စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific 2019 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် မြန်မာအလှမယ် မဝိုင်းအုံချစ်မိုးက Winner သရဖူဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ဇွန်လ ၂၅ ရက်ကစတင်ပြီး စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ဇွန် ၃၀ ရက်က နောက်ဆုံးဖိုင်နယ်မှာ မြန်မာအလှမယ် ဝိုင်းအုံချစ်မိုးက Winner ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အလှမယ် ဝိုင်းအုံချစ်မိုးဟာ အသက် ၁၄ နှစ်အရွယ်သာရှိသေးပြီး အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါသူ ဖြစ်ပါတယ်။
Pages
Monday, July 8, 2019
အာဖရိကနိုင်ငံများဖလား ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသဖြင့် အီဂျစ်နည်းပြကို ထုတ်ပယ်
မြန်မာ့ရုပ်သေး ရေရှည်တည်တံ့ရန် ထောက်ပံ့မှုများ လိုအပ်နေ
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တခုဖြစ်တဲ့ ရုပ်သေးအနုပညာဟာ ကမ္ဘာကပါ စိတ်ဝင်စားမှု များပြားနေပေမယ့် ရေရှည်ရှင်သန် တည်တံ့နိုင်ဖို့အတွက် ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ရုပ်သေးပညာရှင်တွေက ပြောပါတယ်။ြ ပည်တွင်းက ငွေကြေးချမ်းသာသူတွေအနေနဲ့ Theatre ကဇာတ်ရုံတွေ တည်ဆောက်တဲ့ စီးပွားရေးကို စိတ်ဝင်စားမှု မရှိကြဘူးလို့ ရုပ်သေးအနုပညာရှင်တွေက ဆိုပါတယ်။
အာဖဂန် လုံခြုံရေးဌာနကို တာလီဘန် တိုက်ခိုက်၊ ၁၄ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်လာသူ ၂၀၀ ကျော်ရှိဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူးပြော
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး မန္တလေးတွင် ဆန္ဒပြ
ကျောက်မဲမြို့နယ်တွင် ရန်ဖြစ်ရာက ကာရာအိုကေဆိုင် မီးရှို့မှုဖြစ်ပွား
ကင်အီဆွန်း ကွယ်လွန်သည့် ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကင်ဂျုံအန်း တက်ရောက်
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး စစ်ကိုင်းမြို့တွင် ဆန္ဒပြ
ဆီးရီးယားတွင် ရုရှားညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၀ ကျော် သေဆုံး
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇူလိုင်-၈၊၂၀၁၉
ဒီကနေ့ ဇူလိုင် ၈ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၀၇ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၀ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၈၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၆ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၂ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၈ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၁၆၅၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၁၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၂၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၉၀ ကျပ်ဈေးဖြစ်ပါ တယ်။
နျူကလီးယား အစီအစဉ် အရှိန်မြှင့်မည်ဟု ကြေညာခဲ့သည့် အီရန်အား ထရမ့် သတိပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ သတိထားရင် ပိုကောင်းမယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အီရန်နိုင်ငံက ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ကျော်လွန်ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့်တင်သွားမယ်လို့ ကြေညာပြီး နာရီပိုင်းအကြာမှာ ထရမ့်က အခုလို သတိပေးလိုက်တာပါ။ ၂၀၁၅ ခုနှစ်မှာ အီရန်က နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။
သိမ်းဆည်းမြေ ပြန်လည်ရရှိရေး ဖရူဆိုမြို့တွင် တောင်သူများဆန္ဒပြ
မန်ယူ၏ ရာသီကြို ခြေစမ်းခရီးစဉ်ကို ကွင်းလယ်လူ ပေါ့ဂ်ဘာ လိုက်ပါ
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ သြစတြေးလျနဲ့ အာရှတိုက် ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတွေက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ကိစ္စတွေကြောင့် အသင်းနဲ့အတူ ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ လိုက်ပါကစားဖို့အတွက် မသေချာမရေရာ ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဇူလိုင် ၁၃ ရက်မှာ သြစတြေးလျကလပ် ပါ့သ်ဂလိုရီအသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး ဇူလိုင် ၁၇ ရက်မှာ လိဒ်ယူနိုက်တက်နဲ့ သြစတြေးလျမှာပဲ ဆက်ကစားမှာပါ။ အဲဒီနောက် ဇူလိုင် ၂၀ ရက်မှာ စင်ကာပူမှာ အင်တာမီလန်၊ ဇူလိုင် ၂၅ ရက်မှာ စပါးနဲ့ တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းသူများအား ဟန့်တားရန် မက္ကဆီကို အမျိုးသားလုံခြုံရေးအစောင့်တပ် နယ်စပ်တွင် ကင်းလှည့်
စင်းဘောကိုင်းတွင် ဒုက္ခသည် ၃၀၀၀ ကျော် စားနပ်ရိက္ခာနှင့်နေထိုင်ရေး အခက်အခဲဖြစ်နေ
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 8 July 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၁၉၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၁၉၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားပါတယ်။
ညောင်လေးပင်တွင် လေပြင်းကြောင့် နေအိမ် ၇၆ လုံး အမိုးလန်ပျက်စီး
ဆရာတော် ဦးပါမောက္ခ ကန့်ကွက်ကြောင်း အိတ်ဖွင့် ပေးစာ အမေရိကန်သံရုံးသို့ သွားရောက်ပေးပို့


ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းကြရမည့် ကမ္ဘာ့အမွေအနှစ် ပုဂံ
၂၀၁၉ ဇူလိုင်လ ၆ ရက်နေ့သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားတို့ ဝမ်းမြောက်ဂုဏ်ယူခဲ့ကြရသည့် မင်္ဂလာရှိသောနေ့တနေ့ ဖြစ်သည်။ အဆိုပါနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခန့်က အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့တွင် ကျင်းပသည့် ယူနက်စကိုအဖွဲ့၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာလိုက်၍ ဖြစ်သည်။
ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ် တရုတ်ကလပ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရ
သူဌေးလူယုံသဖွယ်ဟန်ဆောင်ထားသူနှင့် ဖေ့ဘွတ်မှတစ်ဆင့် ခင်မင်ချစ်ကြိုက်မိသည့် အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် ရောင်းစားခံရ

တာချီလိတ်မြို့တွင် တူမီးသေနတ် (၂)လက် အပါအ၀င် မူးယစ်ဆေးဖြင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ

ကမ္ဘောဒီးယားတွင် အလုပ်ရမည်ဟုဆိုကာ မြန်မာလူငယ်များအား ခေါ်ဆောင်သွားသော တရုတ်နို်င်ငံသားတဦးအား လေဆိပ်တွင် ဖမ်းဆီး

ချင်းရွှေဟော်မြို့သို့မောင်းနှင်လာသည့် ယာဉ်အားရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါး သိန်း ၈၈၃၈၀၀၀၀ ကျပ်ဖိုး ဖမ်းဆီးရမိ


တံငါသည်တွေရဲ့ ငါးမိုင်းခွဲမှုကြောင့် တရုတ်ခရီးသွားနှစ်ဦး အပါအ၀င် သုံးဦး သေဆုံး

မူဆယ်မြို့ ပေါ် လူမြင်ကွင်း၌ ဖုန်းနှင့်ပိုက်ဆံအိတ်လုသည့်အပြင် ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွား

