မလေးရှားနိုင်ငံ၌ ကျင်း ပသည့်MMA (One Championship) ပြိုင်ပွဲတွင် ပရိသတ်အတွက် နိုင်ပွဲရယူပေးနိုင်သဖြင့် ပျော်ရွှင် ကြောင်း ကယန်းတိုင်းရင်းသူ အန်တိုနီယာက ပြောသည်။ ‘Masters of Denstiny’ အ မည်ဖြင့်ပြုလုပ်သည့် အဆိုပါ MMA ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက် တွင် မလေးရှားနိုင်ငံ Axiata Arena ၌ ကျင်းပပြီး စတောဝိတ် တန်း အမျိုးသမီးပွဲစဉ်တွင် မြန်မာ နိုင်ငံကိုယ်စားပြု ကယန်းတိုင်း ရင်းသူ အန်တိုနီယာက ဗီယက် နမ်နိုင်ငံသူ ဘီငုရမ်ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။
Pages
Sunday, July 14, 2019
ထရပ်ကားသုံးစီးပေါ်မှ ကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
ကယားပြည်နယ်၌ ကျပ် ၁၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထရပ် ကားသုံးစီးပေါ်မှ သိမ်းဆည်းရ မိကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သည်။ လွိုင်ကော်မြို့ ဖယ်ခုံ - လွိုင်ကော်ကားလမ်းရှိ ထရပ် ကား သုံးစီးကို ဇူလိုင် ၁၂ ရက် တွင် တားဆီးစစ်ဆေးရာ ICE ၅၀၀ ကီလိုဂရမ်၊ ကတ်တမင်း ၆၄၉ ကီလိုဂရမ်နှင့် ကဖင်း ၁,၁၅၀ ကီလိုဂရမ်သိမ်းဆည်း ရမိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။
ဇနီးနှင့် ကလေးနှစ်ဦး သတ်ဖြတ်သူကို နာရီဝက်အတွင်း ဖမ်းမိ
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် ဇနီးအပါအ၀င် ကလေးနှစ်ဦးကို ဓားမဖြင့် ခုတ်သတ်သည့်အမျိုးသားကို ရဲတပ်ဖွဲ့က နာရီဝက်အတွင်း ဖမ်းဆီးမိသည်။ အဆိုပါ အမျိုးသားသည် ကျွဲခြံကျေးရွာနေ စိတ်ဖောက်ပြန်နေသူဖြစ်ပြီး အသက် (၃၆)နှစ်ခန့်အရွယ် ဇနီးအပါအ၀င် (၆)နှစ်ခန့်အရွယ်သားနှင့် (၂) နှစ်ခန့်အရွယ် သမီးငယ်တို့ကို ဇူလိုင်၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ဓားမဖြင့် ခုတ်သတ်ခြင်းဖြစ်ကြောင်း တန င်္သာရီတိုင်း ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။ ၎င်းအမျိုးသားကို အခင်းဖြစ်ပြီး နာရီဝက်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ကချင်ပြည်နယ်တွင် ရေဘေးကြောင့် အခြေခံပညာ ၄၁ ကျောင်း ယာယီပိတ်ထား
ကချင်ပြည်နယ်ရှိ မြို့ ငါးမြို့တွင် ဧရာဝတီ မြစ်ရေကြီးမှု ကြောင့် အခြေခံပညာ ၄၁ ကျောင်းယာယီပိတ်ထားရသည်ဟု ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး (စီမံ)ဦးသန်းမြင့်အောင်က ပြောသည်။ မိုးဆက်တိုက်ရွာပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေ၀င်ရောက်နေရာ မြစ်ကြီးနားမြို့ တွင် ၁၅ ကျောင်း၊ ၀ိုင်းမော်မြို့တွင် ကိုးကျောင်း၊ တနိုင်းမြို့တွင် ငါးကျောင်း၊ ဗန်းမော်မြို့တွင် ကိုးကျောင်း၊ ရွှေကူမြို့တွင် သုံးကျောင်း ယာယီပိတ်ထားရသည် ဟု ၎င်းကဆိုသည်။
ကိုကျီးညိုဇာတ်ရုပ်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ ဒေါင်း
ရခိုင်စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရေဘေးသင့်၍ နေထိုင်စရာနှင့်ရိက္ခာ အခက်အခဲကြုံ
ရေကြီးမှုကြောင့် မြစ်ကြီးနားနှင့် တနိုင်းရှိ စစ်ရှောင်စခန်းများ အခက်အခဲကြုံတွေ့
