
Pages
Friday, July 12, 2019
မြန်မာနိုင်ငံမြောက်ပိုင်းမှ တမူထူးခြားသောငှက်မျိုးစိတ်သစ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ

မွေးကင်းစကလေး စွန့်ပစ်ခဲ့သည့် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူအား လူသတ်မှုဖြင့် စွဲချက်တင်

တောင်ကြီးမြို့တွင် မော်တော်ယာဉ်တစ်စီးမှ ရပ်ထားသော အခြားယာဉ် ၄ စီးအား ဆင့်တိုက်မှု ဖြစ်ပွား

ထိုင်းနိုင်ငံမြန်မာအလုပ်သမား သံအရာရှိကို နိုင်ငံတော်သမ္မတအပါအဝင် အတိုင်ပင်ခံ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ထပ်မံတိုင်ကြားမည်

ဂရိတွင် လေပြင်းနှင့် မိုးသီးမုန်တိုင်းကြောင့် ၇ ဦးထက်မနည်း သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

ထိုင်းဘုရင် နန်းတက်ပွဲအထိမ်းအမှတ် တော်ဝင်ဖောင်တော် သဘင်အခမ်းအနား ကျင်းပ

သထုံမြို့တွင် တရားမ၀င် ငရုတ်သီးအမှုန့်ကြိတ်လုပ်ငန်းကို အက်ဖ်ဒီအေ၀င်စစ်

ဂျာမန် ခရီးသွား အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ထိုင်း အမျိုးသား သေဒဏ်ကျ
ထိုင်းနိုင်ငံ အပန်းဖြေကျွန်းတစ်ခုမှာ ဂျာမန်ခရီးသွား အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုနဲ့  အတိုအစကောက် ထိုင်းအမျိုးသားကို သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထိုင်း ပင်လယ်ကွေ့ ရှိ ကော့စီချန်ကျွန်းပေါ်မှာ အခင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး သစ်ရွက်ခြောက်တွေ၊ ကျောက်တုံး ကျောက်ခဲတွေအောက် ဖုံးထားခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် ဂျာမန်အမျိုးသမီးရဲ့ အလောင်းကို တွေ့ ရှိခဲ့အပြီး နာရီအတော်ကြာမှာပဲ ကျူးလွန်သူ ရွန်နာကွန် ရိုမရောင်ကို ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
"စင်င်္ကာပူမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရခိုင်(စင်္ကာပူ)အသင်းမှ လူများကို ဖမ်းဆီး"

ထိုင်ဝမ်သမ္မတ အမေရိကန်သို့ ရောက်စဉ် ゞင်းအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ရန်ပွဲဖြစ်
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ဇူလိုင် ၁၁ ရက်က အမေရိကန်မှာ အလည်အပတ်ခရီး ရောက်ရှိခဲ့စဉ်အတွင်း သူမအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ထိပ်တိုက်တွေ့ ရန်ပွဲတွေဖြစ်ခဲ့ကြလို့ နယူးယော့ခ်ရဲတပ်ဖွဲ့က ကြားဝင်ထိန်းသိမ်းခဲ့ရပါတယ်။ေ ပကျင်းအစိုးရကို အမျက်ထွက်စေတဲ့ ယခု ထိုင်ဝမ်သမ္မတရဲ့ အမေရိကန်ခရီးစဉ်အတွင်း ခုလို ထောက်ခံသူ၊ ဆန့်ကျင်သူတွေအကြား သတ်ပုတ်မှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။
အမွေအနှစ်ကို စောင့်ရှောက်တဲ့ တည်ဆဲဥပဒေ ထဲမှ အနည်းဆုံး(၁)ချက်နဲ့ ငြိစွန်းခဲ့ရင် အန္တရာယ်ရှိတဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခံရနိုင်တဲ့ ပုဂံ

စစ်ကိုင်းတိုင်းတွင် တရက်တည်း မူးယစ်ဆေးဝါးအမှု ၉ မှု ဖမ်းဆီးရမိ
လွှတ်တော်တင်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာ ၄၅ ဦး ကော်မတီဝင်များ အတည်ပြု
ဆူဒန်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဖြိုခွင်းဟု စစ်ခေါင်းဆောင်များ ပြော
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဖြိုခွင်းလိုက်တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် စစ်ဘက်နဲ့ အတိုက်အခံအကြား အာဏာခွဲဝေရေး သဘောတူညီချက်ကို ပျက်ပြားအောင် အရာရှိအတော်များများ ကြိုးပမ်းခဲ့တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက ဆိုပါတယ်။
ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိတ်အနယ်ဖြစ်
ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အကြိတ်အနယ် ဖြစ်နေတယ်လို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ေ န်ာဝေနိုင်ငံက ကျောထောက်နောက်ခံပေးတဲ့ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံမြောက်ပိုင်းက မီရန်ဒါပြည်နယ်မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တာပါ။ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ဖို့ ဒီအစည်းအဝေးကို ပြုလုပ်တာလို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 12 July 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၇၂၀၀ ပေါက်ဈေးရှိပြီး ၂၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၈၀၀ ကျပ် ဈေးကွာခြားပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၇၂၀၀ ပေါက်ဈေးရှိပြီး ၂၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၈၀၀ ကျပ် ဈေးကွာခြားပါတယ်။
ချင်းမိုင်တွင် ထိုင်းလေတပ် လေ့ကျင့်ရေး လေယာဉ်တစီး ပျက်ကျ၊ ၁ ဦးသေဆုံး
ကမ္ဘာ့ဝင်ငွေအများဆုံး ကျော်ကြားသူ စာရင်းတွင် တေလာဆွစ်ဖ် ထိပ်ဆုံးကရပ်တည်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းရန် ပန်းချီဆရာ ၈၀ ကျော် စုပေါင်းပန်းချီပြပွဲပြုလုပ်မည်

မိသားစုနှင့် ပြန်လည်ဆက်သွယ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မြန်မာသံရုံးသို့ အကူအညီတောင်း

၁။ အမည် - ဉီးထွန်းတင့်ဇော်(ခ) ဉီးထွန်းတင့်ဇော်ဝင်း
ဘုရင့်နောင် ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း အတွင်းရှိ တရားမဝင် ပျံကျဈေးဆိုင်များကို ဖယ်ရှား ရှင်းလင်း

မြဝတီမြို့တွင် မွေးကင်းစ ကလေးအလောင်းကို သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ သုသာန်သို့ လာရောက် သင်္ဂြိုဟ်သည့်ဖခင် အရေးယူခံရ
သေဆုံးနေသော အထောက်အထားမဲ့ မွေးကင်းစ ကလေးငယ်အလောင်းအား ကရင်ပြည်နယ် မြဝတီမြို့ ဟေမာန်ဦး သုသာန်တွင် လာရောက်မြှုပ်နှံစဉ် ကလေး၏ ဖခင်ဖြစ်သူ ဥပဒေအရ အရေးယူခံရမှု ဇူလိုင် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ မဝတီမြို့ အမှတ် (၄) ရပ်ကွက် ဟေမာန်ဦး သုသာန်တွင် အထောက်အထားမဲ့ လာရောက် သင်္ဂြိုဟ်သော မွေးကင်းစ ကလေးငယ်အလောင်း တစ်လောင်း လာရောက် ပို့ဆောင်ကြောင်း သတင်းပို့သဖြင့် မြဝတီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးနိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်လူကြီးများ သွားရောက် စစ်ဆေးရာ သုသာန်စောင့် ကိုအောင်သူ၊ ဒေါ်အေးရွှေ၊ ကလေး ဖခင်ဖြစ်သူ အောင်ဇော်ဦးတို့နှင့်အတူ အနှီးပိုင်းဖြင့် ထုပ်ထားသော မွေးကင်းစက လေးအသေအလောင်း (ကျား) အား တွေ့ရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ညီအစ်ကိုချင်း စကားများရာမှ သားကြီး ဖြစ်သူအား သားလတ်နှင့် ဖခင်တို့က ဓားဖြင့် ခုတ်သတ်မှု ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရ
ညီအစ်ကိုချင်း စကားများရာမှ သားကြီး ဖြစ်သူအား သားလတ်နှင့် ဖခင်တို့က ဓားဖြင့် ခုတ်သတ်မှု ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ဇူလိုင် ၉ ရက် ညနေပိုင်းတွင်း ဦးမောင်ဝေဖြူ၏ သားအငယ်ဆုံး ဖြစ်သော ပေါက်ကျိုင်း (၁၈ နှစ်) က လက်ဖွဲ့ငွေများဖြင့် ဝယ်ထားသော ရွှေဆွဲကြိုးကို အစ်ကိုဖြစ်သူ မိုးကျော်ကျော် (၃၀ နှစ်) ထံတွင် အပ်နှံထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ညီအစ်ကိုချင်း စကားများခဲ့ကြောင်း၊ ယင်းနောက် ပေါက်ကျိုင်းအား နေအိမ်သို့ ပြန်လွှတ်လိုက်ပြီး ဦးမောင်ဝေဖြူနှင့် သားလတ် ပုဒေါင်းကြီး (၂၀ နှစ်) တို့နှစ်ဦးမှာ နောက်မှ လိုက်ပါသွားခဲ့ကြောင်း၊
ရန်ကုန်တိုင်းအတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၁၉ မေလအထိ ဆိုင်ကယ် တိုက်မှုကြောင့် လူ ၂၈၀ ကျော်သေဆုံး
ရန်ကုန်တိုင်းအတွင်း ၂၀၁၈ခုနှစ်မှ ၂၀၁၉ မေလအထိ ဆိုင်ကယ်တိုက်မှုကြောင့် လူ ၂၈၀ ကျော် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။ ဇူလိုင် ၁၁ ရက်တွင်ပြုလုပ်သည့် ဒုတိ ယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက် မြောက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ငြိမ်းချမ်းအောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော် ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့် မြို့နယ် နှစ်ခုမှ အပ အခြားမြို့နယ်များတွင် တရားမဝင် မော်တော်ဆိုင်ကယ်များ စီးနင်းမှု မပြုလုပ်စေရေး ထိန်းသိမ်းရန် ဆောင်ရွက်မည့် အစီအစဉ် ရှိ မရှိ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်ခိုက်မှု မည်မျှဖြစ်ပွားခဲ့သည်နှင့် မော်တော်ဆိုင်ကယ် အသုံးပြုပြီး ဒုစရိုက်မှု ကျူးလွန်ခြင်းများ မည်မျှဖြစ်ပွားခဲ့သည်ကို သိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးဒေါ်နီလာ ကျော်ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထားဝယ်မြို့ ၊ မြောင်းပုလဲ ရပ်ကွက်ရှိ အ.ထ.က(၆) ထားဝယ်တွင်ကျောင်းသူများ မူးမေ့လဲကျခဲ့သဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ ထားရ

