ ‘‘ကန့်ကွက်ခံရတဲ့ အလုပ် အဖွဲ့အစည်းအဝေးကို လာမယ့် ဇွန် ၂၀၊ ၂၁ မှာ ပြန်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒါကိုလည်း အစိုးရ ဘက်က ဒါကို သူတို့အနေနဲ့ ထိုင်း အစိုးရကိုလည်း အကြောင်းကြား ထားပေးပြီး ဖြစ်ပါတယ်’’ဟု ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဇွန်လ ၁၇ ရက်တွင် ပြောသည်။
စက်မှုဇုန် ဖွံ့ဖြိုးရေး တိုင်းနှင့် ပြည်နယ်အစိုးရ တာဝန် ပိုယူပါ
မော်လမြိုင်-ဘားအံ ကားလမ်းမအပေါ်က လှမ်းကြည့်လိုက်ပါက ချူံနွတ်ပိတ်ပေါင်းများ အကြားက အဖြူ၊ အပြာ၊ သံချေးရောင် သွယ်အမိုးများကို လှမ်းမြင်ရ၏။ ထိုမြင်ကွင်းများရှိရာ အဆောက်အဦများဆီ သွားကြည့်ပါက အရှေ့ မျက်နှာစာ တံခါး နှစ်ချပ် နှစ်ဖက်ကို သော့ခလောက်ကြီးများဖြင့် တင်းကြပ်စွာခတ်ထားသည့် မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံ၊ ကားဘော်ဒီရုံ၊ တွင်းခုံ၊ အမှုန့်ကြိတ်စက်ရုံ ၁၀၀ နီးပါးကို မြင်တွေ့နိုင်သည်။ ပိတ်သိမ်းထားသော စက်ရုံ၊ အလုပ်ရုံ ပမာဏသည် လုပ်ငန်းအားလုံး၏ သုံးပုံ တပုံပင်။
ဟုမ်ရွမ်အထည်ချုပ်စက်ရုံကြောင့် ပျက်စီးသွားသည့်လမ်း ပြန်ပြင်ပေးရန် ရွာသားများဆန္ဒပြ
လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဟန်းနက်စ်ဝုဖ် ခြေသလုံးထက်ပိုင်းကျိုး ဒဏ်ရာရ
မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများ စတင်ရောင်းချ
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းတွေ ဝယ်ယူဖို့ လျှောက်လွှာတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဓမ္မာရုံမှာ ဇွန်လ ၁၇ ရက်က စတင် ရောင်းချပေးနေပြီဖြစ်ပါတယ်။ ဒီတခါ ရောင်းချပေးမယ့်တိုက်ခန်းတွေဟာ မန္တလေးခရိုင် ၆ မြို့နယ်မှာရှိတဲ့ အရပ်ဘက် ၀န်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေကိုပဲ ရောင်းချပေးမှာဖြစ်ပြီး ရဲနဲ့တပ်မတော်သားတွေအတွက် တော့ ရောင်းချပေးဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
မီတာခနှုန်းထားများကို ပြင်ဆင်ရန် ကမ္ဘာ့ဘဏ် အကြံပြု
မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားခနှုန်းတွေကို ပြင်ဆင်ဖို့နဲ့ စနစ်တခုလုံးရဲ့ အားနည်း လိုအပ်ချက်တွေကို ထိထိရောက်ရောက်ပြင်ဆင်ဖို့ ကမ္ဘာ့ဘဏ်က အကြံပြုထားပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ လက်ရှိထက် ၂ ဆ ရင်းနှီးမြှုပ်နှံဖို့လိုနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လက်ရှိလုပ်နေတဲ့ စီမံကိန်းတွေကို အခုထက် ၃ ဆပိုပြီး မြန်မြန်ဆန်ဆန်လုပ်မှပဲ လျှပ်စစ်လိုအပ်ချက်ကို အလျဉ်မီအောင်ဖြည့်ဆည်းနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ် အနိမ့်ဆုံးဖြစ်တဲ့ နည်းလမ်းတွေကို ရွေးဖို့လည်း အကြံပြုထားပါတယ်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန်- ၁၈၊ ၂၀၁၉
ဒီကနေ့ ဇွန် ၁၈ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၂၄ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၈ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၃ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၃ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၈ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၂ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၈၁၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၈၉၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၀၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၈၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၇၅ ကျပ်ဈေးဖြစ်ပါ တယ်။
ဦးဝင်းတင်၏ အသုံးအဆောင်များကို ထိန်းသိမ်းထားသူက ပြတိုက်တည်ထောင်ချိန်တွင် လှူဒါန်းမည်
လုံခြုံရေးဂိတ်အနီး သစ်များတင်ဆောင်လာသည့်ကားတစ်စီး ဖမ်းမိ

သွေးလှူဒါန်းမှု၊ လက်ခံအသုံးပြုမှုတို့နှင့်ဆိုင်သော အမျိုးသားအဆင့် သွေးနှင့်သွေးပစ္စည်းမူဝါဒ National Blood Policy မူကြမ်းရေးဆွဲပြီးဖြစ်၍ အတည်ပြုနိုင်ရန် လုပ်ဆောင်နေ
သွေးလှူဒါန်းမှု၊ လက်ခံ အသုံးပြုမှုတို့ နှင့် သက်ဆိုင်သည့် အမျိုးသားအဆင့် သွေးနှင့် သွေးပစ္စည်း မူဝါဒ National Blood Policy မူကြမ်း ရေးဆွဲပြီးဖြစ်၍ အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေအသုံးပြုရန် ဆွေးနွေးလျက်ရှိ
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေအသုံးပြုနိုင်ရန် ကိစ္စရပ်များကို မြန်မာ-တရုတ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာနမှ သိရသည်။
ခန္တီးမြို့နယ်အတွင်း တရားမဝင်ရွှေတူးဖော်မှုများ ပပျောက်စေရန် ရွှေအသေးစားနှင့် လက်လုပ်လက်စားများအတွက် တရားဝင်တူးဖော်ခွင့်ချထားပေးရန် စီစဉ်နေ

မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းမပေါ် ရတနာ(စိုက်ပျိုးရေး) အိမ်ရာရှေ့ တွင် YBS 37 နှင့် Hijet ယာဉ် မျက်နှာချင်း ဆိုင်တိုက်မိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရရှိ
ရန်ကုန်ဆိပ်ကမ်း၌ သုံးနှစ်တာအတွင်း အပြည်ပြည်ဆိုင်ရာ ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှစ်စင်း အသစ်တည်ဆောက်ပြီးစီးခဲ့ပြီး လက်ရှိတွင် အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတား ၄၁ စင်းအထိရှိလာ

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျပ်သိန်းပေါင်း သုံးသိန်းလေးသောင်းကျော် တန်ဖိုးရှိ ရွှေစင်ရွှေပြားများ ကပ်လှူ

