၁၅ ရက်အတွင်း ကမ္ဘာ့ရေနံဈေး ၁၃ ရာ ခိုင်နှုန်းကျော် ဆက်ကျခဲ့ပြီး ပြည်တွင်းစက်သုံးဆီဈေးများ နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၁၁၅ ကျပ်အထိ ပြန်ကျခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။ ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်း ကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်း ကျော် ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန် ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့် တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းမှစတင်၍ ပြန်လည် ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
Pages
Sunday, June 16, 2019
ချင်းပြည်နယ်ရှိ ကျောင်း ၂၂ ကျောင်း ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ လုံးဝမရှိခဲ့
နှစ်စဉ် အောင်ချက်အနိမ့်ဆုံးဒေသဖြစ်သည့် ချင်းပြည်နယ်သည် ယခုနှစ်တက္ကသိုလ် ၀င်စာမေးပွဲ၌ အောင်မြင်သူလုံး ၀မရှိခဲ့သည့်ကျောင်း ၂၂ ကျောင်း အထိရှိကြောင်း သိရသည်။ ယခုနှစ်၏တက္ကသိုလ်ဝင်စာ မေးပွဲ အောင်စာရင်းများကို ထုတ် ပြန်ခဲ့ရာ ကျောင်းသားကျောင်းသူ နှစ်သိန်းခြောက်သောင်းကျော် အောင်မြင်ခဲ့ပြီး ငါးသိန်းကျော်မှာ ကျရှုံးခဲ့ကြောင်း၊ ယင်းစာရင်းများ အရ အောင်ချက်အနိမ့်ဆုံးဒေသ အဖြစ် ဆက်လက်စာရင်းဝင်ခဲ့သော ချင်းပြည်နယ်တွင် ၀င်ရောက်ဖြေဆို သူ တစ်သောင်းကျော်ရှိခဲ့ပြီး ၂၁၁၀ ဦးသာ အောင်မြင် ခဲ့ကြောင်း၊ ချင်း ပြည်နယ်တွင် အခြေခံပညာအထက် တန်းကျောင်းနှင့် ကျောင်းခွဲ ၁၄၇ ကျောင်းထဲမှ ၂၂ကျောင်းမှာ အောင် မြင်သူလုံးဝ မရှိခဲ့ကြောင်း ချင်းပြည် နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ပျမ်းမျှ လူတစ်ဦးချင်း တစ်ပတ်လျှင် ပလတ်စတစ် ၅ ဂရမ်ခန့် စားမိနေကြ
ယနေ့ကမ္ဘာမှာ ပလတ်စတစ်ပျံ့နှံ့ညစ်ညမ်းနေမှုပြဿနာအလွန်ဆိုးရွားနေရာ ပျမ်းမျှအားဖြင့် လူတစ်ဦးချင်း တစ်ပတ်လျှင် ပလတ်စတစ် ၅ ဂရမ်ခန့် စားမိနေကြောင်း ဇွန် ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုရလဒ်တစ်ခုမှာ ဖေါ်ပြထားပါတယ်။ အဆိုပါလေ့လာမှုကို သြစတေးလျ နယူးကာဆယ်တက္ကသိုလ်က ပြုလုပ်ခဲ့ပြီး ပလတ်စတစ် ၅ ဂရမ် ဒြပ်ထုဟာ အကြွေးဝယ်ကတ်တစ်ကတ်စာ ဒြပ်ထုနဲ့ ညီမျှကြောင်း ဥပမာပေး ဖော်ပြထားပါတယ်။
အသက်မပြည့်သေးသော ကျောင်းသူ ၂၅ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စက်ရုံသူဌေး ကွပ်မျက်စီရင်ခံရ
တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၊ ခိုင် ဖုန်မြို့မှ ဂျုံမှုန့်လုပ်ငန်းပိုင်ရှင်ဖြစ်ပြီး ခိုင် ဖုန်ကုန်သည်များအသင်းဒုဥက္ကဋ္ဌလည်း ဖြစ်တဲ့ သူဌေးကြီးကျောက်ကျီယုံကို ကွပ် မျက်စီရင်ခဲ့ပြီဖြစ်ကြောင်း ခိုင်ဖုန်ပြည်သူ့ တရားရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူဌေးကြီးကျောက်ကျီယုံက အသက်မ ပြည့်သေးတဲ့ ကျောင်းသူ ၂၅ ဦးကို အဓမ္မ ပြုကျင့်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက သေဒဏ်စီရင်ချက်ချမှတ်ခံထားရကာ စီရင်ချက်အတိုင်း ကွပ်မျက်စီရင်ခံရတာ ဖြစ်တယ်လို့ တရုတ်အခြေစိုက်သတင်း တွေမှာ ဖော်ပြထားခဲ့ပါတယ်။
အိန္ဒိယနဲ့ မြန်မာပူးပေါင်းပြီး နာဂ လက်နက်ကိုင်အဖွဲ့တပ်စခန်းတွေကို ဖယ်ရှား
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မြန်မာနယ်စပ်ဒေသတစ်ဝှမ်းမှာ လှုပ်ရှားနေတဲ့ အိန္ဒိယလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်စခန်းတွေကို အိန္ဒိယနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲပြီး ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ြ မန်မာနိုင်ငံဘက်ခြမ်းမှာ တပ်စွဲထားတဲ့ နာဂအဖွဲ့ NSCN-K အပါအဝင် အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စခန်း အနည်းဆုံး ရှစ်ခုကို မြန်မာတပ်မတော်က မော်တာနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၀ ဝန်းကျင်လောက်ကို အိန္ဒိယစစ်တပ်က နယ်စပ်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုကားပြီး India Express သတင်းစာက ဖော်ပြပါတယ်။
ဖုန်းနဲ့ ဂိမ်းဆော့နေစဉ် အင်တာနက်ဖြတ်ခဲ့လို့ တစ်အိမ်လုံးကို အဆိပ်ခတ်သတ်ရန် ထိုင်းအမျိုးသားတစ်ဦးကြံစည်
ညဘက်ဂိမ်းဆော့နေစဉ် ပထွေးဖြစ်သူက အင်တာနက်မိုဒမ်းကို ပလက်ဖြုတ်ကာ အင်တာနက်ဖြတ်တောက်ပြီး ဂိမ်းဆော့နေတာကို တားမြစ်ခဲ့တဲ့အတွက် အသက် (၂၉)နှစ်အရွယ် ထိုင်းအမျိုးသားက တစ်အိမ်သားလုံးကို အဆိပ်ခတ်ဖို့ ကြံစည်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ဆီဆကတ်ခရိုင်ထဲမှာ ဇွန်လ ၁၅ရက် ညပိုင်းက အသက် (၂၉)နှစ်အရွယ် အမျိုးသားဟာ ညသန်းခေါင်အထိ ဖုန်းနဲ့ ကျယ်လောင်စွာဂိမ်းဆော့နေတာကြောင့် ပထွေးဖြစ်သူက ဂိမ်းဆော့တာကို ရပ်တန့်ဖို့ အင်တာနက်မိုဒန်းကို ပလက်ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
