Sunday, June 9, 2019

ဒေါ်မာလွတ်နှင့် စစ်ပွဲကြားက အမျိုးသမီးများ…….

“ငါမရတော့ဘူး။ ငါ့ကိုထားခဲ့တော့ ” ထိုစကားသည် အသက် (၆၀)အရွယ် ဒေါ်မာလွတ်၏ နောက်ဆုံး ထွက်သက်စကားဖြစ်သည်။ ဒေါ်မာလွတ်သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့က ရှမ်းပြည်နယ်၊ မိန်ပိန်းကျေးရွာတွင် အခြားအဘွား (၉) ယောက်နှင့်အတူ တောင်ယာစပါးသွားစုပြီး အိမ်အပြန် လမ်းခရီးတွင် မထင်မှတ်ဘဲ ကံဆိုးမိုးမှောင်ကျခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာတွင် ဆိုင်ကယ်နှင့် ကားတိုက်မိ၊ တပ်မတော်သား ၁ ဦး သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၁၅/၅ နဲ့ ၆ အကြား မိတ္ထီလာမြို့ ပြည်သာယာ (၄) လမ်းထိပ်မှာ ဇွန် ၈ ရက်ညနေက ဆိုင်ကယ် နဲ့ ကန်တာကား တိုက်မိခဲ့တာကြောင့် တပ်မတော်သား ၁ ဦး သေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ်၂ ရဲစခန်းက ပြောပါတယ်။ ကျွဲတလင်းရွာနေ ချစ်မိုးဇော်(၃၁နှစ်) မောင်းလာတဲ့ ကန်တာကားနဲ့  လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးတပ်မှ တပ်ကြပ် သန်းထိုက် (၄၅နှစ်) မောင်းလာတဲ့ ဆိုင်ကယ်တို့ တိုက်မိပြီး အခင်းဖြစ်နေရာမှာ တပ်ကြပ်သန်းထိုက် သေဆုံးခဲ့တာပါ။

အမျိုးသမီးတဦးသေဆုံးမှု ၇ လကျော်ကြာမှ လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်

သာမန်​ သေမှု​သေခင်းနဲ့ အမှုဖွင့်ထားတဲ့ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီးတဦး သေဆုံးမှုကို ၇ လကျော်ကြာမှ လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ ရဲက ပြောပါတယ်။ မန္တ​လေးမြို့၊ချမ်းမြသာစည်​မြို့နယ်​၊ ကျွန်းလုံးဥ​သျှောင်​ရပ်​ကွက်၊ မဟာမုနိဘုရားကြီး​ မြောက်​ဘက်​တိုက်​တန်း၊ အခန်း ၇ မှာ ​နေထိုင်​တဲ့ အမျိုးသမီးတ​ဦး​ဟာ ၂၀၁၈ ခုနှစ်​၊ နိုဝင်​ဘာလ ၈ ရက်​​နေ့ကေ​ရချိုးခန်းအတွင်း ​သေဆုံး​ခဲ့တာပါ။

G20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး ဂျပန်နိုင်ငံတွင် ကျင်းပ

ဂျပန်နိုင်ငံမှာ G20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဇွန်လ ၈ ရက်နေ့က ပြုလုပ်ပြီး ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားကြီးနိုင်ငံတွေက ဘဏ္ဍာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေက ကမ္ဘာ့ဖွံဖြိုးတိုးတက်မှုအတွက် အဓိက အန္တရာယ်လို့ ရှုမြင်နေချိန်လည်း ဖြစ်ပါတယ်။

ဒေါက်တာမြဝတ်ရည် အထူးကုဆရာဝန်(ခွဲစိတ်)အဖြစ် ရာထူးတိုး

ရွှေပြည်သာ မီးသတ် စခန်းရှေ့တွင် ကားရပ်တန့်ခဲ့သည်ဟုဆိုကာ အချင်းများခဲ့ရာမှ မီးသတ်ဌာနနှင့် အပြန် အလှန်တရားစွဲခဲ့သော ထန်းတပင် အလုပ် သမားဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေ သည့် ဒေါက်တာမြဝတ်ရည်အား လက်ထောက် ဆရာဝန်(ခွဲစိတ်)မှ အထူးကုဆရာဝန် (ခွဲစိတ်)အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံရကြောင်း ၄င်းထံမှသိရသည်။ေ မလ ၃ဝ ရက်တွင်ကျင်းပသော ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ် စဉ်(၅/၂ဝ၁၉)ဆုံးဖြတ်ချက်အရ လက်ထောက် ဆရာဝန်(ခွဲစိတ်)များမှ အထူးကုဆရာဝန် (ခွဲစိတ်) အဖြစ်တိုးမြှင့်ရာတွင် ဒေါက်တာ မြဝတ်ရည်ပါဝင်လာခြင်းဖြစ်ကြောင်း ကာယကံ ရှင်ကိုယ်တိုင် အတည်ပြုပြောကြားထားသည်။

လမ်းစားရိတ်ပြတ်သွားသည့် အသက် ၁၁နှစ်အရွယ် (၅)တန်းကျောင်းသူ မိန်းကလေးကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ စောင့်ရှောက်ပေးထား၊ မိဘများ လာခေါ်မည်

ယနေ့ (ဇွန် ၉) နံနက်တွင် ကွတ်ခိုင်သို့ သွားရောက်မည့် လမ်းစားရိတ်ပြတ်သွားသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ့ ရှိရသည့်အတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ၏ပြင်စည်စခန်းမှမိသားစုများက ကူညီကျွေးမွေး စောင့်ရှောက်ထားလျက်ရှိပြီး မိဘများလာခေါ်ယူမည်ကိုစောင့်ဆိုင်းနေကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ၏သတင်း ထုတ်ပြန်မှု့ အရ သိရသည်။

မြန်မာက စမတ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်နှုန်း ကမ္ဘာတွင် အမြင့်ဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအခြေခံတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍဟာ တလမှာ ၃၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး စမတ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်နှုန်းဟာ ကမ္ဘာမှာ အမြင့်ဆုံးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ချက်-မြန်မာစီးပွားရေးဖိုရမ်ရဲ့ မိန့်ခွန်းမှာ ပြောသွားတာဖြစ်ပြီး လက်ရှိအစိုးရလက်ထက်မှာ ဘတ်ဂျက်လိုငွေပြတာနဲ့ ငွေကြေး ဖောင်းပွတာကို လျှော့ချပြီး ကုန်သွယ်မှုပမာဏကို နှစ်စဉ် ၂၀ ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

ဆီးရီးယားတွင် အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲပြင်းထန်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ ထိုးစစ်ကို သူပုန်တွေက တွန်းလှန်တိုက်ခိုက်နေလို့ ဇွန် ၈ ရက်က တိုက်ပွဲ အပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။ သူပုန်တွေက ဟာမားခရိုင် မြောက်ပိုင်းက ရွာတရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အစိုးရစစ်တပ်က ရှေ့တန်းစစ်စခန်းတွေဆီ စစ်ကူပို့နေတယ်လို့ အစိုးရ သတင်းဌာန စာနာက အစီရင်ခံပါတယ်။

ပန်းတနော်ဒေသထွက် ဝါးဖြင့်​ရက်​လုပ်​သည့်​ ကွမ်းရွက်​ထည့်​ခြင်းများ ရောင်းအား​ကောင်းနေ

ဧရာဝတီတိုင်း​ဒေသကြီး၊ ပန်းတ​နော်​မြို့နယ်​၊ အင်းတကော်​​ကျေးရွာအုပ်​စုမှယက်လုပ်သည့် ကွမ်းရွက်​ထည့်​ ခြင်း​များ ​ယခုနှစ်​တွင်​ ရောင်း​အားကောင်းနေ​ကြောင်း သတင်းရရှိသည်​။ ​ မြို့နယ်အသီးသီးသို့ ကွမ်းရွက်များတင်ပို့ရာတွင် ဝါးဖြင့်ယက်လုပ်သည့် ကွမ်းခြင်းတောင်းများကို အသုံးပြုမှု တွင်ကျယ်လာသည့်အတွက် ရောင်းအားကောင်းနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီး - ကျိုင်းတုံသွားလမ်းပေါ် မိုင်းပျဉ်းမြို့အထွက်တွင် ယာဉ်တစ်စီးအရှိန်လွန် တိမ်းမှောက်ရာမှ ယာဉ်မောင်းဒဏ်ရာရ

တောင်ကြီး - ကျိုင်းတုံသွားလမ်းပေါ် မိုင်းပျဉ်းမြို့အထွက် (၃)မိုင်ဝန်းကျင်အကွာ မိုင်တိုင် (၅၃၃) နှင့် မိုင်တိုင် (၅၃၄)အကြားတွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းသို့ တိမ်းမှောက်သွားမှု ၂၀၁၉ခုနှစ် ဇွန်လ(၉)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က ဖြစ်ပွား၍ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၎ လကြာ ပိတ်ထားခဲ့သည့် ကိုလံဘီယာနှင့်အကြား နယ်စပ်ကို ဗင်နီဇွဲလား ပြန်ဖွင့်

ကိုလံဘီယာနှင့် ဗင်နီဇွဲလားအကြားက နယ်စပ်ဂိတ်ကို လေးလကြာ ပိတ်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၈ ရက် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ယင်းအတွက်ကြောင့် ထောင်သောင်းချီသော ဗင်နီဇွဲလားပြည်သူများသည် အခြေခံစားကုန်များနှင့် ဆေးဝါးများ ဝယ်ယူစုဆောင်းရန်အတွက် နယ်စပ်ဂိတ်ကို ဖြတ်ပြီး ကိုလံဘီယာနိုင်ငံထဲ အစုလိုက်အပြုံလိုက် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

မယ်ခွေ၏ လက်ဆောင် ကဗျာကိစ္စ ကဗျာဆရာသမဂ္ဂ ကျေနပ်မှုမရှိ

အဋ္ဌမတန်းသင်ရိုးက မယ်ခွေရဲ့ လက်ဆောင်ကဗျာကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့ အကြောင်းမဲ့ စွပ်စွဲလုပ်ကိုင်တာတွေကို ကျေနပ်မှု မရှိဘူးလို့ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂမှ နာယက ကဗျာဆရာ သစ္စာနီကပြောကြားပါတယ်။မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂမှ ကြီးမှူး စီစဉ်တဲ့ ဒဂုံတာရာ နှစ်(၁ဝဝ)ပြည့် ဂုဏ်ပြုအထိမ်းအမှတ် နဲ့ Poerty Evening (1)လို့အမည် ပေးထားတဲ့ ကဗျာရွတ်ဆိုပွဲမှာ ကဗျာဆရာ သစ္စာနီက ပြောကြားခဲ့တာပါ။

