ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ကို Smart Township အဖြစ် ကျန်ရှိတဲ့ NLD အစိုးရသက်တမ်း နှစ်နှစ်အတွင်း အပြီး ဆောင်ရွက်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ပြောပါတယ်။ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ကို Smart Township အဖြစ် ကျန်ရှိတဲ့ NLD အစိုးရသက်တမ်း နှစ်နှစ်အတွင်း အပြီး ဆောင်ရွက်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ပြောပါတယ်။
Pages
Sunday, May 26, 2019
ဂျာမန် DFB ဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်က လိုက်ဇစ်ကို အနိုင်ယူ
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန် DFB ဖလား ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်က လိုက်ဇစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ လက်ရှိရထားတဲ့ ဘွန်ဒတ်စ်လီဂါဖလားအပြင် DFB ဖလားကိုပါ ဒီနှစ်ရာသီထဲမှာ သိမ်းပိုက်သွားတာပါ။ ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ၂ ဂိုးနဲ့ ကိုးလ်မန်က ၁ ဂိုး အသီးသီးသွင်းယူပါတယ်။ ဒီပွဲမှာ ကစားနေကျ ပုံစံအတိုင်း ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ လိုက်ဇစ်ကလည်း အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ် နည်းပြ ကိုဗက်အတွက်တော့ အသင်းကို တာဝန်ယူတဲ့ ပထမရာသီမှာပဲ ပြည်တွင်းဖလားနှစ်လုံးဖြစ်တဲ့ ဘွန်ဒတ်စ်လီဂါနဲ့ DFB ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ဘားအံမြို့တွင် ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်မခံရရေး ၀ိုင်းဝန်းကူညီရန် ဦးဖြိုးမင်းသိန်းပြော
ဝက်သားဈေးကြီးမြင့်သဖြင့် ပြင်သစ်အသင့်စား အသားထုတ်လုပ်ငန်းများ ပြိုလဲနိုင်
အာဖရိက ၀က်အပြင်းဖျားရောဂါကြောင့် တရုတ်နိုင်ငံမှာ ၀က်အကောင်ရေ သန်းချီ သတ်ဖြတ်ခံရပြီး ပြင်သစ်အသင့်စား အသားထုတ်လုပ်သူတွေဟာလည်း ၀က်သားဈေး ကြီးမြင့်တဲ့ဒဏ်ကို ခါးစည်းခံနေရပါတယ်။ အဲဒီအတွက် အသားထုတ်လုပ်ငန်း ပြိုလဲတာတွေ ဖြစ်နိုင်တယ်ဆိုပြီး ထုတ်လုပ်သူတွေက မေလ ၂၄ ရက်နေ့က ပြောပါတယ်။ ကူးစက်နှုန်းမြင့်မား ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ အာဖရိက ၀က်အပြင်းဖျားရောဂါဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး တရုတ်နိုင်ငံ ပြည်နယ်တိုင်းမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဒီအတွက် ကမ္ဘာ့ကြီးဆုံး ၀က်သားထုတ်လုပ်တဲ့ တရုတ်နိုင်ငံမှာ ၀က်ကောင်ရေ သန်းချီ သတ်ဖြတ်ခဲ့ရပြီး ဒီနှစ် အစောပိုင်းမှာ ၀က်သားတွေကို နိုင်ငံခြားကနေ တင်သွင်းခဲ့ရပါတယ်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ပရမ်တင်ဆူလာနွန် ကွယ်လွန်

နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

Lenovo က ကမ္ဘာ့ပထမဆုံးခေါက်ချိုးနိုင်သည့် လက်ပ်တော့ကို ထုတ်ဖော်ပြသ

ကျောက်တောင်ပြိုကျ မှုကြောင့် (၂) ဦးသေဆုံး ၊ (၂) ဦးဒဏ်ရာရ

အိမ်ထောင်ရေး ဖောက်ပြန်မှု၊ နှိပ်စက်ညှဉ်းပန်းမှု
အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လင်က မယားကိုဖြစ်စေ၊ မယားက လင်ကိုဖြစ်စေ နှိပ်စက်ပါက ဥပဒေကြောင်းအရ ဘယ်လို ကွာရှင်းရသလဲ စတာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မေသန်းအား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။
ဖြူးမြို့တွင် မိုးကြိုးထိမှန်၍ အမျိုးသားတဦးသေဆုံး
ပဲခူးတိုင်း ဖြူးမြို့ ဆားဂွန်းကျေးရွာမှာ မေလ ၂၅ ရက်နေ့ ညနေပိုင်းက မိုးကြိုးထိမှန်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါအမျိုးသားဟာ မိုးရွာချိန်လယ်ကွင်းအတွင်း နွားကျောင်းနေစဉ်မှာ မိုးကြိုးအပစ် ခံခဲ့ရတာဖြစ်ပြီး နေရာမှာပင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အေဂျက်စ်လူငယ်ကစားသမား ဒီလစ်ကို ပေါင် သန်း ၇ဝ ဖြင့် မန်ယူကမ်းလှမ်း
စပါးဈေးကျသဖြင့် ဖြူးမြို့နယ် နွေစပါးစိုက်တောင်သူများ အခက်ကြုံ
ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းမှာ နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းလာတဲ့အတွက် တောင်သူတွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ နွေစပါးစိုက်တောင်သူတွေက ပြောပါတယ်။ အရင်နှစ်က နွေစပါးပေါ်ချိန်မှာ တင်း ၁၀၀ ကို ကျပ်ငွေ ၆ သိန်းလောက် ရောင်းချခဲ့ ရပေမယ့်လည်း အခုနှစ်မှာ ၄ သိန်းခွဲတောင် ၀ယ်ယူမယ့်သူ မရှိဖြစ်နေတာလို့ တောင်သူတွေက ဆိုပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဆေးဆိုင် ၆ ဆိုင်ကို သက်တမ်းလွန်ဆေးရောင်းချသဖြင့် ယာယီပိတ်သိမ်း

