နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။ ထိုသို့ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိရာ ယနေ့တွင်ေ နပြည်တော်တိုင်းစစ်ဌာနချုပ်က ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၆ဝဝဝ ကိုလည်းကောင်း၊
Pages
Thursday, May 9, 2019
ရန်ကုန် လေဆိပ်မှာ ပြေးလမ်းချော်ခဲ့တဲ့ လေယာဉ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းက စုံစမ်းစစ်ဆေးမှု စတင်
မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မေ ၈ ရက်နေ့ က ၄င်းတို့ လေယာဉ်တစ်စင်း ပြေးလမ်းချော်မှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း Biman အာဏာပိုင်အဖွဲ့ က စတင်စုံစမ်း စစ်ဆေးနေပြီလို့  သိရပါတယ်။
ဘားအံ အကျဉ်းထောင်အတွင်း ဆူပူသူများကို အရေးမယူဟု ပြည်နယ်ဝန်ကြီးပြော
ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင် (တောင်ကလေး)မှာ အကျဉ်းသားတွေ တန်းတူအခွင့်အရေးရဖို့ ဆူပူတောင်းဆိုကြတာနဲ့ ပတ်သက်ပြီး အရေးမယူဘူးလို့ ကရင်ပြည်နယ်အစိုးရ စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။ ဘားအံအကျဉ်းထောင်မှာ မေ ၇ ရက် ည ၉ နာရီက စပြီး ထောင်ကျ အကျဉ်းသား အိပ်ဆောင် ၂ ဆောင်ကနေ စတင်ပြီး မူးယစ်ဆေးဝါးမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေက လွတ်ငြိမ်းခွင့်တန်းတူရရေး၊ မီဒီယာတွေနဲ့ တွေ့ဆုံခွင့်ပေးရေး အော်ဟစ်ဆူပူပြီး တောင်းဆိုခဲ့ကြတာပါ။
မတော်တဆမှုဖြစ်ပွားခဲ့သည့် Biman လေယာဉ် နေရာရွှေ့ပြောင်းရန် လုပ်ဆောင်နေ

အလံပြဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွား
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲရှိနေ
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။ “ကျွန်မတို့ သွားတာက ပရယ်တော်ကျေးရွာကို သွားလှူတာ။ ထားလဲရွာကနေဆို မိနစ် ၂၀ လောက် ဆက်သွားရတယ်။ ကလေးတွေ ရေမချိုးရတာ တစ်လကျော်ပြီတဲ့။ ရေချိုးပေးချင်တယ်ပေါ့နော်။ ကျွန်မတို့ ချိုးပေးမယ် ဆိုတော့ သူတို့ကလေးတွေ တန်းစီပိုက်ပြီးတော့မှ လာစောင့်ကြတယ်။ သူတို့ကိုယ်သူတို့ ကျတော့ ရေကို အရမ်းမသုံးရဲဘူး။ အရမ်းရှားလို့ပေါ့နော်”ဟု ဖေးကူလက်များပရဟိအဖွဲ့မှ မအိက ဆိုသည်။
လော့စ်အိန်ဂျလိစ်ရှိ အိမ်တစ်အိမ်မှာ သေနတ် ၁ ထောင်ကျော် တွေ့ရှိ
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ ဒေါ်လာသန်းချီတန် ဇိမ်ခံအိမ်တစ်အိမ်မှာ လက်နက်ခဲယမ်း ၁ ထောင်ကျော် တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးနဲ့ လက်နက်ထိန်းချုပ်ရေး ဗြူရိုတို့ဟာ သတင်းပေးချက်အရ ဟုမ်းဘီဟေးလ်ရှိ နေအိမ်တစ်အိမ်ကို ရှာဖွေရာမှာ အခုလို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ရိုင်ဖယ်သေနတ်တွေ၊ ပြောင်းတို သေနတ်တွေ၊ ထောင်နဲ့ချီတဲ့ ခဲယမ်းတွေ၊ သေနတ်ထုတ်လုပ်ရာမှာ သုံးတဲ့ စက်ပစ္စည်း ကိရိယာတွေ တွေ့ရှိခဲ့ပါတယ်။ အပေါ်စီးမြင်ကွင်းကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေအရ စုံစမ်းစစ်ဆေးရေးသမားတွေဟာ သေနတ်မျိုးစုံကို စစ်ဆေးနေတာ တွေ့မြင်ရပါတယ်။ အခု သေနတ်တွေ သိမ်းဆည်းရမိတဲ့အိမ်ဟာ ပလေးဘွိုင်း အိမ်ယာအနီးနဲ့ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့ရာ နေအိမ်တို့ အနီးမှာ တည်ရှိပါတယ်။
ရွှေဘိုအကျဉ်းထောင်ဆူပူမှု ထိန်းချုပ်နိုင်ပြီဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ပြော
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများ ဆူပူနေမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အကုန်သိသတင်းဌာနသို့ မေလ ၉ ရက် ညနေပိုင်းက ပြောကြားသည်။ နိုင်ငံတော်သမ္မတလွှတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်ပြီး အကျဉ်းသူအကျဉ်းသားများက မေလ ၈ ရက် ညပိုင်းနှင့် မေလ ၉ ရက် နံနက်ပိုင်းတို့တွင် ဆူပူမှုများဖြစ်ပွားခဲ့ပြီး ရပ်တပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနမှ ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် ထိအကျဉ်းသား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၀န်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။
အေဂျက်စ်ကို လူးကပ်စ်မော်ရာ အသည်းခွဲလိုက်ပြီး စပါးရဲ့ ‘စူပါ-ဟီးရိုးတွေ’ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်
ဆူပူမှုဖြစ်ပွားနေသော ရွှေဘိုထောင်သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လာရောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်အတွင်း ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က ထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့ရာ ယနေ့ မေ ၉ ရက်နေ့၊ နံနက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရွှေဘိုအကျဉ်းထောင်သို့လာရောက်ပြီး အကျဉ်းသားများနှင့်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ယမန်နေ့ မေ ၈ ရက်၊ ညပိုင်းအချိန်တွင် အကျဉ်းထောင်ဝန်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အချုပ်သား ၂ ဦး ဒဏ်ရာရ၍ အကျဉ်းသား များ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ဘက်မှ တရားစွဲထားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကျန်းမာရေး အခြေအနေဆိုးရွား
တပ်မတော်ဘက်မှ ပုဒ်မ ၂ ခုဖြင့်တရားစွဲထားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား မေလ ၉ ရက်၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင် ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။ ယနေ့ရုံးထုတ်စဉ် ကျန်းမာရေးအခြေအနေဆိုးရွားနေသဖြင့် ရဲအချုပ်ခန်းတွင် ခေတ္တနားပြီးနောက် တရားခွင်အတွင်းသို့ ဝင်သွားခဲ့သည်ကိုတွေ့ရသည်။
ကျောက်တန်းရွာသားများထဲတွင် AA အဖွဲ့ဝင် ၄ ဦးတွေ့ရှိဟု တပ်မတော်ပြော
တပ်မတော်မှ စစ်ဆေးနေသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာသားများထဲတွင် ရက္ခိုင့်တပ် (AA)မှ အဖွဲ့ဝင် ၄ ဦးကိုတွေ့ရှိ၍ ဥပဒေအတိုင်း အရေးယူရန် လုပ်ဆောင်နေသည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မဇ္ဈိမသို့ ပြောသည်။ “ ၄ ယောက်တွေ့တဲ့အတွက်ကြောင့်မို့လို့ စစ်တွေကိုပို့လိုက်ပြီခင်ဗျ။ စစ်တွေမြို့မရဲစခန်းပေါ့နော်။ ဥပဒေ လမ်းကြောင်းအတိုင်းအရေးယူဖို့ ၄ ယောက်လွှဲပေးလိုက်ပါတယ်။ သူတို့ ၄ ယောက်က AA ဖြစ်ပါတယ်ဆိုတာ ဝန်ခံလို့ပါ” ဟု ゞင်းကဆိုသည်။
ဗင်နီဇွဲလား အတိုက်အခံ ဒုတိယခေါင်းဆောင် ဖမ်းဆီးထိန်းသိမ်းခံရ
အတိုက်အခံတို့ ချုပ်ကိုင်လွှမ်းမိုးထားတဲ့ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူကို ဗင်နီဇွဲလားထောက်လှမ်းရေး အေးဂျင့်တွေက မေလ ၈ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဒီ လုပ်ရပ်ဟာ ပြန်ပေးဆွဲတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒိုက ချက်ချင်းပဲ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ရဲ့ ဒုဥက္ကဌဖြစ်သူ အက်ဂါ ဇမ်ဘရာနိုကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက် မအောင်မြင်တဲ့ ပုန်ကန်မှုကို ထောက်ခံပံ့ပိုးလို့ ဆိုပြီး ကာရာကက်စ်မြို့မှာ ထောက်လှမ်းရေးတွေက လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
(ပန်းနုရောင်နှောင်ကြိုး) Wedding Showcase အခမ်းအနားအတွက် စာနယ်ဇင်း ရှင်းလင်း

