ဗဟိုအဆင့်ဆေးရုံကြီး များတွင် အပူကြောင့် သတိလစ် (Heat Stroke) ရောဂါဖြစ်ပွား၍ သေဆုံးလူနာ ၁၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုး ခိုင်ကပြောသည်။ တစ်နိုင်ငံလုံးတွင် ဗဟို အဆင့်ဆေးရုံကြီး ၃၈ ခု ရှိသည့် အနက် ရန်ကုန်ပြည်သူ့ဆေးရုံ၊ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံ၊ သင်္ဃန်း ကျွန်းစံပြဆေးရုံ၊ ရန်ကုန်ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံ၊မန္တလေး ပြည်သူ့ဆေးရုံနှင့် ခုတင် ၃၀၀ သင်ကြားရေး ဆေးရုံတို့အပြင် နေပြည်တော်ခုတင် ၁,၀၀၀ဆေး ရုံကြီးတို့၌ ဧပြီမှမေလ ၁၈ ရက် နံနက်အထိ အပူကြောင့် သတိ လစ် (Heat Stroke) ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ ၁၁၂ ဦးရှိကာ၎င်းတို့အနက် ၁၁ ဦး သေဆုံးခဲ့သည်။
Pages
Friday, May 24, 2019
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ -၂၄၊ ၂၀၁၉
ဒီကနေ့မေ ၂၄ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၂၅ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၃၀ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၈ ကျပ် (ဘဏ်ကအဝယ်)၊ ၁၁၁၃ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊ ၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၅၂၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၁၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၂၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၁၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၈၅ ကျပ်ဈေးဖြစ်ပါတယ်။
ကရင်နီလူငယ် ခြောက်ဦး တရားစွဲခံရမှုအပေါ် ရှုတ်ချခြင်း အပါအဝင် ကြေညာချက် ထုတ်သောကြောင့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂကော်မတီဝင် ကျောင်းသား ကျောင်းသူများ ကျောင်းတွင်း စည်းကမ်းချက်များအား သိရှိကြောင်း လက်မှတ် ရေးထိုးခဲ့ရ
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပြဿနာကြောင့် ကရင်နီလူငယ် ခြောက်ဦးအား တရားစွဲခံရမှုအပေါ် ရှုတ်ချမှု အပါအဝင် ကြေညာချက် ထုတ်သောကြောင့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ ကော်မတီဝင် ကျောင်းသားကျောင်းသူများ မေ ၂၂ ရက်တွင် ကျောင်းတွင်း စည်းကမ်းချက်များအား သိရှိကြောင်း သွားရောက် လက်မှတ်ရေးထိုးရသည်ဟု ကျောင်းသားများထံမှ သိရသည်။ “ကျွန်တော်ရယ် အံ့ကျော်ရယ် ဒီရက်ထိုးရတယ်။ မော်ကွန်းထိန်းနဲ့ ကျောင်းအုပ်တို့ ရှေ့မှာ။ သူတို့က စည်းကမ်းချက် ၁၂ ချက် ဖတ်ပြတယ်။ အကုန် မမှတ်မိဘူးဗျ။ ဘာအမှုမဆို ပုဒ်မ တပ်ခံရရင် ကျောင်း ထုတ်မယ်ပေါ့” ဟု ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ ကွန်ပျူတာ တတိယနှစ် ကျောင်းသား ခွန်းရီဘဲတို က ပြောကြားသည်။
မိုးထိမိုးမိဒေသကို လက်ရှိဝန်ထမ်းအင်အားဖြင့် ထိန်းသိမ်း၍မရခြင်းကြောင့် ရဲတပ်ရင်းတစ်ခု ထပ်တိုးချထားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းဆိုထားပြီး ယင်းဧရိယာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေဟုသိရ
မိုးထိမိုးမိဒေသကို လက်ရှိဝန်ထမ်းအင်အားဖြင့် ထိန်းသိမ်း၍ မရခြင်းကြောင့် ရဲတပ်ရင်းတစ်ခု ထပ်တိုးချထားပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းဆိုထားပြီး ယင်းဧရိယာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍဍမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။
ခန္ဓာဗေဒဆိုင်ရာ လေ့ကျင့် သင်ကြားရန် အသုံးပြုနေသည့် Dead Body မှာ တစ်နှစ်လျှင် ၁၅ ဦး ခန့်သာ ရရှိသဖြင့် နည်းပါးနေ

၂၀၁၈ ခုနှစ် ဇွန်တွင် စုစုပေါင်းဘဏ်အပ်ငွေ ကျပ် ၄၀၄၀၂ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ ၂၆ လအတွင်း ဘဏ်အပ်ငွေ ကျပ်ဘီလျံ ၁၄၅၂၀ ကျော် မြင့်တက်
၂၀၁၈ ခုနှစ် ဇွန်တွင် စုစုပေါင်းဘဏ်အပ်ငွေ Total Deposits ကျပ် ၄၀၄၀၂ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်းနှစ်နှစ်ကျော် (၂၆ လအတွင်း)တွင် ဘဏ်အပ်ငွေပမာဏ ကျပ် ၁၄၅၂၀ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်အတွက် ပထမဦးဆုံးထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume II) အရ သိရသည်။
လက်ရှိတွင် အသက် ၆၀ မှ ၈၀ ကြား အငြိမ်းစားဦးရေ ငါးသိန်းကျော်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပင်စင်နှင့် ဆုကြေး အသုံးစရိတ် ကျပ်သန်းပေါင်း ၈၁၇၉၀ဝ ဒသမ ၅၀ဝ လျာထား
လက်ရှိတွင် အသက် ၆၀ မှ ၈၀ ကြား အငြိမ်းစားဦးရေ ငါးသိန်းကျော်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပင်စင်နှင့် ဆုကြေး အသုံးစရိတ် ကျပ်သန်းပေါင်း ၈၁၇၉၀ဝ ဒသမ ၅၀ဝ လျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း မေးမြန်းသော နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ကြသည့် ပင်စင်စား ဝန်ထမ်းများအကြား ရာထူး အဆင့်အလိုက် ပင်စင်ခံစားခွင့် ညီမျှမှုရှိစေရန်နှင့် သက်ကြီးရွယ်အို ပင်စင်စားများအား စနစ်တကျ တွက်ချက်၍ ゞင်းတို့၏ ဆန္ဒအရ ပင်စင် အပြီးခံစားခွင့် ရှိစေရန် စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပါရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် မြန်မာအားကစားသမား ၇၀ဝ ကျော် စခန်းဝင် လေ့ကျင့်လျက်ရှိ
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအားကစားသမား ၇၀ဝ ကျော် စခန်းဝင် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစားနည်းအားလုံး အတည်ပြုရွေးချယ်ခြင်း မရှိသေးသောကြောင့် ပထမအဆင့်ရွေးချယ်ထားသည့် အားကစားနည်းများ၊ ထပ်တိုးလာနိုင်သည့် အားကစားနည်းများကို ရန်ကုန်နှင့် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်စေခြင်း ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ပထမအဆင့်အဖြစ် အားကစားနည်း ၁၄ မျိုး ရွေး ချယ်ထားပြီး
ရေးမြို့ နယ် လမိုင်းမြို့ တွင် Online လေလံစုမဲ ကိစ္စ အငြင်းပွားဖွယ်ဖြစ်ပွားခဲ့ပြီး စုမဲဒိုင်လုပ်သူ၊ ဆွေမျိုးများ၏ နေအိမ်များနှင့် ゞင်းတို့ ပတ်သက်မှုမရှိသည့်နေအိမ် စုစုပေါင်း (၈) လုံးခန့် ဖျက်ဆီးခံရ

