ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ လည်ခေါင်မှာ မေလ ၂၈ ရက်နေ့ နံနက်က ဆိုင်ကယ်ကို မတ်တတ်ရပ်စီးပြီး နောက်က လိုက်လာတဲ့ ကားတွေရှေ့ က နေ ပိတ်ဆို့ ကွေ့ မောင်းခဲ့သူ ကို ချင်းမိုင်းရဲတပ်ဖွဲ့ က ညနေပိုင်းမှာ အဆိုပါအမျိုးသားကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အမျိုးသမီးတစ်ဦးက ကျောင်းချိန်မှာ ခုလို သဲထိတ်ရင်ဖို အန္တရယ်ကြီးတဲ့ လုပ်ရပ်ဟာ သူမကားနဲ့  မတိုက်မိအောင် သတိထားပြီးေ၇ှာင်မောင်းခဲ့ရပါတယ်လို့  သူမကိုယ်ပိုင် ဖေဘုတ်စာမျက်နှာမှာ တင်ထားပါတယ်။
Pages
Wednesday, May 29, 2019
အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် INS Saryu နှင့် INS Bangaram တို့သည် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
အင်ဒိုနီးရှားဆန္ဒပြသူများမှာ ထိပ်တန်းအရာရှိလေးဦးကို လုပ်ကြံရန် အစီအစဉ်ရေးဆွဲထား
အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သော နှစ်ညတာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ပတ်သက်ခဲ့သူများသည် နိုင်ငံတော်ထောက်လှမ်းရေးမှူးချုပ်နှင့် ၀န်ကြီးနှစ်ဦးအပါအ၀င် ထိပ်တန်းခေါင်းဆောင် လေးဦးကို လုပ်ကြံရန်အထိ အစီအစဉ်ရေးဆွဲထားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ကိုယ်ပိုင် Operating System ကို လာမည့်ဇွန်လတွင် စတင်မိတ်ဆက်ရန် ဟွားဝေ စီစဉ်နေပြီဖြစ်
တရုတ်နည်းပညာကုမ္ပဏီ ဟွားဝေသည် ၎င်းတို့ထုတ်လုပ်ရောင်းချနေသည့် ကုန်ပစ္စည်းများအားလုံးအတွက် Operating System (OS) တစ်ခုကို လာမည့်ဇွန်လတွင် မိတ်ဆက်ပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းများသည် လက်ရှိတွင် Android Operating System ဖြင့် အလုပ်လုပ်နေကြခြင်းဖြစ်ပြီး အမေရိကန်အစိုးရနှင့် အမေရိကန်နည်းပညာကုမ္ပဏီ ဂူဂဲလ်တို့က အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်လိုက်သည့်အတွက် များမကြာမီကာလအတွင်း၌ပင် ဟွားဝေနည်းပညာပစ္စည်းများ အသုံးပြုနေသူများမှာ Android Operating System သုံးစွဲခွင့်ကို ဆုံးရှုံးကြရတော့မည်ဖြစ်သည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြေဧက ၇၀၀ ခန့် ဖရဲသီးနှင့် သခွားမွှေးသီးများ စိုက်ပျိုးမည်
GAP (ကောင်းမွန်သောကျင့်စဉ်) စနစ်အသုံးပြု၍ လာမည့် ဖရဲ၊ သခွားရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြေဧက ၇၀၀ ခန့် ဖရဲသီးနှင့် သခွားမွှေးသီးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များ အသင်းမှ သိရသည်။ အဆိုပါ အသင်းနှင့် တောင်သူများပူးပေါင်း၍ အသင်းပိုင်မြေ၊ တောင်သူများပိုင် မြေများအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဌာနမှ မြေဧက ၃၀၀ ခန့် လျောက်ထား၍ ဖရဲစိုက်ဧက ၄၀၀ နှင့် သခွားမွှေးစိုက်ဧက ၃၀၀ ခန့်ကို လာမည့် စက် တင်ဘာလတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သို့ တရုတ်ခရီးသွားဝင်ရောက်နှုန်း ၁၅ နှစ်အတွင်းပထမဆုံးအကြိမ် ကျဆင်း
၂၀၁၈ ခုနှစ်အတွင်းအမေရိကန်ပြည်ထောင်စုသို့ တရုတ်ခရီးသည် ဝင်ရောက်နှုန်းသည် ရှေ့နှစ်ကနှင့်ယှဉ်လျှင် ၅ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးဦးရေ၂ ဒသမ ၉ သန်းသာဝင်ရောက်ခဲ့သည်။ စာရင်းကိုအမေရိကန် ခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာဌာနကထုတ်ပြန်ခြင်းဖြစ်သည်။ ၂၀ဝ၃ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် အမေရိကန်သို့ တရုတ်ခရီးသည် ဝင်ရောက်မှု ကျဆင်းခြင်းလည်း ဖြစ်သည်။
တိုင်းရင်းသားမျိုးနွယ်စုများ၏ အခြေခံအချက်များ ကောက်ယူ
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၉-၂၀၂၈) ရေးဆွဲရန် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့် အခြေခံ အချက်အလက်များ အသိပညာပေးဟောပြောခြင်းနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံ အချက်အလက်များ ကောက်ယူခြင်းကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီယူနိုက်တက်အသင်းကို ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရခဲ့တဲ့ တောင်ကိုရီးယားကလပ်
ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဧရာဝတီယူနိုက်တက်နဲ့ပိုဟန်စတီးလားအသင်းတို့ ပွဲစဉ်မှာ အပြန်အလှ န်သွင်းဂိုးတွေနဲ့အတူ ပိုဟန်စတီးလားအသင်းက ၂-၃ ဂိုးနဲ့အနိုင်ရရှိ ခဲ့ပါတယ်။ြေ ခစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဧရာဝတီယူနိုက်တက်နဲ့ပိုဟန်စတီးလားအသင်းတို့ ပွဲစဉ်မှာ အပြန်အလှ န်သွင်းဂိုးတွေနဲ့အတူ ပိုဟန်စတီးလားအသင်းက ၂-၃ ဂိုးနဲ့အနိုင်ရရှိ ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ မြန်မာသမ္မတဟာ နရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရီးရဲလ်နောက်ခံလူ ရာမို့စ် အသင်းမှ ထွက်ခွင့်တောင်း
ကနေဒါရွေးကောက်ပွဲ လုံခြုံရေးအတွက် ကူညီရန် မိုက်ခရိုဆော့ဖ်နှင့် ဖေ့စ်ဘွတ်ခ် သဘောတူ
ကနေဒါနိုင်ငံမှာ လာမယ့် အောက်တိုဘာလ ကျင်းပမယ့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကူညီဖို့ မိုက်ခရိုဆော့ဖ်နဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက သဘောတူခဲ့တဲ့အကြောင်း ကနေဒါ ထိပ်တန်း အစိုးရအရာရှိတယောက်က မေလ ၂၇ ရက်နေ့မှာ ပြောပါတယ်။ မိုက်ခရိုဆော့ဖ်နဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတွေဟာ အကောင့်တုတွေကို ဖယ်ရှားပေးမယ့်အပြင် အလိုအလျောက် တုံ့ပြန်တဲ့ အော်တို ကွန်ပျူတာပရိုဂရမ်တွေကို ထိန်းချုပ်ပေးပြီး ကူညီမယ်လို့ သဘောတူခဲ့ကြတာပါ။
ကိုလံဘီယာနှင့် ပီရူးနိုင်ငံ အဆိုးဆုံး ရွှေ့ပြောင်းဒုက္ခသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရ
"အိန္ဒိယ ဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကို သမ္မတ ဦးဝင်းမြင့်တက်ရောက်မယ်"
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းကျမ်းသစ္စာကျိန်ဆိုပွဲ ကို သမ္မတ ဦးဝင်းမြင့် တက်ရောက်မယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ BJP ပါတီ က အပြတ်အသတ် အနိုင်ရခဲ့ကာ မိုဒီဟာလည်း ဝန်ကြီးချုပ်တာဝန်ကို ဒုတိယ သက်တမ်းအထိ ဆက်လက် ထမ်းဆောင်ရွက်ဖို့ရွေးချယ်ခံခဲ့ရတာပါ။
ပီအက်စ်ဂျီနောက်ခံလူ မူနီယာကို ခေါ်ယူရန် မန်ယူနှင့် အာဆင်နယ် အပြိုင်ကြိုးပမ်း
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ - ၂၉၊ ၂၀၁၉
ဒီကနေ့ မေ၂၉ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၂၅ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၈ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၆ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၁ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၄၈၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၁၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၂၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉ ၁၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၈၅ ကျပ်ဈေးဖြစ်ပါ တယ်။
မြန်မာကလေးသူငယ်များ၏ အခြေအနေ ကဏ္ဍတော်တော်များများတွင် တိုးတက်လာ
မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ အခြေအနေဟာ ကဏ္ဍတော်တော်များများမှာ တိုးတက်လာခဲ့ပေမယ့် အရွယ်မတိုင်ခင်အိမ်ထောင်ကျတာ၊ ကလေးလုပ်သားနဲ့ ကျောင်းထွက်နှုန်း စတာတွေ မြင့်တက်နေတုန်းပဲလို့ Save the Children အဖွဲ့က ဆိုပါတယ်။ နိုင်ငံတကာကလေးများနေ့ အကြိုထုတ်ပြန်တဲ့ နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ခွေးလေခွေးလွင့်များကို ဗဟန်းမြို့နယ်တွင် စတင်ဖမ်းဆီးရှင်းလင်း
ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒုတိယအကြိမ်မြောက် ခြေဥ ပြင်ဆင်သည့် ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်း
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းအပါအ၀င် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတင်သွင်းထားသည့် အပေါ် နာယက ဦးတီခွန်မြတ်မှ လွှတ်တော်သို့ အသိပေးခဲ့သည်။ အဆိုပါ ဥပဒေ မူကြမ်း တစ်ရပ်ကို ဒေါက်တာမောင်သင်းအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦးတို့ မှ လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့ရာ လွှတ်တော်ရုံးမှ မတ်လ ၁၅ ရက်နေ့က လက်ခံရရှိခဲ့ကြောင်း သိရသည်။
မကွေးဆေးရုံကြီးတွင် အပူဒဏ်ကြောင့် တက်ရောက်ကုသသူ (၂၇)ဦးရှိပြီး (၄)ဦးသေဆုံး
မကွေးတိုင်းမှာ အပူချိန်မြင့်တက်မှုကြောင့် အပူရှပ်(Heat Stoke)ပြီး ဆေးရုံတက်ရောက်ကုသရတဲ့ လူနာအရေအတွက်ဟာ မေ(၂၈)ရက်အထိ (၂၇)ယောက်ရှိခဲ့ပြီး သေဆုံးသူ(၄)ယောက်ရှိခဲ့တယ် လို့ မကွေးဆေးရုံအုပ် ဒေါက်တာဇင်မင်းဖွေးက ပြောပါတယ်။ ဆေးရုံရောက်လာသူတွေဟာ အပူရှပ်တာ(Heat Stoke)ကြောင့် သတိလစ်မေ့မြောရောက်ရှိလာတာမျိုးမဟုတ်ဘဲ အခြားရောဂါ အခံရှိတဲ့ သွေးတိုး၊ ဆီးချို ရောဂါရှိသူတွေများတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ အပူရှပ်လို့ ဆေးရုံ တက်ရောက်ကုသသူတွေဟာ အသက်အရွယ်(၅၀)ကျော် လူကြီးပိုင်းတွေ ဖြစ်တယ်လို့လည်း ဒေါက်တာ ဇင်မင်းဖွေးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အပူဒဏ်ကြောင့် ဆေးရုံတက်ရောက် ကုသသူ (၆)ယောက်ရှိခဲ့ပေမယ့်လည်း သေဆုံးသူမရှိခဲ့ဘူးလို့ သိရပါတယ်။
လာအိုနိုင်ငံ ရွှေတြိဂံနယ်မြေမှာ မြန်မာရွေ့ပြောင်း အလုပ်သမား မိန်းကလေးခုနှစ်ဦး အစာအဆိပ်သင့်ကာ တစ်ဦးသေဆုံး
လာအိုနိုင်ငံ တုံဖိန်မြို့နယ် မိန်းမောဆိပ်ကမ်းအနီး ရွှေတြိဂံနယ်မြေ အထူးစီးပွားရေးဇုန်၊ တရုတ်တန်းဈေးမှာ မေလ၊ ၂၇ရက်နေ့ ညပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား မိန်းကလေးခုနစ်ဦး အစာအဆိပ်သင့်ကာ တစ်ဦးသေဆုံးပြီးခြောက်ဦးကို ထိုင်းနိုင်ငံ ချင်းရိုင်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
ကလေးတွေ ကျန်းမာရေးတိုးတက်ဟု Save The Children ပြောကြား
ကမ္ဘာ့ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံရေးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ နဲ့ယှဉ်ရင် တိုးတက်လာတယ်လို့ Save The Children က မနေ့က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကလေးများဘဝ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ၁၇၆ နိုင်ငံအနက် ၁၇၃ နိုင်ငံက ကလေးတွေဘဝ အခြေအနေ တိုးတက်လာတာဖြစ်ပြီး စင်ကာပူနိုင်ငံက ကလေးတွေဘဝက အတိုးတက်ဆုံးပဲလို့ ဖော်ပြပါတယ်။
ဇာတ်ညွှန်းရေးဆရာ ဆုသြချယ် ကွယ်လွန်
မြန်မာ့ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ညွှန်း ရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ ဆုသြချယ် (ခ) ဦးအေးကို (အနီငွေ့) ဟာ ယနေ့၊ မေလ ၂၉ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းရေး ဆရာ ဆုသြချယ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ် အရွယ်ရှိပြီလို့ သိရပါတယ်။
အမြန်လမ်းမိုင်တိုင် ၁၅၂/၃ ရဲကင်းမှ ရဲတပ်သားကို ဓားဖြင့်ခုတ်သတ်ပြီး ဆိုင်ကယ်နှင့်ဖုန်း လုယူမှုဖြစ်
အမြန်လမ်းမိုင်တိုင် ၁၅၂ / ၃ မိုင်အနီးရှိ ရဲကင်းတစ်ခုတွင် တာဝန်ကျနေ့သည့် ရဲတပ်သားကို ဓားနှင့်ခုတ်သတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုယက်မှု ယနေ့(မေလ ၂၉ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်မှန်ပါတယ်၊ လောလောဆယ်တော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်၊ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”ဟု ဇီးပင်သာအမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ ဆိုင်ကယ်နှင့်ဖုန်းလုယက်ခံရသည့်သူမှာ ရဲတပ်သားအောင်စိုးဝေ ဆိုသူဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယနေ့မနက် ၇ နာရီက တောင်ငူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဒီမိုကရေစီ တရုတ်နိုင်ငံဆိုတဲ့ အိပ်မက်က ပို အလှမ်းဝေးသွားပြီလို့ ထျန်အန်မင် မျိုးဆက်တွေ ပြော
အီဖယ်မျှော်စင် zip line စီးနင်းမှု ပြန်လည်ဖွင့်လှစ်
အိုဟိုင်းယိုမှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်၍ လူတစ်ဦး သေဆုံးကာ ပျက်စီးဆုံးရှုံးမှု ကြီးမား
အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ်တစ်ဝန်းကို လေဆင်နှာမောင်း ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားပြီးနောက်မှာ ဒေသခံတွေက မေ ၂၈ ရက် မနက်ပိုင်းမှာ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ လမ်းတွေပေါ် ပြန့်ကျဲနေတဲ့ အပျက်အစီးတွေကြားမှာ ရှိနေပါတယ်။ အခု တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းအတွင်း လူတစ်ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ကာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။
တရုတ်သို့ ဆန်စပါးတင်ပို့မှု ကျဆင်းနေသောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေ
၂၀၁၈-၁၉ ဘဏ္ဍဍာနှစ်တွင် မြန်မာနိုင်ငံ၏ အဓိကဆန်စပါးဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌဌ ဦးအောင်သန်းဦးက ပြောဆိုလိုက်သည်။
တပ်မှတရားစွဲခြင်း ခံထားရသော သတင်းထောက်နှင့် တောင်သူများ တရားရုံးသို့ လာရောက်ဖြေရှင်း
မေလ(၁၉)ရက်က Channel Mandalay Facebook page မှ ထုတ်လွှင့်ခဲ့သော "နွားမွေးမြူရေး စီမံကိန်း အကြောင်းပြကာ တောင်သူပိုင် မြေများအား သိမ်းဆည်းနေမှုကို ဆန္ဒထုတ်ဖော်တော့မည်"ဆိုသော သတင်း နှင့်ပတ်သက်၍ Channel Mandalay မှသတင်းထောက် ကိုဝင်းနိုင်ဦး အပါအဝင် တောင်သူ (၇)ဦးကို ဗိုလ်ကြီး ရဲကိုကိုဦးမှ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။
မုံရွာမှာ သစ်မခုတ်ရ စာတမ်းများ လိုက်လံကပ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် သစ်ပင်ချစ်သူများအဖွဲ့ Save Monywa အဖွဲ့မှ ကျောက္ကာလမ်းမတစ်လျှောက်က သစ်ပင်ကြီးများအား "သစ်ပင်မခုတ်ရ" စာတမ်းများကို မေလ ၂၉ ရက် နံနက်ပိုင်းက လိုက်လံကပ်ခဲ့သည်။ မုံရွာမြို့ရှိ သစ်ပင်ကြီးများအား ထပ်မံမခုတ်စေရန်အတွက် ကန့်ကွက်သည့်အနေဖြင့် ယခုကဲ့သို့ စာတမ်းများ လိုက်လံ ကပ်ပြီး ကန်ပိန်းပြုလုပ်ခြင်းလည်းဖြစ်သည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် လမ်းကြုံလိုက်ပါလာသည့် မိသားစု သုံးဦးအနက် ဖခင်ဖြစ်သူအား ကားပေါ်ပါ လူတစ်စုက ဓားဖြင့်ထိုးပြီး ရွှေနှင့်ငွေများ လုယက်မှုဖြစ်ပွား
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အတွင်းရှိ ဒေါ်ဖွားရှင်လမ်းတွင် မိသားစု သုံးဦးအနက် ဖခင်ဖြစ်သူအား လူတစ်စုက ဓားဖြင့်ထိုးပြီး ရွှေနှင့်ငွေများ လုယက်မှု မေ ၂၈ ရက်က ဖြစ်ပွားခဲ့သည်။ေ မ ၂၈ ရက် နံနက် ၄ နာရီကျော်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဦး....(၅၄ နှစ်) သည် ဇနီးနှင့် ကလေး ဖြစ်သူတို့နှင့်အတူ ရွှေပြည်သာမှ အဝေးပြေးသို့သွားရန် နေအိမ်မှ ထွက်လာစဉ် ယာဉ်တစ်စီးမှ လမ်းကြုံသဖြင့် လိုက်မလားဟု မေးမြန်းရာ ゞင်းတို့က လိုက်သွားခဲ့ကြောင်း သိရသည်။
အခကြေးငွေရယူသည့် ကိစ္စများအပါအဝင် တိုင်ကြားခံထားရသော ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအရာရှိကို စစ်ဆေးနေပြီး ကျူးလွန်သည့်အတိုင်းအတာပေါ် မူတည်၍ အရေးယူမည်
အခကြေးငွေရယူသည့် ကိစ္စများအပါအဝင် တိုင်ကြားခံထားရသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိကို စစ်ဆေးနေပြီး ကျူးလွန်သည့် အတိုင်းအတာပေါ် မူတည်၍ အရေးယူသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ေ နပြည်တော်၌ မေ ၂၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တတိယတန်းစနစ်သစ်သင်ရိုးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့် အကြောင်းများ ပါဝင်မည်
တတိယတန်းစနစ်သစ်သင်ရိုးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့်အကြောင်း များပါဝင်မည်ဖြစ်ပြီး ကလေးငယ်များအတွက် လိုအပ်နေသောသင်ခန်းစာများဖြစ်ဟု ဆရာ/ဆရာမများ ပြောကြားသည်။ အဆိုပါ တတိယတန်းသင်ရိုးသစ် လူမှုရေးဘာသာရပ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းစဉ်ဖြင့် သင်ခန်းစာ၊ ငြိမ်းချမ်းရေးဗိသုကာ ဦသန့်ခေါင်းစဉ်ဖြင့် သင်ခန်းစာတို့ပါဝင်လာမည်ဖြစ်ကာ ကလေးများ နားလည်စေရန် ရုပ်ပုံများဖြင့် သင်ကြားမည့် အတ္ထုပ္ပတ္တိအကြောင်း အရာဖြစ်ကြောင်း သိရသည်။
စင်ကာပူအခြေစိုက် SC Auto က ရန်ကုန်မြို့ရှိ ရန်ကုန်စက်မှုဇုန်၌ ထုတ်လုပ်မှုစက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုစတင်နေပြီး နှစ်စဉ် ဘတ်စ်ကားအစီး ၆၀ဝ အထိ ထုတ်လုပ်မည်

သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖျက်သိမ်းခဲ့ရသော သံတောင်ကြီးဒေသ ပလက်ဝတံတားနေရာတွင် တံတားအစားထိုးဆောက်လုပ်နေသော်လည်း ပြီးစီးရန်ကြန့်ကြာနေခြင်းကြောင့် ဆက်သွယ်ရေးခက်ခဲနေဆဲဖြစ်

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်နေသော ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမတိုင်မီ လေယာဉ်များ ဆင်းတက်အသုံးပြုနိုင်ရန် ဆောင်ရွက်နေ

စစ်ဆင်ရေး လိုအပ်ချက်ကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှစ်ဦးအား တာဝန်ပြောင်းလဲလိုက်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား
စစ်ဆင်ရေး လိုအပ်ချက်ကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာချုပ် တိုင်းမှူးနှစ်ဦးအား တာဝန်ပြောင်းလဲလိုက်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။မေ ၂၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် တိုင်းမှူးများ အပြောင်းအလဲ ရှိနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့သည်။
ဦးဝီရသူကို ဆုံးမရန် မဟနကလည်း ညွှန်ကြားထား
မေလ ၅ရက်က ရန်ကုန်တွင်ပြုလုပ်သည့် ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ဟောပြောခဲ့မှုအတွက် ဦးဝီရသူအား ခေါ်ယူပြီး ဩဝါဒပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)က ညွှန်ကြားလိုက်သည်။ “ဦးဝီရသူအား နောက်နောင် ထိုကဲ့သို့ လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှု မပြုရေး ခေါ်ယူဩဝါဒပေးရန်” မဟနက ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ရိခေါ်ဒါရ်၌ ကားကြမ်းတုံး ပြုတ်လိမ့်၍ လူနေအိမ်တစ်လုံး ဝင်တိုက်မှုဖြစ်ပွား

ပါကစ္စတန်မှာ ဟိန္ဒူ တိမွေးကု ဆရာဝန်တစ်ဦး ဘာသာရေးစော်ကားမှုနဲ့ စွဲချက်တင်ခံရကာ ဟိန္ဒူဆန့် ကျင်ရေး အဓိကရုဏ်းများ ပေါ်ပေါက်

တောင်ကိုရီးယားကလပ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် ဧရာဝတီယူနိုက်တက်အသင်း ရှုံးနိမ့်
မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်အသင်း နှင့် တောင်ကိုရီးယားကလပ် ပိုပာန်စတီးလားစ်အသင်းတို့ မေ ၂၈ရက်နေ့ ညနေ့က ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရာ ပိုပာန်စတီးအသင်းမှ သွင်းဂိုး ၃ဂိုး၊ ဧရာဝတီယူနိုက်တက်အသင်းမှ သွင်းဂိုး ၂ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။ေ တာင်ကိုရီးယားကလပ် ပိုပာန်စတီးလားစ်အသင်းသည် ပွဲစစချင်း ၁၀ မိနစ်အတွင်း ဧရာဝတီယူနိုက်တက် အသင်းဘက်ကို ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်ဧရာဝတီ အသင်းအနေဖြင့် တိုက်စစ်ပိုင်း နားလည်မှုအလွဲဖြင့်သာ ကစားနိုင်ခဲ့ကာ ပွဲကစားချိန် ၃၀ မိနစ်ကျော်မှသာ ပြန်ဖိအားပေး ကစားပေးနိုင်ခဲ့သည်။
ယူကရိန်းသမ္မတသစ် ဇီလန်းစကီး အရှေ့ပိုင်းစစ်ဇုန်သို့သွားရောက်လည်ပတ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး ဒေါက်တာစောညိုဝင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပါအဝင် ဌာန၅ခုသို့တိုင်ကြားထားဟုဆို
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တောနှင့်သယံဇာတ ဝန်ကြီး ဒေါက်တာစောညိုဝင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပါအဝင် ဌာန၅ခုသို့ အခွင့်အာဏာအသုံးချကာ နိုင်ငံတော်၏မူဝါဒလမ်းစဉ်နှင့်မညီညွတ်ပဲ အဂတိတရားဖြင့် ပြည့်သူဘဏ္ဍာကိုတလွဲသုံး စီမံခန့်ခွဲဆောင်ရွက်သည်ဟုဆိုကာအရေးယူမှုပြုလုပ်ပေးပါရန် ဒီကနေ့မေလ ၂၈ရက်နေ့ ရက်စွဲဖြင့် သနပ်ပင်မြို့နယ် အောက်တကဲကျေးရွာမှ ဦးဇော်ဝင်းလှိုင်နှင့် ဦးဝင်းအောင်တို့ကတိုင်ကြားထားသည်ဟုသိရသည်။
လှိုင်သာယာ၌ အောက်ဆိုက်ကားစီးသူ နှစ်ဦး ရွှေထည်ပစ္စည်းများ လုယက်ခံရ
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်၌ အဝေးပြေးကားဝင်းသို့ သွားရန် အောက်ဆိုက်ကားစီးလာသူ လင်မယားနှစ်ဦးအား ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးက ဓားဖြင့်ထိုးကာ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခဲ့သည်ဆိုမှု မေ ၂၈ ရက် (ယနေ့) ဖြစ်ပွားခဲ့သည်။ ယနေ့ နံနက် ၄ နာရီ မိနစ် ၄၀ အချိန်ခန့်တွင်လှိုင်သာယာမြို့နယ်နေ တိုင်တန်းသူအမျိုးသမီးသည် မြန်အောင်မြို့သို့ ပြန်ရန်အတွက် ခင်ပွန်းဖြစ်သူဦးမြင့်စိုး(၅၄)နှစ် နှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)လမ်းဆုံတွင် ကားစီးရန် စောင့်ဆိုင်းခဲ့သည်။
လမိုင်းမြို့တွင် စုငွေလေလံမဲကြေးသိန်းပေါင်း ၂ သိန်းနီးပါးပေးလျော်ရန်ကျန်ရှိနေမှုကို သက်ဆိုင်ရာက ညှိနှိုင်းပေးထား

