Wednesday, May 15, 2019

တပ်မတော်(ရေ)မှမြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်တွင် ၂၂ ဦးမြောက် ကလေးငယ်အားခွဲစိတ်မီးဖွားပေးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကျေးရွာများမှဒေသခံပြည်သူများကိုကျန်းမာရေးစောင့်ရှောက်မှုများပေးရန်အတွက် ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲများဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းလိုက်လံဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၁၃ ရက်နေ့ ညပိုင်းတွင် ကျိုက်လတ်မြို့နယ် ဒါနချောင်းကျေးရွာတွင်နေထိုင်သူ ဒေါ်ကေခိုင်အား သားဖွားနှင့်မီးယပ်ပါရဂူ ဗိုလ်မှူးသန်းဇော်လင်းမှ သမီးမိန်းကလေးမွေးဖွားသန့်စင်ပေးခဲ့သည်။

အာဖရိကဈေးကွက်ကိုဆန်တန်ချိန်နှစ်သိန်းအထိ တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည် ဟု စင်ကာပူကုမ္ပဏီ တင်ပြထား

မြန်မာ့ဆန်များကို တဆင့်ဝယ်ယူရောင်းချနေသည့် စင်ကာပူအခြေစိုက် အိုလန်ကုမ္ပဏီက လာမည့်နှစ်တွင် ဆန်တန်ချိန်နှစ်သိန်းအထိ အာဖရိကဈေးကွက်ကို တင်ပို့နိုင်ရေးဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တင်ပြထားကြောင်းသိရသည်။ "ဒီစင်ကာပူ အိုလန်ကုမ္ပဏီကလည်း တစ်နှစ်ကို အရင်က ဆန်တန်ချိန် တစ်သိန်းခွဲဝယ်နေရာကနေ နှစ်သိန်းအထိတိုးပြီးဝယ်ပေးပါ့မယ်ဆိုတာမျိုး ဒီဖက်ကိုတင်ပြထားပါတယ်။ အာဖရိကဈေးကွက်ကို ထပ်ပြီးထိုးဖောက်ပေးပါ့မယ်လို့လည်း တင်ပြထားပါတယ်။ စင်ကာပူက Byer ကုမ္ပဏီကလည်း ဒီမြန်မာ့ဆန်ကို အာဖရိကဈေးကွက်ကိုဆက်ပို့နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။

ဖိလစ်ပိုင်ရွေးကောက်ပွဲ ကနဦးရလဒ် Duterte အာဏာပိုခိုင်မာဖွယ်ရှိ

ဖိလစ်ပိုင်နိုင်ငံက လွှတ်တော်သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ သမ္မတဒူတာတေးက ထောက်ခံ ပေးထားတဲ့လွှတ်တော် အမတ်တွေက အနိုင်ရခဲ့တယ်ဆိုတဲ့သတင်းတွေထွက်နေတာကြောင့် တရုတ်ဘက်ကို ယိမ်းပြီး မူးယစ်ဆေးဝါးနှိမ်နင်းမှု တွေကိုခပ်ကြမ်းကြမ်းလုပ်တဲ့ သမ္မတဒူတာတေးရဲ့ အာဏာက ပိုပြီးခိုင်မာလာမယ့်သဘောရှိနေပါတယ်။ ဒီအကြောင်း Ralph Jennings ရဲ့သတင်းကို ကိုကျော်အောင်လွင် ဆက်ပြောပါလိမ့်မယ်။

အဝေးသင် စနစ်ကိစ္စနှင့် ပတ်သက်၍ ဒဂုံ တက္ကသိုလ် အဝေးသင် ကျောင်းသားထုဘက်မှသာ ရပ်တည်မည်ဖြစ်ကြောင်း ဒ. တ. က. သ ကြေငြာချက် ထုတ်ပြန်

ပညာရေး ဝန်ကြီး ဌာန အနေဖြင့် အနီးကပ် (Orientation)နှစ်ရက်ခွဲတက်ရမည့် အဝေးသင် စနစ်သစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလာပါက ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဒ. တ. က. သ)သည် ဒဂုံ တက္ကသိုလ် အဝေးသင် ကျောင်းသားထုဘက်မှသာ ရပ်တည်မည်ဖြစ်ကြောင်း မေ (၁၄)ရက် ရက်စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

မီးပျက်မည်၊ လာမည်ကို ပြည်သူကိုလိမ်ပြော၍မရဟု လျှပ်စစ်ဝန်ကြီးဟောင်းဦးခင်မောင်စိုးပြော

မီးပျက်မည်၊ လာမည်ကို ပြည်သူကိုလိမ်ပြော၍ မရကြောင်း လျှပ်စစ်ဝန်ကြီးဟောင်းဦးခင်မောင်စိုးက ပြောလိုက်သည်။ ရန်ကုန်မြို့ရှိဂန္ဓာမာဟိုးဆေးတွင် မေလ ၁၄ ရက်က ကျင်းပသောစိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတွင် အကုန်သိသတင်းဌာနတွေ့ဆုံမေးမြန်းမှုကို ဖြေကြားပေးခြင်း ဖြစ်သည်။

မန်ယူ၏ အဆိုးရွားဆုံး ရလဒ်အတွက် ကစားသမားများတွင် တာဝန်ရှိဟု ဟာရဲယား ပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဆိုးရွားဆုံး ရလဒ်တွေအတွက် တာဝန်အရှိဆုံးသူတွေကို ကွင်းလယ်ကစားသမား ဟာရဲယားက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး ရမှတ် ၆၆ မှတ်ပဲ ရခဲ့လို့ နည်းပြ ဒေးဗစ်မိုယက်စ် လက်ထက်ပြီးနောက် အဆိုးရွားဆုံးရမှတ်အဖြစ် စံချိန်တင် ကျဆင်းခဲ့တာပါ။

Alpha ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြသည့် အောင်သပြေကျေးရွာသားများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း၊ ရွာသားတချို့အဖမ်းခံထားရ

Image may contain: 4 people, people smiling, outdoorမန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လည်ပတ်နေသော Alp ha ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြနေကြသည့် အောင်သပြေ ကျေးရွာသားများကို ရဲတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်နှိမ်နင်းလိုက်ကြောင်း သိရှိရသည်။ ပုသိမ်ကြီးမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးအောင်ကျော်ဦးက "မနက်ပိုင်းမှာ ပစ်ခတ် နှိမ်နင်းတယ်လို့တော့ သိထားပါတယ်။ ရွာသားတွေက ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြတာ" ဟု ပြောသည်။

ဆော်ဒီ အဓိက ရေနံပိုက်လိုင်းအား ယီမင်သူပုန်များက လက်နက်တပ်ဆင်ထားသော ဒရုန်းများဖြင့် တိုက်ခိုက်ပြန်

ဆော်ဒီရေနံတင်သင်္ဘောနှစ်စီးအား ယူအေအီးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် တိုက်ခိုက်ခံရကြောင်း ဆော်ဒီမှကြေညာလိုက်ပြီး နောက်တစ်နေ့ဖြစ်သည့် ယမန်နေ့တွင် ယီမင်နိုင်ငံမှ ဟောင်သီ(Houthi)သူပုန်များက လက်နက်တပ်ဆင်ထားသော ဒရုန်းလေယာဉ်များဖြင့် ဆော်ဒီ အဓိကရေနံပိုက်လိုင်းကို တိုက်ခိုက်ပြန်ကြောင်းသိရသည်။ ထိုသို့တိုက်ခိုက်ခြင်းမှာ မိမိတို့လက်ချက်ဖြစ်ကြောင်းကို ဟောင်သီ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူလ် ဆလမ်က တွစ်တာလူမှုကွန်ရက်တွင် ကြေညာခဲ့သည်။ ဆော်ဒီတို့က ယီမင်နိုင်ငံသို့ ကျူးကျော်တိုက်ခိုက်ခဲ့ကို ပြန်လည်တုန့်ပြန်ခြင်းဖြစ်ကြောင်းကိုလည်း တွစ်တာတွင်ရေးသားထားသည်။

မိုးတိမ်တောင်အန္တရာယ် တစ်နိုင်ငံလုံး သတိပြုရန်လို

မိုးကြိုးပစ်ခြင်းကို ဖြစ်ပေါ်စေတတ်သည့် မိုးတိမ်တောင်များ တစ်ပြည်လုံးတွင် ဖြစ်ထွန်းနိုင်သဖြင့် သတိပြုကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က နှိုးဆော်ထားသည်။ အထူးသဖြင့် ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အလားအလာ အများဆုံး ဖြစ်ပေါ်နိုင်ကြောင်း မေ ၁၄ ရက် ညပိုင်းက အသိပေးထုတ်ပြန်ထားသည်။