ကသည်းလူမျိုး လက်နက်ကိုင်များကို ၅ကြိမ်မြောက် ရုံးထုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဖမ်းဆီးရမိသည့် ကသည်းလူမျိုး လက်နက်ကိုင်များကို မေလ ၉ရက်နေ့က ခန္တီးမြို့နယ် တရားရုံး၌ ၅ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။ ကသည်းလက်နက်ကိုင် ၂၄ ဦးကို ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုထားပြီး ဧပြီလနှင့် မေလအတွင်းက ဖမ်းဆီခဲ့ခြင်း ဖြစ်ကြောင်း ULLF.KYKL.PLA. PrePak Pro စသည့် အာသံပြည်နယ် လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖြစ်ကြောင်း သိရသည်။
ပုသိမ်အကျဉ်းထောင်တွင် ဆူပူမှု ဖြစ်ပွား
မေလ၉ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ကြောင်း အကျဉ်းသားမိသားစုများထံမှ သိရသည်။ "ထ အော်လိုဆိုပြီးတွေ့ခွင့်မရတာ ထိုင်ပြီးစောင့်နေတာ။ ကျွန်မက မီးလောင်တယ်လို့ထင်လို့ နောက်မှ အော်တယ်လို့ကြားရတယ်”ဟု ကျုံပျော်မြို့နယ်၊ရှားခဲမှ ထောင်ဝင်စာလာတွေ့သူဒေါ်စန်းအေးက မဇ္ဈိမ သို့ပြောသည်။ ပုသိမ်အကျဉ်းထောင်တွင် မေ ၉ရက်နေ့၊ နံနက် ၁၀နာရီဝန်ကျင်က ဆူပူမှု ဖြစ်ခဲ့ပြီး ဆူပူမှုဖြစ်သည့် အကြောင်းအရင်းကို သိရခြင်း မရှိသေးပေ။ အဆိုပါ ဆူပူမှုကြောင့် ပုသိမ်ထောင်သို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးလာရောက်ခဲ့သလို လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ကားများဖြင့် ထောင်လုံခြုံရေးကို တိုးမြင့်ထား ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်အောင်ပွဲ (၇၄) နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ရုရှားတွင် ကျင်းပ
ငွေကြေးသက်သက်မဟုတ်ဘဲ ပိုင်ဆိုင်သမျှ အရာအားလုံး သားဖြစ်သူ အောင်ဒီးအတွက် အမွေပေးခဲ့ချင်သည့် အောင်လအန်ဆန်
ရွှေဘိုထောင်ဆူပူမှု အခြေအနေပိုဆိုးလာ၊ လုံခြုံရေးရဲတပ်ရင်းများ အားဖြည့်
သမ္မတ လွတ်ငြိမ်းသက်သာခွင့်နှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိခြင်းကြောင့် ဆူပူဆန္ဒပြနေသည့် ရွှေဘိုထောင်၏ အခြေအနေသည် ပိုမိုဆိုးဝါးလာနေသောကြောင့် လုံခြုံရေးရဲတပ်ရင်းများမှ အင်အားဖြည့်ရောက်ရှိလာသည်။
ယာဉ်မတော်တဆမှုဖြစ်ရာမှ ယာဉ်တစ်စီးက ကလေးငယ်အုပ်စုအတွင်းသို့ ၀င်တိုက်မိခြင်းကြောင့် ကလေးနှစ်ဦးသေ၊ အခြား ၁၃ ဦး ဒဏ်ရာရ

ယခုဘဏ္ဍာနှစ် (၇) လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၆)ဘီလီယံနီးပါးဆောင်ရွက်ထားနိုင်
ဘဏ္ဍာနှစ်အစ (၂၀၁၈)အောက်တိုဘာလ(၁)ရက်နေ့မှ ယခုနှစ်ဧပြီလကုန်အထိ (၇)လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း (၁၇)ခုမှ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၆)ဘီလီယံခန့် အထိ ဆောင်ရွက်ထားနိုင်ခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
e-Parliament စနစ် Hluttaw Intranet (SharePoint) မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

ဝိုင်းမော်မြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဈေးဆိုင်များလာရောက်ဖွင့်လှစ်ရောင်းချနေသည့် တရုတ်နိုင်ငံသား ၅ ဦး အား အမှုဖွင့်

ဓားဖြင့်အကြိမ်ကြိမ်ထိုးကာ လူသတ်မှုကျူးလွန်ပြီး လိင်အင်္ဂါကိုပါဖြတ်ခဲ့သူများကိုဖမ်းဆီး
မအေနှမနဲ့ဆဲဆိုတဲ့သူငယ်ချင်းကို ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ပြီးလိင်အင်္ဂါကိုဖြတ်ကာပါးစပ်ထဲထည့်ထားခဲ့တဲ့လူသတ်မှုကျုးလွန်ခဲ့သူတွေကို ကျွန်းကုန်းနယ်မြေရဲစခန်းက ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိနေပူကုန်းကျေးရွာနေသူ ၀င်းမြင့် ၊ နိုင်မင်းထွန်း ၊ နိုင်ဝမ်း တို့ ၃ ဦးဟာ ကံကြီးကျေးရွာနေသူနန်းဝင်း ဆိုသူနဲ့ ငါးကျဉ်စက်ထိုးဖမ်းရန်ဆိုင်ကယ်၂စီးနဲ့ထွက်လာခဲ့ပြီး ငါးကင်စားသောက်ခဲ့ကြတာဖြစ်ပါတယ်။
မိုင်းဖြတ်မြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦးအား တရုတ်နိုင်ငံသို့ လူကုန်ကူးရောင်းစားခံမှုဖြစ်ပွား

မော်လိုက်ကလေးထောင် ဆူပူမှုဖြစ်

ဒေါ်အောင်ဆန်းစုကြည် မန်းရွှေစက်တော်ဘုရားသို့ လာရောက်ဖူး

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ ရုပ်စုံအဝိုင်းအား အသစ်ပြန်လည် ပြုပြင် မွမ်းမံရန်အတွက် လုပ်ငန်းများ စတင်

သူပုန် ခြေကုပ်ယူထားသည့် နောက်ဆုံးလက်ကျန်ဒေသကို ဆီးရီးယားစစ်တပ် ထိုးစစ်ဆင်
ဆီးရီးယားစစ်တပ်ဟာ သူပုန်တွေ ခြေကုပ်ယူထားတဲ့ နောက်ဆုံးလက်ကျန်ဒေသကို ထိုးစစ်ဆင်နေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မေလ ၇ ရက်နေ့မှာ ပြောပါတယ်။ ဟားမားနဲ့ အီဒလစ်ဒေသမှာ ဆီးရီးယားအစိုးရ ရဟတ်ယာဉ်တွေဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တခု လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အီဒလစ်ဒေသမှာ ပဋိပက္ခတွေ မြင့်တက်လာနေပြီး အဲဒီအခြေအနေဟာ ၂၀၁၈ စက်တင်ဘာလကတည်းက ဆီးရီးယားအစိုးရ ထိုးစစ်ဆင်မှု ရပ်ဆိုင်းထားတဲ့ ရုရှား-တူရကီ သဘောတူညီချက်ကို ပိုတင်းမာလာစေပါတယ်။
ဥရောပနိုင်ငံတစ်ဝန်း လူ(၃၄၀၀၀)ကျော် ၀က်သက်ရောဂါ ဖြစ်ပွားနေ
ဥရောပနိုင်ငံတစ်ဝန်းမှာ (၂၀၁၉)ခုနှစ် ပထမ(၂)လအတွင်း လူ(၃၄၀၀၀)ကျော် ၀က်သက်ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာလည်း တော်တော်များများ ၀က်သက်ရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကူးစက်နိုင်ခြေရှိတဲ့ လူတွေကို ကာကွယ်ဆေးထိုးခိုင်းဖို့ကိုလည်း အခုလ(၇)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်တွင် မီတာခကို အွန်လိုင်း(သို့) မိုဘိုင်းအက်ပ်မှ ပေးချေနိုင်ရေးအဆို အတည်ပြု
မွန်ပြည်နယ်အတွင်း လစဉ်မီတာခပေးသွင်းခြင်းတွင် အခက်အခဲများရှိခြင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် Online (သို့) Mobile App ဝန်ဆောင်မှုဖြင့် ပြောင်းလဲကောက်ခံရန် တိုက်တွန်းကြောင်းအဆိုအား ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။ ယင်းအဆိုကို မတ်လ ၂ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့ခြင်းဖြစ်ပြီး မေ ၆ ရက်နေ့ လွှတ်တော်အစည်းအဝေး(တတိယနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာပြည်နယ်ဝန်ကြီးက လွှတ်တော်တွင် မှတ်တမ်းတင်ရန်တင်ပြခဲ့သော်လည်း ကန့်ကွက်သူမရှိဖြင့် အတည်ပြခဲ့ခြင်း ဖြစ်သည်။
လေယာဉ်တစ်စီးပြေးလမ်းချော်၍ (၂)နာရီကျော်ပိတ်ထားရသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ည (၉)နာရီကျော်တွင် ပြန်လည်ဖွင့်လှစ်
ဘီမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် BG-060 လေယာဉ် ပြေးလမ်းချော်သွားသဖြင့် လေယာဉ်အတက်အဆင်း ခေတ္တပိတ်ထားရသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည (၉)နာရီ (၁)မိနစ်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဘဏ္ဍာငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် ကျိုက်ထီးရိုးစေတော်၊ အမှိုက်ဖျက်ဆီးစက်၏ ကုန်ကျမှုငွေ တစ်ဝက်အား ဘုရားဘဏ္ဍာတော်မှ ကျပ်(၂၄၂)သန်း ရယူသုံးစွဲ ဆောင်ရွက်ခဲ့
ပြည်နယ်ဘဏ္ဍာငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် ကျိုက်ထီးရိုးစေတော်၊ အမှိုက်ဖျက်ဆီးစက်၏ ကုန်ကျမှုငွေ တစ်ဝက်အား ဘုရားဘဏ္ဍာတော်မှ ကျပ်(၂၄၂)သန်း ရယူသုံးစွဲ ဆောင်ရွက်ခဲ့ကြောင်း ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မေလ ၇ ရက် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းစဉ်ထည့်သွင်းပြောဆိုခဲ့သည်။
နျူကလီးယားသဘောတူချက်အသစ် မရရှိပါကအဆင့်မြင့် ယူရေနီယံသန့်စင်လုပ်ငန်းများ ပြန်စမည်ဟုအီရန် ခြိမ်းခြောက်
ရက် ၆၀ အတွင်းအင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူစာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိပါကအဆင့်မြင့် ယူရေနီယံသန့်စင်လုပ်ငန်းများ ပြန်လည်စတင်မည်ဖြစ်ကြောင်း၊ လက်ရှိမှာပင် နျူကလီးယားအစီအစဉ်များမှ ပိုလျှံသည့် ယူရေနီယံများကိုစုဆောင်းနေပြီဖြစ်ကြောင်းအီရန်ကမေ ၈ ရက်တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။
ဓားခုတ်မှုများလာသည့် မန္တလေးမြို့ လုံခြုံရေးပိုကြပ်မည်ဟု နယ်လုံဝန်ကြီး ပြော
မန္တလေးမြို့တွင် ညပိုင်းအချိန် လမ်းသွားလမ်းလာ ပြည်သူအချို့အား အကြောင်းမဲ့ ဓားဖြင့် လိုက်ခုတ်သော ဖြစ်စဉ်များ ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး ပို၍ ကြတ်မတ်ဆောင်ရွက်မည်ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်ကျော်မင်းက ဧရာဝတီကို ပြောသည်။ ဗိုလ်မှူးကြီး ကျော်ကျော်မင်း က “လက်ရှိရှိနေတဲ့ လုံခြုံရေးအင်အားနဲ့ပဲ ဒီလိုအမှုအခင်းတွေ ထပ်မဖြစ်အောင် ကြတ်မတ် ဆောင်ရွက်ဖို့ရှိတယ်။ လှည့်ကင်း၊ ပတ်ကင်းတွေ ပိုဆောင်ရွက်မယ်” ဟု ဆိုသည်။
တောင်ကြီးမြို့မဈေးတွင် ဈေးသည်ကို အက်စစ်ဖြင့်ပက်သူကို အမှုဖွင့်အရေးယူ
မေ ၇ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ ဂုဏ်ထူးလမ်းနေ ဒေါ်ဝင်းဝင်းမော်(ခ)ဒေါ်ချို(၄၈)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးစိုင်းနှင့်အတူ တောင်ကြီး မြို့မဈေး၊ ပျံကျဈေးတွင် ပဲပုတ်များရောင်းချနေစဉ် ယခင်က ရန်ဖြစ်ခဲ့ဘူးသူ တစ်ရပ်ကွက်တည်းနေ ဒေါ်အေးမြင့်ရောက်ရှိလာပြီး ဒေါ်ဝင်းဝင်းမော်(ခ) ဒေါ်ချိုအား "ဘာအချိုး ချိုး တာလဲ"ဟု ဆိုကာ ၎င်း၏လက်ထဲတွင် ကိုင်ဆောင်ထားသည့် ရေသန့်ဘူးအတွင်းမှ အက်စစ်အရည်ပျော့များဖြင့် ပက်၍ ထွက်သွားခဲ့သည်ဟု ဆိုသည်။
အီရန်ခြိမ်းခြောက်မှုအား တန်ပြန်ရန် အမေရိကန်က ဗုံးကြဲလေယာဉ်များကို အရှေ့အလယ်ပိုင်းသို့စေလွှတ်
ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များအား အီရန်က တိုက်ခိုက်နိုင်ခြေကို တုံ့ပြန်ရန်အတွက် အမေရိကန်လေတပ်သည် ဧရာမ ဗုံးကြဲလေယာဉ် B-52 များအား ပင်လယ်ကွေ့သို့ စေလွှတ်ခဲ့ကြောင်း ပင်တဂွန်က မေ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အီရန်နှင့် ၎င်း၏ကိုယ်စားလှယ်တပ်ဖွဲ့များသည် အမေရိကန်တပ်ဖွဲ့များအား တိုက်ခိုက်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်နေကြောင်း မကြာသေးမီက သိသာသည့် အထောက်အထားများရှိကြောင်း ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် နျူကလီးယားလက်နက် တပ်ဆင်နိုင်သော B-52 ဗုံးကြဲလေယာဉ် အများအပြားသည် လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးရေယာဉ်စုနှင့်အတူ ဒေသတွင်းသို့ ဦးတည်သွားခဲ့ကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။
ဥပဒေသစ်များ ရှားရီယားဥပဒေများအပေါ် အခြေခံရမည်ဖြစ်ကြောင်း ဆူဒန်စစ်ကောင်စီထုတ်ပြန်
ဆူဒန်နိုင်ငံရှိ ဥပဒေသစ်များသည် ရှားရီယားအစ္စလာမ်ဥပဒေများအပေါ် အခြေခံရမည်ဖြစ်ကြောင်း ဆူဒန်ကိုလက်ရှိအုပ်ချုပ်နေသည့် စစ်ကောင်စီက မေ ၇ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ သမ္မတအိုမာ အယ်လ်-ဘာရှီးယား ဧပြီတွင် ဖြုတ်ချခံခဲ့ရပြီးနောက် တာဝန်ယူအုပ်ချုပ်မည့် ကြားဖြတ်အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုသည့်အချက်များကို အတိုက်အခံခေါင်းဆောင်များက တင်ပြခဲ့သည်။
ပြည်တွင်း မှိုခြောက်မှုန့်များကို ပြည်ပပို့ရန် ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းမည်
ပြည်တွင်းစိုက်ပျိုးထွက်ရှိသော မှိုခြောက်မှုန့်များ ဖြစ်သည့် (ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှို)ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဂျပန်ကုမ္ပဏီတစ်ခုနှင့် MoU လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စားသုံးမှိုအစုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။ “ပစ္စည်းအရည်အသွေးကို သူတို့ ကြိုက်တယ်။ packing ကို သူတို့က ပြောင်းခိုင်းတယ်။ packing ကတော့ သူတို့ သေချာရင် ပြောင်းလို့ရတယ်။ ဒီကထွက်သမျှ မှိုဆိုရင်လည်း မှိုခြောက်၊ မှိုမှုန့် အပြတ်ရောင်းမယ်။ သူ့ဟာသူ packing လုပ်ပြီး ပြန်ေ ရာင်းပေါ့။ တကယ်လို့ ပြန်ရောင်းမယ်ဆိုရင် အန်ကယ်တို့ အသင်းက ဒီကနေ မြန်မာမှို ဆိုပြီးတော့ေ ထာက်ခံပေးမယ်” ဟု ၎င်းကပြောသည်။
လေနှင့် မိုး သည်းထန်ခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့