ဘဏ္ဍဍာနှစ်ကိုးလနီးပါးတွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၈၀ဝ ကျော် လျော့ကျခဲ့သော်လည်း နယ်စပ်မှတင်ပို့မှု ၁၆ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သဖြင့် စုစုပေါင်းပို့ကုန်တင်ပို့မှု ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော် ပိုမိုရရှိ
လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးတွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၈၀ဝ ကျော် လျော့ကျခဲ့သော်လည်း နယ်စပ်မှတင်ပို့မှု ၁၆ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သဖြင့် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော်ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည့်စာရင်းများအရ သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ ပြည်ပသို့ စုစုပေါင်းပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၆၂၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၂ ဒသမ ၅၇၈ ဘီလျံ ကျော်သာ ရရှိထားသည်။ ထို့ကြောင့် လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးတွင် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၆၉ ဒသမ ၃၅၃ သန်း ပိုမိုရရှိထားခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ပုလဲမြို့နယ်၌ သောက်သုံးရေ ရှားပါးမှုဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း စစ်ကိုင်းဒေသကြီး အောက်ပိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် သောက်သုံးရေ ရှားပါးမှုများ ဖြစ်နေကြောင်း သိရသည်။သောက်သုံးရေ ရှားပါးသည့် ပုလဲမြို့နယ်တွင် ရပ်ဝေး/ရပ်နီးမှ ရေအလှူရှင်များနှင့် ယင်းမြို့နယ်အတွင်းမှ ရေအလှုရှင်များကြောင့်သာ ရေရှားပါးသည့် ကျေးရွာသူ/သားများ ရေသောက်သုံး နေရကြောင်း၊ ထို့ပြင် ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ရေရှားပါး ကျေးရွာတချို့တွင် စက်ရေတွင်း တူးဖော်ပေးမှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
Victoria အမှု DNA ကိစ္စ အမေရိကန်နဲ့ ထိုင်းက ရှေ့နေအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်မည်
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria ဆိုတဲ့ အသက် ၂ နှစ် ၁၁ လအရွယ် ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရမှု အမှန်တရားပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ILAM, မြန်မာနိုင်ငံရှေ့နေအသင်း MLA, မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ရက် MMLN နဲ့ ပြည်ထောင်စုရှေ့နေများအသင်းတို့က ထိုင်းနဲ့ အမေရိကန်က ရှေ့နေများအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဇူလိုင်လ ၁ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
H1N1 ကြောင့် သေဆုံးသူ ၄၁ ဦးအထိ ရှိလာ
ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် ဇူလိုင် ၁၁ ရက် ဒီနေ့အထိ သေဆုံးသူ ၄၁ ဦးရှိသွားပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ရောဂါပိုးသံသယရှိလို့ ဓာတ်ခွဲစစ်ဆေးသူ ၅၅၅ ဦးမှာ ပိုးတွေ့ရှိသူ ၂၀၇ ဦးဖြစ်ပြီး အဲဒီထဲက ၄၁ ဦး သေဆုံးတာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ရန်ကုန်တိုင်းက ၃၃ ဦး၊ ဧရာဝတီတိုင်းက ၃ ဦး၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းက ၂ ဦးစီနဲ့ မွန်ပြည်နယ်က ၁ ဦးတို့ဖြစ်ပါတယ်။
ဗဟန်းမြို့နယ်တွင် အငှားယာဉ်အား ခိုးယူသွားသူကို ဖမ်းဆီးရမိ
ဇူလိုင် ၉ ရက် ည ၈ နာရီခန့်တွင် တရား လို ကို----သည် YGN FF/---- Fielder (အငှားယာဉ်)အား မောင်းနှင်လာ စဉ် တာမွေမီးပွိုင့်အနီးအရောက် အမျိုးသားတစ်ဦးက ကားငှားသဖြင့် ရပ်ပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသားက ကားကို ငါးနာရီခန့် အသုံးပြုမည် ဖြစ်ကြောင်းနှင့် ကလပ်သို့သွားမည်ဖြစ် ကြောင်းပြောကာ ငှားသဖြင့် လိုက်ပါ ခဲ့သည်။ ကားငှားသူ အမျိုးသားမှာ အမျိုး သမီးတစ်ဦးထံ ဖုန်းဆက်ပြီး မိန်းကလေး နှစ်ဦးအား ခေါ်ဆောင်ရန်အတွက် ကျားကွက်သစ်ရပ်ကွက် မြို့သစ်(၁)လမ်းသို့ မောင်းနှင်ခိုင်းပြီး ယင်းနေရာမှ အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ကျိုက္ကဆံလမ်းရှိ Tri Star ဟိုတယ်သို့ မောင်းခိုင်းခဲ့ကြောင်း၊ ဟိုတယ်သို့ ရောက်ပြီး ကို---- အား စောင့်ခိုင်းကာ နှစ်နာရီခန့်အကြာတွင် ကားငှားသူ အမျိုးသားသည် အမျိုးသမီးနှစ်ဦးနှင့် အတူ ပြန်လည်ရောက်ရှိလာပြီး ကားသော့တောင်းသဖြင့် ကားသော့ ပေးကာ မောင်းနှင်စေခဲ့ကြောင်း၊
ဂျပန်-တောင်ကိုရီးယားကုန်သွယ်ရေးအငြင်းပွားမှုက ကမ္ဘာ့နည်းပညာဈေးကွက်ကို ခြိမ်းခြောက်လာ
ဂျပန်နှင့် သံတမန်ရေးအငြင်းပွားမှုကြောင့် တောင်ကိုရီးယား၏ နည်းပညာ ကုန်ပစ္စည်းထုတ်လုပ်မှုဈေးကွက်ကို ခြိမ်းခြောက်လာနေပြီး ကမ္ဘာ့နည်းပညာဈေးကွက်တွင် ကမောက်ကမဖြစ်မှုများနှင့် စားသုံးသူများအတွက် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးခဲ့သည်။ေ တာင်ကိုရီးယား၏ ကမ္ဘာ့ရှေ့ဆောင် ချစ်ပ်ထုတ်လုပ်ရေးနှင့် စမတ်ဖုန်းထုတ်လုပ်ရေး လုပ်ငန်းတို့အတွက် အသက်သွေးကြောဖြစ်သော ဓာတုပစ္စည်းသုံးမျိုး တင်ပို့မှုကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဂျပန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏ အတင်းအကျပ် စေခိုင်းမှုဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်ပြီး လက်တုံ့ပြန်သည့်အနေနှင့် ဂျပန်က တောင်ကိုရီးယားကို ကုန်သွယ်ရေး ခြိမ်းခြောက်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လေထုညစ်ညမ်းမှုဆိုးရွားသည့် အိန္ဒိယတွင် ပထမဆုံးလျှပ်စစ်ကားကို Hyundai က မိတ်ဆက်

ပျက်စီးသွားသော ချာနိုဘိုင်းဓာတ်ပေါင်းဖို၏ ဧရာမအမိုးခုံးအသစ်ကို စတင်ဖွင့်လှစ်

ဗြိတိန်ရေနံတင်သင်္ဘောအား သိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းမရှိဟု အီရန်ငြင်းဆို
ဟော်မုဇ်ရေလက်ကြားတွင် ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းအား ဟန့်တားရန် အီရန်က ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေမှုကို အီရန်တော်လှန်ရေး အစောင့်တပ်က ဇူလိုင် ၁၁ ရက်တွင် ငြင်းဆန်ခဲ့ကြောင်း ထိုတပ်ဖွဲ့၏ Sepah သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း ဗြိတိန်သင်္ဘောများအပါအဝင် မည်သည့်ပြည်ပသင်္ဘောနှင့်မျှ ထိပ်တိုက်တွေ့မှုမရှိခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများအား တွေ့ဆုံ