တိုက်ကြီးတွင် တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးတာကြောင့် နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲက တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်လောက်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ၃ ကောင် ၀င်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂ လုံးက သွပ်ကာနံရံတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် တောဆင်ရိုင်းတွေဟာ နေအိမ်အတွင်းက ဆန်အိတ် ၂ အိတ်ကိုလည်း စားသောက်ခဲ့ပြီးနောက် ပဲခူးရိုးမတောအတွင်း ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပရိသတ်စစ်တမ်းအရ အကောင်းဆုံးအသင်းအဖြစ် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ် အဆင့် (၄)မှာသာ ရပ်တည်

Banco Santander မှ ၂၀၁၈-၁၉ ရာသီ လာလီဂါအတွက် ပရိသတ်တွေကို စစ်တမ်းကောက်ယူမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ဘာစီလိုနာဟာ လာလီဂါမှာ ရမှတ် (၁၀) ပေးရာမှာ (၈.၃) မှတ်၊ ချန်ပီယံလိဂ်မှာ (၆.၃)မှတ်နဲ့ အမြင့်ဆုံး အဆင့်သတ်မှတ်ချက်ဖြင့် ရပ်တည်နေတဲ့ စပိန်ကလပ်ဖြစ်ပါတယ်။ စပိန်ပရိသတ်တွေဆီ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ရီးယဲလ်မက်ဒရစ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ရပ်လုံးမှာ ကျရှုံးခဲ့တာကြောင့် ပျမ်းမျှ (၄.၈)မှတ်နဲ့ အက်သလက်တီကို၊ ဗလင်စီယာအသင်းတို့ရဲ့အောက် အဆင့် (၄)နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။

မယ်ခွေ၏ " လက်ဆောင်" ကဗျာအား ဖြုတ်လိုက်သူများကိုရှုံ့ချကြောင်းနှင့် တာဝန်ရှိသူများကိုအရေးယူပေးရန် MTF တောင်းဆို

မယ်ခွေ၏ " လက်ဆောင်" ကဗျာအား ဖြုတ်လိုက်သူများကိုရှုံ့ချကြောင်းနှင့် တာဝန်ရှိသူများကိုအရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်MTF က တောင်းဆို ထားသည်။ အဆိုပါကဗျာကို ပြန်လည်ထည့်သွင်းပေးရန်လည်း ၎င်း တို့ကတောင်းဆိုထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင်ကို ယနေ့တွင်ထုတ်ပြန်ထားသည်။

အိန္ဒိယမှာ ပြိုင်ဘက်နိုင်ငံရေးပါတီ ထောက်ခံသူများကြား ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်မှုဖြစ်၍ လူ ၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ ပြိုင်ဘက် နိုင်ငံရေးပါတီ ထောက်ခံသူများအကြား အချင်းများပြီး သေနတ်ပစ်ခတ်မှု ဖြစ်လို့ လူ လေးဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ဇွန်လ ၉ ရက်မှာ ပြောပါတယ်။ ယင်းပစ်ခတ်မှုအတွင်း အိန္ဒိယ အာဏာရ လက်ယာယိမ်းပါတီကို ထောက်ခံသူ သုံးဦးနဲ့ ပြိုင်ဘက် ဒေသဆိုင်ရာ ပါတီတစ်ခုကို ထောက်ခံသူတစ်ဦး တို့ သေဆုံးသွားကြောင်း သိရပါတယ်။ နိုင်ငံအရှေ့ပိုင်း ပြည်နယ်မှာ ဇွန်လ ၈ ရက်က ဖြစ်ခဲ့တဲ့ ယင်း ပဋိပက္ခတွေအတွင်း အခြား လူ ၁၈ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဆိုပါတယ်။

လိင်တူချစ်သူ အမျိုးသမီးနှစ်ဦးအား တိုက်ခိုက်ခဲ့သည့် လူငယ်ငါးဦးကို အာမခံဖြင့်ပြန်လွှတ်

လိင်တူချစ်သူ အမျိုးသမီးစုံတွဲတတွဲအား တိုက်ခိုက်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်ငါးဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဇွန် ၈ ရက်မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုဟာ လန်ဒန်မြို့ရှိ ညဘတ်စ်ကားတစီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လိင်တူချစ်သူ အမျိုးသမီးနှစ်ဦးဟာ လူငယ်ငါးဦးကို နမ်းဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

မြဝတီမြို့ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ရှေးဟောင်း ဗုဒ္ဓဝင်ပြခန်း ပန်းပုအနုလက်ရာများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

မြန်မာ-ထိုင်း နယ်စပ်တွင် ရောင်းချရန် ရခိုင်ပြည်နယ်မှ မြဝတီမြို့သို့  သယ်ဆောင် လာသော ရှေးဟောင်းဗုဒ္ဓဝင်ယဉ်ကျေးမှု အနုလက်ရာ ပန်းပုရုပ်များအား မြဝတီမြို့သို့အဝင် သင်္က္န်းညီနောင်အဖွဲ့ စုံစစ်ဆေးရေး ဂိတ်တွင် ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့ သင်္က္န်းညီနောင်အဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာမှ မော်တော်ယာဉ်များအား စစ်ဆေးစဉ် ရှေးဟောင်းဗုဒ္ဓဝင်ပြခန်း အရုပ်အမြောက်အမြားနှင့်အတူ ယာဉ်မောင်းနှင့် ပိုင်ရှင်ဆိုသူအား ဖမ်းဆီးရမိပြီး  သင်္က္န်းညီနောင်နယ်မြေရဲစခန်းမှ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူထားကြောင်း သင်္က္န်းညီနောင် နယ်မြေရဲစခန်းမှ သိရသည်။

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ လမ်းပြင်နေသော နေရာတချို့တွင် မိုးရွာလျှင်လမ်းချော်မှုကြောင့် ဒေသခံများသွားလာရ ခက်ခဲ

ကလေး - ဂန့်ဂေါလမ်းပိုင်း အောင်ချမ်းသာကျေးရွာအတွင်းတွင် မိုးရွာလျှင် လမ်းချော်မှုကြောင့် ဒေသခံများ သွားလာရခက်ခဲနေသည်ဟု သိရသည်။ “မိုးရွာတော့ လမ်းကချောတာပေါ့။ လမ်းဘေးကဟာတွေက ကြိတ်မထားတော့ မြေက အမွတွေဖြစ်နေတာ။ အဲလိုဆိုတော့ ကားရှောင်တာတို့ ဆိုင်ကယ်ရှောင်တာတို့ ဆိုရင် စလစ်ဖြစ်တာပေါ့။ ( လမ်းချော်တာ ) ခုနက ကားဆို JCB နဲ့ ဆွဲထုတ်ရတာ လဲမတတ် ဖြစ်သွားတာပေါ့ ။ အန္တရာယ်ရှိတယ်။ အက်ဆီးဒင်ကလည်း များနိုင်တယ် ။ လမ်းကလည်း တစ်စီးစာပဲ ရှိတာဆိုတော့ ကားတွေက ပိတ်ကျပ်သွားတာပေါ့။ ဘေးသားတွေက အသားသေအောင်မကြိတ်ဘူး။ ဖို့ထားတဲ့ မြေအတိုင်း ဒီအတိုင်းထားတာ ဆိုတော့ တစ်စီးနဲ့ တစ်စီး တွေ့လိုရှိရင် လမ်းဘေးကို ချလို့ မရဘူး ” ဟု အောင်ချမ်းသာကျေးရွာမှ ကိုအောင်ကျော်လင်းက ပြောကြား သည်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ကလေးငယ်များ နေရပ်မပြန်နိုင်သေး

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် တောင်ပြိုနယ် စပ် နံ့သာတောင် ကျေးရွာပရဟိတဘုန်း တော်ကြီးကျောင်းမှ ကလေးငယ်များနေရပ် မပြန်နိုင်သေးကြောင်း သိရသည်။ နံ့သာတောင်ကျေးရွာတွင် နေအိမ်အလုံးပေါင်း ၄၂ လုံးတည်ဆောက်ပြီးစီးနေပြီ ဖြစ်သော်လည်း စာသင်ကျောင်းများအပြီးသတ်ရန် ကျန်ရှိနေသေးသဖြင့် မိုးတွင်းကာလတွင် နေရပ်မပြန်နိုင်သေးဘဲ ပရဟိတကျောင်းတွင် ပညာသင်ကြားနေသည့်ကလေးငယ်များမှာ လက်ရှိမောင်တောမြို့ပေါ်ရှိ မြို့မကျောင်း တိုက်တွင် ယာယီအဆောင်များဆောက်လုပ်ကာ နေထိုင်နေရကြောင်း နံ့သာတောင် ပရဟိတဆရာတော်က မိန့်ကြားသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရပြီး မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့သည့် ကိုထွန်းမြင့်ဝင်းဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး သတင်းစာရှင်းလင်း

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရပြီး သုံးရက်ခန့်အကြာတွင် မန္တလေးဗဟို အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့သည့် ကိုထွန်းမြင့်ဝင်းဖြစ်စဉ် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေး သတင်းစာရှင်းလင်းမှုကို ဇွန် ၈ ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ သေဆုံးသူ၏ မိသားစုဝင်များ၊ မန္တလေးမြို့မှ နိုင်ငံရေး အင်အားစုများက ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ မှတ်ပုံတင်ပြီး ယာဉ်အစီးရေ ၂၀၁၈ ဒီဇင်ဘာလကုန်တွင် ၇ ဒသမ ၂ သန်းအထိ တိုးတက်စစ်ဆေး မှတ်ပုံတင်နိုင်ခဲ့