မြစ်ကြီးနားထောင်မှာ အကျဉ်းသားတွေ ဆန္ဒပြနေ
ကချင်ပြည်နယ်က မြစ်ကြီးနားအကျဉ်းထောင်မှာ မေလ ၉ ရက်နေ့ မနက် ၄ နာရီခွဲဝန်းကျင်လောက်ကစလို့ အကျဉ်းသားတွေ ဆန္ဒပြနေကြတာဖြစ်ပြီး အခုချိန်အထိ ထောင်ထဲက ဆူပူနေတဲ့ အသံတွေ ကြားနေရဆဲဖြစ်တယ်လို့ အဲ့ဒီအကျဉ်းထောင်ရှေ့ ရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။ လက်ရှိမှာတော့ ထောင်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်၊ မြို့နယ် အုပ်ချုပ်ရေးပိုင်းအရာရှိတွေ ရောက်နေကြပြီး လုံခြုံရေးကို အထူးစောင့်ကြပ်ထားကြပါတယ်။
လက်ရှိအစိုးရသက်တမ်းတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးဖြစ်
ယခင်က ရေနံနှင့် သဘာဝဓါတ်ငွေဓါတ်ငွေ့ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုအမြင့်ဆုံးဖြစ်ခဲ့သော်လည်း လက်ရှိအစိုးရသက်တမ်းတွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုအမြင့်ဆုံးနေရာသို့ ရောက်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။ လက်ရှိအစိုးရလက်ထက်ဖြစ်သော ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀ ၁၉ ခုနှစ် မတ်လ ၃၁ ရက်အထိ သုံးနှစ်အတွင်း ကုန်ထုတ်လုပ်မှုက ဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပထမအများဆုံးဝင်ရောက်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒုတိယအများဆုံးနှင့် အိမ်ယာအဆောက်အဦကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တတိယအများဆုံး ဝင် ရောက်ထားကြောင်း DICA မှ သိရသည်။
မီးပျက်ပြီး CNG မရလို့ YBS ရာခိုင်နှုန်းပြည့် မပြေးဆွဲနိုင်
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက် ရှိသည့် YBS ယာဉ်လိုင်းများရှိ ယာဉ်အစီးရေ အားလုံး၏ ၁၀ ရာခိုင်နှုန်း ခန့်မှာ သဘာဝ ဓာတ်ငွေ့ (CNG) အလုံအလောက် မရရှိခြင်းကြောင့် မပြေးဆွဲနိုင်ကြကြောင်း သတင်း ရရှိသည်။ YBS ယာဉ်လိုင်း တချို့သည် CNG ဓာတ်ငွေ့ အလုံအလောက် မရခြင်းနှင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရမှုများကြောင့် အခက်အခဲများ ဖြစ်နေကြောင်းလည်းYBS ယာဉ်လိုင်း တာဝန်ရှိသူများက ပြောဆိုသည်။
ရုံးတော်ကိုမထီမဲ့မြင်ပြုမှုဖြင့် ရှေ့နေချုပ်ဝီလီယံဘားကို အရေးယူရန် ဒီမိုကရက် အမတ်များဆုံးဖြတ်

"စင်ကာပူမှာ မုန်းသက်မုန်တိုင်းကျပြီး သစ်ပင်များလဲပြိုကျမှုဖြစ်"

ဘင်္ဂလားဒေ့ရှ်လေယာဉ်တစီး ရန်ကုန်လေဆိပ်တွင်ဆင်းသက်စဉ် လမ်းချော်၍ လေယာဉ်ကိုယ်ထည်သံပိုင်းကျိုး၊ ဒဏ်ရာရလူနာ ၁၉ဦးကို မ/ဥက္ကလာဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ညတွင်းခြင်း လွဲပြောင်းပို့ဆောင်
ဘင်္ဂလားဒေ့ရှ် Biman လေကြောင်းလိုင်းမှ လေယာဉ်တစီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်စဉ် လမ်းချော်၍ လေယာဉ်ကိုယ်ထည် သုံးပိုင်ကျိုးခဲ့ပြီး လေယာဉ်မှူး ၂ ဦးနှင့် ခရီးသည် ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ် Biman လေကြောင်းလိုင်းမှ လေယာဉ်အမှတ် BG060၊ လေယာဉ်အမျိုးအစား DHC-8 Dash 8 သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်စဉ် မေ ၈ ရက်ည ၆နာရီ ၂၂မိနစ်ခန့် က မိုးလေသည်းသန် စွာရွာ သွန်းမှုကြောင့် လေဆိပ် Cargo Terminal အနီးတွင် မတော်တဆမှုတခု ဖြစ်ပွားကာ လေယာဉ် သုံးပိုင်းကျိုးသွားခဲ့ကြောင်းသိရသည်။
အားကစားသမားများကို သာမန်လူများကဲ့သို့ အစားအသောက်ကျွေး၍မရကြောင်း အားကစား ဒုဝန်ကြီးပြော
အားကစားသမားများကို သာမန်လူများကဲ့သို့ အစားအသောက်ကျွေးမွေး၍ မရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။ေ မလ ၆ ရက်က အမျိုးသားအားကစား ပြိုင်ပွဲရုံ ၁ တွင် ကျင်းပသည့် မြန်မာနိုငံ အိုလံပစ်ကော်မတီနှင့် ဝန်ကြီးတို့၏ အစည်း အဝေးတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ပျဉ်းမနားမြို့နယ်တွင် မှိုများစားမိ၍ အဆိပ်သင့်ကာ ၆ ဦး ဆေးရုံတက် ကုသနေရ
၂၀၁၉ခုနှစ်၊ မေလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန် ပျဉ်းမနားမြို့နယ် သပြေလှရပ်ကွက်နေ အောင်ကျော်မိုး(၂၀)နှစ်ပါ ၆ ဦး(ကျား ၃၊ မ ၃)တို့သည် တောထဲသို့ ထင်းခွေသွားခဲ့ရာ မှိုများအားတွေ့ရှိခဲ့သည်ဆို၏။ အဆိုပါမှိုများကို ယူဆောင်ခဲ့ကာ နေအိမ်၌ ဟင်းချက်စားရာမှအော့အန်ပြီးအစာအဆိပ်သင့်(မစိုးရိမ်ရ) ဖြစ်ပွားခဲ့သဖြင့်မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် ပျဉ်းမနားခုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသည်။
NCA လက်မှတ်ထိုး အပစ်ရပ် ၁၀ ဖွဲ့ အရေးပေါ်အစည်းအဝေး ခေါ်ယူ
လက်ရှိတစ်ဆို့နေသော ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အဖြေရှာနိုင်ရန်အတွက် NCA တွင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူလိုက်ပြီး အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁၄ရက်မှ ၁၈ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက The Ladies News သို့ ပြောကြားသည်။
MMA အမြင့်ဆုံးဆုအတွက် အောင်လအန်ဆန်ကို အွန်လိုင်းမဲပေးနိုင်