တရားမဝင် မော်တော်ဆိုင်ကယ် စီးနင်းသူများအား အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိဟုဆို
မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများ၊ ဒုစရိုက်မှု ကျူးလွန်မှုများ လျော့နည်းကျဆင်းရေး အတွက် တရားမဝင် မော်တော်ဆိုင်ကယ် စီးနင်းသူများအား အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကဇူလိုင် ၁၁ ရက်တွင် ပြောသည်။
အစွန်းရောက်ဝါဒတိုက်ဖျက်ရေး ဆာဟယ်နိုင်ငံများကို ပိုမိုထောက်ပံ့ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ် တိုက်တွန်း
အနောက်အာဖရိက၏ အစွန်းရောက် ဝါဒတိုက်ဖျက်ရေးအတွက် ပိုမိုကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကို ဇူလိုင် ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်။ြ ပင်းထန်သော အစ္စလာမ္မစ်သောင်းကျန်းမှုသည် ဆာဟယ်ဒေသတွင် အားလျော့သွားသည့် လက္ခဏာ မပြသခဲ့ပေ။ အခက်အခဲကြုံနေသော ယင်းဒေသအနှံ့တွင် လက်နက်ကိုင်အဖွဲ့များပျံ့နှံ့နေပြီး လူသန်းနှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အစွန်းရောက်ပြဿနာသည် ဆာဟယ်ဒေသတစ်ဝန်းပျံ့နှံ့နေပြီး မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ၊ ချဒ်နှင့် မောရစ်တေးနီးယားနိုင်ငံတို့၏ ပူးတွဲတပ်ဖွဲ့ G – 5 Sahel သည် ဂျီဟတ်ဝါဒီများကို နှိမ်နင်းရန် ပြည်ပမှ ကူညီထောက်ပံ့မှုများစွာရရှိရန် လိုအပ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ငွေစာရင်းတစ်ခုအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသဖြင့် ဝန်ဆောင်မှု ယာယီ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက် မပြုမချင်း ငွေစာရင်းပိုင်ရှင်ကို ဝန်ဆောင်မှု ဆက်ပေးမည်ဟု ဧရာဝတီဘဏ် ထုတ်ပြန်
ငွေစာရင်းတစ်ခုအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသဖြင့် ဝန်ဆောင်မှု ယာယီ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက်မပြုမချင်း ငွေစာရင်းပိုင်ရှင်ကို ဝန်ဆောင်မှု ဆက်ပေးမည်ဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ဇူလိုင် ၁၂ ရက် ဝ၀ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဝန်ဆောင်မှု ယာယီရပ်ဆိုင်းခံရသည့် ငွေစာရင်းအကောင့်မှာ မည်သည့်အကောင့် ဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။
အလုပ်ကျင့်ဝတ်ဟူသည် . . .
အလုပ်ကျင့်ဝတ်ဟူသည် အလုပ်ကြိုးစားခြင်းနှင့် လုံ့လဝီရိယရှိခြင်း၌ ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးနှင့် ရှိရင်းစွဲ အရည်အချင်း၊ စရိုက်လက္ခဏာနှင့် တစ်ဦးချင်း အရည်အသွေးများကို အားကောင်းစေသည့် အလေ့အထကောင်း သို့မဟုတ် စံတန်ဖိုးရှိသည်ဟု ယုံကြည်မှုတစ်ရပ်ဖြစ်သည်။ ယင်းသည် အလုပ်၏ အရေးပါပုံနှင့် ပတ်သက်၍ အဓိကကျသော စံတန်ဖိုးတစ်စုံဖြစ်ပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ရန် ဆန္ဒသို့မဟုတ် ဆုံးဖြတ်ချက်ချထားမှုက ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။
ချင်းတွင်းမြစ်ရေသည် နောက် နှစ်ရက်အတွင်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် သတိပြုနေထိုင်ကြရန် ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ၏ ကျွန်းသစ်ထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းမှအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း သစ်တောကဏ္ဍဍနှင့်ပတ်သက်သည့် EITI ၏ အစီရင်ခံစာတွင် ဖော်ပြ
မြန်မာနိုင်ငံ၏ ကျွန်းသစ်ထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း သစ် တောကဏ္ဍဍနှင့်ပတ်သက်သည့် EITI ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ သဘာဝသယံဇာတတူးဖော်ထုတ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့အစည်းဖြစ်သည့် (Extractive Industries Transparency Initiative EITI) ၏ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ဘဏ္ဍဍာ ရေးနှစ်နှင့်စပ်လျဉ်းသည့် သစ်တောကဏ္ဍဍအစီရင်ခံစာတွင် ယင်းသို့ထုတ်ပြန်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကျွန်းသစ်ထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း သစ် တောကဏ္ဍဍနှင့်ပတ်သက်သည့် EITI ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ သဘာဝသယံဇာတတူးဖော်ထုတ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့အစည်းဖြစ်သည့် (Extractive Industries Transparency Initiative EITI) ၏ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ဘဏ္ဍဍာ ရေးနှစ်နှင့်စပ်လျဉ်းသည့် သစ်တောကဏ္ဍဍအစီရင်ခံစာတွင် ယင်းသို့ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အောင်မင်္ဂ္လာ အဝေးပြေးဂိတ်နှင့် ဒဂုံဧရာ အဝေးပြေးဂိတ်ရှိ ဈေးဆိုင်ခန်းများနှင့် ကားဂိတ်များ တစ်လ ငှားရမ်းခ အနည်းဆုံး ကျပ် ၂၀ဝ၀ မှ အများဆုံး ကျပ် ၇၀ဝ၀ သာရှိ
အောင်မင်္ဂ္လာ အဝေးပြေးဂိတ်နှင့် ဒဂုံဧရာ အဝေးပြေးဂိတ်တို့ရှိ ဈေးဆိုင်ခန်းများနှင့် ကားဂိတ်များ တစ်လ ငှားရမ်းခ အနည်းဆုံး ကျပ် ၂၀ဝ၀ မှ အများဆုံး ကျပ် ၇၀ဝ၀ သာရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ ဇူလိုင် ၁၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာက ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီသည် အောင်မင်္ဂ္လာ အဝေးပြေးဂိတ်နှင့် လှိုင်သာယာမြို့နယ်ရှိ အဝေးပြေးဂိတ်အတွင်း ငှားရမ်းထားသော ဈေးဆိုင်ခန်းများ မည်မျှရှိပြီး တစ်ခန်းလျှင် မည်သည့်နှုန်းဖြင့် ငှားရမ်းလျက် တစ်နှစ်လျှင် ဝင်ငွေမည်မျှ ရရှိသည်၊ ကားဂိတ်ပေါင်း မည်မျှရှိပြီး ကားဂိတ် တစ်ဂိတ်ကို မည်သည့် ဈေးနှုန်းဖြင့် ငှားရမ်းလျက် တစ်နှစ်လျှင် ဝင်ငွေမည်မျှ ရှိသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှုန်း ၁၄၂၁ ဒေါ်လာဝန်းကျင်အထိခုန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၁၃၆၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်လက်မြင့်တက်
ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၁၁ ရက်တွင် ၁၄၂၁ ဒေါ်လာဝန်းကျင်အထိ ခုန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်းသည် ဇွန် ၂၅ ရက် တွင်ဖြစ်ပေါ်သော ကျပ် ၁၁၃၀၀၀၀ စံချိန် ကို ကျော်လွန်ပြီး ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ စံချိန်သစ်ထပ်တင်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ြ ပည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အတွင်း အမြင့်ဆုံးစံချိန်အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါစံချိန်ကို ၂၀၁၈ ခု နှစ် သြဂုတ် ၂၃ ရက်တွင် စတင်ကျော်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ရွှေဈေးနှုန်း စံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။
တိရစ္ဆာန်များကို လမ်းဘေးတွင်စည်းကမ်းမဲ့အစာကျွေးပါကထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်ဟု ဆို
မည်သည့်တိရစ္ဆာန်အမျိုးအစားကိုမဆိုလမ်းဘေးတွင် စည်းကမ်းမဲ့စွာအစာကျွေးပါက ထောင်ဒဏ် ချမှတ်နိုင်သည့်ဥပဒေရှိကြောင်း ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကပြောသည်။ ရန်ကုန်မြို့တော်ခန်းမတွင် ဇူလိုင်လ(၁၁)ရက်ကကျင်းပသည့် ခွေးရူးကာကွယ်ဆေးလှူဒါန်းပွဲတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။ “ကျွန်တော်တို့ အခု ၂၀၁၈ စည်ပင်ဥပဒေမှာ လမ်းဘေးမှာဘယ်တိရစ္ဆာန်အမျိုးအစားကိုမဆို စည်းကမ်းမဲ့ အစာကျွေးရင် သက်သေတကွတိုင်ကြားပါက ကျွေးတဲ့သူကိုထောင်ဒဏ်အထိအရေးယူဆောင်ရွက်နိုင်တဲ့ ဥပဒေရှိပြီးသားဖြစ်ပါတယ်။ ဒီဥပဒေက အခုဆိုရင်အသက်ဝင်နေတာဖြစ်ပေမဲ့ လက်တလောတော့ ပညာပေးကာလအနေနဲ့ပဲလုပ်ဆောင်နေပါတယ်။ အရေးယူမှုတွေတော့မရှိသေးပါဘူး။” ဟု ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောသည်။
တနသာင်္ရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို ၁၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီ၏ MD ဦးသိန်းထွေး၏ အာမခံလျှောက်ထားမှု ပယ်ချခံရ
အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့ကို ဇူလိုင် ၁၁ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ၁၉ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီ ၏ MD ဦးသိန်းထွေး၏ အာမခံလျှောက်ထားမှုကို တရားသူကြီးက အာမခံပေးရန် မသင့်ဟု ဆိုကာ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
H1N1 ကြောင့် သေဆုံးမှုနှုန်း ၂၀၁၇ ခုနှစ် အခြေအနေကိုကျော်လွန်ပြီး ၄၁ ဦးသေဆုံး၊ သေဆုံးသူ ၃၃ ဦးမှာ ရန်ကုန်ဒေသခံများဖြစ်နေ
ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဇူလိုင်လ ၁၁ရက်နေ့ထိ သေဆုံးသူ ၄၁ ဦးရှိပြီ ဖြစ်ပြီ ဖြစ်ပြီး ယင်းပမာဏသည် ၂၀၁၇ ခုနှစ် အခြေအနေကို ကျော်လွန်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးအရ H1 N1 ရာသီပေါ်တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ၃၈ဦးသာရှိခဲ့ပြီး ယခုနှစ်တွင်မူ သေဆုံးသူ ၄၁ ဦးထိ ရောက်ရှိလာပြီဖြစ်သည်။
မန္တလေး ဥပဒေအထောက်အကူပြုရေးအဖွဲ့ကို တိုင်းအစိုးရ ကူညီထောက်ပံ့မည်
မန္တလေးခရိုင် ဥပဒေအထောက်အကူပြုရေးအဖွဲ့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လိုအပ်သည့်အကူအညီများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။ မန္တလေးခရိုင်၊ ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်းကို မန္တလေးခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ တရားရေး၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာန စသည့်ဌာနများထံသို့ လုပ်ဆောင်မည့်လုပ်ငန်းများနှင့် အဖွဲ့အခြေအနေများကို ဇူလိုင်လ ၁၀ ရက်နေ့က မိတ်ဆက်တင်ပြခဲ့သည်။
သချိုင်္င်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်) …(သို့)ဆရာတစ်ယောက်၏ ပီတိ
ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကို ပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာ မဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင် တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ်လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြတာ။ ကျွန်တော့် ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီ ဆိုပြီးနေတာ။
ယနေ့ ညနေ- မလေးရှားနိုင်ငံတွင် ကျင်းပမည့် ONE Championship တွဲဆိုင်များ