ဝန်ထမ်း နောင်ရေး ဗဟို ရန်ပုံငွေကို လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများနှင့် စရန် စီစဉ်

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အစီအစဉ် (Central Provident Fund-CPF) ကို လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများ နှင့် စတင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနက သိရသည်။ အဆိုပါ အစီအစဉ်မှာ အစိုးရ ဝန်ထမ်းများ တာဝန် ထမ်းဆောင်ချိန်မှ ပင်စင်ယူရမည့် လုပ်သက် အထိ လစဉ် ဝန်ထမ်း၏ လစာမှ ၅ ရာခိုင်နှုန်း နုတ်ထားခြင်း၊ အစိုးရ ၅ ရာခိုင်နှုန်း ထည့်ဝင်ပေးမည် ဖြစ်ပြီး ဝန်ထမ်း ပင်စင်ယူချိန်၌ ထိုငွေများကို အလုံးအရင်းဖြင့် ပြန်လည် ထုတ်ပေးမည် ဖြစ်သည်။

၂၀၂၂မှာ သန်​လျင်​အတွက်​ အမှတ်​(၃) တံတား တစ်​စင်းရဖို့ ချည်းကပ်​လမ်း စပြီ

Image may contain: outdoorရန်ကုန်တိုင်းဒေသကြီး သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား (သန်လျင်အ မှတ်-၃) ချည်းကပ်လမ်းကို (မေ -၃ ) ရက်ေ​န့က စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဌာန၊တံတားဦးစီးဌာနမှ သတင်းရရှိသည်။ ချည်းကပ်လမ်းစတင်တည်ဆောက်ရာတွင် သာကေတအ အနီး ၁၀၈တောင် ဘုရားရှေ့မှ ရှုခင်းသာမြို့ပတ်လမ်း ထိပ် အထိ မူလက္ကလမ်းဟောင်းကို ပိတ်သိမ်း၍ တံတားလုပ်ငန်းခွင်အဖြစ် စတင်အသုံးပြုတော့မည်ဖြစ်၍ လမ်းဘေး ၀ဲ/ယာ နှစ်ဖက်မှ အသစ်တိုးချဲ့တည်ဆောက်ထားသော ကတ္တရာလမ်းသစ်များအတိုင်း မော်တော်ယာဉ်များ မောင်းနှင်အသုံး ပြုသွားကြရန် တံတားဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အမေဇုန်သစ်တော ပြုန်းတီးမှု ကာကွယ်နိုင်ရေး ဘရာဇီးမျိုးနွယ်စု အကြီးအကဲ ကြိုးပမ်း

အမေဇုန်သစ်တောရဲ့ ရှင်ဂူ သီးသန့်နယ်မြေကို ကယ်တင်ဖို့အတွက် ဘရာဇီးမျိုးနွယ်စု  အကြီးအကဲ ဟာအိုနီမယ် တိုတာရယ်နဲ့ တခြား အမေဇုန် တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ မေလ ၁၃ ရက်နေ့က ပဲရစ်မြို့မှာ ပြင်သစ် သဘာဝပတ်ဝန်းကျင်ဝန်ကြီးကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ အဲဒီ သီးသန့်နယ်မြေအတွက် ရန်ပုံငွေရရှိဖို့ ဥရောပတဝှမ်း သီတင်း ၃ ပတ်ကြာ ခရီးကို စတင်နေတာပါ။ အသက် ၈၀ ကျော်အရွယ် ခါယက်ပိုလူမျိုးတွေရဲ့ အကြီးအကဲဟာ မေလ ၁၃ ရက်နေ့ကနေ ၃၁ ရက်အတွင်း နိုင်ငံအကြီးအကဲတွေ၊ ပုပ်ရဟန်းမင်းကြီး၊ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး အမေဇုန်သစ်တော ပြုန်းလာနေတာကို ကမ္ဘာက သတိပြုမိစေဖို့နဲ့ အဲဒါကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ယူရိုငွေတသန်း ရန်ပုံငွေရဖို့ ကြိုးပမ်းမှာပါ။

သမုဒ္ဒရာကြမ်းပြင်တွင် အမှိုက်များမြင်တွေ့ရမှု စိတ်ပျက်စရာကောင်းဟု သိပ္ပံပညာရှင်များ ပြော

သမုဒ္ဒရာကြမ်းပြင်မှာ အမှိုက်တွေ မြင်ရတာ အင်မတန် စိတ်ပျက်စရာ ကောင်းတယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ရင်းနှီးမြှုပ်နှံသူနဲ့ လေ့လာစူးစမ်းသူ တယောက်က လူလိုက်ပါလို့ရတဲ့ ရေငုပ်သင်္ဘောနဲ့ ကမ္ဘာ့အနက်ဆုံး ရေငုပ်လေ့လာမှုအတွင်း အမှိုက်တွေကို တွေ့ခဲ့တာပါ။ ဒီလေ့လာမှု ရုပ်သံကို Discovery Channel က ရိုက်တာသတင်းဌာနကို ပေးခဲ့တာပါ။ အငြိမ်းစား ရေတပ်အရာရှိ ဗစ်တာ ဗက်စ်ကိုဗိုက ပစိဖိတ်သမုဒ္ဒရာရဲ့ မာရီယာနာချောက်ထဲ အနက် ၆ ဒသမ ၈ မိုင်ထိ ဆင်းခဲ့တယ်လို့ ပြောပါတယ်။

မိုးရွာ၍ ပျော်လေပြီ

မန္တလေးမြို့တွင် မဟာ သင်္ကြန်အပြီး တစ်နေ့ထက်တစ် နေ့အပူရှိန် မြင့်တက်လာပြီး နောက် အပူဒဏ်သက်သာလာ စေရန် ပြည်သူအများ မိုးရေစက် များကိုသာ မျှော်ခဲ့ကြသည်။ ဖန်နီဆိုသည့်မုန်တိုင်းက မိုး ကလေးများ ယူဆောင်လာလေ မလား မျှော်လင့်ခဲ့သော်လည်း ထင်သလောက်မရွာခဲ့။ ပူလွန်း၍ အရပ်ရပ်အရွာရွာ မိုးရွာစေဖို့ မိုး ခေါင်ကျော်စွာနတ်မင်းကို ပင့် ဖိတ်ပြီး လွန်ဆွဲပွဲများကျင်းပကြ သည်။ သို့သော် ပူမြဲပူဆဲ။ေ မလ ၁၃ ရက်မွန်းလွဲပိုင်း တွင်တော့ မန္တလေးမြို့ကောင်း ကင်တစ်ခွင်လုံး အုံ့မှိုင်းလာကာ မိုးတွေခြိမ်းပြီး မိုးပေါက်တွေ တ ဝေါဝေါ ကျဆင်းလာပါသည်။

သုနက္ခလမ်းညွှန်

(က) ‘သားသတ်လွတ်’ မစားဘဲ ‘အသားဝါးသူ’ ဖြစ်သော်ငြား ‘ဆာသော်ဒိုး’ ကား ‘တိရစ္ဆာန်ချစ် သူ’ တစ်ဦးဖြစ်ပါ၏။ ငယ်စဉ်  တောင်ကျေးကလေးဘ၀အရွယ်  နယ်မှာ နေရစဉ်အခါက အိမ်ခြံ ၀င်းကျယ်ကျယ်ထဲမှာ ခွေးတွေ ရောကြောင်တွေပါ မွေးခဲ့ပါလေ ၏။ ခွေး၊ ကြောင်သာမက ကြက် လည်းမွေး၏။ နွားလည်းမွေးပါ ၏။ ဥစားကြက်တွေ၊ နို့စားနွားမ တွေအပြင် ဘဲရောမန်ဒါလီပါ မွေးမြူဖူးပါလေ၏ ခင်ဗျာ။ အဲသည်ခေတ်အခါက အ ဖေတပ်ပြောင်းရာမြို့၊ရွာများသို့ ရောက်တာနှင့် အိမ်၏ရှေ့နောက် ၀ဲယာမှာ နေရာလွတ်မထားဘဲ မွေးပါ၏။ စိုက်ပါ၏။ ‘စားလို့ရ တာအကုန်မွေး၊ စားလို့ရတာအ ကုန်စိုက်’ ဆောင်ပုဒ်နဲ့လူလုပ်ခဲ့ ကြသည့် ခေတ်ကြီးကိုးခင်ဗျ။ ဘေးပတ်ဝန်းကျင် အိမ်ထောင် သည်လိုင်း နေမိသားစုဝင်တွေ ကလည်း စိုက်ကြ၊ မွေးကြ၏။

