Pages
Saturday, June 8, 2019
သတင်းလွတ်လပ်ခွင့်ကို အဆုံးစွန်ထိ ကာကွယ်မည်ဟု ABC သတင်းဌာန ဥက္ကဋ္ဌ ပြော
တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ ပျံ့နှံ့အောင် အမေရိကန်လုပ်နေဟု ပူတင် ပြော
အမေရိကန်ဟာ သူရဲ့ တရားစီရင်ရေးအာဏာစက် ကမ္ဘာအနှံ့ပျံနှံ့အောင် ကြိုးပမ်းနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်ဟာ သူရဲ့ စီးပွားရေးသာလွန်မှုကို ထိန်းသိမ်းဖို့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ကမ္ဘာ့တည်ငြိမ်မှုကို ထိခိုက်စေတဲ့ ဖိအားပေး ဒဏ်ခတ်တာတွေ လုပ်နေတယ်လို့ သမ္မတ ပူတင်က အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။
မက္ကဆီကိုအပေါ် သွင်းကုန်အခွန်စည်းကြပ်မှု အမေရိကန် ပြန်ရုပ်သိမ်း
ရွှေ့ပြောင်းလာသူတွေ ထိန်းချုပ်မယ့် အစီအစဉ်ကို မက္ကဆီကိုက လုပ်မယ်လို့ ကတိပြုလိုက်တဲ့အတွက် မက္ကဆီကိုအပေါ် သွင်းကုန်ခွန် စည်းကြပ်မှုကို ရုပ်သိမ်းလိုက်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။ မက္ကဆီကိုအနေနဲ့ နယ်စပ်ရွှေ့ပြောင်းလာသူတွေကို မထိန်းချုပ်ရင် ဇွန် ၁၀ ရက်ကစပြီး မက္ကဆီကန် ကုန်စည်တွေအပေါ် သွင်းကုန်ခွန် ၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။
BMW ကားအတွက် ဂက်စ်ဖိုးမတတ်နိုင်၍ ကြက်ဘဲများလိုက်ခိုးသည့် တရုတ်သူဌေးကို ရဲတပ်ဖွဲ့ ဖမ်းဆီး
အောင်တဲ့အထိ ကြိုးစားမှာပါ ဆိုတဲ့ ဦးစိုင်းအောင်ညွန့်

၆ဘာသာဂုဏ်ထူးဖြင့်မအောင်မြင်မီကပင် သာသနာ့တာဝန် ထမ်းရွက်ရန်ရွေးချယ်ခဲ့သည့် ရှင်ကုဏ္ဍလ (ထီးလင်း)

ထပ်တူဝမ်းသာလျက်
လက်ဖက်ရည်ဆိုင်အတွင်း အုပ်စုဖွဲ့ဓားခုတ်မှုကျူးလွန်သူများကို မြိတ်ရဲတပ်ဖွဲ့ ဖမ်းဆီး
တနင်္သာရီတိုင်း မြိတ်မြို့မှာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပြီး အုပ်စုဖွဲ့ဓားခုတ်မှု ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ မြိတ်မြို့၊ သာကေတရပ်၊ သဲကွင်း ၂ လမ်းရှိ ဧဒင်လက်ဖက်ရည်ဆိုင်တွင်း ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီလောက်က အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားတာကြောင့် အောင်မြတ်ဦး၊ စိုးသူ(ခ)ငယ်လေးတွင် ကျော်စိုးမင်းနဲ့ ချစ်တိုးတိုးဖြိုးတို့ ပြတ်ရှဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘားအံ ကမ်းနားလမ်းစီမံကိန်းအပေါ် ဝေဖန်မှု UHM ကုမ္ပဏီ ရှင်းလင်း
၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးစွဲလူနာအသစ် ၉၀၀၀ ဦးနီးပါးတိုးလာဟု ဆို
၂၀၁၈ ခုနှစ်အတွင်းမူးယစ်ဆေးစွဲလူနာအသစ်များ ၉၀၀၀ ဦးနီးပါးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှအချက်အလက်များအရ သိရသည်။ နေပြည်တော်ရှိ မူးယစ်ဆေးဝါးနှင့်သုတေသနယူနစ်မှ မူးယစ်ဆေးစွဲလူနာများနှင့် မြန်မာနိုင်ငံသုတေသန စာတမ်းတွင်ဖော်ပြချက်အရ သိရခြင်းဖြစ်သည်။
ရန်ကုန်မြို့၌ ဆင်းရဲသော အိမ်ထောင်စုရာခိုင်နှုန်း ၈၀ ကျော်မှာ တရားဝင်မဟုတ်သော နေရာများမှငွေချေးယူနေကြပြီး အတိုးနှုန်းမြင့်မားသည့် ကြွေးမြီတင်ရှိမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ
ရန်ကုန်မြို့၌ ဆင်းရဲသောအိမ်ထောင်စု ရာခိုင်နှုန်း ၈၀ ကျော်မှာ တ ရားဝင်မဟုတ်သော နေရာများမှ ငွေချေးယူနေကြပြီး အတိုးနှုန်းမြင့်မားသည့် ကြွေးမြီတင်ရှိမှု ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေကြောင်း ဇွန် ၆ ရက်က ရန်ကုန်မြို့ရှိ Sule Shangrila ဟိုတယ်တွင် ကျင်းပသည့် “Myanmar Urbanization : Creating Opportunities for All” အစီရင်ခံစာ ထုတ်ပြန်ပွဲမှ သိရသည်။
ကယားဝန်ကြီးချုပ်၊ ၀န်ကြီးနှင့် ဗိုလ်ချုပ်ကြေးရုပ်အဖွဲ့ကို သစ္စာဖောက် ကျေးဇူးကန်းသူများဟု ကရင်နီလူငယ် ၉ ဦးထပ်မံကြေညာ
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ စီမံရေးနှင့် ဘ ဏ္ဍာရေးဝန်ကြီး ဦးမော်မော် နှင့် ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ ၊ ကရင်နီအမျိုးသားသစ္စာဖော်သူများ ၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး ၏ ရန်သူများ ၊ ကျေးဇူးကန်းသူများအဖြစ် ကရင်နီပြည်လူငယ်အင်အားစု ၉ ဦးမှ စုပေါင်း လက်မှတ်ရေးထိုးကြေညာလိုက်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အရေးတွင် AA နှင့် အရပ်သားရောထွေးနေခြင်းမှာ အဓိကစိန်ခေါ်မှုဖြစ်ဟု ဦးဇော်ဌေး ပြော
ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားရာ၌ အရပ်သားနှင့် လက်နက်ကိုင် ရောထွေးနေခြင်းကြောင့် တပ်မတော်အနေဖြင့် လုပ်ရကိုင်ရခက်ခဲနေဟု သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ေ နပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဇွန်လ(၇)ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
မန္တလေး အိုးဘိုထောင် မှ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၄ ဦးထိရှိ
မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ၌ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် အကျဉ်းသား/သူ (၇၁) ဦးရှိပြီး ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၄) ဦး ရှိကြောင်း သိရသည် ။ ဂုဏ်ထူးဖြင့် အောင်မြင်သူများတွင် နှစ်ဘာသာ ဂုဏ်ထူးရှင် (၃) ဦး ၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၁) ဦးရှိပြီး ဂုဏ်ထူးဖြင့်အောင်မြင်သူအပါအဝင် စုစုပေါင်း (၃၇) ဦးအောင်မြင်ခဲ့သည် ။
အနီတစ်ကဒ်၊ ပေးဂိုးနှစ်ဂိုး၊ ရဂိုးမရှိ အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃ အသင်း

အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှ ၃ ဘာသာဂုဏ်ထူးဖြင့် ၄ဦး စာမေးပွဲအောင်၊ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၃၇ဦးရှိ
အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှ ၃ဘာသာဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်စာမေးပွဲမေအာင်မြင်သူ ၄ဦး၊ ၂ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၃ဦး၊ ၁ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၂၀ဦး အသီးသီး ထွက်ပေါ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။ အကျဉ်းစာစစ်ဌာန ၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း လည်း ဦးမင်းထွန်းစိုးက ဆက်ပြောသည်။
ပြည်ကြီးတံခွန်တွင် ကားတစီး ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်

အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေ သ ဇွန် ၁၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်ရရှိမည်
အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေ သသည် ဇွန် ၁၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အကောက်ခွန်သက်သာခွင့်လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေ ညာခဲ့သည်။ အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှုဒေသအရ မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ CO Form – AHK ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပို့ကုန်ကုမ္ပဏီများကို အကြောင်းကြားထားခြင်း ဖြစ်သည်။
