
Pages
Sunday, May 19, 2019
မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကိုလွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်းဖမ်းဆီး၍ ဥပဒေအရအရေးယူ

သတင်းသမားတွေကို ပုပ်ရဟန်းမင်း ချီးကျူးဂုဏ်ပြု
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းရယူရင်း သေဆုံးသွားရတဲ့ သတင်းသမားတွေကို ချီးကျူးဂုဏ်ပြုလိုက်ပြီး သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတစ်ခုရဲ့ကျန်းမာသန်စွမ်းမှုပြဆိုတဲ့ အဓိကအကျဆုံး ညွှန်းကိန်းဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။
Yangon Night Market အသစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည်

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ကူညီမည့်ကိစ္စကို အကူအညီပေးရေးအဖွဲ့များနှင့် လူအခွင့်အရေးအဖွဲ့များက ဝေဖန်
ပဋိပက္ခများ နှိပ်စက်ခဲ့သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကူညီမည့် ကမ္ဘာ့ဘဏ်၏ အစီအစဉ်သည် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင် သည်ဟု အကူအညီပေးရေးအဖွဲ့များနှင့် လူ့ အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်သီတင်းပတ်က ကမ္ဘာ့ဘဏ်သည် “အလုပ်အတွက် ငွေ” ဟူသည့် အစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့ရန် ပထမဆုံး အဆိုပြုချက်အသေးစိတ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသတစ်ခု၌ လုပ်ငန်းငယ်များကို အစိုးရမှတစ်ဆင့် ထောက်ပံ့သွားရန် ပါဝင်သည်။
မန္တလေးမြို့ရှိ နေအိမ်တစ်ခုတွင် လူတစ်ဦးက အနုကြမ်းဝင်းစီးသူကို ရဲတပ်ဖွဲ့က ၂၄နာရီအတွင်း ဖမ်းဆီးရမိ

တိုင်းပြည်မတိုးတက်ခြင်းသည် ဖွဲ့စည်းပုံကြောင့်မဟုတ် လူနှင့်သာသက်ဆိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော
တိုင်းပြည်မတိုးတက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်မဟုတ်ဘဲ လူနှင့်သာသက်ဆိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မေ ၁၇ ရက်တွင် ပြောဆိုသည်။ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီ ခရိုင်ရုံး ရွှေသီဟခန်းမ၌ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မိုးညို၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင် ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်များရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် မေ ၁၇ ရက် ညနေ ၃ နာရီတွင် တွေ့ဆုံ စဉ် အမှာစကားပြောရာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံ၌ တရားမဝင် တောချက်အရက်ရောင်းသူကို ယစ်မျိုးဥပဒေဖြင့် အမှုဖွင့်

အိမ်သုံးမီတာ တယူနစ် ၃၅ ကျပ်သာပေး၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေမှုများရှိနေ၊ လျှပ်စစ်မီး တရားမဝင်သုံးစွဲနေမှုများကို စိစစ်ဖော်ထုတ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်များ ပြော
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လုပ်ငန်းသုံးမီတာတယူနစ် ၇၅ ကျပ်မပေးဘဲ အိမ်သုံးမီတာတယူနစ် ၃၅ ကျပ်သာပေး၍ စီးပွားရေးလုပ်ကိုင်မှုများရှိနေပြီး အဖီအစွယ်ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်နှင့် ဆိုင်ခန်းများတွင် လျှပ်စစ်မီးကိုတရားမဝင်လိုင်းချိတ်သုံးစွဲနေမှုများရှိနေသဖြင့် စိစစ်ဖော်ထုတ်သင့်ကြောင်း တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
တတိယ အဖွဲ့အစည်းဖြစ်သော E-Guard က တီကျစ်ကျောက်မီးသွေးစက်ရုံ EIA အစီရင်ခံစာစစ်တမ်း အောင်မြင်စွာ ပြီးဆုံးကြောင်း ထုတ်ပြန်ချက်ကို MATA အဖွဲ့ ငြင်းဆိုခဲ့
တတိယ အဖွဲ့အစည်းဖြစ်သော E-Guard မှတီကျစ်ကျောက်မီးသွေးစက်ရုံ EIA အစီရင်ခံစာစစ်တမ်း အောင်မြင်စွာ ပြီးဆုံးကြောင်း ထုတ်ပြန်ချက်ကို MATA အဖွဲ့မှ ငြင်းဆိုလိုက်ကြောင်း ဦးအောင်ကျော်မိုးက အတည်ပြု ပြောကြားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု တီကျစ်ဒေသ ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ လူထုတွေ့ဆုံပွဲ Public Consultation ကို တီကျစ်ကျေးရွာအုပ်စု တောင်ပို့ကြီးကျောင်းတိုက်တွင် မေ ၇ ရက်တွင် တတိယ အဖွဲ့အစည်းဖြစ်သည့် E-Guard အဖွဲ့မှ ပြုလုပ်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်
""ငါပြန်လာမယ် ''မင်းသားကြီး အာဖရိက နိုင်ငံ အားကစားပွဲတော်မှာ တိုက်ခိုက်ခံရ
အမေရိကန် ရုပ်ရှင်မင်းသားကြီး အာနိုး Arnold Schwarzenegger ကို ဆယ်ဖီရုပ်သံ ရိုက်နေတဲ့ အချိန် နောက်က အမျိုးသားတစ်ဦးက ခြေထောက်နဲ့  ခုန်ကန်ခဲ့တာဖြစ်ပါတယ် မင်းသားကြီးရဲ့  ကိုယ်ရံတော် တစ်ဦးက အဆိုပါ တိုက်ခိုက်လာသူအမျိုးသားကို နောက်ကနေ လည်မျိုညစ်ပြီး ဖမ်းချုပ်လိုက်တာကိုလည်း ရုပ်သံမှာမြင်တွေ့ ရပါတယ်။ အသက် (၇၁) နှစ် အရွယ်မင်းသားကြီးကတော့  သူ့ ရဲ့  တွစ်တာ အကော င့်မှာ ဒါဟာ ဘာမှ စိုးရိမ်စရာမရှိပါဘူး ကျွန်တော် ဘာမှမဖြစ်ပါလို့  ရေးသားထားတာတွေ့ ရပါတယ်။ မင်းသားကြီးကို ခုလိုတိုက်ခိုက်ခဲ့တာဟာ ဘာရည်ရွယ်ချက်ကြောင့်ဆိုတာ မသိရသေး ပါဘူး မင်းသားကြီး အာနိုးဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကို တိုက်ခိုက် ဝေဖန်နေသူတွေမှာ သူလည်း ပါပါတယ်။
ရှမ်းရိုးမ - ၂ စစ်ဆင်ရေး ဆောင်ရွက်ချက်အရ တာချီလိတ်မှာ ဘိန်းဖြူတွေဖမ်းမိ
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး စီမံချက် - ‘ရှမ်းရိုးမ - ၂’ စီမံချက် ဆောင်ရွက်ရာမှာ ရရှိလာတဲ့ သတင်းအရ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းက နေအိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးရာမှာ ဘိန်းဖြူ ၄၄၀ ဂရမ်ခန့်ကို မေလ ၁၈ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင် ရရှိ
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းတချို့ ဦးဆောင်ပါဝင်သည့် အမျိုး သားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (Democratic Party of National Politics – DNP) သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့်ကို မေ ၁၇ ရက် တွင် ရရှိခဲ့သည်။ေ နပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ သူရိယလမ်းနှင့် မြတ်လေးရုံလမ်းထောင့် အမှတ် (ဒ/၃၂၂၀၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ပါတီမှတ်ပုံတင် အမှတ်မှာ ၁၁၄ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
ပရိယတ္တိပညာရည်ချွန်ဆုနှင်း ပူဇော်ပွဲ ကျင်းပ
မမျှော်လင့်ပဲ ဆုံးပါးသွားခဲ့တဲ့ Make Up Artist တစ်ဦးကြောင့် ယူကျုံးမရဖြစ်ခဲ့ကြတဲ့ သင်ဇာဝင့်ကျော်နဲ့ နေခြည်ဦး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ရထားနှစ်စီးတိုက်မိမှုဖြစ်ပွား ၊ လူ ၃၄ ဦး ဒဏ်ရာရ

