
Pages
Sunday, July 7, 2019
လပွတ္တာမြို့နယ် ကျွန်းကလေးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၌ အမက(ခွဲ) ကျောင်းပျက်စီး

အကြွေးတောင်းပြီးပြန်လာသည့် ၈၃ နှစ်အရွယ် အဖွားအိုအား အသက် ၂၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်
အကြွေးတောင်းပြီး ပြန်လာသည့် ၈၃ နှစ်အရွယ် အဖွားအိုအား ၂၀ နှစ် အရွယ်အမျိုးသားက အဓမ္မပြုကျင့်ခဲ့မှု ခင်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနေ ဒေါ် ------- (၈၃) နှစ်သည် ဇူလိုင်လ ၅ ရက်၊ နံနက် ၈ နာရီခန့်က တစ်မိုင်ခန့်ကွာဝေးသော ကျွန်းပင်ကန်ကျေးရွာသို့ အကြွေးသွားတောင်းပြီး ပြန်လာစဉ် မိုးဒီ (၂၀)နှစ်က အဓမ္မပြု ကျင့်ခဲ့ကြောင်း ခင်ဦးမြို့မရဲစခန်းမှ သိရသည်။
ရေပူဂိတ်အနီးရှိရွာထဲသို့ ထွက်ပြေးတိမ်းရှောင်သည့် Ford ကားပေါ်မှ ကျောက်စိမ်းအများအပြားဖမ်းဆီးရမိ
ရှေးဟောင်းအမွေနှစ်များကြား ခေတ်သစ်အဆောက်အဦများ မရှိစေချင်ဟု save bagan အဖွဲ့ပြော
ယဉ်ကျေးမှုအမွေအနှစ်တွေ နားမှာ ခေတ်သစ်အဆောက်အအုံ၊ စီးပွားရေးအဆောက်အအုံမှ မရှိစေချင်ဘူးလို့ save bagan အဖွဲ့ ဦးဆောင်သူ ကိုမျိုးဆက်စံက ဒီဗွီဘီကို ပြောပါတယ်။ ပုဂံရှေးဟောင်း ယှဉ်ကျေးမှုဒေသကို ကမ္ဘာအမွေအနှစ် စာရင်းဝင်ဖြစ်သွားပေမယ့် ရှေးဟောင်းအမွေနှစ်တွေကြားက ခေတ်သစ်အဆောက်အဦတွေ ရှိနေသမျှ ရွှေရည်စိမ်တဲ့ ကမ္ဘာအမွေအနှစ်သာ ဖြစ်နေဦးမှာလို့ ဆိုပါတယ်။
ဝင်ဘယ်တန် နှစ်ယောက်တွဲပွဲစဉ်တွင် အန်ဒီမာရေးနှင့် ဆရီနာဝီလျံတို့ အနိုင်ရ
KKO ခွဲထွက်အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦးနှင့် အဖွဲ့ဝင် ၂ ဦး ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်

တောင်ကြီးမြို့မဈေးလမ်းအား ပြုပြင်ပေးရန် ဒေသခံများ လိုလားနေ

နျုကလီးယားသဘောတူစာချုပ်အရကန့်သတ်ထားတဲ့ပမာဏထက်ပိုပြီး ယူရေနီယမ်ထုတ်တော့မယ်လို့ အီရန်ကြေညာ
၂၀၁၅ ခုနှစ်က အီရန်နဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေချုပ်ဆိုခဲ့တဲ့ နျူကလီးယားသဘောတူစာချုပ်(JCPOA)ကိုချိုးဖောက်တဲ့အနေနဲ့ စာချုပ်အရသတ်မှတ်ထားတဲ့ပမာဏပေါင် ၆၆၀ ထက်ပိုပြီး ယူရေနီယမ်ထုတ်တော့မယ်လို့ အီရန်နိုင်ငံက ဒီနေ့မှာကြေညာပါတယ်။ JCPOAကိုဆက်တည်မြဲချင်သေးပေမဲ့ ဥရောပနိုင်ငံတွေက သူတို့ရဲ့ကတိက၀တ်တွေကို မတည်ခဲ့ဘူးလို့ အီရန်နိုင်ငံခြားရေးဒုတိယ၀န်ကြီးအဘတ်စ် အာရက်ချီကပြောပါတယ်။
အကျဉ်းထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့မှု လူသတ်မှုဖြင့် အမှုဖွင့်
မန္တလေးအိုးဘိုအကျဉ်းအထောင်အတွင်း ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ထွန်းမြင့်ဝင်း (ခ) ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းအချိန်က လူသတ်မှုဖြင့် အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည် ။ေ သဆုံးသူ ထွန်းမြင့်ဝင်း (ခ) ကိုထွန်း (၃၈) နှစ်သည် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန် က သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၆ ရက်နေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရင်ခွဲရုံ မှ အောင်သပြေကျေးရွာသို့ ပြန်လည်သယ်ယူလာကာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် သင်္ဂြိုလ်ခဲ့သည် ။
အီစတာနေ့ ဗုံးခွဲမှုအပြီးမှာ အစ္စလာမ် လမ်းစဉ်နဲ့ ဆော်ဒီ လွှမ်းမိုးစိမ့်ဝင်မှုကို ဦးနှိမ်၊ နှိပ်ကွပ်ရန် သီရိလင်္ကာ ကြိုးစားနေ
အစ္စလာမ်ရဲ့ ဝါဟာဘီလမ်းစဉ်ခွဲကြောင့် အီစတာနေ့ဗုံးခွဲမှု ဖြစ်ပျက်ခဲ့ကြောင်း နိုင်ငံရေးသမားတွေနဲ့ ဘုန်းကြီးတွေ ဆက်စပ်ပြောဆိုလာတဲ့နောက် သီရိလင်္ကာဟာ ဝါဟာဘီလမ်းစဉ်ပျံ့ပွားရာ အဓိက ရင်းမြစ်ဖြစ်တဲ့ ဆော်ဒီအာရေဗျရဲ့ လွှမ်းမိုးစိမ့်ဝင်နေမှုကို လျှော့ချရန် ကြိုးစားနေပါတယ်။ ဧပြီ ၂၁ ရက်တုန်းက ဘာသာရေးဆရာ ဇာရန်းဟာရှင် အမှူးပြုတဲ့ သီရိလင်္ကာနိုင်ငံသား ၉ ဦးဟာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်ကြီးတွေမှာ အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၂၅၀ ဦး သေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံတွင် ၁၈ နှစ်အထက် သွေးတိုးရောဂါရှိသူ ၃၀ ရာခိုင်းနှုန်းရှိ
မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အထက် သွေးတိုးရောဂါရှိတဲ့ သူက ၃၀ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့က ပြောပါတယ်။ေ သွးတိုးရောဂါက မကူးစက်တဲ့ ရောဂါတမျိုးဖြစ်ပြီး အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ ရှိနေမယ်ဆိုရင်တော့ ဆေးပညာအရ သွေးတိုးရောဂါရှိကြောင်း သတ်မှတ်တယ်လို့ ဆိုပါတယ်။ လူအများစုက ကိုယ့်မှာ သွေးတိုးရောဂါရှိနေတာကို မသိရှိကြဘူးလို့ ဆိုပါတယ်။ ဆေးပညာအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ တကမ္ဘာလုံးမှာတော့ အသက် ၅၀ အထက် လူအယောက် ၁၀၀ မှာ လူအယောက် ၄၀ က သွေးတိုးရောဂါရှိနေတာပါ။
ဖလော်ရီဒါပြည်နယ် ဈေးဝယ်စင်တာတခုတွင် ပေါက်ကွဲမှုဖြစ်၊ လူ ၂၀ ဒဏ်ရာရ
သိန်း ၆၅၀၀ ကုန်ကျသည့် စမုံချောင်းကူးတံတား သွားမရသဖြင့် နိုင်ငံ့အကြီးအကဲများထံ တိုင်ကြားမည်
မြိတ်တွင် ဖောက်ထွင်းခံရသည့် ရွှေထည်ပစ္စည်းအချို့နှင့် လက်ခံထားသူအား ဖမ်းမိ

H1N1 ရောဂါပိုးတွေ့သူ ၂ ရက်အတွင်း လူနာ ၂၀ ကျော် တိုးလာ
၂ ရက်အတွင်း ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့သူ ၂၀ ကျော်တိုးလာပြီး သေဆုံးသူတော့ မရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၄ ရက်အထိ ပိုးတွေ့သူ ၁၄၁ ယောက်ရှိခဲ့ပြီး ဇူလိုင် ၆ ရက်မှာတော့ ပိုးတွေ့သူ ၁၆၄ ယောက် ဖြစ်လာတာပါ။ေ သဆုံးသူကတော့ မေလကနေ ဇူလိုင် ၄ ရက်အထိ အယောက် ၃၀ ရှိပြီး ရန်ကုန်တိုင်းထဲက ၂၄ ယောက် ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက သေဆုံးသူ အများဆုံးဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းက ၃ ယောက်၊ စစ်ကိုင်းတိုင်းက ၂ ယောက်နဲ့ မွန်ပြည်နယ်က ၁ ယောက် သေဆုံးခဲ့ပါတယ်။
လက်ထပ်မည်ဟု လိမ်ညာပြီး တရုတ်မယားအဖြစ် ရောင်းစားရန် ကြံစည်သူ ၃ ဦးကို ဖမ်းဆီး
အမျိုးသမီးတဦးအား လက်ထပ်ပေါင်းသင်းမယ်လို့ လိမ်လည်ခေါ်ဆောင်ပြီး တရုတ်မယားအဖြစ် ပြုလုပ်ဖို့ စည်းရုံးသူ ၃ ဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာရွာနေ ၃၄ နှစ်အရွယ် အမျိုးသမီးတဦး တရုတ်နိုင်ငံကို တရုတ်မယားအဖြစ်ပြုလုပ်ဖို့ စည်းရုံးခံရပြီး မိုင်းလားမြို့မှာ ရောက်ရှိနေကြောင်းသတင်းအရ ဇူလိုင် ၃ ရက်နေ့မှာ အမှတ် ၁၈ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲစု (ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်တွေက အဆိုပါအမျိုးသမီးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ထရိန်နင် ၅ နှစ် ဆင်းပြီးနောက် ဥရောပရဲ့ အသန်မာဆုံးအမျိုးသမီး ဖြစ်လာသူ

နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ဆေးဝါးစက်ရုံတည်ဆောက်ရန် စင်ကာပူမှ လာရောက်ဆွေးနွေး
ဒေါ်လာတစ်ဘီလီယံခန့်ရှိမည့် ကမ္ဘာ့အကြီးဆုံးဆေးဝါး စက်ရုံကို နေပြည်တော်တွင် တည်ဆောက်ရန် စင်ကာပူမှ လာ ရောက်ဆွေးနွေးခဲ့သည်ဟု ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်သည်။ စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီ Yishan Biotechnology Pte.Ltd မှ ဥက္ကဋ္ဌနှင့် သံလွင်ဧရာ စိုက်ပျိုးရေးကုမ္ပဏီတို့က နေပြည်တော်တွင် စက်ရုံတည်ဆောက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဇူလိုင် ၃ ရက်က ဆွေးနွေးခဲ့သည်။
သမိုင်းထဲက ဆဲဗင်းဇူလိုင်
ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက ရန်ကုန်တက္ကသိုလ်အဖြစ်အပျက်နှင့်ပတ်သက်၍ မြန်မာ့အသံမှ ဇူလိုင် ၈ ရက်နေ့ ည ၇ နာရီတွင် တိုင်းပြည်သို့ မိန့်ခွန်းပြောကြားချက်
ပြည်သူလူထုပေါင်းတို့ခင်ဗျာ.....
ဒီနေ့ဟာ ကျွန်တော်တို့တော်လှန်ရေးကောင်စီအတွက် အလွန်စိတ်မချမ်းမသာဖြစ်ရတဲ့ နေ့တစ်နေ့ဖြစ်ပါ တယ်။
နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ အဓိကကဏ္ဍဍ ၁၁ ခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၈၀ဝ ကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေကဏ္ဍဍ၌ ၂၂ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ခွင့်ပြုထား

ယာဉ်လောကသားထဲမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ပညာသင်ကြားရန် အခက်အခဲရှိသူများအား ထောက်ပံ့ပေးမည့် ပညာရေး ဖောင်ဒေးရှင်း ဖွင့်လှစ်

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မှတ်ကျောက်တင်ရမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆို
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် မိတ်ဖက်များဖြစ်ကြသည့် အားလျော်စွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မှတ်ကျောက်တင်ရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အတူတကွပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဌ ဦးလှသိန်းက ပြောကြားသည်။
DKBA ခွဲထွက်တပ်ဖွဲ့မှ မိုးကြိုးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်
ကရင်ပြည်နယ်၊ မဲသဝေါ ဒေသမှာ လှုပ်ရှားနေတဲ့ ခွဲထွက် DKBA တပ်ဖွဲ့မှ မိုးကြိုးအပါအဝင်အဖွဲ့ဝင် ၃ ဦးဟာ ဇူလိုင် ၆ ရက်နေ့နံနက် ပိုင်းက လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။
အမျိုးသမီးတစ်ဦးအား လည်ပင်းညှစ်ပြီး ငွေလုယူထွက်ပြေးမှု အမရပူရမြို့နယ်တွင် ဖြစ်ပွား
ကန်တော့ကြေးပေးရန် အိပ်ခန်းအတွင်း ငွေယူစဉ် အမျိုးသမီးအား လည်ပင်းညှစ်ပြီး ငွေလုယူထွက်ပြေးမှုဖြစ်ပွားပြီး တရားခံဖြစ်သူအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။ ဇူလိုင် ၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ် က အမရပူရမြို့နယ် တောတွင်းရွာအုပ်စု၊ ထုံးဘိုတောင်ရွာတွင် လူတစ်ဦး အိမ်အတွင်း ဝင်ရောက်၍လုယူနေသည်ဟု သတင်းရရှိခဲ့သဖြင့် (နယ်မြေရဲစခန်း၊ မြစ်ငယ်) မှ ရဲအုပ် မိုးခိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရာ ညနေ ၄ နာရီ ၄၅ မိနစ် ထုံးဘို တောင်ကျေးရွာနေ ဒေါ်စန်းမြိုင် ၆၅ နှစ်သည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ယခင်က ゞင်း၏ ခင်ပွန်းလုပ်ကိုင်သည့် ကုမ္ပဏီကျောက်ထုတ်လုပ်ရေးမိုင်း နည်းပြထံတွင် ကျောက်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်နေသော မျိုးမင်းဟန် ၂၆ နှစ် ကြည်ဝန်း ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ ရောက်ရှိလာပြီး
ဇွန်လလယ်ပိုင်းက ဈေးကျခဲ့သည့် ပဲတီစိမ်း အိန္ဒိယ ဝယ်လိုအားကြောင့် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ကျော် ပြန်လည်မြင့်တက်
မန္တလေးဈေးကွက်တွင် ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းက ကျဆင်းနေသော ပဲတီစိမ်း ဈေးနှုန်းများ အိန္ဒိယဝယ်လက်များ၏ ဝယ်လိုအားကြောင့် ယခုရက်ပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ကျော် ပြန်လည်မြင့်တက်လာကြောင်း မန္တလေး ပဲကုန်သည်များက ပြောကြားသည်။ “မန္တလေး ဈေးကွက်ထဲမှာ ဇူလိုင် ၅ ရက်ဈေး ပဲတီစိမ်းဈေးက ၁၀၂၀ဝ၀ ပေါက်တယ်။ ဇွန်လ အလယ်လောက်က ပဲတီစိမ်းဈေးက သုံးတင်းဝင်တစ်အိတ်ကို ၉၂၀ဝ၀ အထိ ဈေးပြုတ်ကျသွားပါတယ်။ မန္တလေး ဈေးကွက်ထဲကို နယ်ပေါင်းစုံကနေ ဝင်လာ တာ များတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၌ H1 N1 ရောဂါပိုး တွေ့ရှိခဲ့သော်လည်း အခြားရောဂါအခံကြောင့် သေဆုံးသူ နှစ်ဦးအထိ ရှိလာဟု သိရ
စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်တည်ရှိပြီး ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့တို့တွင် H1N1 ရောဂါပိုး တွေ့ ရှိခဲ့သော်လည်း အခြားရောဂါအခံကြောင့် သေဆုံးသူ နှစ်ဦးအထိ ရှိလာကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။မုံရွာမြို့တွင် H1 N1 ရောဂါပိုးတွေ့ရှိ သော်လည်း H1 N1 ကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးခြင်းသာဖြစ်ကြောင်း ရွှေဘိုမြို့နယ်အတွင်း နေထိုင်သည့် အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ နှာခေါင်းမှထွက်ရှိသည့် အရည်များကို သက်ဆိုင်ရာဓာတ်ခွဲခန်းသို့ ပို့ ဆောင်စစ်ဆေးရာတွင် H1 N1 ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း ယင်းကလေးငယ်သည် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထောင်ထဲမှာ အချုပ်ကျနေစဉ် သေဆုံးသွားတဲ့ အောင်သပြေကအမှုကို လူသတ်မှုဖြင့် အမှုဖွင့်
အောင်သပြေကျေးရွာသား ကိုထွန်း အကျဉ်းထောင်ထဲမှာသေဆုံးသွားခဲ့မှုအတွက် ရဲကတရားလိုလုပ်ပြီး လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ အမှတ်၂နယ်မြေရဲတပ်ဖွဲ့စခန်းက စခန်းမှူး ရဲအုပ် မျိုးညွှန့်ကပြောပါတယ်။ ကိုထွန်းကို မီးရှို့မှုပုဒ်မအပါအဝင် ပုဒ်မ၄ခုနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားခံရချိန် ဇွန်လ၄ရက်က အကျဉ်းထောင်ဆေးရုံမှာသေဆုံးသွားခဲ့တာပါ။
တရားခံအစစ်နှင့် အမှန်တရားကို ရှာဖွေရန် ဗစ်တိုးရီးယားရှေ့နေ ဦးတည်ချက်ထား ဥပဒေအရာရှိက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေ၍ အခက်တွေ့နေဟုဆို
အုပ်ချုပ်ရေး မြို့တော်ရှိ ပုဂ္ဂလိကကျောင်းရှိ သက်ငယ်မုဒိမ်းမှု၏ တရားခံအ စစ်နှင့် အမှန်တရားကို ရှာဖွေမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားသမီး ငယ်၏ရှေ့နေအဖြစ် ဆောင်ရွက် မည့်တရား လွှတ်တော်ရှေ့နေဒေါ် ရွက်နုအောင်က ပြောသည်။ ‘‘အမှုတစ်ခုလုံးရဲ့ အမှန်တ ရားကို ခြုံငုံပြီးတော့ အားလုံးကိုခြုံ ငုံပြီးတော့ ရှာဖွေသွားမှာဖြစ်ပါ တယ်’’ ဟု ၎င်းက 7Day သတင်း စာအား ပြောသည်။
လားရှိုးတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား

Victoria အမှု တရားမျှတမှုရှိစေရေး တောင်ငူမြို့နေပြည်သူ အင်အား ၃၀၀ ခန့်ဖြင့် စုပေါင်း ဆန္ဒထုတ်ဖော်
အာဖဂန်နိုင်ငံ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းရှိ ဗလီတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၂ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရ

ရန်ကုန်စည်ပင်သာယာရေးကော်မတီအပေါ် မြို့နေလူထု စိတ်ကျေနပ်မှုနည်းပါး

ရုရှားနိုင်ငံ ဇလန်းနိုဂရက် တောအုပ်ထဲမှာ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ခဲ့ရတဲ့ မြန်မာ ပညာတော်သင် ဗိုလ်ကြီးကို ဇူလိုင်လ ၆ ရက်နေ့က မီးသဂြိုလ် လိုက်ပြီလို့ သိရပါတယ်။ သံရုံးအပါအဝင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက စီမံ ဆောင်ရွက် ပေးကြတာ ဖြစ်ပြီး ကွယ်လွန်သူ ဗိုလ်ကြီး ကျော်ရဲအောင်ရဲ့ မိဘတွေကတော့ လာရောက်နိုင်ခြင်း မရှိဘူးလို့လည်း မော်စကိုမြို့က မြန်မာထေရဝါဒ ဗုဒ္ဓ ဝိဟာရ ဘုန်းကြီးကျောင်းက ဆရာတော် ဒေါက်တာ အရှင် အစ္ဆရိယ က ဘီဘီစီကို မိန့်ပါတယ်။
အိန္ဒိယ Jaipur မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် UNESCO သတ်မှတ်

