Pages
Sunday, June 23, 2019
အေအေဟု ယူဆရသူ ၈ ဦးအား ဖမ်းဆီးမိဟု တပ်မတော်ထုတ်ပြန်
ဘူးသီးတောင်တွင် တပ်ပြေးတဦး ပစ်ခတ်မှုကြောင့် ဈေးသည်တဦး သေဆုံး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မြောက်ပိုင်း ဂုပ်ပီရွာမှာ ဇွန် ၂၃ ရက် မနက် ၇ နာရီကျော်လောက်က ဈေးဆိုင်သည်တယောက်ကို တပ်မတော် တပ်မ ၂၂ မှ တပ်ပြေးတယောက်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “မနက် ၇ နာရီလောက်က ဖြစ်ပါတယ်။ သူက ကုန်စုံဆိုင်ရောင်းတာပါ။ စားစရာပစ္စည်းတွေကိုယူပြီး ဆိုင်ရှင်ကို သေနတ်နဲ့ပစ်သွားပြီး စက်တပ်မော်တော်နဲ့ ထွက်ပြေးသွားတယ်။ သူဟာ တပ်ပြေးတယောက်ဖြစ်တာကြောင့် တပ်နဲ့နယ်ခြားစောင့်က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
အာဆင်နယ် ကွင်းလယ်လူ တော်ရိုင်းရားအတွက် အေစီက ပေါင် ၃၅ သန်း သုံးမည်
ရန်ကုန်မြို့က Food box
ထိုင်း လှိုဏ်ဂူဖြစ်ရပ်တစ်နှစ်ပြည့် အလှူရန်ပုံငွေ ပြေးပွဲမှာ တောဝက်ဘောလုံးအသင်းသားတွေ ပါဝင်

လူသေဆုံးမှု ဖြစ်ပြီးနောက် နက်ရှ်ဗီးလ်မှာ လျှပ်စစ်စကူတာများ ပိတ်ပင်

Free Burma Rangers အဖွဲ့၏ လှုပ်ရှားမှုကို စောင့်ကြည့်၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဟုဆို
အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်းများဖြင့် ဦးဆောင်ဖွဲ့စည်းထားသည့် Free Burma Rangers အဖွဲ့၏ လှုပ်ရှားမှုကို စောင့် ကြည့်ပြီး လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီကပြောကြားလိုက်သည်။ “ Free Burma Rangers အဖွဲ့ ၀င်ရောက်လာတဲ့ လမ်းကြောင်းကတော့ တရားမ၀င်လမ်းကြောင်းတွေကိုပဲ အသုံးပြုပြီး သွားတဲ့ အနေအထားမျိုးပါ။ သူတို့ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာ လုပ်ဆောင်သွားမှာပါ” ဟု ၄င်းကပြောသည်။
ကရင်အမျိုးသမီးငယ်တစ်ဦး.. သြစတေးလျမှာ လေယာဉ်မယ်အဖြစ် …တာဝန် ထမ်းဆောင်ခွင့်ရရှိ

ပခုက္ကူမှာလည်း… Food Boxလေး.. စတင်နေပါပြီ

ATR-72-600 လေယာဉ်သစ် ၂ စီး ရောက်ရှိ
ထရမ့်ဆီက ပုဂ္ဂိုလ်ရေးပေးစာတစ်စောင် ကင်ဂျုံအန်ရခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာဖော်ပြ
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ဆီကနေ ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ရခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်KCNAသတင်းအေဂျင်စီက ဖော်ပြပါတယ်။ စာကိုဖတ်ပြီးတဲ့နောက် စာမှာပါတဲ့အကြောင်းအရာတွေက ကောင်းမွန်တဲ့အကြောင်းအရာတွေဖြစ်လို့ ကျေနပ်တယ်လို့ ကင်ကပြောတယ်ဆိုပြီး KCNAကဖော်ပြခဲ့တာပါ။ စာထဲက အရေးကြီးတဲ့ဖြစ်ရပ်တွေကို အထူးတလည်အာရုံစိုက်စောင့်ကြည့်သွားမယ့်အပြင် သမ္မတထရမ့်ရဲ့သာမန်ထက်ပိုထူးခြားတဲ့ရဲစွမ်းသတ္တိကို ချီးကျူးတယ်လို့ ကင်ကပြောတယ်ဆိုပြီး KCNAသတင်းမှာပါဝင်ပါတယ်။
သရုပ်ဆောင် ပိုင်ဇေရဲထွန်းမှ အဒေါ်ဖြစ်သူကို ၆၆ (ဃ) ဖြင့် အမှုဖွင့်
လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် အများအထင်အမြင်သေးစေပြီး ဂုဏ်သိက္ခာကျဆင်းစေရန် ဓာတ်ပုံနှင့်စာများ ရေးသားဖော်ပြမှုဖြင့် သရုပ်ဆောင် ပိုင်ဇေရဲထွန်းမှ အဒေါ်ဖြစ်သူ ဒေါ်ခင်ဆွေထွန်းအား ဗဟန်းမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
AFF Futsal Club Championship 2019 ပြိုင်ပွဲတွင် မြန်မာ ကလပ် MIU အသင်း တတိယ ဆု ရရှိ
AFF Futsal Club Championship 2019 ပြိုင်ပွဲ၏ တတိယနေရာ လုပွဲအဖြစ် မြန်မာကလပ် MIU အသင်းနှင့် ကမ္ဘောဒီးယား ကလပ် Down Town Sport အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ MIU အသင်းက(၉-၅) ဂိုးဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲ၏ တတိယ ဆုကို ရရှိခဲ့သည်။ MIU အသင်းသည် ယခုအကြိမ် တတိယ ရရှိခြင်းသည် AFF Futsal Club Championship ပြိုင်ပွဲ တစ်လျှောက်တွင် လေးကြိမ်မြောက် တတိယဆု ရရှိခဲ့ခြင်း ဖြစ်ပြီး နှစ်နှစ်ဆက် တတိယ ဆုကို ရယူခဲ့ခြင်းဖြစ်သည်။
ဂျော်ဂျီယာတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှားက လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထား
ဂျော်ဂျီယာနိုင်ငံတွင် အကြမ်းဖက် မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှား သမ္မတပူတင်က ရုရှားလေကြောင်းလိုင်းများ ပျံသန်းမှုကို ယာယီရပ်ဆိုင်းထားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၈ ရက်တွင် စတင်သက် ရောက်မည့်အမိန့်ကို ပူတင်က သောကြာနေ့တွင် လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။ေ ဂျာ်ဂျီယာလွှတ်တော်သို့ ရှရှားအမတ်များ ရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများအတွင်း လူပေါင်း ၂၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ရုရှားလေကြောင်းလိုင်းများကို ရပ်နားလိုက်ခြင်းဖြစ်သည်။
ပင်လယ်ပြင်၌မျောနေသည့် ဗီယက်နမ်ရေယာဉ်ကို တပ်မတော်ကယ်ဆယ်

ပစ်ချခဲ့သည့် အမေရိကန်ဒရုန်းယာဉ် ပျံသန်းသည့်လမ်းကြောင်းအသေးစိတ်မြေပုံ အီရန်ပြသ
အီရန် ရေပိုင်နက်ထဲမှာ အီရန်အစိုးရက ပစ်ချခဲ့တဲ့ အမေရိကန် ဒရုန်းယာဉ်ရဲ့ ပုံနဲ့ တည်နေရာတွေ အသေးစိတ်ကိုပြထားတဲ့ မြေပုံတခုကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မဒ်ဂျာဗဲ့ဒ်ဇာရိဖှ်က တွစ်တာ လူမှုကွန်ရက်ပေါ် ဇွန်လ ၂၂ ရက်က တင်လိုက်ပါတယ်။ မြေပုံပေါ်မှာ ဒရုမ်းယာဉ် ပျံသန်းတဲ့လမ်းကြောင်းကို အဝါရောင် စတုရန်း ၂ ခုနဲ့ ပြထားပါတယ်။ မြေပုံအရ ဒရုန်းယာဉ်ဆီကို အီရန်က ရေဒီယို စက်နဲ့ သတိပေးထားကြောင်း ပြထားပါတယ်။ ဒီယာဉ်ဟာ ပစ်ချခံရချိန်မှာ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သံသယကို မရှိနိုင်ဘူးလို့ ဇာရိဖှ်က သူ့တွစ်တာ စာမျက်နှာပေါ်မှာ ရေးထားပါတယ်။ ဇွန် ၂၀ ရက်က အီရန်ဒုံးကျည်တစီးဟာ အမေရိကန်ရဲ့ ဂလိုဘယ်ဟော့ခ် ကင်းထောက် ဒရုမ်းယာဉ်ကို ပစ်ချခဲ့ပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင်း ရဲမေအသစ် အယောက် ၅၀ ခေါ်ယူ
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ဒေသခံ အမျိုးသမီး ရဲမေ ၅၀ ဦးကို အခုလအတွင်း စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။ ပညာအရည်အချင်းအနေနဲ့ ၉ တန်းအောင်အဆင့် သတ်မှတ်ထားပြီး အသက် ၂၅ နှစ်မကျော်သူ ဖြစ်ရမှာပါ။ ကိုယ်ရေးရာဇဝင်နဲ့အတူ သက်ဆိုင်ရာ ထောက်ခံချက်တွေနဲ့ နီးစပ်ရာ ရဲစခန်းတွေမှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ရှင်သန်ကြီးထွားနေသောဝါးပင်ထဲတွင် နှစ်ချို့အောင်ထည့်ထားပြီးမှ ပြန်လည်ထုတ်ယူရောင်းချသော တရုတ်ဝါးပင်အရက်