လတ်တလော မြစ်ရေ ကြီးမှုနှင့် ချောင်းရေကြီးမှုကြောင့် မြစ်ကြီးနားနှင့် တနိုင်းမြို့နယ်အ တွင်းရှိ စစ်ရှောင်စခန်းအချို့ ရွှေ့ ပြောင်းရကာ အချို့သည် နေထိုင် စားသောက်ချက်ပြုတ်ရေး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။ ဧရာဝတီ မြစ်ရေကြီးမှု ကြောင့် မြစ်ကြီးနားမြို့ရှိ ဇီးအွန် စစ်ရှောင်စခန်းကို ရေလွတ်ရာသို့ ဇူလိုင် ၁၂ ရက် ညနေကတည်းက ပြောင်းရွှေ့ခဲ့ရသည်ဟု ကချင်နှစ် ခြင်းခရစ်ယာန် အသင်းတော် (KBC)က ပြောသည်။
ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာ လူထုထောက်ခံပွဲကို ဇူလိုင် ၁၇ ရက်တွင် မြို့အသီးသီး၌ ပြုလုပ်မည်
ပြည်ထောင်စုလွှတ် တော်၌ တင်သွင်းမည့် အခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော် မတီ အစီရင်ခံစာအပေါ် လူထု ထောက်ခံပွဲများကို နိုင်ငံတစ်ဝန်း ပြုလုပ်ရန် စီစဉ်နေသည်။ လာမည့် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းမည့် အစီရင်ခံစာကို ဇူလိုင် ၁၂ ရက် တွင် ကော်မတီဝင်အားလုံးက အတည်ပြုလက်မှတ်ထိုးခဲ့သည်။ ပူးပေါင်းကော်မတီအစီရင်ခံစာ ကို ဇူလိုင် ၁၇ ရက်မတိုင်မီတင် သွင်းရမည်ဟု သတ်မှတ်ထားပြီး လွှတ်တော် အစည်းအဝေးများ ဇူလိုင် ၁၅ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။
ပုဂံနဲ့ ပတ်သက်ပြီး မေမြင့်မိုရ်ရဲ့ ခံစားချက်
H1N1 ကြောင့် ရန်ကုန်တိုင်းတွင် လူနှစ်ဦး ထပ်မံသေဆုံး တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၄၃ ဦးအထိ ရှိလာ
ရာသီတုပ်ကွေး(H1N1) ကြောင့် တစ်နိုင်ငံလုံးတွင်သေဆုံး သူ ၄၃ ဦးရှိလာကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်၌ထုတ်ပြန်သည်။ ဇူလိုင် ၁၃ ရက် နံနက် သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁၂ ရက်အထိ ရာသီတုပ်ကွေးရော ဂါသံသယလူနာ ၅၈၆ ဦး ဓာတ် ခွဲစစ်ဆေးသည့်အနက် ပိုးတွေ့ရှိ သူ ၂၂၅ ဦးရှိပြီး ယင်းကြောင့် သေဆုံးသူ ၄၃ ဦးရှိသည်။ သေ ဆုံးသူဦးရေမှာ ဇူလိုင် ၁၁ ရက်က ၄၁ဦးရှိရာမှ ရန်ကုန်တိုင်းမှ နှစ်ဦး တိုးလာခြင်းဖြစ်သည်။
ဗစ်တိုးရီးယားအမှု အမှန်တရားရရှိရေး နေပြည်တော်တွင် ဆန္ဒထုတ်ဖော်
ဘူးသီးတောင်မြို့နယ် နွားရုံတောင်ရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရှစ်ရာခန့် တိမ်းရှောင်၊ နေအိမ်အချို့ မီးလောင်
တပ်မတော်နှင့်ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့ ဘူးသီးတောင်မြို့နယ် နွားရုံ တောင်ရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသူရွာသား ရှစ်ရာခန့်ထွက်ပြေး တိမ်းရှောင်ရကြောင်း နွားရုံတောင် ရွာသားအချို့က ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးပြီးချင်း ရွာထဲသို့ လက်နက်ကြီးကျရောက် ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်း များ ကျေးရွာသို့ ဝင်ရောက်လာ ကြောင်း၊ ပစ်ခတ်မှုများကြောင့် ဒေသခံရှစ်ရာခန့် စေတီတောင် ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း နွားရုံတောင်ရွာသား တစ်ဦးက ဆိုသည်။
အင်တာနက်ပြတ်တောက်ခြင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်
