အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့(ICRC) မှ မောင်တောဒေသအတွက် ထောက်ပံ့ရေးပစ္စည်းများအား ရန်ကုန်မှ မောင်တောသို့ ပို့ဆောင်ရန် ကုန်ကား ၆ စီးဖြင့် တင်ဆောင်ထွက်ခွာလာရာ ဇွန် ၂၇ ရက် ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးလမ်းဆုံ၊ ကျောက်ကြပ်ကျေးရွာအနီးသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရီမုမိုင်း ၃ လုံးဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
Pages
Friday, June 28, 2019
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ နားကြပ်တပ်ပြီး လမ်းလျှောက်သူတွေ ရထားတိုက်မိပြီးသေဆုံး
ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့တော်မှာ (၂၀၁၀) ခုနှစ်ကစတင်ပြီး ရထားသံလမ်းမှာ နားကြပ်တပ်ရင်း လမ်းလျှောက်လို့ ရထား တိုက်မိပြီး သေဆုံးသူ (၅၀၀) ကျော်လောက် ရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။ ဘင်္ဂလားဒေရှ့်မှာ မီးရထားလမ်းတွေပေါ် နားကြပ်တပ်ပြီး လမ်းမလျောက်ကြဖို့ အာဏာပိုင်တွေက တားမြစ်ထားတာပါ။ ဒါပေမဲ့ ပြည်သူတွေကတော့ အခုချိန်ထိ ဒီတားမြစ်ချက်ကို လျစ်လျှူရှုထားတာကြောင့် အခုလို မတော်မတမှုတွေ ဖြစ်ပွားနေတာလို့ ဒါကာရဲအရာရှိချုပ်က ပြောပါတယ်။
တစ်နာရီ စာလာဖတ်ရုံ ဖြင့် ပိုက်ဆံတစ်ထောင်ပေးမည့် အစီစဉ် ကို ရန်ကုန်တွင် ပြုလုပ်နေ
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ရှိ Royal Job Agency က ၄င်းတို့ ရုံးခန်းတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ၆ နာရီမှ ၇ နာရီ အထိ တစ်နာရီကြာ စာလာဖတ်သူများကို ငွေတစ်ထောင်ပေးမည့် အစီစဉ် အား ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ အစီစဉ်တွင် ပါဝင်လိုပါက တနင်္လာနေ့ နှင့် အင်္ဂါနေ့တို့တွင်Royal Job Agency Facebook page တွင်ဖော်ပြထားသည့် ဖုန်း 09400400759 ကိုဆက်သွယ်ကာ စာရင်းပေးသွင်းပြီး ဖတ်ရှု့နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဂျပန်မှာ G20 အစည်းအဝေးပွဲ စတင်
ဂျပန်နိုင်ငံမှာ စက်မှုထိပ်သီးနိုင်ငံ (၂၀) - G20 အစည်းအဝေးပွဲကို စတင်ပြုလုပ်နေပြီလို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ အိုဆာကာ မြို့မှာ အခုလ (၂၈) နဲ့ (၂၉) ရက်တွေမှာ (၂) ရက်ကြာ ပြုလုပ်သွားမှာပါ။ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပတဲ့ ဒီအစည်းအဝေးပွဲကို G20 အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ ဖိတ်ကြားထားတဲ့ ပြည်ပနိုင်ငံတွေက အကြီးအကဲတွေ တက်ရောက်လာကြပြီး နိုင်ငံတကာ အရေးကိစ္စတွေကို ညှိုနှိုင်းဖြေရှင်းသွားကြမှာဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်ကိုဖြတ်သန်းပြီး လမ်းဖောက်လုပ်မည့်အပေါ် ကျောင်းသားထုသဘောထား ကောက်ခံ
မန္တလေးတက္ကသိုလ် ပရဝုဏ် အတွင်းကနေ ဖြတ်သန်းပြီး လမ်းဖောက်လုပ်မယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့တဲ့အတွက် တက္ကသိုလ် ကျောင်းသားထုရဲ့ သဘောထားစစ်တမ်း aကာက်ယူမှုကို မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုမှာ မန္တလေးတက္ကသိုလ်အတွင်းကနေ ဖြတ်သန်းပြီး အများပြည်သူသုံး လမ်းဖောက်လုပ်မယ်လို့ မှတ်ချက်ပြုခဲ့ကြောင်း၊ ကျောင်းသားတွေဘက်က ဖုန်းဆက်သွယ်မေးမြန်းတဲ့အခါမှာ မဖောက်လုပ်ဖူးလို့ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းသားတွေရဲ့ သဘောထားကို စစ်တမ်းကောက်ခံ ရယူထားတာလို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စာပေ တာဝန်ခံ ကိုရန်စိုးပိုင်က ပြောပါတယ်။
နော်ဝေကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလား ဆီမီးတက်
ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နော်ဝေနဲ့ အင်္ဂလန်အသင်းတို့ မနေ့ကယှဉ်ပြိုင်ရာ အင်္ဂလန်အမျိုးသမီးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲစကတည်းက ထိုးဖောက် တိုက်စစ်ဆင် ကစားကာ ပွဲအစ ၃ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး စကော့တ်က အနီးကပ် ပိတ်သွင်းပေးခဲ့ပါတယ်။
နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ပါဝင်သည့် ပညာဒါနသင်တန်းကျောင်း ဖွင့်မည်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၃ ခုကို အနက်အဓိပ္ပာယ်ဖွင့်ရန် ကြံ့ခိုင်ရေးပါတီက ဦးဆောင်၍ ခုံရုံးလျှောက်ထား
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၃ ခုကို အနက်အဓိပ္ပာယ်ဖွင့်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးဦးဆောင်၍ လွှတ်တော်အမတ် ၂၅ ဦးက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသို့ လျှောက်ထားကြောင်း သိရှိရသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ နည်းဥပဒေ(၁၇) အရ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးပါ (၂၅)ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနစ်) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်အညီ နည်းလမ်းတကျ တင်သွင်းလာသည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးပါရန် တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် ၁/၂၀၁၉ တင်သွင်းခဲ့ကြောင်း၊ ယင်းတင်သွင်းမှုတွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက်ခွဲဝေမှုလျှော့ချခြင်းသည် ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်လား၊ အဖြစ်ခံမည်လားဟု မေးခွန်းထုတ်စရာဖြစ်နေ
ရခိုင်ပြည်နယ်အတွက် ၂၀၁၉-၂၀၂၀ ဘတ်ဂျက် အား လျော့ချထားခြင်း သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်လား၊ အဖြစ်ခံမည်လားဟု မေးခွန်းထုတ် စရာဖြစ်နေကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဇွန်လ ၂၇ ရက်တွင်ပြောသည်။ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး နောက်ဆုံးနေ့၌ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
ကျောင်းသူ၂ဝကိုအဓမ္မပြုကျင့်မှုစွဲချက်ဖြင့် ဘင်္ဂလာဒေ့ရှ်ကျောင်းဆရာတစ်ဦးဖမ်းဆီးခံရ
ဘင်္ဂလာဒေ့ရှ် ကျောင်းဆရာတစ်ဦးကို အနည်းဆုံး ကျောင်းသူ ၂ဝ ကို အဓမ္မပြုကျင့်မှု စွပ်စွဲချက်ဖြင့် အထူးရဲတပ်ဖွဲ့က Narayanganj ခရိုင် မြို့တွင် ဖမ်းဆီးလိုက်သည်။ Mizmizi Oxford High School မှ လက်ထောက် အထက်တန်းကျောင်းဆရာ Ariful Islam ကို ကြာသပတေးနေ့က အထူးရဲတပ်ဖွဲ့လက်သို့ မအပ်နှံမီ ဒေသခံများက Siddhirganj မြို့၌ သူ့အား ဖမ်းဆီး ရိုက်ပုတ်ခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြသည်။ေ နာက်ပိုင်းတွင် အထူးရဲတပ်ဖွဲ့က သူ့အား မကောင်းမှုကျူးလွန်သည့် စွပ်စွဲပြစ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၅ ကို ထပ်မံ အဓိပ္ပာယ်ဖွင့်စရာမရှိဟု ရှေ့နေချုပ်ရုံးအကြောင်းပြန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ အဓိပ္ပာယ်ဖွင့်ဆိုပေးရေးကိစ္စကို ထပ်မံ အဓိပ္ပာယ်ဖွင့်စရာမရှိဘူးလို့ ရှေ့နေချုပ်ရုံးက လျောက်လဲချက်ပေးလိုက်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ-၄၃၅ ဖြစ်တဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမယ်ဆိုတဲ့ အချက်ကို အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ ကြံ့ခိုင်ရေးပါတီက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကို တိုင်ကြားထားတာဖြစ်ပါတယ်။
ချမ်းမြသာစည်မြို့နယ် နေအိမ်တလုံးတွင် ရွှေ၊ ငွေ ပစ္စည်းများ ၀င်ခိုးသူအား ဖမ်းမိပြီ
ပါရာဂွေးကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်နိုင်ပြီး ဘရာဇီး ကိုပါဖလား ဆီမီးတက်
ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်အဖြစ် နာမည်ကြီး ဘရာဇီးနဲ့ ပါရာဂွေးအသင်းတို့ ဒီနေ့မနက်က ယှဉ်ပြိုင်ရာ ပွဲကစားချိန် မိနစ် ၉၀ မှာ ဂိုးမရှိသရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ဘရာဇီးက လေးဂိုး သုံးဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ ဘရာဇီးအသင်းဟာ ဖာမီနို၊ ဂျေဆူး၊ ကော်တင်ဟို တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းရာမှာလည်း အသာရခဲ့ပေမယ့် တိုက်စစ်မှူးတွေ ကန်သွင်းချက် လွဲချော်တာ၊ ပါရာဂွေး ဂိုးသမားနဲ့ နောက်တန်း ဖျက်ထုတ်နိုင်တာတွေကြောင့် ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။
မီးပျက်ရသည့်အကြောင်း ဖော်ထုတ်ပြီး နောင်မဖြစ်ရန် ကြိုးစားမည်ဟု အတိုင်ပင်ခံ ပြော