မီးဇိုင်းတောင်မှာအခြေချ တဲ့ ခွဲထွက်ဒီကေဘီင်္အေတပ်ဖွဲ့ဝင်အချို့ဥပဒေဘောင်ထဲဝင်ရောက်
ကရင်ပြည်နယ် ဘားအံမြို့နယ် မီးဇိုင်းတောင်မှာ အခြေချလှုပ်ရှားနေတဲ့ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ဝင် အချို့ရဲ့ ဥပဒေဘောင်ထဲဝင်ရောက်တဲ့ အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့ဝင် ၄၅ ဦးဟာ လက်နက်ကြီးလက်နက်ငယ် ၂၉ လက်နဲ့အတူ အလင်းဝင်ရောက်လာတာပါ။ မနေ့က တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နဲ့ မီးဇိုင်းတောင်ဆရာတော်တို့ရဲ့ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်နဲ့ ခွဲထွက်ဒီကေဘီအေအဖွဲ့တွေဟာ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ သဘောတူညီခဲ့တာလို့သိရပါတယ်။
အာဏာသိမ်းရန်ကြိုးစားမှုအား ဟန့်တားခဲ့သည့် အီသီယိုပီးယားကာချုပ် သေနတ်ထိမှန်
အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာရဲ့ မြောက်ဘက်က ပြည်နယ်ထဲမှာ ဇွန် ၂၃ ရက်က အာဏာသိမ်းဖို့ ကြိုးစားမှုကို ဟန့်တားရင်း ကာကွယ်ရေးဦးစီးချုပ်ကို သေနတ် ထိမှန်ခဲ့တယ်လို့ ဝန်ကြီးချုပ် အဘီ အာမဒ်က ပြောပါတယ်။ ထိခိုက်သေဆုံးသူ အတော်များများထဲမှာ ဗိုလ်ချုပ်ကြီး စီးယားမီခွန်နန်လည်း တယောက် အပါအဝင်ပဲလို့ ဝန်ကြီးချုပ်က စနေနှောင်းပိုင်း အစိုးရ ရုပ်သံကနေ ပြောပါတယ်။ အမ်ဟာရာ ပြည်နယ်ထဲမှာ အာဏာသိမ်းဖို့ ကြံစည်သူတွေကို ဟန့်တားဖို့ ဗိုလ်ချုပ်ကြီးက ကြိုးစားခဲ့တယ်။
တာချီလိတ်မြို့နယ်တွင် ကျည်မျိုးစုံ ဖမ်းမိ
တာချီလိတ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်က နေအိမ်တစ်လုံးမှ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ အိုက်စ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မင်းကင်းတွင် ကားမှောက်၍ ကလေးငယ်တစ်ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က Hijet ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ ကလေးငယ်တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မင်းကင်းမြို့မရဲစခန်းထံမှ သိရသည်။ မင်းကင်းမြို့မှ သင်္ဘောကျေးရွာသို့ မင်းကင်း-မြို့မကားလမ်းအတိုင်း ခရီးသည် ၇ ဦး တင်ဆောင်မောင်းနှင်လာသည့် ဟိုက်ဂျက်ကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်လူ ၅ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် မင်းကင်းမြို့၊ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မင်းကင်းမြို့မရဲစခန်းက ယာဉ်မောင်း သူရအောင်၂၇ နှစ်ကို ယာဉ် (ပ) ၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ -၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မော်လမြိုင်လူမှုကယ်ဆယ်ရေး အဖွဲ့မှ "အခမဲ့" ရွေလျား အထည်ဆိုင်လေးသည်သီရိမြိုင် သီရိမင်္ဂလာမြို့သစ်ဘက်သို့ သွားရောက်လှူဒါန်းခဲ့

Time မဂ္ဂဇင်းကြီးမှ အယ်ဒီတာ ဖြစ်လာတဲ့ အန်ဂျလီနာ ဂျိုလီ
အန်ဂျလီနာ ဂျိုလီဟာ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးမှာ ဆောင်းပါး ရေးသားတဲ့ အယ်ဒီတာ တစ်ယောက် ဖြစ်လာကြောင်း သိရပါတယ်။ အခုလထဲမှာ အသက် ၄၄ နှစ်အရွယ် ဟောလိဝုဒ် မင်းသမီးဟာ Timeရဲ့ အယ်ဒီတာ အဖွဲ့နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ဂျိုလီဟာ တည်းဖြတ်မှုပိုင်းမှာ မပါဘဲ စာရေးသားတဲ့ အယ်ဒီတာ အနေနဲ့ပဲ ရှိနေမှာပါ။
ဆန္ဒပြနေစဉ် လူနာတင်ယာဉ်လာလို့လမ်းဖယ်ပေးခဲ့ကြတဲ့လူအုပ်ကြီး
ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန် ၂၂ ရက်အထိ H1N1 ဖြစ်ပွားသူ ၁၃ ဦးအနက် ခြောက်ဦးသေဆုံး
ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန် ၂၂ ရက်အထိ ရာသီတုပ်ကွေး H1N1 အတည်ပြု လူနာ ၁၃ ဦးအနက် ခြောက်ဦးသေဆုံးကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၏ ပြောကြားချက်အရ သိရသည်။ “ဒီနေ့ (ဇွန်၂၂ရက်) အထိ H1N1 က ၁၃ ဦးရှိပြီး အဲဒီထဲက သေဆုံးသူ ခြောက်ဦးရှိပါပြီ။ နောက်ထပ် သေဆုံးလူနာတွေက မရမ်းကုန်း၊ မှော်ဘီနဲ့ သာကေတကပါ” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
စစ်တွေမြို့ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သော တပ်မတော် (ရေ) တွဲဆွဲသင်္ဘောတစ်စင်းကို AA အဖွဲ့က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်
စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သော တပ်မတော် (ရေ) တွဲဆွဲ သင်္ဘောတစ်စင်းကို ဇွန် ၂၂ ရက် နံနက် ၃ နာရီခွဲတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ြ ဖစ်စဉ်မှာ အဆိုပါရေယာဉ်သည် စစ်တွေမြို့ရှိ သင်္ဘောများဝင်ထွက်ရာ ဆတ်ရိုးကျချောင်းဝ၌ ရပ်နားထားစဉ် ဇွန် ၂၂ ရက် နံနက် ၃ နာရီကျော် အချိန်ခန့်တွင် AA အဖွဲ့ က လောင်ချာဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် နှစ်ချက်မှာ ထိမှန်ပေါက်ကွဲခဲ့သဖြင့် ရေယာဉ်နှင့် လူအနည်းငယ် ထိခိုက်ခဲ့ခြင်းရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးဝင်းဇော်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် ကမမောင်းရွာအနီး မိဇိုင်းတောင်ခြေတွင် နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအသွင် စစ်ရေးတင်းမာမှု ပြေလျော့ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဟု သိရ
ကရင်ပြည်နယ် ကမမောင်းရွာအနီး မိဇိုင်းတောင်ခြေတွင် အခြေချသော ခွဲထွက် DKBA အဖွဲ့နှင့် နယ်ခြားစောင့်တပ်၊ တပ်မတော်တို့နှင့် နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအသွင် စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက် ဇွန် ၂၃ ရက်တွင် အဆိုပါခွဲထွက် DKBA အဖွဲ့သည် နယ်ခြားစောင့်တပ်နှင့် ပူးပေါင်း၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ် မြိုင်ကြီးငူတစ်ဖက်ကမ်း ဖာပွန်ခရိုင် ကမမောင်းရွာအနီး မိဇိုင်းတောင် အခြေချစခန်းတွင် ၂၀၁၉ ဇွန် ၂၀ ရက် နံနက်ပိုင်းမှစ၍ တစ်နေကုန် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ပွဲအသွင် ပစ်ခတ်မှုများဖြင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက်
ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသို့ စွန့်ခွာထွက်ပြေးသွားကြသူ အားလုံးကို လက်ခံမည် မဟုတ်ဘဲ ဥပဒေနှင့်အညီ စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း UEHRD ဥက္ကဋ္ဌဌ၏ အကြံပေးပုဂ္ဂိုလ် ပြောကြား
ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသို့ စွန့်ခွာထွက်ပြေးသွားကြသူ အားလုံးကို လက်ခံမည်မဟုတ်ဘဲ ဥပဒေနှင့်အညီ စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးတိုးအောင်က ပြောကြားသည်။ ဇွန် ၂၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ပြုလုပ်သည့် UEHRD အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးတိုးအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များအတွင်း AA အဖွဲ့အနေဖြင့် လူသားတံတိုင်းအသွင် ရွာကို အကာအကွယ်ယူခြင်းအပြင် သာသနိက အဆောက်အအုံများကိုပါ အကာအကွယ်ယူ၍ ဆောင်ရွက်လာသည်ကိုတွေ့ရဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များအတွင်း AA အဖွဲ့အနေဖြင့် လူသားတံတိုင်း အသွင် ရွာကိုအကာအကွယ်ယူခြင်းအပြင် သာသနိကအဆောက်အအုံများကိုပါ အကာအကွယ်ယူ၍ လှုပ်ရှားဆောင်ရွက်လာသည်ကို တွေ့ရကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။ ဇွန် ၂၂ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစား၏ရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
(၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

အိမ်ခြံမြေကြောင့် ဘဏ်စနစ်ထိခိုက်မှုမျိုး မဖြစ်ရန် ကြိုးစားနေရသည့် ကာလတစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား
အိမ်ခြံမြေကြောင့် ဘဏ်စနစ်ထိခိုက်မှုမျိုး မဖြစ်စေရန် ကြိုးစားနေရသည့် ကာလတစ်ခုဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၂ ရက်တွင် အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည် လမ်းထောင့်တွင် ပြုလုပ်သည့် GONYI SHOPHOUSES ရတနာ ပိုင်စိုက်ထူခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။ အိမ်ခြံမြေကဏ္ဍဍသည် မိုးပျံပူဖောင်းတက်သလို တက်ခဲ့သည့် ကာလတစ်ခု ရှိခဲ့ကြောင်း၊ ယင်းကာလ၏ ဂယက်သည် အစိုးရသစ် တာဝန်ယူသည့်အချိန်၌ တောက်လျှောက် ရိုက်ခတ်ခဲ့ကြောင်း၊ အိမ်ခြံမြေ ဈေးကွက်သည် အရှိန်အဟုန်ဖြင့် တက်ခဲ့ကြောင်း နာဂစ်မုန်တိုင်းပြီးသည့်နောက် ဆယ်စုနှစ် တစ်စုအတွင်း တက်လာခဲ့သည့် မိုးပျံပူဖောင်း ပေါက်နိုင်သည့် အခြေအနေအား အစိုးရသစ်မှ တာဝန်ယူ ထိန်းသိမ်းနေရသည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဇန်နဝါရီမှ ဇွန် ၁၇ ရက်အထိ ရန်ကုန်တိုင်း၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၇၃၀ ကျော်ရှိပြီး ရှစ်ဦးသေဆုံးကာ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ မြို့နယ်များတွင် ဖြစ်ပွားနှုန်း မြင့်တက်