ABSDF ဗဟိုကော်မတီဝင်တစ်ဦး ဘောလုံးကစားနေစဉ် ရုတ်တရက် ကွယ်လွန်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီ ဝင် ဦးကျော်ကိုကိုသည် ဘောလုံးကစားနေစဉ် နှလုံးရောဂါကြောင့် ရုတ်တရက်ကွယ်လွန်ကြောင်း ၎င်း၏ဘောလုံးကစားဖော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဦးဘိုကြည်က ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေလ ၁၇ ရက် ညတွင် ဘောလုံး ကစားစဉ် ရုတ်တရက် လဲကျသ ဖြင့် ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပြီး အရေးပေါ်ကားခေါ်ယူ၍ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံတွင် စက်ဖြင့် ဆက်လက် ကုသသော်လည်း မေလ ၁၇ ရက် ည ၈ နာရီ ၁၀ မိနစ်၌ သေဆုံးကြောင်း ဆရာဝန်က အတည်ပြုခဲ့သည်ဟု ၎င်းက ဆက် လက်ပြောသည်။
ပလက်ဝ-မီဇိုရမ်လမ်းဝန်ထမ်းများကို မက်လုံးပေး တာဝန်ချထား
ရခိုင်ပြည်နယ်ရှိ အန္တရာယ်များသော ပလက်ဝ-မီဇိုရမ်လမ်းစီမံကိန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လမ်းတ ည်ဆောက်ရေးဝန်ထမ်းများအား မက်လုံးပေးကာ တာဝန်ဆက်လက်ချထားနေရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။ ''သူတို့အတွက် Incentive(မက်လုံး) ပေးထားတာကတော့ ဒီစီမံကိန်း သတ်မှတ်အချိန်ပြီးသွားတယ်ဆိုရင် သူတို့လိုချင်တဲ့နေ ရာကို ပြောင်းပေးမယ်ဆိုပြီး Incentive ပေးထားတဲ့အတွက် သူတို့ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်''ဟု မေ၁၇ရက် အစိုးရ၏တတိယတစ်နှစ်အတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားသည်။
ရခိုင်စစ်ရေးပြဿနာများအား ဖြေရှင်းဆောင်ရွက်ပေးရန် မြို့နယ်လေးမြို့နယ်တွင်ဆန္ဒပြ


နည်းလမ်းသစ်ဖြင့် NCA ကို အကောင်အထည်ဖော်မည်ဟု KNU ထုတ်ပြန်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှနေ၍ နုတ်ထွက်စာတင်ထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် နည်းလမ်းအသစ်ဖြင့် ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့သည့် PPST ထိပ်သီးညီလာခံတွင် KNU ၏ နည်းလမ်းအသစ်ဖြစ်သည့် PPCM ကို တင်ပြခဲ့အပြီး မေ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြည်မြို့က သစ်ပင်စိုက်ပါ လူထုလှုပ်ရှားမှု


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြောင်းနှင့်လေကြောင်း လူငယ် မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားတဲ့စေတီကို ပြန်လည်ပြုပြင်သွားမယ့် လွင်မိုး

အယ်လ်ဂျီးရီးယား ဆန္ဒပြသူများ ရဲအရာရှိတဦးကို ကားပေါ်မှတွန်းချ
အီတာလျံအိုးပန်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် နဒါး တွေ့ဆုံ
လာမည့် ကွန်မြူနတီဒိုင်း ပွဲစဉ်တွင် မန်စီးတီးနှင့် လီဗာပူး တွေ့ဆုံ
လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီအစ ကွန်မြူနတီဒိုင်း ဘောလုံးပြိုင်ပွဲမှာ မန်ချက်စတာစီးတီးနဲ့ လီဗာပူး တို့ ယှဉ်ပြိုင်ရမှာပါ။ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ပုံမှန်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ ကစားရတာပါ။ ဒါပေမယ့် ဒီနှစ်ရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေမှာ ချန်ပီယံ ဖြစ်ထားတဲ့အတွက် ပရီးမီးယားလိဂ်မှာ ဒုတိယရတဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ရက်အတိအကျ မသတ်မှတ်ရသေးပေမယ့် လာမယ့် သြဂုတ် ၃ ရက်နဲ့ ၄ ရက်တွေ့မှာ ဖြစ်ဖို့ များပါတယ်။ မန်စီးတီးဟာ ၂၀၁၈ ကွန်မြူနတီဒိုင်း ပွဲစဉ်တုန်းက ချဲလ်ဆီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
နွားများကို နမ်းပြီး Challenge မလုပ်ရန် သြစတြေးလျအစိုးရ ကြေညာချက်ထုတ်
ကျောင်းသုံးပစ္စည်းများ ပြန်လည်လှူဒါန်းရန် “ပိုဝယ်ခဲ့ပါ” လှုပ်ရှားမှု ပြုလုပ်
သြစတြေးလျဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်ရ
မိခင်ဝမ်းဗိုက်ထဲက ကလေးငယ်ကျောရိုးကို ပြွန်အသုံးပြု ခွဲစိတ်
ဗြိတိန်နိုင်ငံမှာ မိခင်ဝမ်းထဲက ကလေးငယ်ကျောရိုးကို ပြွန်အသုံးပြုပြီး ဆရာဝန်တွေက ပထမဆုံးအကြိမ် ခွဲစိတ်ခဲ့ပါတယ်။ အမျိုးသမီး ရှယ်ရီရှာ့ပ်ဟာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၇ ပတ်နဲ့ ခွဲစိတ်မှု ခံယူခဲ့တာပါ။ သူ့ကလေးမှာ စပိုင်နာဘစ်ဖစ်တာဒါ (Spina bifida) လို့ခ်ါတဲ့ ကျောရိုးမ ကောင်းကောင်း မဖွံ့ဖြိုးတဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုး ရှိပါတယ်။
နာမည်ကျော် “Game of Thrones” ဇာတ်လမ်းတွဲအထိမ်းအမှတ် ခွက်ကိတ်မုန့်များ ရောင်းချ
အိုကလာဟိုးမားမြို့က သည်းထိတ်ရင်ဖိုဖြစ်ရပ်