ဝါးစိမ်းတောင် ဒေသတွင် စီမံကိန်း ဖော်ဆောင်ပါက လက်ပံတောင်း ပဋိပက္ခထက် ပိုဆိုးနိုင်ဟုဆို
ဗုဒ္ဓဘာသာဘုန်းကြီးတွေအတွက် ပလတ်စတစ်ဘူးတွေက ထုတ်လုပ်တဲ့ သင်္က္န်း
ဘန်ကောက်၊ ဘန်ကာချောင်ကျွန်းပေါ်က ဝတ်ဂျက်ဒရန်းဘုန်းကြီးကျောင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ ပလတ်စတစ်ဘူးတွေနဲ့ အခြားရီဆိုင်ကယ်ပစ္စည်းတွေကနေ ပြုလုပ်ထားတဲ့ သင်္က္န်းတွေကို ဆင်မြန်းနေကြပါတယ်။ “နဂိုသင်္က္န်းတွေနဲ့ ဘာမှ မကွာခြားပါဘူး။ ကိုယ်တော်လည်း ရီဆိုင်ကယ်ပလတ်စတစ်သင်္က္န်း ဝတ်ရုံထားတာပါ။ နဂိုသင်္က္န်းတွေနဲ့ ဘာမှ ကွာခြားမှု မရှိပါ။”လို့ အဆိုပါ ဘုန်းကြီးကျောင်းက ဘုန်းကြီးတစ်ပါးဖြစ်တဲ့ သီပါခွန်က မိန့်ပါတယ်။
ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အာဘေး၏ အာဏာရညွန့်ပေါင်းက အမတ်နေရာအများစု အနိုင်ရဖွယ်ရှိ
ယခုလအတွင်း ကျင်းပမည့် ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အာဏာရညွန့်ပေါင်းက အမတ်နေရာအများစုကို ချုပ်ကိုင်နိုင်ဖွယ်ရှိပြီး ゞင်း၏ အာဏာချုပ်ကိုင်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဇူလိုင် ၆ ရက်တွင် ဖော်ပြခဲ့သည်။ ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ゞင်း၏ မဟာမိတ်ပါတီ Komeito တို့သည် အမတ် ၁၂၄ နေရာရှိသော အထက်လွှတ်တော်၌ အမတ် နေရာအများစုဖြစ်သော ၆၃ နေရာကျော်ကို ရရှိဖွယ်ရှိကြောင်း Kyodo News က ゞင်း၏ သဘောထားစစ်တမ်းကို ကိုးကား၍ ခန့်မှန်းခဲ့သည်။
ထရီပိုလီတွင် သုံးလကြာ တိုက်ခိုက်မှုအတွင်း လူ ၁၀ဝ၀ အထိ သေဆုံးစဉ် အပစ်အခတ်ရပ်စဲရန် ကုလတောင်းဆို
ရွှေ့ပြောင်းအခြေချများအား ထိန်းသိမ်းထားသောစင်တာတစ်ခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ရမှု အပါအဝင် လစ်ဗျားမြို့တော် ထရီပိုလီတွင် သုံးလကြာ တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက်သည် ၁၀ဝ၀ အထိ မြင့်တက်လာစဉ် လစ်ဗျားတွင် အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင် ၅ ရက်တွင် တိုက်တွန်းခဲ့သည်။ ထရီပိုလီအရှေ့ဘက် Tajoura ထိန်းသိမ်းရေးစခန်းတိုက်ခိုက်ခံရမှုအား လုံခြုံရေးကောင်စီက ဇူလိုင် ၂ ရက် နှောင်းပိုင်းတွင် ရှုတ်ချခဲ့ပြီး အခြေအနေများ တင်းမာမှုလျော့ကျစေရန် သက်ဆိုင်သည့်ဘက်အားလုံးက အရေးတကြီးလုပ်ဆောင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ကတိပြုကြရန်လိုအပ်ကြောင်း ပူးတွဲကြေညာချက်တွင် တိုက်တွန်းခဲ့သည်။
၂၀၂၁ ၌ ကျင်းပမည့် ယူ ၂၀ ကမ္ဘာဖလားပြိုင်ပွဲတွင် မြန်မာနှင့်ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် ကနဦးပါဝင်
အီရတ်၏ ရှေးဟောင်းမြို့ဘေဘီလုံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုက စာရင်းသွင်း

အာဖရိက လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ၂၀၂၀ ပြည့်နှစ်တွင် စတင်အသက်ဝင်မည်ဟု ခန့်မှန်းထား
ယခုသီတင်းပတ်တွင် နိုင်ဂျာနိုင်ငံ၌ ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် လုပ်ထုံးလုပ်နည်းအရ စတင်ဆောင်ရွက်ရန် သတ်မှတ်ထားသည့် အထင်ကရ အာဖရိက လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စတင်အသုံးပြုနိုင်ခြေရှိကြောင်း အာဖရိကသမဂ္ဂ ( AU ) ၏ ကုန် သွယ်ရေးဆိုင်ရာအထူးတာဝန် ပေးအပ်ခံရသူတစ်ဦးက ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။
ဗင်နီဇွဲလား လွတ်လပ်ရေးနေ့တွင် နိုင်ငံရေးပြိုင်ဘက်များက အပြိုင်အဆိုင်စုဝေးမှု ပြုလုပ်ခဲ့
ဗင်နီဇွဲလားတွင် တရားဥပဒေစိုးမိုးမှု တစ်စတစ်စ ယုတ်လျော့လာနေကြောင်း ကုလသမဂ္ဂက သတိပေးထားချိန်တွင် ဇူလိုင် ၅ ရက်တွင် ကျရောက်သော လွတ်လပ်ရေးနေ့၌ သမ္မတနီကိုးလက်မာဒူရိုနှင့် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုတို့က ဦးဆောင်၍ အပြိုင်အဆိုင် စုဝေးမှုများ ပြုလုပ်ခဲ့ကြသည်။ ဗင်နီဇွဲလား၏ တရားဝင်ကြားဖြတ်သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့သည့် ဂွါအီဒိုက မြို့တော်ကာရာကက်ရှိ လမ်းများပေါ်တွင် စုဝေးနေသည့် ထောက်ခံသူများအား မျှော်လင့်ချက်ကို မစွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။ “ထွက်မသွားကြနဲ့။ ကျွန်တော်တို့တွေ ဒီနေရာကို ရောက်မှာပါ။ သံသယလည်း မဝင်ကြပါနဲ့။ ကျွန်တော်တို့တွေ အောင်မြင်မှာပါ” ဟု ゞင်းက ပြောကြားခဲ့သည်။
ဗစ်တိုးရီးယားအမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍဍ၏ အဓိကသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်စပ်ပတ်သက်သူများ ပူးပေါင်းပေးရန် NLD ဗဟို အမျိုးသမီးလုပ်ငန်းကော်မတီ တိုက်တွန်း
ဗစ်တိုးရီးယားအမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍဍ၏ အဓိကသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်စပ်ပတ်သက်သူများ ပူးပေါင်းပေးရန် NLD ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီက တိုက်တွန်းကြောင်း ကြေညာချက် ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် မေ ၁၆ရက် နေပြည်တော် Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အသက်သုံးနှစ်အရွယ် မူကြိုကျောင်းသူ ဗစ်တိုးရီးယားအပေါ် ကျူးလွန်ခဲ့သော အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့မှ မျက်ခြည်မပြတ်စောင့် ကြည့်လျက်ရှိကြောင်း ပါရှိသည်။
ကျောင်းသားနှင့် ပြည်သူများ မတရားဖမ်းဆီးနေမှု ဆန့်ကျင်ပွဲ
အယ်ဂျီးရီးယားတွင် ဆန္ဒပြသူများက သီတင်းပတ် ၂၀ ဆက်တိုက် ဆန္ဒပြမှုများ ပြုလုပ်

၃၁ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားကျင်းပနိုင်ရန်အတွက် ဆုံညီအစည်းအဝေးပြုလုပ်
လာမည့် သြဂုတ်လ (၈)ရက်နေ့တွင် ကျရောက်မည့် ၃၁ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားကျင်းပနိုင်ရန်အတွက် ဆုံညီအစည်းအဝေးကို ရန်ကုန်မြို့ သင်္ဃ္ကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်တွင် ယနေ့ပြုလုပ်ခဲ့သည်။ အဆိုပါ ဆုံညီအစည်းအဝေးကို ရှစ်လေးလုံးအရေးတော်ပုံတွင် ဦးဆောင်သူများ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးကိုကိုကြီး အပါအဝင် အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများက တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အင်္ဂ္လန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကဏ္ဍဍများ၌် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးလျက်ရှိ
ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အင်္ဂ္လန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကဏ္ဍဍများ၌ ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။ “အင်္ဂ္လန်က ကုမ္ပဏီတစ်ခုဆိုရင် နော်ဝေရဲ့ နည်းပညာ၊ ဂျာမနီရဲ့ စက်ပစ္စည်း၊ အင်္ဂ္လန်နိုင်ငံရဲ့ စီမံခန့်ခွဲမှုနဲ့ စင်ကာပူမှာ မှတ်ပုံတင်မယ်။ အဲဒီလိုမျိုး Multiple၊ အဲဒီလောက်ကို သူတို့က စနစ်တကျ လုပ်ပြီးလာတာ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပါတယ်။ သူတို့က ရေအား၊ နောက်တစ်ခုက Gas Turbine ဖြစ်ပါတယ်” ဟု ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
အာဖရိက ဝက်အပြင်းဖျားရောဂါအား ဝက်တုပ်ကွေး၊ အာဖရိကဝက်တုပ်ကွေးဟု လွဲမှားစွာရေးသားဖော်ပြနေပြီး လူအများက ရာသီတုပ်ကွေးနှင့် လွဲမှားနေခြင်းကြောင့် ထိုကဲ့သို့ရေးသားဖော်ပြမှုများကို ရှောင်ရှားရန် မွေး/ကု ထုတ်ပြန်
အာဖရိကဝက်အပြင်းဖျားရောဂါကို ဝက်တုပ်ကွေး၊ အာဖရိကဝက်တုပ်ကွေး အစရှိသည်ဖြင့် ရေးသားဖော်ပြနေပြီး ယင်းသို့လွဲမှားစွာ ရေးသားဖော်ပြမှုကြောင့် ပြည်သူလူထုအကြားတွင် ရာသီတုပ်ကွေးနှင့်လွဲမှားစွာ နားလည်ခြင်း၊ အာဖရိက ဝက်အပြင်းဖျား ရောဂါသည် လူသို့ကူးစက်စေနိုင်မည်ဟု စိုးရိမ်ပူပန်ခြင်း၊ ထိရောက်သောရောဂါကာကွယ်ရေးများ မလုပ်ဆောင်နိုင်ခြင်း စသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ထိုကဲ့သို့ ရေးသားဖော်ပြမှုများကို ရှောင်ရှားရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ခဲ့သည်။
အစိုးရ၊ တပ်မတော်နှင့် AA သုံးပွင့်ဆိုင် ဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ဦးဇော်ဌေးပြော
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အစိုးရ၊ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ သုံးပွင့်ဆိုင်ဆွေးနွေး ရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ ဇူလိုင်လ (၅) ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး၏ အပတ်စဉ်သတင်းစာရှင်းလင်းပွဲ တွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
အစိုးရပိုင် ရုံးအဆောက်အဦများတွင် မျက်နှာအုပ်ဝတ်ဆင်ခြင်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားဝန်ကြီးချုပ် တားမြစ်