အစီရင်ခံစာကို အပြီးသတ်ရန်အတွက် ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေရဆဲဟု ပြောကြား
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ဇူလိုင်လက တာဝန်ပေးထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က ゞင်းတို့သည် အစီရင်ခံစာကို အပြီးသတ်ရန်အတွက် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေရဲဆဲဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှ သံတမန် ရိုဆာရီယိုမာနာလို ဦးဆောင်သည့် ကော်မရှင်ကို တာဝန်ထမ်းဆောင်ရန် အချိန်တစ်နှစ် ပေးထားခဲ့ခြင်းဖြစ်သည်။
အခြေခံပညာ ကျောင်းများတွင် ကျောင်းတွင်းဒီမိုကရေစီကို လေ့ကျင့်ဖော်ဆောင်နိုင်ရေး အတွက် ကျောင်းကောင်စီများ ဖွဲ့စည်းရန် ညွှန်ကြားထား
အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းဒီမိုကရေစီကို လေ့ကျင့်ဖော်ဆောင် နိုင်ရေးအတွက် ကျောင်းကောင်စီများ ဖွဲ့စည်းရန် အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများတွင် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ ကျောင်းတွင်း ဒီမိုကရေစီကို လေ့ကျင့်ဖော်ဆောင် နိုင်ရေးအတွက် ကျောင်းကောင်စီများကို ဖွဲ့စည်းရမည်ဟု သိရသည်။
၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ် အရောင်းပြခန်းတွင် ရောင်းချရန် တင်သွင်းလာသည့်မော်တော်ယာဉ်များသည် Brand New ဖြစ်ရမည်ဖြစ်ပြီး Model Year သည်ရောက်ရှိခုနှစ်နှင့် တစ်နှစ်နိမ့်မော်ဒယ် Brand New ဖြစ်ရမည်ဟု သိရ
၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ် အရောင်းပြခန်းများတွင် ရောင်းချရန်တင်သွင်းလာသည့် မော်တော်ယာဉ်များသည် အသစ် (Brand New) ဖြစ်ရမည်ဖြစ်ပြီး မော်တော်ယာဉ်များ၏ Model Year သည် ရောက်ရှိ ခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့် မော်ဒယ် အသုံးမပြုရသေးသော Brand New ဖြစ်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ၂၇/ ၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ်အရောင်းပြခန်း (Show Room) တွင်ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
အောင်ဆန်းကွင်း အဆင့်မြှင့်တင်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တိုင်းအစိုးရတို့ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးနေဟု ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ ဆေးကောင်စီ၏ လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်သည်များ ပြင်ဆင်ဆောင်ရွက် စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
မြန်မာနိုင်ငံ ဆေးကောင်စီ၏ လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက် သွားစေလိုကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ ဇွန် ၂၁ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မြန်မာနိုင်ငံ ဆေးကောင်စီ၌ ပြုလုပ်သည့် မြန်မာနိုင်ငံဆေးကောင်စီ ဗဟိုအစည်းအဝေး (၂/၂၀၁၉) တွင် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြို့နယ်အားလုံးတွင် ကျင်းပနိုင်ရေး ရည်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောကြား
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြို့နယ်အားလုံးတွင် ကျင်းပနိုင်ရန် ရည်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအချို့၌ တိုက်ပွဲ များဖြစ်ပွားလျက်ရှိသည့်အတွက် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းချက်နှင့် စပ်လျဉ်းပြီး ဦးမြင့်နိုင်အား မေးမြန်းရာ ゞင်းက “အားလုံးရည်မှန်းထားတာပေါ့။ ကျင်းပတော့မယ့် အခြေအနေကျ တော့ အဲဒီအချိန်နဲ့ တစ်မျိုးပေါ့။ အခုကတော့ အားလုံးရည်မှန်းပြီး ဆောင်ရွက်နေတာပေါ့” ဟု ပြောကြားသည်။
ချောင်းသာကမ်းခြေ သာယာသန့်ရှင်းရေးအတွက် ကမ်းခြေတွင် အမှိုက်ပုံးများ ထားရှိမည်

မကွေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ သီးနှံစိုက်ခင်းများတွင် ပေါင်းနုတ်လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ မိုးမရွာသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မစတင်နိုင်သေး
မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ် စသည့်မြို့နယ်များ အတွင်းရှိ မြေပဲ၊ နှမ်းစိုက်ခင်းများတွင် ပေါင်းနုတ်လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ရေနံချောင်း မြို့နယ်အတွင်း ကျေးရွာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု မရှိသေးသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မစတင်နိုင်သေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဆီထွက်သီးနှံ အဓိကစိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်မေလလယ်ပိုင်းမှစ၍ မိုးဦးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ စတင်လေ့ရှိကြောင်း၊ ယခုနှစ်တွင် မုတ်သုံမိုးနောက်ကျမှုကြောင့် မြို့နယ်အများစု၌ ဇွန်လဆန်းပိုင်းတွင်မှ သီးနှံများ စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့တွင် ဇွန် ၂၂ ရက်အထိ မိုးဦးကျ မိုးအဖြစ် မိုးသည်းထန်စွာ ရွာသွန်းမှု မရှိသေးသောကြောင့် မိုးဦးသီးနှံများ မစိုက်ပျိုး နိုင်သေးကြောင်း သိရသည်။

ဆီထွက်သီးနှံ အဓိကစိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်မေလလယ်ပိုင်းမှစ၍ မိုးဦးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းများ စတင်လေ့ရှိကြောင်း၊ ယခုနှစ်တွင် မုတ်သုံမိုးနောက်ကျမှုကြောင့် မြို့နယ်အများစု၌ ဇွန်လဆန်းပိုင်းတွင်မှ သီးနှံများ စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့တွင် ဇွန် ၂၂ ရက်အထိ မိုးဦးကျ မိုးအဖြစ် မိုးသည်းထန်စွာ ရွာသွန်းမှု မရှိသေးသောကြောင့် မိုးဦးသီးနှံများ မစိုက်ပျိုး နိုင်သေးကြောင်း သိရသည်။
အရှေ့တောင်အာရှ ကနူး/ကယက်လှေပြိုင်ပွဲတွင် မြန်မာအသင်း ရွှေငါးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုရရှိ

အာဆီယံ ထိပ်သီး အစည်းအဝေးများ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံသို့ပြန်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တည်းခိုရာ ဟိုတယ်မှ ထွက်ခွာ
စပိန်နွားရိုင်းပွဲတွင် အမျိုးသမီးတဦးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်သူ ၅ ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ တိုးမြှင့်
မိတ္ထီလာတွင် တပ်မတော်သား ၃ ဦးထံမှ စိတ်ကြွဆေးများတွေ့ရှိ၍ ရဲစခန်းတွင် အမှုဖွင့်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်ရှိ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့ရေး နဲ့ ပို့ဆောင်ရေးတပ်မှ တပ်သား ၃ ဦးထံမှ စိတ်ကြွဆေးပြားတွေ တွေ့ရတာကြောင့် ဗိုလ်ကြီးတဦးက ရဲစခန်းမှာ အမှုလာဖွင့်တယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ဇွန်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်း ဒုရဲအုပ်သိပ္ပံက “ဟုတ်ပါတယ်။ ရဲစခန်းမှာ အမှုလာဖွင့်ပါတယ်။ တပ်မတော်က ဗိုလ်ကြီးတဦးကပဲ တရားလိုလုပ်ပါတယ်။ စစ်ဆေးတာကတော့ တပ်မတော်ခုံရုံးမှာပဲ စစ်ဆေးမှာပါ” လို့ ပြောပါတယ်။
" လိုတဲ့သူယူ … ပိုတဲ့သူ လှူ" အစီအစဉ် နှင့် မော်လမြိုင်က အခမဲ့အထည်ဆိုင်
တကယ့်ကို မရှိဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်တွေဆီကို အရောက်သွားပြီး လှူဒါန်းမဲ့ အစီအစဉ်တခုပါ။ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့သို့ ရေဘေးတုန်းက အိန္ဒိယနိုင်ငံမှ လှူဒါန်းထားတဲ့ ပိုနေတဲ့ အထည်တွေ အများပြည်သူ လှူဒါန်းထားတဲ့ အဝတ်အစား အထည်မျိုးစုံနဲ့ ထပ်မံဖြည့်တင်းထားတဲ့ အဝတ်အစား တွေ အများကြီး ရှိနေတဲ့အတွက် တကယ်လိုအပ်နေတဲ့သူတွေဆီကို အရောက်ပေးပို့ဖို့ ဒီအစဉ်အစဉ်ကို ချက်ချင်း လုပ်လိုက်ပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့တပ်စုမှူး အီရတ်အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း တပ်ဖွဲ့ဝင်နှစ်ဦးထွက်ဆို
၂၀၁၇ ခုနှစ်တွင် အီရတ်နိုင်ငံ မိုဆူ၌ တာဝန်ထမ်းဆောင်စဉ်အတွင်း နေဗွီဆီးလ် အမေရိကန်ရေတပ် အထူးတပ်ဖွဲ့မှ တပ်စုမှူးသည် မိန်းကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးတို့ကို ကင်းစင်ပေါ်မှ ပစ်ခတ်ခဲ့ကြောင်း အထူးတပ်ဖွဲ့ဝင်နှစ်ဦးက ဇွန် ၂၁ ရက်တွင် ဆန်ဒီယေဂိုရှိ ရေတပ်ဌာနချုပ် စစ်ခုံရုံး၌ ထွက်ဆိုခဲ့သည်။ တပ်စုမှူး အက်ဒွပ် ဂယ်လာဂါ တာဝန်ကျနေသည့် ကင်းစင်ပေါ်မှ သေနတ်ပစ်သံကိုကြားခဲ့ရပြီး စနိုက်ပါမှန်ပြောင်းမှတစ်ဆင့်ကြည့်လိုက်ရာ အရပ်သားများ မြေပြင်သို့ လဲကျသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း အထူးတပ်ဖွဲ့ဝင်နှစ်ဦးက ထွက်ဆိုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၅၉(စ)အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးပုဒ်မ-၂၆၁အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး ဆန္ဒဖော်ထုတ်
ချောင်းဦးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) ပုဒ်မ ၅၉(စ)အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ-၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေးအတွက် ပြည်သူလူထုများက ယနေ့နံနက် ၆နာရီမှ ၈နာရီအထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒ ဖော် ထုတ်ခဲ့ကြသည်။အဆိုပါဆန္ဒဖော်ထုတ်မှုအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ-၄နှင့်အညီ သက်ဆိုင်ရာသို့တင်ပြ၍ ငြိမ်းချမ်းစွာစီတန်းလှည့် လည် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်
တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲ ထားရှိကာလအတွင်း EAO များ၏ဆောင်ရွက်မှုအခြေအနေများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများမှ အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။
ပြည်ဆေးရုံကြီးတွင် သုံးရက်အတွင်း H1N1ရောဂါရှိသူတစ်ဦးနှင့်သံသယလူနာနှစ်ဦးတွေ့ရှိ
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကုတင်(၅၀၀)ဆေးရုံကြီးတွင် ဇွန်လ ၂၀ရက်နေ့၌ H1N1ရောဂါ positiveရှိသူတစ်ဦးတွေ့ရှိပြီး ဇွန်၂၁နှင့် ၂၂ ရက် တို့တွင် H1N1ရောဂါ သံသယရှိသူ နှစ်ဦးထပ်မံရောက်ရှိလာကြောင်း သိရှိရသည် ။ ပြည်မြို့ ရွာဘဲရပ်ကွက်နေ အသက်၇၂နှစ် ရှိဒေါ်ချို သည် ဗိုက်အောင့်ရောဂါကြောင့်ဆေးရုံတက်ရောက်ကုသစဉ် H1N1 ရောဂါသံသယရှိသည့်အတွက် ဓာတ်ခွဲခန်း၌စစ်ဆေးခဲ့ရာ ရောဂါ ပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်ကို လူကြမ်းဖြစ်အောင် မလုပ်ဖို့ ဗိုလ်ချုပ်ထွန်းထွန်းညီပြော
တပ်မတော်ကို လူကြမ်းဖြစ်အောင်မလုပ်ဖို့လိုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။ "တပ်မတော်မရှိရင်ဘာဖြစ်သွားမလဲဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် တပ်မတော်မရှိအောင် ဘေးကနေပြီးကျမှ တပ်မတော်ရဲ့ အင်အားတွေကိုချိနဲ့သွားအောင် ယိုင်နဲ့သွားအောင်လုပ်နေတဲ့လုပ်ရပ်တွေ အများကြီးရှိတယ်။ အဲဒီတော့ ဒီအပေါ်မှာသို့လော၊ သို့လောထင်ယောင်ထင်မှားနဲ့ တပ်မတော်ကိုတကယ့်လူကြမ်းဖြစ်အောင် မလုပ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့လူကြမ်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကတပ်မတော်သားတွေပါ" ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ ကပြောသည်။
စာရေးဆရာမတစ်ဦးကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲမှု စိတ်ကူးယဉ်ပြောဆိုမှုဖြစ်ကြောင်း ထရမ့်ဖြေရှင်း
၁၉၉၀ ပြည့်နှစ်ကျော် ကာလများတွင် စာရေးဆရာမ အီး ဂျင်း ကာရိုးကို လိင်ပိုင်းအနိုင်ကျင့်ခဲ့သည်ဆိုသည့် စွပ်စွဲချက်သည် စိတ်ကူးယဉ်ပြောဆိုခြင်းသာဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန် ၂၁ ရက်တွင် ဖြေရှင်းပြောဆိုခဲ့သည်။ ထရမ့်က ၎င်းအနေဖြင့် အီးဂျင်းကာရိုးနှင့် တစ်ကြိမ်မှ မဆုံဖူးဘဲ စာရေးဆရာမသည် စာအုပ်သစ်ရောင်းရရန် ဉာဏ်ဆင်ခြင်းသာဖြစ်ကြောင်း ထရမ့်ကပြောသည်။ ကာရိုး၏စွပ်စွဲချက်ကို နယူးယောက်မဂ္ဂဇင်းက ဇွန် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။ထရမ့်သည် လိင်ပိုင်းမလျော်ကန်မှုများကို ကျူးလွန်ခဲ့ကြောင်း အမျိုးသမီး ၁၀ ဦးကျော်က စွပ်စွဲပြောဆိုခဲ့ပြီး လီဆည်စွပ်စွဲခြင်းသာဖြစ်ကြောင်း ထရမ့်က ဖြေရှင်းပြောဆိုခဲ့သည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်သည့် ယာဉ်မှ လမ်းလယ်ကျွန်းဘာရီယာ တုံးများအား ဝင်ရောက်တိုက်မိမှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၉/၄¬-၅)ကြား၌ ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်က ယာဉ်တိုက်မိမှု ဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက သွားရောက် စစ်ဆေးခဲ့သည်။ ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ချမ်းအေးသာဇံမြို့နယ်၊ ၈၂×၈၃ လမ်းကြားနေ ဇော်မိုးထွန်း(၃၆)နှစ် မောင်းနှင်လာသော MDY-9F/×××× HONDA CIVIC ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံး(၃)တုံးအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မှာ တန်ဖိုးငွေ(၁၀)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဇော်မိုးထွန်းအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နိုင်ငံတစ်ခုတိုးတက်ရန်အတွက် မျိုးချစ်စိတ်မှအပ အခြားမရှိဟု တပ်မတော်ပြော
နိုင်ငံတစ်ခုတိုးတက်ရန်အတွက် မျိုးချစ်စိတ်မှအပ အခြားမရှိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ နေပြည်တော်ရှိတပ်မတော်စစ်သမိုင်းပြတိုက် ယနေ့မွန်လွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားရေးလှုပ်ရှားမှုများကိုတပ်မတော်ကမည်သည့် ရည်ရွယ်ချက်ဖြင့်ကူညီထောက့်ပံ့နေသည့်အကြောင်း မီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မှုကြောင့် မန်ချက်စတာယူနိုက်တက်မှ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြန်တဲ့ ဘိုင်ယန်နောက်ခံလူ
အမေရိကန် မီချီဂန်တွင် မိုးသည်းထန်ပြီး ရေကြီးသဖြင့် တက္ကသိုလ်ဘောလုံးကွင်း ရေကူးကန် ဖြစ်သွား

