Pages
Thursday, May 16, 2019
ဆူဒန်ဆန္ဒပြပွဲများကို စစ်တပ်က ကျည်အစစ်ဖြင့် ပစ်ခတ်သည့်ရုပ်သံ ထွက်ပေါ်
ဆူဒန်နိုင်ငံ မြို့တော် ခါတွန်မှာ မေလ ၁၅ ရက်နေ့က ဆန္ဒပြနေစဉ်အတွင်း စစ်တပ်က ကျည်အစစ်နဲ့ပစ်ခတ်တဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာပါတယ်။ ဆူဒန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်သုံးပြီး ဆန္ဒပြသူတွေကို ဖယ်ရှားချိန်မှာ လူ ၉ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဆူဒန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းချိန် နိုင်ငံကို ဘယ်သူအုပ်ချုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေး မကျင်းပမီ အခုလိုဖြစ်ခဲ့တာပါ ဆန္ဒပြပွဲတွေကို လနဲ့ချီ ဦးဆောင်နေတဲ့ ဆူဒန်နိုင်ငံ ပညာရှင်များအဖွဲ့ (SPA) က ဒဏ်ရာရသူ ၉ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်စစ်တပ်က လူ ၄ ယောက်ထက်မနည်း သေဆုံးရတဲ့ မေလ ၁၃ ရက် အကြမ်းဖက်မှုကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ မေလ ၁၅ ရက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
အထက်မင်းလှတွင် လေပြင်းကြောင့် လူနေအိမ် ၁၅ လုံး အမိုးလန်ပျက်စီး
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာ မေလ ၁၅ ရက်နေ့ညနေပိုင်းက လေပြင်း တိုက်ခတ်ခဲ့လို့ လူနေအိမ် ၁၅ လုံးနဲ့ နွားတင်းကုတ်တခု အမိုးလန်ပျက်ဆီးခဲ့ပါတယ်။ မင်းလှ မြို့မစခန်းမှူးက “မင်းလှမြို့နယ်ထဲက ညောင်ပင်ကျင်း ကျေးရွာမှ နေအိမ် ၇ လုံး၊ သက္ကယ်ကျင်းကျေးရွာက နေအိမ် ၄ လုံး၊ လဲပင်ကျင်းကျေးရွာက နေအိမ် ၂ လုံး၊ တောင်ဦး ကျေးရွာမှ နေအိမ် ၁ လုံး၊ လက်ခုတ်ပင်ကျေးရွာက နေအိမ် ၁ လုံးနဲ့ နွားတင်းကုတ် ၁ လုံးရဲ့ အမိုးတချို့ လန်ပြီး ပျက်စီးခဲ့တာပါ။ အမိုးလန်ခဲ့တဲ့ နေအိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ ၆၆၀၀၀၀ ကျပ်ခန့် ရှိတယ်” လို့ ပြောပါတယ်။
ချောက်မြို့မ ဈေးသူဈေးသားများကို ချေးငွေ ကျပ်သိန်း ၅၀၀၀ ခန့် ပေးအပ်
မကွေးတိုင်းဒေသကြီး ချောက်မြို့မဈေးသူဈေးသားတွေရဲ့ တောင်းဆိုချက်အရ နေပြည်တော် စည်ပင်ဘဏ်က ချေးငွေ ကျပ်သိန်း ၅ ထောင်လောက် ပေးအပ်ခဲ့တယ်လို့ မြို့မဈေး ချေးငွေကော်မတီက ပြောပါတယ်။ ချေးငွေရရှိဖို့ ဈေးကော်မတီက ဦးဆောင် တောင်းဆိုတဲ့အတွက် နေပြည်တော် စည်ပင်ဘဏ်က ဈေးဆိုင်ခန်းပေါင်း ၂၇၀ ရှိ၊ လူဦးရေ ၂၀၇ ဦးအား ကျပ်သိန်း ၄၈၃၀ ဒီကနေ့ ပေးအပ်ခဲ့တာပါ။ ချေးငွေ ချေးတဲ့ဆိုင်တွေဟ]ာ မီးအာမခံ တင်သွင်းရပြီး ၄ နှစ်စီမံကိန်းအဖြစ် ပထမ ၂ နှစ်မှာ အတိုးလစဉ် ပေးစပ်ပြီး ဒုတိယ ၂ နှစ်မှာ ချေးငွေအရင်း (၈) ရစ်နဲ့ အတိုး ပေးဆပ်သွားရမှာ ဖြစ်ပြီး အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြစ်တယ်လို့ ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
အလိမ်အခေါက်စွမ်းရည်ဖြင့် ပရိသတ် ပွဲကျစေခဲ့သည့် တောင်အာဖရိက ဘောလုံးသမား
တောင်အာဖရိက လိဂ်ပွဲစဉ်တခုမှာ ကစားမားတဦးက ပရိသတ်တွေကို ပွဲကျစေမယ့် အလန်းစား အလိမ်အလှည့်တွေ ပြသခဲ့ပါတယ်။ တောင်အာဖရိက ပရီးမီးယားလိဂ်ပွဲစဉ် တခုဖြစ်တဲ့ အော်လန်ဒိုပိုင်းရိတ်စ်အသင်းနဲ့ ပိုလော့ဝါနေးတို့ရဲ့ ပွဲစဉ်မှာ ပိုင်းရိတ်စ်ကွင်းလယ်ကစားသမား သာဘိုကာလင်ဂီက တဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးရရှိချိန် အလိမ်အခေါက်စွမ်းရည် ပြသခဲ့တာပါ။ အဲဒီအချိန်မှာ အိမ်ရှင် အော်လန်ဒိုပိုင်းရိတ်စ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတဲ့အချိန်ဖြစ်ပြီး ပွဲချိန် မိနစ် ၉၀ အကျော်မှာ ဘယ်တောင်ပံတလျှောက် အလိမ်အခေါက်စွမ်းရည် ပြသပြီး ပရိသတ်တွေရဲ့ လက်ခုပ်သံ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကမှာ သွားရောက်လေ့ကျင့်နေတဲ့ MMA ဖိုက်တာ ဖိုးသော်
မြန်မာနိုင်ငံရဲ့ MMA ဖိုက်တာ ဖိုးသော်က လာမယ့် ဇွန်လတွင်းမှာ One Championship ကနေ ကျင်းပမယ့် ONE: Hero Series June ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမေရိကမှာ သွားရောက်လေ့ကျင့်နေပါပြီ အဲဒီ လေ့ကျင့်မှုဟာ တစ်လကျော်ကြာမြင့်မယ်လို့လည်း သိရပါတယ်။ ကြံ့ခိုင်မှုအားကောင်းစေဖို့ နည်းစနစ်တွေ ပိုမိုအားကောင်းလာစေဖို့နဲ့ အတွေ့အကြုံရအောင် သွားရောက်လေ့ ကျင့်တာ ဖြစ်တယ်လို့ ဖိုးသော်က ဆိုပါတယ်။
အွန်လိုင်းကနေ မှတ်ပုံတင်ဖို့ နောက်ကျနေတဲ့ ကုမ္ပဏီတွေ တရားရုံးကို လျှောက်နိုင်
ကုမ္ပဏီတွေကို အွန်လိုင်းစနစ်နဲ့ ပြန်လည်မှတ်ပုံတင်ရာမှာ သတ်မှတ်ကာလကို ထပ်မံ ကျော်လွန်သူတွေအနေနဲ့ တရားရုံးမှာလျှောက်ထားပြီး တရားရုံးအမိန့်နဲ့ ဆောင်ရွက်နိုင်တယ်လို့ သတင်းရရှိပါတယ်။ ကုမ္ပဏီမှတ်ပုံတင်စာရင်း ပြန်သွင်းလိုကြောင်း တရားရုံးမှာ လျှောက်ထားရမှာလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းကပြောပါတယ်။
အီဖယ်မျှော်စင်ဖွင့်လှစ်ခြင်း နှစ် ၁၃ဝ ပြည့် အထိမ်းအမှတ် ရောင်စုံမီးအလှဆင်ယင် ပြသ