မြောက်ဥက္ကလာပ မြစေတီဘုရားဝင်းအတွင်း ပဒူကောင်များအသိုက်စွဲနေသဖြင့် ရှင်းလင်းခဲ့ရ

ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်သည့် အချိန်ရောက်မှသာ ရထားလက်မှတ်ခတိုးမြှင့်ကောက်ခံမည်
ခရီးသွားပြည်သူများကို ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်သည့် အချိန်ရောက်မှသာ ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး) မှ အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။ ခရီးသွားပြည်သူများ ရထားအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်လေတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

မဟာသန္တိသုခကျောင်းတော်ပိုင်ဆိုင်မှု ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် လန်ဒန်ဆရာတော်မိန့်ကြား
မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး အရေးတော်ပုံငါးနှစ်ပြည့် အခမ်းအနားမှတစ်ဆင့် ကျောင်းပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီအမြန်ဆုံးဖြေရှင်းပေးရေးတောင်းဆိုကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားခဲ့သည်။ လွန်ခဲ့သောငါးနှစ်ခန့်ကမဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး အား ပိုင်ဆိုင်မှုအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ညအချိန်မတော်တွင် ကျောင်းကို ဝင်ရောက်စီးနင်းချိပ်ပိတ်ခဲ့ပြီး ကျောင်းရှိသံဃာတော်များအား ဖယ်ရှားခဲ့သည်။
ယူနိုက်တက်လေကြောင်းလေယာဉ် ပြေးလမ်းအဆင်းတာယာကွဲ၍ ပြေးလမ်းချော်

အင်္ဂပူမြို့နယ်တွင် ပြိုကျစေတီတော်အတွင်းမှ ဆင်းတုတော် ၉၄ ဆူ တွေ့ရှိ

ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ကျောက်မျက်များ ပို့ဆောင်ပေးသူကို တာချီလိတ်သို့ ဖမ်းဆီးခေါ်ဆောင်လာကာ စစ်ဆေးမှုများ ပြုလုပ်နေ
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ တာချီလိတ် လေဆိပ်တွင် ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်ဖြင့် ပါရှိလာသည့် ပစ္စည်းများအား X-Ray စက်ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာက မအမ်း အမည်ဖြင့် ဖော်ပြ ပါရှိသည့် စက္ကူဖာအတွင်းမှ ပတ္တမြား နှင့် မဟူရာဟု ယူဆရသည့် ကျောက်အရိုင်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည့်အတွက် ပိုင်ရှင်ဖြစ်သူအား မြန်မာ့ကျောက်မျက်ရတနာဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
FLEET Mauritius International ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဖိုင်နယ်တက်လှမ်း
မြန်မာနိုင်ငံရဲ့ နာမည်ကြီးကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မောရစ်ရှနိုင်ငံမှာ ကျင်းပနေတဲ့ FLEET Mauritius International 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီးတော့ အမျိုးသမီးတဦးချင်းပွဲစဉ်မှာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဖိုင်နယ်အဆင့်မှာ ယှဉ်ပြိုင်ရမယ့် ကစားသမားကတော့ သက်ထားသူဇာထက် ကမ္ဘာ့အဆင့် ၂၄ ဆင့်မြင့်တဲ့ ဖင်လန်နိုင်ငံသူ အိုင်ရီမစ်ခီလာ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံတွင် လေယာဉ်ငယ်နှစ်စီးတိုက်မိမှု ဖြစ်ပွား ၊ လေယာဉ်မှူး ၂ ဦးစလုံးသေဆုံး
နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်း Masterton အနီးတွင် ဇွန် ၁၆ ရက်က လေယာဉ်ငယ်နှစ်စီး တိုက်မိမှုဖြစ်ပွားရာ လေယာဉ်မှူး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ လေယာဉ်နှစ်စီးတိုက်မိချိန်တွင် ကျယ်လောင်သည့် အသံကို ကြားလိုက်ရကြောင်း ၊ လေယာဉ် အပိုင်းအစများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး မီးများလောင်ကျွမ်းခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ဆိုသည်။ အဆိုပါလေယာဉ်နှစ်စီးသည် ၀ယ်လင်တန်လေဆိပ်သို့ အပြန် မြေပြင်ပေါ်သို့ ဆင်းသက်စဉ် လေယာဉ်ချင်းတိုက်မိခြင်းဖြစ်ကြောင်း အခြားမျက်မြင်သက်သေတစ်ဦးကဆိုသည်။
ခိုးယူခံရသည့် ကမ္ဘာ့တတိယအကြီးဆုံး ကုန်းလိပ်အမျိုးအစား ဗိုလ်တစ်ထောင်ဘုရားတွင် ပြန်တွေ့
လေလွင့်ခွေးပြဿနာ ဘယ်လိုအဖြေရှာ
ရန်ကုန်မြို့နှင့် မိုင် ၂၀ ခန့် ဝေးသော ပဲခူးရိုးမအစပ်ရှိ နှစ်ဧကကျော်ကျယ်သည့် ခြံဝင်းတစ်ခုအရှေ့ သို့ သူစိမ်းတစ်ဦး ရောက်သည်နှင့် ရာနှင့်ချီသော ခွေးများစွာ၏ အဆက်မပြတ် ထိုးဟောင်သံများ ကို ကြားလိုက်ရသည်။ အုတ်တံတိုင်းဖြင့် လုံခြုံစွာ ကာရံကာ သံပန်းတံခါးတပ်ဆင် ထားသည့် ထိုခြံဝင်းမှာ တိရစ္ဆာန် အထူးကုဆရာဝန် ဒေါက်တာနေ လင်းထွန်းက လမ်းဘေးခွေးများ ကို စောင့်ရှောက်ပေးနေသည့် EART အမည်ရှိ ဂေဟာဖြစ်သည်။ ခြံဝင်းအတွင်းသို့ သူစိမ်း ဧည့်သည်များ ဝင်ရောက်ပါက ဟောင်နေသော ခွေးများမှာ ယင်း သူစိမ်းအနီးသို့ အလုအယက်တိုးကပ်ကြသည်။
ဘဏ္ဍာသိမ်း ကျပ်သိန်း ၂,၅၀၀ ကျော်ကို ဇူလိုင် ၁ ရက် ထီဖွင့်ပွဲ၌ ဆုမဲအဖြစ် ထည့်သွင်းမည်