မြန်မာနိုင်ငံ၏ မှတ်ပုံတင်ယာဉ်စီးရေသည်  ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၌ ယာဉ်အစီးရေ ၅ ဒသမ ၅ သန်းရှိခဲ့ရာမှ ၂၀၁၈ ဒီဇင်ဘာတွင် ယာဉ်အစီးရေ ၇ ဒသမ ၂ သန်းအထိ တိုးတက်စစ်ဆေး မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ကုန်းလမ်းပို့ဆောင်ရေး ကဏ္ဍဍအတွင်း မော်တော်ယာဉ်များကို စစ်ဆေးမှတ်ပုံတင်ပေးခြင်း၊ အငှားယာဉ်များကို လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းနှင့် ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ GGS ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်အား ဖျက်သိမ်းခဲ့ပြီး မီတာခနှုန်းထား အသစ်ကို ဇွန်လမှသာ စတင်ကောက်ခံခွင့်ပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်

တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ် ခရိုင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့်ပတ်သက်၍ GGS ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအကြား ချုပ်ဆိုထားသည့်စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး မီတာခနှုန်းထား အသစ်ဖြင့် ကောက်ခံမှုကို ဇွန်လမှသာ စတင်ကောက်ခံခွင့်ပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ပြည်တွင်းဘဏ်များက အာမခံအမျိုးအစားအလိုက် ချေးငွေ ထုတ်ပေးမှုတွင် မြေနှင့် အဆောက်အအုံအတွက် အများဆုံး ထုတ်ချေးထားပြီး စုစုပေါင်းချေးငွေ၏ ၇၇ ရာခိုင်နှုန်းကျော်ရှိကာ ကျပ် ၁၅၃၅၇ ဘီလျံကျော် ထုတ်ချေးထား

ပြည်တွင်းဘဏ်များက အာမခံအမျိုးအစားအလိုက် ချေးငွေထုတ်ပေးမှုတွင် မြေနှင့် အဆောက်အအုံအတွက် အများဆုံးထုတ်ချေးပေးထားပြီး စုစုပေါင်းချေးငွေ၏ ၇၇ ရာခိုင်နှုန်းကျော်ရှိကာ ကျပ် ၁၅၃၅၇ ဘီလျံကျော် ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။ြ ပည်တွင်းဘဏ်များက အာမခံအမျိုးအစား ကိုးမျိုးဖြင့် ချေးငွေထုတ်ချေးပေးနေခြင်းဖြစ်ပြီး အဆိုပါချေးငွေထုတ်ချေးပေးနေသည့် အာမခံကိုးမျိုးမှာ မြေနှင့်အဆောက်အအုံ၊ ရွှေနှင့်ရွှေထည်ပစ္စည်း၊ စာရင်းသေအပ်ငွေ၊ စက်/ကုန်ပစ္စည်း၊ လူပုဂ္ဂိုလ်/အဖွဲ့အစည်း၊ အထွေထွေ၊ အာမခံမဲ့၊ အိမ်ရာချေးငွေနှင့် SME ကဏ္ဍဍများဖြစ်သည်။

လက်ရှိဘဏ္ဍဍာနှစ် ရှစ်လတွင် ပြည်တွင်း လက်ခစား (CMP) လုပ်ငန်းများကပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ရှိပြီးယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၇၀ ကျော် ပိုမိုတင်သွင်းထား

လက်ရှိဘဏ္ဍဍာနှစ် ရှစ်လတွင် လက်ခ စား (CMP) လုပ်ငန်းများက ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကျော်အထိတင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၇၀ ကျော် ပိုမို တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃၁ ရက်အထိ ရှစ်လတွင် ပြည်ပမှ CMP ကုန်ကြမ်း ဒေါ်လာ ၁ ဒသမ ၅၇၃ ဘီလျံကျော်အထိ တင်သွင်းထားသည်။ြ ပီးခဲ့သည့် ဘဏ္ဍဍာနှစ်ကာလတူတွင်မူ CMP ကုန်ကြမ်း တင်သွင်းမှုသည် ဒေါ်လာ ၁ ဒသမ ၂၉၉ ဘီလျံကျော်သာ တင်သွင်းထားသည်။

ယခုနှစ် မေလအတွင်း မြန်မာနိုင်ငံနှင့် နီးကပ်သည့် ဒေသများ အပါအဝင် အာရှဒေသအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားသည့်နယ်ပယ် ပိုမိုကျယ်ပြန့်လာဟုဆို

မြန်မာနိုင်ငံနှင့် နီးကပ်သည့်ဒေသများ အပါအဝင် အာရှဒေသအတွင်း ယခုနှစ် မေလအတွင်းက အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားသည့်နယ်ပယ် ပိုမိုကျယ် ပြန့်လာကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။ “အာဖရိက ဝက်အပြင်းဖျားရောဂါက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လကစပြီး တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားခါစက အာရှတိုက် အထူးသဖြင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသအတွင်း ရောဂါ ကာကွယ်တားဆီးရေးနဲ့ ရောဂါဖြစ်ပွားလာခဲ့ရင် ထိန်းချုပ်ရေးအတွက် အာရုံစိုက်ပြီး လုပ်ခဲ့ကြတယ်။

Fast & Furious 9 ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ဂျွန်စီးနာ

ကိုးကားမြောက် Fast & Furious ဇာတ်ကားတွင်နပန်းသမားဂျွန်စီးနာပါဝင်သရုပ်  ဆောင်မည့်အကြောင်းနှင့် ပတ် သက်၍ ယင်းဇာတ်ကား၏ ပင် တိုင်မင်းသားဗန်ဒီဇယ်က ဧပြီအ တွင်း အင်စတာဂရမ်တွင် နောက် ပြောင်ခဲ့ပြီး ယခုအခါ Universal  ကုမ္ပဏီက ဂျွန်စီးနာပါဝင်မည်ဖြစ် ကြောင်း တရားဝင်ကြေညာ သည်။ ကမ္ဘာကျော်နပန်းသမား သရုပ်ဆောင်စီးနာ၏ ဇာတ်ရုပ်ကို စီစဉ်နေဆဲဖြစ်ပြီး လောလော ဆယ်သတင်းများအရ ၎င်းသည် အကျင့်မကောင်းသူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

ဂီတနဲ့သရုပ်ဆောင် အလုပ်နှစ်ခုလုံးလုပ်မယ့် Apink အဖွဲ့ဝင် ဂျောင်အန်ဂျီ

 သဘာဝလွန်လျှို့ဝှက် ဆန်းကြယ်အရာများကို စုံစမ်းစစ် ဆေးသော စာသင်ကျောင်းက လပ်တစ်ခုအကြောင်း  ရိုက် ကူးထားသော 0.0 MHZ သည်း ထိတ်ရင်ဖိုဇာတ်ကားနှင့် ပတ် သက်၍ အမျိုးသမီးကေပေါ့ပ် Apink အဖွဲ့ဝင် ဂျောင်အန်ဂျီက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားသည်။ ယင်းဇာတ်ကားတွင် ဂျောင် အန်ဂျီက သရဲများကို မြင်နိုင်စွမ်း ရှိသော ဆိုဟီးအမည်ရှိ မိန်း ကလေးအဖြစ် သရုပ်ဆောင် ထားသည်။

၂၀၂၀ ယူရိုခြေစစ်ပွဲများတွင် စပိန်နှင့်ပိုလန် အခြေအနေကောင်းနေ

စပိန်နှင့်ပိုလန်က သုံးပွဲ ဆက် အနိုင်ရရှိမှုနှင့်အတူ ၂၀၂၀ ယူရိုခြေစစ်ပွဲတွင် ရာနှုန်းပြည့် ရလဒ်ကောင်းမွန်မှု ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ စပိန်က အဝေးကွင်းတွင် ဖာရိုးကျွန်းစုကို ၄-၁ ဂိုးဖြင့် အ နိုင်ရစဉ် ပိုလန်ကလည်း အဝေး ကွင်းတွင် မြောက်မက်ဆီဒိုးနီး ယားကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ ရီးရဲလ်မက်ဒရစ် နောက်ခံ လူရာမို့စ် ၎င်း၏ ၁၉ ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးရရှိခဲ့သော ယင်းပွဲတွင် စပိန်နည်းပြလူးဝစ် အန်းနရစ်သည် ကိုယ်ရေးကိုယ် တာကိစ္စကြောင့် မလာနိုင်သဖြင့် လက်ထောက်နည်းပြ ရောဘတ် မိုရီနီက ကြီးကြပ်ခဲ့သည်။

ရာဖေးနာဒယ်နှင့် ဒေါ့မနစ်သိမ် ပြင်သစ်အိုးပင်း ဗိုလ်လုမည်

 ရိုလန်ဂါးရိုစ့် ဗိုလ်လုပွဲသို့ စပိန်တင်းနစ်ချန်ပီယံ ရာဖေးလ်နာဒယ်နှင့် ဒေါ့မနစ်သိမ်တို့ တက်ရောက်သွားပြီး၊ ယနေ့ ဗိုလ်လု မည်ဖြစ်သည်။ နာဒယ်သည် ဖက်ဒဲရာကို ဆီမီးဖိုင်နယ်တွင် ၆-၃၊ ၆-၄၊ ၆-၂ ရလဒ်ဖြင့် အပြတ်အသတ် နိုင်ပြီးနောက် ၎င်း၏ ၁၂ ခုမြောက် ပြင်သစ်ဖလား ဆွတ်ခူးရန်ခြေ တစ်လှမ်းသာ လိုတော့သည်။ ပြိုင်ပွဲဝင်အဆင့် (၆) နေရာ ရှိ ဖက်ဒဲရာက နာဒယ်ကိုအနိုင်ရ ပါက ကမ္ဘာ့နံပါတ် (၂) ဖြစ်လာ မည်ဖြစ်သော်လည်း မျှော်လင့် ချက် ပျက်ပြယ်ခဲ့သည်။ ဖက်ဒဲရာကို အနိုင်ရပြီး နောက် နာဒယ်က ဖက်ဒဲရာသည် မိမိ၏ရာဇဝင်တွင် အကောင်းဆုံး တင်းနစ်သမား ဖြစ်နိုင်သည်ဟု ပြောကြားသည်။