မြန်မာ-အိန္ဒိယနယ်စပ်တွင် မြေငလျင်လှုပ်ခတ်
မြန်မာ-အိန္ဒိယ နယ်စပ်မှာ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မေ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်လောက် တမူးမြေငလျင်စခန်းမှ တောင်- အနောက်တောင်ဘက် ၂၅ မိုင် ခန့်ကွာဝေးတဲ့ မြန်မာ-အိန္ဒိယနယ်စပ် မြောက်လတ္တီတွဒ် ၂၃.၈၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၁၇ ဒီဂရီ၊ အနက် ၂၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။
အလုပ်သမားချင်း သတ်ဖြတ်မှုဖြင့် မြန်မာလူငယ် ၃ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖိကျစ်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် မြန်မာလူငယ် ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကမ်ဖိုင်ဖစ်ခရိုင်ရဲတပ်ဖွဲ့က မေလ ၁၅ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အသက် ၂၀ အရွယ် ကိုကျော်၊ ကိုလင်းနဲ့ ကိုအောင်ဆိုသူ မြန်မာအလုပ်သမား ၃ ဦးဟာ ဖိကျစ်ခရိုင်မှာ လူသတ်မှုကျူးလွန်ပြီး ကမ်ဖိုင်ဖစ်ခရိုင်မှာ လာရောက်တိမ်းရှောင်နေကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေက ခလောင်းခလုန်မြို့နယ်ရှိ ကြံစိုက်ခင်းတခုထဲမှာ သွားရောက်ဖမ်းဆီးခဲ့တာပါ။
ရန်ကုန်မြို့ပတ်ကားလိုင်းသစ် Scania City Bus များဖြင့် စတင်ပြေးဆွဲမည်
ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင် ၂၆၀၀ ကျော်ကို အ၀တ်အထည်များ ထောက်ပံ့
မြောက်ဦးတွင် လေဆင်နှာမောင်းကြောင့် ရခိုင်စစ်ရှောင်တဲအိမ် ၃၆ လုံး ပျက်စီး
မိုင်းတုံတွင် ခွင့်ပြုချက်မျောစာမဲ့ ဆင်သုံးကောင် သယ်ယူသည့် ဆင်ဦးစီးများကို အမှုဖွင့်
ရေအားလျှပ်စစ်စက်ရုံများပြုပြင်ရန် ပြင်သစ်ချေးငွေ ယူရို ၃၅ ဒသမ ၇ သန်း လွှတ်တော် သဘောတူ
ရေအားလျှပ်စစ်စက်ရုံ ၅ရုံ အလုံးစုံပြုပြင်ဖို့အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ထံက ယူရို ၃၅ဒသမ ၇ သန်း ချေးယူဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သဘောတူ လိုက်ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲနွယ်၊ မုန်းချောင်း၊ ကင်းတား၊ ဇောင်းတူ၊ သဖန်းဆိပ်စတဲ့ ရေအားလျှပ်စစ်စက်ရုံ ၅ ရုံကို အကြီးစားပြင်ဆင်သွားဖို့ ၀န်ကြီးဌာနက ဧပြီ ၃၀ရက်ကတည်းက လွှတ်တော်မှာ တင်ပြတောင်းခံခဲ့တာ ဖြစ်ပါတယ်။
ဝါးအိမ်များ မီးရှို့ခံရသည့် ပန်းတနော် ရွှေဖလားကျွန်းရွာတွင် လုံခြုံရေး တင်းကြပ်ထား
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ရွှေဖလားကျွန်းကျေးရွာက ကမ်းပြိုပြီး နေစရာအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၀ စုရဲ့ ဆောက်လုပ်စဲဝါးအိမ်တွေ မေ ၁၃ ရက်နေ့ ညနေပိုင်းက လူအုပ်စုနဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ကျေးရွာတွင်း ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး လော့ဖ်တပ်စ်ချိခ် ဒဏ်ရာရ၊ ယူရိုပါလိဂ် ဗိုလ်လုပွဲ လွဲချော်ဖွယ်ရှိ
ချဲလ်ဆီးတိုက်စစ်မှူး လော့ဖ်တပ်စ်ချိခ်ဟာ အမေရိကန်ကလပ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရခဲ့လို့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ အမေရိကန် မေဂျာလိဂ်ကလပ် New England Revolution အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရာမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ လော့ဖ်တပ်စ်ချိခ်က လူစားဝင်ကစားခဲ့ပြီး မိနစ် ၂၀ အတွင်းမှာပဲ ခြေချင်းဝတ်ဒဏ်ရာရခဲ့လို့ လူစားပြန်လဲခဲ့ရပါတယ်။
ခရီးသွားကုမ္ပဏီများကို အပေါင်ပစ္စည်းမလိုဘဲ ငွေထုတ်ချေးပေးနေ
မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ရည်ရွယ်ပြီး ခရီးသွားကုမ္ပဏီတွေကို အပေါင် ပစ္စည်းမလိုဘဲ ငွေထုတ်ချေးနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းကပြောပါတယ်။ေ ချးငွေတွေကို အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရပြီးသား ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်ကုမ္ပဏီတွေက အပေါင်ပစ္စည်းမလိုဘဲ ရိုးမဘဏ်ကနေ ချေးယူခွင့်ရမှာလို့ အသေးစားနဲ့ အလတ်စား မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေဇော်က ပြောပါတယ်။
ကိုလံဘီယာ ရှေ့နေချုပ် ရာထူးက နုတ်ထွက်
လစ်ဗျားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီကနေ ကီလိုမီတာ ၄၀ အကွာမှာ မေလ ၁၅ ရက်က နိုင်ငံတကာ အသိအမှတ်ပြု အစိုးရတပ်တွေနဲ့ လစ်ဗျားအမျိုးသားတပ် (LNA) တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ကုလသမဂ္ဂထောက်ခံတဲ့ အစိုးရအပေါ် သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ကျည်ကာယာဉ်တွေနဲ့ ရှေ့တန်းမှာရှိနေတဲ့ အဆောက်အဦ ခေါင်မိုးပေါ်တက်ပြီး အမြောက်တွေနဲ့ ပစ်ခတ်ကြပါတယ်။
ဆော်ဒီရေနံတင်သင်္ဘောနှစ်စီး ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံရပြီးနောက် ရေနံဈေးနှုန်းမြင့်တက်လာဟုဆို
ဆော်ဒီရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရပြီးနောက် ရေနံဈေးနှုန်းမြင့်တက်လာကြောင်း နိုင်ငံတကာသတင်းများက ရေးသားကြသည်။ ယူအေအီးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ဖျက်ဆီးခံရကြောင်း ဆော်ဒီနို်င်ငံမှ ကြေညာလိုက်ပြီးနောက်ပိုင်းတွင် ရေနံဈေးနှုန်းထိုသိုမြင့်တက်လာခြင်းဖြစ်သည်။ေ ရနံစိမ်းတစ်စည်လျှင် ကန်ဒေါ်လာ ၇၁ ဒေါ်လာဖြစ်သွားခဲ့ပြီး ယင်းသည် ယခင်နောက်ဆုံးဈေးနှုန်းထက် ၃၈ ဆင့်(၀.၅ ရာခိုင်နှုန်း)တက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လေယာဉ်ဘီးကြားမှာပုန်းပြီး လေယာဉ်ခိုးစီးဖို့ကြံသူတစ်ဦး မလေးမှာ ဖမ်းမိ
လေယာဉ်ဘီးကြားထဲတွင် ပုန်းကာ လေယာဉ်ခိုးစီးရန်ကြံစည်သူ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို မလေးရှားနိုင်ငံ ပီနန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။ေ လယာဉ်ပြုပြင်ထိန်းသိမ်းမှုပြုရန်အတွက် ကျွမ်းကျင်သူတစ်ဦးက လေယာဉ်ကိုလှည့်ပတ် စစ်ဆေးစဉ် ကုန်တင်လေယာဉ်တစ်စီး၏ ဘီးခေါက်သိမ်းသည့်နေရာတွင် ယမန်နေ့(မေ ၁၃)က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တဲ့ YBS ၂၁ ယာဉ်က ယာဉ်ထိန်းတပ်ဖွဲ့ယာဉ်အပါအ၀င် ယာဉ် ၆စီးကို ဆင့်တိုက်မှု့ဖြစ်ပွား

လားရှိုးမြို့နယ်အတွင်းမှာ သေနတ်အရှည်(၁)လက်၊ အတို(၃)လက်နဲ့ ကျည်ဆံတွေဖမ်းမိ

ယူအေအီး နိုင်ငံကမ်းခြေအလွန် ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရမှုနောက်ကွယ်မှာ အီရန်(သို့)အီရန်ကထောက်ပံ့တဲ့အဖွဲ့တွေရှိနေနိုင်ဟု အမေရိကန်စွပ်စွဲ
ယူအေအီးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ဆော်ဒီအာရေဗျနိုင်ငံက ရေနံတင်သင်္ဘောနှစ်စီးအပါအ၀င် နိုင်ငံခြားရေနံတင်သင်္ဘောလေးစီး မနေ့က တိုက်ခိုက်ခံရမှုရဲ့နောက်ကွယ်မှာ အီရန်(ဒါမှမဟုတ်)အီရန်က ထောက်ပံ့တဲ့ အဖွဲ့တွေရှိနေပုံရတယ်လို့ ကနဦးစုံစမ်းသိရရှိကြောင်း အမေရိကန် စစ်ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့က ဒီကနေ့မွန်းလွဲပိုင်းက ပြောဆိုလိုက်ပါတယ်။ ”တကယ်လို့ တစ်ခုခုသာဖြစ်လာခဲ့ရင် အီရန်နိုင်ငံအတွက် ဆိုးရွားတဲ့ပြဿနာဖြစ်လာလိမ့်မယ်”လို့လဲ သမ္မတထရမ့်ကပြောပါသေးတယ်။
ရည်းစားဟောင်းရဲ့ လူမှုကွန်ရက်အကောင့်တွေကို ခိုးသုံးတဲ့ စင်ကာပူနိုင်ငံသားကို ခြေချုပ်ခံဝန် ၂၁လ အပြစ်ချ
မိမိနှင့် ပြတ်ပြီးသား ရည်းစားဟောင်းအမျိုးသမီးတစ်ဦး၏ facebook နှင့် Instagram အကောင့်များသို့ ကာယကံရှင်မသိပဲ ၄ နှစ်မျှကြာသည့်တိုင်အောင် အကြိမ်ကြိမ်ဝင်ရောက်၍ ခိုးသုံးခဲ့သူ စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးအား ယနေ့(မေ ၁၄)တွင် တရားရုံးမှ အပြစ်ချမှတ်လိုက်သည်။ အသက် ၂၂ နှစ်အရွယ် အဆိုပါ အမျိုးသားအား ခြေချုပ်ခံဝန်ဖြင့် ၂၁လနေထိုင်စေရန်အမိန့်ချလိုက်ပြီး လူမှုလုပ်ငန်းများကို စုစုပေါင်း နာရီ ၁၈၀ မျှ ပြုလုပ်ရန်ကိုပါ ပူးတွဲအမိန့်ချမှတ်လိုက်သည်။ ခြေချုပ်ခံဝန်ဖြင့် နေရမည်ဆိုရာတွင် ည ၁၀ နာရီမှ နံနက် ၆ နာရီအချိန်များအတောအတွင်း အိမ်ထဲတွင်သာ နေရမည်ဖြစ်ကြောင်းကိုလည်း စည်းကမ်းသတ်မှတ်ပေးလိုက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller အားလက်ခံတွေ့ဆုံ