ဖုန်းဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူအား အရေးယူ
၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် (၂၇) လမ်းထိပ်တွင် ဖုန်းမက်ဆေ့ဖြင့် ရေးသားပေးပို့လက်ခံကာ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများအတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါလမ်းထိပ်တွင် (၈)ရပ်ကွက်၊ (၃၀) လမ်းနေ ဒါဝတ် (၆၅) နှစ်အား တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် အပြာရောင်အင်္ကျီ လက်ရှည် ရှေ့ဝဲဘက်အိတ်ကပ်အတွင်းမှ ၀၉×××××××၊ ၀၉××××××× နံပါတ်များပါရှိသည့် Mi ငွေမှင်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်း Massage Box အတွင်း နှစ်လုံးထီဂဏန်းနှင့် လောင်းကြေး ငွေတန်ဖိုးများ ရေသား၍ ပေးပို့ထားသည့်စာများ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ သောကြောင့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၁၆၄/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ဟယ်ရီနဲ့ မီဂန်တို့ရဲ့ သားဦးလေးအမည်ဟာ ထူးခြားနေ

လေယာဉ်မတော်တဆမှု ဒဏ်ရာရခရီးသည်များနှင့် လေယာဉ်မှူးများအား အာယု အထူးကုဆေးရုံသို့ ပြောင်းရွှေ့ ကုသ
မြောက်ဥက္ကလာပဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကာ ဆေးဝါးကုသမှူခဲ့ယူလျက်ရှိသော ဘင်္ဂလားဒေ့ရှ်လေယာဉ်မတော်တဆမှုမှ ဒဏ်ရာရခရီးသည်များနှင့် လေယာဉ်မှူးများအား ယနေ့နံနက် ၁၂ နာရီခွဲက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊လွှတ်တော်ဒုတိယဥက္ကဌ တို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်နေမှုကို ပြည်ထောင်စုဝန်ကြီးက ခွင့်မပြုကြောင်းနှင့် လမ်းဖောက်လုပ်သည့်အဖွဲ့အား ထပ်မံအသိပေးရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ညွှန်ကြား

ရွှေဘိုထောင် အကျဉ်းသား ဆူပူမှုဖြစ်စဉ်တွင် အကျဉ်းထောင်အတွင်း အခြေအနေကို Facebook Liveလွှင့်
စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုအကျဉ်းထောင်အတွင်း မေ ၈ရက် ည ၇နာရီခန့်မှစ၍ အကျဉ်းသားဆူပူမှုဖြစ်ပွားခဲ့ရာတွင် ရွှေဘိုအကျဉ်းထောင်အတွင်းမှ Facebook တိုက်ရိုက် Live လွှင့်ခဲ့သည်ကို တွေ့ ရသည်။ Kyal Zin အမည်ရသည့် Facebook အကောင့်မှ Live လွှင့်ကာရွှေဘိုသတင်းပုံရိပ်များဂရုထဲသို့  Shareခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွှေဘိုအကျဉ်းထောင်အတွင်းဆူပူမှု့ အခြေအနေ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင်လည်း ပျံ့နှံနေပြီးအကျဉ်ထောင်များ၏ လုံခြုံရေးနှင့် စည်းကမ်းပိုင်းဆိုင်ရာကို မေးခွန်းထုတ်မှု့ များလည်း ရှိနေသည်။
လေကြောင်းလူငယ် အခြေခံသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား သွားရောက် တွေ့ဆုံ

မြန်မာ့ကြက်၊ ဘဲမွေးမြူရေးကဏ္ဍ ၁၀ နှစ်အတွင်း သိသိသာသာကျဆင်းဟု ဆို
မြန်မာနိုင်ငံ၏ ကြက်နှင့် ဘဲမွေးမြူရေးကဏ္ဍသည် ၁၀ နှစ်အတွင်း သိသိသာသာကျဆင်းသွားကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြဟန်က ပြောသည်။ေ မွးမြူရေးကဏ္ဍတိုးချဲ့ရန် မြေနေရာရရှိရေးအခက်အခဲရှိသည့်အပြင် ယင်းမြေနေရာများမှာအာမခံချက်မရှိ ခြင်း၊ မြေယာပိုင်ဆိုင်မှုမရှိသည့်အတွက်ချေးငွေအလွယ်တကူမရရှိသဖြင့် အရင်းအနှီးလိုအပ်ချက်များရှိခြင်း၊ မွေးမြူရေးအစာဈေးနှုန်းများ ကြီးမြင့်ခြင်း၊ ခေတ်မီနည်းစနစ်များအသုံးမပြုနိုင်ခြင်းတို့ကြောင့် ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ မီးပွိုင့် ၁၅၁ ခုကို Control Center က စမ်းသပ်ခဲ့ပြီး မြို့နယ်အချို့တွင် လျှပ်စစ်မီး ပြတ်တောက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား
ရန်ကုန်မြို့၌ မီးပွိုင့် ၁၅၁ ခုကို Control Center မှ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး မြို့နယ်အချို့တွင် လျှပ်စစ်မီး ပြတ်တောက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့အတွင်း မောင်းနှင်သွားလာနေသည့် ယာဉ်မောင်းများထံမှ သိရသည်။ ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုအား မေ ၈ ရက် နံနက် ၇ နာရီမှ ၁၀ နာရီအထိနှင့် ညနေ ၃ နာရီမှ ၇ နာရီအထိ တစ်ပြိုင်နက်တည်း စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတွင် အမေရိကန်နိုင်ငံသားတစ်ဦး ယာဉ်တိုက်မူဖြစ်ကာ သေဆုံး၊ တိုက်သည့်ကား မောင်းနှင်ထွက်ပြေး
မန္တလေးမြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ခုတွင် အင်္ဂလိပ်စာဆရာအဖြစ် လုပ်ကိုင်နေသည့် အမေရိကန်နိုင်ငံသားတစ်ဦး မေလ(၇)ရက် ညပိုင်းက ယာဉ်တိုက်မူဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ချမ်းအေးသာစံမြို့နယ် ၇၄လမ်းနှင့် ၂၇လမ်းထောင့်တွင် မေလ(၇)ရက် ည(၁၁)နာရီဝန်းကျင်က ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မူဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးသူ အမေရိကန်နိုင်ငံသား သေဆုံးခဲ့ခြင်းဖြစ်သည်။
သတင်းမှားဖြန့်ချိမှု ဥပဒေ စင်္ကာပူ အတည်ပြု
စင်္ကာပူနိုင်ငံလွှတ်တော်မှာ မနေ့က အတည်ပြုလိုက်တဲ့ သတင်းမှားဖြန့်ချိမှု အရေးယူမယ့် ဥပဒေအသစ်နဲ့ပတ်သက်ပြီး လူအခွင့်အရေးလှုပ်ရှားသူများ သတင်းသမားများနဲ့ နည်းပညာအဖွဲ့အစည်းများက လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ထိခိုက်မှာ စိုးရိမ်တယ်လို့ ဝေဖန်လိုက်ကြပါတယ်။ ဒီဥပဒေအရ online media မှာ သတင်းမှားဖြန့်ချိခဲ့ရင် ထောင်ဒဏ် ဆယ်နှစ် ဒါမဟုတ် ငွေဒဏ် စင်္ကာပူဒေါ်လာ တစ်သန်းအထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေကြောင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိခိုက်ပြီး အစိုးရကိုလည်း အခွင့်အာဏာ အလွန်အမင်း ပေးအပ်ရာ ရောက်စေတယ်လို့ ဝေဖန်နေကြပါတယ်။
လေယာဉ်ပျက်ကျမှုနှင့် နောက်ဆက်တွဲ ဝမ်းနည်း ဝမ်းသာ"စိတ်ပျက်ဖွယ်ရာများ"
၁ . လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများအတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ကြီးကြီးမားမား.ထိခိုက်မှု မတွေ့ရှိရသေးသောကြောင့် ဝမ်းသာကြောင်း
၂ . လူအများထိခိုက်မှု ဖြစ်စဉ်သိလျှင်သိခြင်း အရေးပေါ်လုပ်ထုံးလုပ်နည်းများအတိုင်း မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ကျကျန်းမာရေးဝန်ထမ်းများ အပြင် ရောက်ရာအရပ်မှ အပြေးအလွှား လာရောက်ကြသော တာဝန်ချိန်မဟုတ်သော အရေးပေါ်ကုသမှုဆေးပညာရှင်များ ခွဲစိတ်အထူးကုများ အရိုးခွဲစိတ်အထူးကုများ ဓာတ်မှန်အထူးကုများ သူနာပြုများ အထွေထွေကျန်းမာရေးလုပ်သားများ စသည်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၏ ချီးကျူးဖွယ်ရာ တာဝန်သိစိတ်ဓာတ်များအား အထူးဂုဏ်ပြု ဂုဏ်ယူမိပါသည်
၂ . လူအများထိခိုက်မှု ဖြစ်စဉ်သိလျှင်သိခြင်း အရေးပေါ်လုပ်ထုံးလုပ်နည်းများအတိုင်း မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ကျကျန်းမာရေးဝန်ထမ်းများ အပြင် ရောက်ရာအရပ်မှ အပြေးအလွှား လာရောက်ကြသော တာဝန်ချိန်မဟုတ်သော အရေးပေါ်ကုသမှုဆေးပညာရှင်များ ခွဲစိတ်အထူးကုများ အရိုးခွဲစိတ်အထူးကုများ ဓာတ်မှန်အထူးကုများ သူနာပြုများ အထွေထွေကျန်းမာရေးလုပ်သားများ စသည်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၏ ချီးကျူးဖွယ်ရာ တာဝန်သိစိတ်ဓာတ်များအား အထူးဂုဏ်ပြု ဂုဏ်ယူမိပါသည်
မိုဘိုင်းဖုန်းတွေရဲ့စိုးမိုးမှုကို သရုပ်ပြတင်ဆက်တဲ့ တရုတ်ကျောင်းသားများ