နိုင်ငံတကာ နိုင်ပွဲအများဆုံး ကစားသမားအဖြစ် ရာမို့စ်စံချိန်တင်

ဖာရိုကျွန်းစုကို ၄-၁ ဂိုးဖြင့် နိုင်ခဲ့သော ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် စပိန်အတွက် ဗွေ ဆော်ဦးဂိုးကို ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ သော နောက်ခံလူ ရာမို့စ်သည် ဘောလုံးရာဇဝင်တွင် နိုင်ငံတ ကာနိုင်ပွဲအများဆုံးကစားသမား အဖြစ် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ သည်။ ရီးရဲလ်နောက်ခံလူသည် ယင်းပွဲတွင် စပိန်အတွက် ဂိုးသွင်း ယူပေးနိုင်သည့်အပြင် စပိန်အ တွက် ၁၆၄ ပွဲပါဝင်ကစားရာတွင် ၁၂၂ ပွဲမြောက်နိုင်ပွဲနှင့်အတူ ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ ၀င်ရောက်နေစဉ် ဒေသအနှံ့ မိုးရွာနေပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေသည် လက်ရှိရေမှတ်များထက် မြင့် တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၀ ရက်မှ ၂၀ ရက်အတွင်း မြစ်ရေအခြေအနေခန့်မှန်းချက်ကို ယမန်နေ့က ထုတ်ပြန် ရာ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ နှင့် သပိတ်ကျင်းမြို့တို့တွင် လက် ရှိရေမှတ်များအထက် ငါးပေမှခုနစ်ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့တို့ တွင် နှစ်ပေမှ လေးပေခန့်၊ အောင် လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ပေ၀က်မှ တစ် ပေခန့် မြင့်တက်လာနိုင်ကြောင်း  သတိပေးထားသည်။

ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် လေးဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းအပါအဝင် လေး ဦးကို အဂတိလိုက်စားမှုဖြင့် အမှု ဖွင့်အရေးယူထားကြောင်း အဂ တိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဇွန်လ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ဦးကျော်စွာအုန်းနှင့်အတူ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ သရက်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော် မင်းဦး၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့ မှ ရဲအုပ်သန်းဇော်တို့ကို အဂတိ လိုက်စားမှုဖြင့် ဖမ်းဆီးအရေးယူ ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းဝင်းက ပြောသည်။

အာဏာရှင်လမ်းကြောင်းပေါ်သွားနေကြောင်း ဦးဝီရသူ ဝေဖန်ချက်အပေါ် ဒီချုပ်တုံ့ပြန်

ဒီချုပ်အစိုးရက အာဏာရှင်လမ်းကြောင်းပေါ် သွားနေသည်ဟု ဦးဝီရသူ၏ဝေ ဖန်ပြောကြားမှုသည် မမှန်ကန် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တုံ့ပြန်ပြော ကြားသည်။ လက်ရှိအစိုးရက အာဏာ ရှင်လမ်းကြောင်းပေါ်ကို သွားနေ သည်ဟု ဦးဝီရသူက VK လူမှုကွန် ရက်တွင် ဝေဖန်ထားမှုအပေါ် ဒီချုပ်ပါတီအနေဖြင့် မည်ကဲ့သို့ တုံ့ပြန်ချင်ပါသလဲဟု  7Day Daily သတင်းထောက်၏မေးမြန်း  ချက်ကို ‘‘ဒါကတော့ မဟုတ်ပါ ဘူးလို့ ကျွန်တော်တို့ ငြင်းဆိုပါ တယ်’’ ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ဆယ်တန်းအောင်သွားလို့ ဂီတကို ပိုလုပ်ဖြစ်တော့မယ့် မေသက်ထားဆွေ

ဂုဏ်ထူးထွက်ရန် ခက် ခဲ့သည့် မြန်မာစာဂုဏ်ထူးရရှိ သောကြောင့် ပို၍ ပျော်ရွှင်ရ ကြောင်း နှစ်ဘာသာဂုဏ်ထူးရှင် မေသက်ထားဆွေက ပြောသည်။ ‘‘စာမေးပွဲမဖြေခင်ကတော့ ခြောက်ဘာသာလို့အော်တာပေါ့။ နောက်ပိုင်း ဖြေပြီးတော့ တဖြည်း ဖြည်းလျော့လျော့သွားပြီး လေး ဘာသာပေါ့။ ထွက်တော့ နှစ်ဘာ သာပေါ့။ ဘာပဲပြောပြော ဂုဏ်ထူး ထွက်ခဲတဲ့ မြန်မာစာဂုဏ်ထူးရခဲ့ တဲ့အတွက် ပိုပြီး ဂုဏ်ယူပါတယ်’’ဟု မြန်မာစာနှင့် ဇီဝဗေဒနှစ်ဘာ သာဂုဏ်ထူးဖြင့် အောင်မြင်သော မေသက်ထားဆွေက ပြောသည်။

အနုပညာအလုပ်တွေကို လျှော့တဲ့အချိန်ရောက်ပြီဆိုတဲ့ ထွန်းအိန္ဒြာဗို

မိသားစုနှင့် ဘာသာ တရားအတွက် အချိန်ပေးလိုသော ကြောင့် အနုပညာအလုပ်ကို နောက်ထပ်လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မည်ဟု သရုပ်ဆောင် ထွန်းအိန္ဒြာ ဗိုက ပြောသည်။ ‘‘ကျွန်မကိုယ်တိုင်က အနု ပညာအလုပ်တွေကို လျှော့တဲ့အ ချိန်ရောက်သွားပြီ။ ထုတ်လုပ်ရေး က Stress တွေလည်း ဘာမှမယူ တော့ဘူးလို့ စဉ်းစားနေပါတယ်။ ကျွန်မကိုယ်တိုင် သရုပ်ဆောင် တာလည်း အများကြီးကန့်သတ် လိုက်ပြီ။ ကျွန်မ ဆက်လုပ်ဖြစ်ချင် မှ လုပ်ဖြစ်တော့မှာပါ။ အဓိကက သားအတွက် အချိန်ပေးဖြစ်မယ်။ ပြီးတော့ ဘာသာတရားလည်း လုပ်ချင်တယ်’’ဟု ၎င်းက ပြော သည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ကော့ဘဇားရှိ ဒုက္ခသည်များနှင့်တွေ့ဆုံရန် ဘင်္ဂလားဒေ့ရှ်၏ ခွင့်ပြုချက်မရသေး

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်သည် ကော့ဘဇား သို့သွား၍ ဒုက္ခသည်များနှင့် တွေ့ ဆုံရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခွင့်ပြုချက် မရရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောသည်။ ကော်မရှင်သည် တစ်ဖက် နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ နေ ရပ်စွန့်ခွာသူများနှင့် တွေ့ဆုံနိုင် ရေး လွန်ခဲ့သည့် သုံးလခန့်က တည်းက ကြိုးစားနေခြင်းဖြစ် သည်။

သစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၇၀ ကျော်ကို ထိုင်းအလုပ်ရှင်ထုတ်ပယ်

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်တွင် သစ်စက်အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၇၀ ကျော်ကို ထိုင်းအလုပ်ရှင်က ကြိုတင်အသိပေးခြင်း မရှိဘဲ စက်ရုံပိတ်၍ အလုပ်မှ ထုတ်ပယ်မှု ဖြစ်ပွားခဲ့ သည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ် နှင့် နှစ်နိုင်ငံသဘောတူစာချုပ် MoU ဖြင့် လာရောက်အလုပ်လုပ် ကိုင်သော မြန်မာလုပ်သား ၁၇၄ ဦး အလုပ်ထုတ်ခံရမှုနှင့်ပတ်သက် ပြီး အလုပ်သမားသံအရာရှိတစ် ဦးက သွားရောက်ဖြေရှင်းပေးနေ ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

တစ်ကျော့ပြန်ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်အထိမ်းအမှတ် ရန်ကုန်တွင် ဆန္ဒပြ

ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု  ရှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြမှုကို ငြိမ်းချမ်းရေး လှုပ်ရှားသူလူငယ် ၅၀ ခန့်က ယမန်နေ့တွင် ရန်ကုန်မြို့၌ ပြု လုပ်ခဲ့သည်။ ကချင်စစ်ပွဲရှစ်နှစ်ပြည့်အ ထိမ်းအမှတ်ချီတက်ဆန္ဒပြမှုကို  ပန်ဘဲတန်းမြို့နယ် ဗိုလ်ချုပ်ဈေး ရှေ့ကစတင်ပြီး ဆူးလေစေတီအ   နီးရှိ ခုံးကျော်တံတားပေါ်တွင် အ ဆုံးသတ်ခဲ့သည်။ ကချင်စစ်ပွဲနှင့် ပတ်သက် ပြီးချီတက်ဆန္ဒပြသော လူငယ် များကို ပန်ဘဲတန်းမြို့နယ်ရဲတပ် ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မဖြင့် အ ရေးယူရန် စီစဉ်နေကြောင်းအ နောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှတာ  ၀န်ရှိသူတစ်ဦးကပြောသည်။

‘‘လက်နက်အလုံးလိုက်ကြီးလာပြီး စဉ်လာတာ’’ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒုက္ခိတဖြစ်ခဲ့သူ စပါးထားကျေးရွာဒေသခံ ဒေါ်မဝိုင်းကြည်နှင့်တွေ့ဆုံမေးမြန်းခြင်း

 ဇွန်လ ၃ ရက်က တပ်မ တော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းပြားမြို့နယ် စပါးထားကျေး ရွာနေ ဒေါ်မဝိုင်းကြည်အပါအဝင် ဒေသခံ ၂၀၀ ခန့်   ရွာဦးဘုန်း တော်ကြီးကျောင်း၌ ခိုလှုံနေစဉ် လက်နက်ကြီးကျည် ကျရောက် သဖြင့် ခြောက်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ဒေါ် မဝိုင်းကြည်နှင့် တူမနှစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေ မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသနေသည်။

အရှေ့တောင်အာရှ ကနူး/ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာကစားသမားငါးဦး ၀င်ပြိုင်မည်

ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ ကနူးကယက် ချန်ပီယံရှစ် လှေလှော် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကစားသမားငါးဦး ၀င်ပြိုင်မည် ဖြစ်သည်။  2019 South East Asian Cnaoe Sprint Championships ပြိုင်ပွဲကို ဇွန်လ ၁၈ ရက်မှ ၂၃ရက်အထိ ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ကျင်းပမည်ဖြစ်ပြီး အလွတ် တန်းနှင့် သက်ငယ်တန်းဟူ၍ ပြိုင်ပွဲနှစ်မျိုး ပါဝင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကနူးကယက်လှေလှော်အသင်းမှ ကစားသမား ငါးဦးအနက် သန့်ဇင်ဦး၊ ဝင်းထိုက်၊ အောင်မျိုးသူတို့က အလွတ်တန်းပြိုင်ပွဲနှင့်  မျိုးလှိုင်ဝင်းနှင့် ထွန်းမင်းသန့်တို့က သက်ငယ်တန်းပြိုင်ပွဲ၌  ယှဉ်ပြိုင်မည်ဖြစ်သည်။ 