ကားအသစ်နဲ့တစ်ပတ်ရစ်တွေ အားပြိုင်လာတဲ့ ကားဈေးကွက်
အခုနှစ်ဆန်းကစတင်ပြီး ပြည်တွင်းမှာ SKDစနစ်နဲ့တပ်ဆင်တဲ့ကားအသစ်တွေအပါအဝင် ဘယ်မောင်းကားအသစ် Brand မျိုးစုံက ပြည်တွင်းဈေးကွက်ကို အလုအယက်ဝင်ရောက်လာကြပြီး မူဝါဒကြောင့် ထပ်မံတင်သွင်းခွင့်မရှိတော့တဲ့ ဂျပန်တစ်ပတ်ရစ်ကားတွေနဲ့အတူဈေးကွက်ဝေစုအတွက် အားပြိုင်လာကြတယ်လို့ ကားဈေးကွက်အတွင်းကနေသိရပါတယ်။
ဖေါ်လိုဝါ ၆၉% က သေခိုင်းသဖြင့် အကောင့်ပိုင်ရှင် အမျိုးသမီးငယ် သူ့ကိုယ်သူသတ်သေမှု မလေးရှားတွင်ဖြစ်ပွား
မိမိသေသင့်သလားဟူ၍ အင်စတာဂရမ်လူမှုကွန်ရက်တွင်မဲကောက်ခံရာ ဖေါ်လိုဝါ ၆၉%က သေသင့်ကြောင်းဆန္ဒပြုကြသဖြင့် မဲကောက်ခံသည့် အကောင့်ပိုင်ရှင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ့ကိုယ်သူသတ်သေခဲ့မှု မလေးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်နေ အမျိုးသမီးငယ်တစ်ဦးသည် အင်စတာဂရမ် လူမှုကွန်ရက်တွင် ”death” သို့ ”life”တစ်ခုခုကို ရွေးချယ်ပေးရန် သူ၏ ဖေါ်လိုဝါများထံမှ vote တောင်းခံခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ရန်ကုန်စီမံကိန်းဘဏ်တွင် ထည့်သွင်းထားပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စတင်တည်ဆောက်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဦးစားပေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအား ရန်ကုန်စီမံကိန်းဘဏ် (Yangon Project Bank) တွင် ထည့်သွင်းထားကာ လာမည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွက် အဓိကကျသည့် ဦးစားပေးစီမံကိန်းပေါင်း ၈၀ ပါဝင်သည့် Yangon Project Bank ကို မေ ၁၀ ရက်က ကျင်းပသည့် Yangon Investment Forum အခမ်းအနားတွင် ထုတ်ပြန်လိုက်သည်။
ဝါးခယ်မမြို့နယ် ရွှေလောင်းရွာ ဇက်ဆိပ်ကမ်းတွင် ဇက်ကူးစဉ် ဘိလပ်မြေဖျော်စက် ကားတစ်စီး လျှောကျနစ်မြုပ်ခဲ့ပြီး ယာဉ်မောင်းပျောက်ဆုံးနေ
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာ ဇက်ဆိပ်ကမ်းတွင် ဇက်ကူးနေစဉ် ဘိလပ်မြေဖျော်စက် ကားတစ်စီး မေ ၁၄ ရက် နံနက် ၉ နာရီခွဲက လျှောကျနစ်မြုပ်ခဲ့ရာ ယာဉ်မောင်းမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်မှူးရုံးမှ သိရသည်။ေ ရွှလောင်းကျေးရွာ ဇက်ဆိပ်ကမ်းမှ ယခုအခါ ပျောက်ဆုံးလျက်ရှိနေသော ယာဉ် မောင်း ကိုကယားကြီး (ခ) ဦးဝင်းအောင်က ယာဉ်အမှတ် 9J/ ---- JAC အမျိုးအစား RGP ROYAL GOLDEN POWER ကုမ္ပဏီပိုင်ယာဉ်အား ကားတန်ချိန်နှင့် ဖျော်ရည် အပါအဝင် ဖျော်ရည်စက်တို့ စုစုပေါင်း အလေးချိန် တန် (၃၀) ဖြင့် ဇက်ရေယာဉ်ပေါ်သို့ တက်ခဲ့ရာ ကားဦးပိုင်း ဇက်ရေယာဉ်ပေါ်ရောက်စဉ် ဇက်ရေယာဉ် ကမ်းနှင့် ကွာသွားသဖြင့် အနက်ပေ ၃၀ ခန့်ရှိ ရွှေလောင်းမြစ် အတွင်းသို့ နောက်ပြန်လျှောကျ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက် သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ လေးလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ် ၄၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂၀ဝ ကျော် သေဆုံး
၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဧပြီလအထိ လေးလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် သဘာဝဘေးအန္တရာယ်နှင့် မတော်တဆဖြစ်စဉ် ၄၁၉ ကြိမ် ဖြစ်ပွားခဲ့ကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ တိုင်းဒေသကြီး၊ပြည်နယ်များ၌ ဘဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် မတော်တဆထိခိုက်မှုများတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ချက်စာရင်းဇယားများအရ သိရသည်။
၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူ ကျပ် ၁၃၀၄၁ ဘီလျံရှိပြီး ယခင်ခြောက်လထက် ကျပ် ၃၇၂ ဘီလျံကျော် မြင့်တက်
၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ (Currency in Curculation) ကျပ် ၁၃၀၄၁ ဘီလျံရှိပြီး ယခင်ခြောက်လထက် ကျပ် ၃၇၂ ဘီလျံကျော်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ် အတွက် ပထမဦးဆုံးထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume II) အရ သိရသည်။ ၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဇွန်အထိ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၁၃၀၆၃ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၂၁၆၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၂၂၂၇ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၂၆၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၄၁၈၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၃၀၄၁ ဘီလျံရှိပြီး ယခင်ခြောက်လထက် ကျပ် ၃၇၂ ဒသမ ၇၀၇ ဘီလျံမြင့်တက်လာခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မှု အမြင့်ဆုံး ရှိနေသော်လည်း လျှပ်စစ်မီးရရှိမှု သုညနှင့် လမ်းပန်းဆက်သွယ်ရေး အားနည်းချက်များ ရှိနေကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ပြောကြား
တနင်္သာရီတိုင်းဒေသကြီးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာအမြင့်ဆုံး ရှိနေသော်လည်း လျှပ်စစ်မီးရရှိမှု သုညနှင့် လမ်းပန်းဆက်သွယ်ရေး အားနည်းချက်များ ရှိနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီး၏ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါသော မောတောင်လမ်း ဖွင့်ပွဲတွင် ဒုဝန်ကြီးမှ မေ ၁၂ ရက်က ပြောကြားခဲ့ခြင်း ဖြစ်ပြီး နယ်စပ်ဂိတ်ကိုလည်း အမြန်ဆုံးဖွင့် လှစ်နိုင်ရန် ဆောင်ရွက်သင့်ကြောင်း မှတ်ချက် ပြုပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့သို့ အတိုဆုံးလမ်းကြောင်းဖြင့် သွားလာနိုင် မည့် မြိတ်-တနင်္သာရီ-မောတောင်လမ်းမှာ ရေ ထွက်ကုန်များကို အချိန်တိုအတွင်း ပို့ဆောင် နိုင်မည့်လမ်းဖြစ်သလို
ဖျာပုံမြို့တွင် သေနတ်ကိုင်ဆောင် သွားလာနေသူအား ဖမ်းဆီးအရေးယူ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ရှိ ရပ်ကွက်အတွင်း သေနတ်ကိုင်ဆောင် သွားလာနေသူ တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဖျာပုံမြို့နယ် အမှတ် ၁၅ ရပ် ကွက်အတွင်း မေ ၁၂ ရက် ည ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် လူတစ်ဦး သေနတ်ကိုင်ဆောင် ကာသွားလာနေကြောင်း သတင်းအရ လှည့်ကင်း ဆောင်ရွက်နေသည့် ဖျာပုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရာ အရက်သောက်စား မူးယစ်ကာ သေနတ်ကိုင်ဆောင် သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ゞင်းထံမှ ၉ မမပစ္စတိုတစ်လက်၊ ကျည်ငါးတောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး
အိန္ဒိယရွေးကောက်ပွဲ နောက်ဆုံးအဆင့်မတိုင်မီ ကိုလ်ကတ္တား၌ ရန်ပွဲများဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကြီး၏ နောက်ဆုံးအဆင့်မကျင်းပမီ အဓိကကျသော မြို့တစ်မြို့ဖြစ်သည့် ကိုလ်ကတ္တားတွင် ဝန်ကြီးချုပ် နရင်ဒရာမိုဒီအား ထောက်ခံသူများနှင့် အတိုက်အခံခေါင်းဆောင်တစ်ဦးအား ထောက်ခံသူများကြား၌ ရန်ပွဲများကြောင့် မေ ၁၅ ရက်က တင်းမာမှု မြင့်တက်ခဲ့သည်။ လူ ၅၉ ဦး အဖမ်းခံရသည့် မေ ၁၄ ရက်နှောင်းပိုင်းက လမ်းပေါ်ရန်ပွဲများကြောင့် အာဏာရ ဘီဂျေပီပါတီ၏ ဥက္ကဋ္ဌဌဖြစ်သော အာမစ်ရှာသည် ကိုလ်ကတ္တားမြို့၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ လူထုစုဝေးပွဲတစ်ခုမှ လက်နက်ကိုင် အစောင့်အရှောက်များနှင့်အတူ ထွက်ခဲ့ရသည်ဟု အနောက်ဘင်ဂေါပြည်နယ်ရှိ ရဲများက ပြောခဲ့ကြသည်။
ပြည်သူ့အကယ်ဒမီဆု အဖြစ် ချီးမြှင့်ခံရသည့် ဒါရိုက်တာ ဏကြီးနှင့် အကယ်ဒမီ ပိုင်ဖြိုးသုတို့ကရရှိငွေများကို ကျန်းမာရေးချို့တဲ့လျက်ရှိသည့် ဝါရင့် ဇာတ်ပို့အနုပညာရှင်များထံ ခွဲဝေလှူဒါန်း