ဥရောပပါလီမန်ရွေးကောက်ပွဲများ စတင်စဉ် လူအများကြိုက်ဝါဒီများက ခြေကုပ်ပိုမိုရရှိနိုင်ရန် မျှော်လင့်
ဥရောပသမဂ္ဂ၏ ဆွေးနွေးညှိနှိုင်းမှုများအား စိန်ခေါ်နိုင်သည့် ဥရောပပါလီမန် ရွေးကောက်ပွဲများအား အဖွဲ့ဝင် နိုင်ငံအချို့တွင် မေ ၂၃ ရက်၌ စတင်စဉ် လူအများကြိုက်ဝါဒီများက ဥရောပတစ်ဝန်းကို စိတ်အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြသည်။ေ လးရက်ကြာမြင့်မည့် ထိုရွေးကောက်ပွဲကို မေ ၂၃ ရက်တွင် ဗြိတိန်နှင့် နယ်သာလန်တို့၌ နာရီဝက်သာခြား၍ ကျင်းပခဲ့ကြသည်။ နောက်ဆုံး ရလဒ်များအား ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံစလုံး၌ ရွေးကောက်ပွဲများ ကျင်းပပြီးသည့် မေ ၂၆ ရက် နှောင်းပိုင်းအထိ သိရမည်မဟုတ်ပေ။ ဥရောပ တစ်ဝန်းတွင် အမတ် ၇၅၁ ဦးအား ရွေးချယ်ရန်အတွက် မဲပေးရန် မှတ်ပုံတင်ထားသူ သန်း ၄၀ဝ ကျော်ရှိသည်။
ရွေးကောက်ပွဲလွန် အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၆၀ဝ၀ဝ ခန့်ကို ဂျကာတာတွင် တပ်ဖြန့်ထား

အိန္ဒိယက ကမ္ဘာ့အမြန်ဆုံး ခရုဇ်ဒုံးအား စမ်းသပ်မှု ထပ်မံအောင်မြင်

Panasonic က Huawei ကို ပစ္စည်းအစိတ်အပိုင်းများရောင်းချမှု ရပ်တန့်မည်ဟုကြေညာ
ဂျပန်လူသုံးကုန်လျှပ်စစ်ပစ္စည်း လုပ်ငန်းကြီး Panasonic က Huawei ကို ပစ္စည်းအစိတ်အပိုင်းများ ရောင်းချနေမှုကို ရပ်တန့်မည်ဟု မေ ၂၃ တွင် ကြေညာခဲ့ရာ တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီး Huawei နှင့် ပတ်သက်မှုရှောင်ရှားလိုသော ကုမ္ပဏီများ စာရင်းပို၍ ကြီးမားလာခဲ့သည်။ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်ရမှုကြောင့် အမေရိကန်က Huawei ကို ပိတ်ပင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီအများအပြားက Huawei နှင့်ဆက်နွှယ်နေမှုကို ဖြတ်တောက်ရှောင်ရှား လာခဲ့ကြသည်။
စင်ကာပူတွင် ဆေးလိပ်သောက်သူများအတွက် မီးခိုးငွေ့သန့်စင်စနစ်ပါသော အခန်းငယ်များကို စတင်အသုံးပြု

အင်ဖရာရှော့
၂၀၁၈ ခုနှစ် မတ် ၁၅ ရက်တွင် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တစ်စောင်က တုန်လှုပ်ဖွယ်ရာ တစ်ရပ်ကို ဖော်ပြခဲ့သည်။ ဝင်ငွေ နိမ့်ပါးသောနှင့် အလယ်အလတ်ရှိသော နိုင်ငံများ၌ အင်စတီးကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ ပါဝင်မှု နည်းပါးခြင်းကို ထောက်ပြခဲ့ခြင်း ဖြစ်သည်။ အခြေခံ အဆောက်အအုံ၌ ပုဂ္ဂလိက အခန်းကဏ္ဍများ ပါဝင်မှု (PPI) တွင် စုဆောင်းထားသော အချက်အလက်များမှနေ၍ ကောက်ချက် ဆွဲယူထားသော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသည် ယင်းကဲ့သို့သော အခြေခံ အဆောက်အအုံသို့ အင်စတီကျူးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ ထိတွေ့မှုသည် စိုးရိမ်ဖွယ် ကောင်းလောက်အောင် နိမ့်ပါးပြီး ထိထိရောက်ရောက် တိုးတက်ရန် လိုအပ်ကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။
ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်ခြင်းမှာ မဟုတ်မှန်ကြောင်း သရုပ်ဆောင် ခင်သဇင်ပြောကြား
ဟာသသရုပ်ဆောင် ကစ်ကစ်သည် ယနေ့ (မေ ၂၃) ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သရုပ်ဆောင် ခင်သဇင်အား ဆက်သွယ်မေးမြန်းရာတွင် ကွယ်လွန်သည့် သတင်းမှာ မဟုတ်မှန်ကြောင်း ၎င်းင်းကပြောကြားခဲ့သည်။ “ မဆုံးပါဘူး မောင်လေးရယ် အစ်မလည်းအခု Post တင်တော့မလို့ပါ” ဟု သရုပ်ဆောင် ခင်သဇင်က မေ ၂၃ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ပြောကြားခဲ့သည်။ သရုပ်ဆောင် ခင်သဇင်မှာ ဟာသသရုပ်ဆောင် ကစ်ကစ်အား အနီးကပ်ပြုစု စောင့်ရှောက်နေသူ တစ်ဦးဖြစ်သည်။ ဟာသသရုပ်ဆောင် ကစ်ကစ်မှာ ကျောက်ကပ်ရောဂါ ခံစားနေရသူတစ်ဦးလည်း ဖြစ်သည်။
၂၀၁၉ အိန္ဒိယ ရွေးကောက်ပွဲ မိုဒီ ရဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒီ ပါတီက အပြတ် အနိုင်ရ