မြောက်ဥက္ကလာပ သက်ငယ်မုဒိမ်းမှု တစ်လနီးပါးကြာချိန်အထိ တရားစွဲမတင်ရသေး
မြောက်ဥက္ကလာပမြို့ နယ်၌ ဖြစ်ပွားခဲ့သည့် (၂)နှစ်အရွယ် မိန်းကလေး၏ အဓမ္မမှုဖြစ်စဉ်အတွက် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံထားသည်ဟု ရွှေပေါက်ကံရဲစခန်းမှ ရဲအုပ်ကျော်စွာဝင်းက ဇူလိုင် ၈ ရက်၌ ပြောကြား သည်။ ဥပဒေအကြံပြုချက် ရရှိပြီး ပါက ရုံးတင်တရားစွဲဆိုခြင်းလုပ် ငန်းများ စတင်ဆောင်ရွက်မည်ဟု ရဲအုပ်ကျော်စွာဝင်းက ဆို သည်။
NLD အမတ်အားလုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မပျက်မကွက်တက်ရန် ညွှန်ကြား
နေပြည်တော်တွင် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ NLD လွှတ်တော်ကိုယ်စားလှယ်များအားလုံး မပျက်မကွက်တက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ လာမည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို တင်သွင်းမည်ဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုများလည်း ပါဝင်ဖွယ်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
ကျပ်သိန်း ၈,၀၀၀ တန် လောဘ ‘‘ကျပ်သိန်း ၈,၀၀၀ ကျော် သာရမယ်ဆိုရင်တော့ ထောင်ထဲ ရှစ်နှစ်လောက်သွားနေရလည်း တန်ပါတယ်’’
မန္တလေးမြို့မှာ ဘဏ်ခွဲဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဘဏ်တစ်ခုရဲ့ တာဝန်ခံ မန်နေဂျာတစ်ယောက် ကို ကျပ်သိန်း ၈,၀၀၀ ကျော် အ လွဲသုံးစားမှုနဲ့ ပြီးခဲ့တဲ့လထဲမှာ သက်ဆိုင်ရာဘဏ်က တရားစွဲဆို လိုက်ပါတယ်။ အဲဒီသတင်းကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ ကြသလို လူမှုကွန်ရက်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ် သက်ပြီး လူငယ်တစ်ယောက်ရဲ့ မှတ်ချက်စကားက ကျွန်တော့်ကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါ တယ်။ ‘‘ကျပ်သိန်း ၈,၀၀၀ ကျော် သာရမယ်ဆိုရင်တော့ ထောင်ထဲ ရှစ်နှစ်လောက်သွားနေရလည်း တန်ပါတယ်’’လို့ သူကပြောလိုက် တာပါ။
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ရည်မှန်းထားတဲ့ မြန်မာအသင်း
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဟာ လာမယ့် သြဂုတ်လမှာ ပြန်လည် စတင်တော့ မှာပါ။ မကြာခင်ရက်ပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုခွဲဖို့ စတင်တော့မှာဖြစ်တဲ့အတွက် မြန်မာအသင်း ဟာ ခြေစစ်ပွဲမှာ အောင်ဖို့ လေ့ကျင့်ရေး ကို ပြန်လည်စတင်တာလဲဖြစ်ပါတယ်။ ဒါအပြင် ပြည်ပ ခြေစမ်းပွဲတွေလည်းကစားဖို့ ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ကမှ မြန်မာအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူထားတဲ့ မိုတီနီဂရိုး နိုင်ငံသား ရာဂျူ လိုဗစ်က မြန်မာအသင်းကို နည်းစနစ်တကျ လေ့ကျင့်ပေးမယ်လို့ ဆိုထားပါတယ်။ နည်းပြသစ်လက်ထက်မှာတော့ မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုအောင် မြင်ဖို့ ၊ ကမ္ဘာ့ဘောလုံး အဆင့်သတ်မှတ်ချက်မှာ အဆင့်တက်လာဖို့အတွက် ရည်မှန်းထားတာပါ။
တူနီးရှားက မာဒါဂတ်စ်ကာကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး အာဖရိကနိုင်ငံများဖလား ဆီမီးတက်
အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် တူနီးရှားနဲ့ မာဒါဂတ်စ်ကာတို့ မနေ့ကယှဉ်ပြိုင်ရာ တူနီးရှားက ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ တူနီးရှားအသင်းအတွက်တော့ ၂၀၀၄ ခုနှစ်နောက်ပိုင်း အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်တာပဲ ဖြစ်ပါတယ်။ တူနီးရှားအသင်းဟာ အုပ်စုအဆင့်မှာ သုံးပွဲစလုံး သရေကျပြီး အုပ်စုဒုတိယနေရာကနေ ရှုံးထွက်အဆင့် တက်လှမ်းခဲ့တာပါ။ ရှုံးထွက်မှာလည်း ဂါနာအသင်းနဲ့ ပွဲချိန်ပြည့်ကစားပြီး သရေကျတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်မှာနိုင်ပြီး ကွာတားကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်ကို အနိုင်ယူပြီး အယ်လ်ဂျီးရီးယား အာဖရိကနိုင်ငံများဖလား ဆီမီးတက်
အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နဲ့ အယ်လ်ဂျီးရီးယားတို့ မနေ့ကယှဉ်ပြိုင်ရာ အယ်လ်ဂျီးရီးယားက ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားပါတယ်။ အိုင်ဗရီကို့စ်အသင်းမှာ အဓိက တိုက်စစ်မှူး ဇာဟာ၊ နောက်ခံလူ ကူလီဘာလီ၊ ထရာအိုရီတို့ ဦးဆောင်လာသလို အယ်လ်ဂျီးရီးယားအသင်းမှာလည်း အဓိက ကစားသမား မာရက်ဇ် ဦးဆောင် ပွဲထွက်ခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားအသင်းဟာ ရှုံးထွက်အဆင့်မှာ ဂီနီယာကို ၃ ဂိုးပြတ်နိုင်ပြီး ဒီအဆင့်ကို တက်လှမ်းလာသလို အိုင်ဗရီကို့စ်ကလည်း မာလီကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို ရောက်လာတာပါ။
အာဇာနည်တို့ကို အားနာသင့်ပြီ
အာဇာနည်ဆိုသည့်စကားလုံးကို လူတိုင်း တန်ဖိုးထားကြသည်။ မြန် မာနိုင်ငံသာမက ကမ္ဘာကြီး၏ ဒေသတစ်ဝန်းမှာ အာဇာနည်များ များ စွာ ပေါ်ထွက်ခဲ့ဖူး၏။ အာဇာနည် ဆိုသည့် ဘွဲ့ထူးဂုဏ်ထူးကို ပိုင် ဆိုင်ခွင့်ရဖို့ဆိုတာ တကယ်ကို မလွယ်လှပါ။ မိမိအသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စားနိုင်ရပေ မည်။ အသက်သေမှာကို မကြောက်ရုံနှင့် အာဇာနည် မမည် သေး။ ဖြူစင်သော နှလုံးသားနှင့် ဖြောင့်မတ်သော စိတ်ထားရှိဖို့ လည်း လိုအပ်ပါသေးသည်။ အနစ် နာခံနိုင်ရပါမည်။ အတ္တများ နည်း ပါးရမည်။ ငါ့အကျိုးဆိုသည့် တစ်ဘို့တည်းကိုမကြည့်ဘဲ အများအကျိုးကို ရှေးရှုလုပ်ဆောင်နိုင်ရပါမည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးမှသာ အာဇာနည်အဖြစ် အများက လက်ခံကြမှာ ဖြစ်လေသည်။
အမြန်လမ်းမိုင်တိုင်(၁၀)နှင့်(၁၀၀)ကြားအတွင်း ယာဉ်များဂရုစိုက်မောင်းနှင်ရန် သတိပေး
ကတုန်ကယင်မဖြစ်အောင် နိုင်ငံတော် သီချင်းကို ထိုင်လျက် အလေးပြုခဲ့တဲ့ အိန်ဂျလာမာကဲလ်
၂၀၂၀ မတိုင်ခင် ငြိမ်းချမ်းရေးဖြစ်စဉ် အဓိကထားလုပ်ဆောင်ပေးရန် RCSS တိုက်တွန်း
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရသည် ဖက်ဒရယ်အခြေခံမူနှင့် ဒီမိုကရေစီအခြေခံမူများကို အပြီးသတ် လုပ်ဆောင်ပေးရန် RCSS (သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) အတွင်းရေးမှူး(၂)ဦးစိုင်းငင်းက ပြောသည်။ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ကျင်းပပြုလုပ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် NRPC တို့ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်ပြောခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ရောင်းချနေသည့် ပုလဲလက်ဖက်ရည်များမှာ သကြားဓါတ် အလွန်အမင်းများပြားနေ

မန္တလေးတွင် ကျူးကျော်များကို ရှင်းလင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်

လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား
ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ခန္ဓာကိုယ်ကျန်းမာဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်ပေးဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ လိုတာထက်ပိုပြီး ရေများများသောက်မိရင်လည်း ကိုယ်ခန္ဓာအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။
ရေလုံလောက်စွာ သောက်ပေးရင် ခန္ဓာကိုယ်အတွက် ဘာအကျိုးရှိနိုင်လဲ။
အသားအရေကို ကြည်လင်ဝင်းပစေတယ်။
ဖျားနာဝေဒနာကို သက်သာစေပြီး အဖျားတာတိုစေတယ်။
ကိုယ်အလေးချိန်ကို ကျစေတယ်။
နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်။
ကြွက်သားတွေကို အားဖြည့်ပေးတယ်။
စိတ်အာရုံကြည်လင်စေတယ်။
လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။
ရေလုံလောက်စွာ သောက်ပေးရင် ခန္ဓာကိုယ်အတွက် ဘာအကျိုးရှိနိုင်လဲ။
အသားအရေကို ကြည်လင်ဝင်းပစေတယ်။
ဖျားနာဝေဒနာကို သက်သာစေပြီး အဖျားတာတိုစေတယ်။
ကိုယ်အလေးချိန်ကို ကျစေတယ်။
နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်။
ကြွက်သားတွေကို အားဖြည့်ပေးတယ်။
စိတ်အာရုံကြည်လင်စေတယ်။
လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။
အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ
ကစီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လိုရီတွေအကုန်ဖြတ်၊ နို့ထွက်ပစ္စည်းလည်းမပါဘဲ အသီးတွေပဲစား၊ ရေပဲသောက်(တစ်ခါတလေ သစ်သီးစိမ်ရေ -detox water ပဲသောက်)တဲ့ အဆီချပလန်တွေပါ။ Fruit Diet မှာဆို အသီးအနှံတွေကိုပဲ အဓိကထား စားရတာပါ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်(အရွက်သုပ်)၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကိုတော့ အနည်းအကျဉ်းစားလို့ရပါတယ်။
အလားတူဆေးတွေက အာနိသင်မစွမ်းဘူးလား
ဆေးဆိုင်မှာ ဆေးသွားဝယ်တဲ့အခါ ကိုယ်သောက်နေကျဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်းထားတဲ့ဆေး မရှိရင် အလားတူဆေးပဲရှိတယ်ဆိုရင် ဘယ်လိုတုံ့ပြန်ခဲ့ဖူးလဲ။ေ ဆးအတူတူချင်းကို ဈေးပိုသက်သာသွားတယ်ဆိုပြီး ပျော်သွားတဲ့သူတွေရှိမယ်၊ အလားတူဆေးကို အရည်အသွေးမမီတဲ့ဆေးအတုလို တွေးမိတဲ့သူတွေရှိမယ်၊ ဈေးကွာတယ်ဆိုရင် အာနိသင်ပါလျော့မယ်လို့ထင်တဲ့သူရှိမယ်။ ရပါတယ်လို့ပြောပြီး ကိုယ့်ဆေးဝယ်မရလို့သာ သောက်လိုက်ရတယ်၊ စိတ်ထဲတော့ ဒီဆေးသောက်မိလို့များ ငါမသက်သာသေးတာလား၊ (original ဆေးလို့ခေါ်ကြတဲ့)ဘရန်းတံဆိပ်ကိုသာ သောက်ခဲ့ရရင် ခုလောက်ဆိုမြန်မြန်သက်သာနေလောက်ပြီလို့ တထင့်ထင့်နဲ့ဖြစ်နေသူတွေလည်းရှိတယ်။ တချို့ကတော့ ပြတ်ပြတ်သားသားခေါင်းခါပြီး တခြားဆိုင်သွားဝယ်ဖို့ကြိုးစားကြတယ်။ အလားတူဆေးတွေက တကယ်ပဲ မကောင်းဘူးလား။
ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုတွေ ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း မန်ယူနည်းပြ ငြင်းဆို
မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ဆိုးလ်ရှားက ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအတွက် အသင်းအနေနဲ့ ဘယ်ကမ်းလှမ်းမှုတွေမှ လက်ခံရရှိထားခြင်း မရှိသေးဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားပါတယ်။
အမေရိကန်နိုင်ငံ နဲ့ ဗြိတိန်နိုင်ငံရဲ သံတမန် ဆက်ဆံရေး ထူးခြားဖြစ်စဉ်
ဗြိတိသျှ ၀န်ကြီးချုပ် ထရီဇာမေကို (အမိုက်မ) ဟု လည်းကောင်း ၊ သူမ၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး ကင်မ်ဒဲရက်ခ် (Kim Darroch) ကို (ငကြောင်)ဟု လည်းကောင်း ဒေါ်နယ်ထရမ့် က တွစ်တာ တွင် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ထိုသို့ ပြောဆိုရခြင်းမှာ အမေရိကန် သမ္မတအပေါ် ဝေဖန်ခဲ့သည့်သံအမတ်ကြီး ကင်မ်ဒဲရက်ခ် ၏ လျှို့ဝှက် ကြေးနန်း ပေါက်ကြားမှု ကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံး စိတ်ဝင်စားစွာ စောင့်ကြည့် နေကြသည့် ထိုတင်းမာမူ့ နောက်ဆက်တွဲအဖြစ် မနေ့ (၁၀.၇.၁၉)က အမေရိကန်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး နှုတ်ထွက်သွားပြီ ဖြစ်သည်။ ဒေါ်နယ်ထရမ့်၏ တုံ့ပြနှ်ု မူများကတော့ လူပြောများ သတင်းတွေချည်းပင်။ ဒေါ်နယ်ထရမ့်က Rocket man ဒုံးပျံ လူသားဟု အမည်ပေးထားသော ကင်ဂျုံအန်းနှင့်လည်း တင်းမာသည့် သဘောထား ကောလဟလ သတင်းများထွက်ပေါ်ခဲ့သော်လည်း (၂) ကြိမ် တိုင်တိုင် တွေ့ဆုံမှု များတွင် ပြုံးရွှင်စွာဖြင့် တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။
ဗစ်တိုးရီးယားအမှု အတွက် အလှူခံထားသော ဘဏ်အကောင့်ဆိုင်းငံ့ထားရန် ဗဟိုဘဏ်မှ ညွှန်ကြားခဲ့ခြင်းမရှိဟုဆို
ဗစ်တိုးရီးယား၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှု ကိစ္စကိုကူညီရန် အတွက် ဖွင့်ထားသော ဘဏ်အကောင့် ဆိုင်းငံ့ခံခဲ့ရမှုနှင့် ပက်သက်၍ ဗဟိုဘဏ်မှတစ်စုံတစ်ရာ ညွန်ကြားခဲ့မှုမရှိကြောင်း ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်သော်က မဇ္ဈိမသို့ ပြောသည်။“ဗဟိုဘဏ်ကိုလည်းဘယ်သူကမှလာပြီးတော့Recomandပေးတာမရှိဘူး။ ဗဟိုဘဏ်ကလည်းပဲ အဲ့ဒီအကောင့်နဲ့ပက်သက်ပြီးတော့ ညွှန်ကြားထားတာမရှိပါဘူး”ဟု ဦးဝင်းသော်က ပြောသည်။
မိုးညှင်းမြို့မှ ဒေသခံ ကျောက်မျက်ရောင်းဝယ်သူများ နေရာအတည်တကျ မရှိသေးသဖြင့် လက်ဖက်ရည်ဆိုင်၌ ရောင်းဝယ်နေကြ