အေအေ ဖမ်းထားသည့် ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းများ လွတ်မြောက်ရေး ညှိနှိုင်းနေ
ရက္ခိုင့်တပ်မတော်(အေအေ) က ဖမ်းဆီးထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်း တွေဟာ နယ်စပ်စခန်းတခုမှာ ရောက်ရှိနေပြီး သူတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။ေ မလ ၁၈ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)ရဲ့ မီးလောင်ဆုံရှုံးခဲ့ရတဲ့ သံဘောင်နဲ့ ဆက်စပ်ပစ္စည်းတွေ အတွက် အာမခံလျော်ကြေးငွေ ပေးအပ်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံး၌ အမှုကြားနာနေချိန် ရုတ်တရက် နှလုံးရပ်သေဆုံး
အီဂျစ်သမ္မတဟောင်း မိုဟာမတ်မော်စီဟာ ဇွန် ၁၇ ရက်က ကိုင်ရိုမြို့က တရားရုံးတခုမှာ သူလျှိုမှု စွဲချက်တွေအတွက် အမှုကြားနာနေချိန် ရုတ်တရတ် နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။ အသက် ၆၇ နှစ်အရွယ် မော်စီဟာ ဆီးချိုနဲ့ သွေးတိုးရောဂါတွေကို ခံစားနေရပြီး အကျဉ်းချခံထားရချိန်မှာ ဆေးကုသမှု မခံယူခဲ့ရဘူးလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမယ့် သူဟာ ကိုင်ရိုမြို့ရဲစခန်းနဲ့ ပုဂ္ဂလိကဆေးရုံတရုံမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့ သတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ဗင်နီဇွဲလား အတိုက်အခံလွှတ်တော်အမတ် ကာရို ပြန်လွတ်မြောက်
သမ္မတရုံး၏ တာဝန်ပေးချက်အရ ဦးဝီရသူကို တရားစွဲဆိုခြင်းဟု တရားလို ထွက်ဆို
နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက်အရ ဦးဝီရသူကို တိုင်တန်းတရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ အနောက်ပိုင်းခရိုင်ဒုအထွေထွေအုပ်ချုပ်ရေးမှုး ဦးစန်းမင်းက တရားခွင်၌ ထွက်ဆိုသည်။ ဦးဝီရသူကို နိုင်ငံတော်အကြည်ပျက်စေမှုပုဒ်မဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် ဦးစန်းမင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ကနေဒါ ဘတ်စ်ကက်ဘောအသင်း အောင်ပွဲခံနေချိန် ပစ်ခတ်မှုဖြစ်ပွား
စစ်တပ်ပိုင် ဘုရင့်နောင်ပွဲရုံမြေကို ဆက်ငှားရန် ရန်ကုန်တိုင်းအစိုးရ ဆက်ကြိုးပမ်းမည်
တပ်ပိုင်မြေပေါ်မှာရှိနေတဲ့ ဘုရင့်နောင်ပွဲရုံမြေနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမြေကို ဆက်လက်ငှားရမ်း စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ ဇွန်လ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေနဲ့ တွေ့ ဆုံပြီး အခုလို ပြောဆိုခဲ့တာပါ။
ကိုကိုးကျွန်း သင်္ဘောဝယ်ယူရေး အပါအဝင် လုပ်ငန်း၃ခုကို အစိုးရပယ်ဖျက်
၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းတွင်ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်ပြထားသည့် စုပေါင်းရာဇဝတ်ရုံးတည်ဆောက်ရေး၊ တိုင်း ရဲတပ်ဖွဲ့ရုံး တည်ဆောက်ရေး နှင့် ကိုကိုကျွန်း သင်္ဘောဝယ်ယူရေး ကိစ္စတို့ကို ပယ်ဖျက်လိုက်ကြောင်း စီမံဘဏ္ဍဍာ ဝန်ကြီး ဦးမြင့်သောင်းက ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ရိုးမားအသင်းရဲ့ ဒါရိုက်တာရာထူးမှ နှုတ်ထွက်ခဲ့တဲ့ တော့တီ
တရုတ်သမ္မတ ရှီကျင့်ဖျင် ယခုသီတင်းပတ်ထဲ မြောက်ကိုရီးယားသို့ သွားမည်
တရုတ်သမ္မတ ရှီကျင့်ဖျင် ယခုသီတင်းပတ် ဇွန်လ ၂၀ ရက်တွင် မြောက်ကိုရီးယားသို့ နှစ်ရက်တာ ခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ ယင်း ခရီးစဉ်အတွင်း မစ္စတာ ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်မှာ ကြုံတွေ့နေရသည့် ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။
အမျိုးသမီးတစ်ဦးကို ဓားဖြင့် ခြိမ်းခြောက်ကာ သားမယားပြုကျင့်ခဲ့သူ(၂)ဦးကို ဖမ်းမိ
မြေလတ်ဒေသပုံရိပ် ရှုခင်းပန်းချီကားများကို ရန်ကုန်တွင် ပြသရောင်းချမည်
မြန်မာ့စီးပွားရေး အရှိန်ပြန်ရလာပြီဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင်ဖော်ပြ
ပြီးခဲ့တဲ့နှစ်အတွင်း အလှုပ်အယမ်းများခဲ့တဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်း ပြန်တည်ငြိမ်လာပြီး အရှိန်ပြန်ရလာပြီလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲ့ဒီ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနူန်းဟာ ၂၀၁၈/၁၉ ဘဏ္ဍဍာနှစ်မှာ ၆.၅ ရာခိုင်နှုန်းရှိမှာဖြစ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက စီးပွားရေးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားတွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။
ဦးဝီရသူကို တရားခံပြေးဟု သုံးစွဲထားမှုအတွက် တရားစွဲမည်ဟုဆို
အချိန်ကာလ(၂) နှစ် နီးပါး ကြာမြင့်နေပြီဖြစ်သော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုတွင် တစ်ဖက်မှ တရားရုံးသို့တင်ပြထားသော လျှောက်လဲချက်၌ ဆရာတော် ဦးဝီရသူကို "တရားခံပြေး" ဟု သုံးစွဲထားသည့်အပေါ် တရားလိုဖြစ်သူ ကိုကျော်မျိုးရွှေက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နှင့် တရားခံပြေးဟု သုံးစွဲသူ မှန်သမျှကိုလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်၊နံနက်ပိုင်းက (၆၈)ကြိမ်မြောက် ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။ ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်တဲ့အဆင့်မှာသာ ရှိသေးသည့်အတွက် တရားခံပြေးဟု သုံးစွဲခြင်းသည် တစ်ဖက်သား၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ် ဟု တရားလို၏ရှေ့နေ ဦးဇော်ဝိတ်မှ ပြောဆိုခဲ့ပြီးနောက် ရုံးချိန်းကို ဇူလိုင် ၂ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
တောင်ငူမြို့ မိုးလုံလေလုံအားကစားခန်းမတွင် ၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပွဲတော် အခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုးလုံလေလုံ အားကစားခန်းမကြီးတွင် ယနေ့ (ဇွန် ၁၈ ရက်) နံနက် ၉ နာရီမှ ၁၁ နာရီခန့်အထိ (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပွဲတော်အား ကျင်ပးခဲ့ပြီး၊ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံ အိန္ဒိယသံရုံး၊ ဆရာမ နန်းမို (Nan Mo Yawga Class) တို့က ဦးစီး၍ တောင်ငူမြို့ နန်းထိုက်(Nan Htike Yoga Class) နှင့် ချစ်စု (Chit Su SuYawga Class) တို့ ပူးပေါင်းကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
Parasite ဇာတ်ကား ကိုရီးယား၌ဖြန့်ချိပြီး နှစ်ပတ်အတွင်း လက်မှတ်စောင်ရေ ရှစ်သန်းကျော် ရောင်းချရ
၂၀၁၉ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုဖြစ်သည့် ရွှေအုန်းပင်ဆုရရှိခဲ့သည့် Parasite ဇာတ်ကားသည် ကိုရီးယားတွင် ဖြန့်ချိခဲ့ပြီး နှစ်ပတ်အတွင်း လက်မှတ်စောင်ရေ ရှစ်သန်းကျော် ရောင်း ချနိုင်ခဲ့သည်ဟု ကိုရီးယားရုပ်ရှင်ကောင်စီ KOFIC က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကိုရီးယားဒါရိုက်တာ Bong Joon-ho သရိုက်ကူးသည့် ယင်းဇာတ်ကားသည် မကြာမီ လက်မှတ်စောင်ရေ ၁၀ သန်းကျော် ရောင်းချနိုင်သည့် ဇာတ်ကားစာရင်းတွင် ပါဝင်နိုင်ခြေရှိသည်ဟု KOFIC က ခန့်မှန်းခဲ့သည်။
မြန်မာ့စောင်းတူရိယာအကြောင်းကိုအခြေခံ၍ မြန်မာဂျပန် ပူးပေါင်းရိုက်ကူးထားသည့်ဇာတ်ကား ယခုနှစ်အတွင်းပြသရန်စီစဉ်မည်