အမျိုးသမီးတဦးက အဘိုးအိုအား ကားပေါ်မှတွန်းချသည့်ဗွီဒီယို လာ့စ်ဗီးဂတ်စ်ရဲ ထုတ်ပြန်

ရဲကားပေါ်လိုက်စီးရင်း ၉၁၁ ကို အဆက်မပြတ်ဖုန်းခေါ်သည့် အမျိုးသား အဖမ်းခံရ
ရဲကားတစီးရဲ့ နောက်ခန်းမှာ ထိုင်စီရင်း ၉၁၁ နံပါတ်ကို အဆက်မပြတ် ဖုန်းခေါ် နှောင့်ယှက်ခဲ့တဲ့ အမျိုးသားတဦးကို မန်ဆာချူးဆက်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ Fox News သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့မေလ ၅ ရက်က ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာ အသက် ၃၉ နှစ်အရွယ် ဂျက်စီဘာနာ ဝဲလ်တန်ဆိုသူက ဆောက်သင်တန်မှာရှိတဲ့ ဘားတခုကနေ ပြန်ဖို့ ငြင်းဆန်ခဲ့လို့ ဘားတာဝန်ရှိသူက ရဲကိုဖုန်းဆက် အကူအညီတောင်းခံခဲ့ပါတယ်။
ညောင်လေးပင်မြို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ
ခရီးသည်တင်ယာဉ်တစီး ချောင်းထဲထိုးကျ၊ ၄ ဦး ဒဏ်ရာရ
ဆော်ဒီတွင် ဖိလစ်ပိုင်အိမ်အကူတဦး နေလှန်းကြိုးတုပ်အပြစ်ပေးခံရ၊ တာဝန်ရှိသူများ နေရပ် ပြန်ခေါ်
အီတာလျံအိုးပန်း ကွာတားအဆင့်တွင် ဂျိုကိုဗစ်က ဒယ်ပေါ်တိုကို အနိုင်ရ
အီတလီနိုင်ငံ ရုန်းမှာ မေလ ၁၇ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး နိုဗက်ဂျိုကိုဗစ်က ဂျုအန်မာတင်ဒယ်ပေါ်တိုကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ပထမပွဲမှာ အာဂျင်တီးနားနိုင်ငံ ဒယ်ပေါ်တိုက ၆-၄ နဲ့ အနိုင်ရခဲ့တာပါ။ ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ်ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယပွဲမှာ ၇-၆ နဲ့ နိုင်ခဲ့ပါတယ်။ တတိယပွဲမှာ ဂျိုကိုဗစ်ကပဲ ၆-၄ နဲ့ နိုင်ပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ဒီပြိုင်ပွဲကို နာမည်ကြီး တင်းနစ်သမားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရော်ဂျာဖက်ဒရာကတော ညာခြေထောက် ဒဏ်ရာရတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ အီတာလျံအိုးပန်း ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားက ကမ္ဘာ့အဆင့် ၂၄ ဖြစ်တဲ့ ဒီယေဂို ရှဝပ်စမန်နဲ့ ယှဉ်ပြိုင်ရမှာပါ။
အိန္ဒိယနိုင်ငံ မိုးရေးတွင် မီးလောင်၊ မြန်မာမီးသတ်ကားများ ၀ိုင်းဝန်းငြှိမ်းသတ်