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးထင်ရှားသူဖြစ်လာတဲ့ တေလာဆွစ်ဖ်
Super Junior အဖွဲ့မှ ကန်ဂင်နုတ်ထွက်
တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်အဖွဲ့ Super Junior မှ ကန်ဂင်က ရှစ် လအတွင်း ပထမဆုံးအကြိမ် အင် စတာဂရမ်ပြန်လည်အသုံးပြုပြီး ယင်းအဖွဲ့မှ ၎င်းနုတ်ထွက်တော့ မည့်အကြောင်း ဖော်ပြသည်။ ၁၄ နှစ်ကြာလက်တွဲခဲ့သော အဖွဲ့မှ ထွက်ခွာတော့မည်ကို လေးလံသောနှလုံးသားဖြင့် အသိ ပေးအပ်ပါကြောင်း၊ အဖွဲ့ဝင်အား လုံးကို တောင်းပန်ပါကြောင်း၊ နောက်ဆုံးအချိန်အထိ မိမိကို လေးစားမှုပြခဲ့သောအဖွဲ့ဝင်များ နှင့် မိခင်ကုမ္ပဏီဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ကန်ဂင်က ပြောကြားသည်။ ကန်ဂင်သည် ၂၀၀၅ ကစ၍ Super Junior မူလအဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၇ နိုဝင်ဘာက အဖျော်ယမ ကာဆိုင်တစ်ခု၌ ခိုက်ရန်ဖြစ်ပွား ပြီးနောက် အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခြင်းရပ်တန့်ခဲ့သည်။
ရီးရဲလ်ဘက်တစ် ဂိုးသမား လိုပက်ဇ်ကို ယူရို ၂၃ သန်းခွဲဖြင့် ရိုးမားခေါ်ယူ
အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီရယ်နီ ရာသီအကြိုခရီးစဉ်လိုက်ပါရန် ငြင်းဆို
တိုင်းနှင့်ပြည်နယ်လေးခုတွင် မီးဖွားပြီးမိခင်သေဆုံးမှုနှုန်း စိုးရိမ်ဖွယ်မြင့်တက်နေဟု ကုလဌာနေညှိနှိုင်းရေးမှူးပြော
တိုင်းနှင့်ပြည်နယ်လေး ခုတွင် ကလေးမီးဖွားပြီးမိခင်သေ ဆုံးမှုနှုန်းစိုးရိမ်ဖွယ်မြင့်မားနေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး မစ္စ တာခနုသ်အာစဘီက ထုတ်ဖော် ပြောကြားသည်။ ဇူလိုင် ၁၁ ရက်က နေပြည် တော်တွင် ပြုလုပ်သည့်ကမ္ဘာ့လူ ဦးရေနေ့ အခမ်းအနားမိန့်ခွန်း၌ ကလေးမွေးဖွားပြီး မိခင်သေဆုံး မှုနှုန်းမြင့်မားသည့် တိုင်းနှင့် ပြည်နယ်အချို့ကို ပြောကြားရာ တွင် ချင်းပြည်နယ်၊ ဧရာဝတီ တိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း တို့ကို မစ္စတာခနုသ်အာစဘီက ဥပမာပေးပြောကြားသည်။
မိုးရာသီနှင့် ကမ်းခြေခရီး
မိုးရာသီမှာ ခရီးသွားလို့ရပါ့မလား၊ မိုးတစိုစိုနဲ့ ဘယ်မှသွားလို့ မရရင် ပျော်စရာကောင်းပါ့ မလား၊ စားရေးသောက်ရေးက ကော အဆင်ပြေပါ့မလား စသဖြင့်ခရီးသွားဖို့ စိတ်ပူနေတဲ့ အတွေး တွေရှိရင် အခုပဲ ရပ်တန့်လိုက်ပါ။ တကယ်တော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ မျှော်မှန်းမထား တဲ့ ပျော်ရွှင်မှုတွေ ရနိုင်တယ်ဆို တာ လက်တွေ့ခရီးသွားကြည့်တဲ့ အခါ သိလာပါလိမ့်မယ်။ မိုးရာသီမှာ ပင်လယ်ကမ်း ခြေကို ခရီးသွားတဲ့အခါ ရလာ မယ့် ပျော်ရွှင်ခြင်းတွေကို မျှဝေ ပေးချင်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တစ်ခု
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင် ဆင်သည့်အနေဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့် နှစ်အဖြစ် သတ်မှတ် ဆောင်ရွက်နေပါတယ်။ အဓိက ကတော့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး ပြုစုဆောင် ရွက်ရန်အတွက် ဖြစ်ပါတယ်။
‘ကြိမ်နှုန်း’ ဇာတ်ကားရိုက်စဉ်က စိတ်ခံစားမှုကို ပြောတဲ့ အိန္ဒြာကျော်ဇင်
အရက်သောက်တတ်သောအလေ့အထကို လုံးဝဖျောက်ဖျက်ရန် လမ်းညွှန်ချက်များ
အရက်သောက်သောအလေ့အထကို ဖျောက်ပစ်လိုသည့် ဆန္ဒနောက်ကွယ်တွင် အကြောင်းရင်းများစွာရှိပြီး လူအချို့သည် အသည်းရောဂါကဲ့သို့ အရက်နှင့်ဆက်စပ်သည့် ရောဂါများဖြစ် လာခြင်း(သို့မဟုတ်)အရက်နှင့် မတည့်သောဆေးဝါးများ သောက် သုံးရခြင်းတို့ကြောင့် အရက်သောက်သည့်အလေ့အထကို ရပ်တန့် ရန်လိုအပ်သည်။ အရက်သောက်သောအကျင့်ကို ဖျောက်လိုပါက သင်တစ်ဦး တည်းမဟုတ်ဆိုသည်ကို သိသင့်ပြီး ဗြိတိန်နိုင်ငံတွင် အရက်ရှောင် သူ ၄၃ ရာခိုင်နှုန်းသည် ယခင်က အရက်သောက်ဖူးသူများဖြစ် ကြောင်း အမှတ်ရပါ။
သတင်းအချက်အလက်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးကူညီရန် အဖွဲ့ဖွဲ့စည်း
၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး ယခုနှစ်အတွင်း ကျင်းပနိုင်ရေးကြိုးပမ်းရန် NRPC နှင့် RCSS သဘောတူညီ
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ် အတွင်း ကျင်းပနိုင်ရေး ကြိုးပမ်း ရန် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) တို့ဆွေးနွေးပွဲတွင် သ ဘောတူညီခဲ့သည်။ ၂၁ရာစုပင်လုံကို ခြောက် လတစ်ကြိမ်ကျင်းပရန် သတ်မှတ် ထားသော်လည်း တစ်နှစ်ကြာ သည်အထိ မကျင်းပနိုင်သေးခြင်း အပါအ၀င် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နှင့် မူးယစ်တိုက်ဖျက်ရေးကိစ္စများ ကို NRPC နှင့် RCSS တို့ ယမန် နေ့(ဇူလိုင် ၁၁ရက်)က နေပြည် တော်၌ တွေ့ဆုံညှိနှိုင်းခဲ့သည်။
ရေဘေးနှင့် မြေပြိုမှုကြောင့် ကချင်ပြည်နယ်တွင် လူသုံးဦးသေ၊ နှစ်ဦးပျောက်ဆုံး
၂၀၅၀ တွင် မကြုံစဖူးရာသီဥတုပြောင်းလဲမှုများ ကြုံတွေ့မည့်မြို့များ၌ ရန်ကုန်ပါဝင်ဟု သုတေသီများ သတိပေး
အနုပညာအလုပ်အတွက် ပြည်ပက ကမ်းလှမ်းမှုတွေ ပိုများတယ်ဆိုတဲ့ ဟန်တီ
ရန်ကုန်တက္ကသိုလ်တွင် ကံ့ကော်ဥယျာဉ်ဖော်ဆောင်နေ
ရန်ကုန်တက္ကသိုလ်ကို ကံ့ကော်တောပြန်ဖြစ်စေရန် ရန် ကုန်တက္ကသိုလ် အမရဆောင်နှင့် တက္ကသိုလ် ရိပ်သာလမ်းမအကြား ပရ၀ဏ်တွင် ကံ့ကော်ဥယျာဉ်တစ်ခုကို ဇွန်လနောက်ဆုံးပတ်က စတင်ဖော်ဆောင်နေသည်။ ရန်ကုန်တက္ကသိုလ် ၀င်း အ၀င် အဓိပတိလမ်းဘယ်ဘက် ခြမ်းရှိ တောင်ငူဆောင်နှင့် ရာမ ညဆောင်ရှေ့တွင် နဂိုရှိနေ သည့်ကံ့ကော်ပင်များကို ပြုပြင် နေသည့်အပြင် ရာမညဆောင် ရှေ့မြေကွက်လပ်၌ ကံ့ကော်ပင်များ ထပ်မံစိုက်ပျိုးခြင်း၊ သစ် သားခုံတန်းများ ပြုလုပ်ခြင်း၊ လျှောက်လမ်းအလှများ ဆောက် လုပ်ခြင်းတို့ပြုလုပ်နေသည်။
ရန်ကုန်-ဒလတံတားစီမံကိန်းဖော်ဆောင်ရန် ဘုန်းကြီးလမ်းကို သြဂုတ်ကစ၍ ၁၅ လကြာ ယာဉ်အသုံးပြုခွင့်ပိတ်မည် ၀ိုင်ဘီအက်စ်ယာဉ်လိုင်းများလမ်းကြောင်းရှောင်ကွင်း အသုံးပြုရန် ညွှန်ကြား
ဦးဝီရသူသီတင်းသုံးသည့် ကျောင်းတိုက်အပါအ၀င် နေရာ သုံးခုတွင် ၀ရမ်းကပ်
ဗစ်တိုးရီးယားအမှုအတွက် အလှူငွေကောက်ခံသည့် ဘဏ်အကောင့်ကို ခေတ္တဆိုင်းငံ့ပြီး ပြန်ဖွင့်ပေး ဘဏ်အကောင့်ကို ပိတ်ခိုင်းခြင်းမရှိဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော
ဗစ်တိုးရီးယားအမှုကိစ္စနှင့်ပတ်သက်ပြီး အလှူငွေ ကောက်ခံနေသည့် ဧရာဝတီဘဏ်အကောင့်ကို ပိတ်ခိုင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားသည်။ ဗစ်တိုးရီးယားအမှု အ ထောက်အကူဖြစ်ရေးနှင့် ကလေး ငယ်ရေရှည်ဖွံ့ဖြိုးမှုအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဧရာဝတီ ဘဏ်ငွေစာရင်း ဘဏ်အကောင့် ငွေလွှဲ၍မရဘဲ Suspend (ဆိုင်း ငံ့) လုပ်ခံထားရကြောင်း Victoria’s Finance Team က ယမန် နေ့ ထုတ်ပြန်ခြင်းကိစ္စနှင့် ပတ် သက်ပြီး အဆိုပါတာဝန်ရှိသူက ပြောကြားခြင်းဖြစ်သည်။
တရုတ်နိုင်ငံသို့ သစ်ပို့မှုပမာဏ နှစ်နိုင်ငံစာရင်း အဆပေါင်းများစွာကွာဟ
မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ တင်ပို့သော သစ်ပမာဏ စာရင်းတွင် တရုတ်အကောက် ခွန်ဆိုင်ရာ စာရင်းအင်းနှင့် မြန်မာ အကောက်ခွန်ဦးစီးဌာန စာရင်း များအရ တန်ဖိုးအဆပေါင်းများ စွာ ကွာဟနေကြောင်း သဘာဝ သယံဇာတ အရင်းအမြစ်တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့် လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI)က ထုတ်ပြန်သည့် သစ်တောကဏ္ဍ အစီရင်ခံစာ၌ ဖော်ပြထား သည်။ တရုတ်နိုင်ငံ Forest Trends က စုစည်းထားသော တရုတ်အ ကောက်ခွန်ဆိုင်ရာ စာရင်းဇယားအရ မြန်မာမှ တရုတ်သို့ တင်ပို့သည့် သစ်ပမာဏသည် ၂၀၁၄-၁၅ အတွင်း ကန်ဒေါ်လာသန်း ၃၀၀ ကျော်ရှိပြီး မြန်မာအကောက် ခွန်ဦးစီးဌာနတွင် ကန်ဒေါ်လာ ၁၅ သန်းဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးသာ အဓိကဖြစ်ကြောင်း ဦးမင်းကိုနိုင် တိုက်တွန်း
တိုင်းပြည်၏အနေအထားက အာရုံထွေပြားစေရန် လှည့်ဖြားမှု များရှိနေပြီး အကြောင်းအရာပေါ်လိုက်၍ စိတ်ဝမ်းမကွဲဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သာလျှင် အဓိကဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က တိုက်တွန်းပြော ကြားသည်။ ယမန်နေ့က ကျောက်ဆည်မြို့၌ နှစ်ရက်ကြာပြုလုပ်သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းနယ်ကွန်ရက်များ စုံညီတွေ့ဆုံဆွေးနွေးပွဲတွင် ဦးမင်းကိုနိုင်က အဖွင့်မိန့်ခွန်းပြောကြားရာ ထိုကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ရေဘေးအကူအညီပေးရန် ကုလသမဂ္ဂ အသင့်ပြင်