နေတိုးတပ်ဖွဲ့ Sea Breeze စစ်ရေးပူပေါင်းပါဝင်လေ့ကျင့်မှု ရုရှားစောင့်ကြည့်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန်တွင် ရေကြီးရေလျှံဖြစ်နေ
ကမ္ဘာ့အကြီးဆုံး ဂုန်လျှော်အိတ် ဂင်းနစ်စံချိန်သစ်တင်
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဇူလိုင် ၂၃ နောက်ဆုံး တင်သွင်းရန် တိုက်တွန်း
တက္ကသိုလ်ဝင်ခွင့်လျှောက်မယ့် ကျောင်းသားတွေအနေနဲ့ ဝင်ခွင့်လျှောက်လွှာတွေကို ဇူလိုင် ၂၃ ရက် နောက်ဆုံးထား အချိန်မီတင်သွင်းကြဖို့ အဆင့်မြင့်ပညာဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို ဇွန် ၂၄ ရက်နေ့ကနေစပြီး ဇူလိုင် ၂၃ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာတက္ကသိုလ် ၂၃ ကျောင်းနဲ့ သီးခြားဝင်ခွင့်ခေါ်ယူခွင့်ရရှိထားတဲ့ တက္ကသိုလ် ၁၄ ကျောင်းမှာ လက်ခံပေးနေတာပါ။
ကိုရီးယားမင်းသမီး လီယူအွမ်း ခုံးကောင်ဖမ်းစားသည့်ရုပ်သံထုတ်လွှင့်မှု SBS တောင်းပန်
ဆေးဝါးပြတ်လပ်မှုနှင့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် လိုက်ဘေးရီးယား ဆေးရုံများ
လိုက်ဘေးရီးယား၏ Phebe ဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင်၌ အမျိုးသမီးငယ်တစ်ဦး လဲလျောင်းနေသည်။ သူ့အတွက် လိုအပ်သောဆေးကို မိခင်ဖြစ်သူက ယူလာချိန်တွင် ဆရာဝန်က ခေါင်း ခါလိုက်သည်။ “လူနာတွေ ရောက်လာချိန်မှာ မိသားစုဝင်တွေ ဆေးထွက်ဝယ်ဖို့ ကျွန်တော်တို့က ခိုင်းရပါတယ်။ တစ်ခါတလေ သူတို့ပြန်လာတဲ့အချိန်မှာ လူနာတွေက သေသွားပါပြီ” ဟု ဆေးရုံ၏ ဒါရိုက်တာ ဆရာဝန် ဂျက်ဖာဆင်ဆစ်ဘလေ က ငြီးတွားခဲ့သည်။ြ ပည်တွင်းစစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ပြီးနောက် ၂၀၁၄-၂၀၁၆ တွင် နိုင်ငံသမိုင်း၌ အဆိုးရွားဆုံး အီဘိုလာ အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသော လိုက်ဘေးရီးယား ကျန်းမာရေးကဏ္ဍဍသည် လဲပြိုနေပြီဖြစ်သည်။
ထိုင်းရဲများ၏ အနိုင်ကျင့်ခံရခြင်းအားကျေနပ်မှုမရှိ၍ မြန်မာနိုင်ငံသားတစ်ဦးမှ မဲ့ဆောက်.မြဝတီချစ်ကြည်ရေး တံတားအလယ်တွင် ဆန္ဒဖော်ထုတ်

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သတ်မှတ်ထားသည့် အတန်းလိုက်ပညာရပ်များအား အမှန်တကယ်တတ်မြောက် ကြရန်လို
နိုင်ငံတော်တွင်လိုအပ်နေသည့် နည်းပညာနှင့် လူသားစွမ်းရည်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရာတွင်ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများဆိုသည့် ပညာရေးစတုဂံအား ကောင်းရန်လိုကြောင်း၊ ကျောင်းသားကပညာကိုတတ်အောင်ကြိုးစားသင်ယူ၊ ဆရာများကပညာကို တတ်မြောက်အောင်သင်ကြားပေး၊ မိဘများကသားသမီးများအတွက် ပညာရေးကိုအားပေး၊ အုပ်ချုပ်ရေး တာဝန်ရှိသူများက ရုပ်ဝတ္ထုများနှင့်သင်ထောက်ကူပစ္စည်းများ အပါအ၀င် အေးချမ်း၊ လုံခြုံ၊ ပျော်ရွှင်စွာဖြင့် ပြည့်စုံသည့်သင်ကြားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးပြီး ၀ိုင်းဝန်းကူညီအထောက်အကူပေးကြခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ ၏ပညာရေးကဏ္ဍသည်တိုးတက်လာမည်ဖြစ်ကြောင်း၊
ပညာရေးဆိုင်ရာ ဖိအားများနှင့် ကြုံနေရသော စင်ကာပူကလေးများ
စင်ကာပူသည် ကမ္ဘာ့ပညာရေး အဆင့်အတန်းများတွင် အောင်မြင်မှုများအတွက် ကလေးများသည် ကြီးမားစွာ ပေးဆပ်နေရသည်။ ကျောင်းသားကလေးငယ်များသည် ပြင်းထန်သော ဖိအားများအား ကျော်လွှားနိုင်ရန် ရုန်းကန်နေရစဉ် စိတ်ကျန်းမာရေး အကူအညီ ရယူသူ အရေအတွက်လည်း မြင့်တက်လာနေသည်။ ကလေးများသည် အခြေခံပညာအဆင့်မှစတင်၍ စာသင်ကျောင်းများနှင့်သက်ဆိုင်သော စိုးရိမ်ပူပန်မှုများနှင့် ဖိအားများကို ရင်ဆိုင်နေရသည့်လက္ခဏာများကို ပြသခဲ့ကြပြီး ကလေးများသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်အထိ ပြင်းထန်သော ဖြစ်စဉ်များပင် ရှိခဲ့သည်။
အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒိုဟာတွင် နှစ်ရက်ကြာကျင်းပ
၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်နှင့် သူပုန်အဖွဲ့များအကြား ဆွေးနွေးပွဲများ သီးခြားပြုလုပ်နေကြစဉ် အာဖဂန်အတိုက်အခံများအပါအဝင် သြဇာကြီးအာဖဂန် ကိုယ်စားလှယ်များစွာသည် ဒိုဟာမြို့၌ ဇူလိုင် ၇ ရက်တွင် စတင်ကျင်းပသော နှစ်ရက်ကြာ အာဖဂန်ထိပ်သီးတွင် တာလီဘန်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များကို စတင်ရုပ်သိမ်းခွင့်ပြုရေးအတွက် စက်တင်ဘာလတွင် ကျင်းပရန်သတ်မှတ်ထားသော အာဖဂန်သမ္မတရွေးကောက်ပွဲ မတိုင်မီ တာလီဘန်အဖွဲ့နှင့် နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရန် လိုလားကြောင်း ဝါရှင်တန်က ပြောကြားထားသည်။
စစ်ပွဲဒဏ် ငါးနှစ်ကြာကြုံပြီးနောက် ယီမင်နိုင်ငံ၏ အခြေအနေ အဆိုးရွားဆုံးသို့ရောက်ရှိ
ယီမင်နိုင်ငံ မြို့တော်ဆာနာအတွက် မဟာဗျူဟာကျသော ဝင်ပေါက်တစ်ခုဖြစ်သည့် Amran မြို့ ရှိ ဒေသခံအများစုကဲ့သို့ပင် မိုဟာမက်အယ်လ်နာ့ခ်ျရီသည်လည်း လွန်ခဲ့သည့်ငါးနှစ်တွင် ဟူသီသူပုန်တို့၏ မြို့သိမ်းပိုက်မှုသည် ကာလကြာရှည်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။ သို့သော် တိုက်ပွဲများသည် နိုင်ငံ၏ နယ်မြေများသို့ မြန်မြန်ဆန်ဆန်ပျံ့နှံ့ခဲ့ပြီး အာရပ်ကမ္ဘာ၏ အ ဆင်းရဲဆုံးနိုင်ငံကို ဖွတ်ဖွတ်ညက်ညက် ကြေစေသော ပဋိပက္ခတစ်ခုသို့ ကျရောက်စေခဲ့ပြီး ယခုထိအ ဆုံးမသတ်သေးပေ။
အမေရိကန်ကျောင်းသား ဝမ်ဘီယာ၏ မိဘများက သားဖြစ်သူ သေဆုံးမှုအတွက် နစ်နာကြေးအဖြစ် ဖမ်းဆီးခံ မြောက်ကိုရီးယားသင်္ဘောကို ရရှိရန် ကြိုးပမ်း
အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာ သေဆုံးမှုအတွက် မြောက်ကိုရီးယားက လျော်ကြေးဒေါ်လာ သန်းနှင့်ချီ ပေးဆောင်ရန် အမေရိကန်တရားသူကြီးက ဆုံးဖြတ်ထားစဉ် ထိုလျော်ကြေးအားရရှိရန် ကြိုးပမ်းမှုအဖြစ် ဖမ်းဆီးခံထားရသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးကို ပေးရန် ゞင်း၏ မိဘများက တောင်းဆိုခဲ့သည်။ ဝမ်ဘီယာ မတရားသဖြင့် သေဆုံးရသည့် အကြောင်းအရင်းကို အဖြေပေးရန် မြောက်ကိုရီးယားက ပျက်ကွက်ခဲ့သဖြင့် ထိန်းချုပ်ထားသည့် မြောက်ကိုရီးယား၏ ပိုင်ဆိုင်မှုများကို ရရှိရန် ゞင်းတို့တွင် အခွင့်အရေးရှိသည်ဟု ဝမ်ဘီယာ၏မိဘများက ဇူလိုင် ၃ ရက်တွင် နယူးယောက်ဖက်ဒရယ် တရားရုံးသို့ တင်ခဲ့သည့် အမှုတွဲစာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ ဝမ်ဘီယာသည် ဟောင်ကောင်တွင် ပညာသင်ယူမည့် အစီအစဉ်မတိုင်မီ ဧည့်လမ်းညွှန်ပါဝင်သော ခရီးသွားအဖွဲ့ဖြင့် မြောက်ကိုရီးယားသို့ အလည်အပတ် သွားရောက်စဉ် ဖမ်းဆီးခံရပြီးနောက် အမေရိကန်သို့ ရောက်ရှိခဲ့ပြီး မကြာမီ သေဆုံးခဲ့သည်။
ဟောင်ကောင်ဆန္ဒပြသူများက တရုတ်ဘူတာရုံသို့ ချီတက်ဆန္ဒပြ

