Pages
Monday, June 24, 2019
ကော့သောင်းမြို့တွင် စိတ်ကြွဆေး၊ လက်နက်နှင့်ကျည်များ ဖမ်းမိ
ဂွမြို့ ဖာလာတောင်တွင် ကားတစီးလိမ့်ကျ၊ ၁၅ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွ-သံတွဲကားလမ်း ဖာလာတောင်အတက်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ကားတစီး တိမ်းမှောက်မှုဖြစ်ပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထာဝရမေတ္တာနာရေးကူညီမှုအသင်းက ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီကားဟာ ဂွမြို့မှာရှိတဲ့ ဖာလာတောင်အတက်မှာ ကားမတက်နိုင်ဘဲ နောက်ပြန် လိမ့်ကျသွားပြီး ကားပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး အချို့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူရန် မန်စီးတီး နီးစပ်နေ
မန်စီးတီးအသင်းဟာ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို မန်ချက်စတာယူနိုက်တက်ကလည်း ခေါ်ယူလိုတာ ဖြစ်ပေမယ့် မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်သွားခဲ့တာပါ။ မေရာသတင်းစာရဲ့ အဆိုအရ မန်စီးတီးအသင်းဟာ မက်ဂွိုင်းယားကို တပတ်လုပ်ခ ပေါင် ၂ သိန်း ၈ သောင်းအထိ ပေးချေမှာဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ပေးချေမှာဖြစ်တဲ့အတွက် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နောက်ခံလူ ဗန်ဒိုက်ရဲ့ ၇၅ သန်းကို ကျော်ဖြတ်ပြီး မက်ဂွိုင်းယားက တန်ကြေးအမြင့်ဆုံး နောက်ခံလူ ဖြစ်လာဖို့လည်း ရှိနေပါတယ်။
အိန္ဒိယတွင် နှင်းထုပြို၍ ပျောက်နေသည့် တောင်တက်သမား ၇ ဦးအလောင်း ပြန်တွေ့
အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့တွေဟာ နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး နန္ဒာဒေဗီ တောင်ခြေစခန်းနားမှာ နှင်းထုပြိုကျလို့ ပျောက်နေတဲ့ တောင်တက်သမား ၈ ယောက်ထဲက ၇ ယောက်ရဲ့ အလောင်းတွေကို ဇွန်လ ၂၃ ရက်က ပြန်ရခဲ့ပါတယ်။ အလောင်းတွေကို အနားက မြေပြင်စခန်းဆီ သယ်လာပြီး ရဟတ်ယာဉ်တွေနဲ့ ဆက်သယ်မယ်လို့ အိန္ဒိယ-တိဘက် နယ်စပ်ရဲဌာန ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ထီပေါက်သည့်ဆရာတော် ထာဝရငြိမ်းချမ်းရေးစေတီအတွက် ကျပ်သိန်း ၁၀၀၀ လှူဒါန်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 24 June 2019
ဧည့်မထ(ဆန်)
မြောင်းမြကုန်စည်ဒိုင်မှာ ဧည့်မထ(ဆန်)တအိတ်ကို ၂၇၀၀၀ ပေါက်ဈေး ရှိပြီး ၄၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ(ဆန်)တအိတ်ကို ၂၄၀၀၀ ပေါက်ဈေး ရှိပြီး ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မြောင်းမြနဲ့ ပုသိမ်ကုန်စည်ဒိုင်မှာ ၃၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
မြောင်းမြကုန်စည်ဒိုင်မှာ ဧည့်မထ(ဆန်)တအိတ်ကို ၂၇၀၀၀ ပေါက်ဈေး ရှိပြီး ၄၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ(ဆန်)တအိတ်ကို ၂၄၀၀၀ ပေါက်ဈေး ရှိပြီး ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မြောင်းမြနဲ့ ပုသိမ်ကုန်စည်ဒိုင်မှာ ၃၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အင်တာနက်လိုင်းမဖြတ်ရန် ရခိုင်ပြည်နယ်လွှတ်တော်၌ အရေးကြီးအဆိုတင်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက်ဆက်သွယ်ရေးလိုင်းဖြတ်တောက်ထားတဲ့ကိစ္စကို အမြန်ဆုံး ရပ်တန့်ပေးဖို့ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းဝေးမှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။ အင်တာနက်လိုင်းဖြတ်တောက်ထားတာကို ရပ်တန့်ပေးဖို့နဲ့ ပြန်လည်သုံးစွဲခွင့်ပြုဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း တင်သွင်းတာဖြစ်ပြီး အဲဒီအဆိုကို ရခိုင်အမျိုးသားပါတီအမတ်က တင်သွင်းထားတာလည်း ဖြစ်ပါတယ်။
မန္တလေးခရိုင် အခြေခံပညာ ၂၅ ကျောင်းတွင် မူးယစ်ဆေးသုံးစွဲမှု ပညာပေး
သမ္မတ ထရမ့် တောင်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားနိုင်ငံကို ဒီသီတင်းပတ်ထဲမှာ လာရောက်လည်ပတ်မယ်၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားရုပ်သိမ်းရေး မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ဇွန်လ ၂၄ ရက်မှာ ပြောပါတယ်။ ထရမ့်ဟာ ဇွန်လ ၂၉ ရက်မှာ ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်နဲ့ တောင်ကိုရီးယားကို ရောက်လာပြီး သမ္မတ မွန်းဂျဲအင်းနဲ့ ဇွန်လ ၃၀ ရက်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်၊ အဲဒီနောက် ဂျပန်အနောက်ပိုင်း အိုဆာကာမြို့မှာ ကမ္ဘာ့ထိပ်သီး အင်အားကြီးနိုင်ငံ ၂၀ အဖွဲ့ G-20 ရဲ့ ထိပ်သီးညီလာခံကို တက်ရောက်မယ်လို့ အိမ်ပြာတော် ပြောခွင့်ရက ဆိုပါတယ်။
၂၀၃၄ ကမ္ဘာ့ဖလားပွဲကို အာဆီယံဒေသတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရည်မှန်း
လာမယ့် ၂၀၃၄ မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အာဆီယံဒေသတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရည်မှန်းထားတယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ပြောပါတယ်။ အာဆီယံ ထိပ်သီးညီလာခံရဲ့ ဇူလိုင် ၂၃ ရက်နေ့ အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က အခုလို ပြောလိုက်တာပါ။ ဖြစ်နိုင်လို့ရှိရင် ၂၀၃၄ မှာ အာဆီယံဒေသတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူကြေးရုပ်တု ဖြူးမြို့တွင် ထားရှိမည်
G-20 ထိပ်သီးညီလာခံတွင် ဟောင်ကောင်အရေး ဆွေးနွေးခွင့်ပြုမည်မဟုတ်ဟု တရုတ်ပြော
တရုတ်အစိုးရဟာ ဟောင်ကောင်အရေးကို ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံ G-20 မှာ ထည့်သွင်းဆွေးနွေးခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ကျန်းကျွင်းက ဇွန်လ ၂၄ ရက်မှာ ပြောပါတယ်။ တရုတ်မြို့တော် ဘေကျင်းက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောလိုက်တာပါ။ေ ဟာင်ကောင်အရေးဟာ တရုတ်အတွက် ပြည်တွင်းရေးသက်သက်ဖြစ်ပြီး ဘယ် နိုင်ငံခြားတိုင်းပြည်မှာမှ စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူးလို့ ကျန်းက ပြောပါတယ်။
တောင်သူအရေးတက်ကြွလှုပ်ရှားသူ ၂ ဦးကို ထောင်ဒဏ် ၄ လ စီ အမိန့်ချ
ဝန်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းရန် ရန်ကုန်တိုင်းလွှတ်တော်အတည်ပြု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဝန်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းဖို့ ဇွန်လ ၂၄ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့စည်းဖို့ကို နိုင်ငံတော် သမ္မတက တိုင်းလွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ဝန်ကြီးကိုတော့ လွှတ်တော်က မကြေညာသေးပါဘူး။
ဝမ်းတွင်းတည်းခိုခန်းတခုတွင် ဆရာဝန်တဦး သေဆုံး၊ ရဲက စစ်ဆေးနေ
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ဇွန် ၂၃ ရက် မနက်က တည်းခိုခန်းတခုမှာ ဆရာဝန်တဦး လက်နဲ့ နှုတ်ခမ်းတွေ ပြာနှမ်းပြီး အိပ်ရာထဲ သေဆုံးနေတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်းက “Open Society Myanmar ကုမ္ပဏီမှာ လုပ်နေတဲ့ ဆရာဝန်တဦးပါ။ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဝမ်းတွင်းဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို လူမှုကူညီရေးအသင်းကားနဲ့ ပြောင်းပေးရတယ်၊ သေမှုသေခင်း အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
အရာတော်မြို့နယ်၊ မန်ကျည်းဇောက်ကျေးရွာနှင့် ငါးရဟိုးကျေးရွာ ကျေးရွာချင်းဆက်လမ်း၌သဲအိတ်ချခြင်းနှင့် မြေဖို့ခြင်းများ ဆောင်ရွက်

