Pages
Monday, May 6, 2019
အိန္ဒိယ နိုင်ငံကူးလက်မှတ် ရယူထားတဲ့ ခိုးဝင်ဘင်္ဂါလီတစ်ဦး ထွက်ပြေးနေ
အိန္ဒိယနိုင်ငံထဲကို မြန်မာနိုင်ငံကနေ ခိုးဝင်လာပြီးနောက် အိန္ဒိယ နိုင်ငံကူးလက်မှတ်ရရှိအောင် ကြိုးစားထားတဲ့ ဘင်္ဂါလီတစ်ဦးကို အိန္ဒိယရဲက လိုက်လံဖမ်းဆီးနေပါတယ်။ အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်ပြည်နယ်မှာ တရားမဝင် ဝင်ရောက်လာသူတစ်ဦးကို သတင်းပေးချက်အရ ဆိုက်ဘာရာဘတ်ရဲတပ်ဖွဲ့က လိပ်စာကို ခြေရာခံပြီး ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရှိတ် အလီယက်စ်ဆိုသူဟာ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာပြီးနောက် အိန္ဒိယမှတ်ပုံတင်ကတ်ရရှိအောင် ကြိုးစားခဲ့နောက် နိုင်ငံကူးလက်မှတ်ကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်မှာ ဖော်ပြတဲ့အတိုင်း ဖမ်းဆီးဖို့ သွားရောက်စဉ် ခိုးဝင်လာသူ ဘင်္ဂါလီက ထွက်ပြေးလွတ်မြောက်သွားလို့ တရားရုံး တင်နိုင်ဖို့နဲ့ အိန္ဒိယနိုင်ငံသား ကတ်ကို ဘယ်လိုရယူခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းနေပါတယ်။
သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများပြုပြင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၁၈.၀၆၆ သန်းသုံးစွဲရန် ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်
သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများပြုပြင်ရန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရန်ပုံငွေမှ ခွဲဝေသုံးစွဲမည့် ကျပ် ၃၁၈. ၀၆၆သန်းအား မှတ်တမ်းတင်အတည်ပြုပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် ကတင်ပြခဲ့သည်။ ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာန၏ သုံးစွဲငွေ ၃၁၈.၀၆၆သန်း ခွဲဝေသုံးစွဲထားမှုကို လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာခဲ့သည်။
ဧရာဝတီလင်းပိုင်သေတစ်ကောင် သပိတ်ကျင်းတွင်တွေ့ရှိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံလိုကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးပြော
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် မည့်သည့်စည်းကမ်းသတ်မှတ်ချက်မှမပါဘဲ တွေ့ဆုံဆွေးနွေးလိုသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကမ်းလှမ်းစကားပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ဂျပန်သတင်းစာ ဆန်ကိုင်းရှင်ဘွန်း၏ မေးမြန်းမှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖြေကြားရာတွင် “မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ကျွန်တော်ဘယ်လိုစည်းကမ်းသတ်မှတ်ချက်မျိုးမှ မပါဘဲ တွေ့ဆုံလိုပါတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောလိုပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံအကြားရှိနေတဲ့ မယုံကြည်မှုဆိုတဲ့ ဥခွံကြီးကို မိမိတို့အချင်းချင်း မျက်နှာချင်းဆိုင်မှုမရှိဘဲ ချိုးဖျက်ပစ်လို့ မရနိုင်ပါဘူး”ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။
လေဆိပ် ၃ ခုအဆင့်မြှင့်တင်ရေးလက်ရှိတွင် စတင်နိုင်ခြင်းမရှိသေး
ပြည်တွင်းရှိ လေဆိပ် ၃ ခုဖြစ်သော ဟဲဟိုးလေဆိပ်၊ ကော့သောင်းလေဆိပ်နှင့် မော်လမြိုင်လေဆိပ်တို့ အဆင့်မြှင့်တင်ရေးနှင့်ပတ်သက် ၍ လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိသောကုမ္ပဏီများနှင့်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလေဆိပ်များအဆင့်မြှင့်တင်ပြီးပါက နိုင်ငံတကာမှ လေယာဉ်များတိုက်ရိုက်ဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလျံ ၂,၀၀၀ ကျော် ထုတ်ချေးမည်ဖြစ်ပြီး ယခင်နှစ်ထက် ကျပ်သန်း ၂၁၀ ပိုမိုထုတ်ချေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
လက်ရှိဘဏ္ဍာနှစ်တွင် စိုက်ပျိုး စရိတ်ချေးငွေ ကျပ်ဘီလျံ ၂,၀၀၀ ကျော် ထုတ်ချေးသွားမည်ဖြစ်ပြီး ယခင်နှစ်ထက် ကျပ်သန်း ၂၁၀ ပိုမို ထုတ်ချေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ၌ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားရွေးကောက်ပွဲ မဲရုံဝန်ထမ်း ၃၁၈ ဦးသေဆုံး၊ နှစ်ထောင်ကျော် နာမကျန်းဖြစ်
ဧပြီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်း ၃၁၈ ဦး သေဆုံးခဲ့ပြီး ၂,၂၃၂ ဦး နာမကျန်းဝေဒနာခံစားခဲ့ရကြောင်း အင်ဒိုနီးရှား ထွေထွေရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။ “ဒီဝန်ထမ်းအများစုက နှစ်ညလုံးလုံးမဲအရေအတွက် အမှားအယွင်းမရှိအောင် အလုပ်လုပ်ရတဲ့ ဖိအားအောက်မှာ နေခဲ့ရတာ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်နာ ပရာမိုနိုတန်တိုဝီက ပြောကြားသည်။
လျှပ်စစ်မီး များများသုံးလေ၊ ရောင်းသူများများရှုံးလေဖြစ်နေ၍ လျှပ်စစ်ဓာတ်အား လုံလောက်စွာမပေးနိုင်ခြင်းဖြစ်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော
ပြည်သူလူထုက လျှပ်စစ်မီးများများသုံးလေ၊ ရောင်းသူက များများ ရှုံးလေဖြစ်နေ၍ လျှပ်စစ်ဓာတ်အား လုံလောက်စွာမပေးနိုင်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။ ''လျှပ်စစ်မီးများများ မီးလင်းအောင်လုပ်မယ်ဆိုရင် များများစိုက်ထုတ်ပြီး များများအရှုံးခံရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်ဆိုတာ ပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်။ လျှပ်စစ်မီးဟာ LNG ဓာတ်ငွေ့နဲ့လုပ်မယ်ဆိုရင် ထုတ်လုပ်မယ်ဆိုရင် ၁၁ဝ လောက် အနိမ့်ဆုံးကျပါမယ်။ ကျွန်တော်တို့ လျှပ်စစ်မီးကို ပေးနေတာ ၃၅ ကျပ်ကနေ စပေးနေတာဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ စိုက်ထုတ်နေရတဲ့အခြေအနေ ဖြစ်ပါတယ်။
သင်္ဃန်းကျွန်း စံပြဆေးရုံမွေးလူနာဆောင်မှ ပြုတ်ကျသည့်အမျိုးသား ဆေးကုသနေစဉ် သေဆုံး
သင်္ဃန်းကျွန်း စံပြဆေးရုံ မွေးလူနာဆောင်မှ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့မှု မေ ၅ ရက်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းစံပြဆေးရုံ သားဖွားဆောင် ဒုတိယအထပ်မှ အမျိုးသားတစ်ဦးပြုတ်ကျမှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ဒဂုံဆိပ်ကမ်းမြို့နယ်နေ ၆၇ ရပ်ကွက်နေ ထွန်းဝင်းကျော် (၄၀ နှစ်)ဖြစ်ပြီး ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာရရှိထားပြီး သင်္ဃန်းကျွန်းစံပြဆေးရုံမှ မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့လွှဲပြောင်း ကုသထားစဉ် ညနေ ၅ နာရီ ၁၀ မိနစ်တွင် သေဆုံးခဲ့သည်။
အဖျက်ဆီးခံ ကျူးကျော်တဲများမှ ပြည်သူများ မန္တလေးတိုင်း ဝန်ကြီးချုပ်ထံ အသနားခံစာတင်ရန် အစိုးရအဖွဲ့ရုံးသို့လာရောက်
သရုပ်ဆောင်ဝေဠုကျော်နှင့်အလှမယ် သင်းသင်းတို့အပြန်လှန်ပြောဆိုထားသည့် ဖုန်းအသံဖိုင် သက်သေအဖြစ်တင်
သရုပ်ဆောင်ဝေဠုကျော်နှင့်အလှမယ်သင်းသင်းတို့ ဖုန်းအပြန်လှန်ပြောဆိုထားသည့် အသံဖိုင်ကို ယနေ့ရုံးချိန်းတွင် အသက်သေအဖြစ်တင်သွင်းခဲ့သည်။ ယနေ့ရုံးချိန်းသည် အလှမယ်သင်းသင်းမှ တရားလိုပြုလုပ်၍ ကာမလိမ်လည်ရယူမှုဖြင့် သရုပ်ဆောင်ဝေဠုကျော်ကို ဆရားစွဲဆိုထားသည့်အမှု၏ ၇ ကြိမ်မြောက်ရုံးချိန်းလည်းဖြစ်သည်။ တရားလိုဘက်မှတင်သွင်းထားသည့် စာမျက်နှာ၂၃၅ မျက်နှာပါရှိသည့် အသံဖိုင်ကို လည်မည့်ရုံးချိန်းတွင် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်သည်။
လေအေးစက် ၀င်ခိုးတဲ့သူကို ရပ်ကွက်သားတွေ ၀ိုင်းဖမ်းဆီး ပေး

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်၍ အမျိုးသမီးနှစ်ဦးသေဆုံး

လွိုင်ကော်မြို့၊ ဘီလူးချောင်းအတွင်း ကျောင်းသား ၁ဦး ရေနစ်ပျောက်ဆုံး
လက်ရည်တူပေမယ့် Performance ကြောင့် တဆင့်တက်ခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် ညိုမီမီထွန်း
ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီးတေးသံရှင် သာဒီးလူရဲ့ သီ ချင်းတပုဒ်ဖြစ်တဲ့ ဂျူဒီသီချင်းထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ ဒီတခါမှာတော့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ ပုံစံတမျိုးနဲ့ မိန်းကလေး ၂ ယောက်အပြိုင်ကြဲသီဆိုဟန် ရှုစားကြရမှာ ဖြစ်ပါတယ်။ “ဂျူဒီ မင်းအတွက်နဲ့ ဂျူဒီ… အိပ်ပျက်တာများပြီး တွေးရခက် အဖြေမပေါ်တဲ့ ဒဿ နရယ်… ကံကိုယုံပြီးတော့ငါ ဆူးပုံနင်းလိုက်တယ်… ဖွတ်ထွက်မှတောင်ပို့မှန်း သိလေတယ်”
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအရှိန်မြင့်တက်နေမှုကြောင့် လူ ၂၀ ကျော်သေဆုံးပြီး လူ ၂၀၀ ကျော်ဒဏ်ရာရ

မေလတွင် မုန်တိုင်းတကြိမ်ဖြစ်နိုင်၊ မုတ်သုန်လေ မေ ၁၈ ရက် ၀င်မည်မှန်း
မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။ မိုးလေ၀သဌာနရဲ့ မေလ လပတ်အတွက် ခန့်မှန်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး အနောက်တောင်မုတ်သုန်လေဟာ မေလ ၁၈ ရက်လောက်ကျမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကနေ စတင်ဝင်ရောက်နိုင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၁၀၀ တုံး ဖမ်းဆီးရမိမှု မိုးညှင်းမြို့ ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူများအားအမှုဖွင့်စုံစမ်း
မိုးညှင်းမြို့နယ် နန့်ပုတ်ကျေိးရွာအနီး မိုးညှင်းမြို့ရှောင်လမ်း၌ ရပ်တန့်ထားသည့် မော်တော်ယာဉ် ၁၇ စီး (၁၂ ဘီးယာဉ် ၁၅၊ တွဲယာဉ် ၂)တို့အား စစ်ဆေးရာ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၁၀၀ တုံးအား မေလ ၂ ရက်က သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းနှင့်ပတ်သက်၍ မိုးညှင်းမြို့ ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူများအားအမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အာဖဂန် ရဲဌာနချုပ်တခုကို တာလီဘန် စီးနင်းတိုက်ခိုက်၊ လူ ၁၃ ဦးထက်မနည်း သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပူလ်အီခူရှ်မရီမြို့က ရဲဌာနချုပ်တခုကို တာလီဘန် စစ်သွေးကြွတွေ ဝင်စီးနင်းတိုက်ခိုက်ခဲ့လို့ လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မေလ ၅ ရက်နေ့မှာ ပြောပါတယ်။ တာလီဘန်စစ်သွေးကြွ တယောက်ဟာ ရဲဌာနချုပ် အပေါက်ဝမှာ အသေခံ ကားဗုံးခွဲပြီးနောက် သေနတ်သမားရှစ်ယောက်က အဆောက်အအုံထဲကို ဝင်တိုက်ခိုက်ခဲ့တယ်လို့ အာဖဂန်အရာရှိနှစ်ယောက်က ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုများပေါ်ပေါက်ခဲ့အပြီး အစ္စလာမ်မစ် တရားဟောဆရာ ၂၀၀ ခန့် ကို သီရိလင်္ကာ နှင်ထုတ်
ဒေသတွင်း ဂျီဟတ်အုပ်စုတစ်ခုရဲ့လက်ချက်လို့  ပြစ်တင်စွပ်စွဲထားတဲ့ အီစတာပွဲတော်နေ့  ခရစ်ယာန်ဘုရားကျောင်းတွေ ဗုံးခွဲတိုက်ခိုက်မှုပေါ်ပေါက်ခဲ့အပြီးမှာ အစ္စလာမ်မစ် တရားဟောဆရာ ၂၀၀ ခန့် အပါအ၀င် နိုင်ငံခြားသား ၆၀၀ လောက်ကို သီရိလင်္ကာအစိုးရက နိုင်ငံမှ နှင်ထုတ်ခဲ့ကြောင်း အစိုးရ၀န်ကြီးတစ်ဦးက မေ ၅ ရက်နေ့ မှာ ပြောဆိုခဲ့ပါတယ်။
ရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်မှ ရီဘာရီ ထွက်ဖွယ်ရှိ
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 6 May 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၀၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၀၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၆၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
တောင်ဇင်းတိုက်နယ်တွင် ထောင့်သန်းရောဂါ သံသယရှိသူ ၇ ဦး တွေ့ရှိ