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) နယ်မြေအတွင်း မူးယစ်ဆေးဝါးကင်းစင်ကြောင်း NDAA အဖွဲ့ အကြီးအကဲအချို့ အာမခံ
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) နယ်မြေအဖြစ် သတ်မှတ်ထားသည့် မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသတို့တွင် မူးယစ်ဆေးဝါး လုံးဝကင်းစင်ကြောင်း အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (NDAA) ၏ အကြီးအကဲအချို့က အာမခံပြောကြားသည်။ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အထူးဒေသ (၄) နယ်မြေအတွင်း အချိန်မရွေး လာရောက်ကြည့်ရှုနိုင်ပြီး မူးယစ်ဆေးဝါးတွေ့ရှိခဲ့ပါက မိမိ လည်ပင်း အဖြတ်ခံနိုင်သည်အထိ အာမခံကြောင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) သတင်းပြန်ကြားရေးဌာနကြီးမှူး ဦးခမ်းမောင်က ဆိုသည်။
"အင်ဒိုမှာ ရစ်ခ်ျတာစကေး ၇.၁ ရှိ ငလျင်ကြီးလှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်"
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ မြောက်ပိုင်းဆူလာဝေစီ ကမ်းလွန်ပင်လယ်ပြင်မှာ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားဘူမိရူပဗေဒဌာ (Indonesian Geophysics Agency - BMKG) က ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြီးဟာ ဒေသစံတော်ချိန် ယနေ့ (ဇူလိုင် ၇ ရက်) ည ၁၀ နာရီ ၈ မိနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ BMKG က ပြောပါတယ်။ ငလျင်ဟာ မြောက်ပိုင်းဆူလာဝေစီနဲ့ မြောက်ပိုင်းမာလူကူ ပြည်နယ်နှစ်ခုကြား Molucca ပင်လယ်မှာ ဗဟိုပြုပြီး မြေအောက်အနက် ၁၅ မိုင်ခန့်မှာ လှုပ်ခတ်သွားခဲ့ကြောင်း US Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
၁၂နှစ်အကြာ ကိုပါအမေရိက ဖလား ချန်ပီယံ ဖြစ်လာတဲ့ ဘရာဇီး
အိမ်ရှင် အဖြစ် ကျင်းပတဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးက ပီရူးကို ၃-၁ဂိုးနဲ့ နိုင်ပြီး ၂၀၀၇ နောက်ပိုင်း ပထမဆုံး ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်ပွဲတုန်းက လူစာရင်းကို အပြောင်းအလဲ မလုပ်ခဲ့ဘဲ ပွဲထွက်ခဲ့တာပါ။ ဒီပွဲမှာ VAR ရဲ့ အဆုံးအဖြတ်နဲ့ ပင်နယ်တီတွေရှိခဲ့သလို အိမ်ရှင် ဘရာဇီင်္းကတော့ ဒုတိယပိုင်းမှာ တစ်ယောက်လျော့နဲ့ နိုင်ခဲ့တာပါ။ ပထမပိုင်း ၁၅မိနစ်မှာ အဲဗာတန်က ဦးဆောင်ဂိုးသွင်းပြီး ပီရူးဖက်က ၄၄မိနစ်မှာ ပင်နယ်တီ ပြန်ရခဲ့ပါတယ်။ တိုက်စစ်မှူး ဂွာရဲရိုး ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် ချက်ချင်းပဲ ၄၅မိနစ်မှာ ဂါဘရီရယ် ဂျေဆုက ပြန်သွင်းလို့ အိမ်ရှင် ဘရာဇီး ၂-၁ဂိုးနဲ့ဦးဆောင်ခဲ့ပြန်ပါတယ်။
တာချီလိတ်က ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင် ဆိုင်ဖွင့်ချိန်တွင် လုယက်ခံရ

သင်္ဃ္န်းကျွန်းမြို့နယ်တွင် အငှားယာဉ်ငှားစီးသူ၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်း လုယက်ခဲ့သည့် ယာဉ်မောင်းပါလေးဦးအား ဖမ်းဆီးရမိ
သင်္ဃ္န်းကျွန်းမြို့နယ်တွင် အငှားယာဉ်ငှားစီးသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်း လုယက်ခဲ့သည့် ယာဉ်မောင်းပါလေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၇ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းသို့ အငှားယာဉ်ငှားစီးသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေနှင့်လက်ကိုင် ဖုန်း လုယက်သွားသူလေးဦးမှာ ဒဂုံတောင်မြို့နယ် ၆၅ ရပ်ကွက်နေ ဇေယျာမျိုးမောင် (၂၅ နှစ်)၊ ၂၃ ရပ် ကွက်နေ အတာ(ခ)ဘိုဖုချို(၁၈ နှစ်)၊ ၂၆ ရပ်ကွက်နေ တိုးတိုးအောင် (ခ) တိုးကြီး(၂၆ နှစ်)နှင့် မျိုးသက်(၂၇ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကျောင်းသူ ၈ ဦးကို မုဒိမ်းကျင့်ခဲ့ဟု ဘင်္ဂလားဒေ့ရှ် ဘာသာရေး ကျောင်းဆရာ ၀န်ခံ