စုမဲငွေကိစ္စ လမိုင်းမှာ ၃ရက်ကြာ လူစုလူဝေးဖြစ်

ဒါရိုက်တာမင်းထင်ကိုကိုကြီး ကျန်းမာရေးမကောင်းဖြစ်နေ
တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရား စွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသဲခွဲစိတ်ထားတာကြောင့် ကျန်းမာရေးမကောင်းဘူးလို့ သိရပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီနေ့ အင်းစိန်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ ကျန်းမာရေးမကောင်းတဲ့ အနေအထားမျိုး ရှိနေတာပါ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျပ် ၇၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

မြောက်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ် ရွာသားနှစ်ဦးကို တပ်မတော် ဖမ်းဆီး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် ဝေသာလီကျေးရွာသားနှစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောက်ဘက်ပိုင်းမှာရှိတဲ့ ဝေသာလီကျေးရွာအနီးမှာ မနေ့က မနက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ြေ မာက်ဦးဘက်ကနေ လယ်ကွင်းတွေထဲကနေ ဖြတ်လျှောက်လာတဲ့ တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အမှတ်(၁) ပေါက်တံတားပေါ်မှ ပေါက်ရွှေပြည်ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ယောချောင်းအတွင်း ပြုတ်ကျ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားစက်ခေါင်းရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး

ရွှေတောင်ဦးတွင် ဝက်ဝံအစာကျွေးသည့် သားမိနှစ်ယောက် ဝက်ဝံအကိုက်ခံရ
မုံရွာမြို့ အနောက်မြောက်ဘက်ရှိ ရွှေတောင်ဦးသို့ ဘုရာဖူးလာသည့် သားအမိနှစ်ဦး ဘုရားတွင်မွေးမြူထားသည့် ဝက်ဝံကိုအစာကျွေးရာမှ ဝက်ဝံအကိုက်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ ၂၃ရက် ညနေပိုင်းက အသက် ၄နှစ်အရွယ် မိန်းကလေးမှာ ဝက်ဝံကို အစာကျွေးရာ လက်အား အကိုက်ခံလိုက်ရခြင်းဖြစ်သည်။ ကလေးငယ်အကိုက်ခံရသဖြင့် မိခင်ဖြစ်သူက ဝင်ဆွဲရာ မိခင်ဖြစ်သူကိုပါ အဆိုပါ ဝက်ဝံက ကိုက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ပြစ်ဒဏ်စေ့သည့် ထိုင်းနိုင်ငံသားတစ်ဦးကို မယ်ဆိုင်ဘက်သို့ ပြန်လည်လွှဲပြောင်းပေး

ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုမှာ လေပြင်းတိုက်ခတ်ပြီး အဆောက်အဦပြိုကျ၍ လူတစ်ဦးသေဆုံး၊ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု ရှိ ကံပြင်ကျေးရွာ ၊ ကုန်းသာ သွားလမ်းဘေး ရှိ မြေနဂါး သတ္တုတူးဖော်ရေး ရေဆေးကန် အဆောက်အဦ ဟာ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်မှုကြောင့် မေ ၂၂ ရက် နေ့လည် ၁၁း၀၀နာရီ အချိန်က ပြိုကျပျက်စီးခဲ့ပြီး လူတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဆွမ်းချက်ဆောင်ဆောက်ရန်အတွက် လုပ်ဆောင်စဉ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတွေ့ရှိ

တရုတ် Huawei တယ်လီဖုန်း ရောင်းချမှု ဗြိတိန်နဲ့ ဂျပန် ကုမ္ပဏီ ၄ခု ဆိုင်းငံ့
တယ်လီဖုံးဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ တရုတ်ရဲ့ Huawei Technologies အပေါ် အမေရိကန်က ကန့်သတ်မှုတွေ ချမှတ်ခဲ့ပြီးနောက် ဗြိတိသျှနဲ့ ဂျပန် မိုဘိုင်းလ် တယ်လီဖုံး ကုမ္ပဏီ လေးခုတို့ကလည်း Huawei ကုမ္ပဏီကြီးက ထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေကို ရောင်းချဖို့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်ပါတယ်။ လုံခြုံရေး စိုးရိမ်မကင်းဖြစ်မှုတွေကို ထောက်ပြပြီး အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်က Huawei နဲ့ သူနဲ့ ဆက် သွယ်နေတဲ့ ကုမ္ပဏီတွေကို သူတို့ရဲ့ နည်းပညာပစ္စည်း အစိတ်အပိုင်းတွေ ရောင်းချမှု မပြုဖို့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က ရောင်းချတဲ့ ဒီနည်းပညာပစ္စည်းတွေကြောင့် Huawei ကုမ္ပဏီကြီးဟာ ကမ္ဘာပေါ်မှာ စမတ်ဖုံး ထုတ်လုပ်တဲ့ ဒုတိယအကြီးဆုံး ကုမ္ပဏီ ဖြစ်ဖို့ အထောက်အကူ ရခဲ့တာဖြစ်ပါတယ်။
အသက် ၆၀ ပြည့်ပင်စင်မယူတဲ့ကိစ္စ တပ်မတော်လုပ်ထုံးလုပ်နည်းနဲ့ သက်ဆိုင်တယ်လို့ ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အသက် ၆၀ ပြည့်ပေမယ့် အငြိမ်းစား မယူသေးတာဟာ နိုင်ငံ့ဝန်ထမ်းဖြစ်ပေမယ့် သီးခြားအဖွဲ့အစည်းဖြစ်တာကြောင့် တပ်မတော်နဲ့သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေအရ ဆက်လက်ရှိနေတာဖြစ်တယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ဒီနေ့ ပြောပါတယ်။ ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ၀န်ကြီးဌာန ၃ခု သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မေးမြန်းတဲ့ အပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် က အခုလိုဖြေကြားခဲ့တာပါ။
ဓနုဖြူတွင်ဆိုင်ကယ်မှ ဆိုက္ကားအားဝင်ရောက်တိုက်မိရာ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၁၇)ရပ်ကွက်၊ (၁၁)လမ်းထိပ်တွင် မေ ၂၃ရက်၊ နံနက် ၁၂း၁၅ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ စက္ကော့ကျေးရွာဘက်မှ ဓနုဖြူဘက်သို့ တောင်မှ မြောက်မောင်းနှင်လာသော ဆိုင်ကယ်နံပါတ်ပြားမပါ အမည်မသိ(အမည်စုံစမ်းဆဲ) မှ ယာဉ်ကြောတူရှေ့မှ သိန်းဇော် စီးနင်းပြီးနောက်တွင် နိုင်လင်းဦးလိုက်ပါသောဆိုက္ကားအား အရှိန်မထိန်းနိုင်ဘဲနောက်မှ ဝင်ရောက်တိုက်မိရာဆိုင်ကယ်နှင့် ဆိုက္ကား ၂ စီးစလုံးလဲကျတိမ်းမှောက်ကာအမည်မသိ ဆိုင်ကယ်မောင်းသူမှာနေရာတွင်ပင် သေဆုံးခဲ့ပြီးသိန်းဇော်မှာလည်း မြို့နယ်ပြည်သူ့ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့သည်။ ဆိုက္ကားနောက်မှ လိုက်ပါစီးနင်းသူ နိုင်လင်းဦးတွင်လည်း ယာဘက်ရင်ဘက်နာကျင်ဒဏ်ရာ၊ ယာခြေသလုံးဖူးရောင်၊ ပေါက်ပြဲဒဏ်ရာစိုးရိမ်ရရှိခဲ့သဖြင့် တရားခံအားဓနုဖြူမြို့မ ရဲစခန်းမှအမှုဖွင့်အရေးယူထားကြောင်းသိရသည်။
မော်လူး ဘူတာရုံသံလမ်းအရှေ့ကားလမ်းပေါ်တွင် ဓါးကိုင်သောင်းကျန်းသူကို အမှုဖွင့်အရေးယူ

