
Pages
Wednesday, May 8, 2019
ကလေးမြို့ အောင်သစ္စာရပ်ကွက်တွင် မီးလောင်မှုကြောင့် နေအိမ် ၄ လုံး၊ ဂိုထောင် ၁ လုံးနှင့် ကားတစ်စီး ဆုံးရူံး

ဆေးခြောက် တရားဝင်သုံးစွဲရေး နယူးဇီလန်မှာ လူထုဆန္ဒ ခံယူမယ်
ဆေးခြောက်ကို တရားဝင်ဖြစ်ရေး ဆန္ဒ ရှိ၊ မရှိ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း လူထုဆန္ဒ ခံယူသွားမယ်လို့ နယူးဇီလန်နိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။ ဆေးခြောက်ကို တရားဝင်ဖြစ်ရေး ဥပဒေကြမ်း ရေးဆွဲနိုင်ဖို့ Yes/No မေးခွန်းလို ရိုးရှင်းတဲ့ မေးခွန်းတွေနဲ့ ဆန္ဒမဲ ကောက်ခံမယ်လို့ တရားရေးဝန်ကြီး အင်ဒရူး လစ်တဲလ်က ဒီနေ့ မေလ ၇ ရက်မှာ ကြေညာပါတယ်။ ဥပဒေကြမ်းမှာ ဆေးခြောက်သုံးစွဲရမယ့် အနည်းဆုံး အသက်က ၂၀ နှစ်ဖြစ်ဖို့၊ အပန်းဖြေဖို့ အတွက်သာ အသုံးပြုဖို့၊ စီးပွားရေးအရ ထုတ်လုပ်ရောင်းချရမှာ ထိန်းချုပ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ အိမ်မှာ စိုက်ပျိုးခွင့်ပြုမယ့် ပမာဏ၊ လူထုပညာပေး အစီအစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ညွှန့်ပေါင်းအစိုးရ အနေနဲ့ ကျန်းမာရေး အခြေပြု သုံးစွဲမှုဖြစ်စေရေး၊ ရာဇဝတ်မှု မြောက်နိုင်တဲ့ အခြေအနေ မရောက်အောင် ထိန်းချုပ်ရေးတွေ ပါဝင်တယ်လို့လည်း ဝန်ကြီး လစ်တဲလ်က ပြောပါတယ်။
မက်ဆီ အိပ်မရအောင် ဟိုတယ်ရှေ့မှာ ဗျောက်အိုးလာဖောက်ကြတဲ့ လီဗာပူး ပရိသတ်များ
လီဗာပူးအသင်းမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာလာ၊ဖာမီနိုတို့ ဒု-ကျော့မှာ ဒဏ်ရာကိုယ်စီကြောင့် မပါဝင်နိုင်တော့ဘူးလို့ နည်းပြ ကလော့ပ်က ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ဘာစီလိုနာတို့အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒု-ကျော့ပွဲစဉ်အ တွက် ဘာစီလိုနာအသင်းဟာ ဟေလ်တန် ဟိုတယ်ကို ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။
အာဂျင်တီးနားရှိ ကက်သလစ်ဘုန်းကြီးများ၏အနိုင်ကျင့်မှုကို အရေးယူပေးရန် ပုပ်ရဟန်းမင်းအား တောင်းဆို
ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မွေးရပ်ဖြစ်သည့် အာဂျင်တီးနား၌ ကက်သလစ်ဘုန်းကြီးများက ကလေးငယ်များအပေါ် လိင်ပိုင်းအနိုင်ကျင့်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာနှင့် အာဂျင်တီးနားလှုပ်ရှားသူများက မေ ၆ ရက်တွင် တောင်းဆိုခဲ့သည်။ မန်ဒိုဇာခရိုင်ရှိ ပရိုဗိုလိုအင်စတီကျု၌ ဘုန်းကြီးတစ်စုသည် ကလေး ၂၀ ဦးခန့်ကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း ဥပဒေအရာရှိများကပြောဆိုခဲ့သည်။
အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ရွေးကောက်ပွဲကောင်စီဆုံးဖြတ်
အတိုက်အခံများအနိုင်ရရှိခဲ့သောအစ္စတန်ဘူလ်မြို့တော်ဝန် ရွေးကောက်ပွဲသည် တရားမျှတခြင်းမရှိဟု တူရကီရွေးကောက်ပွဲကောင်စီကဆုံးဖြတ်ကာအသစ်ပြန်လည်ကျင်းပရန် ညွှန်ကြားလိုက်သည်။ သမ္မတရီဆပ်တေရစ် အာဒိုဂန်၏ ပါတီကရွေးကောက်ပွဲမူမမှန်သဖြင့် ပြန်ကျင်းပပေးရန် လျှောက်ထားမှုကိုကောင်စီကအသိအမှတ်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
စင်္ကာပူ မီဒီယာဥပဒေ အတိုက်အခံတွေ ကန့်ကွက်
စင်္ကာပူနိုင်ငံမှာ ဒီကနေ့ အတည်ပြုဖွယ်ရှိတဲ့ သတင်းမှားဖြန့်ချိမှု အရေးယူမယ့် ဥပဒေကို အတိုက်အခံ Workers’ Party က ကန့်ကွက်လိုက်ပါတယ်။ ဒီဥပဒေအရ လူမှုမီဒီယာကနေ သတင်းမှား သတင်းတု ဖြန့်ချိသူတွေကို ထောင်ဒဏ် ၁ဝ နှစ် သို့မဟုတ် ဒဏ်ငွေ စင်္ကာပူ ဒေါ်လာ ၁ သန်း အထိ ချမှတ်နိုင်ပါတယ်။ အဲဒီ ဥပဒေဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်မှာ မဟုတ်ဘူးလို့ တရားရေးဝန်ကြီး ရှန်မူဂမ်က ပြောပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေကြောင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိခိုက်ပြီး အစိုးရကိုလည်း အခွင့်အာဏာ အလွန်အမင်း ပေးအပ်ရာ ရောက်စေတယ်လို့ ဝေဖန်နေကြပါတယ်။
စစ်ကိုင်းတိုင်း ကလေးမော်လိုက်အကျဉ်းထောင်တွင် ဆူပူမှု ဖြစ်ပွား
စစ်ကိုင်းတိုင်း ကလေးမော်လိုက် အကျဉ်းထောင်တွင် ဆူပူမှု ဖြစ်ပွားနေကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက ပြောကြားသည်။ ဆူပူမှုမှာ မေလ ၈ ရက် နံနက်မှ စတင်ကာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ထောင်တစ်ခုလုံးရှိ အကျဉ်းသား အကုန်နီးပါး ပါဝင်ကြောင်း ကိုကျော်သက်ဝင်းက ပြောကြားသည်။ " လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနဲ့ ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို အဓိက တောင်းဆိုတာ။ တစ်ထောင်လုံး တောင်းဆိုနေတာ" ဟု ကိုကျော်သက်ဝင်းက ပြောကြားသည်။
ရန်ကုန်-စစ်တွေလမ်း ရာမောင်ကြိုးတံတား ၁၃ တန်အထက်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်ပင်မှု တစ်နှစ်ခန့်ကြာမြင့်၍ ဒေသခံများအခက်ကြုံ
ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ရာမောင် ကြိုးတံတားကြံခိုင်မှုအားနည်း၍ ၁၃ တန်အထက် ယာဉ်များဖြတ်သန်းခွင့်ကို ၂၀၁၈ ခုနှစ် ဇွန်လဆန်းပိုင်းမှစ၍ ပိတ်ထားရာ တစ်နှစ်ခန့်ကြာမြင့်နေသော်လည်း ပြန်လည်ခွင့်မပြုသေး၍ ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။ "ခရီးသည်ထောင်ချီရှိတယ်။ ကားက နံနက် ၉ နာရီကနေရောက်တာ ည ၉နာရီ အထိ ဇက်မကူးရသေးဘူး။ ကုန်တင်ကားတွေ ဆို နှစ်ရက်အထိ စောင့်ရတာတောင်ရှိတယ်။ ဘယ်လိုမှ အဆင်မပြေတော့ဘူး" ဟု မင်းပြား ကားဂိတ်ရှိ ရွှေလမင်းယာဉ်လိုင်းမှ ဂိတ်မှူး ဦးလှမောင်သိန်းက ပြောဆိုသည်။
ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသော ကစားသမားအား ကျပ်သိန်း ၃၀၀ နှင့် အသင်းလိုက်ဆုကြေးများ ချီးမြှင့်မည်
လာမည့်ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသော ကစားသမားများအား တစ်ဦးလျှင် ကျပ်သိန်း(၃၀၀)နှင့် အသင်းလိုက် ဆုကြေးများလည်းရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောသည်။ မေလ (၆) ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ၀န်ကြီးဌာန၏ အစည်း အဝေးတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် အနည်းဆုံး နှစ်ဒီဂရီစင်တီဂရိတ်မှ အများဆုံး ငါးဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်း
မန္တလေးတိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် အနည်းဆုံး နှစ်ဒီဂရီစင်တီဂရိတ်မှ အများဆုံး ငါးဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မေ ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။
phone ၆၈ လုံး Nikkon camera ၁၈ လုံး ဖမ်းဆီး
ဘဏ်မှထုတ်လာသည့်ငွေကို ဆိုင်ကယ်စီးသူနှစ်ဦးက လုယက်