စိုက်ပါ၊ ထိန်းပါ၊ မခုတ်ပါနဲ့
မနေ့က ည ဆယ်နာရီလောက် ဖုန်းဝင်လာတယ်။ ယပ်တောင် ခတ်ရင်း ဘုရားရှိခိုးနေလို့ ဖုန်းမကိုင်ဖြစ်ဘူး။ ဘုရားရှိခိုး မေတ္တာပို့အမျှဝေပြီးတော့မှ ဘယ်သူခေါ်တဲ့ဖုန်းလဲ မသိလေတော့ ကြည့်မိလိုက်တယ်။ ရွာက အစ်မဝမ်းကွဲခေါ်ထားတာပါ။ ဒါပေမဲ့ ကျွန်မတို့က သူ့ကို “မမ” တစ်လှည့်၊ “အဒွေး” လို့ တစ်ဖုံ အမျိုးမျိုး ပြောင်းခေါ်ခဲ့ကြတာပါ။ သူ့ကိုဖုန်းပြန်ခေါ်တော့ သူက ဝမ်းသာအားရ “ငါ့ဖြင့် ညည်းဖုန်းမျှော်နေသာရယ်၊ ငါ့တူမ ပြန်ခေါ်မှာ ဒဲ့ထိသိလို့ စောင့်နေတာတဲ့လေ”
ထိုင်းဘုရင် နန်းတက်ပွဲ နိုင်ငံတဝန်းမှ ပြည်သူများ ကြည့်ရှု

တောင်သမန်က မြေလုပွဲ
မန္တလေးမြို့တောင်ဘက်ရှိ တောင်သမန်အင်းသည် လှပသည့်နေရာတွင် နာမည်ကျော်သကဲ့သို့ အင်းလုပ်ပိုင်ခွင့်အတွက် အပြိုင်အဆိုင် ယှဉ်ပြိုင်ကြသည့်နေရာတွင်လည်း နာမည်ကြီးသည်။ အမရပူရတွင် အင်းသူကြီး ဦးချစ်ခိုင်နှင့် ဦးမြင့်ဝေကား အင်းလေလံများကို အပြိုင်အဆိုင် ဆွဲနေကြသည့် ပြိုင်ဘက်နှစ်ဦးလည်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ဦးချစ်ခိုင် အင်းလေလံအပြိုင်မဆွဲနိုင်တော့ဘဲ တရားရုံးချိန်းလာရာမှ ခြောက်နာရီကြာ သတိမေ့ပြီးနောက် မန္တလေးပြည်သူ့ဆေးရုံတွင် လက်ထိပ်ခတ်ခံရရင်း ဆေးကုသမှုခံယူနေရပြီဖြစ်သည်။
တရုတ်မယားအဖြစ်သွတ်သွင်းရန် ကျပ်သိန်း ၄၀ မှ ငွေကျပ်သိန်း ၈၀ အထိ မက်လုံးပေးကာ လူကုန်ကူးမှုများပြုလုပ်လျှက်ရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကုန်ကူးသူအချို့မှ မြန်မာအမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်အတွက် ငွေကျပ်သိန်း ၄၀ မှ ငွေကျပ်သိန်း ၈၀ အထိ မက်လုံးပေးကာ လူကုန်ကူးမှုများပြုလုပ်လျှက်ရှိ ကြောင်းသိရသည်။ ယင်းသို့ လူကုန်ကူးမှုတွင် အသက်ငယ်ရွယ်ပြီး အိမ်ထောင်မရှိအပျိုဖြစ်ပါက ငွေကျပ်သိန်း ၈၀ နှင့်အထက်ပေးကာ အသက်အရွယ် အတော်အတန်ရှိ အိမ်ထောင်မရှိသည့် အမျိုးသမီးများကိုမူ ငွေကျပ်သိန်း ၄၀ ခန့်ပေးကာ စည်းရုံးမှုများရှိ နေကြောင်း လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းများထံမှ သိရသည်။
YBS တပတ်ရစ်ကားများ အဲကွန်းပြင်ဆင်မှုများ လုပ်ဆောင်သော်လည်း အပူချိန်မြင့်မားမှုကြောင့် မကြာခဏ ပြန်ပျက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS တပတ်ရစ်ကားများ အဲကွန်းပြင်ဆင်မှု လုပ်ဆောင်လျက်ရှိကြသော်လည်း အပူချိန်မြင့်မားမှုကြောင့် မကြာခဏပြန်ပျက်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS အစီးရေ ၆ဝဝဝ ကျော်အနက် အစီးရေ ၂၈ဝဝ မှာကားသစ်များဖြစ်ပြီး Foton ကုမ္ပဏီ၊ Yutone ကုမ္ပဏီ၊ Ankai ကုမ္ပဏီထုတ်ကားများ ဖြစ်ကြသည်။ ကျန်ကားအစီးရေ ၃၂ဝဝ ခန့်မှာ ကိုရီးယားနိုင်ငံထုတ် တပတ်ရစ်ကား (Used Car) များဖြစ်ခြင်းကြောင့် လက်ရှိ ရန်ကုန်အပူချိန်ကိုမခံနိုင်ဘဲ အဲကွန်းများမနိုင်ခြင်း၊ မကြာခဏ ပြန်လည်ပြင်ဆင်နေရခြင်းများရှိနေကြောင်း သိရသည်။
"ပရိသတ်တွေမျှော်လင့်နေတဲ့ ချန်ပီယံဆုယူပေးနိုင်ခဲ့လို့ ဝမ်းသာပါတယ်။"

တရားမ၀င်စက်သုံးဆီအရောင်းဆိုင်များ မန္တလေးတွင် ပြင်းထန်စွာအရေးယူမည်
မန္တလေး-မတ္တရာလမ်းရှိ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်နေသော စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်နှင့် နိုင်ငံတော် အခွန်ငွေ မနစ်နာစေရန်အလို့ဌာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင် ဖြန့်ဖြူးရောင်းချရေး ဥပဒေပုဒ်မ (၃၇)အရ ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ-၆ ၊ ၂၀၁၉
ဒီကနေ့မေ ၆ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၂ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၆ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၈၅ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၀ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၈ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၃ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၇ ကျပ် (ဘဏ်ကအဝယ်)၊၄၈ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၃၈၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၀၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၁၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၀ကျပ်ဈေးဖြစ်ပါ တယ်။
သီရိလင်္ကာ အကြမ်းဖက်မှုအတွင်း သေဆုံးသွားတဲ့ သားသမီးသုံးဦးရဲ့ ဈာပနပွဲကို ဝမ်းနည်းဖွယ် ကျင်းပပေးခဲ့ရတဲ့ Asos ဘီလျံနာ
နေပြည်တော်တွင် ပြုလုပ်မည့် ဘာသာပေါင်းစုံဆွေးနွေးပွဲ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်
မေလ ၇ ရက်မှ ၈ ရက်အထိ ၂ ရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည့် ဘာသာပေါင်းစုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုတက်ရောက်မည် ဖြစ်သည်။ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ စီစဉ်ခြင်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ တွင် ပြုလုပ်မည် ဖြစ်ကာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိနေသည်ဟုလည်း သိရသည်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားဖို့ မထိုက်တန်ဘူး - ဆိုးလ်ရှား
မန်ယူအသင်းဟာ ဟတ်ဒါဖီးလ်ကို ၁-၁ ဂိုးနဲ့ သရေကျပြီးနောက် ဆိုးလ်ရှားက သူတို့ဟာ လာမယ့်ရာသီချန်ပီယံလိဂ် ကစားဖို့အတွက် မထိုက်တန်ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ တန်းဆင်းသွားခဲ့ပြီးဖြစ်တဲ့ ဟတ်ဒါဖီးလ်ကို သရေကျခဲ့တာကြောင့် ထိပ်ဆုံး (၄)သင်းထဲ ဝင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့တာဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားနိုင်ရေး အိပ်မက်ဟာလည်း လုံးလုံးပျက်စီးသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအား လေ့လာသုံးသပ်မည့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းများအား ပြန်လည် သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ Parkroyal ဟိုတယ်၌ မေလ ၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှ အကြံပြုထားသည့် အချက် များအား အကောင်အထည်ဖော်ရာ၌ ရခိုင်ပြည်နယ်အတွက် ပိုမိုအကျိုးရှိစေရန် ပြုလုပ်ရခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဆိုသည်။
ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတွေရဲ့အဆောက်အဦ မီးလင်းရေးအတွက် ကျပ်သန်း ၅၈၀ကျော် သုံးစွဲမယ်
လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတွေရဲ့အဆောက်အဦတွေမှာ လျှပ်စစ်မီး အရေးပေါ်လိုအပ်နေတာကြောင့် လျှပ်စစ်မီး သွယ်တန်း၊ တပ်ဆင်ဖို့အတွက် ကျပ်သန်းပေါင်း ၅၈၀ကျော် သုံးစွဲသွားမယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားလိုက်ပါတယ်။ ၂၀၁၈-၁၉ ခုနှစ်၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာရံပုံငွေ အရအသုံးဆိုင်ရာ အရေးပေါ် ရံပုံငွေကနေ ပြည်ထဲရေး ဝန်ကြီး ဌာနက ငွေကျပ် ၅၈၇ဒဿမ ၄၃၇သန်း သုံးစွဲမှာနဲ့ ပတ်သက်ပြီး မေလ ၆ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီးက လာရောက်ရှင်းလင်းခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ်ရံပုံငွေကနေ သုံးစွဲမယ့် ဒီကုန်ကျစရိတ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။
မန္တလေးတွင် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှု ပြုလုပ်
ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများကို မန္တလေးမြို့ရှိ နေရာ ၅ ခုတွင် မေလ ၆ ရက်မှ ၁၂ ရက်နေ့အထိ အသိပညာပေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၁၉ ခုနှစ် ၊ မေလ ၆ ရက်၊နံနက်ပိုင်း တွင် က.ည.န ရုံးတွင်းနှင့် ရုံးအရှေ့ သိပ္ပံလမ်းပေါ်တွင် ပညာပေးစတေကာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့စဉ်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာနည်းဥပဒေများ ပေါ်ထွက်လာရေး ဆွေးနွေး
မကြာသေးခင်ကမှ ပြဋ္ဌဌာန်းလိုက်သော အလုပ်သမားများနှင့်အလုပ်ရှင်များအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို လက်တွေ့အကောင်ထည်ဖော်မည့် နည်းဥပဒေ ပေါ်ထွက်လာစေရေး အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများမှတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။မေ ၆ ရက်နေ့က နေပြည်တော်၊ M Gallery ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေ ၇ ရက်တွင်ပါ ကျင်းပမည် ဖြစ်ကာ စုစုပေါင်း ၂ ရက် ကျင်းပသွားမည်ဖြစ်သည်
ကမ်းခြေဥပဒေကို ပြည်ထောင်စုဝန်ကြီးဌာနမှ ရေးဆွဲထားခြင်းမရှိဟု စည်ပင်ဝန်ကြီးဆို
ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး ကိစ္စများအတွက် ကမ်းခြေဥပဒေကို ပြည်ထောင်စုဝန်ကြီးဌာနက ရေးဆွဲထားခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ "ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကိစ္စများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသန္တရ အမိန့်ထုတ်ပြီး စည်းကမ်း ထိန်းသိမ်းနေတဲ့အနေအထားရှိပါတယ်။ ကမ်းခြေဥပဒေဆိုတာတော့ ပြည်ထောင်စု ဟိုတယ် ခရီးသွား ဝန်ကြီး ဌာနက ရေးဆွဲပြီးတော့မှ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းရမယ့်ကိစ္စဖြစ်တယ်။
ကန့်ဘလူခရိုင် ဘူးကုန်းဒေသရှိ သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေးဆန္ဒထုတ်ဖော်