ကားဘီး ရွှံ့ကာကြား ကျောက်စိမ်း (၂၈၅)တုံးဝှက်၍ သယ်လာသူနှစ်ဦးကို ကျောက်မဲမြို့တွင် ဖမ်းမိ
(၈)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်မှုပိတ်ပွဲအတွက် အိန္ဒိယရေတပ်သင်္ဘောများ ရန်ကုန်မြို့သို့ လာမည်
(၈)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်မှု ပိတ်ပွဲ အခမ်းအနားအတွက် အိန္ဒိယရေ တပ်မှ Dornier လေယာဉ်တစ်စီး နှင့်အတူ အိန္ဒိယရေတပ်သင်္ဘော နှစ်စီးသည် ရန်ကုန်မြို့သို့ ယခုလ ၂၆ ရက် (ယနေ့)မှ ၂၈ ရက်အထိ လာရောက်မည်ဖြစ်သည်။
အမေရိကန်သမ္မတကတော်နှင့် ဂျပန်ဝန်ကြီးချုပ်ကတော် တိုကျိုပြတိုက်ကို သွားကြည့်

သမီးလေးတွေနဲ့ ပတ်သက်ပြီးဝေဖန်သူတွေကို ပြန်ချေပလိုက်တဲ့ နန္ဒာလှိုင်

မြန်မာနိုင်ငံတွင် အသက်မပြည့်သေးသော ကလေးငယ်များ အဓမ္မခိုင်းစေခံရမှု အများဆုံး ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
မြန်မာနိုင်ငံတွင် အသက်မပြည့်သေးသော ကလေးငယ်များ အဓမ္မခိုင်းစေခံရမှု အများဆုံး ဖြစ်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ေ မ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲဖိုရမ် ပြုလုပ်ပြီးနောက် သတင်းမီဒီယာများက မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေး ခုနစ်ရာခိုင်နှုန်းခန့် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများ ဆက်တက်နေပြီး ဇန်နဝါရီလဆန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်
တစ်ပတ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော် ပြန်ကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်တက်နေပြီး ဇန်နဝါရီလဆန်း ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။
ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများကို စောင့်ရှောက်ရန် မြန်မာအလုပ်သမား စေလွှတ်နိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေးတွင် ခွင့်ပြုခဲ့
ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများကို စောင့်ရှောက်ရန် မြန်မာအလုပ်သမား စေလွှတ်နိုင်ရေး ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေးတွင် သဘောတူ ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက်မှု သင်တန်းကျောင်းနှင့် တူညီသည့် သင်တန်းကျောင်းကို မတ် ၇ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
သားအဖချင်း စကားများရန်ဖြစ်ပြီး သားဖြစ်သူက ဖခင်အား ကတ်ကြေးဖြင့် ထိုးရာမှ လူသေဆုံးမှု ထန်းတပင်မြို့နယ်တွင် ဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် အင်းယားကြီး ကျေးရွာအုပ်စု ချောင်းကမ်းကျေးရွာတွင် မေ ၂၄ ရက် ည ၉ နာရီ ခွဲခန့်က တစ်အိမ်တည်း အတူနေ သားအဖနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ သားဖြစ်သူက အဖေဖြစ်သူအား ကတ်ကြေးဖြင့်ထိုး၍ လူသေဆုံးမှု ဖြစ်ပွားခဲ့သဖြင့် သားဖြစ်သူကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ထန်းတပင်မြို့မရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်စဉ်ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်ပြီး ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နေလင်းအောင်က “သူတို့သားအဖနှစ်ယောက် စကားများတာပေါ့။ သားဖြစ်သူက မူးနေတော့ အဲဒါစကားများရင်းနဲ့ ကတ်ကြေးနဲ့ ထိုးလိုက်တာ ဒါပါပဲဗျ၊ ဒဏ်ရာက တစ်ချက်ထဲပါ။ သူ့ကိုလည်း မိပါတယ်။ ကျွန်တော်တို့က ၃၀၂ နဲ့ပဲ အမှုဖွင့်မှာပါ” ဟု ပြောကြားသည်။
အမြန်လမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်က ရှေ့မှ မောင်းနေသော လိုက်ထရပ်ယာဉ်အား ဝင်တိုက်မိရာမှ လိုက်ထရပ်ယာဉ်ပေါ်ပါသူ အမျိုးသမီး ၂ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရ


၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်၌ လူကုန်ကူးမှုများ မြင့်တက်
တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် လူကုန်ကူးခံရသော မြန်မာအမျိုးသမီးများ အရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် မြင့်တက်လာခဲ့ကြောင်း မြန်မာ-တရုတ်နယ်စပ်၌ စခန်းထိုင်သော အရာရှိများက ထိန်းသိမ်းထားသည့် စာရင်းဇယားများအရ သိရသည်။ မူဆယ်ခရိုင်ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူး ဦးကျော်ညွန့်က လူကုန်ကူးခံရသော အမျိုးသမီးအများအပြားသည် ပိုမိုကောင်းမွန်သော ဘဝရရှိမည်ဟု ကတိပေးခံရကာ နယ်စပ်ကို ဖြတ်ကျော်လျက် ဖြားယောင်း သွေးဆောင်ခံရသော်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိသည်နှင့် ゞင်းတို့သည် လူကုန်ကူးသူများ ပြုသမျှ နုရသည့်ဘဝသို့ ကျရောက်သွားခဲ့ကြောင်း ပြောပြခဲ့သည်။
AAအဖွဲ့ လုံခြုံရေးအတွက် မှဲ့တစ်ပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များတွေ့ဆုံရန် AA အဖွဲ့က ゞင်းတို့၏ လုံခြုံရေးကို စိုးရိမ်နေသောကြောင့် တွေ့ဆုံမည့်နေရာညှိနှိုင်းနေပြီး လုံခြုံရေးအတွက် မှဲ့တစ်ပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်ပတ်သက်၍ မြန်မာနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ သဘောတူညီချက် လက်မှတ်ရေးထိုး