ပန်းခွေအစား ပန်ကာတွေနဲ့  အစားထိုးဂါတ၀ ပြု
မင်းကင်းမြို့နယ် မဟာမြိုင်တောထဲတွင် အပူချိန်မြင့်မားပြီး ရေပြတ်လပ်မှုကြောင့် တိရစ္ဆာန်များကို သွားရောက် ရေတိုက်ကျွေး

မုံရွာ ကြက်မွေးမြူရေးအထူးဇုန်မီးလောင်
တရုတ် စတော့ရှယ်ယာဈေးကွက် အဆိုးဆုံး ကျဆင်းခဲ့ပြီးနောက် အနည်းငယ်ပြန်တက်
အမေရိကန်က တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်စည်တွေကို ထပ်ဆောင်းခွန် တိုးကောက်မယ့် အစီအစဉ် စပြီလို့ ကြေညာအပြီး သီတင်းပတ် ငါးပတ်တာ ကျဆင်းနေခဲ့တဲ့ အာရှ စတော့ရှယ်ယာဈေးဟာ မေလ ၇ ရက်မှာ အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဘဏ္ဍာရေးဈေးကွက်တွေ ထိတ်လန့်တုန်လှုပ်ခဲ့သလို ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ လမ်းချော်မှာကိုလည်း စိုးရိမ်နေကြတာပါ။
တနင်္သာရီမြို့၊ရှေးဟောင်းသမိုင်းဝင်မြဝတ်ဆင်စေတီတော်၌တတိယအကြိမ်၊ အသံမစဲမဟာပဌာန်းပူဇော်ပွဲ-ဖွင့်ပွဲကျင်းပ

ပရီးမီးယားလိဂ် ချန်ပီယံဆု မန်စီးတီးလက်ထဲတွင်ရှိဟု ဂွါဒီယိုလာ ပြော
ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားဟာ မန်စီးတီးအသင်းရဲ့ လက်ထဲမှာပဲ ရှိတာကြောင့် လီဗာပူးကို ဖလားရစေချင်တဲ့ မီဒီယာတွေအတွက် စိတ်မကောင်းဘူးလို့ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ တနင်္လာနေ့က လက်စတာအသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်ကို အနိုင်ကစားနိုင်ရင် ချန်ပီယံဆု ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၌ တနှစ်လျှင် ကင်ဆာရောဂါ ခံစားနေရသည့် ကလေးငယ်ပေါင်း ၂၀၀၀ ခန့်ရှိနေ
မြန်မာနိုင်ငံမှာ ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်ပေါင်း တနှစ်ကို အယောက် ၂၀၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။ ကလေးငယ်တွေမှာ အများဆုံးဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေကတော့ သွေးကင်ဆာနဲ့ မျက်လုံးကင်ဆာရောဂါတွေဖြစ်ပြီး အချိန်မီ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တယ်လို့ ဒီကနေ့ မေလ ၈ ရက် ရန်ကုန်မှာ ကျင်းပတဲ့ ကလေးကင်ဆာထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ထုတ်ပြန် ပြောခဲ့တာပါ။
ဂါဇာ-အစ္စရေး အပြန်အလှန်တိုက်ပွဲ ရပ်စဲ၊ ပဋိပက္ခ အဆုံးသတ်ခြင်းမဟုတ်ဟု နေတန်ယာဟု ပြော
ဂါဇာကမ်းမြောင်ဒေသနဲ့ အစ္စရေးတောင်ပိုင်းမှာ ဒုံးကျည်တွေ၊ လေကြောင်းပစ်ခတ်မှုတွေနဲ့ အပြန်အလှန်တိုက်ပွဲတွေ မေလ ၆ ရက်မှာ ရပ်စဲခဲ့ပေမယ့် ပဋိပက္ခ အဆုံးသတ်သွားတာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အပစ်အခတ်ရပ်စဲအပြီး နာရီပိုင်းအတွင်း ပြောပါတယ်။ ၃ ရက်ကြာ အပြန်အလှန်ပစ်ခတ်မှုဟာ မေလ ၅ ရက်မှာ အရှိန်အမြင့်ဆုံး ရောက်ခဲ့တာပါ။
ထောင်ကလွတ်လာတာကို ..မိသားစုတွေမသိလို့ …လာခေါ်မယ့်သူမရှိတဲ့ …အသက်(၇၅)နှစ်အရွယ်… လေဖြတ်ဝေဒနာရှင် …အဖွား