ဒေါ်အောင်ဆန်းစုကြည် မကွေးနှင့် နတ်မောက် ဒေသခံများနှင့် တွေ့ဆုံမည်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး မကွေးနှင့် နတ်မောက်မြို့များသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး NLD ပါတီထံမှ သိရသည်။ မကွေးမြို့သို့ မေလ ၉ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး မကွေးမြို့ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲကို မကွေးမြို့တော်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ရှိ ထောက်ခံချက်ရထားပြီးရေသန့်လုပ်ငန်းအချို့ သန့်ရှင်းမှုမရှိ၍ စက်ရုံပိတ်သိမ်းအရေးယူခံရ
ရန်ကုန်မြို့အတွင်း မြို့နယ်(၂)ခုမှ ထောက်ခံရထားသည့် ရေသန့်လုပ်ငန်းအချို့ သန့်ရှင်းမှုမရှိ၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်မကိုက်ညီ၍ စက်ရုံများပိတ်သိမ်းပြင်ဆင်စေခြင်းဖြင့် အရေးယူခံထားရကြောင်း သိရသည်။ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိ ထောက်ခံချက်ရထားသည့် သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ စက်ရုံဖွဲ့စည်းပုံကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှုအလေ့အကျင့်တို့မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိခြင်းတို့ကြောင့် ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)အညီ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရွေးကောက်ပွဲ ဖျူထိုင်းပါတီ အနိုင်ရကြောင်း ကော်မရှင်ကြေညာ

အီရန်အပေါ် ဒဏ်ခတ်မှုအသစ်တွေ ကန် ချမှတ်
နျူးကလီးယား ဆိုင်ရာ ၆ နိုင်ငံ သဘောတူညီချက်က နုတ်ထွက်မယ်လို့ အီရန် သမ္မတက ကြေညာပြီး နာရီပိုင်းအတွင်းမှာဘဲ အီရန်နိုင်ငံရဲ့ သတ္တု လုပ်ငန်းတွေ အပေါ် အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အီရန် နိုင်ငံရဲ့ သံ၊ သံမဏိ၊ အလျူမီနီယံနဲ့ ကြေးဝါ တို့ ပါဝင်ပြီး ဒီသတ္တုတွေဟာဆိုရင် အီရန် နိုင်ငံရဲ့ရေနံလုပ်ငန်းပြီးရင် အခွန်အများဆုံး ရရှိနေတဲ့ ပို့ကုန်တွေ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွား လေယာဉ်ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက်ကျိုးပဲ့ပျက်စီး၊ ခရီးသည်များထိခိုက်ဒဏ်ရာရရှိ

နိုင်ငံသားစိစစ်ရေးကပ်များကို နိုင်ငံတကာအဆင့်မီ Digitalစနစ်နှင့် Smart Card များအဖြစ် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာပညာရှင်များထံမှ ငွေရေးကြေးရေးနှင့် နည်းပညာများ ထောက်ပံ့ရယူပြီး တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးပြောကြား
နိုင်ငံသားစိစစ်ရေးကပ်များကို Digitalစနစ်နှင့် Smart Card များအဖြစ် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာပညာရှင်များထံမှ ငွေရေးကြေးရေးနှင့်နည်းပညာများ ထောက်ပံ့ရယူပြီး တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြားသည်။
စပါးရဲ့အံ့အားသင့်ဖွယ် ပြန်လာမှုနဲ့ All English Final ဖြစ်သွားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အေဂျက်စ် ၂-၃ စပါး (နှစ်ကျော့ပေါင်း ၃-၃ ဂိုး၊ အဝေးဂိုးဖြင့် စပါး ဗိုလ်လုပွဲတက်ရောက်)