ပြည်ပသို့ကျွဲ၊နွားတင်ပို့မှုတရားဝင်ခွင့်ပြုချိန်မှစတင်ပြီး အကောင်ရေ ငါးသိန်းခန့်တင်ပို့ထား
ပြည်ပသို့ကျွဲ၊နွားများတရားဝင်တင်ပို့ခွင့်ကို (၂၀၁၇)ခုနှစ်မှစတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး(၂)နှစ်အတွင်း အကောင်ရေ ငါးသိန်းခန့်အထိ တင်ပို့ခွင့်ပြုထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။ "အခုနှစ်ထဲမှာတော့ တစ်ဖက်နိုင်ငံက တရားမဝင် ဝင်ရောက်မှုတွေကိုထိန်းချုပ်ကန့်သတ်တာတွေလုပ်နေတာကြောင့် ဈေးကွက်က အေးသလိုဖြစ်နေပါတယ်။ဒါပေမယ့် ၂နှစ်နီးပါးမှာအကောင်ရေ ငါးသိန်းလောက် တင်ပို့ထားပါတယ်"ဟု ကုန်သွယ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးကဆိုသည်။
ဖားကန့်တွင် တောင်ကမ်းပါးယံပြိုကျ၍ ကျောက်တူးနေသူ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ဖားကန့်တွင် နွံကန်ပွင့်ကျမှုနှင့် တောင်ကမ်းပါးယံပြိုကျမှုကြောင့် လူ ၆၀ ခန့် သေဆုံး၍ အန္တရာယ်ရှိသော လုပ်ကွက်အချို့ ကို ပိတ်သိမ်းထားစဉ်တောင် ကမ်းပါးယံပြိုကျမှု ထပ်မံဖြစ်ပွားရာ ကျောက်တူးနေသူနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ မေလ ၄ ရက် ညနေ ၄ နာရီခွဲခန့်က ဖားကန့်မြို့နယ်တောင် ကော့ကျေးရွာရှိ သက်တမ်းကုန် လုပ်ကွက်ဟောင်းတွင် တောင်ကမ်းယံပြိုကျမှုဖြစ်ပွားခြင်းဖြစ်သည်။
သီရိလင်္ကာကျောင်းတွေမှာ လုံခြုံရေးဝန်ထမ်းတွေချထားဖို့ အမိန့်ထုတ်
သီရိလင်္ကာနိုင်ငံမှာ ဒီနေ့ကျောင်းတွေ ပြန်မဖွင့်ခင်မှာ လုံခြုံရေးဝန်ထမ်းထောင်သောင်းချီပြီး ကျောင်းတွေမှာ တာဝန်ချထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ IS - အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့က အီစတာပွဲတော်နေ့ ဧပြီ ၂၁ ရက်က တိုက်ခိုက်ချိန်ကစလို့ အစ္စလမ်ဘုန်းတော်ကြီး ၂၀၀ အပါအ၀င် နိုင်ငံခြားသား ၆၀၀ ကျော်ကို နိုင်ငံကနှင်ထုတ်လိုက်ပြီလို့လည်း အစိုးရက ပြောပါတယ်။ နိုင်ငံတ၀န်းက ကျောင်းတသောင်းကိုးရာလောက်မှာ ဖောက်ခွဲရေးပစ္စည်းတွေရှာဖွေပြီး လုံခြုံရေးအစောင့်တွေလည်း ချထားပါတယ်။
Fani ဆိုက်ကလုန်းကြောင့် လူ ၄၂ ဦး သေဆုံး
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုက်သွားတဲ့ Fani ဆိုက်ကလုန်းမုန်တိုင်းကြောင့် လူ ၄၂ ယောက်သေဆုံးရပြီး မုန်တိုင်းကြောင့် ပြတ်တောက်သွားတဲ့ ရေဖြန့်ဝေရေးစနစ်နဲ့ လမ်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက အမြန်ပြင်ဆင်နေကြပါတယ်။ အိန္ဒိယအရှေ့ပိုင်း Odisha ပြည်နယ်မှာ လူ ၂၉ ယောက်သေဆုံးရပြီး ဘင်္ဂလားဒေ့ရှ်မှာ လူ ၁၃ ယောက် သေဆုံးရတယ်လို့ နှစ်နိုင်ငံက တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းအားပျော့မသွားခင် တနာရီ ၁၂၅ မိုင်နှုန်းနဲ့ သောကြာနေ့က တနာရီကြာတိုက်ခဲ့ပါတယ်။ မိုးကြိုးပစ်လို့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၆ ဦးသေဆုံးရပါတယ်။ အိန္ဒိယက ဟိန္ဒူဘုရားဖူးတွေလာကြတဲ့ Puri မြို့မှာတင် မုန်တိုင်းကြောင့် လူ ၂၁ ယောက် သေဆုံးရပါတယ်။
ဆန်ဈေးအရှုံးပေါ်နေသဖြင့် စပါးများမကြိတ်ခွဲနိုင်တော့ဘဲပုံထားရဟု ဆို
တရုတ်မှ ၀ယ်လိုအားကျဆင်းလာသော ပြည်တွင်းဆန်ဈေးကွက်တွင် စပါးများ မကြိတ်နိုင်တော့ဘဲ ပုံထားလာရကြောင်း ဆန်ရောင်းဝ ယ်နေသူများထံမှ သိရသည်။ သင်္ကြန်မတိုင်မီ ဧပြီလပထမအပတ်တွင် ၂၅ ရာခိုင်နှုန်းဆန်အမျိုးအစားတစ်တင်းခွဲပါ ဆန်တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ မှ ကျပ် ၁၉ ၅၀၀ အထိဈေးရရှိခဲ့သော်လည်းလက်ရှိမေလဆန်းတွင် ကျပ် ၁၇၀ ၀၀ မှ ကျပ် ၁၇၅၀၀ ဝန်းကျင်သာဈေးနှုန်းရရှိကြောင်း သိရသည်။
အမိုးပေါ်မှာ အပင်ငယ်တွေစိုက်ထားတဲ့ ဘတ်စ်ကားများ စင်ကာပူမှာ စတင်ပြေးဆွဲ

သာကေတ ၃/ရန်ပြေ အုပ်မှူးအားတာဝန်မှ အပြီးရပ်စဲခဲ့ခြင်းဖြစ်ဟုဆို
သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝ င်းကြိုင်ကို တာဝန်မှယာယီရပ်စဲခြင်းမဟုတ်ကြောင်း၊ တာဝန်မှအပြီးရပ်စဲခဲ့ ခြင်းသာဖြစ်ကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က ပြောကြားသည်။ သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက်မှ ဦးဝင်းကြိုင်ကို မည်သည့်အတွက်ကြောင့် တာဝန်မှရပ်စဲလိုက်ခြင်းအပေါ် မေ ၅ ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ တွေ့ဆုံစဉ် မေးမြန်းခြင်းအပေါ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှုမှ ယူဆောင်သွားသော ပစ္စည်းများတွင် ရွှေချောင်းတစ်ချောင်း၊ လက်ဝတ်ရတ နာအချို့နှင့် ဒင်္ဂါးပြားများ ပျောက်ဆုံးနေဆဲဟု သိရ
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင် လူသတ်မှုမှယူဆောင်သွားသောပစ္စည်းများတွင် ရွှေချောင်းတစ်ချောင်းနှင့် ဒင်္ဂါးပြားများ ပျောက်ဆုံးနေဆဲဟု မိသားစုထံမှ မေ ၄ ရက်တွင် သိရသည်။ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှုတွင် ယူဆောင်သွားသော ပစ္စည်းစာရင်းများမှာ ကျောက်ပြာပါလက်စွပ်နှစ်ကွင်း၊ ကျောက်နီပါ လက်ကောက်လေးကွင်း၊ ရွှေဘယက်တစ်ကုံး၊ ကျောက်ပြာပါ ရွှေဘယက်နှစ်ကုံး၊ ၁၂ ကျပ်သားခန့်ရှိ ရွှေချောင်းခြောက်ချောင်း၊ စိန်လက်ကောက် သုံးကွင်း၊ ဒင်္ဂါးလက်ကောက် ၁၄ ကွင်း၊ ရွှေခေါင်းဘီး နှစ်ခု၊ ရွှေဆံညှပ်တစ်ခု၊ ငွေဒင်္ဂါးပြား ၃၀၀၊ ရွှေဆွဲကြိုး ၁၁ ကုံး၊ ရွှေလက်ကောက် ၁၃ ကွင်းနှင့် ငွေသားကျပ် သိန်း ၄၀ တို့ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။ မေ ၄ ရက် ၁၃၃၀ အချိန် တပ်မတော်မှ မိုးမိတ်မြို့နယ်၊ စီပိန်းကျေးရွာ၊ ဖုန်းဆက်တောင် တောထဲရှိ မိုးကာတဲ တစ်လုံးကိုစစ်ဆေးရာ တဲအတွင်း၌ ကိုခန့်၊ မောရှည်၊ မောင်ယာဘု၊ ကျော်ဖြိုးနိုင်နှင့် အားနိမ်တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၇၉,၀၀၀ ပြား၊ ဘိန်းဖြူ ၆၉၀ ဂရမ်၊ ဘိန်းမဲ ၈၀၀ ဂရမ်၊ မြန်မာငွေ ၈,၀၆၀,၀၀၀ ကျပ်၊ မော်တော်ဆိုင်ကယ် ၄ စီး၊ လက်ကိုင်ဖုန်း ၅ လုံးနှင့်အတူ တွေ့ရှိသဖြင့် ကိုခန့်(၂၁)နှစ်၊ မောရှည်(၂၇)နှစ်၊ မောင်ယာဘု (၂၈)နှစ်၊ ကျော်ဖြိုးနိုင်(၂၀)နှစ်၊ အားနိမ်(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဗင်နီဇွဲလား၌ စစ်တပ်သုံးရဟတ်ယာဉ်ပျက်ကျ၊ ခုနစ်ဦးသေဆုံး
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့်စစ်သည်များ တွေ့ဆုံနေသည့် ကိုဟဲဒက်စ်ပြည်နယ်သို့ ဦးတည်လာသည့် ရဟတ်ယာဉ်တစ်စင်းသည် မေ ၄ ရက် အစောပိုင်းတွင် တောင်နံရံတိုက်မိပြီး ပျက်ကျခဲ့မှုကြောင့် စစ်သည်ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားစစ်တပ်ကထုတ်ပြန်ခဲ့သည်။ ကိုဂါရဟတ်ယာဉ်သည် ဆန်ကာလို့စ်ရှိ စစ်သင်တန်းကျောင်းနားတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယင်းသင်တန်းကျောင်း၌ လေ့ကျင့်မှုများကို စောင့်ကြည့်ရန် မာဒူရိုရောက်ရှိနေခြင်းဖြစ်သည်။
မိုင်းဆတ်-တာချီလိတ်လမ်းပေါ် ယောင်ခဂိတ်တွင် လမ်းအသုံးပြုခ ကောက်ခံမှုရပ်ဆိုင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နဲ့ တာချီလိတ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်ရှိ ယောင်ခဂိတ်မှာ ‘ဝ’အထူးဒေသ(၂)က မော်တော်ယာဉ်တွေထံမှ လမ်းအသုံးပြုခ အခွန်ကောက်ခံတာကို မေလ ၁ ရက်ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။ မိုင်းဆတ်/တာချီလိတ် ကားလမ်းအရှည် ၆၀ မိုင် ၄ ဖာလုံကို ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ ‘ဝ’အထူးဒေသ(၂)က ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်မှာ ရှမ်းပြည်နယ် အစိုးရထံ ပြည်သူ့အတွက် လက်ဆောင်ဟုဆိုကာ ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။
ကယားပြည်နယ်တွင် မေလအတွင်း တရက် ၁၀ နာရီ လျှပ်စစ်မီးဖြတ်တောက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အပါဝင် ကျန်မြို့နယ်တွေမှာ တရက်ကို ၁၀ နာရီနဲ့ အလှည့်ကျ မီးဖြတ်သွားမှာဖြစ်တယ်လို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက ကြေညာပါတယ်။ နွေရာသီကာလသို့ရောက်ရှိလာပြီး ရာသီဥတုပူပြင်းလာတာ၊ ဓာတ်အားသုံးစွဲမှု တိုးတက်များလာတာနဲ့ မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စက်ရုံတွေမှာ ရေအ၀င်နည်းနေတဲ့ အွက် ဓာတ်အားဖြတ်တောက်ရတာဖြစ်တယ်လို့ဆိုပါတယ်။
DMG သတင်းဌာနအယ်ဒီတာချုပ်ကိုအမှုဖွင့်၊ တာဝန်ခံများကို စစ်တွေရဲစခန်းက ခေါ်ယူစစ်ဆေး
ရခိုင်အခြေစိုက်Development Media Group (DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၂)နဲ့ အမှုဖွင့်ထားပြီး အယ်ဒီတာချုပ် ခရီးလွန်နေတဲ့အတွက် သတင်းဌာနရဲ့ တာဝန်ရှိသူတွေကို စစ်တွေရဲစခန်းက ခေါ်ယူစစ်ဆေး ပါတယ်။ အရပ်ဝတ်နဲ့ ရဲ ၃ဦးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စစ်တွေ အမှတ် ၁ ရဲစခန်းက စစ်ဆေးမေးမြန်းစရာရှိတယ်လို့ဆိုပြီး မေလ ၅ ရက် ညပိုင်းက လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။
မန္တလေး အလုပ်အကိုင်ပြပွဲတွင် အလုပ်နေရာပေါင်း ၅၀၀ ကျော် ခေါ်ယူ
မန္တလေးမြို့၊ ဘူတာကြီးအပေါ်ထပ် Marvel ဟိုတယ်မှာ MyJobs.com အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်က ကြီးမှူးပြီး မေ ၅ ရက် မနက်က Mandalay Digital CV Job Fair ကို ကျင်းပခဲ့ပါတယ်။ ဒီအလုပ်အကိုင်ပြပွဲမှာ မြန်မာနိုင်ငံတ၀န်းရှိ ကုမ္ပဏီ ၂၀ကျော်က အလုပ်နေရာပေါင်း ၅၀၀ ကျော်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ MyJobs.com.mm ရဲ့ ဈေးကွက်ရှာဖွေရေးနဲ့ပွဲကျင်းပရေး တာဝန်ခံ ကိုခန့်က ပြောပါတယ်။
“ဒီလို Job Fair တွေ လုပ်ခြင်းအားဖြင့် အလုပ်ရှာဖွေနေသူတွေကို သူတို့ရဲ့ CV တွေကို ဘယ်လိုမျိုး အွန်လိုင်းမှ တင်သွင်းရမယ်။ Digital CV ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အသိပညာတွေပေးလို့ရမယ်။ အလုပ်ခေါ်နေတဲ့ ကုမ္ပဏီတွေနဲ့လည်း အလုပ်ရှာဖွေနေသူတွေ တိုက်ရိုက် တွေ့ဆုံလို့ ရမယ်။ အင်တာဗျူးတွေ တိုက်ရိုက်ဖြစ်သွားနိုင်တယ်။ ကိုယ်လိုအပ်ချင်တဲ့ အခွင့်အလမ်းတွေကို ဘယ်လိုရယူရမယ်ဆိုတာကို အလုပ်ရှာဖွေနေသူတွေအနေနဲ့ အလုပ်ရှင် တွေကို တိုက်ရိုက်မေးနိုင်တဲ့ အခွင့်အလမ်းတွေ ရစေချင်လို့ ဒီပွဲကို လုပ်ရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒီပြပွဲမှာ အလုပ်လာရောက်လျှောက်ထားသူတွေ အလုပ်လျှောက်ထားရာမှာ လွယ်ကူ အဆင်ပြေစေဖို့ QR Code System နဲ့ အွန်လိုင်းကနေတဆင့်ပါ တိုက်ရိုက် အလုပ်လျှောက်ထားနိုင်အောင် စီစဉ်ပေးထားပါတယ်။
Mandalay Digital CV Job Fair ပြပွဲမှာ အလုပ်အကိုင် ခေါ်ယူမှုအပြင် Sustainable and Successful Career၊ Education for Career Enhancement၊ Career for Future Myanmar၊ စေတနာနဲ့ အတွေ့အကြုံသာ အောင်မြင်ဖို့အတွက် လမ်းစဉ်ပါ စတဲ့ ခေါင်းစဉ်တွေကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
“ဒီလို Job Fair တွေ လုပ်ခြင်းအားဖြင့် အလုပ်ရှာဖွေနေသူတွေကို သူတို့ရဲ့ CV တွေကို ဘယ်လိုမျိုး အွန်လိုင်းမှ တင်သွင်းရမယ်။ Digital CV ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အသိပညာတွေပေးလို့ရမယ်။ အလုပ်ခေါ်နေတဲ့ ကုမ္ပဏီတွေနဲ့လည်း အလုပ်ရှာဖွေနေသူတွေ တိုက်ရိုက် တွေ့ဆုံလို့ ရမယ်။ အင်တာဗျူးတွေ တိုက်ရိုက်ဖြစ်သွားနိုင်တယ်။ ကိုယ်လိုအပ်ချင်တဲ့ အခွင့်အလမ်းတွေကို ဘယ်လိုရယူရမယ်ဆိုတာကို အလုပ်ရှာဖွေနေသူတွေအနေနဲ့ အလုပ်ရှင် တွေကို တိုက်ရိုက်မေးနိုင်တဲ့ အခွင့်အလမ်းတွေ ရစေချင်လို့ ဒီပွဲကို လုပ်ရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒီပြပွဲမှာ အလုပ်လာရောက်လျှောက်ထားသူတွေ အလုပ်လျှောက်ထားရာမှာ လွယ်ကူ အဆင်ပြေစေဖို့ QR Code System နဲ့ အွန်လိုင်းကနေတဆင့်ပါ တိုက်ရိုက် အလုပ်လျှောက်ထားနိုင်အောင် စီစဉ်ပေးထားပါတယ်။
Mandalay Digital CV Job Fair ပြပွဲမှာ အလုပ်အကိုင် ခေါ်ယူမှုအပြင် Sustainable and Successful Career၊ Education for Career Enhancement၊ Career for Future Myanmar၊ စေတနာနဲ့ အတွေ့အကြုံသာ အောင်မြင်ဖို့အတွက် လမ်းစဉ်ပါ စတဲ့ ခေါင်းစဉ်တွေကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
ဂါဇာမှာ လက်တုံ့ပြန်တိုက်ပွဲစဉ်တွေကို အစ္စရေးစစ်တပ် ဆင်နွှဲ