လာမည့်စက်တင်ဘာတွင် ကမ္ဘာနှင့် အနီးကပ်ဆုံးနေရာသို့ရောက်လာနိုင်သည်ဆိုသော ဥက္ကာခဲနှင့်ပတ်သက်၍ စိတ်မပူကြရန် သုတေသီတို့ပြောကြား
လာမည့်စက်တင်ဘာလအတွင်းတွင် ကမ္ဘာနှင့် အနီးကပ်ဆုံးနေရာမှ ဖြတ်ကျော်သွားနိုင်သည့် ဘောလုံးကွင်းတစ်ကွင်း၏ အချင်းနီးပါးရှိသော ဥက္ကာခဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုမဖြစ်ကြရန် သုတေသီတို့ကပြောသည်။ ယင်း ဥက္ကာခဲကို 2006 QV89 ဟု အမည်ပေးထားပြီး၊ အရှည် ၁၀၉ မီတာနှင့် ကန့်လန်ဖြတ် ၄၈.၅ မီတာရှိပြီး၊ ကမ္ဘာကို ၀င်တိုက်မိစေရန် ဖြစ်နိုင်ချေမှာ အပုံ ၇၂၉၉ လျှင်မှ ၁ ပုံခန့်သာရှိကြောင်း၊ ထို့ကြောင့် ဖြစ်နိုင်ချေ လွန်စွာနည်းသောကြောင့် စိတ်ပူကြရန်မလိုကြောင်း ဥရောပအာကာသအေဂျင်စီမှ သုတေသီများကပြောကြားခြင်းဖြစ်သည်။ အဆိုပါ ဥက္ကာခဲသည် ဥရောပအာကာသအေဂျင်စီ၏ စာရင်းအရ ကမ္ဘာအတွက်စိုးရိမ်ရသော ဥက္ကာခဲ ၈၇၀ အနက် တစ်ခုမျှသာဖြစ်ကြောင်းသိရသည်။
အောင်ရဲထွေးအမှု ရုပ်သိမ်းရေးအတွက် တိုင်းတရားလွှတ်တော်ရှိ ဥပဒေအရာရှိ၏ရုံးအထိ လာဘ်ငွေလာပေးခဲ့သည်ဟု တရားလိုစွပ်စွဲသောနေ့များနှင့်ပတ်သက်၍ ယင်းနေ့များတွင် တိုင်းတရားလွှတ်တော်သို့ လာရောက်သည့် ဧည့်ဝင်ဧည့်ထွက်မှတ်တမ်းများကို တရားရုံးက သက်သေခံအဖြစ် လက်မခံ
အောင်ရဲထွေးအမှု ရုပ်သိမ်းရေးအတွက် တိုင်းဥပဒေအရာရှိထံသို့ တိုင်းတရားလွှတ်တော်ရုံးအထိ လာဘ်ငွေများ လာရောက်ပေးခဲ့ခြင်းရှိသည်ဟု တရားလိုစွပ်စွဲသည့်နေ့များ နှင့်ပတ်သက်၍ ယင်းနေ့များ၏ ဧည့်ဝင်ဧည့်ထွက်မှတ်တမ်းများကို စွပ်စွဲခံရသူ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ(ဟောင်း) ဦးသိန်းဇော်ဘက်က သက်သေခံအဖြစ် တင်သွင်းထားမှုကို ဇွန် ၇ ရက်ရုံးချိန်းတွင် တရားရုံးက ပလပ်(ပယ်ချ)ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ဆယ်နှစ်နီးပါး ရပ်နားထားသည့် မကွေးလေဆိပ် လေယာဉ်ခရီးစဉ် ဇွန် ၂၅ ရက်တွင် ပြန်ပြေးဆွဲပြီ
၂၀၀၈ ခုနှစ်တည်းက လေယာဉ်ခရီးစဉ် ပြေးဆွဲမှုရပ်နားထားခဲ့သည့် မကွေးလေဆိပ်တွင် လာမည့် ဇွန် ၂၅ ရက်နေ့မှ စတင်ကာ လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည် ဖြစ်သည်။ " မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းကို မကွေးမှာ လေယာဉ်ပြေးဆွဲပေးဖို့ မကွေးတိုင်းဝန်ကြီးချုပ်က စာထုတ်တောင်းဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့ဧပြီလကုန်မှာ လေယာဉ်ခရီးစတင်ပြေးဆွဲဖို့ ရှိခဲ့ပေမယ့် လိုအပ်ချက်တွေရှိခဲ့တာကြောင့် အခု ဇွန် ၂၅ ရက်၊ စနေနေ့မှာ ပထမဆုံးအကြိမ် စတင်ပြေးဆွဲရမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မကွေးတိုင်းဇုန် ဥက္ကဋ္ဌ၊မကွေးလေကြောင်းလိုင်းကိုယ်စားလှယ် ဦးစံထွေးက ပြောသည်။
အကြွေး ဒေါ်လာ ၁၄၀ ကျော် မရလို့ နှစ်နှစ်သမီးလေးကို သတ်ဖြတ်မှုကြောင့် အိန္ဒိယမှာ စိတ်ဆိုးဒေါသထွက်
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမြို့တစ်မြို့မှာ ချေးငွေအကြွေး အမေရိကန်ဒေါ်လာ ၁၄၄ ဒေါ်လာ မရလို့ နှစ်နှစ်အရွယ် ကလေးမလေးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့အပေါ် စိတ်ဆိုးဒေါသထွက်ကြပြီး ဝရုန်းသုန်းကားအခြေအနေ ဖြစ်ပေါ်တာကြောင့် ရဲအင်အား တိုးမြှင့်ချထားရပါတယ်။ ဥတာပရာဒက်ရှ်ပြည်နယ် အလီဂျက်မြို့က အမှိုက်ပုံတစ်ခုမှာ မေ ၃၁ ရက်က စွန့်ပစ်ထားတဲ့ ကလေးမလေးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိအပြီးမှာ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောပါတယ်။
ထိမ်းမြားလက်ထပ်နိုင်သည့် အသက်ကို ၁၈ နှစ် အဖြစ် သတ်မှတ်ရန် လွှတ်တော်အတည်ပြု
အမျိုးသားနှင့် အမျိုးသမီး လက်ထပ်ထိမ်းမြှားနိုင်သည့် အသက်ကို ၁၈ နှစ်အဖြစ် သတ်မှတ်ရန် ဇွန်လ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ အတည်ပြုလိုက်ခြင်းဖြစ်သည်။ လွှတ်တော် နှစ်ရပ်သဘောထားကွဲလွှဲကာ အငြင်းပွားဖွယ်ဖြစ်ခဲ့သည့် ဥပဒေကြမ်း အပိုဒ် ၂၃ တွင် လက်ထပ်ထိမ်းမြှားခြင်း၏အသက်အပိုင်း အခြားကိစ္စဖြစ်သည်။
အိုဘိုထောင်အတွင်း အောင်သပြေရွာသားသေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးနေ
မန္တလေးအိုဘိုအကျဉ်းထောင်အတွင်း အချုပ်သား ကိုထွန်းမြင့်ဝင်း သေဆုံးမှုအပေါ် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အဖြစ်မှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်း အကျဉ်းဦးစီးဌာနက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလိပ်မြေစက်ရုံ စီမံကိန်းကန့်ကွက်မှုတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း(ခ) ကိုထွန်းသည် အိုဘိုထောင်အတွင်း ဇွန်လ ၅ရက်၊ နံနက်ပိုင်းက သေဆုံးသွားခဲ့သည်။
၆ နှစ်ကလေးအား မုဒိမ်းကျင့်ရန်ကြံစည်သူကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်
ကချင်းပြည်နယ် ဖားကန့်ဒေသမှာ ၆ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်မှုနဲ့ အသက် ၆၀ အရွယ် ဦးသန်းမောင်ကို ဇွန် ၇ ရက်နေ့မှာ မိုးညှင်းခရိုင်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ဖားကန့်ဒေသ ဆိပ်မူကျေးရွာ ရပ်ကွက် ၁ မှာ နေထိုင်တဲ့ ဦးသန်းမောင်နေဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၇ ရက် ညနေက အိမ်နီးချင်းဖြစ်သူ မ— ၆ နှစ်နဲ့ မြေးဖြစ်သူ၊ နောက်သူငယ်ချင်းအပါ ၃ ဦးဆော့ကစားနေစဉ် မုန့်ဖိုး ၁၀၀၀ စီပေးပြီး မြေးဖြစ်သူနဲ့ တခြားသူငယ်ကို မုန့်ဝယ်သွားဖို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ရာထူးမှ တရားဝင် နုတ်ထွက်ပြီ
ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ထရီဆာမေဟာ ကွန်ဆာဗေးတစ်ပါတီရဲ့ အကြီးအကဲအဖြစ်ကနေ နုတ်ထွက်တဲ့ စာကို ဇွန် ၇ ရက်နေ့မှာ လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။vထရီဆာမေအနေနဲ့ သူ့ရဲ့ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့်သူ မရွေးကောက်ရသေးတဲ့ အချိန်အတွင်း ယာယီဝန်ကြီးချုပ်အဖြစ်နဲ့ပဲ တာဝန်ယူသွားရတော့မှာပါ။vဇူလိုင်လကုန်လောက်မှာတော့ ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ဖို့ စီစဉ်ထားကြပါတယ်။
မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ နေပြည်တော်တွင် ကျင်းပ
မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေနဲ့ လိုက်ပို့ပေးရသူအချို့ စာမေးပွဲအောင်ကြောင်း ကြားသိရလို့ ယာဉ်ထိန်းရဲတွေ ၀မ်းသာနေ
စာမေးပွဲကဒ်မေ့ကျန်ခဲ့လို့၊ စာမေးပွဲအချိန်မှီအောင်လို့ စတဲ့ ကိစ္စတွေ နဲ့ ကျောင်းသား/သူ တွေကို မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေ နဲ့ လိုက်ပို့ပေးခဲ့ရတာမှာ အဲဒီလိုလိုက်ပို့ပေးခဲ့သူတွေထဲကအချို့ ကျောင်းသား/သူတွေ ယနေ့ စာမေးပွဲအောင်ကြောင်း ကြားရတဲ့ အတွက် ၀မ်းသာနေရသလို၊ စာမေးပွဲမအောင်တဲ့သူတွေလည်း အားမလျှော့ဘဲ ကြိုးစားကြဖို့ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်)က တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
All D ဖြင့် အောင်မြင်ခဲ့တဲ့ ဂစ်တာ နိုင်ဇော် ရဲ့ သမီးလေး မိုးဖြူစင်ဇော်