ဟိုပင်မြို့တွင် မြေငလျင်လှုပ်ခတ်
ကချင်ပြည်နယ် ဟိုပင်မြို့မှာ ဒီနေ့ မွန်းလွဲပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မေလ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က ဟိုပင်မြို့မှ အနောက်မြောက်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၄၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။
ဒေါ်လာ သန်း ၁ဝဝ ခန့်ခိုးယူသည့် နက်ဝါ့ခ်တခုကို နိုင်ငံ ၆ နိုင်ငံက အာဏာပိုင်များ ဖြိုခွင်း
ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ခိုးယူပြီး ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်တဲ့ နက်ဝါ့ခ်တခုကို နိုင်ငံ ၆ ခုက အာဏာပိုင်တွေ ဖြိုခွင်းလိုက်တယ်လို့ ဥရောပ ရဲတပ်ဖွဲ့အေဂျင်စီက မေလ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ ဂေါ့ဇ်နင်ဆိုတဲ့ နက်ဝါ့ခ်ဟာ လူပုဂ္ဂိုလ် ၄၁,၀၀၀ ကျော်ရဲ့ ကွန်ပျူတာတွေထဲ ၀င်ရောက်ပြီး အမေရိကန် နဲ့ တခြားနေရာတွေက သူတို့အဖွဲ့ဝင် ထိန်းချုပ်တဲ့ အကောင့်တွေကတဆင့် ခိုးယူခဲ့တဲ့ ငွေတွေကို ငွေဖြူပြောင်းလဲခဲ့တယ်လို့ ဥရောပရဲတပ်ဖွဲ့ က ဆိုပါတယ်။
အိမ်မွေးခွေးလေးများကို အာဏာပိုင်နာမည် ပေးမိသဖြင့် ထောင်ဒဏ် ချမှတ်ခံရ
သားအမိ ၄ ဦးအား တရုတ်ဘက် ရောင်းချခဲ့သည့် လူကုန်ကူးသူများကို ဖမ်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာမှာ နေထိုင်တဲ့ သားအမိ ၄ ယောက်အား တရုတ်နိုင်ငံဘက် ပို့ဆောင်ရောင်းချခဲ့တဲ့ လူကုန်ကူးသူ ၄ ဦးကို နမ့်ခမ်းမြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ အဲ့ဒီလိုသွားရောက် ရောင်းချခဲ့တဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို မေ ၁၅ ရက်နေ့က ဌာနေပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန်မလည်ပတ်နိုင်မှုသည် လက်ရှိဆန်စပါးဈေးကွက်အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေဟုဆို
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန်မလည်ပတ်နိုင်မှုသည် လက်ရှိ ဆန်စပါးဈေးကွက်အပေါ် ကြီးမား စွာသက်ရောက်မှုရှိနေကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ကထုတ် ပြန်လိုက်သည်။ေ နွစပါးပေါ်ချိန်တွင် လျှပ်စစ် မီးပြတ်တောက်မှုကြောင့် စပါးအစို ဓာတ်များသဖြင့် စပါးဈေးများကျ ဆင်းနေကြောင်း မြန်မာနိုင်ငံဆန်ကုန် သည်များအသင်းဥက္ကဋ္ဌ ဦးအောင် သန်းဦးက ပြောသည်။
မြို့ပတ်ဘူတာရုံများ အဆင့်မြှင့်ရာ၌အိမ်ရာစီမံကိန်းများနှင့်ပေါင်းစပ်နိုင်ရန် ပြင်ဆင်ထား
-ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်ရှိ ဘူတာ ရုံများအဆင့်မြှင့်ရာ၌ မြို့ပြအိမ် ရာစီမံကိန်းများနှင့်ပါ ပေါင်းစပ် နိုင်ရန်ပြင်ဆင်နေကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော သည်။ မေ ၁၈ ရက် ရန်ကုန်ဘူတာ ကြီးတွင်ပြုလုပ်သည့် ရန်ကုန်-မန္တ လေးရထားလမ်းပြန်လည်မွမ်းမံ ခြင်း (စီမံကိန်းအဆင့်-၁)နှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းအဆင့်မြှင့်တင် ခြင်းစီမံကိန်းဆောင်ရွက်ခြင်းများ အတွက် ပန္နက်တင်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၈-၁၉ ခုနှစ်လောလုံးရာသီ၏ The Premier League Grounds Team of the Season ဆုအား မန်ယူအသင်းရရှိ
၂၀၁၈-၁၉ ခုနှစ်လောလုံးရာဦအား ဆုဖလားလက်မဲ့ အခြေအနေဖြင့် ဖြတ်ကျော်ခဲ့ရသည့် မန်ယူအသင်းသည် အဆိုပါရာသီအတွက် မြက်ခင်းပြင်အကောင်းဆုံးဆု (The Premier League Grounds Team of the Season) ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သတင်းများတွင်ရေးသားဖော်ပြထားသည်။ေ ဘာလုံးရာသီတစ်လျောက်တွင် ပြိုင်ပွဲကျင်း ပရေးတာဝန်ရှိသူများနှင့် ဒိုင်လူကြီးများက ကွင်းမြက်ခင်းပြင် အနေအထား၊ ပတ်ဝန်းကျင်အနေအထားအပါအဝင် အချက်အလင်အချို့အပေါ် အမှတ်ပေးခြင်ုးဖြင့် အဆိုပါဆုအား ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇-၁၈ ခုနှစ်ဘောလုံးရာသီအတွက် The Premier League Grounds Team of the Season award ဆုအား ဝတ်ဖို့ဒ်အသင်းက ရရှိခဲ့သည်။
အိန္ဒိယသမုဒ္ဒရာထဲရှိ လူသူအရောက်အပေါက်နည်းသည့် ကျွန်းစုလေးတွင် ပလတ်စတစ်အမှိုက် ၄၁၄ သန်းခန့် သောင်တင် ညစ်ညမ်းနေ

ထိုင်းဗိုလ်ချုပ်အယောင်ဆောင်ထားသူ၏ ဘန်ကောက်ရှိနေအိမ်ကို ဝင်ရောက်ဖမ်းဆီး

မိုက်ကယ်ကျော်မြင့်နှင့် နောက်တစ်ဦးကို မေလ ၂၃ ရက်မတိုင်မီ လာရောက်ရန် ဝရမ်းထုတ်ထား
ပြီးခဲ့သည့်ရက်ပိုင်းက မွတ်စလင်တို့၏ရမ္မဇန်ဥပုသ်လဝတ်ပြုပွဲများမပြုလုပ်ရန်တောင်ဒဂုံမြို့နယ်၌ သွားရောက်ပိတ်ပင်နှောင့်ယှက်သောကြောင့် တရားစွဲခံထားရသူ မိုက်ကယ်ကျော်မြင့်နှင့် အမျိုးသားတစ်ဦးတို့ကိုယခုလ ၂၃ ရက်မတိုင်မီ မြို့နယ်တရားသို့ လာရောက်ရမည်ဟု ၎င်းတို့အား ထုတ်ထားသော တရားရုံးဖမ်းဝရမ်းများတွင်ဖော်ပြ ထားသည်။ ထိုဝရမ်းစာများတွင် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ) ဖြင့်တရားစွဲဆိုခြင်းခံထားရပြီး၊မေလ၂၃ရက် (လာမည့်ကြာသပတေးနေ့) မတိုင်မီတောင်ဒဂုံမြို့နယ်တရားရုံးသို့လာရောက်ရမည်ဟုဖော်ပြထားသည်။
ဆေးကုစရိတ်မရှိသောကြောင့်ဟုဆိုကာ မိခင်က မွေးကင်းစ(၆)ရက်သားကလေးငယ်အား စွန့်ပစ်မှု ဖျာပုံမြို့ ၌ ဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ တွင် မွေးကင်းစ (၆)ရက်သာရှိသေးသော ကလေးတစ်ဦးကို ဆေးကုသစရိတ်မရှိသောကြောင့်ဟုဆိုကာ မိခင်ဖြစ်သူက စွန့်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖျာပုံမြို့ ၊ (၅)လမ်းနှင့် ဘုရင့်နောင်လမ်းထိပ်ရှိ ညပိုင်းမှ ထွက်သည့်ခေါက်ဆွဲကြော်ဆိုင်၏ ဆိုင်ခုံဘေးကြမ်းပြင်တွင် မွေးကင်းစကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်ထားကြောင်း အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိရသဖြင့် ဖျာပုံမြို့ မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ကနဦးသတင်းအဖြစ် သိရသည်။
ဖျာပုံမြို့ ၊ (၅)လမ်းနှင့် ဘုရင့်နောင်လမ်းထိပ်ရှိ ညပိုင်းမှ ထွက်သည့်ခေါက်ဆွဲကြော်ဆိုင်၏ ဆိုင်ခုံဘေးကြမ်းပြင်တွင် မွေးကင်းစကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်ထားကြောင်း အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိရသဖြင့် ဖျာပုံမြို့ မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ကနဦးသတင်းအဖြစ် သိရသည်။
မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး အောက်တိုဘာတွင် စတင်ဆောင်ရွက်မည်