MIU ဖူဆယ်အသင်း အာဆီယံပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်မည်

MIU ဖူဆယ်အသင်း သည် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပ ခြေစမ်းပွဲ သုံးပွဲကစားမည် ဖြစ်ကြောင်း အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြော သည်။  MIU အသင်းသည် ပြည်တွင်းခြေစမ်းပွဲအဖြစ် ဇွန်လ ၉ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကစံလေ့ကျင့်ရေး ကွင်း၌ GV Athletic အသင်း၊ ပြည်ပခြေစမ်းပွဲအဖြစ် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် ဘန်ကောက်မြို့၌ ထိုင်းဖူဆယ်လိဂ်ကလပ် ဘန်ကောက် BTS၊ ဆူရာသနီအသင်းတို့နှင့် ခြေစမ်းမည်ဖြစ်သည်။

တောင်ကြီးမြို့နယ် အတွင်း စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ တောင်ကြီးမြို့နယ်တွင် စည်ပင်နှင့် သက်ဆိုင်သည့် လုပ်ငန်း များကို ခေတ်ကာလနှင့်လျော်ညီ သည့် အခွန်၊ အခအမျိုးအစားနှင့် နှုန်းထားများ ပြင်ဆင်သတ်မှတ် မည်ဖြစ်၍ ပြည်သူများသိစေရန် ထုတ်ပြန်ပေးခဲ့ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာန တာဝန်ရှိသူတစ်ဦးက ပြော သည်။ တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာနက အခွန်၊ အခ၊ အကောက်တိုးမြှင့်ကောက်ခံမည့် လုပ်ငန်းအမျိုးအစားများတွင် ကုန်စုံဆိုင်၊ မုန့်ဆိုင်၊ ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံရောင်းဝယ်ရေး၊ ဆေးရွက် ကြီး၊ သနပ်ဖက်နှင့် အလားတူ ပစ္စည်းသိုလှောင်ခြင်း၊ ထမင်း ဆိုင်၊ ခေါက်ဆွဲဆိုင်၊ အကြော်မျိုး စုံဆိုင်နှင့် စားသောက်ဆိုင်ကြီး များ၊ ဟိုတယ်နှင့် ပျော်ပွဲစားရုံကြီး များအပါအဝင် လုပ်ငန်းအမျိုးအစား ခေါင်းစဉ်ရှစ်မျိုး ပါဝင်သည်။ အခွန်၊ အခ၊ အကောက် အမျိုးအစားများ တိုးမြှင့်ကောက် ခံမည့် နှုန်းထားသည် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ယခင် ကောက်ခံသည့် နှုန်းထားများ ထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းအထိ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်သည်။ ယင်းသို့ အခွန်နှုန်းထားပြင် ဆင်သတ်မှတ်ခြင်းကို ကန့်ကွက် လိုလျှင် ကြော်ငြာစာထုတ်ပြန် ထားသည့်နေ့မှ ရက် ၃၀ အတွင်းအထောက်အထား၊ အချက်အ လက်အပြည့်အစုံဖြင့် လာရောက် ကန့်ကွက်နိုင်ကြောင်း စည်ပင်သာ ယာရေးဌာနက ထုတ်ပြန်သည်။ ‘‘အခွန်တွေ ပြင်ဆင်တိုး ကောက်မယ်လို့တော့ အစည်းအ ဝေးမှာ ပြောထားတယ်။ အခု စာ ထုတ်တာတော့ စည်ပင်သာယာ ရေးဌာနက ထုတ်တာ။ ကျွန်တော် တို့ စည်ပင်သာယာရေးကော်မတီ ဝင်တွေ မသိသေးဘူး။ ပြင်ဆင် မယ်ဆိုရင်လည်း သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြပြီးမှ ပြင် ဆင်လို့ရမယ်လို့ ကျွန်တော်မြင် တယ်’’ ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီအ ဖွဲ့ဝင် ဦးဇော်ဝင်းထူးက ပြော သည်။

 တောင်ကြီးမြို့နယ် အတွင်း စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ေ တာင်ကြီးမြို့နယ်တွင် စည်ပင်နှင့် သက်ဆိုင်သည့် လုပ်ငန်း များကို ခေတ်ကာလနှင့်လျော်ညီ သည့် အခွန်၊ အခအမျိုးအစားနှင့် နှုန်းထားများ ပြင်ဆင်သတ်မှတ် မည်ဖြစ်၍ ပြည်သူများသိစေရန် ထုတ်ပြန်ပေးခဲ့ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာန တာဝန်ရှိသူတစ်ဦးက ပြော သည်။

အသိအမှတ်ပြုမှုမရှိသည့် တက္ကသိုလ်နှစ်ခုနှင့် ရာထူးဝန်အဖွဲ့ ပူးပေါင်းမှု အဂတိရှိ၊ မရှိ စစ်ဆေးပေးရန် ကော်မရှင်ထံတိုင်ကြား

 သက်ဆိုင်ရာနိုင်ငံများက အသိအမှတ်ပြုမထားသည့် ပြည်ပတက္ကသိုလ်နှစ်ခုနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် အဂတိလိုက်စား မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် ကိုနေယံဦးက ဇွန်လ၅ရက်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသို့ လိပ်မူတိုင်ကြားသည်။ြ ပည်ထောင်စုရာထူးဝန်အ ဖွဲ့သည် အမေရိကန်ပြည်ထောင် စု ဟာဝိုင်အီရှိ Akamai Univer-sity နှင့် မလေးရှားနိုင်ငံရှိ EDS Business School တို့နှင့် ပူးပေါင်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် အကျိုးစီးပွားဆက်နွှယ်မှု၊ အကျင့် ပျက်ခြစားမှုများ ရှိ၊ မရှိ စစ်ဆေး ပေးရန် အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံ အောက်စ်ဖို့ဒ်တက္က သိုလ် Blavatnik School of Government ၌ ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့လေ့လာနေသူ ကိုနေယံဦးက တိုင်ကြားသည်။

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများတွင် ၂၀၀ ကျော် ခွင့်ပြုပေးဟုဆို

 နိုင်ငံရေးလှုပ်ရှား  မှုကြောင့် ပြည်ပသို့တိမ်းရှောင် ရသူများအပါအ၀င် မြန်မာနိုင်ငံ သားဟောင်းများကို နိုင်ငံသား အဖြစ်ပြန်လည်လက်ခံရာ ရှစ်နှစ် အတွင်းလျှောက်ထားသူ ၂၉၇ ဦးအနက် ၂၁၁ ဦးကိုခွင့်ပြု ပေးထားကြောင်း  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အချက်အ လက်များအရသိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၁ ရာခိုင်နှုန်းကျော် ကျဆင်း မွန်ပြည်နယ် အောင်ချက်အမြင့်ဆုံး၊ ချင်းပြည်နယ် အနိမ့်ဆုံးဖြစ်

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၈ ရက်က ထုတ်ပြန်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင် ချက် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် ၁ ဒသမ ၃၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ၂၀၁၇ တွင် အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ရာ နှစ်စဉ်အောင် ချက် ၁ ရာခိုင်နှုန်းကျော်စီ ကျ ဆင်းနေသည်။ ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲကစတင်ကာ စိတ်ကြိုက်မြန် မာစာဘာသာရပ်မှလွဲ၍ ကျန်ဘာ သာရပ်ကိုးခုကို စာမေးပွဲမေးခွန်း ပုံစံသစ်ဖြင့် ပြောင်းလဲစစ်ဆေး ထားပြီး သင်္ချာဘာသာရပ် ဖြေ ဆိုရာ၌ ကျောင်းသားအများစုအ ခက်တွေ့ခဲ့သည်။ သို့သော် သင်္ချာ ဘာသာရပ် ဂုဏ်ထူးရရှိသူများ ပြီး အင်္ဂလိပ်စာဘာသာရပ် ဂုဏ် ထူးရရှိသူသည် တစ်နိုင်ငံလုံး၌ ၁,၉၁၉ ဦးသာရှိကာ ဂုဏ်ထူးရရှိမှု အနည်းဆုံးဘာသာရပ် ဖြစ်သည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာအဆင့်တက်လာဖို့မှန်းထားတဲ့မြန်မာအသင်း

မြန်မာ့လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အဆင့်တက်လာဖို့ ရည်ရွယ်ထားပြီး  ကစားသမားတွေကိုယုံကြည်တယ်လို့ မြန်မာအသင်းရဲ့  နည်းပြချုပ်အသစ် က ပြောလိုက်ပါတယ်။ မြန်မာ့အသင်းရဲ့နည်းပြချုပ် မိုတီနီဂရိုးနိုင်ငံသား ဟာ ကစားသမားတွေ ကို စတင်ကိုင်တွယ်ရာမှာ တစ်ဦး ချင်းစီရဲ့ အားသာချက် အားနည်းချက်တေါကို လေ့လာ ထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကစားကွက် စီမံဖို့အတွက် ကစားသမာတွေကို နေရာပြောင်းကစားတွေ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှုများကို ပြည်သူများအား လေ့လာခွင့်ပြု

သဗ္ဗညုဘုရားအား မိုး ရာသီမတိုင်မီ အရေးပေါ်ပြုပြင် ထိန်းသိမ်းနေမှုများကို ပြည်သူ များသို့ သုံးရက်ကြာ လေ့လာ ခွင့်ပြုထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သတင်း ရရှိသည်။ ဇွန်လ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ တက်ရောက်လေ့ လာခွင့်ပေးခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုညွှန်မှူး ဦးမြင့်သန်းက ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက် ကိစ္စဆွေးနွေးရန် တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇွန် လ ၁၁ ရက်တွင် ခေါ်ယူထား ကြောင်း မင်္ဂလာတောင်ညွန့်မြို့ နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးလှဌေးက ပြောသည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်ပုံမှန်အစည်းအဝေးကို ဇွန်လ ၁၇ ရက်တွင် ကျင်းပရန် ကနဦးစီစဉ်ထားသော်လည်း အ ရေးပေါ်အစည်းအဝေးကို ဇွန်လ ၁၁ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ယမန်နေ့တွင် ရန်ကုန်တိုင်းလွှတ် တော်က ထုတ်ပြန်ကြေညာသည်။