ရေနံတင်သင်္ဘောတိုက်ခိုက်မှုတွင် အီရန်ပါဝင်ကြောင်း လက်ခံလာရန် ပြည်ပခေါင်းဆောင်များအား ပွန်ပီယို စည်းရုံး
အရှေ့အလယ်ပိုင်းဒေသတွင် အဓိကကျသော ရေနံတင်ပို့သည့် လမ်းကြောင်း၌ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် အီရန်ပါဝင်ကြောင်းကို လက်ခံရန် သတိထားနေကြသည့် ဥရောပနှင့် အာရှခေါင်းဆောင်များအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စည်းရုံးနေခဲ့ပြီး ယင်းသည် အမေရိကန်အတွက်သာမက အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကပါ ဖြေရှင်းရမည့်ပြဿနာဖြစ်ကြောင်း ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း အာမခံထပ်လျှောက်၊ အာမခံ ပေး/မပေး နောက်ရုံးချိန်း အမိန့်ချမည်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံနေရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အာမခံပေးရန် သူမ၏ ရှေ့နေများက ဒုတိယအကြိမ်ထပ်လျှောက်လိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် ရုံးချိန်းက ယင်းသို့လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၇ ရက် ရုံးချိန်းတွင် အာမခံပေးသင့်/မပေးသင့် ဆိုသည်ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ကြကြောင်း တနင်္သာရီတိုင်းတရားလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ဆင်စခန်းအသစ်နှစ်ခု ထပ်မံဖွင့်လှစ်မည်
ဆင်များထိန်းသိမ်းရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စစ်ကိုင်းတိုင်းအတွင်း ဆင်စခန်း အသစ်နှစ်ခုကို ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည်က ပြောကြားသည်။ အဆိုပါဆင်စခန်းနှစ်ခုကို စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်နှင့် မုံရွာမြို့နယ်အတွင်းရှိ ဗောဓိတစ်ထောင်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိမြန်မာနိုင်ငံတစ်ဝန်းတွင် မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားသည့် ဆင်စခန်းပေါင်း ၂၀ ရှိပြီး ပုဂ္ဂလိကပိုင် ဆင်စခန်း နှစ်ခုရှိသည်။
အပြန်အလှန် ထိန်းကျောင်းမှု သဘောတရား
အပြန်အလှန် ထိန်းကျောင်းမှု သဘောတရား (Checks and Balances) ဟူသည် မဏ္ဍိုင်တစ်ခုစီက အခြားမဏ္ဍိုင်နှစ်ခုကို ကန့်သတ်ထိန်းချုပ် သို့မဟုတ် စစ်ဆေးထိန်း ကျောင်းနိုင်သည့် အာဏာရှိခြင်းဖြစ်ပြီး ယင်းသည် နိုင်ငံတော်၏ သီးခြားအာဏာသုံးခုအကြား ချိန်ခွင်လျှာသဘောတရားတစ်ရပ်ကို ဖန်တီးထားခြင်းဖြစ်သည်။ ယင်းသဘောတရားသည် မဏ္ဍိုင်တစ်ရပ်၏ ရည်ရွယ်ချက်များက အခြားမဏ္ဍိုင်များ လွှမ်းမိုးကြီးစိုးလာမည်ကို ကာကွယ်မှုဖြစ်ပြီး ထို့ကြောင့် မည်သည့်အချိန်၌မဆို မဏ္ဍိုင်အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်က ပြည်သူလူထုအား အစိုးရ၏ မတော်မတရား ပြုလုပ်မှုများမှနေ၍ လွတ်ကင်းစေသည်။
အရက်တုတွေသောက်မိလို့ မြန်မာတွေ မလေးရှားမှာ သေဆုံးပြန်
အရက်တုတွေ သောက်သုံးမိတာကြောင့် မြန်မာ လူမျိုး ၂ ယောက်သေဆုံးပြီး ၅ ယောက်ဆေးရုံတင်ထားရပါတယ်။ အရက်တုတွေ သောက်သုံးမိတာကြောင့် မြန်မာ လူမျိုး ၂ ယောက်သေဆုံးပြီး ၅ ယောက်ဆေးရုံတင်ထားရတယ်လို့ မလေးရှားရဲတပ်ဖွဲ့ကို ကိုကားပြီး မလေးရှားက မီဒီယာတွေမှာဖော်ပြပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ ဇွန်လ ၁၁ ရက်နေ့က နေ ၁၄ ရက်နေ့အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေနဲ့ ဆောက်လုပ်ရေးသမားတွေဖြစ်တယ်လို့ The Straits Times သတင်းစာမှာဖော်ပြထားပါတယ်။
မဘသ ကနေ အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ဗဟို ကနေ ကြေညာချက်တရပ် ထုတ်ပြန်
လက်ရှိအစိုးရ လက်ထက်မှာ ၀ံသာနု စိတ်ဓါတ်ကဗျာ ပယ်ဖျက်တာ ၊ ဇာတိမာန် သီချင်းမလိုဟု ပြောကြားတာ၊ အမျိုးသားရေး ၀ါဒက ဒီမိုကရေစီ အန္တရာယ်လို့ ပြောတာတွေကို ရှုတ်ချကြောင်း ၊ အမျိုးသမီး မ၀င်ရ ကန့်သတ်ထားတဲ့ အောက်စက်တော်ရာကို နိုင်ငံခေါင်းဆောင် အမျိုးသမီး ၀င်ရောက်တဲ့ အပေါ် ကန့်ကွက်ကြောင်း ၊ နိုင်ငံတွင်း မွေးဖွားတဲ့ ကလေးတိုင်းကို မွေးဖွားခြင်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးရမယ် ဆိုတဲ့ ဥပဒေကို ဆန့်ကျင်ကြောင်း ၊ ဧည့်စာရင်း ဥပဒေ၊နောက်ယောင်ခံ စောင့်ကြည့်ရေး ဥပဒေ၊ အရေးပေါ် စီမံချက်ဥပဒေတွေကို ပယ်ဖျက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊
နေအိမ်ရှေ့ ကားပါကင်နေရာ ဖယ်မပေးသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ လူ ၂ ဦး ဒဏ်ရာရ

တွေ့ဆုံပွဲတိုင်းတွင်ပြောခဲ့သောစကားများမှာ နိုင်ငံ၏ပြဿနာများကို ဝေဖန်ထောက်ပြခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆို
တွေ့ဆုံပွဲတိုင်းတွင် ပြောကြားခဲ့သောစကားများမှာ မြန်မာနိုင်ငံ၏ပြဿနာများကို ဝေဖန်ထောက်ပြခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်ကကျင်းပသောလူထုတွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
ရာသီတုပ်ကွေး H1 N1 ဖြစ်ပွားတတ်သောကာလဖြစ်၍ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးလုံလောက်စွာထားရှိရန်နှင့် ရောဂါဖြစ်ပွားမှုစောင့်ကြပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီး ညွှန်ကြား
ယခုကာလသည် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) ဖြစ်ပွားတတ်သောကာလဖြစ်၍ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးများလုံလောက်စွာ ထားရှိရန်နှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။
ထိုင်ဝမ်က သဲပန်းပုထုလုပ်မှု ကမ္ဘာ့ဂင်းနစ်စံချိန်သစ် တင်
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း ကျပ် ၆၈၁ ဘီလျံကျော်ရှိ
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း ကျပ် ၆၈၁ ဘီလျံကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်း နှင့် ဘဏ္ဍဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။ ဇွန် ၁၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေ စာရင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ချင်းမိုင် မာဆတ်တစ်ခုမှာ ရိုက်ကူးထားတဲ့ အပြာကားထွက်လာတာကြောင့် ဒေသခံတွေ ဒေါသထွက်