1 MDB အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး The Wolf of Wall Street ဇာတ်ကားထုတ်လုပ်သူ မလေးရှားတွင် စွဲချက်တင်ခံရ

မူးယစ်ဆေး ရောင်းချငွေ ဒေါ်လာ ၁၂.၇ ဘီလျံကို ဒဏ်ကြေးငွေအဖြစ်ပေးရန် အမေရိကန်က အယ်ခပိုထံမှ တောင်းဆို

နှလုံးသွေးကြော ကျဉ်းရောဂါက ပြန်ပျောက်သွားတတ်လား
မောမောနေလို့ ဆိုပြီး ဆေးခန်းသွားပြတဲ့လို့ ECG ဆွဲ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ နှလုံးသွေးကြောကျဉ်းနေတယ်ဆိုတဲ့ အဖြေပြန်ထွက်လာခဲ့ရင် လူတိုင်းလန့်သွားကြမှာပါ။ နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ။ ပြန်ရော ပျောက်သွားတတ်လားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီဝင်လာမှာ ကျိန်းသေပါတယ် ။
ကာတွန်းပုံများ အလွဲသုံးစားလုပ်ခံရမှုအပေါ် ကန့်ကွက်စာထုတ်ပြီး မီဒီယာကောင်စီသို့ တိုင်ကြားမည်
ကာတွန်းပုံများကို ခွင့်ပြုချက် မယူဘဲ အသုံးပြုနေမှုများကို ကန့်ကွက်စာ ထုတ်သွားမည်ဖြစ်ပြီး မီဒီယာကောင်စီ သို့ တိုင်ကြားသွားမည်ဟု မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကာတွန်းဆရာများက ဇူလိုင် ၆ ရက်က ပြောဆိုလိုက်သည်။ကာတွန်းပုံများအလွဲသုံးစားပြုခံရသည်ဟု ပြောဆိုခဲ့ကြပြီး ဂျာနယ်အချို့တွင် ကာတွန်းပုံများကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုခြင်း၊ ပုံများကို ပြုပြင်အသုံးပြုခြင်းများရှိသည်ဟု ကာတွန်းဆရာများက ရန်ကုန်မြို့၊ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာမယ့် သရုပ်ဆောင် မိုးအောင်ရင်
သရုပ်ဆောင် မိုးအောင်ရင်ဟာ ဒီနေ့ပြုလုပ်တဲ့ “ချာလီဘ” ရုပ်ရှင်အထူးပြသတဲ့ပွဲကို တက်ရောက်လာခဲ့ပါတယ်။ ဒီပွဲကို ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အကျဉ်းထောင်ကလွတ်ပြီး ပရိသတ်ရှေ့ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတဲ့ မိုးအောင်ရင်က မကြာခင်မှာ မြင့်မြတ်နဲ့တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
၅၇ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်တွင် ပြုလုပ်

"အီတလီဆပ်ကပ်အဖွဲ့မှ ကျားထိန်းကျောင်းသူ ကျားလေးကောင် ဝိုင်းကိုက်ခံရပြီး သေဆုံး"

၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံကျော်ရှိကာ နှစ်နှစ်ခွဲအတွင်း ကျပ် ၁၈၈၁ ဘီလျံကျော် မြင့်တက်
၂၀၁၆ ခုနှစ် မတ်တွင် မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူ ကျပ် ၁၁၇၇၁ ဘီလျံကျော်ရှိပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၆၅၂ ဘီလျံကျော်ရှိကာ နှစ်နှစ်ခွဲအတွင်း ကျပ် ၁၈၈၁ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume III) အရ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သစ်ပင်ချစ်သူများဖိုရမ်ကျင်းပ

သီရိလင်္ကာကို ဝင်ငွေ အလယ်အလတ်အထက် ရရှိသော နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ် တိုးမြှင့်သတ်မှတ်
ကမ္ဘာ့ဘဏ်သည် သီရိလင်္ကာနိုင်ငံကို ဝင်ငွေအလယ်အလတ်အောက် နိုင်ငံအဆင့်မှ ဝင်ငွေအလယ်အလတ်အထက်နိုင်ငံအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ် ကမ္ဘာ့နိုင်ငံများ အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့ ဘဏ်က ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှဝင်ငွေအပေါ် အခြေခံကာ ဝင်ငွေမြင့်၊ အလယ်အလတ်အထက်၊ အလယ်အလတ်အောက်နှင့် ဝင်ငွေနိမ့်ဟူ၍ နိုင်ငံများကို အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ် ဇူလိုင် ၁ ရက်၌ အသစ်ထုတ်ပြန်လျက်ရှိသည်။ သီရိလင်္ကာသည် နိုင်ငံသားတစ်ဦးချင်း နှစ်စဉ် ပျမ်းမျှဝင်ငွေ ၄၀ ၆၀ ဒေါ်လာဖြင့် ရပ်တည်နေပြီး ကိုဆိုဗို၊ ဂျော်ဂျီယာတို့နှင့်အတူ ၂၀၁၉ ခုနှစ်၌ ဝင်ငွေ အလယ်အလတ်အထက် နိုင်ငံအဆင့် တက်လှမ်းလာခြင်းဖြစ်သည်။ သီရိလင်္ကာသည် ယခုနှစ်အဖို့ စီးပွားတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