ကျောင်းဝတ်စုံ အဖြူ၊ အစိမ်း ပိတ်စများ လွတ်လပ်စွာ ဝယ်ယူမှာကြားနိုင်
ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် တက်ထရွန်ပိတ်အဖြူ (၁ ကိုက်လျှင် ၅ဝဝိ/-နှုန်း)နှင့် တက်ထရွန်ပိတ်အစိမ်း(၁ ကိုက်လျှင် ၁၄ဝဝိ/-နှုန်း)ဖြင့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)က လိုအပ်သလောက် ရောင်းချပေးသွား မည်ဖြစ်ပါကြောင်းနှင့် ဝယ်ယူသည့် ပိတ်စများအား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပို့ဆောင်ခ(အခမဲ့)ဖြင့် အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ မှာယူလိုပါက အောက်ပါအတိုင်း စုံစမ်းဆက်သွယ်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည် - စုံစမ်းရန် - စက်ရုံမှူး ဖုန်း၊ ဝ၉-၄ဝဝ၂၄ဝဝဝ၃ ဝ၆၄-၂၃၄၃၅
ကွန်ဂိုမှာ သင်္ဘောမှောက် လူ ၄၅ ယောက်သေဆုံး၊ လူ ၂၀၀ ပျောက်ဆုံးနေ
ကွန်ဂိုဒီမိုကရတ်တစ်သမ္မတနိုင်ငံအနောက်ပိုင်း၊ မိုင်နဒွန်ဘီရေကန်မှာ မေ ၂၆ ရက်က သင်္ဘောတစ်စင်းမှောက်ခဲ့လို့ အနည်းဆုံးလူ ၄၅ ယောက်သေဆုံးခဲ့ပြီး နောက်ထပ်ခရီးသည်အယောက် ၂၀၀ လောက်ပျောက်ဆုံးနေပါတယ်။ အဲဒီသင်္ဘောပေါ်မှာ လူ ၄၀၀ ကျော်လိုက်ပါသွားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်တွိုင်နီ မာဆမ်ဘာကပြောပါတယ်။ အဲဒီသင်္ဘောပေါ်ပါသွားတဲ့လူအများစုက လစာသွားထုတ်ကြတဲ့ကျောင်းဆရာတွေလို့ ဒေသမြို့ဝန်တစ်ယောက်က ပြောတယ်လို့ BBCကဖော်ပြပါတယ်။
တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းလာသည့် ကားက ဆိုင်ကယ်အား တိုက်မိရာ နှစ်ဦးသေဆုံးပြီး ကားမှာ ထွက်ပြေးလွတ်မြောက်နေ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ဆန်ဆိုင်းဈေးအနီးတွင် ဆိုင်ကယ်တစ်စီးအား လမ်းပြောင်းပြန်ဖြင့် အရှိန်ပြင်းစွာ မောင်းလာသည့် မော်တော်ကားတစ်စီးမှ တိုက်မိကာ ထွက်ပြေးသွားမှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်ပါသူ (၂)ဦးမှာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။ ၂၀၁၉ခုနှစ် မေလ(၂၈)ရက်နေ့ ည(၉)နာရီ (၄၀)၀န်းကျင်အချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် မြို့တွင်းဘက်မှ ဆန်ဆိုင်းဘက်သို့ အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းလာသည့် မော်တော်ယာဉ်တစ်စီးက ဆန်ဆိုင်းဘက်မှ လာသည့် ဆိုင်ကယ်အား တိုက်မိကာ ထွက်ပြေးသွားရာ ဆိုင်ကယ်ပေါ်ပါသည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့မှာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။
ဆရာဝန်မလေးဟာ ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်နိုင်ကြောင်း ဆရာဝန်တစ်ဦးပြောပြီ
မပါချင်လည်း ပါရပြန်ပြီ။ကလေးမကို သနားလို့ပါ။အခုဆိုသူသည် စိတ်ကျန်းမာရေးအားနည်းလာပြီဆိုတာ သိသာမြင်သာ ထင် ရှားလာနေပြီမဟုတ်လား၊ပထမအဆင့်အနေနဲ့ အဲ့ဒါကိုအရင်လက်ခံပေးကြပါ။အခြေခံအကြောင်းတရားတွေတော့ ရှိမှာပေါ့၊ မည်သည့်အခြေခံအကြောင်းတရားပင်ဖြစ်စေ အကျိုးတရားတွေကတော့ မြင်နေရပြီလေ။ တစ်လောကလုံးနဲ့ တစ်ယောက်ဆိုကတည်းက ရှင်းနေပြီ။သူ့ကို လူနာတစ်ယောက်အဖြစ်လက်ခံပေးကြပါ။ ကျန်းမာခြင်း (Health) ဆိုတဲ့စကားရပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကြည့်ပါ။“A state of complete physical, mental and social well-being and not merely an absence of disease or infirmity.” တဲ့ရှင်းတယ်နော်၊
မြန်မာ့ဘောလုံးသမားများကို ကိုရီးယားလိဂ်သို့ခေါ်ယူရန် စောင့်ကြည့်သွားမည်ဟုဆို
မြန်မာ့ဘောလုံးကစားသမားများကို ကိုရီးယားလိဂ်သို့ခေါ်ယူရန် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း K- League မှ ပိုဟန်စတီးလားအသင်းနည်းပြချုပ် မစ္စတာ Kim-Gi- Dong က ပြောသည်။ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်(KFA)မှ ယခုနှစ်တွင် K-Leagu e တွင် ကလပ်အသင်းတစ်သင်းလျှင် အာဆီယံကစားသမားတစ်ဦးခေါ်ယူရမည်ဟု စည်းမျဉ်းသစ်တစ်ရပ်ကိုချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။
သမိုင်းနှင့်ပထ၀ီကိုနက်နက်ရှိုင်းရှိုင်း ခြေခြေမြစ်မြစ် မသိသူများ နိုင်ငံရေးထဲရောက်လာမည်ဆိုပါလျှင် စိုးရိမ်ရသည့်အနေအထားရှိဟုလွှတ်တော်ကိုယ်စားလှယ်ဆို
သမိုင်းနှင့်ပထ၀ီကိုနက်နက်ရှိုင်းရှိုင်းခြေခြေမြစ်မြစ်မသိသူများနိုင်ငံရေးနယ်ပယ်သို့ရောက်လာမည်ဆိုပါလျှင် စိုးရိမ်ပူပန်ရသည့်အနေအထားရှိကြောင်းတွံ့တေးမဲဆန္ဒနယ်မှဦးမြင့်လွင်ကယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်ဆွေးနွေးခဲ့သည်။
ကွန်ပျူတာ ဗိုင်းရပ်စ်(၆)မျိုးထည့်ထားတဲ့ လက်ပ်တော့တစ်လုံးကို အနုပညာပစ္စည်းအဖြစ် ကန်ဒေါ်လာ ၁.၃သန်းနဲ့ လေလံတင်

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုတ်သုံလေ အားကောင်းနေပြီး နေရာကွက်၍ မိုးကြီးနိုင် မိုးဇလထုတ်ပြန်

စစ်တွေလေဆိပ်လုံခြုံရေးကို အရေးပေါ်အချိန် သတ်မှတ်
မြန်မာနိုင်ငံရှိ လေ ဆိပ်အားလုံးကို အရေးကြီးအချိန် (လုံခြုံရေးအဆင့်-၂) သတ်မှတ် ထားပြီး စစ်တွေလေဆိပ်ကို အ ရေးပေါ်အချိန် (လုံခြုံရေးအဆင့် -၃) အဖြစ် သတ်မှတ်ထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်က ယမန်နေ့တွင် 7Day Daily သ တင်းစာအားပြောသည်။ ဧပြီအတွင်း နိုင်ငံတော်အ ဆင့်အကြီးအကဲများစစ်တွေမြို့ သို့သွားရောက်ပြီးနောက် ရခိုင် ပြည်နယ်ရှိလေဆိပ်များကို လုံခြုံ ရေးအဆင့်တိုးမြှင့်ရန် ညွှန်ကြား သဖြင့် ရခိုင်ပြည်နယ်ရှိ လေဆိပ် ငါးခုအနက် စစ်တွေလေဆိပ်ကို အရေးပေါ်အချိန်သတ်မှတ် ရခြင်းဖြစ်သည်ဟု ၎င်းကပြော သည်။
ကျောင်းဖွင့်ရင် ကျောင်းသွားမယ်
"ကျောင်းဖွင့်ပြီလား ဆရာမ’’လို့ နေ့တိုင်းမေး တတ်တဲ့ ကလေးလေးတစ်ယောက် ဆေးရုံပေါ်မှာရှိပါသည်။ ‘‘မဖွင့်သေးဘူး။ မေလကုန်မှ ဖွင့်မှာ’’လို့ ကျွန်မပြန်ဖြေရင် ‘‘ဒီနေ့ဘယ်နှရက်နေ့လဲ’’လို့ ပြန် မေးတတ်သည်။ ‘‘သားကဒီနှစ်ဘယ်နှတန်း တက်မှာလဲ’’လို့ မေးရင် စိတ်အား ငယ်သွားတဲ့ရုပ်နဲ့ ‘‘တကယ်ဆိုသုံး တန်းတက်ရမှာ။ ဒါပေမဲ့ တကယ် လို့ ဒီနှစ်ကျောင်းနေဖြစ်ရင် တစ် တန်းပဲ ပြန်တက်ရမှာ’’လို့ ပြန်ဖြေ တတ်သည်။
"ဦးဝီရသူဖမ်းဝရမ်း ရဲတပ်ဖွဲ့ထံရောက်မလာသေး"
ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သတင်းများထွက်နေသော်လည်း ညနေ ၆နာရီအချိန်ထိ ရဲတပ်ဖွဲ့ထံသို့ ဖမ်းဝရမ်းရောက်မလာသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှုးကြီး မျိုးသူစိုးက 7Day Daily သတင်းစာသို့ ည ၁၀နာရီအချိန်တွင် ပြောသည်။ ညနေ ၆နာရီပတ်ချာလည်လောက်ထိတော့ ရောက်မလာသေးဘူး။ တရားရုံးကတော့ ဖမ်းဝရမ်းထုတ်လိုက်ပြီလို့တော့ ကြားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဆီတော့ ဖမ်းဝရမ်းရောက်မလာသေးဘူး"ဟု ရဲမှုးကြီး မျိုးသူစိုးက ပြောသည်။
အာနိုး ပါဝင်သည့် Terminator 6 ရုပ်ရှင်နမူနာ လေးရက်အတွင်း ကြည့်ရှုသူ ၁၅ သန်းကျော်ရှိ
တချိန်က နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး အာနိုး ခေါင်းဆောင်ပါဝင်တဲ့ ၆ ကားမြောက် Terminator: Dark Fate ရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာ ၄ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၅ သန်းကျော် ရှိနေပါတယ်။ သိပ္ပံဆန်းကြယ် အက်ရှင်အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ မူရင်း Terminator ဇာတ်လမ်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Cameron က David Ellison နဲ့အတူ ပူးတွဲထုတ်လုပ်မှာဖြစ်ပြီး နာမည်ကြီး Deadpool ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Tim Miller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 28 May 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၇၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၂၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၁၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၇၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၂၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၇၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၂၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၁၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၇၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၂၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်၌ စကားပြန်တာဝန်ယူခဲ့သူ ဓားထိုးခံရပြီး သေဆုံး