၁.၅.၂၀၁၉ နေ့က ကသာညဈေးတန်းပေါက်ဝမီးပွိုင့်မှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့သူအကြောင်း
#သူဘာကြောင့်သေချင်တာလဲ
ဂွင်ဖန်တာလား အမျိုးမျိုးထင်ကြေးတွေပေးလာတော့ အတိအကျလေးဖြစ်အောင် စုံစမ်းပီး ရေးသားလိုက်ပါတယ်ခင်ဗျ
သူ့နာမည်က … ဦးစိုးညွန့်
အသက်က … ၅၂ နှစ်
သားသမီးနှစ်ယောက်ရှိပါတယ်
သမီးက အသက် ၁၁နှစ် သားလေးက ၇နှစ်ပါ သူတို့မိသားစုဟာမဘိမ်းမြို့နယ် ရွှေကျောင်းကုန်းကျေးရွာမှာနေထိုင်ကြပါတယ်
ဂွင်ဖန်တာလား အမျိုးမျိုးထင်ကြေးတွေပေးလာတော့ အတိအကျလေးဖြစ်အောင် စုံစမ်းပီး ရေးသားလိုက်ပါတယ်ခင်ဗျ
သူ့နာမည်က … ဦးစိုးညွန့်
အသက်က … ၅၂ နှစ်
သားသမီးနှစ်ယောက်ရှိပါတယ်
သမီးက အသက် ၁၁နှစ် သားလေးက ၇နှစ်ပါ သူတို့မိသားစုဟာမဘိမ်းမြို့နယ် ရွှေကျောင်းကုန်းကျေးရွာမှာနေထိုင်ကြပါတယ်
စိတ်ပျက်စရာ ခြေစွမ်းနဲ့ ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးသွားတဲ့ အာဆင်နယ် အာဆင်နယ် ၁-၁ ဘရိုက်တန်
အနိုင် ၃မှတ်သာ ချန်ပီယံလိဂ် ၀င်ခွင့် အသက်ဆက်ရှင်မှာ ဖြစ်ပေမယ့် ဘရိုက်တန်ကို သရေကျခဲ့လို့ အခွင့်အရေး ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် စပါးနဲ့ ဂိုးကွာခြားချက် ၈ဂိုးကွာဟနေသလို နောက်ဆုံးပွဲမှာ ဘန်လေကို အဝေးကွင်း သွားကစားရမှာ ဖြစ်လို့ အာဆင်နယ်ရဲ့ ရာသီ အဆုံးသတ်ခဲ့ပါတယ်။ ပွဲအတွင်း အခွင့်အရေးတွေ များစွာရခဲ့ပေမယ့် ဘရိုက်တန် ဂိုးသမားကို မကျော်နိုင်ခဲ့သလို မလိုအပ်ဘဲ ပေးခဲ့ရတဲ့ ပင်နယ်တီက အာဆင်နယ်ကို သရေကျစေခဲ့တာပါ။ အာဆင်နယ်အတွက် အဘာမီယန်က ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းပြီး ဘရိုက်တန်အတွက် ဂလန် မာရေးလ်က ပင်နယ်တီကနေ ချေပဂိုးသွင်းပြီး ၁ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ စိတ်ပျက်စရာ ခြေစွမ်းနဲ့ အာဆင်နယ်ဟာ လိဂ်ပြိုင်ပွဲကနေ ၀င်ခွင့်ရဖို့ နည်းသွားပြီဖြစ်လို့ ယူရိုပါလိဂ်ကိုသာ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။
အစ္စရေး ပါလက်စတိုင်း တိုက်ပွဲပြင်းထန်
ဂါဇာကမ်းမြှောင်ကနေ ပါလက်စတိုင်း စစ်သွေးကြွတွေက ဒုံးကျည် အစင်းပေါင်း ရာနဲ့ချီပြီး ပစ်ခတ်ခဲ့ပြီး အစ္စရေးလ်ဘက်ကလည်း ဂါဇာတ၀န်းကို လေကြောင်းကနေ တုံ့ပြန် တိုက်ခိုက်နေပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း အနည်းဆုံး ပါလက်စတိုင်း ၈ ဦးနဲ့ အစ္စရေးလ် ၃ ဦး သေဆုံးရပါတယ်။ ဒုံးကျည် သတိပေးချက် ဥသြသံတွေဟာ စနေ တရက်လုံး ဆူညံနေခဲ့ပြီး တနင်္ဂနွေနေ့ အထိ ကြားနေရပါတယ်။ ဂါဇာနယ်စပ် အနီးမှာ နေတဲ့ အစ္စရေးလ်ပြည်သူတွေကတော့ ဗုံးခိုဆောင်ကို ၁၅ စက္ကန့် အတွင်း ရောက်နိုင်ပါတယ်။ အိမ်ပေါ်ကို ဒုံးကျည် တိုက်ရိုက်ထိမှန်တာကြောင့် အစ္စရေးလ် အမျိုးသား တဦး သေဆုံးပြီး အစ္စရေးလ် တောင်ပိုင်း Ashkelon မြို့က အလုပ်ရုံ တခုကို ဒုံးကျည် ထိမှန်တာကြောင့်လည်း တဦး သေဆုံးခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀ကျော်ပျက်စီး
မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာအုပ်စုနှင့်ညောင်ဝိုင်းကျေးရွာအုပ်စုတို့တွင် မေ ၅ ရက်နေ့ ညနေ ၄ နာရီ ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၃၃ လုံး၊အိမ်ထောင်စု ၃၃ ၊ လူဦးရေ ၁၄၆ ဦးလေဘေးသင့်ခဲ့ပါတယ်။ လေဘေးသင့်မှုကြောင့် သစ်အိမ် (၁)လုံးပြို ၊ဝါးအိမ် (၁၂) လုံးပြို၊ ၊ ဝါးအိမ်အလုံး(၂၀) အမိုးလန် ပျက်စီးခဲ့ကြောင်းပြီးလူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
အိမ်အကူသင်တန်း စင်္ကာပူဖွင့်ဖို့ပြင်
စင်္ကာပူနိုင်ငံက FAST လို့ခေါ်တဲ့ နိုင်ငံခြားသား လူမှုကူညီထောက်ပံ့ရေး အိမ်အကူလုပ်သား အစည်းအရုံးက စင်္ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်ကိုင်ချင်တဲ့ မြန်မာအမျိုးသမီးတွေကို လေ့ကျင့် သင်ကြားပေးဖို့ စင်တာတခု ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ စင်္ကာပူထုတ် Straits Times သတင်းစာက ဆိုပါတယ်။ FAST အဖွဲ့အနေနဲ့ မြန်မာအမျိုးသမီးတွေကို ချက်ပြုတ်နည်းအပါဝင် လိုအပ်တဲ့ သက်မွေးဝမ်းကြောင်း ပညာတွေ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ဥက္ကဋ္ဌ Seah Seng Choon ကပြောပါတယ်။
ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင် ၁၀ နှစ်ကျခံနေသူတစ်ဦး သမ္မတလွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည်ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ဆယ်နှစ် ကျခံနေရသူတစ်ဦး နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နှင့် လွတ်မြောက်လာခဲ့ပြီးနောက် မေ ၄ ရက်တွင် မူးယစ်ဆေးဝါးမှုဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
တနင်္သာရီမြို့နယ်ဒေသထွက် ကွမ်းသီးမှို စိုက်ပျိုးရောင်းချသူများ ဝယ်လိုအားကောင်းပြီး နေ့စဉ်ဝင်ငွေအဆင်ပြေလျက်ရှိ