အိမ်သို့လာကန်တော့သည့် တပည့်ဟောင်းက ကျပ်သိန်း ၈၀ ကျော် လုယူထွက်ပြေး
မန္တလေး၊ အမရပူရမြို့နယ်၊ ထုံးဘိုတောင်ကျေးရွာတွင် ဆရာဖြစ်သူ၏နေအိမ်သို့ လာရောက်ကန်တော့သည့် အမျိုးသားက ငွေကျပ်သိန်း ရှစ်ဆယ်ကျော်ကို လုယူထွက်ပြေးမှု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယင်းနေ့က အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းမြိုင်သည် နေအိမ်တွင် ညတစ်ဦးတည်းရှိနေစဉ် ခင်ပွန်းဖြစ်သူ၏လုပ်ငန်းခွင်တွင် တပည့်အဖြစ် ပညာသင်ပေးခဲ့ဖူးသူ အသက်၂၆ နှစ်အရွယ် မျိုးမင်းဟန်က လာရောက်ကန်တော့ခဲ့ခြင်းဖြစ်ပြီး
အပူပိုင်းဇုန် ၁၀ နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၇၅၄၀ ရှိပြီး တရုတ်နိုင်ငံက ၈၂၈၀၀ ဖြင့် ၈၄ ရာခိုင်နှုန်းကျော် ဖြစ်ပွားကာ မြန်မာနိုင်ငံက ၁၁၇ ဦးဖြင့် သုညရာခိုင်နှုန်း အောက်သာရှိ
မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဇုန် ၁၀ နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၇၅၄၀ ဦးရှိကာ ယင်းတို့အနက် တရုတ်နိုင်ငံက ၈၂၈၀၀ ဦးဖြင့် ၈၄ ရာခိုင်နှုန်းကျော် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံက ၁၁၇ ဦးဖြင့် သုညရာခိုင်နှုန်း အောက်သာရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
မီတာခတိုးမြှင့်ခြင်းကို အစိုးရ ပြန်လည်သုံးသပ်ရန် ၂၃ ပါတီ ဆွေးနွေးတောင်းဆိုရန်စီစဉ်ဟုဆို
မီတာခနှင့်ပတ်သက်ပြီး ပြည်သူများအကျပ်အတည်းဖြစ် ပါက နိုင်ငံရေးပါတီ ၂၂ ခုနှင့် ညှိ နှိုင်းဆောင်ရွက်ပြီး အစိုးရက ပြန် လည်စဉ်းစားသုံးသပ်ရန် တောင်း ဆိုမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီအဖွဲ့ဝင် ဦး လှသိန်းက ပြောသည်။ ‘‘ကျွန်တော်တို့ ဒါလေးကို တော့ လုပ်ဖို့ရှိတယ်။ ကျွန်တော် တို့နဲ့ ရင်ဘတ်ချင်းနီးတဲ့ပါတီတွေ နဲ့ ဆွေးနွေးတိုင်ပင်ရဦးမယ်’’ ဟု ဦးလှသိန်းကပြောသည်။
တိုက်ကြက်
ဖိုးချက်သည် သူ၏ကြက်ဖ ‘တိုးထက်’ကြီးကို ခြေဆုပ်လက် နယ်ပြုပေးနေသည်။ ပါးစပ်ထဲမှ ငုံထားသောရေများကိုလည်း ဖွား ဖွားပါအောင် တိုးထက်၏အမွေး များပေါ်သို့ မကြာခဏမှုတ်ဖျန်း ပေးနေသည်။
‘‘အဖေ့သားကြီး အားမွေး ထားကွ။ ဒီနေ့ပွဲကို မင်းနိုင်အောင် ခွပ်ပေးရမယ်နော်’’
စသဖြင့် တိုးထက်အနားသို့ တိုး၍ မကြာခဏဆိုသလို တီးတိုး လည်းပြောနေသေးသည်။ မှန် သည်။ သည်နေ့ပွဲ လောင်းကြေး ကများ၏။ နိုင်မှဖြစ်မည်။ ဒီနယ် တစ်ဝိုက်တွင်တော့ ‘တိုးထက်’ ကြီးသည်နာမည်ကြီးလေ၏။ သူ နှင့်အလောင်းအစားလုပ်၍တိုက် သည့်ကြက်မှန်သမျှကို အနိုင်အ လဲခွပ်ပစ်နိုင်သည်။ သည့်ကြောင့် ပိုင်ရှင်ဖိုးချက်သည် ပိုက်ဆံများ များရသည်။ သည်နေ့ပွဲကတော့ ပို၍အရေးကြီးလေသည်။ အမှား ခံ၍မဖြစ်။ ဘာကြောင့်ဆို မြို့က လောင်းကစားသမားများလာ မည်။ ကြက်ကလည်းမြို့ကကြက် ဖြစ်သည်။
‘‘အဖေ့သားကြီး အားမွေး ထားကွ။ ဒီနေ့ပွဲကို မင်းနိုင်အောင် ခွပ်ပေးရမယ်နော်’’
စသဖြင့် တိုးထက်အနားသို့ တိုး၍ မကြာခဏဆိုသလို တီးတိုး လည်းပြောနေသေးသည်။ မှန် သည်။ သည်နေ့ပွဲ လောင်းကြေး ကများ၏။ နိုင်မှဖြစ်မည်။ ဒီနယ် တစ်ဝိုက်တွင်တော့ ‘တိုးထက်’ ကြီးသည်နာမည်ကြီးလေ၏။ သူ နှင့်အလောင်းအစားလုပ်၍တိုက် သည့်ကြက်မှန်သမျှကို အနိုင်အ လဲခွပ်ပစ်နိုင်သည်။ သည့်ကြောင့် ပိုင်ရှင်ဖိုးချက်သည် ပိုက်ဆံများ များရသည်။ သည်နေ့ပွဲကတော့ ပို၍အရေးကြီးလေသည်။ အမှား ခံ၍မဖြစ်။ ဘာကြောင့်ဆို မြို့က လောင်းကစားသမားများလာ မည်။ ကြက်ကလည်းမြို့ကကြက် ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ တိုးတက်မှုအသစ်များသေချာပေါက်ရမည်ဟု တရုတ်သံအမတ်ပြော
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ တိုးတက်မှုအသစ်များ သေချာပေါက်ရရှိမည်ဟု တရုတ်သံအမတ် မစ္စတာချန်ဟိုင်က ပြောသည်။ ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင် သည့် မစ္စတာချန်ဟိုင်က ဇူလိုင် ၃ ရက်တွင် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်၊ တပ်မ တော်၊ နိုင်ငံရေးပါတီမှ ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ် ထည့် သွင်းပြောကြားသည်ဟု တရုတ်သံရုံးက ယမန်နေ့တွင် ထုတ်ပြန် သည်။
ဒါရိုက်တာညိုမင်းလွင်ရဲ့ထူးခြားချက်ကို ပြောပြတဲ့ နန်းဆုဦး
စုဖုရားလတ်ဇာတ်ရုပ်နဲ့ တွေ့ရဦးမယ့် ၀တ်မှုံရွှေရည်
ချွေတာခြင်း၊ မျှဝေခြင်းနှင့် ယနေ့ခေတ် လျှပ်စစ်ဖက်ရှင်
ဇူလိုင် ၃ ရက်နေ့ မနက်၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်ရှိသဖြင့် မျက်လုံးကိုစောစောဖွင့်လိုက်ရသည်။ မိုးမရွာသဖြင့် ခပ်စောစော ၆နာရီသည်လင်းနေ၊ ရှင်းနေပြီ။ မနက် ၆ နာရီခွဲကျော်၊ တိုက်ခန်းတံခါးကို ဖွင့်လိုက်တော့ မျက်နှာချင်းဆိုင်အခန်းမှ ဖွင့်ထား သော အိမ်ရှေ့မီးသီးသည်လင်း ထိန်လို့။ ထိုမီးလုံးမှာ ၆ နာရီခွဲ မပြောနဲ့။ ကျွန်တော်နေ့စဉ်ရုံးသွား လေ့ရှိသောမနက် ၉ နာရီဝန်းကျင် အချိန်ထိ လင်းနေဆဲဖြစ်သည်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ ပါဝင်ခဲ့ခြင်းက ပုဂံအတွက် ဘာတွေ ကောင်းကျိုးဖြစ်စေသလဲ
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို အဖွဲ့ကြီးက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုအဖြစ် စာရင်းသွင်း အသိအမှတ် ပြုလိုက်ပါပြီ။
ဒီအတွက် ပုဂံဟာ အခုလို ကောင်းကျိုးတွေ ခံစားရရှိတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခံရတဲ့ နယ်မြေအတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတွေကို နိုင်ငံတကာရဲ့ ပိုမို အာရုံစိုက် ကူညီမှုတွေ ရှိလာပါမယ်။
ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု တိုးတက်လာပါမယ်။
ဒီအတွက် ပုဂံဟာ အခုလို ကောင်းကျိုးတွေ ခံစားရရှိတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခံရတဲ့ နယ်မြေအတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတွေကို နိုင်ငံတကာရဲ့ ပိုမို အာရုံစိုက် ကူညီမှုတွေ ရှိလာပါမယ်။
ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု တိုးတက်လာပါမယ်။
တောင်ကုတ်-စကုစက်လှေ ကလိန်တောင်မြစ်ဝ ပင်လယ်ပြင်၌ နစ်မြုပ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေ
ရခိုင်ပြည်နယ် တောင်ကုတ်-စကုစက်လှေနစ်မြုပ်မှု အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါစက်လှေသည် လိုင်းဆွဲနေသော စက်လှေမဟုတ်ဘဲ သီးသန့်သွားရောက်ကြသည့် ဦးကုလားကြီး၏ ပဲ့ထောင်စက်လှေဖြစ်ကာ တောင်ကုတ်မှ ခရီးသည် ခုနစ်ဦးဖြင့် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ကလိန်တောင်မြစ်ဝ ပင်လယ်ပြင်၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကာ တွေ့မြင်သူမရှိသည့်အတွက် ချက်ချင်းကယ်တင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ညနေပိုင်းတွင် နစ်မြုပ်ရာမှ လွတ်မြောက်လာသူတစ်ဦး ၏ ပြောပြချက်ကြောင့် ချက်ချင်း စက်လှေများဖြင့် သွားရောက်ရှာဖွေခဲ့ကြသော် လည်းအမျိုးသမီးတစ်ဦး၏ အလောင်းကိုသာရရှိခဲ့ကြောင်း၊ အလားတူစွာပင် ရေကူးပြီးလွတ်မြောက်လာသူ စုစုပေါင်း လေးဦးရှိခဲ့ပြီး ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေသေးကြောင်း သိရသည်။
အမတ်လောင်းများ လေ့လာစရာ ‘ဆိပ်ကမ်း’သင်ခန်းစာ
နှစ်နာရီနီးပါး ကြာမြင့်သည့်စီရင်ချက်ဖတ် ပြပြီးနောက် ရွေး ကောက်ပွဲ ကော်မရှင်ခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်က ချောင်းဟန့် ကာ စက္ကန့်အနည်းငယ်နားလိုက် သည်။ ထို့နောက် သူ့စီရင်ချက်ကိုမတ်တတ်ရပ် နားထောင်နေကြ သည့် တိုင်ကြားခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်၊ တိုင်ကြားသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဦးသန်းထိုက် အောင်တို့ကို တစ်လှည့်စီ ကြည့် လိုက်သည်။
အာဆီယံ၏ ရခိုင်အရေးချဉ်းကပ်မှု အကျိုးဖြစ်ထွန်းနိုင်မလား
" ပထမဦးဆုံး ဦးခေါင်းစွပ်တပ်ပြီး ဂိုးသမား ကျော်ဇင်ထက် ဘောလုံးကစားခဲ့ "