မီးမကြာခဏပျက်နေတာ မှန်ကန်ကြောင်းနဲ့ မီးပျက်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ပြီး နောင်မဖြစ်အောင် ကြိုးစားသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မကွေးတိုင်း မင်းဘူး(စကု)မြို့အနီးမှာ ဇွန်လ ၂၇ ရက်မနက်က မြန်မာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ “တချို့မှာ လျှပ်စစ်ဓာတ်အားရရှိပြီဆိုသော်လည်း မကြာခဏ မီးပျက်သည်ဟု ပြောကြပါကြောင်း၊ အမှန်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ မကြာခဏ မီးပျက် သည်ဆိုသည့် အကြောင်းအရင်းများမှာလည်း များစွာရှိပါကြောင်း၊ ယင်းကဲ့သို့ အကြောင်း အရင်းများကို မိမိတို့အနေဖြင့် ဖော်ထုတ်ပြီး နောင်မဖြစ်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း။”
ဇူလိုင်နှင့်သြဂုတ် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သည့် မြစ်ရေခန့်မှန်းချက် မိုးဇလ ထုတ်ပြန်
မိုးလယ်ကာလဇူလိုင်လနှင့် သြဂုတ်လတို့မှာ စိုးရိမ်ရေမှတ်အထက် တကြိမ်၊ နှစ်ကြိမ် ကျော်လွန်ရောက်ရှိနိုင်တဲ့ မြို့တွေရဲ့ မြစ်ရေအခြေအနေ ခန့်မှန်းချက်ကို မိုးဇလက ဒီနေ့ထုတ်ပြန်ပါတယ်။ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာ စတဲ့မြို့တို့ရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက် ၁ ကြိမ်ခန့်စီ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။
မိုင်းလား ဆွတ်လေဆိပ်ကမ်းမှ တရက်လျှင် တရုတ်ယွမ်ငွေ ၄၀၀၀၀ ခန့် ရရှိနေ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ ၄ မိုင်းလားရဲ့ အဓိက ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်တဲ့ ဆွတ်လေဆိပ်ကမ်းကနေ တရက်ကို တရုတ်ယွမ်ငွေ ၄၀၀၀၀ ဝန်းကျင် အခွန်အကောက်အဖြစ် ရရှိနေတယ်လို့ မိုင်းလားအဖွဲ့က ပြောပါတယ်။ အဲဒီဆိပ်ကမ်းကနေ တရုတ်နိုင်ငံ၊ ထိုင်း၊ လာအိုနိုင်ငံတွေက ကုန်ပစ္စည်းတွ ဝင်ရောက်နေသလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး တင်းတင်းကြပ်ကြပ်ဖမ်းဆီးမှုတွေ လုပ်တာကြောင့် ဒီဆိပ်ကမ်းကနေ မူးယစ်ဆေးဝင်ရောက်မှုမရှိဘူးလို့ ဆိပ်ကမ်းတာဝန်ရှိသူ မိုင်းလားအဖွဲ့ NDAA ဒုတပ်ရင်းမှူး အိုက်စန်းနိုက ပြောပါတယ်။ သားရဲတိရစ္ဆာန်တွေအနေနဲ့ သင်းခွေချပ်၊ မြွေ၊ သမင်၊ ချေ စတာတွေလည်း ဖမ်းဆီးရမိတယ်လို့လည်း ပြောပါတယ်။
တူနီးရှားတွင် အသေခံဗုံးခွဲမှု ၂ ခုအတွင်း ရဲအရာရှိတဦး သေဆုံး၊ အများအပြား ဒဏ်ရာရ
တူနီးရှားနိုင်ငံ မြို့တော်မှာ ဇွန်လ ၂၇ ရက်နေ့က အသေခံဗုံးခွဲသမားနှစ်ယောက် သီးခြား တိုက်ခိုက်တဲ့အတွက် ရဲအရာရှိတယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပထမ အသေခံဗုံးခွဲတိုက်ခိုက်မှုအပြီး ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတွေကို မျက်မြင်တဦးက ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပထမ အသေခံဗုံးခွဲသမားဟာ မြို့တော် ချားလ်စ်ဒီဂေါလမ်းမှာ ကင်းလှည့်နေတဲ့ရဲကို ပစ်မှတ်ထား ဖောက်ခွဲခဲ့လို့ အဲဒီရဲအရာရှိ သေဆုံးပြီး တခြား ရဲအရာရှိတဦးနဲ့ အရပ်သားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
ခရောင်းလမ်းမှလင်းလက်ကြယ်(သို့) ထိုင်းရောက် အထောက်အထားမဲ့ ကရင်ကျောင်းသားလေး
မန်ယူက ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန် ဆွေးနွေး
အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဝီဒိုဒို အနိုင်ရဟု အတည်ပြု
အင်ဒိုနီးရှားနိုင်ငံရဲ့ ဧပြီလ ရွေးကောက်ပွဲရလဒ်အရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇွန်လ ၂၇ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဧပြီလ ရွေးကောက်ပွဲမှာ သမ္မတ ဝီဒိုဒိုဟာ ထောက်ခံမဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ဝီဒိုဒိုကို စိန်ခေါ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပွာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချပေးဖို့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။
ဒလတံတားစီမံကိန်းအတွက် ပိုင်တူးခြင်းလုပ်ငန်း စတင်
ဦးဉာဏ်ဝင်း သွေးဝမ်းသွားနေ၍ ဆေးကုသမှုခံယူ
အမျိုးသားဒီမိုကရေစီအ ဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း သွေးဝမ်းသွားသဖြင့်ရန်ကုန်ဆေးရုံကြီးသို့ ဇွန်လ၂၆ ရက်က အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးမြင့်က ပြောသည်။ မွန်ပြည်နယ် ချောင်းဆုံမြို့ ၌ ဇွန်လ ၂၆ ရက်က ပါ တီဝင်များနှင့် တွေ့ဆုံပွဲအပြီးတွင် သွေးဝမ်းသွားသောကြောင့် ဦးဉာဏ်ဝင်းကို ရန်ကုန်မြို့သို့ ပြန်ခေါ်လာပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင်လည်း ကျန်းမာရေးမကောင်းကြောင်း ချောင်းဆုံမြို့နယ် ပါတီ ၀င်များကို ဦးဉာဏ်ဝင်း က ပြောကြားသည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန် - ၂၈၊ ၂၀၁၉
ဒီကနေ့ ဇွန် ၂၈ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၅ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၈ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၅ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၁ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၅ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၂၂၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၀၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၁၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၇၉၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၈၅ ကျပ်ဈေးဖြစ်ပါ တယ်။
မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မင်းဘူးတွင်ဖွင့်လှစ်
မြန်မာနိုင်ငံရဲ့ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့အနီးမှာ ဇွန်လ ၂၇ ရက်မနက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းခံထားရသူများ ရုံးထုတ်စစ်ဆေး
ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး အောင်သပြေ ရွာသားများနှင့် ကုမ္ပဏီအကြား ပဋိပက္ခများဖြစ်ပွားမှုတွင်ဖမ်းဆီးခံရသော သတင်းထောက်တစ်ဦး အပါအဝင် ကျေးရွာသား ၈ ဦးကို ၂၀၁၉ ခုနှစ်၊ဇွန်လ ၂၇ ရက်၊နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုစတင်စစ်ဆေးခဲ့သည်။
လင်မယားကွဲခွင့်လျှောက်ထားစဉ် ထီပေါက်သည့်အမျိုးသား ထီဆုကြီးကို ဇနီးဟောင်းအား ခွဲပေးရမည်
အမေရိကန်ပြည်ထောင်စု မီချီဂန် ပြည်နယ်နေ အမျိုးသားတစ်ဦးသည် လင် မယားကွဲခွင့်ရရန် တရားရုံးတွင် လျှောက် ထားစဉ် ဒေါ်လာ သန်း ၃၀ ထီဆုကြီး ပေါက်ခဲ့ပြီး အဆိုပါထီဆုကြီးကို ဇနီး ဟောင်းအား ခွဲပေးရန် အယူခံတရားရုံးက ဆုံးဖြတ်လိုက်သည်။ ရစ်ခ်ျဇီလက်စ်ကို သည် ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည့် ထီဆု ကြီးကို ဇနီးဟောင်း မေရီအား ခွဲပေးရ မည်ဟု မီချီဂန်တရားရုံးက ဆုံးဖြတ်လိုက် ခြင်းဖြစ်သည်။ လင်မယားကွဲခွင့်ရရန် တရားရုံးတွင် လျှောက်ထားနေဆဲအချိန် တွင် ၎င်းက ထီပေါက်ခဲ့ခြင်းဖြစ်သည်။
ပြည်ပတင်ပို့ရန် အပြိုင်အဆိုင်ဝယ်ယူမှုများ၍ မင်းဘူးဒေသ၌ ဆိတ်မွေးမြူသူများ အဆင်ပြေ
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အတွင်း တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများမှာ ယခုလပိုင်းတွင် လာရောက်ဝယ်သူတို့က တရုတ်ပြည်သို့တင်ပို့ရန် အပြိုင်အဆိုင် ဈေး ကောင်းပေးဝယ်ယူမှုများကြောင့် အဆင်ပြေ နေကြောင်း သိရသည်။ "အခုရက်ပိုင်းမှာ ဆိတ်ဝယ်တဲ့ကုန်သည် တွေ ဆင်းလာပြီး ဝယ်နေကြတယ်။ မနှစ်က ဆိတ်မတစ်ကောင်ကို ကျပ် ၅၀,ဝ၀ဝ၊ ၆၀,ဝ၀ဝ လောက် ဈေးရပြီး ဆိတ်ထီးတစ်ကောင် ကို ကျပ် ၁၀ဝ,ဝ၀ဝ ဝန်းကျင်ခန့် ဈေးရခဲ့ပါတယ်။
မတူပီခရိုင်ရုံးနေရာကိစ္စ ပထမဆုံးအကြိမ် ပြည်နယ်ပြင်ပတွင်ဆန္ဒဖော်ထုတ်မည်
မတူပီခရိုင်ရုံးနေရာကိစ္စကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကို အစိုးရအနေဖြင့် အရေးတယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ရန်ကုန်မြို့တွင် စတုတ္ထအကြိမ် မြောက် ထပ်မံဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခင်က လက်ရှိအစိုးရသတ်မှတ်သည့် မတူပီမြို့ပေါ်နှင့် ၈ မိုင်ဝန်းကျင်ဝေးသည့် ဖနိုင်နှင့်ငလိုင်ကြားတွင် ခရိုင်ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်ကြောင်း မတူပီမြို့ပေါ်တွင် သုံးကြိမ်တိုင် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ပြည်နယ်ပြင်ပ ရန်ကုန်မြို့ လယ်ဖြစ်သည့် ဗန္ဓုလပန်းခြံ၌ ဇွန်လ (၂၈) ရက်နေ့တွင်ထပ်မံဆန္ဒပြမည်ဖြစ်သည်။
ဖူးမြော်သူ များပြားတဲ့ မန်လည်ဆရာတော်ဘုရားရဲ့ ပြတိုက်