Al-Khodari သည် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

ရုရှားလေယာဉ် မတော်တဆဖြစ်မှု အနည်းဆုံး ၄၀ သေဆုံး
ရုရှားလေကြောင်းလိုင်း Aeroflot ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက မော်စကိုမြို့ Sheremetyevo လေဆိပ်မှာ အရေးပေါ် ပြန်လည် ဆင်းသက်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားတာကြောင့် အနည်းဆုံး လူ(၄၀) သေဆုံးသွားကြောင်း မော်စကိုကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေး(၂)ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်ရောက် ထိုင်းဘုရင်နဲ့ သင်္ချိုင်းရှာပုံတော်

ဖုန်းအားသွင်းထားသည့် မီးပလပ်ပေါက် အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှု ကျိုင်းတုံမြို့တွင် ဖြစ်ပွား

Wold Lethwei Championship (WLC - 8 Karen Spirit) မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ

နတ္တလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် ၂၀၀ နီးပါး အမိုးလန်ပျက်စီးပြီး နေအိမ် ၁၀ လုံး ပြိုလဲပျက်စီး

မြန်မာနိုင်ငံတွင် ရုပ်ပြစာအုပ်ထွက်ရှိရန် အသည်းအသန်ကြိုးစားနေရဟု ဆို

ဖန်နီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းသွား ရေကြောင်းခရီးစဉ်များရပ်နားထားရ
ဖန်နီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းအတွင်း ပြေးဆွဲပြေးနေ ကြသော ရေကြောင်းခရီးစဉ်များအား ယာယီရပ်နားထားရကြောင်း သိရသည်။ ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲပေး နေကြသော ပြည်တွင်းရေကြောင်းပိုင် သင်္ဘောများနှင့် ပုဂ္ဂလိကအမြန်ရေယာဉ် များအားလုံး သည် မေ ၃ ရက်မှ စတင် ရပ်နားနေခြင်းဖြစ်သည်။
ဂျာမနီနိုင်ငံ နေရာအနှံ့အပြားတွင် ဆီးနှင်းများ ဖုံးလွှမ်း
အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းမည်ဟု သီရိလင်္ကာသမ္မတပြော
ယာဉ်ကြောစောင့်ကြည့်ရေး ကင်မရာရှေ့ ကိုယ်ဟန်လာပြသည့် စင်ရော်နှစ်ကောင် ရေပန်းစား
ယာဉ်ကြောစောင့်ကြည့်ရေး ကင်မရာရှေ့မှာ မကြာခဏ ကိုယ်ဟန်လာပြနေတဲ့ ပင်လယ်စင်ရော် လေးနှစ်ကောင်အကြောင်းဟာ အင်္ဂလန်နိုင်ငံက သတင်းတွေမှာ အထူးရေပန်းစာနေပါတယ်။ ဒီစင်ရော်လေးတွေကို ယာဉ်ကြောစောင့်ကြည့်ရေး ဝန်ထမ်းတွေက ဂရေမီနဲ့ စတိဗ်လို့ နာမည်ပေးထားပြီး သူတို့ကို ဧပြီ ၂၉ ရက်နေ့က စတင်သတိထားမိခဲ့တာပဲဖြစ်ပါတယ်။
ရန်ကုန်မြို့ မီးပွိုင့်များ အလိုအလျောက်စနစ်ဖြင့် စမ်းသပ်တော့မည်၊ ဂရုပြုကြရန် သတိပေး
ရန်ကုန်မှာရှိတဲ့ မီးပွိုင့်တွေကို အလိုအလျောက်စနစ်နဲ့ စမ်းသပ်တော့မှာ ဖြစ်လို့ ယာဉ်မောင်းနှင်သူတွေ ဂရုပြုကြဖို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြေညာပါတယ်။ မီးပွိုင့် ၁၅၁ ခုကို မေ ၈ နဲ့ ၉ ရက်တို့မှာ စတင် စမ်းသပ်မှာဖြစ်ပြီး အဲဒီ မီးပွိုင့်တွေကို ဖြတ်သန်းမောင်းနှင်မယ့် မော်တော်ယာဉ်တွေ ဂရုစိုက်ဖြတ်သန်းကြဖို့ သတိပေးထားတာပါ။
မန်ယူက ပေါ့ဂ်ဘာအတွက် ပေါင်သန်း ၁၅၀ ရမှ ရောင်းထုတ်ဖွယ်ရှိ
ရီးရဲလ်က အလိုရှိနေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာအတွက် မန်ချက်စတာယူနိုက်တက်အသင်း ပေါင်သန်း ၁၅၀ လောက်ရမှ ရောင်းထုတ်မယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းကတော့ များပြားတဲ့ ပြောင်းရွှေ့ကြေးကို မပေးချင်ဘူးလို့ သိရပါတယ်။ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်းအိုလာကလည်း သူ့ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းထံ ရောက်ရှိနိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းကို ဖိအားပေးနေတာပါ။
ရွှေသားဖြင့် ပြုလုပ်ထားသည့် ရွှေအိမ်သာအိုး အင်္ဂလန်နန်းတော်တွင် တပ်ဆင်ပြသမည်
တက္ကသိုလ်နှင့်ကောလိပ် ၁၁၆ ခုမှ ဖိတ်ခေါ်စာရရှိသူ နယူးအော်လင်း ကျောင်းသူ
သဘာဝဘေးကျော်လွှားနိုင်ရေး မီးသတ်တပ်ဖွဲ့ လုပ်ငန်းစွမ်းရည်မြှင့်တင်ရန်လိုဟု စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ပြော
သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ မီးသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစွမ်းရည်တွေ မြှင့်တင်ကြဖို့ လိုအပ်တယ်လို့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းမီးသတ်ရုံးမှာ ဒီနေ့ ကျင်းပတဲ့ ၇၃ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
ပဲခူးတိုင်းအတွင်း လေပြင်းကြောင့် အိမ်ခြေ ၁၀ လုံးပြိုကျ၊ ၁၈၀ ကျော် အမိုးလန်ပျက်စီး
ဖားကန့်တွင် မြေစာပြိုကျသဖြင့် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေစာတွေ ပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေလ ၄ ရက်နေ့ ညနေ ၅ နာရီလောက်က ဖားကန့်မြို့နယ်၊ တောင်းကော့ကျေးရွာအနီး ဇာဗွေ(၁၆) သက်တမ်းကုန် လုပ်ကွက်ဟောင်းအနီး အမြင့်ပေ ၃၀၀ လောက်ရှိ ကမ်းပါးယံမှာ ကျော်ရဲနိုင် (၂၆) နှစ်အပါအ၀င် ၄ ဦးတို့ဟာ လက်လုပ်ကျင်းတူးပြီး ရေမဆေးကျောက်ရှာဖွေနေစဉ် ကျင်းအပေါ်ရှိ အမြင့်ပေ ၅၀၀ လောက်က မြေစာတွေ ပြိုကျတဲ့အတွက် ရေမဆေးရှာသူ ၄ ဦး မြေစာတွေနဲ့အတူ မျောပါသွားခဲ့တာပါ။
ကျောက်တန်းရွာသားများ အပြင်မထွက်ရဲတော့သဖြင့် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာသူရွာသားတွေဟာ ထိန်းသိမ်းစစ်ဆေးခံရတာတွေကြောင့် အပြင်မထွက်ရဲတော့တဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ ရွာသား ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ဆေးနေတဲ့ တပ်သားတွေဆီက သေနတ်လုလို့ ပစ်ခတ်ရာက သေဆုံးဒဏ်ရာရရှိသွားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
မင်းကင်းမြို့မကားလမ်းမပေါ်တွင် ခရီးသည်ယာဉ်တိမ်းမှောက်၊ ၄ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မင်းကင်း-မြို့မကားလမ်း မိုင်တိုင်အမှတ် ၁၂၁ နဲ့ ၁၂၂ အကြားမှာ မေလ ၄ ရက်နေ့ မနက်က ခရီးသည်ယာဉ်တစီး တိမ်းမှောက်ခဲ့ပါတယ်။ တိမ်မှောက်ခဲ့တဲ့ မော်တော်ယာဉ်ဟာ မင်းကင်း-ကလေး ပြေးဆွဲနေတဲ့ ရောင်နီယာဉ်လိုင်းငယ်အသင်းထဲက SUZUKI အမျိုးအစား မော်တော်ယာဉ်ဖြစ်ပြီး မင်းကင်းမြို့မှ ကလေးမြို့ကို ခရီးသည် ၁၃ ဦး တင်ဆောင်ပြီး မောင်းနှင်စဉ် အခင်းဖြစ်နေရာအရောက် တောင်ကုန်းအတက်တွင် ကားစလစ်ဖြစ်ပြီး နောက်ပြန်လျောကျ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
အစ္စရေးစစ်တပ်နှင့် ဟားမက်စ်စစ်သွေးကြွအဖွဲ့ အပြန်အလှန် ပစ်ခတ်
ပုပ်ရဟန်းမင်းကြီး ဘူလ်ဂေးရီးယားနိုင်ငံသို့ ရောက်ရှိ
အပူချိန်မြင့်မားမှုကြောင့် ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ရွှေသမင်များ ရေအခက်ကြုံ