ဇူလိုင် ၁ ရက်တွင် ဖွင့် လှစ်မည့် အောင်ဘာလေထီတွင် ဘဏ္ဍာသိမ်းငွေ ကျပ်သိန်း ၂,၅၀၀ ကျော်ကို ဆုမဲအဖြစ် ထည့်သွင်း ဖွင့်လှစ်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူးဦးကျော်သန့်လွင်ကပြောသည်။ ထီကံစမ်းပြီး ကံထူးသူများ လာရောက်ထုတ်ယူခြင်းမရှိသည့်ဆုငွေများကို နိုင်ငံ့ဘဏ္ဍာအဖြစ် အပြည့်အ၀သိမ်းယူခဲ့ရာမှ ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန်ထီ (၅)ကြိမ်မြောက်ကစ၍ ဆုငွေအဖြစ် ပြန်လည်ထုတ်ပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
ရုရှားက ကမ္ဘာ့အမြန်ဆုံးဒုံးကျည်ကို အောင်မြင်စွာပစ်ခတ်စမ်းသပ်နိုင်ခဲ့

လူအချို့အသတ်ခံရသဖြင့် လန်ဒန်မြို့တော်ဝန်အား မကောင်းဆိုးဝါးဟု ထရမ့်ပြော
လန်ဒန်မြို့တော်မှာ လူအချို့ အသတ်ခံရပြီးနောက် မြို့တော်ဝန် ဆာဒစ်ခန်းအား မကောင်းဆိုးဝါးလို့ အမေကန်သမ္မတထရမ်က ခေါ်ဝေါ်သမုတ်လိုက်ပါတယ်။ ဗြိတိန်မြို့တော် လန်ဒန်မှာ နာရီ ၂၀ အတွင်း လူ ၃ ယောက် အသတ်ခံရအပြီးမှာ ထရမ့်က လန်ဒန်မြို့တော်ဝန်ကို တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ မေ ၁၅ ရက်နေ့က ခုလို ပြောလိုက်တာပါ။ လက်ယာယိမ်း ရုပ်သံသတင်း အစီရင်ခံသူ ကေတီ ဟော့ပ်ကင်းက လန်ဒန်ကို ဓားထိုးမှု မြို့လို့ ရေးခဲ့တဲ့ တွစ်တာပေါ်က စာကို ထရမ့်က ထပ်ဆင့်မျှဝေရင်း ဒါဟာ ခန်းရဲ့ လန်ဒန်နစ္စတန်ပဲ လို့ ရေးပါတယ်။
အကောင် ၂ သန်းတွင် တကောင်သာမြင်တွေ့ရနိုင်သည့် အပြာရောင်ပုစွန်

တပ်မတော်က နယ်ပယ်ပေါင်းစုံတွင် အတွေ့အကြုံရှိပြီး ပညာရှင်များလည်းရှိဟု ကာချုပ်ပြော
တိုင်းပြည်ရဲ့ လိုအပ်ချက်အရ တပ်မတော်အနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုး မွေးမြူရေးနဲ့ သက်သာချောင်ချိရေးလုပ်ငန်းတွေကအစ နယ်ပယ်ပေါင်းစုံမှာ လုပ်ကိုင်တဲ့ အတွေ့အကြုံတွေ ရှိသလို ပညာရှင်တွေလည်း ရှိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြောကြားခဲ့တာလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဘဝမှတ်တိုင်တစ်ခုကို ထပ်ပြီး စိုက်ထူနိုင်ခဲ့တဲ့ ဟန်တီ

KIA ကို လီဆူ တိုင်းရင်းသားအဖွဲ့ ရှုတ်ချ
သြစတြေးလျနိုင်ငံရောက် လီဆူတိုင်းရင်းသားများ အစည်းအရုံးက ကချင်ပြည်နယ်မှာ နေထိုင်တဲ့ သူတို့ လီဆူ လူမျိုးတွေကို KIA ကချင်လွတ်မြောက်ရေးတပ်မတော်က သတ်ဖြတ်နေတယ်ဆိုပြီး ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစ်စောင်ကို ဇွန်လ ၁၅ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ KIA က လီဆူတိုင်းရင်းသား သုံးဦးကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က သတ်ဖြတ်ပြီးနောက် နစ်နာကြေးအဖြစ် တစ်ဦးကို ကျပ်သိန်း ၁၅ဝ နှုန်းပေးခဲ့ပေမယ့် ဝမ်းနည်းကြောင်း တစ်လုံးတစ်ပါဒမျှ ပြောဆိုခဲ့ခြင်း မရှိသလို နောက်နောင် ဒီလို ထပ်မံဖြစ်ပွားမှုမရှိအောင် ကတိပေးခြင်းလည်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
ဗြိတိန်သံအမတ် အီရန်နိုင်ငံခြားရေးရုံးက ဆင့်ခေါ်
အိုမန် ပင်လယ်ကွေ့မှာ ရေနံတင် သဘောင်္နှစ်စင်း တိုက်ခိုက်ခံရမှုအတွက် အီရန်ကို ဗြိတိန်ဘက်က အပြစ်တင်လိုက်ပြီးနောက်မှာတော့ အီရန်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးကို စနေနေ့မှာ အီရန် အစိုးရက ဆင့်ခေါ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် ISNA သတင်းအေဂျင်စီက ဖော်ပြပါတယ်။ အီရန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု အတွင်းမှာတော့ အိုမန် ပင်လယ်ကွေ့ တိုက်ခိုက်ခံရမှု အရေးနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ လုပ်ရပ်က လက်ခံနိုင်စရာ မရှိဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စွပ်စွဲချက်ကို တခြား ဘယ်နိုင်ငံကမှ မထောက်ခံဘဲ ဗြိတိန်က ထောက်ခံခဲ့တယ်လို့ ISNA က သတင်းထုတ်ပါတယ်။
အနုပညာရှင်တွေအသုံးချခံရတဲ့အကြောင်း ရင်ဖွင့်ပြောကြားတဲ့ မက်ဒေါနား
သမ္မတမွန်ဂျေအင်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ ဂျောင်ဂျေအင်
ဂျပန်နှင့်ပွဲတွင် ဆန်းချက်ဇ် ပါဝင်လာနိုင်
တိုက်စစ်မှူး အ လက်ဆစ်ဆန်းချက်ဇ်သည် ခြေ ချင်းဝတ်ဒဏ်ရာ ပြဿနာမှ ပြန်ကောင်းလာကာ ဂျပန်နှင့်ကစားမည့် ကိုပါအမေရိကပွဲတွင် ပါဝင်လာနိုင်သည်ဟု ချီလီနည်းပြ ရိုင်နယ်ဒိုရူဒါက ပြောသည်။ ဆန်းချက်ဇ်သည် ၄၁ ဂိုးဖြင့် ချီလီထိပ်တန်းဂိုးသွင်းရှင်ဖြစ် ပြီး ကိုပါအမေရိက နောက်ဆုံးနှစ် ကြိမ်ဗိုလ်စွဲရန်အသင်းကို ကူညီ ခဲ့သည်။ သို့သော် ကြံ့ခိုင်မှုပြည့်ဝ ချိန်တွင် အရန်ခုံရောက်ရှိခဲ့ သော မန်ယူ၌ စိတ်ပျက်စရာ ရာသီဖြတ် သန်းခဲ့သည်။
ဥရုဂွေးနှင့် အီကွေဒေါ၊ ပါရာဂွေးနှင့်ကာတာတို့ တွေ့ဆုံမည့် ကိုပါအမေရိကပွဲစဉ်များ
