ဒီကနေ့ သြဂုတ် ၈ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၀၆ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၀ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၆၀ ကျပ် (ဘဏ်ကအဝယ်)၊၁၆၈၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၀၈၇ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၀၉၅ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။
ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၂၀၃၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၈၈၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၈၉၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ၇၈၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၇၅ ကျပ်ဈေးဖြစ်ပါ တယ်။
Pages
Thursday, August 8, 2019
တရှိန်ထိုးတက်နေတဲ့ ရွှေဈေး ၁၂ သိန်း ကျော် ဖြစ်လာ
ရွှေဈေးနှုန်း တရှိန်ထိုးမြှင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအ၀ယ်တွေမကောင်းဘူးလို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းကပြောပါတယ်။ ဇွန် တတိယပတ်က ၁၁ သိန်းဝန်းကျင်ခန့်ကနေ စတက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီနေ့မှာတော့ ၁၂ သိန်းကျော်အထိ ရောက်ရှိလာတာပါ။ ဒါ့ကြောင့် ရွှေဈေးကစားခြင်းတွေမရှိအောင် ဈေးကွက်မှာ ထိန်းထိန်းသိမ်းသိမ်းရောင်းကြဖို့နဲ့ လက်ရှိအခြေအနေတွေကို စောင့်ကြည့်ကြဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။
Subscribe to:
Posts (Atom)