တောင်တက်ကြိုးမသုံးခြင်းသည် အလွန်ပေါ့ဆမှုဖြစ် ထိုက်တန်သည့်အပြစ် မျှော်လင့်နေဟု မစိမ့်ထက်ဖခင်ဆို
ဖန်ဂရန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်တွင် ပြုတ်ကျသေဆုံးသွားသော မစိမ့်ထက်ကဲ့သို့အဖြစ်ဆိုးမျိုး တောင်တက်သမားများ ထပ်မဖြစ်စေရန် ပေါ့ဆသည့် တောင်တက်ခေါင်းဆောင်နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်မည်ဟု ယုံကြည်ကြောင်း မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေးက ပြောဆိုသည်။
တစ်ယူနစ်လျှင် ကျပ် ၂၀ သာကျသင့်နိုင်သည့် စပါးခွံမှလျှပ်စစ်ထုတ်သည့်နည်းကို ကျေးရွာများအတွက် နည်းပညာကူညီပေးရန် မြိတ်မြို့မှလုပ်ငန်းရှင်တစ်ဦး စီစဉ်နေကြောင်းသိရ
လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ် ၂၀ သာကျသင့်နိုင်သည့် စပါးခွံမှ လျှပ်စစ်ထုတ်သည့်နည်းကို ကျေးရွာများအတွက် နည်းပညာပိုင်းကူညီပေးရန် မြိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက စီစဉ်နေကြောင်း သိရသည်။ လျှပ်စစ်မီးဈေးနှုန်းကြီးမြင့်စွာ သုံးစွဲနေရသည့် မြိတ်မြို့မှ အနီးပတ်ဝန်းကျင် ကျေးရွာများတွင်သာမက ဝေးလံသည့်နေရာဒေသများတွင်ပါ အဆင်ပြေနိုင်မည့် လျှပ်စစ်ထုတ်သည့်နည်းကို OK ဆန်စက်ပိုင်ရှင်က ဆောင်ရွက်ပေးမည်ဖြစ်ကာ စပါးထွက်နှုန်းအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့်နှုန်းလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
တေးသံရှင်စိုင်းဆိုင်မောဝ်၏ စိန်ရတုပွဲကျင်းပ

အေအေကို ထိထိရောက်ရောက် နှိမ်နင်းရန် ညွှန်ကြားထား တစ်ဖက်က နိုင်ငံရေးစားပွဲဝိုင်းတွေရောက်ဖို့ ကြိုးစားနေဟုဆို
AA အဖွဲ့ကို ထိရောက်သည့် သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင်ရေးလုပ်ရန်တပ်မတော်အား ညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။ "တပ်မတော်ကို သမ္မတရုံးအနေနဲ့ AA နဲ့ပတ်သက်လို့ ညွှန်ကြားချက်ပေးထားပါတယ်။ အဲဒါက ထိရောက်တဲ့ သောင်းကျန်းသူ နှိမ်နင်းရေး၊ စစ်ဆင်ရေး၊ အဲဒါလုပ်ဖို့အတွက် လိုအပ်တဲ့ အင်အားသုံးပါ။ ပြီးရင် လိုအပ်ရင် ရဟတ်ယာဉ်သုံးပါ။ ဒါသမ္မတရုံးကနေ ကကကြည်းကို ညွှန်ကြားထားတဲ့ ညွှန်ကြားချက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာလုပ်တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အရင်ကတည်းကလည်း ကျွန်တော်တို့ ပြောထားတဲ့မူရှိပါတယ်"ဟု ၎င်းက ပြောဆိုသည်။
ပဲခူးမြို့၌ ဓားကိုင်သောင်းကျန်းသူ လူငယ် ၃ ဦးအား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ဖမ်းဆီး
၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးမြို့၊ ဉဿာမြို့သစ် (၈)ရပ်ကွက် မြို့ရှောင်လမ်း၌ ၎င်းရပ်ကွက်နေ ဟိန်းဇင်မျိုး၊ ကျော်ကျော်ဝင်း၊ ထက်ဇော်ဝင်း(ခ) ကျန်ကျောင်း တို့ ၃ ဦးသည် ဓားကိုယ်စီ ကိုင်ဆောင်ရမ်းကားသောင်းကျန်းနေကြောင်း သတင်းအရ ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်တားဆီးထိန်းသိမ်းစဉ် ဟိန်းဇင်မျိုးက ဓားရှည်ဖြင့် ပြန်လည်ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာ ဟိန်းဇင်မျိုးတွင် ယာပေါင် ကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး
မွန်ပြည်နယ်တွင် ယခုနှစ်မိုးတွင်း စိုက်ပျိုးရန် ပျိုးပင် ၃ သိန်းကျော် အခမဲ့ဖြန့်ဝေ
မွန်ပြည်နယ်မှာ အခုနှစ် မိုးရာသီ စိုက်ပျိုးဖို့အတွက် ပျိုးပင် ၃ သိန်းကျော်ကို အခမဲ့ ဖြန့်ဝေပေးနေတယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။ ဒီပျိုးပင်တွေကို သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာန ရုံးတွေမှာ မည်သူမဆို အခမဲ့ ထုတ်ယူ စိုက်ပျိုးနိုင်ပါတယ်။ ဖြန့်ဝေမယ့် ပျိုးပင်တွေမှာတော့ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား အပါအဝင် အခြား အရိပ်ရတဲ့ ပျိုးပင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်၏ ပထမလေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွား ၂ ဒသမ ၃၂ သန်း ဝင်ထွက်မှုရှိခဲ့ပြီး ယမန်နှစ်ထက် ခရီးသွား ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်
၂၀၁၉ခုနှစ်၏ ပထမလေးလတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည် ၂ ဒသမ ၃၂ သန်း ဝင်ထွက်မှုရှိခဲ့ပြီး ယမန်နှစ်ထက် ခရီးသွား ၄ ဒသမ ၂ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် YACL၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓနုဖြူမြို့နယ်တွင် ကျောင်းဆောက်လုပ်မှု အရည်အသွေး စံနှုန်းမမီကြောင်း စစ်ဆေးတွေ့ရှိ
၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဓနုဖြူမြို့နယ်အတွင်း ကျောင်းဆောက်လုပ်မှု အရည်အသွေး စံနှုန်းမမီကြောင်း တွေ့ရှိခဲ့ရသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးတိုးလွင်က ပြောသည်။ “ အရည်အသွေး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့တဲ့အခါမှာ လူထုရှေ့ဆောင်ကုမ္ပဏီက ၁၀ ကျောင်း ဆောက်လုပ်တဲ့အခါမှာ ၇ ကျောင်းက သတ်မှတ်ထားတဲ့အရည်အသွေးတွေကို ပြည့်မီအောင် ဆောက်လုပ်ခြင်း မရှိဘူး။ သတ်မှတ်ထားတဲ့ဒီဇိုင်းတွေဆိုလည်း အများကြီးလျော့ပြီး ဆောက်လုပ်ထားတာကို တွေ့ရှိရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးတိုးလွင်က ပြောသည်။
ဝေါမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်သည် လားရာတူရှေ့ရှိ ဆီဘောက်ဆာမော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မိ

သဗ္ဗေညုဘုရားပေါ် တက်ရောက်လေ့လာခွင့် ရက်အကန့်အသတ်ဖြင့် ခွင့်ပြု
တရုတ်နိုင်ငံမှပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်နေသည့် သဗ္ဗေညုဘုရားပေါ်သို့ အများပြည်သူတက်ရောက် လေ့လာနိုင်ရန် ဇွန်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ရက်အကန့်အသတ်ဖြင့် ခွင့်ပြုပေးထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ တရုတ်နိုင်ငံမှ ပညာရှင်များက ငလျင်ဒဏ်သင့် သဗ္ဗညုဘုရား အထက်လိုဏ်ပတ်လမ်း ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်နေရာ ယင်းလုပ်ငန်းများကို အများပြည်သူလေ့လာနိုင်ရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
နှစ်ပေါင်း ၄၀ ကျော်အတွင်း ပြည်သူ့ဆေးရုံများနှင့် မူးယစ်ဆေးစွဲကုဌာနများတွင် မှတ်ပုံတင်ကုသခဲ့သည့် မူးယစ်ဆေးစွဲလူနာတစ်သိန်းကျော်ရှိပြီး လူနာအများစုမှာ ဘိန်းဖြူသုံးစွဲသူများဖြစ်
နှစ်ပေါင်း ၄၀ ကျော်အတွင်း ပြည်သူ့ဆေးရုံများနှင့် မူးယစ်ဆေးစွဲကုဌာနများတွင် မှတ်ပုံတင်ကုသခဲ့သည့် မူးယစ်ဆေးစွဲ လူနာတစ်သိန်းကျော်ရှိပြီး အများစုမှာ ဘိန်းဖြူသုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။ “၁၉၇၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မှတ်ပုံတင်လူနာဦးရေနဲ့ သုံးစွဲတဲ့မူးယစ်ဆေး အမျိုးအစား မှတ်တမ်းတွေအရ ဘိန်းဖြူသုံးစွဲတဲ့ လူ နာ ၆၀၇၁၆ ဦး၊ ဘိန်းမည်းက ၄၀၃၉၉ ဦး၊ စိတ်ကြွ ရူးသွပ်ဆေး ၃၂၀ ၅ ဦး၊ စိတ်ငြိမ်ဆေး ၃၀၆ ဦး၊ ဆေးခြောက်က ၇၅၂ ဦးနဲ့ အခြားမူးယစ်ဆေးက ၅၄၆၂ ဦး တို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်းမှာ တစ်နိုင်ငံလုံးမှာ လူနာသစ်၊ လူနာဟောင်း ၁၀၈၄၉ဦး ဆေးကုသမှု ခံယူခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လိုင်စင်မဲ့ ရေနံတူးသူများထံမှကျပ်သိန်း ၈၉၀ကျော် ငွေကြေးတောင်းခံခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း အပါအဝင် လေးဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံထုတ်လုပ်ခြင်းနှင့် ရေနံတူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေး ကောက်ခံ ရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