ဘရာဇီးနိုင်ငံ၌ ကျင်းပနေသော ကိုပါအမေရိက ပြိုင်ပွဲ အုပ်စုပွဲစဉ်များ၌ ယခုည၁ နာရီ မိနစ် ၃၀ တွင် ပါရာဂွေး နှင့် ကာတာ ကစားမည်ဖြစ်ကာ ဇွန်လ ၁၇ ရက် နံနက် ၄ နာရီမိနစ် ၃၀ ၌ ဥရုဂွေးနှင့် အီကွေဒေါတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပါရာဂွေးအနေဖြင့် အုပ်စုအခြားပွဲစဉ်များတွင် အာဂျင်တီးနား၊ ကိုလံဘီယာတို့နှင့် ကစားရန်ရှိရာ နောက်တစ်ဆင့်တက်နိုင်ရေး ကာတာကို မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သည်။
ကိုပါအမေရိကဖွင့်ပွဲတွင် ဘိုလစ်ဗီးယားကို ဂိုးပြတ်နိုင်သော်လည်း ဘရာဇီးအသင်းကို ပရိသတ်များလှောင်ပြောင်
ကိုပါအမေရိက ဖလားပြိုင်ပွဲဖွင့်ပွဲတွင် ဘိုလစ်ဗီး ယားကို သုံးဂိုးပြတ်အနိုင်ရသော် လည်း ဘရာဇီးသည် အသင်းပရိ သတ်များ၏ လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ ဘရာဇီးနိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပနေသည့် ကိုပါ အမေရိကဖလားပြိုင်ပွဲတွင်အုပ်စု (A) အဖွင့်ပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားနှင့်ပွဲ၌ ဒုတိယပိုင်းရောက်မှ ဘရာဇီးအတွက် ဘာစီလိုနာကစားသမားကော်တင်ဟိုက ပင် နယ်တီ တစ်လုံးအပါအဝင် နှစ်ဂိုးနှင့် အဲဗာတန်ဆိုယာရက်စ်က တစ်ဂိုးသွင်းယူပေးခဲ့သည်။
စိတ်ကြွဆေးပြားသိန်းချီ ဝင်ရောက်နေသည့် ရခိုင်ပြည်နယ်တွင် X-ray စက်နှင့် ကုန်တင်ယာဉ်ရပ်နားစခန်းများဖြင့် စစ်ဆေးရန် ပြည်ထောင်စုအစိုးရသို့ တင်ပြ
စိတ်ကြွဆေးပြားသိန်း ချီဝင်ရောက်နေသည့် ရခိုင် ပြည်နယ်ရှိဂိတ်များ၌ X-ray စက် များနှင့် ကုန်တင်ယာဉ်ရပ်နားစ ခန်းများဖြင့် စစ်ဆေးရန် ပြည် ထောင်စုအစိုးရသို့ ပြည်ထဲရေး ဝန်ကြီးဌာနက တင်ပြခဲ့သည်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ‘‘ပြည် ထောင်စုက စီစဉ်ရမှာပေါ့။ ပြည် ထဲရေးကနေ ပြည်ထောင်စုကို ဆောင်ရွက်ပေးဖို့အတွက်တော့ အဆင့်ဆင့်တင်ပြဆောင်ရွက်နေ တယ်လို့တော့ သိရတယ်ဗျ’’ ဟု ပြောသည်။
နတ်ပူး၍ ရွှေအတုများပေးကာ ကျပ်သိန်း ၃၀၀ လိမ်လည်ရယူခဲ့သည်ဆိုသူကို အမှုဖွင့်စစ်ဆေးနေ

အစိုးရသက်တမ်းသုံးနှစ်အတွင်း ပြည်သူနှင့်တွေ့ဆုံမှု အားနည်းဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၀န်ခံ
လက်ရှိအစိုးရလက်ထက် မီဒီယာအပေါ် တရားစွဲဆိုမှု ၃၆ မှုရှိဟု အသံအဖွဲ့ထုတ်ပြန်
ဒီချုပ်အစိုးရလက်ထက် တွင် သတင်းမီဒီယာများအပေါ် တရားစွဲဆိုမှု ၃၆ မှုရှိပြီး သတင်း သမား ၅၂ ဦး တရားရင်ဆိုင်နေ ရကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့အသံ က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန် သည်။ လက်ရှိတွင် မတရားအ သင်းအက်ဥပဒေပုဒ်မ ၁၇ (၂) ဖြင့် တရားစွဲခံရသည့် ရခိုင်အခြေ စိုက် Development Media Group (DMG) မီဒီယာ၊ ဧရာဝ တီ၊ RFA စသည့် သတင်းမီဒီယာ များ တရားစွဲခံနေရပြီး Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်း အပါအဝင် အခြားသတင်းသမား များလည်း တရားရင်ဆိုင်နေရ ကြောင်း အသံအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုဆောင်းခက ပြော သည်။
ဇင်းကျိုက်ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
မွန်ပြည်နယ် ပေါင် မြို့နယ် ဇင်းကျိုက်ရေတံခွန်တွင် ရေကစားသူအမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဇင်းကျိုက် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ရဲလင်းနောင်က ပြောသည်။ေ ပါင်မြို့နယ်နေ အသက် (၂၅)နှစ်အရွယ် ကိုသီဟမင်း(ခ)မိုးဒီသည် ဇင်းကျိုက်ရေတံခွန်ရှိ အကျယ် ပေ ၄၀၊ အနက် ငါးပေရှိ ရေကူးကန်အတွင်း ရေဆင်းကူးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ငွေ နှစ်ခု ရရှိ
တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှပိုက်ကျော်ခြင်း ချန်ပီယံရှစ် ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်းက ငွေတံ ဆိပ် နှစ်ခု ဆွတ်ခူးခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပခဲ့ပြီး မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်းအ သင်းက သုံးယောက်တွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ နှစ်ခု၌ ၀င်ရောက်ယှဉ်ပြိုင်ပြီး ငွေတံဆိပ် တစ်ခုစီ ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
မြန်မာလိဂ်-၂ တွင် ချင်းအသင်း အမှတ်ပေးဇယားထိပ်ဆုံးရောက်လာ
မြန်မာလိဂ်-၂ ပွဲစဉ် (၈) အပြီးတွင် အားကာသိပ္ပံနှင့် ချင်းအသင်းတို့ ရမှတ် ၁၇ မှတ်စီတူညီနေသော်လည်း ဂိုးကွာခြား ချက်သာသည့် ချင်းအသင်းက အမှတ်ပေးဇယားကို ဦးဆောင် ထားသည်။ ပွဲစဉ်(၇) အပြီးတွင် အမှတ်ပေးဇယားကို အားကာသိပ္ပံအ သင်းက ဦးဆောင်ထားသည်။ သို့သော် ပွဲစဉ်(၈)တွင် အားကာသိပ္ပံအသင်းက ချင်းအသင်းကို ရှုံးနိမ့်သဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို လွှဲပြောင်း ပေးခဲ့ရသည်။ အားကာသိပ္ပံ အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ပထမဆုံး ရှုံးပွဲကြုံတွေ့ခြင်း ဖြစ်သည်။
MIU ဖူဆယ်အသင်း ခြေစမ်းပွဲ၌ ထိုင်းကလပ် ဟောင်ရန်းတာကန်ကို ရှုံးနိမ့်
အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲအကြို ယှဉ်ပြိုင်သည့် ခြေစမ်းပွဲတွင် မြန်မာဖူဆယ်ကလပ် MIU အသင်းသည် ထိုင်းဖူဆယ်လိဂ်ကလပ် ဟောင်ရန်းတာကန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဇွန်လ ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်သည့် ယင်းခြေစမ်းပွဲသည်အကြိတ် အနယ်ဖြစ်ခဲ့ပြီး MIU အသင်းကပထမပိုင်းတွင် ဦးဆောင်ဂိုးသွင်း ယူသော်လည်း ဒုတိယပိုင်း၌ ဟောင်ရန်းတာကန်အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးသွင်းယူကာ အနိုင်ရခဲ့သည်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားသမက်ကွယ်လွန်၍ မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ဒေါ်အောင်ဆန်းစုကြည်စာပို့
တစ်သျှူးငှက်ပျောစိုက်ခင်းများအတွင်း ဓာတုဆေးသုံးစွဲမှုရှိ၊ မရှိ စစ်ဆေးနေ၊ ရလဒ်ကို ပြည်ထောင်စုအစိုးရသို့ တင်မည်
ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းခွင်များ၌ အန္တရာယ်ရှိ ဓာတုဆေးဝါးသုံးစွဲမှုရှိ၊ မရှိ အမျိုး သားလွှတ်တော်စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးကော်မတီက ကွင်းဆင်း စစ်ဆေးနေပြီး စစ်ဆေးမှုအခြေအ နေကို ပြည်ထောင်စုအစိုးရထံသို့ တင်ပြမည်ဖြစ်သည်။ တစ်သျှူးငှက်ပျောအများအ ပြား စိုက်ပျိုးထားသော ၀ိုင်းမော် နှင့် မိုးမောက်မြို့နယ်အပါအ၀င် ဒေသတွင်းရှိ တစ်သျှူးငှက်ပျော စိုက်ခင်းများကို ဇွန်လ ၁၄ ရက် က စတင်ကွင်းဆင်းစစ်ဆေးနေ ကြောင်း ကော်မတီဝင် ဒေါက်တာ ခွန်ဝင်းသောင်းနှင့် ဦးစောယှား ဖောင်အွာက ပြောသည်။
မြန်မာ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို ထောက်ခံမည်ဟု အီးယူထပ်မံအတည်ပြု အထူးကုန်သွယ်မှုအခွင့်အရေးကို စောင့်ကြည့်နေပြီး ဆက်လက်ဆွေးနွေးမည်
ဥရောပသမဂ္ဂ(အီးယူ) သည် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ချက်များအပေါ် ခိုင်မာစွာဆက် လက်ထောက်ခံမည်ဖြစ်ကြောင်း ဇွန်လ ၁၄ ရက်တွင် အတည်ပြု သည်။ အီးယူက မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့် အထူးကုန် သွယ်မှုအခွင့်အရေး (EBA)များ နှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်နေပြီး ပဉ္စမအကြိမ် မြန်မာ-အီးယူ လူ့ အခွင့်အရေးဆွေးနွေးပွဲအဖြစ် ဇွန်လ ၁၄ ရက်က နေပြည်တော် ၌ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေး ပွဲအပြီး ပူးတွဲသတင်းထုတ်ပြန် ချက်ကို ယမန်နေ့က ကြေညာရာ ထိုသို့ထည့်သွင်းဖော်ပြသည်။
ဝင်ခွင့် တိုက်ရိုက်ခေါ်ယူမည့် တက္ကသိုလ်သုံးခု ထပ်တိုး ဝင်ခွင့်တိုက်ရိုက် လျှောက်ရမည့် တက္ကသိုလ် ၁၄ ခုရှိလာ
ယခုနှစ်တွင် ဝင်ခွင့်တိုက်ရိုက်ခေါ်မည့် တက္ကသိုလ်သုံးခု ထပ်တိုးထားပြီး တိုက်ရိုက်ဝင်ခွင့် လျှောက်ရမည့် တက္ကသိုလ် ၁၄ ခုဖြစ်လာကြောင်း အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ အောင် အောင်မင်းက ပြောသည်။ြ မန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)၊ ရန်ကုန်ကွန်ပျူ တာတက္ကသိုလ်တို့ကို ဝင်ခွင့်တိုက် ရိုက်ခေါ်ယူမည့် တက္ကသိုလ်များအဖြစ် ထပ်တိုးထားခြင်းဖြစ် သည်။
ဖိုးသော်က အင်ဒိုနီးရှားနိုင်ငံသားကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ယူ
တရုတ်နိုင်ငံ၌ ယမန်နေ့က ကျင်းပသည့် MMA(One Championship) ပြိုင်ပွဲတွင် မြန်မာကစားသမား ဖိုးသော်က အင်ဒိုနီးရှားနိုင်ငံသား ဗစ်တိုရီယို ဆန်ဒက်ကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ Legendary Quest အမည်ဖြင့် ပြုလုပ်သည့် ယင်းပြိုင်ပွဲ ကို ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြီး ဖိုးသော်သည် ဖယ်သာဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် အင်ဒိုနီးရှားနိုင်ငံသား ဗစ်တိုရီယိုဆန်ဒက်နှင့် ထိုးသတ်ခဲ့သည်။ ယင်းပွဲတွင် ဖိုးသော်သည်လက်သီးချက်နှင့် ချုပ်ကွက်ကို အားပြုယှဉ်ပြိုင်ပြီး ဆန်ဒက်က ၎င်းအားသာသည့် ခြေကန်ချက်များဖြင့် ပြန်လည်ခုခံခဲ့သည်။
ကျောက်မျက်အချောထည်များ လမ်းကြောင်းကန့်သတ်ချက်မရှိ ပြည်ပသို့ တင်ပို့နိုင်မည့် အရောင်းစင်တာငါးခု ဖွင့်လှစ်မည်
ပြည်ပတင်ပို့နေ သည့် ကျောက်မျက်အချောထည် လုပ်ငန်းများ ပိုမိုအဆင်ပြေ အား ကောင်းလာစေရန် ကျောက်မျက် အရောင်းစင်တာ (GTC-Gems Trade Center)များကို မြို့ငါးမြို့တွင် ဖွင့်လှစ်မည်ဟု ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူက 7Day Daily သတင်းစာအား ပြောသည်။ ‘‘ရှေ့နေချုပ်ရုံးကလည်း စိစစ်ပြီးပြီ။ အခုအစိုးရအဖွဲ့ကလည်း သဘောတူပြီးပြီ။ ဒါပေမဲ့ အသေးစိတ်လုပ်ရမယ့်အချက်တွေကို ညှိနှိုင်းနေတာ။ နောက်ဆုံးအဆင့်ရောက်နေပြီ။ မှန်းတာကတော့ခုတစ်လ၊ နှစ်လနေရင် ဖွင့်နိုင်ပြီ’’ ဟု ဦးမင်းသူက ဆိုသည်။
အိန္ဒိယအစိုးရက ပဲစင်းငုံတန်ချိန်နှစ်သိန်း ထပ်မံတင်သွင်းခွင့်ပြု