မီနီအိုးဝေ စီးနင်းလျှင် အခမဲ့ဝိုင်ဖိုင် ၁၅ မိနစ် ရမည်
တယ်လီနောမြန်မာနှင့် Oway Ride တို့ ပူးပေါင်း၍ မီနီအိုးဝေ သုံးဘီးယာဉ် စီးနင်းသူများအတွက် အခမဲ့ဝိုင်ဖိုင် ၁၅ မိနစ်အသုံးပြုနိုင်မည့် အစီအစဉ်ကို ယနေ့ ဇွန်လ ၂၄ ရက်တွင် စတင်မိတ်ဆက်သည်။ ခရီးစဉ်အတည်ပြုပြီး ယာဉ်ပေါ်သို့ ရောက်သည်နှင့်တပြိုင်နက် အခမဲ့ဝိုင်ဖိုင်အပြင် ဖုန်းငွေနှင့် ဒေတာဖြည့်သွင်းခြင်း ဝန်ဆောင်မှုများကိုပါ ရယူသွားနိုင်မည်လည်း ဖြစ်ကြောင်း တယ်လီနောမြန်မာ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဋ္ဌေးက ပြောကြားသည်။
အီသီယိုးပီးယား ကာကွယ်ရေးဦးစီးချုပ်ကို ကိုယ်ရံတော်က လုပ်ကြံသတ်ဖြတ်
အီသီယိုးပီယား ကာကွယ်ရေးဦးစီးချုပ် ဆီရေ မက်ကွန်နင်ကို သူရဲ့ ကိုယ်ရံတော်က ပစ်ခတ်လုပ်ကြံခဲ့တယ်လို့ ဝန်ကြီးချုပ် အဘီ အာမက်က အတည်ပြုပြောခဲ့ပါတယ်။ အမ်ဟာရာဒေသရှိ အစိုးရရုံးကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုကို တားဆီးချိန်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူရဲ့ အရာရှိတစ်ဦးပါ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမျိုးစုတွေကြား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး အစိုးရရုံးတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ပါတယ်။
မြန်မာ့မီးရထားက Air Con ရထားသစ်များပြေးဆွဲတော့မည်၊ လက်မှတ်ဈေးနှုန်းလည်း မြင့်တက်နိုင်
ရန်ကုန် မြို့ပတ်နှင့် ရန်ကုန်-မန္တလေးခရီးစဉ်များတွင် Air-conတွဲဆိုင်းသစ်များ အစားထိုးပြေးဆွဲမည်ဖြစ်သောကြောင့် လက်မှတ်ခဈေးနှုန်းများ တိုးမြှင့် ကောက်ခံနိုင်ဖွယ်ရှိကြောင်း မြန်မာ့မီးရထားတာဝန်ရှိသူထံမှ သိရသည်။ ''အခုလက်ရှိရထားတွေမှာair con မပါပါဘူး။ နောင်ပြေးဆွဲမယ့်ရထားတွေမှာ air con တွေပါလာရင်တော့ air con service အတွက် ကောက်ရမယ့်သဘောရှိတယ်။ အဲဒီအခါကျရင်တော့ လက်မှတ်ခဈေးနှုန်းတွေ တိုးမြှင့်ကောက် ခံသွားမှာပါ။ ဘယ်အချိန်ကောက်မယ်ဆိုတာကတော့ ပြောလို့ မရသေးပါဘူး။ လက်တွေ့ပြေးဆွဲတဲ့အခါကျရင် ဆွေးနွေးညှိုနှိုင်းပြီးမှကောက်မှာပါ''ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (သွားလာပို့ ဆောင်ရေး) ဦးကျော်ကျော်မျိုးကပြောသည်။
မြင်းခြံတွင် ဆိုင်ကယ်မီးလောင်ရာမှ လူ ၃ ဦး မီးကူးစက်ခံရ
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဆိုင်ကယ်မီးလောင်ပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး မီးကူးစက်ခံခဲ့ရလို့ ဆေးရုံမှာ ကုသခံယူနေရပါတယ်။ မြင်းခြံမြို့ အမှတ် (၁၃) ရပ်ကွက်၊ နယ်မြေ (၄) ဒေါ်ဂျမ်းရဲ့ နေအိမ်မှာ ဇွန် ၂၃ ရက် ည ပိုင်းက ညီအမချင်း စကားများရန်ဖြစ်ရာကနေ အနီးနားရှိ ဆိုင်ကယ်မီးလောင်ခဲ့ပြီး ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် အမျိုးသား ၂ ဦး မီးကူးစက်ခံခဲ့ရတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။
AA အဖွဲ့ဝင်ဟု မသင်္ကာသူ ၂ ဦး အပါအဝင် လူ ၁၀ ဦး ကို စစ်ဆေးမှုများပြုလုပ်နေ
ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးကို လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂၂ ရက် မနက်ပိုင်းက မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာအနီးမှာ AA အဖွဲ့က ရီမုမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ မိုင်းခွဲခဲ့တဲ့နေရာတစ်ဝိုက်ကို တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် မသင်္ကာဖွယ် ဆိုင်ကယ်စီးလာသူ ၂ ယောက်ကို တွေ့ရှိပြီး စစ်ဆေးခဲ့ရာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့လို့ သိရပါတယ်။
သမ္မတနှင့်ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ပါက ရာထူးမှ နုတ်ထွက်ရန် ပြောဆိုနေမှုများအပေါ် UEC ဖြေရှင်း
ရွေးကောက်ပွဲကော်မရှင်မှ ဦးလှသိန်းက ရွေးကောက်ပွဲနှင့်ပတ်သက်သည်များအား ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၂ ရက်က ပြောဆိုဆွေးနွေးနေစဉ်။ ဓာတ်ပုံ-EPAရန်ကုန်၊ ဇူလိုင် ၂၄ ။ ။ သမ္မတနှင့်ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်မည်ဆိုပါက လက်ရှိရာထူးမှ နုတ်ထွက်ရန် ပြောဆိုနေမှု များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန်တိုင်းတာဝန်ခံ ဦးမြင့်နိုင်က ဖြေရှင်းပြောဆိုခဲ့သည်။လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတနှင့်ဝန်ကြီးရာထူးယူထားသူများသည် လက်ရှိရာထူး မှနုတ်ထွက်စရာမလိုဘဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန်တိုင်းတာဝန်ခံ ဦးမြင့်နိုင်ကထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဦးနုရဲ့ နေအိမ်ပြခန်း
• လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဦးနုရဲ့နိုင်ငံရေးဖြတ်သန်းမှု သမိုင်းဝင်ဓာတ်ပုံများ၊ ဦးနုရေးသားခဲ့တဲ့ စာအုပ်များ၊ အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းများ စတာတွေကို ဦးနုသက်ရှိ ထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့အတိုင်း ခင်းကျင်းပြသထားပါတယ်။
• ဦးနုနေအိမ်ပြခန်းကို အမှတ်၄၂၊ ပြည်ထောင်စုလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း မနက်၁၀နာရီမှ ညနေ ၅နာရီအထိ မည်သူမဆိုအခမဲ့ လာရောက်ကြည်ရှုလေ့လာနိုင်ပါတယ်။
• ဦးနုနေအိမ်ပြခန်းကို အမှတ်၄၂၊ ပြည်ထောင်စုလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း မနက်၁၀နာရီမှ ညနေ ၅နာရီအထိ မည်သူမဆိုအခမဲ့ လာရောက်ကြည်ရှုလေ့လာနိုင်ပါတယ်။
အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၀၀၀ ကျော်ကို လူမှုရေးပင်စင်များထောက်ပံ့
မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များမှ အသက် (၈၅) နှစ်အထက်ရှိသော ဘိုးဘွား ၁၀၀၀ ကျော်ကို လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကျော်အား ဇွန်လ ၂၄ ရက်နေ့က ပေးအပ်ခဲ့ကြောင်း မြိတ်ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရုံးမှ သိရ သည်။ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ၂၀၁၇- ၂၀၁၈ ခုနှစ်၌ ဘိုးဘွားများ၏ အသက်ကို (၉၀) နှစ်အထက်ဟု သတ်မှတ်ခဲ့ပြီး ယခုနှစ် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် အသက် (၈၅) နှစ် အထက်သို့ လျှော့ချသတ်မှတ် လိုက်ကြောင်း သိရသည်။ အဆိုပါ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအတွက်လူမှုရေးပင်စင်ပေးအပ်ရာတွင် ဘိုဘွား ၁၀၆၀ ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၃၁၈ ပေးအပ်ခဲ့ကြောင်း တစ်ဦးလျှင် တစ်လ ၁ သောင်းနှုန်းဖြင့် ၃ လစာ ပေးအပ်ခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများမဲဆွယ်စရိတ် သိန်းတစ်ရာထက်ပိုသုံးနိုင်ရန် စီစဉ်
၂၀၂၀ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးစရိတ် ကျပ်သိန်းတစ်ရာထက်ပိုမိုသုံးစွဲခွင့်ပြုရန် စီစဉ်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။ "သိန်းတစ်ရာကိုနည်းတယ်ပြောလို့ပြန်စိစစ်နေတယ်။ ဘယ်လောက် တိုးသုံးနိုင်မယ်တော့ မပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။ လက်ရှိတွင်ဥပဒေအရသိန်းတစ်ရာထက်ပို မသုံးရန်သတ်မှတ်ထားပြီးရွေးကောက်ပွဲပြီး လျှင်ပြန်လည်စာ ရင်းပြုစုပြီးကော်မရှင်သို့တင်ပြရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှပါဝင်ပတ်သက်သူများတွေ့ဆုံဆွေးနွေးပွဲကိုဇွန်၂၂ရက်ကကျင်းပခဲ့သည်။
ရေနံချောင်းမြို့တွင် Food Box လှူဒါန်းမှုစတင်

တရားစွဲဆိုခံထားရသည့် မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီအမှု တရားလိုအား စတင်စစ်ဆေး

ဖိလစ်ပိုင်နိုင်ငံတွင် လူနေအိမ်တစ်လုံး မီးလောင်မှုကြောင့် ကလေးငယ် ၅ ဦးအပါအ၀င် လူ ၆ ဦးသေဆုံး

တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ရှင်းလင်းရေးလှုပ်ရှားမှု ရွှေ့ဆိုင်းဆောင်ရွက်သွားမည်ဟု ထရမ့် ဆို
တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ရှင်းလင်းရေးလှုပ်ရှားမှုကို မူလသတ်မှတ်ထားသည့် ဇွန် ၂၃ ရက်မှ နောက်ထပ်နှစ်ပတ် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇွန် ၂၂ ရက်တွင် ပြောကြား ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းမှာ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ရီပတ်ဗလစ်ကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီကို အချိန်ပိုပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
တာချီလိတ်မြို့နယ်၌ ခဲယမ်းမျိုးစုံ ဖမ်းဆီးရမိမှု သတင်းဆက်


ရန်ကုန်၊တာမွေ Foodbox မှ ကလေးတွေအတွက် ပိုယူမိခဲ့တဲ့ အဒေါ်ကြီးရဲ့ ဝမ်းနည်းစကား
ရန်ကုန်မှာ တာမွေ Food Box စတင် လှူဒါန်းမှုတွေလုပ်တဲ့နေမှာ မုန့်တွေယူသွားတဲ့ ပုံတစ်ပုံကြောင့် လူမှုကွန်ရက်ပေါ်တွင် ပြစ်တင်ပြောဆိုနေကြတာပဲဖြစ်ပါတယ်…။ တာမွေ ဈေးထဲမှ..ပျံကျဈေးသည် တစ်ယောက်ဟု သိရပါတယ်...။ သူကိုယ်တိုင်ပြန်..ဖြည့်ထားပေးပါတယ်တဲ့...။ သူ့သားလေးတွေ..စာလုပ်နေလို့......ကျွေးချင်လို့ပါတဲ့....သူတောင် မစားပါဘူး..မိခင်တွေရဲ့..မေတ္တာ..ပါ......။ ဘုရားလောင်း.ကျေးမင်းတောင်..စပါးနှံကို..ခိုးပြီး သားသမီးတွေကို. ကျွေးခဲ့ပါသေးတယ်..မလား.....မေတ္တာလေးထားစေချင်ပါတယ်....။ ဖြစ်ရပ်မှန်ကို မျက်ရည်ကျပြီး ရှင်းပြထားတာကို Shwe San Facebook အကောင့်တွင် ဂရုနာသက်စွာ ရေးသားဖော်ပြထားပါတယ်.။
မြန်မာ့အမွေအနှစ်ကို ကမ္ဘာကအသိအမှတ်ပြုခဲ့တာ ၅ နှစ်ပြည့်ပြီဆိုတဲ့ မိုးစက်ဝိုင်


လွိုင်လင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
အိမ်ယာမဲ့အမျိုးသမီးတစ်ဦး ပေ(၃၀)နက်တဲ့ လှောင်ကန်ကြီးထဲကျကာ တစ်ပတ်ကြာပိတ်မိနေခဲ့