အင်ဒိုနီးရှားတွင် သမ္မတရွေးကောက်ပွဲ ရလဒ်များ မထုတ်ပြန်မီ လုံခြုံရေးတင်းကျပ်စွာ ချထား
အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီလက ကျင်းပခဲ့သည့် ပြိုင်ဆိုင်မှုပြင်းထန်သော သမ္မတရွေးကောက်ပွဲ၏ ရလဒ်များကို လာမည့် သီတင်းပတ်တွင် ထုတ်ပြန်မည်ဟု ကြေညာခဲ့သည့် ကာလအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သံသယရှိသူ ၁၀ ဦးထက်မနည်းကို အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲကော်မရှင် (KPU) က မေ ၂၂ ရက်တွင် ရလဒ်များ ထုတ်ပြန်မှုမတိုင်မီ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ၌ တင်းမာမှုများ မြင့်တက်ပြီး လုံခြုံရေးတင်းကျပ်စွာ ချထားစဉ် သံသယရှိသူများကို ဖမ်းဆီးမိခဲ့သည်။
ဗင်နီဇွဲလားလုံခြုံရေးများက ကွန်ဂရက်အား ပိတ်ဆို့ပြီးနောက် ဂွါအီဒိုက အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်
ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ်မာဒူရို အား ဖြုတ်ချရန် မအောင်မြင်ခဲ့သော အုံကြွမှု ဖြစ်ပွားခဲ့အပြီး နှစ်ပတ်အကြာ မေ ၁၄ ရက်တွင် လုံခြုံရေးများက အတိုက်အခံများ လွှမ်းမိုးသော အမျိုးသားလွှတ်တော်ထဲသို့ အမတ်များ ဝင်ရောက်မှုကို ပိတ်ဆို့ခဲ့ရာ ဗင်နီဇွဲလား အစိုးရသည် ကွန်ဂရက်အား ပိတ်ပင်ရန် ကြိုးစားနေသည်ဟု အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုက စွပ်စွဲခဲ့သည်။ ထိုလွှတ်တော်အဆောက်အအုံအတွက် လုံခြုံရေးပေးသည့် အမျိုးသား အစောင့်တပ်မှ အဖွဲ့ဝင်များနှင့်အတူ ရဲများနှင့် ထောက်လှမ်းရေးအဖွဲ့ SEBIN မှ အေးဂျင့်များသည် အမျိုးသားလွှတ်တော်ကို ပိတ်ဆို့ထားကြောင်း အမတ်များက ပြောကြားခဲ့သည်။
အသွင်ကူးပြောင်းကာလကို သုံးနှစ်သတ်မှတ်ရန် ဆူဒန်စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆန္ဒပြသူများအကြား သဘောတူညီချက်ရရှိ
ဆူဒန်နိုင်ငံတွင် အရပ်ဘက်အစိုးရတစ်ရပ်ထံသို့ အာဏာလွှဲပြောင်းပေးရန် အကူးအပြောင်းကာလအား သုံးနှစ်သတ်မှတ်ရေး အတွက် စစ်တပ်မှ အုပ်ချုပ်သူများနှင့် ဆန္ဒပြခေါင်းဆောင်များကြား၌ သဘောတူညီခဲ့ကြသည်။ သို့သော် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့သစ်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများမှာမူ မပြီးပြတ်သေးပေ။
ဟူသီသူပုန်များက ဒရုန်းနှင့်တိုက်ခိုက်မှုအပြီး ဆော်ဒီက အဓိကရေနံပိုက်လိုင်းကို ပိတ်ချ
အီရန်နှင့်ဆက်နွှယ်သော ယီမင်သူပုန်များက ဒရုန်းနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျက ゞင်း၏အဓိက ရေနံပိုက်လိုင်းတစ်ခုကို မေ ၁၄ ရက်တွင် ပိတ်ချခဲ့ရာ ရေနံတင်သင်္ဘောအများအပြား ထူးဆန်းစွာ တိုက်ခိုက်ခံခဲ့ရပြီးနောက် ပင်လယ်ကွေ့၌ တင်းမာမှုများကို ထပ်မံမြင့်တက်စေခဲ့သည်။ေ ရနံပို့လွှတ်သည့်စက်ရုံနှစ်ရုံသည် မေ ၁၄ ရက်အစောပိုင်းတွင် ပစ်မှတ်ထားခံခဲ့ရကြောင်း ရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့ OPEC ၏ အဓိကအဖွဲ့ဝင်နှင့် ကမ္ဘာတွင် ရေနံအများဆုံး တင်ပို့သည့်နိုင်ငံ ဆော်ဒီက ထုတ်ပြန်ခဲ့သည်။ East West ပိုက်လိုင်းပေါ်တွင် တည်ရှိသော ထိုစက်ရုံများသည် ရေနံကြွယ်ဝသည့် Eastern Province မှ ပင်လယ်နီဆိပ်ကမ်းသို့ နေ့စဉ် ရေနံစည်ငါးသန်း ပို့လွှတ်နေသည်။
မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများအပြီး အခြေအနေထိန်းချုပ်နိုင်ခဲ့ဟု သီရိလင်္ကာတာဝန်ရှိသူများ ပြောကြား
သီရိလင်္ကာတွင် အီစတာနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုများအပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ဗလီများ၊ မွတ်စလင်များပိုင်ဆိုင်သော ဈေးဆိုင်များနှင့် နေအိမ်များသည် ပစ်မှတ်ထား ဖျက်ဆီးခံခဲ့ရပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက မေ ၁၅ ရက်တွင် ပြောကြားခဲ့ကြသည်။ သီရိလင်္ကာလူဦးရေ ၂၁ သန်းအနက် ၁၀ ရာခိုင်နှုန်းခန့်ရှိသော မွတ်စလင်များအား မေ ၁၃ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မေ ၁၄ ရက်တွင် နိုင်ငံတစ်ဝန်း ဒုတိယမြောက်နေ့အဖြစ် ကာဖျူးအမိန့်ထုတ်ပြန်ထားစဉ် အကြမ်းဖက်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခြင်းမရှိခဲ့ပေ။
အွန်လိုင်းတွင် အစွန်းရောက်မှုအား တိုက်ဖျက်ရန် Facebook က တိုက်ရိုက်ထုတ်လွှင့်မှုကို တင်းကျပ်မည်
အွန်လိုင်းတွင် အစွန်းရောက်မှု ပျံ့နှံ့ခြင်းအား တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင်ရှေ့ရွက်ပြုမှု Christchurch Call ကို ဆောင်ရွက်ရန် ပြင်သစ်သမ္မတ အီမန်နျူ ရယ်မက်ခရွန်နှင့် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒင်တို့က ပြင်ဆင်နေချိန်တွင် Facebook က ゞင်း၏ တိုက်ရိုက်ထုတ်လွှင့်မှု နည်းပညာကို တင်းကျပ်သွားမည်ဟု မေ ၁၅ ရက်တွင် ကြေညာခဲ့သည်။
ဆန်ဖရန်စစ္စကိုတွင် ရဲတပ်ဖွဲ့နှင့် အစိုးရအေဂျင်စီများအား မျက်နှာသိမှတ်ခြင်း နည်းပညာသုံးစွဲခြင်းကို ပိတ်ပင်
ဆန်ဖရန်စစ္စကိုသည် မေ ၁၄ ရက်တွင် ရဲတပ်ဖွဲ့နှင့် အခြားအစိုးရအေဂျင်စီများအား မျက်နှာသိမှတ်သည့် နည်းပညာ အသုံးပြုခြင်းကို ပိတ်ပင်သည့် ပထမဆုံး အမေရိကန်မြို့ဖြစ်လာခဲ့သည်။ “မျက်နှာသိမှတ်တဲ့ နည်းပညာဖွံ့ဖြိုးလာခြင်းကြောင့် အရပ်ဘက်လူ့အခွင့်အရေးအပေါ် အန္တရာယ်ဖြစ်စေမှုဟာ ရရှိတဲ့အ ကျိုးကျေးဇူးထက်ပိုများနေပါတယ်။ ဒီနည်းပညာဟာ လူမျိုးရေးမမျှတမှုကို ကြီးထွားလာစေပြီး အစိုးရရဲ့ အဆက်မပြတ်စောင့် ကြည့်နေမှုကနေ ကင်းလွတ်နိုင်မှုကိုလည်း ခြိမ်းခြောက်နေပါတယ်” ဟု မေ ၁၄ ရက်က အတည်ပြုခဲ့သည့် ဥပဒေထဲ၌ ဖော်ပြခဲ့သည်။ ဆန်ဖရန်စစ္စကို၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ အဖွဲ့ဝင်ကိုးဦးအနက် ရှစ်ဦးက ထိုဥပဒေကို ထောက်ခံချက်ပေးခဲ့ကြသည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင် ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ ပြုရန်အတွက် စီစဉ် ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ပြင်ဆင်ထား
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားကြောင်း သိရသည်။ေ မ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ကျိုက်ထိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်အတွင်း ကျပ်သိန်း ၄၀ဝ၀ ခန့် ကွာဟမှုဖြင့် ဘဏ်ဝန်ထမ်း တစ်ဦးအား အမှုဖွင့်
ကျိုက်ထိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၏ ငွေတိုက်အတွင်းရှိငွေ ကျပ်သိန်း ၄၀ဝ၀ ခန့် ကွာဟနေမှုဖြင့် ဘဏ်ဝန်ထမ်း တစ်ဦးအား မေ ၁၄ ရက်က အမှုဖွင့်ထားကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။ “မနေ့ (မေ ၁၄ ရက်) က ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က ငွေတိုက်ထဲမှာ ငွေကွာဟနေမှုနဲ့ ပတ်သက်လို့ စခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။ အမှုနဲ့ ပတ်သက်လို့ အခုအချိန်အထိ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ငွေပမာဏကတော့ ကျပ်သိန်း ၄၀ဝ၀ ခန့်ပါ။ သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာကနေ တရားလို ပြုလုပ်ပြီး တိုင်ကြားထားတာပါ။ အမှုဖွင့် တိုင်ကြားခံရတဲ့ သူကတော့ တိမ်းရှောင်နေပါတယ်” ဟု ကျိုက်ထိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗုဒ္ဓဘာသာဟာ လူမှုကွန်ရက်မှာ စော်ကားစရာ ဖြစ်လာနေပြီလား