ကယ်လီဖိုးနီးယားတွင် ပြင်းအား ၇ ဒသမ ၁ ရှိ မြေငလျင် ခတ်
လက်တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်သင်္ဘောကို ဖမ်းဆီးမည်ဟု အီရန်တပ်မှူးပြော
အီရန်ရေနံတင်သဘောင်္ ဖမ်းဆီးခံရတာကို လက်တုံ့ပြန်ပြီး ဗြိတိန်သင်္ဘောကို ဖမ်းဆီးသွားမယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်မှူးက ဇူလိုင်လ ၅ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်မှူး မိုဇန်ရက်ဇာက “အီရန် ရေနံတင်သင်္ဘောကို မလွှတ်ပေးရင် ဗြိတိန်ရေနံတင်သင်္ဘောကို ဖမ်းဆီးရမှာက အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်” လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံဆီ ဦးတည်ခုတ်မောင်းလာတဲ့ ရေနံတင်သင်္ဘောတစီးကို ဗြိတိန်တော်ဝင် မရိမ်းတပ်ဖွဲ့က ဇူလိုင် ၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ခဲ့တာပါ။
မြန်မာအိမ်ရာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ
“Outlook on Mynmar Housing Development And Policy” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ မြို့ပြနဲ့ အိမ်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ မြို့ပြအိမ်ရာနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေက အိမ်ရာဆောက်လုပ်ရေးနဲ့ အိမ်ရာပိုင်ဆိုင်ရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
”ရဲတိုက်ရဲ့ ပရိသတ်ပါလို့ပြောရင် ဂုဏ်မငယ်ရအောင် ပြန်လည်တည်ဆောက်သွားမှာပါ” ရဲတိုက်
ရဲတိုက်ရဲ့ပရိသတ်ပါလို့ ပြောရင် ဂုဏ်မငယ်ရအောင် ကိုယ့်နာမည်ကို ရအောင်ပြန်တည်ဆောက်သွားမှာပါလို့ သရုပ်ဆောင်ရဲတိုက်က ပြောပါတယ်။ ”အရင်က ကျွန်တော် ပရိသတ်အဟောင်းတွေကိုတော့ အများကြီးပြော စရာမရှိပါဘူး။ အခုပြောချင်တာက ကျွန်တော့်ရဲ့ ပရိသတ် အသစ်တွေ ကိုပြောချင်တာ။ ကျွန်တော့်ပရိသတ်ဖြစ်ရတဲ့အတွက် ကြောင့် ဂုဏ်ငယ် ရတယ်ဆိုတာမျိုးကို ကျွန်တော်အဖြစ်မခံပါဘူး။ ကျွန် တော်တို့က ရဲတိုက် ပရိသတ်ပါလို့ပြောလို့ အမြဲတမ်းအဆင်ပြေနေအောင် နာမည်တစ်ခုကို ရအောင်တည်ဆောက်သွားမှာပါ”လို့ ဆိုပါတယ်။
စွန့်ပစ်ခံ ကလေးငယ်များ စောင့်ရှောက်ပေးမယ့် ဂေဟာနဲ့ပတ်သက်ပြီးပြောပြခဲ့တဲ့ ခိုင်နှင်းဝေ
စွန့် ပစ်ခံကလေးငယ်များ စောင့်ရှောက်ပေးမယ့်ဂေဟာကို ယခုနှစ်အတွင်း ဆောက်လုပ်သွားမှာဖြစ်ပြီး ကလေးငယ်များအပြင် အဓမ္မပြုကျင့် ခံရသော အမျိုးသမီးများနဲ့ Single Mother တွေကိုပါ စိစစ်ပြီးလက်ခံသွားဖို့ရှိတယ်လို့ ခိုင်နှင်းဝေပရဟိတ အဖွဲ့တည် ထောင်သူ သရုပ်ဆောင် ခိုင်နှင်းဝေကပြောပါတယ်။
ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲတွင် နာမည်ကြီး နဒါးလ်နှင့် ဖက်ဒရာတို့ နောက်တဆင့်တက်
ဝင်ဘယ်ဒန်အိုးပင်း အမျိုးသားတဦးချင်း တတိယအဆင့်ပွဲစဉ်တွေ ဆက်လက်ကစားခဲ့တာမှာ နာမည်ကြီး နဒါးလ်၊ ဖယ်ဒရာတို့ အသီးသီးအနိုင်ရရှိပြီး နောက်တဆင့်တက်သွားပါတယ်။ နဒါးလ်ကတော့ ပြင်သစ်က ဆွန်ဂါကို ၆-၂၊ ၆-၃၊ ၆-၂ နဲ့ လက်စွမ်းပြပြီး အနိုင်ရသွားခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ နဒါးလ်က သူ့အနေနဲ့အရမ်းပျော်ရွှင်နေပြီး ရိုက်ချက်တွေပြန်ကောင်းလာလို့ ကျေနပ်နေပါတယ်။ ဖက်ဒရာကတော့ ပြင်သစ်က လူးကပ်စ်ပူအာလီကို ၇-၅၊၆-၂၊၇-၆ နဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရရှိခဲ့တာပါ။ ဂျပန်တင်းနစ်ကစားသမား နစ်ရှီကိုရီကတော့ အမေရိကန်က စတိဗ်ဂျွန်ဆင်ကို အသာအယာအနိုင်ယူပြီး နောက်တဆင့် တက်ရောက်လာပါတယ်။
အာဂျင်တီးနားက ချီလီကို ၂-၁ ဂိုးဖြင့်နိုင်ပြီး ကိုပါအမေရိကဖလား တတိယရရှိ
အစိုးရသက်တမ်းမကုန်မီ ပြည်သူအကျိုးရှိ စီမံကိန်းများတင်သွင်းကြရန် မန်းဝန်ကြီးချုပ် တိုက်တွန်း
လက်ရှိအစိုးရရဲ့ ကျန်သက်တမ်းကာလ တနှစ်ခွဲခန့်အတွင်း ပြည်သူတွေ အကျိုးရှိမယ့် စီမံကိန်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေ ပူးပေါင်းတင်သွင်းကြဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းလိုက်ပါတယ်။ ကျန်သက်တမ်းကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပါတီကို အသိပေးတိုင်ပင်ပြီး လိုအပ်ချက်တွေကို ရေးဆွဲတင်သွင်းစေချင်တယ်လို့ ပြောပါတယ်။
တာဝါတိုင်ပေါ် ဓာတ်အားလိုင်း သွယ်တန်းနေသည့် တရုတ်နိုင်ငံသား ၃ ဦး ပြုတ်ကျသေဆုံး
ကန့်ကွက်သူ များပြောနေသကဲ့သို့ ကလေးသူငယ်ဆိုင်ရာ ဥပဒေတွင် ကလေးမွေးစားရုံဖြင့် နိုင်ငံသားဖြစ်ခွင့်ရမည် ဆိုသည့် အချက်မှာ မဟုတ်မှန်ဟု သမ္မတရုံးပြောခွင့်ရ ဆို
နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ကျင်းပ သည့်သတင်းစာရှင်း လင်းပွဲ၌ ”ကန့်ကွက်နေသူများပြောဆိုနေသကဲ့သို့ ကလေးသူငယ် ဆိုင်ရာဥပ ဒေတွင် ကလေးမွေးစားရုံဖြင့် နိုင်ငံသားဖြစ်ခွင့်ရ မည်ဆို သည့်အချက်မှာ မဟုတ်မှန်ကြောင်း” သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်။ လက်ရှိအချိန်တွင် ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းအ တည်ပြုမှု အပေါ် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားရေးအင်အားစုများ အပါအဝင် အဖွဲ့အစည်းအချို့က ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ၊ ကန့်ကွက်စာ ထုတ်ပြန်ခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းသည် ဥပ ဒေကြမ်းကို သေချာမဖတ်၍ဖြစ် ပေါ်နေခြင်းဖြစ်ကြောင်း ဦးဇော် ဌေးက ပြောသည်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးမှ ပုဂံယဉ်ကျေး မှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ပြီ
မြန်မာနိုင်ငံတွင် ပုဂံခေတ်မှစတင်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို စတင် ယုံကြည် ကိုးကွယ်ခဲ့ ပါသည်။ ဘာသာရေးကိုအခြေခံ၍ ပုဂံခေတ် ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိ ခဲ့သော ရှေးဟောင်း အဆောက်အအုံများ၏ ဗိသုကာလက်ရာ၊ အင်္ဂတေပန်း၊ နံရံပန်းချီစသည့် စေတီ၊ ပုထိုးနှင့် အဆောက် အအုံများကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းစောင့်ရှောက်နိုင်ရန် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရန် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်ရေး တင်သွင်းဆောင်ရွက်ကြခြင်းလုပ်ငန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မန္တလေးတိုင်းနှင့် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဒေသခံပုဂံချစ်သူများ၊ နှလုံးသားထဲမှ ပုဂံဓာတ်ပုံ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။
တစ်ရက်အတွင်း ငလျင်(၄)ကြိမ် လှုပ်ခတ်ခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိဟုဆို
ဇူလိုင်လ(၅)ရက် တစ်ရက်တည်းတွင် မြန်မာနိုင်ငံအတွင်း ငလျင်(၄)ကြိမ် လှုပ်ခတ်ခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိ ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုကို ဇူလိုင်လ(၆)ရက်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးကမ္ဘာ့ဖလား တတိယနေရာလုပွဲတွင် အင်္ဂလန်က ဆွီဒင်ကို ရှုံးနိမ့်
အင်ဒိုနီးရှား တံငါရွာလေး တချိန်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပင်လယ်လိပ်များကို လွတ်ငြိမ်းခွင့်ပေး
အသက်ကြီးလာလို့ သရုပ်ဆောင်အလုပ် လျှော့ပြီးလုပ်လာတယ်ဆိုတဲ့ ဘရက်ပစ်
ကမ္ဘာ့ပထမဆုံးအဖြစ် ကြွက်များထံမှ HIV ပိုးကို သုတေသီများ ရာနှုန်းပြည့် ဖယ်ရှား
လေ့လာမှုအသစ်တစ်ရပ်တွင် ကုထုံးနှစ်ခုပေါင်းစပ်ကုသခြင်း ဖြင့် သုတေသီများကကြွက်များထံမှ HIV ဗိုင်းရပ်စ်များကို လုံးလုံး လျားလျားဖယ်ရှားပစ်နိုင်ခဲ့သည်။ ပထမကုထုံးမှာ ဗိုင်းရပ်စ်တားဆီးရေးကုထုံး၏ ရေရှည်သက် ၀င်သောထိရောက်မှုနှေးကွေးသည့် ထုတ်လွှတ်မှုပုံစံ ( LASER) ကုထုံးဖြစ်ပြီး ဒုတိယကုထုံးတွင် CRISPR-Cas 9 ဟုခေါ်သော မျိုးဗီဇပြုပြင်သော နည်းကိုသုံး၍ ဗိုင်းရပ်စ်မျိုးဗီဇကို ဖယ်ရှားပစ်ခြင်း ပါဝင်သည်။ Nature Communications စာစောင်တွင် လူသား HIV ပိုးပုံစံ ကို ကြွက်များဖြင့် နှစ်ဆင့်ချဉ်းကပ်ကုသမှု စမ်းသပ်ခဲ့ပုံကို သုတေသီများကဖော်ပြထားသည်။