နေစရာ၊ စားစရာ အခက်အခဲတွေ့နေလို့ သားဆီကို သွားတာ သားက လက်မခံလို့ ပြန်လာပြီး ကားဝင်းမှာဒုက္ခရောက်နေတဲ့ အမေအို
အမေကြီးနာမည်ကဒေါ်အေးကျင် အသက်က၅၉နှစ်ရှိပါပြီ။ အမေကြီးအရင်က မန္တလေးမြို့ဘုန်းကြီးကျောင်းတကျောင်းမှာ ကပ်နေပါတယ်။ နောက်တော့နေမရတော့လို့ သားဖြစ်သူ ရှိရာရွာကိုလိုက်သွားတော့လဲ သားဖြစ်ကသူတောင်ယောက္ခမအိမ်ကပ်နေရတာ အမေကိုလက်ခံလို့မရဘူး အမေပြန်ပါ ဆိုလို့ ပြန်လာခဲ့ရပါသတဲ့ 😞 ။
လက်ရှိ ရုပ်ရှင်လောကတွင် သရုပ်ဆောင်ကောင်း ရှားပါးနေသည်ဟု အကယ်ဒမီအောင်ခိုင်ပြော
လက်ရှိရုပ်ရှင်လောကတွင် သရုပ်ဆောင်အရေအတွက်များနေသော်လည်း သရုပ်ဆောင်ကောင်း ရှားပါး နေသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်၊ စည်းရုံးရေးမှူး (၁) အကယ်ဒမီအောင်ခိုင်က မဇ္ဈိမကို ပြောသည်။ “အခုအချိန်မှာ အနုပညာလောကမှာက သရုပ်ဆောင်တွေများတယ်။ သရုပ်ဆောင်ကောင်းတွေ ရှားတယ် ပေါ့နော်။ အဲ့တော့ သရုပ်ဆောင်ကောင်းတွေ ထွက်ပေါ်လာစေချင်တယ်။ အစားထိုးဝင်ရောက်မယ့် သရုပ်ဆောင်တွေ ထွက်ပေါ်လာစေချင်တယ်။ အဲ့တော့ ဒီလောကရဲ့ အားသားချက်၊ အားနည်းချက် တွေကိုတော့ အရှည်ကြီးမပြောချင်ဘူး” ဟု ၄င်းက ပြောသည်။
၂၀၁၉ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၈၈၃၅ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိအစိုးရ သက်တမ်း ၃၈ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၇၂၁၁ ဘီလျံဝန်းကျင်ရှိလာ
၂၀၁၉ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၈၈၃၅ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေ ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ြ မန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၅၇၄ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၈၈၃၅၄၇၅ ဒသမ ၆၄၇ သန်း (ကျပ် ၁၈၈၃၅ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။
တရားစွဲရုံ၊ အမှုစွဲရုံသာ လုပ်တတ်သည့် NLD အစိုးရ လက်အောက်မှ ရုန်းထွက်ကြရန် အဖမ်းခံနေရသည့် ကရင်နီလူငယ်ခေါင်းဆောင် တိုက်တွန်း

ကချင်ပြည်နယ် လွှတ်တော်တွင် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆာင်ရန် စည်းရုံးဟောပြောမှု အချုပ်အခြာအာဏာ ထိပါးခြင်းဖြစ်ဟု ထုတ်ပြန်
ကချင်ပြည်နယ် လွှတ်တော်တွင် တရုတ် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ရန် စည်းရုံးဟောပြောခွင့် ပေးခြင်းအပေါ် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ပြင်းပြင်း ထန်ထန်ကန့်ကွက်လိုက်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာတစ်နိုင်ငံလုံးရှိပြည်ထောင်စုသားအများစုကဧရာဝတီမြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရန်တောင်းဆိုနေချိန် မြစ်ဆုံစာချုပ်ကိုပြည်သူတိ့အားချပြရန်တောငိးဆိုနေချိန် တွင်မြန်မာနိုင်ငံ၏ တာဝန်ရှိသူတို့က မြစ်ဆုံစီမံကိန်းဆက်လုပ်ရန် တိုင်တပါးသားကုမ္ပဏီဖြစ်သော တရုတ်CPIကုမ္ပဏီ၏ ပညာရှင်များအား ကချင်ပြည်နယ်လွှတ်တော်အတွင်းမြစ်ဆုံစီမံကိန်းဆက်လုပ်နိုင်ရန် စည်ရုံးဟောပြောခွင့် ပေးခြင်းနှင့်ပတ်သက်၍ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်ကန့်ကွက်ကြောင်း ယနေ့ သဘောထားကြေညာချက် တစ်ရပ်ထုတ်ပြန်သည်။
အိန္ဒိယတွင် မိုးသက်လေပြင်းကြောင့် မိုးကာတဲကြီးတခုပြိုကျ၊ ၁၄ ဦးသေဆုံး

ဆော်ဒီလေဆိပ်ကို ယီမင်သူပုန်တွေတိုက်ခိုက်

စစ်ကိုင်းတိုင်းအလံနှင့်လိုဂို သစ် လွှတ်တော်မှ ဒုတိယအကြိမ် ပယ်ချ


"တရားထူး တရားမြတ်ကို ရရှိဖို့ ၉ရက်တာ သာသနာ့ဘောင် ဝင်ရောက်မယ့် "သရုပ်ဆောင် မိုးဟေကို

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ရထား တိမ်းမှောက်မှုကြောင့် လူ ၄ ဦး သေဆုံး ၊ ၁၀၀ ကျော် ဒဏ်ရာရ