မွန်မှာ အွန်လိုင်း ငွေစုတဲ့ကိစ္စ အရှုပ်အရှင်းဖြစ်၊ ရဲတပ်ဖွဲ့ဝင် တစ်ရာခန့် လုံခြုံ့ရေး ယူထား

WikiLeaks တည်ထောင်သူကို ရာဇ၀တ်မှု နဲ့ ကန်စွဲချက်သစ် တင်မည်
အမေရိကန် သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ သတင်းပေါက်ကြားမှုမှာ အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရသူ WikiLeaks တည်ထောင်သူ Julian Assange အပေါ် ရာဇ၀တ်မှု ဆိုင်ရာ စွဲချက်အသစ်တွေ တင်မယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။ Assange ဟာ အမေရိကန် အစိုးရရဲ့ ဂွာတာနာမို အကျဉ်ထောင်၊ အာဖဂန် နစ္စတန်နဲ့ အီရတ်စစ်ပွဲဆိုင်ရာ အစီရင်ခံစာတွေနဲ့ လှို့ဝှက် သတင်း အချက်အလက် တွေ ရယူပြီး Wikileak မှာ ဖော်ပြဖို့ အမေရိကန် တပ်သား Chelsea Manning နဲ့အတူ ပူးပေါင်း ကြံစည်ခဲ့တယ်ဆိုပြီး အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဖက်ဒရယ် Grand Jury က သူ့ကို တရားစွဲဆိုထားပါတယ်။
ကန်လယ်သမားတွေကို အစိုးရက နောက်ထပ် ဒေါ်လာ ၁၆ ဘီလီယံ ထောက်ပံ့မည်
အမေရိကန် သမ္မတ Doanld Trump က တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ထိခိုက် နစ်နာနေတဲ့ အမေရိကန် လယ်သမားတွေကို နောက်ထပ် ထောက်ပံ့ကြေး ၁၆ ဘီလီယံ ပေးမယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။ သမ္မတ အိမ်ဖြူတော်မှာ အာလူးစိုက်ပျိုးရေးသမား တွေ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်သူတွေ ခြံရံထားတဲ့ သမ္မတက ဒီ ငွေကြေးက အမေရိကန် လယ်ယာတွေကို ကြီးပွားစေမှာ ဖြစ်ပြီး ဘယ်နိုင်ငံကမှ အမေရိကန် စီးပွားရေးနဲ့ အမျိုးသား လုံခြုံရေးအပေါ် ဗီတိုအာဏာ မသုံးနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိစေမယ်လို့ ပြောပါတယ်။
မြစ်အတွင်းပိုက်ဖော်ပိုက်သိမ်းနေစဉ်မိုးကြိုးပစ်သောကြောင့် လူတစ်ဦးရေထဲပြုတ်ကျပြီး တစ်ဦးသေဆုံး
ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်အမာမြို့ဘဝသစ်ကျေးရွာအုပ်စု ထွန်းအောင်ချောင်းပိုက်တဲတန်းရေလုပ်သားအစုအဖွဲ့ဖြင့် ပိုက်ထောင်နေသူနှစ်ဦးအားမိုးကြိုးပစ်ခံရကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ညနေ(၃)နာရီခွဲအချိန်ထွန်းအောင်ချောင်းပိုက်တန်းမှ ကိုဇော်မျိုးနှင့်ကိုလှဌေးနိုင်တို့နှစ်ဦးသည်ပိုက်ဖေါ်ပိုက်သိမ်းရန် အတွက်ပိုက်တန်းသို့စက်လှေတစ်စီးဖြင့်သွားခဲ့ကြောင်း ခဏကြာသောအခါမိုးရွာလာပြီးမိုးကြိုးပစ်သံများလျပ်စီးများတွေ့ရပြီးနောက်ကိုလှဌေးနိုင်၏ဖခင်မှပိုက်ဖေါ်သွားသောစက်လှေပြန် မလာသဖြင့်မြစ်ဝပိုက်တန်းသို့လိုက်ရှာခဲ့ရာ
တစ်နှစ်အတွင်း ဝန်ထမ်း ၂ ထောင်ကျော် အရေးယူခဲ့လို့ ရာထူးဝန်အဖွဲ့ပြော
နိုင်ငံဝန်ထမ်း နည်းဥပဒေတွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလကနေ ၂၀၁၉ မတ်လကုန်အထိ ရာထူးက ထုတ်ပယ်ခံရတဲ့ ဝန်ထမ်း ၁၆၃၈ ဦးနဲ့ ဝန်ထမ်းအဖြစ်က အထုတ်ခံရသူ ၇၃၉ ဦးရှိတယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းက ပြောပါတယ်။ ဝန်ကြီးဌာနတွေထဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပယ်ခံရသူ ဝန်ထမ်း ၈၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဌာနက တတိယအများဆုံးဖြစ်ပါတယ်။
လာလီဂါနှင့် ဘွန်ဒက်စ်လီဂါ ဝင်ငွေစံချိန်တင်သော်လည်း ပရီးမီးယားလိဂ်ထက် လျော့နည်း
ပရီးမီးယားလိဂ်အသင်း ၂၀ သည် ၂၀၁၇-၁၈ ဘောလုံး ရာသီအတွင်း စံချိန်တင်ဝင်ငွေ ပေါင် ၄ ဒသမ ၈၂၇ ဘီလီယံရရှိ ခဲ့ပြီး စုစုပေါင်းလစာ ပေါင် ၂ ဒသမ ၈ ဘီလီယံ သုံးစွဲခဲ့ကြောင်း ဂါးဒီးယန်းသတင်းဌာန၏ နှစ်စဉ် လေ့လာမှုအရသိရသည်။ ၂၀၁၆-၁၉ အတွက် ပရီးမီး ယားလိဂ်၏ ရုပ်သံထုတ်လွှင့်ခွင့်မှ ဝင်ငွေပေါင် ၈ ဒသမ ၄ ဘီလီယံ ရရှိခြင်းနှင့်အတူ ယင်းအသင်းများ ၏ စုစုပေါင်းဝင်ငွေသည် ဥရောပ ရှိ အခြားလိဂ်များထက် များစွာ သာလွန်သည်။
လေပြင်းနှင့်မိုးကြိုးကြောင့် ဒေသခုနစ်ခုတွင် လူလေးဦး သေဆုံး၊ နေအိမ်အဆောက်အအုံ ၂,၂၀၀ ခန့်ပျက်စီး
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ် ခု၌ မေလ ၂၂ ရက်ညက လေ ပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ် အဆောက်အအုံ ၂,၂၀၀ ခန့်ထိ ခိုက်ပျက်စီးကာ လူလေးဦးသေ ဆုံးခဲ့သည်။ အနောက်တောင်မုတ်သုံ လေ ဝင်ရောက်ချိန် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပေးထား ချိန်တွင် နေပြည်တော်၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်းနှင့် ကယားပြည်နယ်၌ လေပြင်းနှင့် မိုးကြိုးဒဏ်ခံရပြီး ပျက်စီးဆုံးရှုံး မှုများ ကြုံတွေ့ခဲ့သည်။
ရွှေထူးရဲ့သရုပ်ဆောင်မှုကို ရွှေမှုံရတီ ဘယ်လိုအမှတ်ပေးသလဲ
ဧည့်သည် ရုပ်ရှင်ဇာတ်ကားမှာ ရွှေထူးရဲ့သရုပ်ဆောင်မှုအပေါ်မှာ မိန်းမတစ်ယောက်အနေနဲ့ ရာနှုန်းပြည့်အမှတ်ပေးထားတယ်လို့ ရွှေမှုံရတီက ပြောလာပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံးသရုပ်ဆောင်ထားတာကြောင့် အနည်းငယ်စိတ်လှုပ်ရှားနေပေမယ့်လည်း ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် အပါအဝင် ဝါရင့်သရုပ်ဆောင်တွေရဲ့ အကြံပြုချက်တွေနဲ့ အများကြီးကြိုးစားထားတယ်လို့ ရွှေထူးကပြောပါတယ်။ နှစ်ယောက်အတူ ပထမဆုံးတွဲဖက်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေအားပေးစေချင်သလို လူငယ်ကြိုက်မယ့်ဇာတ်ကားတစ်ကားလို့လည်း ရွှေထူးကပြောပါတယ်။ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန်မြန်မာညီညီအောင်က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ နေခြည်ဦးနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးတစ်ဦး ထပ်မံနုတ်ထွက်စာတင်၊ ပြည်နယ်အစိုးရအဖွဲ့တွင် ထွက်စာတင်သည့်ဝန်ကြီးနှစ်ဦးရှိလာ
ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်သော ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးသည် ပြည် နယ်အစိုးရအဖွဲ့သို့ နုတ်ထွက်စာ တင်ထားကြောင်း ပြည်နယ်ဝန် ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကအ တည်ပြုပြောကြားသည်။ ယမန်နေ့ (မေလ ၂၃ ရက်) တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့သုံးနှစ် ပြည့်သတင်းစာရှင်းလင်းပွဲ၌ 7Day သတင်းထောက်၏ မေး မြန်းချက်ကို ၎င်းကထိုသို့အတည် ပြုဖြေကြားခြင်းဖြစ်သည်။
မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို အာမခံမပေးဘဲ ဖမ်းဆီးရန် တရားရုံးအမိန့်ထုတ်
ဖမ်းဝရမ်းထုတ်ထား သော မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့သည် ဆင့်ခေါ်ထားသည့် နေ့တွင် တရားရုံးရှေ့သို့ မလာရောက်သဖြင့် အာမခံမပေးဘဲ ဖမ်းဆီးခေါ်ဆောင်လာရန် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တရား သူကြီးက အမိန့်ထုတ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့် ခံထားရသော မိုက်ကယ်ကျော် မြင့်နှင့် သီဟမျိုးနိုင်တို့ကို မေလ ၂၃ ရက်တွင် တရားရုံးသို့ လာ ရောက်ရန် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားသူကြီးက ဆင့်ခေါ် ထားခြင်းဖြစ်သည်။
ရထားစက်ခေါင်းရုံဝင်းအတွင်း မီးလောင်မှုကြောင့် ၀န်ထမ်းအိမ်ရာ ၁၄ လုံးဆုံးရှုံး
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် ရှိ ရထားစက်ခေါင်း ရုံဝင်းအတွင်း ယမန်နေ့က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ပြီး ၀န်ထမ်းအိမ်ရာ ၁၄ လုံး ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။ မေလ ၂၃ ရက် မွန်းတည့် ၁၂နာရီခန့်၌ ရထားစက်ခေါင်း ရုံဝင်းအတွင်းရှိ မြေစိုက်၊ ထရံကာ သွပ်မိုးနေအိမ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြသည်။
မကွေးတိုင်းအတွင်း ရေချိုငါးရရှိမှု ဒေသတွင်း စားသုံးမှုအတွက် မလုံလောက်ဟု တိုင်းငါးဦးစီးဌာနပြော
မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီမြစ်နှင့် အင်း၊ အိုင်၊ ချောင်းတို့မှ ရရှိသည့် ရေချိုငါးဖမ်းဆီးထုတ်လုပ်မှုသည် တိုင်းအတွင်းရှိ ပြည်သူများ စားသုံးမှုနှင့် နှိုင်းယှဉ်လျှင် လုံလောက်မှုမရှိကြောင်း တိုင်းငါးလုပ်ငန်းဦးစီး ဌာန၏ ဦးစီးအရာရှိ ဦးစိုးလှိုင်မြင့်က ပြောသည်။ ယခုနှစ် ဧပြီအထိ မကွေးတိုင်းဒေသကြီးအတွင်း ရေချိုငါးထုတ်လုပ်နိုင်မှု ၈,၀၄၈ ပိဿာ ရှိခဲ့ကြောင်း ယင်းဌာနစာရင်းတွင် ဖော်ပြသည်။
မြစ်ကြီးနားတွင် တရုတ်နိုင်ငံသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေ
မြစ်ကြီးနားမြို့နယ် ပါဝါဖိုက်စတားကုမ္ပဏီအလုပ်သမား တန်းလျားတွင် တရုတ်နိုင်ငံသား တစ်ဦး ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးမှု၌ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ ကြောင်း မြစ်ကြီးနားမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက လုံဂါဇွတ်ကျေးရွာ ကွန်ကရစ်ပိုက်နှင့် ဓာတ်တိုင်များ ပြုလုပ်သည့် ပါဝါဖိုက်စတားကုမ္ပ ဏီအလုပ်သမားတန်းလျား၌ နေထိုင်သူ အသက်(၄၃)နှစ်ရှိ တရုတ်နိုင်ငံသား Mr. Li Shaoneng သည်လည်ပင်း၊ ရင်ညွန့်တို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
ရထားပေါ်၌ အမျိုးသားတစ်ဦး အလောင်းတွေ့
ရေဦးဘူတာသို့ ဆိုက် ရောက်လာသော ရထားပေါ်တွင် အမျိုးသားတစ်ဦး ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးညွန့်ဝင်းက ပြော သည်။ ခင်ဦးမြို့မှ မုံရွာမြို့သို့ထွက် ခွာလာသည့်ရထားသည် ရေဦးမြို့သို့ မေလ ၂၃ ရက်နံနက် ၇နာရီခန့်ဆိုက်ရောက်ချိန်တွင် ရထား ပထမတွဲပေါ်၌ အမျိုးသားတစ်ဦး ၏ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက တွေ့ရှိခဲ့ သည်။
နိုင်ငံခြားဘဏ်များ ထပ်မံဖွင့်လှစ်ခွင့်ပြုရန် ရွေးချယ်ရေး အကြံပေးကုမ္ပဏီအဆိုပြုလွှာဖိတ်ခေါ်
ပြည်တွင်း၌ နိုင်ငံခြား ဘဏ်များ ထပ်မံဖွင့်လှစ်ခွင့်ပြုနိုင်ရေး အကြံပေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုရွေးချယ်ရန် အဆိုပြုလွှာကို ဗဟိုဘဏ်က မေလ ၂၃ရက်တွင် ခေါ်ယူသည်။ ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံခြား ဘဏ်များ တတိယအကြိမ် ထပ်မံခွင့်ပြုပေး ရန် ဗဟိုဘဏ်က စီစဉ်ခြင်းဖြစ်ပြီး နိုင်ငံခြားဘဏ် ရွေးချယ်ရေးအဖွဲ့ က နိုင်ငံတကာအကြံပေးကုမ္ပဏီ တစ်ခုငှားရမ်း၍ ဝန်ဆောင်မှုရယူ ဆောင်ရွက်ရန် စီစဉ်နေသည်။
မူဆယ်နယ်စပ်ဂိတ်ကိုပိတ်၍ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်ကပြည်ဝင်ခွင့်ပိတ်
မူဆယ်နယ်စပ်တွင် နယ်စပ်ဂိတ်ပေါက်ကို ကားဖြင့် ပိတ်၍ ဆန္ဒထုတ်ဖော်မှုနှင့်ပတ် သက်ပြီး တရုတ်နိုင်ငံကျယ်ဂေါင် မြို့တွင်နေထိုင်သော မြန်မာနိုင်ငံ သားတစ်ဦးကို တရုတ်လ၀က က ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ မူဆယ်မြို့နှင့် နယ်ချင်းထိ စပ်နေသော တရုတ်နိုင်ငံကျယ် ဂေါင်မြို့နေ ကိုသိန်းဌေးနိုင်ကို တရုတ်လ၀ကဌာနက ပြည်ဝင်ခွင့်ပိတ်ခြင်းဖြစ်ကြောင်း ကိုသိန်း ဌေးနိုင်၏ မိသားစုဝင်တစ်ဦးက မေလ ၂၃ ရက်တွင် ပြောသည်။