ဥရောပသမဂ္ဂထိပ်တန်းရာထူးတွေခန့်အပ်ဖို့ အီးယူခေါင်းဆောင်တွေ ပြင်ဆင်
နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ အီးယူဥရောပသမဂ္ဂမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အီးယူလွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတဲ့နောက် အခု ဥရောပခေါင်းဆောင်တွေဟာ သူတို့နှစ်သက်တဲ့ သူကို အီးယူရဲ့ ထိပ်တန်းရာထူးတွေအတွက် ရွေးချယ်ဖို့ လုပ်နေကြပါတယ်။ ဒါပေမယ့် ကော်မရှင်ဥက္ကဌ ရွေးချယ်ရေးမှာတော့ သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေကြပါတယ်။
ရွှေဘိုထောင်ဆူပူမှုမှ ထောင်အတွင်းဖျက်ဆီးခဲ့သည့် အကျဉ်းသား ၅၆ ဦးကို အမှုဖွင့်ထောင်တာဝန်ခံကို မူလရာထူးဖြင့်နေရာပြောင်းရွှေ့ခဲ့
-ရွှေဘိုထောင် ဆူပူမှုအတွင်း ထောင်အတွင်းရှိ နိုင်ငံတော်ပိုင်အဆောက်အအုံ များ နှင့် ပစ္စည်းများအား ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အကျဉ်းသား ၅၆ဦး ကို အမှုဖွင့်အရေးယူထားကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်း ၀င်းက အတည်ပြုပြောသည်။ "အကျဉ်းသား၊ အကျဉ်းသူ ၅၆ ဦးကိုအရေးယူထားတာ ဟုတ် ပါတယ်။ ၆(၁) နဲ့အရေးယူထား တာ။ ရဲစစ်ဆေးဆဲဆိုတော့အမြန် ဆုံးတရားစွဲတင်ပါမယ်၊ သက်သေ အထောက်အထားတွေ ခိုင်လုံ အောင် တည်ဆောက်ပြီးမှပေါ့
အိုးလ်ထရက်ဖို့ဒ် ရဲ့ နှလုံးသားကို အမြဲတမ်းကိုင်လှုပ်နိုင်ခဲ့သူ