"မိုးကြီးစုန်းစုန်း ချုပ်လိမ့်မည်"
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို ၂ဝ၁၉ ခုနှစ်ဇွန် ၇ ရက်က ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တယ်လို့သိရတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး သဘောထားအမျိုးမျိုးရှိတဲ့အနက် ပါတီ၊ အဖွဲ့အစည်းမရွေး အမျိုးသားရေး စိတ်ရှိသူတွေက ကန့်ကွက်နေကြပြီး လွှတ်တော်ထဲက NLD အမတ်တွေကတော့ထောက်ခံနေတာတွေ့ရတယ်။ ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲ စတင်ပြီးတဲ့နောက်နိုင်ငံရဲ့နိုင်ငံရေးစနစ် အပြောင်းအလဲမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးအခင်းပေါ်လာခဲ့တယ်။
ဇူလိုင် ၁ ရက် အောင်ဘာလေထီတွင် ဘဏ္ဍာသိမ်းငွေထဲမှ ကျပ်သိန်း ၂၅၀၀ ထည့်ပေးမည်
လာမယ့်ဇူလိုင် ၁ ရက်မှာ ဖွင့်မယ့် အောင်ဘာလေထီဖွင့်ပွဲက စပြီး ဘဏ္ဍာသိမ်းငွေတွေ ထဲက ကျပ်သိန်း ၂၅၀၀ စီ ဆုမဲတွေထဲထည့်ပေးသွားမယ်လို့ အောင်ဘာလေသိန်းဆုဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ထီပေါက်မဲတွေလာမထုတ်လို့ တနှစ်ပြည့်ရင် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းယူနေပြီး အဲဒီ ငွေထဲကနေ ထီဆုမဲတွေ ပိုပြီး ပေးသွားမှာ ဖြစ်ပါတယ်။
အိမ်တွင်း ဆေးလိပ်သောက်ခြင်းကို ထိုင်းနိုင်ငံတွင် တားမြစ်တော့မည်
အိမ်တွင်း ဆေးလိပ်သောက်ခြင်းကို လာမည့် သြဂုတ်လမှ စတင်၍ ထိုင်းနိုင်ငံတွင် တားမြစ်တော့မည်ဖြစ်သည်။ ယင်းသို့ အိမ်တွင်းဆေးလိပ်သောက်ခြင်းကို ”မိသားစုအကြမ်းဖက်ခြင်း”ဟူ၍ သတ်မှတ်ပြဌာန်းထားသော ဥပဒေအသစ်တစ်ခုသည် လာမည့် သြဂုတ်လတွင် သက်ဝင်မည်ဖြစ်သည်။
”သာသနာသက္ကရာဇ် ၂၅၆၂ ခုနှစ်မှာပြဌာန်းလိုက်တဲ့ မိသားစုအဖွဲ့အစည်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး ဥပဒေအရဖြစ်ပါတယ်”ဟု မိသားစုဖွံ့ဖြိုးတိးတက်မှု တိုးမြှင့်ရေးနှင့် အမျိုးသမီးရေးရာဌာ၏ အထွေထွေညွှန်ကြားရေးမှူး Lertpanya Booranabanditက ကြာသပတေးနေ့ကပြောသည်။ အဆိုပါ ဥပဒေမှာ ၂၀၁၉ ခုနှစ် သြဂုတ်လ(၂၀)ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းကိုလည်း တော်ဝင်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းသိရသည်။
”အိမ်တွင်းမှာ ဆေးလိပ်သောတာကြောင့် သားသမီးတွေနဲ့ ဇနီးတွေ မိသားစုဝင်တွေက ဆေးလိပ်သောက်တဲ့သူ အနားမှာ မနေချင်ကြဘူးဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ မိသားစုဆက်ဆံရေး ယိုယွင်းခြင်းကို ကြိုတင်ကာကွယ်တာလဲ ဖြစ်ပါတယ်”ဟု Lertpanya Booranabanditက ပြောသည်။ ”ဆေးလိပ်သောက်တာကို မကြိုက်တဲ့ မိသားစုမှာ အိမ်ထောင်ဦးစီးဖခင်ဖြစ်သူက ဇွတ် ဆေးလိပ်သောက်နေတယ်ဆိုရင်လဲ မလိုလားအပ်တဲ့ အချင်းများမှုတွေဖြစ်လာနိုင်သလို မိသားစုဝင်တွေအနေနဲ့လဲ အဲဒီဆေးလိပ်ငွေ့တွေကို ရှုရှိုက်နေကြရလိမ့်မှာဖြစ်ပါတယ်”ဟုလည်း သူကဆက်လက်ပြောကြားသည်။
အကယ်၍ ထိုသို့ ဆေးလိပ်ငွေ့ကို ရှုရှိုက်ရခြင်းကြောင့် ကျန်းမာရေးထိခိုက်လာလျှင် အိမ်တွင်းဆေးလိပ်သောက်သုံးသူသည် ရာဇသတ်ကြီးဥပဒေအရ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့တရားရင်ဆိုင်ရပါက ဆေးလိပ်သောက်သုံးသူအနေဖြင့် အပြစ်မည်မျှ ကျခံရမည်ဆိုခြင်းကိုမူ Lertpanya Booranabanditက မပြောသော်ငြား တရားရုံးအနေဖြင့် ထိုသူအား ပြန်လည်ထူထောင်မှုပြုရန်ကိုတော့ အမိန့်ချမှတ်လိမ့်မည်ဟု သူကပြောသည်။
ထိုင်းနိုင်ငံတွင် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ သယ်ယူပို့ဆောင်ရေးစခန်းများနှင့် ကမ်းခြေများ အစရှိသည် အမျိုးအစား (၈၀)ခန့်သော နေရာတို့တွင် ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားပြီးဖြစ်ကာ၊ အီးစီးကရက်သောက်သုံခြင်းကိုပါ တားမြစ်ထားသော်လည်း ယင်းကိုမူ ပြင်းထန်စွာတားမြစ်ခြင်းမရှိသေးကြောင်းသိရသည်။
”သာသနာသက္ကရာဇ် ၂၅၆၂ ခုနှစ်မှာပြဌာန်းလိုက်တဲ့ မိသားစုအဖွဲ့အစည်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး ဥပဒေအရဖြစ်ပါတယ်”ဟု မိသားစုဖွံ့ဖြိုးတိးတက်မှု တိုးမြှင့်ရေးနှင့် အမျိုးသမီးရေးရာဌာ၏ အထွေထွေညွှန်ကြားရေးမှူး Lertpanya Booranabanditက ကြာသပတေးနေ့ကပြောသည်။ အဆိုပါ ဥပဒေမှာ ၂၀၁၉ ခုနှစ် သြဂုတ်လ(၂၀)ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းကိုလည်း တော်ဝင်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းသိရသည်။
”အိမ်တွင်းမှာ ဆေးလိပ်သောတာကြောင့် သားသမီးတွေနဲ့ ဇနီးတွေ မိသားစုဝင်တွေက ဆေးလိပ်သောက်တဲ့သူ အနားမှာ မနေချင်ကြဘူးဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ မိသားစုဆက်ဆံရေး ယိုယွင်းခြင်းကို ကြိုတင်ကာကွယ်တာလဲ ဖြစ်ပါတယ်”ဟု Lertpanya Booranabanditက ပြောသည်။ ”ဆေးလိပ်သောက်တာကို မကြိုက်တဲ့ မိသားစုမှာ အိမ်ထောင်ဦးစီးဖခင်ဖြစ်သူက ဇွတ် ဆေးလိပ်သောက်နေတယ်ဆိုရင်လဲ မလိုလားအပ်တဲ့ အချင်းများမှုတွေဖြစ်လာနိုင်သလို မိသားစုဝင်တွေအနေနဲ့လဲ အဲဒီဆေးလိပ်ငွေ့တွေကို ရှုရှိုက်နေကြရလိမ့်မှာဖြစ်ပါတယ်”ဟုလည်း သူကဆက်လက်ပြောကြားသည်။
အကယ်၍ ထိုသို့ ဆေးလိပ်ငွေ့ကို ရှုရှိုက်ရခြင်းကြောင့် ကျန်းမာရေးထိခိုက်လာလျှင် အိမ်တွင်းဆေးလိပ်သောက်သုံးသူသည် ရာဇသတ်ကြီးဥပဒေအရ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့တရားရင်ဆိုင်ရပါက ဆေးလိပ်သောက်သုံးသူအနေဖြင့် အပြစ်မည်မျှ ကျခံရမည်ဆိုခြင်းကိုမူ Lertpanya Booranabanditက မပြောသော်ငြား တရားရုံးအနေဖြင့် ထိုသူအား ပြန်လည်ထူထောင်မှုပြုရန်ကိုတော့ အမိန့်ချမှတ်လိမ့်မည်ဟု သူကပြောသည်။
ထိုင်းနိုင်ငံတွင် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ သယ်ယူပို့ဆောင်ရေးစခန်းများနှင့် ကမ်းခြေများ အစရှိသည် အမျိုးအစား (၈၀)ခန့်သော နေရာတို့တွင် ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားပြီးဖြစ်ကာ၊ အီးစီးကရက်သောက်သုံခြင်းကိုပါ တားမြစ်ထားသော်လည်း ယင်းကိုမူ ပြင်းထန်စွာတားမြစ်ခြင်းမရှိသေးကြောင်းသိရသည်။
အီရန်နိုင်ငံ၏ ဒုံးကျည်ထိန်းချုပ်ရေး စနစ်နှင့် သူလျှိုကွန်ရက်တစ်ခုအား အမေရိကန်မှ စိုင်ဘာ တိုက်ခိုက်မှုပြုလုပ်
အီရန်နိုင်ငံ၏ ဒုံးကျည်ထိန်းချုပ်ရေး စနစ်နှင့် သူလျှိုကွန်ရက်တစ်ခုအား အမေရိကန်မှ စိုင်ဘာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အမေရိကန်ထောက်လှမ်းရေး ဒရုံးတစ်စီးကို အီရန်တို့က ပစ်ချခဲ့ပြီးနောက် ထိုသို့ စိုင်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာ သတင်းများကဆိုသည်။
ချမ်းမြေ့ဆရာတော်ကြီးအား အမေရိကန်တွင် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန်- ၂၄၊၂၀၁၉
ဒီကနေ့ ဇွန် ၂၄ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၅ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၀ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၂ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၂ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၇ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၂ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၀၅၅၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၀၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၁၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၉၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၈၅ ကျပ်ဈေးဖြစ်ပါ တယ်။
တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းသားစာရင်းကို အစိုးရအဖွဲ့ထံတင်ပြထားပြစ်ဒဏ်လျှော့ပေါ့ရန် ရှိ၊ မရှိ ပြန်ကြားလာခြင်းမရှိသေး
ယခုနှစ် တက္က သိုလ်ဝင်တန်း စာမေးပွဲအောင် မြင်သည့် အကျဉ်းသားများ စာ ရင်းကို ပြည်ထောင်စု အစိုးရ အဖွဲ့ထံ တင်ပြထားပြီး ပြစ်ဒဏ် လျှော့ပေါ့ပေးရန် ရှိ၊မရှိကိုမူ ပြန် ကြားလာခြင်း မရှိသေးကြောင်း သိရသည်။ ""အောင်မြင်တဲ့အနေနဲ့ က ပြည်ထဲရေးကို တင်ထားတယ်။ ပြည်ထဲရေးကနေ အစိုးရအဖွဲ့ရုံး ကို တင်ထားတယ်။ အောင်မြင်တဲ့ အကြောင်း၊ ဂုဏ်ထူးရတဲ့ အ ကြောင်းတွေကိုပေါ့"" ဟု အကျဉ်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ထွန်းစိုးက ဒီမိုကရေစီတူဒေးသို့ ဇွန် ၂၃ ရက်တွင် ပြောသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်လေးခုတွင် ဘာသာကိုးကွယ်ယုံကြည်မှုဆိုင်ရာ မြှင့်တင်ရေးစီမံကိန်းကို လေးနှစ်ကြာဆောင်ရွက်မည်ဟုဆို
တိုင်းဒေသကြီး နှင့် ပြည်နယ် စုစုပေါင်းလေးခု တွင်ဘာသာကိုးကွယ်ယုံကြည်မှုဆိုင်ရာမြှင့်တင်ရေး စီမံကိန်းကို လေးနှစ်ကြာ ဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ YMCA မှ သိရသည်။ ယင်းစီမံကိန်းကို ချင်းပြည် နယ်၊ ကရင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် ယခုဇွန်လကုန်မှစ၍ လေးနှစ်ကြာဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ YMCA ၏ အထွေထွေအတွင်းရေးမှူး ဦး မောင်မောင်ဝင်းက ပြောသည်။
သိမ်ဖြူ ၁၀၁ လမ်းနှင့်ပန်းဘဲတန်းမြို့နယ်ရှိ ၃၁လမ်း(အောက်ဘလောက်)ကို နောက်ဖေးလမ်းကြားဥယျာဉ်များ ဖော်ဆောင်မည်
