Pages
Tuesday, July 2, 2019
သီရိလင်္ကာ ဗုံးခွဲမှု အရာရှိနှစ်ဦးကို ပေါ့လျော့မှုနဲ့ တရားစွဲ
သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲတော်ရက်အတွင်း လူ ၂၅၈ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်ဗုံးခွဲမှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ ရဲအရာရှိတစ်ဦးနဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးကို လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒေသတွင်း ဂျီဟတ်အဖွဲ့တစ်ဖွဲ့ရဲ့ ဧပြီလ ၂၁ ရက်နေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ ကြိုတင် သတိပေးတာတွေ ပေါ်ပေါက်ခဲ့ပေမယ့် အရေးမထား လစ်လျူရှုခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး တို့ကို အရေးယူခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေရှိနေကြောင်း အိန္ဒိယဘက်က သတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ခရစ်ယာန်ဘုရားကျောင်း သုံးကျောင်းနဲ့ ဟိုတယ် သုံးခု ဗုံးခွဲခံခဲ့ရတာပါ။
အောင်လံပြည်သူ့ဆေးရုံကြီးတွင် လူနာတစ်ဦး၌ H1 N1 ရောဂါပိုးတွေ့၍ ရန်ကုန်သို့ သွားရောက်ကုသ
မကွေးတိုင်းဒေသကြီး အောင်လံပြည်သူ့ဆေးရုံကြီးတွင် လူနာတစ်ဦး၌ H1 N1 ရောဂါတွေ့ရှိခဲ့၍ ရန်ကုန်သို့ သွားရောက်ဆေးကုသနေပြီး H1 N1 ရောဂါသံသယရှိသူ ခြောက်ဦးအထိ ကျန်ရှိနေကာ သီးခြားခွဲ၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ H1 N1 ရောဂါပိုး တွေ့ရှိခဲ့ကာ ရန်ကုန်သို့ သွားရောက်ဆေးကု သနေရပြီးလက်ရှိတွင် ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးနှင့် ငါးနှစ်အရွယ်ကလေးနှစ်ဦး ခြောက်နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် H1 N1 သံသယရှိသူ၆ဦးအထိရှိနေ၍ ၎င်းလူနာများအား သီးခြားခွဲ၍ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာစက်မှုဇုန်ရှိ OK ကြာဆံစက်ရုံမှ ကလေးလုပ်သား ခြောက်ဦး အပါအဝင် အလုပ်သမားများ တစ်နေ့လုပ်ခ ကျပ် ၄၈၀၀ မရရှိသည့်အတွက် စုပေါင်း တောင်းဆို

တိုက်စစ်မှူး ဆာလက်ကြောင့် အီဂျစ်သို့ လာရမည်ကို ကြောက်ရွံ့နေရကြောင်း မော်ဒယ် မာကန်ကီလာ ဖွင့်ဟ

လေယာဉ်ခိုးစီးသည့် အမျိုးသားတစ်ဦး လန်ဒန်တောင်ပိုင်း ပန်းခြံအတွင်း ပြုတ်ကျသေဆုံး
ကင်ညာလေကြောင်းလိုင်း လေယာဉ်တွင် ခိုးစီးလာသည်ဟု ယုံကြည်ရသည့် အမျိုးသားတစ်ဦး ဟိသ်သရိုးလေဆိပ်အနီး လန်ဒန်တောင်ပိုင်း ပန်းခြံတစ်ခုအတွင်း ပြုတ်ကျသေဆုံးနေသည်ကိုတွေ့ရကြောင်း သိရသည်။ အဆိုပါ အမျိုးသားမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က ဟိသ်ရိုးလေဆိပ်သို့ဆင်းသက်သည့် ကင်ညာလေကြောင်းလိုင်းတွင် ခိုးစီးလာသူတစ်ဦးဖြစ်ပြီး လေယာဉ်ဆင်းခါနီး ဘီးချစဉ်ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ ခန့်မှန်းထားသည်။
ဘီယာသောက်ပြိုင်ပွဲဝင်ခဲ့သူ သေဆုံး
ဇွန်လ ၂၉ ရက် စနေနေ့ က ထိုင်းနိုင်ငံ အရှေ့ပိုင်း အိစံ ဒေသ ဘီယာသောက်ပြိုင်ပွဲမှာ ပါဝင်ပြိုင်ခဲ့တဲ့ ထိုင်းလူငယ် အသက်၂၈ နှစ်ဟာ သတ်မှတ်ထားတဲ့အတိုင်းဘီယာ မိုက်ခွက် အကုန်သောက်နိုင်ခဲ့ပြီးတဲ့နောက် လဲကျသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ထိုင်းလူငယ်တွေအကြားမှာ ခုလို ဘီယာပြိုင်သောက်တဲ့ ဓလေ့ဟာ ပါတီတွေ -နိုက်ကလ ပ်မှာ ၀ိုင်းဖွဲ့  သောက်တဲ့သူတွေ အပျော် လုပ်လေ့ရှိ ပါတယ်။
အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် အုပ်စုပွဲစဉ်အဖွင့်ပွဲ၌ လက်ဘနွန်ကလပ်ဘီရွတ်နှင့် VUCအသင်း တွေ့ဆုံ
ထိုင်းနိုင်ငံက ဗန်ကောက်မြို့တွင်ကျင်းပမည့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ် ဇယားများ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြုကလပ် VUC အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၈ရက် ဒေသစံတော်ချိန် ညနေ ၅နာရီတွင် ဘက်ဘနွန်ကလပ် ဘီရွတ်နှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
တရုတ်နိုင်ငံသား ၃ ဦးအား ငါးမန်းဂိမ်းလောင်းကစားစက်များနှင့်အတူ နေပြည်တော်တွင် ဖမ်းဆီးရမိ