မောင်တောနယ်စပ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းကျော်နှင့်အတူ လူနှစ်ဦးဖမ်းမိ
ငွေစုစာအုပ်မှ ကျပ်သိန်းငါးရာကျော်ကို ပိုင်ရှင်မသိဘဲ ထုတ်ယူခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်ရုံးချုပ် စစ်ဆေးနေဟုဆို
မုံရွာမြို့ ဆူးလေကုန်းရပ် ကွက် ကမ္ဘောဇဘဏ် (၁)ရှိ ငွေစုစာအုပ်အတွင်းမှ ငွေကျပ်သိန်းငါး ရာကျော်ကို ပိုင်ရှင်မသိဘဲ ထုတ်ယူခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇ ဘဏ် ရုံးချုပ်က စစ်ဆေးနေဆဲဖြစ် ကြောင်း အဆိုပါဘဏ်မန်နေဂျာဒေါ်ကြူကြူလွင်က ပြောသည်။ ‘‘အဲဒီကိစ္စ လက်ရှိမှာ ရုံးချုပ်က စစ်ဆေးတာတွေ ရှိပါတယ်။ မုံရွာဘဏ်ခွဲ(၁) စာအုပ်ကို မန္တလေးဘဏ်ခွဲ (၄၂)ကနေ ဖြစ်သွားတဲ့ကိစ္စပါ’’ဟု ဒေါ်ကြူကြူလွင်က ပြောသည်။ ဘဏ်ငွေစု စာအုပ်အတွင်း ငွေများကို ပိုင်ရှင်မသိဘဲ ငွေထုတ်ယူခြင်းနှင့် ပတ်သက်၍ ငွေစု စာအုပ်ပိုင်ရှင် ဦးကိုဦးက သတင်းစာရှင်းလင်းပွဲကို မေလ၂၇ ရက်တွင် မုံရွာမြို့ ချင်းတွင်းအင်စတီကျုဒ်ရုံး၌ ကျင်းပခဲ့သည်။
လာဘ်ငွေယူသည်ဟုတိုင်ကြားခံရသည့် မြန်မာအလုပ်သမားသံအရာရှိကို စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေး
မြန်မာလုပ်သားများ ခေါ်ယူရေးနှင့်ပတ်သက်ပြီး အ လုပ်ခေါ်စာများ စိစစ်ရာတွင် လာဘ်ငွေရယူသည်ဟု တိုင်ကြားခြင်း ခံရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိတစ်ဦးကို စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေပြီး ကျူးလွန်ကြောင်း ပေါ်ပေါက်ပါက အရေးယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် တရားဝင်လုပ်သား စေလွှတ်သော လုပ်ငန်းရှင်များထံမှ လာဘ်ငွေရယူသည်ဆိုကာ သံအရာရှိ ဦးစန်းမောင်ဦးကို အလုပ်သမားအေဂျင် စီများက တိုင်ကြားထားခြင်းဖြစ်သည်။
အောင်မြင်တဲ့ career တစ်ခုတည်ဆောက်နိုင်ဖို့
ကျွန်တော်တို့အားလုံးက အောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်ရှိကြပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုတည်ဆောက်နိုင်ဖို့ဆိုတာ အောင်မြင်တဲ့ career တစ်ခုကို အရင်ဆုံးတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးပါ။ ဒါကြောင့် အောင်မြင်တဲ့ career တစ်ခုတည်ဆောက်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်။
ကိုယ့်အရည်အချင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုးတက်အောင်ကြိုးစားပါ။
အောင်မြင်တဲ့ Career ဆိုတာ ရုတ်တရက်ဖြစ်လာတာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုတွေနဲ့အတူ အရည်အသွေးပြည့်ဝတဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေရှိမှ အောင်မြင်တဲ့ career ကို အကောင်အထည်ဖေါ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို တိုးတက်မှုရှိအောင် အမြဲကြိုးစားအားထုတ်ဖို့ လိုပါတယ်။
ကိုယ့်အရည်အချင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုးတက်အောင်ကြိုးစားပါ။
အောင်မြင်တဲ့ Career ဆိုတာ ရုတ်တရက်ဖြစ်လာတာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုတွေနဲ့အတူ အရည်အသွေးပြည့်ဝတဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေရှိမှ အောင်မြင်တဲ့ career ကို အကောင်အထည်ဖေါ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို တိုးတက်မှုရှိအောင် အမြဲကြိုးစားအားထုတ်ဖို့ လိုပါတယ်။
သုံးလကျော်ကြာ ဖမ်းဆီးခံနေရသည့် ပလက်ဝဒေသခံ ၅၀ ကျော်ကို ပြန်လည်လွှတ်ပေးရန် AA ထံတောင်းဆို ဖမ်းဆီးထားသူ ၁၂ ဦးသာရှိဟု AA ပြော၊ အရပ်သား ၁၀၀ ကျော်ကို AA ဖမ်းထားကြောင်း တပ်မတော်ဆို
ရခိုင်လက်နက်ကိုင်အ ဖွဲ့ (AA)က လွန်ခဲ့သည့် သုံးလ ကျော်ကတည်းက ဖမ်းဆီးသွား သည့် ပလက်ဝမြို့နယ် ကင်းသ လင်းရွာ ဒေသခံ ၅၀ ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဖမ်း ဆီးခံရသူများ၏ဆွေမျိုးအချို့က ပြောသည်။ ပလက်ဝဒေသခံ ၅၄ ဦးကို AA အဖွဲ့က ဖေဖော်ဝါရီလဆန်း တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းအနက် အမျိုးသားနှစ်ဦး ပြန်လည်ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း ၎င်းက ဆိုသည်။ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ယင်းကျေးရွာသားများ ကို ဖမ်းဆီးခြင်းမရှိကြောင်း၊ ၎င်းတို့ဘာသာ စစ်ဘေးတိမ်းရှောင် နေသည့်အပေါ် AA က ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်းဆို သည်။
တစ်သျှူးငှက်ပျောထိန်းချုပ်ရေးဆောင်ရွက်နေစဉ် တရုတ်နိုင်ငံသားစိုက်ပျိုးရေးပညာရှင်နှစ်ဦးအပါအဝင် လူလေးဦးကို ထပ်မံဖမ်းဆီး
ဝိုင်းမော်မြို့နယ်အတွင်း ရှိ သစ်တောဌာနပိုင် မြေအချို့အ တွင်း တစ်သျှူးငှက်ပျောစိုက်ပျိုးမှု ကြောင့် တရားစွဲခံထားရသည့် မလိခနဂါးနှင့် မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီနှင့်ဆက်စပ်သူ တရုတ် နိုင်ငံသား စိုက်ပျိုးရေးပညာရှင် နှစ်ဦးအပါအဝင် လေးဦးကို မေလ ၂၆ ရက်က ဖမ်းဆီးခဲ့ကြောင်း ကချင်ပြည်နယ် သစ်တောဦးစီး ဌာန ဦးစီးမှူး ဦးခင်မောင်ဦးက ပြောသည်။
မြေယာမစွန့်လွှတ်သည့်ကိစ္စ မကွေးဝန်ကြီးချုပ်၏မှတ်ချက် အမျိုးသားရင်ကြားစေ့ရေးနှင့်ကွဲလွဲဟု တပ်မတော်ပြောကြား ရန်လိုသည့်သဘောထားမရှိဘဲ ရင်ကြားစေ့ချင်လွန်းသူတစ်ဦးဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုပြန်ရှင်း
တပ်မတော်၏ မြေယာရယူထားမှုနှင့် စပ်လျဉ်းသည့် မကွေးတိုင်းဝန်ကြီးချုပ်၏ မှတ်ချက် သည် တစ်ဖက်သတ်အပြစ်ပြောသည့် ပုံစံဖြစ်နေပြီး ပြည်သူနှင့် ရန်တိုက်သကဲ့သို့ ဖြစ်နေသည်ဟု ကာ ကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူး ချုပ်အောင်ကျော်ဟိုးက ပြောသည်။ မင်းဘူးမြို့တွင် အခြေစိုက်သည့် တပ်မတော်တပ် ရင်းတစ်ခုက ပွင့်ဖြူမြို့တွင် ရယူထားသော မြေကို ပြန်လည်စွန့်လွှတ်ပေးရန်ဆောင်ရွက်စဉ် တပ်မ တော်ဘက်က တုံ့ပြန်ပုံအကြောင်း မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ ပြောဆိုချက်ကို ၎င်းကရည်ညွှန်း ခြင်းဖြစ်သည်။
လျှပ်စစ်အန္တရာယ်ကင်းရေး သစ်ပင်သစ်ကိုင်းများခုတ်ရာတွင် ရန်ကုန်စည်ပင် ပူးပေါင်းဆောင်ရွက်မှု အားနည်းဟု လျှပ်စစ်ဒုဝန်ကြီးပြော
ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးရေး လျှပ်စစ်ကြိုးများနှင့် မလွတ် သည့် သစ်ပင်သစ်ကိုင်းများ ခုတ်ရာတွင် ရန်ကုန်စည်ပင်သာယာရေးကော်မတီက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ယမန်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် အစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့သည်။
ကျောင်းဖွင့်ပြီး နှစ်ပတ်ကြာအထိ ကျောင်းမအပ်သေးသည့် ကလေးများကို အိမ်တိုင်ရာရောက် ခေါ်ယူမည်
အခြေခံပညာကျောင်း များတွင် မေလ ၂၅ ရက်က ကျောင်းအပ်စတင်လက်ခံနေပြီး ကျောင်းဖွင့်ပြီး နှစ်ပတ်ကြာအထိ ကျောင်းမအပ်သေးသည့် ကျောင်းနေအရွယ် ကလေးများကို မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ကာ အိမ်တိုင်ရာရောက်ခေါ်ယူ မည်ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောသည်။ေ ကျာင်းနေအရွယ် ကလေး အားလုံး ကျောင်းနေရေး ရပ် ကွက်၊ ကျေးရွာအတွင်းရှိ အ သက် (၃)နှစ်မှ (၁၈)နှစ်အထက် ကျောင်းနေရမည့် ကလေးဦးရေ စာရင်းကို ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကောက်ယူ ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။
အစိုးရနှင့် ရပ်မိရပ်ဖများပါဝင်သည့် ကျောင်းဖွံ့ဖြိုးရေးအဖွဲ့များကို ဇွန်လဒုတိယပတ်ကစ၍ တိုင်းအစိုးရက ဦးဆောင်ဖွဲ့စည်းမည်
မေလ ၃၀ ရက်တွင် ၁၂ မြို့နယ်၌ ရေပေးဝေမှု ခေတ္တပြတ်တောက်မည်ဟု ရန်ကုန်စည်ပင်ကြေညာ
ငမိုးရိပ် ရေသန့်စက်ရုံ (အထယု)မှ ရေတွန်းစက်များ မောင်းနှင်မှု ခေတ္တရပ်နားမည်ဖြစ် ၍ မေလ ၃၀ ရက်တွင် ၁၂ မြို့နယ် ၌ ရေပေးဝေမှု ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက ကြေညာသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက မေလ ၃၀ ရက် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ 33KV (လှော်ကား- အထယု)ဓာတ်အားလိုင်းကို လျှပ် စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်းအပြစ်ဖြစ်မှု လျော့ကျစေရန် ဓာတ်အားပိတ်၍ သစ် ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်း မည်ဖြစ်၍ ယင်းဓာတ်အားလိုင်း ကို သွယ်ယူအသုံးပြုနေသည့် ငမိုးရိပ်ရေသန့်စက်ရုံ (အထယု)မှ ရေတွန်းစက်များ ခေတ္တရပ်နားရ ခြင်းဖြစ်သည်ဟု ကြေညာချက် တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဆရာဝန်အမျိုးသမီးကို အသရေဖျက်မှုအပါအဝင် ပုဒ်မငါးခုဖြင့် ပြန်လည်အမှုဖွင့်
ရွှေပြည်သာမြို့နယ် မီး သတ်ဦးစီးမှူးအပါအဝင် မီးသတ် ဝန်ထမ်း ၁၀ ဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်အမျိုး သမီးကို မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့က အသရေဖျက်မှုအပါအဝင် ပုဒ်မငါးခုဖြင့် ပြန်လည်အမှုဖွင့် ထားကြောင်း ရွှေပြည်သာမြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။ အဆိုပါအမျိုးသမီးကို မြန် မာနိုင်ငံမီးသတ်တပ်ဖွဲ့က ပုဒ်မ ၃၅၃(တာဝန်ဝတ္တရားဆောင်ရွက် နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် နိုင်ထက်စီးနင်းပြု ကျင့်မှု)၊ ပုဒ်မ ၂၉၄(မမှန်မကန် သော၊ ညစ်ညမ်းသော သီချင်း၊ စာ သား၊ အပြောအဆိုများ အသုံးပြု မှု)၊ ပုဒ်မ ၁၈၂(ပြည်သူ့ဝန်ထမ်း နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့ဝန်ထမ်းအား ဥပဒေအရ အာဏာကို အသုံးပြုစေရန် ရည် ရွယ်၍ မမှန်မကန် သတင်းပေး ခြင်း)၊ ပုဒ်မ ၂၁၁(နစ်နာစေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်သည် ဟု မမှန်မကန် စွပ်စွဲခြင်း)၊ ပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့ဖြင့် မေလ ၂၈ ရက်တွင် အမှုဖွင့်ထား သည်။