နျူကလီးယား ကတိကဝတ်များကို ရက် ၆၀ အတွင်း စွန့်ပယ်မည်ဟု အီရန်ခြိမ်းခြောက်
ပြင်သစ်မှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့် ဦးခေါင်းပုံ လေမှုတ်အရုပ်ကြီး
ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ စုရုံးချီတက်ပြီး အစိုးရကို ဆက်လက်ဖိအားပေး
‘အကျင့်ပျက်ခြစားမှုတွေနဲ့ ကိုပါအမေရိကပြိုင်ပွဲ’လို့ ဝေဖန်သွားတဲ့ မက်ဆီ
လီယွန်နယ် မက်ဆီဟာ ချီလီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲ ပထမပိုင်းမှာ အနီကတ်နဲ့ အထုတ်ခံရပြီးနောက် ပွဲအပြီး ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိသလို ပြိုင်ပွဲကိုလည်း အကျင့်ပျက်ခြစားမှုလို့ သူက ဝေဖန်သွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို အဂူရို၊ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ကိုပါအမေရိကပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။
ကသည်းလက်နက်ကိုင်များအား ဖယ်ရှားအရေးယူမှုများ ပြုလုပ်ရန် တမူးဒေသခံများ တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ ကသည်း လက်နက်ကိုင်များကို ပြစ်တင်ရှုတ်ချလိုက်ပြီး အာဏာပိုင်များအနေဖြင့် အရေးယူဖယ်ရှားမှုများ ပြုလုပ်ရန် တမူးဒေသခံများက တောင်းဆိုလိုက်ကြသည်။ ယမန်နေ့ ဇူလိုင် ၆ ရက်နေ့က တမူးမြို့၊ ဧပရယ်မွန်ခန်းမတွင် ကျင်းပခဲ့သည့် ဒေသတွင်း ငြိမ်းချမ်းရေးဆွေးနွေး ပွဲအပြီး ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ တမူးနယ်စပ်နှင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း အခြေချ နေထိုင်သော ကသည်းလက်နက်ကိုင်များအား အမြန်ဆုံး ဖယ်ရှားပေးသင့်ကြောင်း ပါရှိသည်။
စုံနံ့သာမြိုင်ကတော့ စားတယ်ဗျာ
(တစ်) အခုဆိုရင် စုံနံ့သာမြိုင်က တောသတ္တ၀ါတွေ ကမ္ဘာ့နေရာအ သီးသီးမှာ ရောက်ရှိပြီး အခြေချ လို့ နေထိုင်လာခဲ့ကြတာဟာဖြင့် သူတို့မရောက်တဲ့နေရာရယ်လို့ မရှိသလောက်ကို ဖြစ်နေပါပြီ။ မိုက်ဂရေးရှင်း (Migration)တဲ့။ တစ်နေရာက တစ်နေရာကို ပြောင်းနေတာကို ပြောတာပါပဲ။ ဟုတ်တယ်။ တောသတ္တ၀ါတွေ တစ်နေရာက တစ်နေရာကို ပြောင်းကြတယ်။ ဇာတိစုံနံ့သာ မြိုင်ကို စွန့်ခွာပြီးအရပ်တစ်ပါးကို ပြေးကြတယ်။ သူတို့ပြောပုံအရ တောဟာနေလို့ထိုင်လို့ မကောင်း တော့ဘူးဆိုလား။ ဘယ်လို ကြောင့် နေလို့ထိုင်လို့မကောင်း တော့တာတုံးဆိုတော့ တောက စားလွန်းလို့တဲ့။
အခါးစားပေးသင့်တဲ့ အကြောင်းအရင်း
အစားအသောက်တွေဆိုရင် အနံ့အရသာနဲ့ပြည့်စုံမှစားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့အရသာလေးကိုမှ ကြိုက်တယ်ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ်အနေနဲ့ အခါးလေးနည်းနည်းလောက်စားပါ၊ လို့ပြောပါရစေနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…….
အခါးစားပေးသင့်တဲ့အကြောင်းအရင်း
အခါးကိုနေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ အခါးဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါးစားပေးတဲ့အခါ
အခါးစားပေးသင့်တဲ့အကြောင်းအရင်း
အခါးကိုနေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ အခါးဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါးစားပေးတဲ့အခါ
နွေရာသီမှာသောက်လေ့ရှိကြတဲ့ ဥသျှစ်ရည်ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်
နွေပူနေချိန်မှာ ဥသျှစ်သီးဖျော်ရည် အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်က မြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးက သောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့် ပြောပြပေးချင်ပါတယ်။
ဆင်းရဲခြင်းမှ ကင်းလွတ်ဖို့
ဇွန်လ ၂၈ ရက်ထုတ် 7Day သတင်းစာမျက်နှာဖုံးတွင် စိတ် ဝင်စားစရာကောင်းပြီး ကျွန်တော် တို့အတွက် မထူးဆန်းသော သ တင်းတစ်ပုဒ်ကို ဖတ်ရသည်။ သ တင်းက ‘မြန်မာနိုင်ငံတွင်လူလေး ဦးလျှင် တစ်ဦးဆင်းရဲနေ’ ဟူ၍ ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းခြင်းမှာ သတင်းအရနိုင်ငံ ၏ လူဦးရေလေးပုံတစ်ပုံမှာ ဆင်း ရဲနေသောကြောင့် ဖြစ်သည်။ မ ထူးဆန်းဟုဆိုရခြင်းမှာ ကျွန် တော်တို့နိုင်ငံသားများအဖို့ ဆင်း ရဲခြင်းနှင့် ထုသားပေသားရ နေ သည်မှာ ရာစုနှစ်တစ်ဝက်ကျော် ပြီဖြစ်သောကြောင့်ပါတည်း။
ကဏ္ဍငါးခုတွင် အောက်တိုဘာ ၁ ရက်ကစ၍ ယူနီကုတ်စနစ် အသုံးပြုရမည်
ဆက်သွယ်ရေးအော် ပရေတာများ၊ ဟန်းဆက်ထုတ် လုပ်တင်သွင်းသူများ၊ ဆားဗစ် စင်တာများ၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် Content Providers များသည် အောက်တို ဘာ ၁ ရက်ကစ၍ ယူနီကုတ် မြန်မာစာစနစ်ကို စတင်အသုံးပြုရ မည်ဟု မြန်မာနိုင်ငံကွန်ပျူတာအ သင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်ကပြောသည်။ e Government ဦးဆောင် ကော်မတီ၏ လမ်းညွှန်ချက်အရ အစိုးရအဖွဲ့အစည်းများတွင် ယူနီ ကုတ်စံသတ်မှတ်ချက်နှင့် ကိုက် ညီသည့် ပြည်ထောင်စုဖောင့်ကို ဧပြီလ ၁ ရက်က စတင်၍ ရုံးတွင်း လုပ်ငန်းစဉ်များ၌ ပြောင်းလဲအသုံးပြုရာ ရာနှုန်းပြည့် အောင်မြင်ခဲ့သည်ဟု ၎င်းကပြောသည်။
မကွေးတိုင်း ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးအသင်းသို့ ရောက်လာသည့် Single Mother များအနက် အများစုမှာ သက်ငယ်မုဒိမ်းမှုဟုဆို
မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းသို့ တစ်နှစ်အတွင်း အကူအညီ တောင်းခံလာသည့် Single Mother ၁၇ ဦးအနက် ၁၅ ဦးသည် သက်ငယ်မုဒိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသူများဖြစ်ကြောင်း အသင်း အတွင်းရေးမှူး ဒေါ်စန္ဒာသန်းက ပြောသည်။ ‘‘(၁၈)နှစ်အောက် ကလေးတွေပါ။ များသောအားဖြင့် (၁၃)၊(၁၄)နှစ်အရွယ် ကလေးတွေကပိုများပါတယ်။ (၂၁)နဲ့ (၂၃)နှစ်အရွယ် နှစ်ယောက်ပါပါတယ်’’ ဟု ၎င်းကဆိုသည်။
ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းရှိဟိုတယ်များ ဖယ်ရှားပေးရမည်မဟုတ်ဟုဆို
ရှေးဟောင်းမြို့တော် ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သွားသော်လည်း ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအတွင်းရှိ ဟိုတယ်များနှင့် ဆောက်လက်စဟိုတယ်များ ဖယ်ရှားပေးရမည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ ထို့အပြင် ပုဂံဒေသခံများ အဆင်ပြေစေရေး Home Stay (ဧည့်နေထိုင်ခွင့်) ခွင့်ပြုပေးမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။