နျူကလီးယားစဘောတူစာချုပ်အရ ကန့်သတ်ထားတဲ့ပမာဏထက် အီရန်မှာ ယူရေနီယမ်ပိုများနေတယ်လို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအတည်ပြု
၂၀၁၅ ခုနှစ်က အီရန်နဲ့အမေရိကန်အပါအဝင်ကမ္ဘာ့အင်အားကြီးနိုင်ငံနဲ့အဖွဲ့အစည်းတွေကြားချုပ်ဆိုထားတဲ့ နျူကလီးယားသဘောတူစာချုပ် JCPOAကကန့်သတ်ထားတဲ့ပမာဏထက် အီရန်နိုင်ငံမှာ ယူရေနီယမ်ပမာဏပိုများနေတယ်လို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEAကအတည်ပြုပါတယ်။ ကန့်သတ်ချက်ထားတဲ့ယူရေနီယမ်အလေးချိန်ပေါင် ၆၆၀ ထက် အီရန်မှာပိုများနေတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေကတွေ့ခဲ့ရတယ်ဆိုပြီး IAEAက ထုတ်ပြောတာပါ။ ယူရေနီယမ်ဟာ နျူကလီးယာဓာတ်ပေါင်းဖိုအတွက် စွမ်းအင်ပေးနိုင်ရုံသာမက နျူကလီးယားဗုံးလုပ်ရာမှာပါသုံးနိုင်ပါတယ်။ အီရန်က ယူရေနီယမ်ထုတ်လုပ်မှုကို မေလကစပြီးပြန်မြှင့်တင်ခဲ့တာပါ။
နိမ့်ပါးနေသည့် မန်ယူအသင်း လက်ရှိအခြေအနေအပေါ် ထိခိုက်ခံစားရဟု ရက်ရှ်ဖို့ဒ်ပြော
မန်ယူနိုက်တက်အသင်းရဲ့ နိမ့်ပါးနေတဲ့ လက်ရှိအခြေအနေအပေါ်မှာ ထိခိုက်ခံစားနေရတယ်လို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တပတ် ပေါင် ၂ သိန်းတိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး ဆုဖလားလက်မဲ့ ဖြစ်ခဲ့တဲ့အပေါ်မှာ နေ့စဉ်ထိခိုက်ခံစားနေရတယ်လို့ ၀န်ခံ ပြောကြားခဲ့တာပါ။
လေစိမ်းတွေ
ပြီးခဲ့သည့်အပတ်က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို နေပြည်တော်မှာ ကျင်းပကြသည်။ ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတွေတက်လာသည့်အထဲမှ ဓာတ်ပုံတပုံတွင် ဒေါ်အောင်ဆန်းစုကြည်လက်ထဲ စာအုပ်တအုပ်ကိုင်ထားတာကို တွေ့ရသည်။ သိပ်မသဲကွဲလှ။ ပုံကိုချဲ့ကြည့်လိုက်တော့ လာရီဒိုင်းမင်း (Larry Diamond) ရေးသည့် ill Winds (လေစိမ်းတွေ) ဆိုသည့်စာအုပ်ဖြစ်သည်။
YouTube မှာ ill Winds လို့ရိုက်ရှာတော့ လာရီဒိုင်းမင်းကို တက္ကသိုလ်တခုက ပင့်ဖိတ်သည့် စာအုပ်မိတ်ဆက်ပွဲတခုကိုတွေ့သည်။ တနာရီနဲ့မိနစ် အနည်းငယ်ကြာသည့် အဲဒီပွဲကောက်နုတ်ချက်တချို့ကို ဒီတပတ်ပြောဖို့စိတ်ကူးမိသည်။
လာရီဒိုင်းမင်း မြန်မာပြည်လာဖူးသည်။ အမေရိကန်စင်တာမှာ ပွဲလုပ်သည်။ ၃လ တကြိမ်ထုတ်ထင်ရှားသည့် ဒီမိုကရေစီဂျာနယ်၏ အယ်ဒီတာတဦးဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို လေ့လာနေသည့် နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံကိုလာသွားတယ်ဆိုတာက အဆန်းတော့မဟုတ်။
အမေရိကန်စင်တာက ကမ္ဘာကျော် ဖရန်စစ်ဖူကူယားမားကိုလည်း ဖိတ်ခဲ့ဖူးသည်။ သို့သော် ကျနော်ကတော့ ဒိုင်းမင်းက လက်ရှိမြန်မာနိုင်ငံအနေအထားတွေနဲ့ ပိုပြီးလိုက်လျောညီထွေဖြစ်မည့် ပညာရှင်ဟု သဘောပေါက်ထားသည်။ ဖူကူးယားမား ပိုဆရာကျသည့်နေရာတွေ များစွာရှိပါသည်။ သို့သော် မြန်မာနိုင်ငံရေးနောက်ခံကနေကြည့်လျှင် လာရီဒိုင်းမင်းက ပိုအဆင်ပြေနိုင်သည့် သဘောကို ဆိုလိုသည်။
စာအုပ်နာမည် အတိအကျပြောပါဆိုလျှင်တော့ လေစိမ်းတွေ (ရုရှားဒေါသမီး၊ တရုတ်အကြံကြီးမှုနှင့် အမေရိကန်နတ်ပြည်လေတိုက်နေခြင်းမှ ဒီမိုကရေစီကိုကယ်တင်ခြင်း – Ill Winds: Saving democracy from Russian rage, Chinese ambition and American complacency)လို့ပြောရမည်ထင်သည်။
ဒိုင်းမင်းက ဒီမိုကရေစီရေးနှင့် ပတ်သက်လျှင်အတော်နာမည်ရပြီး လူတွေလေးစားရသည့် စတင်းဖို့ဒ်တက္ကသိုလ်၊ ဟောဗားအင်စတီကျူးရှင်းမှာ အကြီးတန်းသုတေသနပညာရှင်ဖြစ်သည်။ မြန်မာလိုလွယ်လွယ်ပြောလျှင် အချဉ်မဟုတ်၊ ခေသူမဟုတ်ပါ။
ကမ္ဘာကြီးမှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်နောက် နှစ် ၃၀ နီးပါးတောက်လျောက် အနောက်ကမ္ဘာမှာ စီးပွားတက်သည်။ ကျနော်ရေးခဲ့ဖူးပါသည်။ အနောက်ကမ္ဘာကို ဒီနေရာမှာ အမေရိကန်၊ ကနေဒါ စသည့်မြောက်အမေရိက၊ ဂျပန်နှင့် အနောက်ဥရောပကိုယူသည်။ ဒီတော့ ၁၉၇၀ ပြည့်နှစ်တွေမှာ အနောက်မှာ ဒီမိုကရေစီခေတ်စားတာမဆန်း။ တိတိကျကျပြောလျှင် လစ်ဘရယ်ဒီမိုကရေစီ။ ဖူကူယားမားပြောသည့် သမိုင်းနိဂုံးချုပ်သည်ဆိုသည့် ဒီမိုကရေစီမှာ လစ်ဘရယ်ဒီမိုကရေစီကိုဆိုလိုသည်။
အထက်မှာပြောခဲ့သည့် နိုင်ငံများတွင်အဓိကအလုပ်ဖြစ်ခဲ့၊ ကြွယ်ဝခဲ့သည်။ ဒီအရှိန်က ဘယ်လောက်ပြင်းသလဲဆို ကမ္ဘာကြီးတခုလုံး ဒီမိုကရေစီဖြစ်ရင်ပွဲပြီးပြီလို့ သတ်မှတ်သည့်အထိ ဖြစ်သည်။ ၁၉၈၉ ဘာလင်တံတိုင်းပြိုအပြီး ဆိုဗီယက်ကွဲထွက်နိုင်ငံတွေက ၁၉၉၀ပြည့်တွေမှာ ဥရောပသမဂ္ဂထဲ ၀င်လိုသည်။ တနည်းပြောရလျှင် ဒီမိုကရေစီကလပ်ထဲ ၀င်ချင်သည်။ အနောက်ကမ္ဘာလို ချမ်းသာချင်တာကိုး။ မဆန်း။
၁၉၇၀ တွေမှာတက်လာပြီး ဘာလင်တံတိုင်းပြိုပြီး ၁၉၉၁ မှာ ဟန်တင်တန်က တတိယလှိုင်းလို့ အမည်ပေးရလောက်အောင် အားကောင်းလာသည်။ နီးစပ်သည့် အာရှနိုင်ငံတွေ ကို ဒိုင်းမင်းဆွေးနွေးပွဲက ထုတ်ပြရလျှင် ၁၉၈၆ ဖိလစ်ပိုင်၊ ၁၉၈၇ တောင်ကိုရီးယား၊ နှင့် ၁၉၈၈ မြန်မာအပါအ၀င် ကမ္ဘာနဲ့တ၀န်း ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲတွေ။ ၁၉၈၉ ထိုင်ဝမ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ များလာသည်။
၁၉၉၀ပြည့်နှစ်ဝက်မှာ ၂၀၀၀ပြည့်နှစ်ဝက်တွေထိ (တနည်း ၁၉၉၅ လောက်ကနေ ၂၀၀၅အထိ) ဒီမိုကရေစီ ကောင်းစွာအသာရဆဲဖြစ်သည်။ ဒီမိုကရေစီအောင်မြင်သည်။ ကမ္ဘာမှာ အဲသည်အချိန်တွေကို အမေရိကန်တဦးတည်းဦးဆောင်မှုယူသည့် ယူနီပိုလာ (Unipolar) လို့ သတ်မှတ်ထားသည်။
အမေရိကန်သည် အထီးတည်းအရာရာမှာ ဆရာကြီးဖြစ်နေသည့် အချိန်ဖြစ်သည်။ ဒီအနေအထားက၂၀၀၆ မှာစပျက်သည်။ အီရတ်စစ်ဝင်လာလို့ ဖြစ်ရတာလို့ ဒိုင်းမင်းက သုံးသပ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ရတယ်ဆိုတဲ့ လက်နက်တွေ အီရတ်မှာမတွေ့။ အစဉ်အလာမဟာမိတ်ဥရောပက အီရတ်စစ်မှာ လက်ရှောင်။ ဟူစတန်မှာ ရေနံကုမ္ပဏီတခုရဲ့ စီအီးအိုလုပ်ခဲ့ဖူးတယ်ဆိုတဲ့ ဂျော့ခ်ျဒဗလျူဘွတ်ရှ် အရှေ့အလယ်ပိုင်း နိုင်ငံရေးကို ရေနံတခုထဲအပေါ်မှာပဲ မှားမြင်ပုံရသည်။ အခြေအနေမလှဘဲ သက်တမ်း၂ခု ကုန်သွားသည်။ ၂၀၀၆ ကနေ ၂၀၀၈ ဟာ ဒီမိုကရေစီကို စီးပွားရေးလိုပြောပါဆို ရီဆက်ရှင်းဝင်တာလို့ ဒိုင်းမင်းကဆိုသည်။
နောက်တော့ နည်းပညာအခန်းကဏ္ဍက မြင့်မားလာသည်။ တောကလူတွေမြို့ကို အစုလိုက်အပြုံလိုက် ပြောင်းလာကြသည်။ ၂၀၁၀ ပတ်ဝန်းကျင်လောက်မှာ အမေရိကန်မှာ အသက် ၂၅ ကနေ ၃၀လောက်ရှိတဲ့လူငယ်တွေကို သူတို့မိဘတွေလို အဆင်ပြေရဲ့လား ဆိုတဲ့မေးခွန်းကို မေးပြီးစစ်တမ်းကောက်တော့ မိဘတွေခေတ်ကရသည့် ၇၀% ကနေ ၅၀% ထိလျောကျသွားသည်လို့ ဒိုင်းမင်းကဆိုသည်။
၂၁ ရာစုပထမ ၁၀နှစ်သည် ဒီမိုကရေစီကို အလှည့်အပြောင်းဖြစ်လာစေသည်။ နေတိုးထဲဝင်လာသည့် အရှေ့ဥရောပမှာ အခြေအနေမကောင်း။ အထူးသဖြင့် ပိုလန်၊ ဟန်ဂေရီနဲ့ ချက်သမ္မတနိုင်ငံတွေမှာဖြစ်သည်။
အဲသည်ကနေဒီနေ့ခတ်ကမ္ဘာကိုကြည့်တော့ အမေရိကန်တကိုယ်တော် လူစွာလုပ်နိုင်သည့် ခေတ်မဟုတ်တော့။ ဒိုင်းမင်းစကားငှားပြောရလျှင် ကနေ့က 2 ½ စူပါပါဝါခေတ်ဖြစ်သည်။ စူပါပါဝါအပြည့်က အမေရိကန်နဲ့ တရုတ်၊ တ၀က်က ရုရှား။ ခု ကုန်သွယ်စစ်မဖြစ်ခင်က တရုတ်က အမေရိကန်ကို ပစ္စဖိတ်ဒေသကနေ မောင်းထုတ်ဖို့ ကြိုးစားနေတာဖြစ်သည်။ ဒါပေမယ့် တချိန်တည်းမှာ ထိုင်ဝမ်နဲ့ ဟောင်ကောင်ကို ပြည်မကြီးအုပ်ချုပ်မှု အောက်ကို ဘယ်လိုမှ သွတ်သွင်းလို့ မရနိုင်ဖြစ်နေသည်။
ခုရက်ပိုင်းအတွင်း အမျိုးသားရေးဝါဒတွေခေါင်းထောင်လာပြီ။ လစ်ဘရယ်ခေတ် မရှိတော့လို့ဆိုသည့် အသံသွင်းပို့စ်တခုတက်လာသည်။ ကျပ်တည်းနေသည့် ဒီမိုကရေစီလမ်းကြောင်းမှာ အဆင်းကိုဘီးတပ်ဖို့ ကြံတာပဲဖြစ်သည်။ တဘက်ကကြည့်လျှင် လစ်ဘရယ်ဒီမိုကရေစီ ဘက်မကပ်နိုင်လို့ နေရှင်နယ်လစ် နာမည်ကြော်ငြာပေးပြီး မြန်မာလူထုကို ဘာသာရေးနဲ့ ၀င်မှိုင်းတိုက်တဲ့သဘောပဲဖြစ်သည်။ နာမည်ကိုက ဘာသာတရားဖြစ်သည်။ တရားကို မထိန်းသိမ်းမစောင့်ရှောက်နိုင်သည့် ဘယ်ဘာသာမှ လောကကို မစောင့်ရှောက်နိုင်ပါ။ ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံရေးကို ကိုယ်ထင်ရာမြင်ရာ ကောက်ချက်ချခြင်းက ဟုတ်သလိုလို ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။ သို့သော် လူထုကိုလှည့်စားမယ်ဆို ခဏပဲရပါမည်။ ခုခေတ်က ခဏတောင်ရဖို့သိပ်မသေချာ။
နိဂုံးမချုပ်ခင် ခုကျနော့်အယူအဆကိုပြောပါမည်။ ကမ္ဘာ့နိုင်ငံရေးစီးပွားရေးဖြစ်ထွန်းမှုကို လေ့လာသည့်အခါ ထင်ရှားလာသည့်အချက်က ဒီမိုကရေစီဆိုတာက အရင်းစနစ်အဆင့်တခုအထိ အောင်မြင်ထားဖို့လိုသည်။
ဒီမိုကရေစီနောက်ပြန်လှည့်နေသလိုဖြစ်ကြရသည်မှာ ဒီမိုကရေစီ၏ တန်ဖိုးကျဆင်းသွားလို့ မဟုတ်။ ချမ်းသာသည့်နိုင်ငံတွေမှာဖြစ်သည့်ပြဿနာက နိုင်ငံရေးကပြောင်းလဲသွားသည့် အရင်းစနစ်ကို ဇက်မသတ်နိုင်သည့်အတွက် ဖြစ်သည်။ (နိုင်ငံရေးကိုစီးပွားရေးက ကျော်သွားတာ)။
ဆင်းရဲသည့်နိုင်ငံတွေမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေက ပြောင်းနေသည့်ဈေးကွက်ကို ရှိသည့် အရင်းနှင့် မကပ်နိုင်တာဖြစ်သည် (စီးပွားရေးနောက်ကို နိုင်ငံရေးက မလိုက်နိုင်တာ)။
နှစ်ခုစလုံးတွင် တူညီသည်မှာ လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးအပြန်အလှန် လိုက်လျောညီထွေ သွားနိုင်သည့် အနေအထားကို မရောက်ရှိနိုင်သေးသည့်အတွက် ဖြစ်သည်။ ဒီတော့ နောက်ပြန် လှည့်ကြရမည်လား။ မဟုတ်ပါ။ အခြေအနေပေးထားသော ဒီမိုကရက်တစ်နိုင်ငံရေးစနစ်ကို ဆက်သွားနေရင်း စီးပွားရေးကို အတိုင်းအတာတခုအထိ ခိုင်မာအောင်လုပ်နိုင်ဖို့က လိုအပ်ချက်ဖြစ်သည်။
အပြောင်းအလဲသည် ဖြစ်စဉ်အတွင်းမှာပဲရှိသည်။ အတွင်းထဲဝင်ပြီးမှပဲ ပြောင်းနိုင်မည်။ သို့သော်ပိတ်ထားလို့တော့မရ။ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တိုင်းမှာ ပြင်ပက၀င်လာတဲ့ အင်အားတခုလည်း လိုအပ်မည်။ ပိတ်ထားပြီး အမျိုးသားရေး အော်နေရုံနဲ့တော့ တိုင်းပြည်က ဆင်းရဲတွင်းထဲ ပြန်လည်သက်ဆင်းသွားမည်သာ ဖြစ်သည်။ တမြေ့မြေ့နိမ့်ပါး ပျောက်ကွယ်သွားမည်သာဖြစ်သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဆိုသည့် တရုတ်ကိုကြည့်ပါ။ တိုင်းပြည်ကို အာဏာရ ကွန်မြူနစ်ပါတီက စီးပွားရေးတိုးတက်မှုဖြင့်ဖိပြီး အုပ်ချုပ်ထားခြင်းဖြစ်သည်။ တရုတ်ပြဿနာက နိုင်ငံရေးနဲ့စီးပွားရေးကို အာဏာဖြင့်ဖိပြီး ညှိထားထိန်းထားတာဖြစ်သည်။ ကုန်သွယ်စစ်က စီးပွားရေးကိုလှန်ချလိုက်လျှင် ခြစားနေသည့်နိုင်ငံရေးစနစ်တခုကို လူထုကသေချာပေါက် တုံ့ပြန်မည် ဖြစ်သည်။ ဒါကတရုတ်အစိုးရ၏ စိုးရိမ်မှုဖြစ်သည်။ ၁၉၈၉ ဇွန်လ၏ တိန့်ရင်မင်တစ္ဆေက နှစ်ပေါင်း၃၀ကြာသည့်တိုင်အောင် တရုတ်အစိုးရကိုကိုယ်ထင်ပြနေဆဲဖြစ်သည်။
ဒီမိုကရေစီကို ငါ့ကိုယ်ကျိုးအတွက်ပဲ ကြည့်မယ်ဆိုသည့် အယောင်ဆောင် အမျိုးသား နိုင်ငံရေးက၀င်ရောက် အနိုင်ယူနိုင်ဖို့မရှိပါ။ တိုင်းပြည်ကို လောကပါလတရားတွေနဲ့ ပြန်လည် အောင်မြင်အောင် တည်ဆောက်ခြင်းသည်သာ အမှန်ကန်ဆုံးနှင့် အလိုအပ်ဆုံး အမျိုးသားရေး စိတ်ဓာတ်နှင့် အသိအမြင်ဖြစ်သည်။
အမျိုးသားနိုင်ငံရေးဆိုတာက စင်ပေါ်တက် ဒေါင်ဒေါင်မြည် တရားတွေ ဟောနေတာမျိုးကို မဆိုလိုပါ။ နိုင်ငံသားတိုင်းက မှန်ကန်သော နိုင်ငံချစ်စိတ်ဖြင့် လွတ်လပ်မျှတစွာ ၀င်ရောက်ရုန်းကန်ရတာမျိုးကိုဆိုလိုသည်။ ဒီမိုကရေစီရပြီးသား ဘယ်နိုင်ငံကမှ အာဏာရှင်လက်အောက် ပြန်မသွားလိုကြတော့ပါ။ ပြန်သွားရိုးထုံးစံလည်း မရှိပါ။ ဟောင်ကောင် လမ်းမတွေပေါ်က လူ ၂သန်းကျော်က သက်သေပဲဖြစ်သည်။
YouTube မှာ ill Winds လို့ရိုက်ရှာတော့ လာရီဒိုင်းမင်းကို တက္ကသိုလ်တခုက ပင့်ဖိတ်သည့် စာအုပ်မိတ်ဆက်ပွဲတခုကိုတွေ့သည်။ တနာရီနဲ့မိနစ် အနည်းငယ်ကြာသည့် အဲဒီပွဲကောက်နုတ်ချက်တချို့ကို ဒီတပတ်ပြောဖို့စိတ်ကူးမိသည်။
လာရီဒိုင်းမင်း မြန်မာပြည်လာဖူးသည်။ အမေရိကန်စင်တာမှာ ပွဲလုပ်သည်။ ၃လ တကြိမ်ထုတ်ထင်ရှားသည့် ဒီမိုကရေစီဂျာနယ်၏ အယ်ဒီတာတဦးဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို လေ့လာနေသည့် နိုင်ငံရေးသိပ္ပံပညာရှင်တဦးလည်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံကိုလာသွားတယ်ဆိုတာက အဆန်းတော့မဟုတ်။
အမေရိကန်စင်တာက ကမ္ဘာကျော် ဖရန်စစ်ဖူကူယားမားကိုလည်း ဖိတ်ခဲ့ဖူးသည်။ သို့သော် ကျနော်ကတော့ ဒိုင်းမင်းက လက်ရှိမြန်မာနိုင်ငံအနေအထားတွေနဲ့ ပိုပြီးလိုက်လျောညီထွေဖြစ်မည့် ပညာရှင်ဟု သဘောပေါက်ထားသည်။ ဖူကူးယားမား ပိုဆရာကျသည့်နေရာတွေ များစွာရှိပါသည်။ သို့သော် မြန်မာနိုင်ငံရေးနောက်ခံကနေကြည့်လျှင် လာရီဒိုင်းမင်းက ပိုအဆင်ပြေနိုင်သည့် သဘောကို ဆိုလိုသည်။
စာအုပ်နာမည် အတိအကျပြောပါဆိုလျှင်တော့ လေစိမ်းတွေ (ရုရှားဒေါသမီး၊ တရုတ်အကြံကြီးမှုနှင့် အမေရိကန်နတ်ပြည်လေတိုက်နေခြင်းမှ ဒီမိုကရေစီကိုကယ်တင်ခြင်း – Ill Winds: Saving democracy from Russian rage, Chinese ambition and American complacency)လို့ပြောရမည်ထင်သည်။
ဒိုင်းမင်းက ဒီမိုကရေစီရေးနှင့် ပတ်သက်လျှင်အတော်နာမည်ရပြီး လူတွေလေးစားရသည့် စတင်းဖို့ဒ်တက္ကသိုလ်၊ ဟောဗားအင်စတီကျူးရှင်းမှာ အကြီးတန်းသုတေသနပညာရှင်ဖြစ်သည်။ မြန်မာလိုလွယ်လွယ်ပြောလျှင် အချဉ်မဟုတ်၊ ခေသူမဟုတ်ပါ။
ကမ္ဘာကြီးမှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်နောက် နှစ် ၃၀ နီးပါးတောက်လျောက် အနောက်ကမ္ဘာမှာ စီးပွားတက်သည်။ ကျနော်ရေးခဲ့ဖူးပါသည်။ အနောက်ကမ္ဘာကို ဒီနေရာမှာ အမေရိကန်၊ ကနေဒါ စသည့်မြောက်အမေရိက၊ ဂျပန်နှင့် အနောက်ဥရောပကိုယူသည်။ ဒီတော့ ၁၉၇၀ ပြည့်နှစ်တွေမှာ အနောက်မှာ ဒီမိုကရေစီခေတ်စားတာမဆန်း။ တိတိကျကျပြောလျှင် လစ်ဘရယ်ဒီမိုကရေစီ။ ဖူကူယားမားပြောသည့် သမိုင်းနိဂုံးချုပ်သည်ဆိုသည့် ဒီမိုကရေစီမှာ လစ်ဘရယ်ဒီမိုကရေစီကိုဆိုလိုသည်။
အထက်မှာပြောခဲ့သည့် နိုင်ငံများတွင်အဓိကအလုပ်ဖြစ်ခဲ့၊ ကြွယ်ဝခဲ့သည်။ ဒီအရှိန်က ဘယ်လောက်ပြင်းသလဲဆို ကမ္ဘာကြီးတခုလုံး ဒီမိုကရေစီဖြစ်ရင်ပွဲပြီးပြီလို့ သတ်မှတ်သည့်အထိ ဖြစ်သည်။ ၁၉၈၉ ဘာလင်တံတိုင်းပြိုအပြီး ဆိုဗီယက်ကွဲထွက်နိုင်ငံတွေက ၁၉၉၀ပြည့်တွေမှာ ဥရောပသမဂ္ဂထဲ ၀င်လိုသည်။ တနည်းပြောရလျှင် ဒီမိုကရေစီကလပ်ထဲ ၀င်ချင်သည်။ အနောက်ကမ္ဘာလို ချမ်းသာချင်တာကိုး။ မဆန်း။
၁၉၇၀ တွေမှာတက်လာပြီး ဘာလင်တံတိုင်းပြိုပြီး ၁၉၉၁ မှာ ဟန်တင်တန်က တတိယလှိုင်းလို့ အမည်ပေးရလောက်အောင် အားကောင်းလာသည်။ နီးစပ်သည့် အာရှနိုင်ငံတွေ ကို ဒိုင်းမင်းဆွေးနွေးပွဲက ထုတ်ပြရလျှင် ၁၉၈၆ ဖိလစ်ပိုင်၊ ၁၉၈၇ တောင်ကိုရီးယား၊ နှင့် ၁၉၈၈ မြန်မာအပါအ၀င် ကမ္ဘာနဲ့တ၀န်း ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲတွေ။ ၁၉၈၉ ထိုင်ဝမ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ များလာသည်။
၁၉၉၀ပြည့်နှစ်ဝက်မှာ ၂၀၀၀ပြည့်နှစ်ဝက်တွေထိ (တနည်း ၁၉၉၅ လောက်ကနေ ၂၀၀၅အထိ) ဒီမိုကရေစီ ကောင်းစွာအသာရဆဲဖြစ်သည်။ ဒီမိုကရေစီအောင်မြင်သည်။ ကမ္ဘာမှာ အဲသည်အချိန်တွေကို အမေရိကန်တဦးတည်းဦးဆောင်မှုယူသည့် ယူနီပိုလာ (Unipolar) လို့ သတ်မှတ်ထားသည်။
အမေရိကန်သည် အထီးတည်းအရာရာမှာ ဆရာကြီးဖြစ်နေသည့် အချိန်ဖြစ်သည်။ ဒီအနေအထားက၂၀၀၆ မှာစပျက်သည်။ အီရတ်စစ်ဝင်လာလို့ ဖြစ်ရတာလို့ ဒိုင်းမင်းက သုံးသပ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ရတယ်ဆိုတဲ့ လက်နက်တွေ အီရတ်မှာမတွေ့။ အစဉ်အလာမဟာမိတ်ဥရောပက အီရတ်စစ်မှာ လက်ရှောင်။ ဟူစတန်မှာ ရေနံကုမ္ပဏီတခုရဲ့ စီအီးအိုလုပ်ခဲ့ဖူးတယ်ဆိုတဲ့ ဂျော့ခ်ျဒဗလျူဘွတ်ရှ် အရှေ့အလယ်ပိုင်း နိုင်ငံရေးကို ရေနံတခုထဲအပေါ်မှာပဲ မှားမြင်ပုံရသည်။ အခြေအနေမလှဘဲ သက်တမ်း၂ခု ကုန်သွားသည်။ ၂၀၀၆ ကနေ ၂၀၀၈ ဟာ ဒီမိုကရေစီကို စီးပွားရေးလိုပြောပါဆို ရီဆက်ရှင်းဝင်တာလို့ ဒိုင်းမင်းကဆိုသည်။
နောက်တော့ နည်းပညာအခန်းကဏ္ဍက မြင့်မားလာသည်။ တောကလူတွေမြို့ကို အစုလိုက်အပြုံလိုက် ပြောင်းလာကြသည်။ ၂၀၁၀ ပတ်ဝန်းကျင်လောက်မှာ အမေရိကန်မှာ အသက် ၂၅ ကနေ ၃၀လောက်ရှိတဲ့လူငယ်တွေကို သူတို့မိဘတွေလို အဆင်ပြေရဲ့လား ဆိုတဲ့မေးခွန်းကို မေးပြီးစစ်တမ်းကောက်တော့ မိဘတွေခေတ်ကရသည့် ၇၀% ကနေ ၅၀% ထိလျောကျသွားသည်လို့ ဒိုင်းမင်းကဆိုသည်။
၂၁ ရာစုပထမ ၁၀နှစ်သည် ဒီမိုကရေစီကို အလှည့်အပြောင်းဖြစ်လာစေသည်။ နေတိုးထဲဝင်လာသည့် အရှေ့ဥရောပမှာ အခြေအနေမကောင်း။ အထူးသဖြင့် ပိုလန်၊ ဟန်ဂေရီနဲ့ ချက်သမ္မတနိုင်ငံတွေမှာဖြစ်သည်။
အဲသည်ကနေဒီနေ့ခတ်ကမ္ဘာကိုကြည့်တော့ အမေရိကန်တကိုယ်တော် လူစွာလုပ်နိုင်သည့် ခေတ်မဟုတ်တော့။ ဒိုင်းမင်းစကားငှားပြောရလျှင် ကနေ့က 2 ½ စူပါပါဝါခေတ်ဖြစ်သည်။ စူပါပါဝါအပြည့်က အမေရိကန်နဲ့ တရုတ်၊ တ၀က်က ရုရှား။ ခု ကုန်သွယ်စစ်မဖြစ်ခင်က တရုတ်က အမေရိကန်ကို ပစ္စဖိတ်ဒေသကနေ မောင်းထုတ်ဖို့ ကြိုးစားနေတာဖြစ်သည်။ ဒါပေမယ့် တချိန်တည်းမှာ ထိုင်ဝမ်နဲ့ ဟောင်ကောင်ကို ပြည်မကြီးအုပ်ချုပ်မှု အောက်ကို ဘယ်လိုမှ သွတ်သွင်းလို့ မရနိုင်ဖြစ်နေသည်။
ခုရက်ပိုင်းအတွင်း အမျိုးသားရေးဝါဒတွေခေါင်းထောင်လာပြီ။ လစ်ဘရယ်ခေတ် မရှိတော့လို့ဆိုသည့် အသံသွင်းပို့စ်တခုတက်လာသည်။ ကျပ်တည်းနေသည့် ဒီမိုကရေစီလမ်းကြောင်းမှာ အဆင်းကိုဘီးတပ်ဖို့ ကြံတာပဲဖြစ်သည်။ တဘက်ကကြည့်လျှင် လစ်ဘရယ်ဒီမိုကရေစီ ဘက်မကပ်နိုင်လို့ နေရှင်နယ်လစ် နာမည်ကြော်ငြာပေးပြီး မြန်မာလူထုကို ဘာသာရေးနဲ့ ၀င်မှိုင်းတိုက်တဲ့သဘောပဲဖြစ်သည်။ နာမည်ကိုက ဘာသာတရားဖြစ်သည်။ တရားကို မထိန်းသိမ်းမစောင့်ရှောက်နိုင်သည့် ဘယ်ဘာသာမှ လောကကို မစောင့်ရှောက်နိုင်ပါ။ ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံရေးကို ကိုယ်ထင်ရာမြင်ရာ ကောက်ချက်ချခြင်းက ဟုတ်သလိုလို ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။ သို့သော် လူထုကိုလှည့်စားမယ်ဆို ခဏပဲရပါမည်။ ခုခေတ်က ခဏတောင်ရဖို့သိပ်မသေချာ။
နိဂုံးမချုပ်ခင် ခုကျနော့်အယူအဆကိုပြောပါမည်။ ကမ္ဘာ့နိုင်ငံရေးစီးပွားရေးဖြစ်ထွန်းမှုကို လေ့လာသည့်အခါ ထင်ရှားလာသည့်အချက်က ဒီမိုကရေစီဆိုတာက အရင်းစနစ်အဆင့်တခုအထိ အောင်မြင်ထားဖို့လိုသည်။
ဒီမိုကရေစီနောက်ပြန်လှည့်နေသလိုဖြစ်ကြရသည်မှာ ဒီမိုကရေစီ၏ တန်ဖိုးကျဆင်းသွားလို့ မဟုတ်။ ချမ်းသာသည့်နိုင်ငံတွေမှာဖြစ်သည့်ပြဿနာက နိုင်ငံရေးကပြောင်းလဲသွားသည့် အရင်းစနစ်ကို ဇက်မသတ်နိုင်သည့်အတွက် ဖြစ်သည်။ (နိုင်ငံရေးကိုစီးပွားရေးက ကျော်သွားတာ)။
ဆင်းရဲသည့်နိုင်ငံတွေမှာ ရင်ဆိုင်ရတဲ့ပြဿနာတွေက ပြောင်းနေသည့်ဈေးကွက်ကို ရှိသည့် အရင်းနှင့် မကပ်နိုင်တာဖြစ်သည် (စီးပွားရေးနောက်ကို နိုင်ငံရေးက မလိုက်နိုင်တာ)။
နှစ်ခုစလုံးတွင် တူညီသည်မှာ လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးအပြန်အလှန် လိုက်လျောညီထွေ သွားနိုင်သည့် အနေအထားကို မရောက်ရှိနိုင်သေးသည့်အတွက် ဖြစ်သည်။ ဒီတော့ နောက်ပြန် လှည့်ကြရမည်လား။ မဟုတ်ပါ။ အခြေအနေပေးထားသော ဒီမိုကရက်တစ်နိုင်ငံရေးစနစ်ကို ဆက်သွားနေရင်း စီးပွားရေးကို အတိုင်းအတာတခုအထိ ခိုင်မာအောင်လုပ်နိုင်ဖို့က လိုအပ်ချက်ဖြစ်သည်။
အပြောင်းအလဲသည် ဖြစ်စဉ်အတွင်းမှာပဲရှိသည်။ အတွင်းထဲဝင်ပြီးမှပဲ ပြောင်းနိုင်မည်။ သို့သော်ပိတ်ထားလို့တော့မရ။ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တိုင်းမှာ ပြင်ပက၀င်လာတဲ့ အင်အားတခုလည်း လိုအပ်မည်။ ပိတ်ထားပြီး အမျိုးသားရေး အော်နေရုံနဲ့တော့ တိုင်းပြည်က ဆင်းရဲတွင်းထဲ ပြန်လည်သက်ဆင်းသွားမည်သာ ဖြစ်သည်။ တမြေ့မြေ့နိမ့်ပါး ပျောက်ကွယ်သွားမည်သာဖြစ်သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဆိုသည့် တရုတ်ကိုကြည့်ပါ။ တိုင်းပြည်ကို အာဏာရ ကွန်မြူနစ်ပါတီက စီးပွားရေးတိုးတက်မှုဖြင့်ဖိပြီး အုပ်ချုပ်ထားခြင်းဖြစ်သည်။ တရုတ်ပြဿနာက နိုင်ငံရေးနဲ့စီးပွားရေးကို အာဏာဖြင့်ဖိပြီး ညှိထားထိန်းထားတာဖြစ်သည်။ ကုန်သွယ်စစ်က စီးပွားရေးကိုလှန်ချလိုက်လျှင် ခြစားနေသည့်နိုင်ငံရေးစနစ်တခုကို လူထုကသေချာပေါက် တုံ့ပြန်မည် ဖြစ်သည်။ ဒါကတရုတ်အစိုးရ၏ စိုးရိမ်မှုဖြစ်သည်။ ၁၉၈၉ ဇွန်လ၏ တိန့်ရင်မင်တစ္ဆေက နှစ်ပေါင်း၃၀ကြာသည့်တိုင်အောင် တရုတ်အစိုးရကိုကိုယ်ထင်ပြနေဆဲဖြစ်သည်။
ဒီမိုကရေစီကို ငါ့ကိုယ်ကျိုးအတွက်ပဲ ကြည့်မယ်ဆိုသည့် အယောင်ဆောင် အမျိုးသား နိုင်ငံရေးက၀င်ရောက် အနိုင်ယူနိုင်ဖို့မရှိပါ။ တိုင်းပြည်ကို လောကပါလတရားတွေနဲ့ ပြန်လည် အောင်မြင်အောင် တည်ဆောက်ခြင်းသည်သာ အမှန်ကန်ဆုံးနှင့် အလိုအပ်ဆုံး အမျိုးသားရေး စိတ်ဓာတ်နှင့် အသိအမြင်ဖြစ်သည်။
အမျိုးသားနိုင်ငံရေးဆိုတာက စင်ပေါ်တက် ဒေါင်ဒေါင်မြည် တရားတွေ ဟောနေတာမျိုးကို မဆိုလိုပါ။ နိုင်ငံသားတိုင်းက မှန်ကန်သော နိုင်ငံချစ်စိတ်ဖြင့် လွတ်လပ်မျှတစွာ ၀င်ရောက်ရုန်းကန်ရတာမျိုးကိုဆိုလိုသည်။ ဒီမိုကရေစီရပြီးသား ဘယ်နိုင်ငံကမှ အာဏာရှင်လက်အောက် ပြန်မသွားလိုကြတော့ပါ။ ပြန်သွားရိုးထုံးစံလည်း မရှိပါ။ ဟောင်ကောင် လမ်းမတွေပေါ်က လူ ၂သန်းကျော်က သက်သေပဲဖြစ်သည်။
တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်၊ သံသုမာလမ်း၊ အိမ်အမှတ် (မ/၉၇၁)ရှိ အစ္စလာမ်ဟူဆွန်နီယာ မိဘမဲ့ဘာသာရေး စာသင်ကျောင်း၌ ယနေ့ နံနက် ၃ နာရီခွဲက မီးလောင်ကြောင်း သတင်းရရှိသဖြင့် တိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်း အဖွဲ့တို့မှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ကွပ်ကဲမှုယာဉ် (၄)စီး၊ အထောက်ကူပြုယာဉ်(၆)စီးတို့ဖြင့် သွားရောက် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားနေစဉ် အဆိုပါကျောင်းတွင် ညစောင့်တာဝန်ခံ ဇေယျာလင်း(၂၇)နှစ် (ဘ)ဦးဟန်မြင့်၊ ထမင်းချက်ဖြစ်သူ မောင်မောင်(၃၈)နှစ် (ဘ)ဦးမြင့်ငြိမ်း နှင့် စာသင်ကျောင်းသား (၇၅)ဦးရှိနေပြီး ဖြစ်စဉ်အတွင်း မီးကို ပေါ့ဆစွာသုံးစွဲခဲ့သူများအား စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးအား နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးက အမှုဖွင့်
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးအား နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးက အမှုဖွင့်ထားကြောင်း ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက The Daily Eleven သတင်းစာကို ဇူလိုင် (၂) ရက်က အတည်ပြု ပြောကြားသည်။
ထိုင်းလူမှုကွန်ယက်မှာ နာမည်ကြီးနေသည့် ဇနီးနဲ့အတူ ကြက်ကြော် ရောင်းနေသူ ဂျာမန်နိုင်ငံသားမှာ အင်တာပိုရဲတပ်ဖွဲ့ က အလိုရှိနေသူ တရားခံပြေးဖြစ်နေ