ဘရာဇီး ဗိုလ်စွဲရန် ရေပန်းစားသော်လည်း အနိုင်ယူနိုင်သည့်အင်အားရှိဟု ပီရူးနည်းပြ ကြုံးဝါး
အိမ်ရှင်ဘရာဇီးအ သင်းသည် ကိုပါအမေရိကဗိုလ်လု ပွဲတွင် အနိုင်ရမည်ဟု ရေပန်းစား နေသော်လည်း မိမိ၏ အသင်းသားများအပေါ် ယုံကြည်မှုရှိကြောင်း ပီရူးအသင်း၏ အာဂျင်တီးနားနည်းပြရီကာဒိုဂါရီကာက ပြောကြားသည်။ ‘‘ဗိုလ်လုပွဲကို ရောက်လာ ချိန်မှာ အနိုင်ရအောင်ကြိုးစားရပါ မယ်။ တခြားရွေးချယ်စရာမရှိပါ ဘူး။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အ ရည်အချင်းကြောင့် ဗိုလ်လုပွဲ ရောက်လာတာပါ။ ဒီအုပ်စုက အရမ်း အင်အားတောင့်တင်းပါ တယ်။ အဲဒါဟာ အဓိကကျတယ် လို့ ကျွန်တော်ထင်ပါတယ်။ ကျွန် တော်တို့မှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ဖို့ အင်အားရှိပါတယ်’’ ဟု ဂါရီကာက ပြောကြားသည်။
မကြာမီ ကစားသမားအချို့ ထပ်ခေါ်မည်ဟု မန်ယူနည်းပြဆိုးလ်ရှား ပြောကြား
ခရစ္စတယ်ပဲလေစ့် နောက်ခံလူ အာရွန်ဝန်ဘီဆာကာ ကို ပေါင်သန်း ၅၀ ဖြင့်လည်းကောင်း၊ ဆွမ်ဆီး တောင်ပံက စားသမား ဒန်နီရယ်ဂျိမ်းစ်ကို ပေါင် ၁၇ သန်းဖြင့်လည်းကောင်း ခေါ်ယူထားပြီးနောက် မန်ယူ၏ယခုနွေရာသီကစားသမားသစ် ခေါ်ယူမှုပြီးဆုံးခြင်း မရှိသေးဟု မန်ယူနည်းပြ ဆိုးလ်ရှားက ပြောသည်။ မန်ယူက လက်စတာနောက်ခံလူဟယ်ရီမာဂူရီနှင့် နယူးကာဆယ်ကွင်းလယ်လူ ရှောင်လောင်း စတပ်ဖ်တို့ကို ခေါ်ယူမည်ဟု သတင်းထွက်နေစဉ် ဆိုးလ်ရှားသည် ကစားသမားသစ်များ ထပ်မံခေါ် ယူရေးအသင်း၏ ငွေကြေးပံ့ပိုးမှု အပြည့်အဝရရှိထားသည်။
မိုရီဆာကီဝင်းနဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမယ့် နေခြည်ဦး
တရုတ်ထုတ်စိုက်ပျိုးရေးဆေးများ တင်သွင်းမှုကို ပိတ်ဆို့စစ်ဆေးနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ပြော
ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကို လုံးဝတားမြစ်ထားပြီး တရုတ်နိုင် ငံထုတ် တရားမ၀င် စိုက်ပျိုးရေး ဆေးများတင်သွင်းမှုကို နယ်စပ် ဂိတ်များမှတစ်ဆင့် ပိတ်ဆို့စစ် ဆေးနေကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကျော်ကျော်ဝင်း က ပြောသည်။ ဇူလိုင် ၅ ရက်က ပြုလုပ် သည့် ကချင်ပြည်နယ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲအပြီး 7Day Daily သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ၀န်ကြီးဦးကျော် ကျော်ဝင်းက ပြောကြားသည်။
လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းမှုများကို အရေးယူမည်
လှိုင်သာယာမြို့နယ် အတွင်း ဆိုင်ကယ်စီးနင်းမှုများ အရေးယူမည့်အစီအစဉ်ကို အသိ ပေး အကြောင်းကြားထား ကြောင်းယင်းမြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှူးအချို့က ပြော သည်။ လှိုင်သာယာမြို့နယ်၏ တ ရားဥပဒေစိုးမိုးရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုကာ ဆိုင်ကယ်စီးနင်းမှုများ အရေးယူမည့် အသိပေးစာကို ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များသို့ ဖြန့်ဝေထားခြင်းဖြစ် သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်၍ ၀န်ကြီးနှင့် အမျိုးသမီးအဖွဲ့များ ဆွေးနွေး
LGBT တွေအတွက် ခွန်အားပေးချင်တဲ့ ဂျွန်လွင်
GGS နှင့် စာချုပ်ဖျက်ပြီးနောက် ထားဝယ်ခရိုင် လျှပ်စစ်တင်ဒါအသစ် ပြန်ခေါ်
အဂတိလိုက်စားမှုများ ကြောင့် GGS ကုမ္ပဏီနှင့် ချုပ်ဆို ထားသော လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်ကို ဖျက်သိမ်းပြီးနောက် တနင်္သာရီတိုင်းအစိုးရက ထား ဝယ်ခရိုင် လျှပ်စစ်ဓာတ်အားပေး ရေး တင်ဒါအသစ်ကို ယနေ့က စ၍ ခေါ်ယူသည်။ တင်ဒါလျှောက်လွှာများကို တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီ ကစ၍ တစ်လကြာရောင်းချ မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ဇူလိုင် ၅ ရက်တွင် ကြေညာ သည်။
ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်အကြီးအကဲအဖြစ် ကတိသစ္စာပြုမည်
မြန်မာနိုင်ငံကင်း ထောက်အဖွဲ့ချုပ်၏ ကင်း ထောက်အကြီးအကဲအဖြစ် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် ကတိသစ္စာ ပြုမည်ဟု မြန်မာနိုင်ငံကင်း ထောက်အမျိုးသမီးအဖွဲ့ ကင်း ထောက်ချုပ် ဒေါက်တာတင်လှ ကြည်က ပြောသည်။ ကင်းထောက်အကြီးအကဲ အဖြစ် ကတိသစ္စာပြုပွဲကို ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရန်စီစဉ် နေသည်ဟု ၎င်းကဆိုသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါတီနှင့်အမတ် တိုင်ပင်တင်ပြရန် ဒေါက်တာဇော်မြင့်မောင် မှာကြား
မန္တလေးတိုင်းဒေသကြီး NLD လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို ပါတီနှင့် တိုင်ပင်ကာ တင်ပြရန် ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က မှာကြားသည်။ ဇူလိုင် ၅ ရက်က မန္တလေးမြို့ ယူနန်တရုတ်ဘုံကျောင်းတွင် ပြု လုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး အစိုးရ၊ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဒေါက်တာဇော်မြင့်မောင်က ယင်းကဲ့သို့ မှာကြားခြင်း ဖြစ်သည်။
ပြည်မြို့ ညဈေးတန်းတွင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
ပြည်မြို့ ညဈေးတန်း၌ ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီး တိုင်ဖျက်သိမ်းရေး အသိပညာ ပေး လက်ကမ်းစာစောင်များ ပေး ဝေသည့် လှုပ်ရှားမှု ဇူလိုင် ၅ ရက် ညကပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုကို တက် ကြွလှုပ်ရှားသူလေးဦးက ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းသင့်သည့် အချက်အ လက်များကို ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့်သိရှိရန် ရည်ရွယ် ကြောင်း လှုပ်ရှားမှုတွင်ပါဝင် သည့် ပြည်ဒေသခံကိုဖြူဖွေးက ပြောသည်။
မြစ်ကြီးနားတွင် န၀မတန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှုဖြစ်ပေါ်
မြစ်ကြီးနားမြို့တွင် ဘော်ဒါဆောင်နေ န၀မတန်း ကျောင်းသူနှစ်ဦး အကြောင်းရင်း မသိရဘဲ ပျောက်ဆုံးနေ၍ မိသား စုဝင်များက ရဲစခန်းသို့ တိုင်ကြား ထားပြီး စုံစမ်းရှာဖွေနေသည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကပြော သည်။ မြစ်ကြီးနားမြို့ ယုဇနရပ် ကွက် ပညာစံအိမ်ဘော်ဒါဆောင် မှ န၀မတန်းကျောင်းသူများဖြစ် သည့် မခင်မြင့်မိုရ်နှင့် မဂျာထွယ် အောင်သည် ဇူလိုင် ၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဘော်ဒါဆောင်မှ ထွက်၍ မုန့်သွား ၀ယ်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ် သည်။ ဇူလိုင် ၆ ရက်ညနေအထိ ပြန်မတွေ့သေးပေ။
တပ်မတော်ရေယာဉ် ပစ်ခတ်ခံရမှုကိစ္စ ဖမ်းဆီးထားသူများအနက် သုံးဦးကို ပြန်လွှတ် ခုနစ်ဦးကို ချုပ်ရမန်ယူ
စစ်တွေမြို့ဆတ်ရိုး ကျချောင်းအတွင်း ရပ်နားထား သည့်တပ်မတော်ရေယာဉ် ပစ် ခတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီး ထားသူ ၁၀ ဦးအနက် သုံးဦးပြန် လွှတ်ပေးပြီး ကျန်ခုနစ်ဦးကိုပထမ အကြိမ် ချုပ်ရမန်ယူခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်း ဆီးထားသူခုနစ်ဦးကို ဇူလိုင် ၅ ရက်က စစ်တွေမြို့နယ်တရားရုံး သို့ ရုံးထုတ်ကာ ချုပ်ရမန်ယူခဲ့ သည်။ ဖမ်းဆီးခံထားရသူများအ နက် ပါဝင်သူတစ်ဦး၏မိခင်ဒေါ် နီလှက ‘‘ဖမ်းဆီးထားချိန်ကတည်း က မတွေ့ရတာပါ။ အခုတရား ရုံးကိုထုတ်လာတဲ့အခါ ပထမဆုံး တွေ့ရတာဖြစ်ပါတယ်’’ ဟု ပြော သည်။ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက် က ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့်တပ်မတော်ရေ ယာဉ်တစ်စီးကို လက်နက်ကြီး ကျရောက်ပြီး ပျက်စီးမှုအချို့ရှိ ကာ လက်နက်ကြီးလာရာဘက် ဆောက်လုပ်ရေးခြံဝင်းအတွင်းရှိ လူ ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ သည်။ လက်ရှိဖမ်းဆီးခံထားရသူ ခုနစ်ဦးတွင် အသက်(၄၈)နှစ် အရွယ်အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။