ထိုင်းတွင် မူးယစ်ဆေးသယ်ဆောင်လာသည့်ကား ရဲလိုက်ဖမ်း၍ ကားမီးရှို့ပြီး ထွက်ပြေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကုန်းပိုင်း၊ ရေပိုင်းလုံခြုံအောင် ကြိုးစားဆောင်ရွက်နေသော်လည်း လုံခြုံမှုမရှိသေးသည့်အတွက် တရားမဝင် အဝင်အထွက်များရှိနေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဝန်ခံပြောကြား
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကုန်းပိုင်း၊ရေပိုင်း လုံခြုံမှုရှိအောင် အစိုးရက ကြိုးစားဆောင်ရွက်နေသော်လည်း လုံခြုံမှု မရှိသေးသည့်အတွက် တရားမဝင် အဝင်အထွက်များ ရှိနေသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ခံပြောကြားသည်။
"ဗကသ မွေးနေ့ဆိုသည်မှာ သမီးရည်းစားချစ်သည့်စိတ်ဖြင့် ပေးထားသည့် နာမည်မဟုတ်" ဟု ၈၃ နှစ်ပြည့် အခမ်းအနားစီစဉ်သူများကို ဗကသဟောင်း ဦးလှရွှေ ဝေဖန်ပြစ်တင်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ဆောက်ခြင်းနေ့သည် သမီးရည်းစားချစ်တဲ့စိတ်ဖြင့်ပေးထားခဲ့သော နာမည်မဟုတ်ကြောင်း ဗကသဖွဲ့စည်းတည်ဆောက်ခြင်း (၈၃)နှစ်ပြည့် အခမ်းအနားစီစဉ်သူများကို ၁၉၆၂ခုနှစ် ဗကသများအဖွဲ့ချုပ်အတွင်းရေးမှူးဟောင်း ဦးလှရွှေက ပြစ်တင်ဝေဖန်လိုက်သည်။ ''မေလ ၈ရက်နေ့မှာ ဗကသဖွဲ့တယ်လို့ ကျွန်တော့အရှေ့က ဘယ် ဗကသခေါင်းဆောင်မှ ကျွန်တော့ကိုမိတ်ဆက်ပေးတာမရှိဘူး။ကျွန်တော်လဲ မေလ ၈ရက်နေ့ ဗကသဖွဲ့တယ်လို့ ဘယ်သူ့ကိုမှပြောခဲ့တာမရှိဘူး။အဲ့ဒါကို အရင်ပြောချင်တယ်။ ကျော်ကိုကိုပဲလုပ်လုပ် ။မကျော်ကိုကိုပဲလုပ်လုပ် ရမ်းမလုပ်နဲ့။သမိုင်းဆိုတာ ရမ်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး'' ဟု ၁၉၆၂ ခုနှစ် ဗကသဟောင်း ဦးလှရွှေက ပြောကြားသည်။
ပဲခူးရွှေမော်ဓောဘုရားတွင် ၆ နှစ်အရွယ်မိန်းကလေး ၁ဦး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူကို ဘုရားသန့်ရှင်းရေးဝန်ထမ်းက ဖော်ထုတ်ဖမ်းဆီး
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားမှာ အသက် ၆ နှစ်အရွယ်မိန်းကလေးတဦးကို လူလတ်ပိုင်း အမျိုးသားတဦးက အဓမ္မပြုကျင့်တာကို သန့်ရှင်းရေးဝန်ထမ်းတွေက ဖော်ထုတ်ဖမ်းဆီးပြီး ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမောင်က ပြောပါတယ်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၌ ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ခြောက်လအတွင်း ကျောက်စိမ်းတန်ချိန် ၁၆၀၀၀ ကျော် ထုတ်လုပ်ထား
ပြီးခဲ့သည့် ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ခြောက်လအတွင်း ကျောက်စိမ်းတန်ချိန် ၁၆၀၀၀ ကျော်အထိထုတ်လုပ်နိုင်ခဲ့ကြောင်း မေလ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း မြန်မာ နိုင်ငံအနေဖြင့် ကျောက်စိမ်းတန်ချိန် ၁၆၃၉၇ တန် အထိထုတ်လုပ်ထားကြောင်း ဖော်ပြထားသည်။
ဘားအံ အကျဉ်းထောင်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကို မကျေနပ်သည့်အတွက် အကျဉ်းသားများ ဆူပူမှုဖြစ် ပွားနေ
ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ကျေနပ်မှုမရှိသည့် အကျဉ်းသားများက အော်ဟစ်ဆန္ဒပြမှုများပြုလုပ်ကာ ထောင်ဆူမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထောင်မှ လွတ်မြောက်လာပြီး သာသနာ့ဘောင်ခေတ္တ၀င်မယ့် မိုးအောင်ရင်
မြန်မာနှစ်သစ်ကူးကာ လတတိယအကြိမ် နိုင်ငံတော် သမ္မတ၏ ယမန်နေ့ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်တွင် မူးယစ် ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံ နေရသည့် သရုပ်ဆောင် မိုး အောင်ရင် ပါဝင်လာသည်။ မိုးအောင်ရင်၏ ဖခင်အဆို တော် အောင်ရင်က ‘‘ကျွန်တော် တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးက နေ ဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ။ လွတ်မြောက်ခွင့်ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူ လူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာ တရားအပြည့်နဲ့ ကျွန်တော်တို့မိသားစု ကို စောင့်ရှောက်ဖေးမကူညီကြ သူများအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျာ’’ ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။
အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် နိုင်ငံ့ဝန်ထမ်းအကျုံးဝင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်ပယ်ဖျက်
အလုပ်သမားရေး ရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ တွင် နိုင်ငံ့ဝန်ထမ်းများလည်း အ ကျုံးဝင်သော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ပြည်ထောင်စုလွှတ်တော် က ဆုံးဖြတ်ခဲ့သည်။ လွှတ်တော်နှစ်ရပ် သဘော ထားကွဲလွဲနေသည့် အချက်၃၀ ကျော်ပါဝင်သည့် အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းကို ယမန်နေ့က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် ၌ တစ်ပိုဒ်ချင်းစီ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ - ၈၊ ၂၀၁၉
ဒီကနေ့မေ ၈ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၁၆ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၉ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၈၇ ကျပ် (ဘဏ်ကအဝယ်)၊၁၆၉၇ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၀ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၄ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၇ ကျပ် (ဘဏ်ကအဝယ်)၊၄၈ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၄၃၀၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၀၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၁၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၀ကျပ်ဈေးဖြစ်ပါ တယ်။
လက်ရှိအချိန်ဟာ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုပမာဏကြီးမားသူများက လေ့လာချိန်ဆမှုတွေဆောင်ရွက်နေကြချိန်ဖြစ်တယ်လို့ DICA ညွှန်ချုပ်ပြော
မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအနက် ရင်းနှီးမြုပ်နှံမှုပမာဏကြီးမားသူအများစုဟာ ပြည်တွင်းရှိ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများအပါအဝင်ဈေးကွက်အခြေအနေတွေကို ချိန်ဆလေ့လာနေချိန်ဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ရဲ့ခေတ္တညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်ကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက နေပြည်တော် Park Royal Hotel မှာကျင်းပတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက်ဝန်ကြီးဌာနပေါင်းစုံအလုပ်ရုံဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းတွင် ရာသီဥတုပူပြင်းမှုကြောင့် လူ၎ဦးသေဆုံး၊ ရေအောက်သန္တာကျောက်ခက်အများအပြားပျက်စီး၊ ဆင်များနေရာပြောင်းရွှေ့
ထိုင်းနိုင်ငံတွင် ရာသီဥတု ပူပြင်းမှုကြောင့် လူ၎ဦးသေဆုံးကြောင်းသိရပြီး၊ ရေအောက် သန္တာကျောက်ခက်များ များစွာပျက်စီးသည်ဆို၏။ ပြီးခဲ့သည့် သောကြာနေ့က ၄၀ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ပူပြင်းခဲ့ပြီး တနင်္ဂနွေနေ့တွင် ၃၈ ဒီဂရီအထိပြန်လည်လျော့ကျသွားခဲ့သော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများတွင်မး ၄၂ ဒီဂရီအထိပူပြင်းနေမည်ဟုခန့်မှန်းကြသည်။
လွိုင်ကော်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်အစိုးရက ရွှေ့ပြောင်းပေးမည်
ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်ရှိ ကန္တာဟေ၀န်ပန်းခြံထဲမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို နေရာပြောင်းရွေ့ပေးဖို့ ကယားပြည်နယ်အစိုးရက သဘောတူ လိုက်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ မေ ၇ ရက်က လွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်မှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြည်နယ်အစိုးရဘက်က ပြောင်းရွှေ့ပေးမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း သပိတ်လူငယ်အဖွဲ့က ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရန်အတွက် သစ်ပင်များ ပိုမိုစိုက်ပျိုးရန်လိုအပ်ဟုဆို
ကမ္ဘာပေါ်တွင် လက်ရှိအခြေအနေအရ သစ်ပင်ပေါင်း သန်း ၃၀၀၀ မျှရှိနေပြီး၊ နောက်ထပ် သစ်ပင် သန်း ၁၂၀၀ ခန့် စိုက်ပျိုးနိုင်သေးကြောင်း ဆွစ်တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့ကပြောသည်။ ”အကယ်၍ ကျွန်တော်တို့ အဲဒီသစ်ပင် သန်း ၁၂၀၀ လောက်ကို စိုက်ပျိုးနိုင်မယ်ဆိုရင်တော့ ကမ္ဘာကြီးကနေ ဆုံးရှုံးသွားတဲ့ ကာဗွန်ပမာဏကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဒါတောင် အဲဒီအပင်တွေ ကြီးလာအောင်စောင့်ရဦးမှာပါ။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုအတွက် အကောင်းဆုံးဖြေရှင်းနည်းပါပဲ”ဟု အဆိုပါ သုတေသီအဖွဲ့ဝင်တစ်ဦးဖြစ်သူ တွမ်ခရိုသာကပြောသည်။ ကမ္ဘာ့မြို့ကြီးများတွင်လည်း အဆောက်အအုံကြီးများဝယ် စိမ်းလန်းသော အပင်များစိုက်ပျိုးမှုကို စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။
ဝေါမြို့တွင် ဘုရားဖူး Express ယာဉ်တစ်စီး တရားမဝင်ပိတောက်သားများ တင်ဆောင်လာစဉ် ဖမ်းဆီးရမိ