ကယ်လီဖိုးနီးယား ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရုံးမှ လူ ၂ ဦး အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရဖွယ်ရှိ
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန် ဗယ်လီဒေသက Facebook ကုမ္ပဏီရုံးတခုမှာ လူ ၂ ယောက် ဆာရင်း အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရဖွယ်ရှိတာကြောင့် ရုံးထဲက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ မီးသတ်အရာရှိတဦးက ဇူလိုင် ၁ ရက်နေ့မှာ ပြောပါတယ်။ ဆန်ဖရန်စစ္စကိုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ပြည်ထောင်စု ဗျူရိုအဖွဲ့က အေးဂျင့်တွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်လာခဲ့ကြတယ်လို့ ဗျူရိုအဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။ Facebook ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။ အာရုံကြော စနစ်ကို ပျက်စီးစေတဲ့ ဆာရင်းအဆိပ်ဟာ ဓာတုလက်နက်တွေမှာ သုံးလေ့ရှိတဲ့ အဆိပ်တမျိုးဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီက တီထွင်ခဲ့တာပါ။
လီဗာပူးတိုက်စစ်မှူး ဒယ်နီအင့်စ် ဆောက်သမ်တန်အသင်းကို အပြီးသတ်ပြောင်းရွှေ့
ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ
ရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ပိုးတွေ့ရှိရသူ မြန်မာတနိုင်ငံလုံးမှာ ၉၉ ယောက် တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းမှာ သေဆုံးသူ ၁၈ ဦး၊ စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၂ ဦး၊ ဧရာဝတီတိုင်းမှာ သေဆုံးသူ ၁ ယောက် ရှိခဲ့တယ်လို့ ဗဟိုကူးစက် ရောဂါ နှိမ်နင်းရေးဌာနက သိရပါတယ်။ ရောဂါကြောင့်သေဆုံးသူတွေထဲမှာ အမျိုးသားတွေက အများဆုံးပါဝင်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါနှိမ်နင်းရေးဌာနက ဒုညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ပြောပါတယ်။
ပိုလန်တွင် ငလျင်ကြောင့် ကျောက်မီးသွေးတွင်းလုပ်သား ၃ ဦး သေဆုံး
ပိုလန်နိုင်ငံက ကျောက်မီးသွေးတွင်းတခုမှာ ဇူလိုင် ၁ ရက်နေ့က ငလျင်လှုပ်ပြီးနောက် လုပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ အဲဒီကျောက်မီးသွေးတွင်းပိုင်ရှင် PGG ကုမ္ပဏီကပြောပါတယ်။ ဒါဟာ အခုနှစ်အတွင်း ပိုလန်နိုင်ငံရဲ့ ကျောက်မီးသွေးတွင်း လုပ်ငန်းကဏ္ဍမှာ လူအသေအပျောက်အများဆုံး မတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ခါတိုဝီဆာမြို့က အဲဒီကျောက်မီးသွေးတွင်းမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက မဂ္ဂနီကျုဒ့် ၂ ဒဿမ ၆၆ အင်အားရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည်ကို အတည်ပြု
Facebook ထံပို့လိုက်တဲ့ ပါဆယ်ထုတ်မှာ အဆိပ်ဓာတ်တွေ့လို့ ရွှေ့ပြောင်းမှုတွေလုပ်ခဲ့ရ
ဒေသစံတော်ချိန် တနင်္လာနေ့ (ဇူလိုင် ၁ ရက်) မနက် ၁၁ ဝန်းကျင်မှာ အဆိုပါ ပါဆယ်ထုပ်နဲ့ ထိတွေ့ခဲ့သူတွေမှာတော့ ဆာရင်အဆိပ်သင့် လက္ခဏတစ်စုံတရာ မတွေ့ရဘူးလို့ Facebook အခြေစိုက်ရာ Menlo Park မြို့မှ မီးသတ်ဌာနတာဝန်ရှိသူ Jon Johnston က ပြောခဲ့ပါတယ်။ အဆိပ်ဓာတ်ပါရှိကြောင်း သံသယဖြစ်ဖွယ် ပါဆယ်ထုပ်ကို စစ်ဆေးတွေ့ရှိပြီးနောက် Facebook ရုံးချုပ်ရဲ့ အဆောက်အအုံလေးခုမှာ ရှိနေသူတွေကို ရွှေ့ပြောင်းစေခဲ့ပြီး လူနှစ်ဦးကို အဆိပ်သင့်နိုင်မှုအတွက် စမ်းသပ်စစ်ဆေးနေကြောင်း သိရပါတယ်။
ဂျာမနီနိုင်ငံ စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွား ၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
ဂျာမနီနိုင်ငံ မြောက်ပိုင်း Lower Saxonyပြည်နယ်တွင် ဇူလိုင် ၁ ရက်က စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါရဟတ်ယာဉ်သည် ဇူလိုင် ၁ ရက် နေ့လည်ပိုင်းက Lower Saxony ပြည်နယ် Aerzenေ ဒသ Hannover မြို့ ၏ ၆၀ ကီလိုမီတာအကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဂျာမနီ Bildသတင်းစာက ဆိုသည်။ အချင်းဖြစ်ရပ်တွင် လေယာဉ်မှူးတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သလို အခြားလူ တစ်ဦး ဒဏ်ရာရအပြင်းအထန်ရရှိခဲ့ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို အသေးစိတ် မသိရသေးကြောင်း သိရသည်။
ပင်နယ်တီလွဲခဲ့သည့် ကိုလံဘီယာကစားသမား အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ
ချီလီနဲ့ပွဲမှာ အဆုံးအဖြတ် ပင်နယ်တီလွဲခဲ့တဲ့ ကိုလံဘီယာ ကစားသမားတဦးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။ ကိုလံဘီယာအသင်းဟာ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ပင်နယ်တီအဆုံးအဖြတ်မှာ ကိုလံဘီယာ နောက်ခံလူ ၀ီလီယံတက်စီလို ကန်သွင်းတဲ့ ပင်နယ်တီမ၀င်ခဲ့တာကြောင့် ၅ ဂိုး ၄ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
ချင်းမိုင်တွင် လုပ်အားခမရ၍ မြန်မာအလုပ်သမားက အလုပ်ရှင်ကို ဓားဖြင့်ထိုး
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆာရဖီးမြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးက လုပ်အားခမရလို့ အလုပ်ရှင်ကို ဓားနဲ့ထိုးခဲ့လို့ အလုပ်ရှင် သေဆုံးသွားခဲ့တယ်လို့ ထိုင်း ရတ်သတင်းမှာ ဖော်ပြပါတယ်။ ဇူလိုင် ၁ ရက် ညနေ ၆ နာရီလောက်က ဆာရဖီးမြို့နယ် ချူမ်းဖူးအုပ်စု ရပ်ကွက် ၄ ထဲမှာ လူသေဆုံးတဲ့အထိ ထိုးနှက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားစစ်ဆေးခဲ့ရာမှာ အခင်းဖြစ်တဲ့နေရာမှာ မှောက်ရက်အနေအထားနဲ့ လဲကျသေဆုံး နေတဲ့ နိုင်းဆွန်ထောင်းန်ကို တွေ့ရှိရတယ်လို့ နယ်မြေ ရဲတပ်ဖွဲ့ ဒုရဲအုပ် ဆုကျစ်ခမ်းဆိုင်က ပြောပါတယ်။
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 2 July 2019
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲက အသစ်က တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၇၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲက အသစ်က တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၇၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ကန့်ကွက်မှုများရှိနေသဖြင့် ပဲခူးတိုင်းအစိုးရ ၀န်ကြီးသစ် အမည်စာရင်း မတင်သွင်းနိုင်သေး
ပဲခူးတိုင်းမှာအသစ်တိုးချဲ့ဖွဲ့စည်းမယ့်ဝန်ကြီးဌာနအတွက် ၀န်ကြီးနေရာလျာထားတဲ့သူကို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေတဲ့အတွက် အမည်စာရင်း မတင်သွင်းနိုင်သေးဘဲ ဒီကိစ္စဆွေးနွေးမယ့် ပဲခူးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကိုလည်း ရက်ရွှေ့ဆိုင်းထားရပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတခုကို တိုးချဲ့ဖွဲ့စည်းနိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ပဲခူးတိုင်းလွှတ်တော်မှာ အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) ခရီးသည်တင်အမြန်ရေယာဉ်အား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်
ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) ခရီးသည်တင် အမြန်ရေယာဉ်အား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပွဲအား ဇွန် ၃ဝရက်က ရန်ကုန် မြို့ရှိ Rose Garden ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ေ ရလမ်းခရီးကိုသာ အဓိကအားကိုး အသုံးပြုနေရသည့် ရခိုင်ဒေသရှိ ပြည်သူများ ရေကြောင်းလမ်းခရီးကို ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန် လုံခြုံစိတ်ချခိုင်ခန့်သည့် ခေတ်မီရေယာဉ်များ လိုအပ်နေခြင်းကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အစိုးရတို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ခရီးသည် တင်အမြန်ရေယာဉ်သုံးစင်းအား ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထားဝယ်လေယာဉ်ကွင်းချုံရှင်းခ ဖော်ထုတ်ခဲ့သည့်အမတ်ကို တိုင်းအစိုးရ၀န်ကြီးအဖြစ် တနင်္သာရီလွှတ်တော်အတည်ပြု
စာရင်းစစ်ချုပ်အစီရင်ခံစာပါ ကျပ်သိန်း ၄,၀၀၀ တန် ထားဝယ် လေယာဉ်ကွင်းချုံရှင်းခကိစ္စ တိုင်းလွှတ်တော်၌ ဖော်ထုတ်ဆွေးနွေးခဲ့ သည့် ပုလောအမတ် ဦးကျော်မင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးအဖြစ် ယမန်နေ့တိုင်းလွှတ်တော်အစည်းအဝေး တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ ဇူလိုင် ၁ ရက်က ကျင်းပသော တနင်္သာရီတိုင်း လွှတ်တော် အစည်း အဝေးတွင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပုလောမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုး မင်းကို ၀န်ကြီးခန့်အပ်လိုကြောင်း လွှတ်တော်သို့အမည်စာရင်းပေးပို့ခဲ့ ခြင်းဖြစ်သည်။
မူကြိုကလေးငယ်အမှုတရားခံ ကျောင်းတာဝန်ရှိသူ၏ သားနှစ်ဦး မဟုတ်ဟု စီအိုင်ဒီ တာဝန်ရှိသူပြော ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးမည်ဟုဆို
နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြို ကျောင်းမှ သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦး (ဗစ်တိုးရီးယား) မဖွယ်မရာ ပြုကျင့်ခံရသည့်အမှု နှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်၌ စွပ်စွဲပြောဆိုခံနေရသည့် အဆိုပါ ကျောင်းကြီးကြပ်ရေးမှူး၏ သား နှစ်ဦးကို စစ်ဆေးရာတွင် ကလေး ငယ်ထံမှရရှိသည့် DNA (မျိုး ရိုးဗီဇ)နှင့် တူညီခြင်းမရှိဟု မှုခင်း ရဲတပ်ဖွဲ့(CID) အရာရှိတစ်ဦးက အတည်ပြုသည်။ သံသယရှိခံရသည့် ၎င်းတို့ ကို ဇွန်လ ၁၄ ရက်ကတည်းက DNA စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါရဲအရာရှိက 7Day Daily သတင်းစာအားပြောသည်။
ထိုင်းနယ်စပ်ရှိ ဒုက္ခသည် ၃၀၀ ကျော်ကို မြန်မာနိုင်ငံသို့ လွှဲပြောင်းမည် စတုတ္ထအကြိမ် ဒုက္ခသည် လွှဲပြောင်းမှုဖြစ်
မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် ၃၀၀ ကျော်ကို နှစ်နိုင်ငံ အစိုးရအစီအစဉ်အရ မြန်မာနိုင်ငံသို့ ယခုတစ်ပတ်အတွင်း ထပ်မံလွှဲ ပြောင်းမည်ဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး(UNHCR)က ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန် သည်။ ယခုဒုက္ခသည်များ လွှဲပြောင်းမှုသည် စတုတ္ထအကြိမ်ဖြစ်ကာ ဒုက္ခသည်စခန်းခြောက် ခုတွင် နေထိုင်သူများ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဒုက္ခသည်များ လွှဲပြောင်းမှုကို နှစ်နိုင်ငံနယ်စပ်တွင် တရားဝင်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ကာ နေရပ်ပြန်မည့်သူများကို မြန်မာအစိုးရအဖွဲ့တာဝန်ရှိသူ များနှင့် တွေ့ဆုံစေ၍ နိုင်ငံသား ဆိုင်ရာ အထောက်အထားများ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇူလိုင်-၂၊ ၂၀၁၉
ဒီကနေ့ ဇူလိုင် ၂ ရက်အတွက် ငွေလဲနှုန်းတွေ၊ အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၂ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၆ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၅ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၀ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၄ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၀၆၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၂၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၃၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၁၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၀၅ ကျပ်ဈေးဖြစ်ပါ တယ်။
AA က ဖမ်းဆီးသွားသော ပလက်ဝဒေသခံ ၅၀ ကျော်အနက် ၁၂ ဦး ထွက်ပြေးလွတ်မြောက်လာ ကျန်နေသူများကို အမြန်ဆုံးလွှတ်ပေးရန် မိသားစုဝင် တောင်းဆို
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က ဖမ်းဆီးထားသည့် ပလက်ဝမြို့နယ် ကက်သလင်းရွာမှ ဒေသခံ ၅၂ ဦးအနက် ၁၂ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း ဖမ်းဆီးခံထားရ သူများ၏ မိသားစုဝင်အမျိုးသားတစ်ဦးက ပြောသည်။ ပလက်ဝဒေသခံ ၅၄ ဦးကို AA အဖွဲ့ဝင်များက ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ယခင်ကအမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်ဖူးသည်။ ဖမ်းဆီး ခံရပြီး ငါးလခန့်အကြာတွင် ကလေးငယ်များအပါအဝင် ၁၂ ဦးသည် ဇွန်လနောက်ဆုံးပတ်၌ ထပ်မံလွတ်မြောက် လာခြင်းဖြစ်ပြီး လက်ရှိတွင် မီးဇာရွာရှိ စစ်ရှောင်စခန်းသို့ ရောက်ရှိနေသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်နှင့် အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စုရှိ မြေကွက်နှင့် ဆန်စက်အတွက် တံဆိပ်ခေါင်းဘိုး ကျသင့်ငွေ ကျပ်သိန်း (၃၀)ကို မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်အား လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေသွင်း ချလန်အရ နိုင်ငံတော်ရငွေမှာ ငွေကျပ် ၁,၈၇၈,၀၀ဝိ/- ဖြစ်၍ ပိုငွေ ကျပ် ၁,၁၂၂,၀၀ဝိ/-ကို ၎င်းနှင့် ရုံးအဖွဲ့အတွက်ဟုဆိုကာ ငွေကြေးရယူခဲ့မှုအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
အမျိုးသားရေးနှင့် အစွန်းရောက်အမျိုးသားရေး ကွာခြားမှုရှိဟု အမေရိကန်ဒုသံအမတ် ဆို
အမျိုးသားရေးနှင့် အစွန်းရောက်အမျိုးသားရေးတို့အကြား တိုင်းပြည်ချစ်စိတ်တူညီပေမယ့် ကွာခြားမှုများ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုသံအမတ် Mr George Sibley က ပြောဆိုလိုက်သည်။ ဇွန် ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ White Rice Restaurant တွင် ပြုလုပ်ခဲ့သည့် Mizzima TV နှင့် VOA မြန်မာပိုင်း ပူးတွဲတင်ဆက်မှု ဧည့်ခံပွဲတွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
အီရန်က မီးနဲ့ ကစားနေဟု ထရမ့် ပြော
အီရန်နိုင်ငံဟာ သိသိလျက်နဲ့ မီးနဲ့ ကစားနေကြောင်း သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ဇူလိုင် ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။ အီရန်ကို ဘာပြောချင်သလဲဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ အမေးကို ထရမ့်က အီရန်ဟာ မီးနဲ့ ကစားနေတာပဲ ဖြစ်လို့ ဘာမှ ပြောစရာ မလိုကြောင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “အီရန်ဆီ ဘာသတင်းစကားမှ ပါးစရာ မရှိဘူး။ သူတို့ဟာ သူတို့ ဘာလုပ်နေတယ်ဆိုတာ သိတယ်။ သိသိနဲ့ လုပ်နေတာပဲ။ ကျွန်တော်တော့ အီရန်ဟာ မီးနဲ့ ကစားနေပြီလို့ ပြောချင်တယ်။”လို့ ထရမ့်က ဆိုပါတယ်။
အသက် ၁၂ နှစ် အောက်ကလေးများအတွက် " စာသင်သားအသက်အာမခံ” ထားနိုင်ပြီ
အသက် ၁၂ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအတွက် “စာသင်သား အသက်အာမခံ” ကို စတင်ထားရှိနိုင်ပြီ ဖြစ်ကြောင်း GGI အာမခံကုမ္ပဏီမှ သိရသည်။ အဆိုပါ အာမခံကို အသက် ၁ နှစ် ( ၃၀ ရက်သား) မှ ၁၂ နှစ်အရွယ် ကလေးများအထိ မိဘများမှ ဝယ်ယူထားရှိနိုင်မည်ဖြစ်ပြီး အာမခံကြေးပေးသွင်းရသည့် သက်တမ်းသည် ၅ နှစ်မှ ၁၆ နှစ်ဖြစ်သည်။ Grand Guardian Life Insurance Company Limited (GGLI) မှ စာသင်သားအသက်အာမခံဟု ခေါ်သည့် အာမခံသစ်ကို ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
လေထုညစ်ညမ်းမှု ဖြေရှင်းရေးအတွက် သက်တမ်း ၁၃ နှစ်နှင့်အထက် ဒီဇယ်ကားတွေကို ပါရီမြို့တွင်း ဝင်ခွင့် ပိတ်
ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဟာ လေထုညစ်ညမ်းမှု ဖြေရှင်းရေးအတွက် သက်တမ်း ၁၃ နှစ်နှင့်အထက် ဒီဇယ်ကားအားလုံးကို မြို့တွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားမြစ်ပြီ ဖြစ်ပါတယ်။ ပါရီမြို့ဟာ သက်တမ်း ၁၈ နှစ် ဒီဇယ်ကားတွေနဲ့ သက်တမ်း ၂၁ နှစ်ရှိ ဓာတ်ဆီကားတွေကို မြို့တွင်း ဝင်ရောက်ခွင့် ယခင်ကတည်းက ပိတ်ထားပြီး အခု ထပ်မံတိုးချဲ့ကာ ပိတ်ပင်လာခြင်းပဲ ဖြစ်ပါတယ်။ မြို့လေထု သန့်စင်ရေးအတွက် မြို့တွင်းကို သက်တမ်း ၁၃ နှစ်နဲ့ အထက် ဒီဇယ်ကားတွေ၊ ထရပ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ဝင်ခွင့် မပေးတော့တာ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ဧရာဝတီလွှတ်တော်ဆုံးဖြတ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ ခေါ်ယူပြီး သဘောတူဆုံးဖြတ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေးအား ဇူလိုင်၂ ရက်နေ့က စတင်ကျင်းပခြင်းဖြစ်ပြီး၊ အစည်းအဝေးအား ဇူလိုင် ၄ ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။
PPST မှ နုတ်ထွက်ရန်ကိစ္စ KNU အဖွဲ့တွင်း သဘောထားကွဲနေ၍ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ခေါ်ယူရှင်းလင်းမည် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့ဟုဆို
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ နုတ်ထွက်ရန် တင်ပြချက်သည် အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်း မောင်ကပြောသည်။
Wisdom Hill အပါအဝင် နေပြည်တော်က ပုဂ္ဂလိက မူကြိုကျောင်း ၁၀ကျောင်းကို ယာယီ ပိတ်သိမ်း
တည်ထောင်ခွင့်ပြုမိန့် မကျသေးဘဲ ဖွင့်ထားတဲ့ နေပြည်တော်က ပုဂ္ဂလိက မူကြိုနဲ့ နေ့ကလေးထိန်းကျောင်း စုစုပေါင်း ၁၀ကျောင်းကို မနေ့က ဇူလိုင်လ ၁ရက်နေ့ ရက်စွဲနဲ့ ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။ အဲ့ဒီ ၁၀ကျောင်းထဲမှာ လတ်တလော အမှုဖြစ်နေတဲ့ နေပြည်တော်၊ သပြေကုန်းရပ်ကွက်က Wisdom Hill မူကြိုကျောင်းလည်း ပါဝင်ပါတယ်။
မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တရားရုံး ပလပ်
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရမှုမှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် ဇူလိုင်လ ၂ ရက်နေ့တွင် မဟာအောင်မြေမြို့နယ် တရားရုံးမှ တရားရှင် လွှတ်ပေးလိုက်သည်။ကိုဆွေဝင်းဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့တွင် တရားရုံးသို့ အမှုရပ်စဲပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
အယူခံနိုင်၍ ထောင်မှလွတ်လာသော မြန်မာလုပ်သားနှစ်ဦးကို ထိုင်းဘက်ကလွှဲပြောင်းပေး