တရုတ်ဘက်မှ ရနိုင်သမျှ ၀ယ်ယူနေမူကြောင့် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပေါ်ဦးပေါ်ဖျားနှမ်းနက်များ ယမန်နှစ်ထက် အဖွင့်ဈေးကောင်းရနေ
တရုတ်နိုင်ငံဘက်က ရနိုင်သမျှဝယ်ယူနေလို့ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပေါ်ဦးပေါ်ဖျားနှမ်းနက်ရဲ့အဖွင့် ဈေးမှာ အရင် နှစ်ကထက် ဈေးကောင်းရနေတယ်လို့ မန္တလေးမြို့ပဲနှမ်းကုန်သည်တွေထံက သိရပါတယ်။
မန္တလာသီရိအားကစားကွင်း တွင် Sai Sai Mandalay Show ကျင်းပ

ဘန်နီဖြိုး၊ Snare ၊ ငယ်ငယ်၊ မျိုးကျော့မြိုင်၊ အမရာဘုန်းနှင့် အနုပညာရှင်များစွာ ကလည်း Dancer Group များဖြင့် ပါဝင် သီဆိုဖျော်ဖြေခဲ့သည်။
မုံရွာမြို့ချင်းတွင်းတံတားအနီး ဖောင်ဆွဲစက်လှေနှင့် ကုန်တင်ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် လူ၅ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ မုံရွာမြို့တွင် မေလ ၂၆ ရက် (ယနေ့) နံနက်ပိုင်းက ချင်းတွင်းတံတားအနီး ဖောင်ဆွဲစက်လှေနှင့် ကုန်တင်ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ အဆိုပါဖြစ်စဉ်ကို ဌာနဆိုင်ရာများ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးကိုယ်တိုင် အနီးကပ်ကွက်ကဲကာ ရှာဖွေရေးများ ဆောင်ရွက်နေကြောင်း သိရသည်။ ဖောင်ဆွဲစက်လှေအတွင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေကယ်ထုတ်နေပြီး ဆယ်ယူရရှိခဲ့သည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို နာရေးကူညီမှု အသင်းများက ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။
ဆည်းဆာကို ငဲ့စောင်းကြည့်လေသော်
ကျွန်တော် ဆည်းဆာတွေ ကို ချစ်သည်။ ချစ်၍လည်း တစ် နေ့ပြီးတစ်နေ့ ရောက်တိုင်း ဆည်း ဆာတွေကို ငေးကြည့်ဖို့အမြဲအား ထုတ်ဖူးသည်။ သို့သော် ကြည့်ရ သည်လည်းရှိ၏၊ မကြည့်ရသည် လည်းရှိ၏။ တကယ်တော့ နေ့ တစ်နေ့၏အလှတွင် ဆည်းဆာ လည်းပါသည်။ ဟုတ်သည်။ ဆည်းဆာသည် တကယ်လှ၏။
တောင်အာဖရိက သမ္မတသစ် ကျမ်းကျိန်

ဧဝရက်တောင်တက်ရင်းသေဆုံးသူ တောင်တက်သမား တစ်ပတ်အတွင်း ငါးဦးရှိ
ယခုအပတ်အတွင်း ဧဝရက်တောင်တက်ရင်း အမေရိကန်နိုင်ငံသားတစ်ဦး၊ အိန္ဒိယနိုင်ငံသားနှစ်ဦး၊ သြစတြီးယားနိုင်ငံသားတစ်ဦးနှင့် အိုင်ယာလန်နိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း နီပေါတောင်တက်မှုကြီးကြပ်ရေးအရာရှိများက မေ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံသား ဒွန်ကက်ရှ်သည် တောင်ထိပ်သို့ရောက်ရှိပြီးနောက် အမြင့်ရောက်သည့်အခါဖြစ်တတ်သည့် ခေါင်းမူးခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်းနှင့် နှလုံးအားနည်းခြင်းတို့ဖြစ်လာခဲ့ရာ ၎င်းကို ရှာပါလမ်းပြနှစ်ဦးတို့က အရေးပေါ်သူနာပြုနည်းဖြင့် ပြုစုခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လမ်းပြဝန်ဆောင်မှုပေးနေသည့် ပိုင်အိုးနီးယားအဗန်ချာလုပ်ငန်းက မေ ၂၄ ရက်တွင်ပြောဆိုခဲ့သည်။
ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံသယရှိသူကို ရဲတပ်ဖွဲ့က ရှာဖွေနေ
ပြင်သစ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော လိုင်ယွန်မြို့လယ်တွင် လူသွားစင်္ကြံတစ်ခုပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးအား မေ ၂၅ ရက်တွင် လိုက်လံရှာဖွေခဲ့သည်။ ပြိုင်ဆိုင်မှု ပြင်းထန်သော ဥရောပပါလီမန် ရွေးကောက်ပွဲများအား ပြင်သစ်၌မကျင်းပမီ တစ်ရက်အလိုတွင် ထိုပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်။
မူးယစ်သောက်စားပြီး ကားမောင်းခဲ့တဲ့ ထိုင်းလုပ်ငန်းရှင်တစ်ဦး လူသေစေမှုအတွက် ဘတ် ၄၅ သန်း လျော်ကြေးပေးလိုက်ရ