ပန်ပေါင်း ဝမ့်ဝမ့် KTV မီးလောင်မှုဖြစ်ပွား
ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့ ပုဂံ
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ယူနက်စကိုက ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ဇူလိုင် ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒီလို သတ်မှတ်ခံခဲ့ရတာကြောင့် နှစ်ပေါင်း ရာ၊ ထောင်ချီ သက်တမ်းရှိတဲ့ ပုဂံက ရှေးဟောင်း အဆောက်အအုံတွေကို ရေရှည်ထိမ်းသိန်းရေးမှာ ပိုအားကောင်းလာပါတော့မယ်။ ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ယူနက်စကိုက အကူအညီပေးတာတွေ ပိုရလာပါလိမ့်မယ်။ ဒါ့အပြင် ယူနက်စကို စာရင်းဝင်နိုင်ခဲ့တာကြောင့် ပုဂံဒေသဟာ နိုင်ငံတကာစည်းမျဉ်းတွေအရ တရားဝင်စောင့်ရှောက် ကာကွယ်မှုကိုရရှိမှာ ဖြစ်ပါတယ်။ ပုဂံဒေသကို ကမ္ဘာလှည့် ခရီးသွားတွေ ပိုစိတ်ဝင်စားလာမှာ ဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းလည်း ပို ဖွံ့ဖြိုးလာဖို့ ရှိနေပါတယ်။
မက်ဆီက ဒိုင်လူကြီးများနှင့် အဂတိလိုက်စားမှုကို ပြင်းထန်စွာဝေဖန်
ဘောလုံးပွဲများ အလွန်အကျွံ ပြသခြင်းကို Adidas အကြီးအကဲ သတိပေး
ဘောလုံးပွဲများ အ လွန်အကျွံပြသခြင်းသည် အ ကောင်းလွန်ခြင်းဖြစ်နိုင်သည်ဟု ဂျာမနီအားကစားဝတ်စုံနှင့် အား ကစားပစ္စည်းကုမ္ပဏီကြီး Adidas အကြီးအကဲက သတိပေးပြော ကြားသည်။ ဘောလုံးကို အလွန်အကျွံ ဦးစားပေးခြင်းဖြင့် အားကစား ကလပ်များနှင့် အစည်းအရုံးများ သည် ပရိသတ်များနှင့် ကင်းလွတ် နိုင်သည်ဟု ကက်စပါရော့စ ကက်ဒ်က ပြောကြားကာ ရုပ်သံ လိုင်းများအနေဖြင့်လည်း ဒုတိယ တန်း၊ တတိယတန်းဘောလုံးပွဲ များပြသမည့်အစား အခြားအား ကစားများပြသရန် ၎င်းက တိုက် တွန်းသည်။
အာဖရိကဖလားတွင် အိမ်ရှင်အီဂျစ်နှင့် လက်ရှိချန်ပီယံကင်မရွန်း ရှုံးနိမ့်
အာဖရိကနိုင်ငံများဖလား (၁၆)သင်းရှုံးထွက်အဆင့်တွင် အိမ်ရှင်အီဂျစ်သည် တောင်အာ ဖရိကအသင်းကို ၁-၀ ဂိုးဖြင့် ရှုံး နိမ့်ခဲ့သည်။ ယင်းပွဲအပြီး သုံးနာရီမပြည့် မီ မက္ကဆီကိုနိုင်ငံသားဂျာဗီးယား အက်ဂူရီကို အီဂျစ်နည်းပြရာထူး မှထုတ်ပယ်ကြောင်း အီဂျစ်ဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟာနီအဘိုရီ ဒါကကြေညာပြီး ၎င်းကိုယ်တိုင် လည်း နုတ်ထွက်ခဲ့သည်။ ထို့အပြင် ဘုတ်အဖွဲ့ဝင်များ ကို ရာထူးမှနုတ်ထွက်ရန် ရီဒါက တိုက်တွန်းခဲ့ပြီး ၎င်း၏နုတ်ထွက်မှု သည် စာရိတ္တပိုင်းတာဝန်ယူခြင်း ဖြစ်ကြောင်း ပြောသည်။
ကွင်းလယ်လူ လော့ဖ်တက်ဖ်ချိခ်နှင့် ချယ်လ်ဆီးအသင်း ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို
အင်္ဂလန်ကွင်းလယ်လူ လော့ဖ်တက်ဖ်ချိခ်(၂၃ နှစ်)သည် ချယ်လ်ဆီးအသင်းနှင့် ငါးနှစ် သက်တမ်းတိုးစာချုပ် လက်မှတ် ရေးထိုးခဲ့သည်။ အင်္ဂလန်အတွက် ၁၀ ပွဲကစားထားသော ချိခ်သည် ချယ်လ်ဆီးတွင် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပြီးခဲ့သည့် ဘောလုံးရာသီက အထင်ကြီးစရာခြေစွမ်းပြသနိုင်ခဲ့သည်။ ချယ်လ်ဆီးနည်းပြသစ်လမ်း ပတ်က ၎င်း၏ အစီအစဉ်အဓိက အစိတ်အပိုင်းအဖြစ် ချိခ်ကို အသုံး ပြုမည်ဟု မျှော်လင့်ရသည်။
တရုတ်နိုင်ငံက သံအမတ်ကြီးပြောင်းလဲပြီးနောက် လပိုင်းအကြာ မြန်မာကလည်း သံအမတ်ကြီးအသစ်ခန့်အပ်မည် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေကို သံအမတ်ကြီး အမည်စာရင်းပေးထား
တရုတ်နိုင်ငံက မြန်မာ နိုင်ငံဆိုင်ရာသံအမတ်ကြီးကို အ ပြောင်းအလဲပြုလုပ်ပြီး လပိုင်းအ ကြာတွင် မြန်မာအစိုးရကလည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီးကို ပြောင်းလဲခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန သည် တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ကြောင်း ဇူလိုင် ၅ ရက် တွင်ကြေညာခဲ့ပြီး ၎င်းနေရာ၌ ကောင်စစ်ရေးရာနှင့် ဥပဒေ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးသန့်ဖေကို ခန့်အပ် တာဝန်ပေးရန် စီစဉ်ခြင်းဖြစ် သည်။
ဂျပန်အကူအညီဖြင့် တည်ဆောက်သော စစ်ရှောင်စခန်း မြစ်ကြီးနားတွင် မကြာမီဖွင့်လှစ်မည်
မြစ်ကြီးနားမြို့နယ်အ တွင်း၌ ဂျပန်နိုင်ငံအကူအညီဖြင့် စစ်ရှောင်စခန်းတစ်ခု တည် ဆောက်ထားပြီး ဇူလိုင်လလယ် တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်(KBC)မှ ဦးခါးလီက ပြောကြားသည်။ အဆိုပါ စစ်ရှောင်စခန်းအ သစ်တွင် မြစ်ကြီးနားမြို့ စံပြစစ် ရှောင်စခန်းရှိ အိမ်ထောင်စု ၃၃ စုမှ လူဦးရေတစ်ရာကျော်ကို ပြောင်းရွှေ့နေရာချထားမည်ဖြစ် ပြီး ယင်းစခန်းမှ ကားဖြင့်သွားပါ က နာရီဝက်ကြာခရီးသွားရသည့် နေရာ၌ နေအိမ်သစ်များ ဆောက် လုပ်ပြီးဖြစ်သည်ဟု KBC က ဆို သည်။
အချုပ်အခြာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် ထိပါးသည့် ကိစ္စမှန်သမျှ လုံးဝလက်မခံဟု အစိုးရပြော
ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်းသင့် သည်ဟူ၍ အမေရိကန်အောက် လွှတ်တော်အမတ်တစ်ဦး၏ ပြော ကြားချက်နှင့်ပတ်သက်၍ နိုင်ငံ ၏ အချုပ်အခြာအာဏာအပေါ် ထိခိုက်လာနိုင်မည့် ကိစ္စရပ်မှန်သ မျှကို လက်ခံမည်မဟုတ်ဘဲ အစိုး ရအနေဖြင့် အဆိုပါမူအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။ ‘‘အစိုးရရဲ့ တရားဝင် ရပ် တည်ချက် သဘောထားကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အ ခြာပိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ ဒီအပေါ်မှာ ထိပါးလာနိုင်တဲ့ဟာ တွေ၊ ထိခိုက်လာနိုင်တဲ့ဟာတွေ မှန်သမျှ လုံးဝလက်မခံပါဘူး။ အစိုးရအနေနဲ့ ဒီအတိုင်းပဲ ရပ် တည်မှာဖြစ်ပါတယ်’’ဟု ဦးဇော် ဌေးကဆိုသည်။
7 Sense ထုတ်လုပ်ရေးနဲ့ စာချုပ်သက်တမ်းတိုးမယ့် ရွှေထူး
‘အဖေ့စကား’သီချင်းကို နားထောင်ပြီး မျက်ရည်ကျတဲ့ မိုးအောင်ရင်
မြင့်မြတ်နှင့် ရုပ်ရှင် တစ်ကား ရိုက်ကူးရန် အစီအစဉ် ရှိကြောင်း မကြာမီလပိုင်းအတွင်း က အကျဉ်းထောင်မှလွတ်မြောက် လာသည့် မိုးအောင်ရင်ကပြော သည်။ ‘‘သူငယ်ချင်းနှစ်ယောက် ဇာတ်လမ်း။ အတိအကျတော့ မသိရသေးဘူး။ ဇာတ်ညွှန်းမရ သေးလို့။ ဇာတ်ညွှန်းရပြီးမှပဲ ပြင် ဆင်မှုတွေလုပ်ရမှာ။ ရှစ်လပိုင်း လောက် ရိုက်မယ်ပြောတယ်’’ ဟု ၎င်းကပြောသည်။ြ မင့်မြတ်နှင့်ယခင်ကတည်း က ခင်မင်သောကြောင့် ရိုက်ကူး ချိန်တွင်လည်း ၎င်းကို ဖေးမမည်ဟုထင်ကြောင်း မိုးအောင်ရင်က ပြောသည်။