တောတွင်းတွင် တာဇံလိုနှစ်ပေါင်း ၄၀ ကြာနေထိုင်ခဲ့သည့် သားအဖနှစ်ဦး
မက္ကဆီကိုတွင် ဆေးခြောက်သုံးစွဲခွင့် တရားဝင်ခွင့်ပြုပေးရန် တောင်းဆို
မူဆယ်ပို့မည့်ဂျပ်ဖာအတွင်းမှ ပွိုင့်တူးတူးကျည်ဆန်တောင့် ၅၀၀ သိမ်းဆည်းမိ
မန္တလေးမြို့၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်း ကားဂိတ်တခုကနေ မူဆယ်ကို ပို့ဆောင်မယ့် ပစ္စည်းထုပ်ထဲက ကျည်ဆန်အတောင့် ၅၀၀ သိမ်းဆည်းရမိခဲ့ပါတယ်။ မန္တလေး-လားရှိုး-မူဆယ်သွား၊ သင်္ဂဟကားဂိတ်ကို ပို့ဆောင်လာတဲ့ ဆိုင်ကယ် အပိုပစ္စည်း ပါဆယ်ထုပ်ဂျပ်ဖာထဲက ARMSCOR တံဆိပ်ပါ ပွိုင့်တူးတူး ကျည်ဆန်အတောင့် ၅၀၀ ကို မေလ ၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။
မော်လမြိုင်-သံဖြူဇရပ် (BOT) စနစ်လမ်းပိုင်းအား ပြည်နယ်အစိုးရနှင့်အဖွဲ့အစည်းတို့မှ စိစစ်ပြီး အချိန်မီပြုပြင်ပေးရန်တိုက်တွန်းကြောင်းအဆို တင်သွင်း
BOT စ နစ်ဖြင့် ဆောင်ရွက်နေသော မော် လမြိုင်-သံဖြူဇရပ်လမ်းပိုင်းအား အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အ စည်းများက အချိန်မီပြုပြင်ပေးရန် တိုက်တွန်းကြောင်း အဆိုကို သထုံ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက မေ ၃ ရက် တွင် ဆက်လက်ကျင်းပနေသည့် (၁၃)ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေး တွင် တင်သွင်းကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းတွင် လမ်း အရည်အသွေးပြည့်မီခြင်းမရှိ၍ မော်တော်ယာဉ်တိုက်မိမှုများ မကြာ ခဏဖြစ်ပွားနေကြောင်း၊ မွန်ပြည် နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင် ရွက်ခဲ့သည့် သံဖြူဇရပ်-ရေး လမ်း ပိုင်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေး နိမ့်နေကြောင်း ပြည်သူများ၏ သုံးသပ်ပြောဆိုမှုအရ သိရသည်။
""ပြည်သူတွေရဲ့ အသက် အန္တရာယ်ဖြစ်နေတာကြောင့် အခု လိုလွှတ်တော်မှာ အဆိုတင်ရခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနကို မေးမြန်းတဲ့အခါ မုဒုံ-မော်လမြိုင် လမ်းကြောင်းမှာ တစ်နေ့ယာဉ်အ စီးရေ ၄၀ဝ၀ နဲ့ ၅၀ဝ၀ ကြားသွား လာနေတဲ့အတွက် လမ်းအကျယ် ၄၈ ပေ လေးလမ်းသွား ခင်းကိုခင်း ပေးရမယ်။ မခင်းပေးဘူးဆိုရင်အ ရေးယူမှုအပိုင်းတွေဆက်လုပ်လို့ရ တယ်""ဟု ဦးအောင်ကျော်သူက ပြောသည်။
မော်လမြိုင်ဈေးကြိုရပ်မှ ဖားအောက်အထိ လမ်းအကျယ် မှာ ပေ ၅၀ ခန့်ရှိသော်လည်း အ လယ် ၂၄ ပေကိုသာ နိုင်လွန်ကတ္တ ရာခင်းထားသည့်အတွက် ယာဉ် များအနေဖြင့် နိုင်လွန်ကတ္တရာ လမ်းပေါ်တက်မောင်းကြခြင်း၊ ခင်း ထားသည့်အပိုင်းမှာ မြင့်နေသဖြင့် လမ်းပေါ်တွင် ယာဉ်ကြီးနှင့်ယာဉ် ငယ်များ(ဆိုင်ကယ်အပါအဝင်) ကျော်တက်ရာတွင် အခက်အခဲဖြစ် ပြီး တိမ်းမှောက်မှုဖြစ်စဉ်များဖြစ် ပေါ်နေကြောင်း သိရသည်။
မော်လမြိုင်-သံဖြူဇရပ်လမ်း ပိုင်းမှာ အရှည် ၃၇ မိုင်ရှိပြီး AK အေးကို မိသားစုဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၁ ခုနှစ်မှစတင်ပြီး BOT (Build, Operate, Trans-fer) တည်ဆောက်လုပ်ဆောင်လွှဲ ပြောင်း စနစ်ဖြင့်လုပ်ကိုင်ခွင့်ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းတွင် လမ်း အရည်အသွေးပြည့်မီခြင်းမရှိ၍ မော်တော်ယာဉ်တိုက်မိမှုများ မကြာ ခဏဖြစ်ပွားနေကြောင်း၊ မွန်ပြည် နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင် ရွက်ခဲ့သည့် သံဖြူဇရပ်-ရေး လမ်း ပိုင်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေး နိမ့်နေကြောင်း ပြည်သူများ၏ သုံးသပ်ပြောဆိုမှုအရ သိရသည်။
""ပြည်သူတွေရဲ့ အသက် အန္တရာယ်ဖြစ်နေတာကြောင့် အခု လိုလွှတ်တော်မှာ အဆိုတင်ရခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနကို မေးမြန်းတဲ့အခါ မုဒုံ-မော်လမြိုင် လမ်းကြောင်းမှာ တစ်နေ့ယာဉ်အ စီးရေ ၄၀ဝ၀ နဲ့ ၅၀ဝ၀ ကြားသွား လာနေတဲ့အတွက် လမ်းအကျယ် ၄၈ ပေ လေးလမ်းသွား ခင်းကိုခင်း ပေးရမယ်။ မခင်းပေးဘူးဆိုရင်အ ရေးယူမှုအပိုင်းတွေဆက်လုပ်လို့ရ တယ်""ဟု ဦးအောင်ကျော်သူက ပြောသည်။
မော်လမြိုင်ဈေးကြိုရပ်မှ ဖားအောက်အထိ လမ်းအကျယ် မှာ ပေ ၅၀ ခန့်ရှိသော်လည်း အ လယ် ၂၄ ပေကိုသာ နိုင်လွန်ကတ္တ ရာခင်းထားသည့်အတွက် ယာဉ် များအနေဖြင့် နိုင်လွန်ကတ္တရာ လမ်းပေါ်တက်မောင်းကြခြင်း၊ ခင်း ထားသည့်အပိုင်းမှာ မြင့်နေသဖြင့် လမ်းပေါ်တွင် ယာဉ်ကြီးနှင့်ယာဉ် ငယ်များ(ဆိုင်ကယ်အပါအဝင်) ကျော်တက်ရာတွင် အခက်အခဲဖြစ် ပြီး တိမ်းမှောက်မှုဖြစ်စဉ်များဖြစ် ပေါ်နေကြောင်း သိရသည်။
မော်လမြိုင်-သံဖြူဇရပ်လမ်း ပိုင်းမှာ အရှည် ၃၇ မိုင်ရှိပြီး AK အေးကို မိသားစုဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၁ ခုနှစ်မှစတင်ပြီး BOT (Build, Operate, Trans-fer) တည်ဆောက်လုပ်ဆောင်လွှဲ ပြောင်း စနစ်ဖြင့်လုပ်ကိုင်ခွင့်ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
နေ့အပူချိန်မြင့်တက်နေမှုကြောင့် မင်းကင်းထွက် ရိုးရာသောက်ရေအိုးများ အရောင်းအဝယ်သွက်နေ