မထသခေတ်တွင် ကျပ် ၅၀၊ ၁၀ဝ၊ ၁၅၀ ဖြင့် ပြေးဆွဲစဉ်ကပင် ရပ်တည်နိုင်ခဲ့ပြီး ယခုအချိန်တွင် YBS ယာဉ်များ ရှုံးသည်ဟု မပြောနိုင်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ပြောကြား
မထသခေတ်တွင် ၅၀၊ ၁၀ဝ၊ ၁၅၀ ကျပ်ဖြင့် ပြေးဆွဲနေစဉ်ကပင် ရပ်တည်နိုင်ခဲ့ပြီး ယခုချိန်တွင် YBS ယာဉ်များ ရှုံးသည်ဟု မပြောနိုင်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မေ ၁၅ ရက် တွင် YRTA ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ “ယာဉ်လိုင်းတိုင်း ပြန်ကြည့်ပါ။ ကျွန်တော်လည်း ယာဉ်ပိုင်ရှင်ဟောင်းပါ။ မထသ ခေတ်တွင် ၅၀၊ ၁၀ဝ၊ ၁၅၀ ကျပ်နဲ့ ပြေးတာ အဲဒီတုန်းကတောင် ရပ်တည်နိုင်ပါတယ်။ ဘာကို သွားစကားပြောမလဲဆိုတော့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုမှာ သုံးခုရှိပါတယ်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်သူများအား အချိန်မီ အသိပေးခြင်း မရှိခဲ့ဟု ဆိုကာ ဝေဖန်မှုများ ထွက်ပေါ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မေ ၁၅ ရက် နံနက်က ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်သူများအား အချိန်မီ အသိပေးခြင်း မရှိခဲ့ဟုဆိုကာ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။ ထားဝယ် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံပွဲသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အသစ်၏ လက်ထက်တွင် ပထမဆုံး စတင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ ဖြစ်သော်လည်း တွေ့ဆုံပွဲ ပြုလုပ်မည့်ကိစ္စကို ဒေသခံ ပြည်သူများအား အသိပေး ကြေညာခြင်း မရှိသည့်အပြင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပွဲကျင်းပမည့် အချိန်နီးကပ်မှ အသိပေးကာ တစ်ရပ်ကွက်လျှင် ၁၀ ဦးစီ တက်ရောက်ပေးရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်း တိမ်းစောင်းနေပြီဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ သုံးသပ်ထားပြီး တစ်ဆို့မှုများနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဖယ်ရှား ကျော်လွှားနိုင်ရေး နည်းလမ်းရှာရမည်ဟု KNU ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြောကြား
ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်းသည် တိမ်းစောင်းနေပြီဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က သုံးသပ်ထားပြီး တွဲလက်ညီ ဆက်သွားနိုင်ရေး လိုအပ်သည့်အပေါ်တွင် တစ်ဆို့မှုများကို ရှင်းလင်း ဖယ်ရှားနိုင်ရေး၊ စိန်ခေါ်မှုများကို ကျော်လွှား ဖြတ်သန်းနိုင်ရေး နည်းလမ်းရှာရမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
လုပ်ငန်း မစတင်မီ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်း ထားရှိစဉ် ငွေလဲလှယ်မှု နှုန်းထား ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အမြတ်/အရှုံးကို ဝင်ငွေခွန် တွက်ချက် စည်းကြပ်ခြင်း၊ ခုနှိမ်ခြင်း မပြုကြောင်း ပြည်တွင်းအခွန် ထုတ်ပြန်
လုပ်ငန်း မစတင်မီ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်းထားရှိစဉ် ငွေလဲလှယ်မှု နှုန်းထား အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော အမြတ်/အရှုံးကို ဝင်ငွေခွန် ထည့်သွင်း တွက်ချက် စည်းကြပ်ခြင်း၊ ခုနှိမ်ခြင်း မပြုကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက အဓိပ္ပာယ်ရှင်းလင်း ဖွင့်ဆိုချက် အမှတ် ၄/၂၀၁၉ ဖြင့် အသိပေး ကြေညာချက် ထုတ်ပြန်သည်။
လွိုင်ကော်မြို့တွင် ရေတွင်းရေကန်များ ခန်းခြောက်သည့်အပြင် စည်ပင်ရေ အချိန်မှန် မလာသောကြောင့် သောက်သုံးရေ အခက်အခဲဖြစ်
လွိုင်ကော်မြို့တွင်းရှိ ရေတွင်းရေကန်များ ခန်းခြောက်သည့်အပြင် စည်ပင်ရေ အချိန်မှန် မလာသောကြောင့် လူနေအိမ်များအပြင် ကျောင်းများတွင်ပါ သောက်သုံးရေ ခက်ခဲနေကြောင်း ပရဟိတအသင်းများနှင့် နိုင်ငံရေး ပါတီများထံမှ သိရသည်။ “ကျွန်တော်တို့က အားကာသိပ္ပံက ဝန်ထမ်းတစ်ဦး ကနေပြီးတော့ ကျွန်တော်တို့ကို ဆက်သွယ်လာတာပေါ့နော်။ ရေမရှိဘူး သင်တန်းသားက ၂၀ဝ ကျော် ရှိတယ်ပေါ့။ ရေအခက်အခဲ ဖြစ်နေပါတယ်တဲ့။ စည်ပင်ရေက သွားပြောတော့လည်းပဲ ပိုက်က ရှာနေတယ်ပေါ့လေ။ စည်ပင်က မရဘူးလို့ ကျွန်တော့်ကို ပြောတယ်။
သာကေတမြို့နယ်ရှိ ခွေးလေခွေးလွင့်များကို တိရစ္ဆာန်ချစ်သူများက ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ သားဆက်ခြားမျိုးထိန်းခြင်းများ ဆောင်ရွက်ပြီး ရပ်ကွက်များအတွင်းပြန်လွှတ်ပေးမည်ကို အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ကန့်ကွက်
သာကေတမြို့နယ်အတွင်း ခွေးလေခွေးလွင့်များအား တိရစ္ဆာန်ချစ်သူများက ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ သားဆက်ခြားမျိုးထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ရပ်ကွက်များအတွင်း ပြန်လည်လွှတ်ပေးမည်ကို အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်အတွင်းရှိ ခွေးလေခွေးလွင့်များအား မြို့နယ်နေပြည်သူများက မည်ကဲ့သို့ ဆောင်ရွက်စေလိုကြောင်း သိရှိလိုသဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား မေ ၁၅ ရက် နံနက်ပိုင်းက ဇိနမာန်အောင်စေတီ ဓမ္မာရုံ၌ တွေ့ဆုံခဲ့ကြသည်။
မြန်မာနိုင်ငံ တောင်ပိုင်း ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနှင့်ဆင် ပဋိပက္ခဖြစ်မှု များလာပြီး သုံးဦးအထိ သေဆုံးခဲ့ရာ မြေအသုံးချခွင့် ချထားပေးမှုများကို သေချာစိစစ် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပညာရှင်များနှင့် ဒေသခံများ သတိပေး ပြောကြား
မြန်မာနိုင်ငံ တောင်ပိုင်း ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနှင့်ဆင် ပဋိပက္ခဖြစ်မှု များပြားလာနေပြီး တောဆင်ရိုင်းများ တိုက်ခိုက်မှုကြောင့် သုံးဦးအထိ သေဆုံးခဲ့ရာ မြေအသုံးချခွင့် ပေးထားမှုကို သေချာ စိစစ်ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း ပညာရှင်များနှင့် ဒေသခံများက သတိပေး ပြောကြားခဲ့သည်။မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သဘာဝ တောတောင် မြေနေရာများကို အစိုးရအဆင့်ဆင့် ဆီအုန်း လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ခွင့် ပေးထားခဲ့သည့် ဆိုးကျိုးများအဖြစ် တောရိုင်းတိရစ္ဆာန်များစွာ မျိုးသုဉ်းခဲ့သလို
ခွေးလေခွေးလွင့် ပြဿနာကိုဥပဒေအတိုင်းဆောင်ရွက်ရန်နှင့် သုတ်သင်ရန် သာကေတမြို့နယ်တွင် သဘောတူဆွေးနွေးခဲ့
သာကေတမြို့နယ်အတွင်းကခွေးလေခွေးလင့်ပြဿကိုဖြေရှင်းနိုင်ဖို့ရန်အတွက် ဆွေးနွေးပွဲတစ်ခုကိုမေလ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး ခွေးလေခွေးလွင့် ပြဿနာကိုဥပဒေအတိုင်းဆောင်ရွက်ဖို့နဲ့ သုတ်သင်ဖို့ သဘောတူဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မလေးရှားက မြန်မာသံရုံး ဗုံးခွဲဖို့ စီစဉ်သူတွေ ဖမ်းမိ
မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဟိန္ဒူဘုရားကျောင်းနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို တိုက်ခိုက်ဖို့စီစဉ်နေတဲ့ IS အစွန်းရောက် မွတ်စလင် အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ရာမှာ ၂ ဦးဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ သိရှိရပါတယ်။
တာချီလိတ် တရားမ၀င် လောင်းကစားဂိမ်းအမှု ဖမ်းမိသူတွေထဲ တရုတ် ၁၇၀ကျော်ပါဝင်
ရှမ်းပြည်အရှေ့ပိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ တရားမဝင် အွန်လိုင်းဂိမ်း လောင်းကစားလုပ်နေတဲ့သူတွေကိုရှာဖွေဖမ်းဆီးရာမှာ လူ ၁၈၀ကျော်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲ့ဒီဖမ်းဆီးထားသူတွေထဲမှာ တရုတ်နိုင်ငံသားက ၁၇၀ ကျော်အထိ ပါဝင်ပြီး ဝိန်းကျောက် ရပ်ကွက်က နေအိမ် တခုမှာ ဖမ်းဆီး ရမိသူ တယောက်ထံက စိတ်ကြွ ဆေးပြား ၂၅ပြားနဲ့အတူ ဘဏ်ကတ် ခြောက်ခု သိမ်းဆည်း ရရှိခဲ့ပါတယ်။
မူဆယ် တရုတ်နယ်စပ် ဂိတ်ပေါက် ပုံမှန်ထက် အချိန်စောပိတ်
သျှမ်းပြည် မြောက်ပိုင်း မူဆယ် တရုတ်နယ်စပ် ဂိတ်ပေါက်များကို တရုတ်ဘက်မှ ပုံမှန်ထက် အချိန်စော ပိတ် သည် ဟု သတင်းရရှိသည်။ြ မန်မာ တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက် ၃ပေါက်ကို ပုံမှန်ထက် စောပိတ်မည် ဟု တရုတ်၊ အင်္ဂလိပ် ဘာသာ ဖြင့် မေလ ၁၃ ရက်နေ့က တရုတ်ဘက်မှ ထုတ်ပြန်ခဲ့သည်။ြ မန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေးပေါက်များမှာ မန့်ဝိန်းပေါက်၊ ဆင်ဖြူပေါက် နှင့် နန်းတော်ပေါက်တို့ ဖြစ်သည်။
တရုတ်နည်းပညာကုမ္ပဏီ ၆ ခုအပေါ်ကန် ပိတ်ဆို့မှုချမှတ်
တရုတ် နည်းပညာ ကုမ္ပဏီ ၆ ခုကို အမေရိကန် နည်းပညာနဲ့ ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချခွင့်ကို အမေရိကန်က တနလာင်္နေ့မှာ ပိတ်ပင်လိုက်ပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အီရန် စစ်တပ် အစီအစဉ်တွေမှာ ပံ့ပိုးပေးနေမှုတွေကြောင့် တရုတ် လုပ်ငန်းကြီး လေးခုကို ပိတ်ပင်တာ ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ၀န်ကြီးဌာနက တနလာင်္နေ့မှာ ကြေညာပါတယ်။
ရသေ့တောင်မြို့နယ်တွင် ကျွဲ၊ နွားများရေမသောက်ရ၍ သေဆုံးမှုများရှိနေ
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် ကျေးရွာတစ်ချို့တွင် ကျွဲ၊ နွားများ အစားအစာနှင့် ရေပြတ်လပ်ရာမှ သေဆုံးမှု များပြားလာနေကြောင်းသတင်းရရှိသည်။ “ကျနော်တို့ ရသေ့တောင်မြို့နယ် ကျေးရွာတစ်ချို့မှာ ကျွဲတွေ နွားတွေသေဆုံးနေကြတာကို တွေ့ရပါတယ်။ ဘာကြောင့် သေလဲဆိုတော့ ကျနော်သိရသလောက်ပြောရရင် ကျနော်တို့ ကျောက်တန်း အပါအ၀င် တခြားအနီးအနားကျေးရွာကလူတွေပါ ကျေးရွာတွေကို စွန့်ခွာ ထွက်ပြေးကြတယ်။ အဲသလို ထွက်ပြေးတဲ့ အချိန်မှာ ကျွဲ၊ နွားတွေက ဒီအတိုင်း ကျန်ခဲ့ကြတယ်။ နွေရာသီကလည်း ရောက်နေတာဆိုတော့ ချောင်းတွေ၊ မြောင်းတွေ အပါအ၀င် ကန်တွေမှာလည်း ရေတွေက အကုန်ခမ်းခြောက်လာတော့ ရေမသောက်ရလို့ သေကြတာများပါတယ်”ဟု ဦးငြိမ်းဇော်က ဆိုသည်။
ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးထားတဲ့ ဆုထူးစံ ဝန်ထမ်းများ အသက်ရှင်လျက်ရှိ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထဲက တွင်းကင်းအလောင်းရွာမှာ ဆုထူးစံ ကုမ္ပဏီဝန်ထမ်းတွေ လမ်းလုပ်ငန်း ဆောင်ရွက်နေစဉ် မတ်လ ၃၀ ရက်နေ့က အင်အား ၁၇၀နီးပါးရှိတဲ့ ရက္ခိုင့်တပ်(AA) က ဝန်ထမ်း ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဝန်ထမ်း ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ယနေ့အချိန်အထိ ၈ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ဒီလူ ၈ ယောက်ရဲ့ နောက်ဆုံးအခြေအနေကို ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ ရက္ခိုင့်တပ် အေအေရဲ့ ပြောရေးဆိုခွင့်ရသူ ခိုင်သုခက ဒီလူတွေကို ကောင်းမွန်စွာ ထားရှိကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိပေမယ့် လတ်တလော တိုက်ပွဲတွေနဲ့ တခြားအခက်အခဲတွေကြောင့် ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။
သီရိလင်္ကာမှာ ဗုဒ္ဓစာပေသင်ကြားနေတဲ့ မြန်မာသံဃာတချို့ အဓိကရုဏ်းကြောင့် အသွားအလာဆင်ခြင်နေရ
သီရိလင်္ကာမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကြောင့် မြန်မာနိုင်ငံကနေ သွားရောက်ပြီး ပညာသင်ကြားနေတဲ့ မြန်မာသံဃာတွေကို ကျောင်းထိုင်ဆရာတော်တွေက အသွားအလာ ဆင်ခြင်ဖို့ မိန့်ကြားထားတယ်လို့ သီရိလင်္ကာရောက် ရဟန်းတချို့က ဘီဘီစီကို ပြောပါတယ်။ လတ်တလောမှာ မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်နေတဲ့ ကိုလံဘို မြို့တော်ကနေ အနီးဝန်းကျင်ကို ကူးစက်တာ ကာကွယ်တဲ့အနေနဲ့ တစ်နိုင်ငံလုံးကို ညမထွက်ရ ကာဖျူးအမိန့် သီရိလင်္ကာအစိုးရက ထုတ်ထားပါတယ်။
အမေရိကန် နိုင်ငံ က နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ သို့ ပျံသန်း သည့် လေကြောင်း ခရီးစဉ်များ အား ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်
အမေရိကန် နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ အခြေအနေ က လုံခြုံရေး အား ခြိမ်းခြောက်မှု ဖြစ်စေသည် ဟု သတ်မှတ်၍ အမေရိကန် နိုင်ငံ နှင့် ဗင်နီဇွဲလား နိုင်ငံ အကြား အပြန်အလှန် ပျံသန်း သည့် အရပ်ဖက် လေကြောင်း ခရီးစဉ် များ အား ရပ်ဆိုင်းရန် မေလ ၁၅ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။
ကန်သံရုံးအမှုထမ်းတွေ အီရတ်က ထွက်ခွာဖို့ Trump အစိုးရ အမိန့်ထုတ်ပြန
အရေးပေါ် အခြေအနေအတွက် မလိုအပ်တဲ့ အမေရိကန် ၀န်ထမ်းတွေ အီရတ်နိုင်ငံက ထွက်ခွာကြဖို့ အမေရိကန် ပြည်ထောင်စုက အမိန့်ထုတ်လိုက်ပါတယ်။ အီရန်နိုင်ငံနဲ့ စစ်ဖြစ်တော့မလား ဆိုတဲ့ အမေရိကန် အမတ်တွေ စိုးရိမ်မှုတွေ ရှိနေချိန် အစိုးရက အခုလို အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို အီရန် ဒါမှမဟုတ် အီရန် ကျောထောက်နောက်ခံပြုထား သူတွေ တိုက်ခိုက်လာနိုင်တယ်လို့ သမ္မတ Trump အစိုးရက သတိပေးလိုက်ပြီးတဲ့နောက် ဘဂ္ဂဒက်မြို့ အမေရိကန် သံရုံးနဲ့ Irbil မြို့က အမေရိကန် ကောင်စစ် ၀န်ထမ်းတွေကို လျှော့ချဖို့ လုပ်လာတာလည်း ဖြစ်ပါတယ်။
မြန်မာတပ်ချုပ် Twitter အကောင့် အပိတ်ခံရ
မြန်မာနိုင်ငံ ကြည်း၊ ရေ၊ လေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို တွစ်တာက ဖယ်ရှားလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တာဝန်ပေးထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့က ရခိုင်ပြည်နယ်မှာ သူတို့ တွေ့ရှိခဲ့ရတဲ့ အခြေအနေ အစီရင်ခံစာကို တင်သွင်းဖို့ ပြင်ဆင်နေချိန်မှာဘဲ တွစ်တာက ဗိုလ်ချုပ်မှူးကြီးရဲ့ အကောင့်ကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ-၁၆ ၊ ၂၀၁၉
ဒီကနေ့မေ ၁၆ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၃၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၃၅ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၄ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၈ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၅၇၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၀၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၁၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၀ကျပ်ဈေးဖြစ်ပါ တယ်။
အစ္စလာမ်ဥပုသ်ဝတ်ပြုမှုများကို မျိုးချစ်ဆိုသူများက တုတ်ဓားများဖြင့် လာရောက် တားဆီး