NCA လက်မှတ်ထိုး ၁၀ ဖွဲ့၏ အစည်းအဝေး ထိုင်းအာဏာပိုင်များကန့်ကွက်၍ ကျင်းပခွင့်မရ KNU အဆိုပြုသည့် PPCM ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးမည့်နေ့တွင် ကန့်ကွက်ခံရ

ချင်းမိုင်မြို့၌ ပြုလုပ်မည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များ၏ အစည်း အဝေးကို ထိုင်းနိုင်ငံအာဏာပိုင် များက ကန့်ကွက်၍ အစည်းအဝေးပျက် ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) အထွေထွေအတွင်း ရေး မှူးပဒိုစောတာဒိုမူးက ပြော ကြားသည်။ NCA လက်မှတ်ထိုးပြီးသည့် သုံးနှစ်ကျော်ကာလအတွင်း အ ပစ်ရပ်အဖွဲ့များ၏ အစည်းအ ဝေးကို ပထမဆုံးကန့်ကွက် ခံရခြင်းဖြစ်ကြောင်း၊ မြန်မာ အစိုးရဘက်မှ ပိတ်ခိုင်း၍ကန့် ကွက်ရခြင်းဖြစ်သည်ဟု ထိုင်းအာ ဏာပိုင်ဘက်က ပြောကြား ကြောင်း ၎င်းကဆိုသည်။

မန္တလေးမြို့နေ အသက်(၇၃)နှစ်အရွယ်အမျိုးသား လာမည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ထပ်မံဖြေဆိုမည်ဟုဆို

၂၀၁၉ တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဝင်ရောက်ဖြေဆို သည့် အသက်(၇၃)နှစ်အရွယ် ဦးစိုင်းအောင်ညွန့်သည် ယခုနှစ် စာမေးပွဲတွင် မအောင်မြင်သော် လည်း လာမည့်နှစ် ဆက်လက်ဖြေဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။ ‘‘ထပ်ပြီး ဖြေဖို့ရှိတယ်။ အလုပ်တွေမအားတဲ့ကြားက ဒီအတိုင်းမနေဘဲ ဖြေလိုက်လို့အောင်မယ်ဆိုရင် ပညာရေးအတွက် ကောင်းတာပေါ့။ နောက်နှစ်မှာ ထပ်ကြိုးစားသွားမယ်’’ဟု ဦးစိုင်းအောင်ညွန့်က ပြောသည်။  ဦးစိုင်းအောင်ညွန့်သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ခုံအ မှတ် မနတ ၅၃၄ ဖြင့် ဝင်ရောက် ဖြေဆိုခဲ့သည်။

ဘက်စုံကောင်းမွန်သည့် မြို့ပြများဖော်ဆောင်နိုင်ရန် ရေးဆွဲထားသည့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

ဘက်စုံကောင်း မွန်ပြီး စနစ်ကျသည့် မြို့ပြစီမံ ကိန်းများရေးဆွဲနိုင်ရန် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ  ကြမ်းကို ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော် လင်းက ဇွန်လ ၅ ရက်အမျိုးသား လွှတ်တော်အစည်းအဝေးသို့တင်  သွင်းခဲ့သည်။ အဆိုပါ ဥပဒေကြမ်းတွင်မြို့ ပြစီမံကိန်းများရေးဆွဲရာ၌ လို အပ်သည့် သဘောထားပုံစံများ ထည့်သွင်းရေးဆွဲထားကြောင်း ဦးကျော်လင်းကဆိုသည်။ နိုင်ငံတော်အတွင်း နယ်မြေ တစ်ခုနှင့်တစ်ခုဖွံ့ဖြိုးမှု ကွာဟာ ချက်လျှော့ချနိုင်စေရန် ဘက် ညီမျှသော မြို့ပြများစနစ်တကျ ထူထောင်နိုင်စေရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ကာ ထိုဥပဒေကြမ်း ရေးဆွဲခြင်းဖြစ်ကြောင်း   ၎င်းက လွှတ်တော်တွင် ရှင်းပြသည်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါကို ကာကွယ်နိုင်မည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများ

နှလုံးသွေးကြောကျန်းမာရေးကို ကာလအတန်ကြာအောင် ထိန်းသိမ်းခြင်းက အနာဂတ်တွင် ယင်းရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျှော့ချရန်အထောက်အကူပြုကြောင်း အမေရိကန်  နှလုံးရောဂါဆိုင်ရာအဖွဲ့အစည်းကဖော်ပြထားသည်။ ယင်းအဖွဲ့အစည်းက လူတစ်ဦး၏ နှလုံးကျန်းမာရေးကို ကြိုတင်ခန့်မှန်းနိုင်၊ ကြိုတင်ကာကွယ်နိုင်မည့် အချက်များ ဖော်ပြ ထားပြီး JAMA Network Open ဂျာနယ်တွင် ဖော်ပြသည်။

SNLD ပါတီ ညီလာခံကျင်းပပြီးစီး

တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုရဲ့သဘော ထားအပေါ် အခြေခံကာ SNLD ပါတီအနေနဲ့ မားမားမတ်မတ်ရပ် တည်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ SNLD ပါတီရဲ့ ၂၀၁၉ ခုနှစ်ညီလာခံဖြစ်တဲ့ မြို့နယ်စုံညီ အစည်းအဝေးကို လားရှိုးမြို့မှာ ဇွန်လ ခြောက်ရက်နေ့ကနေ ခုနှစ်ရက်နေ့အထိ နှစ်ရက်အကြာပြုလုပ်ခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်ချက် မနှစ်ကထက်အနည်းငယ်လျော့

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ရှစ်သိန်းငါးသောင်း ကျော်ရှိတဲ့ အနက် နှစ်သိန်းခြောက်သောင်းကျော် အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်နှစ်အောင်ချက်အောက် တစ်, ရာခိုင်နှုန်းကျော်ကျော်လျော့နည်းခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်ကနေသိရပါတယ်။

ကျပ်သိန်းပေါင်း ၉၇၀၀ ကျော် မကွေးတိုင်း ပေါက် ရေနံမြေ ငွေကြေးအရှုပ်တော်ပုံ

သိန်းပေါင်း ၉၇၀၀ ကျော် မကွေးတိုင်း ပေါက်ရေနံမြေ အရှုပ်တော်ပုံ နဲ့ပတ်သက်ပြီး ဇွန်လ ၇ ရက်နေ့က ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ သရက္ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ဘီဘီစီကို အတည်ပြုပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်တဲ့ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) နဲ့ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်တို့ကိုပါ အမှုဖွင့်ထားပြီး သူတို့နှစ်ဦးကတော့ တိမ်းရှောင်နေတယ်လို့ ဦးရဲထွန်းဝင်းက ပြောပါတယ် ။ေ ပါက်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးကို ဆက်သွယ် မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ပြည်နယ်က တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့ရှိ မနောင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တပ်မတော်နဲ့ KIA တို့ ကချင်ပြည်နယ်ထဲမှာ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်ဘေးဒုက္ခသည်တွေလည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးသူတွေ ရှိနေဆဲဖြစ်ပါတယ်။

ကင်ဆာရောဂါကာကွယ်ဖို့ တိုက်တွန်းကြောင်းအဆို လွှတ်တော်အတည်ပြု

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှုဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေတာကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ ကိစ္စတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ တားဆီးကာကွယ် စောင့်ရှောက်ရေး အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာအမွေအနှစ်တွေကို ကမ္ဘာက သိအောင် ရိုက်ပြချင်တဲ့ မင်းရာဇာ

Sky Net Cinema (Pay Par View) Channel သည် ဗီဒီယိုခေတ်ပျက်၍ အခက်အခဲ ဖြစ်သည့် အနုပညာလောကသား များကို အထောက်အကူပြုမည့် အစီအစဉ်တစ်ခုဟု မြင်မိကြောင်း သရုပ်ဆောင်မင်းရာဇာက ပြော သည်။ ‘‘ကျွန်တော်ထင်တာတော့ ဗီဒီယိုနဲ့ အခွေကြည့်တဲ့ ပုံစံက ပျောက်လာတယ်။ ဒါပေမဲ့ နေရာ တိုင်းမှာတော့ အခွေကို စောင့်မျှော်အားပေးနေတဲ့ သူတွေရှိနေသေး တယ်။ တချို့ရွာတွေ၊ တောတွေ မှာပေါ့။ အဲဒီအတွက် ကျွန်တော် တို့လည်း ရိုက်ကူးရေးပိုင်းတွေ လုပ်နေတာမျိုးရှိတယ်။ အခု Pay Par View ကတော့ ပြောင်းလဲလာ တဲ့ခေတ်အပေါ် မူတည်ပြီး ဈေး ကွက်သစ်တစ်ခု ပေါ်လာတဲ့ သဘောပေါ့’’ဟု ၎င်းက ပြော သည်။

မယ်ခွေရဲ့ နောက်ဆက်တွဲများ

ခုမယ်ခွေ အလှည့်ရောက် လာပါပြီ။ မယ်ခွေရဲ့ ‘ လက် ဆောင်’ ကဗျာကိစ္စ ဆွေးနွေးကြ တော့ ကိုယ့်မှာလည်း အများနည်း တူ ပြောချင်တာတွေ၊  ခံစားမိ တာလေးတွေကို ရင်ဖွင့်ချင်လာ တယ်။ ပထမဦးဆုံး ဆိုရှယ်မီဒီ ယာပေါ်မှာ သတိထားမိလိုက်တာ  ဆရာသစ္စာနီရဲ့ ရင်ဖွင့်စကား။ ကိုယ်က အမှုမဲ့၊အမှတ်မဲ့နေတတ် တော့ ဒီကဗျာကိစ္စ ဘာဖြစ်ပါလိမ့် ပေါ့။ သေချာမသိဘူး။ ဖေ့စ် ဘွတ်ခ်စာတွေက သူတို့နောက် တကောက်ကောက်လိုက်ရင် အ ချိန်တွေကုန်လွန်းလို့ run through  ခပ်မြန်မြန်လေးပဲ ဖတ် ဖြစ်တယ်။ ဆရာသစ္စာနီ ပို့စ်ရောက်တော့ မနေနိုင်တော့ဘူး။