အိုင်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ ခြောက်ကြိမ်မြောက် နိုင်ငံတကာရွှေတံဆိပ်ဆုရရှိခြင်းဖြစ်
တပ်မတော်ဖမ်းလာသည့် တရားမဝင် ပယင်းတူးသူ ၆၈ ဦးကို ပညာပေးပြီးပြန်လွှတ်
နိုင်ငံသားပိုင်လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုရန် စီစဉ်နေ
နိုင်ငံသားပိုင်လက်လီ၊ လက်ကားလုပ်ငန်းများတွင် နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံမှုကို ၃၅ ရာ ခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုရေး စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ လက်ရှိအချိန်ထိ ၂၀ ရာခိုင် နှုန်းသာ နိုင်ငံခြားသားရင်းနှီးမြှုပ် နှံမှုကို ခွင့်ပြုထားသော်လည်း ကုမ္ပဏီဥပဒေအရ ၃၅ရာခိုင်နှုန်း အထိ တိုးမြှင့်ခွင့်ပြုရန် အစီအစဉ် များရေးဆွဲပြင်ဆင်နေသည်ဟု ၎င်းကဆိုသည်။
ပြည်ပမှ သစ်အလုံးလိုက် ထပ်မံတင်သွင်း
သစ်အခြေခံစက်ရုံများ ကုန်ကြမ်း လိုအပ်ချက်ကြောင့် ကွန်ဂိုနိုင်ငံမှ သစ်တန်ချိန် ၂၈ တန်ကို ထပ်မံတင်သွင်းခဲ့သည်ဟု Jewellery Teak Timber ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသိန်းချီက ပြောသည်။ြ မန်မာနိုင်ငံ၌ သစ်ထုတ် လုပ်မှု လျှော့ချသည့်နောက်ပိုင်းတွင် သစ်အခြေခံစက်ရုံများ၏ ကုန် ကြမ်းလိုအပ်ချက် များပြားလာ သဖြင့် ပြည်ပနိုင်ငံမှ သစ်အလုံး လိုက် တင်သွင်းခြင်းဖြစ်ပြီး ဒုတိယအကြိမ် တင်သွင်းခြင်းဖြစ်သည်။
ကာတွန်းများကို ခွင့်ပြုချက်မယူဘဲသုံးပါက တရားစွဲမည်
ကာတွန်းများကို ခွင့်ပြုချက်မယူဘဲ ယူသုံးပါက တရား ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ဒုဥက္ကဋ္ဌ ဦးဝင်း အောင်က ပြောသည်။ ဇူလိုင် ၆ ရက်က ပန်းဆိုး တန်းတာဝါတွင် ပြုလုပ်သည့် ကာတွန်းအလွဲသုံးစားမှုလုပ်ခြင်းနှင့်မူပိုင်ခွင့်ချိုးဖောက်ခြင်းဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ကာ တွန်းဆရာ ဦးဝင်းအောင်က ထည့်သွင်းသတိပေးခြင်းဖြစ်သည်။
လာမည့် ၁၀ ရက်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ သီးခြားတွေ့ဆုံမည်
အစိုးရဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP) ကိုယ်စားလှယ် အဖွဲ့များ လာမည့် ၁၀ ရက်အတွင်း သီးခြားစီတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အစိုးရဆွေးနွေးရေး ကိုယ်စားလှယ် များက ပြောသည်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် KNU ကိုယ်စားလှယ်အဖွဲ့ တို့၏ အလွတ်သဘော ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ လာမည့်တစ်ပတ် အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြော သည်။
ပြည်ပမော်တော်ယာဉ်ကုမ္ပဏီများ၏ ပြည်တွင်းထုတ်ကားအစီးရေ တစ်လလျှင် ၁,၂၀၀ ခန့်ရှိ
မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေး လုပ်ငန်းရှင်များအသင်း (MAMDA)၏ ကောက်ယူထား သည့်အချက်အလက်များအရ ပြည်တွင်း၌ SKD (အစိတ်အပိုင်း များတင်သွင်းလာပြီး ပြန်လည် တပ်ဆင်ထုတ်လုပ်သည့်စနစ်)၊ CKD (အလုံးစုံပြည်တွင်း၌ ထုတ် လုပ်သည့်စနစ်)ဖြင့် ပြည်ပ မော် တော်ယာဉ်ကုမ္ပဏီများ၏ ထုတ် လုပ်မှု တစ်လလျှင် အစီးရေ ၁,၂၀၀ ခန့်ရှိသည်။ ၂၀၁၉ ကစတင်ကာ မြန်မာ့ ကားဈေးကွက်အတွင်းသို့ SKD, CKD စနစ်ဖြင့် ၀င်ရောက်လာ သည့် နိုင်ငံတကာမော်တော် ယာဉ်အမှတ်တံဆိပ်များလည်း ခြောက်လအတွင်း ဈေးကွက်ဝေ စု၏ ၁၀ ရာခိုင်နှုန်းကျော် ရရှိ ထားကြောင်း MAMDA ကဖော်ပြ သည်။
အစိုးရသက်တမ်းသုံးနှစ်အတွင်း ကုန်သွယ်မှုလိုငွေပမာဏ အများဆုံးလျော့ကျ
ဒီချုပ်အစိုးရ၏ တတိယ မြောက်ဘဏ္ဍာနှစ်ကိုးလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ သည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလ တူနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်လျော့ နည်းသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုး လအတွင်း ကုန်သွယ်မှုစုစုပေါင်း ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသောကုန် သွယ်မှုလိုငွေပမာဏက ယခု ဘဏ္ဍာနှစ်ကာလတူတွင် ၅ရာခိုင် နှုန်းအောက်သို့ ကျဆင်းခဲ့သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကိုး လအတွင်း မြန်မာနိုင်ငံ၏ ကုန် သွယ်မှုလိုငွေသည် ဒေါ်လာတစ် ဘီလီယံခန့်သာရှိသဖြင့် ပြီးခဲ့ သည့်နှစ်ကာလတူတွင် ကုန်သွယ် မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၃ ဘီလီ ယံကျော်ရှိခဲ့သည်။
တောင်ကိုရီးယားနိုင်ငံက ရေလုပ်ငန်းအတွက် နှစ်စဉ်မြန်မာလုပ်သားရာနှင့်ချီ ခေါ်ယူမည်
တောင်ကိုရီးယားနိုင်ငံမှ အနေဖြင့် ပင်လယ်ငါးဖမ်း ရေလုပ်ငန်းအတွက် နှစ်စဉ်မြန်မာလုပ်သားဦး ရေရာနှင့်ချီခေါ်ယူ မည်ဟု ယင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မည့် ရွှေဖြိုးသာပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းဝင်းက ပြောသည်။ အဆိုပါ ရေလုပ်သား စေလွှတ်ခြင်းကို မြန်မာနိုင်ငံဘက်မှ ရွှေဖြိုးသာကုမ္ပဏီနှင့် တောင်ကိုရီးယားနိုင်ငံဘက်မှ လုပ်သားလက်ခံခေါ်ယူမည့် ဂူရွန်ပိုကုမ္ပဏီတို့ သဘောတူညီမှု MoU ကို ယမန်နေ့က ရန်ကုန်မြို့၌လက်မှတ်ရေးထိုးပြီး ယင်းလုပ်သားများ စတင်စေလွှတ်ရန် ပြင်ဆင်နေသည်။
အစိုးရ၏ အပစ်ရပ်မူကြမ်းပါ နယ်မြေသတ်မှတ်မှုကို လက်မခံသော်လည်း ဆက်လက်ညှိနှိုင်းမည်ဟု AA အဖွဲ့ ပြောကြား
အစိုးရက အဆိုပြုသော အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းတွင် ပါရှိသည့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA)အတွက် နယ်မြေသတ်မှတ်ချက်ကို လက်မခံ သော်လည်း ညှိနှိုင်းမှုများ ဆက် လက်လုပ်ဆောင်မည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြော ကြားသည်။ AA၊ တအာင်းအဖွဲ့ (TNLA)၊ကချင်အဖွဲ့ (KIA)၊ ကိုးကန့်အဖွဲ့(MNDAA) ဟူသည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့အား အစိုးရဘက်က အဆိုပြုသည့် အပစ်ရပ် မူကြမ်းများကို ဇွန်လ ၃၀ ရက် တွင် ပေးအပ်ထားသည်။
ဗဟိုဘဏ်က သုံးရက်အတွင်း ဒေါ်လာ ၁၀ သန်း ၀ယ်ယူ