ကလေးဒေသစိုက် စိန်တစ်လုံးသရက်များ ရာသီဥတုနှင့် ဖျက်ပိုးများကြောင့် အပျက်အစီးများပြားပြီး အထွက်နှုန်းကျနိုင်ဟုဆို
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဒေသတွင် ရာ သီဥတုပူပြင်းခြင်း၊ လေပြင်းတိုက် ခတ်ခြင်းနှင့် ဖျက်ပိုးကျရောက်ခြင်း တို့ကြောင့် စိန်တစ်လုံးသရက်များ အပျက်အစီးများပြားပြီး အထွက် နည်းပါးနိုင်ကြောင်း စိန်တစ်လုံး သရက် ခြံစိုက်ပျိုးသူများထံမှ သိရသည်။ ယခုအခါ ကလေးမြို့နယ် တွင် စိန်တစ်လုံးသရက်စိုက်ပျိုးမှု များပြားလျက်ရှိပြီး နှစ်စဉ် မြန်မာ- တရုတ်နယ်စပ် မူဆယ်ဈေးကွက် သို့လည်းကောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ် တမူးနှင့် ရိဒ်ဈေးကွက်သို့ လည်းကောင်း ရောင်းချကြသည်။
ညောင်ဦးမြို့နယ်တွင် နွားစာဝယ်သူများသည့်အတွက်နွားစာ ဈေးကောင်းပေးဝယ်ကျွေးနေကြရ
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်ကျေး ရွာများတွင် တစ်နှစ်ထက်တစ်နှစ် နွားစာရှားပါးလာပြီး မိမိယာမြေမှ နွားစာအထွက်နည်းပါးလာသဖြင့် မြေပဲရိုး၊ ကောက်ရိုး၊ ပြောင်းရိုး စသည့် နွားစာများရှားပါးလာ
ကြောင်း ဒေသခံနွားမွေးသူ တောင်သူများထံမှသိရှိရသည်။
ကြောင်း ဒေသခံနွားမွေးသူ တောင်သူများထံမှသိရှိရသည်။
ရွာအံ့ရွာလတ္တံ့သော မိုးတွေ
(တစ်) ပူတယ်ဆိုတာ ဘယ်တော့မှ မကောင်းဘူး။ ကျောပူသတဲ့။ နား ပူသတဲ့။ ရင်ပူသတဲ့။ ခေါင်းပူသ တဲ့။ ကြွေးပူသတဲ့။ စိတ်ပူသတဲ့။ ဘယ့်နှယ်ရှိစ။ ကောင်းသလား မေးရင် မကောင်းဘူးပဲ ဖြေကြမှာ ပ။ေ ဟာ အခုကြည့် တောပူပြီ ဆိုလား။ ဂလိုဘယ်ဝမ်းမီး (Global Warming) ဟူ၍။ က လိုင်းမိတ်ချိန်း (Climate Chan-ge) ဟူ၍။ အသံတွေကြားနေရပါရဲ့။ ဂလိုဘယ်ဝမ်းမီးဆိုတော့ ကမ္ဘာကြီးပူနွေးလာတာပေါ့။ ကလိုင်းမိတ်ချိန်းဆိုတော့ ရာသီဥတုပြောင်းလဲလာတာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ ကမ္ဘာနဲ့ တစ်ဝန်း လွှမ်းခြုံပြီးဖြစ်နေတဲ့ ပြဿနာဥစ္စာ။ ကမ္ဘာတစ်ခုလုံး အပူရှိန်တွေ တလျှပ်လျှပ်နဲ့တက်နေတဲ့ ဥစ္စာ။
သံချောင်းတို့ အမေ
(၁) သံချောင်းတို့အမေ ဆေးရုံ တက်စက သည်လိုမဟုတ်။ ပြုံး ပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမောနှင့် စကားတွေအများကြီး ပြောနေခဲ့ သေးသည်။ ဒေါက်လင်းသည် ဟန်ဆောင်မှုကင်းပြီး ရိုးသားပွင့် လင်းသော ကျေးလက်နေ လယ် တောသူမကြီး၏ ပြောဟန်၊ ဆို ဟန်ကို သဘောကျနှစ်ခြိုက်မိ သည်။ လူနာရာဇ၀င်ဖြည့်သွင်းဖို့ မေးခွန်းတွေ မေးတော့လည်း လယ်သူမကြီးက တပြုံးပြုံးနှင့် စိတ်ရှည်လက်ရှည် ဖြေဆိုခဲ့သေး သည်။
မကြာခင်ရုံတင်မယ့် ‘စရိုက်’ ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ခိုင်သင်းကြည်
K Wonder Festival 2019 ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူနည်းပါး
စိတ်မနှံ့တဲ့ မိန်းကလေးအဖြစ် တွေ့ရမယ့် ရတနာဗို
ပရီးမီးယားလိဂ်ဆုဖလားဆွတ်ခူးရေး ကံကြမ္မာက ဆုံးဖြတ်မည်ဟု လီဗာပူးနည်းပြပြောကြား
လူစားဝင်တိုက်စစ်မှူး အိုရီဂီ၏ နောက်ကျအနိုင်ဂိုးဖြင့် နယူးကာဆယ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရကာ အမှတ်ပေးဇယား၌ ပြန်လည် ဦးဆောင်ခွင့်ရပြီး နောက် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေး ကံကြမ္မာက အ ဆုံးအဖြတ်ပေးမည်ဟု လီဗာပူး နည်းပြဂျာဂန်ကလော့ပ်က ပြော သည်။ ၉၂ မှတ်ရရှိထားသော မန် စီးတီးက လက်စတာ၊ ဘရိုက်တန် တို့နှင့် ကစားရန်ကျန်သေးသော် လည်း ၉၄ မှတ်ရထားသည့် လီ ဗာပူးက ၀ုဖ်လ်ဗာဟမ်တန်နှင့် တစ်ပွဲသာ ကျန်တော့သဖြင့် ပရီး မီးယားလိဂ် အဆုံးအဖြတ်ကို ရာ သီ နောက်ဆုံးပွဲစဉ်အထိ စောင့် ကြည့်ရမည်ဖြစ်သည်။
ရာသီကုန်တွင် ဘိုင်ယန်မှ ထွက်မည့် ရီဘာရီအနာဂတ် အစီအစဉ်မရှိသေး
နွေရာသီတွင် ဘိုင်ယန် နှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းမှ ထွက်ခွာမည့် ပြင်သစ် တိုက်စစ်မှူး ရီဘာရီက လာမည့် ရာသီအတွက် အစီအစဉ်မရှိသေး ဟု ပြောကြားသည်။ ၂၀၀၇ ဇွန်လက မာဆေးမှ ဘိုင်ယန်သို့ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့လာသော ရီဘာရီ (၃၆) နှစ်သည် နယ်သာလန်တိုက် စစ်မှူးရော်ဘင်နှင့်အတူ ယခုရာ သီကုန်တွင် ဘိုင်ယန်မှ ထွက်ခွာ မည်ဖြစ်သည်။ ယင်းကစားသမားနှစ်ဦးစ လုံးကို ဘိုင်ယန်က ပေးဆပ် စရာများစွာရှိကြောင်းနှင့် ၎င်းတို့ ကို စိတ်မကောင်းစွာဖြင့် နှုတ် ဆက်မည်ဖြစ်ကြောင်း ဘိုင်ယန် အသင်းဥက္ကဋ္ဌ ရူမီနစ်ဂီက ပြော ကြားသည်။
လက်စတာ တိုက်စစ်မှူးဗာဒီ အန္တရာယ်ပေးနိုင်ဟု မန်စီးတီးနည်းပြ သတိပေး
ယနေ့ညဥ့်သန်းခေါင်ကျော်တွင် ကစားမည့် ဧည့်သည်လက်စတာအသင်း၌ တိုက်စစ်မှူးဗာဒီကို သတိထားကစားရန် မန်စီးတီးနည်းပြဂွာဒီယိုလာက အသင်းသားများအား ပြောကြားသည်။ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်သည် တံကောက်ကြောဒဏ်ရာကြောင့် သုံးပွဲဆက်လွဲချော်မှုအဖြစ် လက်စတာနှင့်ပွဲကို လွဲချော်မည်ဖြစ်ကာ နောက်ထပ်ကွင်းလယ်လူ ဖာနန်ဒို လည်း ဒူးဒဏ်ရာ ရာနှုန်းပြည့်မကောင်းသေး၍ ပါဝင်ရန် မသေချာဖြစ်နေပြီး ဂိုးသမား ဘရာဗိုရေရှည်အနားယူနေရသည်။
မန္တလေး Hilton ဟိုတယ်တွင် စွန့်ပစ်ကော်ဖီ မှုန့်များမှ Coffee Brick လောင်စာတောင့်ပြုလုပ်ခြင်းအစီအစဉ် စတင်
ဆိုင်ကယ်တက္ကစီမောင်းသူကို သေနတ်ဖြင့် ပစ်ခဲ့သူနှစ်ဦး ဖမ်းဆီးမိ
မြိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းသူကို သေနတ်ဖြင့် ပစ်ခတ်သည့် အမျိုးသားနှစ်ဦး အား ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး နေသည်။ သံပြောင်းပါ သစ်သားဖြင့် ပြုလုပ်ထားသည့် လုပ်သေနတ်တစ်လက်၊ ကျည် ၁၃ တောင့်နှင့် ကျည်ခွံခြောက်ခုနှင့်အတူ မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်အတွင်း ယမန်နေ့က ဖမ်းဆီးမိသည်။ လက်ရှိတွင် ဖမ်းဆီးမိသည့် အမျိုးသားနှစ်ဦးမှာ တပ်မတော် သားများဖြစ်ကြောင်း ပြောဆိုနေ သော်လည်း စိစစ်နေဆဲဖြစ် ကြောင်း မြိတ်မြို့မရဲစခန်းမှူးက ပြောသည်။
အောင်ပါစေသီချင်းကို ဇာတ်သဘင်ခံစားမှုရအောင် ကြိုးစားသီဆိုတဲ့ ဒေါင်း
ဒဏ်ရာရနေသော ကျော်မင်းဦးအပါအ၀င် ကစားသမားသုံးဦးကို ထိုင်းတွင် ကုသမည်
မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကျော်မင်းဦး၊ မျိုး ကိုထွန်းနှင့် လူငယ်လက်ရွေးစင် ကစားသမား ဇေယျာနိုင်တို့၏ ဒဏ်ရာများကို ထိုင်းနိုင်ငံ၌ ကုသမည်ဖြစ်သည်။ ယင်းကစားသမား သုံးဦးသည် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်း အကူအညီ ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကု သခြင်း ဖြစ်သည်။ ‘‘ကျွန်တော့်ကို အရင်ခွဲပေး တဲ့ ဆရာဝန်နဲ့ပဲ သွားရောက်ပြီး စစ်ဆေးမှာပါ။
ဧပြီ မြန်မာလိဂ်အကောင်းဆုံး ကစားသမားဆု ရန်ကုန်တိုက်စစ်မှူးဆယ်လာ ရရှိ
မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဧပြီလအကောင်း ဆုံး ကစားသမားဆုကို ရန်ကုန် ယူနိုက်တက် အသင်းတိုက်စစ်မှူး ဆယ်လာက ရရှိသည်။ ဂီနီတိုက်စစ်မှူး ဆယ်လာသည် ဧပြီအတွင်း ယှဉ်ပြိုင်ကစားသည့် မြန်မာလိဂ် ပွဲစဉ်များတွင် အထူးခြေစွမ်းပြကစားနိုင်ပြီး ရန်ကုန်အသင်းအတွက် အရေး ပါသည့် ဂိုးများသွင်းယူခဲ့သဖြင့် အကောင်းဆုံးဆု ရရှိခြင်းဖြစ်ကြောင်း လိဂ်ကော်မတီက ထုတ်ပြန်သည်။ ဆယ်လာသည် ဧပြီအတွင်း ကျင်းပသည့် မြန်မာလိဂ်ပွဲစဉ် သုံးပွဲစလုံးကို အသင်းနှင့်အတူ ဝင်ရောက်ကစားခွင့်ရရှိပြီး လေးဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့အပြင် ဆယ်လာသည် မြန်မာလိဂ်ပြိုင်ပွဲတွင် ပွဲစဉ် (၁၀)အထိ ရှစ်ဂိုး သွင်းယူထားသည်။
အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က တစ်နှစ်ကျော်အတွင်း ကုန်ပစ္စည်း ကျပ်သန်းခုနစ်ထောင်ကျော်ဖိုးကို တားဆီး၊ ဖမ်းဆီးမိ
အကောက်ခွန်လှုပ်ရှား စစ်ဆေးရေးအဖွဲ့သည် တစ်နှစ် ကျော်အတွင်း တားဆီးဖမ်းဆီးမှု ၂၆၁ ကြိမ်ပြုလုပ်ပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းခုနစ်ထောင် ကျော် (၇၉၈၂ ဒသမ ၄ သန်း) ရှိ သည်ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတက်ထွန်း အောင်က ပြောသည်။ အဆိုပါပမာဏသည် မူ ဆယ်-လားရှိုး-မန္တလေး ပြည် ထောင်စုလမ်းမ၊ မြဝတီ- ဘားအံ -ရန်ကုန် ကုန်သွယ်မှုလမ်းမ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်နှင့် ရန်ကုန်ဘူတာကြီးအပါ အဝင် လမ်းဘူတာများ၌ ဖမ်းဆီး ရရှိမှုဖြစ်သည်။
တောင်ငူတွင် ရထားနှင့် သစ်သယ်ယာဉ်ငယ်တစ်စီးတိုက်မိ၊ ယာဉ်မောင်းသေဆုံး
မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း ခြေစမ်းပွဲတွင် ဇွဲကပင်အသင်းကို ရှုံးနိမ့်
အာဆီယံပြိုင်ပွဲအ တွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၁၅ အမျိုးသမီး ဘောလုံးအသင်းသည် ခြေစမ်းပွဲ တွင် အမျိုးသမီးလိဂ်ကလပ် ဇွဲက ပင် အသင်းကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်သည်။ေ မလ ၄ ရက် ညနေက သုဝဏ္ဏလေ့ကျင့်ရေးကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းခြေစမ်းပွဲ၌ ဇွဲကပင်အသင်းက ခြေစွမ်းအသာ ဖြင့် မြန်မာယူ-၁၅ အသင်းကို ဖိအားပေးကစားကာ ဂိုးပြတ်အ နိုင်ရရှိသည်။ ယင်းပွဲတွင် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ပဏာမကစားသမားအားလုံးကို လူစားလဲလှယ်ကာ ပါဝင်ကစားခဲ့သည်။
ပြည်တွင်း စားသုံးမှုများသော သစ်သီးများကို နယ်စပ်မှ တရားဝင် တင်သွင်းခွင့်ပြု
ပြည်တွင်းစားသုံးမှုများ သော သစ်သီးများ နယ်စပ်မှတရား ဝင်တင်သွင်းခွင့်ကို ယခုနှစ်ဧပြီလ ကုန်တွင်ခွင့်ပြုကြောင်းကုန်သွယ် ရေးဦးစီးဌာနက သတင်းထုတ်ပြန် သည်။ ပန်းသီး၊ သစ်တော်သီး၊စပျစ် သီးအပါအဝင် သစ်သီးအချို့ကို ရာသီမရွေး တင်သွင်းခွင့်ပြုမည် ဖြစ်ပြီး ကြက်မောက်သီး၊ ဒူးရင်း သီး၊ သရက်သီးတို့ကို ရာသီအ လိုက် အချိန်သတ်မှတ်၍ နယ်စပ် စခန်းများမှ တင်သွင်းခွင့်ပြုမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနက ဧပြီ ၂၉ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်သည်။
AA တိုက်ခိုက်မှုများကြား ကုလားတန်ဘက်စုံသုံးစီမံကိန်း ဆက်လက်လုပ်ကိုင်ရေး နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးဟုဆို
ချင်းပြည်နယ်၌ အိန္ဒိ ယနိုင်ငံက အကောင်အထည် ဖော်နေသည့် ကုလားတန်ဘက် စုံသုံးစီမံကိန်းကို ရခိုင်လက်နက် ကိုင်တပ်ဖွဲ့(AA)၏ တိုက်ခိုက်မှု များကြား စီမံကိန်းဆက်လက် လုပ်ကိုင်နိုင်ရေး နှစ်နိုင်ငံကိုယ် စားလှယ်များ မေလ ၃ ရက်တွင် ဆွေးနွေးခဲ့သည်ဟု ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။ေ ဒ်ါလာသန်း ၅၀၀ တန် အဆိုပါ စီမံကိန်းကို AA လက်နက်ကိုင်အဖွဲ့က နှောင့်ယှက်နေခြင်း ကြောင့် အိန္ဒိယနိုင်ငံက စိုးရိမ်နေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရန် တိုင်ပင်ခြင်းဖြစ်ကြောင်း ဦးစိုးထက်က ပြောသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌရာထူးမှ ဦးဇော်ဇော် နုတ်ထွက်သွား၍ ဒုဥက္ကဋ္ဌလေးဦး ပြန်လည်ရွေးချယ်
အာဆီယံဘောလုံးအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ရာထူးမှ ဦးဇော်ဇော် နုတ်ထွက်သဖြင့် ဒုဥက္ကဋ္ဌလေးဦး ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ သည်။ ဦးဇော်ဇော်သည် ဧပြီ ၇ရက် က မလေးရှားနိုင်ငံ၌ ကျင်းပသည့် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂ ရက်နှင့် ရွေးကောက်ပွဲ၌ အာ ရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသောကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ နုတ်ထွက်ခြင်းဖြစ်သည်။ ထို့ကြောင့် အာဆီယံဘော လုံးအဖွဲ့ချုပ်သည် မေလ ၄ ရက် က မလေးရှားနိုင်ငံ၌ ကျင်းပ သည့် First FIFA-AFC-Asian Zonal Associations အစည်းအ ဝေးတွင် ဒုဥက္ကဋ္ဌသစ်လေးဦးကို အတည်ပြု ရွေးချယ်ခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်သံမဏိကုမ္ပဏီ ပူးပေါင်း၍ ပြည်ပသို့ သံမဏိသံပေါင်များ တင်ပို့ရန်စီစဉ်
ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ဂျပန်သံမဏိကုမ္ပဏီ JFEတို့ ပူးပေါင်းဖွင့်လှစ်သည့် J & MSteel Solution ကုမ္ပဏီကအိန္ဒိယ၊သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သံမဏိတံတားသံပေါင်များ တင်ပို့ရန် စီစဉ်နေကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ သည်။ အဆိုပါ စက်ရုံကို ၂၀၁၄ က စတင်ဖွင့်လှစ်ပြီး နှစ်စဉ်သံ တန်ချိန် ၁၅,၀၀၀ ထုတ်လုပ်နေ ရာမှ လာမည့်နှစ်များတွင် တန် ချိန် ၂၀,၀၀၀ အထိ တိုးတက်ထုတ်လုပ်မည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နတ်မောက်မြို့တွင် လူထုနှင့်တွေ့ဆုံမည်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ပြည်သူများ နှင့်တွေ့ဆုံရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် လာရောက်မည်ဖြစ် ကြောင်း တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသောင်း ရွှေကပြောသည်။ နိုင်ငံတာ်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မေလ ၁၀ ရက်တွင် နတ်မောက်မြို့နယ်ရှိ ဒီပင်္ကရာ ကျောင်းတိုက်တွင်ရှိသော ဗိုလ် ချုပ်အောင်ဆန်း၏ မိဘဘိုးဘွား များလှူဒါန်းထားသည့် ဘုရား ဆင်းတုတော်များကို အနေကဇာ တင်ပြီး တရုတ်သံရုံးက လှူဒါန်း ထားသော ဆေးရုံအဆောက်အ အုံကို ဖွင့်လှစ်မည်ဖြစ်သည်။ ထို့ နောက်ပြည်သူ့ခန်းမတွင် လူထု နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း နတ် မောက်မြို့နယ် ဒီချုပ်ပြန်ကြား ရေးကော်မတီ တာဝန်ခံဦးကျော် စွာထွန်းကပြောသည်။