ကိုယ်ထူကိုယ်ထကျောင်းအတွက် ဆရာငှားစရိတ် အခက်အခဲဖြစ်
အခြားရွာကျောင်းသို့ စက်လှေဖြင့် သုံးမိုင်ခန့်သွားပြီး ကျောင်းတက်ရသဖြင့် ကလေးများအတွက် အန္တရာယ်များ၍ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်ပြီး စာသင်နေသည့် နတ္တလင်းနယ်မှ ဉာဏ်လည်ရွာတွင် ဆရာ၊ ဆရာမ ငှားရမ်းစရိတ် အခက်အခဲဖြစ်နေကြောင်း ယင်းကျေးရွာသားများထံမှ သိရှိရသည်။ ဉာဏ်လည်ရွာသည် သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်တွင်ရှိပြီး ယခင်နှစ် အဆက်ဆက်က ကျောင်းသားများသည် သုံးမိုင်ခန့်စက်လှေဖြင့် သွားရသည့် အောင်ဇေယျကျေးရွာသို့ သွားရောက်ကျောင်းတက်ရ၍ ယခုနှစ်တွင် ရွာသားများစုပေါင်း၍ ကိုယ်ထူကိုယ်ထကျောင်း ဖွင့်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ၏သားသမီးများအတွက် NLD ပါတီ မှ ပညာသင်စရိတ် ထောက်ပံ့မည်
ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများကို ၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း NLD ပါတီ၏ဗဟိုလူမှုအထောက်အကူပြု အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဖြစ်သော ဒေါ်ကြည်ကြည်ဝင်း ကမဇ္ဇိုမ သတင်းဌာနသို့ ပြောသည်။ "ချို့တဲ့ တဲ့နိုင်ငံရေးအကျဉ်းသားတွေပါ။ အခုလောလောဆယ်ကတော့ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ လူတွေရဲ့ နိုင်ကျဉ်းသားသမီးတွေကို အရင်စီစဉ်နေတာပါ။ နယ်တွေမှာလည်း လူမူထောက်ကူတွေရှိတဲ့အခါကျတော့ ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် သွားပါမယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ NLD မှာမဟုတ်ပါဘူး။ နိုင်ကျဉ်း အားလုံးရဲ့ သားသမီးတွေကို ထောက်ပံ့မှပါ " ဟု ဒေါ်ကြည်ကြည်ဝင်း က ပြောသည်။
ဩစတြေးလျ ကျောင်းသားဟောင်းများက သန့်ရှင်းရေးပစ္စည်းများ လှူဒါန်း
ဩစတြေးလျ ကျောင်းသားဟောင်းများသည် တတိယအကြိမ်မြောက်အဖြစ် သန့်ရှင်းရေးနှင့် ပတ်သက်သည့် ပစ္စည်းများအား ဇွန်လ၂၂ရက်နေ့တွင် ချောင်းသာကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ ပေးအပ် လှူဒါန်းခဲ့သည်။ ချောင်းသာကမ်းခြေတွင် Clean beach clean water ဖြင့်လာရောက်လုပ်ဆောင်သည်မှာ ၃နှစ်ရှိပြီ ဖြစ်ပြီး ယခုနှစ်တွင် ထော်လာဂျ၊ီ ၊မြက်ရိတ်စက်၊ ခြင်ဆေးဖြန်းစက်နှင့် သန့်ရှင်းရေး လုပ်သားများအတွက် အသုံးအဆောင်များ ပေးအပ်လှူဒါန်းခြင်းဖြစ်ကာ သိန်းရှိ၁၅၀ တန်ဖိုးရှိသည်။
AA တာဝန်ရှိသူ၏ မိန်းမဟု မမှန်မကန်ရေးသားမှုအပေါ် ရခိုင်လွှတ်တော်အမတ် ဒေါ်ထုမေ တိုင်ကြား
တိကျသည့်မူဘောင် မရှိ၍ ရန်တိုက်ပေးသည့် ပုံစံဖြစ်နေဟု ဖဲကြိုးစိမ်းလှုပ်ရှားသူများ ဆို
တိကျသေချာသည့် အခြေခံပညာဆရာ ခန့်ထားရေး မူဘောင်တစ်ရပ်မရှိခြင်းက ကျောင်းသူ၊ ကျောင်းသားများ အား စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ အချင်းချင်းကြား ရန်တိုက်ပေးနေသည့် ပုံစံမျိုး ဖြစ်နေသည် ဟု အဆိုပါ မူဘောင်အကောင်အထည်ဖော်ပေးရေးအတွက် လှုပ်ရှားတောင်းဆိုနေသည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု၏ ဦးဆောင်ကော်မတီဝင် ကိုအောင်သူရိန်က ပြောသည်။
ဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ နေရပ်ပြန်ပို့ရေးမှာ တိကျတဲ့ အချိန်ကာလ အာဆီယံ ခေါင်းဆောင်တွေ သိမြင်လို
မြန်မာနိုင်ငံဆီ ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)ဒုက္ခသည်တွေကို နေရပ်ပြန်ရပ်ပို့ရေးမှာ တိကျရှင်းလင်းတဲ့ အချိန်ကာလကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံမှ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ သိမြင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ပြောပါတယ်။
Outstanding ASEAN Women Entrepreneur Award 2019 တွင် ဆုရခဲ့သော အမျိုးသမီးများ ပြန်လည်ရောက်ရှိ