ပြည်ပမှ ပဲစင်းငုံတန်ချိန် နှစ်သိန်းထပ်မံတင်သွင်းရန် အိန္ဒိ ယအစိုးရက ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦး မင်းကိုဦးက ပြောသည်။ အိန္ဒိယနိုင်ငံအတွင်း စားသုံး ရန်လိုအပ်ချက်ကြောင့် ၂၀၁၈- ၁၉ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံတန် ချိန်နှစ်သိန်း၊ မတ်ပဲနှင့်ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲကို ပြည်ပမှ တင်သွင်းရန် အိန္ဒိယအစိုးရက ဧပြီလက ခွင့်ပြုပေးခဲ့သည်။ သို့ သော် လိုအပ်ချက်များခြင်း ကြောင့် ဇွန်လတွင် ပဲစင်းငုံတန် ချိန်နှစ်သိန်းထပ်မံတင်သွင်းရန် ကြေညာပြီး စုစုပေါင်းတန်ချိန် လေးသိန်းကို အောက်တိုဘာ နောက်ဆုံးထားတင်သွင်းရန် ကြေညာချက်တွင် ဖော်ပြထား သည်။
ရေကူးအဖွဲ့ချုပ်ကို ဆန္ဒထုတ်ဖော်မည့်အစီအစဉ် အားကာဝန်ကြီးညှိနှိုင်းပေး၍ ရပ်ဆိုင်း
ပဏာမလက်ရွေးစင် ရေကူးကစားသမား ရွေးချယ်မှုအ ပါအ၀င် ရေကူးအဖွဲ့ချုပ်ကို မကျေနပ်မှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ညှိနှိုင်းမှုကြောင့် ရပ်ဆိုင်းခဲ့ ကြောင်း ကစားသမားမိဘဒေါ်ဇာဇာထွန်းက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပဏာ မလက်ရွေးစင်နှင့် မျိုးဆက်သစ် ကစားသမားရွေးချယ်မှု၊ နည်းပြ သစ်ခန့်အပ်မှုနှင့် အမျိုးသားရေ ကူးကန် အသုံးပြုခွင့်များနှင့် ပတ် သက်၍ ရေကူးအဖွဲ့ချုပ်နှင့်ကစား သမား မိဘတို့ကြား အငြင်းပွားမှု များ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ စီ မံမှုအတိုင်း လေ့ကျင့်ခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သည့် က စားသမား ၃၈ ဦးကို ပဏာမလက် ရွေးစင်နှင့် မျိုးဆက်သစ်ကစားသ မားများအဖြစ်မှ ရပ်စဲကြောင်း ဇွန်လ ၁၂ ရက်စွဲဖြင့် အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။
မြောက်ဦးမြို့နယ်တွင် AA ဟု သံသယရှိသူ ၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်ပြော စစ်ဘေးရှောင်ဒုက္ခသည်များ ပါဝင်ပြီး ပြန်လွှတ်ပေးစေလိုကြောင်း ဒေသခံများဆို
ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) အဖွဲ့ဝင်များဟု သံသ ယရှိသည့် မြောက်ဦးမြို့နယ်အ တွင်းမှ ဒေသခံ၂၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တပ်မ တော်သတင်းမှန် ပြန်ကြားရေးအ ဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ အဆိုပါ ၂၅ ဦးကို မြောက် ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေး ရွာအနီးတွင် ဇွန်လ ၁၃ ရက် က ဖမ်းဆီးရမိပြီး ကျောက်တော်မြို့ ရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု ၎င်းကပြောသည်။ ယင်းရွာအနီး တွင် တပ်မတော်နှင့် AA တို့ ၁၃ ရက် နံနက်မှ နေ့လယ်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေတွင် ဖမ်းမိခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကဆိုသည်။
အကယ်ဒမီဆုရှင် ကိုးဦး အားပြိုင်ထားတဲ့ ‘နှစ်ပတ်အလို’ဇာတ်ကား
‘နှစ်ပတ်အလို’ ရုပ်ရှင် သည် ၎င်းကိုယ်တိုင်ရေးသား သည့် ၀တ္ထုကိုရိုက်ကူးခြင်းဖြစ်ပြီး အကယ်ဒမီဆုရှင် ကိုးဦး၏ အားပြိုင်မှု မြင်တွေ့ရမည်ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။ ‘‘ဒီကားရိုက်တဲ့ အချိန်တုန်း က ကျော်ကျော်ဗိုနဲ့ အေးမြတ်သူ အကယ်ဒမီမရသေးပါဘူး။ ဒါပေ မဲ့ ဒီကားရုံတင်မယ့်နှစ်မှာ တစ်နှစ် တည်း၊ တစ်ပြိုင်တည်း အကယ်ဒ မီရခဲ့တဲ့အတွက် ဒီဇာတ်ကားက ကျွန်တော်အပါအ၀င် အကယ်ဒမီကိုးလက်လို့ပြောလို့ ရပါတယ်’’ ဟု ၎င်းကပြောသည်။
ရုပ်ရှင်နှစ် (၁၀၀)ပြည့် အကြို အလှူအတန်းများ ပြုလုပ်မည်
၂၀၂၀ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် ရုပ် ရှင်နှစ် (၁၀၀)ပြည့် အကြိုအနေ ဖြင့် မြန်မာ့ရုပ်ရှင်အစည်းအရုံး က ဦးဆောင်မတည်၍ အလှူအတန်းများ ပြုလုပ်ရန်ရှိကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင် ၀ိုင်းက ပြောသည်။ ‘‘ရေရှားပါးတဲ့ နေရာတွေ မှာ သောက်သုံးရေကန်တွေကို လစဉ် လှူဒါန်းသွားဖို့ ရှိပါတယ်။ အဲဒါကိုလည်း မေတ္တာသင်္ဂဟအ ဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံးတို့ ပူး ပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်။ နောက်နှစ်ဧပြီ သင်္ကြန် အပြီး နှစ်ဆန်း ၁ ရက်မှာ ရုပ်ရှင် လောကသူ၊ လောကသားများနဲ့ သူတို့ရဲ့သားသမီးများဖြစ်ကြတဲ့ ကလေးများ အားလုံးရှင်အပါး ၁၈၀၊ ရဟန်းရော၊ သီလရှင်ရော ပေါ့နော်။ အားလုံးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ယူ ပြီး ရဟန်းခံပေးမှာ ဖြစ်ပါတယ်။
ဒေါက်တာလဲ့လဲ့မော် တာဝန်ယူစဉ် အပ်နှံထားသည့်ငွေစာရင်းအချို့ကို စစ်ဆေးရန် ဗဟိုဘဏ်ကပိတ်သိမ်းထားဟု တိုင်းဝန်ကြီးချုပ် ပြော