ယခုနှစ်အတွင်း နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့လျက်ရှိပြီး ဆန်အများဆုံး တင်ပို့သည့် ငါးနိုင်ငံစာရင်းတွင် တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် ဂါနာနိုင်ငံတို့ပါဝင်
ယခုနှစ်အတွင်း နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့လျက်ရှိပြီး ဆန်အများဆုံးတင်ပို့သည့် ငါးနိုင်ငံစာရင်းတွင် တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် ဂါနာနိုင်ငံတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သိရသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် မေ ၂၄ ရက်အ ထိ မြန်မာနိုင်ငံမှ နိုင်ငံအလိုက် ဆန်တင်ပို့မှုမှ ရငွေတန်ဖိုးကို လေ့လာကြည့်ပါက တရုတ်နိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၁၅၆ ဒသမ ၄၄၅ သန်း၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၅၃ ဒသမ ၁၄၃ သန်း၊ ကင်မရွန်းနိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၂၈ ဒသမ ၀၆၁ သန်း၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၂၅ ဒသမ ၉၇၁ သန်း၊ ဂါနာနိုင်ငံသို့ ဆန်တင်ပို့ထားမှုမှ ဒေါ်လာ ၁၇ ဒသမ ၆၇၈ သန်း ရရှိထားသည်။
ပခုက္ကူ တက္ကသိုလ်ဝန်းအတွင်းသို့ အရပ်သား ၁ ဦးဆိုင်ကယ်စီး၍ ၀င်ရောက်လာပြီး ဆဲဆိုရမ်းကား
ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ ဆိုင်ကယ်စီး၍ ဝင်ရောက်လာကာ ဆဲဆိုရမ်းကားသည့် အရပ်သား ၁ ဦးကို ရဲတပ်ဖွဲ့ ဝင်နှစ်ဦးနှင့် ကျောင်းလုံခြုံရေးဝန်ထမ်းများက၀ိုင်း ၀န်းဖမ်းဆီးကာ ပခုက္ကူမြိ့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ရကြောင်းပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ)၏သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်မှု့ အရ သိရသည်။
ဒူဘိုင်း၌ ဘတ်စကားမတော်တဆမှုဖြစ်၍ ၁၇ ဦးသေဆုံး
အိုမန်မှလာသည့်ဘတ်စကားတစ်စီးသည် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် သတိပေးဆိုင်းဘုတ်တစ်ခုကို ဝင်တိုက်မိခဲ့ရာ ကားပျက်စီးပြီး ၁၇ ဦး သေဆုံးခဲ့သည်။ ဇွန် ၆ ရက်က ဒူဘိုင်း၏ အဓိကအဝေးပြေးလမ်းတစ်ခု၌ ဖြစ်ပွားခဲ့သည့် ယင်းယာဉ်မတော်တဆမှုတွင် သေဆုံးသူများထဲ၌ အိန္ဒိယနိုင်ငံသား ၁၂ ဦး ပါဝင်ကြောင်း၊ သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးက ပြောသည်။ အခြားနိုင်ငံများမှ ခရီးသည်များလည်း ပါဝင်ပြီး ဒဏ်ရာရသူလည်း သုံးဦးရှိကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့က ပြောသည်။အိုမန်အစိုးရပိုင် အမ်ဝါဆလတ်ဘတ်စကားကုမ္ပဏီ၏ ပြောခွင့်ရသူက မတ်စ်ကက်မှ ဒူဘိုင်းအသွား ၄င်းတို့ဘတ်စကားတစ်စီး မတော်တဆဖြစ်ခြင်းဖြစ်ကြောင်း၊ ယင်းလမ်းကြောင်းဝန်ဆောင်မှု ဆိုင်းငံ့ထားကြောင်း ပြောသည်။
နယ်သာလန်နှင့်ရှုံးပွဲမှ သင်ခန်းစာယူရမည်ဟု အင်္ဂလန်နည်းပြဆောက်သ်ဂိတ်ပြောကြား
အင်္ဂလန်ကိုနောက်မှ လိုက်ကစားကာ ၃-၁ ဂိုးဖြင့်အ နိုင်ရပြီး နယ်သာလန်က နေးရှင်း လိဂ်ဗိုလ်လုပွဲသို့ တက်ရောက် သွားစဉ် အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်က ၎င်း၏အသင်း အနေဖြင့် အမှားများသော စွမ်း ဆောင်ရည်မှ သင်ခန်းစာယူမည် ဟု ကတိပြုသည်။ ယင်းရှုံးပွဲကြောင့် အင်္ဂလန် သည် ၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်စွဲ ပြီးနောက်ပိုင်း ကာလရှည်ကြာ စောင့်ဆိုင်းရသော ဆုဖလားတစ် လုံး ဆွတ်ခူးရေးအဆုံးသတ်ခဲ့ပြီး နယ်သာလန်က ဇွန်လ ၉ ရက် တွင် အိမ်ရှင်ပေါ်တူဂီနှင့်ဗိုလ်လုပွဲ ကစားမည်ဖြစ်သည်။
အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုကို ချယ်လ်ဆီးက အားကစားခုံသမာဓိ တရားရုံးသို့ အယူခံဝင်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က အပြောင်းအရွှေ့ကာလ နှစ်ခု ပိတ်ပင်ခဲ့မှုအပေါ် ချယ်လ် ဆီးက အားကစားဆိုင်ရာ ခုံသမာ ဓိတရားရုံး (Cas) သို့ အယူခံဝင်ခဲ့ သည်။ ချယ်လ်ဆီးသည် ၂၀၂၀ ဇန်နဝါရီလကုန်အထိ ကစားသ မား ဝယ်ယူခွင့်ရမည်မဟုတ်ဘဲ ဖီဖာသို့ ၎င်းတို့၏ပထမအယူခံ ရှုံး နိမ့်ခဲ့သည်။ အသက် (၁၈) နှစ်အောက် ပြည်ပ ကစားသမားများအား ချယ်လ်ဆီးက ခေါ်ယူခဲ့မှုများကို စုံစမ်းစစ်ဆေးပြီးနောက် ဖီဖာက ယင်းသို့ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ် သည်။ ထို့အပြင် ချယ်လ်ဆီးသည် ဒဏ်ကြေးပေါင် ၄၆၀,၀၀၀ ကို လည်း အယူခံဝင်ခဲ့သည်။
ကန်တီဒူးဒဏ်ရာကြောင့် ပြင်သစ်၏ ယူရိုခြေစစ်ပွဲများနှင့် လွဲချော်
ဟာဇက်ကို ပေါင် ၈၈ သန်းဖြင့် ရီးရဲလ်က ကမ်းလှမ်းမှု ချယ်လ်ဆီးလက်ခံ
ဘယ်လ်ဂျီယံတိုက်စစ်မှူး ဟာဇက်ကို ခေါ်ယူရန်ရီးရဲလ်က ပေါင် ၈၈ သန်းဖြင့် ကမ်းလှမ်းမှုချယ်လ်ဆီးက လက်ခံခဲ့သည်။ သို့သော် ဟာဇက်အတွက် ရီးရဲလ်ကစုစုပေါင်း ပေါင် ၁၂၄ သန်းနှင့် အပိုကြေးပေးရနိုင်သည်။ ချယ်လ်ဆီးအသင်းညွှန်ကြားရေးမှူး မာရီနာဂရန်နော့ဗ်စကီယာနှင့် ရီးရဲလ်အသင်း အမှုဆောင်အရာ ရှိချုပ် ဂျိုးစ်အန်ဂျယ်ဆန်းချက်စ်တို့ တနင်္လာနေ့က လန်ဒန်မြို့တွင် မျက်နှာချင်းဆိုင်ဆွေးနွေးပြီးနောက် နှစ်သင်းကြား ဟာဇက်၏ ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့သည်။
မောင်တောတွင် ကျပ်သိန်းငါးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းမိ
မောင်တောမြို့တွင် ကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘင်္ဂါလီအမျိုးသမီးတစ်ဦးကို ဖမ်း ဆီးရမိခဲ့သည်။ ဖမ်းမိသည့်စိတ်ကြွရူးသွပ် ဆေးပြားအရေအတွက် နှစ်သိန်း ရှစ်သောင်းကျော်ရှိပြီး ဇွန်လ ၃ ရက်က မောင်တောမြို့နယ် ရွာ သစ်ကေရပ်ကွက်မှ ဘင်္ဂါလီနေ အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေ စဉ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပုံတူပန်းချီပြပွဲ မုံရွာ၌ ကျင်းပမည်
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မြောက် မွေးနေ့အထိမ်း အမှတ်ပုံတူပန်းချီပြပွဲကို မုံရွာမြို့ တွင် ပထမအကြိမ်ကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(မုံရွာမြို့နယ်)ဥက္ကဋ္ဌ ဦးဖေခင်ဦးက ပြောသည်။ အဆိုပါပန်းချီပြပွဲကို မုံရွာ မြို့ရတနာပုံရပ်ကွက် သာစည် လမ်းရှိ မြို့နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးတွင် ဇွန်လ ၁၉ ရက်မှ ၂၃ ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိပြသမည်ဖြစ်သည်။
တန်ဖိုးသင့်အိမ်ရာများဆောက်ရန် အစိုးရပိုင်မြေယာများ ရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ
တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်နေသူများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများကို အကြီးစားမြေယာအစိတ်အပိုင်းများ လွှဲပြောင်းခဲ့သဖြင့်တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် အစိုးရပိုင်မြေယာများ ရှားပါးနေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံမြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာ တွင် ဖော်ပြထားသည်။ တန်ဖိုးသင့် အိမ်ရာများအ တွက် မြေယာသည် အကန့်အ သတ်ရှိနေသဖြင့် အိမ်ဈေးနှုန်းမြင့် မားရခြင်းဖြစ်ကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။ရန်ကုန် မြို့တွင် အခြေခံလူတန်းစားများအ တွက် တန်ဖိုးနည်း အိမ်ရာများကို နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်း အကောင်အထည်ဖော်မည်ဟု တိုင်းအစိုးရတတိယတစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲတွင် ဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြော သည်။
မိုးကုတ်တွင် မှိုအဆိပ်သင့်၍ သားအဖသုံးဦးသေဆုံး
မိုးကုတ်မြို့နယ်မှ လီဆူ တိုင်းရင်းသားများနေထိုင်သော ရွာတစ်ရွာတွင် တောအတွင်းရှိ အမျိုးအမည်မသိသော မှိုစားမိရာ မှ ဒေသခံသားအဖသုံးဦး သေဆုံး ခဲ့သည်။ မိုးကုတ်မြို့နှင့် ၁၃ မိုင်ခန့် ဝေးသော နမ့်ဥမ္မာကျေးရွာမှ မိသားစုတစ်စုသည် ရွာအနီး တောအတွင်းမှရရှိသော မှိုစားမိ ရာမှ သေဆုံးခဲ့သည်ဟု မိုးကုတ် မြို့ မြတ်စေတနာလူမှုကူညီရေး အသင်းမှ ဦးဝင်းဦးက ပြောသည်။
အသက်(၁၈)နှစ်ပြည့်မှ လက်ထပ်ထိမ်းမြားရမည့် ဥပဒေကြမ်းပြဋ္ဌာန်းချက်အတည်ပြု
အမျိုးသားနှင့် အမျိုးသမီးတို့သည် ‘အသက်(၁၈)နှစ်ပြည့်မှ လက်ထပ်ထိမ်းမြား ရမည်’ ဟု ပြဋ္ဌာန်းထားသော ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ဥပဒေကြမ်းပါ အချက်ကို ဇွန်လ ၇ ရက် ပြည်ထောင်စုလွှတ် တော်က မဲခွဲဆုံးဖြတ် အတည်ပြုသည်။ အမျိုးသားနှင့် အမျိုးသမီးတို့ လက်ထပ်နိုင်သော အသက်အရွယ်နှင့်ပက်သက်၍ ပြဋ္ဌာန်းထားသည့် ကလေးသူငယ်အခွင့်ဆိုင် ရာ ဥပဒေကြမ်းပုဒ်မ ၂၃ အပေါ် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တို့ သဘောထားကွဲလွဲ နေသဖြင့် ပြည်ထောင်စုလွှတ် တော်တွင် မဲခွဲဆုံးဖြတ်ရခြင်းဖြစ် သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်နှင့် ရမှတ်ကို သံသယရှိပါက ပြန်စစ်ပေးရန် တောင်းဆိုနိုင်
တက္ကသိုလ်ဝင်စာမေးပွဲ အအောင်၊ အရှုံးနှင့်ရမှတ်ကိုသံသယရှိပါက အဖြေလွှာ ပြန်စစ်ပေးရန်တောင်းဆိုနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမိုးမြင့် ကျော်က ပြောသည်။ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်ဆိုင်ရာ ရမှတ်များမျှော်မှန်းထားသည် ထက်လျော့နည်းနေပါက အမှတ်စာရင်းစတင်ထုတ်ပေးပြီး နှစ်ပတ်အကြာ၌ တစ်ဘာသာ လျှင် ကျပ် ၂၅,၀၀၀ ပေးသွင်းကာ ရမှတ်ကို ပြန်လည်စိစစ်နိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက ကြေညာထားသည်။
အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ (မန္တလေး)ကို အသင်း ၆၀ ကျော်ဖြင့် ကျင်းပမည်
အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ (မန္တလေး) ကို ၆၄ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း ဖူဆယ်လိဂ်ကော်မတီက ထုတ်ပြန်သည်။ MFF Warrix Futsal OpenCup 2019 (Mandalay) ပြိုင်ပွဲ ကို ဇွန်လ၂၉ရက်မှ ဇူလိုင် ၂၁ ရက်အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားရုံ၌ ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ဇွန်လ ၁၀ ရက်က စတင်ကာ မြန်မာဘောလုံးအ ကယ်ဒမီ (မန္တလေး)တွင် လျှောက်လွှာ ထုတ်ယူကာ ဇွန်လ ၂၁ ရက်နောက်ဆုံးထား စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း ဖူဆယ်လိဂ် ကော်မတီက ထုတ်ပြန်သည်။
တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရာတွင် လေ့လာသူအဖြစ် မြန်မာပါဝင်မည်
တရုတ်နိုင်ငံ ဦး ဆောင်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူး ပေါင်းဆောင်ရွက်ခြင်းစနစ်(Belt and Road Initiative Tax Administration Cooperation Mechanism - BRITACOM)တည်ထောင်သည့် နားလည်မှု စာချွန်လွှာတွင် မြန်မာနိုင်ငံက လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ထိုးရန်ကိစ္စကို ပြည် ထောင်စုလွှတ်တော်က သဘော တူခဲ့သည်။
သူရဦးအောင်ကို ဝန်ကြီးတာဝန်မှ နုတ်ထွက်ရန် တိမ်းရှောင်နေသည့် ဦးဝီရသူပြော
သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုသည် သံ ဃာများအရေး ဝင်ရောက်စွက် ဖက်နေပြီး ဖိအားများကို မလွန် ဆန်နိုင်ပါက အလုပ်မှနုတ်ထွက် ရန် ဦးဝီရသူက တောင်းဆိုသည်။ နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မဖြင့် တရားစွဲဆိုခံရမှု ကြောင့် ထွက်ပြေးပုန်းရှောင်နေ သော ဦးဝီရသူသည် ဇွန်လ ၆ ရက်တွင် VK လူမှုကွန်ရက်စာ မျက်နှာမှ တစ်ဆင့် အထက်ပါအ တိုင်း ပြောကြားခြင်း ဖြစ်သည်။
ပါတီသစ်ထောင်ခြင်း၊ ပူးပေါင်းခြင်း ယခုနှစ်ကုန် နောက်ဆုံးထားလျှောက်ရမည်
၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို အချိန် မီဆောင်ရွက်နိုင်ရေး နိုင်ငံရေး ပါတီသစ်တည်ထောင်လိုသူများ အနေဖြင့် ယခုနှစ်ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထား၍ လျှောက် ထားရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ၌ အထွေထွေရွေးကောက်ပွဲကျင်း ပရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စီစဉ်ထားသည်။ ထို့ကြောင့် နိုင်ငံရေးပါတီတည် ထောင်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ပါတီများပူးပေါင်း၍ တစ်ပါတီ တည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများကို ကော်မရှင်အနေ ဖြင့် ရွေးကောက်ပွဲအမီဆောင် ရွက်ပေးနိုင်ရန် ထိုသို့ကြေညာ ခြင်းဖြစ်ကြောင်း ကော်မရှင်ပြော ရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ပြော သည်။
မကာအို ဖိတ်ခေါ် ရိုးရာနဂါးလှေပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ငွေတံဆိပ် ရရှိ
မကာအိုနိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ် ရိုးရာနဂါးလှေပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး လှေလှော်အသင်းက ငွေတံဆိပ် ဆု ရရှိခဲ့သည်။ ဇွန်လ ၇ ရက်က မကာအိုရှိ Nam Van Lake Nautical Centre၌ ကျင်းပသည့် အမျိုးသမီးတက် ၂၀ လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လှေလှော်အသင်းသည် တရုတ်အမျိုးသမီးအသင်းကို ပွိုင့်စက္ကန့်ဖြင့်ကပ်၍ နောက်ကျပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
မြောင်တောင်အသင်းမှ ထွက်ခွာရန် ဆန္ဒရှိကြောင်း အောင်သူ ဆို
ထိုင်းလိဂ်-၁ ကလပ် မြောင်တောင်ယူနိုက်တက်တွင် ပုံမှန်ပွဲထွက်ခွင့် မရသဖြင့် အသင်းမှ ထွက်ခွာရန်ဆန္ဒရှိကြောင်း မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူက ပြောသည်။ အသက်(၂၂) နှစ်အရွယ် ရတနာပုံတိုက်စစ်မှူး အောင်သူသည် ယခုနှစ် ဘောလုံးရာသီတွင် ထိုင်း လိဂ်-၁ ကလပ် မြောင်တောင်အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် သွားရောက်ကစား နေသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ထံ ဒေါ်အောင်ဆန်းစုကြည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ အထွေထွေရွေး ကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်အိုချာထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနက ယမန်နေ့ တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၂၄ ရက် တွင် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပသော်လည်း ဝန်ကြီးချုပ်နေရာ ရွေးချယ်တင် မြှောက်ခြင်းကို ဇွန်လ ၅ ရက်တွင် ပြုလုပ်ရာ အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် က အနိုင်ရခဲ့သည်။