မင်္ဂလာဒုံမြို့နယ်၌ တရားမဝင်သယ်ဆောင်လာသော သစ် ၃.၆၀၈၄ တန် ဖမ်းဆီးရမိ

ကုန်သွယ်ရေးနဲ့ နိုင်ငံတကာအငြင်းပွားမှုတွေက ဂျီ ၂၀ ရဲ့ ညီညွတ်မှုကို စမ်းသပ်လာ
ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဂျီ ၂၀ နိုင်ငံတွေက အကြီးအကဲ ခေါင်းဆောင်တွေဟာ လာမယ့် သောကြာနေ့နဲ့ စနေနေ့တွေမှာ စည်းဝေးတွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကြား စိတ်ဝမ်းကွဲမှုနဲ့ ပွတ်တိုက်မှုတွေ ရှိနေတာကြောင့် အကျပ်အတည်းကြုံနေတဲ့ ရာသီဥတု ထိန်းသိမ်းကာကွယ်ရေးနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရဖို့ ရှိပါတယ်။
ရုရှား အရှေ့ပိုင်းမှာ လေယာဉ်ပျက်ကျတာကြောင့် လူ နှစ်ဦး သေဆုံးကာ လေးဆယ်ကျော် ဒဏ်ရာရ

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို မြန်မာနိုင်ငံက ထပ်လောင်းကတိပြု လက်မှတ်ထိုး
ကုလသမဂ္ဂထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်အကြို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ထပ်လောင်းကတိကဝတ်ပြုတဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးလိုက်ပါတယ်။ ၂၀၂၀ ခုနှစ်ဟာ ကုလသမဂ္ဂထူထောင်ခြင်း (၇၅)နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့အတွက် နှစ်ပတ်လည်အကြို ကုလသမဂ္ဂပဋိညာဉ်စာတမ်း ထပ်လောင်းအတည်ပြုတဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တာပါ။
အိန္ဒိယတွင် မွတ်စလင်လူငယ်တစ်ဦးကို ဟိန္ဒူလူစုက သူခိုးလို့ ဝိုင်းရိုက်သတ်ခဲ့တဲ့အတွက် ဆန္ဒပြပွဲများ ဖြစ်ပွားနေ

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၃ ရက်တွင် စတင်ကျင်းပနိုင်ရန် လျာထား
တောင်ကြီးမြို့၏ အထင်ကရ ပွဲ တော်တစ်ခုဖြစ်သော တောင်ကြီးတန် ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၁၂ ရက်အထိ ၁ဝ ရက်ကြာ ကျင်းပပြု လုပ်နိုင်ရန် ခန့်မှန်းလျာထားပြီး မီးပုံး ပျံပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် အမှတ်ပေးဒိုင်များ ကြိုတင်ညှိနှိုင်းဆွေး နွေးပွဲကို ဇွန်လဆန်းပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် ခမုံဆိပ် အထက်တန်းကျောင်းတွင် ကျောင်းသူများကို သရဲဝင်ပူးသောကြောင့် မိဘများစိုးရိမ်ထိတ်လန့်နေ
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်ဇွန်လ၂၇ရက်နံနက် ၁၀နာရီအချိန်ခန့်ကကျောင်းသူ၂၀ခန့်ကို သရဲဝင်ပူးသောကြောင့် ကျောင်းသူ မိဘများ စိုးရိမ်ထိတ်လန့်နေကြောင်း အဆိုပါအထက်တန်းကျောင်းမှသိရှိရသည်။ "သရဲဝင်ပူးတာဟုတ်ပါတယ် အယောက်နှစ်ဆယ်လောက်ရှိတယ် ဟိုတုန်းကသေ သွားတဲ့ကျောင်စောင့်တွေက ဝင်ပူးတာလို့ပြောတယ် ငိုတဲ့သူကငိုနဲ့ ဆေးရုံသွားတဲ့သူကသွားကြတယ်နှစ်ယောက်လောက်က သတိလစ်နေတုန်းဘဲ ဒီနေ့လည်တော့ ကျောင်းပိတ်လိုက်တယ် သေ သွားတဲ့ကျောင်းစောင့်တွေရဲ့မိသားစုဝင်တွေက ပရိတ်ရွတ်မယ် ဆွမ်းကျွေးမယ်ပြောတယ်"ဟုကျောင်းသူမိဘတစ်ဦးက ပြောကြားသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မိ၍ လမ်းဖြတ်ကူးသူ သေဆုံး
က္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၉၄/၇)နှင့်(၁၉၅/၀) ကြား၌ဇွန်လ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေး အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ တောင်ဒဂုံမြို့နယ်၊ (၇၂) ရပ်ကွက်နေ မိုးဝင်းဟိန်း (၂၈) နှစ် မောင်းနှင်လာသော YGN-5E/ ×××× TOYOTA BELTA ယာဉ်သည် အခင်းဖြစ်နေရာအရောက် အမြန်လမ်းမကြီးအနောက်ဘက်ခြမ်းမှ အရှေ့ဘက်ခြမ်းသို့ လမ်းဖြတ်ကူးသူ လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာနေ ဇာနည်မောင်(၂၇) နှစ်အား ဝင်ရောက်တိုက်မိပြီး ဇာနည်မောင်မှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် ဇာနည်မောင်အား ပလွေးအမြန်လမ်းမကြီးရဲစခန်း (ပ) ၁၉၉၆/၂၀၁၉၊ အမြန်လမ်းမကြီးများ ဥပဒေ ပုဒ်မ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
တွေ့ရင်အကြောင်းကြားပေးပါ တာချီလိတ်မှ လူပျောက်ကြော်ငြာ

နှစ်ပေါင်း ၁၅၀ သက်တမ်းရှိသည့် သစ်ပင်ကြီးကိုမခုတ်ဘဲ သစ်ပင်ကိုငုံကာ လေးထပ်တိုက်ကြီးဆောက်လုပ်ထား

တရုတ်စစ်တပ်အတွက် သုတေသန လုပ်ပေးခဲ့ခြင်း မရှိဟု ဟွာဝေး တရားရေးအရာရှိချုပ် ပြော
ဟွာဝေး နည်းပညာကုမ္ပဏီက တရုတ်စစ်တပ်အတွက် သုတေသန လုပ်ပေးတာ ဒါမှမဟုတ် ဖောက်သည်စိတ်ကြိုက် ကုန်စည်ထုတ်လုပ်ပေးတာတွေ မလုပ်ခဲ့ဘူးလို့ ဟွာဝေးရဲ့ တရားရေးအရာရှိချုပ် စုန့်လျို့ဖျင်က ဇွန်လ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဟွာဝေးကုမ္ပဏီဝန်ထမ်းတွေဟာ တရုတ်စစ်တပ် အရာရှိတွေနဲ့အတူ သုတေသနစီမံကိန်း ဆယ်ခုထက်မနည်း လုပ်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ကြာသပတေးနေ့မနက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ မကြာခင်မှာပဲ စုန့်လျို့ဖျင်က ရှန်းကျန်းမြို့က ဟွာဝေးဌာနချုပ်ကနေ ခုလို တုံပြန်လိုက်တာပါ။
မဒါဂတ်စကားတွင် လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲမှာ လူနင်းမှုဖြစ်ပွားသဖြင့် ၁၅ ဦးသေ ၊ ၇၅ ဦး ဒဏ်ရာရ

စပိန်သို့ ဘရာဇီးသမ္မတနဲ့အတူ ရောက်လာတဲ့ ကိုယ်ရံတော်အဖွဲ့ဝင်အရာရှိ ကိုကင်းအိတ်ကြီး ၃ အိတ် သယ်လာသဖြင့် အဖမ်းခံရ
စပိန်နိုင်ငံ ဆီဗီးလ်မြို့မှာ ဘရာဇီးသမ္မတနဲ့အတူ ရောက်လာတဲ့ သမ္မတကိုယ်ရံတော်အဖွဲ့မှ လေတပ်အရာရှိတစ်ဦးကို ကိုကင်းအိတ်ကြီး ၃ အိတ်နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေက ဇွန် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ တပ်ကြပ်ကြီးအဆင့်ရှိ အဆိုပါလေတပ်သားဟာ G 20 အစည်းအဝေးသို့ သွားနေတဲ့ ဘရာဇီးသမ္မတ ဆီဗီးလ်မြို့မှာ ခရီးတစ်ထောက်မနားမီ ကြိုတင်ရောက်နှင့်နေတဲ့ စောင့်ကြပ်ရေးအဖွဲ့မှဖြစ်ပြီး လေဆိပ်မှာတင် ကိုကင်းအိတ်များနဲ့အတူ အဖမ်းခံခဲ့ရပါတယ်။
Big Bang အဖွဲ့ဝင်ဟောင်းဆန်းရီ၏အမှုကို အစိုးရရှေ့နေများထံ လွှဲပေး

အာဏာသိမ်းရန်ကြိုးပမ်းမှုအား ဟန့်တားနိုင်ခဲ့ဟု ဗင်နီဇွဲလားအစိုးရ ထုတ်ပြန်
အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုအား ဟန့်တားဖျက်ဆီးနိုင်ခဲ့ကြောင်း ဗင်နီဇွဲလား ဆိုရှယ်လစ်အစိုးရက ထုတ်ပြန်ခဲ့ပြီး သမ္မတ နီကိုးလက်စ်မာဒူရိုအား လုပ်ကြံရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှု၌ အမေရိကန်၊ ကိုလံဘီယာနှင့် ချီလီတို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း အခိုင်အမာထုတ်ပြန်ခဲ့သည်။ စီးပွားရေးပြိုလဲနေမှု၊ ငွေကြေးဖောင်းပွမှု အလွန်အမင်းမြင့်တက်နေမှုအပြင် အထီးကျန်စေရန် နိုင်ငံတကာ၏ ကြိုးပမ်းမှု မြင့်တက်လာမှုတို့ကြောင့် ဖိအားကြုံနေရသည့်မာဒူရိုအတွက် ယင်းသည် ゞင်းအား ဖြုတ်ချရန် နောက်ဆုံးကြိုးပမ်းမှု ဖြစ်လာခဲ့သည်။ အမေရိကန်နှင့် နိုင်ငံအချို့၏အသိအမှတ်ပြုမှုခံ ထားရသော ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ်ကြေညာထားသည့် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုနှင့် မာဒူရိုတို့အကြား အာဏာလွန်ဆွဲပွဲ ဖြစ်ပွားနေသည်။
အမည်မသိ အမျိုးသားတစ်ဦး မောင်းနှင်သည့်ကား ထနောင်းပင် ဝင်ရောက်တိုက်မိ၍ သေဆုံး