ဦးဝင်းထိန်နှင့် NLD တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့ ၏ အစည်းအဝေးမှတ်တမ်းဟုဆိုသည့်စာလူမှုကွန်ရက်ပေါ်ပျံ့နှံ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့်တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့တို့အစည်းအဝေးမှတ်တမ်းဟုဆိုသည့်စာတစ်စောင်မှာလူမှုကွန်ရက်စာမျက်နှာများပေါ် ဇွန်လ ၁၆ ရက် ညတွင် စတင်ပျံ့နှံ့ခဲ့သည်။ ယင်းစာတွင် ဦးဝင်းထိန်၊ တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် အစည်းအဝေးတက်ရောက်လာသူများကပြောဆိုထားသည်ဆိုသည့်အချက်များပါဝင်သည်။
အိန္ဒိယတွင် ဆရာဝန်များ သပိတ်ထပ်မှောက်၊ ဆေးရုံတွင်း အကြမ်းဖက်ရန်ပြုမှုကို ထောင် ၇ နှစ်နဲ့ အထက် ပြစ်ဒဏ်သတ်မှတ်ရန် အရေးဆို
အိန္ဒိယမှာ ဆေးရုံတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးရန်ကို အစိုးရအနေဖြင့် ကိုင်တွယ် ဖြေရှင်းပေးဖို့ အရေးဆိုနေတဲ့ ဆရာဝန်တွေဟာ ဇွန်လ ၁၇ ရက်နေ့မှာတော့ ဒုတိယအကြိမ် နိုင်ငံအဆင့် သပိတ်ထပ်မှောက်ကြပြီ ဖြစ်ပါတယ်။ ယခုတစ်ခေါက်ဟာလည်း ဇွန် ၁၄ ရက်နေ့ကအတိုင်း တစ်ရက်သပိတ်သာဖြစ်ကြောင်း ၊ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများမှအပ ကျန်ဝန်ဆောင်မှုများအားလုံး ရပ်ဆိုင်းထားကြောင်း သိရပြီး ဆရာဝန်အင်အား သောင်းဂဏန်းပါဝင်ကြောင်း ခန့်မှန်းရပါတယ်။
အင်းစိန်မြို့နယ်တွင် အထည်အလိပ်ရောင်းချ ပွဲစားခမပေး၍ မကျေနပ်ကြောင်း ပြောဆိုကာ ဓါးဖြင့် ဝိုင်းခုတ်မှု့ ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် အထည်အလိပ် ရောင်းချခဲ့ရာတွင် ပွဲစားခမပေး၍မကျေနပ်ကြောင်း ပြောဆိုကာ ဓါးဖြင့်ဝိုင်းခုတ်မှု့ တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။ ရွာမအနောက်ရပ်ကွက်နေ မြတ်ကျော်သူ(၃၈)နှစ်သည် ဇွန် ၁၆ည ၈ နာရီ၄၅မိနစ်အချိန်တွင် နေအိမ်၌ရှိနေစဉ် အထည် အလိပ်ဂိုဒေါင်မန်နေဂျာ ဦးအောင်အောင်ရောက်ရှိလာပြီး အထည်အလိပ်ပွဲစားလုပ်ကိုင်သူ ရွာမအနောက်ရပ်ကွက်နေ ကိုသက်ဆွေက တွေ့ချင်ကြောင်း လာပြောခဲ့သည်ဆို၏။
ဆရာဝန်ဖြစ်ဖို့ စိတ်ကူးနေပါသလား
ဆယ်တန်းအောင်စာရင်းထွက်ပြီမို့ မကြာခင်မှာ တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်လွှာတင်ကြရပါတော့မယ်။ လွန်ခဲ့တဲ့ ၅၅ နှစ် ၁၉၆၄ ခုနှစ် ကတည်းက ဆယ်တန်းအောင်ရင် ဆေးတက္ကသိုလ်ကို တိုက်ရိုက်လျှောက်ရပြီး လျှောက်ထားသူတွေထဲက ဝင်ခွင့်ပြုမယ့် အရေအတွက်ကို အမှတ်အများအနည်းအလိုက် ရွေးခဲ့ပါတယ်။ အမှတ်ကောင်းသူ အများစုကလည်း ဆေးတက္ကသိုလ်ကိုပဲ ဦးစားပေးလျှောက်လေ့ ရှိပါတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြပါတယ်။
၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်တွင် အစိုးရအဖွဲ့၏လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက် ကျော်လွန်ခွင့်ပြုထားကြောင်း ဘဏ္ဍဍာရေးကော်မရှင်ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြား
၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်တွင် အစိုးရအဖွဲ့၏ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက် ကျော်လွန်ခွင့်ပြုထားကြောင်း ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းတွင် ကျင်းပသည့် ဘဏ္ဍဍာရေးကော်မရှင် (၃/ ၂၀၁၉) အစည်းအဝေး၌ ဘဏ္ဍဍာရေးကော်မရှင်ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။
တပ်မတော်သားများသည် မိမိဆန္ဒအလျောက် စစ်မှုထမ်းဆောင်ကြသူများဖြစ်၍ နိုင်ငံတော်ကိုကာကွယ်ရန်ဆိုသော စိတ်ဓာတ်အခြေခံကောင်းများရှိထားပြီးဖြစ်၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်ရန်၊ ကျွမ်းကျင်မှုရှိရန်၊ ရဲစွမ်းသတ္တိရှိရန်ဆိုသော စစ်သားကောင်းတို့၏ စွမ်းရည်များပြည့်စုံအောင်လေ့ကျင့်ကြ

အရေးပေါ်သတိပေးစနစ်ချို့ယွင်းချက် ကိုင်တွယ်ပုံမှားယွင်းခဲ့ကြောင်း ဘိုးရင်းစီအီးအို ဝန်ခံ
ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များ အရေးပေါ်သတိပေးစနစ် ချို့ယွင်းချက်ကို ဘိုးရင်းအင်ဂျင်နီယာများ ကိုင်တွယ်ပုံမှားယွင်းခဲ့ကြောင်း ဘိုးရင်းအမှုဆောင်အရာရှိချုပ် ဒဲနစ် မူလန်ဘာ့ဂ်ျက ဝန်ခံပြောကြားလိုက်သည်။ေ လယာဉ်ခေါင်းစိုက်ဆင်းစေသည့် အရေးပေါ်စနစ်ချို့ယွင်းချက်ကြောင့် ၇၃၇ မက်စ်လေယာဉ်နှစ်စင်း ပျက်ကျကာ လူ ၃၄၆ ဦး သေဆုံးခဲ့ရသည်။ ၇၃၇ မက်စ်လေယာဉ် အရေးပေါ်သတိပေးစနစ်သည် ရည်ရွယ်ထားသည့်အတိုင်း အလုပ်မလုပ်ဘဲ ချို့ယွင်းနေခြင်းကို ဘိုးရင်းက တစ်နှစ်ကျော်လောက်ကြာအောင် အသိမပေးဘဲ ဖုံးဖိထားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) ကလည်း ပြစ်တင်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ

(၅.၈) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု မြန်မာနိုင်ငံပြည်ပ လှုပ်ရှား
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၂၅)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၀၅) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (ှSichuan, China ) မြောက်လတ္တီတွဒ် (၂၈.၃၈)ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၁၀၅.၀၁) ဒီဂရီ၊ အနက် (၄၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။
အိန္ဒိယလွှတ်တော်အမတ် ၄၃ ရာခိုင်နှုန်းနီးပါး ရာဇဝတ်မှုစွဲချက်များဖြင့် ရင်ဆိုင်နေရ
အိန္ဒိယရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘီဂျေပီပါတီ အောင်ပွဲခံနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲကို ငွေကြေး၊ အာဏာ၊ သံသယဖြစ်စရာ လုပ်ရပ်များဖြင့် လွှမ်းမိုးခဲ့သလောဟု မေးခွန်းထုတ်စရာများလည်း မြင့်တက်လျက်ရှိသည်။ ဇွန် ၁၇ ရက်တွင် အစိုးရသစ် ပထမဆုံးအကြိမ် အောက်လွှတ်တော်စတင်ရာ၌ လွှတ်တော်အမတ် ၄၃ ရာခိုင်နှုန်းနီးပါးသည် ရာဇဝတ်မှုစွဲချက်များဖြင့် ရင်ဆိုင်နေရသူများဖြစ်သည်။
အိန္ဒိယ မျက်လှည့်ဆရာ စတန့်ပြမှု မှားယွင်းပြီး မြစ်ထဲတွင် ပျောက်ဆုံးနေ

ဥရောပ၏ တိုက်လေယာဉ်သစ်တည်ဆောက်ရေးအစီအစဉ်တွင် စပိန်က ပြင်သစ်၊ ဂျာမနီတို့နှင့် ပူးပေါင်း