အရိပ်မဲ့သစ်ပင်များ

(၁) ‘ဆိုင်ကယ်မမောင်းရ’ ဟု ဆိုင်းဘုတ်တွေ ထောင်ထားသော အဝေးပြေးလမ်းမကြီးပေါ် ကျွန်  တော်တို့ဆိုင်ကယ်လေးက ပြေး နေသည်။ စည်းကမ်းတစ်ခုကို ဖောက်ဖျက်နေမိပါလားဟူသော   အတွေးက ကျွန်တော့်ကိုယ်ကျွန် တော်မလုံမလဲဖြစ်စေသည့်တိုင် ဆိုင်ကယ်မောင်းနေသူမိတ်ဆွေ ကတော့ သာမန်လမ်းတစ်ခုပေါ် မောင်းနေသလိုမျိုးအေးအေး ဆေးဆေးပင်။ ဆိုင်ကယ်မှာ နောက်ကြည့်မှန်ပင်တပ်မထား သောကြောင့် နောက်မှာထိုင် လိုက်လာသည့် ကျွန်တော်ကပင် နောက်ကြည့်မှန်အလုပ်ကိုလုပ် ပေးနေရသေး၏။

လေထဲက လူသတ်သမား

ယနေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်သည်။ ယခုနှစ်  ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့သည် ထူးခြားသလို  အားလုံးနှင့်လည်း သက်ဆိုင်ပါ သည်။ ကမ္ဘာတစ်ဝန်းကြုံတွေ့ရင် ဆိုင်နေရသည့် သဘာဝပတ်ဝန်း ကျင် ထိခိုက်ယိုယွင်းနေမှုများကို  လူအများ အာရုံစိုက်လာစေရန်  လှုံ့ဆော်သည့် လှုပ်ရှားမှုများကို  ယနေ့လိုဇွန်လ ၅ ရက်နေ့ရောက် တိုင်း နိုင်ငံပေါင်းတစ်ရာကျော် တွင် ပြုလုပ်လေ့ရှိသည်။  ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လူ ဦးရေထူထပ်မှုများကြောင့် ယ နေ့ခေတ် ကမ္ဘာ့မြို့ကြီးများတွင်  ရင်ဆိုင်ကြုံတွေ့လာရသည့် လေ ထုညစ်ညမ်းမှုပြဿနာကို မီး မောင်းထိုးပြသည့်အနေနှင့် ယခု နှစ်အတွက် ရွေးချယ်ထားသည့် အကြောင်းအရာမှာ လေထုညစ် ညမ်းမှုကို တိုက်ဖျက်ကြရန်ဖြစ် သည်။

တောဆင်ရိုင်းနင်း၍ သားအမိနှစ်ဦးသေဆုံး

တိုက်ကြီးမြို့နယ် ဥက္ကံ သစ်တောကြိုးဝိုင်းရှိ တဲအိမ်တစ် လုံးကို တောဆင်းရိုင်းနင်း၍ အ သက်(၂)နှစ်အရွယ် ကလေးငယ် အပါအဝင် သားအမိနှစ်ဦးသေဆုံး ခဲ့ကြောင်း ဥက္ကံနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။   ဇွန်လ ၆ ရက် နံနက်အစော တွင် ဥက္ကံမြို့ ဥက္ကံသစ်တော ကြိုးဝိုင်းအကွက်အမှတ်(၃၇)ရှိ တောင်ယာတဲအတွင်း အသက် (၂၆)နှစ်ရှိ နော်ကြည်လှ၊ သား ထွန်းလင်းဇော်နှင့် နော်ကြည်လှ ၏မိခင်တို့ တဲအတွင်း အိပ်ပျော်နေစဉ် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်လာပြီး နေအိမ်ကို ဖျက် ဆီးခဲ့သည်။

အခြေခံလူတန်းစားနှင့် ကံစပ်နေသော သိန်းတစ်သောင်းခွဲ

သာမန် လက်လုပ်လက်စား တစ်ဦးအတွက် နေ့ချင်းညချင်း ဘီလျံနာဖြစ်ရန်ဆိုသည့် စိတ်ကူးမှာ အိပ်မက်ဆန်ပေလိမ့်မည်။ သို့သော် ထိုသို့ အမှန်တ ကယ်ဖြစ်နိုင်ကြောင်း ယခုလပိုင်း အတွင်း အခြေခံလူတန်းစားတစ် စုက သက်သေပြနိုင်ခဲ့သည်။ အစိုးရက ဖွင့်လှစ်သည့် ကျပ် တစ်ထောင်တန်ထီ၏ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲဆုကို ပိုင် ဆိုင်ခွင့်ရရှိခဲ့သူများပင်။ ကျပ်တစ်ထောင်တန်ထီကို ဇွန်လ ၁ ရက်အထိ လေးကြိမ်ဖွင့် လှစ်ပြီးနောက် ကံထူးရှင်လေးဦး ထွက်ပေါ်ခဲ့ပြီး ၎င်းတို့အားလုံး သည် ငွေကြေးမချမ်းသာသော ဘ၀ကို ပိုင်ဆိုင်ခဲ့ရသူများဖြစ် သည်။

အဆိုတော်ရှကီယာ အခွန်ရှောင်မှုစွပ်စွဲချက်အတွက် စပိန်တရားရုံးတွင် စစ်ဆေးခံခဲ့ရ

ကိုလံဘီယာပေါ့ပ်အဆိုတော် ရှကီယာသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ရရှိခဲ့သည့် ဝင်ငွေအပေါ် အခွန်ဒေါ်လာ ၁၆.၂၉ သန်း ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဆိုသော စွပ်စွဲချက်အတွက် ဇွန် ၆ ရက်တွင် ဘာစီလိုနာမြို့အနီးရှိ တရားရုံးတစ်ခု၌ စစ်ဆေးမေးမြန်းခံခဲ့ရသည်။ ရှကီယာသည် ယင်းကာလအတွင်း ကာတာလိုနီးယားဒေသ၌ နေထိုင်ခဲ့သည်ဟု အစိုးရရှေ့နေများက ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စွဲချက်တင်ခဲ့သည်။

ထိုင်းလေလံပွဲတစ်ခုတွင် ဒူးရင်းသီးတစ်လုံးအား ဒေါ်လာ ၄၈၀ဝ၀ ဖြင့် ရောင်းချနိုင်ခဲ့

Photo: AFPထိုင်းနိုင်ငံတွင် လေလံပွဲတစ်ခု၌ ဒူးရင်းသီးတစ်လုံးအား အလွန်မြင့်မားသော ဈေးနှုန်း ဒေါ်လာ ၄၈၀ဝ၀ (ဘတ် ၁.၅ သန်း) ဖြင့်  ဒေသဆိုင်ရာ လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခဲ့ကြောင်း သိရသည်။ ကမ္ဘာတွင် ဈေးအကြီး ဆုံးမျိုးဖြစ်သော Kanyao အမျိုးအစား ဒူးရင်းသီးကို ထိုင်းအလယ်ပိုင်း နွန်ထာဘူရီ ပြည်နယ်တွင် မကြာသေးမီက လေလံပွဲ၌ ချမ်းသာသူ ဒါဇင်များစွာက စိတ်ဝင်စားခဲ့ကြသည်။ ဒူးရင်းသီးတစ်လုံးလျှင် အနိမ့်ဆုံး ဘတ်  ၂၀ဝ၀ဝ ခန့်ရှိသော အနီးရှိ ဒူးရင်းခြံတစ်ခြံမှ  ထိုဒူးရင်းသီးကို တာဝန်ရှိသူများက ပွဲမတိုင်မီ တစ်ရက်တွင် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ရာသီဥတုတက်ကြွ လှုပ်ရှားသူ ဆယ်ကျော်သက် ဂရီတာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်ဆု ရရှိ

မေ ၂၈ ရက်တွင် ဗီယင်နာ၌ တက်ကြွ လှုပ်ရှားသူ ဂရီတာ၊  ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို တွေ့ရစဉ် (Photo: AFP)တစ်ကမ္ဘာလုံးပူနွေးလာမှု အန္တရာယ်နှင့် ပတ်သက်၍ကမ္ဘာ့ပြည်သူများ၏ အမြင် ကို ဆော်သြစည်းရုံးခဲ့သည့်အတွက် ဆွီဒင်၏ ဆယ်ကျော်သက် ရာသီဥတု တက်ကြွ လှုပ်ရှားသူ ဂရီတာသွန်းဘတ်သည် ဂုဏ်သိက္ခာရှိသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ဆု ချီးမြှင့်ခံခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၏ Ambassador of Conscience Award ချီးမြှင့်ခံရသည့်အတွက် အလွန်အမင်း ဂုဏ်ယူမိသည်ဟု အသက် ၁၆ နှစ် အရွယ်ရှိ ဂရီတာက ထုတ်ပြန်ခဲ့ပြီး ရာသီဥတု  ဆန္ဒပြပွဲများတွင် စာသင်ကျောင်းမှ ကျောင်းသားများ၏ သပိတ်ကိုဖြစ်ပေါ်စေခဲ့သည့် ゞင်း၏ Fridays for Futures အစီအစဉ်က လှုံ့ဆော်ပေးခဲ့သော လူတိုင်းကို အသိအမှတ် ပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

နယူးယောက်၏ တိုင်း(မ်)ရင်ပြင်အား ဗုံးခွဲရန် စီစဉ်မှုဖြင့် ဘင်္ဂ္လားဒေ့ရှ် ရွှေ့ပြောင်း အခြေချတစ်ဦးကို တရားစွဲ