မကွေးတိုင်းဝန်ကြီးချုပ်နှင့် ၀န်ကြီးသုံးဦး အဂတိမှုဖြင့် တိုင်ကြားခံရ စုံစမ်းစစ်ဆေးမှု ခံယူရန်အသင့်ဟု ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုပြော
မကွေးတိုင်းဝန် ကြီးချုပ်နှင့် ၀န်ကြီးသုံးဦးကို နိုင်ငံ ရေးအရ အဂတိလိုက်စားမှုရှိသည် ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ စာပေးပို့ထားကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင် အောင်ထွန်းက ယမန်နေ့တွင် ပြောသည်။ ဦးတင်အောင်ထွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ နုတ်ထွက်ထားသူဖြစ် သည်။ ၂၀၁၈ မန်းရွှေစက်တော် ဘုရားပွဲကာလတွင် နမ္မဒါ (၁)တည်းခိုဆောင်၌ ၀န်ကြီးချုပ်နှင့် ၀န်ကြီးသုံးဦးတို့က တည်းခိုစရိတ် ကျပ် ၉၆ သိန်းမပေးဘဲ တည်းခို သည်ဟုဆိုကာ တိုင်ကြားထား ခြင်းဖြစ်သည်။
ယူ-၁၄ ဘောလုံးပြိုင်ပွဲများမှ ထူးချွန်ကလေးများကို ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေးစေလွှတ်ရန် စီစဉ်
တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ကျင်းပမည့် အသက်(၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲများ က ခြေစွမ်းကောင်းသည့် ကလေးများကို ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေး ခရီးစေလွှတ်ရန် စီစဉ်ထားကြောင်း မြန်မာလိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။ြ မန်မာလိဂ်က ကြီးမှူးကျင်းပသည့် လူငယ်ဘောလုံးပွဲတော်နှင့် အသက်(၁၄) နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲတို့ကို ဇူလိုင်မှ အောက်တိုဘာအထိ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ မကွေး၊ ကရင်၊ ရှမ်း၊ ပဲခူး၊ မွန်၊ ဧရာဝတီ၊ ရခိုင်ဟူသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု၌ ကျင်းပမည် ဖြစ်သည်။
ပဏာမ မြန်မာ ယူ-၂၃ အသင်းတွင် စစ်ကိုင်းကွင်းလယ်လူ မျိုးမင်းဖြိုးကို အားဖြည့်
နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်းတွင် စစ်ကိုင်းအသင်းကွင်းလယ်လူ မျိုးမင်းဖြိုးကို အားဖြည့်ခေါ်ယူကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာ ယူ-၂၃ အသင်းသည် မတ်လနောက်ဆုံးပတ်က ယှဉ်ပြိုင်သည့် အာရှယူ-၂၃ ခြေစစ်ပွဲ အပြီးတွင် လေ့ကျင့်မှုများ ရပ်နားထားပြီး နိုင်ငံတကာ ခြေစမ်းပွဲများ အတွက် မေလ ၂၁ ရက်က ပြန်လည် လေ့ကျင့်နေသည်။
ရန်ကုန်တွင် ဖူဆယ်အားကစားရုံ တည်ဆောက်ရန် ဖီဖာက ကန်ဒေါ်လာနှစ်သန်း ထောက်ပံ့
ရန်ကုန်မြို့၌ နိုင်ငံတ ကာအဆင့်မီ ဖူဆယ်အားကစား ရုံသစ်တည်ဆောက်ရန် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံကန် ဒေါ်လာနှစ်သန်းထောက်ပံ့မည် ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ြ မန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ဖူဆယ်အားကစားရုံ သစ်တည်ဆောက်ရန် ၂၀၁၈ က FIFA Forward Program ဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ တင် ပြတောင်းခံပြီး ဖီဖာကခွင့်ပြု ကြောင်း ယခုနှစ်မေလတွင် အ ကြောင်းပြန်ခဲ့သည်။
လာမည့်နှစ်တွင် အောင်သူကို ပြန်လည်ခေါ်ယူရန် စီစဉ်ထားဟု ရတနာပုံအသင်းပိုင်ရှင်ပြော
ထိုင်းလိဂ် - ၁ ကလပ် မြောင်တောင်ယူနိုက်တက်တွင် အငှား သွားရောက်ကစားနေ သည့် မြန်မာ့လက်ရွေးစင်တိုက် စစ်မှူးအောင်သူကို ၂၀၂၀ ဘော လုံးရာသီ၌ ရတနာပုံအသင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်ထား ကြောင်းအသင်းပိုင်ရှင် ဒေါက် တာစိုင်းဆမ်ထွန်းက ပြောကြားသည်။ေ အာင်သူသည် ထိုင်းလိဂ် -၁ ပွဲစဉ် (၁၁) အထိ မြောင် တောင်အသင်း၌ မိနစ် ၃၃၀ သာ ပွဲထွက်ကစားခွင့်ရရှိပြီး ဂိုးဖန် တီးနိုင်မှု၊ ဂိုးသွင်းယူနိုင်မှုမရှိ သေးဘဲ ရုန်းကန်နေရသည်။
ယူရိုပါလိဂ်ဗိုလ်လုပွဲပြီးပါက ချယ်လ်ဆီးနည်းပြဆာရီ အနာဂတ်အကြောင်း ဆွေးနွေးမည်
ချယ်လ်ဆီးနည်းပြမော် ရီဇီယိုဆာရီသည် လာမည့်သီ တင်းပတ် ယူရိုပါလိဂ် ဗိုလ်လုပွဲအ ပြီးတွင် ကလပ်အသင်းအထက်လူ ကြီးများနှင့် တွေ့ဆုံကာ လာမည့် ရာသီ၌ မိမိအား ဆက်လက်တာ ဝန်ယူစေလိုသည်လားဆိုသည်ကို ဆွေးနွေးမည်ဖြစ်သည်။ ဆာရီ၏ အသင်းသည် ရာ သီတစ်ဝက်ခန့်တွင် ခြေစွမ်းကျ ဆင်းခဲ့သော်လည်း ရာသီကုန်ချိန် ၌ ပရီးမီးယားလိဂ် တတိယနေရာ ရခြင်းနှင့်အတူ ချန်ပီယံလိဂ်ဝင် ခွင့် ရရှိခဲ့သည်။ေ မလ ၂၉ ရက် ဘာကူးမြို့ တွင် အာဆင်နယ်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲ ဆင်နွှဲရမည်ဖြစ်ရာ ဖလားရနိုင်သည့် အခြေအနေ ရရှိထားသည်။
သီရိလင်္ကာ ဗုံးခွဲမှု ဆက်စပ်သံသယရှိသူကို ဖမ်းမိ
ဥပဒေနှင့်မညီသော ကိစ္စများကို ပြတ်ပြတ်သားသား ဖြေရှင်းမည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော
တနင်္သာရီတိုင်းအတွင်း ဥပဒေနှင့်မညီသော ကိစ္စရပ်များ ဖြစ်ပေါ်လာပါက မည်သူ့မျက်နှာ မျှ မထောက်ဘဲ အချိန်နှင့်တစ် ပြေးညီ ပြတ်ပြတ်သားသားတုံ့ပြန် ဖြေရှင်းမည်ဟု ၀န်ကြီးချုပ်ဦးမြင့် မောင်က သတိပေးသည်။ ထို့ကြောင့် အစိုးရအဖွဲ့အ ပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားခြင်း မပြုဘဲ နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိ၍ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လို ကြောင်း ၎င်းကဆိုသည်။
မန္တလေး TV သတင်းထောက် နန္ဒ ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို CPJ တောင်းဆို