ဒလနှင့် ဆိပ်ကြီးခနောင်တို တံတားထိုးရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း
ဆိပ်ကြီးခနောင် တိုမြို့နယ်ရှိ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် တွံတေးတူးမြောင်းကို ဖြတ်ကာ ဒလနှင့်ဆိပ်ကြီးခနောင်တိုသို့ တံတားတစ်စင်းထိုးပေးရန် ဆိပ်ကြီး ခနောင်တိုမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင်ထွန်း နိုင်က တောင်းဆိုသည်။ မေလ ၂၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ၎င်းက တံတားထိုးပေးရန် အစီ အစဉ်ရှိ၊ မရှိ၊ မေးမြန်းစဉ် ထိုသို့ တောင်းဆိုခြင်းဖြစ်သည်။
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်စတင်ရန် အသင့်ဟု အာဆီယံအတွင်းရေးမှူးချုပ်ကို မြန်မာအသိပေး
အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရ
ချယ်လ်ဆီးနှင့် အင်္ဂလန် ကွင်းလယ်လူဟောင်း ဖရန့်လမ်း ပတ်ကိုင်တွယ်နေသော ဒါဘီကို ရှုံးထွက်ဗိုလ်လုပွဲတွင် ၂-၁ ဂိုး ဖြင့် အနိုင်ရပြီးနောက် အက် စတွန်ဗီလာသည် ပရီးမီးယားလိဂ် သို့ တန်းတက်ခွင့်ရခဲ့သည်။ အင်္ဂလန်ချန်ပီယံရှစ် ချန်ပီ ယံ နောဝှစ်ခ်ျနှင့် ဒုတိယနေရာရှိ ရှက်ဖီးယူနိုက်တက်တို့ ပရီးမီး ယားလိဂ်သို့ တိုက်ရိုက်တန်းတက် ခွင့်ရခဲ့ပြီး လက်ကျန်တစ်နေရာ ရရန် အဆင့် (၃)မှ အဆင့် (၆)အတွင်းရှိ အသင်းလေးသင်း ရှုံးထွက်ကစားရာ အက်စတွန်ဗီ လာက အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယူရိုပါလိဂ်ဆုဖလားက ချယ်လ်ဆီးကိုနှုတ်ဆက်ရန် သင့်လျော်ဆုံးနည်းလမ်းဖြစ်မည်ဟု ဟာဇက်ပြော
လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်နှင့် ယနေ့ ညကစား မည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အ နိုင်ရဗိုလ်စွဲခြင်းက ၎င်း၏ ချယ်လ် ဆီးကစားသမားဘဝ ပြည်ဖုံးကား ချရန် သင့်လျော်ဆုံးနည်းလမ်း ဖြစ်မည်ဟု ချယ်လ်ဆီးတိုက်စစ် မှူး အီဒင်ဟာဇက်က ပြောသည်။ ရီးရဲလ်မက်ဒရစ်က ပစ်မှတ် ထားနေသော ဘယ်လ်ဂျီယံလက် ရွေးစင် ဟာဇက်သည် ချယ်လ်ဆီး နှင့် ချုပ်ဆိုထားသည့်စာချုပ် လာ မည့်ရာသီတွင် နောက်ဆုံးနှစ်သို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းက သက် တမ်းတိုးရန် ငြင်းဆန်ထားသည်။
ကျောင်းဖွင့်တော့မည်ဖြစ်၍ ရခိုင်ပြည်နယ်ရှိ ကလေးငယ်များကို အရေးပေါ်ကာကွယ်ပေးနိုင်ရန် ယူနီဆက်တောင်းဆို
စာသင်ကျောင်းများ မကြာမီ ပြန်လည်ဖွင့်တော့မည် ဖြစ်၍ ရခိုင်ပြည်နယ်၌ရှိသည့် ကလေးငယ်များအတွက် အရေးပေါ်ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရန် ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့ - ယူနီဆက် (မြန်မာ)က ယမန်နေ့တွင် ကြေ ညာချက် ထုတ်ပြန်တောင်းဆို သည်။ ရခိုင်ပြည်နယ်တွင် အစိုးရတပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့အကြား ပဋိပက္ခ ဖြစ်ပွားပြီးနောက် အရပ်သား ထိခိုက် သေဆုံးမှုများ မြင့်တက်နေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများရှိနေစဉ် ထိခိုက်သေဆုံးသူများ ၌ ကလေးငယ်များ ပါဝင်သည်ဟူသော သတင်းများ ထွက်ပေါ်နေသည့်အပေါ် ယူနီဆက်( မြန်မာ) အနေဖြင့် အလွန်အမင်းစိုးရိမ် မိကြောင်း မေလ ၂၈ ရက် ထုတ် ပြန်ချက်တွင် ဖော်ပြသည်။
နေရပ်စွန့်ခွာသူများ ပြန်လာရေး သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို တစ်နှစ်သက်တမ်း တိုးမြှင့်
ရခိုင်ပြည်နယ် မြောက် ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန် လာရေး မြန်မာအစိုးရ၊ UNHCR, UNDP တို့အကြား ချုပ်ဆိုသော သုံးပွင့်ဆိုင်နားလည်မှု စာချွန် လွှာကို ယမန်နေ့က သက်တမ်း တစ်နှစ်တိုးမြှင့်ခဲ့သည်။ နားလည်မှု စာချွန်လွှာသက် တမ်းတစ်နှစ်တိုးမြှင့်ခြင်းကို အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNHCR (ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး)၊ UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်)တို့မှ သက်ဆိုင်ရာ ကိုယ်စားလှယ် များက နေပြည်တော်၌ လက်မှတ် ရေးထိုးလဲလှယ်ခြင်းဖြစ်ကြောင်း UNHCR က မေလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
တရားသူကြီးများ ကျမ်းသစ္စာဆိုရမည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်အတည်ပြု ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်
တရားသူကြီးများ ကိုယ်တိုင် တရားခွင်၌ ကျမ်း သစ္စာဆိုရမည့် ပြည်ထောင်စု တရားစီရင်ရေးဥပဒေ စတုတ္ထ အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း ကို မေလ ၂၈ ရက်တွင် ကျင်းပ သည့် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။ ထိုဥပဒေကြမ်းသည် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးတင်သွင်းသည့် အဆို ကြောင့် ပေါ်ပေါက်လာခြင်းဖြစ် သည်။ ဦးစိုးမိုးက ပြည်သူများ ယုံ ကြည်အားကိုးပြီး ဖြောင့်မတ်မှန် ကန်သည့် တရားစီရင်ရေးဖြစ်စေ ရန် တရားသူကြီးကိုယ်တိုင် ကျမ်း သစ္စာကျိန်ဆိုရန် လိုအပ်ကြောင်း အဆိုတင်ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အကြံပေး အရာရှိအဖြစ်ဆက်လက် တာဝန်ပေးထား
စစ်မှုထမ်းသက် ပြည့်ပြီဖြစ်သည့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အကြံပေးအရာရှိအဖြစ် ဆက် လက် တာဝန်ပေးအပ်ထား ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ် ကြီး သိန်းဌေးကို တပ်မတော်ကာ ကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံအချို့မှ လက်နက်များ ပြင်ပသို့ ရောင်းစားခံရမှုတွင် တာဝန်ရှိ သည်ဆိုကာ အရေးယူခဲ့ကြောင်း သတင်းထွက်ပေါ်နေမှုနှင့် ပတ် သက်၍ တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်က ငြင်းဆိုသည်။
ရခိုင်ပြည်နယ် စစ်ရှောင်စခန်းတွေမှာ မိုးတွင်းကာလ အခက်ကြုံ
ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ မိုးတွင်းကာလရောက်နေပြီး ဖြစ်သလို စားသောက်နေထိုင်ရေးနဲ့ ကလေးတွေ ပညာသင်ကြားရေးတွေမှာ အခက်ခဲတွေနဲ့ တွေ့ကြုံနေရတာပါ။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဒုက္ခသည် ကူညီစောင့် ရှောက်ရေး စခန်းတည်ဆောက်ပေးဖို့ စီစဉ်နေတယ်ဆိုပေမဲ့ လက်ရှိအကောင်အထည် မဖေါ်နိုင်သေးသလို နေထိုင်ရေးတွေမှာပါ အခက်ခဲရှိနေတယ်လို့ အကူညီပေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ စစ်ရှောင်စခန်းက ကလေးတွေ ပညာသင်ကြားရေး အပိုင်းမှာ နီးစပ်ရာ ကျောင်းတွေမှာ အပ်နှံဖို့ ပညာရေးဌာနကနေ စီစဉ်ထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ၂၀၁၉ ခု Pulitzer ဆု နယူးယောက်မှာ လက်ခံ
ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းကို လိုက်ရင်း ဖမ်းဆီးထောင်ချခံခဲ့ရပြီး သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က အင်္ဂါနေ့မှာတော့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ နိုင်ငံတကာ သတင်းဆိုင်ရာ ပူလစ်ဇာ ဆုကို လက်ခံရယူခဲ့ကြပါတယ်။ ကမ္ဘာ့ သတင်းလောကမှာ ဂုဏ်သိက္ခာကြီးတဲ့ ပူလစ်ဇာ ဆုကို ကိုယ်တိုင်လက်ခံရယူခဲ့ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က အခက်အခဲ ကာလအတွင်း ပံ့ပိုးပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
ဆန္ဒပြဆရာတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူ
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေထဲက ၂၁ ဦးကို တိုင်းပညာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ပညာရေးဦးစီးဌာန တောင်းသွားတယ်လို့ မူလတန်းကျောင်းအုပ်ဆရာ ဦးရဲဝင်းနိုင် က RFA ကိုပြောပါတယ်။ေ မလ ၂၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမတွေဟာ ပစ်စာတိုင်ကြား သူ လိပ်စာမပါရင် ဌာနဆိုင်ရာ အရေးမယူဖို့၊ ပစ်စာတိုင်ကြားသူကို သက်သေအဖြစ် ထည့်သွင်းစစ်ပေးဖို့၊ မဟုတ် မမှန် တိုင်ကြားသူတွေကို ဌာနက တရားစွဲဆိုပေးဖို့၊ အစိုးရဘဏ္ဍာငွေ မလောက်လုံပါက ပညာရေးလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်းထားဖိုနဲ့ ပင်စင်စားထောက်ပံ့ကြေးကောက်ခံမှုကို ဌာနဆိုင်ရာက အရေးယူမှုမပြုဖို့ စတဲ့အချက်တွေ ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
သတင်းအမှားနဲ့ ခိုးကူး ဝက်ဆိုက် ၃၁ ခုရဲ့ အမည်စာရင်း ထုတ်ပြန်
တရားဝင် သတင်းမီဒီယာတွေဆီက သတင်းတွေကို ခိုးယူပြီး ဆင်တူယိုးမှား သတင်းမှား သတင်းတုတွေ ဖော်ပြနေတဲ့ သတင်းမီဒီယာ စာမျက်နှာ ၃၁ ခုရဲ့ အမည်စာရင်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မေလ ၂၇ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ နောက်ဆုံးပတ်က ကျင်းပခဲ့တဲ့ တတိယအကြိမ် မဏ္ဍိုင်ကြီးလေးရပ် အလုပ်ရုံ ဆွေးနွေးပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ သတင်းခိုးယူမှု စောင့်ကြည့်ရေး အဖွဲ့က စိစစ်ပြီး ဒီဝက်ဆိုက်တွေရဲ့ အမည်ကို သတင်းမီဒီယာ ကောင်စီထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား ကိုယ်ပိုင် ဝီစကီထုတ်