လက်ကိုင်ဖုန်းများ တင်သွင်းရောင်းချ ဖြန့်ဖြူးမှုကို ယခင်ကတည်းက ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံနေခြင်းဖြစ်ပြီး ပြေစာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ညွှန်ကြားခြင်းမှာ အခွန်စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုသာ ဖြစ်ကြောင်း ပြည်တွင်းအခွန် အသိပေး
လက်ကိုင်ဖုန်းများ တင်သွင်းရောင်းချ ဖြန့်ဖြူးမှုကို ယခင်ကတည်းက ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံနေခြင်းဖြစ်ပြီး ပြေစာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ညွှန်ကြားခြင်းမှာ အခွန်စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုသာ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေး ကြေညာထားသည်။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ လည်းကောင်း၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ လည်းကောင်း လက်ကိုင် ဖုန်းများတင်သွင်းရောင်းချ၊ ဖြန့်ဖြူးရောင်းချပါက ယခင်ကတည်းက ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံနေပြီး လုပ်ငန်းရှင်များကလည်း ပေးသွင်းလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ သစ်ပုပ်ပင်တွင် မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြားတပ်ဆင်မည်
ဝန်
(၁) လျှပ်စစ်ဓာတ်အား မလုံ လောက်တာမို့ ဝန်လျှော့နေတယ် လို့ ဆိုပါတယ်။ အချိန်ပိုင်းနဲ့ အ လှည့်ကျ ဖြတ်တောက်တယ်၊ အ ချိန်ပိုင်းနဲ့ အလှည့်ကျဖြန့်ဝေ တယ်။ တစ်နေ့ကတော့ မနက် ၈ နာရီ ပြန်လာရမယ့်အလှည့်မှာ နာရီဝက်နီးပါးကျော်တဲ့အထိ မ လာတာကြောင့် သက်ဆိုင်ရာ လျှပ်စစ်ရုံးကို ဖုန်းဆက်မေးလိုက် ပါတယ်။ တာဝန်ကျဝန်ထမ်းက လည်း ချက်ချင်း ပြန်ဖြေပေးပါ တယ်။ ‘‘ဒီမှာ အရေးပေါ် ပေးစရာ ကို မီးမရှိတာပါခင်ဗျ’’ တဲ့။
ဆရာဒဂုန်တာရာသို့ အလွမ်းပြေ
ဆရာ့ကို အပြင်မှာ ပထမဆုံး စတွေ့ဖူးခဲ့တာ (၃၃)လမ်းထဲက စာပေသမားများ စုဝေးရာ လေ ထန်ကုန်းမှာပါ။ အဲသည်တုန်းက ကျွန်တော်က ဆရာဦးဝင်းခက် အယ်ဒီတာချုပ်လုပ်တဲ့ ပန်ရုပ်စုံ မဂ္ဂဇင်းမှာ တောက်တိုမည်ရပါ။ ၁၉၈၆ ခု နိုဝင်ဘာလရဲ့ တစ်ည နေခင်းမှာ ပန်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင်အစ်ကို မုံရွာအောင်ရှင်နဲ့ ကျွန်တော်ဟာ ပန်မဂ္ဂဇင်းတည် ရာ ဆိပ်ကမ်းသာလမ်းကနေ (၃၃)လမ်း လေထန်ကုန်းကို ထွက်ခဲ့ ကြပါတယ်။ အကြောင်းကိစ္စက ဝတ္ထုသရုပ်ဖော်ပုံအတွက် ပန်းချီ ကိုဝင်းသိန်းကို ပုံအပ်ဖို့ပါ။
သီရိလင်္ကာနိုင်ငံက ဗုံးခွဲခံ ခရစ်ယာန်ဘုရားကျောင်း ဝတ်ပြုသူတွေအတွက် တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်
သီရိလင်္ကာနိုင်ငံမှာ အီစတာပွဲတော်နေ့က အကြမ်းဖက် ဗုံးခွဲခံရတဲ့ စိန့်အန်တိုနီ ခရစ်ယာန်ဘုရားကျောင်းကို ဝတ်ပြုဆုတောင်းသူတွေအတွက် အင်္ဂါနေ့မှာ တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ လုံခြုံရေးတပ်တွေ ချထားရင်း ဘုရားကျောင်းအတွင်းက ဗိမာန်ဆောင်တစ်ခု ပြန်လည်ပြင်ဆင်နေစဉ်မှာ ဖွင့်လှစ်ပေးတာပါ။ ဝတ်ပြုဆုတောင်းသူတွေကို သူတော်စင် အန်တိုနီရဲ့ ရှေ့မှောက် ဝတ်ပြုမှု ပြုနိုင်အောင် အခန်းဆောင်တစ်ခုဆီ ဝင်ရောက်ဝတ်ပြုခွင့်ပေးတာလို့ ဘုန်းတော်ကြီး အက်ဒ်မွန်က ပြောပါတယ်။
လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ် ရွေ့ဆိုင်းရန် ကော်မတီဖွဲ့စည်း
ဒေသခံပြည်သူများ၏ ဆန္ဒမပါဝင်ဘဲ လွိုင်ကော်မြို့ရှိ ကန္တာဟေဝန် ပန်းခြံတွင် စိုက်ထူထားသည့် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုအား ပြန်လည်ရွေ့ဆိုင်းမည့် ကော်မတီတစ်ခုကို ဖွဲ့စည်းရန် ပြည်နယ်အစိုးရနှင့် ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မတီတို့အကြား သဘောတူညီမှု ရရှိခဲ့သည်။ “ဝန်ကြီးချုပ်ပြောတာက သူ့မှာ ညှိနှိုင်းရမယ့်ကိစ္စတွေရှိသေးတယ်။ အဲ့တော့ သူ့ကိုအချိန်နည်းနည်း ထပ်ပေးပါဆိုပြီး ပြောလို့ အချိန်ကို ညှိတော့ ဒီတစ်လအတွင်း နှစ်ကြိမ်တွေ့မယ်ဆိုတာရယ်၊ ဗိုလ်ချုပ် ကြေးရုပ်တုရွေ့ပြောင်းရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ ဖွဲ့လိုက်မယ်ဆိုတဲ့ဟာရယ် အဲ့နှစ်ခု ရလဒ် ထွက်တာပေါ့” ဟု ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မီတီ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီးက မဇ္ဈိမသို့ ပြောသည်။
ပျဉ်းမနား သုခစိုးဟိုတယ်တွင် နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ သုခစိုးဟိုတယ်တွင် စိုးလျှပ်စစ်ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ Soe International Open 2019 ကို မေလ ၉ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံတကာမှ အဆင့်မြင့် စစ်တုရင် ကစားသမားအများစု လာရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကစားသများအတွက် အဖိုးတန် အတွေ့အကြုံများစွာရရှိစေရန် ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ စစ်တုရင်လက်ရွေးစင် ကစားသမားများပါ အဆိုပါလူများနှင့် လက်ရည်စမ်းခွင့်ရရှိစေရန်၊ ဂရင်း မာစတာနှင့် အင်တာနေရှင်နယ်မာစတာ စွမ်းဆောင်ရည်များရရှိစေရန် ရည်ရွယ်ထားကြောင်းသိရသည်။
ဘာပေအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၄၀)ဖြင့် ခေါ်ယူရန်ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေဟု သတင်းထွက်

"လီဗာပူးရဲ့သမိုင်းဝင်အောင်ပွဲနောက်ကွယ်က ကိန်းဂဏန်းများ"

ကော်လိုရာဒိုမှ အထက်တန်းကျောင်းတစ်ကျောင်းအတွင်း သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခံရမှုကြောင့် ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ၊ ၂ ဦးကိုဖမ်းဆီးထား
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒေါက်ဂလပ်စ်ဒိစတြိတ်အတွင်းရှိ STEM School Highlands Ranch အထက်တန်းကျောင်းတွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုတစ်ခု အင်္ဂါနေ့က ဖြစ်ပွားသောကြောင့် ၁ ဦးသေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုကျူးလွန်သည်ဟု ယုံကြည်ရသူ ၂ ဦးကို ရဲက ဖမ်းဆီးထားသည်။
ဆေးခြောက်စိုက်ပျိုးမှုနဲ့ ကန် နိုင်ငံသား ကို မြန်မာတရားရုံးက ချုပ်မိန့်တိုး
ဆေးခြောက်ပင်စိုက်ပျိုးမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဖမ်းခံထားရတဲ့ အမေရိကန်စီးပွားရေးသမား John Fredric Todoroki ကို မန္တလေးတိုင်း မြင်းခြံခရိုင်က တရားရုံးက ချုပ်မိန့် ရမန်တိုးခဲ့ပါတယ်။ ဧပြီလ ၂၃ ရက်နေ့တုန်းက မန္တလေးတိုင်း စက်မှုဇုန်တွင်းက ဧက ၂၀ ရှိတဲ့ စိုက်ခင်းကို ရဲတွေ ၀င်ရောက်စီးနင်း ခဲ့ပြီး ဖမ်းဆီးခဲ့တဲ့အသက် ၆၃ နှစ်အရွယ် John Fredric Todoroki နဲ့ ဒေသခံ ၂ ယောက်တို့ကို အင်္ဂါနေ့က ရုံးထုတ်ခဲ့တာပါ။ မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲဆိုခံရတဲ့ သူတို့အတွက် ထောင်ဒဏ် ပစ်ဒဏ် ၁၀ နှစ် အထိကျခံရ နိုင်ဖွယ်ရှိပါတယ်။
Venezuela အရေး ဆုပေး ဒဏ်ပေးစနစ်သုံးဖို့ ကန်ကြိုးပမ်း