အင်တာနက် ပြတ် တောက်ခြင်းကြောင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအပါ အ၀င် ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ကုန်သွယ်ရေးလုပ်ငန်းများ ဆိုးဆိုးရွားရွားထိခိုက်နေသည်ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။ အထူးသဖြင့် ကုန်ပစ္စည်းအ ရောင်းအ၀ယ်အမှာစာများ ပေးပို့ နိုင်မှုမရှိခြင်းကြောင့် ကုန်သွယ် ရေးနှေးကွေးနေပြီး စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းနေသည်ဟု ၎င်းကရှင်းပြသည်။
မြန်မာအမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့အဆင့်နှစ်ဆင့် ကျဆင်း
ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ) က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် အဆင့်နှစ်ဆင့်ကျ ဆင်းပြီး ကမ္ဘာ့အဆင့် (၄၆) ၌ ရပ်တည်နေသည်။ြ မန်မာ့လက်ရွေးစင်အမျိုး သမီးဘောလုံးအသင်းသည် မတ်လက ထုတ်ပြန်သည့် ကမ္ဘာ့အ ဆင့်သတ်မှတ်ချက်တွင် အဆင့် (၄၄)၌ ရပ်တည်ပြီး ဇူလိုင် ၁၂ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၅၂၁ ဖြင့် အဆင့်(၄၆) ၌ ရပ်တည်နေသည်။
ဂျပန်နိုင်ငံသို့ သွားရောက်ခြေစမ်းမည့် မြန်မာယူ-၁၈ အသင်း ကစားသမား စာရင်းထုတ်ပြန်
နိုင်ငံတကာပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံသို့ခြေ စမ်းခရီးစဉ် သွားရောက်မည့် မြန် မာယူ-၁၈ ဘောလုံးအသင်း ကစားသမား ၂၅ ဦးစာရင်းကို နည်းပြချုပ် ဦးစိုးမြတ်မင်းက ယမန်နေ့တွင် ထုတ်ပြန်သည်။ြ မန်မာယူ-၁၈ အသင်း သည် လူငယ်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင် နေသည့် (MFF Youth) ဘောလုံး အဖွဲ့ချုပ် လူငယ်အသင်းကို အ ခြေခံဖွဲ့စည်းထားပြီး ပြည်တွင်း လိဂ်တွင် ခြေစွမ်းပြနေသည့် ကစားသမားအချို့လည်း ပါဝင်သည်။
ဖူဆယ်အလွတ်တန်းပြိုင်ပွဲ(မန္တလေး)အကြိုဗိုလ်လုပွဲများ ယနေ့ကျင်းပမည်
ဖူဆယ်အလွတ်တန်း ပြိုင်ပွဲ(မန္တလေး) အကြိုဗိုလ်လု ပွဲတွင် GV Athletic နှင့် JZM (A)၊Linn Latt နှင့် AKS (A) အသင်း တို့ တွေ့ဆုံနေသည်။ မန္တလေးမြို့ မန္တလာသီရိ မိုးလုံလေလုံ အားကစားရုံ၌ ဇူလိုင်၁၂ ရက်က ယှဉ်ပြိုင်သည့် ကွာတားဖိုင်နယ်ပွဲစဉ်များတွင် JZM (A) က 7Star ကို ၁၂-၀ ဂိုး၊ GV Athletic က Myoma JY ကို ၅-၂ ဂိုး၊ AKS (A) က AKS (B) ကို (၁၃-၇) ဂိုး၊ Linn Latt အသင်းက JZM (B) ကို ၄-၃ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။
ရေဘေးကြောင့် ၁၃ မြို့နယ်မှ လူတစ်သောင်းခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်း
လွှတ်တော်အမတ်၏ လက်ဝတ်ရတနာခိုးသူသည် အမတ်တစ်ဦး၏ချွေးမဖြစ်နေ အမှုမှန်ပေါ်စေရန်ကူညီပေးခဲ့ပြီး ချွေးမဖြစ်သူ ကိုယ်ဖြစ်ကိုယ်ခံရဲရမည်ဟု ခိုးသူ၏ယောက္ခမအမတ်ပြော
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)ရှိ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၏အခန်းမှ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ခိုး ယူသူသည် ပါတီတူလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ချွေးမ ဖြစ်နေပြီး ဇူလိုင် ၁၃ ရက်မွန်းလွဲ က ဖမ်းဆီးခဲ့သည်။ ‘‘တရားခံမိပါပြီ။ ပစ္စည်း တွေလည်း ပြန်ရပါတယ်’’ ဟု ဇမ္ဗူသီရိရဲစခန်းမှ တာဝန်ကျရဲ အရာရှိတစ်ဦးက ပြောသည်။
ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာမျက်နှာစာများကို အလွဲသုံးစားပြု၍ ဖိအားပေးမှုရှောင်ကြဉ်ရန် မြန်မာသံအမတ်ကြီးပြော
ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာ မျက်နှာစာများ (International Platforms) ကို အလွဲသုံးစားပြု၍ မြန်မာနိုင်ငံအ ပေါ် ဖိအားပေးမှုများ လုံးဝရှောင် ကြဉ်ရန်လိုအပ်ကြောင်း ဂျီနီဗာ မြို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြော ကြားသည်။ ဂျီနီဗာမြို့၌ ဇူလိုင် ၁၂ ရက် က ကျင်းပပြီးစီးခဲ့သည့် ကုလလူ့ အခွင့်အရေးကောင်စီ (၄၁) ကြိမ်မြောက် အစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးကိုယ်စား ဒုတိယမဟာမင်း ကြီးက မြန်မာအရေးကို နှုတ်ဖြင့် အစီရင်ခံတင်ပြမှုအပေါ် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည်ရှင်းလင်းစဉ် ထိုသို့ထည့် သွင်းပြောကြားကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အရပ်သားကိုယ်စားလှယ်များ ကြိုးပမ်းနေဟု ဦးကိုကိုကြီးပြော
ဆိုင်းငံ့ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း စဉ် (JMC) များ ဆက်လက်အ ကောင်အထည်ဖော်နိုင်ရေး အ ရပ်သားကိုယ်စားလှယ်များ ကြိုး စားလုပ်ဆောင်နေကြောင်း ပြည် ထောင်စုအဆင့် JMC-U ဒုတိယ ဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးကပြော ကြားသည်။ ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက် က ဘားအံမြို့တွင် ပြုလုပ်သည့် ကရင်ပြည်နယ်ရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း စဉ်များ မိတ်ဆက်ရှင်းလင်းခြင်းအ ခမ်းအနား၌ အရပ်သားကိုယ်စား လှယ်လည်းဖြစ်သည့် ဦးကိုကို ကြီးက ယင်းသို့ထည့်သွင်း ပြော ကြားကြောင်း JMC က သတင်း ထုတ်ပြန်သည်။
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ၀န်ကြီးများရုံးကို အခမဲ့ သုံးရက်ဖွင့်လှစ်မည်
(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အာဇာနည်ခေါင်းဆောင် များ လုပ်ကြံခံခဲ့ရသည့် ၀န်ကြီး များရုံး (ယခင်အတွင်းဝန်ရုံး) ကို ဇူလိုင် ၁၉ ရက်ကစတင်၍ သုံး ရက်အခမဲ့ ဖွင့်လှစ်မည်ဖြစ်သည်။ ‘‘တိုင်းပြုပြည်ပြုလွှတ်တော် ထဲမှာ ပါလီမန်သမိုင်းခန်းမကို လေ့လာနိုင်မယ်။ သည့်အပြင် ကလေးပန်းချီများ၊ ပါလီမန်နဲ့ အရေးကြီးသော သမိုင်းအချက် အလက်များကို လေ့လာနိုင်မှာပါ’’ ဟု အနော်မာအနုပညာအဖွဲ့မှ ဦးမျိုးမင်းဝင်းကပြောသည်။
ကချင်နဲ့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ ရေဘေးသင့်

လူပွဲစားတွေ စွန့်ပစ်ခဲ့တဲ့ မြန်မာ ၅၀ ထိုင်း-မလေးနယ်စပ်မှာ အဖမ်းခံရ

မြန်မာကျပ်ငွေ တန်ဖိုးမာစေရန် ဆွစ်ဇာလန်၌ ရွှေပေါင်ထားမည့် သတင်း မမှန် မည်သည့်နိုင်ငံမှ ယင်းစနစ် အသုံးမပြုတော့ဟု ဗဟိုဘဏ် ဆို
မြန်မာကျပ်ငွေတန်ဖိုးမာစေရန် ဆွစ်ဇာလန်၌ ရွှေပေါင်ထားမည့် သတင်းသည် သတင်းအမှားကြီးသာဖြစ်၍ ရွှေစံ ချိန်စနစ်ကို မည်သည့်နိုင်ငံမျှ အသုံးပြုခြင်းမရှိ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။ အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ”မြန်မာကျပ်ငွေသည် စင်ကာပူဒေါ်လာပြီးနောက် ဒုတိယမြောက် ကမ္ဘာ့အဆင့်မီ ငွေကြေးဖြစ်လာတော့မည်”ခေါင်းစဉ်ဖြင့် ဖော်ပြထားသော မြန်မာကျပ်ငွေတန်ဖိုးမာစေရန် ဆွစ်ဇာလန်၌ ရွှေပေါင်ထားမည့်သတင်းအား မှန်ကန်ခြင်း ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာတွင် ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)