ခက်မိုက်မိုက်ဖိုက်တာတစ်ဦးအဖြစ်တွေ့ရတဲ့ ပရိသတ်အချစ်တော် အောင်လအန်ဆန်း
ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။
ဘဝကြီးတစ်ခုလုံးပေးဆပ်ပြီး မြန်မာကို ကမ္ဘာကသိစေသူ

ရုပ်ရှင်ရုံငှားစားပြီး ရရှိသည့် အခွန်အခနှင့် တင်းတိမ်နေမည် မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းပြော
ရုပ်ရှင်မြှင့်တင်ရေးဆိုသည့် နာမည်ဖြင့် ရုပ်ရှင်ရုံငှားစားပြီး ရရှိသည့် အခွန်အခကို တင်းတိမ်နေမည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်သည်။ေ မလ ၁၈ ရက်က Sky Star ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ပွဲတော်အတွက် ပထမအကြိမ် အကြံ ဥာဏ်ရယူသည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
တိုင်ကြားရာတွင် တိုင်ကြားသူ၏ အမည်၊ လိပ်စာ မပါရှိသော ပစ်စာများကြောင့် အခြေခံပညာရှိ ဆရာ ဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေဟုဆို
တိုင်ကြားသူ၏ အမည်၊ လိပ်စာ မပါရှိသော ပစ်စာများကြောင့် အခြေခံပညာရှိ ဆရာ ဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများက ပြောကြားသည်။ေ မ ၁၈ ရက်က ရန်ကုန်မြို့ အိုလံပစ်တာဝါရှိ Myanmar Press Freedom Center တွင် ကျင်းပသော ပညာရေး ဝန်ထမ်းများ ထိခိုက်နစ်နာ ဆုံးရှုံးနေမှုများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်ကြားသူ၏ အမည်၊ လိပ်စာ အချက်အလက်များ မပါရှိသည့် ပစ်စာများကြောင့် တိုင်ကြားခံရသည့် ဆရာ ဆရာမများ အနေဖြင့် ပြစ်မှုကျူးလွန်သည်ဖြစ်စေ ပြစ်မှုမကျူးလွန်သည်ဖြစ်စေ စစ်ဆေးစဉ်ကာလမှစ၍ ၎င်း၏ ဂုဏ်သိက္ခာပိုင်းအရ ကျဆင်းမှုရှိကြောင်း အ.မ.က (မယ်ဂျာ) မှ မူလတန်းကျောင်းအုပ် ဦးဇော်ဇော်က ပြောကြားသည်။
စိန်ထည် သိန်း ၂၅၀ ဖိုး ကောက်ရပြီး ပိုင်ရှင်ထံပြန်ပေးသူ

ယူရိုပါလိဂ် ဗိုလ်လုပွဲ လက်မှတ်တွေ မရောင်းရ
အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က လက်မှတ်ခွဲတမ်း ၆၀၀၀ စီ ရရှိထားပေမယ့် တစ်ဝက်စီသာ ရောင်းနိုင်တဲ့အပေါ်မှာ ယူအီးအက်ဖ်အေရဲ့ ဗိုလ်လုပွဲကို ဘာကူမှာလုပ်ဖို့ စီစဉ်ခဲ့တဲ့အပေါ် ဖြေရှင်းချက်တောင်းလာခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲကစားမယ့် အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ လက်မှတ်ခွဲတမ်းကိုယ်စီ ၆၀၀၀ စီ ရရှိထားကြပါတယ်။ ဒါပေမယ့်လည်း လက်မှတ်ခွဲတမ်းကိုယ်စီရဲ့ တစ်ဝက်ခန့်လောက်သာ လက်မှတ်တွေ ရောင်းကုန်ထားပြီး တစ်ဝက်ကျော်လောက် မရောင်းရပဲ ရှိနေတယ်လို့ Daily Mailက ဖော်ပြလာပါတယ်။
တပ်မတော်ကိုထောက်ခံပွဲနှင့် ဖွဲ့စည်းပုံမှ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လားရှိုးတွင် ဆန္ဒထုတ်ဖေါ်

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ မေ ၂၄ ရက်၌ အပစ်ရပ်ရေး ဆွေးနွေးမည်
အစိုးရ၊ တပ်မတော်နှင့်မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော ကချင်အဖွဲ့(KIA)၊ တအာင်း(ပလောင်)အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့သည် အပစ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲကို မေ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆန်းအောင်က မေ ၁၈ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။
ထားဝယ်ခရိုင် လောင်းလုံးကမ်းရိုးတန်း ကျောက်တွင်းကျေးရွာ အနီးရှိ ကမ်းခြေပေါက် မြေဧက ၃၇၀ ကို နိုင်ငံတကာ အဆင့်မီ ခရီးသွားလာရေး လုပ်ငန်းနှင့် ဟိုတယ်စီမံကိန်းများ ဆောင်ရွက်ရန် NAN YI MON AUNG GEMS Co.,Ltd. က လျှောက်ထားမှုအပေါ် မေ ၃၁ ရက်အထိ ကန့်ကွက်လွှာခေါ်ယူ

မကြာခငမွာ ကမ္ဘာကော်အနုပညာရွငတစယောကနဲ့ လကထပတော့မယလို့ျေပျာပလိုကတဲ့ Selena Gomez

သီရိလင်္ကာ လွတ်ငြိမ်းခွင့် အစွန်းရောက် သံဃာ မပါဝင်
သီရိလင်္ကာ သမ္မတ က အကျဉ်းသား ၇၆၂ ဦးကို ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် မနေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပေမယ့် အမုန်းတရား ဟောကြားမှုနဲ့ နာမည်ကျော်တဲ့ သံဃာတော် အရှင် Gnanasara ဂနားနားစာယား တော့ ပါဝင်ခြင်း မရှိပါဘူး။ Welikada ဝယ်လီကားဒါး အကျဉ်းထောင်မှာ လွှတ်ပေးမယ့် အကျဉ်းသားတွေကို သမ္မတ Sirisena ဆီရီဆီးနာက မိန့်ခွန်းပြောရာမှာ လူ့ဘောင်အသိုင်းအဝန်းမှာ ဘဝတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် သူတို့ကို ငွေကြေးထောက်ပံ့မယ်လို့ ကတိပေးခဲ့ပါတယ်။
PPST ထိပ်သီးအစည်းအဝေးကို ငါးရက်ကြာဆွေးနွေးခဲ့ပြီး အလုပ်အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်း