ဝင်ငွေ မညီမျှမှုနှင့် အခွန်ကောက်ခံခြင်း
၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုများ ဆောင်ရွက်လာကြချိန်တွင် ဝင်ငွေထိပ်ပိုင်း၌ ရှိသူများကို အခွန်နှုန်းထား တိုးမြှင့်ရေး၊ ချမ်းသာကြွယ်ဝမှုအပေါ် အခွန်ကောက်ခံရေးနှင့် အမေရိကန် အိမ်ခြံမြေ အခွန်ကောက်ခံမှုအား မကြာသေးမီက လျှော့ချခဲ့ခြင်းကို ပြောင်းပြန်ပြန်လှန်ခြင်း အစရှိသည်တို့ အပါအဝင် အခွန်ကောက်ခံမှု အဆိုပြုချက်အသစ် မူကြမ်းကို သမ္မတ ကိုယ်စားလှယ်လောင်းများက ကြေညာ၍ လာကြသည်။ ယင်းအဆိုပြုချက် သုံးရပ်စလုံးကို စီးပွားရေး ပညာရှင်များက Progressive Taxes ဟု ခေါ်ဆိုပြီး ချမ်းသာကြွယ်ဝသူများကို အခွန်အများဆုံး ကောက်ခံရန် ဖြစ်သည်။ ယင်းသည် Regressive Taxes ဟုခေါ်သော ဝင်ငွေနိမ့်ပါးသော နိုင်ငံသားများကို ပို၍ထိစေမည့် အခွန်ကောက်ခံခြင်းမျိုးနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ်စကားစစ်ထိုး

မြောက်ကိုရီးယားနယ်စပ် အန္တရာယ်အကြီးဆုံးနေရာတွင် တောင်ကိုရီးယားက 5 G ဝန်ဆောင်မှု စတင်
ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော ကမ္ဘာ့လက်နက်အထူထပ်ဆုံး နေရာတစ်ခုဖြစ်သည့် စစ်မဲ့ဇုန်မှ ကျေးရွာတစ်ရွာတွင် 5 G ဝန်ဆောင်မှုကို စတင်ခဲ့ကြောင်း တောင်ကိုရီးယား မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း KTCorp က ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ နှစ်မိုင်ခွဲအနံရှိသော စစ်မဲ့ဇုန် DMZ မှ တောင်ကိုရီးယားကျေးရွာ တေဆန်တွင် 5 G ဝန်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း KT က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားတွင် ဖမ်းဆီးခံထားရဖွယ်ရှိသည့် ကျောင်းသားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိရရန် သြစတြေးလျကြိုးပမ်းနေ
မြောက်ကိုရီးယားတွင် ဖမ်းဆီးခံထားရဖွယ်ရှိသည့် အသက် ၂၉ နှစ်အရွယ် ဧည့်လမ်းညွှန်တစ်ဖြစ်လဲ သြစတြေးလျကျောင်းသား တစ်ဦးနှင့်ပတ်သက်သော သတင်းအချက်အလက်များ ရှင်းရှင်းလင်းလင်းသိရှိရရေးအတွက် အရေးတကြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း သြစတြေးလျက ပြောကြားခဲ့သည်။ ကိုရီးယားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူဖြစ်ပြီး ပြုံယမ်းတွင် နေထိုင်ကြသည့် လူနည်းစု အနောက်နိုင်ငံသား ကျောင်းသားများထဲမှ တစ်ဦးဖြစ်သော အဲလက်ဆစ်ဂလေအမည်ရှိ ထိုသြစတြေးလျ ကျောင်းသားမှာ လွန်ခဲ့သည့်သုံးရက်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖွယ်ရှိသည်ဟု ယူဆနေကြသည်။
ဥရောပတစ်လွှား အပူလှိုင်းကျရောက်နေပြီး စပိန်နိုင်ငံ ကတ်တလိုနီးယားမှာ တောမီးများလောင်

ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်၌ သံဃာအပါး ၁ဝဝဝ အား ဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်

ကျောက်ဆည်မြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ကျူးကျော်များအတွက် ၁၅ ပေ x ၃၅ ပေခန့်ရှိ အိမ်ရာများကို အစိုးရပိုင်မြေပေါ်တွင် ချေးငွေဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး သုံးလအတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
ကျူးကျော်များအတွက် ၁၅ ပေ x ၃၅ ပေခန့်ရှိ အိမ်ရာများကို အစိုးရပိုင် မြေပေါ်တွင် ချေးငွေဖြင့် တည်ဆောက် ပေးသွားမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ လာမည့် သုံးလအတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ဇွန် ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကင်ညာတရားရုံးက အရှေ့အာဖရိက၏ ပထမဆုံးကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအစီအစဉ်ကို တားမြစ်

ကုန်သွယ်ရေး၊ အီရန်နှင့်မြောက်ကိုရီးယားအရေး ဆွေးနွေးရန် ထရန့်က အာရှခရီးစဉ်ထွက်ခွာ

ပလက်ဝဒေသအတွင်းသို့ AA တပ်ဖွဲ့ဝင်များ ၀င်ရောက်လာသည့် အချိန်မှစတင်ကာ တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားလာခဲ့သည် ဟုဆို
ချင်းပြည်နယ် ပလက်ဝဒေသတွင်းသို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တပ်ဖွဲ့ဝင်များ ၀င်ရောက် အခြချလာသည့်အချိန်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး တည်ငြိမ်အေးချမ်းမှုများလည်း ပျက်ပြားလာခဲ့သည်ဟု ယနေ့ ရက်စွဲဖြင့်ထုတ်ပြန်သော စစ်ဘေးရှောင် ချင်းတိုင်းရင်းသားများအရေး လှုပ်ရှားမှုကော်မတီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။ တိုက်ပွဲများကို အကြောင်းပြု၍ ပြည်သူများမှာ မတရား ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းနှင့် စားနပ်ရိက္ခာ လုယက်ခံရခြင်း စသည်တို့ကို ကြုံတွေ့ရသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
လက်ဘနွန်မြို့လေးတွင် မွတ်စလင်များကို အိမ်ခြံမြေ ဝယ်ယူငှားရမ်းမှု ပိတ်ပင်
အသက် ၂၇ နှစ်အရွယ်ရှိ သတင်း ထောက် မိုဟာမက်အောဝပ်ဒ်နှင့် သူ့၏ ဇနီးတို့သည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ အရှေ့တောင်ဘက်တွင်ရှိသော မြို့ကလေးတစ်မြို့ တွင် အိမ်ခန်းတစ်ခန်း ငှားနေရန် သူတို့ တတ်နိုင်သည့် ငွေကြေးနှင့် အဆင်ပြေသော အိမ်ခန်းကို အွန်လိုင်းပေါ်၌ တွေ့ခဲ့သည်။ ထို့ကြောင့် အိမ်ကိုကြည့်ရန် ပိုင်ရှင်ထံသို့ ဖုန်း ဆက်ရာ ဇနီးမောင်နှံ နှစ်ဦးစလုံး မွတ်စလင် ဘာသာဖြစ်သော မိုဟာမက်အောဝပ်ဒ်တို့ကို ထိုမြို့ကလေးတွင် အခြေချရန် ခွင့်မပြုနိုင် ကြောင်း ပြောကြားလိုက်သဖြင့် အထူး အံ့အားသင့်ခဲ့ရသည်။ အိမ်ရှင်က အောဝပ်ဒ်ကို တောင်းပန်ခဲ့သည်။ အဆိုပါ ဟာဒက်မြို့ ကလေးတွင် သက်ဆိုင်ရာအာဏာပိုင်များက ခရစ်ယာန်ဘာသာဝင်များကိုသာ အိမ်ခြံမြေဝယ်ယူခွင့်နှင့် ငှားရမ်းခွင့်ပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်ဆို၏။
အမျိုးသမီးကမ္ဘာ့ဖလား အင်္ဂလန် ဆီးမီးတက်ပြီ
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ယနေ့ ကျင်းပတဲ့ကမ္ဘာ ဖလားပြိုင်ပွဲရဲ့ ပထမဦးဆုံး ကွာတားဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန်အသင်းက နော်ဝေး အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိင်ရ ပြီး ဆီမီးဖိုင်နယ် တက်သွားပါတယ်။ အင်္ဂလန် အသင်းဟာ ပထမပိုင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင်ဆန္ဒပြမှုများ အရှိန်ထပ်မံမြင့်တက်

သခွားသီးကပေးတဲ့ အာဟာရတန်ဖိုး
သခွားသီးမှာ ပါတဲ့အာဟာရဓာတ်တွေ
ကစီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတယ်။ ကယ်လိုရီနဲ့ အဆီဓာတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓာတ်ပမာဏ ၉၆ ရာခိုင်နှုန်း ပါဝင်လို့ ကိုယ်ခန္ဓာတွင်း ရေဓာတ်ဖြည့်ပေးနိုင်တယ်။ သခွားသီးရဲ့ အာဟာရဓာတ်တွေ အပြည့်အဝရရှိဖို့ အခွံမခွာဘဲ စားပေးရပါမယ်။
ကစီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတယ်။ ကယ်လိုရီနဲ့ အဆီဓာတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓာတ်ပမာဏ ၉၆ ရာခိုင်နှုန်း ပါဝင်လို့ ကိုယ်ခန္ဓာတွင်း ရေဓာတ်ဖြည့်ပေးနိုင်တယ်။ သခွားသီးရဲ့ အာဟာရဓာတ်တွေ အပြည့်အဝရရှိဖို့ အခွံမခွာဘဲ စားပေးရပါမယ်။
ဆပ်ပြာ၊သွားတိုက်ဆေးတွေထဲက ဘက်တီးရီးယားကာကွယ်တဲ့ ဓာတုပစ္စည်းကြောင့် အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးထိခိုက်စေနိုင်
Triclosan ဆိုတာ ဘက်တီးရီးယားတွေနှိမ်နင်းနိုင်ဖို့ လူသုံးကုန်ပစ္စည်းတွေမှာ အသုံးများတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက အမျိုးသမီးတွေရဲ့အရိုးကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်အသစ်က ဖော်ပြခဲ့ပါတယ်။ ဆီးထဲမှာ Triclosan ပမာဏများနေတာက ပေါင်နဲ့ ခါးအောက်ပိုင်းအရိုးတွေမှာ သိပ်သည်းဆလျော့နည်းမှုနဲ့ ဆက်နွှယ်နေပြီး အမျိုးသမီးတွေ(အထူးသဖြင့် သွေးဆုံးပြီးအရွယ်)မှာ အရိုးပွရောဂါဖြစ်နိုင်ခြေပိုများစေတယ်လို့ တရုတ်နိုင်ငံ Hangzhou Medical College School of Public Health မှ သုတေသီ Yingjun Li ကပြောပါတယ်။
ရန်ကုန်-နေပြည်တော်ကြား ယာဉ်တိမ်းမှောက်လို့ ချင်းအမျိုးသမီးနှစ်ဦး သေဆုံး