ယူဂန်ဒါတွင် အီဘိုလာရောဂါ ကာကွယ်ဆေးများ စတင်ဖြန့်ဝေ
ယူဂန်ဒါနိုင်ငံမှာ အီဘိုလာရောဂါ ကာကွယ်ဆေးတွေ စဖြန့်ပေးနေပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) နဲ့ ယူဂန်ဒါ ကျန်းမာရေး တာဝန်ရှိသူတွေက ဇွန် ၁၆ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က အီဘိုလာရောဂါကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်ရွယ် ကလေးတယောက်ဆီမှာလည်း အီဘိုလာရောဂါပိုး စစ်ဆေးတွေ့ရှိထားပါတယ်။ ဒါ့ကြောင့် ရောဂါရှင်နဲ့ ဆက်နွှယ်တဲ့ ဆွေမျိုးသားချင်းတွေကိုလည်း ကာကွယ်ဆေး ထိုးပေး ခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိသူ အဲဒီသုံးယောက်စလုံးဟာ ကွန်ဂိုနိုင်ငံကနေ ရောက်လာခဲ့ကြတာပါ။
ရီးရဲလ်ကို ပြောင်းရွှေ့နိုင်ရေး ပေါ့ဘာ ကြိုးပမ်းနေဟု သတင်းထွက်ပေါ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နာမည်ကြီး ကွင်းလယ်ကစားသမား ပေါ်လ်ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ကစားသမားအနေနဲ့ ပြင်သစ်သားနည်းပြကြီး ဇီဒန်းရှိရာ ဘာနေဗျူးကို ရောက်ရှိဖို့ သတင်းတွေ ကျယ်လောင်နေခဲ့ပေမယ့် အမှန်တကယ် ဖြစ်ပေါ်လာခြင်းမရှိသေးလို့ အခုလို တွန်းအာပေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးနည်းပြဟောင်း ဆာရီကို ဂျုဗင်တပ်နည်းပြအဖြစ် ခန့်အပ်
မန်ယူအသင်းကို အားကစားဒါရိုက်တာအဖြစ် ပြန်လာလိုကြောင်း ဖာဒီနန် ပြော
မဟာဓာတ်အားလိုင်း ပြတ်တောက်သဖြင့် အာဂျင်တီးနားနှင့်ဥရုဂွေးတွင် လူသန်းချီ လျှပ်စစ်မီးပြတ်
အာဂျင်တီးနားနိုင်ငံမှာ ဇွန် ၁၆ ရက်နေ့ အစောပိုင်းက ကမ်းရိုးတန်း မဟာဓာတ်အားလိုင်း ပြတ်တောက်သွားတာကြောင့် အာဂျင်တီးနားနဲ့ ဥရုဂွေး ၂ နိုင်ငံက နေရာတော်တော်များများမှာ သန်းချီတဲ့လူတွေ လျှပ်စစ်မီးမရကြဘူးလို့ အာဂျင်တီးနား စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ မီးပြတ်နေတာကြောင့် အာဂျင်တီးနား မြို့တော် ဗျူနိုအဲရီးစ်မှာ မနက်အစောပိုင်းက လူသွားလူလာ နည်းပါးနေပြီး ရေပေးဝေတဲ့စနစ်အပြင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေခဲ့ပါတယ်။
လမ်းဘေးထိုးကျနေသည့်ကားပေါ်၌ KNU/KNLA- PC အရာရှိ ၁ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
အမေရိကန်ဖိအားကြောင့် Huawei ဖုန်းရောင်းအားထိုးကျပြီး ထုတ်လုပ်မှုလျှော့ချရန် စီစဉ်
အမေရိကန်သည် ပြီးခဲ့သည့်လက တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီး Huawei ကို အမည်ပျက်စာရင်းသွင်းရန် ခြိမ်းခြောက်ပြီးချိန်ကတည်းက Huawei ၏ ပြည်ပစမတ် ဖုန်းရောင်းချရမှုမှာ ထိုးဆင်းသွားသည်ဟု တည်ထောင်သူ ရင်ကျန်ဖေက ဇွန် ၁၇ ရက် တွင် ပြောကြားခဲ့သည်။ Huawei ကို အထီးကျန်စေရန် အမေရိကန်၏ ကြိုးပမ်းနေမှုအား ကျော်လွှားရန် ပြဿနာပတ်လည်ဝိုင်းနေသည့် ၎င်းတို့လုပ်ငန်းသည် ထုတ်လုပ်မှု လျှော့ချမည်ဟုလည်း ရင်ကသတိပေးခဲ့သည်။
ဟက်ပီးဘတ်ဒေး အမေစု ပန်းချီပြ၌ ပုံတူပန်းချီကား ၁၂၀ ပြသ
တရုတ်ဒုသမ္မတနှင့်ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို ကျုံးဘေးတွင် စတုဒီသာ ကျွေးမွေးလှူဒါန်း
အာဆင်နယ်က စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာကို ခေါ်ရန် သဘောတူညီမှုရ

တောင်သူလယ်သမားများအတွက် နှစ်တိုနှစ်ရှည်ချေးငွေများထုတ်ချေး
မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် နှစ်တိုနှစ်ရှည်ချေးငွေများကို ထုတ်ချေး ပေးနေကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ နှစ်ဆင့်ချေးငွေနှင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေများကို ထုတ်ချေးပေးနေ ခြင်းဖြစ်ပြီး JICA TWO step loanတွင် လယ်သမားများ စက်ပစ္စည်းဝယ်ယူရာတွင် ထုတ်ချေးခြင်းဖြစ်ကြောင်း ထုတ်ချေးရာတွင် နှစ်တို၊နှစ်ရှည်ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။
ဂျော့ကလူးနီ ဟန်ဆောင်ပြီး ပစ္စည်းများ လိမ်ညာရောင်းချခဲ့သည့် အီတလီစုံတွဲကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး