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၈၄ ဦး ဘင်္ဂလားဒေ့ရှ် တားဆီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေစီးထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၈၄ ယောက် ကို တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၆၇ ယောက်ဟာ ထွက်ပြေးမယ့် ငါးဖမ်းလှေပေါ်တက်ဖို့ စောင့်ဆိုင်းနေချိန်မှာ ဖမ်းမိတာဖြစ်ပြီး အဲဒီအထဲမှာ အမျိုးသမီး ၃၁ ယောက်နဲ့ ကလေး ၁၅ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ စိန့်မာတင်ကျွန်းက ရိုဟင်ဂျာ ၁၇ ယောက်ကိုလည်း သူတို့ထွက်ပြေးမယ့် ငါးဖမ်းလှေပေါ်မတက်ခင်မှာ ကမ်းခြေစောင့်တပ်က ဖမ်းမိတာဖြစ်ပါတယ်။
အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို စဉ်ဆက်မပြတ်လျှော့ချရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ထုတ်ဖော်သတင်းပေး နိုင်သူများအား အကာအကွယ်ပေးပြီး ဆုချီးမြှင့်မှုများဖြင့် အသိအမှတ်ပြုမှုများ လုပ်နိုင်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌ ပြောကြား

အားလုံးပါဝင်ရမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် အလွန်အကျွံ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ၏ အဆင်းရဲဆုံး ရာခိုင်နှုန်း ၄၀ အတွက် ချမ်းသာကြွယ်ဝမှု မျှဝေခြင်းကို မြှင့်တင်ရေးဟူသည့် ကမ္ဘာ့ဘဏ်၏ ရည်မှန်းချက် နှစ်ရပ်ကို အဓိကစိန်ခေါ်နေသည့်အရာမှာ အဂတိလိုက်စားမှုဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု လျှော့ချနိုင်ရေးသည် ဖွံ့ဖြိုးမှုအတွက် ဘဏ္ဍဍာထောက်ပံ့ရေး အစီအစဉ်အတွက် အဓိကရည်မှန်းချက်တစ်ရပ်ဖြစ်လာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ၌ အချက်အချာကျလာ သည်။
ရွှေပြည်သာ တံတားအဆင်းတွင် ဘုရားဖူးယာဉ်နှင့် အုတ်သဲကျောက် တင်ဆောင်လာသည့် ယာဉ် တိုက်မိပြီး ၁၆ ဦး ဒဏ်ရာရရှိ

သြစတြေးလျ ရွေးကောက်ပွဲ၌ အတိုက်အခံလေဘာပါတီက မမျှော်လင့်ဘဲ အရေးနိမ့်ခဲ့ပြီး ကွန်ဆာဗေးတစ်တို့ အနိုင်ရ
သြစတြေးလျရွေးကောက်ပွဲတွင် အာဏာရ ကွန်ဆာဗေးတစ်ညွန့်ပေါင်းတို့ အရေးနိမ့်ပြီး လေဘာပါတီက အနိုင်ရမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ကွန်ဆာဗေးတစ်တို့က အနိုင်ရရှိသွားခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု တစ်ပြေးခဲ့သော လေဘာပါတီခေါင်းဆောင် ဘီလ်ရှော့တန်းက ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ဝန်ခံခဲ့ပြီး ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ရွေးကောက်ပွဲတွင် သူ၏ပါတီက အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့မှုအတွက် “တိတ်ဆိတ်နေသော သြစတြေးလျပြည်သူ” တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။
ဂျာမနီ၌ လျှပ်စစ် စကူတာများကို လမ်းမများတွင်စီးရန် ခွင့်ပြု

ပန်ဒါများ၏တည်နေရာသိနိုင်မည့် App ကို တရုတ်သုတေသီများ ဖန်တီး
မျက်နှာမှတ်သားသော နည်းပညာကို အသုံးပြုလျက် ထိန်းသိမ်းစောင့်ရှောက်သူများ က ပန်ဒါဝက်ဝံတစ်ကောင်ချင်းစီကို သိရှိနိုင်မည့် APP တစ်ခုကို တရုတ်က ဖန်တီးခဲ့သည်ဟု အစိုးရပိုင်သတင်းအေဂျင်စီ ဆင်ဟွာက မေ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။ တစ်ကောင်ချင်းစီကို မှန်ကန်စွာ သိရှိနိုင်စေရန် ပန်ဒါကောင်ကြီးများ၏ ရုပ်ပုံ ၁၂၀ဝ၀ဝ နှင့် ဗီဒီယိုအတို ၁၀ဝ၀ဝ တို့နှင့် အတူ သတင်းအချက်အလက်ကို သုတေသီများက တည်ဆောက်ခဲ့ကြသည်။
နာမည်ကျော် ဘော်လီဘောကစားသမား Lang Ping ၏ အတ္ထုပ္ပတ္တိဇာတ်ကားတွင် ဂေါင်းလီ ပါဝင်မည်

မန်စီးတီးက ၀က်ဖို့ဒ်ကို ၆ ဂိုးပြတ်နိုင်ပြီး အက်ဖ်အေဖလား ဗိုလ်စွဲ

ဘွန်ဒတ်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်က ၇ နှစ်ဆက်တိုက် ချန်ပီယံဆုကို ရယူ