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ Compressor စက်များ အရေးပေါ်ရပ်တန့်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်သည့်အတွက် ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေး

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ Compressor စက်များ အရေးပေါ်ရပ်တန့်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်သည့်အတွက် ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မေ ၁၄ ရက်က အသိပေး ကြေညာထားသည်။ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ဓာတ်အားပေးလျက်ရှိသော ရတနာကမ်းလွန် ဓာတ်ငွေ့ဖြင့် အသုံးပြုမောင်းနှင်နေသည့် GT စက်များသည် offshore တွင် Compressor နှစ်လုံး အရေးပေါ် S/D ဖြစ်ပေါ်ခဲ့သဖြင့် ရွှေတောင် (၁၅) MW၊ အလုံ (၄၂) MW၊ ရွာမ E-Gat (၆၀) MW၊သီလဝါ (၂၅) MW၊ လှော်ကား (၃၅) MW စက်များ ထွက်သွားခဲ့ပြီး MW ၂၀ဝ ခန့် လျော့နည်းသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


ထရန့်က ရုရှားနှင့် ဆက်ဆံရေးတိုးတက်ရန် လိုလားစဉ် ပူတင်နှင့် ပွန်ပီယိုတို့ တွေ့ဆုံရုရွားသမၼတ ဗလာဒီမာပူတင်သည် မေ ၁၄ ရက်နှောင်းပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် တွေ့ဆုံခဲ့သည်။ ဗင်နီဇွဲလား၊ အီရန်အရေးမှစပြီး လက်နက်ထိန်းချုပ်ရေးအထိ မြောက်မြားလှစွာသော ကွဲလွဲမှုများနှင့်ပတ်သက်ပြီး တိုးတက်လာမှု ရှိ၊ မရှိစောင့်ကြည့်ကြမည့် ယခုတွေ့ဆုံမှုသည် တစ်နှစ်နီးပါးကာလအတွင်း ပြိုင်ဘက်အင်အားကြီးနှစ်နိုင်ငံကြားမှ ရာထူးအမြင့်ဆုံးတွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်နှင့် တစ်နာရီကျော်ကြာ ဖုန်းပြောခဲ့ပြီးနောက် ရုရှားအစိုးရနှင့် ဆက်ဆံရေးတိုးတက်လာစေရန် အကောင်းမြင်စိတ်ရှိကြောင်း ပြောကြားခဲ့ပြီး သီတင်းနှစ်ပတ်ပင် မရှိသေးသည့် ကာလအတွင်း ပွန်ပီယိုသည် ပင်လယ်နက်အပန်းဖြေစခန်းဆိုချီသို့သွား၍ ပူတင်နှင့် တွေ့ဆုံခြင်း ဖြစ်သည်။

ဆီးရီးယားအစိုးရက တူရကီ-ရုရှားဆက်ဆံရေးကို ဖျက်ဆီးရန်ကြိုးစားနေဟု သမ္မတအာဒိုဂန်က စွပ်စွဲ

မေ ၁၂ ရက်က အစ္စတန်ဘူ၌ မိန့်ခွန်းပြောနေစဉ် လက်လေးချောင်းထောင်ကာ Rabia သင်္ကေတလုပ်ပြနေသည့် တူရကီသမ္မတ အာဒိုဂန်ကို တွေ့ရစဉ် (Photo – AFP)စစ်ကြောင့်ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ထိုးစစ်ဆင်ခြင်းဖြင့် ဆီးရီးယားအစိုးရသည် တူရကီ နှင့် ရုရှားဆက်ဆံရေးကို ဖျက်ဆီးရန် ကြိုးစားနေသည်ဟု တူရကီသမ္မတရီဆပ်တေရစ်အာဒိုဂန်က စွပ်စွဲခဲ့သည်။ ဆီးရီးယားအနောက်မြောက်ပိုင်းရှိ အိုင်ဒလစ်ပြည်နယ်တွင် ပဋိပက္ခများကြောင့် ၂၄ နာရီအတွင်း တိုက်ခိုက်ရေးသမား ၄၂ ဦးထက် မနည်းသေဆုံးခဲ့သည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့က မေ ၁၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။ အိုင်ဒလစ်ပြည်နယ်တွင် အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံများ ပျက်စီးခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ရုရှား နှင့် တူရကီတို့ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ကြားခံနယ်မြေတစ်ခုသည် အိုင်ဒလစ်ပြည်နယ်တွင်နေထိုင်သူ သုံးသန်းခန့်ကို ကာကွယ်ပေးနိုင်မည်ဟု ယူဆရသည်။

ဖိလစ်ပိုင်သက်တမ်းလယ်ရွေးကောက်ပွဲ၌ ဒူတာတေး၏ မဟာမိတ်များအနိုင်ရနိုင်ခြေရှိဟု အကြိုရလဒ်များက ဖော်ပြ

ဖိလစ်ပိုင်သက်တမ်းလယ်ရွေးကောက်ပွဲများတွင် သမ္မတရိုဒရီဂိုဒူတာတေး၏ မဟာမိတ်များက အောင်ပွဲခံရန် အသင့်ဖြစ်နေကြောင်း မေ ၁၄ ရက်က ထွက်ရှိခဲ့သည့် တရားမဝင်ရလဒ်များက ဖော်ပြခဲ့ပြီး ဒူတာတေး၏ အုပ်ချုပ်မှုအပေါ် ခိုင်မာသည့်ထောက်ခံမှုနှင့် ゞင်း၏ အငြင်းပွားဖွယ်အစီအစဉ်များအတွက် လမ်းရှင်းပေးမှုကို ထင်ရှားပေါ်လွင်စေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒူတာတေး သမ္မတ ဖြစ်လာခဲ့ပြီးနောက် လူသေဆုံးမှုများသည့် ゞင်း၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲသည် နိုင်ငံတကာတွင် ပြင်းထန်စွာဝေဖန်ခံခဲ့ရသော်လည်း ဖိလစ်ပိုင်နိုင်ငံသားများ အကြားတွင် ထောက်ခံမှုရခဲ့သည်။

ထိုင်းစစ်အစိုးရက ခန့်အပ်ထားသော ဆီးနိတ်အမတ်များကို ဘုရင်က အတည်ပြု

ထိုင်းစစ်အစိုးရသစ္စာခံများစွာသည် မေ ၁၄ ရက်က အမတ်နေရာ ၂၅၀ ရှိသည့် ဆီးနိတ်လွှတ်တော်ထဲမှ အဖွဲ့ဝင်များအဖြစ် အတည်ပြုခံခဲ့ရသည်။ အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာက အလွန်အ ငြင်းပွားစရာရွေးကောက်ပွဲအပြီး၌ အရပ်သားဝန်ကြီးချုပ်အဖြစ် ပြန်ရောက်လာမည့် အရေးကို ထောက်ခံပေးကြမည့် မဟာမိတ် များသည် ဆီးနိတ်ထဲ၌ အပြည့်ဖြစ်နေသည်။ ဆီးနိတ်လွှတ်တော်ထဲမှ လူစာရင်းအပြည့်အစုံကို နံပါတ်နှစ် စစ်အစိုးရခေါင်းဆောင် ပရာဝစ်ဝေါင်ဆူဝမ်က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဘုရင်မဟာဝိဇယလောင်ကွန်းက အတည်ပြုပေးကာ နန်းတော်၏အာဘော်သတင်းစာ ဖြစ်သော The Royal Gazette ၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆူဒန်တွင် အရပ်ဘက်အုပ်ချုပ်မှုသို့ကူးပြောင်းရန် တိုးတက်မှုရရှိအပြီး ပစ်ခတ်မှုတွင် လူခြောက်ဦးသေဆုံး