အလွန်အကျွံ အကြမ်းဖက်ဆန္ဒပြမှုအပေါ် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ပြစ်တင်ဝေဖန်
ယမန်နေ့က ဟောင်ကောင်ဆန္ဒပြမှုအတွင်း ဆန္ဒပြသူတွေဘက်က အလွန်အကျွံ အကြမ်းဖက်မှု၊ ဖျက်လိုဖျက်ဆီး လုပ်မှုတို့အပေါ် အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၂ ရက်မှာ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ဇူလိုင် ၁ ရက်က ဟောင်ကောင်မှာ ဆန္ဒပြသူတစ်ချို့က ပါလီမန်အဆောက်အအုံကို ချိုးဖျက်စီးနင်း ဖျက်ဆီးခဲ့မှုအပေါ် ဟောင်ကောင် ခေါင်းဆောင်က ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားတွင် အငြိမ်းစားဝန်ထမ်းများ၏ယာဉ် တိမ်းမှောက်၊ ၁၅ ဦး သေဆုံး
အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း တူကူမန်ပြည်နယ်မှာ ဇူလိုင် ၁ ရက်နေ့က အငြိမ်းစားဝန်ထမ်းတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် ၁၅ ယောက် သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရတယ်လို့ ဇူလိုင် ၁ ရက်နေ့ ဒေသမီဒီယာတွေမှာ ဖော်ပြပါတယ်။ လာမဒရစ်မြို့အနီး အဝေးပြေးလမ်းမ အမှတ် ၁၅၇ နဲ့ ၃၀၈ လမ်းဆုံမှာ မနက် ၁၀ နာရီဝန်းကျင်အချိန် မြူထူတဲ့လမ်းပေါ်မှာ ဘတ်စ်ကား တိမ်းမှောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီဘတ်စ်ကားဟာ နိုင်ငံအနောက်ပိုင်း မန်ဒိုဇာပြည်နယ်ကနေ ရေပူစမ်းတွေနဲ့ နာမည်ကြီးတဲ မြောက်ပိုင်း တဲမက်စ် ဒီရီယိုဟွန်ဒိုဆီ မောင်းနှင်လာတယ်လို့ ဒေသထုတ် လာဂါ ဆယ်တာ သတင်းစာက ဆိုပါတယ်။
မိကျောင်းနဲ့ လက်ထပ်တဲ့ မက္ကဆီကို မြို့တော်ဝန်

လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့သည့် ဦးအောင်ဆန်းဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကို ဝေဖန်တိုက်ခိုက်တယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆/ဃနဲ့တရားစွဲခံထားရသူ တဦးကို ပေါင်မြို့နယ်တရားရုံးက ဇူလိုင် ၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့၊ ကော့စိုင်ရပ်ကွက်နေ Lar Htar Kay အကောင့် ပိုင်ရှင် ဦးအောင်ဆန်းဦး (ပြည်သူ့အကျိုးပြု တက်ကြွလှုပ်ရှားသူ)ဟာ ၂၀၁၇ ဇွန်လ ၂၈ ရက်နေ့က ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “အဆင့်အတန်းမရှိတဲ့ အရက်သမား အရူးဘုံမြောက်”ဆိုပြီး တိုက်ခိုက်ရေးသားခဲ့လို့ ပေါင်မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက အခုလို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
မီတာခ တိုးကောက်လို့ မြောက်ဒဂုံမှာလည်း ဆန္ဒပြ
အသစ်ပြောင်းလဲကောက်ခံမည့် လျှပ်စစ်မီတာနှုန်းထားများနှင့်ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ပြည်သူများက ယနေ့နေ့လယ်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။ မီတာခတိုးကောက်ခြင်းအား ကန့်ကွက်ဆန္ဒ ထုတ်ဖော်ပွဲများအား ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ သာကေတ၊ မင်္ဂလာဒုံမြို့နယ်များရှိ ပြည်သူများက ဆန္ဒထုတ်ဖော်နေကြသည်။
စီးပွားဖြစ် ဝေလငါးဖမ်းလုပ်ငန်း ဂျပန်ပြန်စ

အာမေနီးယန်းဝန်ကြီးချုပ် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ရန်ရှိ