ရခိုင်ပြည်နယ်မှာ အခြေချနိုင်ရေး ဆက်လက်ကြိုးစားသွားမယ်လို့ AA အဖွဲ့ပြော
ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် တပ်မတော်က လက်မခံလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်မတော် AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ပြောလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲအပြီးမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော် AA ကို အခြေချခွင့်မပေးနိုင်ဘူးလို့ တပ်မတော်ရဲ့ သဘောထားကို ပြောကြားခဲ့ပါတယ်။
အမှုကိုဖြေရှင်းပေးဖို့ ပြန်ကြားရေးဝန်ကြီးကို DMG အကူအညီတောင်းခံ
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် DMG သတင်းဌာန အယ်ဒီတာချုပ်နဲ့ အမှုဆောင် ဒါရိုက်တာတို့ကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၂)နဲ့ သတင်းအထူးတပ်ဖွဲ့က အမှုဖွင့် တိုင်ကြားထားတာကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်အနေနဲ့ ကူညီဖြေရှင်းပေးဖို့ DMG သတင်းဌာက အကူအညီ တောင်းခံစာ ဒီနေ့ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။ DMG သတင်းဌာန အယ်ဒီတာချုပ် လက်မှတ်ရေးထိုး အကူအညီတောင်းခံလိုက် တာဖြစ်ပါတယ်။
Qomolangma တောင်ထိပ်သို့ ရောက်ရှိပြီးနောက် ကော်ရိုနာဒိုပြည်နယ်သား တစ်ဦးသေဆုံး
Qomolangma တောင်ထိပ်သို့ ရောက်ရှိပြီးနောက် အမေရိကန်နိုင်ငံ ကော်ရိုနာဒိုပြည်နယ်သားတစ်ဦး မေလ ၂၇ ရက်က သေဆုံးခဲ့ပြီး ယခုရာသီအတွင်း သေဆုံးခဲ့သည့် ဒုတိယမြောက် အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်သလို ၁၁ ဦးမြောက်သေဆုံးသူလည်းဖြစ်ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ သေဆုံးသူမှာ အသက် ၆၂ နှစ်အရွယ် ခရစ္စကူးလ်လစ်ရှ် (Chris Kulish) ဆိုသူဖြစ်ပြီး ကော်ရိုနာဒိုပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သူဖြစ်ကြောင်း Denver Post သတင်းအရ သိရသည်။
ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၂ ဦး သေဆုံး
ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဝှိုက်ဟော့စ်မြို့တွင် မေလ ၂၇ ရက် ညနေပိုင်းက လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ကြောင်း ကနေဒါရုပ်မြင်သံကြားကွန်ရက် CTV က မေလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်ကောရေ့ဂ်ျနယ်မြေသို့ ဦးတည်သွားနေသည့် အင်ဂျင်တစ်လုံးပါ Cessna 170 လေယာဉ်သည် ဝှိုက်ဟော့စ်ရှိ လေဆိပ်မှ ပျံတက်ပြီးနောက် မေလ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီ၌ သစ်ပင်များအတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝှိုက်ဟော့စ်မြို့သို့ မေလ ၂၈ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
အများပြည်သူ ဝန်ဆောင်မှုများ
အများပြည်သူကဏ္ဍမှတစ်ဆင့် တိုက်ရိုက်ဖြစ်စေ၊ ဘဏ္ဍာငွေကြီးကြပ်ထောက်ပံ့ခြင်းဖြင့် သွယ်ဝိုက်၍ဖြစ်စေ မိမိ၏စီရင်ပိုင်ခွင့်နယ်မြေအတွင်း နေထိုင်ကြသူများကို အစိုးရက ထောက်ပံ့ပေးရသော ဝန်ဆောင်မှုများကို အများပြည်သူ ဝန်ဆောင်မှုများဟုခေါ်သည်။ ယင်းစကားရပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများတစ်လျှောက် ဖော်ပြခဲ့ကြသည့် လူမှုရေးကတိကဝတ်များနှင့် ပတ်သက်နေပြီး ဝင်ငွေ၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်တို့နှင့် မပတ်သက်ဘဲ အားလုံးရနိုင်သည့် ဝန်ဆောင်မှုများဖြစ်ကြသည်။
ကလေးမြို့နယ် ကြက်ဖနက်ချောင်းဖျားရှိ ကုမ္ပဏီတစ်ခု၏ ကျောက်မီးသွေးမိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လေးဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိ

ဂျပန်တွင် ဓားဖြင့်လိုက်ထိုးသည့် ရှားရှားပါးပါးတိုက်ခိုက်မှုကြောင့် ကျူးလွန်သူအပါအဝင် သုံးဦးသေဆုံးကာ ကျောင်းသားအများစုဒဏ်ရာရ
မေ၂၈ ရက်တွင် တိုကျိုမြို့အပြင်ဘက်၌ ကလေးအများအပြားအပါအဝင် လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သော ဓားကိုင်ရမ်းကားမှုတွင် ဓားကိုင်ထားသောတိုက်ခိုက်သူက ကိုယ့်ကိုယ်ကိုယ်ဓားဖြင့်ပြန် ထိုးမသတ်မီ ၁၂ နှစ်အရွယ် ကျောင်းသူနှင့်အမျိုးသားတစ်ဦးတို့ကို သတ်ခဲ့သည်ဟု ဆိုသည်။ တိုကျိုတောင်ဘက်ရှိ ကာဝါဆာကီမြို့တွင် လူအစုလိုက်အပြုံလိုက် ဓားထိုးခံရခြင်းသည် ဖွံ့ဖြိုးပြီးကမ္ဘာ၌ အကြမ်းဖက်ရာဇဝတ်မှု အနိမ့်ဆုံးနိုင်ငံတွင် ရှားရှားပါးပါးတိုက် ခိုက်မှုတစ်ခုဖြစ်ခဲ့ပြီး သံသယရှိသူ၏ ရည်ရွယ်ချက်ကို လတ်တလောအသေးစိတ် မသိရသေးပေ။
ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ-၁၂၄(က) ဖြင့် ဖမ်းဝရမ်းထုတ်ပြန်
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ-၁၂၄(က)ဖြင့် မေ ၂၈ ရက်တွင် ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်း Eleven Media Group ၏ စုံစမ်းမှုအရ သိရှိရသည်။ ယနေ့ မွန်းလွဲပိုင်း၌ ဆရာတော်ဦးဝီရသူကို အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မ ၁၂၄(က) ဖြင့် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားရွေးကောက်ပွဲလွန် အဓိကရုဏ်းဖြစ်ပွားနေစဉ် ထိပ်တန်းတာဝန်ရှိသူများအား လုပ်ကြံရန် စီစဉ်မှုကို ဟန့်တားနိုင်ခဲ့
အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ရွေးကောက်ပွဲလွန်၌ လူသေဆုံးမှုရှိခဲ့သည့် အဓိကရုဏ်းများနှင့် ဆက်နွှယ်ဖွယ်ရှိသော အောင်မြင်ခဲ့ခြင်းမရှိသည့် လုပ်ကြံရန် အစီအစဉ်များတွင် ထိပ်တန်းတာဝန်ရှိသူလေးဦး ပစ်မှတ်ထားခံခဲ့ရဟု ရဲတပ်ဖွဲ့က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ဂျကာတာတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့သော ထိုအဓိကရုဏ်း၌ ဆန္ဒပြသူရှစ် ဦး သေဆုံးခဲ့ရပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့ပြီးနောက် တစ်ပတ်မပြည့်သေးမီ လုပ်ကြံရန် လျှို့ဝှက်ပူးပေါင်းစီစဉ်ထားမှု၏ အသေးစိတ်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်ကျူးကျော်မှုကာကွယ်ရန် စစ်ရေးလေ့ကျင့်မှု၌ ထိုင်ဝမ်က တိုက်လေယာဉ်များကို အဝေးပြေးလမ်းပေါ်ဆင်းသက်

သြစတြီးယားဝန်ကြီးချုပ် အယုံအကြည်မရှိအဆိုတင်သွင်းခံရမှု ရှုံးနိမ့်ခဲ့ပြီး ရာထူးမှဖယ်ရှားခံရ

ကိုဆိုဗိုရဲများက ဆာ့ဘ်အများစုနေထိုင်သော မြောက်ပိုင်းကိုဝင်ရောက်ပြီး ရာဇဝတ်မှုများနှိမ်နင်းကြောင်း ပြောကြားခဲ့ပြီးနောက် ဆားဘီးယားက တပ်ဖွဲ့ဝင်များကို အသင့်အနေအထားပြင်ဆင်ထားရန် တပ်လှန့်
မေ ၂၈ ရက် အစောပိုင်းက ယခင်ဆားဘီးယားပြည်နယ်တစ်ခုဖြစ်သော ကိုဆိုဗိုက ဆာ့ဘ်တို့အများစုနေထိုင်သော မြောက်ပိုင်းဒေသတွင် ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် ကိုဆိုဗိုရဲများက စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ကိုဆိုဗိုနှင့် ဆားဘီးယားတင်းမာမှု မြင့်တက်နေခဲ့သည်။
ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့မည်ဟု မလေးရှားထုတ်ပြန်

ဂျပန်ဧကရာဇ်နှင့် တွေ့ဆုံခဲ့အပြီး ထရန့်က ပစိဖိတ်မှ အမေရိကန်စစ်အင်အားကို အမွှမ်းတင်
ပြီးခဲ့သော သီတင်းပတ်သုံးပတ်ခန့်က ဖခင်ဖြစ်သူထံမှ ထီးနန်းဆက်ခံခဲ့သည့် ဂျပန် ဧကရာဇ်နာရူဟီတိုနှင့် ပထမဆုံးတွေ့ဆုံခဲ့သော နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပစိဖိတ်ဒေသတွင် အမေရိကန်၏ ကြောက်လန့်စရာကောင်းသော စစ်အင်အားကို ဂျပန်ရှိ အမေရိကန် ရေတပ်သင်္ဘောတစ်စင်းပေါ်မှနေ၍ မေ ၂၈ ရက်တွင် အမွှမ်းတင်ခဲ့သည်။ ဂျပန်နိုင်ငံ ယိုကိုဆူကာ အမေရိကန်ရေတပ်စခန်းမှ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောဖြစ်သည့် USS Wasp တွင် ထရန့်က အမေရိကန် တပ်ဖွဲ့ဝင် ၈၀ဝ ကျော်အား မိန့်ခွန်းပြောကြားခဲ့ပြီး ထိုတပ်ဖွဲ့ဝင်များသည် ပစိဖိတ်ဒေသတွင် ကြောက်လန့်စရာအကောင်းဆုံး အမေရိကန်စစ်သည်အင်အားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လင်းယုန်စီမံချက် ကာလအတွင်း မွန်ပြည်နယ်၌ ယာဉ်စီးရေ သုံးသောင်းနီးပါး အရေးယူခဲ့ပြီး နိုင်ငံတော် ဘဏ္ဍဍာငွေကျပ် ၈၉၇၃ သိန်း ခန့်ရရှိ
ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လင်းယုန်စီမံချက်ကာလ ရက် ၁၀ဝ အတွင်း မွန်ပြည်နယ် မြို့နယ်များမှ စည်းကမ်းပျက် ယာဉ်စီးရေ သုံးသောင်းနီးပါးကိုဥပဒေအရ အရေးယူခဲ့ရာ နိုင်ငံတော် ဘဏ္ဍဍာငွေကျပ် ၈၉၇၃ သိန်းခန့် ရရှိခဲ့ကြောင်း၊ ဝန်ကြီးဗိုလ်မှူးကြီး နေထွဋ်ဦး (ဒုဥက္ကဋ္ဌဌ မွန်ပြည်နယ် ယာဉ်/ လမ်း အန္တရာယ် ကင်းရှင်းရေးကောင်စီ၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) က ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော ဧရာဝတီမြစ်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ ရာခိုင်နှုန်း ၆၀ ကျော်ပြီးစီး

Subscribe to:
Posts (Atom)