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ဒုက္ခသည်များကို ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူများကို ခြိမ်းခြောက်မှုများရှိနေသည့်အပြင် မြန်မာနိုင်ငံမှ ပြန်လက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ ယင်းဒုက္ခသည်များအနေဖြင့် သိရှိခြင်း မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ေ နပြည်တော်၌ မေ ၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေးပြီးဆုံး၍ ပြန်လည်ထွက်ခွာစဉ် ပြည်ထောင်စုဝန်ကြီးက မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မလေးရှား ဝန်ကြီးချုပ်ဟောင်းရဲ့ပစ္စည်း နိုင်ငံဘဏ္ဍာအဖြစ် ရယူမည်
မလေးရှား အစိုးရရှေ့နေတွေက အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၊ သူ့ဇနီး ရို့စ်မာ မင်ဆောနဲ့ မိသားစုဝင်တွေထံက သိမ်းဆီးထားပြီးဖြစ်တဲ့ ငွေကြေးပစ္စည်းတွေကို နိုင်ငံအတွက် နစ်နာကြေးအဖြစ် ရယူလိုကြောင်း ကွာလာလမ်ပူမြို့ က ဗဟိုတရားရုံးမှာ အင်္ဂါနေ့က လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
တရုတ်ပို့ကုန် တချှို့ အမေရိကန် အခွန်တိုးကောက်မည်
အမေရိကန်ပြည်ထောင်စုကို တရုတ်ပြည်က တင်ပို့နေတဲ့ ကန် ဒေါ်လာဘီလီယံ ၂ဝဝ ဖိုး တန်ဖိုးရှိ သွင်းကုန်တွေအပေါ်မှာ လက်ရှိ ၁ဝ% အခွန်ငွေ ကောက်ခံနေရာကနေ လာမယ့် သောကြာနေ့က စတင်ပြီး ၂၅% ကောက်ခံမှာဖြစ်တယ်လို့ အမေရိကန် ဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့မနေ့က ကြေညာလိုက်ပါတယ်။ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း အမေရိကန်အစိုးရအနေနဲ့ အဲဒီလိုအခွန်ငွေတိုးကောက်မယ်ဆိုရင် အလားတူ တုံ့ပြန်အရေးယူမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ပဋိပက္ခကျယ်ပျံ့လာမှုဟာ နိုင်ငံနှစ်ခုလုံးအတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမှာ မဟုတ်ဘူးလို့လည်း တရုတ်ပြည်က ပြောပါတယ်။
အာဆင်နယ်ကို ရင်ဆိုင်မည့် ဗလင်စီယာတွင် တိုက်စစ်မှူး ရိုဒရီဂိုပါဝင်
နှစ်ရာသီစာ ကစားသမား ပြောင်းရွှေ့ခွင့်ပိတ်ပင်မှုကြောင့် ချယ်လ်ဆီး၏ အယူခံပယ်ချခံရ
ပြည်ပလူငယ်ကစားသ မားများကို ခေါ်ယူခြင်းနှင့် ပတ် သက်၍ ဖီဖာကချမှတ်ထားသည့် နှစ်ရာသီစာ ကစားသမားခေါ်ယူ ခွင့်ပိတ်ပင်မှုကြောင့် ချယ်လ်ဆီး က အယူခံဝင်ခြင်းကို ဖီဖာက မေလ ၈ ရက်၌ ပယ်ချသည်။ ချယ်လ်ဆီးသည် နိုင်ငံခြား သား လူငယ်ကစားသမား ၂၉ ဦးကို ဝယ်ယူခြင်းနှင့်ပတ်သက်၍ စည်းကမ်းချိုးဖောက်မှုကြောင့် ဖေဖော်ဝါရီက ဖီဖာ၏ပြစ်ဒဏ်ချ မှတ်ခြင်းခံရသည်။ ယခုအခါယင်းပြစ်ဒဏ်၏ အယူခံကို ဖီဖာကပယ် ချ၍ ချယ်လ်ဆီးအနေဖြင့် လာ မည့်နှစ်ရာသီအတွင်း ကစားသ မားသစ်ခေါ်ယူနိုင်မည် မဟုတ် ပေ။ ချယ်လ်ဆီးက အယူခံရှုံးနိမ့် သော်လည်း ယင်းကိစ္စကို အား ကစားအငြင်းပွားမှုဖြေရှင်းရေး တရားရုံးသို့ ဆက်လက်တင်ပြရန် စီစဉ်ထားသည်။
အက်သလက်တီကိုအသင်းခေါင်းဆောင် ဂိုဒင် အသင်းမှ ထွက်ခွာမည်
ကိုးနှစ်ကြာမြင့်ပြီး နောက် ဇွန်လ၌ စာချုပ်ပြည့်ချိန် တွင် အက်သလက်တီကိုမက်ဒရစ် မှ ထွက်ခွာတော့မည်ဟု အသင်း ခေါင်းဆောင် ဥရုဂွေးနောက်တန်း လူ ဒီယေဂို ဂိုဒင်က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ မျက်ရည် မကျအောင် ထိန်းရင်းပြောကြား သည်။ ဂိုဒင်သည် ၂၀၁ဝ တွင် ဗီ လာရီးရဲလ်မှ ပြောင်းရွှေ့လာပြီး အက်သလက်တီကိုအတွက် ၃၈၇ ပွဲ ကစားကာ ၂၀၁၄ က ဘာစီလို နာနှင့် တစ်ဂိုးစီသရေကျသောပွဲ ၌ ကလပ်အတွက် ၁၈ နှစ်အတွင်း လာလီဂါဖလားရရှိစေခဲ့သော ခေါင်းတိုက်ဂိုးအပါအဝင် ၂၇ ဂိုး သွင်းယူသည်။ မည်သည့်ကလပ်ကို ပြောင်း ရွှေ့မည်ကို ဂိုဒင် (၃၃) နှစ်က မ ပြောပေ။ သို့သော် စပိန်မီဒီယာ အများအပြားကမူ ယင်းကစား သမား အင်တာသို့ ပြောင်းရွှေ့ မည်ဟု ဖော်ပြသည်။
ဘင်္ဂါလီများအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၁၆၅ သန်းထောက်ပံ့
ဘင်္ဂါလီ(မူရင်းတွင် ရို ဟင်ဂျာ)များအတွက် အခြေခံဝန် ဆောင်မှုများ၊ လူမှုဘ၀နှင့် ဘေး အန္တရာယ်ဒဏ်ခံအဆောက်အအုံ များတည်ဆောက်ပေးရန် ဒေါ် လာ ၁၆၅ သန်းထောက်ပံ့မည့် သဘောတူညီချက်ကို ဘင်္ဂလား ဒေ့ရှ်အစိုးရနှင့် ကမ္ဘာ့ဘဏ် အကြား ယမန်နေ့(မေလ ၈ ရက်)တွင် လက်မှတ်ရေးထိုးသည်။ အရေးပေါ်ဘက်စုံဘင်္ဂါလီ အကျပ်အတည်းတုံ့ပြန်ရေးစီမံ ကိန်းသည် ဒုက္ခသည်စခန်းများ အတွင်းနှင့် ပတ်ဝန်းကျင်တွင် ဘက်စုံသုံးဘေးအန္တရာယ်ဒဏ်ခံ အဆောက်အအုံ ၅၃ ခု တည် ဆောက်မည်ဖြစ်ပြီး ကီလိုမီတာ ၂၀၀ ကျော်လမ်းခင်းခြင်း၊ လူ နှစ်သိန်းခန့်ကို လွှမ်းခြုံသည့် မိလ္လာစနစ်၊ ရေပေးဝေခြင်းနှင့် ဆိုလာလမ်းမီး ၁,၅၀၀ တပ်ဆင် ပေးခြင်းစသည့်ဝန်ဆောင်မှုများ ပါဝင်သည်။
ကလေးတွေ နည်းပညာစွဲလမ်းမှုပြဿနာ မကြုံစေဖို့
နည်းပညာထွန်းကားလာတဲ့ခေတ်မှာ နည်းပညာ Gadget တွေနဲ့ ကလေး တွေကို ခွဲခြားထားနိုင်ဖို့ ပိုပြီးခက်ခဲလာပါတယ်။ အထူးသဖြင့် Tablet ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေကို ဒီနေ့ခေတ် ကလေးသူငယ်တွေက လက်လှမ်းမီမီ အသုံးပြုနေပါပြီ။ ကလေးတွေနဲ့ နည်းပညာနီးစပ်လာမှု ဟာ အကောင်းအဆိုးဒွန်တွဲနေပြီး ပညာရှင်တွေကြားမှာကို အငြင်းအခုံ တွေ ရှိနေပါတယ်။
ပုသိမ်တွင် ကျူးကျော်သည်ဆိုကာ တရားရုံးအမိန့်ဖြင့် ဖယ်ရှားခံရသည့် လူ ၈၀ ကို ရပ်ကွက်ဓမ္မာရုံ၌ ခေတ္တနေထိုင်ရန် စီစဉ်ပေး
မန်းစည်ပင်ဝန်ထမ်းခေါ်ယူရာတွင် ငွေကြေးတောင်းခံခဲ့သူ ခုနစ်ဦးကို စစ်ဆေးနေ
မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက တာ ဝန်ယူဆောင်ရွက်သည့် တိုးဂိတ် များ၌ ဝန်ထမ်းခေါ်ယူရာတွင် ငွေကြေးလိမ်လည်တောင်းခံခဲ့သူခုနစ်ဦးကို စုံစမ်းစစ်ဆေးနေကြောင်း ကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။ တိုးဂိတ်များတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်းများခေါ် ယူရာ၌ မိတ္ထီလာ၊ မြင်းခြံ၊ တောင် သာ၊ ညောင်ဦးနယ်များမှ လူပွဲစားများက လျှောက်လွှာတင်ပေးလျှင် ကျပ်တစ်သိန်း၊ အလုပ်ရလျှင် ကျပ်သုံးသိန်း၊ ငါးသိန်း စသဖြင့် တောင်းခံမှုများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
‘ဧည့်သည်’ရုပ်ရှင်ကို အားပေးစေချင်တဲ့ နေခြည်ဦး
နေပြည်တော်ခြေဥထောက်ခံပွဲတွင် ဖျော်ဖြေသည့် ဇွဲအငြိမ့်မှ လူရွှင်တော်များကို တပ်မတော်တရားစွဲ
နေပြည်တော် ခြေဥထောက်ခံပွဲတွင် ဖျော်ဖြေ သည့် ဇွဲအငြိမ့်အဖွဲ့မှ လူရွှင်တော် များ၏ တင်ဆက်မှုအချို့သည် တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဆိုကာ နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူး ကြီးမြင့်ဦးက တရားလိုပြုလုပ်ကာ ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ ဦး တိုက်လျှောက်ထားသည်။ ‘‘ပြင်ဆင်ရေးထောက်ခံပွဲ မှာ အခမ်းအနားနဲ့မဆိုင်တဲ့ တင် ဆက်မှု၊ တပ်မတော်ယူနီဖောင်း ဝတ်ပြီးတော့ အရပ်ဝတ်နဲ့ ပုဂ္ဂိုလ် ကို ခြေထောက်တင်ထားတာ လေ။ အဲဒါကတော့ ဒီလိုပုံရိပ် တွေက တပ်မတော်ကို ပြည်သူလူ ထုက အထင်မြင်လွဲမှားစေနိုင် တယ်လေ။ အထင်အမြင်လွဲမှား တယ်ဆိုကတည်းက တပ်မတော် ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်လေ။ အဲဒါ ကြောင့် တရားရုံးကို လျှောက်ထားတာ’’ဟု အထက်ပါစစ်ဌာနချုပ်မှ တာဝန်ရှိသူ ဗိုလ်မှူးကြီးသိန်းဇော် က ပြောသည်။
အခမ်းနားဆုံးမေတ္တာရုပ်ရှင်မှာ ပါဝင်မယ့် နေရွှေသွေးအောင်
တယ်လီနောနှင့် Axiata Group တို့ ပူးပေါင်းရန် ဆွေးနွေးနေ
နော်ဝေးအခြေစိုက် တယ်လီနောဂရု(ပ်)သည် မြန်မာ အပါအဝင် အာရှငါးနိုင်ငံရှိ တယ်လီကွန်းဈေးကွက်ကို မလေးရှားအခြေစိုက် Axiata Group နှင့် ပူးပေါင်းရန် ဆွေးနွေးနေသည်ဟု တယ်လီနောမြန်မာပြန်ကြားရေးတာဝန်ခံ မရွှေယင်းမာဦးက ပြောသည်။ ‘‘ဆွေးနွေးဆဲအဆင့်မှာပဲ ရှိ သေးတယ်။ ပြောနေတာ အောင် မြင်သွားရင်တော့ အသုံးပြုသူ ပေါင်း သန်း ၃၀၀ လောက်ထိရှိပြီး အာရှမှာ တကယ်အကြီးမားဆုံး ထဲမှာ ပါလာမယ့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုပေါ်ပေါက်လာ မှာ’’ဟု ၎င်းက ပြောသည်။
RCSS က ဖမ်းမိသည့် မူးယစ်ဆေးများကို အစိုးရထံ လွှဲပြောင်းပေး
ဗဟိုထိန်းချုပ်ရေးစင်တာမှ မီးပွိုင့်များကို စမ်းသပ်ထိန်းချုပ်မှု စတင်သည့်ရက်တွင် ယာဉ်ကြောကျပ်တည်းမှုသိသာစွာလျော့ကျခြင်း မရှိဟုဆို စမ်းသပ်ချိန်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးပွိုင့်အချို့ အချက်ပြစနစ်ချွတ်ယွင်းမှုရှိခဲ့
ဗဟိုထိန်းချုပ်ရေးစင် တာမှတစ်ဆင့် မီးပွိုင့်များကို စမ်း သပ်ထိန်းချုပ်မှုစတင်သည့်ပထမ ရက်တွင် ယာဉ်ကြောကျပ်တည်း မှုသိသာစွာ လျော့ကျခြင်းမရှိ ကြောင်း ရန်ကုန်မြို့တွင်းယာဉ် မောင်းအချို့က ပြောသည်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ရှိ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ မှ ယမန်နေ့(မေလ ၈ ရက်)က ယာဉ်သွားလာမှုများသည့် နံနက် ၇ နာရီမှ ၁၀ နာရီ အထိနှင့်မွန်းလွဲ ၃နာရီမှ ည ၇ နာ ရီအထိ မီးပွိုင့် ၁၅၁ ခုကိုထိန်းချုပ်ခြင်းလုပ်ငန်း စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
AA ဟု ၀န်ခံသူအပါအ၀င် ခြောက်ဦးကို အရေးယူနိုင်ရန် စစ်တွေမြို့သို့ ပို့ဆောင်ဟု တပ်မတော်ထုတ်ပြန် ကျောက်တန်းရွာ၌ ထိန်းသိမ်းထားသူများအနက် ၃၅ ဦးကို ထပ်မံလွှတ်ပေး၊ ၄၀ ကျော်ကို ဆက်လက်စစ်ဆေး
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့်ပတ်သက်၍ မသင်္ကာ ဟုဆိုကာ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ စာသင်ကျောင်း ၌ စစ်ဆေးနေသူများအနက် AA ဟု ၀န်ခံသူလေးဦးအပါအ၀င် ခြောက်ဦးကို စစ်တွေမြို့သို့ ခေါ် ယူ၍ တရားဥပဒေအရ အရေးယူ နိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
တောင်ဒဂုံတွင် ကွန်တိန်နာနှင့် ဆိုင်ကယ်တိုက်၊ သုံးဦးသေဆုံး
တောင်ဒဂုံမြို့နယ်တွင် ၂၂ ဘီး ကွန်တိန်နာတင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသား သုံးဦး သေဆုံးမှု ယမန်နေ့နံနက် က ဖြစ်ပွားသည်။ အဆိုပါသေဆုံးသူအမျိုး သားသုံးဦးသည် ဆိုင်ကယ်မောင်း နှင်သူနှင့် နောက်မှလိုက်ပါလာသူ များဖြစ်ပြီး ရရှိသောဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုင်းဘုတ်ကို ကုန်တင်တွဲကားတစ်စီး ဝင်တိုက်မိ
မန္တလေးတိုင်း စဥ့်ကိုင် မြို့နယ် ပုလိပ်ခြောက်လမ်းသွား လမ်းဟောင်းထိပ်ရှိ မန္တလေးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုင်း ဘုတ်ကို မေလ ၆ ရက်ညက ကုန် တင်တွဲကား တစ်စီးတိုက်မိပြီး ပျက်စီးသော်လည်းယာဉ်မောင်း နှင့်ယာဉ်ကို ဖမ်းမိခြင်းမရှိ ကြောင်း လေဆိပ်စီမံခန့်ခွဲရေးဝန် ဆောင်မှုကုမ္ပဏီ MC JALUX အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောသည်။ ‘
ချေးငွေအာမခံဝယ်ယူထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အာမခံပစ္စည်းမပါဘဲ ငွေချေးနိုင်
မြန်မာ့အာမခံလုပ်ငန်း တွင် ချေးငွေအာမခံဝယ်ယူထား သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ အာမခံပစ္စည်းမပါဘဲ ချေးငွေ ကျပ်သိန်း ၂၀၀ အထိ ချေးယူနိုင် ကြောင်း မြန်မာ့စီးပွားရေးဘဏ် က မေလ ၈ ရက်၌ ထုတ်ပြန် ကြေညာသည်။ အဆိုပါချေးငွေသည် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ နှစ်ဆင့်ထုတ်ချေးငွေဖြစ်ပြီး အာမခံထားနိုင်ပါက အများဆုံး ကျပ်သိန်း ၅,၀၀၀၊ အာမခံမပေး နိုင်ခြင်းနှင့် လုံလောက်စွာမပေး နိုင်ခြင်းရှိပါက အထက်ပါစနစ် အတိုင်း ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
ကျော်မင်းဦးနှင့်ဇေယျာနိုင်တို့၏ ဒဏ်ရာခွဲစိတ်မှု ရှစ်လအတွင်း ပြန်ကောင်းလာဖွယ်ရှိ
ဒူးဒဏ်ရာကြောင့် ကာ လကြာ အနားယူနေရသည့် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ ကျော်မင်းဦးနှင့် အာရှပြိုင်ပွဲတွင် ဒူးဒဏ်ရာ ရရှိသည့် မြန်မာယူ-၂၃ ကစားသမား ဇေယျာနိုင် တို့ ၏ ခွဲစိတ်ကုသမှု ရှစ်လအတွင်း ပြန်ကောင်းလာဖွယ်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ြ မန်မာ့လက်ရွေးစင် ဘော လုံးသမား ကျော်မင်းဦး၊ မျိုးကို ထွန်းနှင့် လူငယ်လက်ရွေးစင် က စားသမား ဇေယျာနိုင်တို့သည် ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှု ဖြင့် ပြီးခဲ့သည့်တစ်ပတ်က ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ စစ်ဆေး မှု သွားရောက်ပြုလုပ်ခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် သုံးနှစ်အတွင်းဆန်ကြမ်းဈေးနှုန်း အနိမ့်ဆုံးသို့ရောက်ရှိ
ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်း သုံးနှစ်အတွင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိလာသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဦးနေလင်းက ပြောသည်။ြ ပည်ပတင်ပို့သည့် ၂၅ မှတ် ဆန်တစ်အိတ်တန်ဖိုး ၃၀ ရာခိုင် နှုန်းခန့် ကျဆင်းသည့်အခြေအနေ ကို ရန်ကုန်ဈေးကွက်တွင် ကြုံ တွေ့ရသည်ဟု ၎င်းက ဆိုသည်။ ၂၅ မှတ် ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းက ကျပ် ၁၉,၀၀၀ ခန့်မှ ကျပ်၁၆,၅၀၀ သို့ ကျဆင်းခြင်းဖြစ် သည်။
အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် ရလဒ်ထက် အတွေ့အကြုံကို ဦးစားပေးမည်ဟု မြန်မာနည်းပြဆို
အသက် (၁၅) နှစ် အောက် အာဆီယံ အမျိုးသမီး ပြိုင်ပွဲဝင် မြန်မာယူ-၁၅ အမျိုး သမီး ဘောလုံးအသင်းအနေဖြင့် ရလဒ်ပိုင်းထက် ပြိုင်ပွဲအတွေ့အ ကြုံကို ဦးစားပေး ယှဉ်ပြိုင်မည်ဖြစ် ကြောင်း နည်းပြချုပ်ဒေါ်မေသူ ထွန်းက ပြောသည်။ အသက် (၁၅) နှစ် အောက် အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မေလ ၉ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံ ချောင် ဘူရီမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၁၅ အမျိုးသမီးအသင်း သည် အုပ်စု (က) ၌ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေ သည်။
မြန်မာပလာဇာမှ အမျိုးသမီးငယ်များ၏ ရန်ပွဲအမှုဖွင့်ထားခြင်းမရှိ ယင်းအဖြစ်မျိုး နောက်နောင်ပေါ်ပေါက်ပါက အရေးယူမည်ဟု သတိပေးချက်ထုတ်ပြန်
မြိတ်တွင် ယနေ့ပြုလုပ်မည့် ခြေဥပြင်ဆင်ရေးထောက်ခံပွဲ လူဦးရေသုံးထောင်ခန့် ပါဝင်မည်ဟုဆို
မြိတ်မြို့တွင် လူဦးရေ သုံးထောင်ခန့်ပါဝင်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး လူထုထောက်ခံပွဲကို ဒေသခံပြည်သူများ ဦးဆောင်၍ ယနေ့ညနေပိုင်းတွင် ပြုလုပ်စီစဉ်နေသည်။ မေလ ၉ရက် မွန်းလွဲ ၃နာရီ ကစ၍ မြိတ်ကုန်တိုက်နံဘေးရှိ သဲကွင်းအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးလူထုထောက်ခံပွဲသို့ မြို့ခံ ပြည်သူများ တက်ရောက်ရန် ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ များက မော်တော်ယာဉ်များဖြင့် လှည့်လည်၍ မေလ ၈ရက်ကစ ကာစည်းရုံးလှုံ့ဆော်နေသည်။
လာအိုနိုင်ငံသို့ မြန်မာအလုပ်သမား တရားဝင်စေလွှတ်ရန် စီစဉ်နေဟု အလုပ်သမားဝန်ကြီးပြော
လာအိုနိုင်ငံသို့ အလုပ် သမားတရားဝင်စေလွှတ်ရန် ဆွေးနွေးနေကြောင်း အလုပ်သမား၊လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေကပြောသည်။ြ မန်မာအလုပ်သမားများကို လာအိုနိုင်ငံသို့ တရားဝင်သွား ရောက်လုပ်ကိုင်ခွင့်ပြုထားခြင်း မရှိသော်လည်း တရားမဝင်သွား ရောက်လုပ်ကိုင်မှုများ ရှိနေသော ကြောင့် နှစ်နိုင်ငံ MoU လက်မှတ် ရေးထိုး၍ တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရန် စီစဉ်နေခြင်းဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက မေလ ၆ ရက်တွင် မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဝန် ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
အခြေခံဥပဒေအရ သံသယရှိသူကို ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်းမပြုသင့်ဟု ရခိုင်လွှတ်တော်တွင်ဆွေးနွေး စစ်ဆင်ရေးအထူးစီမံချက်အက်ဥပဒေအရ သံသယရှိသူကို သုံးလထိ ချုပ်ထားခွင့်ရှိကြောင်း တပ်မတော်သားအမတ်တုံ့ပြန်
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သံသယရှိသူကို ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်းမပြုသင့်ကြောင်း ယမန်နေ့ကကျင်းပသည့်ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ(ANP)အမတ်အချို့က ဆွေးနွေးသည်။ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦး သန်းနိုင်တင်သွင်းသည့်သံသယဖြင့် ဖမ်းဆီးလိုသူများ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖမ်းဆီးစစ်ဆေးရာတွင် ပြဋ္ဌာန်းထားသော ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဖမ်းဆီးစစ်ဆေးမေးမြန်းသင့် ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့များသို့ အမြန်ဆုံး ညွှန်ကြားပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်းရာရခိုင်အမျိုးသားပါတီအမတ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူး ကြီးမင်းသူတို့ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအထက်ပိုင်း၌ မိုးမရွာမချင်း လျှပ်စစ်မီးပြတ်တောက်နေဦးမည် ကြေညာထားသည့်အတိုင်းမဟုတ်သော ဓာတ်အားပြတ်တောက်မှုများလည်း ရှိလာနိုင်
ရေအားလျှပ်စစ်ထုတ် လုပ်သည့်စက်ရုံများရှိရာ မြန်မာ နိုင်ငံအထက်ပိုင်းတွင် မိုးရွာသွန်း မှုမရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေ သကြီး၌ တစ်ရက်လျှင်အနည်းဆုံး လေးနာရီမှ ခြောက်နာရီကြာ လျှပ်စစ်မီးပြတ်တောက်နေသည် ဟု ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေး ရှင်း(YESC)က သတင်းထုတ်ပြန် ထားသည်။ လူနေရပ်ကွက်များကို A,B, C,D ဟူ၍ အုပ်စုလေးခုဖွဲ့ကာ တစ်ရက်လျှင် အနည်းဆုံးနှစ်ကြိမ် မှ သုံးကြိမ်အလှည့်ကျ ဓာတ်အား ဖြတ်တောက်မည်ဖြစ်ပြီး တစ် ကြိမ်လျှင် နှစ်နာရီကြာမြင့်မည် ဟု YESC ကဆိုသည်။
တပ်မတော်၏ အပစ်ရပ်လက်ကျန်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ အားစိုက်ဆောင်ရွက်မည်ဟုဆို မေလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသုံးပွဲထက်မနည်း ပြုလုပ်ရန်ပြင်ဆင်နေ
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအကြား တွေ့ဆုံမှုများ ပြုလုပ်ရန်ညှိနှိုင်း နေရာ ယခုမေလအတွင်း ငြိမ်း ချမ်းရေး ဆွေးနွေးပွဲသုံးပွဲထက် မနည်းပြုလုပ်ရန် စီစဉ်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးဦးလှမောင်ရွှေက ပြောသည်။ အစိုးရနှင့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA)မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့အကြား ဆွေးနွေးပွဲ၊ အစိုးရနှင့် ကရင်အမျိုးသားအ စည်းအရုံး (KNU)အကြား ဆွေး နွေးပွဲ၊ အစိုးရနှင့်ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)အကြား ဆွေးနွေးပွဲများ ယခုလ အတွင်း ကျင်းပရန်ပြင်ဆင်နေ ကြောင်း ၎င်းကဆိုသည်။
သတင်းတပ်ဖွဲ့က အမှုဖွင့်ထားခြင်းအပေါ် ကြားဝင်ဖြေရှင်းပေးရန် DMGသတင်းဌာနက သတင်းမီဒီယာကောင်စီထံ အကူအညီတောင်း
ရခိုင်အခြေစိုက် DMG သတင်းဌာန အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ကိုအောင် မင်းဦးနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ် များကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့ SB က တရားလိုပြုလုပ်၍ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၂) ဖြင့် အမှုဖွင့်ထားခြင်းအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ က ကြားဝင်ဖြေရှင်းပေးရန် DMG သတင်းဌာနက ယမန်နေ့တွင် အကူအညီတောင်းခံသည်။ ကိုအောင်မင်းဦးနှင့် တာဝန် ရှိသူများကို သတင်းတပ်ဖွဲ့က တရားလိုပြုလုပ်၍ မေလ ၁ ရက် တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၁)ရဲစခန်း၌ အမှုဖွင့်လှစ် ခဲ့သည်။
ဘားအံနှင့်ကလေးအကျဉ်းထောင်များ၌ ထောင်ဆူ သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တန်းတူရရေး တောင်းဆိုဆန္ဒပြခဲ့ကြ
ဘင်္ဂလားဒေ့ရှ်လေယာဉ်တစ်စီး ရန်ကုန်လေဆိပ်၌ မတော်တဆဖြစ်ပြီး ဆယ်ဦးကျော်ဒဏ်ရာရ၊ လေယာဉ်မယ် စိုးရိမ်ရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ဆင်းသက် သည့် လေယာဉ်တစ်စီး မတော်တ ဆမှုဖြစ်ပွားပြီး ဆယ်ဦးကျော် ဒဏ်ရာရကာ တစ်ဦးစိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု တာ ၀န်ရှိသူများက ပြောသည်။ ခရီးသည် ၂၇ ဦးနှင့် လေ ယာဉ်ဝန်ထမ်း ခြောက်ဦး စုစု ပေါင်း ၃၃ ဦးပါဝင်သည့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံ Biman လေကြောင်း လိုင်းမှ လေယာဉ်တစ်စီးသည် မေလ ၈ ရက် ည ၆ နာရီ ၅၂ မိနစ်တွင် ရန်ကုန်လေယာဉ်ကွင်း သို့ဆင်းသက်ရာ၌ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျောက်တန်းရွာသား ၆ ဦးကို AA တပ်ဖွဲ့ဝင်အဖြစ် စွဲချက်တင်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်မတော် စစ်ယာဉ်တန်းတွေကို ရခိုင့်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီကနေ့မနက်ပိုင်းမှာ ထပ်မံ ဗုံးခွဲ တိုက်ခိုက် ခဲ့တယ်လို့AA ဘက်ကပြောပါတယ်။ ဒါ့အပြင် AAအဖွဲ့နဲ့ ဆက်နွယ်နေတယ် ဆိုတဲ့ သံသယ နဲ့ တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့ ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာသား (၈၀)နီးပါးထဲက (၆)ဦးကို AAတပ်ဖွဲ့ဝင်အဖြစ် ဖေါ်ထုတ်ဖမ်းဆီးပြီး ဥပဒေအရ အရေးယူထားသလို AAနဲ့ပက်သက်မှုမရှိတဲ့ရွာသား(၃၅)ဦးကို ဒီက နေ့ မှာထပ်မံလွှတ်ပေးခဲ့တယ်လို့တပ်မတော်ဖက်ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။
မြန်မာ - ယူနန် ကုန်ဖလှယ်ရေးသဘောတူညီမှု နောက်ဆုံးအဆင့်ဆွေးနွေးမည်
ယူနန်ပြည်နယ်က လယ်ယာ စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ မြန်မာ့လယ်ယာထွက်ကုန်တွေ တိုက်ရိုက်လဲလှယ်ဖို့အတွက် နောက်ဆုံးအဆင့် အသေးစိတ် ဆွေးနွေးညှိနှိုင်းတာကို အခုမေလ ၁၂ရက် တရုတ်ပြည်ကူမင်းမှာ ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်။ မြန်မာနယ်စပ်က ဝင်လာတဲ့ဆန်တွေကို တရုတ်က တရားမဝင် ကုန်စည်အဖြစ် သတ်မှတ်ပိတ်ဆို့ထားတာကြောင့် မြန်မာ့ဆန် တန်ချိန်သောင်းနဲ့ချီ နယ်စပ်မှာ ပိတ်မိနေသလို နှစ်ဘက် ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဒီလိုအခက်အခဲတွေ လျော့သွားဖို့ ကုန်သည်တွေနဲ့ တာဝန်ရှိသူတွေက မျှော်လင့်နေကြတာပါ။ ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
မြန်မာ ၂၆ ဦး ပိတ်လှောင်ထားတဲ့ လူမှောင်ခိုအဖွဲ့ ချင်းမိုင်ရဲအလိုရှိ
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား (၂၆) ဦးကို နှစ်ရက်ကြာ ပိတ်လှောင်ထားတဲ့ ခြံတခြံ အတွင်းကနေ ဖမ်မိခဲ့ပြီး သူတို့ကို ခေါ်လာတဲ့ လူမှောင်ခို အဖွဲ့ နဲ့ ခြံပိုင်ရှင်ကို ချင်းမိုင် ရဲတပ်ဖွဲ့ က ရှာဖွေမူတွေ လုပ်နေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။ ထိုင်နိုင်ငံ မြောက်ပိုင် ချင်းမိုင် ခရိုင် ဆန်ဆိုင်း မြို့ နယ်အတွင်းက သစ်သီးခြံ တစ်ခြံအတွင်းက ကုန်လှောင်ရုံ အခန်းငယ်ထဲမှာ မြန်မာနိုင်ငံသား ၂၆ ဦးဟာ အပြင်ကနေ သော့ခတ်ပြီး နှစ်ရက်ကြာ ပိတ်လှောင် ခံထားရတာပါ။ဒီနေရာကတော့ လူမှောင်ခိုသမားတွေရဲ့  တထောက်နား နေရာ ဖြစ်တာကြောင့် ချင်းမိုင် လူဝင်မူကြီးကြပ်ရေး တပ်ဖွဲဝင်တွေနဲ့  ရဲတပ်ဖွဲ့ ဝင်တွေက မေလ(၇) ရက်နေ့  နေ့ လည်ပိုင်းက အဲဒီနေရာကို ရှာဖွေတွေ့ရှိ သွားကြတာ ဖြစ်ပါတယ်။
ကုလလူသားချင်းစာနာမှု အကြီးအကဲ မြန်မာခရီးစတင်
ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်း ဖြစ်တဲ့ Ursula Mueller ရဲ့ သီတင်းတပတ်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ မေလ ၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွါးရာဒေသတွေက အကူအညီ လိုအပ်နေသူတွေဆီ သွားရောက် ကူညီနိုင်ဖို့ နည်းလမ်းတွေ ရှာမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ကုလစိုးရိမ်
ရိုက်တာ သတင်းထောက်နှစ်ဦးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပေးမယ့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီ အရေးဟာ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ရှိနေသေးကြောင်း ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာ ဖိအားကြောင့် ရိုက်တာ သတင်းထောက်နှစ်ဦး လွတ်လာတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အစိုးရနဲ့ စစ်တပ်က တရားစွဲ ဖမ်းဆီးနေဆဲဖြစ်ကြောင်း HRW လူ့အခွင့်အရေး အဖွဲ့ကလည်း ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။
Biman ခရီးသည်တင်လေယာဉ် ရန်ကုန်လေဆိပ်အဆင်း လမ်းချော်

ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွတ်လာမှု ကန်လွှတ်တော်အမတ် Rubio ကြိုဆို
ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Marco Rubio က ယမန်နေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာသတင်းထောက်နှစ်ဦး လွှတ်မြောက်မှု ကန်သမ္မတအိမ်ဖြူတော် ကြိုဆို
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇နှစ် ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာတဲ့အပေါ် အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြိုဆိုလိုက်ပါတယ်။ ၂၀၁၇ ဒီဇင်ဘာလ ကတည်းက ရက်ပါင်း ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီးနောက် မိသားစုနဲ့ ပြန်လည် ဆုံဆည်းခွင့်ရခဲ့တဲ့အပေါ် ၀မ်းမြောက်မိကြောင်း အိမ်ဖြူတော် ကြေညာချက်က ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံက ဖမ်းဆီးခံ တခြားသတင်းသမားတွေလည်း အလားတူ လွတ်မြောက်လာဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုထားတာပါ။
တနသာင်္ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံ

လွတ်ငြိမ်းသက်သာခွင့်ထဲမပါလို့ မော်လိုက်ကလေး အကျဉ်းထောင်မှာ ဆူပူမှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းမှာရှိတဲ့ မော်လိုက်ကလေးအကျဉ်းထောင်မှာ ဒီကနေ့ မေ ၈ ရက်နေ့ မနက် ၉ နာရီခွဲက အကျဉ်းကျနေတဲ့ ထောင်သား ၁,၈၀၀ ကျော်က အချက်လေးချက်ပါ တောင်းဆို မှုတွေပြုလုပ်ခဲ့ ကြတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှိုင်တင့်က ဘီဘီစီကို ပြောပါ တယ်။ေ မ်ာလိုက်ကလေး အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁,၈၀၀ နဲ့ အကျဉ်းသူက၂၃၁ ဦး ရှိပြီး အကျဉ်းသား အားလုံးက တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဘာသာရေးစော်ကားမှုနဲ့ သေဒဏ်ပေးခဲ့ရပြီးမှ တရားသေလွတ်လာခဲ့တဲ့ အာဆီယာဘီဘီ ပါကစ္စတန်ကထွက်သွားပြီ

ဖမ်းဆီးစစ်ဆေးခံ ကျောက်တန်းရွာသား ၃၅ ဦး လွတ်မြောက်
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ခြောက်ဦးကို တရားစွဲတင်မှာဖြစ်ပြီး ၃၅ ဦးကိုတော့ ဒီနေ့ညနေမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
နျူကလီယားဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှုအချို့ အီရန် ရပ်ဆိုင်း
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ပါ ကန့်သတ်ချက် တချို့ကို ဆက်လက် လိုက်နာသွားတော့မှာ မဟုတ်ကြောင်း အီရန်သမ္မတ Hassan Rouhani က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ သန့်စင်ထားတဲ့ ယူရေနီယံတွေနဲ့ ရေလေး ပစ္စည်းတွေ စုဆောင်းမှုအပေါ် ကန့်သတ်ချက်ကို ဆက်လက် လိုက်နာမှာ မဟုတ်ကြောင်း ပြောဆိုလိုက်တာပါ။
သတ္တမမြောက်နန်းလျာလေးကို ပထမဆုံး ဗြိတိန်လူထုမြင်တွေ့ရ

ဇွဲအငြိမ့်အဖွဲ့ဝင်ငါးဦးကို တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ အရေးယူဖို့တိုင်ကြား

အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်
အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Subscribe to:
Posts (Atom)