"လာသမျှလူ သတ်ပစ်မယ်" ဆိုပြီး ဓားကိုင်သောင်းကျန်းသူကို ရဲတပ်ဖွဲ့ဖမ်းဆီး

အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသောနိုင်ငံများမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှု ယာယီပိတ်ထားဆဲဖြစ်ပြီး FAO က ရောဂါကင်းစင်ကြောင်း ကြေညာမှသာ ပြန်လည်ခွင့်ပြုမည်
အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) နိုင်ငံအတွင်း ကူးစက်မှုမရှိစေရန် ရောဂါဖြစ် ပွားသောနိုင်ငံများမှ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုယာယီ ပိတ်ပင်ထားဆဲဖြစ်ပြီး ကမ္ဘာ့စားနပ် ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ရောဂါကင်းစင်ကြောင်း တရားဝင်ကြေညာမှသာ ပြန်လည်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ငွေကြေးခဝါချမှုများသည် သဘာဝသ ယံဇာတကဏ္ဍ၊ အခွန်ရှောင်လွှဲသည့် ကဏ္ဍနှင့် အဂတိလိုက်စားမှုကဏ္ဍများတွင် အများဆုံးဖြစ်ပွားကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြထား
မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့် ငွေကြေးခဝါချမှုများသည် သဘာဝသယံ ဇာတကဏ္ဍ၊ အခွန်ရှောင်လွှဲသည့် ကဏ္ဍနှင့် အဂတိလိုက်စားမှု ကဏ္ဍ များတွင် အများဆုံးဖြစ်ပွားကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီရင်ခံစာတွင် ဖော်ပြထားကြောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးစုံစမ်းထောက်လှမ်းရေအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ငွေကြေးဆိုင်ရာမှုခင်းများ တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောကြားသည်။
Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော
နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံရသည့် အမှုသည် အများသူငါ ဝိုင်းဝန်းဝေဖန် ပြောဆိုနေသကဲ့သို့ ရိုးရှင်းမှု မရှိဟု နေပြည်တော်မှုခင်းရဲတပ်ဖွဲ့ ( CID) မှ အဆင့်မြင့်ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။ အမည်မဖော်လိုသူ ရဲအရှိက “အဲဒီရဲ့ ဖြစ်စဉ်တခုလုံးမှာ ပျော့ကွက်၊ ဟာကွက်တွေ အများကြီး။ အဲဒီအမှုက မရိုးစဉ်းဘူး။ လွယ်ကူ မဖြောင့်ဘူးပေါ့။ လွယ်ကူတယ် ဆိုရင် နှင်းနု သိတယ်ဆိုရင် နှင်းနုကို မေး။ နှင်းနုက ပြောရင် ပြီးပြီပေါ့။ ပေါ်ပြီပေါ့။ လွယ်လွယ်လေးဘဲပေါ့။ အဲဒီလောက် မလွယ်လို့ပေါ့။ အဲဒီလောက်လွယ်ရင် ပြီးပြီ” ဟု ပြောသည်။
တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ဒေါ်အောင်ဆန်းစုကြည်၏အမည်ဖြင့် မြေကွက်ခွဲလျှောက်ထားခြင်းအပေါ် ကန့်ကွက်မှုများရှိနေ၍ ပြည်ထောင်စုဥပဒေချုပ်ရုံး၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်ပိုင်သည့် ခြံအမှတ် (၅၄) မြေကွက်ကို ဒေါ်အောင်ဆန်းစုကြည် ၏အမည်ဖြင့် မြေကွက်ခွဲလျှောက်ထားမှုအပေါ် ကန့်ကွက်မှုများရှိနေသည့်အတွက် ပြည်ထောင်စု ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံတောင်းထားကြောင်းနှင့် ယင်းကိစ္စ ဥပဒေချုပ်ရုံးမှ ပြန်ကြားလာသည့် လမ်းညွှန်ချက်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီးသို့ လာရောက်သည့် နိုင်ငံခြားသားများထံမှ ဝင်ကြေး ၅၀၀၀ ကျပ်နှုန်း စတင်ကောက်ခံ
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း ဝင်ကြေးအဖြစ်ကောက်ခံမှုကို ဇူလိုင်လ ၁ ရက်နေ့က စတင်ကောက်ခံနေပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က သိရသည်။ ယခင်က လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များထံမှ ဓာတ်ပုံ ၊ဗီဒီယိုရိုက်ကူးမှုအတွက် ကင်မရာခွန်အဖြစ် တစ်ထောင်ကျပ်နှုန်း ကောက်ယူရာကနေ ဝင်ကြေးကို ငါးထောင်ကျပ်နှုန်း သတ်မှတ်၍ ကောက်ယူခြင်းဖြစ်သည်။
မကွေးဆေးရုံတွင် အခမဲ့ သုံးဆောင်နိုင်သည့် အတ္တကင်းသော ကော်ဖီပွဲတော် ပြုလုပ်

SEAOP/ SEAGP ကုမ္ဗဏီ၏ သင်တန်းပို့ချရေးအစီအစဉ်အရ Caterpillar အင်ဂျင်သင်တန်း စတင်

ရန်ကုန်စည်ပင်ဆောင်ရွက်ချက် ဂုဏ်ယူစရာမရှိဟု မြို့တော်ဝန် ဝန်ခံ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)သည် NLD အစိုးရလက်ထက် သုံးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ဂုဏ်ယူစရာဟူ၍ ပြစရာ ယနေ့အထိ မရှိသေးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ ယနေ့(ဇူလိုင် ၁) မြို့တော်ခန်းမတွင် ကျင်းပသည့် YCDC ၏၀န်ဆောင်မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်ချက်ကို ပြန်လည်ဖြေကြားစဉ် ၎င်းက ၀န်ခံခဲ့ခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်တွင် ကုန်တင်ကားတစီးဗုံးပေါက်ကွဲ၊ ၁ဝဝ ကျော်ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ ဇူလိုင် ၁ ရက်က လူစည်ကားချိန် ကာကွယ်ရေး ဝန်ကြီးဌာနရုံးနားမှာ ဗုံးထောင်ထားတဲ့ ကုန်တင်ကားတစီး ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေး ၃၅ ယောက်လည်းပါပြီး လက်ရှိမှာ သူတို့ကို ကဘူးလ်မြို့ ဆေးရုံကို ပို့ထားပါတယ်။ အဲဒီပေါက်ကွဲမှု ဖြစ်ပြီးနောက် ကဘူးလ်မြို့ထဲမှာ သေနတ်သမားတွေနဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်နေကြပါတယ်။
တပ်မတော်နှင့် အေအေတို့ တနေ့တည်း ၄ မြို့နယ်တွင် တိုက်ပွဲဖြစ်၊ နှစ်ဖက်အကျအဆုံးရှိ
ရခိုင်ပြည်နယ်က မြို့နယ်သုံးခုအပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းကစလို့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်လက်နက်ကိုင်တွေက ဒီဗွီဘီကိုပြောပါတယ်။ ရသေ့တောင်မြို့နယ် နွားလှကျော်(လိုင်ဂွင်)နဲ့ ကျောက်တန်းရွာကြားမှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ၁ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ကျောက်တော်မြို့နယ် သစ်တပုန်း ကျေးရွာရဲ့ မြောက်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ခိုင်သုခကပြောပါတယ်။
တောင်-မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးနှင့် အမေရိသမ္မတ တွေ့ဆုံ
အစ္စရေး ဂီတပညာရှင် ပစ်သတ်ခံရ
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း စန်လူးဝစ်ပိုတိုစီမြို့က ကပွဲကလပ်တခုမှာ ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက အစ္စရေး အီလက်ထရောနစ် ဂီတပညာရှင် ဒီဂျေရိုနန်ဒါဟန်ကို အသေပစ်သတ်ခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။ လက်နက်ကိုင် အမျိုးသားတအုပ်စုဟာ မြို့တောင်ပိုင်းက ကလပ်ထဲကို စနေနေ့က ဝင်လာခဲ့ပြီး ပစ်ခတ်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ဒါဟန် သေဆုံးပြီး တခြားလူ ၃ယောက် ဒဏ်ရာရတယ်။
ရန်ကုန်တိုင်းတွင် ခွေးလေခွေးလွင့်များ ရှင်းလင်းရန် ငွေကျပ် ၁၇၈ သိန်း သုံးစွဲမည်
ရန်ကုန်တိုင်းအတွင်း လေလွင့်ခွေးတွေ ရှင်းလင်းဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ဘတ်ဂျက် ငွေကျပ် ၁၇၈ သိန်း သုံးစွဲသွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ ရှိနေတဲ့ လမ်းဘေးခွေးတွေကို မျိုးပွားနှုန်းထိန်းချုပ်တာတွေ၊ ခွေးရူးကာကွယ်ဆေးထိုးနှံတာတွေ၊ တာဝန်ယူတဲ့ခွေးမွေးမြူရေးစနစ်မြှင့်တင်တာတွေ၊ ဖမ်းဆီး ဖယ်ရှားပြီး ဂေဟာကို ပို့ဆောင်တာတွေနဲ့ သုတ်သင်ရှင်းလင်းတဲ့ နည်းလမ်းတွေနဲ့ ရှင်းလင်း လုပ်ဆောင်နေတာပါ။
မီတာခတိုးသဖြင့် လုပ်ခလစာတိုးပေးရန် အလုပ်သမားများတောင်းဆို
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဒေသခံများစိုးရိမ်နေ
ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့စိုးရိမ်မှုတွေ၊ မျှော်လင့်ချက်တွေ ပါဝင်တဲ့ အစီရင်ခံစာကို ကျောက်ဖြူကျေး လက်ဒေသဖွံ့ဖြိုးရေး အသင်းက ထုတ်ဝေလိုက်ပါတယ်။ေ ကျာက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဒေသခံများ၏ အနာဂတ် ဆိုတဲ့အစီရင်ခံစာကို ဇွန်လ ၃၀ ရက်က ကျောက်ဖြူဟိုတယ်မှာမိတ်ဆက် ထုတ်ပြန်လိုက်တာဖြစ်ပြီး အစီရင်ခံစာပါ တွေ့ရှိချက်တွေကို ဆွေးနွေးတင်ပြ အကြံအဉာဏ်ရယူခဲ့ကြပါတယ်။
စမ်းချောင်းတွင် မီးလောင်မှုဖြစ်ပွား
ပြင်ပဆေးခန်းများတွင် H1N1 သံသယလူနာတွေ့ပါက ချက်ချင်းဓာတ်ခွဲခန်းပို့ စစ်ဆေးမည်
H1N1ရာသီတုပ်ကွေးရောဂါဖြစ်ပွားတဲ့ အခြေအနေ စောင့်ကြပ်ကြည့်ရူတဲ့ စနစ်အရ ပြင်ပပုဂ္ဂလိကဆေးခန်းတွေမှာ သံသယလူနာတွေ့ပါက ချက်ချင်း ဓာတ်ခွဲခန်းပို့ စစ်ဆေးနိုင်ဖို့ လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ H1N1 ကြောင့် သေဆုံးသူ ၁၇ ဦးထိရှိလာပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါးမြင့်တက်လာတာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လူထု အသိပညာပေးတာတွေနဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးတွေအတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကြက်ခြေနီအသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဆိုကာ ငွေကြေးလိမ်လည်မှုဖြစ်ပွား
ထိုင်းနိုင်ငံ၌ အလုပ်ရမည်ဟုယုံကြည်အောင်ပြောဆို၍ တစ်ရွာတည်းသားချင်း ၆ ဦးကို ငွေကြေးလိမ်လည်မှု ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အုတ်ဖိုမြို့နယ်၊ တင်းတုတ်ကြီးကျေးရွာနေ မရွှေစင်အိ၊ ၃၇ နှစ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်က တစ်ရွာတည်းနေကိုဇေယျာလင်း ၃၅ နှစ်အား ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဟု ယုံကြည်အောင်ပြောဆို၍ တစ်ဦးလျှင်ငွေကျပ် ၁၀၅,၀၀၀,၀ ကုန်ကျမည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျောင်းတိုက်တည်ထောင်ခြင်း ၄ နှစ်ပြည့် နှင့် နွေရာသီ ဒုလ္လဘရဟန်းခံ အလှူတော်မင်္ဂလာအခမ်းအနားအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြင့်ခဲ့