ခြေဥပြင်ဆင်ရေးနှင့် ဘတ်ဂျက်အတည်ပြုခြင်းကို လာမည့်လွှတ်တော်အစည်းအဝေး၌ ဆောင်ရွက်မည်
လာမည့် (၁၃)ကြိမ်မြောက် ပြည်ထောင်စုလွှတ် တော် ပုံမှန်အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် နိုင်ငံတော်အတွက် မဖြစ်မနေအတည်ပြုပေးရမည့် ဘတ်ဂျက်ဆိုင်ရာဥပဒေကြမ်း၊ အခြားလွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း ပြည် ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။ ယမန်နေ့က ကျင်းပသည့်(၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး နောက်ဆုံးရက်တွင် လွှတ်တော် နာယကက နိဂုံးချုပ်အမှာစကား ၌ ထိုသို့ ပြောကြားသည်။
ရုပ်ရှင်နှစ်တစ်ရာပြည့်အဖြစ် အပူပိုင်းဒေသမှာ သစ်ပင်နှစ်ထောင်ကျော် စိုက်မယ်
လာမယ့်နှစ် အောက်တိုဘာ ၁၃ မှာ ကျရောက်မယ့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို အဖြစ် မကွေးတိုင်း ချောက်မြို့မှာ သစ်ပင် နှစ်ထောင်ကျော်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီးစိုက်ပျိုးသွားမှာပါ။ အပူပိုင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ ရာသီဥတုကို သမမျှတရာရောက်ပြီး ရုပ်ရှင်နှစ်တစ်ရာ ကာလအတွင်းမှာ အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူဆပ်တဲ့အနေနဲ့ ရုပ်ရှင်လောကသားတွေက သွားရောက်စိုက်ပျိုးတာဖြစ်တယ်လို့ အကယ်ဒမီဇင်ဝိုင်းကပြောပါတယ်။ ဒါ့အပြင် ရေရှားပါးတဲ့နေရာတွေမှာ သောက်သုံးရေကန်တွေတူးဖော်ပေးသွားဖို့စီစဉ်နေပြီး ရုပ်ရှင်လောကသားတွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့လှူဒါန်းမှုတွေနဲ့ မတည်ပြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်နှစ်တစ်ရာပြည့် အကြိုလှုပ်ရှားမှုတွေကို ဇွန်လ ၁၈ ရက်မှာ စတင်မှာဖြစ်ပြီး နှစ် တစ်ရာပြည့်ပွဲအတွက်လည်း စတင်ပြင်ဆင်လို့နေပြီလို့ဆိုပါတယ်။
ပါတီသစ်ထောင်ခြင်း၊ ပူးပေါင်းခြင်း ယခုနှစ်ကုန် နောက်ဆုံးထားလျှောက်ရမည်
၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို အချိန် မီဆောင်ရွက်နိုင်ရေး နိုင်ငံရေး ပါတီသစ်တည်ထောင်လိုသူများ အနေဖြင့် ယခုနှစ်ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထား၍ လျှောက် ထားရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ၌ အထွေထွေရွေးကောက်ပွဲကျင်း ပရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စီစဉ်ထားသည်။ ထို့ကြောင့် နိုင်ငံရေးပါတီတည် ထောင်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ပါတီများပူးပေါင်း၍ တစ်ပါတီ တည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများကို ကော်မရှင်အနေ ဖြင့် ရွေးကောက်ပွဲအမီဆောင် ရွက်ပေးနိုင်ရန် ထိုသို့ကြေညာ ခြင်းဖြစ်ကြောင်း ကော်မရှင်ပြော ရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ပြော သည်။
ကိုယ်ဝန်ဆောင်နှင့် အသက် (၂) နှစ်အောက်ကလေးများ ထောက်ပံ့ရေး ကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေယူရန် ဆုံးဖြတ်
ပြည်ကြီးတံခွန် ရေပေးဝေရေးစီမံကိန်း ဆောင် ရွက်ရန်နှင့် ကိုယ်ဝန်ဆောင်နှင့်အ သက် (၂) နှစ်အောက် ကလေး ငယ်များအား ထောက်ပံ့ကြေးပေး ရန် ချေးယူမည့်ချေးငွေကို ပြည် ထောင်စုလွှတ်တော်က မဲခွဲဆုံး ဖြတ်အတည်ပြုခဲ့သည်။ ဇွန်လ ၇ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး၌ အဆိုပါချေးငွေနှင့် ပတ်သက်၍ လွှတ်တော်၏အဆုံး အဖြတ်ရယူခြင်းဖြစ်သည်။ေ ရပေးဝေနိုင်ရေး စီမံကိန်း ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ ပုဂ္ဂလိကဖွံ့ဖြိုးရေးဘဏ် FMO နှင့် ING ဘဏ်တို့မှယူရို ၂၉ ဒသ မ ၉၆ သန်း ချေးယူမည်ဖြစ်ပြီး ထို ချေးငွေများဖြင့် ဒုဋ္ဌဝတီမြစ်မှ ရေ ကို သွယ်ယူကာပြည်ကြီးတံခွန် မြို့နယ်အတွင်း ရေပေးဝေမည် ဖြစ်သည်။
ပြင်သစ်အိုးပင်းအမျိုးသမီး ဗိုလ်လုပွဲတွင် ဗွန်ဒရူဆိုဗာနှင့် ဘာတီတို့ ယနေ့ယှဉ်ပြိုင်မည်
၂၀၁၉ ပြင်သစ်အိုးပင်းအ မျိုးသမီး ဗိုလ်လုပွဲတွင် ချက် တင်း နစ်မယ် မာကီတာဗွန်ဒရူဆိုဗာ သည် သြစတြေးလျမှ ပြိုင်ပွဲဝင်အ ဆင့် (၈) အက်ရှ်လိတ်ဘာတီနှင့် ယနေ့ည ၇ နာရီခွဲ၌ ရင်ဆိုင်မည် ဖြစ်သည်။ ဂျိုဟန်နာကွန်တာ၏ ၁၉၇၇ နောက်ပိုင်း ဂရင်းဆလမ်ဗိုလ်လု ပွဲသို့ တက်လှမ်းနိုင်သည့် ပထမ ဆုံးဗြိတိန်အမျိုးသမီးဖြစ်လာရန် မျှော်လင့်ချက်သည် ချက်ဆယ် ကျော်သက် မာကီတာဗွန်ဒရူဆို ဗာကို ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်မှု နှင့်အတူ အဆုံးသတ်ခဲ့သည်။ မာကီတာဗွန်ဒရူဆိုဗာသည် ၂၀၀၇ က ဆားဘီးယားမှ အန်နာ အီဗန်နိုဗစ်ပြီးနောက် ဗိုလ်လုပွဲ ရောက်ပထမဆုံး ဆယ်ကျော် သက်ဖြစ်လာသည်။
ကချင်တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့်ဆုတောင်းပွဲ မြစ်ကြီးနားတွင် ယနေ့ကျင်းပမည်
တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့အကြား တစ်ကျော့ပြန် စစ်ပွဲ ဖြစ်ပွားမှု ရှစ်နှစ်ပြည့်ဆုတောင်း ပွဲကို မြစ်ကြီးနားမြို့တွင် ယနေ့ (ဇွန်လ ၈ရက်)ကစ၍ နှစ်ရက် ကြာပြုလုပ်မည်ဟု ကချင်လူငယ် တာဝန်ခံများက ပြောသည်။ ၂၀၁၁ ဇွန်လ ၉ ရက်က စတင်ခဲ့သည့် ကချင်ဒေသ စစ်ပွဲရှစ်နှစ်ပြည့်အဖြစ် ဇွန်လ ၈ ရက်တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ လူအင်အား ခုနစ်ထောင်ခန့်ပါဝင် သော ဆုတောင်းပွဲပြုလုပ်ကာ ဇွန်လ ၉ရက်တွင် ကချင်လူငယ် များက မြစ်ကြီးနားမြို့ပြည်သူ့ ရင်ပြင်နှင့် ဗိုလ်ချုပ်အောင် ဆန်းရုပ်တုဘေး၌ စစ်ရှောင်လူ ငယ်များ၏ ခံစားချက်တေးသရုပ် ဖော်သည့် လှုပ်ရှားမှုလုပ်ဆောင် မည်ဖြစ်သည်။
မန့်ပြိန်းဒေသခံများ နေရပ်ပြန်
ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တာဝန်ရှိသူ တစ်ဦးက အသက်အန္တရာယ် ခြိမ်းခြောက်သည်ဆိုကာ လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေသော မန့်ပြိန်းကျေး ရွာဒေသခံများသည် ကျေးရွာအ တွင်း တပ်မတော်လုံခြုံရေးယူပြီး နောက်နေရပ်သို့ ပြန်သွားပြီဖြစ် သည်။ SSPP/SSA မှ ဗိုလ်ကြီး တစ်ဦးနှင့် ဆက်စပ်သော ကုမ္ပဏီ တစ်ခုက ဒေသခံများပိုင်ဆိုင် သော မြေဧက ၃၀၀ ခန့်ကို သိမ်း ယူပြီး အသက်အန္တရာယ်ခြိမ်း ခြောက်နေသည်ဆိုကာ လား ရှိုးမြို့နယ် မန့်ပြိန်းကျေးရွာဒေသ ခံ ၂၀၀ ခန့်သည် လားရှိုးမြို့ပေါ် သို့ ဇွန်လ ၅ ရက်တွင် ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
လွိုင်ကော်ဗိုလ်ချုပ်ရုပ်တု အုတ်ခုံတည်ဆောက်ရန် လွှတ်တော်သို့ အသိမပေးဘဲ ကျပ်သိန်းတစ်ထောင်ကျော်သုံးစွဲမှု အဂတိဟုဆို
အရပ်သားခြောက်ဦး သေဆုံးခဲ့သည့် စပါးထားရွာသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် သံဃာအချို့ သွားရောက်လေ့လာ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရထံ အစီရင်ခံစာတင်မည်ဟုဆို