အစိုးရ သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲများ မေ ၉ ရက်တွင် စတင်မည်
ဝန်ကြီးဌာနအလိုက် သတင်းစာရှင်းလင်းပွဲများကို မေလ ၉ ရက်တွင်စတင်ကာ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာန အမြဲတမ်းအတွင်း ၀န် ဦးမျိုးမြင့်မောင်က ပြောကြားသည်။ အစိုးရသုံး နှစ်ပြည့်ဝန်ကြီး ဌာနအလိုက် တစ်နှစ်တာ စွမ်း ဆောင်ရည်ကို နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြနေသော်လည်း ၀န်ကြီးဌာနများ၏ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ သတင်း မီဒီယာများက သိရှိလိုသည်များ ကို မေးမြန်းနိုင်ရန် စီစဉ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။
ရေရှားပါးမှုဖြေရှင်းရန်သာမက စိမ်းလန်းရေးနှင့် အပူချိန်လျော့နည်းရေး ရေကန်များဆက်လက်ပြုပြင်မည်ဟု မကွေးဝန်ကြီးချုပ်ပြော
ရေရှားပါးမှု ဖြေရှင်း ရန်သာမက မိုးရေများမြေအောက် စိမ့်ဝင်စေရေး၊ ဒေသတွင်းစိမ်း လန်းရေးနှင့် အပူချိန်လျော့နည်း ရေး တိုင်းဒေသကြီးအတွင်းရှိ ရေ ကန်များ ဆက်လက်ပြုပြင်မည် ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။ေ ချာက်မြို့နယ် မကျီးပင် တပ် ကျေးရွာအနီးရှိမြင်းသောက် ကန်၌ ယမန်နေ့က ကျင်းပသော ရေကန်တူးဖော် ပြုပြင်ခြင်းအခမ်း အနားသို့ တက်ရောက်သည့် ၀န်ကြီးချုပ်က ပြောကြားသည်။
အာဆီယံတွင် ရွှေ့ပြောင်းလုပ်သားအများဆုံးနိုင်ငံအဖြစ် မြန်မာရပ်တည်
အာဆီယံ နိုင်ငံများတွင် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူ များအနက် မြန်မာလူမျိုး ၂ ဒသမ ၂ သန်းပါဝင်ပြီး မြန်မာနိုင်ငံသည် အာဆီယံ၌ ရွှေ့ပြောင်းအလုပ်သ မား အများဆုံးနိုင်ငံအဖြစ် ရပ် တည်နေသည်။ အာဆီယံ ၁၀ နိုင်ငံတွင်ရွှေ့ ပြောင်းလုပ်သား စုစုပေါင်း ၆ ဒသမ ၉ သန်းအထိ ရှိကြောင်း အာဆီယံအ၀န်းအ၀ိုင်း၏ တရား ၀င်လူမှုကွန်ရက် စာမျက်နှာများ၌ မေလ ၅ ရက်က ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာ ဆီယံနိုင်ငံများသို့ ရွှေ့ပြောင်းအ လုပ်လုပ်ကိုင်သူ ၁ ဒသမ ၂ သန်း ဖြင့် ရွှေ့ပြောင်းအလုပ်သမား ဒု တိယနိုင်ငံအဖြစ်ရှိနေပြီး မလေး ရှားနိုင်ငံက တတိယနေရာ၌ ရပ် တည်နေသည်။ ထို့အတူ လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံကလည်း ရွှေ့ပြောင်းအလုပ်သမားအများ ဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင် ကြောင်း ယမန်နေ့သတင်းထုတ် ပြန်ချက်၌ ဖော်ပြသည်။
ဖားကန့်တွင် တောင်ကမ်းပါးယံပြိုကျ၍ ကျောက်တူးနေသူ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ဖားကန့်တွင် နွံကန်ပွင့် ကျမှုနှင့် တောင်ကမ်းပါးယံပြိုကျ မှုကြောင့် လူ ၆၀ ခန့် သေဆုံး၍ အန္တရာယ်ရှိသော လုပ်ကွက်အချို့ ကို ပိတ်သိမ်းထားစဉ် တောင် ကမ်းပါးယံပြိုကျမှု ထပ်မံဖြစ်ပွား ရာ ကျောက်တူးနေသူနှစ်ဦး သေ ဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ မေလ ၄ ရက် ညနေ ၄ နာရီ ခွဲခန့်က ဖားကန့်မြို့နယ် တောင် ကော့ကျေးရွာရှိ သက်တမ်းကုန် လုပ်ကွက်ဟောင်းတွင် တောင် ကမ်းယံပြိုကျမှုဖြစ်ပွားခြင်းဖြစ် သည်။
မြောက်ပိုင်းလေးဖွဲ့က ပေးပို့သည့် အပစ်ရပ်မူကြမ်းကို ဆွေးနွေးညှိနှိုင်းမည်ဟု တပ်မတော်ပြော
မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်အ ဖွဲ့ (KIO/ KIA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) တို့က ပေးပို့သည့် Bilateral နှစ်ဦးနှစ်ဖက်အကြား အပစ်ရပ်စာချုပ်မူကြမ်းများကို ဆွေးနွေး ညှိနှိုင်းရမည်ဖြစ် ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ နေပြည်တော်၌ မေလ ၃ ရက်က ကျင်းပသည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မ တော်သတင်းမှန်ပြန်ကြားရေးအ ဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက Bilateral ကို လက်ခံမည်၊ လက်မခံမည်ကို တပ်မတော်က မဆုံးဖြတ်ရသေးဘဲ ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြားခြင်းအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်မံရှင်းလင်း ပြောကြားသည်။
KNU နှင့် RCSS ပါဝင်ရေး စောင့်ဆိုင်းနေသဖြင့် အပစ်ရပ်စောင့်ကြည့်ရေး အစည်းအဝေးများ ရပ်ဆိုင်းထားဆဲဟုဆို
ကရင်အမျိုးသားအ စည်းအရုံး(KNU)နှင့်ရှမ်းလက် နက်ကိုင်အဖွဲ့ (RCSS)တို့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် တရားဝင် ဆွေးနွေးမှုများတွင် ပြန်လည်ပါ ၀င်လာမည့်အချိန်ကို စောင့်ဆိုင်း သည့်အနေဖြင့် ပြည်ထောင်စုအ ဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)အစည်းအ ဝေးများ ယာယီရပ်ဆိုင်းထားဆဲ ဖြစ်ကြောင်း JMC-U အဖွဲ့ဝင် များက ပြောသည်။
အစိုးရနှင့်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဆွေးနွေးပွဲ မေလလယ်တွင် ကျင်းပရန် ညှိနှိုင်း
အစိုးရနှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ကိုးကန့်အဖွဲ့(MNDAA) ရခိုင်အဖွဲ့ (AA) မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့၏ အပစ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလလယ်တွင် ပြုလုပ်ရန် ညှိနှိုင်းထားကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆောင်ရွက်နေ သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦး လမိုင်ဂွန်ဂျာက ပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့သည် ဧပြီ ၃၀ ရက်က မူဆယ် မြို့၌ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ ရာ Bilateral ဟု ခေါ်ဆိုသော နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရန် သ ဘောတူညီခဲ့သည်။ ထို့အပြင် မြောက်ပိုင်းလက်နက်ကိုင်လေး ဖွဲ့ကလည်း တစ်ဖွဲ့ချင်းစီ၏ Bilateral အပစ်ရပ်စာချုပ်မူကြမ်းကို အစိုးရထံပေးအပ်ခဲ့ သည်။
ဖန်နီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီးမှုမရှိ မိုးကောင်းစွာမရွာခဲ့၍ ဆည်ရေ၀င်ရောက်ခြင်း မရှိဟုဆို
ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (FANI) သည် လုံးဝအား ပျော့ပျက်ပြယ်ပြီဖြစ်ပြီး မုန်တိုင်း ကြောင့် မြန်မာနိုင်ငံတွင် ထိခိုက် ပျက်စီးမှုမရှိကြောင်းနှင့် မျှော် လင့်သလောက်မိုးကောင်းစွာမ ရွာ၍ ဆည်ရေ၀င်ရောက်မှုမရှိ ကြောင်း ဘေးအန္တရာယ်စီမံခန့် ခွဲရေးဦးစီးဌာနနှင့် ဆည်တာဝန်ခံ အချို့ကပြောသည်။ ဖန်နီသည် အိန္ဒိယနှင့် ဘင်္ဂ လားဒေ့ရှ်ကမ်းရိုးတန်းသို့ ၀င် ရောက်ပြီးနောက် မေလ ၅ ရက် ညနေကစကာ လုံးဝအားပျော့ ပျက်ပြယ်ခြင်းဖြစ်သည်။ မူလ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ သည်မုန်တိုင်းအရှိန်ကြောင့် မိုး ကောင်းနိုင်ကြောင်း မျှော်လင့် သော်လည်း မိုးရေချိန်အနည်းငယ် သာရှိသည်။
ဦးဝီရသူဟောပြောစဉ် ကန့်ကွက်သူသုံးဦးကို ဝိုင်းဝန်းထိုးကြိတ် ရဲတပ်ဖွဲ့က ကန့်ကွက်သူများကို ဖမ်းဆီးစဉ် အမျိုးသားရေးလှုပ်ရှားသူဆိုသူများက ထပ်မံထိုးကြိတ်
အပြစ်မရှိသည့် အရပ်သားများ အမြန်လွှတ်ပေးရန် သံဃာတော်များကျောက်တန်းရွာသို့ သွားရောက်မေတ္တာရပ်ခံ AA နှင့် မပတ်သက်သူများကို အမြန်ဆုံးလွှတ်ပေးနိုင်ရေး ဆောင်ရွက်နေဟု တပ်မတော်တုံ့ပြန်
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် အပြစ်မရှိသည့် အရပ်သားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် စစ်တွေနှင့်ရသေ့တောင်မြို့နယ်များရှိ ဆရာတော်ခုနစ်ပါးက လူ ၁၃၀ကျော်ဆက်လက်ထိန်းသိမ်းစစ်ဆေးနေသော ရသေ့တောင်မြို့နယ် ကျောက်တန်းရွာစာသင်ကျောင်းသို့ သွားရောက်မေတ္တာရပ်ခံခဲ့ကြောင်း စစ်တွေမြို့သာသနာ့ဂုဏ်ရည်ကျောင်းမှ ဆရာတော်ဦးသုဂန္ဓက မိန့်ကြားသည်။
ရန်ကုန်မြို့တွင်း မီးပွိုင့်များကို ဗဟိုထိန်းချုပ်ရေးစင်တာက နှစ်ရက်ကြာ စမ်းသပ်လည်ပတ်မည် စမ်းသပ်မှုအောင်မြင်ပါက တိုင်းအစိုးရက လွှဲပြောင်းယူမည်ဟု YRTA အတွင်းရေးမှူးပြော
ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၁ ခုကို ဗဟိုထိန်းချုပ်ရေးစင် တာမှ ထိန်းချုပ်၍ စမ်းသပ်လည် ပတ်ခြင်းကို မေလ ၈ ရက်နှင့် ၉ ရက်တွင် ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA)က ကြေညာသည်။ မီးပွိုင့်များ စမ်းသပ်လည် ပတ်ခြင်းကို အဆိုပါနှစ်ရက်တွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရိုက်တာအယ်ဒီတာချုပ် ဂုဏ်ပြု
နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကုလသမဂ္ဂ UNSECO ကနေ Guillermo Cano ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကို မေလ (၃)ရက်နေ့က အီသီယိုးပီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ညီလာခံမှာ ဂုဏ်ပြုချီးမြှင့် ခဲ့တဲ့အတွက် ကုလသမဂ္ဂရဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်း ရိုက်တာသတင်းဌာန အကြီးအကဲ Steve Adler ကပြောပါတယ်။
ညွန့်ပေါင်းတပ်လေကြောင်းတိုက်ခိုက်မှု IS စစ်သွေးကြွ ၅၀ ခန့်သေဆုံး
အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း ပြည်နယ်တခုမှာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ ၅၀ ထိ သေဆုံးခဲ့ကြောင်း အာဖဂန် အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုပါတယ်။ အာဖဂန် အနောက်ပိုင်း စီရင်စု တခုမှာတော့ တာလီဘန် သူပုန်ရဲ့ လက်ချက်နဲ့ အစိုးရ တပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ရပါတယ်။ အာဖဂန် ခြေလျင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအဖွဲ့တွေက ညအချိန် လေကြောင်းကနေ တိုက်ခိုက်မှု အတွင်း Kunar ပြည်နယ်က Cahpa Darah စီရင်စုက IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေး စခန်းတွေကို ထိမှန်ခဲ့တာလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကျောက်တန်း ကျေးရွာပစ်ခတ်မှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေကြောင်း တပ်မတော် ပြော
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ မေလ နှစ်ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။ တပ်မတော်အရာရှိ ငါးဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မေလ သုံးရက်နေ့က ဖွဲ့စည်းထားပြီး စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောပါတယ်။
တိမ်ညိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး ခြောက်နှစ် အရွယ် ကလေးတစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရွှာအနီးမှာ တပ်မတော် ယာဉ်တန်းကို ရခိုင့်တပ်မတော် AA က မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့အပြီး တပ်နဲ့ AA တို့ အပြန်အလှန်တိုက်ခိုက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တိမ်ညိုကျေးရွာက ခြောက်နှစ် အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
တောင်ငူ ရဲစခန်းရှေ့ကားပျက်တစ်စင်း အတွင်း ကလေးနှစ်ဦး အလောင်းတွေ့

ရန်ကုန် ဒုမြို့တော်ဝန်သစ် ဦးစိုးလွင်ကိုပြိုင်ဘက်ကရွေးကောက်ပွဲကန့်ကွက်လွှာသွင်း


တပ်စွဲဆိုတဲ့ အမှုတွေကြောင့် ဖမ်းဆီးမှုတွေတိုး
သင်္ကြန်ကာလတုန်းက စိစစ်ရေး ဆင်ဆာမတင်ပဲ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို သံချပ်စပ်ဆိုခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တချို့ကို အင်းစိန်ထောင်တွင်းအကျဉ်းချထားရုံမက အခုချိန်အထိ နေအိမ်တွေမှာ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးအရေးယူနေတုန်းပဲလို့ ကိုယ်တိုင်တရားစွဲဆိုခံရသူ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်ကပြောပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်ကို မလေးမစားလုပ်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က)နောက် ဆက်သွယ်ရေးပုဒ်မ ၆၆ဃ တို့နဲ့ တပ်အရာရှိတွေဘက်က တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းနေတာတွေဟာ ဒီမိုကရေစီ အခြေခံသဘောတရား လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာနေတာဖြစ်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့ အသံကလည်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
Subscribe to:
Posts (Atom)