ပရိုတင်း လုံလုံလောက်လောက် မစားကြောင်းပြနေတဲ့ လက္ခဏာ ၅ ချက်
ကျန်းမာပြီး ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာတစ်ခု ရဖို့ဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ် မျှမျှတတနဲ့ လုံလုံလောက်လောက်စားဖို့လိုတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့်လည်း ကိုယ်ကြိုက်တာချည်းပဲ ကိုယ်ရွေးစားတဲ့သူတွေ များနေတော့ အာဟာရဓာတ်တွေ ပိုနေတာက ပို၊ လိုနေတာကလိုတာတွေ ဖြစ်နေတော့တာပေါ့ ။ ဒီနေ့ပြောမယ့် ဆောင်းပါးလေးကတော့ ပရိုတင်း လုံလုံလောက်လောက် မစားထားကြောင်းကို ပြနေတဲ့ အချက် ၅ ချက်အကြောင်းပဲ ရှိပါတယ်။ ကိုယ့်မှာ ဒီ အချက်တွေ ရှိနေပြီဆိုရင်တော့ အသားတွေ၊ ပရိုတင်းတွေ မြန်မြန်သားပြေးစားပေတော့ဗျို့ ။ ။ ပရိုတင်းဓာတ်ချို့တဲ့နေပြီဆိုတာကို ကိုယ်ခန္ဓာက ဘယ်လိုပြနေလဲ ။ ။ ဒီလို ပရိုတင်း ချို့တဲ့တဲ့ ပြဿနာဟာ သတ်သတ်လွတ်စားတဲ့သူတွေနဲ့ အသားစားဖို့ ကြေးများတဲ့သူတွေ မှာ ပိုတွေ့ရတတ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။
ဝမ်းနှုတ်ဆေးတွေမှာ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ
ဝမ်းချုပ်တတ်တဲ့သူတွေအတွက်တော့ဝမ်းနှုတ်ဆေးက အားကိုးရာ တစ်ခုပါ။ ဒါပေမယ့် ဝမ်းချုပ်တဲ့ အခါတိုင်း ဝမ်းနှုတ်ဆေးကိုချည်းပဲ အားကိုးနေလို့တော့ မရပါဘူး။ ဝမ်းနှုတ်ဆေးက တစ်ခဏတာကိုပဲ သက်သာစေတာဖြစ်တဲ့အတွက်ကြောင့် အစတည်းက ဝမ်းမချုပ်စေဖို့ ဝမ်းမှန်စေဖို့လိုပါတယ်။ ဒါပေမယ့် တစ်ချို့ ဝမ်းအရမ်းချုပ်ပြီး ဝမ်းနှုတ်ဆေးပုံမှန်သုံးပေးမှကို ဖြစ်တဲ့သူတွေရှိပါတယ်။ ဒီလိုဝမ်းသွားတော့မယ်ဆိုတိုင်းဝမ်းနှုတ်ဆေး အကူအညီယူနေတာ ကောင်းရဲ့လား။ ဝမ်းနှုတ်ဆေးမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလဲ၊။ ဝမ်းနှုတ်ဆေး သုံးပါများရင် ဘာတွေ ပြောင်းလဲလာမလဲ ။ ။
မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀)၌ ကျမ်းမာရေးစစ်ဆေးကုသမှုပြုလုပ်နေသော နိုင်ငံတော်သံဃမဟာနာရကဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား သွားရောက်ဖူးမြော် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်တွေ ထုတ်လို့ရပြီ
၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်တွေကို ဒီကနေ့ စတင်ထုတ်ပေးနေပါပြီ။ ပထမဆုံး စထုတ်ပေးတဲ့နေ့မှာပဲ လာရောက်ထုတ်ယူသူ ငါးထောင်ဝန်းကျင်ရှိတယ်လို့ သတင်းရရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲ (လှိုင်တက္ကသိုလ်နယ်မြေ)နဲ့ နေပြည်တော် ရုံးအမှတ်(၅၂)မှာ ထုတ်ပေးနေတာဖြစ်ပါတယ်။ြ မန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲသစ်မှာ ရန်ကုန်တိုင်းအပါအ၀င် အခြားပြည်နယ်နဲ့တိုင်းက အမှတ်စာရင်းတွေကို ကောင်တာ(၁၀)ခုဖွင့်ပြီး ထုတ်ပေးနေတာပါ။
မက္ကဆီကိုနိုင်ငံ ဂွာဒါလာဂျာရာမြို့တွင် နှင်းများ ထူထပ်စွာကျဆင်း
အမျိုးသမီးကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ဆွီဒင်နှင့်နယ်သာလန်တွေ့ဆုံ
ဂျာမနီကို နောက်မှလိုက်က စားပြီး ၂-၁ ဂိုးဖြင့် အနိုင်ရသဖြင့် ဆွီဒင်သည် အမျိုးသမီးကမ္ဘာ့ ဖလား အကြိုဗိုလ်လုပွဲသို့ တက် ရောက်လာသည်။ ကမ္ဘာ့ဖလားချန်ပီယံ နှစ် ကြိမ်ဖြစ်ခဲ့ဖူးသော ဂျာမနီသည် ၁၆ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ သော်လည်း ၂၂ မိနစ်နှင့် ၄၈ မိနစ်၌ ဆွီဒင်ဘက်သို့ ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရ သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲရှစ်ကြိမ် မြောက် ဝင်ရောက်ယှဉ်ပြိုင်ရာ တွင် ကွာတားဖိုင်နယ်အဆင့်မှ သုံးကြိမ်မြောက် လှည့်ပြန်ခဲ့ရ သည့် ဂျာမနီသည် နှစ် ၂၀ အ တွင်း အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ်၌ ဦးဆောင်ဂိုး ရပြီးမှ ရှုံးနိမ့်ခဲ့သော ပထမဆုံးအ သင်းဖြစ်လာသည်။
အာဖရိက နိုင်ငံများဖလားတွင် လက်ရှိချန်ပီယံ ကင်မရွန်းနှင့်ဂါနာ သရေကျ
အီဂျစ်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေသော အာဖရိကနိုင်ငံများဖလားတွင် လက်ရှိချန်ပီယံ ကင်မရွန်းသည် ဂါနာနှင့် ဂိုးမရှိသရေကျခဲ့သည်။ အုပ်စု (F) တွင် နှစ်ပွဲစီကစား ပြီးချိန်၌ ကင်မရွန်းကလေးမှတ် ဖြင့် အုပ်စုပထမနေရာ သိမ်းပိုက် ထားပြီး ဂါနာကနှစ်မှတ်၊ ဘီနင် ကနှစ်မှတ် ရရှိထားသည်။ အာဖရိကနိုင်ငံများဖလား တွင် ခုနစ်ကြိမ်ချန်ပီယံဖြစ်ဖူး သောအီဂျစ်ပြီးလျှင် ငါးကြိမ်စီဖြင့် ဒုတိယအအောင်မြင်ဆုံး အသင်း များဖြစ်သည့် ကင်မရွန်းနှင့်ဂါနာပွဲ သည် ၈၈ မိနစ်၌ ဂါနာတိုက်စစ်မှူး ကွာဘီနာ၏ ကန်ချက်ဂိုးဘား တန်းထိခဲ့သည်မှလွဲ၍ စိတ်လှုပ် ရှားစရာမကောင်းခဲ့ပေ။
ပီရူးအသင်းကို ရှုံးနိမ့်၍ စိတ်ပျက်ဟု ဥရုဂွေးနည်းပြတာဘာရက်ဇ်ပြောကြား
ဂိုးမရှိသရေကျပြီး နောက် ပင်နယ်တီအဆုံးအဖြတ် ယူရာတွင် ပီရူးကို ၅-၄ ဂိုးဖြင့်ရှုံး နိမ့်မှုသည် ကြီးမားသောစိတ်ပျက် စရာဖြစ်ကြောင်း ဥရုဂွေးနည်းပြ တာဘာရက်ဇ်က ပြောသည်။ ကိုပါအမေရိကဖလားတွင် (၁၅) ကြိမ်ဗိုလ်စွဲပြီး အအောင်မြင် ဆုံး အသင်းအဖြစ် ရပ်တည်နေ သော ဥရုဂွေးသည် ယင်းပွဲတွင် သာမန်ပွဲကစားချိန်အတွင်း သုံးဂိုး သွင်းယူသော်လည်း ဗီဒီယိုအကူ ဒိုင်လူကြီးစနစ် (VAR) က ခွင့်မ ပြုခဲ့ပေ။
နေမာကို ယူရိုသန်း ၁၃၀ နှင့် ဘာစီလိုနာကစားသမားနှစ်ဦး ပေးလျှင် ပီအက်စ်ဂျီ လက်ခံမည်ဟု သတင်းထွက်ပေါ်
ဘရာဇီးတိုက်စစ်မှူးနေမာ အတွက် ဘာစီလိုနာက ယူရိုသန်း ၁၃၀ အပြင် ကစားသမားနှစ်ဦး အလိုက်ပေးပါက ပီအက်စ်ဂျီက ၎င်းကိုထွက်ခွာခွင့်ပြုမည်ဟု ပြင် သစ်သတင်းများက ဖော်ပြသည်။ လောလောဆယ်တွင် ဒဏ် ရာသက်သာလာကာ အပြေးလေ့ ကျင့်စက်ဖြင့် ကြံ့ခိုင်မှုပြန်လည် ပြည့်ဝရန် ကြိုးစားနေသော နေ မာသည် ဘာစီလိုနာသို့ ပြန်လာ လိုကြောင်း မိမိတို့ သိရှိသော် လည်း နူးကမ့်ကွင်းသို့ ပြန်လည် ခေါ်ယူလိုခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရဦး မည်ဟု ဘာစီလိုနာဒုဥက္ကဋ္ဌဂျော်ဒီ ကာဒိုနာက ပြောကြားသည်။
မက်ဆီကို ဘရာဇီးက စိုးရိမ်နေဆဲဟု နောက်ခံလူ သီယာဂိုဆေးလ်ဗား ပြောကြား
ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ သည် ၎င်း၏ အကောင်းဆုံး ခြေ စွမ်းမျိုး မပြသနိုင်သော်လည်း ဗုဒ္ဓဟူးနေ့ နံနက်ယှဉ်ပြိုင်ရမည့် ဆီမီးဖိုင်နယ်ပွဲ၌ ၎င်းကို လုံးဝလွှတ်ပေး၍မရဟု ဘရာဇီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက ပြော သည်။ ‘‘သူဟာ ကမ္ဘာ့အကောင်း ဆုံး ကစားသမားပါ။ ပြီးတော့သူ ဟာ ရုတ်တရက် အလျင်အမြန် လှုပ်ရှားနိုင်တုန်းပါပဲ’’ဟု ဘရာဇီးက ၃-၀ ဂိုးဖြင့် နိုင်ခဲ့သော ၂၀၀၇ ဗိုလ်လုပွဲနောက်ပိုင်း ယင်းဘောလုံးထိပ်သီးနှစ်သင်းကြား ပထမဆုံး ကိုပါဖလားတွင် တွေ့ဆုံပွဲမတိုင်မီ စနေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ဆေးလ်ဗားကပြောသည်။
ဟံသာဝတီနှင့် ရန်ကုန်ပွဲအပြီး နှစ်ဖက်ပရိသတ်အချင်းများခြင်းကြောင့် အချို့ကို ယာယီထိန်းသိမ်းခဲ့
ဒေါက်တာအေးမောင်အမှု အယူခံလျှောက်လဲချက် ဇူလိုင်နောက်ဆုံးပတ် တင်သွင်းရမည်
ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုအတွက် အယူခံလျှောက်လဲချက်ကို ပြည်ထောင် စုတရားလွှတ်တော်၌ လာမည့် ဇူလိုင် ၂၆ ရက်တွင် တင်သွင်းရ မည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေ များက ပြောသည်။ ၎င်းတို့နှစ်ဦးအတွက် အယူခံ ကို ပြည်နယ်တရားလွှတ်တော်၌ တင်သွင်းသော်လည်း ပယ်ချခံ ခဲ့ရသဖြင့် ပြည်ထောင်စုတရား လွှတ်တော်သို့ အယူခံထပ်မံတင် သွင်းခဲ့သည်။ ထိုအယူခံနှင့်ပတ် သက်၍ ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့၏ရှေ့နေများ က လျှောက်လဲချက်တင်သွင်းရ မည်ဖြစ်သည်။
ဝူဟန်ဖိတ်ခေါ်ပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာယူ-၁၄ အသင်း တရုတ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်
တရုတ်နိုင်ငံ ဝူဟန်မြို့ ၌ ကျင်းပသည့် ဝူဟန်ဖိတ်ခေါ် ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် မြန်မာယူ-၁၄ အသင်းက တရုတ်အသင်းကို ၅-၀ ဂိုးဖြင့် ဂိုး ပြတ်ရှုံးနိမ့်ခဲ့သည်။ ဇွန်လ ၃၀ ရက်က ကျင်းပ သည့် အဆိုပါ WUHAN Cup 2019 International Youth Championship ပြိုင်ပွဲတွင် တရုတ်ယူ-၁၄ အသင်းသည် မြန် မာယူ-၁၄ အသင်းကို ပွဲချိန်တစ် လျှောက် ခြေစွမ်းအသာဖြင့် ဖိ အားပေးကစားပြီး ဂိုးပြတ်အနိုင်ရ ခဲ့သည်။ ယင်းပြိုင်ပွဲကို ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ တရုတ် နိုင်ငံဟူဘေးပြည်နယ် ၀ူဟန်မြို့ တွင် ကျင်းပနေသည်။
သဖန်းဆိပ်ဆည် ရေနည်းနေ၍ တောင်သူများ ချွေတာသုံးရန် သတိပေး
မိုးစပါးစိုက်ဧက ငါးသိန်းခန့်ကို ရေပေးဝေနေသော သဖန်း ဆိပ်ဆည်တွင် ဒေသတွင်း မိုးနည်း နေသဖြင့် ရေနည်းနေကာ တောင်သူများ ရေကို ချွေတာသုံးစွဲရန် ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သတိပေးသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေ ဘို၊ ဝက်လက်နှင့် မုံရွာအပါအဝင် မူးမြစ်ကမ်းဘေးရှိ မြို့နယ် ၁၀ ခုမှ မိုးစပါးဧက လေးသိန်းကိုးသောင်း ခန့်ကို နှစ်စဉ်ရေပေးနေသည့် သဖန်းဆိပ်ဆည်တွင် ယခုနှစ် ပုံမှန်ထက် ထက်ဝက်ခန့် ရေနည်းနေ၍ ရေလုံလောက်စွာ ပေးဝေ ရေး အခက်တွေ့နေသည်။
ရခိုင်ရှိ မြို့နယ်သုံးခု၌ တပ်မတော်နှင့် AA တိုက်ပွဲဆက်ဖြစ်
တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA) သည်ယခုရက်ပိုင်းအတွင်း ရခိုင်ပြည် နယ်၌ တိုက်ပွဲများဆက်လက်ဖြစ် ပွားနေကြောင်း နှစ်ဖက် တာဝန်ရှိ သူများက ပြောသည်။ ဇွန်လ ၃၀ ရက်က ရခိုင်ပြည် နယ်ရှိ ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း AAအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။ြေ မပြင် အခြေအနေတွင် လည်း တပ်မတော်ဘက်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်းများ တွေ့ရသည် ဟု ၎င်းက ဆိုသည်။
အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် စစ်ရှောင်များ အကူအညီရရေး အခက်ကြုံနေဟုဆို
တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA) တို့တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များ၌ မိုဘိုင်းအင်တာနက်အသုံးပြုခွင့် ယာယီ ပိတ်ပင်ထားခြင်းကြောင့် တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရသည့် စစ်ရှောင်များ အကူအညီရရှိရေး အခက်အခဲများ ကြုံနေရ ကြောင်း ရသေ့တောင်မြို့မှ စစ်ဘေးရှောင်များအား ကူညီပေးနေ သူ ဦးကျော်ဇံသာက ပြောကြား သည်။ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်ခု နှင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်တို့ကို ဇွန်လ ၂၁ ရက်က စ၍ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုယာယီဖြတ်တောက်ခဲ့သည်။
NCA တွင်ပါဝင်ပြီး ငြိမ်းချမ်းရေးအာမခံချက်ရရှိအောင် ဆောင်ရွက်မည်ဟု မိုင်းလားအဖွဲ့ခေါင်းဆောင်ပြော
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) အပါအ၀င် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် တက် ကြွစွာ ပါဝင်ခြင်းဖြင့် ဒေသငြိမ်း ချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေး အာမခံချက်ရရှိအောင် ဆောင်ရွက်မည်ဟု မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းက ပြောကြားသည်။ ဦးစိုင်းလင်း ခေါင်းဆောင် သော မိုင်းလားလက်နက်ကိုင်အ ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ မှ ခွဲထွက်ပြီး ၁၉၈၉ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သည့် နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲကို ယမန်နေ့က မိုင်းလားဒေသ၌ ကျင်းပခဲ့သည်။ ယင်းနှစ်(၃၀)ပြည့်ပွဲတွင် အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း က မိန့်ခွန်းပြောကြားရာ၌ NCA တွင် ပါဝင်မည်ဟု အများသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြား သည်။
ကျောင်းသားသမဂ္ဂအဆောက်အအုံ ဆောက်လုပ်ရန် ကြန့်ကြာရခြင်းအကြောင်း ဦးဖြိုးမင်းသိန်းပြော
တစ်ခုခုကို အတင်းပုံ ဖော်သောပုံစံမျိုး မဆောင်ရွက်လို သဖြင့် ကျောင်းသားသမဂ္ဂအ ဆောက်အအုံ ဆောက်လုပ်ရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည် ဆောက်လုပ်ရန် ခေတ်အဆက် ဆက်ကျောင်းသားအဖွဲ့များနှင့် ၂၀၁၇ ကတည်းက တွေ့ဆုံဆွေး နွေးခဲ့သော်လည်း လက်ရှိအချိန် ထိ အကောင်အထည်ဖော်နိုင်မှု မရှိသေးပေ။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းထံ ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းသည် မဟနဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်ဟု အစိုးရထုတ်ပြန်
တရားမဝင်ဟု သတ် မှတ်ထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းထံ ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက် သည့် လုပ်ရပ်ဖြစ်ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ထုတ်ပြန်သည်။ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက ‘သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအ တွက် ဝိုင်းဝန်းကူညီဆောင်ရွက် ရန် လိုအပ်’ ခေါင်းစဉ်ဖြင့် ဝရမ်း ပြေးဖြစ်နေသော ဦးဝီရသူအ ကြောင်း၊ ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်း နှစ်ပတ်လည် စုံညီပွဲအ ကြောင်းနှင့် အဆိုပါဖောင်ဒေးရှင်း ကို ကျပ်သိန်း ၃၀၀ လှူဒါန်းမှုအကြောင်းအရာများအပါအဝင် ၂၈ ချက်ပါဝင်သော ထုတ်ပြန် ချက်ကို ဇွန်လ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း မြို့နယ်သုံးခုတွင် မြေဧက တစ်သိန်းခန့်ဖြင့် ကြေးနီရှာဖွေခွင့်ပြုရန် တရုတ်ကုမ္ပဏီလျှောက်ထား
တရုတ်ယန်စီကော့ပါး ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသ ကြီးမြို့နယ် သုံးခုရှိ မြေဧက တစ်သိန်းခန့်၌ ကြေးနီသတ္တုစမ်းသပ် ရှာဖွေရန် ခွင့်ပြုမိန့်တောင်းခံ ထားသည်ဟု စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးဝန်ကြီး ဦးမြင့်ကြည်က ပြော သည်။ တရုတ်ကုမ္ပဏီက တင်ပြ ထားသည့် မြို့နယ်များသည် ယင်း မာပင်မြို့နယ်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်ဖြစ် ပြီး စမ်းသပ်ရှာဖွေခွင့်သာဖြစ်၍ တိုင်းဒေသကြီး အစိုးရက ခွင့်ပြုရန်ရှိသည်ဟု ဦးမြင့်ကြည်က ပြောသည်။
ဒိန်းမတ်ကပေးမည့် ထောက်ပံ့ငွေကို ယနေ့ကစ၍ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်
ဒိန်းမတ်နိုင်ငံကပေးမည့် အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများအတွက်ထောက် ပံ့ငွေကို ယနေ့စတင်လျှောက် ထားနိုင်မည်ဖြစ်ကြောင်း အသေး စား၊ အလတ်စား စီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန က ကြေညာသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သော အမည်ရှိသည့် ထောက်ပံ့ ခြင်းအစီအစဉ်ကို ဒိန်းမတ်နိုင်ငံ က ၎င်း၏ဒိန်းမတ်ငွေ (Krone) ငါးသန်းဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာအရ ဆောင်ရွက်မည်ဖြစ် သည်။
‘ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်’ သီချင်းကို ပြန်လည်သီဆိုတဲ့ မြန်မာပြည်သိန်းတန်
ပြတ်သားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် တွေ့ရမယ့် ရွှေသမီး
နိုင်ငံတကာနှင့် ကုလဖိအားကို မြန်မာနိုင်ငံရောက် နိုင်ငံတကာစီးပွားရေးအဖွဲ့များက ခုခံရန်ပြင်ဆင်
မြန်မာနိုင်ငံသို့ ရောက် ရှိနေသော နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများက နိုင်ငံတကာ နှင့် ကုလသမဂ္ဂ(UN)တို့၏ ဖိအား များကို ခုခံမည့်အစီအစဉ်များ ဆောင်ရွက်နေကြောင်း မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပြော ကြားသည်။ အမေရိကန်၊ ဥရောပကုန် သည်ကြီးများအပါအ၀င် နိုင်ငံအ ချို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုများ ထပ်မံတိုးမြှင့်နိုင်မည့်နည်း လမ်းများကို ကုန်သည်စက်မှုအ သင်းချုပ်သို့ တင်ပြတောင်းဆိုခဲ့ သည်ဟု ၎င်းကဆိုသည်။
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်
မြန်မာ့တပ်မတော်ကနေ စစ်တိုင်း(၅)တိုင်းမှာ အပစ်ရပ်စဲရေး ကာလ နောက်ထပ်(၂)လ တိုးကြောင်း ထုတ်ပြန်တဲ့ မနေ့က တရက်ထဲမှာဘဲ ရခိုင်ပြည်ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့ တပ်မတော် ရော AA ဖက်က တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်း ဘူးသီးတောင်မြို့နယ်က ရွာသား (၅၀၀၀)ကျော် ဟာလဲ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့နယ်အတွင်းမှာလဲ TNLA တအာင်းပလောင်အဖွဲ့ နဲ့မြန်မာစစ်တပ်တို့ အကြားစစ်ရေးတင်းမာနေဆဲအခြေအနေမှာ ရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာသံအမတ်ကြီး တြုံ့ပန်
ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အခြေအနေတွေ ရှင်းပြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဇူလိုင်လ အကုန်မှာသွားရောက်ဖို့ ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။ တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြုလုပ်တဲ့ ကုလ အထူးကိုယ်စားလှယ် Christine Schraner-Burgener ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံတင်ပြ ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။ ကုလ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်နဲ့ ပတ်သက်လို့ သံအမတ်ကြီးရဲ့ အမြင်ကို မအင်ကြင်းနိုင်က စတင်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။
မြန်မာအပေါ်ထိရောက်စွာ အရေးယူဖို့ Yanghee Lee တိုက်တွန်း
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အားရကျေနပ်မှု ရှိသလို အားမရစရာတွေလည်း ရှိတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေ ပြင်ပ သီးခြား ဆွေးနွေးပွဲ တခုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်တာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
ထိုင်းနယ်စပ်က ကရင်ဒုက္ခသည် ၁၇၀ ကျော် မြန်မာပြည်ပြန်
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေထဲက ဒုက္ခသည် ၄၀၀ နီးပါးဟာ ဇူလိုင်လ ၁ရက်နေ့ကစတင်ပြီး နေရပ်ကို ပြန်နေကြပါပြီ။ ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက် နေရပ်ရင်း ပြန်ချင်ရင် ပြန်နိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင် ဌာနတွေ ဖွင့်လှစ်ထားပြီး နေရပ်ပြန်ချင်သူတွေ စာရင်းပေး သွင်းနိုင် တယ်လို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာပဲ ဒီရက်ပိုင်း ပြန်မယ့်သူ ၄၀၀နီးပါးရှိခဲ့ တယ်လို့ ကရင်ဒုက္ခသည် ကော်မတီက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ရှေးဟောင်း ပုဂံ UNESCO ကမ္ဘာ့ထိန်းသိမ်းအမွေအနှစ် စာရင်းဝင်နိုင်မယ့် အလားအလာ
ကုလသမဂ္ဂ ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ကော်မတီက နောက်ထပ် ကမ္ဘာ့ထိန်းသိမ်းရမယ့် အမွေအနှစ် စာရင်းထဲမှာ မြန်မာနိုင်ငံက ပုဂံမြေကို ထည့်သွင်းဖို့ စဉ်းစားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့က ထုတ်ပြန်ပြောဆိုပါတယ်။ ယူနက်စကိုအဖွဲ့က ကမ္ဘာ့ထိန်းသိမ်းရမယ့် အမွေအနှစ် စာရင်းထဲ ထည့်သွင်းသင့်တဲ့နေရာတွေကို ရွေးချယ်ဖို့ Azerbaijan မှာ ဇွန်လ ၃၀ ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပနေတဲ့ ကော်မတီရဲ့ ၄၃ ကြိမ်မြောက် အစည်းအဝေးကနေ မြန်မာနိုင်ငံက ရှေးဟောင်းပုဂံဒေသနဲ့ လာအိုနိုင်ငံက Plain of Jars လို့ခေါ်တဲ့ ရှေးဟောင်းကျောက်အိုးကြီးတွေ ရှိရာ လွင်ပြင်ကို ထည့်သွင်း စဉ်းစားနေတာ ဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီ အာဏာရရှိမှု အနှစ် (၇၀) ပြည့်တွင် ဧရာမ ပေကျင်းလေဆိပ်သစ် ဖွင့်လှစ်မည်