ယခုနှစ်ကုန် ပိုင်းတွင် မင်္ဂလာတောင်ညွှန့်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် အမှိုက် ကင်းစင်နောက်ဖေးလမ်းကြား ဥယျာဉ်အဖြစ် ဖော်ဆောင်မည် ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့မှသိရ သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ် ရှိ သိမ်ဖြူ ၁၀၁ လမ်းနှင့် ပန်းဘဲ တန်းမြို့နယ်ရှိ ၃၁လမ်း(အောက် ဘလောက်)တို့တွင် နောက်ဖေး လမ်းကြားဥယျာဉ်များဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ထို့နောက်ဖေးလမ်းကြားနှစ် ခုအား အမှိုက်ကင်းစင်နောက်ဖေး လမ်းကြားဥယျာဉ်အဖြစ် ဖော်ဆောင် မည့်ဒီဇိုင်း၊ လမ်းကြားတွင် ထည့် သွင်းမည့် အားကစားကိရိယာများ အနေအထားစသည် အသေးစိတ် အခြေအနေများကို ဆွေးနွေးနေ ဆဲဖြစ်ကြောင်း ဒို့အိမ်အဖွဲ့မှပြန် ကြားရေးတာဝန်ခံ မအေးမြတ်သူ ကပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ဒေသခံပြည်သူလူထု၏သဘောထားကို ထည့်သွင်းစဉ်းစားမည်ဟု ဒီချုပ်ပြောခွင့်ရဆို
၂၀၂၀ အထွေ ထွေရွေးကောက်ပွဲအတွက် ကိုယ် စားလှယ်လောင်းရွေးချယ်မှုတွင် ဒေသခံပြည်သူလူထု၏ သဘော ထားကိုလည်း ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း ဒီချုပ်ပြော ခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောသည်။ လက်ရှိ အာဏာရပါတီဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် လာမည့် ၂၀၂၀ ပြည့် နှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဝင်ရန် အတွက် ကိုယ်စားလှယ်လောင်းရွေး ချယ်မှုလုပ်ငန်းစဉ်အချို့ကို လက်ရှိ အချိန်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဒီမိုကရေစီတူဒေးသို့ ဇွန် ၂၃ ရက် တွင်ပြော သည်။
ရွှေဘိုမြို့တွင် Myanmar Idol Season-4 အတွက် ပဏာမ အသံစစ်ဆေးမှုပြုလုပ်
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ တွင် ဇွန် ၂၂ ရက် နံနက် ၁ဝ နာရီက Myanmar Idol Season-4 အတွက် ပဏာမအသံစစ်ဆေး သည့် Mobile Casting ကို ရွှေဘို မြို့ ရွှေဘုံရတနာ မင်္ဂလာနန်းတော် အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ Myanmar Idol Season-4 အတွက် အသံစစ်ဆေးခြင်းကို မိတ္ထီလာနဲ့ မုံရွာမှာ လုပ်ခဲ့ပြီးပါပြီ။ အခု ရွှေဘိုမှာ Mobile Casting အတွက် ပဏာမအသံစစ်ဆေးဖို့ လာတာပါ။ ပြီးရင် မန္တလေးမှာ မိတ္ထီလာ၊ မုံရွာနဲ့ ရွှေဘိုမှာ ပြုလုပ်ခဲ့ တဲ့ အသံစစ်ဆေးခြင်းကို အကဲဖြတ် ရွေးချယ်မှာပါ။
ရခိုင်နှင့်ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် သုံးစွဲခွင့် ယာယီပိတ်ပင်
ရခိုင်နှင့်ချင်း ပြည်နယ်ရှိမြို့နယ်အချို့တွင် အင် တာနက် သုံးစွဲခွင့်ကိုယာယီပိတ် လိုက်ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။ ''အဓိကကတော့တိုက်ပွဲတွေ နဲ့ မတည်မငြိမ်ဖြစ်နေတဲ့နေရာ တွေပါတယ်။ တရားဥပဒေစိုးမိုး ရေးနဲ့ အများပြည်သူလုံခြုံရေး အဲဒီနှစ်ခုကို ရည်ရွယ်ပြီးလုပ်တာ။ အော်ပရေတာလေးခုစလုံး ဆီကို ဝန်ကြီးဌာနက စာထုတ်ပေးထား ပါတယ်''ဟု ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဇွန် ၂၂ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ရန်ကင်းမြို့နယ်နေ ဆယ်ကျော်သက်မိန်းကလေးများပုံဖော်ထားသော မြမာလာပန်းခြံဖွင့်
ရန်ကင်းမြို့ နယ်၊ (၄) ရပ်ကွက်၊ ရန်နိုင်လမ်း အပိုင်းနှစ်တွင် ရန်ကင်းမြို့နယ်နေ ဆယ်ကျော်သက်မိန်းကလေးများ ဦးဆောင်ပုံဖော်ထားသော မြမာ လာ(ယာယီအမည်)ပန်းခြံဖွင့်ပွဲကို ဇွန် ၂၂ ရက်ညနေက ပြုလုပ်ခဲ့သည်။ ပန်းခြံအတွင်း ကလေးကစား စရာကွင်းပစ္စည်းများ၊ အားကစား လေ့ကျင့်ခန်းပြုလုပ်သည့်ပစ္စည်းများနှင့်ထိုင်စရာနေရာများပါဝင် ပြီး အစိမ်းရောင်ပတ်ဝန်းကျင်တစ် ခု ပိုင်ဆိုင်လာစေရန် သစ်ပင်များ စိုက်ပျိုးထားကြောင်း သိရသည်။
''သတိ အန္တရာယ်ရှိသည်'' ဇာတ်ကားမှာ အရမ်းငိုရတော့ ရင်ဘတ်တွေပါအောင့်တယ် ခင်ဝင့်ဝါ
'သတိအန္တရာယ်ရှိသည်'ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ် ဆောင်ခင်ဝင့်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း .
မေး- လက်ရှိရုံတင်ပြသနေတဲ့ ''သတိအန္တရာယ်ရှိသည်'' ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားက အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာပါ။ ''သတိအန္တရာယ်ရှိသည်''ဆိုတဲ့ ဇာတ်ကားပိုစတာလေး ကို ကြည့်ရုံနဲ့ ပရိသတ်တွေက အက်ရှင်ဇာတ်ကားလို့ ထင်နိုင်ပေမယ့် ဒီဇာတ်ကား ထဲမှာ ချစ်ခြင်းမေတ္တာတွေရော ရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားမျိုးလေးဖြစ် ပါတယ်။
မေး- လက်ရှိရုံတင်ပြသနေတဲ့ ''သတိအန္တရာယ်ရှိသည်'' ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ- ဒီဇာတ်ကားက အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်မှာပါ။ ''သတိအန္တရာယ်ရှိသည်''ဆိုတဲ့ ဇာတ်ကားပိုစတာလေး ကို ကြည့်ရုံနဲ့ ပရိသတ်တွေက အက်ရှင်ဇာတ်ကားလို့ ထင်နိုင်ပေမယ့် ဒီဇာတ်ကား ထဲမှာ ချစ်ခြင်းမေတ္တာတွေရော ရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားမျိုးလေးဖြစ် ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းလာနိုင်အောင် အပစ်အခတ်ရပ်စဲပေးထား၊ အပစ်အခတ်ရပ်သက်တမ်းတိုး၊ မတိုးကို ၎င်းတို့၏လုပ်ရပ်အပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်
တိုင်း ရင်းသားလက်နက်ကိုင်များ ငြိမ်း ချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းသို့လာ နိုင်အောင် အပစ်အခတ်ရပ်စဲပေး ထားကြောင်း၊ တပ်မတော်အနေ ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်အပစ်အခတ်ရပ် သက် တမ်းတိုးမတိုးက ၎င်းတို့၏လုပ်ရပ် အပေါ်၊(NCA)ညှိနှိုင်းဆွေးနွေးမှု ရလဒ်အပေါ်မှာမူတည်ပြီး ဆောင် ရွက်မှာဖြစ်ကြောင်း တပ်မတော် သတင်းအမှန်ပြန်ကြားရေးဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောခဲ့သည်။
ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ်အေးချမ်းပြီး အဖြူရောင်နယ်မြေပြန်ဖြစ်ရန် ဒေသခံပြည်သူ ပူးပေါင်းပါဝင်ရန်လိုအပ်ဟု တပ်မတော်ဆို
(AA)သောင်းကျန်းသူအဖွဲ့အနေဖြင့် ယခုအခါ သာသနိကအဆောက် အအုံများပါ အကာအကွယ်ယူ ဆောင်ရွက်လာသည်ကို တွေ့ရှိရ ပြီး ရခိုင်ပြည်နယ်ပြန်လည်တည် ငြိမ်အေးချမ်းပြီး ယခင်လို အဖြူ ရောင်နယ်မြေပြန်ဖြစ်ရန် ဒေသခံ ပြည်သူလူထုပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ကြောင်း တပ် မတော်သတင်းမှန်ထုတ်ပြန်ရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောကြားခဲ့သည်။ ဇွန် ၂၂ ရက် ညနေ ၃နာရီ အချိန် နေပြည်တော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်ခဲ့သည့် တပ်မ တော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆမ်ဒိုးရီးယားက ရိုးမားနည်းပြဟောင်း ဒီဖရန်ဆက်စကိုအား နည်းပြသစ်ခန့်အပ်
ဆမ်ဒိုးရီးယားအသင်းက ရိုးမားနည်းပြဟောင်း ဒီဖရန်ဆက် စကိုအား နည်းပြသစ်အဖြစ် ခန့် အပ်သည်။ ဒီဖရန်ဆက်စကိုသည် အေ စီမီလန်သို့ ထွက်ခွာသွားသော ဂျီ ယမ်ပေါ်လို နေရာအစားထိုးဝင် ရောက်မည်ဖြစ်သည်။ မတ်လတွင် ရိုးမားက ထုတ် ပယ်ခဲ့သော ဒီဖရန်ဆက်စကို သည် ဆမ်ဒိုးရီးယားနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုပြီး စီးရီးအေသို့ ပြန် ရောက်လာခဲ့သည်။ ဆမ်ဒိုးရီးယားသည် ဝါရင့်တိုက်စစ်မှူး ကွာဂလီယာ သွင်းယူသော ၂၆ ဂိုး၏ ကျေးဇူးကြောင့် စီးရီးအေ အဆင့် (၉) နေရာရရှိခဲ့သည်။
ဘရာဇီး နောက်ခံလူ အဲလ်ဗက်စ် ပီအက်စ်ဂျီမှ ထွက်ခွာမည်
ချီလီ၊ ကိုလံဘီယာနှင့်အတူ အိမ်ရှင်ဘရာဇီးနှင့်ဗင်နီဇွဲလား ကိုပါအမေရိကဖလားရှုံးထွက်အဆင့်တက်ရောက်
လက်ရှိချန်ပီယံ ချီလီ၊ ကိုလံဘီယာတို့နှင့်အတူ အိမ်ရှင်ဘရာဇီးနှင့် ဗင်နီဇွဲလား တို့ ကိုပါအမေရိကဖလားကွာ တားဖိုင်နယ်သို့ တက်ရောက်ခဲ့ သည်။ အုပ်စု (A) နောက်ဆုံးပွဲတွင် ဘရာဇီးက ပီရူးကို ငါးဂိုးပြတ်အ နိုင်ရရှိပြီး သုံးပွဲကစား၊ ခုနစ်မှတ် ဖြင့် ပထမနေရာရရှိကာ ဗင်နီဇွဲ လားက ငါးမှတ်ရရှိသည်။ေ လးမှတ်ရထားသော ပီရူး အနေဖြင့် အကောင်းဆုံး တတိယ နှစ်သင်းတွင်ပါဝင်ပြီး ရှုံးထွက်အ ဆင့်တက်ရောက်ရေး အခြားအုပ် စုပွဲရလဒ်များကို စောင့်ကြည့်ရ မည်ဖြစ်သည်။
နော်ဝေးနှင့်ဂျာမနီ အမျိုးသမီး ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်
သြစတြေးလျနှင့်ပွဲတွင်သာ မန်ပွဲကစားချိန်အတွင်း တစ်ဂိုးစီ သရေကျသောကြောင့် ပင်နယ် တီအဆုံးအဖြတ်ခံယူခဲ့ရာ ၄-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ချန်ပီယံ ဟောင်းနော်ဝေးသည် အမျိုးသမီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ အချိန်ပိုပထမပိုင်း၌ သြစ တြေးလျနောက်ခံလူ ကနေဒီ တိုက်ရိုက်အနီကတ်ပြထုတ်ပယ် ခံရကာ နော်ဝေးဝါရင့်ဂိုးသမား အင်ဂရစ်ဂျယ်လ်ဆက်သ်က ပင် နယ်တီနှစ်လုံးကာကွယ်ပြီး သူရဲ ကောင်းဖြစ်ခဲ့သည်။
ရန်ကုန်ရှိ သောက်ရေသန့် ထုတ်လုပ်လုပ်ငန်းများ၏ ထက်ဝက် စည်းကမ်းချိုးဖောက်နေဟုဆို
ရန်ကုန်မြို့ရှိ သောက် ရေသန့်ထုတ်လုပ်သည့်လုပ်ငန်း ၄၀၀ ခန့်အနက် ထက်ဝက်သည် စည်းကမ်း ချိုးဖောက်နေဆဲဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံး) တာဝန်ခံညွှန်ကြားရေးမှူး ဒေါက် တာမင်းဝန်က ပြောသည်။ ယခုနောက်ပိုင်း သောက်ရေ သန့်လုပ်ငန်းများသည် လုပ်ငန်း လိုင်စင်သက်တမ်းမရှိ၊ မတိုးဘဲ လုပ်ကိုင်နေသည်ကို ပိုမိုစစ်ဆေး တွေ့ရှိလာကြောင်းနှင့် ကောင်း မွန်သော ထုတ်လုပ်မှုကို လိုက်နာ ဆောင်ရွက်ခြင်းမရှိဟု ၎င်းက ပြောသည်။