တရားခံအစစ်နှင့် အမှန်တရားကို ရှာဖွေရန် ဗစ်တိုးရီးယားရှေ့နေ ဦးတည်ချက်ထား ဥပဒေအရာရှိက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေ၍ အခက်တွေ့နေဟုဆို
အုပ်ချုပ်ရေး မြို့တော်ရှိ ပုဂ္ဂလိကကျောင်းရှိ သက်ငယ်မုဒိမ်းမှု၏ တရားခံအ စစ်နှင့် အမှန်တရားကို ရှာဖွေမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားသမီး ငယ်၏ရှေ့နေအဖြစ် ဆောင်ရွက် မည့်တရား လွှတ်တော်ရှေ့နေဒေါ် ရွက်နုအောင်က ပြောသည်။ ‘‘အမှုတစ်ခုလုံးရဲ့ အမှန်တ ရားကို ခြုံငုံပြီးတော့ အားလုံးကိုခြုံ ငုံပြီးတော့ ရှာဖွေသွားမှာဖြစ်ပါ တယ်’’ ဟု ၎င်းက 7Day သတင်း စာအား ပြောသည်။ လက်ရှိတွင် တရားရုံး၌ အောင်ကြီးကို တရားခံဟု တင်ပြ ကာ တရားစွဲဆိုထားပြီး ၎င်းအနေ ဖြင့် တရားလိုပြသက်သေအဖြစ် ဆောင်ရွက်သော်လည်းယင်းအမှု ၏ အမှန်တရားကို ဖော်ထုတ်နိုင် မည့်အချက်လက်များ စတင်စု ဆောင်းနေပြီဖြစ်ကြောင်း ဒေါ် ရွက်နုအောင်က ဆိုသည်။
ဗစ်တိုးရီးယားအမှု စစ်ဆေးဖော်ထုတ်မှုအခြေအနေ လွှတ်တော်စောင့်ကြည့်နေဟုဆို
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ကျူးလွန်ခံရသူ ကလေးငယ်မိသားစုထံမှ တိုင် ကြားစာကို မေလအတွင်း လက်ခံ ရရှိ၍ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ စာပေးပို့အ ကြောင်းကြားထားပြီး စစ်ဆေး ဖော်ထုတ်မှုအခြေအနေများကို ဆက်လက် စောင့်ကြည့်နေ ကြောင်း ပြည်သူ့လွှတ်တော်အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အ ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က 7Day Daily သတင်းစာအား ပြောသည်။
ရှေးဟောင်းမြို့တော်ပုဂံဒေသသည် ယမန်နေ့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီ ဖြစ်သည်
ဇူလိုင် ၆ ရက်သည် ပုဂံ ဒေသခံများသာမက တစ်နိုင်ငံလုံး ရှိပြည်သူများအတွက် အပျော်ဆုံး နေ့ဖြစ်ခဲ့သည်။ ယဉ်ကျေးမှုအမွေ အနှစ်ပေါင်း ၄,၀၀၀ ကျော် တစု တစည်းတည်းရှိနေသော ရှေး ဟောင်းမြို့တော်ပုဂံဒေသကို ယူ နက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ယမန်နေ့ က သတ်မှတ်ပေးခဲ့၍ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ် သော(၄၃)ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်ကော်မတီအစည်းအ ဝေးတွင် အမြဲတမ်းစာရင်းဝင် ၂၁ နိုင်ငံက ဆုံးဖြတ်ခြင်းဖြစ်ပြီး ထူး ခြားသည်က ပုဂံဒေသနှင့်ပတ် သက်သည့်အကြောင်းအရာများ ကိုဆွေးနွေးရာ၌ ကန့်ကွက်သည့် နိုင်ငံမရှိဘဲ အတည်ပြုပေးခြင်း ဖြစ်သည်။
ပြည်ပမှ သစ်အလုံးလိုက်တင်သွင်းမှုအပေါ် အခွန်လျှော့ပေးရန် အစိုးရထံတင်ပြ
ပြည်ပမှ သစ်အလုံး လိုက် တင်သွင်းမှုအပေါ် အ ကောက်ခွန်လျှော့ပေးရန် သစ် တင်သွင်းသည့် လုပ်ငန်းရှင်များ က အစိုးရထံ တင်ပြသည်။ သစ်အလုံးလိုက် တင်သွင်း ခြင်းအတွက် အစိုးရထံ ဆိပ်ကမ်း အကောက်ခွန် ၁၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းနှင့် အမြတ်ခွန်အတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၂၇ ရာခိုင်နှုန်း ပေးသွင်းရသဖြင့် အခွန်လျှော့ပေးရန် တောင်းဆိုခြင်းဖြစ်သည်။
ဆိပ်ကြီးခနောင်တို-ဒလတံတားစီမံကိန်း ဖြစ်နိုင်ခြေလေ့လာနေဟုဆို
ခြောက်လအတွင်း ကုမ္ပဏီရှစ်ထောင်ကျော် မှတ်ပုံတင်ခဲ့ဟုဆို
ယခုနှစ်ခြောက်လအ တွင်း ကုမ္ပဏီ ၈,၀၀၀ ကျော် မှတ်ပုံတင်ပြီး တစ်နိုင်ငံလုံးတွင် ကုမ္ပဏီ စုစုပေါင်း ၆၅,၀၀၀ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်း၌ ဖော်ပြထားသည်။ ၂၀၁၉ ပထမနှစ်ဝက်အ တွင်း တစ်လလျှင် ပျမ်းမျှကုမ္ပဏီ ၁,၃၄၀ ခန့် မှတ်ပုံတင်ပြီး ဇန်န၀ါရီသည် အများဆုံးလဖြစ်ကာ ၁,၇၀၀ ကျော် မှတ်ပုံတင်ခဲ့သည်ဟု အဆိုပါဌာနက ထုတ်ပြန်ထား သည်။
လယ် ၁၀ ဧကအထက် ပိုင်ဆိုင်သော ရခိုင်မှ လယ်သမားများကို စိုက်ဘဏ်က ငွေချေးပေးရန် အစိုးရထံတင်ပြ
ရခိုင်လယ်ယာကဏ္ဍဖွံ့ ဖြိုးရေးအတွက် ၁၀ ဧကအထက် ပိုင်ဆိုင်သော လယ်သမားများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က ငွေထုတ်ချေးပေးရန် အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်များ တွင် ပုဂ္ဂလိကဘဏ်များအခိုင်အ မာမရှိသေးခြင်းကြောင့် အစိုးရ ဘဏ်ဖြစ်သော မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကသာ သီးခြား စဉ်းစားပြီး ၁၀ ဧကအထက် လုပ် ကွက်ကြီး လယ်သမားများကို ငွေ ထုတ်ချေးရန် စီမံဘဏ္ဍာဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်က တင်ပြခြင်းဖြစ်သည် ဟု ၎င်းက ရှင်းပြသည်။
SP Bakery လုပ်ငန်းက Franchise စီးပွားရေးပုံစံကို တရားဝင်မိတ်ဆက်
မန္တလေးအခြေစိုက်စား သောက်ကုန်လုပ်ငန်းတစ်ခုဖြစ် သည့် SP Bakery သည် မြန်မာ နိုင်ငံတစ်ဝန်းမှ SME လုပ်ငန်းများ နှင့်လက်တွဲ၍ ၎င်းတို့၏ အမှတ် တံဆိပ်နှင့် ၀န်ဆောင်မှုများ ရ ယူကာအတူလက်တွဲ လုပ်ကိုင်နိုင် မည့် Franchise စီးပွားရေးပုံစံကို ယမန်နေ့က မန္တလေးကွန်ဗင်းရှင်း စင်တာတွင် တရားဝင်မိတ်ဆက် ခဲ့သည်။ Franchising ဆိုသည်မှာ စီးပွားရေးလုပ်ငန်း ပုံစံတစ်မျိုး ဖြစ်ပြီး အောင်မြင်နေသောလုပ် ငန်းရှင်က အခြားသောလုပ်ငန်း ရှင်ကို ၎င်းတို့၏ စီးပွားရေးအမှတ် တံဆိပ်အပြင် လိုအပ်သည့်ပစ္စည်း များနှင့် ဝန်ဆောင်မှုများအား ပြန် လည်သုံးစွဲခွင့်ပြုခြင်းဖြစ်သည်။
ဘင်္ဂါလီအကျပ်အတည်း အဆုံးသတ်ရေး ဒုက္ခသည်များ အမြန်ဆုံးနေရပ်ပြန်ရန် တရုတ်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် သဘောတူညီချက်ရဟုဆို တရုတ်နှင့် မြန်မာအစိုးရ မူဝါဒတူဟု မြန်မာတုံ့ပြန်
ဘင်္ဂါလီ(မူရင်းတွင် ရို ဟင်ဂျာ)အကျပ်အတည်းကို အ ဆုံးသတ်ရန် ဒုက္ခသည်များအ မြန်ဆုံးနေရပ်ပြန်ရန် တရုတ်သမ္မ တစီကျင်းပင်နှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်အကြားသဘောတူညီ ချက်ရရှိသည်ဟု ယမန်နေ့တွင် ဒါကာအခြေစိုက် သတင်းဌာန အ ချို့ကဖော်ပြသည်။ေ ဘဂျင်းသို့ ငါးရက်ကြာ သွားရောက်သည့်ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ရှိတ်ဟာဆီနာ၏ ခရီး စဉ်တွင် အထက်ပါသဘောတူညီ ချက်ရရှိပြီး ယင်းအကျပ်အတည်း သည် မဖြေရှင်းဘဲ ချန်ထား၍ မရကြောင်းနှင့် မြန်ဆန်စွာ ဖြေ ရှင်းရမည်ဖြစ်ကြောင်း ခေါင်း ဆောင်နှစ်ဦးအကြား သဘောတူ ခဲ့သည်ဟု နိုင်ငံခြားရေးအတွင်း ၀န်ရှဟီဒူလ်ဟက်က သတင်း ထောက်များအား ပြောသည်။
အပစ်ရပ်စာချုပ်မူကြမ်းရရှိပြီးနောက် တပ်မတော်နှင့်တိုက်ပွဲဆက်ဖြစ်နေဆဲဟု TNLA ပြော
ငြိမ်းချမ်းရေးကော်မရှင် ထံမှ အပစ်ရပ်စာချုပ်မူကြမ်းရရှိ ပြီးနောက် ရှမ်းပြည်နယ်မြောက် ပိုင်း၌ တပ်မတော်နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အ ကြား တိုက်ပွဲများဆက်လက်ဖြစ် ပွားနေဆဲဖြစ်ကြောင်း TNLA သ တင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြော ကြားသည်။ ဇွန်လ ၃၀ ရက်က မိုင်းလား မြို့တွင် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်အပါအ၀င် အစိုးရ ကိုယ်စားလှယ်အဖွဲ့က TNLA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့ကို အ လွတ်သဘောတွေ့ဆုံကာ အစိုးရ က အဆိုပြုသည့် အပစ်ရပ်မူကြမ်း များကို မြောက်ပိုင်းလက်နက်ကိုင် တစ်ဖွဲ့ချင်းစီသို့ ပေးအပ်ခဲ့သည်။
အောင်ကြီးနှင့် ၂၈ မိနစ်တာ ကံကြမ္မာ
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ မုတ်သုန်မိုးကြောင့် ထိခိုက်ပျက်စီး

7 July ၅၇ နှစ်ပြည့် အမှတ်တရစကား

မြေပုံမြို့နယ်မှာ ဒေသခံ ရွာသား နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Wisdom Hill မူကြိုကျောင်းအပြီးပိတ်သိမ်းရမယ်

Subscribe to:
Posts (Atom)