မေ ၁၄ ရက်တွင် ခါတွန်၌ စစ်ဌာနချုပ်အပြင်ဘက်တွင် ဆန္ဒပြသူများက အရန်အတားများနှင့် ပိတ်ဆို့ထားစဉ် (Photo –AFP)ဆူဒန်တွင် အရပ်ဘက်အုပ်ချုပ်မှုသို့ ကူးပြောင်းရန်အတွက် ဆန္ဒပြခေါင်းဆောင်များနှင့် အာဏာချုပ်ကိုင်ထားသည့် စစ်ဘက်ကောင်စီတို့အကြား တိုးတက်မှုရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း မြို့တော်ခါတွန်၌ မေ ၁၃ ရက်တွင် ပစ်ခတ်မှုများကြောင့် ဆန္ဒပြသူငါးဦးနှင့် ဗိုလ်မှူးတစ်ဦးတို့ သေဆုံးခဲ့သည်။ြ ပီးခဲ့သောလတွင် ゞင်း၏ ဆယ်စုနှစ်များစွာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများအား သတ်ဖြတ်မှုအတွက် ဖြုတ်ချခံ သမ္မတအိုမာအယ်ဘာရှားအား အစိုးရရှေ့နေချုပ်ရုံးက စွဲချက်များ စွဲဆိုခဲ့ပြီးနောက် ထိုတိုးတက်မှုနှင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ရည်မှန်းချက်များအောင်မြင်ရန် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုများ ပြောင်းလဲရန်လိုအပ်ဟု အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ ပြောကြား

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ပါရီသဘောတူစာချုပ် ရည်မှန်းချက်များအား ရရှိရန်အတွက် ၂၀၃၀ ပြည့်နှစ်မတိုင်မီတွင် ရေနံနှင့် ကျောက်မီးသွေးကဏ္ဍဍ၌ ရင်းနှီးမြှုပ်နှံမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် နှစ်ဆတိုးရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင် အေဂျင်စီ IEA က မေ ၁၄ တွင် ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၁.၈၅ ထရီ လျံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကအတိုင်း မပြောင်းလဲခဲ့ဟု IEA က ပြောကြားခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၈ ခုနှစ်တွင် လေးရာခိုင်နှုန်းတိုးတက်ခဲ့သည့် ကျောက်မီးသွေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် နှစ်ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး  ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး တိုးတက်မှုဖြစ်ခဲ့ကြောင်း IEA က ဆိုသည်။ တစ်ချိန်တည်းမှာပင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍဍ၌ ရင်းနှီးမြှုပ်နှံမှု နှစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

တရုတ်၏ မီဂါလေဆိပ်သစ်ကြီးတွင် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်

မေ ၁၃ ရက်တွင် ပေကျင်း၌ Daxing လေဆိပ်သစ်တွင် လေယာဉ်တစ်စင်းကိုတွေ့ရစဉ် (Photo – AFP)     ပေကျင်းရှိအလွန်ကြီးမားသော လေဆိပ်သစ်ကြီးတွင် မေ ၁၃ ရက်က တရုတ်လေကြောင်းလိုင်းများသည် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ခဲ့ကြသည်။ Daxing လေဆိပ်သည် စက်တင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်ပြီးနောက် ကမ္ဘာ့အစည်ကားဆုံးလေဆိပ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ ပြေးလမ်း ရှစ်ခုပါဝင်သော Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်ခဲ့သည့် စမ်းသပ်ပျံသန်းမှုများတွင် Airbus A 380  အပါအဝင်ကိုယ်ထည်ကြီးလေယာဉ် လေးစင်းပါဝင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာန၌ ဖော်ပြခဲ့သည်။

ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေး

ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးဟူသည် အစိုးရမူဝါဒများကို အကောင်အထည်ဖော်မှုအား ဆိုလိုသကဲ့သို့ ယင်းအကောင်အထည်ဖော်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုများ၌ လုပ်ကိုင်နေသည့် အရပ်ဘက်ဝန်ထမ်းများကို ပြင်ဆင်မှုတို့အား လေ့လာသည့် ပညာရပ်ဆိုင်ရာ စည်းမျဉ်းတစ်ရပ်ကိုလည်း ဆိုလိုသည်။ ကျယ်ပြန့်သည့် အမြင်တစ်ရပ်နှင့်အညီ အခြေခံရည် မှန်းချက်သည် အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းကောင်းစွာလည်ပတ်စေရန် စီမံခန့်ခွဲမှုနှင့် မူဝါဒများတိုးတက်ရေးဖြစ်သည်။

ခရီးသည်များထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သော Myanmar National Airlines မှ လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးခရီးသည္မ်ားထိခိုက္ဒဏ္ရာမရရွိဘဲ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သော လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY – AGQ ၊ Embraer 190 ခရီးသည် တင်လေယာဉ်၊ ခရီးစဉ်အမှတ် (ယူဘီ-၁၀၃)သည် လေယာဉ်အမှုထမ်း ခုနစ်ဦးနှင့် ခရီး သည် ၈၂ ဦးတင်ဆောင်ပြီး မေ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှမန္တလေးသို့ ပျံသန်းလာရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့အဆင်း၌ Nose Landing Gear ချမရဘဲ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ဖော်ပြပါရှိသည်။

တန့်ယန်းမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ လားရှိုး-တန့်ယန်း သွားလမ်းမပေါ် မိုင်တိုင်အမှတ် (၅/၇) အနီး ခါးသျှိ အောက်ရွာနှင့် မန်ပျဉ်ကျေးရွာကြားတွင် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက လားရှိုးမြို့ အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တားဆီးနှိမ်နှင်းရေး ဆောင်ရွက်စဉ် တန့်ယန်းမှ လားရှိုးဘက်သို့ ဦးတည်မောင်းနှင်လာသည့် NISSAN X-TRAIL အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ Downtown ခြောက်မြို့နယ်အတွင်း လူကူးခုံးကျော်တံတားနှင့် လူကူးမျဉ်းကြားမှ လမ်းမကူးသူများကို ဒဏ်ငွေကျပ်သုံးသောင်း ရိုက်မည်

ရန်ကုန်မြို့ ဆူးလေလူကူးကုန်းကျော်တံတား အောက်တွင် ဖြတ်သန်းသွားလာနေကြသူများကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)ရန်ကုန်မြို့ Downtown ခြောက်မြို့နယ်အတွင်း လူကူးခုံးကျော်တံတားနှင့် လူကူးမျဉ်းကြားမှ လမ်းမကူးသူများကို ဒဏ်ငွေကျပ်သုံးသောင်း ရိုက်မည်ဖြစ်ကြောင်း မေ ၁၄ ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် မေ ၁၄ ရက်တွင် ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်း ဆုံရာတွင် ကားလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူများကို လူကူးခုံးကျော်တံတားပေါ်မှကူးရန် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာတွင်ဗုံးခွဲတိုက်ခိုက်မှုများအပြီး ထပ်မံဖြစ်ပွားလာသည့် ဆူပူမှုများကြောင့် နိုင်ငံတ၀ှမ်း ညမထွက်ရအမိန့် ထုတ်

သီရိလင်္ကာမှာ ပြီးခဲ့တဲ့လကဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်အပြီးအနောက်မြောက်ပိုင်း ပြည်နယ်မှာဆူပူမှုတွေဖြစ်ပွားနေရာပထမဆုံးလူသေဆုံးမှုဖြစ်လာတဲ့အတွက် မေလ ၁၃ ရက်နေ့က နိုင်ငံတ၀န်းညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်က လုံးဝမရွှေ့ပြောင်းနိုင်ဟု ယတိပြတ် ပြောဆိုသဖြင့် ကရင်နီ လူငယ်အင်အားစု အစည်းအဝေးခန်းမမှ ထွက်ခွာ

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပြဿနာနှင့် ပတ်သက်၍ ဖြေရှင်းရေးညှိနှိုင်း အစည်းအဝေးတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် လုံးဝမရွှေ့ပြောင်းနိုင်ဟု ယတိပြတ် ပြောဆိုသဖြင့် ကရင်နီ လူငယ်အင်အားစုက အစည်းအဝေး ခန်းမတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။လွိုင်ကော်မြို့ ကယားပြည်နယ် အစိုးရုံးတွင် မေ ၁၄ ရက် နံနက် ၁၀ နာရီကျော်တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအတွင်းရှိ အဆောက်အအုံများအား မီးရှို့ဖျက်ဆီး