ပါကစ္စတန်မှာ ကလေးများစွာ HIV ပိုး ကူးစက်ခံထားရသည်ကို တုန်လှုပ်ဖွယ်တွေ့ ရှိ
ပါကစ္စတန်နိုင်ငံ တောင်ဘက်ပိုင်းမှာ ရက်သတ္တပတ်အတွင်း ပုံစံတူဖျားနာတဲ့ ကလေးအရေအတွက်တွေ တိုးလာခဲ့ပြီး ဆေးကုသပေမယ့် ပျောက်ကင်းမှုမရှိတာကြောင့် ဒေါက်တာ Imran Aarbani ဆိုသူက ၄င်းအခြေအနေကို သံသယရှိလာပြီး သွေးအဖြေကိုစစ်ဆေးကြည့်တဲ့အခါ သူစိုးရိမ်သလိုပဲ ကလေးတွေမှာ HIVရောဂါကူးစက်ခံနေရတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဘာကြောင့် ဒီလိုကူးစက်ခံခဲ့ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှမသိပါဘူး။
တာချီလိတ်တွင် နိုင်ငံတော်ဘဏ္ဍာသိမ်းအဖြစ် သတ်မှတ်ထားသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ် ကီလို (၁၈,၀၀၀)ကို လေလံဆွဲလိုသူ လက်ရှိတွင် စာရင်းအရ (၅)ဦးရှိနေ

ဥရောပပါလီမန်ရွေးကောက်ပွဲကို တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ
လူအများကြိုက်ဝါဒီများက အဓိက တိုးတက်မှု ရရှိနိုင်ရန်နှင့် လာမည့်ငါးနှစ်အတွင်း ဥရောပနိုင်ငံရေးကို အနှောင့်အယှက်ပေးနိုင်ရန် မျှော်မှန်းထားစဉ် ဥရောပပါလီမန်ရွေးကောက်ပွဲများအား မေ ၂၅ ရက်တွင် တတိယ မြောက်နေ့အဖြစ် မော်လ်တာ၊ ဆလိုဗက်ကီးယားနှင့် လတ်ဗီးယားတို့၌ ကျင်းပခဲ့ကြသည်။
"ဟာဝိုင်အီ သစ်တောထဲမှာ နှစ်ပတ်ကျော်ကြာ ပျောက်နေခဲ့တဲ့ အမျိုးသမီးကို အသက်ရှင်လျက်ပြန်တွေ့"

အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင်၊ ဆေးပေါ့လိပ်များ ထုတ်လုပ်ဖြန့်ဖြူး သိုလှောင် လက်ဝယ်ထားသူများနှင့် ပတ်သက်၍ သတင်းပေးပါက ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ဆုချီးမြှင့်မည်
အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင်၊ ဆေးပေါ့လိပ်များ ထုတ်လုပ်ဖြန့်ဖြူး သိုလှောင် လက်ဝယ် ထားသူများနှင့် ပတ်သက်၍ သတင်းပေးပါက ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ကို ဆုအဖြစ် ချီးမြှင့်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် မေ ၂၅ ရက်တွင် ကြေညာခဲ့သည်။
ကုမ္ပဏီပေါင်း (၄၀၀) မှာအလုပ်လျှောက်ခဲ့ပေမယ့် အလုပ်မရသေးတဲ့အမျိုးသား

ကလေးဝမြို့နယ် ပလူဇဝမိုင်းတွင်း မြေပြိုကျမှုဖြစ်ပွားပြီး မိုင်းလုပ်သားတစ်ဦး သေဆုံး
ဂျပန်နဲ့ ကုန်သွယ်မှု အခြေအနေ သမ္မတ Trump မကျေနပ်
ဂျပန်နိုင်ငံကို စနေနေ့က ဆိုက်ရောက်သွားတဲ့ အမေရိကန် သမ္မတ Donald Trump က ခရီးစဉ် ပထမဆုံးနေ့မှာပဲ အမေရိကန်နဲ့ ဂျပန်ကြား ကုန်သွယ်ရေး မညီမျှမှုကို ပြောဆိုခဲ့ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေးမှာ အပေးအယူမျှစေဖို့ အမေရိကန် ပို့ကုန်တွေ အပေါ် အတားအဆီးတွေကို ဖယ်ရှားရေးနဲ့ ကုန်သွယ်ရေး မညီမျှမှုကို ဒီသဘောတူညီချက်နဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ သဘောတူညီချက်ရဖို့ နီးစပ်လာပြီ ဖြစ်ကြောင်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။
ဗလင်စီယာအသင်း ချန်ပီယံဆုကို (၈)ကြိမ်မြောက် ရယူ

ချောက်မြို့တွင် သစ်ပင်စိုက်ပျိုးရန် မြေကျဉ်းတူးနေစဉ် မီးလောင်နေသည်ကို မြင်သောကြောင့် ခလရ ၁၃ မှ တပ်မတော်သားများ သွားရောက်ငြိမ်းသတ်ပေးခဲ့

မြောက်ကိုရီးယား ဒုံးလက်နက်စမ်းသပ်မှုများသည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အမေရိကန်လုံခြုံရေးအကြံပေး ဂျွန်ဘိုတန် ပြောကြား
မော်လမြိုင် တောင်ဝိုင်းမဟာစည်မီးလောင်
ရာသီဥတုပြောင်းလဲမှုအရေးအတွက် ကမ္ဘာတစ်ဝန်း ကျောင်းသားများဆန္ဒပြ

ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ MoU လုပ်သား လစဉ် ၁၅၀၀၀ အထက်တွင် ထွက်ခွာနေ
ပြည်တွင်း၌ အလုပ်ရုံ စက်ရုံ တည်ဆောက်လည်ပတ်နိုင်မှု အားနည်းခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ တချို့သော မြို့ကြီးများတွင် အလုပ်အကိုင် ရှိသော်လည်း လုပ်ခလစာ နည်းပါးခြင်း၊ ကျေးလက် တောရွာများတွင် အလုပ်အကိုင် ပိုမိုနည်းပါးလာခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်သူ ယခုနှစ်တွင် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
နရင်ဒရာ မိုဒီ ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်လိုက်ပြီ

ကုန်သွယ်ရေးအငြင်းပွားမှုမြင့်တက်နေစဉ် သမ္မတထရမ့် ဂျပန်သို့ တရားဝင်ရောက်ရှိ

မင်းလှ၌ လေပြင်းတိုက်ခတ်မူကြောင့်နေအိမ်(၄၅)လုံးအမိုးလန်ပျက်ဆီးဆုံးရှုံမူဖြစ်ပွား
ဟောင်ကောင်လှုပ်ရှားသူတွေ ခိုလှုံခွင့်ပေးမှု ဂျာမဏီကို တရုတ် ကန့်ကွက်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ် စတင်လက်ခံ