မော်စီတုန်း မူဝါဒချခဲ့ဖူးသည့်အတိုင်း မြို့နေလူငယ်တွေကို တောကျေးလက်သို့ စေလွှတ်ရန် ရှီကျင်းပင် ပြင်ဆင်နေ

ထိုင်းနိုင်ငံတွင် အငြိမ်းစားယူခါနီး မှုခင်းစုံစမ်းရေးရဲအရာရှိအိမ်မှ မူးယစ်ဆေးနှင့်လက်နက်များ ဖမ်းမိ

အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာ ရေကြောင်း ကာကွယ်ရေးပြပွဲနှင့် ကွန်ဖရင့် (International Maritime Defence Exhibition and Conference Asia 2019-IMDEX Asia 2019)သို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ စင်ကာပူနိုင်ငံသို့ ထွက်ခွာ

ဦးဝီရသူကို တရားစွဲရန် အမှုတည်ဆောက်နေဟု ဝန်ကြီးသူရဦးအောင်ကိုပြော
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့်ပတ်သက်ပြီး ဦးဝီရသူကို တရားစွဲရန် အမှုတည်ဆောက်နေသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ ‘‘ဦးဝီရသူနဲ့ပတ်သက်လို့ တရားစွဲဖို့အတွက်ကို အမှုတည် ဆောက်နေပါတယ်။ လောလောဆယ်တော့ အဲဒီလောက်ပဲ ပြောလို့ ရပါတယ်။ အမှုတည်ဆောက်နေပါတယ် ကျွန်တော်တို့။ ခိုင်လုံ သထက် ခိုင်လုံအောင် အမှုတည်ဆောက်နေပါတယ်’’ဟု မေလ ၆ ရက်ညတွင် 7Day Daily သတင်းစာအား သူရဦးအောင်ကိုက အ တည်ပြုပြောကြားသည်။
ကမ္ဘာ့ဖလားဝင်ခွင့်အထိ အမြင့်ဆုံးမှန်း၍ ကြိုးစားသွားရန် ယူ-၁၉အမျိုးသမီးအသင်းအား ဥက္ကဋ္ဌဦးဇော်ဇော် ပြောကြား

လေကြောင်းလူငယ် တန်းမြင့်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ Grob-120 TP အမောင်းသင် လေယာဉ်ဖြင့် လိုက်ပါစီးနင်း လေ့လာ


အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ Additional Director General, VSR MURTHY, PTM, TM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိ


မြန်မာဘက်က တိုင်ကြားလို့ ရနောင်း လဝက အကြီးအကဲ ရွှေ့ပြောင်းခံရ

အမျိုးသမီးအချုပ်သားများဆိုင်ရာ ရဲလုပ်ထုံးလုပ်နည်းများသုံးသပ်ရန်လိုပြီ
“မွေးခန်းထဲက ထွက်ကာနီးမှာ ကျမခြေထောက်တွေ၊ လက်တွေကို သံကြိုးတွေနဲ့ခတ်လိုက်တယ်။ ကလေးနဲ့လည်း ခွဲထားတယ်” ဟု နန်းရှန်ဟွမ်က ရှိုက်ကြီးတငင်ငိုပြီး ပြောပြသည်။ အသက် ၂၈ နှစ် အရွယ်ရှိ နန်းရှန်ဟွမ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံရွာတွင် နေထိုင်သူဖြစ်သည်။ သူ၏ အမှုမှာ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုများလည်းမဟုတ်ခဲ့ပါ။ သူနေထိုင်ရာ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံကျေးရွာနေ တောင်သူများသည် ၎င်းတို့မြေယာများကို ပြန်လည်ရရှိ ရေးအတွက် ပိုင်ဆိုင်မှုသက်သေအထောက်အထားများဖြင့် နိုင်ငံတော်သမ္မတအဆင့်အထိ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ပေ။
'အခြေခံပညာကျောင်းသားများအတွက် နွေရာသီကျောင်းပိတ်ရက် ၃ လမှ ၂ လသို့ လျှော့ချလိုက်မှုနှင့် သူတို့အသံ''
လာမည့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်မှစ၍ နွေရာသီကျောင်းပိတ်ရက် ၃ လမှ ၂ လသို့ လျှော့ချလိုက်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့်ကောင်းခြင်း၊ ဆိုးခြင်းများနှင့်ပတ်သက်ပြီး ပညာရေးနယ်ပယ်မှ ဆရာ၊ ဆရာမများ၏ ထင်မြင်ချက်များအား မေးမြန်းထားသည်ကို ဖော်ပြပါသည်။
ဂုဏ်ထူးဦးသိန်းနိုင်
ဒီပြင်တိုင်းပြည်တွေအနေနဲ့ဆိုရင်တော့ သဘာဝကျရင်ကျမှာပေါ့ကွာ။ ဆရာတို့တိုင်းပြည်အနေနဲ့တော့ မလုပ်သင့်ဘူး။ ကျောင်းပိတ်ရက်တွေကလည်း သိပ်များတာကိုး။ စာသင်ချိန်နည်းတဲ့အတွက် များအောင် လုပ်တာလို့ ထင်ပါတယ်။ ဆရာတို့ငယ်ငယ်တုန်းကလည်း ဒီလိုရှိတယ်။ ပြီးမှ ဘယ်လိုဘယ်လိုဖြစ်သွားပြီးတော့ ကျောင်းပိတ်ရက် ၃ လဖြစ်သွားလည်း မသိဘူး။ ဆရာတို့ငယ်ငယ်တုန်းကတော့ ရာသီဥတုက ဒီလောက်မပူ တော့ သိပ်ပြဿနာမရှိဘူး။ ခုက ရာသီဥတုကအရမ်းပူတော့ ကလေးတွေအတွက် ပြဿနာရှိနိုင်တယ်။
ဂုဏ်ထူးဦးသိန်းနိုင်
ဒီပြင်တိုင်းပြည်တွေအနေနဲ့ဆိုရင်တော့ သဘာဝကျရင်ကျမှာပေါ့ကွာ။ ဆရာတို့တိုင်းပြည်အနေနဲ့တော့ မလုပ်သင့်ဘူး။ ကျောင်းပိတ်ရက်တွေကလည်း သိပ်များတာကိုး။ စာသင်ချိန်နည်းတဲ့အတွက် များအောင် လုပ်တာလို့ ထင်ပါတယ်။ ဆရာတို့ငယ်ငယ်တုန်းကလည်း ဒီလိုရှိတယ်။ ပြီးမှ ဘယ်လိုဘယ်လိုဖြစ်သွားပြီးတော့ ကျောင်းပိတ်ရက် ၃ လဖြစ်သွားလည်း မသိဘူး။ ဆရာတို့ငယ်ငယ်တုန်းကတော့ ရာသီဥတုက ဒီလောက်မပူ တော့ သိပ်ပြဿနာမရှိဘူး။ ခုက ရာသီဥတုကအရမ်းပူတော့ ကလေးတွေအတွက် ပြဿနာရှိနိုင်တယ်။
"အမေရိကန်စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ"