ရေဘေးအကူအညီ ပေးအပ်နိုင်ရေး အဆင်သင့် ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ခနုသ်အာစဘီက ပြောကြား သည်။ ‘‘ဧရာဝတီမြင့်တက်လာမှု အခြေအနေ အဆင့်ဆင့်ကို ကုလသမဂ္ဂအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ လိုအပ်ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေပေးအပ်နိုင်ရေး အဆင်သင့် ပြင်ဆင်ထားပါတယ်’’ဟု မစ္စတာခနုသ်အာစဘီက ဇူလိုင် ၁၀ ရက်တွင် ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။
AA ကို ကူညီထောက်ခံနေသည့် မြန်မာနိုင်ငံသားများကို အရေးယူနေဟု စင်ကာပူပြည်ထဲရေးထုတ်ပြန်
စင်ကာပူနိုင်ငံတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကို ကူညီထောက်ခံနေသော မြန်မာနိုင်ငံ သားအုပ်စုတစ်စုကို အရေးယူ ဆောင်ရွက်နေပြီး လူဝင်မှုဆိုင်ရာ အခွင့်အရေးများကို ပယ်ချ၍ နှင်ထုတ်မည်ဟု စင်ကာပူပြည်ထဲရေးဌာန (MHA) က ထုတ်ပြန်သည်။ြ မန်မာနိုင်ငံသားများအနေ ဖြင့် ပြည်တွင်းနိုင်ငံရေး ပြဿနာ ကို စင်ကာပူသို့ သွင်းယူမလာရန် နှင့် မည်သည့် ပုဂ္ဂိုလ်မဆိုဖြစ်စေ၊ ဒေသခံဖြစ်စေ စင်ကာပူနိုင်ငံ လုံခြုံ ရေးအတွက် အန္တရာယ်ရှိသော ယင်းလုပ်ရပ်မျိုးတွင် ပါဝင်ပါက သေချာစွာ စစ်ဆေးခံရမည်ဟု MHA က ဇူလိုင် ၁၀ ရက်၌ ထုတ် ပြန်သည်။
ကမာရွတ်နှင့် လှိုင်တက္ကသိုလ်နယ်မြေတွင် ကျောင်းသူများ ကာယိနြေ္ဒနှောင့်ယှက်ခံရမှုများ ရှိနေ တက္ကသိုလ်နယ်မြေ လုံခြုံရေး ကြပ်မတ်ပေးရန် တောင်းဆို
လှိုင်တက္ကသိုလ်နယ်မြေ နှင့် ကမာရွတ်တက္ကသိုလ်နယ်မြေ တို့တွင် ရန်ကုန်ပညာရေးတက္က သိုလ်ကျောင်းသူများ ကာယိနြေ္ဒ နှောင့်ယှက်ခံရမှုများ ဖြစ်ပေါ်နေ ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ပညာရေးဝန်ကြီးဌာနတို့ အနေဖြင့် တက္ကသိုလ်နယ်မြေလုံ ခြုံရေး ကြပ်မတ်ပေးရန် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တောင်းဆို သည်။ လှိုင်တက္ကသိုလ် နယ်မြေနှင့် ကမာရွတ်တက္ကသိုလ် နယ်မြေများအတွင်း ကျောင်းသူများ ကာယိနြေ္ဒပျက်ပြားစေရန် နှောင့်ယှက်ခံနေရခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကိစ္စများ အ လေးထား ဆောင်ရွက်ပေးရန် ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇူလိုင်၁၁ ရက်တွင် သတင်းစာရှင်းလင်း ပွဲ ပြုလုပ်၍တောင်းဆိုခဲ့သည်။
လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်
မြန်မာ့လက်ရွေးစင်အ မျိုးသမီးဘောလုံးအသင်းသည် တရုတ်ခြေစမ်းခရီးစဉ် မတိုင်မီ ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ယှဉ် ပြိုင်ရန်စီစဉ်ထားကြောင်း ဘော လုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး က ပြောသည်။ အဆိုပါ ခြေစမ်းပွဲနှစ်ပွဲကို ဇူလိုင် ၁၃ ရက်နှင့် ၂၀ ရက်တွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ယှဉ် ပြိုင်မည်ဖြစ်ပြီး အမျိုးသားလူငယ် အသင်းများနှင့် ခြေစမ်းရန် စီစဉ် နေကြောင်း ၎င်းကပြောသည်။
ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယပွဲစဉ် ရန်ကုန်တွင်ကျင်းပမည်
ဗစ်တိုးရီးယားအပါအ၀င် သက်ငယ်မုဒိမ်းမှုများ တရားမျှတရေး မြိတ်မြို့တွင် ဆန္ဒဖော်ထုတ်
အငှားယာဉ်မောင်းကို ဓားဖြင့်ထိုးသူ အရေးယူထား
ခရီးသည်နှင့် စကားများ သည့် အငှားယာဉ်မောင်း ဓားဖြင့် ထိုးခံရကြောင်း အင်းစိန်မြို့မရဲ စခန်းမှူး ဒုရဲမှူးတင်လတ်က ပြော သည်။ြ ပစ်မှုကျူးလွန်သော အမျိုးသားသည် ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်နေ အသက်(၂၅)နှစ် ရှိ စွမ်းရည်ဝင်းဖြစ်ပြီး ဇူလိုင် ၁၀ ရက် နံနက်က ရန်ကုန်စီးပွားရေး တက္ကသိုလ်ဘက်မှ အင်းစိန်မြို့ နယ် ကမ်းနားအနောက်ရပ်ကွက် သို့ ခရီးစဉ်အသွား၊ အပြန် ကျပ် ၁၂,၀၀၀ ဖြင့် ပရိုဘောက်စ် အငှား ယာဉ်တစ်စီးကို ငှားရမ်းခဲ့သည်။
Ha Ha ဘေးဒဏ် ဆောင်ရန်၊ ရှောင်ရန်
ကလေးသူငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်ခံရမှု တစ်ခုနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက် ထားသည်၊ မည်သို့ဆက်လက် ဆောင်ရွက်ရန် ရှိသည်ဆိုသော ဇူလိုင် ၁၀ ရက်ည၌ ပြည်သူကို အစီရင်ခံသည့် ရဲတပ်ဖွဲ့ထုတ်ပြန် ချက်ကို ဖတ်ပြီး အံ့ဩသူများထဲ တွင် ဦးမိုးရန်နိုင်တစ်ယောက် အပါအ၀င်။ ‘‘ရယ်ချင်စရာပဲဗျ’’ ဟု မြန် မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုရဲမှူးအ ဖြစ် နှစ်(၂၀)ခန့်တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ၎င်းက ပြောသည်။
ဂျပန်နိုင်ငံသို့ သွားရောက်ခြေစမ်းမည့် မြန်မာယူ-၁၈ ဘောလုံးအသင်းတွင် ကစားသမား ၂၅ ဦးပါဝင်မည်
အာဆီယံပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည့် ခြေစမ်းခရီးစဉ် တွင် ကစားသမား ၂၅ ဦးခေါ်ဆောင်မည် ဖြစ်ကြောင်း မြန်မာယူ-၁၈ဘောလုံးအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောသည်။ လက်ရှိတွင် မြန်မာယူ ၁၈ဘောလုံးအသင်းသည် ပဏာမ ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်နေပြီး ရက်ပိုင်းအတွင်း သုံးဦး ချန်လှပ်ကာ ၂၅ ဦးစာရင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးစိုးမြတ်မင်း က ပြောသည်။
အဝေးပြေးဝင်းတွေကနေ ဆိုင်ခန်းခ ဘယ်လောက်ရသလဲ
အောင်မင်္ဂလာအဝေးပြေးက ဆိုင်ခန်းတစ်ခန်းရဲ့ ငှားရမ်းခအနေနဲ့ တစ်လကို ကျပ်နှစ်ထောင်ကနေ ၇၀၀၀ ကြားရတယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်စည်ပင်က အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ရှိတဲ့ဆိုင်ခန်းတွေအားလုံးကနေ တစ်နှစ်ကို ကျပ်သိန်းတစ်ထောင်ရရှိပြီး ဒဂုံဧရာအဝေးပြေးက ဆိုင်ခန်းတွေက တစ်နှစ်ကို ငွေကျပ်သိန်းခုနှစ်ရာကျော်ရရှိတယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောကြားခဲ့တာပါ။ အဝေးပြေးဝင်းနှစ်ခုလုံးရဲ့ ဆိုင်ခန်းခအနေနဲ့တော့ တစ်နှစ်ကို ငွေကျပ်သိန်း ထောင့်ခုနှစ်ရာကျော် ရရှိတယ်လို့ သိရပါတယ်။
၂၁ ရာစုပင်လုံ ပြန်စရေး အစိုးရနဲ့ RCSS ဆွေးနွေး
ဇူလိုင်လ ၁၁ရက်နေ့က နေပြည်တော်မှာ NRPC နဲ့ RCSS တို့ တွေ့ဆုံဆွေးနွေးရာမှာတစ်နှစ်နီးပါးလောက် ရပ်ဆိုင်းနေတဲ့ ၂၁ရာစုပင်လုံ အပါအ၀င်တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေးအပါအ၀င် အပစ်ရပ်ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ အစိုးရဘက်က ၂၁ရာစုပင်လုံ အစည်းအဝေးကို ဒီနှစ် ဒီဇင်ဘာလဒါမှမဟုတ် နောက်နှစ် ဇန်န၀ါရီလမှာ ကျင်းပဖို့အတွက် အဆိုပြုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ တင်ပြထားပါတယ်။
ကုလအထူးကိုယ်စားလှယ် ရခိုင်ဒေသ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Christine Schraner Burgener နဲ့အဖွဲ့ဟာ စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြေပုံမှာရှိတဲ့ မူစလင်ဒုက္ခသည်တွေ နေထိုင်တဲ့ တောင်ပေါ် ဒုက္ခသည်စခန်း ကို လည်းသွားရောက်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်းမှာ လက်ရှိကြုံတွေ့နေကြရတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မေခကပေးပို့ထားပါတယ်။
ကန်သန်းခေါင်စာရင်း နိုင်ငံသားဖြစ်မှု ထည့်သွင်းတော့မည် မဟုတ်
အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်တကြိမ် ကောက်ယူတဲ့ သန်းခေါင်စာရင်းကို နောက်နှစ်ထဲ ကောက်ယူတဲ့အခါမှာ အငြင်းပွားဖွယ် နိုင်ငံသား ဖြစ်မှုဆိုင်ရာ မေးခွန်းကို ထည့်သွင်းဖို့ သမ္မတ Donald Trump က အုပ်ချုပ်ရေးအမိန့်ကို သုံးတော့မှာ မဟုတ်ပါဘူး။ ဒီလိုမေးခွန်းထည့်သွင်းမယ့်အစား နိုင်ငံတွင်းက နိုင်ငံသားဖြစ်သူနဲ့ နိုင်ငံသားမဟုတ်သူ အရေအတွက်ကို သိနိုင်အောင် လိုအပ်တဲ့ မှတ်တမ်းမှတ်ရာ အားလုံး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ပေးအပ်ဖို့ အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်မှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။
မိတ္ထိလာမြို့နယ် ဝန်ဇင်းရပ်ကွက်၌ စစ်ကျန်ဗုံးသီးဟောင်း(၆) လုံးတွေ့ရှိ