အသင်းလိုက်ကစားတတ်သည့် ကစားသမားများသာအလိုရှိဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြော
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများတွင် ကစားသမားရွေးချယ်ရာ၌ တစ်ဦးချင်းစွမ်းဆောင်ရည် ကောင်းမွန်သောကစားသမားထက် အသင်းလိုက်ကစားတတ်သူများကို အလိုရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောလိုက်သည်။ြ မန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ဇွန်လ(၁၀)ရက်က မီဒီယာများ၏မေးမြန်းမှုကို အထက်ပါအတိုင်းပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။
ဆွီဒင်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လေကြောင်းခရီးအစား ရထားအသုံးပြုမှုများလာ
ဆွီဒင်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်အနေဖြင့် လေယာဉ်ဖြင့်ခရီးထွက်ခြင်းအစား ရထားကို အသုံးပြုမှုများလာနေကြောင်း သိရသည်။ ဆွီဒင်နိုင်ငံလူထုအတွင်း Flight Shame လှုပ်ရှားမှုကြောင့် လေဆိပ်များတွင် ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားအရေအတွက် (၈)ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။ ရာသီဥတုပြောင်းလဲမှုသိသာလာသည်နှင့်အမျှ ဆွီဒင်နိုင်ငံသားများက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် ခရီးသွားလာခြင်းကို လျှော့ချလာကြသည့် အကျိုးဆက်အနေဖြင့် လွန်ခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းလေကြောင်းလိုင်းများတွင် ဧပြီလအတွင်း (၁၅)ရာခိုင်နှုန်းအထိကျဆင်းလာကြောင်း သိရသည်။
၂၀၁၅ နျူကလီယားသဘောတူညီချက် အီရန်ချိုးဖောက်တော့မည်
အီရန် အဏုမြူစွမ်းအင် အေဂျင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အီရန်နိုင်ငံ အနေနဲ့ အီရန်အပေါ် ကန့်သတ်ထားတဲ့ သန့်စင် ယူရေနီယံ ပမာဏ ကီလိုဂရမ် ၃၀၀ ထက် ကျော်လွန် ထုတ်လုပ်တော့မှာဖြစ်ကြောင်း တနင်္လာနေ့က အီရန်ရဲ့ Arak နျူကလီးယား စက်ရုံမှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီ ပမာဏဟာ ၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံကြီး ၆ နိုင်ငံအကြား ရရှိထားတဲ့ သဘောတူညီချက်အရ ခွင့်ပြုထားတဲ့ ပမာဏ ဖြစ်ပြီး လာမယ့် ၁၀ ရက်အတွင်း ဒီ သတ်မှတ် ပမာဏကို ကျော်လွန်တော့ဖြစ်လို့ ဒါဟာ သဘောတူညီချက်ကို အီရန်နိုင်ငံက ပထမဆုံး အကြိမ် ချိုးဖောက်တော့မယ့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဗွီအိုအေ သတင်းဌာနက ဖော်ပြထားပါတယ်။
ရာသီတုပ်ကွေး H1 N1 ဖြစ်ပွားတတ်သောကာလဖြစ်၍ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးလုံလောက်စွာထားရှိရန်နှင့် ရောဂါဖြစ်ပွားမှုစောင့်ကြပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီး ညွှန်ကြား
ယခုကာလသည် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N 1) ဖြစ်ပွားတတ်သောကာလဖြစ်၍ ပြည်သူ့ဆေးရုံများတွင် ဆေးဝါးများလုံလောက်စွာထားရှိရန်နှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများလုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။
"တရုတ်မှာ ငလျင်လှုပ်မှုကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရ"
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးပြီ ၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေနဲ့ အစိုးရသတင်းဌာနက ပြောပါတယ်။ ငလျင်ဟာ ယမန်နေ့ (ဇွန် ၁၇ ရက်) ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်ခန့်က မြေအောက်အနက် ၁၀ မိုင်နီးပါးမှာ ဗဟိုပြုလှုပ်ခတ်သွားကြောင်း China Earthquake Networks Centre က ပြောပါတယ်။ ငလျင် ဗဟိုပြုလှုပ်ခတ်သွားတဲ့ စီချွမ်ပြည်နယ် ယီဘင်မြို့အပြင်ဘက်နေရာကို ကယ်ဆယ်ရေးသမားများ အလျင်အမြန် သွားရောက်နေခဲ့ကြကြောင်း Xinhua သတင်းက ဖော်ပြပါတယ်။
အိန္ဒိယ-မြန်မာ တပ်ဖွဲ့များပူးပေါင်းပြီး နှစ်နိုင်ငံနယ်စပ်မှ သူပုန်များကို ဖယ်ရှား
အိန္ဒိယနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်း စစ် ဆင်ရေးပြုလုပ်ပြီး၊ အိန္ဒိယအရှေ့ မြောက်ပိုင်းနှင့် မြန်မာနယ်စပ် လက်နက်ကိုင်သူပုန်များ၏ စခန်း အချို့ကို ချေမှုန်းဖယ်ရှားနိုင်ခဲ့ ကြောင်း ဇွန် ၁၆ ရက်က indian-express သတင်း၌ ဖော်ပြထား သည်။ Operation Sunshine -2 ဟုအမည်ပေးထားသည့် နှစ်နိုင်ငံ တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင် သည့် အဆိုပါစစ်ဆင်ရေးကို မေ ၁၆ ရက်မှ ဇွန် ၈ ရက်အထိ ပြု လုပ်ခဲ့ကြခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့်မွေးနေ့ စုပေါင်းစက်ဘီးစီးပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ပါဝင်စီးနင်းမည်

ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရမှု အီရန်တာဝန်မကင်းဟု ဆော်ဒီအာရေဗျနိုင်ငံက ပြစ်တင်စွပ်စွဲ
ဆော်ဒီအာရေဗျအိမ်ရှေ့မင်း သားက အိုမန်ပင်လယ်ကွေ့အ တွင်း ရေနံတင်သင်္ဘောနှစ်စင်း ဇွန် ၁၃ ရက်က တိုက်ခိုက်ခံရမှု သည် အီရန်နိုင်ငံတွင် တာဝန်ရှိ ကြောင်း ဇွန် ၁၆ ရက်က ပြစ်တင် ပြောဆိုလိုက်သည်။ ယင်းတိုက် ခိုက်မှုသည် နိုင်ငံတကာလွတ်လပ် စွာ ရေကြောင်းသွားလာမှုအား ခြိမ်းခြောက်ခြင်းပင်ဖြစ်သည်ဟု လည်း ဆက်လက်ပြောကြားလိုက် သည်။ ဆော်ဒီအာရေဗျနိုင်ငံအ နေဖြင့် ဒေသတွင်းစစ်မက်ဖြစ်ပွား ခြင်းအားလည်း ရှောင်ရှားလိုရန် ဆန္ဒရှိသည်ဟုလည်း ထုတ်ဖော် ဆိုလိုက်သည်။ ယင်းတိုက်ခိုက်မှု နှင့် စပ်လျဉ်း၍ အမေရိကန်ပြည် ထောင်စုက အီရန်နိုင်ငံ၌ တာဝန် ရှိကြောင်း ပြစ်တင်ပြောဆိုထား ပြီးလည်းဖြစ်သည်။ အီရန်နိုင်ငံက မူ ယင်းကိစ္စအပေါ် ငြင်းဆိုထား သည်။
ဂျီ - ၂၀ နိုင်ငံများအကြား ပင်လယ်ပြင်အတွင်း ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးသဘောတူညီချက် ရရှိ
ဂျပန်နိုင်ငံတွင် ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခု၌ ပင်လယ်များအတွင်း ပလတ်စတစ် ညစ်ညမ်းမှုများကို လျှော့ချမည့် သဘောတူညီချက်တစ်ခုကို စက်မှုထိပ်သီး ဂျီ -၂၀ နိုင်ငံများအကြား ရရှိခဲံကြောင်း သိရသည်။ ယင်းသဘောတူညီချက်အောက်တွင် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် ကတိပြုထားသော်လည်း မည်သို့မည်ပုံလုပ်ကိုင်ဆောင်ရွက်မည်ဆိုသည့် အသေးစိတ်ကို အနည်းငယ်သာ ဖော်ပြထားသည်။
Huawei နှင့်ပူးပေါင်းကာ စပိန်နိုင်ငံတွင် ပထမဆုံး 5G ကွန်ရက် Vodafone ကုမ္ပဏီစတင်
Vodafone Espana ကုမ္ပဏီ သည် တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ကြီး Huawei နှင့်စပိန်နိုင်ငံတွင် ပထမဆုံးစီးပွားဖြစ် 5G မိုဘိုင်း ၀န်ဆောင် မှုများကို ဇွန် ၁၅ ရက် တွင်စတင်လိုက်ကြောင်း၊ စပိန်အ နေဖြင့်ဥရော ပတွင် အထူးလျင် မြန်သော မိုဘိုင်းကွန်ရက်ကိုအ သုံးပြုသော ပထမဆုံးဥရောပနိုင်ငံ များတွင် ပါဝင်လာခဲ့ကြောင်းသိရ သည်။ Vodafone Espana ကုမ္ပဏီ ၏အဆိုအရ ၅ွ မိုဘိုင်းကွန်ရက် သည်မက်ဒရစ်၊ ဘာစီလိုနာ၊ ဗလင်စီယာ၊ ဆီဗီလာမြို့တို့အပါ အ၀င် စပိန်မှ အဓိကမြို့ကြီး ၁၅ ခုတို့ကို လွှမ်းခြုံထားသည်ဟု သိရ သည်။
အင်ဒိုနီးရှားမှာ ဒရိုင်ဘာနဲ့ စကားများပြီး ခရီးသည်က စတီယာရင်ကို ဆွဲလုရာက ကားတိုက်မှုဖြစ်ကာ လူဒါဇင်ချီ သေဆုံး
ကျောင်းသား၊ကျောင်းသူ ၂ဝဝ နီးပါးကို “မမြတ်လေးပညာရည်ချွန်ဆု” များ ချီးမြှင့်
အသက် ၁ နှစ်ကျော် အရွယ် မိန်းကလေးငယ်ကို ခိုးယူ အဓမ္မပြုကျင့်မှု ဖြစ်ပွား
အသက် ၁ နှစ်နှင့် ၉ လအရွယ်ရှိ မိန်းကလေးငယ်ကို ခိုးယူပြီး အဓမ္မပြုကျင့်မှုဖြင့် ကိုရင်ကြီး တစ်ပါးကို လူဝတ်လဲ၍ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေ ရဲစခန်းက အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ြ ဖစ်စဉ်မှာ ဇွန် ၁၅ ရက် ညသန်းခေါင်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ဘုန်းကြီးကျောင်းလမ်းရှိ မော်ကျွန်းကျောင်းဝင်း ကျောင်းတိုက်ရှိ ရုံးခန်းတွင် မောင်နှစ်မ ၂ယောက်ကို သိပ်ထားပြီး မိဘများက ရေသန့်ဘူးများ ဆေးကြောနေခဲ့ရာ အလုပ်ပြီး၍ ပြန်လာချိန်တွင် သမီးဖြစ်သူမှာ ပျောက်ဆုံးနေသောကြောင့် ကျောင်းတိုက် အတွင်း လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရသဖြင့် လိုက်လံရှာဖွေခဲ့ရာ
“ရဟန်း” နှင့် ပတ်သက်သော သာသနာရေးထုတ်ပြန်ချက်ကို "ဗရုတ်သုတ်ခ ကြေညာချက်"ဟု မိန့်ကြား
“ရဟန်း” ဟု ခေါ်ဆိုရမည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အများပြည်သူကို ရှင်းလင်းဖော်ပြထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် အမှားအယွင်းများနေသည့် ဗရုတ်သုတ်ခ ကြောညာချက်သာ ဖြစ်သည်ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) ဒုတိယဥက္ကဋ္ဌဌ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက မိန့်ကြားသည်။" သာသနာရေးဝန်ကြီးဌာနက ဗရုတ်သုတ်ခ ကြေညာချက်ထုတ်ပါတယ်။ ဗရုတ်သုတ်ခကြေညာချက် အဲ့ဒီထဲမှာ မဟုတ်တာတွေ တော်တော်များတယ်။ မဟုတ်တာတွေ တော်တော်များများ သူတို့ထည့်ပြီးတော့ ရေးထားတာပေါ့။
ထိုင်း-မလေးနယ်စပ်မှာ ခိုးဝင်မြန်မာ ၁၆ ယောက် အဖမ်းခံရ
ထိုင်း-မလေးရှားနယ်စပ်က၊ ဆုံခလာခရိုင်၊ ဟတ်ရိုင်မြို့နယ်ထဲမှာ လူကုန်ကူးသူတွေနဲ့ ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို စနေနေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံထဲ တရားမဝင်လာရောက်သူတွေကို ထိုင်းအာဏာပိုင်တွေက ထိုင်းစစ်တပ်နဲ့အတူ လိုက်လံရှာဖွေ ဖမ်းဆီးမှုတွေ တိုးမြှင့်လာခဲ့တဲ့ နောက်ပိုင်း ဧပြီလကစပြီး ၂ လအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၀၀ လောက် အဖမ်းခံနေရတာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။
AA လက်နက်ကိုင် သံသယနဲ့ဖမ်းခံရသူ ရခိုင်ဒေသခံ ၇၀ ၀န်းကျင်ရှိ
ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေသလို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ အရေအတွက်လည်း တိုးလာနေပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ အရေအတွက် ၇၀ ကျော်သွားပြီလို့ ရခိုင် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။ စစ်ရေးပဋိပက္ခ တင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပက်သက်နေတယ်ဆိုတဲ့ သံသယနဲ့ မြန်မာစစ်တပ်ကနေ ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။
မြန်မာအတွက် ကုလတာဝန် ပျက်ကွက်ခဲ့သလား
ကုလသမဂ္ဂရဲ့ ယန္တရားစနစ်အားနည်းမှုကြောင့် ကြီးမားကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာအဖွဲ့အစည်းကြီးအနေနဲ့ ဆောင်ရွက်ရမယ့် တာဝန်တွေ ပျက်ကွက်ခဲ့တယ်လို့ ဒီရက်ပိုင်းအတွင်း ထွက်လာတဲ့ ကုလသမဂ္ဂရဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာက ဝေဖန်ထောက်ပြလိုက်ပါတယ်။
ဗီယက်နမ် ဒုဝန်ကြီးချုပ် Hue နေပြည်တော်ရောက်