ဒေါက်တာလဲ့လဲ့မော် ၀န်ကြီးချုပ်တာဝန်ယူစဉ်က CB နှင့် ကမ္ဘောဇဘဏ်တွင်အပ်နှံထား သည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ် သက်သော ငွေစာရင်းများကို စုံစမ်းစစ်ဆေးရန် ဗဟိုဘဏ်က ပိတ်သိမ်းထားကြောင်း တနင်္သာ ရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က ယမန်နေ့တွင် 7Day Daily သ တင်းစာအား ပြောသည်။ ‘‘သေချာတော့ မသိသေး ဘူး။ ဖွံ့ဖြိုးရေးအတွက် ထည့် ထားတဲ့ အကောင့်တွေကို ပိတ် ထားတယ်ပြောတယ်။ ပိုက်ဆံက သိပ်မကျန်တော့ဘူး။ သိန်းရာဂ ဏန်းလောက်ပဲကျန်တော့တယ်’’ ဟု ၎င်းက ဆိုသည်။
မြန်မြန်လာပါ အမှန်တရား
နေပြည်တော်က မူကြိုကျောင်း သူ ကလေးငယ်တစ်ဦးပြီးခဲ့တဲ့လ အတွင်းက မဖွယ်မရာပြုကျင့်ခံခဲ့ရ တဲ့ ဖြစ်စဉ်ကို အားလုံးသတိပြုမိ ကြပါလိမ့်မယ်။ အသက် (၂)နှစ်နဲ့ ၁၁ လသာရှိသေးတဲ့ အဲဒီကလေးငယ် ဟာ နေပြည်တော် သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက် နေသူဖြစ်ပြီး မေလ ၁၆ ရက်နေ့ က မဖွယ်မရာပြုကျင့်ခံခဲ့ရတာပါ။ အဲဒီလိုပြုကျင့်ခံရတာကို မိခင်ဖြစ် သူက သတိပြုမိခဲ့ပြီးနောက် အမှု ဖွင့်ခဲ့ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ပါတယ်။
စည်းကမ်းဖောက်၍ လိုင်စင်ယာယီရုပ်သိမ်းခံရသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၂ ခုရှိ
စည်းကမ်းချိုးဖောက် သည့် ပြည်ပအလုပ်အကိုင်အေ ဂျင်စီ ၂၂ ခုကို အလုပ်သမားစေ လွှတ်ခွင့် လိုင်စင်ယာယီရုပ်သိမ်း အရေးယူထားကြောင်း အလုပ်သ မားညွှန်ကြားရေးဦးစီးဌာန တာ ၀န်ရှိသူတစ်ဦးက ပြောသည်။ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများ လိုက်နာ ရမည့်စည်းကမ်းများကို ထုတ်ပြန် ထားသော်လည်း ယင်းအေဂျင်စီ များသည် သတ်မှတ်ချက်နှင့်ကိုက် ညီခြင်းမရှိဟု စစ်ဆေးတွေ့ရှိသ ဖြင့် အရေးယူရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများ မဟာမိတ်ဖွဲ့စည်း

ကောလင်းမြို့နယ်ဥမှင်ကုန်းကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွားရာ လူသတ်တရားခံအား နာရီပိုင်းအတွင်းဖမ်းမိခဲ့

မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၈၂၅၀ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုဆေးဝါးများ သိမ်းဆည်းရမိ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျ၊ လေယာဉ်မှူး ၂ ဦးသေဆုံး
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ခန်ဟွာပြည်နယ်တွင် ဇွန်လ ၁၄ ရက်က ပျံသန်းမှုလေ့ကျင့်ခန်း ပြုလုပ်စဉ် စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။ အဆိုလေယာဉ်က ကမ်လမ်ခရိုင်၊ ဆွယ်တန်ရပ်ကွက်တွင် ပျက်ကျပြီးနောက် မီးလောင်သွားခဲ့ကြောင်း အများပြည်သူဆိုင်ရာ ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ ငုယင်ငွက်ခွီ (Nguyen Ngoc Khue) ၏ ပြောကြားချက်အား ကိုးကား၍ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဒိန်းမတ်ကြောင့် ဥရောပ လက်ဝဲပါတီတွေ လူဝင်မှုဟန့်တားရေးကို ဆွေးနွေးမည်
ဒိန်းမတ် နိုင်ငံက ဆိုရှယ်ဒီမိုကရက်တွေ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကြောင့် ဥရောပတိုက်က အဓိက လက်ဝဲပါတီတွေ အတွင်းမှာ တင်းကြပ်တဲ့ လူဝင်မှု ကြီးကြပ်ရေးမူဝါဒကို ကျင့်သုံးမလားဆိုပြီး ဆွေးနွေးငြင်းခုံလာကြပါတယ်။ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက် လက်ဝဲပါတီက ပိုပြီးတင်းကြပ်တဲ့ လူဝင်မှု ကြီးကြပ်ရေး ကို လုပ်မယ်လို့ ပြောပြီး ပါလီမန် ရွေးကောက်ပွဲမှာ နေရာအများစု ရလာခဲ့တာပါ။ ဥပဒေပြု လွှတ်တော် နေရာ ၁၇၉ နေရာမှာ ၉၁ နေရာ ဆိုရှယ်ဒီမိုကရက်ဦးဆောင်တဲ့ မဟာမိတ်တွေက အနိုင်ရခဲ့တဲ့အတွက်လည်း အသက် ၄၁ နှစ်ပဲ ရှိသေးတဲ့ Mette Frederiksen ဟာ ဒိန်းမတ် သမိုင်းမှာ အသက် အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။
ရခိုင်ပြည်နယ်မှ တိုက်ပွဲ ဖြစ်ပွားရာနေရာတစ်ချို့တွင် မြုပ်နှံထားရာမှပေါ်ထွက်လာသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများတွေ့ရှိ
ရခိုင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာ မင်းပြားမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မြုပ်နှံထားရာမှ လက်၊ ခြေထောက်စသည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ ပေါ်ထွက်လာသည်ကို တွေ့ရှိရသဖြင့် လူထု အကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြရကြောင်း သတင်းရရှိသည်။ မင်းပြားမြို့နယ်တွင် စပါးထားကျေးရွာအနီးရှိ တောစပ်တွင် လူသေအလောင်းများ မြုပ်နှံထားရာမှ ဝမ်းဗိုက်၊ လက်တစ်ချောင်းနှင့် တပ်မတော် ယူနီဖောင်းအစအနများကို မြေပေါ်တွင် တွေ့ရှိရသလို ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူနှင့် ကျောက်ဆိပ်ကျေးရွာအကြား ရထားလမ်းဘေးတွင်လည်း အလောင်းများမှ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြေကြီးပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု ရွာသားများက ပြောသည်။
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ဖုန်း ၂ လုံး အခိုးခံရ