ယာဉ်မောင်းအိပ်ငိုက်ပြီး တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ယာဉ်တိုက်မှုဖြစ်ပွား သုံးဦးဒဏ်ရာများရရှိ

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ သဘောတူညီမှုရ
၂၀၁၉ ခုနှစ်အတွင်း စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ အဲဒီမတိုင်ခင် ရှမ်းပြည်နယ်မှာ မကျင်းပရသေးတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ သဘောတူညီခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA က ဗိုလ်ချုပ် ဘောင်ခေး က ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူတွေ နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားတွေလှယ်တွေဟာ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအပြီးနောက်ပိုင်းမှာ ၈ ကြိမ်မြောက် အလွတ်သဘောတွေ့ဆုံပွဲကို ဒီနေ့ နေပြည်တော် NRPC မှာ ပြုလုပ်ခဲ့တာပါ။
ဖွဲ့စည်းပုံပြင်ဆင်ရေး အာရုံစိုက်ဖို့ ၈၈ ခေါင်းဆောင်တွေ တိုက်တွန်း
လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ ပြဿနာတွေနောက်လိုက်ပြီး စိတ်ဝမ်းမကွဲဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ အဓိကအာရုံစိုက်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက်များ စုံညီတွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့ ကျောက်ဆည်မြို့ မြို့တော်ခန်းမှာ စတင်ကျင်းပရာမှာ ကိုမင်းကိုနိုင်က အခုလက်ရှိမှာ အာရုံထွေပြားအောင် လှည့်နေတာတွေရှိတဲ့အတွက် တယောက်နဲ့ တယောက် လက်ချင်းမြဲမြဲချိတ်ထားဖို့လိုတယ်လို့ ပြောကြားခဲ့တာပါ။
ထားဝယ်-ထီးခီး လမ်းစီမံကိန်း ရှားပါးတောရိုင်းတွေကိုထိခိုက်
ထားဝယ်-ထီးခီးအဝေးပြေးလမ်းမကြီး စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာသာရှိတော့တဲ့ ကမ္ဘာ့ရှားပါးမျိုးစိတ် တောရိုင်း တိရစ္ဆာန်တွေအပေါ် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပညာရှင်တွေကပြောပါတယ်။ ဒီအကြောင်းဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ကနေ ထိုင်း- မြန်မာနယ်စပ်ထိ ဖောက်လုပ်ထားတဲ့ ထားဝယ်-ထီးခီးလမ်း ကြောင့် ကမ္ဘာ့ ရှားပါးမျိုးစိတ် တောရိုင်းတိရစ္ဆာန်တွေဟာ မျိုးတုံးပျောက်ကွယ်မယ့် အလားအလာရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်သန်းကျင် ရန်ပုံငွေအဖွဲ့ WWF က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဗစ်တိုးရီးယား အလှူငွေ ဘဏ်စာရင်း ပြည်ထဲရေးကပိတ်
ဗစ်တိုးရီးယားအတွက် အလှူခံမှုကို ရိုးသားမှုမရှိဘူးဆိုရင် စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့ကဇူလိုင်လ ၁၀ ရက်က ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတယ်ဆိုတဲ့ နေပြည်တော် Wisdom Hill မူကြိုက အသက် သုံးနှစ်မပြည့်သေးတဲ့ ကျောင်းသူလေးအမှု (ဗစ်တိုးရီးယားလို့ အများကခေါ်ကြတဲ့ အမှု)မှာ သုံးစွဲဖို့ အတွက် အများပြည်သူ ဝိုင်းလှူဒါန်းထားကြတဲ့ ဒေါက်တာဝင်းကိုကိုသိန်းရဲ့ နာမည် ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်ကို ဇူလိုင်လ ၁၁ ရက်မှာ အပိတ်ခံလိုက်ရပါတယ်။
ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်ကြားဖြတ် နှောင့်ယှက်
ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းမယ့် ဗြိတိသျှရေနံတင် သင်္ဘောတစင်းကို အီရန်သင်္ဘောတွေက ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းခဲ့ကြောင်း ဗြိတိန်နိုင်ငံက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ အနှောက်အယှက်ပေးခဲ့တဲ့ အီရန်သင်္ဘော ၃ စင်းကတော့ ဗြိတိသျှ စစ်သင်္ဘောတစင်းက သတိပေးခဲ့ပြီးနောက် လက်လျှော့သွားခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန် တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့ကတော့ ဗြိတိန်နိုင်ငံရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့တာပါ။
တာချီလိတ်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သူ တဦး ဖမ်းဆီးရမိ
သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ တွင် တရားမဝင် လက်နက် ကိုင်ဆောင်သူ တဦး ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲစခန်း မှ စုံစမ်းသိရသည်။ ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီခွဲက တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက် မြို့ပတ်လမ်း တွင် တာချီလိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း အဖွဲ့များက လှည့်ကင်း စစ်ဆေးဆောင်ရွက်နေစဉ် အသက် ၃၀ နှစ် မိုင်းခတ်မြို့ နေသူ အိုက်လာ မောင်းလာသည့် ကားပေါ်တွင် တရားမဝင် လက်နက် ခဲယမ်း များ ဖမ်းဆီး ရမိကြောင်း သိရသည်။
မိုင်းယောင်းမှာဖမ်းမိတဲ့ တရာခံပြေး တစ်ဦးအပါအဝင် တရုတ်(၄)ဦးကို ဒဏ်ငွေ သိန်း (၂၀)စီချမှတ်ပြီး မန္တလေးကနေတစ်ဆင့် ပြည်နှင်

မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်သူအား ဖမ်းဆီးရမိ

ဘူးသီးတောင် ကံပြင်ကျေးရွာသားတွေ အခြေအနေ လွှတ်တော်အမတ်စိုးရိမ်
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို မြန်မာစစ်တပ်က ပိတ်ဆို့ပြီး၊ ကျေးရွာသားတွေကို စစ်ဆေး မေးမြန်းနေတာ သီတင်းတပတ်ကျော်သွားပါပြီ။ ဒီအတွက် ကျေးရွာသားတွေရဲ့ နေရေးစားရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်မကင်းရှိနေပါတယ်။ မြန်မာစစ်တပ်ပြောခွင့်ရသူကတော့ ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးနေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက နောက်ဆုံး အခြေအနေတွေကို ကိုနိုင်ကွန်းအိန်က စုံစမ်းမေးမြန်းထားပါတယ်။
မြစ်ခြောက်စင်းမှာ ရေကြီးနိုင်တယ်လို့ သတိပေး

စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရဖြေဖို့ ငြင်းဆို
စင်္ကာပူနိုင်ငံမှာ ရခိုင်အသင်း(စင်္ကာပူ)က ခြောက်ဦး ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အနေနဲ့ တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။ မနေ့က စင်္ကာပူအစိုးရက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူ ခြောက်ဦးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အချိန်ကျရင် သတင်း ထုတ်ပြန်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ကပြောပါတယ်။
မူစယ် ရွှေနန်းတော်ဂိတ်တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ် လူတဦးသေ

ရခိုင်စစ်ဆင်ရေးကွပ်ကဲသူ ကစထမှူး ပြောင်းလဲ
ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ အချိန်ကစလို့ ရခိုင်ပြည်နယ်မှာ ရုံးထိုင်ပြီးစစ်ဆင်ရေးကိုကွပ်ကဲနေသူ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း နေရာကို ပြောင်းလဲလိုက် တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း မတိုင်ခင်က အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ- ၃) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်လယ်လောက်ကစလို့ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက ကစထ-၃ ကစထမှူး တာဝန်ကို လွှဲပြောင်းရယူခဲ့တာပါ။
ဧရာဝတီမြစ်ရေမြင့်တက်နေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်အချို့မှ နေအိမ်များသို့ ရေဝင်ရောက်နေ ပြည်သူ ၁ဝဝ ကျော် ရေဘေးရှောင်နေရ

အင်းစိန်မြို့နယ်၌ ဗုံးသီးဟောင်းအခွံ ၁ လုံး တွေ့ရှိ

Subscribe to:
Posts (Atom)