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှု တိုင်းအယူခံအတွက် ဦးရောဘတ် ဆောင်ရွက်မည်
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံရမှုအပေါ် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တရားရုံးက အပြီးအပြတ်လွှတ်ပေးခဲ့တာကို ပြန်လည်စိစစ်ပေးဖို့ ရန်ကုန်တိုင်းဥပဒေရုံးက အယူခံဝင်ထားမှုအတွက် ရှေ့နေဦးရောဘတ်စန်းအောင်က ဒီနေ့ တိုင်းတရားလွှတ်တော်ရုံးမှာ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ပါတယ်။
NLDပါတီနဲ့ ပြည်သူ့ပါတီ ဦးဆောင်သူ တချို့ ပထမဆုံးအကြိမ်တွေ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်ပိုင်းတချို့နဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ဦးဆောင်သူတချို့ဟာ ပထမဆုံးအကြိမ်အနေနဲ့ ဒီကနေ့ ဇွန် ၁၇ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ NLD ပါတီဘက်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွန့်တို့ ပါဝင်ပြီး ပြည်သူ့ပါတီဘက်ကတော့ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီး၊ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ တွဲဖက်အထွေထွေ အတွင်း ရေးမှူး(၁) ဦးကျော်ကျော်ထွေး(ကိုမာကီ)နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးကျော်ကျော်စိုးတို့ ပါဝင် ခဲ့တယ်လို့ သိရပါတယ်။
အစိုးရကိုရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားဖို့ မဘသ(ဗဟို) တိုက်တွန်း
လက်ရှိအစိုးရကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပစ်ဖို့ ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို ဒီကနေ့ပြုလုပ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးညီလာခံမှာ မဘသလို့ခေါ်တဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အောင်ဆန်းတောရတပ်ဦးကျောင်းနဲ့ မင်းဓမ္မလမ်းပေါ်က သီရိမင်္ဂလာမဟာသာသနဗိမာန်တို့မှာ ပြုလုပ်တဲ့ မဘသညီလာခံမှာ ကြေညာချက် ထုတ်ပြန်ပြီး အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ် ဗီဒီယိုနဲ့အသံဖိုင်တွေကို သက်သေခံအဖြစ် တင်သွင်း
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် တရားလိုတင်သွင်းတဲ့ ဗီဒီယိုဖိုင်တွေနဲ့ သံချပ်စာသားတွေကို သက်သေခံအဖြစ် ဒီနေ့တရားရုံးက လက်ခံလိုက်ပါတယ်။ ဒီလိုလက်ခံလိုက်တာဟာ တရားဥပဒေနဲ့မညီတဲ့အတွက် ဆက်လက်ပြီး အယူခံတင် ကန့်ကွက် ဝင်သွားမယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောပါတယ်။
ရှစ်နှစ်အရွယ် ယောက်ျားလေးကဖခင်၏တူမီးသေနတ်ဖြင့် စနောက်ပစ်ခတ်ရာ ၁ဝနှစ်အရွယ် အစ်မဖြစ်သူသေဆုံး
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ကျေးရွာအုပ်စု၊ သုံးဂွဆုံကျစ်ချောင်းတောတွင် ရှစ်နှစ်အရွယ် ယောက်ျားလေးကဖခင်မရှိခိုက် ဖခင်၏တူမီးသေနတ်ဖြင့် စနောက်ပစ်ခတ်ရာအစ်မအရင်းဖြစ်သူမှာ ခဲစထိမှန်၍ သေဆုံးခဲ့ကြောင်း တကောင်းနယ်မြေရဲစခန်းမှသိရသည်။
ဝိုင်းမော်၌ တည်းခိုခန်းတည်းခိုသူ အမျိုးသားတစ်ဦး အခန်းတွင်းသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့၌ ဇွန် ၁၆ ရက် နံနက်က တည်းခိုခန်းတည်းခိုသူ အမျိုးသားတစ်ဦး အခန်းတွင်းသေဆုံးခဲ့ကြောင်း ဝိုင်းမော်မြို့နယ်ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာဇွန် ၁၆ ရက်နံနက် ၈ နာရီခွဲက ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင် အမျိုးသားတစ်ဦးရုပ်အလောင်း ရောက်ရှိနေကြောင်း သတင်းအရ ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် အောင်မြင့်ဦးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက်နေ နေလင်းထွန်း(၂၈ နှစ်) ဆိုသူဖြစ်ပြီး ဇွန် ၁၆ ရက်နံနက် ၇ နာရီခွဲအချိန်တွင် တည်းခိုခန်းအတွင်း ကုတင်ချင်းကပ်လျက်အိပ်သည့် ခန့်ဘော်မှ နေလင်းထွန်းအား လှုပ်နှိုးရာ အသားများအေးစက်ပြီး သေဆုံးနေကြောင်းနှင့် အခန်းတွင်း၌ အဲယားကွန်းနှင့်ပန်ကာမှာ ဖွင့်လျက်ရှိကြောင်း သိရသည်။ေ သဆုံးသူ နေလင်းထွန်းမှာ ပုဂ္ဂလိက ကျန်းမာရေးအဖွဲ့မှဖြစ်ပြီး အဖော်ဖြစ်သူ ခန့်ဘော်၊ လင်းကိုကို၊ ဂျေဂူဆဲ တို့နှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုအား လေ့လာစာရင်းကောက်ယူရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် နေလင်းထွန်း သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် ဝိုင်းမော်မြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း - စစ်တပ်နဲ့ ဆရာဒကာ ဆက်ဆံရေး ရှိနေလား