Image may contain: outdoor and foodမန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသို့ ကျေးရွာချင်းဆက် လမ်းပေါ်မှ သွားလာနေသည့် ကုမ္ပဏီကားများကို ဒေသခံရွာသားများက မေ ၁၄ ရက်က စတင်၍ တားဆီးပိတ်ဆို့ ထားမှုကို ရဲတပ်ဖွဲ့က မေ ၁၅ ရက် နံနက် ၄ နာရီခွဲ အချိန်တွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော် အသုံးပြုပြီး သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်လူစုခွဲခဲ့ရာ အောင်သပြေကျေးရွာမှ ဒေသခံရွာသား အများအပြား သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး ဒေသခံအချို့ ဖမ်းဆီးခံထားရကြောင်းလည်း သိရသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့၊ ကုမ္ပဏီနှင့် ဒေသခံများအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ ဒေသခံများက ကုမ္ပဏီအတွင်းရှိ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးထားကြောင်း သိရပြီး ရဲတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်လူစုခွဲ နေဆဲဖြစ်ကြောင်း သိရသည်။

အောင်သပြေကျေးရွာသားများကို ပစ်ခတ်မှု ဖြစ်စဉ် သတင်းယူနေသော သတင်းသမားတစ်ဦး အဖမ်းခံထားရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံကန့်ကွက်နေသော အောင်သပြေကျေးရွာသားများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသောဖြစ်စဉ်ကို သတင်းရယူနေသည့် Channel Mandalay TV သတင်းထောက် နန္ဒ ဖမ်းဆီးခံထားရကြောင်း အဆိုပါ သတင်းဌာနက သတင်းထုတ်ပြန်သည်။ အောင်သပြေကျေးရွာတွင် ရဲတပ်ဖွဲ့က ပစ်ခတ်နေမှုများအား Live ရိုက်ကူးတင်ဆက်နေခြင်းကို သတင်းထောက်ကဒ်ထုတ်ပြသော်လည်း ကားပေါ်အတင်းဆွဲတင်ကာ ဖမ်းဆီးသွားကြောင်း၊သတင်းထောက်ဖုန်းကို ဆက်သွယ်သော်အခါတွင်လည်း ဆက်ပိတ်ထားသည့် အနေအထားဖြစ်နေကြောင်း ယင်းသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။

သင်္ဘောသိမ်းယူခြင်းက ထရန့်-ကင်ဂျုံအန် ထိပ်သီးတွေ့ဆုံပွဲ အနှစ်သာရကို ချိုးဖောက်ဟု မြောက်ကိုရီးယားပြော

 ၎င်းတို့၏ ကုန်တင် သင်္ဘောတစ်စီးကို အမေရိကန်က သိမ်းယူခြင်းသည် နှစ်နိုင်ငံခေါင်း ဆောင်များဖြစ်သော အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်တို့ကြား ထိပ်သီးတွေ့ဆုံပွဲ၏ အနှစ်သာရကို ချိုးဖောက်သည့် တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက မေလ၁၄ ရက်တွင် ပြောကြားပြီး သင်္ဘောပြန်ပေးရန် တောင်းဆိုခဲ့ သည်။ ‘‘ဒီလုပ်ရပ်က အမြင့်ဆုံး ဖိအားပေးရေး ကြိုးပမ်းနေတဲ့ အ မေရိကန်ရဲ့ အစီအစဉ်ကို ချဲ့ထွင် တာဖြစ်ပြီး ဇွန်လ ၁၂ ရက်က ကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲရဲ့ အခြေခံအနှစ်သာရကို လုံးလုံး ငြင်းပယ်လိုက်တာပါ’’ဟု ထုတ် ပြန်ချက်တစ်စောင်တွင် မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

ညစ်ညမ်းဇာတ်ကား မှားယွင်းဖွင့်မိခြင်းကြောင့် လန်ဒန်ရထားအာဏာပိုင်များ ပြန်လည်တောင်းပန်

ရထားတွင် တပ်ဆင် ထားသော လော်စပီကာစနစ်မှ တစ်ဆင့် ညစ်ညမ်းဇာတ်ကား အသံများ ထွက်ပေါ်လာရာ မြို့ ပတ်ရထားစီးခရီးသည်များ ဇဝေ ဇဝါဖြစ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ South Western ရထားလိုင်း စီးနင်းသော ခရီးသည်များသည် ရထားလော်စပီကာမှ ထွက်ပေါ် လာသော ညစ်ညမ်းဇာတ်ကား အသံများ နားထောင်ခဲ့ရပြီး ယင်း အခိုက်အတန့်ကို ပေါလ်ဘရန် တန်ဆိုသူ ခရီးသည်က ဗီဒီယိုမှတ် တမ်းတင်ရိုက်ကူးခဲ့သည်။

၁၈ နှစ်ကြာ ရိုးမားကစားသမားဘဝကို ဒီရော့စီ အဆုံးသတ်မည်

ရိုးမားအသင်းကွင်းလယ် လူ ဒီရော့စီ (၃၅)နှစ်သည် ရိုးမား ၌ (၁၈)နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနှစ် ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်ဖြစ်သည်။  ရိုးမားကစားသမားဘဝ (၁၈)နှစ်တာအတွင်း ပြိုင်ပွဲစုံ ၆၁၅ ပွဲ ကစားပြီး ၆၃ ဂိုး သွင်းယူပေးခဲ့ သော အီတလီလက်ရွေးစင် ဟောင်း ဒီရော့စီသည် ဘောလုံးသမားဘဝကို ရိုးမားအသင်း၌သာ ကုန်ဆုံးခဲ့သူဖြစ်သည်။

လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းထားသော စက်ရုံများအနက် သုံးရုံကို ပြန်လည်လုပ်ကိုင်ရန် တင်ပြ

လွှတ်တော်ဆုံး ဖြတ်ချက်ဖြင့် ခေတ္တရပ်ဆိုင်းထား သည့် နိုင်ငံပိုင်စက်ရုံ ၂၂ ရုံအနက် သုံးရုံကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်တင်ပြထားသည်ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။ ပြီးခဲ့သည့် လွှတ်တော်သက် တမ်းအတွင်းက စီမံကိန်းနှစ်ခုနှင့် စက်ရုံ ၂၂ ခုကို ခေတ္တရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

အကြမ်းဖက်မှုများလာ၍ ဗုဒ္ဓအဆုံးအမအတိုင်း နေထိုင်ရန်လိုအပ်လာဟု သမ္မတပြော

အကြမ်းဖက်မှုများ ပို များလာ၍ ဗုဒ္ဓအဆုံးအမဖြစ်သည့် ငြိမ်းချမ်းစွာဖြင့် သဟဇာတမျှတ စွာနေထိုင်နိုင်ရေးကို ဦးတည်ရန် လိုအပ်လာကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တွင် မေလ ၁၂ ရက်က ကျင်းပသည့် (၁၆)ကြိမ် မြောက်ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်း အနား၌ ပြောကြားသည်။

အန္တရာယ်ရှိနိုင်သည့် ဆည်မြောင်းတာတမံအချို့ရှိနေ၍ ရွေးထုတ်ပြင်ဆင်နေ

တစ်နိုင်ငံလုံးတွင်  အန္တရာယ်ရှိနိုင်သည့် ဆည်မြောင်း တာတမံအချို့ရှိနေပြီး ငလျင် ပြင်းထန်စွာလှုပ်ပါက ပေါက်နိုင် သော ဆည်များကို ရွေးထုတ်ကာ ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။ ထို့ကြောင့် ဆည်မြောင်းတမံ အားလုံးကို အန္တရာယ်ရှိသည်ဟု သဘောထား၍ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေမှုက အကောင်းဆုံးဖြစ်ကြောင်း ဒေါက် တာဝင်းမြတ်အေးက ဆိုသည်။

သူငယ်တန်းမတက်ရသေးသည့် အသက်(၆)နှစ်ပြည့်ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြု

အသက်(၅)နှစ်ပြည့်ချိန် တွင် သူငယ်တန်းမတက်ရသော အသက်(၆)နှစ်ပြည့်ပြီး ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာနက သတ်မှတ်သည်။ ၂၀၁၉-၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး မေလ ၂၅ ရက်ကစတင်ကာ ကျောင်းတိုင်းတွင် ကျောင်းအပ် လက်ခံမည်ဖြစ် သည်။ အသက်(၅)နှစ်ပြည့်သူ တိုင်း သူငယ်တန်း(KG)၊ အသက် (၆)နှစ်ပြည့်သူတိုင်း ပထမတန်း (Grade-1)တွင် ကျောင်းအပ်နိုင် ကြောင်း ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်ရာ အသိပေးချက်၌ ကြေညာ ထားသည်။