မင်္ဂလာဒုံမြို့နယ်၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာမှ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှု

ဝန်ကြီးချုပ်ဟောင်း ချွန် လိပိုင် ကို ထိုင်းလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်
တိဘက်တွေ လွတ်လပ်ခွင့်ပေးဖို့ တရုတ်ကို ကန် တိုက်တွန်း

အချိန်မီခွင့်ပြုချက်မရသဖြင့် ပုဒ်မ ၅၉(စ) ကန့်ကွက်ပွဲ နေရာ (၃) နေရာခွဲ ပြုလုပ်

အိန္ဒိယ ဈေးဝယ်စင်တာ မီးလောင်မှု သေဆုံးသူ ၂၀ ရှိပြီ

ထိုင်းနိုင်ငံတွင် အိမ်နီးချင်းမိန်းကလေးကို သတ်ပြီးဆိုင်ကယ်နှင့်အတူ မီးရှို့ပစ်ခဲ့သူအား အလောင်းမှ DNA အရ ကျူးလွန်သူကို ဖမ်းဆီးရမိ

စစ်သွေးကြွအဖွဲ့ခေါင်းဆောင်အား သုတ်သင်လိုက်ပြီဟု အိန္ဒိယပြော
အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ကို အိန္ဒိယ တပ်ဖွဲ့ဝင်တွေက သုတ်သင်လိုက်ပြီလို့ ရဲတပ်ဖွဲ့က မေလ ၂၄ ရက်နေ့မှာ ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် ဇာကာမူဆာ ခေါ် ဇာကာ ရာရှစ် ဘတ်ကို ကတ်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့တောင်ပိုင်းက နေအိမ်အတွင်း ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ အကြီးတန်း ရဲအရာရှိ တဦးက ပြောပါတယ်။
မန္တလေး မဟာမုနိဘုရား ငါးကန်မှ အသားစားငါးများ ဖယ်ရှားမည်