ဂန္ထ၀င်အဆိုတော်ကြီး (ဦး) တင်လှိုင်ကွယ်လွန်
ဘူးသီးတောင်မြို့နယ်တွင် ဈေးသည်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂုပ္ပီရွာရှိ ကုန်စုံ ဆိုင်ရောင်းချသူတစ်ဦး ပစ်ခတ် ခံရ၍ သေဆုံးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတို့က အတည်ပြုသည်။ ဇွန်လ ၂၃ ရက် နံနက်တွင် ဂုပ္ပီရွာမှ ဈေးသည်အမျိုးသား တစ်ဦးကို တပ်မတော်မှ ထွက် ပြေးလာသူတစ်ဦးက ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများက ဖုန်းဖြင့် အကြောင်းကြားလာသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းအောင်သိန်းက ပြောသည်။
မြောက်ဦးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် လက်နက်ခဲယမ်းများ ဖမ်းမိကြောင်း တပ်မတော်ထုတ်ပြန် AA ဟု သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးစစ်ဆေး၊ မြောက်ဦးမြို့နယ်ရှိ အရပ်သား ၈၀ ခန့် သံသယဖြင့်ဖမ်းဆီးခံရဟု ရခိုင်အမတ်ပြော
ချဉ်းကပ်မှုပြောင်းလဲရမည့် ရခိုင်ဒေသမှ စစ်ပွဲများ
ပြည်တွင်းစစ် သက်ဆိုးရှည်သည့် မြန်မာနိုင်ငံတွင် ယခုနောက် ဆုံးစစ်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်၌အမြန် ငြိမ်းချမ်းရန် ပြည်သူများလိုလားသော်လည်း လက် တွေ့တွင် စစ်ရေးပိုမိုကျယ်ပြန့်လာနေသည်။ ဇွန်လ ၂၂ ရက်နံနက်အစောပိုင်းတွင် စစ်တွေမြို့အရှေ့ဘက်ရှိ ဆက်ရိုးကျချောင်းဝ၌ ရပ်နားထားသော တပ်မတော်ရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ၁၀၇ မီလီမီတာရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်သားနှစ်ဦးကျဆုံးပြီး တစ်ဦးဒဏ် ရာရရှိခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော ဆက်ရိုးကျချောင်း သည် စစ်တွေမြို့နှင့်နီးသဖြင့် တိုက်ပွဲများ စစ်တွေမြို့နားရောက်ရှိ ကျယ်ပြန့်လာမည်ကို ဒေသခံများစိုးရိမ်နေကြရပြီဖြစ်၏။
တနိုင်းတွင် လက်လုပ်လက်စားများ ပယင်းတူးဖော်ရန် မြေဧက ၇,၀၀၀ ခန့်ပထမအကြိမ်ချထားပေး
တနိုင်းဒေသတွင် ပ ယင်းတူးဖော်ရန် မြေဧက ၇,၀၀၀ ခန့်ကို လက်လုပ်လက်စားများသို့ ပထမအကြိမ်ချထားပေးမည်ဖြစ် ကြောင်း ကချင်ပြည်နယ် သတ္တု တွင်း ဦးစီးဌာနက ဇွန်လ ၂၃ ရက်၌ ထုတ်ပြန်ကြေညာသည်။ ထိုလုပ်ကွက်များသည် ပြည် နယ်အစိုးရ၏ ပထမဦးဆုံးကိုင် တွယ်ခွင့်ပြုရခြင်းဖြစ်သည်ဟု က ချင်ပြည်နယ် သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးဒါရှီလဆိုင်းကပြော သည်။
နေပြည်တော်လွှတ်တော် အစည်းအဝေးများ ဇူလိုင် ၁၅ ရက် ပြန်လည်စတင်မည် ရက်ပိုင်းအတွင်း ခြေဥ အစီရင်ခံစာ တင်သွင်းရန်ရှိ
နေပြည်တော်လွှတ် တော် အစည်းအဝေးများကို ဇူ လိုင် ၁၅ ရက်တွင် ပြန်လည်စ တင်ကျင်းပမည်ဖြစ်ပြီး အစည်း အဝေး ပြန်လည်စတင်သည့်ရက် ပိုင်းအတွင်း အခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီ၏ အ စီရင်ခံစာကို ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းရန်ရှိသည်။ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည် သူ့လွှတ်တော် အစည်းအဝေးများ ကို ဇူလိုင် ၁၅ ရက်တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း သက် ဆိုင်ရာ လွှတ်တော် အသီးသီးက ယမန်နေ့၌ ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားသမ္မတ မွေးနေ့အထိမ်းအမှတ်ပွဲ အာဆီယံခေါင်းဆောင်များ ကျင်းပပေး
မူဆယ်မြို့ရေဘေးအတွင်း လူနှစ်ဦး သေဆုံး
ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကြုံတွေ့သည့် ရေဘေးတွင် လမ်းဘေးအုတ်နံရံပြိုကျရာ လူနှစ်ဦးသေဆုံးခဲ့သည်။ မူဆယ်မြို့နယ်တွင် ဇွန်လ ၂၃ ရက် နံနက် ၈ နာရီခန့်မှ ၁၁ နာရီခန့်အထိ မိုးသည်းထန်စွာရွာ သွန်းရာ ရပ်ကွက်အချို့ ရေကြီး နစ်မြုပ်ပြီး စွမ်စော်ရပ်ကွက်တွင် အုတ်နံရံတစ်ခု ပြိုကျခဲ့ခြင်းဖြစ် သည်။ ‘‘အုတ်နံရံဘေးမှာ ခိုနေတဲ့ လင်မယားနှစ်ယောက်ကို ပိကျ သွားတာ’’ဟု မူဆယ်မြို့ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦး သောင်းထွန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သို့ ဒုတိယအကြိမ် တင်သွင်းသည့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ အသုံးပြုမည့် အလံ၊လိုဂိုနှင့်ပတ်သက်၍ ဇွန်လ ၂၄ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ပြောသည်။ မင်းကွန်းခေါင်းလောင်းကြီး နှင့် ရတနာပုံ တံတားပုံ ရေးဆွဲ ထားသော စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ အလံနှင့် လိုဂိုကို ဇွန်လ ၂၀ ရက်တွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်အစည်းအဝေး၌ အစိုးရအဖွဲ့ကိုယ်စား ဒေါက်တာဇော်ဝင်းက တင်သွင်းခဲ့သည်။
ကြားလူဝင်ကာ တရားစွဲမရတော့သည့်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်၍ ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်ခံရသူမရှိ အမှုပေါင်း ၂၀၀ ဖြင့် လူ ၂၄၆ ဦး တရားစွဲခံနေရဟု အသံအဖွဲ့၏ အစီရင်ခံစာဖော်ပြ
ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုမှုများသည် ဇွန်လ ၂၃ ရက်အထိ အမှု ၂၀၀ အထိရှိပြီး ၂၄၆ ဦး တရားစွဲဆိုခံရ ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အဖွဲ့) က ယမန်နေ့တွင် ထုတ်ပြန် သည်။ တရားစွဲဆိုလေ့ရှိသူများ သည် အစိုးရ၊ တပ်မတော်၊ လွှတ် တော်ကိုယ်စားလှယ်များ၊ စီးပွား ရေးသမားများဖြစ်ပြီး တရားစွဲဆို ခံရသူ အများစုသည် သာမန်ပြည် သူများ၊ မီဒီယာ၊ တက်ကြွလှုပ်ရှား သူများ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများ စသည်တို့ ဖြစ်သည်ဟု အသံအဖွဲ့က ဆို သည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက် မပြိုရန် ဒီချုပ်အစိုးရ တာဝန်ယူထိန်းသိမ်းခဲ့ဟု ဦးဖြိုးမင်းသိန်းပြော
ဒီချုပ်အစိုးရက ရန် ကုန်အိမ်ခြံမြေဈေးကွက် ပြိုကျ မည့် အခြေအနေကို တာဝန်ယူ ထိန်းသိမ်းခဲ့ရသည်ဟု ၀န်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ မြန်မာနိုင်ငံ၏ ၁၀ စုနှစ်တစ် ခုအကြာ တစ်ရှိန်ထိုးမြင့်တက်ခဲ့ သောအိမ်ခြံမြေမိုးပျံပူဖောင်းကြီး ပေါက်မည့်အခြေအနေကို တာ ၀န်ယူထိန်းသိန်းနိုင်ခဲ့သည်ဟုဇွန် လ ၂၁ ရက်က စီးပွားရေးလုပ်ငန်း ရှင် မောင်ဝိတ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော စပိုင်ဖွံ့ဖြိုး မှု လီမိတက်မှ မြန်မာ့ ဂုဏ်ရည် လမ်းနှင့် အထက်ပန်းဆိုးတန်း လမ်းထောင့်တွင် တည်ဆောက်အကောင်အထည်ဖော်မည့် Gonyi Shophouse အဆောက်အအုံပိုင် တိုင်စိုက်ထူခြင်းအခမ်းအနားအ ဖွင့်မိန့်ခွန်း၌ ၀န်ကြီးချုပ်ကပြော ကြားခြင်းဖြစ်သည်။
ပတူတုပ်ခံရသော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး သက်သာ၍ဆေးရုံဆင်း
တောင်ဥက္ကလာပမြို့ နယ် (၁၂) ရပ်ကွက်ဘရဏီ (၃) လမ်းရှိ နေအိမ်တစ်အိမ်ဘေးရှိ ပတူအုံကို မီးသတ်တပ်ဖွဲ့က ယမန်နေ့မွန်းလွဲတွင် သွားရောက် ဖယ်ရှားစဉ် တောင်ဥက္ကလာပ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ပတူတုပ်ခံခဲ့ရသည်။ ယမန်နေ့ မွန်းလွဲတွင် ဘရ ဏီ (၃) လမ်းတွင် ပတူအုံရှိ ကြောင်း သတင်းရရှိ၍ တောင် ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့ မှ သန္ဓေ ရှစ်ဦးနှင့် အရန် ၁၀ ဦး တို့ သွားရောက်ရှင်းလင်းခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့က သတင်းထုတ်ပြန်သည်။ ‘‘နေအိမ်ဘေးမှာရှိတဲ့ ပတူ အုံကိုသွားရှင်းလင်းတာပါ။ အ တုပ်ခံရလို့ မီးသတ်တပ်ဖွဲ့ဝင်နှစ် ဦးစံပြဆေးရုံပို့ခဲ့ရပါတယ်။ ညနေ ပိုင်းမှာ သက်သာလာလို့ ပြန် ဆင်းလာရပါပြီ’’ ဟု တောင်ဥက္က လာပမြို့နယ် မီးသတ်တပ်ဖွဲ့ဦး စီးမှူး ဦးအောင်အောင်ဦးကပြော သည်။ ဇွန်လ ၁၁ ရက်က မြောက် ဒဂုံမြို့နယ်(၃၂)ရပ်ကွက်တွင် အ သက်(၆၀)အရွယ်အမျိုးသမီးတစ် ဦးပတူတုပ်ခံရ၍ သေဆုံးခဲ့သည်။ ၂၀၁၃ တွင် ရန်ကုန်တိုင်း၌ ပတူတုပ်ခံရ၍ တစ်ဦးသေဆုံးပြီး ငါးဦးဆေးကုသမှုခံယူခဲ့ရသည်။
မင်းသမီးခီးစက်မှုဇုန်စီမံကိန်းဖော်ဆောင်ရေး လိုအပ်သောလျှပ်စစ်ကို ထိုင်းမှဝယ်ရန် KNU စီစဉ်
ထိုင်း-မြန်မာနယ်စပ်တွင် အကောင်အထည်ဖော်မည့် မင်းသမီးခီးစက်မှုဇုန် စီမံကိန်းအတွက် လိုအပ်သောလျှပ်စစ်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ၀ယ်ယူနိုင်ရေး ကရင်အမျိုးသားအစည်းအရုံး(KNU)က အစိုးရအဖွဲ့ထံတင် ပြထားကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က 7Day Daily သတင်းစာအား ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မြိတ် -ထားဝယ်ခရိုင် KNU တပ်မဟာ (၄) တာဝန်ရှိသူများနှင့် တိုင်းအ စိုးရအဖွဲ့တို့ တွေ့ဆုံစဉ် KNU ဘက်က ထိုသို့တင်ပြခဲ့သည်ဟု ၀န်ကြီးချုပ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ထိုင်းရောက်နေစဉ် မြန်မာလုပ်သားအရေး ဆောင်ရွက်သူအချို့ အပြင်မထွက်ရန် တားမြစ်ခံရ
ရခိုင်အရေးတွင် သိသာထင်ရှားပြီး ပိုမိုကောင်းမွန်စေမည့် အခန်းကဏ္ဍမှ အာဆီယံဆက်လက်ကူညီမည်
ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ သိသာထင်ရှားပြီး ပိုမိုကောင်းမွန်စေမည့် အခန်း ကဏ္ဍမှ အာဆီယံက မြန်မာနိုင်ငံ ကို ဆက်လက်ကူညီထောက်ပံ့ မည်ဟု (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး အပြီးတွင် ထုတ်ပြန်သောဥက္ကဋ္ဌ၏ ကြေညာချက်၌ ဖော်ပြသည်။ ‘ရေရှည်တည်တံ့စေရန် မိတ်ဖက်ဆောင်ရွက်မှုကို မြှင့် တင်ခြင်း’ခေါင်းစဉ်ဖြင့် (၃၄)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်း အဝေး၏ဥက္ကဋ္ဌကြေညာချက်ကို ယမန်နေ့(ဇွန်လ ၂၃ ရက်)တွင် ထုတ်ပြန်ခဲ့ရာ ထိုသို့ထည့်သွင်း ဖော်ပြခြင်းဖြစ်သည်။