မြစ်ဆုံပြဿနာပြေလည်ရေး တရုတ်သံအမတ်ကြီး ပြောဆိုချက်အပေါ် တုံ့ပြန်မှုတွေ ထွက်ပေါ်
တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားတဲ့ ကိစ္စ ပြေလည်အောင် ဖြေရှင်းရေး အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ တာဝန်ပြီးဆုံးခဲ့ပြီဖြစ်တဲ့ တရုတ်သံအမတ်ကြီး မစ္စတာ Hong Liang က မြန်မာနိုင်ငံကနေ မထွက်ခွာခင် မေလ ၂၁ ရက်နေ့က ရန်ကုန် သံအမတ်နေအိမ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
လူကုန်ကူးခံရသူ မြန်မာ၁၄ဦး ထိုင်းအာဏာပိုင်တွေ ဖမ်းမိ
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာခရိုင်အတွင်းမှာ မလေးရှားနယ်စပ်ဘက်ကို ခိုးဝင်ဖို့အတွက် နေအိမ်တခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို ထိုင်းအာဏာပိုင်တွေက မနေ့က ရှာဖွေတွေ့ရှိခဲ့သလို၊ သူတို့ကို ခေါ်ဆောင်လာတဲ့ပွဲစားလို့ ယူဆရသူကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ထိုင်းတောင်ပိုင်းကနေတဆင့် မလေးရှားနိုင်ငံထဲ တရားမ၀င် နယ်စပ်ဖြတ်ကျော်သူတွေ များလာနေသလို၊ အခုလို ဖမ်းဆီးမှုတွေလည်း ဆက်တိုက် ဖြစ်နေတဲ့အကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။
ဒုက္ခသည်ဆိုင်ရာ ကုလမဟာမင်းကြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံ
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပါတယ်။ေ တွ့ဆုံရာမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့နဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သက်တမ်းတိုးရေး၊ စီမံကိန်းတွေ အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မူဆယ်နယ်စပ်ကုန်သွယ်ရေး ကျဆင်း
မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ တရုတ်-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထားတာကြောင့် တောင်သူတွေရော ကုန်သည်တွေပါ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို၊ ဒီနှစ်အတွင်း တရုတ်-မူဆယ်လမ်းကြောင်းကတဆင့် နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မူဆယ်မှာ ဆန်၊ပြောင်း၊ သကြားအစရှိတဲ့ ကုန်ပစ္စည်းတွေ အမြောက်အမြားပိတ်မိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။
U-20 ကမ္ဘာ့ဖလား မြန်မာပူးတွဲ ကျင်းပနိုင်မလား
၂၀၂၁ ခုနှစ် ကျင်းပမယ့် U-20 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ထိုင်းနိုင်ငံနဲ့ပူးတွဲပြီး အိမ်ရှင်အဖြစ်ကျင်းပသွားဖို့ မြန်မာနိုင်ငံက ကမ်းလှမ်း ထားပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားအရ လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတချို့နဲ့ အားကစား ဝါသနာရှင်တွေက ထောက်ပြပါတယ်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရမယ်ဆိုရင်တော့ နိုင်ငံအတွက် အကျိုးအမြတ်တွေရှိလာစေမယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
သီရိလင်္ကာဗုံးခွဲမှု ဆက်စပ်သံသယရှိသူ ရန်ကုန်မှာတွေ့ရှိ စုံစမ်းစစ်ဆေးနေ
သီရိလင်္ကာနိုင်ငံမှာ ဧပြီလအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ သံသယဖြစ်ခံရပြီး မြန်မာနိုင်ငံမှာ ရောက်နေတယ်ဆိုသူကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖမ်းဆီ မိလိုက်ပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးရုံးမှာ နေထိုင်ခွင့် သက်တမ်းလာတိုးစဉ် အဖမ်းခံလိုက်ရတဲ့ မှတ်တမ်း ဗွီဒီယိုတွေထွက်ပေါ်နေပေမယ့် သက်ဆိုင်ရာ ရဲစခန်းကတော့ သူ့ကို ဖမ်းမိကြောင်း အတည်မပြုသေးပါဘူး။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးခုတွင် အပူရှောင်စခန်း၂၀ ဖွင့်လှစ်ပေးထားဟုသိရ
နေအပူရှိန်မြင့်တက်လာနေမှုကြောင့် ပြည်သူများ အနားယူနိုင်ရေးအတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်တို့တွင် အပူရှောင်စခန်း၂၀ ဖွင့်လှစ်ပေးထားကြောင်း တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် တိုင်းဒေသကြီးအတွင်း နေ့အပူရှိန်မြင့်တက်နေမှုကြောင့် အချို့မြို့နယ်များတွင် ထိုင်နေကြသည့်ပြည်သူအချို့ သေဆုံးမှု နှင့် ဆေးဝါးကုသခံယူနေရသူများလည်း ရှိနိုင်ကြောင်း ゞင်းက ဆိုသည်။
ပြည်မြို့နယ် ကန်ကလေးကျေးရွာအနီး ရန်ကုန်မှ ပုဂံသို့ထွက်ခွါလာသည့် အမှတ်(၆၁) အဆန်ရထားဘီးချော်မှု ဖြစ်ပွားကာ ခရီးသည် ၆၀ဝ ကျော် စောင့်ဆိုင်းရွေ့ပြောင်းပေးခဲ့ရ