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးရွာသွန်းသည့်အချိန်အထိ ဓာတ်အားစနစ်တည်ငြိမ်စေရန် ထုတ်လုပ်မှုကို ချွေတာထိန်းညှိသွားမည်ဟု YESC အသိပေးကြေညာ
မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းသည့်အချိန်အထိ ဓာတ်အားစနစ်တည်ငြိမ်စေရန် ထုတ်လုပ်မှုကို ချွေတာထိန်းညှိသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကော်ပိုရေးရှင်း (YESC) က အသိပေးကြေညာချက်ထုတ်ပြန်သည်။ အပူချိန်ပိုမိုမြင့်တက်ခဲ့သော ယခုနှစ် နွေရာသီကာလတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေစဉ်အတွင်း ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် မိုးမရွာသွန်းမီ အချိန်ကာလအထိ ဝန်အားလျှော့ထိန်းညှိခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရမည့် အခြေအနေကို အများပြည်သူထံသို့ အသိပေးကြေညာထားခဲ့ပြီးဖြစ်သည်။
"ကမ္ဘာကြက်ခြေနီနေ့အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်"

"အစ္စဏီရဲ့ အမှု အဆင်ပြေဖို့ ယုံကြည်တယ်"လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ပြော
အမှုစစ်ဆေးမှုမှာ ကြာမြင့်လျက်ရှိတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကတော့ မကြာခင်မှာ အေးချမ်းသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း တရားလိုဖြစ်သူ စူးရှထက်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ “အခုတော့ ကြားခံပုဂ္ဂိုလ်တယောက်ကနေ ပြေလည်ရာပြေလည်ကြောင်း လာပြီးတော့ ညှိနှိုင်းနေတာတွေတော့ ရှိပါတယ်။ ပြေလည်သွားနိုင်ပါတယ်။ ဒီ ၁ ရက် ၂ ရက်ကပဲ လာသွားပါတယ်။ အခုတော့ မဖော်သေးပါဘူး။ အေးချမ်းသွားမယ်လို့ ယုံကြည်ပါတယ်” လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲ ဖွေထိုင်းပါတီ အနိုင်ရ

ဘာစီလိုနာကို ၄ ဂိုးပြတ်နိုင်ပြီး လီဗာပူး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်

ဘီလူးချောင်းထဲ ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသားအလောင်းတွေ့ရှိ
တိုင်းပြည်ငြိမ်းချမ်းဖို့ဆက်လုပ်သွားမည်ဟု ပြန်လွတ်လာသည့် ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌပြော
ဒီကနေ့ အသက် (၄၈) နှစ်ပြည့်မွေးနေ့ကို ကျရောက်လာတဲ့ ပရိသတ်အချစ်တော် ထက်ထက်မိုးဦး

NRPC နှင့် NCA မထိုးရသေးသည့် KNPP တို့ လွိုင်ကော်မြို့၌တွေ့ဆုံခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် သဘောတူညီချက် ငါးချက်ရရှိ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးကို မေ ၆ ရက် နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ Famous Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးရေးများနှင့်ပတ်သက်၍ သဘောတူညီချက် ငါးချက်ချမှတ်နိုင်ကြောင်း သိရသည်။
လျှပ်စစ်ထုတ်လုပ်ရန် တင်ဒါအောင်ထားသည့် ကိုရီးယားကုမ္ပဏီကပျက်ကွက်မှုကြောင့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီအနေဖြင့် တစ်ယူနစ် ကျပ် ၂၆၀ ဖြင့် လျှပ်စစ်မီးမဖြန့်ဝေနိုင်တော့ကြောင်း သိရ
လျှပ်စစ်ထုတ်လုပ်ရန် တင်ဒါအောင်ထားသည့် ကိုရီးယားကုမ္ပဏီ၏ ပျက်ကွက်မှုကြောင့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီအနေဖြင့် တစ်ယူနစ်လျှင် ကျပ် ၂၆၀ ဖြင့် လျှပ်စစ်မီး ဖြန့်ဝေနိုင်တော့ကြောင်း စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။ လျှပ်စစ်မီးဈေးနှုန်း ကြီးမြင့်စွာဝယ်ယူသုံးစွဲနေရသည့် မြိတ်မြို့အတွက် လျှပ်စစ်မီးကို HFO ဖြင့် ထုတ်လုပ်ကာ တစ်ယူနစ်လျှင် ကျပ် ၂၆၀ ဖြင့် ဖြန့်ဖြူးရန် မြိတ်စိမ်းလန်းစွမ်း အင်ကုမ္ပဏီက တင်ဒါအောင်ထားပြီး ယခုမေလတွင် ပြည်သူများ စတင်သုံးစွဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ သို့ရာတွင် HFO ဖြင့် လျှပ်စစ်မီးထုတ်လုပ်ရန် MIC ခွင့်မပြုဟုဆိုကာ ကိုရီးယားကုမ္ပဏီက နောက်ဆုတ်သွား၍ ပြည်သူများအနေဖြင့် တစ်ယူနစ်လျှင် ကျပ် ၃၈၀ ဖြင့် ဈေးနှုန်းကြီးမြင့်စွာ ဆက်လက်သုံးစွဲနေရကြောင်း သိရသည်။
ပြင်ဦးလွင်-မန္တလေးလမ်း ခြောက်ထပ်ကွေ့ အဆင်းလမ်းတွင် ၂၂ ဘီးတွဲ ယာဉ်တစ်စီး ဘီးပေါက်အရှိန်လွန်ပြီး ချောက်ထဲထိုးကျရာမှ ခရီးသည်တင် ဆလွန်းကား တစ်စီးကို ထပ်မံတိုက်မိ၍ ခြောက်ဦးဒဏ်ရာရရှိ