ILO မှာ အလုပ်သမားအရေးဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာန ဆွေးနွေးပွဲလုပ်
လာမယ့် ဇွန်လအတွင်း ဂျီနီဗာ မှာ ကျင်းပမယ့် အလုပ်သမားညီလာခံမှာ မြန်မာ့အရေးဆွေးနွေးတဲ့အခါ ဖြေရှင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ ဆွေးနွေးပွဲ ကျင်းပလိုက်ပါတယ်။ ဆွေးနွေးပွဲကို အမျိုးသားအဆင့် ကျင်းပတာဖြစ်ပြီး ဝန်ကြီးဌာန ၊ အလုပ်သမားကိုယ်စားလှယ် ၊ အလုပ်ရှင်တွေ ပါဝင်ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခံရတာတွေနဲ့ပတ်သက်ပြီး အကောင်းဆုံးအဖြေရှာဖို့ လိုအပ်နေသလို ဒီလို ကိစ္စတွေကို တိုင်တန်းဖို့ လိုတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
အောင်သူအတွက် မည်သည့်အသင်းထံမှ ကမ်းလှမ်းမှုမရသေးကြောင်း ရတနာပုံအသင်းပြော
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူသည် လက်ရှိကစားနေသည့် ထိုင်းလိဂ်က လပ် မြောင်တောင်အသင်းမှ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယမန်နေ့အထိ မည်သည့်အသင်းထံမှ ကမ်းလှမ်းမှု မရသေးကြောင်း မိခင်ရတနာပုံအသင်း အထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က ပြောသည်။ အသက်(၂၂) နှစ်အရွယ် ရတနာပုံတိုက်စစ်မှူး အောင်သူသည် ယခုနှစ် ဘောလုံးရာသီတွင် ထိုင်းလိဂ် -၁ ကလပ် မြောင်တောင်အသင်းသို့ တစ်ရာသီ အငှားစာ ချုပ်ဖြင့် သွားရောက်ကစားနေ သည်။
တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးထိခိုက်နိုင်ဟုဆို
တပ်မတော်နှင့် အေအေ တိုက်ပွဲများကြောင့် မြန်မာ - ဘင်္ဂလားဒေ့ရှ်အကြား ညှိနှိုင်းဆောင်ရွက်နေသည့် နေ ရပ်စွန့်ခွာသူများ ပြန်လည်လက် ခံရေးအစီအစဉ်ကို တစ်စိတ်တစ် ပိုင်းထိခိုက်စေသည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦး မြင့်သူကပြောသည်။ ‘‘တစ်စိတ်တစ်ပိုင်အားဖြင့် တော့အဟန့်အတားဖြစ်ပါတယ်’’ ဟု ဦးမြင့်သူကဆိုသည်။
လူဒိုဂိုရက်စ်အသင်း ဘူလ်ဂေးရီးယားချန်ပီယံဆုကို ရှစ်ကြိမ်ဆက်တိုက်ရရှိ
လူဒိုဂိုရက်စ်အသင်း သည် အိမ်ကွင်းတွင် ချာနိုမိုးဗာနာ အသင်းကို ၄-၁ ဂိုးဖြင့် သက် သောင့်သက်သာအနိုင်ရရှိပြီး ဘူလ်ဂေးရီးယားလိဂ်ချန်ပီယံဆု ကို ရှစ်နှစ်ဆက်တိုက်ရရှိခဲ့သည်။ သို့သော် ၎င်းတို့၏နောက်ဆုံးနေ့ နိုင် ပွဲသည် ဧည့်သည်အသင်း၏ မတောင့်တင်းသောအသင်းကို ပွဲ ထွက်ခိုင်းသည့် ဆုံးဖြတ်ချက် ကြောင့် အရိပ်မည်းထိုးခဲ့သည်။
မန္တလေးတိုင်းတွင် နှစ်ရက်ဆက် မိုးသက်လေပြင်းကြောင့် နေအိမ်နှင့် အဆောက်အအုံ ၂၆၀ ခန့် ပျက်စီး၊ တစ်ဦး သေဆုံး
မီးလင်းချိုင်ရွာ တောင်သူများ၏ မြေယာနစ်နာကြေးကိစ္စပြီးပါက လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်မည်
LNG ဓာတ်ငွေ့ဖြင့် လျှပ် စစ်ဓာတ်အားထုတ်လုပ်မည့် မီး လင်းချိုင်ကျေးရွာရှိ တောင်သူများ ပိုင်ဆိုင်သော မြေဧက ၈၀၀ ကျော်အတွက် နစ်နာကြေးပေးရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်း အင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောသည်။ေ မလ ၂၂ ရက်က ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့်ပတ်သက်သည့်သတင်း စာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တွင် LNG ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အစီအစဉ်နှင့်ပတ် သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီး ဦးဝင်းဌေးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
အမျိုးသမီးတစ်ဦးကို သတ်၍ ရော်ဘာခြံအတွင်း စွန့်ပစ်သူ ဖမ်းမမိသေး
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် အသက်(၁၉)နှစ် အရွယ် အမျိုးသမီးတစ်ဦး အသတ် ခံရပြီး ရော်ဘာခြံတစ်ခုအတွင်း အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့ ကြောင်း မောင်းမကန်နယ်မြေရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။ မေလ ၂၃ ရက် နံနက် ၁၀ နာရီခွဲတွင် မောင်းမကန်- ထား ဝယ်ကားလမ်းဘေး မိုင်တိုင်အ မှတ် (၄/၆) အနီး ကားလမ်းမကြီး နှင့် ကိုက် ၅၀ ခန့်အကွာရှိ ရော်ဘာခြံအတွင်း အမျိုးသမီး အလောင်းစွန့်ပစ်ထားခြင်းကို ထင်းခွေသူအမျိုးသမီးတစ်ဦးက တွေ့ရှိခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
အကယ်ဒမီရပြီး အလုပ်နဲ့ပတ်သက်ရင် လောဘကြီးလာတယ်ဆိုတဲ့ အေးမြတ်သူ
ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမားနှစ်ဦး အားဖြည့်
ရန်ကုန်အသင်းသည် မြန်မာလိဂ် ဒုတိယအကျော့အ တွက် မကွေးအသင်းမှ မြန်မာ့လက်ရွေးစင်ဟောင်း နောက်ခံလူ ကျော်စွာလင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံသား နောက်ခံလူ အန်ဒါဆင်တို့ ကို ခေါ်ယူခဲ့သည်။ အသက်(၂၇) နှစ်အရွယ် ကျော်စွာလင်းသည် မနောမြေ လူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ရခိုင်၊ မကွေးအသင်းတို့တွင် ကစားခဲ့သည်။ထို့အပြင် ၂၀၁၈ အာရှဖလားခြေစစ်ပွဲဝင်မြန်မာ့လက်ရွေးစင် အသင်း၌ ရွေးချယ်ခံခဲ့ရသည်။