"အိန္ဒိယမှာ ပြိုင်ဘက်ပါတီနှစ်ခုကို ထောက်ခံသူတွေကြား ရန်ပွဲများဖြစ်ပွား"

ကလေး ပိတ်မိနေတာ ကို ကား တံခါးဖွင့်မရ လို့ ကူညီပေးသူတွေကြောင့် ကားမှန် အစင်းထင်တာကို ကလေးမိခင်က လျော်ကြေးတောင်း

တာချီလိတ်တွင် တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား ၁၆၆ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦးတို့ကို သက်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်ထား
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် တရားမဝင်နေထိုင်ကြသော တရုတ်နိုင်ငံသား ၁၆၆ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး စုစုပေါင်း ၂၀၄ ဦးတို့ကို သက်ဆိုင်ရာ ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ေ မ ၁၃ ရက်က တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ရှိ လပ်ကီးမိုတယ်အား တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၇၉ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အစ္စဏီ့အကို ပြောပြခဲ့သော မကြာခင်လွတ်လာတော့မယ့် အစ္စဏီ အကြောင်း
၁ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ အစ္စဏီအမှု နဲ့ ပတ်သတ်ပြီး ညီအကိုဖြစ်သူ ကျော်စွာ က ဆက်လက်ပြီး လုပ်ဆောင် သွားမယ့် အကြောင်း အရာ များ နဲ့ ပတ်သတ်ပြီး ခု လို ပြောသွား ခဲ့ ပါတယ်။ အမှုအခြေအနေကတော့ မနေ့ က ရုံးချိန်းပေါ့။ ဟိုဘက် ကတော့ ခွင့်တိုင်ထားတဲ့အတွက် နောက်တစ်ပတ်ကို ပြန်ချိန်းထားတယ်။ အမှုကတော့ တစ်နှစ်ကျော်ကြာသွားပြီပေါ့။ ကြာသွားတဲ့အချိန်မှာလည်း တရားလိုဘက်ကိုပဲ စစ်နေသေးတယ်။ ဒါတောင် မပြီးသေးဘူး။ ကျွန်တော်တို့ လုံးဝပြီးသွားတာက မှုခင်းဆေးဆရာဝန်ကတော့ အားလုံး စစ်ပြီးသွားပါပြီ။ တရားလို ဘက်ကို စစ်နေရင်းနဲ့ သူတို့က ရုံးပြောင်း လျောက်တယ်။ လျောက်တော့ ခရိုင်တက်တယ်။ ဒါအားလုံးလည်း သိပြီသားပါ revision ပြန်လှန်တဲ့သဘောပါ။ ခရိုင်တက်တော့ ခရိုင်က ပယ်ချတယ်။ အဲ့ဒါနဲ့ တိုင်းထိဆက်တက်တယ်။ တိုင်းက အမိန့်ပြန်ချတယ်။ ဒီရုံးမှာပဲ ပြန်စစ်ဖို့အမိန့်ချတယ်။
မူဆယ်တွင် မီးလောင်၊ နေအိမ် ၄ လုံး ဆုံးရှုံး