ရွှေဘိုထောင်ဆူပူမှု ထောင်ပိုင်ကြီးနှင့် မသက်ဆိုင်ဟု အကျဉ်းဦးစီးဌာနပြော

 ရွှေဘိုထောင်ဆူပူ မှုကို ထောင်ပိုင်ကြီးစေခိုင်းသဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု စွပ်စွဲမှု များသည် မှန်ကန်ခြင်းမရှိဘဲ အဓိပ္ပာယ်လုံးဝမရှိကြောင်း အ ကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုးက ပြော ကြားသည်။ ‘‘ထောင်ပိုင်က ခိုင်းတာမှ မဟုတ်တာကြီး၊ ခိုင်းမှ မခိုင်းတာ။ ပေါက်ကရပြောနေတာ။ ဆူပူခိုင်း ပါ့မလား’’ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ရွှေဘိုထောင်လာရောက်ချိန်တွင် တင်ပြစရာရှိသည်များတင်ပြရန် ပြောကြားခိုင်းမှုများသာ ရှိကောင်း ရှိနိုင်ကြောင်း ဦးမင်းထွန်းစိုးက ဆိုသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင် သောင်းဂဏန်းရှိလာပြီဟု သူရဦးရွှေမန်း ပြော

 ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ တည်ထောင်ပြီး နောက် ရက်ပိုင်းအတွင်း ပါတီသို့ ၀င်ရောက်လာသူ သောင်းဂဏန်း ခန့်ရှိလာပြီး လက်ရှိအနေအထား အရ ထိပ်တန်းပါတီအဆင့်တွင် ရောက်ရှိလာပြီဟုဆိုနိုင်ကြောင်း ယင်းပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ ဌာနချုပ်ကို နေပြည် တော်ရှိ သူရဦးရွှေမန်းနေအိမ်တွင် မေလ ၅ ရက်က ဖွင့်လှစ်ပြီးနောက် တိုင်းနှင့် ပြည်နယ်အဆင့် ပထမ ဆုံးပါတီရုံးခန်းဖွင့်ပွဲကို ယမန်နေ့ က ပဲခူးမြို့၌ ကျင်းပရာ ၎င်းကအ ထက်ပါအတိုင်း ပြောသည်။

ရတနာကမ်းလွန်မှ ဓာတ်ငွေ့ပို့လွှတ်မှု လျော့နည်းခြင်းကြောင့် ရန်ကုန်တိုင်းအတွင်း အရေးပေါ်မီးပြတ်တောက်နိုင်ဟုဆို

ရတနာကမ်းလွန်လုပ် ကွက်မှ ဓာတ်အားပို့လွှတ်မှုများ ရုတ်တရက်လျော့နည်းခြင်း ကြောင့် ရန်ကုန်တိုင်းအတွင်း ဓာတ်အားမဂ္ဂါဝပ် ၄၀၀ လျော့ကျ နိုင်၍ အလှည့်ကျမီးဖြတ်နေခြင်း အပြင် အရေးပေါ်ဓာတ်အားပြတ် တောက်မှု ဖြစ်ပေါ်လာနိုင်သည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင် (YESC) ကမေလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ ရတနာလုပ်ကွက်မှ ရန်ကုန် တိုင်းသို့ ပို့လွှတ်သည့် ဓာတ်ငွေ့များအတွက် Compressor (တွန်းအားပေး)စက်များအရေးပေါ်ရပ် တန့်ခြင်းကြောင့် ဓာတ်အားထုတ်လုပ်ရေးစက်ငါးလုံး   ရပ်တန့်ရ ခြင်းဖြစ်သည်ဟု YESC က ဆို သည်။ ရန်ကုန်တိုင်းတွင် မေလ ၁၃ ရက်အထိ တစ်ရက်လျှင် လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ် ၁,၃၉၃ သုံးစွဲနေပြီး ယခုဓာတ်အားလျော့ကျမှု သည် ရန်ကုန်တိုင်း ဓာတ်အား သုံးစွဲမှု၏ သုံးပုံတစ်ပုံ ရှိသည်။

မန္တလေးဆိပ်ကမ်းသည် ပြည်တွင်း၌ ပထမဆုံး ခေတ်မီဆိပ်ကမ်းတစ်ခုဖြစ်လာမည်ဟုဆို

 မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပြီးပါ က မြန်မာနိုင်ငံ၏ ပထမဆုံး ခေတ်မီပြည်တွင်းဆိပ်ကမ်းတစ်ခုဖြစ် လာမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြော ကြားသည်။ လာမည့် ၂၀၂၁ တွင် ပြီးစီး မည်ဟု ခန့်မှန်းထားသော မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းကို ဂျပန်နိုင်ငံ အထောက် အပံ့ဖြင့် ကန်ဒေါ်လာ ၅၅ ဒသမ ၄ သန်းကုန်ကျမည်ဟု ခန့်မှန်းကြောင်း ဦးဝင်းခန့်က ဆိုသည်။ ‘‘အဲဒီ ဆိပ်ကမ်းပြီးပြီဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ခေတ်မီပြည် တွင်း ရေကြောင်းဆိပ်ကမ်းတစ်ခု ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ခင်ပွန်းက ဓားဖြင့်ထိုး၍ ဇနီးသေဆုံး

လူမှုရေးကိစ္စတစ်ခု ကြောင့် ခင်ပွန်းက ဓားဖြင့် ထိုး၍ ဇနီးသည်သေဆုံးမှု မေလ ၁၂ ရက်က တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်။ သေဆုံးသူသည် အသက် (၃၀) နှစ်ရှိ စက်ရုံဝန်ထမ်း မဇင်မိုးမိုးသန်းဖြစ်သည်။ ၎င်း သည် မေလ ၁၂ ရက် ည ၁၀ နာရီခွဲတွင် တွံတေးမြို့နယ် အောက်တမာတကောကျေးရွာ တံတားပေါ် ၌ လည်ပင်းထိုးသွင်းဒဏ်ရာများ၊ ဦးခေါင်းဖူးရောင်ဒဏ်ရာများဖြင့် ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်လျက် သေဆုံးနေသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ သည်။

စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၈၀၀ ခန့် ပျက်စီး

စစ်ကိုင်းတိုင်းအတွင်း မြို့ နယ်နှစ်ခုတွင် လေပြင်းတိုက်ခတ် မှုကြောင့် အိမ်ခြေ ၈၀၀ ခန့် ပျက် စီးခဲ့ကြောင်း တိုင်းဒေသကြီးဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူး ဦးစ၀ီလီဖရန့်က ပြောသည်။ မေလ ၁၃ ရက် ညနေက လေပြင်းတိုက်ခတ်ခြင်းကြောင့် ယင်းမာပင်ခရိုင်အတွင်း ကနီမြို့နယ်တွင် အိမ်ခြေ ၇၈၀ ခန့်နှင့် ပုလဲမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။ ‘‘လောလောဆယ် ပုလဲနဲ့ ကနီက အပျက်အစီးစာရင်းပဲ ရသေးတယ်။ မင်းကင်းမှာလည်း လေပြင်းတိုက်တယ်လို့ ကြား တယ်။ အပျက်အစီးစာရင်းတော့ တက်မလာသေးဘူး။ ကျန်တဲ့ မြို့ နယ်တွေမှာလည်း လေပြင်း ကြောင့် ပျက်စီးမှု ရှိ၊ မရှိ စာရင်း  ကောက်ယူနေဆဲပါ’’ဟု ဦးစ၀ီလီ ဖရန့်က မေလ ၁၄ ရက် နံနက်က ပြောသည်။

ကုလလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း မြောက်ဦးရှိ စစ်ရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာနှင့် သောက်ရေလိုအပ်ဟုဆို

 မြောက်ဦးမြို့နယ် တိမ် ညိုတိုက်နယ် အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာနှင့် သောက်သုံးရေ တစ်ပတ်စာပင်မရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)ဥက္ကဋ္ဌ ဦးရွှေ ဘော်စိန်က ပြောသည်။ တိမ်ညိုတိုက်နယ်အနီးတစ် ဝိုက်ရှိ ဘုရားလှ (ပြလှ)၊ ကုလား ချောင်း၊ ဝက်လှ၊ ရှင်ကျော်၊ ရက် ကန်းသည်မ စသည့်ကျေးရွာများ ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နေထိုင်ရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ လိုအပ်နေသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခပပျောက်ရေး လူမှုစီးပွားဘဝတိုးတက်ရန် ဦးစားပေးဆောင်ရွက်နေဟု ဒေါက်တာဝင်းမြတ်အေးပြော