၂၀၀၅ ခုနှစ် မေ ၅ ရက်တွင် နယူးယောက်ရှိ တိုင်း(မ်)ရင်ပြင်အနီး သွားလာနေသည့် ယာဉ်များကို တွေ့ရစဉ်  (Photo: AP)နယူးယောက်၏နာမည်ကျော် အဓိကဆွဲဆောင်မှုနေရာ တိုင်း(မ်)ရင်ပြင်အား တိုက်ခိုက်ရန် စီစဉ်မှုအတွက် ဘင်္ဂ္လားဒေ့ရှ်မှ ရွှေ့ပြောင်းအခြေချတစ်ဦးကို ဇွန် ၇ ရက်တွင် တရားစွဲခဲ့သည်။ နယူးယောက်စီးတီးကောလိပ်မှ ကျောင်းသားဖြစ်သော အာရှီကူအာလန် (၂၂ နှစ်) သည် သေနတ်နှင့်ဗုံးများ စုဆောင်းနေခဲ့ပြီး တိုင်း(မ်)ရင်ပြင်ကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေသည်ဟု ဖက်ဒရယ်ရှေ့နေများက ပြောကြားခဲ့သည်။ အာလန်သည် ရုပ်ဖျက်ထားသော စုံစမ်း စစ်ဆေးသူများထံမှ လက်နက်နှင့်ခဲယမ်းများ  ဝယ်ယူရန် ကြိုးပမ်းခဲ့ပြီးနောက် တိုက်ခိုက်ရန်အတွက် အကောင်းဆုံးနေရာအဖြစ် မန်ဟက်တန်ခရိုင်ကို စောင့်ကြည့်နေခဲ့ကြောင်း တရားစွဲဆိုမှုများက ဖော်ပြခဲ့သည်။

အီစတာ တိုက်ခိုက်မှုများအား စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး သီရိလင်္က࿿ာသမ္မတက ထောက်လှမ်းရေး အကြီးအကဲကို ထုတ်ပယ်ခဲ့

သီရိလင်္က࿿ာသမ္မတက ထောက်လှမ်းရေး အကြီးအကဲကို ရာထူးမှထုတ်ပယ်ခဲ့ ကြောင်း၊  အီစတာပွဲတော်နေ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွင် လုံခြုံရေးသတိလစ်ဟင်းမှုများနှင့်ပတ်သက်ပြီး ပါလီမန်ဆိုင်ရာစုံစမ်း စစ်ဆေးမှုတွင် သမ္မတက ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံခြားသား ၄၅ ဦးအပါအဝင် လူ ၂၅၈ ဦး သေဆုံးပြီး ၅၀ဝ ခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဧပြီ ၂၁ ရက်နေ့ တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးမည့် ပါလီမန်ဆိုင်ရာ လက်ရွေးစင်ကော်မတီကို ကန့်ကွက်ရန် သမ္မတ မေသရီပါလာသီရိသေနာက ဇွန် ၇ ရက် ည ပိုင်းတွင် အစိုးရအဖွဲ့ အရေးပေါ်အစည်း အဝေးတစ်ခုဆင့်ခေါ်ခဲ့သည်။

အမေရိကန်၏လွှမ်းမိုးမှုကို ရုရှားစီးပွားရေးဖိုရမ်၌ ပူတင်နှင့် ရှီတို့က ပြစ်တင်ဝေဖန်

တရုတ်သမ္မတရှီကျင်ပင်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဇွန် ၇ ရက်က ရုရှား စီးပွားရေးဖိုရမ်၏စင်မြင့်ပေါ်၌ အတူတကွ ရှိနေစဉ် ကမ္ဘာ့စီးပွားရေးအပေါ်အမေရိကန်၏ ထိန်းချုပ်ထားမှုအား ပြစ်တင်ဝေဖန်ခဲ့ကြသည်။ တရုတ်သည် အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေပြီး ရုရှားသည်လည်းအနောက်နိုင်ငံတို့၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရစဉ် ရှီနှင့်ပူတင်တို့သည် ကမ္ဘာ့စီးပွားရေးစနစ်ထဲမှ မညီမျှမှုများအား ပြင်းပြင်းထန်ထန်ဝေဖန်ကာ နှစ်နိုင်ငံကြားတွင် ဆက်ဆံရေးပိုမိုနီးကပ်စေရန် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း

ဗြိတိသျှ ကိုလိုနီခေတ်အတွင်း၌ အကြီးအကျယ် တိုးတက်လာသည့်အရာမှာ အမျိုးသမီးများ ပညာသင်ယူခွင့်ဖြစ်သည်။ ကိုလိုနီခေတ် မတိုင်မီက အမျိုးသားများအတွက် ပညာရေးသည်ပင်လျှင် မိရိုးဖလာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသင် ပညာရေးစနစ်အပေါ်၌သာ မှီခိုနေရသည်။ သို့သော် ၁၉၁၁ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း အမျိုးသမီးများ ပညာသင်ယူခွင့်သည် ကျောင်းသူပေါင်း ၄၅çဝ၀ဝ အထိ ၆၁ ရာခိုင်နှုန်းနှင့် ၁၉၂၁ ခုနှစ်မှ ၁၉၃၁ ခုနှစ်အတွင်း ၁၀ဝ,ဝ၀ဝ အထိ နောက်ထပ် ၈၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းမှာ မိန်းကလေး သီးသန့်ကျောင်းများပုံစံဖြင့် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ စနစ်ကို တိုးချဲ့လာခဲ့သောကြောင့်လည်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇၂ ရာခိုင်နှုန်း ရှိခဲ့ခြင်းကြောင့် အကျိုးဆက် အနေဖြင့် ရာသီဥတုပြောင်းလဲမှု ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ဇွန် ၇ ရက်က ပြုလုပ်သည့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များအား အကြံပြုဆွေးနွေးခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို တွေ့ရစဉ်ျမန္မာနိုင္ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင် နှုန်းရှိသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ခြင်းကြောင့် အကျိုးဆက် အနေဖြင့် ရာသီဥတု ပြောင်းလဲမှု ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

စည်းကြပ်ခွန်ပြဋ္ဌဌာန်းမှုကို ရှောင်ရှားရန် အမေရိကန်နှင့်မက္ကဆီကိုကြား၌ သဘောတူညီချက်ရရှိ

ဗဟိုအမေရိကဘက်မှ ဝင်လာသည့် ရွှေ့ပြောင်းအခြေချများကို ဟန့်တားရန် အမေရိကန်နှင့် မက္ကဆီကိုကြားတွင် ဇွန် ၇ ရက် နှောင်းပိုင်းက သဘောတူညီချက်တစ်ခု ရရှိသွားခဲ့သည်။ ထို့ကြောင့် အိမ်နီးချင်း မက္ကဆီကိုအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန် သမ္မတ ဒေါ်နယ်ထရန့်ဘက်မှ ခြိမ်းခြောက်မှုများမှာ လည်း အားလျော့သွားခဲ့ပြီ ဖြစ်သည်။ဇွန် ၁၀ ရက်မှစပြီး မက္ကဆီကို၏ ကုန်ပစ္စည်းများအားလုံးအပေါ် အခွန်ငါးရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်ရန် ထရန့်မှာ အသင့်ဖြစ်နေစဉ် ထိပ်တန်းအရာရှိများသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံး၌ သုံးရက်ကြာ  အပြင်းအထန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ်

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောလိုက်ပါတယ်။ ဒီကနေ့ ညနေပိုင်းက နေပြည်တော်မှာ သတင်းမီဒီယာတွေ ရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မူးမြို့နယ် မဲဆန္ဒနယ် က ဝင်ပြိုင်ခဲ့သလို ၊ ဦးဝင်းမြင့်ကလည်း တာမွေမဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့တာပါ။

ဒုက္ခသည်တွေ ပြန်လာရေး အာစီယံ ပြောကြားချက် ဝေဖန်ခံရ

မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ ရခိုင်ပြည်နယ်တွင်းက လက်ရှိ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ဖိနှိပ်ခံ မူဆလင် လူနည်းစုရဲ့ အမည်ကို အသိအမှတ်မပြုတဲ့ ကိစ္စတွေကို အရေးတယူ မပြောဘဲ ရိုဟင်ဂျာ ၅ သိန်းလောက် လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံကို ပြန်နိုင်လိမ့်မယ်လို့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ အစီရင်ခံစာက ခန့်မှန်းပြောဆိုလိုက်တဲ့ အပေါ် လေ့လာသူတွေကကြား မယုံကြည်နိုင်ဖြစ်နေကြပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး ကက်သလစ် ဆရာတော်များတောင်းဆို

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့ ကက်သလစ် ခရစ်ယာန်ဆရာတော်တွေရဲ့တောင်းဆိုမှုကို ဒီစီမံကိန်းအတွက် တာဝန်ရှိသူအားလုံး အလေးအနက်ထား စဉ်းစားပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ခရစ်ယာန် ဆရာတော်ကြီးများအဖွဲ့ချုပ်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားကြေညာချက် ထုတ်ပြန်အပြီး အခုလို ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

လူ့ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေး ကချင်ဒုက္ခသည်တွေ တောင်းဆို

ကချင်စစ်ရှောင်ဒုက္ခသည်တွေ မိမိတို့နေရပ်ကို ကိုယ့်သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးနဲ့ လက်ရှိစစ်ရှောင်စခန်းတွေထဲမှာ လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နေနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုပေးရေးတွေကို တကျော့ပြန် ကချင်စစ်ပွဲ ရှစ် နှစ်ပြည့်ချိန် ကချင်စစ်ရှောင်လူငယ်တွေက တောင်းဆိုလိုက်ကြပါတယ်။ ကချင်အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ တိုက်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေး တရားစီရင်ဖို့ကိုလည်း နိုင်ငံတကာရောက်ကချင်တွေကလည်း တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အစိုးရရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ထိရောက်နိုင်သလား

ရခိုင်ဒေသရဲ့စစ်ရေးပဋိပက္ခကို လျှော့ချဖြေရှင်းဖို့ဆိုရင် အင်အားကြီးတဲ့ မြန်မာ့တပ်မတော်ဘက်က အလျော့ပေးတဲ့နည်းကို သုံးခြင်းအားဖြင့် ပြဿနာကို ပြေလည်စေနိုင်မှာ ဖြစ်သလို၊ နိုင်ငံတကာအလယ်မှာ ကျဆင်းနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး အဖတ်ဆယ် နိုင်လိမ့် မယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်တွေက ထောက်ပြကြပါတယ်။ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း အပစ်ရပ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသွားဖို့ သမ္မတရုံးပြောခွင့်ရက ဖိတ်ခေါ်လိုက်အပြီး အခုလို သုံးသပ်လိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။