ဘရာဇီးမှာ ဘတ်ဂျက်အကြီးအကျယ် ဖြတ်တောက်တာကို ဆန့်ကျင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွား
ဘရာဇီး သမ္မတ ဘိုဆိုနာရိုအစိုးရက ဘတ်ဂျက်အကြီးအကျယ် ဖြတ်တောက်ကြောင်း ကြေညာချက်ကို တုံ့ပြန်ပြီး ပညာရေးကဏ္ဍကို ကာကွယ်ဖို့ ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမ ထောင်ပေါင်းများစွာဟာ နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြကြပါတယ်။ ချီတက်ဆန္ဒပြသူတွေကို သမ္မတဖြစ်သူ ဘိုဆိုနာရိုက အသုံးဝင်တဲ့ ဝမ်းတွင်းရူးတွေနဲ့ အရူးအနှမ်းတွေလို့လည်း ပြောဆိုတာကြောင့် နိုင်ငံမှာ အကြီးဆုံး ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။
"ကျောင်းသားများ မညီညွှတ်သဖြင့် သမဂ္ဂအဆောက်အဦ မဖြစ်" ဟု ဆို
ကျောာင်းသားသမဂ္ဂ အဆောက်အဦး မဖြစ်လာရခြင်းသား ကျောင်းသားတွေ ညီညွှတ်မှုမရှိခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ဥက္ကဌ ဒေါက်တာထွန်းထွန်းနိုင်ကပြောသည်။ “ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအဆောက်အဦးဘာကြောင့် မဖြစ်လဲဆိုရင် ကျောင်းသားတွေ မညီညွှတ်လို့ပဲ။ကျောင်းသားအစဉ်အဆက် မညီညွှတ်လို့ပဲ”ဟု ဒေါက်တာထွန်းထွန်းနိုင်ကပြောသည်။ေ မလ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏တတိယတစ်နှစ်တာကာလ၏ ဆောင်ရွက်ခဲ့မှုနျင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများမေးမြန်းမှု အပေါ် ဒေါက်တာထွန်းထွန်းနိုင်မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အင်တာပို အကြီးအကဲဟောင်း၏ ဇနီးကို ပြင်သစ်တွင် ခိုလှုံခွင့်ပေးမှု ဥပဒေ အလွဲသုံးစားလုပ်ခြင်း ဖြစ်ဟု တရုတ်ပြော
နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) အကြီးအကဲဟောင်း မုန့်ဟောင်ဝေရဲ့ ဇနီးကို ပြင်သစ်နိုင်ငံမှာ ခိုလှုံခွင့်ပေးလိုက်တာဟာ ပြင်သစ်ဥပဒေ လုပ်ထုံးလုပ်နည်းကို အလွဲသုံးစား လုပ်လိုက်တာပဲလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက မေလ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ အခြေအနေ အသေးစိတ်ကို သတိမထားမိပေမယ့် ဒီအရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပြင်သစ်အစိုးရတွေဟာ ဥပဒေအရ သင့်တော်အောင် ကိုင်တွယ်မယ်လို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။ တကမ္ဘာလုံးက ရဲဌာနတွေ ညှိနှိုင်းဆောင်ရွက်တဲ့ အဖွဲ့ကြီး အင်တာပိုဟာ ပြင်သစ်နိုင်ငံမှာ အခြေစိုက်ပါတယ်။
နယူးယောက်မြို့ ဟက်ဆန်မြစ်ထဲရဟတ်ယာဉ်ပျက်ကျ ၊ ရဟတ်ယာဉ်မှူးကို ဆယ်ယူနိုင်ခဲ့

မန္တလေး ဧရာဝတီမြစ်ဘေး ကျူးတဲကကလေးတွေ ပညာရေးဆုံးခန်းတိုင် နေရမှု အလွန်နည်းပါးနေ

ပုဂံရွှေစည်းခုံဘုရား ကျောက်သပိတ်များထဲသို့ ကွမ်းတံတွေး ထွေးသူများရှိ (တော်တော်ဆိုးတဲ့ လူတွေဗျာ)

ပုစွန်မှာပြည်တွင်းလိုအပ်ချက်ထက်ပိုလျှံထွက်ရှိနေသဖြင့် ပြည်ပမှတင်သွင်းနေခြင်းကို တားမြစ်သင့်ဟု ဆို
ပြည်တွင်းဈေးကွက်လိုအပ်ချက်ထက်ပိုလျှံစွာ ပုစွန်များမွေးမြူထွက်ရှိနေသဖြင့် ပြည်ပမှဈေးနှုန်းပိုပေး၍ တင်သွင်းနေခြင်းကို တားမြစ်သင့်ကြောင်း မြန်မာနိုင်ငံပုစွန်မွေးမြူထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောသည်။
မြောက်ကိုရီးယားမှာ (၃၇)နှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုဖြစ်နေပြီလို့ KCNA အတည်ပြု

သဘာဝရေမြေတောတောင်များစွာနဲ့ ပြည့်နှက်နေတဲ့ ဂျာမနီနိုင်ငံ

ပခုက္ကူခရိုင် ဒေသအချို့တွင် မေလ ဒုတိယပတ်အတွင်း မိုးအနည်းငယ် ရွာသွန်းသော်လည်း ကန်ရေ မရရှိသည့်အတွက် ရေရှားပါးမှု ဆက်လက် ကြုံတွေ့နေဆဲဖြစ်
ပခုက္ကူခရိုင်အတွင်း ဒေသအချို့တွင် ယခု မေလ ဒုတိယပတ် ၁၃ ရက် ညနေပိုင်းမှစ၍ မိုးအနည်းငယ် ရွာသွန်းသော်လည်း သောက်ရေကန်ရေများမှာ ရေမရရှိသည့်အတွက် ရေရှားပါးမှု ဆက်လက် ကြုံတွေ့နေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မိုးရွာသွန်းချိန် တိုတောင်းခြင်း၊ မိုးရွာသွန်းမှု ပမာဏ နည်းပါးခြင်းနှင့် သောက်ရေကန်များတွင် အပူချိန် များပြားခြင်းတို့ကြောင့် ရေစုပ်ယူမှု များပြားခဲ့သည့်အတွက် သောက်ရေကန်များတွင် ရေမရရှိခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည် ။
ယောက်ကျားကို စိတ်မချတဲ့ ဇနီးရဲ့  ကျေးဇူး

တနိုင်ငံလုံးတွင် တလ အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ ဦးရှိ
မြန်မာနိုင်ငံ အနှံ့အပြား၌ ၁ လတာ ကာလ အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ ဦး ရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန က သိရသည်။ အပူချိန် မြင့်တက်မှုကြောင့် ဧပြီ ၁၃ ရက်မှ မေ ၁၄ ရက် အထိ ပဲခူးတိုင်း ဒေသကြီးတွင် ဆေးရုံတက် ရောက်ကုသသူ ၂၈ ဦး အနက် ၁၁ ဦး သေဆုံးခဲ့ကာ တနိုင်ငံလုံးတွင် သေဆုံးသူ ဦးရေ ၃၀ ခန့် ရှိပြီဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနက သိရသည်။
ထိုင်းနိုင်ငံသား ရသွားပြီဖြစ်တဲ့ မြန်မာနွယ်ဖွား ကျောင်းသူ ထိုင်း ပတ်စ်ပို့ ရပြီ

မယ်ဆောက်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမား (၁၀၀) ဦး ဖမ်းဆီးခံရ

အမှုထမ်း သက်တန်းလွန်ခဲ့တဲ့ အတွက် ၇၈ သိန်းကျော် ပြန်ပေးရမယ့် ဆရာမ ငွေပြန်သွင်း
အမှုထမ်း သက်တန်းလွန်ခဲ့သည့်အတွက် ကျပ် (၇၈) သိန်းကျော် ပြန်ပေးရမည့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း မှ အလယ်တန်းပြ ဆရာမ ဒေါ်မာမာမြင့်သည် မေလ ၁၆ ရက်နေ့ က မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) သို့ ငွေပြန်သွင်းခဲ့သည် ။ ဆရာမ ဒေါ်မာမာမြင့် အနေဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ က သက်ပြည့်ပင်စင်ပြည့်ခဲ့ပြီး အမှုထမ်း သက်လွန်ကာလ (၃) နှစ် (၇) လ ရှိခဲ့သည့်အတွက် ငွေ (၇၈) သိန်းကျော်ကို ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည် ။
ကမ်းထောင်းကြီးမှ အမျိုးသမီး ၃၀၀ ကျော် အရက်ပိတ်သိမ်းရေး ဆန္ဒဖော်ထုတ်

သာပေါင်းမြို့နယ်အတွင်းအောင်သိဒ္ဓိစေတီတော်တည်ထားကိုးကွယ်ရန်ထူးအယ်လင်းနှင့်မြင့်မြတ်တို့မတည်ငွေလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊သာပေါင်းမြို့နယ် ၊သစ်ဖြူကျေးရွာအုပ်စု၊လှေတော်ကျေးရွာ ကျောက်တောင်ကြီးပေါ်၌တည်ထားကိုးကွယ်မည့် အောင်သိဒ္ဓိစေတီတော်တည်ထားကိုးကွယ်ရန် အဆိုတော် ထူးအယ်လင်းက ငွေကျပ်သိန်း ၃၀ နှင့် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်အကယ်ဒမီ မြင့်မြတ် က ငွေကျပ်သိန်း ၅၀တို့ကို မတည်ငွေအဖြစ် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါအောင်သိဒ္ဓိစေတီတော်ကို ၃၁ ဘုံသားများအတွက်ရည်စူး၍ ၃၁ တောင်ပြည့် တည်ထားကိုယ်ကွယ်သွားမည်ဖြစ်သောကြောင့် အဆိုတော်ထူးအယ်လင်းက ကြီးမှူး၍ အလှူငွေများကောက်ခံလျက်ရှိကြောင်းလည်းသိရသည်။
ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်း တိမ်းစောင်းနေပြီဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ သုံးသပ်ထားပြီး တစ်ဆို့မှုများနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဖယ်ရှား ကျော်လွှားနိုင်ရေး နည်းလမ်းရှာရမည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြောကြား
ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်းသည် တိမ်းစောင်းနေပြီဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က သုံးသပ်ထားပြီး တွဲလက်ညီ ဆက်သွားနိုင်ရေး လိုအပ်သည့်အပေါ်တွင် တစ်ဆို့မှုများကို ရှင်းလင်း ဖယ်ရှားနိုင်ရေး၊ စိန်ခေါ်မှုများကို ကျော်လွှား ဖြတ်သန်းနိုင်ရေး နည်းလမ်းရှာရမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
မိတ္ထီလာရဲစခန်းဝန်းအတွင်း ရဲအုပ်တစ်ဦးနှင့် ဇနီး သေနတ်ဒဏ်ရာဖြင့် သေဆုံး
မန္တလေးတိုင်း မိတ္ထီလာမြို့နယ်အတွင်းရှိ မိတ္ထီလာမြို့မရဲစခန်းဝန်းအတွင်းရှိ အရာရှိတိုက်တန်းလိုင်းခန်း အတွင်း၌ ရဲအုပ်တစ်ဦးနှင့် ဇနီးဖြစ်သူတို့သည် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို မေလ ၁၆ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်စေရန် ဆောင်ရွက်မည်