ရုရှား ဒုံးကျည်များ ဝယ်ယူလျှင် ဆန်ရှင်ချမှတ်ရလိမ့်မည်ဟု တူရကီကို အမေရိကန် ခြိမ်းခြောက်
ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ်များကို တူရကီက ဝယ်ယူလျှင် ဆန်ရှင်ချမှတ်အရေးယူမည်ဟု အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ဇွန် ၂၆ တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။ တူရကီသည် ရုရှား အက်စ်-၄၀၀ ဒုံးကျည်များ ဝယ်ယူပါက အမေရိကန်၏ နည်းပညာမြင့် အက်ဖ်-၃၅ တိုက်လေယာဉ်များ တူရကီကို မရောင်းဟုလည်း အက်စ်ပါက တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီ အာကာကို ဘရပ်ဆဲလ်မြို့ နေတိုးဌာနချုပ်တွင် ဇွန် ၂၆ က တွေ့ဆုံစဉ် ခြိမ်းခြောက်ပြောကြားခဲ့ခြင်း ဖြစ်သည်။ တူရကီကမူ အမေရိကန် ခြိမ်းခြောက်မှုကို ကြောက်နေမည်မဟုတ်ကြောင်း၊ အက်စ်-၄၀၀ ဒုံးကျည်များ ဝယ်ယူရန် အပြီးသတ် သဘောတူထားပြီးဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ ကြံစိုက်ခင်းတွင်မှိုအရိုင်းစားမိသည့် မြန်မာနိုင်ငံ သား(၇)ဦးအနက် (၄)ဦးသေဆုံး
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင် ကြံစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၇)ဦး မှိုရိုင်းများချက်စားရာမှ မှိုအဆိပ်သင့်မှုကြောင့် (၄)ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ မှိုအဆိပ်သင့်မှုကြောင့် ဦးထွန်းထွန်းဦး(၃၆)နှစ်၊ ဦးထွန်းလင်း(၄၃)နှစ်၊ မောင်တင်ဆန်းလင်း(၁၈)နှစ်၊ ဦးစူပါ(၂၆)နှစ်၊ မသိန်းသိန်းဝင်း(၂၈)နှစ်၊ မစုမြတ်ခိုင် (၂၃)နှစ်နှင့် မကေဇင်သွယ်(၁၈)နှစ်တို့သည် ဇွန်လ (၂၀)ရက်တွင် (နေ့လည်တစ်ခါ၊ ညနေတစ်ခါ) ကြံစိုက် ခင်းနားရှိ မှိုရိုင်းများချက်စားရာမှ အစာအဆိပ်သင့်ပြီး လုံချွန်ခရိုင်ဆေးရုံတွင် (၅) ရက်ကြာကုသမှုခံယူသော် လည်း ထူးခြားမှုမရှိသောကြောင့် ကူမင်းမြို့ရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံး၊ ကောင်စစ်ရေးရာဌာနတို့၏ ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ(၂၆)ရက် နေ့လည်(၃) နာရီအချိန် ခန့်တွင် လွှဲပြောင်းပေးခဲ့သည်။
ရခဲတဲ့ လူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ
လူရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကိုယ်လုပ်ကို လုပ်ရမယ့် တာဝန်ဝတ္တရားတွေဆိုတာ ရှိလာစမြဲပဲနော်။ ကလေးဘဝမှာ စာသင်ဖို့၊ ဆော့ကစားဖို့၊ လူကြီးဖြစ်လာတော့လည်း အလုပ်တာဝန်၊ မိသားစုတာဝန်ဆိုပြီး ကိုယ့်မှာလုပ်ရမယ့် တာဝန်တွေ ပုံလာတတ်ကြပါတယ်။ အဲ့တော့ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်မိသားစုနဲ့ အချိန်အကြာကြီး သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေသွားလိုတာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ အသက် ၂၀ နောက်ပိုင်း အရွယ်ရောက်ပြီးသူတွေ လိုက်နာသင့်တဲ့ လူမှုဘဝပုံစံကို ပြောပြပေးချင်ပါတယ်။
မဲဆောက်မြို့က မအေးအေးမာ
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် Social Action for children andWomen (SAW) အဖွဲ့၏ အတွင်းရေးမှူး မအေးအေးမာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မအေးအေးမာသည် ၁၉၈၈ အရေးတော်ပုံကာလတွင် ဆယ် တန်းအောင်ပြီးပြီ။ သူမသည် သတင်းထောက်တစ်ဦး၏ သမီး ဖြစ်၏။ မတရားမှုကို ခံပြင်းနာ ကြည်း၍ ပျိုရွယ်သူတစ်ဦးဘဝဖြင့် နိုင်ငံရေးအဖွဲ့ထဲသို့ ရောက်ရှိလာ ခဲ့၏။ ၁၉၉၀ ဒီဇင်ဘာတွင် သူမ သည် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရ၏။ ထောက်လှမ်းရေး (၇) ဗိုလ်ကြီးစည်သူ၏ ရိုက်နှက်စစ် ဆေးမှုများကို ခံရ၏။ ထို့နောက် စစ်ထောက်လှမ်းရေးက သူမကို ပြန်လွှတ်ပေးလိုက်၏။ သို့သော် သူမအိမ်သို့ ဘယ်သူဘယ်ဝါ ဝင်၊ ထွက်သွားလာမှုရှိသလဲဆိုတာကို အမြဲစောင့်ကြည့်ခြင်းခံနေရ၏။ မလုံခြုံတော့။ ဘဝ။ သူမသည် ၁၉၉၁ မတ်လ တွင် ရှမ်းပြည် တောင်ကြီးမြို့မှ တစ်ဆင့် ပအိုဝ်းနယ်ဘက်သို့ ကျောင်းသားတပ်မတော်နှင့် အ ဆက်အသွယ်ရရန် ထွက်လာခဲ့ ၏။
ဆေးခါးကြီးတစ်ခွက် မျိုချခြင်း
မီတာခတွေတိုးကောက် လိုက်သဖြင့် လျှပ်စစ်မီး အစ်ရှူးက ရှေ့တန်း ရောက်လာပြန်သည်။ ယခုနှစ်အတွင်း လျှပ်စစ်မီး မလုံ လောက်မှုကသိသာလာပြီး ယခင် နှစ်များက မပြုလုပ်ခဲ့သည့် အချိန် ပိုင်း လျှပ်စစ်မီးဖြတ်တောက်မှု တွေကိုပါ ရန်ကုန်မြို့နှင့်တကွ တစ်ပြည်လုံးအတိုင်းအတာဖြင့် လုပ်ဆောင်လာသဖြင့် ပြည်သူ တွေအကြား စိတ်ပျက်ညည်းတွား မှုကြီးထွားလာနေစဉ်မှာ ယခုကဲ့ သို့ မီတာခတိုးကောက်မည့်အစီအ စဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။ နဂိုကတည်းက ပြတ်လိုက်၊ လာ လိုက်နှင့် စိတ်ပျက်ဖွယ်ရာ စခန်း သွားနေရသော မြို့နေလူထုအ တွက် ဒေါသကို နှိုးဆွလိုက်သလို လည်း ဖြစ်သွားသည်။
ယခု နှစ်ကုန်ပိုင်းမှာ လက်ထပ်တော့မယ့် ကေတီပယ်ရီနဲ့အော်လန်ဒိုဘလွန်း
ကိုပါဖလားကွာတားဖိုင်နယ်တွင် အပြောင်းအလဲများရှိနိုင်ဟု အာဂျင်တီးနား အရိပ်အမြွက်ပြသ
အာဂျင်တီးနား နည်းပြ လီယွန်နယ်စကာလိုနီ သည် ယခုအချိန်အထိ ကစားခဲ့ သော ကိုပါအမေရိကပွဲစဉ်တိုင်း တွင် အသင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး လာမည့်ကွာတားဖိုင် နယ် ဗင်နီဇွဲလားနှင့်ပွဲစဉ်၌လည်း အပြောင်းအလဲရှိနိုင်ကြောင်း အ ရိပ်အမြွက်ပြသသည်။ ယင်းပွဲမတိုင်မီ ရီယိုဒီဂျနေး ရိုး လေ့ကျင့်ရေးကွင်း၌ အာဂျင် တီးနားအသင်း၏ လေ့ကျင့်မှုကို ၁၅ မိနစ်ကြည့်ရှုခွင့်ပေးရာတွင် စကာလိုနီက ညာနောက်ခံလူနေ ရာ၌ ဆာရာဖီကာအစား ဂျူအန်ဖွိုက်သ်ကို အသုံးပြုထားသည်။ ကွင်းလယ်တွင် ဂျီယိုဗန်နီနေရာ၌ အကူနာကို သုံးထားသည်။ ကာတာနှင့်ပွဲ ဒုတိယပိုင်း တွင် ပါဝင်ကစားခဲ့သော အကူနာ ကို စကာလိုနီက ချီးကျူးခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်နောက်တန်းလူ ဝန်ဘစ်ဆာကာကို ပေါင်သန်း ၅၀ ဖြင့် မန်ယူခေါ်ယူ
ညာနောက်ခံလူ အေ ရွန်ဝန်ဘစ်ဆာကာကို ခေါ်ယူရေး မန်ယူအသင်းက ခရစ္စတယ်ပဲ လေ့စ်အသင်းနှင့် သဘောတူညီ ချက်ရရှိခဲ့သည်။ မန်ယူက ဝန်ဘစ်ဆာကာကို ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူခြင်းဖြစ် ကာ ယခုအခါ ယင်းကစားသမား သည် အပန်းဖြေခရီးမထွက်မီ မန်ယူတွင် ဆေးစစ်မှုခံယူမည်ဖြစ် သည်။ မန်ယူက အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ကစားသမားကို သက်တမ်းရှည်စာချုပ်နှင့် တစ်ပတ်လစာပေါင် ၈၀,၀၀၀ ပေးရန် ကမ်းလှမ်းခဲ့သည်။ ဝန်ဘစ်ဆာကာသည် ပဲ လေ့စ်တွင် တစ်ပတ်လုပ်ခပေါင် ၁၀,၀၀၀ သာရရှိပြီး ကစားသမားများအနက် လစာအနည်းဆုံး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီ ခြောက်မြို့နယ်ရှိ လယ်သမားများနှင့် ယနေ့တွေ့ဆုံမည်
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၈ ရက်တွင် ဓနုဖြူ မြို့၌ မြို့နယ်ခြောက်ခုမှ လယ်သ မားများနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယခုနှစ်ဆန်းကစတင် ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲများ၌ လယ် သမားများ ပါဝင်ဆွေးနွေးမှုရှိ သော်လည်း လယ်သမားများနှင့် သီးသန့်တွေ့ဆုံမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်။ တွေ့ဆုံပွဲကို ဓနုဖြူမြို့ရှိ ကဉ္စနကျွန်းသာကုမ္ပ ဏီပိုင် သီးနှံအခြောက်ခံစက်ရုံ ၀င်းအတွင်း ပြုလုပ်မည် ဖြစ် သည်။
သမ္မတ ဦးဝင်းမြင့်လက်ထက်တွင် မူးယစ်နှိမ်နင်းရေးခေတ်မီစက်ကိရိယာများ ပိုမိုဖြည့်ဆည်းပေးပြီး ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ရန် စီစဉ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေး လိုအပ် သော ခေတ်မီစက်ပစ္စည်းများ ပိုမို ဖြည့်ဆည်းပေးပြီး မူးယစ်ရဲတပ် ဖွဲ့ဖွဲ့စည်းပုံကိုလည်း တိုးချဲ့ရန် စီစဉ်ထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောသည်။ ‘‘ခေတ်မီတဲ့ စက်ကိရိယာ တွေကို နိုင်ငံတော်ရဲ့ ဘတ်ဂျက် ကနေ ဝယ်ပေးပါတယ်။ ဝယ်ပေး သလောက်လည်း အကျိုးရှိပါ တယ်’’ဟု မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ရဲနိုင်က ပြောသည်။