နိုင်ငံတကာပြင်သစ်လေကြောင်းပြပွဲ
နိုင်ငံတကာပြင်သစ်လေကြောင်းပြပွဲကို ပြင်သစ်နိုင်ငံ at Le Bourget မှာ ဇွန် ၁၇ ရက်ကနေ စတင်ပြခဲ့ပြီး လာမဲ့ တနင်္ဂနွေနေ့( ဇွန် ၂၃ ရက်)အထိ ပြသသွားမှာပါ။ ကမ္ဘာ့အကောင်းဆုံးနဲ့ အမြန်ဆုံးလေယာဉ်တွေကို ပြသဖို့ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး Hush-Lander လို့ အမည်ပြောင်ပေးထားတဲ့ Airbus A-350 လေယာဉ်တွေပါ ပါဝင်ပါတယ်။ ဂျက်နဲ့ ဖိုက်တာ လေယာဉ်တွေပါ ပါဝင်ပြီး Sino-Pakistani JF-17 Thunder ဆိုတဲ့ ဖိုက်တာလေယာဉ်တွေတောင် ပါဝင်နေပါတယ်။
အိမ်ခြံမြေကဏ္ဍတည်တည်ငြိမ်ငြိမ်နှင့်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
အိမ်ခြံမြေကဏ္ဍတည်တည်ငြိမ်ငြိမ်နှင့်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။ ယနေ့နံနက်ပိုင်းကကျင်းပသည့် ရန်ကုန် အထက်ပန်းဆိုးတန်းလမ်းနှင့်မြန်မာ့ဂုဏ်ရည်လမ်းထောင့် ရှိ ဂုဏ်ရည် SHOPHOUSE မင်္ဂလာပိုင်တိုင်စိုက်ထူပွဲအခမ်းအနား အဖွင့်အမှာစကားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်မြို့နယ်တွင် လေအိုးတပ် သေနတ်ဖြင့် ပစ်ခတ်သူအဖွဲ့ကို ရှာဖွေဖမ်းဆီးရာ ခြောက်လုံးပြူးသေနတ်နှင့် ကျည်ဆန်များ ထပ်မံ ဖမ်းဆီးရမိ
ပြည်မြို့နယ်တွင် လေအိုးတပ် သေနတ်ဖြင့် ပစ်ခတ်သူအဖွဲ့ကို ရှာဖွေဖမ်းဆီးရာမှ ခြောက်လုံးပြူး သေနတ်နှင့် ကျည်ဆန်များ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်မြို့နယ် သပွတ်ထောင် ကျေးရွာ ငါးကန်တွင် ဇွန် ၂၀ ရက် ညနေပိုင်းက ငါးမျှားနေသည့် လူငယ်များအား ကန် စောင့်နှင့်အဖွဲ့က လေအိုးတပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာသားများက ပစ်ခတ်သူများကို ဝိုင်းဝန်းဖမ်းဆီးကာ ရဲလက်အပ်စဉ် ဝိုင်းဝန်းထပ်မံရှာဖွေရာက ခြောက်လုံးပြူးသေနတ်နှင့် ကျည်ဆန်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်းလေးကန်တွင်းရှိ ရေအရည်အသွေးစစ်ဆေးတိုင်းတာခြင်းကို ပုံမှန်စစ်ဆေးလျက်ရှိပြီး Heavy Metal ပါဝင်မှုမရှိကြောင်း သိရ
အင်းလေးကန်တွင်းရှိ ရေအရည်အ သွေး စစ်ဆေးတိုင်းတာခြင်းများကို ပုံမှန်စစ် ဆေးလျက်ရှိပြီး Heavy Metal ပါဝင်မှုမရှိဘဲ သန့်ရှင်းလျက်ရှိကြောင်း ရှမ်းပြည်နယ် ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးရုံးမှ သတင်းရရှိသည်။ ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၏ လုပ်ငန်း စဉ် (၅) ရပ်ထဲတွင် ပါဝင်သော သဘာဝပတ်ဝန်းကျင်တိုင်းတာခြင်းလုပ်ငန်းအဖြစ် လေ နှင့်ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး လေထုတိုင်းတာခြင်းကို တာချီလိတ်တွင် ယနေ့အထိ ပုံမှန်စစ်ဆေးတိုင်းတာလျက်ရှိပြီး ရေထုတိုင်း တာခြင်းလုပ်ငန်းကို အင်းလေးကန်နှင့် တောင်ကြီးမြို့တွင်း ပေးဝေလျက်ရှိသော ရေ ဦးရေထွက်များတွင် တိုင်းတာစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာအချို့တွင် မြစ်ရေပြန်တက်စဉ် ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်၍ နေအိမ်များရွှေ့ပြောင်းနေရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့နှင့် သီးခြားစီတွေ့ဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ သတင်းသွားရောက်ရယူနေသည့် Eleven Media အဖွဲ့မှ သတင်းတိုက်ရိုက်ပေးပို့သည်။ ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ထိုင်းဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ တွေ့ဆုံမှုများမှာ မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Eleven Media အဖွဲ့မှ သတင်းပေးပို့သည်။
အောင်လံမြို့ အထက်တန်းကျောင်းများရှိ မုန့်ဈေးတန်းများ၌ ရောင်းချနေသည့် သက်တမ်းလွန်မုန့်အချို့နှင့် အချိုရည်ဘူးအချို့ စစ်ဆေးတွေ့ရှိသဖြင့် ဖျက်ဆီး

မြန်မာ့ပင်လယ်ပြင်တွင် တရားမဝင်ငါးဖမ်းဆီးမှုများကိုထိန်းချုပ်ရန် ကမ်းဝေးရေယာဉ် ထိန်းချုပ်စောင့်ကြည့်ရေး ကိရိယာ စက်တင်ဘာ ၁ ရက်အမီ တပ်ဆင်မည်
မြန်မာပင်လယ်ပြင်တွင် တရားမဝင် ငါးဖမ်းဆီးနေသည့် လုပ်ငန်းများကို ကာကွယ်တားဆီးနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းဝေးရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (Vessel Monitoring System)ကို စက်တင်ဘာ ၁ ရက်အမီ တပ်ဆင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု အတွေ့အကြုံများဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောကြားသည်။
စီးပွားရေး မတိုးတက်လျှင် နိုင်ငံရေးသည် အဓိပ္ပာယ်မရှိဟု သူရဦးရွှေမန်းပြော
စီးပွားရေး တိုးတက်မှုမရှိလျှင် နိုင်ငံရေးဆို သည်မှာ အဓိပ္ပာယ်မရှိကြောင်း ဦးရွှေမန်းက ပြောကြားလိုက် သည်။ ဇွန် ၂၁ရက် ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့ရှိ မြို့ နယ်ပါတီရုံး၌ပြုလုပ်သည့် ပြည် ထောင်စုကောင်း ကျိုးဆောင်ပါတီ ၏ လူထုတွေ့ဆုံပွဲတွင် ゞင်းင်းက အထက်ပါအတိုင်း ပြောကြားလိုက် ခြင်းဖြစ်သည်။ "စီးပွားရေး တိုးတက်ကောင်း မွန်ခြင်းမရှိလျှင် နိုင်ငံရေးဆိုသည် မှာ အဓိပ္ပာယ်မဲ့နေမှာ ဖြစ်ပါတယ်" ဟု ゞင်းင်းကပြောသည်။
ကမ်းရိုးတန်းနေ ကျေးလက်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများကို ရေရှည်တည် တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်းဖြင့် ပံ့ပိုးဆောင်ရွက်မည်
ကမ်းရိုးတန်းနေ ကျေးလက်ပြည်သူများ၏ အသက် မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အ လမ်းများကိုရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း ဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။
တညင်းကုန်းဈေးဟောင်းမှ ဈေးသည်ရာခိုင်နှုန်း ၇၀ ခန့် ဈေးသစ်သို့ပြောင်းရွှေ့ပြီးစီး