သရုပ်ဆောင်နေခြည်ဦးနှင့် တွေ့ဆုံခြင်း
Beauty Blogger တစ်ဦးအဖြစ်စတင်လုပ်ဆောင်ခဲ့စဉ်ကပင် ပရိသတ်ချစ်ခင်အားပေးမှုများပြားစေခဲ့သည့် နေခြည်ဦးမှာ သရုပ်ဆောင်အဖြစ်စတင်ပါဝင်ခဲ့သည့် ရန်သူဇာတ်ကားဖြင့်လည်း ပရိသတ်အားပေးမှု ပိုမိုရရှိစေခဲ့သူဖြစ်သည်။ တက်ကြွရွှင်လန်းမှုများနှင့် ယုံကြည်မှုအပြည့်အဝရှိသည့် ဟန်ပန်ဖြင့် ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူ သရုပ်ဆောင်နေခြည်ဦးသည် ခြောက်ကားမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် အကယ်ဒမီနေတိုးအပါအဝင် သရုပ်ဆောင်များစွာနှင့်တွဲဖက်ကာ ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးလျက်ရှိသည်။ မကြာခင်ရုံတင်တော့မည့် ‘ဧည့်သည်’ ရုပ်ရှင်ဇာတ်ကားတွင်လည်း အချစ်ကြီးသူ မိန်းကလေးအဖြစ် ပါဝင်ထားသည့် သရုပ်ဆောင်နေခြည်ဦးနှင့်တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်အတွင်း ဆူဇူကီးက မြန်မာနိုင်ငံ ဈေးကွက်တွင် မော်တော်ယာဉ် အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ် ရောင်းချခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် ဈေးကွက်ရှိနေဟုဆို
၂၀၁၈ ခုနှစ်အတွင်း ဆူဇူကီးမှ မြန်မာနိုင်ငံ ဈေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ် ရောင်းချခဲ့ကာ ယင်းပမာဏမှာ သတ်မှတ် ရည်မှန်းချက်ထက် ကျော်လွန် ရောင်းချခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံ အနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် ဈေးကွက်ရှိနေကြောင်း Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki ၏ ပြောကြားချက်အရ သိရသည်။ “ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ယာဉ်အစီးရေ တစ်သောင်း ထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့တဲ့အတိုင်း ပြည့်မီ ကျော်လွန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ထုတ်လုပ် ရောင်းချခဲ့တဲ့ မော်တော်ကား အစီးရေက သုံးသန်း သုံးသိန်းကျော် ဖြစ်ပါတယ်။
ကသာမြို့တွင် ဧရာဝတီမြစ်ရေ နှစ်ဆခန့်ပြန်လည်မြင့်တက်လာသော်လည်း ရေကြောင်းကျဉ်းကျပ်မှုရှိနေဆဲဟုဆို
ကချင်ပြည်နယ် တွင် မိုးရွာသွန်းမှုရှိလာသဖြင့် ဧရာ ဝတီမြစ်ရေသည် ကသာမြို့တွင် ယခုရက်ပိုင်း လက်ရှိရေနည်းမှတ် ထက် နှစ်ဆနီးပါးမြင့်တက်လာ သော်လည်း မြစ်အတွင်းသဲသောင် ခုံကြီးများ ရှိနေဆဲဖြစ်၍ ရေလမ်း ကြောင်းမှာ ကျဉ်းကျပ်မှုရှိနေဆဲ ဖြစ်ကြောင်း ကသာမြို့မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တိုင်းတာချက်များအရ သိရသည်။
တရားမဝင်ဓာတ်ဆီဆိုင်များကို ပြင်းထန်ထိရောက်စွာ အရေးယူနိုင်ရေး တိုင်းဒေသကြီးအ စိုးရအဖွဲ့ ဆောင်ရွက်နေ
မန္တလေးတိုင်း ဒေသကြီးအတွင်း တရားမဝင် ဆီ ဆိုင်များ ဖြန့်ဖြူးရောင်းချနေမှုများ ကို မီးဘေးအန္တရာယ်ကာကွယ်နိုင် ရန်နှင့် နိုင်ငံတော်အခွန်ငွေ မနစ် နာစေရန်အလို့ငှာ ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင် ဖြန့်ဖြူးရောင်းချ ရေး ဥပဒေပုဒ်မ(၃၇)အရ ပြင်းထန် ထိရောက်စွာ အရေးယူမှုပြုလုပ် နိုင်ရေး တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်ရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါခေါ်မည်
တိုင်းရင်းသား ကျေးရွာကိုအဆင့် မြှင့်တင်ရန်အ တွက် တည်ဆောက်ရေးတင်ဒါကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်ရန်အတွက် ဒီဇိုင်း တင်ဒါ ခေါ်ယူရွေးချယ်ထားပြီး တည်ဆောက်ရေးတင်ဒါကို ရန် ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်သွားမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းက ပြောသည်။
""ဒီဇိုင်းရပြီးဖြစ်ပါတယ်။ ဒီ ဇိုင်းကို တည်ဆောက်မယ့်သူကို တင်ဒါခေါ်ဖို့ပဲ ကျန်ပါတော့တယ်။တိုင်းရင်းသားကျေးရွာကို ပြည် ထောင်စုတိုင်းရင်းသားရေးရာဝန် ကြီးဌာနကို လွှဲပြောင်းလိုက်ပြီ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကြီး ကြပ်ပြီး တင်ဒါခေါ်ယူသွားဖို့ အ တွက် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒါကိုဆောင်ရွက်လိုက်ရင် ရန်ကုန်က ခရီးသွားလုပ်ငန်းနယ် ပယ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်""ဟု၎င်းကပြောသည်။
""ဒီဇိုင်းရပြီးဖြစ်ပါတယ်။ ဒီ ဇိုင်းကို တည်ဆောက်မယ့်သူကို တင်ဒါခေါ်ဖို့ပဲ ကျန်ပါတော့တယ်။တိုင်းရင်းသားကျေးရွာကို ပြည် ထောင်စုတိုင်းရင်းသားရေးရာဝန် ကြီးဌာနကို လွှဲပြောင်းလိုက်ပြီ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကြီး ကြပ်ပြီး တင်ဒါခေါ်ယူသွားဖို့ အ တွက် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒါကိုဆောင်ရွက်လိုက်ရင် ရန်ကုန်က ခရီးသွားလုပ်ငန်းနယ် ပယ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်""ဟု၎င်းကပြောသည်။
ရခိုင်ပဋိပက္ခပြေငြိမ်းရေးကို အခက်အခဲကြားမှ အစိုးရ ဖော်ဆောင်နေဟုဆို
ရခိုင်ပဋိပက္ခပြေ ငြိမ်းရေးအတွက် အစိုးရအနေဖြင့် အခက်အခဲကြားမှ အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောကြားလိုက်သည်။ေ မ ၆ ရက် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ် တွင်ပြုလုပ်စဉ် ပြည်ထောင်စုဝန် ကြီးက သတင်းမီဒီယာများကို ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်မာနိုင်ငံရှိ စစ်ဘေးရှောင်စခန်းများအားလုံးကို စနစ်တကျပိတ်သိမ်းမည်
မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်စခန်းများအားလုံးကို စနစ်တကျပိတ်သိမ်းနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ မေ ၆ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြန် လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ သတင်းထောက်တစ်ဦး ၏မေးမြန်းချက်ကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်တွင် ဒေသခံများ၏ အကြံပြုချက်များကို ထည့်သွင်းရေးဆွဲသွားမည်

ဒေါနတောင်ကျော်လမ်း ကွမ်းခြံကွေ့တွင် ကုန်တင်ယာဉ်နှင့်မြေသယ်ယာဉ် မျက်နှာချင်းဆိုင်တိုက်မိပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွား

ကရင်ပြည်နယ် ဇွဲကပင်ဆံတော်ရှင်စေတီ၏ တိုးချဲ့ရင်ပြင်တော် မှန်သားခင်း (View Point) ဖွင့်ပွဲ ကျင်းပ

အမျိုးမျိုးကွဲပြားမှုအား လက်ခံရန် ပုပ်ရဟန်းမင်းကြီးက ဘော်လ်ကန်နိုင်ငံများကို တိုက်တွန်း

အာတိတ်တွင် ရန်လိုသည့် အပြုအမူအတွက် တရုတ်နှင့်ရုရှားကို ပွန်ပီယိုက ရှုတ်ချ

နန်းတက်ပွဲအခမ်းအနားနောက်ဆုံးနေ့တွင် ထိုင်းဘုရင်က စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုပြောကြား

IS နှင့်ဆက်နွှယ်သောအဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မည့်အစီအစဉ်ကို အင်ဒိုနီးရှားက ဟန့်တားနိုင်ခဲ့
အင်ဒိုနီးရှားက ရွေးကောက်ပွဲ ရလဒ်များအား တရားဝင်ကြေညာသည့်အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှုများစွာပြုလုပ်ရန် IS နှင့်ဆက်နွှယ်သည့် စစ်သွေးကြွများက စီစဉ်ထားမှုကို ဟန့်တားနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဆူမတ်တြားနှင့် မြို့တော်ဂျကာတာ အနီးတို့အပါအဝင် နေရာများစွာတွင်ပြီးခဲ့သော သီတင်းပတ်၌ သံသယရှိသူရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မျိုးစိတ်တစ်သန်း မျိုးသုဉ်းရန်အခြေအနေရင်ဆိုင်နေရစဉ် သဘာဝတရားသည် အန္တရာယ်ကြုံနေရဟု ကုလပြောကြား
လူမှုဝန်းကျင် ရှင်သန်ကြီးထွားရန်အတွက် လိုအပ်သည့် သဘာဝရင်းမြစ်များအား လူသားများက အလွဲသုံးစားမှုကြောင့် မျိုးစိတ်တစ်သန်းသည် မျိုးသုဉ်းပျောက်ကွယ်ရန်အခြေအနေကို ကြုံနေရကြောင်း မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ သဘာဝတရားဆိုင်ရာ အထင်ကရအစီရင်ခံစာတွင် သတိပေးခဲ့သည်။ ရေ၊ တောရိုင်း တိရစ္ဆာန်၊ လေ၊ မြေဆီလွှာနှင့် သစ်တောများ စသည့်ကမ္ဘာမြေကြီး၏ လက်ဆောင်များအား အဆင်ခြင်မဲ့ သုံးစွဲခြင်းနှင့် အဆိပ်သင့် စေခြင်းတို့သည် ရာသီဥတုပြောင်းလဲမှုကဲ့သို့ပင် လူမှုဝန်းကျင်အား ခြိမ်းခြောက်နေကြောင်း ကျွမ်းကျင်သူ ၄၅၀ က ပြုစုထားသော Summary for Policymakers ကို တရားဝင်အသိအမှတ်ပြုခဲ့သည့် နိုင်ငံပေါင်း ၁၃၂ နိုင်ငံတက်ရောက်ခဲ့သော အစည်းအဝေးတွင် ဥက္ကဋ္ဌဌအဖြစ်ဆောင်ရွက်ခဲ့သူ ရောဘတ်ဝပ်ဆင်က ပြောကြားခဲ့သည်။
အစ္စတန်ဘူမြို့တော်ဝန်ရွေးကောက်ပွဲကို ပြန်ကျင်းပရန် တူရကီရွေးကောက်ဘုတ်အဖွဲ့က ဆုံးဖြတ်
အစ္စတန်ဘူမြို့တော်ဝန် ရွေးကောက်ပွဲကို ပြန်ကျင်းပရန် တူရကီရွေးကောက်ပွဲ ဘုတ်အဖွဲ့က မေ ၆ ရက်တွင် အမိန့်ထုတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ၌ ဖော်ပြခဲ့သည်။ အစ္စတန်ဘူရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့မှုအတွက် သမ္မတ ရီဆပ်တေရစ်အာဒိုဂန်၏ပါတီက မကျေမနပ်တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အဓိကအတိုက်အခံ ရီပက်ဘလီကင်ပြည်သူ့ပါတီ (CHP) မှ အက်ခရမ်အီမာမိုဂလူက ဖောက်ပြန်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်ဟု ပြောကြားပြီး ဆက်လက်ရင်ဆိုင်သွားမည်ဟု ကတိပြုခဲ့သည်။
ပဲခူးရွှေမော်ဓောဘုရားပေါ်တွင် အသက်ခြောက်နှစ်အရွယ် မိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့်မှု ဖြစ်ပွား
ပဲခူးရွှေမော်ဓောဘုရားပေါ်တွင် မေ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အသက်ခြောက်အရွယ် မိန်းကလေးအား အသက် ၁၈ နှစ် အရွယ် အမျိုးသားတစ်ဦးက သက်ငယ်မုဒိမ်း ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၇ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က ရွှေမော်ဓောဘုရားအရှေ့မြောက်ထောင့် ကိုးနဝင်းစေတီ သစ်ပုံအနီး ဂိုဒေါင်နောက်ကျောတွင် အသက်ခြောက်နှစ်ခန့် မိန်းကလေးငယ်အား အမျိုးသားတစ်ဦးက သားမယားပြုကျင့်နေကြောင်း ရွှေမော်ဓောစေတီ သန့်ရှင်းရေးဝန်ထမ်း မောင်မိုးဝေ (၂၀ နှစ်) က တွေ့ရှိခဲ့ပြီး ဘုရားလုံခြုံရေးမှူးဦးလှိုင်မြင့်အား သွားရောက် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်
စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် အာဏာရှင်မဟုတ်ပေ။ လွတ်လပ်သောပြည်သူများ၏ လွတ်လပ်သော ခေါင်းဆောင်တစ်ဦးဟုဆိုနိုင်ပြီး အရည်အသွေးလေးရပ်ကို ပိုင်ဆိုင်သူဖြစ်သည်။မူဝါဒသဘောတရား အခြေခံခိုင်မာခြင်း - တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် ခိုင်မာသော၊ အပြောင်းအလဲမရှိသော၊ အခြေခံကျသော အမှန်တရားများ၏ အခြေခံအုတ်မြစ် တစ်ရပ်ပေါ်၌ သူ၏ပလက်ဖောင်းကို တည်ဆောက်သူဖြစ်သည်။ ယင်းတို့သည် အဓိက မဏ္ဍဍိုင်အဖြစ်သူ ယုံကြည်သောအရာများနှင့် သူ့အပေါ် လွှမ်းမိုးကြီးစိုးသော အတွေးအခေါ်များဖြစ်သည်။
ကိုဝလုံး နဲ့ ကိုကျော်စိုးဦး ပြန်လွတ်လာမှု ကန် ဒုသမ္မတ အပါအ၀င်နိုင်ငံတကာ ကြိုဆို
ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းလိုက်ခဲ့ကြတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး အင်္ဂါနေ့မှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာပါတယ်။ ရိုက်တာ သတင်းထောက်နှစ်ဦးကို လွှတ်ပေးတဲ့ အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတို့က ကြိုဆိုလိုက်ကြတာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၁ ဦးထက်မနည်း လွတ်မြောက်
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ ဒီနေ့အကျဉ်းသားပေါင်း ၆,၅၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား၂၀ ဦးထက်မနည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ Reuters သတင်းထောက် ၂ ဦး အပါအ၀င် ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက် လာပေမဲ့ နောက်ထပ် လွှတ်ပေးသင့်သူတွေ ကျန်နေသေးတယ် လို့လည်း တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ထဲမှာ AAPP စာရင်းဝင် နိုင်ကျဉ်း ၁၀ ဦးခန့် ပါဝင်
ဒီနေ့အတွက် နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းဝင် ၁၀ ဦးခန့်ရှိနေပြီလို့ AAPP အဖွဲ့က ဦးအောင်မျိုးကျော်က ပြောပါတယ်။ နေ့လယ်ပိုင်းအထိ လွတ်မြောက်လာသူတွေထဲမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦး၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း က မိုင်ချိုမင်းထွေး၊ စိုင်းအိုက်လုံ၊ မန္တလေး အိုးဘိုထောင်က ဒေါ်မြဆင့်၊ မနှင်းဟေမာန်ဝင်း၊ မဌေး၊ မချောစု၊ မိုးညှင်းထောင်က ဦးအောင်ဆွေဦးနဲ့ ဦးမောင်ဦး တို့ဖြစ်ပါတယ်။
စင်္ကာပူကို အိမ်အကူလုပ်သားပို့ဖို့ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေ MOU ထိုးဖို့ပြင်နေ
မြန်မာနိုင်အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ စင်္ကာပူနိုင်ငံကို အိမ်အကူလုပ်သားတွေပို့မို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ စင်္ကာပူအလုပ်သမားအဖွဲ့ချုပ်တို့က နှစ်ဖက်နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးဖို့ ပြင်နေပါတယ်။ လတ်တလောမှာ အိမ်အကူလုပ်သားပို့မယ့်အေဂျင်စီစာရင်းကို စကောက်နေပြီလို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဇော်မင်းက ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ
စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်မြို့အနားမှာ လမ်းလုံခြုံရေးယူနေတဲ့ မြန်မာ့ တပ်မတော်ယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီကနေ့မနက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ AA တာဝန်ရှိသူ တွေနဲ့ တပ်မတော်တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ တပ်မတော်ဘက်က ထိခိုက်မှုရှိခဲ့တယ်လို့လည်း ကျောက်တော် ဒေသခံမျက်မြင်တွေက ပြောပါတယ်။ မနေ့ကလည်း ကျောက်တော်မြို့နယ် ပြိုင်တိုင်းကျေးရွာ အနီးမှာ ဖြစ်ပွါးတဲ့ ၂ ဘက်တိုက်ပွဲကြောင့် ကျေးရွာသား(၇၀၀)နီးပါးစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးပြန်း သတင်းပေးပို့ထားပါတယ်။
ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် AIR KBZ လေကြောင်းလိုင်းမှ မှာယူထားသည့် လေယာဉ်သစ်များရောက်ရှိ

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ထဲမှာ AAPP စာရင်းဝင် နိုင်ကျဉ်း ၁၀ ဦးခန့် ပါဝင်
ဒီနေ့အတွက် နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းဝင် ၁၀ ဦးခန့်ရှိနေပြီလို့ AAPP အဖွဲ့က ဦးအောင်မျိုးကျော်က ပြောပါတယ်။ေ န့လယ်ပိုင်းအထိ လွတ်မြောက်လာသူတွေထဲမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦး၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း က မိုင်ချိုမင်းထွေး၊ စိုင်းအိုက်လုံ၊ မန္တလေး အိုးဘိုထောင်က ဒေါ်မြဆင့်၊ မနှင်းဟေမာန်ဝင်း၊ မဌေး၊ မချောစု၊ မိုးညှင်းထောင်က ဦးအောင်ဆွေဦးနဲ့ ဦးမောင်ဦး တို့ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)