တိုင်းရင်းသားအဖွဲ့များ၏ မူးယစ်ဆေးဝါးဆန့်ကျင်သည့် လှုပ်ရှားမှုများကို ကြိုဆိုကြောင်း တပ်မတော်တာဝန်ရှိသူပြော မူးယစ်ဆန့်ကျင်ရေးကို လက်တွေ့ကျစွာ လုပ်ဆောင်ရန်လိုဟုပြော
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ကြိုဆိုကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဇွန်လ ၂၆ ရက်တွင် ကျ ရောက်သည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့ အခမ်းအနား အ ထိမ်းအမှတ်အဖြစ် မူးယစ်ဆေး ဝါးများမီးရှို့ဖျက်ဆီးခြင်း၊ မူးယစ်တိုက်ဖျက်ရေးအခမ်းအနား ကျင်းပခြင်းတို့ ပြုလုပ်ခဲ့သည်။
ဂျပန် နိပွန်ကုမ္ပဏီက Grand Guardian ကုမ္ပဏီ၏ ရှယ်ယာဝယ်ယူ
ဂျပန်အသက်အာမခံ ကုမ္ပဏီ Nippon ကရွှေတောင် ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီ Grand Guardian ထံမှ ဒေါ်လာ ၂၁ သန်းတန်ရှယ်ယာ ၃၅ ရာခိုင်နှုန်းကိုဝယ်ယူကြောင်း သတင်းထုတ်ပြန်သည်။ ဂျပန်ကုမ္ပဏီနှင့် ပြည်တွင်း အာမခံကုမ္ပဏီ Grand Guardian သည် Grand Guardian Nippon အသက်အာမခံ ကုမ္ပဏီအဖြစ် ပြောင်းလဲ လုပ်ကိုင်မည်ဖြစ်ပြီး ယခုနှစ်အောက်တိုဘာတွင် ခွင့် ပြုမိန့်ရရှိနိုင်သည်ဟု ဂျပန် ကုမ္ပဏီကဆိုသည်။
ရခိုင်ပြည်နယ်အရေးကို သမ္မတကိုင်တွယ်ဖြေရှင်းပေးရန် နိုင်ငံရေးအင်အားစုများတောင်းဆို ရပ်တည်ရှင်သန်ရေး အခက်အခဲများစွာကြုံနေသည့် စစ်ဘေးရှောင်များကို ပစ်မထားရန်တိုက်တွန်း
ရခိုင်ပြည်နယ်အရေးကို နိုင်ငံတော်သမ္မတကိုယ်တိုင်တိုက် ရိုက် ထိရောက်စွာကိုင်တွယ်ဖြေ ရှင်းပေးရန် အလေးအနက်အကြံ ပြု တိုက်တွန်းကြောင်း နိုင်ငံရေး ပါတီများအပါအ၀င် နိုင်ငံရေး အင်အားစုများက သမ္မတထံပေးပို့ သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြ သည်။ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့ အစည်းကိုးခုမှ ၁၄ ဦးပါ အဖွဲ့ သည် ဇွန်လ ၁၇ရက်မှ ၂၁ရက်ထိ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ ရာ ခရီးစဉ်အတွင်းတွေ့ရှိချက် များကို ဇွန်လ ၂၇ ရက်စွဲဖြင့် သမ္မတထံသို့ ပေးပို့သည့်အိတ် ဖွင့်ပေးစာတွင် အသေးစိတ်ဖော် ပြသည်။
ပြည်တွင်းကုမ္ပဏီကိုးခုက စင်ကာပူရောက် ကျွမ်းကျင်မြန်မာလုပ်သား ၁၀၀ ကျော်ကို အလုပ်ပြန်လည်ခန့်ထားရန် စီစဉ်
ပြည်တွင်းကုမ္ပဏီကိုးခု က စင်ကာပူရောက်ကျွမ်းကျင်မြန် မာလုပ်သား ၁၀၀ ကျော်ကို အ လုပ်ပြန်လည်ခန့်ထားရန်စီစဉ်နေ သည်ဟု MyJobs.com.mm အလုပ်အကိုင်ရှာဖွေရေးဝက်ဘ် ဆိုက်မှ ဈေးကွက်မန်နေဂျာကိုသူ ကြွယ်ခန့်စိုးက ပြောသည်။ စင်ကာပူရောက်ကျွမ်းကျင် မြန်မာလုပ်သားများ အနေဖြင့် ပြည်တွင်းရှိ ကုမ္ပဏီများတွင် ပြန်လည်အလုပ်လုပ်ကိုင်နိုင်စေ ရန် MyJobs.com.mm က ‘Jobs for Myanmar Repats - MyJobs Singapore Campaign’ ကို ဇွန်လ ၂၁ ရက်ကစ၍ တစ်လအကြာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နေခြင်းဖြစ်သည်။
ဓာတ်အားခ တိုးမြှင့်ခြင်းက အစိုးရအကျိုးအမြတ် ရှာလိုခြင်း မဟုတ်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းသည် အစိုးရက အ ကျိုးအမြတ်ရှာလိုခြင်း မဟုတ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ရေနံဓာတ်ငွေ့ အရည် (LNG)ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပါက ကုန်ကျစရိတ် ဓာတ်အားခတစ်ယူနစ်လျှင် ကျပ် ၁၁၀ ခန့်ဈေးရှိသဖြင့် ယခုပြောင်း လဲသည့်ဈေးနှုန်းက မျှခြေတစ်ခု သို့ ရောက်လာကြောင်း ၀န်ကြီး ချုပ်ကပြောသည်။ ‘‘နည်းနည်းပဲ ပေးရတာက နေပြီး နည်းနည်းပိုပေးရတာ မျှ ခြေတစ်ခုကို ဖြစ်ဖို့ပါပဲ’’ဟု ဦးဖြိုး မင်းသိန်းက ဆိုသည်။
ကျိုင်းတုံမြို့မ ရဲစခန်းရှိ စိတ်ကြွဆေးပြားများ ပျောက်ဆုံးမှု ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်၁၀ နှစ်အထိ ချနိုင်သော မူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆို
ကျိုင်းတုံမြို့မရဲစခန်းမှ စိတ်ကြွဆေးပြားများ ပျောက်ဆုံး မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်နှစ် ဦးကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါး ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးကပြော သည်။ ‘‘သိမ်းဆည်းထားသော ပစ္စည်းကို ကိုယ်ကျိုးအတွက်သုံး လို့ အမှုဖွင့် တရားစွဲဆိုလိုက် တယ်’’ ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့ မှူးရဲမှူးကြီးမြင့်ဆွေက ဇွန်လ ၂၇ ရက်တွင် ပြောသည်။
မှိုအဆိပ်သင့်ခဲ့သော ရွှေ့ပြောင်းမြန်မာအလုပ်သမားခုနစ်ဦးအနက် လေးဦး သေ၊ နှစ်ဦး စိုးရိမ်နေရဆဲ
တရုတ်နိုင်ငံတွင် မှိုအ ဆိပ်သင့်၍ မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲပေးခဲ့သော ရွှေ့ပြောင်း မြန်မာအလုပ်သမား ခုနစ်ဦးအ နက်လေးဦးသေဆုံးပြီး ကျန်သုံးဦး မန္တလေးဆေးရုံ၌ ဆက်လက် ကုသပေးနေသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်းခရိုင်တွင် စိုက်ပျိုးရေးလုပ် ကိုင်နေစဉ် မှိုစားမိရာမှ အစာ အဆိပ်သင့်ပြီး အရေးပေါ်အခြေ အနေရောက်နေသော မြန်မာနိုင် ငံသား အမျိုးသားလေးဦးနှင့်အ မျိုးသမီးသုံးဦးကို တရုတ်အစိုးရ တာဝန်ရှိသူများက ဇွန်လ ၂၆ ရက်၌ မြန်မာနိုင်ငံဘက်သို့ ပြန် လည်ပို့ဆောင်ပေးခဲ့သည်။ ၎င်း တို့ခုနစ်ဦးကို မူဆယ်မြို့ကရုဏာ လူမှုကူညီရေးအသင်း လူနာတင် ကားများဖြင့် မန္တလေးဆေးရုံသို့ ဇွန်လ ၂၆ ရက်ညက ပို့ဆောင်စဉ် လမ်း၌ တစ်ဦးသေဆုံးခဲ့သည်။ ကျန်ခြောက်ဦးကို မန္တလေးဆေးရုံ တွင် ကုသပေးနေခိုက် ဇွန် လ ၂၇ ရက်ညနေ၌ သုံးဦးထပ်မံသေ ဆုံးခဲ့သည်။
ဆဒုံးမြို့တွင် (၁၀) နှစ်အတွင်း အကြီးမားဆုံး ရေဘေးကြုံ
မြန်မာနိုင်ငံတွင် လူလေးဦးလျှင်တစ်ဦး ဆင်းရဲနေ - တစ်ဦးလျှင်တစ်ရက်အသုံးစရိတ် ကျပ် ၁,၅၉၀ အောက်ရှိသူများကို ဆင်းရဲသူဟုသတ်မှတ် - ၁၂ နှစ်အတွင်း ဆင်းရဲသူ ထက်ဝက်ခန့်လျော့နည်းသွားဟုဆို
တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုတစ်သောင်း ကျော်ကို စာရင်းကောက်ယူရာ မြန်မာနိုင်ငံရှိ လူလေးဦးတွင် တစ်ဦး ဆင်းရဲနေကြောင်း မြန်မာနေထိုင်မှုအခြေအနေစစ် တမ်း(၂၀၁၇)ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ၌ ဖော်ပြသည်။ မြို့ပြတွင် လူ ၁၀ ဦးလျှင် တစ်ဦးဆင်းရဲပြီး ကျေးလက်၌ လူ ၁၀ ဦးလျှင် သုံးဦးဆင်းရဲကြောင်း ဆိုသည်။ ဆင်းရဲနွမ်းပါးသူဦးရေသည် ၂၀၀၅ တွင် ၁၈ ဒသမ ၇ သန်း (နိုင်ငံ့လူဦးရေ၏ ၄၈ ဒသမ ၂ ရာ ခိုင်နှုန်း)ရှိရာမှ ၂၀၁၇ တွင် ၁၁ ဒသမ ၈ သန်း(နိုင်ငံ့လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်း)သို့ ကျ ဆင်းခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ထို့ကြောင့် အစီရင် ခံစာအရ ဆင်းရဲနွမ်းပါးသူဦးရေ သည် ၂၀၀၅ နှင့် ၂၀၁၇ နှိုင်းယှဉ် လျှင် ထက်ဝက်ခန့်ကျဆင်းသည်။
နီပေါနိုင်ငံသားတစ်ဦး အပါအ၀င် လူခြောက်ဦးကို မူးယစ်မှုဖြင့် ဖမ်းဆီး
နီပေါနိုင်ငံသား တစ်ဦးအပါအဝင် ရန်ကုန်မှ ဟောင်ကောင်သို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရန် စီစဉ်ခိုင်းစေသူနှင့် သယ်ဆောင်သူ စုစုပေါင်း ခြောက်ဦး ဖမ်းဆီးရမိကြောင်း ဇွန်လ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။ မန္တလေးတိုင်း ဝမ်းတွင်းမြို့ နယ်နေ အသက်(၂၅)နှစ်ရှိ ဝင်းသူနိုင်ဆိုသူသည် ဇွန်လ ၂၃ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်လေဆိပ်မှ ဟောင်ကောင်သို့ ထွက်ခွာရန် ခရီးဆောင်အိတ်ကို X-Ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ် ၎င်းအိတ်အတွင်းမှ ဘိန်းဖြူဂရမ်၂,၀၀၀ စစ်ဆေးတွေ့ရှိခဲ့သည်။
KIO မူးယစ်ထုတ်ပြန်ချက်နှင့် ကုလအစီရင်ခံစာ အချက်အလက်ကွာခြားခြင်းသည် လေ့လာပုံနှင့် အချိန်ကာလ မတူညီမှုကြောင့်ဟုဆို
ကချင်လက်နက်ကိုင် အဖွဲ့ ( KIO) ၏ မူးယစ်ဆေးဝါး ဆိုင်ရာထုတ်ပြန်ချက်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ယမန်နှစ်က ထုတ်ပြန်သော အစီရင်ခံစာပါ အချက်အလက် ကွာခြားခြင်းသည် လေ့လာပုံ နည်းလမ်းနှင့် အချိန်ကာလ မတူညီမှုတို့ကြောင့် ဖြစ်ကြောင်း UNODC က ဇွန်လ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သော KIO ၏ မူးယစ်ဆေးဝါးလေ့ လာမှုနှင့် စပ်လျဉ်း၍ UNODCက ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ပိုချစ်ကြဖို့ တိုက်တွန်းတဲ့ အေးမြတ်သူ