စတုတ္ထအကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ ဧည့်ခံပွဲကျင်းပ

ချီလီကို ရှုံးထွက်အဆင့်သို့ ပို့ဆောင်ပေးသော တိုက်စစ်မှူးဆန်းချက်ဇ်ကို နည်းပြချီးကျူး
ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် မန်ယူတိုက်စစ် မှူး ဆန်းချက်ဇ်သည် ခြေချင်း ဝတ်ဒဏ်ရာကို ကြံ့ကြံ့ခံကာ ပုံစံ ကောင်းဆက်လက်ပြသပြီး အီ ကွေဒေါကို ၂-၁ ဂိုးဖြင့်အနိုင်ရ သာပွဲ၌ ချီလီအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သည်။ ယင်းရလဒ်ကြောင့် ကိုပါအ မေရိကဖလား နောက်ဆုံးနှစ်ကြိမ် ဆက် ချန်ပီယံချီလီသည် အုပ်စု (C) တွင် နှစ်ပွဲကစားကာ ရာနှုန်း ပြည့်အနိုင်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။
အာဖရိကနိုင်ငံများဖလားဖွင့်ပွဲတွင် အိမ်ရှင်အီဂျစ်အသင်း အနိုင်ရ
အာဖရိကနိုင်ငံများဖလား တွင် အိမ်ရှင်အီဂျစ်က ဇင်ဘာ ဘွေကို ၁-၀ ဂိုးဖြင့်အနိုင်ယူခဲ့သ ဖြင့် အီဂျစ်နိုင်ငံနှင့် လီဗာပူးတိုက် စစ် မှူးမိုဟာမက်ဆာလက်အ တွက် စိတ်သက်သာရာရခဲ့သည်။ ကွင်းလယ်လူ ထရီဇီဂတ်က ပထမပိုင်းပြီးခါးနီးတွင် အီဂျစ်အ တွက် တစ်လုံးတည်းသောအနိုင် ဂိုး သွင်းယူပေးခဲ့သည်။ အီဂျစ်သည် ပွဲအစတွင် အ ခွင့်အရေးများ ဖန်တီးနိုင်သော် လည်း အသုံးမချနိုင်ဘဲ ပွဲအစ ၂ မိနစ်အတွင်းရရှိခဲ့သော အခွင့်အ ရေးများ၌ ဆာလက်က နှစ်ကြိမ် ဖန်တီးပေးခဲ့သည်။ ဒုတိယပိုင်း တွင် ဆာလက်အနေဖြင့် အခွင့်အ ရေးနှစ်ကြိမ်ရရှိသော်လည်း ဇင် ဘာဘွေဂိုးသမားဆီဘန်ဒါနှင့် လူ စားဝင်ဂိုးသမား ချီပီဇီဇီက ကာ ကွယ်နိုင်ခဲ့သည်။
အေဂျက်ဇ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရန် ဒီလိုက် ဆုံးဖြတ်
ကိုပါအမေရိက ကွာတားအဆင့်သို့ရောက်မှဖြစ်မည်ဟု အာဂျင်တီးနားအသင်းဖော်များကို မာတီနက်ဇ်သတိပေး
ကိုပါအမေရိကပြိုင်ပွဲ ပထမဆုံးနှစ်ပွဲတွင် တစ်မှတ်သာ ရထားကာ ကာတာကိုနိုင်မှသာ နောက်တစ်ဆင့်တက်ရန် မျှော် လင့်နိုင်မည့် အာဂျင်တီးနား အ သင်းသည် ကွာတားဖိုင်နယ်သို့ ရောက်မှဖြစ်မည်ဟု အင်တာ တိုက်စစ်မှူး လော်တာရိုမာတီ နက်ဇ်က အသင်းဖော်များအား သတိပေးပြောကြားသည်။ မိမိတို့အသင်းအနေဖြင့် ကို ပါအမေရိကတွင် အုပ်စုအဆင့်မှ အရှက်ကွဲထွက်ခွာရခြင်းမျိုးဖြစ် ၍မရဟု မာတီနက်ဇ်ကအသင်း ဖော်များကို သတိပေးသည်။
ကျင်းပနေသောအမျိုးသမီး ကမ္ဘာ့ဖလားတွင် ဖီဖာက ပင်နယ်တီစည်းကမ်း ပြောင်းလဲ
ပြင်သစ်နိုင်ငံတွင် ပြုလုပ် သော အမျိုးသမီးကမ္ဘာ့ဖလား ရှုံး ထွက်အဆင့်၌ ပင်နယ်တီကန် သွင်းချိန်တွင် ဂိုးသမားများ ဂိုး စည်းပြင်ပသို့ ထွက်မိပါက အပြစ် ပေးခံရမည် မဟုတ်ပေ။ ယင်းကို ဘောလုံးစည်းကမ်း ပြဋ္ဌာန်းသော နိုင်ငံတကာဘော လုံးအစည်းအရုံး ဘုတ် (IFAB) က အတည်ပြုသည်။
အိန္ဒိယတွင် ဦးနှောက်ရောင်ရောဂါကြောင့် လူ ၁၀၀ ကျော် သေဆုံး
ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါ ကြောင့် ဘီယာပြည်နယ်မူဇာဖာပါမြို့တွင် လူ ၁၀၀ ကျော် သေဆုံး ခဲ့ကြောင်း အိန္ဒိယအရာရှိများက ပြောကြားသည်။ ပြင်းထန်သော ဦးနှောက်ရောင်ရောဂါပျံ့နှံ့နေကြောင်း အိန္ဒိယအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကျန်းမာရေးဝန်ကြီး ဌာနနှင့် ဘီယာပြည်နယ်အစိုးရကို အသိပေးထားသည်။ ယခုအချိန် ထိ လူ ၁၀၃ ဦး သေဆုံးသော ယင်းရောဂါပျံ့နှံ့မှုအတွင်းကလေး အများစု နာမကျန်းဖြစ်ခဲ့ကြောင်း အရာရှိများက ပြောသည်။
ရပ်စောက်တွင် အလေ့ကျမှိုစားမိသော ကိုရင်သုံးပါး ပျံလွန်
ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာတွင် တောအ တွင်း အလေ့ကျပေါက်သော မှို စားမိသော ကိုရင်ငယ်ငါးပါးအ နက် သုံးပါးပျံလွန်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကောင်းဘို့ ကျေးရွာ ရွာမကျောင်းမှ အသက် (၉)နှစ်မှ (၁၄)နှစ်အရွယ် ကိုရင် ငါးပါးသည် ဇွန်လ ၁၄ ရက်တွင်မှိုအဆိပ်သင့်ပြီး ဆေးရုံတက်၍ ကုသနေရာမှ သုံးပါးပျံလွန်တော် မူသည်ဟု ရပ်စောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးစိုင်းမြင့်နိုင်က ပြောသည်။
မော်တော်ယာဉ် အရောင်းစင်တာများ လိုက်နာရမည့်အချက်များ ထုတ်ပြန်
မော်တော်ယာဉ်အ ရောင်းစင်တာများ မော်တော် ယာဉ်တင်သွင်းခြင်းနှင့် စပ်လျဉ်း ၍ လိုက်နာရမည့်အချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။ ၂၀၁၉ အတွက် သတ်မှတ် သည့် စည်းကမ်းချက်များအရ မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်မည့် ကုမ္ပဏီ၏ ဘဏ် စာရင်းတွင် အာမခံငွေအဖြစ် ကျပ်သိန်း ၁,၅၀၀ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ် ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်းဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်းထားရမည်ဖြစ် သည်။ မော်တော်ယာဉ်တင်သွင်း ရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်းကာလအတွင်း ရန်ကုန်ဆိပ်ကမ်းအရောက် တင် သွင်းရမည်ဖြစ်ပြီး မော်တော် ယာဉ်ဥပဒေအရ နှစ်စဉ်အတည် ပြုထုတ်ပြန်သော မော်တော် ယာဉ်အမျိုးအစားနှင့် မော်ဒယ်နှစ် များအတိုင်းသာ တင်သွင်းရမည် ဟု ဇွန်လ ၁၀ ရက် ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။
ရန်ကုန်တက္ကသိုလ်အဆောင်စည်းကမ်းများ ပြင်ဆင်ဖြည့်စွက်လိုပါက ပါမောက္ခချုပ်ထံ ပေးပို့ရန် ကြေညာ
ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်များတွင် အ ဆောင်နေထိုင်ခွင့် ရသူများအနေ ဖြင့် လက်ရှိကျင့်သုံးနေသော အ ဆောင်စည်းကမ်းများထဲမှ ပြင် ဆင်ဖြည့်စွက်လိုသည့် စည်းကမ်း ချက်များရှိလျှင် ပါမောက္ခချုပ်ထံ ပေးပို့ရန် ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်အချို့၌ ကြေညာ ထားသည်။ြ ပင်ဆင်ဖြည့်စွက်ချက်များ ကို သက်ဆိုင်ရာအဆောင်အ လိုက် အဆောင်သာယာရေးကော် မတီမှတစ်ဆင့် ပါမောက္ခချုပ်ထံ ဇူလိုင် ၁ ရက် နောက်ဆုံးထားပေး ပို့ရမည်ဟု ကြေညာချက်တွင်ဖော် ပြထားသည်။
ကယားတွင် မြေယာအငြင်းပွားမှု သတင်းထောက်သုံးဦး အပါအဝင် ၅၆ ဦးကို အမှုဖွင့်
ကယားပြည်နယ်အ တွင်း တပ်သိမ်းမြေယာအငြင်းပွား မှုများနှင့်ပတ်သက်၍ တပ်မတော် က သတင်းထောက် သုံးဦးနှင့် တောင်သူများအပါအဝင် စုစု ပေါင်း ၅၆ ဦးကို သက်ဆိုင်ရာရဲ စခန်းများ၌ အမှုဖွင့်ထားသည်။ ဇွန်လ ၂၁ ရက်ကလွိုင်ကော် မြို့နယ် ဒေါမူကလားကျေးရွာ တပ်သိမ်းမြေ အငြင်းပွားမှုတွင် ပါဝင်သည်ဆိုကာ ဒေသခံတောင် သူတစ်ဦးနှင့် ပြည်နယ်လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ အဖွဲ့ဝင် တစ်ဦးတို့ကို ရဲတပ်ဖွဲ့က သန်းခေါင်အချိန်၌ လာရောက် ဖမ်းဆီးခဲ့ကြောင်း ကရင်နီပြည် တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဋ္ဌခူးတူရယ်က ပြောသည်။
အရှေ့တောင်အာရှ ကနူးကယက်ပြိုင်ပွဲတွင် မြန်မာ ရွှေငါးခုအပါအ၀င်ဆုတံဆိပ်ကိုးခု ရရှိ
ထိုင်းနိုင်ငံ၌ ကျင်းပ သည့် ကနူးကယက်လှေလှော်ပြိုင် ပွဲတွင် မြန်မာလှေလှော်အဖွဲ့က ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ် နှစ်ခု နှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ်ကိုးခုရရှိခဲ့သည်။ ဇွန်လ ၂၀ ရက်က ထိုင်းနိုင် ငံပတ္တရားမြို့၌ ကျင်းပသည့် ယင်းပြိုင်ပွဲ၏ ပထမနေ့ပွဲစဉ်တွင် မြန်မာလှေလှော်အဖွဲ့သည် မီ တာ ၁,၀၀၀ ကနူးလှေလှော်ပွဲစဉ်၌ သန့်ဇင်ဦးနှင့် မျိုးလှိုင်ဝင်း၊ ကနူး လှေလှော်သက်ငယ်တန်းပွဲစဉ်၌ မျိုးလှိုင်ဝင်းက ရွှေတံဆိပ်တစ်ခုစီ စတင်ဆွတ်ခူးခဲ့သည်။
အောင်ဆန်းကွင်းကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ၀န်ကြီးဌာန သတ်မှတ် အမြန်ဆုံးပြန်လည်အဆင့်မြှင့်တင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော၊ တရုတ်ကုမ္ပဏီက ဒီဇိုင်းရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်လို
ရန်ကုန်မြို့ရှိ အောင် ဆန်းအားကစားကွင်း ပွဲကြည့်စင် နှင့် အဆောက်အအုံများကြံ့ခိုင် မှုအနေအထားကို စစ်ဆေးထား ပြီး လက်ရှိတွင် အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ် ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင်ထုတ်ပြန်သည်။ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသည် ဇွန်လ ၁၉ ရက် က အောင်ဆန်းအားကစားကွင်း ကို နိုင်ငံတကာအဆင့်မီ အားက စားကွင်းအဖြစ် အဆင့်မြင့်ပြန် လည် တည်ဆောက်နိုင်ရေးညှိနှိုင်း အစည်းအဝေးတစ်ရပ် နေပြည် တော်တွင် ကျင်းပခဲ့သည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်ကြောင့် ငွေလှူခြင်းဟု တပ်မတော်တာဝန်ရှိသူပြော
မဘသအဖွဲ့ကို အမည်ပြောင်းဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသို့ ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းသည် အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးလုပ်ငန်း အပါအ၀င် ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက် ကြောင့်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မ တီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး သည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ကူညီရေး လုပ်ငန်းနှင့် လူမျိုးရေး၊ ဘာသာရေး၊ သာသ နာရေးဆိုင်ရာ ပဋိပက္ခများမဖြစ် အောင် ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု တရားဝင်ပြောကြားထားကြောင်း ယမန်နေ့က လစဉ်ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်တို့ သီးခြားဆွေးနွေး ဂျိုကိုဝီနှင့်လည်း တွေ့ဆုံခဲ့ပြီး၊ အာဆီယံ မျက်နှာစုံညီ အစည်းအဝေးနှင့် ASEAN-BAC အစည်းအဝေးများသို့ တက်ရောက်
မန္တလေးတွင် ကျင်းပမည့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ စာရင်းပေးသွင်းရက် ပြောင်းလဲ
မန္တလေးမြို့၌ ကျင်း ပမည့် အလွတ်တန်းဖူဆယ်ဖလား ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လို သောအသင်းများ နောက်ဆုံး စာရင်းပေးသွင်းရက်ကိုပြောင်းလဲ သတ်မှတ်ကြောင်း ဖူဆယ်ကော် မတီက ထုတ်ပြန်သည်။ MFF Warrix Futsal Cup (Mandalay) ပြိုင်ပွဲ၏ နောက်ဆုံး စာရင်းပေးသွင်းရမည့် ရက်ကို မူလက ဇွန်လ ၂၁ ရက် သတ်မှတ် ခဲ့သော်လည်း စာရင်းပေးသွင်း သည့်အသင်းများ နည်းပါးသဖြင့် ဇွန်လ ၂၄ ရက်သို့ ပြောင်းလဲသတ် မှတ်ခဲ့ကြောင်း ဖူဆယ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ရန်ကုန်-ဒလ တံတားစီမံကိန်းဖောင်ဒေးရှင်း တည်ဆောက်မှု ဇွန်လ ၂၈ ရက်တွင် စတင်မည်
ဒလဒေသဖွံ့ဖြိုးရေးနှင့် ရန်ကုန်-ဒလ တံတားတည် ဆောက်ရေး ဆောက်လုပ်ရေး ၀န်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နှင့် ကိုရီးယားသံအမတ်တို့ ဇွန်လ ၂၁ ရက်တွင် ဆွေးနွေးခဲ့သည်။ ဒလဒေသဖွံ့ဖြိုးရေး ကိုရီး ယားနိုင်ငံမှ ဆောင်ရွက်ရန် ကိုရီး ယားသံအမတ်က လာရောက် ဆွေးနွေးခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးကျော် ကောင်းချိုက ပြောသည်။ ‘‘အဓိကက ဒလဒေသဖွံ့ဖြိုးရေးလုပ်ဖို့ လာဆွေးနွေးတာ၊ တံတားတည်ဆောက်တာ အဆင်ပြေပြေဆောင်ရွက်နေပါတယ်’’ ဟု ၎င်းက ပြောသည်။