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၏ နေအိမ်မှ လက်ကိုင်ဖုန်း ၂ လုံး အခိုးခံရကြောင်း သတင်း ရရှိသည်။ လွှတ်တော်ဥက္ကဋ္ဌ နေထိုင်သည့် စစ်တွေမြို့ အနောက်စံပြ ရပ်ကွက် ဝန်ကြီးများအိမ်ရာ အိမ်အမှတ်(၂)တွင် ဇွန်လ ၁၄ ရက်နေ့ ညဥ့်အချိန်က ဖုန်း(၂)လုံးပျောက်ဆုံးခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောသည်။ “ဟုတ်ပါတယ်။ ဘယ်သူခိုးတယ်ဆိုတာတော့ မသိဘူး။ ဖုန်းနှစ်လုံး လုံးက SAMSUNG အမျိုးအစားပါ။ ကျွန်တော်ဖုန်းတော့ မဟုတ်ဘူး။ ကျွန်တော်သား နှစ်ယောက်ရဲ့ ဖုန်းပါ။ တစ်ယောက် တစ်လုံး ပါသွားပါတယ်။ အခုလို ဖုန်းတွေအခိုးခံနေရတော့ လူလည်း လုံခြုံမှုမရှိသလိုခံစားရတယ်။” ဟု ၄င်းကပြောသည်။
Hemp စိုက်ပျိုးမှုနဲ့ ဖမ်းဆီးခံနေရသူရဲ့ ဇနီးက မြန်မာနဲ့ ကန် ခေါင်းဆောင်တွေကို မေတ္တာရပ်ခံ
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်မှာ Marijuana ဆေးခြောက်ပင်တွေ စိုက်ပျိုး ခဲ့တယ်ဆိုပြီး မူးယစ်ဆေးဝါးမှုနဲ့ မြင်းခြံထောင်မှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန်ုနိုင်ငံသား John Todoroki ဂျွန် တိုဒိုရိုးကီရဲ့ ဇနီး Ann Todoroki အန်း တိုဒိုရိုးကီ က မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ ခေါင်းဆောင်တွေထံ မေတ္တာရပ်ခံစာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်မှာ ရွာသား ၂၅ ဦးကို စစ်တပ်က ဖမ်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားအပြီး မသင်္ကာဘွယ်လူ ၂၅ ဦးကို ဖမ်းဆီးထားပြီး ကျောက်တော်ရဲစခန်းမှာ စစ်ဆေးဖို့အပ်နှံထားကြောင်း မြန်မာစစ်တပ်က ပြောပါတယ်။ ဒေသခံတွေကတော့ အဖမ်းဆီးခံရသူတွေဟာ မြောက်ဦးမြို့နယ်ကျေးရွာတွေက မြိုတိုင်းရင်းသားတွေ ဖြစ်တယ်လို့လည်း ပြောနေတာပါ။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
USAID က မြန်မာနိုင်ငံကို ဒေါ်လာ ၁၄ သန်းဖိုး စားနပ်ရိက္ခာနဲ့ အကူအညီတွေ ပေးအပ်ခဲ့
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က မြန်မာပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာတွေကို လှူဒါန်းခဲ့တယ်လို့ USAID ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေအပါအဝင် နိုင်ငံအနှံ့က ပြည်သူတွေအတွက် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။ USAID အနေနဲ့ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးကို ဖွဲ့စည်းပြီး ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့် သုံးလရပ်နား
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို မိုးတွင်း သုံးလ လုပ်ငန်းရပ်နားထားဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပထမဆုံးအကြိမ် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သုံးလကြာ လုပ်ငန်းရပ်ဆိုင်းထားဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးရုံး အစည်းအဝေးဆုံးဖြတ်ချက်အရ ပေးပို့တဲ့ ညွှန်ကြားစာကို မနေ့က ရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က RFA ကို အတည်ပြုပြောဆိုပါတယ်။
တရုတ်သမ္မတရှီ မွေးနေ့ ရုရှားသမ္မတနဲ့ ကျင်းပ

ဖိလစ်ပိုင်သင်္ဘော တရုတ်တိုက်မိရာကနေ တင်းမာမှုမြင့်
ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို တရုတ်သင်္ဘောတစီးက ဝင်တိုက်မိခဲ့တယ်ဆိုတာကို တရုတ်အစိုးရက အတည်ပြုပေမဲ့ တိုက်ပြီး ရှောင်ပြေးသွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ငြင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ တိုက်မိတဲ့ အရှိန်ကြောင့် Reed Bank ကျွန်းအနီး ဖိလစ်ပိုင် ငါးဖမ်းသင်္ဘော နစ်မြှုပ်သွားခဲ့ပေမဲ့ တရုတ်သင်္ဘောက လှည့်မကြည့်ဘဲ ရှောင်ပြေး ထွက်သွားခဲ့တယ်လို့ ဆိုပြီး ဖိလစ်ပိုင်အစိုးရအာဏာပိုင်တွေနဲ့ ဖိလစ်ပိုင်သတင်းတွေမှာ ဒေါသတကြီး တုံ့ပြန်ပြောဆိုနေကြတာပါ။
မလေးရှားသွားမယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဟွာဝေး ခေါက်ဖုန်း စရောင်းတာ စက်တင်ဘာထိ ရွှေ့မယ်

တာချီလိတ်မှာ စိတ်ကြွဆေးပြား လေးသန်းကျော်နဲ့ လက်နက်တွေ တွေ့

နေရပ်ပြန် စစ်ဘေးရှောင်တွေအတွက် လုံခြုံရေးအာမခံချက်လို
ကချင်စစ်ပြေးစစ်ရှောင်တွေကို နေရပ်ရင်းပြန်ပို့ဖို့ စီစဉ်နေချိန်မှာပဲ အရေးပေါ် လိုအပ်နေဆဲ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီးမှု မရှိပဲ အမြန်ဆုံးပေးဖို့ စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ စစ်ရှောင်တွေပြန်သွားကြတဲ့ အခါမှာလည်း ဒေသတွင်း ဘေးကင်းလုံခြုံမှု အာမခံချက်ရှိဖို့အတွက် အစိုးရ တာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်ဖို့လိုတယ်လို့ ကချင်လူမှုခေါင်းဆောင်ကပြောပါတယ်။ လက်ရှိမှာတော့ ကချင်စစ်ဘေးဒုက္ခသည်တွေအရေး တောင်းဆိုဆန္ဒထုတ်ဖော်သူတွေလည်း တရားစွဲဆိုခံထားရတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။
Subscribe to:
Posts (Atom)