တပ်မတော်နှင့် အပစ်ရပ်အဖွဲ့ RCSS ကြား နှစ်ရက်ဆက်၍ တိုက်ပွဲဖြစ်ပွား
တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင်အဖွဲ့(RCSS) တို့ အကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ် ပွားကြောင်း RCSS ပြောရေးဆို ခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစိုင်း ဦးက ပြောသည်။ ဇွန်လ ၂၇ရက်တွင် ရှမ်း ပြည်နယ် ပင်လုံမြို့နယ်၌လည်း ကောင်း၊ ဇွန်လ ၂၆ရက်တွင် မိုင်းပြင်းမြို့နယ် မိုင်းပူးလုံဒေသ၌ လည်းကောင်း တပ်မတော်စစ် ကြောင်းနှင့် RCSS တပ်ဖွဲ့တို့အ ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။
မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေးပွဲတော်သို့ တပ်မတော်အပါအ၀င် အစိုးရကိုယ်စားလှယ်များတက်ရောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သ၀ဏ်လွှာပေးပို့
တိကျမှုမရှိသည့် အရပ်သားထိခိုက်သေဆုံးမှုဆိုင်ရာ သတင်းအမှားများ လူမှုကွန်ရက်တွင်မတင်ရန် ရခိုင်ကူညီရေးအဖွဲ့တိုက်တွန်း သတင်းမှားကြောင့် ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်၍ သတိပြုရန်လိုဟုဆို
တိကျမှုမရှိသည့်အရပ် သားထိခိုက်သေဆုံးမှု ဆိုင်ရာ သတင်းအမှားများကို လူမှုကွန် ရက်တွင်မဖော်ပြရန် ရခိုင်တိုင်း ရင်းသားမျိုးနွယ်များအစည်းအ ရုံး(REC)က တိုက်တွန်းသည်။ သတင်းအမှားများကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များသည်ကို သတိပြုစေလို ကြောင်း REC က ယမန်နေ့တွင် ထုတ်ပြန်သည်။ ‘‘မိမိတို့ ဒေသခံများ Online ထက်မှာ သတင်းအမှားများကို မတင်မိဖို့၊ မဖွမိကိုအလေး ထားကြစေလို၊ မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာတွင် မြန်မာ စစ်တပ်မှ ပစ်ခတ်သောကြောင့် ဒေသခံကျေးရွာသားများ သေ ဆုံးမှုများရှိသည်ဟုဆိုကာFacebook တစ်ခွင်တွင် ပျံ့နှံ့လျက်ရှိ နေပါသည်။ အမှန်တကယ်တွင် သေဆုံးမှုမရှိကြောင်း REC ၏ မြေပြင်အခြေပြုစောင့်ကြည့်ရေး အဖွဲ့ဝင်များ၏ တိကျသောသ တင်းပေးပို့ချက်အရသိရပါသည်’’ ဟု REC ၏ ထုတ်ပြန်ချက်၌ ဖော် ပြသည်။
ဇွန်လအတွင်း ရောင်းမကုန် ထီလက်မှတ် စောင်ရေ ၁ ဒသမ ၇ သန်းကျော်ရှိ
ဇွန်လအတွင်း ကျပ် တစ်ထောင်တန်ထီစောင်ရေ ၁ ဒသမ ၇သန်းကျော် ရောင်းမကုန် ဘဲ လက်ကျန်ဖြစ်ပေါ်ခဲ့ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာသည်။ေ အာင်ဘာလေသိန်းဆုဌာန သည် ဇွန်လအတွက် ထီအုပ်ရေ၃ ဒသမ ၁သန်းကျော်ရိုက်နှိပ်ဖြန့်ဝေ ခဲ့သော်လည်း အုပ်ရေတစ်သိန်း ခွဲကျော်(စောင်ရေ ၁ ဒသမ ၇ သန်းကျော်) ရောင်းမကုန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ထီလက်မှတ်ရောင်း မကုန်သည့်ဖြစ်ရပ်ကို လေးလ ဆက်တိုက် ကြုံရခြင်းဖြစ်သော် လည်း ဇွန်လသည်အခြားလများ ထက် အရေအတွက်လျော့နည်းခဲ့သည်။
ရခိုင်ပြည်နယ်ရှိကလေး ၉,၀၀၀ ကိုအာဟာရလုပ်ငန်းများမှတစ်ဆင့် ယူနီဆက်ပံ့ပိုးမည်
ရခိုင်ပြည်နယ်ရှိ က လေးငယ် ကိုးထောင်ကို ရောဂါ ကာကွယ်ပေးနိုင်သည့် အာဟာ ရ၀န်ဆောင်မှုလုပ်ငန်းများမှ တစ် ဆင့်ယခုနှစ်အတွင်းပံ့ပိုးကူညီရန် ရည်မှန်းထားကြောင်း ကုလ သမဂ္ဂကလေးသူငယ်များ ရန်ပုံ ငွေအဖွဲ့ (ယူနီဆက်) က ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ ပံ့ပိုးမှုကို အမေရိ ကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေ ဂျင်စီ (USAID) အကူအညီဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ယူနီဆက်၏ သတင်းလွှာတွင် ဖော်ပြသည်။
စီးပွားရေးမပြေလည်သော်လည်း သားသမီးများကို ကျောင်းထားပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
စီးပွားရေးအဆင်မပြေ သော်လည်း သား၊ သမီးများကို ကျောင်းထားပေးရန် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြော ကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၇ ရက်နံနက်တွင် ဆံရစ်ဝိုင်း ကလေးငယ်များရှိ သည့် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသို့ လာ ရောက်၍ ဒေသခံများနှင့်တွေ့ဆုံ ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒေသခံပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး နောက် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေး အခြေအနေများကို မေးမြန်းအကြံ ပြုသည်။
တရုတ်ခရီးသွားများကို စောင့်ကြည့်သုံးသပ်ရေး အဖွဲ့များဖွဲ့စည်း
တရုတ်ခရီးသွားများ၏ အချက်အလက်များ ကောက်ယူ ရန်နှင့် ငွေကြေးသုံးစွဲမှုဆိုင်ရာများ စိစစ်သုံးသပ်ရန် ရန်ကုန်၊ မန္တ လေး၊ ပုဂံတွင် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက တာဝန်ရှိသူများ ပါဝင် သည့် စောင့်ကြည့်လေ့လာသုံး သပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်နေ သော တရုတ်ခရီးသွားများကို သက်ဆိုင်ရာ ကုမ္ပဏီများက စနစ် တကျ ခရီးစဉ်ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ ခရီးသွားလုပ် ငန်းများထံမှ သတင်းအချက်အ လက်များ ကောက်ယူခြင်း၊ ငွေ ကြေးသုံးစွဲမှုများ စိစစ်သုံးသပ် ခြင်းတို့ဆောင်ရွက်ရန် အဆိုပါစောင့်ကြည့်လေ့လာရေးအဖွဲ့သုံး ခုကို ဇွန်လ ၂၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။
ခုခံနိုင်စွမ်းမရှိတော့လို့ပါ
ကျီစုသုသာန်ရှိ အကျယ်ဆုံး နာရေးခန်းမတစ်ခုအတွင်း အ နက်ရောင်တီရှပ် ဆင်တူဝတ်ဆင် ထားသည့် အသက် (၃၀) အရွယ် လူငယ်နှစ်ဦး လက်ချင်းချိတ်၍ ၀င်ရောက်လာသည်။ ခန်းမအ၀င် ၀ကစ၍ ကွယ်လွန်သူရုပ်အ လောင်း ပြင်ဆင်ထားသည့်နေရာ အထိ အခြားသော အနက်ရောင် အင်္ကျီဝတ်ဆင်ထားသူများ ပြည့် နေသဖြင့် လူငယ်နှစ်ဦး၏ခြေလှမ်း များက ရှေ့သို့မရောက်နိုင်ဖြစ် နေသည်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့တွင် မကွေးဝန်ကြီးချုပ် တောင်သူလယ်သမားများကို အကြွေးတောင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ၂၇ ရက် နံနက် (၁၀) နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရှေ့တွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒေသခံတောင်သူလယ်သမားများထံက ရရှိရန်ရှိသည့် ရေခွန်အကြွေးများ တောင်းခံခဲ့သည်။
ရိုဟင်ဂျာတွေ အမြန်ပြန်မပို့လျင် အန္တရာယ်ရှိကြောင်း Sheik Hasina သတိပေး
ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောနိုင် သမျှ စောစော နေရပ်ကို ပြန် မပို့နိုင်ရင် လုံခြုံရေး အန္တရာယ် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheik Hasina က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ လွှတ်တော် အမတ် Jur Mohammad ရဲ့ အမေးကို ဖြေကြားရာမှာ သူက အခုလို ပြောခဲ့တာပါ။ အခြေခံ အခွင့်အရေးတွေ မရရှိတဲ့ ရွှေ့ပြောင်းခံရ သူတွေအတွက် ဒါဟာ သဘာဝကျတယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ဟာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက် အကြမ်းဖက်မှုနှိမ်နင်းမှု တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ နှစ်ပေါင်း များစွာ ဒုက္ခသည် အဖြစ်ရောက်ရှိနေသူ ၄ သိန်းနဲ့ ပူးပေါင်း ခဲ့ရပါတယ်။
လူကုန်ကူးမှုတားဆီးရေး မြန်မာနယ်စပ်မှာ အိန္ဒိယ ပြင်ဆင်
အိန္ဒိယနိုင်ငံရဲ့ အနောက်မြောက် နယ်စပ်ဒေသတလျှောက်မှာ ကလေးငယ်တွေ အပါအဝင် လူကုန်ကူးခံရမှုတွေကို တားဆီးနိုင်ဖို့ မိုင်တထောင်ကျော် ရှည်လျားတဲ့ အိန္ဒိယ- မြန်မာနယ်စပ် တလျှောက်မှာ အာသံရိုင်ဖယ်တပ်က ကြိုးစားနေပါတယ်။ လူကုန်ကူးမှုနဲ့ ကလေးငယ်တွေအပေါ် စော်ကားမှုတွေကို ကာကွယ်ဖို့ အာသံရိုင်ဖယ်တပ်က အကြီးတန်းအရာရှိ ၅ ဦးအပါအဝင် တပ်သား ၈၁ ဦးကို မဏီပူနယ်စပ်ဒေသမှာ တာဝန်ချထားသလို သူတို့ဟာ NGO တွေရဲ့ အကူအညီနဲ့ နယ်စပ် မိုရေးမြို့မှာ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သင်တန်းတွေ ပေးခဲ့ပါတယ်။ မေလဆန်းတုန်းကလည်း အာသံရိုင်ဖယ်တပ်က တပ်သား ၉၀ လောက်က ဒေသခံတွေကို အလားတူ သင်တန်းတွေ ပေးခဲ့တာပါ။
မန္တလေးမြို့၊ ကျုံးဘေးတွင် ထိုင်စကားပြောနေသူ(၂)ဦးထံမှ ပစ္စည်းနှင့် ငွေများလုယက်သူ အမျိုးသား (၃)ဦးအား လုယက်ပြီးချိန်၌ပင် ဖမ်းဆီးရမိ