ဗဟိုဘဏ်က ဇွန်လအတွင်း ကန်ဒေါ်လာ ၁၈ သန်းနှင့် ဇူလိုင်ပထမပတ်အတွင်း ဒေါ်လာ ၁၀ သန်း ၀ယ်ယူခဲ့ကြောင်း ထုတ်ပြန်သည်။ ဇူလိုင် ပထမပတ်အတွင်း ၀ယ်ယူရာတွင် တစ်ဒေါ်လာလျှင် ၁,၅၀၇ ကျပ်မှ ၁,၅၁၁ ကျပ်ဖြင့် ၀ယ်ယူခြင်းဖြစ်သည်။ေ ဒ်ါလာ ၁၀ သန်းကို ဇူလိုင် ၃ ရက်မှ ၅ ရက်အတွင်း ၀ယ်ယူ ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်နှင့် ၂ ရက်တွင် ၀ယ်ယူမှု မရှိခဲ့ဟု ဗဟို ဘဏ်က ထုတ်ပြန်ထားသည်။
ခေါင်းဆောင်များကို အမှုဖွင့်မှု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်ဟု AA အဖွဲ့ သုံးသပ်
ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)ခေါင်းဆောင်များကို တရားခံပြေး အမှုဖွင့်ထားခြင်း သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အပေါ် အကျိုးသက်ရောက်မှုများ စွာ ရှိနိုင်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။ ‘‘အရင်တုန်းက အဲဒီလိုမရှိခဲ့ ဘူး။ အခုနောက်ပိုင်း သူတို့ဘက် က အဲဒီလိုလုပ်လာတာဆိုတော့ ဒီဟာတွေက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးကို တော်တော်လေး ထိခိုက်တာပေါ့’’ ဟု ၎င်းက ဆိုသည်။
မေနှင့်ဇွန်လအတွက် အကောင်းဆုံးနည်းပြဆုကို ရှမ်းအသင်းနည်းပြ ဦးအောင်နိုင်ရရှိ
ခြေစမ်းပွဲတွင် မြန်မာ ယူ-၁၅ အသင်း တရုတ် ယူ-၁၅ အသင်းကို ရှုံးနိမ့်
တရုတ်နိုင်ငံတွင် ယှဉ် ပြိုင်သည့် နိုင်ငံတကာခြေစမ်းပွဲ၌ မြန်မာ့လက်ရွေးစင်ယူ-၁၅ ဘော လုံးအသင်းက တရုတ်ယူ-၁၅ အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ ဇူလိုင် ၆ ရက်က တရုတ် နိုင်ငံ ဟိုင်ကူမြို့ရှိ Wutuanhe Sport ကွင်းတွင် ကျင်းပသည့် ယင်းပွဲ၌ အိမ်ရှင်တရုတ်အသင်း နှင့် မြန်မာအသင်းတို့ အကြိတ်အ နယ်ယှဉ်ပြိုင်ခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် နှစ် သင်းစလုံးဂိုးသွင်းနိုင်ခြင်း မရှိသ ဖြင့် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းတွင် တရုတ်အသင်း က အနိုင်ဂိုး နှစ်ဂိုးသွင်းယူသဖြင့် ပွဲအပြီး၌ မြန်မာအသင်း ရှုံးနိမ့်ခဲ့ သည်။
ခေါင်းစွပ်တပ် ကစားရသဖြင့် အခက်အခဲအချို့ ကြုံတွေ့ဟု ကျော်ဇင်ထက်ပြော
ရန်ကုန်နှင့် ရတနာပုံပွဲ တွင် ဦးခေါင်းထပ်မံထိခိုက်မှု မဖြစ်စေရန် ခေါင်းစွပ်တပ်၍ ကစားရသဖြင့် အခက်အခဲအချို့ကြုံရကြောင်း ဂိုးသမား ကျော်ဇင်ထက်က ပြောသည်။ေ ကျာ်ဇင်ထက်သည် ပြီးခဲ့ သည့် ရန်ကုန်နှင့်ရှမ်းပွဲတွင် ဇင် မင်းထွန်းနှင့် ဘောလုံးယှဉ်လု ခိုက် ဦးခေါင်းထိခိုက်မိပြီး ဆေးရုံ သို့ အရေးပေါ်ရောက်ကာ ကုသ ခဲ့ရသည်။ လက်ရှိတွင် ဒဏ်ရာ ပြန်လည်သက်သာသော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကြောင့် ဦးခေါင်းစွပ်တပ်ဆင်၍ ကစား ခြင်းဖြစ်သည်။
မန္တလေးတောင်ခြေအနီး ရုပ်သေးပြဇာတ်ရုံအသစ် ဖွင့်လှစ်
ရုပ်သေးပညာရပ်ဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြု လုပ်နိုင်မည့် မြန်မာ မာရီယိုနက် သီရေတာ ရုပ်သေးပြဇာတ်ရုံအ သစ်ကို မန္တလေးတောင်ခြေအနီး တွင် ဖွင့်လှစ်ကြောင်း မြန်မာနိုင်ငံရုပ်သေးကော်မတီဥက္ကဋ္ဌ ဒေါ်မမနိုင်က ပြောသည်။ ‘‘ဒီနေရာအသစ်က အ ဟောင်းထက် ပိုကျယ်တဲ့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ပြု လုပ်တာအပြင် နိုင်ငံတကာ ရုပ် သေး အလုပ်ရုံဆွေးနွေးပွဲလိုဟာ မျိုးတွေကိုပါ လက်ခံပြီးတော့ လည်း လုပ်လို့ရသွားမယ်’’ဟု ဒေါ်မမနိုင်ကပြောသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တပ်နှင့် ရဲပူးပေါင်းလုံခြုံရေးစခန်း တိုက်ခိုက်ခံရ စစ်သည်နှစ်ဦးကျဆုံး
တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှလာရောက် တိုက်ခိုက်ခြင်းကြောင့် စစ်သည်နှစ်ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှင့် စစ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ယင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ဇူလိုင် ၆ ရက် နံနက်က မောင်တောမြို့နယ် တောင်ပြို လက်ဝဲဒေသဘက်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု တပ်မတော် တာဝန်ရှိသူက ဆိုသည်။
ကျောက်တန်းရွာပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဒဏ်ရာရသူတစ်ဦး နှစ်လအကြာတွင် ထပ်မံသေဆုံး
ရခိုင်လက်နက်ကိုင် အဖွဲ့(AA)နှင့် ပတ်သက်ပြီး သံသ ယရှိသည်ဟုဆိုကာ လူဦးရေ ၂၇၀ ကျော်ကို ထိန်းသိမ်းစစ် ဆေးစဉ် ပစ်ခတ်မှုဖြစ်ပွား၍ ဒဏ် ရာရသူတစ်ဦးသည် နှစ်လကျော် အကြာတွင် သေဆုံးခဲ့သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေက ပြောကြားသည်။ ရသေ့တောင်မြို့နယ်ကျောက် တန်းရွာစာသင်ကျောင်း၌ လူဦး ရေ ၂၇၀ ကျော်ကို ထိန်းသိမ်းစစ် ဆေးစဉ် မေလ ၂ရက်၌ ပစ်ခတ်မှု ဖြစ်ပွားရာ ခြောက်ဦးပွဲချင်းပြီး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရသူများအနက် တစ်ဦးသည် ဆေးရုံ၌ ကုသမှုခံယူ စဉ်သေဆုံးခဲ့ပြီး ဇူလိုင် ၆ ရက်ညတွင် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံး ခြင်းဖြစ်သည်။
ထူးခြားသည့် ဇူလိုင် ၆
ဇူလိုင် ၆ ရက်သည် မြန်မာနိုင်ငံအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာများကို ပေးခဲ့သည့်ထူးခြားသည့်နေ့ဖြစ်သည်။ မြန်မာတို့၏ အသည်းနှလုံးရှေးဟောင်းမြို့တော်ပုဂံဒေသကိုအဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင်ကျင်းပလျက်ရှိသော ကမ္ဘာ့ကုလ သမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအ ဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁,၀၀၀ ခန့်ကတည်းက တည်ရှိခဲ့သော ကမ္ဘာ သိ မြန်မာ့အမွေအနှစ်သည် ယင်းနှင့်ထိုက်တန်သည့်နေရာဖြစ်သော ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ်သို့ပါ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
ဖေ့စ်ဘွတ်ပေါ်ကနေ ချစ်ကြိုက်ပြီး တရုတ်မယားအဖြစ်ရောင်းစားရန်ကြံသူကို ကျိုင်းတုံတွင် ဖမ်းဆီး
ဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် ချစ်ကြိုက်ခဲ့သူကို လက်ထပ်ရယူကာ တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ရောင်းစားရန်ကြံစည်သူကို ကျိုင်းတုံမြို့မှာ ဇူလိုင်လ (၅)ရက်က ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၂)လခန့်က ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မသန်းသန်းမြင့်ဆိုသူဟာ ဖေ့စ်ဘွတ်ပေါ်ကနေ တစ်ဆင့် သန်းထိုက်ဆိုသူနဲ့ ချစ်ကြိုက်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့ စိုးမိုးသဇင် ဖုန်းအရောင်းဆိုင်မှ ဖုန်းခိုးသူများအား ဖော်ထုတ်ဖမ်းဆီး

(၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံး

ကျော်ဇင်ဝင်းအမှု လူ့အခွင့်ရေးကော်မရှင် စုံစမ်းတွေ့ရှိချက် တပတ်အတွင်း ထုတ်ပြန်မယ်
ကျောင်းကလည်း ကျောင်းတွင်းစုံစမ်းမှုကို စလုပ်နေတယ်လို့ ဘီဘီစီကိုပြောခဲ့ပါ တယ်။ ဒါပေမယ့် အဲဒီရလဒ်ကို ဘယ်တော့ထုတ်ပြန်ပေးမယ်ဆိုတာကိုတော့ အခုထိမသိရသေးဘူးလို့သာ တုံ့ပြန်ပါတယ်။
လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းရာကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ကျော်ဇင်ဝင်းအမှု စုံစမ်းစစ် ဆေးရရှိထားတဲ့ ရလဒ်ကို လာမယ့် တပတ်အတွင်း ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်က ဇူလိုင်လ ၇ရက်က ဘီဘီစီကိုပြောပါတယ်။
လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟဝန်ခံခိုင်းရာကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ကျော်ဇင်ဝင်းအမှု စုံစမ်းစစ် ဆေးရရှိထားတဲ့ ရလဒ်ကို လာမယ့် တပတ်အတွင်း ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်က ဇူလိုင်လ ၇ရက်က ဘီဘီစီကိုပြောပါတယ်။
စစ်ကိုင်းမြို့တွင် ကေတီဗွီကုန်ကျငွေကိစ္စနှင့်စကားများရာမှ ဓားထိုးမှုဖြစ်ပွား
စစ်ကိုင်းမြို့တွင် KTV အခန်းခ ကျသင့်ငွေကိစ္စနှင့်စကားများရာမှ ဓားထိုးမှု ဇူလိုင် ၅ ရက် ည ၉ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။ စစ်ကိုင်းမြို့ ဇေယျာကွက်သစ်ရပ်နေ ကျောက်လုံး (ခ) ဇင်မင်းထက်(၂၁ နှစ်) သည် စစ်ကိုင်းမြို့ ၊ရွာထောင်ရပ်နေ ထွန်းလင်းအောင်(ခ)ထွန်းလင်း(၂၀ နှစ်) အား ဇေယျာရပ်ကွက် ဓမ္မာရုံရှေ့တွင် ချွန်ထက်သောအရာဖြင့်ထိုးသွင်းသောကြောင့် ထွန်းလင်းအောင်(ခ)ထွန်းလင်းမှာ စိုးရိမ်ဒဏ်ရာရရှိရာ စစ်ကိုင်းမြို့ဆေးရုံသို့ပို့ဆောင်ပေးပြီး ဆက်လက်ကုသမှုခံယူရန် မန္တလေးဆေးရုံကြီးသို့လွှဲပြောင်းပေးပို့ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
သံသယတရားခံကို ဗစ်တိုးရီးယား မိသားစု ဘယ်လို သဘောထားလဲ
Wisdom Hill မူကြိုကျောင်းသူလေး သက်ငယ်မုဒိမ်း ပြုကျင့် ခံခဲ့ရမှု ပထဆုံးအကြိမ် ရုံးချိန်းရောက်ဖို့ သီတင်းတစ်ပတ်ပဲ လိုပါတော့တယ်။ေ ကျာင်းကြီးကြပ်ရေးမှူး အမျိုးသမီးရဲ့ ကားကိုမောင်းတဲ့ ကိုအောင်ကြီးကို ရဲက ဖမ်းပြီး မုဒိမ်းမှုနဲ့ ပုဒ်မတပ် တရားစွဲထားတာပါ။ လာမယ့် ဇူလိုင် ၁၅ ရက် တနင်္လာနေ့ဆိုရင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီအမှုမှာ တရားလိုက နစ်နာသူ ကလေးငယ်ရဲ့ မိခင် ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ကင်းစခန်းအတိုက်ခံရ၊ စစ်သည်၂ ဦးကျဆုံး
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်ခြားစောင့် ကင်းစခန်းတစ်ခုကို ဇူလိုင် ၆ ရက် မနက် ၆ နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်လို့ တပ်မတော်က စစ်သည် ၂ ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်က ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
တပ်မတော်နဲ့ AA ဂျီနီဗာကွန်ဗင်းရှင်းကို လိုက်နာဖို့ အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ဒေသခံပြည်သူတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကြောင့် လက်နက်ကိုင်တွေလိုက်နာရမယ့် ဂျီနီဗာကွန်ဗင်းရှင်းကို လိုက်နာဖို့အပါအဝင် အချက် ၅ ချက်ကို အရပ်အဖွဲ့ ၁၅ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်နယ် ပလက်ဝမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော်ကြား တိုက် ပွဲတွေကြောင့် ဒေသခံအရပ်သား ၄ သောင်းနီးပါးလောက်ဟာ နေအိမ်တွေကနေ စွန်ခွာထွက်ပြေးနေရတယ်လို့ အရပ်ဖက်အဖွဲ့ ၁၅ ဖွဲ့က ဇူလှိုင်လ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ် ။
အေအေ ပြောခွင့်ရ ခိုင်သုခရဲ့ ယောက်ဖတော်သူအပါအဝင် လူသုံးဦးကို တပ်မတော်ဖမ်း
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျေးရွာတစ်ခုကနေ ရက္ခိုင်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခရဲ့ ယောက်ဖ တော်စပ်သူ တစ်ဦးနဲ့ နောက်ထပ် လူနှစ်ဦးကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အမ်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သူတို့မိသားစုတွေထံက သိရပါတယ်။ အခု ခေါ်ဆောင်ခံရသူ သုံးဦးဟာ အမ်းမြို့နယ် ဓာတ်တော်ကျေးရွာက ဖြစ်ပြီး ဇူလိုင် ၆ ရက်နေ မနက် ၉ နာရီလောက်မှာ စစ်တပ်က ကား ၂စီးနဲ့ ရွာထဲကို ဝင်လာပြီး ခေါ်ယူသွားတာ ဖြစ်တယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။
ဟောင်ကောင်မှာ ဆန္ဒပြသူထောင်ဂဏန်း ထပ်မံစုဝေး

အမျိုးသမီး ကမ္ဘာ့ဖလား ကန်အသင်း စတုတ္ထအကြိမ်မြောက်ဗိုလ်စွဲ


ရုရှားနိုင်ငံ အလယ်ပိုင်းတွင် ဆီတင်ယာဉ်ပေါက်ကွဲမှုဖြစ်ပွား ၊ လူ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
ရုရှားနိုင်ငံအလယ်ပိုင်း Sverdlovsk Oblastပြည်နယ်တွင် ဇူလိုင် ၇ ရက်က ဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားရာ လက်ရှိတွင် သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ လောင်စာဆီ လီတာ ၅၀၀ တင်ဆောင်လာသော ဆီတင်ယာဉ်တစ်စီးသည် ဇူလိုင် ၇ ရက် ဒေသစံတော်ချိန် ၀၀ နာရီ ၁၅ မိနစ်ခန့်က Sverdlovsk Oblastပြည်နယ် မြောက်ပိုင်း Karpinskမြို့ အနီးရှိ တောင်တက်လမ်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦး၏ပြောကြားချက်ကို ရုရှားမီဒီယာများက ကိုးကားဖော်ပြထားသည်။
လူကုန်ကူးခံရသူ မြန်မာ တရာကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး
ထိုင်းနဲ့ မလေးရှားနယ်စပ်ဒေသ ဆုံခလာခရိုင်ထဲမှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက် ၂ ရက်အတွင်း လူကုန်အကူးခံရတဲ့ မြန်မာနိုင်ငံသား တရာကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီလူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းကျေးရွာသူကြီး တဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တာပါ။ ထိုင်း-မလေးနယ်စပ်ဒေသမှာ လူကုန်အကူးခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို လူကုန်အကူးခံရ သူတွေထဲမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေ များလာနေတဲ့အတွက် ကုလသမဂ္ဂကပါ သွားရောက်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပါတယ်။
အိုင်ဗရီကိုစ့် ဗိုလ်လုပွဲ သက်ထားသူဇာ အနိုင်ရ
အိုင်ဗရီကို့စ်နိုင်ငံမှာ ဇူလိုင်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ၂၀၁၉ Cote d’ivoire နိုင်ငံတကာ အမျိုးသမီး တဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ တနင်္ဂနွေနေ့က နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင် မသက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၈၂ ရှိနေတဲ့ အိန္ဒိယ အားကစားသမား Sri Krishna Priya Kudaravalli ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးလိုက်ပါတယ်။ အိန္ဒိယ အားကစားမယ်ဟာ မသက်ထားသူဇာကို ၁၇-၂၁၊ ၁၃-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်စခန်း မြေပြိုမှု တဦးသေဆုံး

Subscribe to:
Posts (Atom)