ဂူးဂဲလ်နှင့် ဆက်လက်ပူးပေါင်းရေး ဆွေးနွေးနေဟု ဟွာဝေးမြန်မာတာဝန်ရှိသူပြော
Google နှင့် Huawei အကြား မိုဘိုင်းထုတ်ကုန်များပေါ် တွင် နည်းပညာအရ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေး နွေးနေသည်ဟု Huawei မြန်မာ လက်ထောက်အထွေထွေမန်နေ ဂျာ Mr. Zhu Bo က ပြောသည်။ အမေရိကန်ကုန်သွယ်ရေး ဌာနက Huawei နှင့်ကုန်သွယ် ခွင့်ပိတ်ပင်ခဲ့သည့်အပေါ် ရက် ပေါင်း ၉၀ ဆိုင်းငံ့ပေးခဲ့သည့် နောက် Google နှင့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းလုပ်ဆောင် ရန် ဆွေးနွေးနေသည်ဟု ၎င်းက ပြောကြားသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ နယ်မြေကျော်ကျောင်းအပ်မှုမရှိစေရန် အိမ်ထောင်စုစာရင်းဖြင့် စိစစ်လက်ခံ
အမျိုးသမီးနှင့်ကလေးများအတွက် ဘဏ္ဍာငွေခွဲဝေမှု သုံးဆတိုးလာဟု လူကယ်ပြန်ဝန်ကြီးပြော
မြန်မာနိုင်ငံတွင် အမျိုး သမီးနှင့် ကလေးများအတွက် လူ မှုရေးကဏ္ဍတွင် ဘဏ္ဍာငွေခွဲဝေမှု သည် လွန်ခဲ့သည့်သုံးနှစ်ကထက် သုံးဆတိုးမြင့်လာကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပဋိပက္ခများအ တွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုအဆုံးသတ်ရေး နိုင်ငံတ ကာညီလာခံတွင် ထုတ်ဖော်ပြော ကြားသည်။
ဥရောပ ရွှေဖိနပ်ဆုကို မက်ဆီ သုံးနှစ်ဆက်တိုက် ဆွတ်ခူး
မိုးလယ်ကာလ မိုးများ၍ ရေဘေးကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင် တိုက်တွန်း၊ မုတ်သုံလေ မြစ်ဝကျွန်းပေါ်သို့ ၀င်ရောက်နေ
အနောက်တောင်မုတ်သုံ လေသည် မြစ်ဝကျွန်းပေါ်ဒေသသို့ စတင်ဝင်ရောက်နေ၍ မိုးကြိုးနှင့် လေပြင်း အန္တရာယ် သတိပြုရန် နှင့် လာမည့်မိုးရာသီတွင် ပုံမှန်ထက်မိုးများနိုင်၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင်က တိုက် တွန်းသည်။ ‘‘လာမယ့်ဇူလိုင်နဲ့ သြဂုတ် လထဲမှာ မိုးများမယ့် အနေအထား တွေ ခန့်မှန်းရရှိထားတယ်။ ရေ ဘေးကို အခုကတည်းက ကြိုတင် ပြင်ဆင်မှု လုပ်ထားဖို့လိုတယ်’’ ဟု မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က တိုက်တွန်း သည်။
အက်ရှင်မင်းသားဖြစ်ချင်တဲ့ One Direction အဖွဲ့ဝင်ဟောင်း လျံပေးနီ
ထိုင်းဘုရင်နန်းတက်ပွဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွင် သေဒဏ်ကျမြန်မာလုပ်သားလေးဦး ပြစ်ဒဏ်လျှော့ပေါ့ခံရ လက်ရှိအချိန်အထိ ၆၉ ဦး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ
ထိုင်းဘုရင်မဟာဗာဂျီ ရာလောင်ကွန်နန်းတက်ပွဲအဖြစ် အကျဉ်းသားများ ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးကာ ဘန်ကောက်မြို့ ရှိ ဘန်ခွမ်အကျဉ်းထောင်တွင် သေဒဏ်အကျဉ်းကျနေသည့် မြန် မာလုပ်သားလေးဦးကို ထောင် ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးပြီး နှစ်ကြီးသမားအဖြစ် အကျဉ်းကျနေသည့် မြန်မာလုပ် သား ၁၀ ဦးကို ပြစ်ဒဏ်ကင်းလွတ် ခွင့်ပေးကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးမင်းဦးက ပြော သည်။ေ မလ ၂၄ ရက်တွင် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများက ဘန်ခွမ်အကျဉ်း ထောင်တွင် သေဒဏ်အကျဉ်းကျ နေသော မြန်မာလုပ်သားနှစ်ဦးထံ ထောင်ဝင်စာသွားရောက်တွေ့ဆုံ ရာ အကျဉ်းထောင်တာဝန်ရှိသူ များက ၎င်းတို့ထောင်အတွင်းရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိသော မြန်မာအကျဉ်းသားများစာရင်း ကို မြန်မာသံရုံးသို့ ပေးပို့ကြောင်း ၎င်းက ပြောသည်။
တွစ်တာမှာ Follower သန်း ၂၀ ပထမဆုံးရတဲ့ ကိုရီးယားနိုင်ငံသားတွေ ဖြစ်လာတဲ့ BTS အဖွဲ့
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ရှမ်းက ရခိုင်ကို ဂိုးပြတ်နိုင်
ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ ပထမအကျော့တွင် ရှမ်း အသင်းက ရခိုင်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မေလ ၂၅ ရက်က သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲ စဉ်၌ ရှမ်းအသင်းက ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဂိုးသမားသီဟစည်သူနှင့် အသစ်ခေါ်ယူထားသည့် နိုင်ငံခြားသားကစားသမားသုံးဦးစလုံးကို ထည့်သွင်းကစားခဲ့သည်။
ကြို့ပင်ကောက်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မိ၍ တစ်ဦးသေဆုံး
ဘော်လခဲမြို့တွင် အမျိုးသားနှစ်ဦး တောင်ကျရေနှင့်မျောပါ ပျောက်ဆုံးနေ
ကယားပြည်နယ် ဘော် လခဲမြို့တွင် ချောင်းအတွင်း ရေ ချိုးနေသော အမျိုးသားသုံးဦး တောင်ကျရေနှင့် မျောပါပြီး နှစ်ဦးပျောက်ဆုံးနေ၍ ရှာဖွေကယ် ဆယ်ရေးဆောင်ရွက်နေသည်။ ဘီလူးချောင်းမှ ခွဲထွက်လာ ပြီး ဘော်လခဲမြို့ကို ဖြတ်သွား သည့် ပွန်းချောင်းအတွင်း အမျိုး သားနှစ်ဦးရေနစ်ပျောက်ဆုံးနေမှု သည် မေလ ၂၅ ရက်နေ့လယ်က ဖြစ်ပွားခြင်းဖြစ်သည်။
လမိုင်းမြို့တွင် အကြမ်းဖက်မှုများထပ်မံဖြစ်ပွားပါက ဥပဒေအရ တားမရလျှင် ပစ်ခတ်တားဆီးရန် ပြည်နယ် နယ်လုံဝန်ကြီးညွှန်ကြား