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း ကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့သော မင်းပြားမြို့နယ် စပါး ထားကျေးရွာသို့ ယင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်နှင့် မြို့ပေါ်ရှိ သံဃာအချို့သည် ဇွန်လ ၆ ရက်က သွားရောက်လေ့လာခဲ့သည်။ ဇွန်လ ၃ ရက်က တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသည့် စပါးထားရွာသားများရှိရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ခြောက်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တောင်န၀င်းဆည် ရေသိုလှောင်နိုင်သော ပမာဏ၏ ထက်ဝက်သာ သိုလှောင်ရန် ဆုံးဖြတ်
တမံအက်ကြောင်းဖြစ် ပေါ်ပြီး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော တောင်န၀င်းဆည် နှင့် ပတ်သက်၍ ဒေသခံများ၏ စိုး ရိမ်မှုကို လျှော့ချနိုင်ရန် လာမည့် မိုးရာသီတွင် သိုလှောင်နိုင်သော ရေပမာဏ၏ ထက်ဝက်သာ သိုလှောင်ရန် ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာနက ဆုံးဖြတ်သည်။ ပဲခူးတိုင်းဒေသကြီး ပေါက် ခေါင်းမြို့ရှိ တောင်န၀င်းပင်မ ရေ လှောင်တမံထိပ်မျက်နှာပြင်နေ ရာအချို့ ဇန်န၀ါရီက စတင်၍ အက်ကြောင်းပေါ်ခဲ့ရာ ယင်းအချိန်ကစ၍ ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုကြံ့ ခိုင်မှုစိတ်ချရပြီဟု ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံး ချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးထိန်းလင်းက ပြောသည်။
သင်ရိုးမှ ပယ်ဖျက်သည့်ကိစ္စများ ပေါ့ပေါ့ဆဆမလုပ်ရန် သမ္မတရုံးသတိပေး မယ်ခွေ၏ ‘လက်ဆောင်’ ကဗျာနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရန် ညွှန်ကြား
မယ်ခွေ၏ ‘လက် ဆောင်’ ကဗျာကို ယခုပညာသင် နှစ်ကစတင်ကာ အဋ္ဌမတန်းမြန် မာစာသင်ရိုး ညွှန်းတမ်းမှပယ် ဖျက်ရာတွင် ခိုင်မာသောသုတေ သနပြုဆောင်ရွက်မှု မဟုတ်သဖြင့် စစ်တမ်းကောက်ယူရန်နှင့် ပေါ့ပေါ့ဆဆမလုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ ‘‘ဒီကဗျာနဲ့ ဆေးလိပ် သောက်ခြင်း၊ မသောက်ခြင်း အဆက်အစပ်ဘယ်လောက် ဆိုတာတိကျခိုင်မာတဲ့ အချက်အလက်မရှိဘူးလို့တော့ ကျွန်တော်တို့သိရတယ်။ သင်ရိုးညွှန်းတမ်းတွေကတော့ ကြိုပြီးရိုက်ရတာ။ နောင်တစ်ချိန် ကျရင်တော့ သင်ရိုးညွှန်းတမ်း ကိစ္စတွေမှာ ကျန်းမာရေးကိစ္စဒီလိုမျိုး ကိစ္စနဲ့ ပတ်သက်လို့ ပေါ့ပေါ့ဆဆမလုပ်ဖို့လိုတယ်’’ ဟု ဦးဇော်ဌေးက ဆိုသည်။
အတိုက်အခံတွေနဲ့တွေ့ဆုံရေး ရွေးကောက်ပွဲကော်မရှင်ပယ်ချ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုက အိတ်ဖွင့်ပေးစာ ပေးပို့ပြီး စွပ်စွဲခဲ့တာကို ကော်မရှင်က ပယ်ချလိုက်ပါတယ်။ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ ကော်မရှင်အနေနဲ့ လွတ်လပ်ပီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်မလားဆိုတာ သံသယရှိတယ်လို့ စွပ်စွဲနေကြတာပါ။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။
အစိုးရရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ထိရောက်နိုင်သလား
ရခိုင်ဒေသရဲ့စစ်ရေးပဋိပက္ခကို လျှော့ချဖြေရှင်းဖို့ဆိုရင် အင်အားကြီးတဲ့ မြန်မာ့တပ်မတော်ဘက်က အလျော့ပေးတဲ့နည်းကို သုံးခြင်းအားဖြင့် ပြဿနာကို ပြေလည်စေနိုင်မှာ ဖြစ်သလို၊ နိုင်ငံတကာအလယ်မှာ ကျဆင်းနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး အဖတ်ဆယ် နိုင်လိမ့် မယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်တွေက ထောက်ပြကြပါတယ်။ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း အပစ်ရပ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသွားဖို့ သမ္မတရုံးပြောခွင့်ရက ဖိတ်ခေါ်လိုက်အပြီး အခုလို သုံးသပ်လိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
တောင်ငူမြို့နယ်၊ ပေါင်းလောင်းတိန်ကျေးရွာ ၂၄ ပဌာန်းစေတီတော် ဌာပနာ ရွှေထည်ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ

ကျောက်တော်မြို့နယ် သရီချောင်းထဲတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရီချောင်းအတွင်း ယနေ့ ညနေ ၃ နာရီခန့်က အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအလောင်းမှာ ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာမှ ဒေါ်သန်းသန်းဝင်း(၄၂)နှစ်ဖြစ်ကြောင်း ကျေးရွာသားတစ်ဦး ပြောပြချက်အရ သိရသည်။ သရက်တပင်ကျေးရွာသားတစ်ဦးက “မနေ့က မနက်ပိုင်းကနေ အိမ်ကထွက်သွားတယ်လို့ ပြောတယ်။ ညနေစောင်းတော့လည်း ပြန်မရောက်ဘူး။ ဒီနေ့မှ ချောင်းကမ်းစပ်မှာ အသေတွေ့တယ်လို့ပြောပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
နီပေါနိုင်ငံတွင် မုန်တိုင်းကြောင့် လူ ၁ ဦးသေဆုံးပြီး ၄၀ ဦးခန့် ဒဏ်ရာရ

ယီမင်နိုင်ငံ အေဒင်မြို့ ၌ သီချင်းဆိုဖျော်ဖြေပွဲတွင် လက်ပစ်ဗုံး တိုက်ခိုက်မှုကြောင့် ကလေးငယ် သေဆုံး

စပီကာတွေအထဲ ဝှက်ပြီးသယ်လာတဲ့ ဆေးပြားတွေကို သြစတြေးလျမှာ မိ

ရန်ကုန်တိုင်းအစိုးရက SMEs လေးသောင်းထဲက ၆၃ခုသာ ငွေချေးနိုင်ဖို့ ထောက်ခံနိုင်
ရန်ကုန်တိုင်းထဲမှာက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း SMEs စုစုပေါင်း လေးသောင်းထဲကမှ လုပ်ငန်း ၆၃ခုသာ ပုဂ္ဂလိကဘဏ်တွေနဲ့ချိတ်ဆက်ပြီး ငွေချေးယူနိုင်ဖို့ တိုင်းအစိုးရက ထောက်ခံချက်ပေးထားတယ်လို့ တတိယတစ်နှစ်တာလုပ်ငန်းများနဲ့ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။
်မူလွန်ကျောင်း တိုးမပေး၍ ကျောင်းသား ၄၀ကျော် ကျောင်းထွက်ရမည့် အခြေအနေ ရောက်နေ
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် နှင်းကြီးကျေးရွာ တွင် မူလတန်းလွန်ကျောင်း အဆင့်တိုးမပေး၍ ကျောင်းသား၊ကျောင်းသူ ၄၀ကျော် ဆက်လက်ပညာသင်ရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။ ၎င်းရွာတွင်မူလွန်အဆင့်တိုးရန် ၂၀၁၆-၁၇ပညာသင်နှစ်ကတည်းက ပညာရေးဝန်ကြီးဌာန ထံလျောက်သော်လည်း ချမပေး၍ ဒေသခံများမှ ယနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ကြသည်။ ယခင်က နှင်းကြီးရွာမှ ကျောင်းသားများသည် ၁မိုင်ခန့်ဝေးသော လက်ချိတ်ရွာ အလယ်တန်းကျောင်းသို့ ရေကြောင်း၊ ကုန်းကြောင်းမှ နေ့စဉ်ကျောင်းတက်နေရသည်ဟု ဒေသခံများကဆိုသည်။
AA နဲ့ တိုက်ပွဲတွေကြောင့် ကျောင်းပေါင်း ၂၀၀ ကျော် မဖွင့်နိုင်သေး
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေ မသွားရဲတာ၊ ဝေးလံခေါင်သီတာကြောင့် ဆရာ၊ ဆရာမတွေ ပြောင်းရွှေ့တာကြောင့် ကျောင်းပေါင်း နှစ်ရာကျော်ဟာ ကျောင်းမဖွင့်လှစ်နိုင်ဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ လက်ရှိချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမ လုံးဝမရှိတဲ့ကျောင်းပေါင်း တစ်ရာကျော်နဲ့ ကျောင်းဆရာဆရာမ တစ်ယောက်ပဲရှိတဲ့ ကျောင်းပေါင်း ၉၀ ကျော်ရှိပြီး ကျောင်းမဖွင့်လှစ်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
တရုတ်ကဓာတ်မြေသြဇာကားတွေကြောင့် ချီဖွေ - ဆောလော် ကားလမ်းပျက်စီး