PPST မှ နုတ်ထွက်ခြင်းကြောင့် NCA လမ်းကြောင်းကို လုံးဝမထိခိုက်ဟု KNU ပြော
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကနေ နုတ်ထွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံးက စာတင်ခဲ့ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ဆယ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံမှာ နုတ်ထွက်စာတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချင်တာကြောင့် အခုလို တင်ရတာလို့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။
ရွှေဘို ကဆုန်ညောင်ရေသွန်းပွဲတော် လူ ၁ သောင်းကျော် လာရောက်
ဖားကန့်တွင် ပထမဆုံး အဆင့်မြှင့် ရုပ်ရှင်ရုံဖွင့်လှစ်
တန့်ဆည်မြို့တွင် အမျိုးသား အလောင်းတလောင်း တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ရွှေကူမူးလက်တက် ကမ်းဘေးမှာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက အမျိုးသားအလောင်းတလောင်း တွေ့ရှိခဲ့ပါတယ်။ ကံထူးမ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက “စခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ ရွှေကူကျေးရွာ အုပ်ချုပ်ရေးမှူး၊ပေကုန်း ရွာခွဲတာဝန်ခံတို့နဲ့အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့တယ်။ ပေကုန်းရွာနဲ့ ၂ ဖာလုံလောက်အကွာ ရွှေကူမူး လက်တက် တောင်ဘက်ကမ်း ရေထဲက မြက်ပင်တွေကြားမှာ အမျိုးသားတ ဦး သေဆုံးနေတာတွေ့ရတယ်။
သာစည် သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်နေထိုင်သူ ၁၆ ဦးကို အမှုဖွင့်
ပြည်ပသစ်တွေကြောင့် မြန်မာ့သစ်တောတွေ အနားရတော့မှာလား
ရန်ကုန်မီးပွိုင့်ထိန်းချုပ်ရေးစနစ်နှင့် ကျပ်ဘီလီယံ ၂၀
အရှေ့တာင်အာရှ၏ ယာဉ်ကြောကျပ်တည်းမှု အမြင့်ဆုံး မြို့တော်များ စာရင်းထဲတွင် ရန်ကုန်မြို့က နှစ်စဉ်ပါဝင်နေသည်။ အစိုးရနှစ်ဆက်တိုင် ထိုအခက်အခဲဖြေရှင်းရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ ၂၀၁၅ တွင် သမ္မတ၏အထူးရန်ပုံငွေမှ ကျပ်ဘီလီယံ ၂၀ ကို အသုံးပြု၍ ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို အထိုက်အလျောက် လျှော့ချရေး နည်းပညာအသုံးပြုရန် ကြိုးစားခဲ့သည်။ ထိုအရာမှာ ရန်ကုန်မီးပွိုင့်ဗဟိုထိန်းချုပ်ရေးစနစ်ဖြစ်၏။
ရန်ကုန်ကို စွန့်ခွာလိုခြင်း
ရန်ကုန်နဲ့ပတ်သက်ပြီး က ဗျာသုံးပုဒ်လောက်ရေးဖူးတယ်။ ၂၀၀၆ လောက်က ပိတောက်မြေ မဂ္ဂဇင်းမှာ တစ်ပုဒ်၊ ၂၀၁၇ မှာ တစ်ပုဒ်၊ ဒီမိုကရေစီတူဒေးမှာ ပါ ဖူးတယ်။ နောက် ရန်ကုန်ကဗျာ စာအုပ်မှာ တစ်ပုဒ်စသဖြင့်။ ရန် ကုန်ကိုမချစ်သော်လည်း အောင့် ကာနမ်းနေရသလို ခံစားမှုနဲ့။ အခု ရန်ကုန်အကြောင်း နောက်တစ်ပုဒ်ဖြစ်မှာပေါ့။စကား ပြေတစ်ပုဒ်ရေးမိပြန်တယ်။ ရန် ကုန်ကို ကြည့်နေရ၊ ခံစားနေရ တာ စိတ်ရှုပ်စိတ်ပျက်စရာအမှိုက် ပုံကြီးပမာ။ ကျွန်တော်ဟာ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာကြီး၊ ရန်ကုန်နဲ့ ပွန်းပွန်းတီးတီးနေခဲ့၊ ရှင်သန်ခဲ့ရ ပေမယ့် အခုတစ်လောရန်ကုန်ကို စွန့်ခွာချင်စိတ်တွေ တဖွားဖွား ဖြစ်နေတယ်။ လစ်ရင်လစ်သလို ရန်ကုန်ကနေ ပြေးထွက်ဖို့ပဲ စဉ်း စားနေမိတယ်။ ပြောရရင် ရန် ကုန်ကိုစိတ်ကုန်နေပြီ။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အပင်နှစ်သောင်းခန့်စိုက်မယ့် သရုပ်ဆောင်နေထူးနိုင်
အစိုးရလက်ကျန်ကာလအတွင်း တံတားအစင်းပေါင်း ထောင်ချီ ထပ်မံဆောက်လုပ်ရန်ရှိဟုဆို
အစိုးရ၏လက် ကျန် ၂ နှစ်သက်တမ်းအတွင်း တံတားအစင်း ပေါင်းထောင်ချီ ဆောက်လုပ်ရန် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယ၀န်ကြီးဦးကျော်လင်းကပြော သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တံတား ၆၇ စင်းဆောက်လုပ်နေသည်ဟု ဦး ကျော်လင်းကဆိုသည်။ ‘‘အဲဒီထဲမှာသရက်-အောင် လံလိုတံတားကြီးတွေပါပါတယ်။ ပုသိမ်တံတားလိုဟာမျိုးပါပါ တယ်။ နောက်တစ်ခါဝါးခယ်မတံ တားတို့၊ ရွှေလောင်းတံတားတို့၊ ပေ ၂,၀၀၀ ကျော်၊ ၃,၀၀၀ တံ တားအရှည်ကြီးတွေပါပါတယ်’’ ဟု ၎င်းကပြောသည်။
မကွေးတိုင်း မင်းလှတွင် ဘကြီးတော်စပ်သူက သုံးနှစ်အရွယ် မြေးကို အဓမ္မပြုကျင့်မှုဖြစ်ပွား