နည်းပြတူချယ်လ်ကို ပီအက်စ်ဂျီက ၂၀၂၁ ဇွန်လအထိ စာချုပ်သက်တမ်းတိုး
ပါရီ - ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီက လက်ရှိ နည်းပြ သောမတ်စ်တူချယ်လ်ကို နောက် ထပ်တစ်ရာသီစာချုပ်သက်တမ်း တိုးခဲ့သည်။ ယင်းဂျာမန်နည်းပြ တူ ချယ်လ် (၄၅) နှစ်သည် ၂၀၁၈ ဇွန်လက ပီအက်စ်ဂျီသို့ ရောက် လာပြီး စတင်ကိုင်တွယ်ချိန်က တည်းက ကစားသမားများ၊ ဝန် ထမ်းများနှင့် အသင်းတာဝန်ရှိသူ များ ယုံကြည်မှုကို ၎င်း၏ခေတ် သစ်ဘောလုံးအမြင်ဖြင့် ရယူနိုင် ခဲ့သည်။
ဆေးခြောက်စိုက်သည်ဟု တရားဆွဲဆိုခြင်းမှာဌာနဆိုင်ရာအတွင်း ချိတ်ဆက်နားလည်မှုလွဲမှားခြင်းဟု ကုမ္ပဏီထုတ်ပြန်
မန္တလေးတိုင်း မြို့သာ စက်မှုဥယျာဉ်တွင် ဆေးခြောက် စိုက်ပျိုးသည်ဟု စွပ်စွဲချက်ဖြင့် စိုက်ခင်းတာဝန်ရှိသူများနှင့် သုတေသနပြုသူများကို မြန်မာ တရားရုံးက တရားစွဲရန် ဆုံးဖြတ် ခြင်းသည် ဌာနဆိုင်ရာချိတ်ဆက် နားလည်မှုလွဲမှားခြင်းသာ ဖြစ် သည်ဟု III M Global Nutraceu-tical ကုမ္ပဏီက သတင်းထုတ် ပြန်သည်။ ကုမ္ပဏီသည် မည်သည့်အ ခါမျှ ဆေးခြောက်ပင်စိုက်ပျိုးရန် ရည်ရွယ်စဉ်းစားခဲ့ခြင်းမရှိသည့် အပြင် စိတ်ကို တက်ကြွစေသော THC ဒြပ်ပေါင်းကို ကုမ္ပဏီက အစဉ်အမြဲဆန့်ကျင်သည်ဟု ဆို ထားသည်။
ပြင်သစ်လီဂူးဝမ်း အပိတ်ပွဲစဉ်တွင် ရှုံးသော်လည်း မိုနာကိုအသင်းတန်းတင်ကျန်ရစ်
မေလ ၂၄ ရက်ညက က စားခဲ့သော ပြင်သစ်လီဂူးဝမ်းရာ သီပွဲစဉ်တွင် မိုနာကိုသည် နိစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း တန်းတင်ကျန်ခဲ့သည်။ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ အဆင့်သို့ ရောက်ရှိပြီး ၂ နှစ်ကြာ ပြီးနောက် မိုနာကိုသည် ယခုနှစ် ရာသီလီဂူးဝမ်းတွင် ၃၈ ပွဲကစား ရာ ၁၈ ပွဲအထိ ရှုံးပွဲကြုံခဲ့ပြီး ၃၆ မှတ်ဖြင့် အဆင့် (၁၇) ၌ ရပ်တည် ခဲ့သည်။
မန္တလေး၌ ရင်းနှီးမြှုပ်နှံရန် ဥရောပနိုင်ငံများသို့ နည်းပညာနှင့်ငွေကြေးကူညီမည်ဟု အီးယူသံအမတ်ကြီးပြောကြား
ဥရောပနိုင်ငံများမှ စီး ပွားရေးလုပ်ငန်းရှင်များ မန္တလေး သို့လာရောက်ရင်းနှီးမြှုပ်နှံမှု ပိုမို ပြုလုပ်နိုင်ရန် လိုအပ်သည့်နည်း ပညာနှင့် ငွေကြေးအကူအညီများ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး Kristian Schmidt ကပြောသည်။ အီးယူသံအမတ်ကြီးက မေ လ ၂၁ ရက်တွင် မန္တလေးမြို့၌ ကျင်းပသည့် အထက်မြန်မာပြည် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။
စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု သုံးနှစ်တာအတွင်း လေးဆတိုးလာဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
အစိုးရသစ်တက်ပြီး သုံးနှစ်အတွင်း ကရင်ပြည်နယ် တွင် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့်တစ် ဦးချင်းဝင်ငွေပမာဏများ တိုး တက်ခဲ့သဖြင့်စီးပွားရေးတိုးတက် လာသည်ဟု ဆိုရမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်က ပြောသည်။ေ မလ ၂၃ ရက်တွင် ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ် သည့် အစိုးရသစ် သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီး ချုပ်က အဖွင့်အမှာစကားပြော ကြားရာ ယင်းကဲ့သို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
ကျွဲ၊ နွားတင်ပို့မှု လုပ်ကိုင်ခွင့်ကို ပြည်ထောင်စုအစိုးရ ပြန်လည်ရယူ
ကျွဲ၊ နွားများနှင့် စပ် လျဉ်းသည့် လုပ်ကိုင်ခွင့်အာဏာ ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အ စိုးရများထံမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသို့ ပြောင်းလဲအပ်နှင်းကြောင်း ပြည်ထောင်စုအစိုးရက မေလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ သည်။ ကျွဲ၊ နွား တင်ပို့မှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အ စိုးရများအား လုပ်ကိုင်ခွင့်ပေးရာ တွင် အခက်အခဲများရှိ၍ တစ် နိုင်ငံလုံးအဆင်ပြေစွာ သယ်ယူပို့ ဆောင်နိုင်ရေး ပြည်ထောင်စုအ စိုးရက လုပ်ကိုင်ခွင့်ပြန်လည် ရ ယူခြင်းဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲနေသော်လည်း ဘာလီခရီးစဉ်များ ပုံမှန်ထွက်ခွာမည်ဟုဆို
အင်ဒိုနီးရှားနိုင်ငံတောင် ပိုင်းတွင် Agung (အာဂွန်) မီး တောင်ပေါက်ကွဲမှု ဖြစ်ပွားနေ သော်လည်း ခရီးသွားများ လည် ပတ်သည့်နေရာနှင့် ဝေးကွာသော ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာ မည့် ဘာလီခရီးစဉ်များ ပြောင်းလဲခြင်းမရှိဟု Tango ခရီးသွား ကုမ္ပဏီ ဒါရိုက်တာ မခေါင်ခေါင် က ပြောသည်။ ‘‘ဒီသတင်းကြားတော့ ဟို ဘက် (မိတ်ဖက်ခရီးသွားကုမ္ပဏီ) ကို လှမ်းမေးရတယ်။ သူတို့က အိုကေတယ်။ မနက်ဖြန် (မေလ ၂၆ ရက်) ဘာလီကိုသွားမယ့် ခရီး စဉ်ကိုလည်း မဖျက်ဘူး။ မနေ့ည ကတော့ လေကြောင်းလိုင်းတွေ ကြန့်ကြာမှုဖြစ်ခဲ့တယ်။ ဒီမနက် တော့ အိုကေတယ်’’ဟု ၎င်းက ပြောသည်။
စမ်းချောင်း တိုက်ခန်းမီး ၁၈ မိနစ်ဖြင့် ငြှိမ်းသတ်
Subscribe to:
Posts (Atom)