စစ်ရှောင်စခန်းများတည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရက ကျပ် ငါးဘီလီယံလျာထား တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီး တစ်လအတွင်း ပြီးစီးရန်သတ်မှတ်
တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ ကြုံနေရသည့် ဒေသခံများအ တွက် စစ်ရှောင်စခန်းများဆောက် လုပ်ပေးရန် ကျပ်သိန်းငါးသောင်း (ကျပ် ငါးဘီလီယံ) လျာထား ကြောင်းရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူစည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ စစ်ရှောင်များ၏ ဆန္ဒပြု ချက်အပေါ်မူတည်ပြီး နေအိမ် များဆောက်လုပ်ပေးမည်ဟု ၎င်း ကဆိုသည်။
ကျည်မျိုးစုံ ၆၀၀ ကျော်နှင့်အတူ လက်နက်ပွဲစားထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းမိ
ကျည်မျိုးစုံ အတောင့် ၆၀၀ကျော်နှင့် ထိန်းချုပ်ကန့်သတ်ပစ္စည်းများသယ်ဆောင်လာသော အသက်(၂၃) နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်း စစ်ဆေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း တာချီလိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၂၂ ရက်၌ သတင်းထုတ်ပြန်သည်။ M22 ကျည် ၁၃၀တောင့်၊ ပွိုင့် 380 ကျည် ၁၅၁တောင့်၊ 12ဗို့ကျည် ၁၂၅တောင့်၊ ပွိုင့် 45ကျည်အတောင့် ၂၃၊ ပွိုင့် 22ကျည်အတောင့်၂၀၀ နှင့် အခြား ကျည်ဆန်များအပါအဝင် ကျည်အတောင့် ၆၀၀ကျော်နှင့် အနံ့ဆေးရည် ၁၂ လုံးကို သယ်ဆောင်လာသော ထိုင်းနိုင်ငံသား အာနွတ်ချိုင်ကို ဇွန်လ၂၂ရက် ညနေတွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ထိုင်းနိုင်ငံသားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသေး စိတ်စစ်ဆေးမေးမြန်းနေပြီး အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရာသီတုပ်ကွေးကြောင့် သုံးရက်အတွင်း လူနာတစ်ဦး ထပ်မံသေဆုံး သို့သော် ရဲမှတ်တမ်းအရ သေဆုံးသူ ရှစ်ဦးရှိလာ
သုံးရက်အတွင်း ရာသီ တုပ်ကွေး(H1N1)ကြောင့် လူနာ တစ်ဦး ထပ်မံသေဆုံးပြီးနောက် သေဆုံးသူ ခုနစ်ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ သတင်းရရှိသည်။ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ဇွန်လ ၂၀ ရက် ည တွင် ထုတ်ပြန်ထားသော အချက် အလက်များအရ ယခုနှစ်ဇန်န၀ါရီ မှ ဇွန်လအထိ အဆိုပါရောဂါပိုး တွေ့ရှိသူ ၁၆ ဦးရှိကာ ခြောက်ဦးသေဆုံးခဲ့သည်။ ဇွန်လ ၂၃ ရက် ညနေအထိ ပိုးတွေ့ရှိသူ ၁၉ ဦးနှင့် သေဆုံးသူခုနစ်ဦး ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် သုံးရက်အ တွင်း သေဆုံးသူတစ်ဦးနှင့် ပိုးတွေ့ရှိသူသုံးဦး တိုးလာသည်။
ရှမ်းပြည်နယ်တွင် စိတ်ကြွဆေးပြား ခုနစ်သန်းကျော် သိမ်းဆည်းရမိ ယခုနှစ်အတွင်း အများဆုံးဖမ်းဆီးနိုင်သည့်ပမာဏဖြစ်
ရှမ်းပြည်နယ် မိုင်းဆက် မြို့နယ်တွင် တပ်မတော်စစ် ကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စိတ်ကြွဆေးပြား ခုနစ်သန်းကျော်အပါအ၀င် ဆက် စပ်မူးယစ်ဆေးဝါးများ ဇွန်လ ၂၁ ရက်တွင်သိမ်းဆည်းရမိသည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။ေ တွ့ရှိသည့် မူးယစ်ဆေး ၀ါးပမာဏသည် ယခုနှစ်အတွင်း ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါး အမှုများအနက် ပမာဏအများ ဆုံးဖြစ်ပြီး ရှမ်းပြည်နယ်၌ တပ်မ တော်စစ်ကြောင်းဖြင့် စိတ်ကြွ ဆေးပြားသန်းနှင့်ချီသိမ်းဆည်း ရမိသည့်တတိယမြောက်အမှုဖြစ် သည်။
ရန်ကုန်ဂိုးသမားကျော်ဇင်ထက် ပွဲကစားစဉ် ဦးခေါင်းထိခိုက်မိ၍ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရ
ရန်ကုန်ယူနိုက်တက်၏ မြန်မာ့လက်ရွေးစင် ဂိုးသမား ကျော်ဇင်ထက်သည် ရှမ်းအသင်း နှင့်ပွဲ၌ ပွဲချိန်အတွင်း ဦးခေါင်းထိ ခိုက်မိကာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း အသင်းမီဒီ ယာတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်း ကပြောသည်။ ဇွန်လ ၂၃ ရက်က တောင် ကြီးမြို့၌ ယှဉ်ပြိုင်သည့် ရှမ်းနှင့်ရန်ကုန်အသင်းပွဲတွင် ပွဲချိန် ၄၁ မိနစ်၌ ရန်ကုန်ဂိုးသမား ကျော်ဇင်ထက်သည် ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနှင့် ဘောလုံးယှဉ်လုခိုက် ဦးခေါင်းထိခိုက်မိခဲ့သည်။ ယင်းထိခိုက်မှုကြောင့် ကျော်ဇင်ထက်သည် ပြန်လည်ထရပ်နိုင်ခဲ့သော် လည်း ပထမပိုင်းပြီးခါနီး၌ ဂိုးဧရိယာအတွင်း တစ်ဦးတည်းရှိနေ ချိန် လဲကျခဲ့သည်။ ထို့ကြောင့် ၎င်းကို ကွင်းအ တွင်း အရေးပေါ်ကုသမှု ပြုလုပ်ကာ တောင်ကြီးမြို့ရှိ စိန်ဆေးရုံ သို့ ပို့ဆောင်ခဲ့သည်။
ဝန်ကြီးဌာနသစ်ဖွဲ့မည့်ကိစ္စ ပြည်နယ်၊ တိုင်း လွှတ်တော်များသို့ သမ္မတသဝဏ်လွှာပို့ထား
တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်း ရန် ယနေ့ ကျင်းပမည့် ပြည်နယ်၊ တိုင်း လွှတ်တော်များသို့ နိုင်ငံ တော်သမ္မတက သဝဏ်လွှာပေးပို့ ထားသည်။ အဆိုပါ ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ် သက်၍ ဇွန်လ ၂၄ ရက်တွင် ကျင်းပမည့် ကရင်၊ ရခိုင်၊ ချင်း၊ မွန်၊ တနင်္သာရီ လွှတ်တော်တို့တွင် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးတင်ပြမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်တာဝန် ရှိသူများက ပြောသည်။
ဟွာဝေးဖုန်းများတွင် ဂူးဂဲလ်နှင့် ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုများ မရပါက ဖုန်းဆိုင်အချို့ငွေပြန်အမ်း
မြန်မာနိုင်ငံ၌ ရောင်းချနေသော Huawei စမတ်ဖုန်းများတွင် Google , Facebook နှင့် Instagram စသည့် App များ အသုံးပြု၍ မရပါက ဖုန်းတန်ဖိုး ၁၀၀ရာခိုင်နှုန်းအထိ ငွေပြန်အမ်းမည့် အစီအစဉ်ကို ပြည်တွင်းရှိဖုန်းဆိုင်အချို့၌ စတင်ပြုလုပ်နေ သည်။ လက်ရှိတွင် Unique , OscarMobile နှင့် အေ၀မ်းမိုဘိုင်းဆိုင် များတွင် အဆိုပါ အစီအစဉ် ဆောင်ရွက်နေသည်။
AA က သာသနိကအဆောက်အဦးတွေကို အကာအကွယ်ယူလာတယ်လို့ တပ်မတော်ဆို
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ဟာ သာသနိက အဆောက်အဦးတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အကာအကွယ်ယူလာတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော လိုက်ပါတယ်။ ဇွန် လ ၂၂ ရက်က နေပြည်တော်မှာရှိတဲ့ စစ်သမိုင်းပြတိုက်မှာ ပြု လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြော လိုက်တာပါ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ်အချို့မှာ အင်တာနက်သုံးစွဲမှုကို ယာယီ ဖြတ်တောက်ထားပါတယ်။ ဒါပေမယ့် ဒီလို အင်တာနက်သုံးစွဲမှုကို ယာယီပိတ်လိုက်တာကိုတော့တပ်မတော်အနေနဲ့ မသိရှိဘူးလို့ဆိုပါတယ်။ ဒီလို အင်တာနက်ဝန်ဆောင်မှုပေးတာကို ယာယီပိတ်လိုက်တာဟာ အများပြည်သူလုံခြုံရေးအခြေအနေ အတွက် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရတာလို့ သိရပါတယ်။
အသေးစား ငွေကြေးလုပ်ငန်း လုပ်နေသည့် INGO, NGO များ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ညွှန်ကြား
အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်နေသည့် INGO နှင့် NGO အဖွဲ့အစည်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လတွင် ညွှန် ကြားချက်ထုတ်ပြန်သည်။ ပြည်တွင်း အသင်းအဖွဲ့ NGO နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ INGO များသည် အသေးစားငွေချေးလုပ် ငန်း လုပ်ကိုင်လိုပါက ကုမ္ပဏီဥပ ဒေနှင့်အညီ မှတ်ပုံတင်ပြီး လုပ်ငန်း လိုင်စင်ရရှိမှ ဆောင်ရွက်နိုင်မည်ဟု ညွှန်ကြားချက်တွင်ဖော်ပြထား သည်။ ငွေရေးကြေးရေးလုပ်ငန်း များ လုပ်ကိုင်မည်ဆိုပါက အ သင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေအရ မှတ်ပုံတင်ရန် မလိုကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများအရေး လက်ခံဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည်မှာကြား
ထိုင်းနိုင်ငံတွင် ရောက် ရှိနေသည့် မြန်မာနိုင်ငံသားများ နှင့် မြန်မာလုပ်သားများ၏အရေး ကို လက်ခံဆောင်ရွက်ပေးရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး မိသားစုများနှင့် တွေ့ဆုံစဉ် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။ေ ဒ်ါအောင်ဆန်းစုကြည် သည် ဘန်ကောက်မြို့တွင် နှစ် ရက်ကြာ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးပွဲ တက်ရောက်အပြီး၌ မြန်မာသံရုံး မိသားစုများနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း မှာကြားခြင်းဖြစ်ကြောင်း အလုပ် သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။
ရခိုင် မင်းပြားမှာ တိုက်ပွဲပြင်းထန်
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားစစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာ နေသလို တိုက်ပွဲတွေလည်း ပြင်းထန်လာနေတာပါ။ မနေ့ကနဲ့ဒီကနေ့မှာ မင်းပြားမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေတယ် လို့ မြန်မာစစ်တပ်ကရောAA ဘက်ကပါ ပြောပါတယ်။ ဒီလိုဖြစ်ပွားတဲ့တိုက်ပွဲ ကြောင့်အနီးနားကျေးရွာက ရွာသားတွေ နေရပ်က တိမ်းရှောင် နေရတယ်လို့လဲ ဒေသခံတွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာဆိုင်ကယ်သမား ၂ ဦး မွန်ဂိုလီယားရောက်ပြီ