ထိုင်းမြို့စွန် ကုန်ရုံဟောင်းထဲ ပိတ်ထားခံရတဲ့ မြန်မာ ၂၀ ကို ကယ်တင်
ထိုင်းနဲ့ မလေးရှားနယ်စပ် ထိုင်းဘက်ခြမ်းက ဗဒန်ဗေစာမြို့စွန်က ကုန်လှောင်ရုံ အဟောင်းတခုမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ကလေးအပါအဝင် လူအယောက် ၂၀ကို ထိုင်းတာဝန်ရှိသူတွေက ဇွန်လ ၂၉ ရက်က ကယ်တင်လိုက်နိုင်ပါတယ်။ ဒီလိုတရားမဝင် လုပ်ဆောင်မှုတွေ ထိုင်းတောင်ပိုင်းမှာ နောက်ထပ်မဖြစ်ရအောင် ဆောင်ရွက်သွားမယ်လို့ ဒီနေ့အဖွဲ့ ပေါင်းစုံ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
နေပြည်တော် Wisdom Hill မူကြို ခေတ္တပိတ်မယ်
အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ဖြေရှင်းနေရတဲ့ နေပြည်တော်က နာမည်ကြီး ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill ကို ဇူလိုင်လ ၁ ရက်က စပြီး နှစ်ပတ် ခေတ္တပိတ်ထားတော့မှာ ဖြစ်ပါတယ်။ Wisdom Hill ကျောင်းဟာ နေပြည်တော်မှာနာမည်ကြီး ပုဂ္ဂလိကကျောင်းတခု ဖြစ်သလို ကျောင်းခွဲတွေ ဖွင့်လှစ်ထားတဲ့ကျောင်းလည်းဖြစ်ပါတယ်။ အဲဒီ ကလေးငယ် သက်ငယ်မုဒိမ်းကျူးလွန်ခံရတယ်ဆိုတဲ့အမှုကို စစ်ဆေးနေတာ တစ်လကျော် ရှိနေပါပြီ။
ဗြိတိန်က ဟောင်ကောင်အား တရုတ်ထံ လွှဲပေးမှု နှစ်ပတ်လည်တွင် ဟောင်ကောင်၌ ရဲများနှင့် ဆန္ဒပြသူများအကြား အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွား

သမိုင်းဝင် ကင်-ထရန့် ထိပ်သီးတွေ့ဆုံမှုကို မြောက်ကိုရီးယားနှင့် တရုတ်က ချီးမွမ်းဂုဏ်ပြု

ပြည်သူ့ဘဏ္ဍဍာအပေါ် တန်ဖိုးထားတတ်ရန်လိုခြင်း
လတ်တလောတွင် လျှပ်စစ်မီတာခတိုးမြှင့်လိုက်မှုပြဿနာသည် ပြည်သူများအကြား ပြောစရာဖြစ်ခဲ့ရသည်။ ပြည်သူ့ဆန္ဒမပါဘဲ မီတာခတိုးမြှင့်လိုက်သည့်အတွက်ဟုဆိုကာ ဆန္ဒပြသူများလည်း ရှိလာခဲ့သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လက်ရှိတိုးမြှင့်လိုက်သည့် မီတာခများမှာ အိမ်သုံးအမျိုးအစားတွင် တစ်ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ယူနစ် ၅၀ အထိ ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ကျပ် ၇၀၊ ၇၆ ယူနစ်မှ ယူနစ် ၁၀ဝ အထိ ကျပ် ၉၀၊ ၁၀၁ ယူနစ်မှ ယူနစ် ၁၅၀ အထိ ကျပ် ၁၁၀၊ ၁၅၁ ယူနစ်မှ ယူနစ် ၂၀ဝ အထိ ကျပ် ၁၂၀၊ ယူနစ် ၂၁၀ နှင့်အထက်ကို ၁၂၅ ကျပ်ဖြင့် အသီးသီးပြောင်းလဲခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA စာချုပ်တွင် အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးပြီး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်က တိုက်တွန်းချက်ထုတ်ပြန်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း ‘ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်များ ထိရောက်စွာ ဆောက်ရွက်နိုင်ရေး တိုက်တွန်းချက်’ ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ် ရေးစီးချုပ်ရုံးက၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တခဲ့ကြသည့်
ပြည်သူများ နိုင်ငံရေးစိတ်မဝင်စားပါက ပါတီများ၏လိမ်လည်မှုကိုခံရနိုင်ဟု သူရဦးရွှေမန်းသုံးသပ်
ပြည်သူများ နိုင်ငံရေး စိတ်မဝင်စားပါက နိုင်ငံရေးသ မားများနှင့် ပါတီများ၏ လိမ်လည် မှုကိုခံရနိုင်ပြီး နိုင်ငံရေးလုပ်စားသူ များက တိုင်းပြည်ကို လုပ်စားလိမ့် မည်ဟု ပြည်ထောင်စုကောင်း ကျိုးဆောင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။ ရန်ကုန်မြို့ MCC ခန်းမ၌ ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကောင်းကျိုးဆောင်ပါ တီဝင်များနှင့် တွေ့ဆုံပွဲတွင် ၎င်း က အထက်ပါအတိုင်းပြောသည်။
ရန်ကုန်တိုင်းသည် လမ်းတစ်ခြမ်းတည်းခင်းခဲ့သော အခြေအနေများမှ ရုန်းထွက်နေရဟု ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်တိုင်းဒေသကြီး သည် လမ်းတစ်ခြမ်းတည်းခင်းခဲ့ သည့် အခြေအနေများထဲမှ ရုန်း ထွက်နေရသည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စည်းကမ်းမဲ့စွာ ဖြတ်သန်းလာမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အ ကျိုးဆက်များကို လက်ရှိတွင် ပြန်လည်ရုန်းကန် ကုစားနေရသည် ဟု ၎င်းက ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယား မင်းသမီး ဂျွန်မီဆန်းကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ပုံစံမျိုးဖြင့် တည်းခိုရာတိုက်ခန်းတွင် သေဆုံးလျက်တွေ့ှရှိ

Subscribe to:
Posts (Atom)