အရေးပေါ် ဆင်းခဲ့ရတဲ့ အိန္ဒိယ လေယာဉ်ပေါ်က ဗုံးက တကယ့်ဗုံးမဟုတ်
အသံထက် မြန်တဲ့နှုန်းနဲ့ ဗြိတိသျှ တိုက်လေယာဉ် နှစ်စင်းက အိန္ဒိယလေယာဉ်ကို ခြံရံ ခေါ်ဆောင်ခဲ့ရ
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ အမေရိကန်နိုင်ငံ နျူးအာ့ခ်မြို့ဆီ ပျံသန်းလာတဲ့ အဲယား အိန္ဒိယ လေကြောင်းပိုင် လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တဲ့ ဗုံးလန့်မှုဟာ လိမ်ညာ ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်တယ်လို့ လေကြောင်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဗုံးလန့်မှု ဖြစ်ခဲ့အပြီးမှာ အဲဒီ ဘိုးအင်း 777 အမျိုးအစား ခရီးသည်တင် လေယာဉ်ကို ဗြိတိန်နိုင်ငံ စတန်းစတက် လေဆိပ်မှာ လမ်းကြောင်းပြောင်း အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ အမေရိကန်နိုင်ငံ နျူးအာ့ခ်မြို့ဆီ ပျံသန်းလာတဲ့ အဲယား အိန္ဒိယ လေကြောင်းပိုင် လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တဲ့ ဗုံးလန့်မှုဟာ လိမ်ညာ ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်တယ်လို့ လေကြောင်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဗုံးလန့်မှု ဖြစ်ခဲ့အပြီးမှာ အဲဒီ ဘိုးအင်း 777 အမျိုးအစား ခရီးသည်တင် လေယာဉ်ကို ဗြိတိန်နိုင်ငံ စတန်းစတက် လေဆိပ်မှာ လမ်းကြောင်းပြောင်း အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
(H1N1) ကြောင့် ကလေးငယ် နှစ်ဦး ထပ်မံသေဆုံး ၊သေဆုံးသူစုစုပေါင်း၁၂ ဦးထိရောက်လာ
ကလေးငယ် သေဆုံးမှု စုစုပေါင်း ၃ဦးထိရှိလာပြီဖြစ်ပါတယ်။ ရာသီတုပ်ကွေးရောဂါပိုး (H1N1) ကြောင့် ဇွန်လ ၂၇ ရက်နေ့က ကလေးငယ် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီး တရားဝင်စာရင်းတွေအရ သေဆုံးသူ ၁၂ ဦးထိရှိလာပြီဖြစ်တယ် လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက ဘီဘီစီကို ပြောပါတယ်။
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြားက မြန်မာ
အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ဖြစ်နေချိန်မှာပဲ တရုတ်နိုင်ငံက ပြည်ပပို့ကုန်လုပ်ငန်းရှင် တချို့က လုပ်ငန်းတွေကို အိမ်နီးချင်း မြန်မာနိုင်ငံထဲ ပြောင်းရွှေ့လာနေကြပါတယ်။ တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာနေတာကြောင့်ရော၊ ကုန်သွယ်ရေးစစ်ပွဲကြောင့်ပါ တရုတ်လုပ်ငန်းရှင်တွေ ဒေသတွင်း နိုင်ငံတွေကို ခြေဦးလှည့်လာနေတဲ့အကြောင်း Reuters သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာပါ။
ံမြန်မာ ပညာတော်သင် ဗိုလ်ကြီး ရုရှားမှာ ရုတ်တရက် သေဆုံးခဲ့မှု ပဟေဠိဖြစ်နေဆဲ
ရုရှားနိုင်ငံ မော်စကိုမြို့အနီး ဇလန်းနိုဂရက်မြို့က တောအုပ်တစ်ခုထဲမှာ ကြိုးဆွဲချ သေဆုံးနေတဲ့ အနေအထားနဲ့ တွေ့ခဲ့ရတဲ့ မြန်မာ ပညာတော်သင် ဗိုလ်ကြီးနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ ရဲတွေရဲ့ အဖြေကို စောင့်ဆိုင်းနေဆဲပဲလို့ သိရကြောင်း မော်စကိုမြို့က မြန်မာထေရဝါဒ ဗုဒ္ဓ ဝိဟာရ ဘုန်းကြီးကျောင်းက ဆရာတော် ဒေါက်တာ အရှင် အစ္ဆရိယ က ဘီဘီစီကို ပြောပါတယ်။
အမျိုးသမီးဘောလုံးသမား Rapinoe နဲ့ သမ္မတ Trump တို့ Twitter ပေါ်မှာ အပြန်အလှန်

မြစ်ဆုံစီမံကိန်း အများပြည်သူသိခွင့်ရရေး အရှိန်မြှင့်လှုပ်ရှားမည်
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အများပြည်သူသိအောင် ချပြဖို့ တောင်းဆိုခဲ့ပေမဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေဖက်က တုံ့ပြန်မှု မရှိတဲ့အတွက် နောက်တဆင့် အနေနဲ့ လှုပ်ရှားမှုတွေ တိုးမြှင့်သွားမယ့်အကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ စာချုပ်ကို ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုချိန်ထိ မထုတ်ပြန်ပေးလို့ လက်ကမ်းစာစောင် ကမ်ပိန်း လုပ်ဖို့ စီစဉ်နေကြပါတယ်။ ဒါ့အပြင် မြစ်ဆုံစာချုပ်ကို ချမပြ တာဟာ အကျိုးအမြတ်အတွက်ကြောင့်လားဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
Subscribe to:
Posts (Atom)