အမေရိကန်၊ ရုရှား စစ်သင်္ဘော ၂ စင်း တိုက်မိလုနီးပါးဖြစ်

အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ဒေါက်မြင့် ဖိနပ်စီးဖို့လိုလား

တပ်မတော်ခုံရုံးအဖွဲ့ ဘူးသီးတောင်မြို့နယ်ထဲ ကွင်းဆင်းစစ်ဆေးခဲ့
၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာအကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေးခုံအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကစပြီး ဘူးသီးတောင်မြို့နယ်ထဲ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့တယ် လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံး Court of Inquiry အဖွဲ့ဟာ ဘူးသီးတောင်နယ်မြေ ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအ၀င် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်းသုံးခု၊ အကျဉ်းထောင်တစ်ခုနဲ့ ကျေးရွာငါးရွာတို့ကို သွားရောက်ပြီး စုံစမ်းစစ်ဆေးခဲ့တာလို့ တပ်မတော်ရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။ တပ်မတော်စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ဟာ ဇွန်လ ၃ ရက်နေ့မှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပြီး ဥပဒေ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို ရယူဆောင်ရွက်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမယ် လို့လည်း ထုတ်ပြန်ထားပါတယ်။
လက်နက်ကိုင်တော်လှန်ရေးထောက်ခံတဲ့အမြင် ပိုများလာကြောင်း ANP ပါတီပြော
ရခိုင်ပြည်နယ်အတွင်းက ဒေသခံအများစုက အမျိုးသားအကျိုးအစီးပွားအတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရဘဲ လက်နက်ကိုင်တော်လှန်ရေးနည်းက ပိုထိရောက်တယ်ဆိုတဲ့ အမြင်မျိုးတွေရှိလာတဲ့အပေါ် ရခိုင်အမျိုးသားပါတီ အနေနဲ့ စိုးရိမ်ချက်တွေရှိလာတယ်လို့ ပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော် က ပြောပါတယ်။ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီရုံးမှာ RFA သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံရာမှာပြောခဲ့တာပါ။
ရခိုင်ပြည်နယ်အရေး ဆွေးနွေးအဖြေရှာဖို့ AA အဖွဲ့ကို အစိုးရတိုက်တွန်း
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းရာမှာ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အနေနဲ့ ဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့လည်း ရက္ခိုင့်တပ်မတော် AA ကတော့ မြန်မာစစ်တပ်ဖက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာဖြစ်ပါတယ်။
NRPC နဲ့ မြောက်ပိုင်း ၄ ဖွဲ့တွေ့ဆုံရေးကြန့်ကြာမှုအတွက် စိုးရိမ်မှုတွေထွက်ပေါ်
မြန်မာအစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ဖွဲ့ ဆွေးနွေးဖို့ သဘောတူညီမှု ရရှိထားပေမဲ့ တွေ့ဆုံမယ့်နေရာ မရွေးချယ်နိုင်သေးတဲ့အတွက် ရက်အတိအကျ မသတ်မှတ်နိုင်သေးပဲ ဖြစ်နေပါတယ်။ ဆွေးနွေးမှုတွေ ကြန့်ကြာနေတာနဲ့အမျှ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မစိမ့်ထက် သေဆုံးမှုနဲ့ပက်သက်ပြီး တောင်တက်အဖွဲ့ ခေါင်းဆောင် ၂ ဦးကို ရဲကဖမ်း
ဖန်ဂရန်ရာဇီ တောင်တက်ခရီးစဉ်မှာ ပြုတ်ကျ သေဆုံးခဲ့တဲ့ မစိမ့်ထက်ရဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး တောင်တက်အဖွဲ့ခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက ဘီဘီစီကို အတည်ပြုပါတယ်။ မစိမ့်ထက် ဖခင်ရဲ့ တိုင်ကြားမှုကြောင့် တောင်တက်အဖွဲ့ ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နဲ့ ဒုတိယခေါင်းဆောင် ကိုအောင်ခိုင်မြင့်တို့ကို ဖမ်းဆီးစစ်ဆေးတာဖြစ်တယ်လို့လည်း ရဲမှူးက ပြောပါတယ်။
ရန်ကုန်လျှပ်စစ်လုပ်ပိုင်ခွင့်အပြည့်ရလို့ တစ်မြို့လုံးက လမ်းမီးတွေပြန်လင်းတော့မယ်
ရန်ကုန်လျှပ်စစ်လုပ်ပိုင်ခွင့်အပြည့်ရလို့ တစ်တိုင်းလုံးက မြို့နယ်တွေမှာ လမ်းမီးတွေကို ပြန်လည်တပ်ဆင်ကာ မီးလင်းရေးကို လုပ်ဆောင် ပေးနေပြီလို့ တိုင်းလျှပ်စစ်နဲ့စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တတိယ တစ်နှစ်တာသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ "အရင်ကမီးသီးကို စည်ပင်ကတာဝန်ယူတယ်၊ ဓါတ်ကြိုးနဲ့ ဓါတ်တိုင်ကိုလျှပ်စစ်ကတာဝန်ယူတယ်။
ဦးကိုနီအမှုအယူခံ ဇွန် ၂၄ ရက်နေ့ အပြီးသတ်ကြားနာမည်
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ နှစ်ဖက်အယူခံတင်ထားတဲ့ အပြီးသတ်လျောက်လဲချက်ကို လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ ကြားနာမယ်လို့သိရပါတယ်။ တရားလိုတွေနဲ့ ဥပဒေရုံးချူပ်ဖက်က ရာဇဝတ်ပြင်ဆင်မှု ၃ ခုနဲ့ တရားလိုဘက်က ရာဇဝတ်အယူခံ နှစ်မှု စုစုပေါင်း ငါးမှုကို အဲဒီ၂၄ ရက်နေ့မှာ တစ်ပြိုင်တည်း အပြီးသတ်ကြားနာမယ်လို့လည်း သိရပါတယ်။ အဲဒီအမှုမှာ တရားခံပြေး အောင်ဝင်းခိုင်မှာ ဒီနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့၊ ဇေယျာဖြိုးကို ထောင် ၅ နှစ်နဲ့ အောင်ဝင်းထွန်းမှာ ထောင် ၃ နှစ် ကျခံဖို့ အသီးသီးအမိန့်ချမှတ်ခဲ့ပါတယ်။
ရွာသားတွေကိုခြိမ်းခြောက်တဲ့ SSPP တပ်ဖွဲ့ဝင်ဆိုသူကို စစ်ဆေးမယ်လို့ ပြော
လားရှိုးမြို့နယ် အီနိုင်ကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ ဧကသုံးရာ စိုက်ပျိုးရေးစီမံကိန်းကို ရွာသားတွေက ကန့်ကွက်လို့ ဖိအားပေးခြိမ်းခြောက်ခဲ့တဲ့ SSPP အရာရှိသူကို SSPP ဌာနချုပ်မှာ ခေါ်ယူစစ်ဆေးပြီး အရေးယူသွားမယ်လို့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စိုင်းသန်းမောင်က ပြောပါတယ်။ အဲဒီခြိမ်းခြောက်ခဲ့တဲ့သူဟာ SSPP တပ်ဖွဲ့ဝင်ဖြစ်ပေမယ့် တပ်သားအဆင့်သာဖြစ်ကြောင်း၊ အခုလို လုပ်ဆောင်တာကို SSPP ဌာနချုပ်က မသိရှိရသလို ဌာနချုပ်မှာခေါ်ယူစစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းသန်းမောင်က RFA ကို ပြောပါတယ်။
ကမ္ဘာတ၀န်း လိင်ကတဆင့် ရောဂါကူးစက်မှုအန္တရာယ် WHO သတိပေး
ကမ္ဘာတဝန်းမှာ နေ့စဉ် လူပေါင်း တသန်းကျော်ဟာ ကုသလို့ရတဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံနေကြရတယ်လို့ လေ့လာချက်အသစ်တခုမှာ တွေ့ရပါတယ်။ လိင်ဆက်ဆံရာကတဆင့် ကူးစက်တဲ့ရောဂါတွေဟာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အရွယ် အမျိုးသား အမျိုးသမီးတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတယ်ဆိုတာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကပြနေပါတယ်။ WHO အစီရင်ခံစာထုတ်ပြန်တဲ့ ဂျီနီဗာမြို့ကနေ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ဦးဝီရသူ ဖမ်းဆီးမိရေး ကြိုးပမ်းနေဆဲဖြစ်ကြောင်း အစိုးရရှင်းလင်း
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးဝီရသူကို ဖမ်းမိဖို့ သွားလာတတ်တဲ့ နေရာတွေမှာ ရှာဖွေနေတဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။ ဆရာတော် ဦးဝီရသူဘက်က ဓမ္မစက်နဲ့အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်လို့ ပြောပေမယ့် ဒါဟာ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်လို့ ဥပဒေနည်းလမ်းအတိုင်းသာ အရေးယူရမှာဖြစ်တယ်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
Subscribe to:
Posts (Atom)