အမေရိကန်သမ္မတထရမ့်က ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာ
အမေရိကန်သမ္မတထရမ့်က ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အရေးပေါ်အခြေအနေအရ အမေရိကန်အနေနဲ့ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ အသုံးပြုနေတာကို တားမြစ်ပိတ်ပင်လိုက်တာပါ။ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ဒါမှမဟုတ် အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက် အခုလို တားမြစ်လိုက်တာလို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါက ပြောပါတယ်။
အဂတိအမှုဖြင့် တရားစွဲဆိုခံထားရသည့် မန်းတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဌာနခွဲစာရေးမအား အလုပ်နှင့် ထောင်ဒဏ် (၄) နှစ်ကျခံရန် အမိန့်ချ
အဂတိအမှု အမှုတွဲ (၂) ခုဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဌာနခွဲစာရေးမ အား အမှုတွဲ (၁) ခုလျှင် အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် နှုန်း သီးခြားကျခံစေရန် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် မေလ (၁၆) ရက်နေ့က အမိန့်ချမှတ်ခဲ့သည် ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် တို့ကို သီးခြားကျခံရမည်ဖြစ်သည့်အတွက် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၄) နှစ် ကျခံရမည်ဖြစ်သည် ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် တို့ကို သီးခြားကျခံရမည်ဖြစ်သည့်အတွက် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၄) နှစ် ကျခံရမည်ဖြစ်သည် ။
နေပြည်တော်ရှိ ကျူးကျော် ၉၀၀ ကျော် မြေနေရာ ရရှိရေး ဆောင်ရွက်ပေးမည်
နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်သူ ၉၀၀ ကျော် ရှိပြီး ၎င်းတို့ မြေနေရာ ရရှိရန် အတွက် ယခုနှစ် အတွင်း အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အမြဲ တမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။ ဦးမျိုးအောင် က “မြေကွက်တွေ ပေးမှာလား၊ အထပ်မြင့် အဆောက်အအုံ ဆောက်ပြီး ဆောင်ရွက်ပေးမလား ဆိုတာကို မူဝါဒက သီးခြား မထွက်လာသေးပါဘူး။ ဒီအစိုးရ သက်တမ်း အတွင်းမှာ ဖြစ်နိုင်ပါတယ်။ ဒီနှစ်အတွင်းမှာကို လုပ်နေပါတယ်။ မကြာခင် ထွက်လာနိုင်ပါတယ်” ဟု ဆိုသည်။
မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးမှု နောက်ကျနေဟု ဒုသမ္မတပြော
မြန်မာနိုင်ငံရဲ့ကော်ဖီကဏ္ဍဟာ အရှေ့တောင်အာရှက အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ပါက Processing နည်းပညာ အားနည်းခြင်း၊ သတင်းအချက်အလက်ဖလှယ်မှု လိုအပ်ချက်ရှိနေခြင်းနဲ့ ကော်ဖီသီးနှံဈေးကွက်ဝေစု ရရှိမှုအားနည်းနေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေသေးတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
အစ္စလာမ် ဝတ်ပြုဆုတောင်းမှုကို တားဆီးခဲ့သူတွေဟာ တိုင်းအစိုးရထက် ပိုကြီးနေလားလို့ မေးခွန်းထုတ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ အစ္စလာမ် ရာမာဒန် ဥပုသ် ဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၀၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်မှာ မေလ ၁၅ ရက်နေ့ ညပိုင်းက လူဦးရေ ၁၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ပါတယ်။ြ ဖစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဝတ်ပြုတာကို မင်းမဲ့စရိုက်ဆန်ဆန် တားဆီးခဲ့တဲ့သူတွေရဲ့ လုပ်ရပ်ကို စိတ်ပျက်ကြောင်းနဲ့ သူတို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရထက် ပိုကြီးနေသလားလို့ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့က ဦးဆောင်တာဝန်ခံ ဦးရာဂူနေမြင့်က အမျိုးသားပိုင် MCN သတင်းဌာနကို မေလ ၁၆ ရက်နေ့ မနက်ပိုင်းက ပြောပါတယ်။
Live ထုတ်လွှင့်မှု ကန့်သတ်မှုများ Facebook စတင်လုပ်ဆောင်
Facebook မှာ တိုက်ရိုက် live ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာကို အလွဲသုံးစားလုပ်နေတာတွေရပ်တန့်ဖို့အတွက် ပထမခြေလှမ်းကို စတင်တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ရိုက် live ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး Facebook ရဲ့ ဒီတင်းကျပ်တဲ့ဆုံးဖြတ်ချက်ကို နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden က ချီးကျူးစကားပြောကြားခဲ့ပါတယ်။
ဘီမန် (Biman) လေယာဉ်မတော်တဆမှုမှ ခရီးသည်အချို့ နစ်နာကြေးတောင်းဆို။ ဆေးကုပေးမည် သို့သော် နစ်နာကြေးကိစ္စ လေကြောင်းလိုင်းမှ ငြင်းပယ်။
ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း (Biman) မတော်တဆမှုကြောင့် အာယုဆေးရုံမှာ ကုသမှုခံယူနေသူ အချို့က နစ်နာကြေး တောင်းဆိုနေကြ တယ်လို့ သိရပါတယ်။ေ လကြောင်းလိုင်းက မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူတွေကို တာဝန်ယူတဲ့အနေနဲ့ နစ်နာကြေးပေးသင့်တယ်လို့ လေယာဉ်မတော်တဆ မှုကြောင့် အာယုဆေးရုံမှာ တက်ရောက် ကုသနေသူ မဂီသာရဲ့ မောင်ဖြစ်သူ ကိုရဲလင်းနိုင်က ပြောပါတယ်။
ကျုးဘားတွင် မြန်မာသံရုံးဖွင့်ရန် ကျပ် ၈၅၉ သန်းကျော် တောင်းခံ
ကျုးဘားနိုင်ငံ၊ ဟာဗာနားမြို့မှာ မြန်မာသံရုံးဖွင့်လှစ်နိုင်ဖို့ အတွက် သမ္မတရဲ့ အရေးပေါ် ရန်ပုံငွေ ကျပ် ၈၅၉သန်းကျော် သုံးစွဲခွင့်ပြုဖို့ နိုင်ငံခြားရေးဌာနက ပြည်ထောင်စု လွှတ်တော်မှာ တောင်းခံလိုက်ပါတယ်။ ဒီမနက် ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းေ ဆာင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က သံရုံးတည်ဆောက်ဖို့ အရေးပေါ် ရန်ပုံငွေကနေ တောင်းခံရတဲ့အကြောင်းရင်းကို ခုလို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပုသိမ်တွင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီရုံးခွဲဖွင့်လှစ်

တောင်ဒဂုံမြို့နယ် အစ္စလာမ်ဝတ်ပြုမှု ဟန့်တားခံရတဲ့အပေါ် တုံ့ပြန်မှု
ရန်ကုန်တိုင်း အစိုးရရဲ့တရားဝင်ခွင့်ပြုချက်နဲ့ဒဂုံမြို့သစ်တောင်ပိုင်းမှာ အစ္စလာမ် ဘာသာဝင်တွေ ဥပုသ်လ ၀တ်ပြုနေတဲ့ နေရာကို ဗုဒ္ဓဟူးနေ့ညက အမည်မသိ လူအုပ်ကနေ ၀င်ရောက်နှောင့်ယှက် တားဆီးခဲ့ပြီး ရပ်ကွက်ဥက္ကဋ္ဌကလည်း နှုတ်မိန့်နဲ့ ၀တ်ပြုခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သက်ဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလို နှောင့်ယှက် တားဆီပိတ်ပင်မှုတွေလုပ်တာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ဘာသာရေး ကိုယ်ချင်းစာတရား ထားကြဖို့၊အခုလို လုပ်ရပ်မျိုးမှာ အစိုးရတာဝန်ရှိသူတွေဘက်က ဥပဒေနဲ့အညီ ထိထိရောက် တားမြစ်ဖို့ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။
ထိုင်း-မလေးနယ်စပ် မြန်မာ၁၂ ဦး လူမှောင်ခိုတင်လာတဲ့ ကား၂ စီး ထိုင်းရဲဖမ်းဆီး
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် အတွင်းကနေ မလေးရှားနယ်စပ်ထိ မြန်မာနိုင်ငံသား ၁၂ ဦးကို ထိုင်းအစိုးရပိုင် စာတိုက်နှင့်ပါဆယ် ပို့နေတဲ့ ကားနဲ့ လူမှောင်ခိုတင်လာသူတွေကို မေလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင် ရသဖုန်းမြို့ နယ် အာရှအဝေးပြေးလမ်းမမှာ ထိုင်းဌာနဆိုင်ရာ စာတိုက်နဲ့  ပါဆယ် ပို့ဆောင်ရေး လုပ်ငန်းသုံးကားနဲ့  ခိုးဝင် မြန်မာနိုင်ငံသားတွေကို လူမှောင်ခို တင်လာတာ ဖြစ်ပါတယ်။ အစိုးရဌာန ကားတွေနဲ့  လူမှောင်ခိုကူးနေတာကို ကြိုတင်သတင်းရတာကြောင့် ထိုင်း မြန်မာနယ်စပ် ကန်ချနဘူရီ ကနေ ခုလို ဌာနဆိုင်ရာကားသုံးပြီး တင်လာတာကို စောင့်ကြည့်နေခဲ့ပြီး ဆုန်ခလာခရိုင် အရောက်မှာ ပိတ်ဆို့  ဖမ်းဆီးလိုက်တာပါ။
မုံရွာမြို့ပေါ်တွင် နေ့လည်ခင်းအချိန် အိမ်တစ်အိမ် ဖောက်ထွင်းခံရ သိန်း၆၀နီးပါးတန်ဖိုးရှိ ရွှေထည်များပါသွား

Subscribe to:
Posts (Atom)