တူမတော်စပ်သူ၏ နေအိမ်သို့ ညအိပ်ရန် ရောက်နေ သည့် အမျိုးသားက (၃)နှစ်အရွယ်မြေးတော်စပ်သူကို အဓမ္မပြုကျင့် မှု မကွေးတိုင်း မင်းလှမြို့တွင် မေလ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မေလ ၁၇ ရက် ည ၇ နာရီ ခန့်က ဖြစ်ပွားပြီး အသက်(၃)နှစ်အရွယ်ရှိ သမီးသည် မိခင်၏ ယောက်မတော်စပ်သူနှင့်အတူ အိပ်နေစဉ် ဘကြီးတော်စပ်သူ (၃၅)နှစ်အရွယ် အမျိုးသားက မြေးတော်စပ်သူကို အိမ်သာထဲသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြသည်။
ဦးကျော်လွင် ဒဂုံအသင်းနည်းပြချုပ်ဖြစ်လာ
မြန်မာလိဂ်ပထမ အကျော့တွင် ရလဒ်ဆိုးရွားခဲ့သည့် ဒဂုံအသင်းသည် နည်းပြဦးမင်း ကြည်နှင့် လမ်းခွဲပြီး ဧရာဝတီအသင်းနည်းပြဟောင်းဦးကျော်လွင်ကို အစားထိုးခန့် အပ်သည်။ ဒဂုံအသင်းသည် ၂၀၁၉ မြန်မာလိဂ် ပထမအကျော့ပွဲစဉ် (၁၁)အပြီးတွင် နိုင်ပွဲနှစ်ပွဲသာ ရရှိထားပြီး ကိုးပွဲရှုံးနိမ့်ကာ ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံး၌ ကျရောက်နေသည်။ ဗိုလ်ချုပ် အောင်ဆန်းဒိုင်းရှုံးထွက် ပြိုင်ပွဲဒုတိယ အဆင့်တွင် ဒဂုံအသင်းသည် စစ်ကိုင်းအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
ဂျပန်-မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ဗျ ဂ္ဃ နိုင်သော်လည်း ရဲသွေးနီနှင့် မင်းမောင်မောင် ရှုံးနိမ့်
တိုကျိုမြို့တွင် ကျင်းပသည့် ဂျပန်-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၌ မြန်မာ့လက်ဝှေ့သ မား ဗျ ဂ္ဃက ဂျပန်နိုင်ငံသား ဟီဂါရှီကို အနိုင်ရသော်လည်း ရဲသွေးနီနှင့် မင်းမောင်မောင်တို့က ပြိုင် ဘက်များကို ရှုံးနိမ့်ခဲ့သည်။ မြန်မာနှင့် ဂျပန်လက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်မည့် Lethwei in Japan 12 ပြိုင်ပွဲကို မေလ ၁၇ ရက်တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ခိုလခုအန်ခန်းမ၌ ကျင်းပပြီး မြန်မာ့လက်ဝှေ့သမား သုံးဦး ပါဝင်ထိုးသတ်ခဲ့သည်။ ဗျဂ္ဃနှင့် ဂျပန်နိုင်ငံသား ဟီဂါရှီတို့ပွဲတွင် အကြိတ်အနယ် ဖြစ်ခဲ့သည်။ ယင်းပွဲတွင် ဗျဂ္ဃ၏ လက်သီးချက်များကြောင့် ဟီဂါရှီမျက်ခုံးကွဲ ဒဏ်ရာရကာ ဒိုင်ပွဲရပ်ဖြင့် ဗျဂ္ဃ အနိုင်ရရှိသည်။
လုံခြုံရေးစနစ်အဆင့် မြှင့်နေ၍ နယ်စပ်ဂိတ်ဝင်၊ ထွက်ချိန်ကို လျှော့ချဟု တရုတ်ဘက်က အကြောင်းပြန်
မြန်မာ-တရုတ်နယ်စပ်ဂိတ် ၀င်၊ထွက်ချိန်ကို တရုတ်ဘက်က လျှော့ချခြင်းသည် ၎င်းတို့နိုင်ငံအတွင်း လုံခြုံရေးစနစ် အဆင့်မြှင့်နေ၍ ဖြစ်ကြောင်း နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောကြားပြီး အချိန်တိုးပေးရန်မြန်မာ၏ ကမ်းလှမ်းချက်ကို လတ်တလောလက်မခံသေးပေ။ မူဆယ်တွင် နယ်စပ်ဂိတ်သုံးခုရှိ သည့်အနက် နန်းတော်ဂိတ် နှင့် ဆင်ဖြူဂိတ်ကို ယခင်ကမြန်မာစံတော်ချိန် ည ၁၀ နာရီခွဲအထိ ဝင်၊ ထွက်ခွင့်ပြုရာမှ မေလ ၁၅ ရက်က စတင်ကာ ည ၈ နာရီအထိ သာခွင့်ပြု၍ နယ်စပ်မှ အ၀င်၊ အထွက် ပြုလုပ်နေသူ မြန်မာနိုင်ငံသားများ အခက်အခဲတွေ့ နေသည်။
အီတလီအိုးပင်းအကြိုဗိုလ်လုပွဲသို့ ဂျိုကိုဗစ်နှင့် နာဒယ်တက်ရောက် ပြိုင်ပွဲမှ ဖက်ဒဲရာ နုတ်ထွက်
ကမ္ဘာ့နံပါတ် (၁) တင်း နစ်ကစားသမား ဂျိုကိုဗစ်က အာ ဂျင်တီးနားမှ မာတင်ဒယ်လ်ပေါ် ထရိုကို ၄-၆၊ ၇-၆ (၈-၆)၊ ၆-၄ ဖြင့် အနိုင်ရပြီး အီတလီအိုးပင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။ ‘‘သူကစားတာ ကောင်းပြီး ကျွန်တော့်ကို အများကြီးဒုက္ခပေး ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ယုံကြည်မှု မပျောက်ဆုံးခဲ့ဘူး။ ဒီ အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လို့ ကျွန်တော်တအားကျေနပ်မိပါ တယ်’’ ဟု ဂျိုကိုဗစ်က ပြော သည်။ ဆားဘီးယားကြယ်ပွင့်ဂျိုကို ဗစ်သည် အကြိုဗိုလ်လုပွဲတွင် အာဂျင်တီးနားမှ ဒီယေဂိုရှဝါ့ဇ် မန်းနှင့် ကစားရမည်ဖြစ်သည်။ လက်ရှိချန်ပီယံနှင့် အီတလီ အိုးပင်းရှစ်ကြိမ်ရ စပိန်နိုင်ငံသား ရာဖေးလ်နာဒယ်က တစ်နိုင်ငံ တည်းသား ဖာနန်ဒိုဗာဒက်စကို ကို ၆-၄၊ ၆-၀ ဖြင့် အနိုင်ရရှိ သည်။
ဗြိတိန်မှာ အရောင်းအသွက်ဆုံးဖြစ်နေတဲ့ အဒ်ရှီရန်နဲ့ ဂျပ်စတင်ဘီဘာရဲ့ သီချင်းသစ်
၁၀ နှစ်ပြည့်အခမ်းအနားမှာ ပြန်လည်ဆုံစည်းတဲ့ 2NE1 အဖွဲ့ဝင်များ
ဘိုင်ယန်က စိတ်ဝင်စားနေသော ဆာနေးကို စာချုပ်သက်တမ်းတိုးရန် မန်စီးတီးနည်းပြ အလိုရှိ
Subscribe to:
Posts (Atom)