တပ်မတော်ရေယာဉ်ကို AA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သည်နှစ်ဦးကျဆုံး တပ်မတော်ထိုးစစ်ဆင်မှုများတွင် စစ်ရေယာဉ်များ ပါဝင်ဆောင်ရွက်ခြင်းကြောင့်ဟု AA ဆို
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ဆိပ်ကမ်းတွင်ကျောက်ချရပ် ထားသော တပ်မတော်ရေယာဉ်တစ်စီးကို ရခိုင်လက်နက် ကိုင်အဖွဲ့(AA)က ပစ်ခတ်တိုက်ခိုက်၍ စစ်သည်နှစ်ဦးကျဆုံးပြီး စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။ ယမန်နေ့ နံနက် ၃ နာရီခွဲခန့်က စစ်တွေမြို့အရှေ့ဘက်ရှိ ဆက်ရိုး ကျ ချောင်းဝတွင် ရပ်နားထားသည့် ပင်လယ်သွားတွဲဆွဲယာဉ်ကို AA ဘက်က ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံးဖြင့်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
MIU အသင်း အာဆီယံဖူဆယ်ကလပ် အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်ကို ရှုံးနိမ့်
အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ တွင် MIU အသင်းသည် ဗီယက် နမ်ကလပ် နာတက်အသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ကာဗိုလ် လုပွဲနှင့် လွဲချော်ခဲ့သည်။ ဇွန်လ ၂၂ ရက်ကထိုင်းနိုင်ငံ ကိုရတ်မြို့၌ ကျင်းပသည့် အာ ဆီယံဖူဆယ်ကလပ် အကြိုဗိုလ် လုပွဲပထမပွဲစဉ်တွင် MIU အ သင်းနှင့် နာတက်အသင်းတို့ အ ကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ယင်းပွဲတွင် MIU အသင်းသည် ခံ စစ်ပိုင်းအမှားများကာ နာတက် အသင်း၏ ဖိအားပေးကစားခြင်း ကို ခံခဲ့ရသည်။ နာတက်အသင်း က တိုက်စစ်ပိုင်း ခြေစွမ်းပြနိုင်ပြီး ပထမပိုင်းတွင်သုံးဂိုး၊ ဒုတိယပိုင်း တွင်သုံးဂိုး ထပ်မံသွင်းယူကာ ပွဲ အပြီး၌ MIU အသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
အာဖရိက၌ ကျင်းပမည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲများတွင် သက်ထားသူဇာဝင်ပြိုင်မည်
အာဖရိကနိုင်ငံများဖြစ် သည့် ဘီနင်နှင့် အိုင်ဗရီကို့စ်တို့ တွင်ကျင်းပမည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲများသို့ ၀င်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစား မယ်သက်ထားသူဇာက ပြောသည်။ အာဖရိက ကြက်တောင်အ ဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဘီ နင်နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇွန် လ ၂၇ ရက်မှ ၃၀ရက်အထိကျင်းပမည်ဖြစ်ပြီး အိုင်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ ကို ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် ယင်းပြိုင်ပွဲများ ၌ အောင်မြင်မှုရရှိရန် လေ့ကျင့် ပြင်ဆင်နေကြောင်း သက်ထား သူဇာက ပြောသည်။
ရခိုင်တွင် မူးယစ်ဆေးဝါးသိန်းချီဖမ်းမိမှုဖြစ်စဉ်များသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်နေဟုဆို
ရခိုင်ဒေသတွင် မူးယစ် ဆေးဝါးသိန်းနှင့်ချီ ဖမ်းဆီးရမိမှု သည် လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ဆက်စပ်နေဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ‘‘မူးယစ်ဆေးဝါးလုပ်ငန်းတွေ ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမြဲတမ်းပတ်သက်နေတယ်။ သူ တို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်း လည်းဖြစ်နေတယ်။ ရခိုင်မှာ မိ တာလည်း အဲဒီဟာတွေနဲ့ဆက် စပ်ပါတယ်’’ ဟု ပြောသည်။
အပစ်ရပ်ကာလတွင် ငြိမ်းချမ်းရေးအမှန်တကယ် ဆောင်ရွက်ရန် ဆန္ဒရှိ၊ မရှိ တပ်မတော်တာဝန်ရှိသူ မေးခွန်းထုတ်
အပစ်ရပ်ကာလ အတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်း ရေး အမှန်တကယ်ဆောင်ရွက် ရန် ဆန္ဒရှိ၊ မရှိတပ်မတော် သ တင်းမှန်ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌက မေးခွန်းထုတ်သည်။ အပစ်ရပ်ကာလသက်တမ်း ထပ်တိုး၊ မတိုး တိုင်းရင်းသား လက်နက်ကိုင်များ ဆောင်ရွက်မူ နှင့် ဆွေးနွေးမူရလဒ်များအပေါ် မူတည်သည်ဟု ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားသည်။
သံလွင်မြစ်အတွင်း စက်လှေ ခုနစ်စီးပေါ်တွင် တရားမ၀င်သစ်များ ဖမ်းမိ
မွန်ပြည်နယ် မော် လမြိုင်မြို့နယ် ဖားအောက်ချောင်း ပေါက်ဝအနီး သံလွင်မြစ်အတွင်း ဇွန်လ ၂၁ ရက်တွင် စက်လှေ ခုနစ်စီးပေါ်၌ တရားမ၀င် ပိတောက် သစ်တန် ၃၀၀ ခန့်ပိုင်ရှင်မဲ့ ဖမ်းဆီးမိကြောင်း မွန်ပြည်နယ်သစ်တော ဦးစီးမှူး ဦးမင်းသိန်းမြင့်က ပြော သည်။ အဆိုပါ စက်လှေများပေါ် တွင် လှေလုပ်သား များပြား ကြောင်း မိမိတို့က လူအင်အားနည်းသဖြင့် ခြောက်လှန့်ပစ်ပြီး ၀င်ရောက်ဖမ်းဆီးသဖြင့် လှေလုပ်သားများ ရေထဲခုန်ချထွက် ပြေးသွားကြောင်း ၎င်းကဆိုသည်။
Food Box ယဉ်ကျေးမှု မုံရွာသို့ရောက်
ပြည်မြို့တွင် H1N1 ဖြစ်ပွားသူစတင်တွေ့ရှိ သံသယလူနာတစ်ဦး တွေ့ရှိပြီး ဓာတ်ခွဲစစ်ဆေးနေ
ပြည်မြို့ရှိ ခုတင် ၅၀၀ အ ထွေထွေရောဂါကုဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ (H1N1)ရှိ သူကို ဇွန်လ ၂၁ ရက်က စစ်ဆေး တွေ့ရှိကြောင်း ပြည်ဆေးရုံအုပ် ကြီး ဒေါက်တာ ခင်မေသွင်က ပြောသည်။ အဆိုပါလူနာသည် ပြည်မြို့ နေအသက်(၇၂)နှစ်အရွယ်အမျိုး သမီးဖြစ်ပြီး ဗိုက်အောင့်ဝေဒနာ ကြောင့် ဇွန်လ ၂၀ ရက်တွင် ဆေး ရုံသို့စတင်တက်ရောက်ခဲ့သည်။ ထို့ကြောင့် ခွဲစိတ်ကုသဆောင်၌ ထားရှိကုသသော်လည်း ချောင်း ဆိုးခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပေါ်လာသဖြင့် အထွေထွေ ရောဂါကုသဆောင်တွင် ပြောင်း လဲကုသခဲ့သည်။ အထွေထွေရော ဂါကုဆရာဝန်က H1N1 ရောဂါ ဟု သံသယရှိသဖြင့် ဓာတ်ခွဲစစ် ဆေးခြင်းဖြစ်သည်။
မြိတ်မြို့တွင် ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
မြိတ်မြို့ မြစ်ငယ်ရပ်ကွက်တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း မြိတ်မြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။ မြစ်ငယ်ရပ်ကွက် မြတ်လေးလမ်းတွင် ဇွန်လ ၂၁ ရက် ညနေ၃ နာရီခွဲက မြိတ်တောင်ကျေးရွာ နေ အသက်(၄၃) နှစ်ရှိ သန်းထိုက်ဆိုသူ စီးနင်းလာသည့် ဆိုင်ကယ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ က စစ်ဆေးစဉ် WY စိတ်ကြွဆေး ပြား ၂၀၀ ပါ ငါးထုပ်(ဆေးပြား ၁၀,၀၀၀) အား သိမ်းဆည်းရ မိခဲ့သည်။
တပ်မတော်အရာရှိများကို ကုလသမဂ္ဂနှင့် ICC အရေးယူပေးရန် တစ်ကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးခံရ
7 July အောက်မေ့ဖွယ် အခမ်းအနားကို စိန်ရတုခန်းမမှာ ကျင်းပဖို့စီစဉ်
လာမယ့် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်က စိန်ရတုခန်းမမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ အဲဒီအခမ်းအနားကို လာမယ့် ဇူလိုင်လ ၅ ရက်မှာ ကျင်းပဖို့စီစဉ်ထားတာဖြစ်ပြီး ကျောင်းသားသမဂ္ဂ အဖွဲ့တွေ စုပေါင်းပြီး ပြဇာတ်ကပြဖျော်ဖြေ မှုတွေ ပြု လုပ်ဖို့ရှိနေပါတယ်။ ဒါအပြင် 7 July အကြောင်းဟောပြောပွဲ ၊ ကဗျာရွတ်ဆိုတာတွေလည်းထည့်သွင်းမယ်လို့သိရပါတယ်။ အခမ်းအနားမှာတော့ ဒဂုံ တက္ကသိုလ်၊ သံလျှင်နည်းပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၈ ခုက သမဂ္ဂအဖွဲ့တွေ ပါဝင်မှာဖြစ်တယ်လို့  ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ဒုတိယ ဥက္ကဌ ကိုသန်းဇော်ဦးက ပြောပါတယ်။ ဒါ့အပြင် ဓာတ်ပုံပြပွဲတွေကိုပါ ပြုလုပ်ပြီး သမိုင်းကြောင်း အထောက်အထားတွေကို ပြသဖို့ပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ၁၉၆၂ ခုနှစ် 7july ကျောင်းသားအရေးတော်ပုံမှာ သေဆုံးခဲ့သူတွေ အတွက် နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့တာဟာ ဒီနှစ်မှာတော့ ၅၇ နှစ်တိုင်ပြီဖြစ်ပါတယ်။
တိုင်းနှင့်ပြည်နယ်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနအသစ် ဖွဲ့စည်းမည်
လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန် ကြီးဌာနအသစ်ကို တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဒေါက်တာဇော် မြင့်မောင်က ပြောသည်။ အဆိုပါဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသို့ တင် ပြခြင်းဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။
အီးယူ-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် သံအမတ်သစ်ကို သမ္မတဦးဝင်းမြင့် မှာကြား
အီးယူ-မြန်မာဆက် ဆံရေးပိုမိုကောင်းမွန်အောင်လုပ် ဆောင်ရန် ချက်သမ္မတနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီးဖြစ်လာ သည့် ဒေါ်ကေသီစိုးကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က လမ်းညွှန်မှာ ကြားသည်။ြ မန်မာနိုင်ငံ၏ ပဉ္စမမြောက် အမျိုးသမီးသံအမတ်ကြီး ဒေါ် ကေသီစိုးသည် ယခုလကုန်တွင် ချက်သမ္မတနိုင်ငံသို့သွားရောက် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ဇွန်လ ၂၁ ရက်တွင် သမ္မတဦး ၀င်းမြင့်က နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သမ္မတရုံးခန်း၌တွေ့ ဆုံ၍ လိုအပ်သည့်မူဝါဒများကို လမ်းညွှန်မှာကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားသည်ဟု ဆို သည်။
ရခိုင်နဲ့ ချင်းပြည်နယ်တွင်း မြို့နယ် ၉ မြို့နယ် အင်တာနက် ဖြတ်တောက်ခံရ
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက မြို့နယ် ကိုးမြို့နယ်မှာ အင်တာနက် Data သုံးစွဲမှုတွေ ယာယီဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေရာမှာ ဒီနေ့အစောပိုင်းမှာလည်း မြန်မာစစ်တပ်က ရေတပ်သင်္ဘောတစီး တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော်က ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွမ်းအိန်က ပြောပြပေးမှာပါ။
ASEAN မှာ ရိုဟင်ဂျာအရေး ဆွေးနွေး
The Voice Myanmar Finalist လေးဦးပါဝင်တင်ဆက်မည့် FG Live Lounge ဂီတဖျော်ဖြေပွဲ ရေကူးစတူဒီယိုတွင်ပြုလုပ်မည်
The Voice Myanmar Finalist လေးဦးပါဝင်တင်ဆက်မည့် FG Love Lounge ဂီတဖျော်ဖြေပွဲအား ဇူလိုင် ၆ ရက်တွင် ရန်ကုန်မြို့ ရေကူးစတူဒီယို၌ တင်ဆက်ရန် စီစဉ်ထားသည်ဟုသိရသည်။ The Voice Myanmar Season 2 ၏ Grand Final တွင် ယှဉ်ပြိုင်ခဲ့ကြသည့် Finalist လေးဦးက တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကာ ပရိသတ်များနှင့် အနီးကပ်ရင်းနှီးစွာ တင်ဆက်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ FG Live Lounge ဂီတဖျော်ဖြေပွဲကို အားပေးလိုသူများအနေဖြင့် လက်မှတ်တစ်စောင်လျှင် ကျပ် ၁၂၀ဝ၀ နှုန်းဖြင့် အားပေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပူတာအိုဒေသတွင်တွေ့ရှိခဲ့သည့် ရှေးဟောင်းရုပ်ပွားတော်များ မူလနေရာတွင် စေတီပြန်တည်မည်

စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ ဆက်သွယ်ရေးရုံးအနီး အခမဲ့ Food Box ထားရှိ

တရုတ်ဦးဆောင်သော ကုန်သွယ်ရေး သဘောတူညီချက်အတွက် ရှေ့ဆက်ဆောင်ရွက်ရန် အာဆီယံခေါင်းဆောင်များ ထောက်ခံ
အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲမှ အန္တရာယ်များကို ကာကွယ်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများရှိနေသော်လည်း ကြန့်ကြာနေသည့် ဒေသတွင်းကုန်သွယ်ရေး သဘောတူညီချက်ကို ယခုနှစ်အတွင်း အပြီးပြတ်ဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များက ဘန်ကောက် အာဆီယံထိပ်သီးတွင် ကတိပြုခဲ့ကြသည်။
တရုတ်မှ စူပါကွန်ပျူတာ နည်းပညာ လုပ်ငန်းငါးခုကို အမေရိကန်က အမည်ပျက် စာရင်းသွင်း
စစ်ဘက်ဆိုင်ရာ အသုံးချမှုများတွင် စူပါကွန်ပျူတာနည်းပညာဖြင့် ပူးပေါင်းပါဝင်နေကြသော တရုတ်အဖွဲ့အစည်းငါးခုအား အမေရိကန်က အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း သိရသည်။ အမေရိကန် သည် ゞင်းတို့၏ အရေးကြီးနည်းပညာအား အာရှပြိုင်ဘက်တရုတ်က လက်လှမ်းမမီစေရန် ယခုကဲ့သို့ လုပ်ဆောင်မှုသည် အမျိုးသား လုံခြုံရေးကြောင့်ဟု အကြောင်းပြခဲ့သည်။
အီရန်အား တိုက်ခိုက်မည့်အစီအစဉ်ကို နောက်ဆုံးအချိန်မှ ရွှေ့ဆိုင်းခဲ့ဟု ထရန့်ပြောကြား

၁၅ နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဆီယံ၌ ကျင်းပခွင့်ရရှိစေရန် ကြိုးပမ်းမည်ဟု ထိုင်းက ပြောကြား
၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲကို လက်ခံကျင်းပခွင့်ရရှိရန် အရှေ့တောင်အာရှ နိုင်ငံများပူးပေါင်းပြီး စတင်ကြိုးပမ်းနိုင်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့အကြီးဆုံး အားကစားပွဲကြီးကို ဘောလုံးအားကစားနှင့် ပတ်သက်ပြီး အရူးအမူး ဖြစ်ကြသည့် အရှေ့တောင်အာရှဒေသ၌ ကျင်းပနိုင်ရေးအတွက် ရဲဝံ့သော ကြိုးပမ်းမှု ဖြစ်လာမည်ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပခဲ့ဖူးသည့် အာရှနိုင်ငံဟူ၍ ဂျပန်နှင့် တောင်ကိုရီးယားသာ ရှိပြီး ၂၀ဝ၂ ခုနှစ်က နှစ်နိုင်ငံပူးတွဲပြီး လက်ခံကျင်းပခဲ့ကြခြင်း ဖြစ်သည်။
သင်္ဘောနစ်မြုပ်မှုဖြစ်စဉ်ကို တရုတ်နှင့် ပူးပေါင်းစုံစမ်းစစ်ဆေးရန် ဖိလစ်ပိုင်က သဘောတူ

ကမ္ဘောဒီးယားတွင် ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံး

လျှပ်စစ်နှင့် စီးပွားရေးဖွံ့ဖြိုးမှု
လျှပ်စစ် အသုံးပြုမှုနှင့် အသုံးပြုခွင့်သည် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆက်စပ် ပတ်သက်နေသည်မှာ သဘောတရား တစ်ရပ်ပင် ဖြစ်သည်။ လျှပ်စစ်ထောက်ပံ့မှု ယုံကြည်စိတ်ချရခြင်းသည် စီးပွားရေး ကြီးထွားမှုအတွက် အရေးကြီးကြောင်း အထောက်အထား များစွာရှိသည်။ လျှပ်စစ်ရရှိရန် ယုံကြည် စိတ်ချရခြင်းသည် အခြေခံ အဆောက်အအုံ ခိုင်မာခြင်းထဲ၌ ပါဝင်နေသည်။
မြောင်းမြမြို့ ကွယ်လွယ် အ.ထ.က (၇) ကျောင်းတွင် ဆရာမတစ်ဦးက ကျောင်းသားတစ်ဦးအား ဆံပင်ဆွဲ ပါးရိုက်ဆုံးမမှု ဖြစ်ပွားခဲ့ဟုဆို
မြောင်းမြမြို့ ကွယ်လွယ်ကျေးရွာ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆရာမ တစ်ဦးက တီဘီဆေးသောက်နေရသည့် ကျောင်းသားတစ်ဦးအား ဇွန် ၂၀ ရက်က ဆံပင်ဆွဲ ပါးရိုက်ဆုံးမခြင်း ကျောကုန်းအား ထုရိုက်ဆုံးမခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ မိဘဖြစ်သူများက တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့တွင် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၌ နဝမတန်း (B) ခန်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားဖြစ်သူ စောဧပြီဖိုးမှာ ကျန်းမာရေး မကောင်းမွန်မှုကြောင့် စာရေးခုံပေါ်တွင် ခေါင်းတင်ကာ စာရေးနေခဲ့ကြောင်း၊
Subscribe to:
Posts (Atom)