ရိုဟင်ဂျာ နေရပ်ပြန်ရေး မြန်မာကြိုးပမ်းမှု အာဆီယံ ထောက်ခံ

မြန်မာတပ်မတော်ကို ပိုမို ပိတ်ဆို့ဖို့ ကန် အောက်လွှတ်တော်ကော်မတီ သဘောတူ
တိုင်းရင်းသားလူနည်းစုတွေကို ရက်စက်စွာဖိနှိပ်မှုအတွက် မြန်မာ့တပ်မတော်ကို ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ အဆိုပြုချက်ကို ပါတီ နှစ်ရပ်လုံးက အမတ်တွေပါဝင်တဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ကြာသပတေးနေ့မှာ ထောက်ခံ လိုက်ပါတယ်။ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အမတ် Eliot Engel အယ်လီယော့ အန်ဂယ်လ် နဲ့ အိုဟိုင်းယိုးပြည်နယ် အမတ် Steve Chabot စတိဗ် ရှားဘတ်တို့ ကမကထပြုတဲ့ ဒီအဆိုပြုချက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ နေရပ်က မောင်းထုတ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကို ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေ ပြဌာန်းဖို့ တောင်းဆိုထားပါတယ်။
H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၇ ဦးရှိပြီ
H1 N1ကြောင့် သေဆုံးသူတစ်ဦးကို ရန်ကုန် ရေဝေးသုသာန်မှာ ဇွန်လ ၂၂ ရက် သဂြိုဟ်ခဲ့ပါတယ်။ ရာသီတုပ်ကွေးရောဂါ H1 N1 ကြောင့် ဇွန် ၂၂ ရက်က ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၇ ဦးအထိ ရှိလာပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနထံက သိရပါတယ်။ H1N1 ရောဂါ ဖြစ်ပွားတယ်လို့ အတည်ပြုထားသူ ၁၉ ဦးထဲက ရန်ကုန် ဆေးရုံကြီးမှာ စောင့်ကြည့် ကုသနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဇွန် ၂၂ ရက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မတူပီမြို့၌ မော်တော်ယာဉ်တစ်စီးချောက်ထဲကျ၍ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် သေဆုံး

ပင်လယ်တွင်း အမှိုက်သရိုက်ရှင်းဖို့ အာဆီယံသဘောတူ

တပ်မတော် ရေယာဉ်ကို တိုက်ခိုက်ခဲ့တဲ့နေရာအနီးမှာ နေထိုင်သူ ခြောက်ဦးကို စစ်ဆေးနေ

ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲတဲ့ အမှု ၂၀၀ ရှိနေပြီဖြစ်ကြောင်း အသံအဖွဲ့ထုတ်ပြန်
ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ငါးနှစ်ကျော်ကာလအတွင်းမှာ အဲဒီဥပဒေနဲ့တရားစွဲဆိုထားတဲ့ အမှုပေါင်း ၂၀၀ ရှိခဲ့ပြီး တရားစွဲခံရသူ ၂၄၆ ယောက်ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ) ကနေ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ တရားစွဲခံရသူတချို့က အကျဉ်းထောင်မှာရှိနေပြီး တချို့ကတော့ တရားရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။ တရားစွဲဆိုသူတွေကတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးသမားတွေဖြစ်တယ်လို့ သိရပါတယ်။
တာချီလိတ် တွင် ထိုင်းနိုင်ငံသား တဦးထံ ကျည် ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိ

ထီးချိုင့်မြို့နယ်တွင် လူငယ်ခြင်းစကားများရန်ဖြစ်ရာ လူသတ်တရားခံအား ၂၄ နာရီအတွင်း ဖမ်းမိ

ထီးချိုင့်မြို့နယ်တွင် လူငယ်ခြင်းစကားများရန်ဖြစ်ရာ လူသတ်တရားခံအား ၂၄ နာရီအတွင်း ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်ထီးချိုင့်မြို့နယ် ကျွဲဖြူသေကျေးရွာအနီး ဝါးတောနေရာတွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် နံနက် ၁ နာရီခွဲခန့်တွင် ထီးချိုင့်မြို့နယ် မောင်းကုန်းနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ဖြိုး ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ ထီးချိုင့်မြို့နယ် ကျွဲဖြူသေကျေးရွာအနီး ဝါးစခန်းတွင် ကန့်ဘလူမြို့နယ် မလယ်ကျေးရွာနေ မင်းဇော်(ခ)မင်းမင်း ဆိုသူနှင့် သပိတ်ကျင်းမြို့နယ် ဇင်းပျိုးပင်းကျေးရွာနေ စိုးလင်းထက် ဆိုသူတို့နှစ်ဦး လူငယ်ခြင်းစကားများရန်ဖြစ်ရာတွင် မင်းဇော်(ခ)မင်းမင်းမှ အရိုးအသွား နှစ်ပေခန့်ရှိ ဝါးခုတ်ဓားမဖြင့်ခုတ်လိုက်ရာ စိုးလင်းထက် ဆိုသူမှာအခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ဓားဖြင့်ခုတ်သတ်သူ မင်းဇော်(ခ)မင်းမင်းအား ၎င်းနံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ထီးချိုင့်မြို့မရဲစခန်းမှ ယာယီရဲစခန်းမှူး ရဲအုပ်ဋ္ဌေးဝင်းနှင့်အဖွဲ့မှ သက်သေများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
ကွန်းစုမြို့နယ် သဲဖြူကျွန်းကျေးရွာအနီး ရေပြင်၌ မြိတ်-ရွှေဂဲညိုသွား ကုန်တင်စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား


ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စာရင်း မြန်မာပါဝင်
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၈ ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ မြောက်ကိုရီးယား၊ အီရန်၊ ရုရှား၊ မြန်မာနဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတချို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပြီး ဥဇ်ဘက်စ်-ကစ္စတန် နိုင်ငံကိုတော့ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်ကို လေးစားလိုက်နာတဲ့နေရာမှာ တိုးတက်မှု ရှိလာတယ်လို့ ချီးကျူးထားပါတယ်။
ရခိုင်မှာ တပ်မတော်ကစစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေကို စုံစမ်းဖို့တင်ပြ
ရခိုင်ပြည်နယ်မှာ သံသယနဲ့ဖမ်းဆီးခံရသူတွေကို တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေရှိနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မနေ့ကရက်စွဲနဲ့ စာပေးပို့လိုက်ပါတယ်။ စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးတာနဲ့ပတ်သက်လို့ အစိုးရဘက်က စုံစမ်းစစ်ဆေးမှုတွေ မရှိတာကြောင့် အခုလို စာပေးပို့လိုက်တာလို့ စာပေးပိုရာမှာပါဝင်တဲ့ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက RFA ကိုပြောပါတယ်။
တပ်မတော်(ရေ) ကို AA တိုက်ခိုက်တာကြောင့် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရ

ဗီရိုထဲ ဝင်အိပ်တဲ့ ဝက်ဝံ

ကမ္ဘောဒီးယား သီဟာနုဗီးလ်မြို့မှာ ၇ ထပ်တိုက်ပြိုကျ

မဲခေါင်ရေကာတာ တည်ဆောက်မှု ကန်သတိပေးမဲခေါင်ရေကာတာ တည်ဆောက်မှု ကန်သတိပေး

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၇၄,၇၁၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မဘသ အမည်ပြောင်းအဖွဲ့ကို ငွေလှူတဲ့ အကြောင်း တပ်မတော် ပြန်ရှင်း
ဇွန်လ၁၇ ရက် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းခဲ့တာဖြစ်ပါတယ်။ မဘသ အဖွဲ့အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်(ဗဟို)ကို ဇွန်လ ၁၇ ရက်နေ့ကျင်းပတဲ့ နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ငွေလှူဒါန်းခဲ့တာဟာ သံဃာကိုရည်မှန်းပြီး လှူတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြန်လည် ရှင်းလင်းပါတယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာမှာ ဘာတွေ ပြောင်းလဲ လာသလဲ
သီးခြား လျှောက်ထားနိုင်တဲ့ တက္ကသိုလ်တွေထဲမှာ ရန်ကုန်တက္ကသိုလ်တစ်ခုထဲ လူတွေ့ထပ်မေးမှာဖြစ်
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် အဆင့်မြင့် ပညာ တက္ကသိုလ်ဝင် လျှောက်ထားရာမှာ ဝင်ခွင့်ကတ်ပြားတစ်ခုတည်းမှာ တက္ကသိုလ်အားလုံးကိုလျှောက်ထားနိုင်ပြီး သီးခြားတက္ကသိုလ်တွေရော ဆေးပညာရပ် နဲ့နှီးနွယ်တဲ့ တက္ကသိုလ် ၁၅ခုပါ ဝင်ခွင့်ကို ပူးပေါင်းပြီး ရွေးချယ်သွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် အဆင့်မြင့် ပညာ တက္ကသိုလ်ဝင် လျှောက်ထားရာမှာ ဝင်ခွင့်ကတ်ပြားတစ်ခုတည်းမှာ တက္ကသိုလ်အားလုံးကိုလျှောက်ထားနိုင်ပြီး သီးခြားတက္ကသိုလ်တွေရော ဆေးပညာရပ် နဲ့နှီးနွယ်တဲ့ တက္ကသိုလ် ၁၅ခုပါ ဝင်ခွင့်ကို ပူးပေါင်းပြီး ရွေးချယ်သွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
သတင်းထောက် သုံးယောက် အပါအဝင် ၁၂ ယောက်ကို ဒီမောဆိုမြို့မ ရဲစခန်းမှာ တပ်မတော် အမှုဖွင့်
လွိုင်ကော်အခြေစိုက် သတင်းထောက် သုံးယောက်နဲ့ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်၊ ဒေသခံ တောင်သူ ရှစ်ယောက် စုစုပေါင်း ၁၂ ယောက် ကို အမှတ် ၃၆၀ အမြောက်တပ်ရင်း တပ်ခွဲမှူးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀/၁၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဒီမောဆိုမြို့မ ရဲစခန်းကနေ သိရပါတယ်။
မြေသယ်ယာဉ်နှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ နေရာတွင် သေဆုံး

Subscribe to:
Posts (Atom)