ရခိုင်ပြည်နယ် အတွင်း ရေရှည်ပဋိပက္ခများ ပပျောက်စေရန် လူမှုသဟဇာတ ဖြစ်ရေး ဦးတည်ကြိုးပမ်းနေရာမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ကို ဦးစားပေးပြောင်းလဲဆောင် ရွက်နေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။ ၂၀၁၈ အတွင်း စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ အကြံ ပြုဆုံးဖြတ်ချက်အရ ယင်းသို့ ပြောင်းလဲ ဆောင်ရွက်ခြင်းဖြစ် ကြောင်း မေလ ၁၃ ရက်က နေ ပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည် သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု များနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ကျောက်တန်းရွာပစ်ခတ်မှုမှ ဒဏ်ရာရသူတစ်ဦးသေဆုံး

AA အဖွဲ့နှင့်ပတ်သက်၍  မသင်္ကာဟုဆိုကာ အမျိုး သား ၂၇၅ ဦးကို ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ၌ ထိန်းသိမ်းစစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒဏ် ရာရသူရှစ်ဦးအနက်  (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယမန်နေ့ညနေက မြောက်ဥက္ကလာပဆေးရုံတွင် သေဆုံးခဲ့ ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံအတွက် အသက်တမျှအရေးကြီးဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား ပုဒ်မ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်း ၄၅ ဦးပါ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် လွှတ်တော်ဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးကြောင်းနှင့် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို စိတ်ရင်းစေတနာ မှန်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် နာယ က ဦးတီခွန်မြတ်က ယမန်နေ့တွင် တိုက်တွန်း ပြောကြားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကျောင်းကုန်းအမတ် ဦးသိန်းထွန်းအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး တင်သွင်းသည့် ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး(ပုဒ်မ ၂၆၁ ပြင်ဆင်ရေး) ဥပဒေကြမ်းနှင့်ပတ် သက်၍ မေလ ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်းမပြုမီ နာယက ဦးတီခွန်မြတ်က ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

မန်စီးတီးတွင် ပျော်ရွှင်နေဟု မာရက်ဇ်ပြောကြား

ပွဲထွက်ကစားခွင့်နည်း ပါးသော်လည်း ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးတွင် အလွန် ပျော်ရွှင်နေကြောင်း အယ်လ်ဂျီး ရီးယား တောင်ပံကစားသမား ရီယာ့ဒ်မာရက်ဇ် (၂၈)နှစ်က အ လေးအနက်ပြောသည်။ ၂၀၁၈ က လက်စတာအ သင်းမှ ပေါင်သန်း ၆၀ ဖြင့် ခေါ် ယူခဲ့သော မာရက်ဇ်သည် ဘရိုက် တန်ကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ရာသီနောက်ဆုံးပွဲတွင် တတိယမြောက် ဂိုးသွင်းယူပေးပြီး လွန်ခဲ့ သည့် (၁၀)နှစ်က မန်ယူနောက် ပိုင်း မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်ဆက်ရရှိသော ပထမဆုံးအသင်းဖြစ်လာအောင် အထောက်အကူပြုခဲ့သည်။ သို့သော် မာရက်ဇ်သည် ယခုနှစ်ရာသီတွင် လိဂ် ၁၄ ပွဲ သာ ကစားခွင့်ရခဲ့သည်။

မွန်ပြည်နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ချေးငွေကို ကျပ်သန်း ၄၅,၀၀၀ ကျော်ထုတ်ချေးရန် လျာထား

မွန်ပြည်နယ်အတွင်း ၂၀၁၉ မိုးစပါးစိုက်ချေးငွေကို ကျပ်သန်း ၄၅,၀၀၀ ကျော် ထုတ် ချေးရန် လျာထားကြောင်း မြန်မာ့ လယ်ယာစိုက်ပျိုးရေး ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။ အဆိုပါချေးငွေများကို မေ လ ၆ ရက်က စတင်ထုတ်ပေးနေ ကာ သြဂုတ်လကုန်အထိ ထုတ် ချေးမည်ဖြစ်သည်။ ‘‘အတိုးနှုန်းကတော့ ၈ ရာ ခိုင်နှုန်းပါပဲ။ ချေးငွေထုတ်ချင်သူ တွေက ပုံစံ(၇)ပါဖို့ လိုတယ်။ ပုံစံ (၇) မှာ ဖျက်ရာ၊ ပြင်ရာတွေ မပါဖို့။ ဖျက်ရာ၊ ပြင်ရာပါရင် သတ်မှတ် ထားတဲ့ ထောက်ခံချက်တွေကို ရှိဖို့ လိုတယ်’’ဟု ဦးကျော်စွာလှိုင် က ပြောသည်။

မြင်းမူမြို့နယ်အတွင်း မြေသားရေကန်ပျက်စီးမှုကို ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပြုပြင်မည်ဟုဆို

 မြင်းမူမြို့နယ်အတွင်း ပျက် စီးလုနီးပါးဖြစ်နေသော မြေသား ရေကန် ပြန်လည်ပြုပြင်ခြင်းလုပ် ငန်းကို ရန်ပုံငွေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်မည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။ မေလ ၁၃ ရက်က ကျင်းပ သော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး တွင် မြင်းမူမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စား လှယ် ဒေါ်နီလာလွင်၏ မြင်းမူမြို့ နယ် ဝမ်းပြည့်ကျေးရွာမှ ပြည်သူ များသည် မြစ်ရေတင်မြောင်းမှ ရရှိသောရေကို ရွာထိပ်ရှိ ရေကန် တွင် ရေထည့်သွင်းကာ သောက် သုံးရေအဖြစ် အသုံးပြုနေရာ အ ဆိုပါ ရေကန်သည် ပျက်စီးလုနီးဖြစ်နေသဖြင့် ပြန်လည်ပြုပြင် ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့် ပတ် သက်၍ ဦးမြင့်ကြည်က ပြန်လည် ဖြေကြားသည်။

ဘင်္ဂလားဒေ့ရှ်လေယာဉ်မတော်တဆဖြစ်မှု ခုံရုံးဖွဲ့စစ်ဆေးနေ

လူဆယ်ဦးကျော် ဒဏ်ရာရရှိသည့် ဘင်္ဂလားဒေ့ရှ် လေယာဉ်မတော်တဆဖြစ်မှုကို ခုံရုံးဖွဲ့စစ်ဆေးနေပြီး ပိုင်းလော့၏ ဆုံးဖြတ်ချက် (Decision) အမှား ကြောင့် ဖြစ်နိုင်ကြောင်း သာမန် ဆုံးဖြတ်ချက်အနေဖြင့် သုံးသပ် ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။ ဆုံးဖြတ်ချက်မှားပြီး လေ ယာဉ်ပြန်တက်ရန် ကြိုးစားချိန် တွင် Run Way (ပြေးလမ်း) မကျန်ခြင်းကြောင့် ပြန်ရပ်ရန် ကြိုးစား စဉ် ပြေးလမ်းမလုံလောက်တော့ သဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက မေလ ၁၃ ရက်တွင် ပြုလုပ်သည့် အစိုးရတတိယတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

ပုဂ္ဂလိကသင်တန်းကျောင်းတွင် မီးစက် မီးခိုးငွေ့ကြောင့် ကျောင်းသား ၁၆ ဦးနှင့် ဆရာမ ငါးဦး မူးမေ့ပြီး ဆေးရုံရောက်

မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ပုဂ္ဂလိက ဘာသာစကားသင်တန်း ကျောင်းတစ် ခုတွင် မေလ ၁၄ ရက် နံနက်က လျှပ်စစ်မီးပြတ်တောက်သဖြင့် မီးစက်နှိုးကာ စာသင်နေစဉ် စာ သင်ခန်းအတွင်း မီးခိုးငွေ့ဝင်၍ ကျောင်းသား ၁၆ ဦးနှင့် ဆရာမ ငါးဦး မူးမေ့ကာ ရန်ကုန်ဆေးရုံကြီး နှင့် အင်းစိန်ဆေးရုံ အရေးပေါ် ဌာနသို့ ပို့ဆောင်ခဲ့ရသည်။ ‘‘မီးစက်မီးခိုးငွေ့ကြောင့် အခန်းထဲမှာ အောက်ဆီဂျင်နည်းသွားပြီး ကာဗွန်ဒိုင်အောက်ဆိုက် များပြီး ဖြစ်သွားတာလို့ ကျန်းမာရေးဘက်က လာစစ်ပြီး ပြောသွားတယ်။ မီးစက်ကို အတွင်းခန်းထဲ ထားတာမဟုတ်ဘဲ အပြင်ဘက် လေရတဲ့နေရာမှာ ထားလိုက်ရင် အဆင်ပြေတယ်လို့ အကြံပေးသွားတယ်။ အခန်းတွေက မှန်တွေနဲ့ ပိတ်ထားတာ။ အထဲမှာ ပန်ကာတွေတပ်ပြီး လေ ၀င်အောင် လုပ်ထားရမှာ’’ဟု မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ် ယဉ်ထွန်းက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပါက ပြဿနာမျိုးစုံ ပေါ်လာမည်ဖြစ်၍ အောင်မြင်မှုရရေး ၀ိုင်းဝန်းကြိုးပမ်းရန် RCSS ဥက္ကဋ္ဌပြော

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ပျက်ပြားပါက  ပြဿနာအမျိုး မျိုး  ပေါ်လာမည်ဖြစ်၍  ငြိမ်းချမ်းစေရေး လုပ်ငန်း စဉ် အောင်မြင်ရေးအစိုးရ၊ တပ်မတော်၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ၀ိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ကျင်းပရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ RCSS ဥက္ကဋ္ဌက  အဖွင့်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။

အိမ်အကူ မကရင်မသေဆုံးမှု ရုပ်သိမ်းပေးရန် သေဆုံးသူ၏ မိခင်ကိုယ်တိုင် တောင်ပိုင်းခရိုင်ဥပဒေရုံးသို့ လျှောက်ထား ဥပဒေအထောက်အကူပြုရေးအဖွဲ့နှင့် အမှုလိုက်ဥပဒေအရာရှိအဖွဲ့က ကန့်ကွက်

အိမ်အကူ မကရင်မသေ ဆုံးသည့်အမှုကို ရုပ်သိမ်းပေးရန် မကရင်မ၏ မိခင်ကိုယ်တိုင်က လျှောက်ထားပြီး ယခင်စစ်ဆေး ပြီးသော သက်သေနှစ်ဦးကို ရုံးခေါ် သက်သေအဖြစ် ထပ်မံစစ်ဆေးပေးရန် တရားခံဘက်မှ ရှေ့နေက တောင်းဆိုခြင်းသည် အမှုကို ကြန့်ကြာစေသည်ဟု ယူဆ၍ လက်မခံကြောင်း အမှုလိုက်ဥပဒေအရာရှိ အဖွဲ့က တရားသူကြီးထံ တင်ပြ သည်။   တပ်မတော်အရာရှိ၏ဇနီး ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုက ရိုက် နှက်၍ သေဆုံးခဲ့သည် ဆိုသော မကရင်မသေဆုံးမှုကို ယမန်နေ့ (မေလ ၁၄)ရက်က တောင်ပိုင်း ခရိုင်တရားရုံးတွင် စစ်ဆေးရာ မကရင်မ၏မိခင် ဒေါ်လှလှဝင်း လာရောက်ခြင်းမရှိပေ။

တောင်ကိုရီးယားပြန် မြန်မာအလုပ်သမား ၇၅၀ ကျော်အတွက် အာမခံငွေကျပ်သိန်း ၁,၀၀၀ ကျော်ထုတ်ပေးပြီးဟုဆို

 တောင်ကိုရီးယားပြန် မြန်မာအလုပ်သမား ၇၅၀ ကျော် အတွက် အာမခံငွေကျပ်သိန်း ၁,၀၀၀ ကျော် ထုတ်ပေးထား ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။ တောင်ကိုရီးယားပြန် မြန်မာ အလုပ်သမားများကို ဧပြီ ၂၉ ရက် ကစကာ အာမခံပေးသွင်းငွေများ တစုတစည်းတည်း ပြန်လည်ထုတ် ပေးနေခြင်း မေလ ၁၃ ရက် (နှစ်ပတ်ခန့်အတွင်း) အထိ လုပ်သား ၇၄၀ ဦးထုတ်ယူခဲ့သည်။ ‘‘ဒီနေ့ (မေလ ၁၄) မှာ နေ့ လယ်ပိုင်းအထိ ၂၈ ဦးထုတ်ပေး ထားတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန အကြီးတန်းအရာရှိတစ် ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခပပျောက်ရေး လူမှုစီးပွားဘဝတိုးတက်ရန် ဦးစားပေးဆောင်ရွက်နေဟု ဒေါက်တာဝင်းမြတ်အေးပြော

 ရခိုင်ပြည်နယ် အတွင်း ရေရှည်ပဋိပက္ခများ ပပျောက်စေရန် လူမှုသဟဇာတ ဖြစ်ရေး ဦးတည်ကြိုးပမ်းနေရာမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ကို ဦးစားပေးပြောင်းလဲဆောင် ရွက်နေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။ ၂၀၁၈ အတွင်း စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ အကြံ ပြုဆုံးဖြတ်ချက်အရ ယင်းသို့ ပြောင်းလဲ ဆောင်ရွက်ခြင်းဖြစ် ကြောင်း မေလ ၁၃ ရက်က နေ ပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည် သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု များနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန် ဒေါ်လာတန်ဖိုး ၂ ရာခိုင်နှုန်းခန့် မြင့်တက်

 ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာ တန်ဖိုး ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်ပြီး မေလ ၁၃ ရက်၌ တစ်ဒေါ်လာ ၁,၅၃၅ ကျပ်သို့ ရောက်လာ သည်။ မေလဆန်းက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်သာရှိသော်လည်း နှစ်ပတ်အတွင်း ပြန်လည်မြင့် တက်လာသည်။ ‘‘ဒေါ်လာက လလယ်ပိုင်းဆို တက်တယ်။ လကုန်ရက်အထည် ချုပ်တို့၊ ဘာတို့က ငွေဝင်လာရင် ပြန်ကျလေ့ရှိတယ်’’ ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဗဟိုအ လုပ်အမှုဆောင် ဦးမျိုးသူရအေး က ပြောသည်။ ေ

အကြမ်းဖက်မှုများလာ၍ ဗုဒ္ဓအဆုံးအမအတိုင်း နေထိုင်ရန်လိုအပ်လာဟု သမ္မတပြော

အကြမ်းဖက်မှုများ ပို များလာ၍ ဗုဒ္ဓအဆုံးအမဖြစ်သည့် ငြိမ်းချမ်းစွာဖြင့် သဟဇာတမျှတ စွာနေထိုင်နိုင်ရေးကို ဦးတည်ရန် လိုအပ်လာကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တွင် မေလ ၁၂ ရက်က ကျင်းပသည့် (၁၆)ကြိမ် မြောက်ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်း အနား၌ ပြောကြားသည်။ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ များပြားလာသည့်အချိန်မျိုးတွင် ဗုဒ္ဓ၏ အဆုံးအမများဖြစ်သော ချစ်ခြင်းမေတ္တာကို လက်ကိုင်ထား ပြီး ငြိမ်းချမ်းစွာဖြင့် သဟဇာတ မျှတစွာနေထိုင်နိုင်ရေးကိုဦးတည် သည့် ဗုဒ္ဓနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခြင်းသည် မှန်ကန်မှု ရှိပြီး ခေတ်ကာလအနေအထား အရ ပို၍ပင်လိုအပ်လာသည်ဟု ဆိုရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

မြန်မာစစ်တပ်အပေါ် အကူအညီဖြတ်ဖို့ ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအ၀န်းက ဘဏ္ဍာရေးနဲ့ အကူအညီတွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှု မတွေ့ရတဲ့အတွက် မြန်မာစစ်တပ်ကို ဖိအားပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFM က ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်အပေါ် တုံ့ပြန်ချက်တွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ကျောက်တော်နဲ့ မြောက်ဦး တိုက်ပွဲတွေအတွင်း ထိခိုက်မှုတချို့ရှိ

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သားတဦး အပါအ၀င် ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက နေရာတချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ကုလလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း

ကုလလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်းမြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့မှာ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေသေးတဲ့အကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ အာရ်ဆူလာ မူလာ က ပြောပါတယ်။ ဒီလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စစ်မူလာရဲ့ ခရီးစဉ်အတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကိုတော့ မစ္စစ်မူလာကို မခင်ဖြူထွေးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။