စပါးဈေး ကျဆင်းနေခြင်းကြောင့် ဈေးမြှင့်ဝယ်ရေး ဇီးကုန်းမြို့နယ် တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်

ယခုနှစ်နွေရာသီ ပူပြင်းသဖြင့် အင်းလေးကန်တွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော် ရေခန်းခြောက်နေပြီး သွားလာရေးခက်ခဲမှုကြုံတွေ့နေ
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ယခုနှစ် နွေရာသီအလွန်ပူပြင်းသဖြင့် အင်းလေးကန်တွင်းရှိ ကျေး ရွာပေါင်း ၃၀ ကျော် ရေခန်းခြောက်နေပြီး သွားလာရေးခက်ခဲမှုကြုံတွေ့နေကြောင်း မေ ၂၂ ရက်တွင် ဒေသခံများထံမှ သိရသည်။ အင်းလေးကန်ရေပြင်ကျယ်နေရာ အင်းပေါခုန်နှင့် ညောင်ဝန်းကျေးရွာကြီး နှစ်ရွာသာ ရွာတွင်းသွားလာရန်အဆင်ပြေပြီး အခြားသော ကျေးရွာပေါင်း ၃၀ ကျော်တို့တွင် ကျေးရွာတွင်း ရေခန်းခြောက်နေခြင်းကြောင့် သွားလာရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍဍာနှစ်ခြောက်လအတွင်း လေးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်နှင့် နှစ်လဆက်တိုက် ခုနစ်ရာခိုင်နှုန်းကျော် ရှိနေ
၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း လေးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်၊ နှစ်လဆက်တိုက် ခုနစ်ရာခိုင်နှုန်းကျော်ဖြစ်နေပြီး ခန့်မှန်းနှုန်း ထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၂ ဒသမ ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ဖားကန့်ဒေသ ဝှေခါမှော်တွင် စွန့်ပစ် မြေစာများကြောင့် မြေလျှောခြင်း၊ အပေါ်မြေစာပုံမှ ပြိုကျနိုင်ခြင်းကြောင့် ကုမ္ပဏီကားလမ်းကို ပိတ်ဆို့၍ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်းခံနေရသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကို ရှစ်ကြိမ်မြောက်ရုံးထုတ်ပြီး တရားလိုပြသက်သေများအား ယနေ့ စတင်စစ်ဆေးမည်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့်တရားစွဲဆို၍ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကိုမေ ၂၃ ရက်နံနက်တွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ရှစ်ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုအား ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ဘက်မှ လိုက်ပါဆောင်ရွက်နေ သည့် ရှေ့နေများက ဆက်လက်စစ်ဆေးကာ လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေများအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
လေပြင်း တိုက်ခတ်မှုကြောင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘုန်းကြီးကျောင်း ငါးကျောင်း၊ လူနေအိမ်ခြေ ၁၄၀ ကျော်၊ စာသင်ကျောင်းဆောင် ငါးဆောင် အမိုးလန် ပျက်စီးဆုံးရှုံး

စမ်းချောင်းမြို့နယ်ရှိ ပင်မ မြေအောက် ရေမြောင်းအတွင်းမှ အမှိုက်ဆယ်ယူမှု နောက် နှစ်ရက်ခန့်အကြာတွင် ပြီးစီးမည်ဖြစ်ပြီး တိမ်ကောနေသော အောင်ချမ်းသာ ရေမြောင်းကို ဆက်လက် ဖော်မည်

ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြောင်းရွှေ့ပေးခဲ့သည့် အရာထမ်းဦးရေ ၁၅၀ ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အရာထမ်း ၈၀ ကျော် ပါဝင်ဟုဆို
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၈ အရ အရာထမ်းများ ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြောင်းရွှေ့ပေးခဲ့သည့် အရာထမ်းဦး ရေ ၁၅၀ ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အရာထမ်းဦးရေ ၈၀ ကျော်ပါဝင်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြောကြားသည်။မေ ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)