အင်းလေးဟိုတယ်ဇုန် ပြန်စသင့်မသင့် ဒေသခံတွေနဲ့ ညှိနှိုင်းမည်
ကန့်ကွက်မှုတွေကြောင့် ရပ်နားထားရတဲ့ အင်းလေးကန်ဟိုတယ်ဇုန် စီမံကိန်း ဆက်လုပ်သင့်၊ မသင့်ကို ရှမ်းပြည်နယ်အစိုးရအနေနဲ့ ဒေသခံတွေ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းသွားဖို့ရှိနေပါတယ်။ စီမံကိန်းအတွက် လျာထားတဲ့ မြေယာ ပြဿနာတွေမှာလည်း မြေ၀ယ်ထားတဲ့ သူရော လျော်ကြေးပေးပြီး ဖယ်ရှားခံရတဲ့ ဒေသခံတွေရော နှစ်ဘက် နစ်နာမှု မရှိအောင် ဥပဒေအတိုင်း ဆောင်ရွက် သွားသင့်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။
ဆန္ဒပြမှု အကြမ်းဖက်ဖြိုခွင်းသူ ဆူဒန်ကြိုးမိန့် ချမည်
ဆူဒန်နိုင်ငံမှာ ဒီလအစောပိုင်းတုန်းက ဒါဇင်နဲ့ချီ သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ဆန္ဒပြသူတွေ အပေါ် သွေးထွက်သံယို ဖြိုခွင်းခဲ့သူတွေကို ကြိုးစင်တင်မယ်လို့ ထိပ်တန်း စစ်ဗိုလ်ချုပ် တဦးက တနင်္ဂနွေနေ့မှာ ကတိပြုပြောဆိုပါတယ်။ ကျူးလွန်သူတွေကို ကြိုးစင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်လို့ အာဏာရ စစ်ကောင်စီရဲ့ ဒုတိယ အကြီးအကဲ Mohamed Hamdan Dagalo က နိုင်ငံပိုင် ရုပ်သံကနေ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။ အမှားကျူးလွန်သူတို့ တာဝန်ခံရမယ်လို့လည်း Dagalo က ထပ်လောင်း ပြောပါတယ်။
တရားလိုပြသက်သေတွေ မလာတဲ့အတွက် ကိုဆွေဝင်းအမှုရုတ်သိမ်းဖို့ ရှေ့နေတင်ပြ
Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် တရားစွဲထားတဲ့ အဓိကတရားလိုပြသက်သေတွေဖြစ်တဲ့ ဆရာတော် ဦးဝီရသူ အပါအ၀င် သုံးဦးဟာ တရားရုံးချိန်းတိုင်းမှာ လာရောက်ခြင်းမရှိတဲ့အတွက် အဲဒီသက်သေတွေကို စစ်ဆေးခြင်းမပြုတော့ဘဲ ဥပဒေနဲ့အညီ အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ ရှေ့နေက မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဒီနေ့ လျှောက်ထားခဲ့ပါတယ်။
ဝက်လက်မြို့တွင် အိပ်ယာထဲဆေးလိပ်သောက်ရာမှ မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ အမှတ်(၃) ရပ်ကွက် ရွှေအိုးတွင်းရပ်တွင် ဇွန် ၁၇ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က အိပ်ယာထဲဆေးလိပ်သောက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် က ပြောသည်။ ဝက်လက်မြို့နယ်မီးသတ်စခန်း၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်ကွာဝေးသည့် အမှတ်(၃) ရပ်ကွက် ရွှေအိုးတွင်းရပ်ရှိ ဦးမာလာရေကန်တောင်ဘက် ရေကန်ဘောင်ပေါ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရသဖြင့် ဝက်လက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမောင်းနိန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၄) ဦး ရဲတပ်ဖွဲ့ဝင် (၁၀) ဦးတို့ဖြင့် မီးလောင်မှုအားသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ကားနဲ့ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှအမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွား

ကွတ်ခိုင်မှာ တပ်မတော်နဲ့ TNLA တို့တိုက်ပွဲတွေကြောင့် ရွာသား နှစ်ရာကျော် ထွက်ပြေးနေရ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မရူဖတ်ကာကျေးနဲ့ နမ့်ဟွေကျေးရွာတစ်ဝိုက် တပ်မတော်နဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ တိုက်ပွဲကြောင့် ကျေးရွာလေးရွာက ရွာသား နှစ်ရာလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။ ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအုပ်စုအတွင်းက မရူဖတ်ကာကျေးရွာနဲ့ နမ့်ဟွေကျေးရွာတွေ အနီးမှာ ဇွန်လ ၁၆ရက်နေ့ မနေ့မနက်ပိုင်းက တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ ခမီတိုင်းရင်းသား ခြောက်ဦးကို တပ်မတော်ဖမ်းဆီး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ ခမီတိုင်းရင်းသား ခြောက်ဦးဟာ သူတို့နေအိမ်တွေရှိတဲ့ အလယ်ချောင်းရွာမှာ စားနပ်ရိက္ခာတွေ သွားရောက်သယ်ဆောင်ပြီး ဒုက္ခသည်စခန်းကို ပြန်လာစဉ် တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေပိုင်းမှာ အစိုးရတပ်မတော်က ဖမ်းဆီးသွားတာလို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ အကိုဖြစ်သူ ဦးခတ်ချုးက ကပြောပါတယ်။
စစ်ရေးပဋိပက္ခ ပြေလည်ရေး နိုင်ငံရေးဆန္ဒရှိဖို့လိုဟု UNFC ဝေဖန်
လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရခိုင်အပါအဝင် တိုင်းရင်းဒေသတွေက စစ်ရေးပဋိပက္ခတွေ ပြေလည်ဖို့ဆိုရင် တပ်မတော်ဘက်က အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးဆန္ဒရှိဖို့လိုတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။ စစ်ပွဲတွေရပ်ဖို့ -ရှေ့တိုးရခက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်အသက်ဝင်ဖို့ဆိုရင်တော့ NLD အရပ်သားအစိုးရ ဘက်က ငြိမ်းချမ်းရေးမူတွေနဲ့ ထဲထဲဝင်ဝင် ပါဝင်နေတဲ့လူတွေကို ပြန်သုံးသပ်စိစစ်သင့်ပြီလို့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်း ပါဝင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ခံက ထောက်ပြပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးအခြေအနေအပေါ် သုံးသပ်ချက်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ AA ပါဝင်မှ တိုက်ပွဲတွေရပ်တန့်မယ်လို့ ပြည်ထဲရေးပြော
AA အဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်လွှတ်တော်ထံ အကြောင်းပြန်ထားတယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက RFA ကို ဒီနေ့ပြောပါတယ်။ အဲဒီအကြောင်းပြန်စာကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကို ဖြန့်ဝေ ထားတယ်လို့လည်းပြောပါတယ်။
ထားဝယ် ကနက်သီရိရေပြင်မှာ မောင်းသူမဲ့လေယာဉ်(Drone)တစ်စီး ဆယ်ယူရရှိ

Subscribe to:
Posts (Atom)